Saturday, March 30, 2013
ဦးအောင်သောင်း၊ဦးခင်ညွန့် နဲ့ ဦးဝီရသူ
ဘလော့ဂါမှတ်ချက်။ ။စာရေးသူကိုခင်မောင်ထွေးသည်မွတ်စလင်တဦးဖြစ်နိုင်ပါသည်။
သူ၏ဆောင်းပါးတွင်ကောက်နူတ်စရာများပါနေ၍တင်ပေးလိုက်ပါသည်။
ဦးအောင်သောင်း မန္တလေးလာပြီးတဲ့ နောက် ဦးဝီရသူ နဲ့တွေ့ဆုံပြီးတဲ့
အချိန်မှာ ဦးဝီရသူ သဘောထားတွေ ပြောင်းလဲ လာပါတယ်...... ....... ဦးဝီရသူဟာ
အဲဒီ ဦးအောင်သောင်း နဲ့တွေ့ပြီး မကြာသော အချိန်မှာ ရခိုင် ပြဿနာဖြစ်လာတယ်
........ အဲဒီနောက် ပန်းစိုက်သူ ဦးခင်ညွန့် မန္တလေး ရောက်လာတယ်
ဦးဝီရသူနဲ့ တွေ့ဆုံတယ်.......
==============================================
Khin Maung Htway's status.
ကဲ
မပြောဘူးဆိုပြီး နေနေတာ ဒီအကြောင်းတွေကို ကိုယ်တွေချင်းတာ သိတာပါ ဦးဝီရသူ
ထောင်ကလွတ်လာစ အချိန်ကပေါ့ဗျာ အစ္စလာမ်ဘာသာဝင်တွေနဲ့တွေဆုံပြီး
ကိုယ့်ပေါင် ကိုယ်လှန်ထောင်းကာ ရေးသားလိုက်တယ်ဆိုတဲ့ဆောင်းပါး
Wai Yan De Mo'S photo.
ခေါင်းနဲ့
ပန်းလို ယှဉ်တွဲနေတဲ့ ဒီချုပ်ဥက္ကဋ္ဌနဲ့ ခွပ်ဒေါင်းတံဆိပ် အဖွဲ့ချုပ်အလံ
ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ စိုက်ထူခွင့်မရ..
ခေါင်းနဲ့ ပန်းလို ယှဉ်တွဲနေတဲ့
ဒီချုပ်ဥက္ကဋ္ဌနဲ့ ခွပ်ဒေါင်းတံဆိပ် အဖွဲ့ချုပ်အလံ ဂျပန်ရောက် မြန်မာတွေနဲ့
တွေ့ဆုံပွဲမှာ စိုက်ထူခွင့်မရဆိုတဲ့ ခေါင်းစဉ်တင်လိုက်တော့
ဂျပန်အစိုးရကခွင့် မပြုသယောင် ထင်ယောင် ထင်မှား ဖြစ်နိုင်ပါတယ်..။
ဖြစ်ကြောင်းရယ် ကုန်စင်ကတော့..
လာမယ့် ဧပြီလ ၁၂ရက်နေ့မှာတော့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၈နှစ်ကြာ ဂျပန်နိုင်ငံခရီးစဉ်
စတင်တော့မည် ဖြစ်သည်..။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အတွက်
ကြုံတောင့် ကြုံခဲသော... အခွင့်အရေးဖြစ်သလို ၁၃ရက်နေ့ စနေနေ့မှာ
လူထုခေါင်းဆောင်နှင့် ဂျပန်နိုင်ငံရောက် မြန်မာမိသား တွေ့ဆုံဖို့
ယခုကတည်းကပင် အလုပ်တွေကြိုတင် အနားယူကာ ကြိုဆိုဖို့
ကြိုတင်ပြင်ဆင်ကြပေါ့..။ ဂျပန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့အတွက်
စည်းစံနစ်လေးဖြစ်အောင် ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့
နိုင်ငံရေးအဖွဲ့အစည်းတွေမှ ကြိုဆိုရေး ကော်မတီဆိုပြီး ဖွဲ့ကြပြုကြပေါ့..။
ဒီလိုနဲ့ ခေတ္တခဏလောက် ဖြစ်ဖြစ် စည်းလုံးညီညွတ်မှုတွေ ပြဖို့အတွက်
ကြိုတင်ပြင်ဆင်ကြ ဘာကြနဲ့ နောက်ဆုံး အဆင့်မှာ ထွက်လာတဲ့ အဖြေတွေထဲက
တခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင်နဲ့
မြန်မာပြည်သားတွေ တွေ့ဆုံပွဲမှာအမျိုးသားဒီမိုကရေ
အဖွဲ့ ချုပ်အလံတော်အား အခမ်းအနား စင်မြင့်မှာ စိုက်ထူခွင့်ကို
မြန်မာပြည်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြိုဆိုရေး ကော်မတီမှ
ခွင့်မပြုပါကြောင်းတဲ့ ခင်ဗျား..။
လမ်းဆုံက ဂျမ်းဘုံ အသံနဲ့
ပြောရရင်တော့ ကြားရနားဝမသက်သာ ဆိုရသလိုပါပဲခင်ဗျာ...။ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ နိုင်ငံခြား ခရီးစဉ်တွေအတွင်း
မြန်မာပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေမှာ အဖွဲ့ချုပ်အလံကို ဝံ့ဝံ့ကြွားကြွား
လွှင့်ထူကြိုဆိုခဲ့ကြပေမယ့် ဒီမိုကရေစီနိုင်ငံ ဂျပန်ရောက်မှပဲ စင်ပေါ်မှာ
အဖွဲ့ချုပ်အလံလွှင့်ထူခွင့် မပြုတဲ့..။ ဒီချုပ်ဥက္ကဋ္ဌကို ဒီချုပ်အလံနဲ့
စင်မြင့်ပေါ်မှာ စိုက်ထူ ကြိုဆိုတာကို အဖွဲ့ချုပ်ပါတီ တခုတည်းကို
ကိုယ်စားပြုရာ ရောက်တယ်လို့ အတွေးခေါင်ခေါင်နဲ့ ဆိုကြမယ်ဆိုရင်.. စင်ပေါ်မှာ
အလံမပါ ဗလာနတ္ထိနဲ့ ကြိုဆိုကြတော့မှာလား..။
လူထုခေါင်းဆောင်ရဲ့
နိုင်ငံခြားခရီးစဉ်တွေအတွင်း အက်ကြောင်းထပ်မျှ ပြောဆိုနေရတာကတော့
မြန်မာလူမျိုးတွေ စည်းလုံးကြဖို့ ညီညွတ်ကြဖို့ပါပဲ..။ ယခုတောင်
အဖွဲ့ချုပ်ဥက္ကဋ္ဌကို ကြိုဆိုဖို့ စင်ပေါ်မှာ အဖွဲ့ချုပ်အလံလွှင့်ထူ
ဂုဏ်ပြုခွင့်တောင်မှ သဘောထားမကြီးနိုင်ဘူး ဆိုရင်တော့..
ဟန်ပြညီညွတ်ရေးဆိုတာလေးတောင် လုပ်နိုင်ကြပါ့မလားပဲ..။
ဒီချုပ်အလံကို လွှင့်ထူတာ ဂျပန်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲကို ရည်ညွန်းတာမဟုတ်ပဲ လူထုခေါင်းဆောင်
အဖွဲ့ချုပ်ဥက္ကဋ္ဌကို ရည်ညွှန်း ဂုဏ်ပြူတယ် ဆိုတဲ့ အဓိပ္ပါယ်လေးနဲ့တောင် နားလည်
သဘောထားမကြီးနိုင် တော့ဘူးလားဗျာ..။ မိမိအတ္တ မာန်မာနတွေနဲ့ အုပ်စုဖွဲ့
ငါဆိုတဲ့ မာန်မာနတွေ တဖွဲ့ကို တဖွဲ့ တိုက်ခိုက်နေ သရွေ့၊ မာန်မာနတွေ
မလျော့ချသရွေ့ ညီညွတ်ရေးဆိုတာ ဝေလာဝေး ရွှေပြည်တော်
မျှော်တိုင်းဝေးနေဦးမှာပါ။
ပြည်တွင်းမှာ ၂၅နှစ်လုံးလုံး
သွေးစွန်းခဲ့ရ၊ အသက်တွေ စတေးခဲ့ရ၊ ထောင်ဒဏ်ရာ ဒဏ်ချက်တွေနဲ့
အရောင်မပြောင်းလဲခဲ့၊ စစ်အာဏာရှင်ကိုတောင် Never Give up အလံမလဲခဲ့ပဲ
ကြံ့ကြံ့ခံခဲ့ပြီး ခေါင်းနဲ့ ပန်းလို ယှဉ်တွဲနေခဲ့တာကတော့ လူထုခေါင်းဆောင်
ဒီချုပ်ဥက္ကဋ္ဌနဲ့ ပြည်သူသိ ခွပ်ဒေါင်းတံဆိပ် အဖွဲ့ချုပ်အလံ အမှတ်သင်္ကေတပါ။
အဖွဲ့ချုပ် အလံတခုတည်း စင်မြင့်ပေါ်မှာ ထားခြင်းဟာ အဖွဲ့အစည်းတခုတည်းကိုသာ
အသိအမှတ်ပြုတယ်ဆိုတဲ့ အတွေးခေါင်ခေါင် အဓိပ္ပါယ် ဖွင့်ဆိုခဲ့မယ် ဆိုရင်တော့
ခေါင်းနဲ့ ပန်းလို ယှဉ်တွဲနေခဲ့တာ လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌနဲ့
ဒီခွပ်ဒေါင်းတံဆိပ် အဖွဲ့ချုပ်အလံ အမှတ်သင်္ကေတဟာ ဂျပန်ရောက်မှ မြန်မာတွေနဲ့
တွေ့ဆုံပွဲ စင်မြင့်ပေါ်မှာ အဖျောက်ဖျက် ခံရတော့မှာလား။ တရက်တာလေး
တွေ့ဆုံရမှာတောင် နားလည်မှု မပေးနိုင်တော့ဘူးလား..။
တရက်တာ
တွေ့ဆုံပွဲမှ အလံကိစ္စလေးတောင် အတွေးခေါင်နေကြပြီး လူထုခေါင်းဆောင်မှ
ညီညွတ်ရေး တရားဟောလို့ တရက်တာ ညီညွတ်ရေး ရခဲ့ရင်တောင်မှ ဂိုဏ်းစွဲ၊ အတ္တစွဲ၊
အဖွဲ့အစည်းစွဲ၊ အုပ်စုစွဲတွေ ခဝါမချသရွေ့တော့ မကျေနပ်ဘူး အချစ်ရယ်
တစ်ကပြန်စမယ်ဆိုပြီး ဒုံရင်းဒုံရင်း ဖြစ်နေမှာမြင်ယောင်မိပါကြောင်း ကြားရနားဝ မသက်သာ၍ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းကာ ရေးသားလိုက်ရပါတယ်..။
ဂျပန်ရောက် မြန်မာတချို့ရဲ့ အဖြစ်က ဟိုးယခင် တောရွာတွေမှာ ရွှေဘရုပ်ရှင်
ပိတ်ကားထောင်ပြတဲ့ ခေတ်က ရွှေဘကို လူဆိုးတွေ ထိုးကြိတ်ခန်းမှာ ပိတ်ကားကို
ခဲနဲ့ပေါက်ပြီး ရွှေဘကို ငါကယ်လိုက်တာဆိုပြီး လူအုပ်ထဲက ထအော်တဲ့ ငါဆိုတဲ့
ပုဂ္ဂိုလ်တွေ အများသားဗျ..။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ..
ဒီမိုဝေယံ
ဓာတ်ပုံ အမေရိကားခရီးစဉ်အတွင်း မြန်မာပြည်သူတွေနဲ့ တွေ့ဆုံပွဲ စင်မြင့်မှာ တွေ့ရတဲ့ ဒီချုပ်ဥက္ကဋ္ဌနဲ့ ဒီချုပ်အလံ..
ပြည်သူလွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြောပြီ
အလိုလိုက်အမိုက်မဆော်ကားကြဖို့
==================
March 30, 2013
၂၀၁၃ခုနှစ် မတ်လ ၁၇ရက်ထုတ် မြန်မာ့အလင်းသတင်းစာ
စာမျက်နှာ ၈ ၌ ပြည်သူလွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း က
ဒလမြိုနယ်မှဒေသခံများနှင့်တွေ့ဆုံ စဉ် ““ဥပဒေနှင့်မညီညွတ်””
သည့်မင်းမဲ့စ ရိုက်များ၊အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ဒီမိုက ရေစီအနိုင်
ကျင့်မှုများကို လစ်လျူရ့လျှက် တိုင်းပြည်နစ်နာမည်ဖြစ်ကြောင်းပြော
ကြားခဲ့သည့် စကားမှာဒီကနေ့အချိန်အခါ မှာ ““ပြည်သူများအားလုံး
အနေနဲ့အထူး (အထူး)ဂရိုက်စိုက်အလေးအနက်ထားရ မည့်စကားဖြစ်
ပါသည်။
မြန်မာမှုနယ်ပယ်တွင်ရှေးလူကြီးများကလူတွေကိုစကားပုံများနဲ့ဆိုဆုံးမ
လမ်း ညွှန်လမ်းခင်းပေခဲ့ပါသည်။““အလိုလိုက် အမိုက်စော်ကား””
မျက်နှာသာပေးရွှေရေး ပန်ကန်တက်သောစကားအတွက် ဆေး
တစ်ပါးသဖွယ်ဖြစ်မည်ထင်ပါသည်။
အားလုံးသိကြပါသည်။ ယခင်ကနဲ့ စာလျှင် ယနေ့များစွာ(များစွာ)မှ
လွတ် လပ်စွာပြောရေးဆိုခွင့်တွေရလာပါပြီ၊ လူ့ အခွင့်အရေးနှင့်
ပတ်သက်လျှင်လည်း အတန်အသင့်ရလာနေပါပြီ။ဒီနေရာမှာ
လူ့အခွင့်ရေးဆိုသည်မှာလူသားတိုင်း၏ မွေးရာပါအခွင့်အရေးဆို
သည်ကို လူတိုင်း မပြောဘဲသိပါသည်။ လူများစုအတွက် လူ့အခွင့်
အရေးကသီးခြားအခွင့်ထူးခံဖို့ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် မဟုတ်တာ
တော့ သေချာပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေ မန်းက ““ဥပဒေနှင့်မညီညွတ်
သည့်မင်းမဲ့ စရိုက်””များ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ ဒီ မိုကရေစီအနိုင်
ကျင့်မှုများကို လစ်လျူရှု ရန်မသင့်ကြောင်း၊
ငါ့ဆွေမျိုး၊မိသားစု တွေလုပ်တာဘဲ ခွင့်လွှတ်လိုက်၊ မျက်နှာလွှဲမသိ
ကျိုးကျွင်နေလိုက်ပုံစံမျိုးမလုပ်သင့် တော့ပါဘူး။
ယုတ်စွအဆုံးကိုယ့်မိဘက လုပ်ရင်တောင်ခွင့်မလွှတ်သင့်ပါဘူး။
သင့်သလိုအရေးယူရန်အချိန်တန်ပါပြီ။
မိမိကိုတန်ဖိုးထားဆည်းကပ်ပြီးရိုသေကိုင်းရှိုင်း ဂါရ၀တရားရှေ့
ထားပြီး တန်ဖိုးထားတာ ကို””အခွင့်အရေးမယူသင့်ပါ။အဲဒီအခွင့်
အရေးကိုလက်ထဲဆုပ်ကိုင်ပြီးတာဝန်ရှိ အစိုးရအဖွဲ့အစည်းနဲ့လူကြီး
ကို အခက် အခဲအကြပ်အတည်းဖြစ်အောင်မလုပ် သင့်ပါ။'''''
လူတိုင်းနီးပါးသိကြပါလိမ့်မည်။ မြေ ပေါ်၊မြေအောက်၊ရေပေါ်ရေအောက်
၊လေ ပေါ်လေအောက်အားလုံးသော ရေ၊လေ၊ မြေများကိုနိုင်ငံတော်က
ပိုင်ပါတယ်။ပိုင် ရှင်ဟာနိုင်ငံတော်ပါ။အကျွန်ုပ်၊အသင် နေထိုင်ရာ
အိမ်မြေအောက်မှာ ရွှေသိုက် နဲ့ရေနံတွင်းရှိခဲ့ရင် အသင်အကျွန်ုပ်အနေ
နဲ့အိမ်နဲ့မြေကိုနိုင်ငံတော်ကိုပေးလိုက်ရပါ လိမ့်မည်။ နိုင်ငံတော်က
လူ့အခွင့်အရေး ကို လေးစားသောအားဖြင့်ရောငွေကြေး သို့မဟုတ်
နေရာအစားပြန်ပေးပါလိမ့် မယ်။ မပေးရင်လည်း ဘာမှမတတ်နိုင်ပါ။
လက်ပံတောင်းတောင်ကိစ္စမှာ ယခင် ကရှိရင်းစွဲအတိုင်း တောင်
ကိုပြန်လုပ်ပေး ရမလိုပြောနေသံကြားရပါသည်။မျက်နှာသာပေးခံထားရ
သူအချို့က သူတို့နဲ့မဆိုင် ဘဲ သူရဲကောင်းလုပ်ပြီး ဒီမိုကရေစီအနိုင်
ကျင့်မှုပုံစံကဲ့သို့လုပ်လာကြတာဟာလုံးဝ မဖြစ်သင့်ဟုထင်ပါသည်။
မျက်နှာသာပေးသောကြောင့် ဒီလို တွေလုပ်ကြတာလား။ဒါမှမဟုတ်
အလို လိုက်ပြီး အခွင့်အရေးပေးလို့အမိုက်စော် ကားတဲ့ ပုံစံလုပ်ကြတာ
လား။မေးခွန်းထုတ် ရမလိုဖြစ်နေပါသည်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာပြဿနာ ပေါ်ခဲ့ပါတယ်။ မြန်မာအစိုးရက
ရိုဟင်ဂျာ သည် တိုင်းရင်းသားမဟုတ်ဟုဆိုသည်။ မြန်မာနိုင်ငံအနှံ့ရှိ
အစ္စလာမ်ဘာသာကိုး ကွယ်ကြသူများအားလုံး ရိုဟင်ဂျာမဟုတ်
ကြောင်း မဟုတ် ကြတာတော့သေချာပါသည်။ အစ္စလာမ်
ဘာသာကိုးကွယ်ကြသူများတွင် တိုင်းရင်း သားအချို့ရှိပါသည်။
ထိုထ်္မင်းယောင်ထုံး နှင့် အစ်္စလာမ်ဘာသာဝင် မြန်မာနိုင်ငံ သားများ
မြန်မာနိုင်ငံတွင်ရှိခဲ့ဖူးသည်ဟု ကြားဖူးပါသည်။ အစၥလာမ္ဘာသာ
ကိုး ကွယ်သော အာဇာနည်မစ်္စတာရာဇတ် နှင့်ရဲဘော်ထွေးသည်
ကျဆုံးသွားခဲ့သော အာဇာနည်ခေါင်းဆောင်များ၌ပါဝင်ခဲ့သည်
ကို မြန်မာနိုင်ငံသားများသိကြပါသည်။
လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထား သော မြန်မာနိုင်ငံတွင် အစ္စလာမ်
ဘာသာ ၀င်များသည် လူနည်းစုဖြစ်ပါသည်။ပြည်သူ လွှတ်တော်
ဥက္ကဋ္ဌသူရဦးရွှေမန်းပြောခဲ့ သလို ““ဥပဒေနှင့်မညီညွတ်သည့်မင်းမဲ့
စရိုက်အသွင်ဆောင်ကာ အုပ်စုဖွဲ့အနိုင် ကျင့်ပြီး သာကေမြို့နယ်ရှိ
အာရ်ဘီ စာသင်ကျောင်းဝိုင်းဖြိုခွဲသည်။ဥပဒေနှင့် အညီ သက်ဆိုင်
ရာကဆောင်ရွက်ပေးရန် လုပ်ဆောင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံကောင်း ဖို့ ပြည်သူပြည်သားအများစု
အေးအေး ချမ်းချမ်းနေနိုင်ကြစေဖို့အတွက် ပြည်သူ့ လွှတ်တော်
ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား ခဲ့သော ““ဥပဒေမဲ့မင်းမဲ့စရိုက်များကိုထိ
ရောက်ဟန့်တားစွာ အရေးယူနိုင်ရန် တည်ဆဲဥပဒေမရှိသေး””လျှင်
အမြန်ဆုံး ဥပဒေပြဋ္ဌာန်းပေးကြပါ။““ထိုနည်းတူပင် အုပ်စုဖွဲ့အနိုင်
ကျင့်မှုများ”မပြုလုပ်ရဲအောင်၊ မလုပ်ဝံ့အောင်တည်ဆဲ
ဥပဒေမရှိက အမြန် ဆုံးဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးပါရန် လွှတ် တော်များ
ထံ ပြည်သူတစ်ဦးအနေနဲ့တိုက် တွန်းအဆိုပြုအပ်ပါ
သည်။ဒီမိုကရေစီခေတ် မှာ ““ဒီမိုကရေစီအနိုင်ကျင့်မှုမှာလွန်စွာ
ဆိုးဝါးသောကိစ္စဖြစ်ပေသည်။ လုံးဝမပြု သင့်သောကိစ္စရပ်ဖြစ်ပါသည်။
ယင်းသို့ အနိုင်ကျင့်မှုမပြုနိုင်ရန်အတွက် အမြန်ဆုံး ဥပဒေတစ်
ရပ်ပြဋ္ဌာန်းပေးကြပါရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏မိန့်မှာပြောကြားခဲ့
သောစကားကိုအလေးအနက်ထောက်ခံ ပါသည်။
ကမ္ဘာတ၀ှမ်းအေးချမ်းပြီး တရား ဥပဒေစိုးမိုးသောနိုင်ငံတိုင်းတိုးတက်ကြ
ပါသည်။ ကမ္ဘာအင်အားအကြီးဆုံးအမေ ရိကန်နိုင်ငံကိုကြည့်ပါ။
ကမ္ဘာ့နိုင်ငံပေါင်း စုံက မတူကွဲပြားခြားနားသူများစုစည်း ပြီး တူညီလက်
တွဲပြီးနေကြပါသည်။အစ္စလာမ် ဘာသာဝင်အစွန်းရောက်
အွစ်စမာဘင် လာဒင်တို့က အမေရိကန်လူမျိုးများကို နည်းလမ်းအ
သွယ်သွယ်ဖြင့်သတ်ဖြတ် ချေမှုန်းပြီးဒုက္ခမျိုးစုံပေးသည်။
သို့သော် အစ္စလာမ်ဘာသာဝင်များကို အမေရိကန်
ဒုက္ခပြန်ပေးပြီး ဂလဲ့စားချေသတ်ဖြတ် တာကိုမကြားဘူးသေးပါ။
ဘာသာရေး ဆိုင်ရာအဆောက်အအုံတွေကို ဖြိုချဖျက် စီးတာတွေ
အမေရိကန်နိုင်ငံမှာလုပ်ခဲ့ တာမကြားဘူးပါ။
မည်သည့် လူ့အသိုက်အ၀ိုင်းမဆို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ
ဦးရွှေမန်း ပြောကြားခဲ့သော ဥပဒေနှင့်မညီညွတ်သည့် မင်းမဲ့စရိုက်များ
မပြုလုပ်သင့်ပါ။လုံးဝ(လုံးဝ)မလုပ်ကြဖို့ဝိုင်းဝန်းဖျောင်းဖျ
တားစီးပေးကြဖို့ လူတိုင်း၌တာဝန်ရှိပါ တယ်။ ““အုပ်စုဖွဲ့အနိုင်ကျင့်သော
ကိစ္စ မျိုး မြန်မာနိုင်ငံတွင် မည်သည့်အချိန်အခါ မှမရှိဖို့ မဖြစ်စေဖို့ လူတိုင်း
လူတိုင်းအသိ စိတ်ဓာတ်ရှိရှိဖြင့်ဝိုင်းဝန်းပြီး စုစည်းကာ ကွယ်ပေးကြဖို့
တာဝန်ရှိပေသည်။ ဒီမိုက ရေစီအငမ်းမရလိုချင်ခဲ့ကြတဲ့ မြန်မာပြည်သူ
ပြည်သားများအနေနဲ့““ဒီမိုကရေစီဘန်း ပြပြီး၊အာဏာပိုင်များကိုအကျပ်
အတည်း တွေ့အောင်လုပ်ကြတာ””တွေ ဒီမိုကရေစီ အနိုင်ကျင့်မှုများ
လုပ်ကြတာတွေကို မလုပ် ကြဖို့အထူးတလည်တိုက်တွန်းရေးသား
လိုက်ရပေသည်။
မြတ်ထက်ဝေယံ
hotnewsweekly.com
ပြောမရဆိုမရမဟုတ်ရပါဖူးအမေ...
ဗြုန်းကနဲဆို...ဦးနေ၀င်းသေရွာကထလာတယ်မှတ်လို့...
လွှတ်တော်အမတ်ဦးသိန်းညွန့်မေးမြန်းခန်းမှ..
ပြောပြော..ဖြေးဖြေးပြော
နားနားပြီးပြော...!!!!!!!!
ရာဘာကျည်ဆံဟာဒါးကိုင်သူကိုကောင်းကောင်း
ထိမ်းနိုင်တယ်..
အပြစ်မဲ့ပြည်သူတွေကိုတိုက်ခိုက်၊
ရဲကိုဒါးနဲ့ခုတ်မယ်ဒါမှမဟုတ်သေနတ်နဲ့ပစ်မှမိမိ
ကိုယ်ကာကွယ်ပိုင်ခွင့်အရခြေထောက်(သို့)အသေပစ်
ခွင့်ရှိတယ်။
ဒါးကိုင်ပြီးလူစုလူဝေးလောက်ပဲဆိုရင်
ရေပိုက်..မီးခိုးဗုံး...ရာဘာလက်ကိုင်ဒုတ်..
ရာဘာကျည်...အဆင့်လောက်ပဲလုပ်ရမှာပါ။။။
သစ် အလုံးလိုက် ပြည်ပတင်ပို့မှုခွင့် ရပ်ဆိုင်းမည်
Saturday,March 30, 2013
ပြည်ပသို့ သစ် အလုံးလိုက် တင်ပို့မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍
ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော
ဝန်ကြီးဌာန မှတဆင့် ဆိုသည်။
“သစ်နဲ့ပတ်သက်ပြီး သစ်အချောထည်နဲ့ တဝက်တပျက် အချောထည်အဖြစ်
သာ တင်ပို့ခွင့်ကို ဝန်ကြီးဌာနက မတ်လ ၂၉ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်
ပြီးဖြစ်ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ထို့သို့ ပိတ်ပင်ရခြင်းမှာ ပြည်သူလူထု တရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် နိုင်ငံတော်၏ အဓိက သယံဇာ
တ တခုဖြစ်သည့် သစ်တော သယံဇာတများ ရေရှည် အကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ် လုပ်ကိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“အခုလို သစ်အလုံးလိုက်တင်ပို့မှုကို ပိတ်လိုက်တာဟာ ၂၀၁၁ ခုနှစ် လောက်ကတည်းက
ကုန်ကြမ်း မလုံလောက် လို့ ရပ်ထားရတဲ့ သစ်စက်တွေ၊ ပိတ်လိုက်ရတဲ့
သစ်စက်တွေနဲ့အတူ အလုပ်လက်မဲ့
ဖြစ်ခဲ့ရတဲ့ သစ်စက် အလုပ်သမားတွေ လက်လွှတ်လိုက်ရတဲ့ အ
လုပ်တွေ ပြန်လည် ရရှိနိုင်တော့မှာပါ” ဟု တောင်ဥက္ကလာပရှိ သစ်
စက်လုပ်ငန်းရှင် ဦးအောင်မိုး က မျှော်လင့်သည်။
ထို့အပြင် ပြည်ပ လုပ်ငန်းရှင်များက သစ်အချောထည် စက်မှုလုပ်ငန်း
ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်ကြောင်း မြန်မာနိုင်ငံ
သစ်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။
ခင်မျိုးသွယ်
မဇ္ဈိမ
2
နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်ရဲ့ ပိုင်ဆိုင်မှု တစိတ်တဒေသ
Thit Sar
8 hours ago
=============================
ပြည်လမ်း မရမ်းကုန်းမီးပွိုင့်အလွန်ကနေ (န၀ဒေးဖက် မောင်းမယ်ဆိုရင်) ကိုက် ၅၀၀ လောက်မှ စမောင်းလိုက်တာ
၁၀ မိနစ်နီးပါးလောက်အထိ ဖိုးလပြည့် တစ်ဦးတည်း ပိုင်တဲ့ မြေကွက်တွေက ရှည်ပါတယ် (ကြားမှာ ဘယ်သူစိမ်းပိုင်တဲ့ အိမ်/မြေမှ မရှိပါ) ။
၁၀ မိနစ်တောင် ကားမောင်းယူရတယ်ဆို ဒီမြေကွက်တွေရဲ့ အကျယ်အ၀န်း ဘယ်လောက်ရှိမယ် ဆိုတာ ခန့်မှန်းလို့ရတာပေါ့
ဒါ သူ့တစ်ယောက်တည်း ပိုင်တဲ့ ပိုင်ဆိုင်မှုနော် ။ ခုထိ အဲဒီအိမ်ယာ အဆောက်အဦ တစ်တန်းလုံးကို ရာချီတဲ့ မော်တော်ပီကယ်နဲ့
တပ်မတော်သားတွေ အတွက် တန်းလျားတွေဆောက်ပြီး ၂၄နာရီ လုံခြုံရေး ပေးထားရပါတယ်။
ကဲ ဘာပြောချင်သေးလဲ ? ဘာတတ်နိုင်သေးလဲ ကိုရွှေမြန်မာတို့ ?
မြန်မာပြည်အတွက် ဥပဒေအထက်မှာ လွှတ်တော်
လွှတ်တော်အထက်မှာမှ ဦးသန်းရွှေ
ဦးသန်းရွှေ အထက်မှာဆို အောက်ဆီဂျင်မရှိလို့ လေယာဉ်တွေတောင် ပျံသန်းလို့ မရတော့ဘူး ....
.........................................................................
တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီးယား ကြေညာ
Myawady News
6 hours ago
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။
တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာလိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။ ငြိမ်းချမ်းရေးစာချုပ်နှင့် စစ်ပွဲဖြစ်နိုင်ခြေအကြား ကာလရှည်ကြာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့သော ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ နောက်ဆုံးတွင် အပြီးသတ်သွားပြီဖြစ်ကြောင်း၊ ရန်စမှုတစ်စုံတစ်ရာမှာ အလုံးစုံ ပဋိပက္ခနှင့် နျူကလီးယားစစ်ပွဲဆီသို့ ဦးတည်သွားစေနိုင်ကြောင်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း Channel NewsAsia က ဖော်ပြသည်။
Source: Channel NewsAsia
အကွက်ကျ စီစဉ်မှုလို့ ဒေသခံတွေက ယူဆ
DVB TV News
ပဲခူးတိုင်းအတွင်း မြို့နယ်တချို့က ဆူပူအကြမ်းဖက်မှုတွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး လူတစုရဲ့
အကွက်ကျ စီစဉ်မှုလို့ ဒေသခံတွေက ယူဆနေပါတယ်။
ဒီသတင်းကို ဒေါ်ခင်ရူပါတင်ဆက်။ ရိုက်ကူး အောင်ထွန်းမြင့်
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမျိးသမီးဌာန ဒု တာဝန်ခံ မမီးမီးနှင့် DVB တွေ့ဆုံမေးမြန်းခန်း
dvb
Khin Min Zaw's video.
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမျိးသမီးဌာန ဒု တာဝန်ခံ မမီးမီးရဲ့ နိုင်ငံရေး ယုံကြည်ချက် မျှော်လင့်ချက်တွေကို တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမျိးသမီးဌာန ဒု တာဝန်ခံ မမီးမီးရဲ့ နိုင်ငံရေး ယုံကြည်ချက် မျှော်လင့်ချက်တွေကို တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂)
မင်းလှမြို့ ဆူပူအကြမ်းဖက်မှုကြောင့် လူ ၁၀၀ ကျော် ရန်ကုန် ထွက်ပြေး
RFA Burmese
မင်းလှမြို့က ဒုက္ခသည် ၁၀၀ ကို ရွှေဝါရောင် သံဃာတော်များကွန်ရက်နဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ကို ခေါ်ဆောင်လာကြောင်း RFA က စုံစမ်းသိရပါတယ်။
ခေါ်ဆောင်လာသူတွေထဲမှာ မင်းလှ၊ ပေါင်းတည်၊ အုပ်ဖို၊ နတ်တလင်းမြို့တွေမှာ အဓိကရုဏ်းတွေဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒီဒုက္ခသည်တွေကို ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းခေါ်ဆောင်လာတာဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ ၁၀၁ လမ်းဗလီမှာ ဒုက္ခသည်စခန်းဖွင့်လှစ်ပြီး ခေတ္တနေရာချပေးထားကြောင်း ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက်က ကိုထွန်းကြည်က RFA ကိုပြောပါတယ်။
ဒုက္ခသည်တွေထဲက ဗုဒ္ဓဘာသာဝင် ၅ ဦးဟာ ဒလမြို့နယ်မှာရှိတဲ့ ဆွေမျိုးတွေဆီကို သွားရောက်လိုကြောင်း ပြောကြားခဲ့တာကြောင့် အာဏာပိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သွားရောက်ခွင့်ပြုခဲ့ပြီး လက်ရှိအချိန်မှာ ဒုက္ခသည် ၉၅ ဦးကျန်ရှိနေသေးတယ်လို့ ကိုထွန်းကြည်က ဆက်ပြောပါတယ်။
ဒုက္ခသည်တွေကို မနေ့ည ၈ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့ အတူ ပွင့်လင်း လူဘောင်အဖွဲ့က မနီလာသိန်းနဲ့အဖွဲ့၊ နာရေးကူညီမူအသင်းက ဒေါ်သန်းမြင့်အောင်တို့လည်း လာရောက်တွေ့ဆုံပြီး အားပေးစကား ပြောခဲ့တယ်လို့ သိရပါတယ်။
အလားတူ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမူးနဲ့တကွ ဒေသအာဏာပိုင်တွေကလည်း ဒုက္ခသည် တွေကို ဆွေးမျိုးသားချင်းများထံကို သွားရောက်နိုင်ရေးနဲ့ တခြား လိုအပ်တဲ့ အကူအညီများပေးလျက်ရှိတယ်လို့ သိရပါတယ်။
...........................................................
Honey Aung's comment= ပေါင်းတည်မှာမဖြစ်ပါဘူး။ ပေါင်းတည်မှာဒုက္ခသည်တွေ မရှိပါဘူး။ ပေါင်း တည် ရွှေတောင် ပြည် လုံးဝမဖြစ်ပါဘူး။ သတင်းမှားနေပါတယ်။
မိတ္ထီလာစည်ပင်သာယာဈေး ပြန်ဖွင့်
ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်
Created on Saturday, 30 March 2013 11:37
ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာ ဈေးကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင် ဈေးတို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“ဈေးက အခုဖွင့်ထားပြီ ဆိုပေမယ့် ဆိုင်ခန်းအများစုကတော့ မထွက်ကြသေးဘူး၊ ညနေ ဘယ်နှစ်နာရီ ပိတ်မယ်ဆိုတဲ့ ညွှန်ကြားချက်တော့ မရှိသေးဘူး၊ မိတ္ထီလာတစ်မြို့လုံး အကောင်းကျန်တာဆိုလို့ ဒီဈေးတစ်ခုပဲ ရှိတယ်။ အရင်တုန်းကတော့ ဒီဈေးက စည်းကမ်းထိန်းသိမ်းမှု အရမ်းအားနည်းတယ်၊ အခုတော့ ဘယ်လိုလာမယ် မသိသေးဘူး။ မီးသတ်ကားနဲ့ မီးသတ်အင်အားကို နေ့ညမပြတ် အဆင်သင့် ထားပေးစေချင်တယ်၊ နောက်ပြီး တကယ်လို့ အရေးကြုံလာရင် တာဝန်ရှိသူတွေ အနေနဲ့ ပြတ်ပြတ်သားသား လျှင်လျှင်မြန်မြန် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု မိတ္ထီလာမြို့ စည်ပင်သာယာဈေး အတွင်းရှိ သဇင်ပလတ်စတစ် ရောင်းဝယ်ရေးမှ ကိုမင်းအောင်နိုင်က ပြောသည်။
ဈေးပြန်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ မိတ္ထီလာမြို့ စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကလည်း “ဒီနေ့မနက် ကိုးနာရီမှာ ဈေးကို ပုံမှန်အတိုင်း ပြန်ဖွင့်ထားပါတယ်။ ညနေငါးနာရီလောက်မှ ဈေးပြန်ပိတ်ပါမယ်။ မနက်ဖြန်လည်း ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ဖို့ ရှိပါတယ်၊ လုံခြုံရေး အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ နောက် ဈေးအကျိုးတော်ဆောင်အဖွဲ့၊ ဈေးမိဈေးဖတွေ အားလုံးရှိပါတယ်” ဟု ပြောသည်။
မိတ္ထီလာဈေးကြီးမှာ အနီးအနားရှိ မြို့နယ်များဖြစ်သော ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည် အစရှိသော မြို့များမှပင် လာရောက် ဈေးဝယ်လေ့ရှိသော ဈေးကြီးတစ်ခုဖြစ်ပြီး မှတ်ပုံတင်ထားသော ဆိုင်ခန်းပေါင်း လေးထောင်ကျော်နှင့် ယာယီပျံကျ ဆိုင်ခန်းပေါင်း သုံးထောင်ကျော် ရှိကြောင်း သိရသည်။
မိတ္ထီလာဈေးအား မတ်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်က တွေ့ရစဉ်
http://www.weeklyeleven.com
သေဘောဘိုး ပုံရိပ်များ
Robina Myo
၁၉၈၈ ..ခုနှစ် ၈ လေးလုံး အရေးအခင်းဖြစ်စဉ်က လူငယ်အများအပြား မိဘရင်ခွင်နှင့်
ကျောင်းတော်ကြီးကို ခွဲခွာပြီး..တောထဲကျောင်းသားစခန်းအသီးသီးသို့ ရောက်လာစဉ်
က - သေဘောဘိုးစခန်း တစ်ခု၏ ပုံရိပ်များကို ..၂၄ နှစ်ကြာ ပျက်စီးနေသော ဗွီဒီယို
အခွေအား ပြုပြင်တင်ပြပေးပါတယ်ရှင်...
သေဘောဘိုး ရဲဘော်/ရဲမေ ဟောင်းများနှင့် စိတ်ဝင်စားသော မျိုးဆက်သစ်များ
ကြည့်ရှုနိုင်ပါသည် ။
~~ Robina ~~ —
စင်္ကာပူ ရောက်မြန်မာနိုင်ငံသားတို့ အတွက် မြန်မာ ကရုဏာ အဖွဲ့
Myanmar Karuna Association
Thursday
မြန်မာ ကရုဏာ အဖွဲ့ သည် စင်ကာပူ ရောက်မြန်မာနိုင်ငံသားတို့ အတွက် တရားဝင် ဖွဲ့စည်း ထားသော အဖွဲ့ဖြစ်ပါသည်။
စင်ကာပူနိုင်ငံတွင် မြန်မာပြည်သူ ပြည်သား တစ်ယောက်ယောက် နာရေးဖြစ်လာပါက
သေဆုံးသူဧ။် နောက်ဆုံး ခရီးကို အဆင်ပြေချောမောစေရေး၊ death certificate
ထုတ်ပေးခြင်း၊ ရုပ်အလောင်းကို ၃ ရက်အထိထားပေးခြင်း၊ အလောင်းပြင် ပေးခြင်း၊
သရဏံဂုဏ် တင်ပေးခြင်း၊ ဘာသာခြားဖြစ်ပါက ထိုဘာသာ ဧ။် ဓလေ့ထုံးစံအတိုင်း
ဆောင်ရွက်ပေးခြင်း၊ အရိုးအိုးပြန်သယ်လိုပါက ဆောင်ရွက်ပေးခြင်း၊ စသည် များကို အခမဲ့ လုပ်ဆောင်ပေးပါသည်။
ထိုမျှမက အလုပ်ရှင်နှင့် အလုပ်သမားပြဿနာ ၊ အာမခံ ငွေကြေး ပြဿနာ များ၊ စသော
လူမှုရေး ပြဿနာ များဖြစ်လာပါက ရွှေမြန်မာများဘက်မှ မားမားမတ်မတ်ရပ်တည်
တာဝန်ယူ ဖြေရှင်းပေးပါသည်။
နာရေးပြဿနာ၊ လူမှုရေးပြဿနာများ ဖြစ်လာပါက ဆက်သွယ် ရန်.
ဖုန်း - 6745 5736
Email - info@myanmar-karuna.org.sg
Facebook တွင်လည်း comment ရေးပြီး မှာကြားနိုင်ပါတယ်။
more pictures at ....https://www.facebook.com/MyanmarKarunaAssociation
စင်ကာပူ ရောက် ရွှေမြန်မာ များအား ထပ်ဆင့် share ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။
ဝန်ကြီးဌာနများ၏ အဆင့်မြင့်အရာရှိကြီးအချို့ တာဝန်မှ ရပ်စဲ၊ ဌာနလွှဲပြောင်းလိုက်
by Mizzima - News in Burmese (Notes) on Saturday, March 30, 2013 at 3:52am
ခင်မျိုးသွယ် | စနေနေ့၊ မတ်လ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၁၂ မိနစ်
ရန်ကုန်
(မဇ္ဈိမ)။ ။ အစိုးရ ဝန်ကြီးဌာနအချို့မှ အဆင့်မြင့်
အရာရှိကြီးများအပါအဝင် အရာရှိ ၅၀ ကျော်ကို မတ်လ ၂၈ ရက်နေ့တွင် တာဝန်မှ
ရပ်စဲကာ အငြိမ်းစားပေးလိုက်ပြီး အချို့ကို ဌာနလွှဲပြောင်း
တာဝန်ပေးလိုက်ကြောင်း အစိုးရ ဌာနများနှင့် နီးစပ်သည့်
အသိုင်းအဝိုင်းမှတဆင့် သိရသည်။
“မြန်မာနိုင်ငံရဲ့
အသွင်ကူးပြောင်းရေး လုပ်ငန်းကိုင်ငန်းတွေမှာ လိုက်ပါ
မဆောင်ရွက်နိုင်သူတွေကို အငြိမ်းစားပေးလိုက်တဲ့ သဘောပါ။ ဝန်ကြီးဌာန
ပေါင်းစုံက ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယ ညွှန်ကြားရေးမှူး အဆင့်တွေ
အပါအဝင် စုစုပေါင်း ၅၂ ဦးကို အငြိမ်းစားပေးလိုက်တယ်လို့ ကြားပါတယ်။ Reform
(ပြုပြင်ပြောင်းလဲ) လုပ်တာမျိုးပါ” ဟု အစိုးရဌာနနှင့် နီးစပ်သူ တဦးက
ပြောကြားသည်။
ညွှန်ကြားရေးမှူးချုပ်အဆင့်မှ အငြိမ်းစားပေးခံရသူ ခြောက်ဦးနှင့် အထက် ရှိနေသည်ဟုဆိုသည်။
“စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက ဒုတိယ
ညွှန်ကြားရေးမှူးချုပ် တဦးနဲ့ ညွှန်ကြားရေးမှူး တဦး၊ ပြည်တွင်း
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ကာကွယ်ရေးဌာန တို့က ညွှန်ကြားရေးမှူး ၆
ဦးတို့ကို အလုပ်သမားဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့
သမဝါယမဝန်ကြီးဌာနတို့ကို ပြောင်းရွှေ့ တာဝန်ထမ်းစေပါတယ်” ဟု ၎င်းက ဆက်လက်
ပြောကြားသည်။
ထိုသို့ အဆင့်မြင့် အရာရှိများအား
တာဝန်မှရပ်စဲခြင်းနှင့် ဌာနလွှဲပြောင်းလိုက်ခြင်းတို့နှင့် ပတ်သက်၍ မဇ္ဈိမမှ
သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
ဒုံးကျည်များ အချိန်မရွေးပစ်ခတ်နိုင်ရန် ကင်ဂျုံအွန်က အမိန့်ပေး၊
on 29 Mar 2013---
အမေရိကန် စစ်စခန်းများကို ဒုံးကျည်များ အချိန်မရွေးပစ်ခတ်နိုင်ရန် ကင်ဂျုံအွန်က အမိန့်ပေး၊ အရေးပေါ်အစည်းအဝေး ကျင်းပပြီးနောက် ညတွင်းချင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်