Tuesday, April 2, 2013
“ဝီရသူ သဘောထား ၁၄/၇၄”
by Wira Thu (Notes) on Tuesday, April 2, 2013 at 1:49pm
        ရက်စွဲ - ၁၃၇၄ ခု၊ တပေါင်းလပြည့်ကျော် (၇)ရက် (၂-၄-၂၀၁၃)
       ၂၀-၃-၂၀၁၃ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ အဓိကရုဏ်မှစ၍ အခြားသော ကူးစက်အဓိကရုဏ်းများနှင့်ပတ်သက်၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- အရှင်ဝီရသူ (မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေငြာအပ်ပါသည်။
၂၀-၃-၂၀၁၃ ရက်နေ့ နယူးဝိန့်စိန် ရွှေဆိုင်မှ စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့အဓိကရုဏ်းသည် မည်သည့်အရောင်အသွေးနှင့် မည်သည့်ဘေးပယောဂမျှ မပါဝင်သော၊ နှစ်ဦးနှစ်ဖက်လုံး စိတ်မထိန်းနိုင်၍ ဒေါသအလျောက် ရုတ်တရက်ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းဟု ရှုမြင်ပါသည်။
       အဓိကရုဏ်းကြီးမားပြင်းထန်စွာ တာရှည်သွားရခြင်းမှာ ခရီးသွားသံဃာတစ်ပါး သွေးမြေကျခဲ့ရသောကြောင့် ဖြစ်သည်ဟု ဆိုရပါမည်။ ၂၀၀၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တောင်ငူအဓိကရုဏ်းကြီးတွင်လည်း ဤကဲ့သို့ပင် သံဃာများသွေးမြေကျရာမှ စတင်ခဲ့ပြီး ကြီးမားပြင်းထန်စွာ ရက်ရှည်ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါသည်။
ပဲခူးတိုင်း မြို့နယ်အချို့သို့ ကူးစက်ဖြစ်ပွားခဲသောအဓိကရုဏ်းများသည် အရောင်အသွေးနှင့် ဘေးပယောဂ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လူအုပ်အင်အားဖြင့် အကြမ်းဖက်အနိုင်ကျင့်သည့် လုပ်ရပ်ဖြစ်ကြောင်း ငြင်းမရအောင် သိသာထင်ရှားသည်မှာ အမှန်ပင် ဖြစ်ပါသည်။
       အဆိုပါအဓိကရုဏ်းများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်၊ အိုးအိမ် စည်းစိမ်ဥစ္စာများ များပြားစွာ ဆုံးရှုံးနစ်နာခဲ့ရသည့်အပြင် ၂၉-၃-၂၀၁၃ ရက်နေ့မှ စတင်ကျင်းပမည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ရက်ရွှေ့ဆိုင်းလိုက်ရခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံး စာဖြေသံဃာ (၉၄၅၄၃)ပါးတို့၏ ပရိယတ္တိပညာရေးကိုလည်း ကြီးမားစွာ ထိခိုက်နစ်နာစေပြီး အနာဂတ်ဒီမိုကရေစီခရီးအတွက်လည်း ခလုတ်ဆူးငြောင့်သဖွယ် အနှောက်အယှက်အဟန့်အတား များစွာဖြစ်ပေါ်စေခဲ့ပါသည်။
       (က) သို့ဖြစ်၍ မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို ရှေးရှု၍ အပြစ်မဲ့ ခရီးသွားသံဃာတစ်ပါးကို လုပ်ကြံမိခဲ့ကြသော မွတ်ဆလင်းများကိုယ်စား မွတ်ဆလင်အဖွဲ့ချုပ် (အစ္စလာမ်သာသနာအဖွဲ့ချုပ်)ကြီးမှ ရဟန်းရှင်လူ ပြည်သူများအား ပြန်လည်တောင်းပန်ရန် တိုက်တွန်းလိုက်သည်။
       (ခ) ပဲခူးတိုင်းမြို့နယ်အချို့တွင် ဖြစ်ပွဲခဲ့သော အကြမ်းဖက် အနိုင်ကျင့်မှုများသည် ဗုဒ္ဓသာသနာတော်၏ ဂုဏ်သိက္ခာနှင့် မြန်မာလူမျိုးတို့ အရင်းခံစိတ်သဘောထားပုံရိပ်ကို ထိခိုက်နစ်နာစေသော ခွင့်မလွတ်နိုင်သည့် အမဲစက်ကြီး ဖြစ်ကြောင်း ဝမ်းနည်းစွာ မှတ်တမ်းတင်အပ်ပါသည်။
       (ဂ) ထို့အပြင် အဆိုပါ အကြမ်းဖက်သမားများကို ပြင်းထန်စွာရှုတ်ချလိုက်ပြီး၊ ထိုအကြမ်းဖက်သမားများကြောင့် စည်းစိမ်းဥစ္စာ ဆုံးရှုံးခဲ့ရသော မွတ်ဆလင်များအား မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့၏ကိုယ်စား ဦးပဉ္စင်းကပင် အနူးအညွတ်တောင်းပန်အပ်ပါသည်။
       (ဃ) ဤအခင်းဖြစ်ရာကာလအတွင်း ဘာသာ လူမျိုး မခွဲခြားဘဲ အတိဒုက္ခရောက်နေသူမှန်သမျှကို ဘုရားသားတော်ပီသစွာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးပီသစွာ မေတ္တာ ကရုဏာရှေးရှု၍ စာနာမှုအပြည့်အဝဖြင့် ကယ်တင်ကူညီခဲ့ကြသော ရဟန်းရှင်လူ ပြည်သူအပေါင်းနှင့် အဖွဲ့အစည်း အသီးသီးတို့အား ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
       (င) ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ခရီး သာယာဖြောင့်ဖြူးရေးနှင့် မကြာမီပြန်လည်ကျင်းပတော့မည့် ပရိယတ္တိစာမေးပွဲကြီး ချောမောစွာ ကျင်းပနိုင်ရေးကိုရှေးရှု၍ ရဟန်းသံဃာတော်များအနေဖြင့် ပဋိပက္ခများမပေါ်ပေါက်စေရန် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်တော်မူပါမည့် အကြောင်း ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည်။
       (စ) အမိမြန်မာပြည် ထာဝရငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို လက်ခံယုံကြည်သည့်အားလျော်စွာ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း အပြန်အလှန် လေးစားယုံကြည်မှု ရှိကြရန်နှင့် သာမန်ပဋိပက္ခလေးများကို အမျိုးသားရေးပြဿနာအဆင့်မရောက်အောင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဖြေရှင်း နှိမ်နှင်းပေးကြရန်လည်း အနူးအညွတ်တိုက်တွန်းအပ်ပါသည်။
                                                                                                               ဦးပဉ္စင်း                                                                                                             ဝီရသူ(မစိုးရိမ်)                                                                                                              ဘဒ္ဒန္တဝိစိတ္တာဘိဝံသ                                                                                                             ဓမ္မသဟာယကျောင်းနာယက                                                                                                              မစိုးရိမ်တိုက်သစ်                                                                                                              မဟာအောင်မြေမြို့နယ်                                                                                                              မန္တလေး
                                                                                                               (၂-၄-၂၀၁၃၊ ည ၁၁း ၁၂)
“ဦးဝီရသူကို ပြန်လည်ထိမ်းသိမ်းဖို့ စီစဉ်နေခြင်းလော”
**************************************
25-3-2013-ရက်နေ့တွင် ရန်ကုန်မြို့နေ ရခိုင်လူငယ် ကိုရဲမင်းဦးကို ဖမ်းဆီးသွားပါသည်။
30-3-2013-ရက်နေ့ ဦးဝီရသူ MPC-အခမ်းအနား တက်နေစဉ် ဦးဝီရသူ၏ တပည့်တကာ တစ်ဦးဖြစ်သော ဦးတင်ယုကို အခမ်းအနားထဲထိ ဝင်ခေါ်သွားပါသည်။ ထိုသို့ လူမဆန်သော ရိုင်းပြမှုကို မလိုလားသော သမ္မတရုံးဝန်ကြီးများမှ မေတ္တာရပ်ခံမှုကြောင့် ဦးတင်ယုကို(၃)နာရီကြာ စစ်ဆေးမေးမြန်းပြီး ပြန်ပို့ပေးခဲ့ပါသည်။ ၄င်းနောက် 31-3-2013-ည အချိန်မတော်ကြီးတွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝိမုတ္တိသင်္ကန်းတိုက်သို့ ဝင်ရောက်စီးနှင်းကာ ဦးဝီရသူ ရေးသားသောစာအုပ်များကို သိမ်းဆည်းသွားပါသည်။
၎င်းဝိမုတ္တိသင်္ကန်းတိုက်သည် ဦးတင်ယုအိမ်ဖြစ်ပြီး သိမ်းဆည်းခံရသော စာအုပ်များမှာ အကျဉ်းစံ အရှုံးသမား ဂျက်ဖာ(၈)ပုံး၊ သမိုင်းရဲ့တရားခံ ဂျက်ဖာ(၂)ပုံး၊ မြေခွေးလက်မှ လွတ်မြောက်လာသူ ဂျက်ဖာ(၁)ပုံးဖြစ်ပါသည်။
ဦးတင်ယု ရဲမင်းဦးတို့သည် ၉၆၉-(ရတနာသုံးပါးကို) ဦးထိပ်ထားသူများဖြစ်ကြပြီး ဦးဝီရသူ၏ တရားပွဲများကို မလွတ်တန်း စီစဉ်ကျင်းပ နာယူသူများဖြစ်ကြသည်။ လက်တစ်လော အဓိကရုဏ်းများကြောင့် နောက်ပြန်လှည့်မည်ကို စိုးရိမ်သော နိုင်ငံရေးသမားတို့က စစ်တပ်ကို ပုံချနေသောကြောင့် စစ်သားဝန်ကြီးများက ဦးဝီရသူနှင့် ၉၆၉-ကို ဦးထိပ်ထားသူများကို ထိုးကျွေးဖို့စီစဉ်နေမှန်းသိသာ ထင်ရှားပါသည်။ အစိုးရက ဖမ်းသည်ဖြစ်စေ၊ ကုလားက လုပ်ကြံသည်ဖြစ်စေ၊ အပြစ်မဲ့ပြည်သူများနှင့် ၄င်းတို့ခိုကိုးရာ ဘာသာရေး အဆောက်အဦးများကို အကြမ်းဖက်တိုက်ခိုက်ခြင်းမျိုး လုံးဝမပြုလုပ်ကြဖို့ ဦးဝီရသူက သတိပေးလိုက်ကြောင်း သိရပါသည်။
(၉၆၉-1-4-2013-PM 2:50)
Photo: “ဦးဝီရသူကို ပြန်လည်ထိမ်းသိမ်းဖို့ စီစဉ်နေခြင်းလော”
**************************************
	25-3-2013-ရက်နေ့တွင် ရန်ကုန်မြို့နေ ရခိုင်လူငယ် ကိုရဲမင်းဦးကို ဖမ်းဆီးသွားပါသည်။ 
	30-3-2013-ရက်နေ့ ဦးဝီရသူ MPC-အခမ်းအနား တက်နေစဉ် ဦးဝီရသူ၏ တပည့်တကာ တစ်ဦးဖြစ်သော ဦးတင်ယုကို အခမ်းအနားထဲထိ ဝင်ခေါ်သွားပါသည်။ ထိုသို့ လူမဆန်သော ရိုင်းပြမှုကို မလိုလားသော သမ္မတရုံးဝန်ကြီးများမှ မေတ္တာရပ်ခံမှုကြောင့် ဦးတင်ယုကို(၃)နာရီကြာ စစ်ဆေးမေးမြန်းပြီး ပြန်ပို့ပေးခဲ့ပါသည်။ ၄င်းနောက် 31-3-2013-ည အချိန်မတော်ကြီးတွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝိမုတ္တိသင်္ကန်းတိုက်သို့ ဝင်ရောက်စီးနှင်းကာ ဦးဝီရသူ ရေးသားသောစာအုပ်များကို သိမ်းဆည်းသွားပါသည်။ 
	ဦးတင်ယု ရဲမင်းဦးတို့သည် ၉၆၉-(ရတနာသုံးပါးကို) ဦးထိပ်ထားသူများဖြစ်ကြပြီး ဦးဝီရသူ၏ တရားပွဲများကို မလွတ်တန်း စီစဉ်ကျင်းပ နာယူသူများဖြစ်ကြသည်။ လက်တစ်လော အဓိကရုဏ်းများကြောင့် နောက်ပြန်လှည့်မည်ကို စိုးရိမ်သော နိုင်ငံရေးသမားတို့က စစ်တပ်ကို ပုံချနေသောကြောင့် စစ်သားဝန်ကြီးများက ဦးဝီရသူနှင့် ၉၆၉-ကို ဦးထိပ်ထားသူများကို ထိုးကျွေးဖို့စီစဉ်နေမှန်းသိသာ ထင်ရှားပါသည်။ အစိုးရက ဖမ်းသည်ဖြစ်စေ၊ ကုလားက လုပ်ကြံသည်ဖြစ်စေ၊ အပြစ်မဲ့ပြည်သူများနှင့် ၄င်းတို့ခိုကိုးရာ ဘာသာရေး အဆောက်အဦးများကို အကြမ်းဖက်တိုက်ခိုက်ခြင်းမျိုး လုံးဝမပြုလုပ်ကြဖို့ ဦးဝီရသူက သတိပေးလိုက်ကြောင်း သိရပါသည်။
							(၉၆၉-1-4-2013-PM 2:50)
“Islam Chitthu Lay သို့”
by Wira Thu (Notes) on Tuesday, April 2, 2013 at 8:02am
          ဦးပဉ္စင်းသည် အစ္စလာမ်ဆန့်ကျင်ရေးတရား ဟောကြားနေသူမဟုတ်ပါ။ အစ္စလာမ်သာသနာကို မဆန့်ကျင်သလို ကိုရ်အန်ကျမ်းကိုလည်း လေးစားပါသည်။ (၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃) ခုနှစ်တွေတုန်းက ကိုအန်ကျမ်းကို လေ့လာဖူးပါသည်။
          (၂၀၁၂) ခုနှစ်တွင် ကရဝိက်ဦးမောင်မောင်က လက်ဆောင်ပေးထားသော ကိုရ်အန်ကျမ်းကိုလည်း ယခုအချိန်ထိ ဗီရိုပေါ်မှာ အမြတ်တနိုး သိမ်းဆည်းထားပါသည်။ ကိုရ်အန်ကျမ်းကို လေးစားပါသည်။
          ဦးပဉ္စင်းဟောကြားနေသည်မှာ အမျိုးသားရေးတရားတော်များ ဖြစ်ပါသည်။ ဦးပဉ္စင်းသည် မွတ်ဆလင်တွေကို မလိုလားသူလည်း မဟုတ်ပါ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုပဲ ကျင့်သုံးပါသည်။
          ဦးပဉ္စင်းတရားထဲတွင်ပါဝင်သော မွတ်ဆလင်တွေအကြောင်း လေ့လာသင့်ပါသည်။ ဦးပဉ္စင်းဟောသလို ဦးပဉ္စင်းတို့ အမျိုးဘာသာ သာသနာကို စော်ကားမော်ကားပြုသူများမဟုတ်လျှင် ပြန်လည်ဖြေရှင်း တောင်းပန်ပါမည်။ ဦးပဉ္စင်းဟောကြားသည့်အတိုင်း မှန်ကန်လျှင် မိတ်ဆွေတို့ကလည်း ဝန်ခံခြင်း၊ တောင်းပန် ခြင်းများ ပြန်လည်ပြုလုပ်ရပါမည်။
          ထို့အပြင် အသင်မိတ်ဆွေအား နမူနာမေးခွန်းတစ်ချို့ မေးပြလိုက်ပါသည်။
          ၁။ မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ သင်တို့မွတ်ဆလင်တွေနှင့် ညားသည့်အခါ အစ္စလာမ်ဘာသာထဲသို့ အတင်းအဓမ္မ သိမ်းသွင်းနေသူများကို သင်တို့ အစ္စလာမ်အဖွဲ့ချုပ်က အဘယ်ကြောင့် အရေးမယူဘဲ မသိကျိုးကျွံ ပြုနေပါသနည်း။
          ၂။ အစ္စလာမ်မကိုးကွယ်ဘဲ ကိုယ်ယုံကြည်ရာ ကိုးကွယ်သူများကို အဘယ့်ကြောင့် သတ်ဖြတ် ပစ်ရပါသနည်း။ (၂၀၀၃၊ မုံရွာမြို့မြောက်ဘက်၊ အလုံမြို့လေးမှ မစုစုလတ်ကို ရာဇင်နှင့်မိသားစုက အင်္ဂါဇာတ်ကို ဓားနဲ့ ထိုးသတ်ခဲ့သည်။)
          ၃။       အစ္စလာမ်ထဲသို့ ကြောက်၍ဝင်ရသော်လည်း ခိုးကြောင်ခိုးဝှက် ဘုရားသွားကျောင်းတက်၊ ဥပုသ်စောင့်သူကို အဘယ့်ကြောင့် နေ့စဉ်ညှဉ်းဆဲ ရက်စက်ရပါသနည်း။ (၂၀၁၃- ကလေးမြို့မှ မဝါဝါမြင့်)
          ၄။       အိမ်ရှင်တိုင်းရင်းသားများက သဘောထားကြီးမားပါလျက် မွတ်ဆလင်တွေက ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓရုပ်ပွားတော်တွေကို ဘာကြောင့် ခါးခါးသီးသီး မုန်းတီးနေကြပါသနည်း။ (ရခိုင် နှစ်ကြိမ် အကြမ်းဖက်မှုနှင့် ဦးပဉ္စင်းတရားထဲမှာပါသော မွတ်ဆလင်အချို့)
          ၅။       မွတ်ဆလင်နှင့်ညားသော မြန်မာအမျိုးသမီးများကို ဘာကြောင့် စစ်သုံ့ပန်းလို ဆွေပြတ်မျိုးပြတ် အဆက်ဖြတ်ထားရပါသနည်း။
          ၆။       အဆိုပါအမျိုးသမီးများကို ဘာကြောင့် ဘူခါခြုံခိုင်းရပါသနည်း။ အမီနာ၊ အစီနာ နာမည်များ မည့်ခေါ်ထားကြပါသနည်း။
          ၇။       လိမ္မာယဉ်ကျေးသော အဆိုပါမိန်းကလေးများ မွတ်ဆလင်လက်ထဲရောက်မှ အဘယ့်ကြောင့် ကြမ်းတမ်း ရိုင်းပျမောက်မာ သွားကြပါသနည်း။
          ၈။       မြန်မာတိုင်းရင်းသား မိဘများက သဘောမတူ မကြည်ဖြူလို့ ငိုယိုပြန်တောင်းသည့်အခါမျိုးမှာ သမီးနှင့် ဘာကြောင့် တွေ့ခွင့်မပေးပါသနည်း။ အဘယ်ကြောင့် မိဘချင်း ကိုယ်ချင်းမစာ လက်ထပ်စာချုပ်ပြပြီး ဗလီထဲဝင်ခွင့် သမီးနှင့် တွေ့ခွင့် မပေးပါသနည်း။
          ၉။       ဝက်သားစားသောတိုင်းပြည်မှာ နေထိုင်သောသင်တို့သည် ဝက်သားကို ခါးခါးသီးသီးမုန်းပါလျက် ဝက်သားစားသော မြန်မာအမျိုးသမီးများကို ဇွတ်ရော အတင်းရော အဓမ္မရော အဘယ့်ကြောင့် သိမ်းပိုက်နေကြပါသနည်း။
          ၁၀။     ရဟန်းသံဃာများက မကြိုက်မှန်းသိပါလျက်၊ မိဘပြည်သူများက မကြည်ဖြူမှန်းသိပါလျက် မြန်မာမိန်းကလေးများကို ပစ်မှတ်ထားသိမ်းပိုက်နေခြင်းကို သင်တို့ အစ္စလာမ်အဖွဲ့ချုပ်က ဘာကြောင့် လက်ပိုက်ကြည့်နေပါသနည်း။
          ၁၁။     လွတ်လပ်စွာ ကိုးကွယ်မှုကို ရက်ရက်စက်စက် ပက်ပက်နှက်နှက် မိုက်မိုက်မဲမဲ ချိုးဖောက်နေသည့် မွတ်ဆလင်များကို ကိုရ်အန်ကျမ်းက ခွင့်ပြုထားပါသလော။
                                                                                   ဦးပဉ္စင်း
                                                                              ဝီရသူ (မစိုးရိမ်)
                                                                                 2.4.2013
နျူကလီယား စက်ရုံတွေ ပြန်ဖွင့်ဖို့ မြောက်ကိုရီးယား ပြင်ဆင်၊ခြိမ်းခြောက်မှု အမေရိကန်လုံးဝ လက်မခံနိုင်။
မြောက်ကိုရီးယား ခြိမ်းခြောက်မှု အမေရိကန်လုံးဝ လက်မခံနိုင်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Yun Byung-Se တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (၂ ဧပြီ ၂၀၁၃)
ဗွီအိုအေ(မြန်မာဌာန)
02.04.2013
မြောက်ကိုရီးယားရဲ့ စစ်ရေး ခြိမ်းခြောက်မှုတွေကနေ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ် တောင်ကိုရီးယားနိုင်ငံကို အကာအကွယ်ပေးသွားမယ်။ မြောက်ကိုရီးယားနိုင် ငံ ကို နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့နိုင်ငံ အဖြစ်မခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြား
ရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုအပေါ် စစ်ရေးအရ အရေးယူမယ် ဆိုပြီး မြောက်ကိုရီးယားရဲ့ လတ်တလော ခြိမ်းခြောက်မှုတွေဟာ ရန်စတဲ့ သဘောမှာ ရှိပြီး၊ အန္တရာယ်လည်း များသလို အဆင်ခြင်မဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ တောင်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြီး ယွန် ဗြောင်စီ (Yun Byung-se) နဲ့ ၀ါရှင်တန်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်လင်းပွဲမှာ မစ္စတာ ကယ်ရီ က ပြောသွားပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မိမိအကျိုးစီးပွားကို အကာအကွယ်ပေးဖို့ အပြည့်အ၀ ပြင်ဆင်ပြီးသား ဖြစ်သလို၊ အကာအကွယ် ပေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ မြောက်ကိုရီးယားကလည်း ဒါကို သိပြီးဖြစ်တယ်လို့ မစ္စတာ ကယ်ရီ က ပြောပါတယ်။  မြောက်ကိုရီးယားနိုင်ငံကနေ လက်နက်တွေ ထပ်ပြီး ထုတ်လုပ်ဖို့နဲ့
နိုင်ငံရဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို ဖြေရှင်းဖို့အတွက် ရပ်ထားတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုကို အမြန်ဆုံး ပြန်လည်ပတ်မယ်လို့ ပြောသွားပြီး နာရီပိုင်းအကြာမှာပဲ အခုလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တာပါ။
မြောက်ကိုရီးယား အစိုးရက ယူရေနီယံ သတ္တုသန့်စင်တဲ့ စက်ရုံနဲ့  လက်နက် ထုတ်လုပ် ရာမှာ အသုံးပြုလို့ရမယ့် ပလူတိုနီယံ ထုတ်လုပ်နိုင်တဲ့ ၅ မီဂါဝပ်အား ရှိတဲ့  ဓာတ်ပေါင်းဖို ကို အရင်စ လည်ပတ်မယ်လို့ ပြောပါတယ်။
 နျူကလီယား စက်ရုံတွေ ပြန်ဖွင့်ဖို့ မြောက်ကိုရီးယား ပြင်ဆင်
Yongbyon နျူကလီးယား ဓာတ်ပေါင်းဖို တည်ရှိရာ (၂၂ သြဂုတ်လ ၂၀၁၂)
02.04.2013
မြောက်ကိုရီးယားက သူရပ်ဆိုင်းထားတဲ့ ပလူတိုနီယမ် နျူကလီးယား ဓာတ်ပေါင်းဖို ကို ပြန်ပြီး လည်ပတ်ဖို့ စလုပ်တော့မှာဖြစ်သလို၊  ယူရေနီယံ သန့်စင်မှုတွေ လုပ်တော့မယ့် အရိပ်အယောင်တွေကိုပါ  ပြလာတာမို့  ကိုရီးယား ကျွန်းဆွယ်ဒေသတွင်း အရင်က တင်းမာနေမှုတွေဟာ  ပိုတိုးလာနေပါတယ်။
မြောက်ကိုရီးယား အစိုးရအနေနဲ့ Yongbyon နျူကလီးယား ဓာတ်ပေါင်းဖိုကို ပြန်ပြင်ပြီး လည်ပတ်ဖို့ စလုပ်မှာဖြစ်သလို ဒါဟာ လက်နက်ထုတ်လုပ်ဖို့ရော နိုင်ငံတွင်း လျှပ်စစ်မီး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ကိစ္စပါ ပါတယ်လို့ အစိုးရအရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး KCNA အစိုးရ သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြပါတယ်။
ဒီလုပ်ဆောင်မှုတွေထဲမှာ ယူရေနီယံ သန့်စင်စက်ရုံနဲ့ ၅ မီဂါဝပ် ဓာတ်ပေါင်းဖို လည်ပတ်ဖို့ ပါဝင်ပြီး  ဒီကနေတဆင့် လောင်စာချောင်းတွေနဲ့ လက်နက်အဆင့်သုံး ပလူတိုနီယံ ထုတ်ဖို့အထိ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒီနျူကလီယား ဓာတ်ပေါင်းဖိုကို နိုင်ငံတကာက စီးပွားရေး အကူအညီပြန်ပေးဖို့ သဘောတူညီချက်နဲ့ ၂၀၀၇ ခုနှစ်ထဲမှာ ပိတ်ထားခဲ့တာပါ။
http://burmese.voanews.com
ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူသမ္မတအားလက်ခံတွေ့ ဆုံ
by Tun Wai
ဓါတ်ပုံ Thar Htay
2.4.2013.
မင်္ဂလာဒိုးသံချပ်များထွက်ပြီ
အကြိမ် ၂၁ မြောက် အစဉ်လာမပျက် ဂျပန် မှ မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့် ချီ ….
2013 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ရဲရဲတောက်တေးသံချပ်များ 2013ခုရဲ့ မြန်မာပြည် သင်္ကြန် အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင် ရန် အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစု မှ
နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုထောက်ခံအားပေးနေသော
မိဘပြည်သူများအတွက် စိတ်သောက ကင်းဝေး နိုင်စေရန် နှင့် ဒုက္ခ အပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ် ချက် ဖြင့် အစဉ်လာမပျက် တနှစ်တခေါက် အတို့ အထိ ရိ စရာ လေးများနှင့်
မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊ ယခု နှစ်သံချပ်များကို ၊ကိုမျိုးသန့် ၊ကိုသောင်း၊ကိုအေးမင်းကို၊ ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊2013 တွင်လည်း
၁။ရိုးရာသင်္ကြန်
၂။အားလုံးကောင်းဖို့ ပြောင်းကြပါ
၃။ဖားတစ်ပိုင်း ငါးတစ်ပိုင်း
၎။ရိုဟင်ဂျာ
၅။အမတ်မင်း
၆။မပြောချင်ဘူး
၇။တိုကျိုသင်္ကြန်နဲ့ အိတ်ပေါက်ကြီး
၈။ဗမာစာသည် တို့ စာ
၉။အနုပညာစွမ်းအား
၁၀။ခေါင်းဆောင်ကောင်း
၁၁။နှစ်ကူးမင်္ဂလာ
စသည့်
တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။
မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ 7 ရက်(7.4.2013)တွင်ကျင်းပမည်
ဟု မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။
မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့်
ဝေေ၀ဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက် စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး
ကြည့် ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင် လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင် များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး
ဦးမျိုး သန့်  08050632509 နှင့် ၊ ကိုထွန်းဝေ 07066369696 kotunwai@gmail.com , တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်း
သိရှိရပါတယ်။
ဗွီဒီယို.ရိုက်ကူးတည်းဖြတ် ကိုဇေယျာအောင် (ဂျပန်)
http://www.youtube.com/user/zayyar20283
http://www.youtube.com/user/kotunwai
ဒီနေရာတွင် ဒေါင့်လော့ယူပြီး ကြည့်ရှု့ နိုင်ပါတယ်။
http://youtu.be/knxbngnbtIY ၂၀၁၃ မင်္ဂလာဒိုး တေးသံချပ်
The First Weekly Journal အားလက်ပံတောင်းဒေသတုံရွာမှ မညိုလေးက အသရေဖျက်မှုဖြင့်တရားစွဲ
April 2, 2013
hotnewsweekly.com
The First Weekly Journal တွင်မြောက်ဒဂုံတွင်နေထိုင်ပြီး   နိုင်ငံရေးအမှုနှင့်ထောင်မှထွက်လာ  သည်ဟုရေးသားဖော်ပြခံရသည့် ဓာတ်ပုံရှင်အမျိုးသမီးမှာ စစ်ကိုင်း  တိုင်းဒေသကြီးမုံရွာခရိုင်၊ဆားလင်း  ကြီးမြို့နယ်၊ တုံရွာတွင်နေထိုင်ပြီး တုံရွာတွင်ပင်မွေးဖွားကြီးပြင်းလာ  ကာနိုင်ငံရေးမှုဖြင့်ထောင်ကျခဲ့ခြင်း   မရှိသူတစ်ယောက်ဖြစ်သည့် အတွက်  The First Weekly Journal ရေးသားဖော်ပြမှုမှာ သူမ၏ ဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည့်   အပြင် စာမျက်နှာပေါ်တင်၍ အရှက်ခွဲသလိုဖြစ်နေခြင်းကြောင့်   တုံရွာသူ ဒေါ်ညိုလေးမှာ ဆားလင်း   ကြီးတရားရုံးတွင် ဧပြီ ၁ရက်က တရားရုံးသို့ ဦးတိုက်လျှောက်ထား  ၍ အမှုဖွင့်သည်ကို သက်သေစစ် ဆေးပြီး တရားရုံးကအမှုဖွင့်သည် ကိုလက်ခံလိုက်ပြီဖြစ်ကြောင်း ကာယကံရှင် ဒေါ်ညိုလေးထံမှ သိရသည်။
““ကျွန်မကို မတရားစွပ်စွဲပြီး   သတင်းစာမျက်နှာပေါ်မှာဖော်ပြ ခဲ့တဲ့အတွက် အသေရေဖျက်မှုနဲ့  တရားစွဲတာပါ။အမှားပြင်ဆင်ဖော်   ပြပေးရင်လည်း ကျွန်မကလုံးဝ မကျေနပ်ဘူး၊တရားဥပဒေကဆုံး ဖြတ်ပေးတာကိုလက်ခံသွားမယ်”” တုံရွာတွင် မွေးဖွားကြီးပြင်လာ သည့် ဒေါ်ညိုလေးမှအတည်ပြု  ပြောကြားသည်။
အဆိုပါ တုံရွာမှဒေါ်ညိုလေး   က  The First Weekly Journal အားတရားဆွဲစိုမှုနှင့်ပတ်သက်ပြီး   အဆိုပါဂျာနယ် ဖုန်း-၀၁-၃၇၈၀၉၀အားဆက်သယ်မေးမြန်း  ရာ ““အယ်ဒီတာ ဦးအောင်စိုးသူ   မရှိကြောင်း၊ ဦးအောင်စိုးသူ၏  ဖုန်းနံပါတ်ကိုလည်းပေး၍မရ ကြောင်း၊တွေ့ရင်တော့ အဆိုပါ ကိစ္စအားပြောပေးမည်ဖြစ်ကြောင်း”” ယင်းဂျာနယ်မှ တာဝန်ရှိသူတစ်  ဦးက ဧပြီ ၁ရက် နေ့လည် (၃) နာရီတွင် ဆက်သွယ်မေးမြန်းမှုကို   ဖြေဆိုခဲ့သည်။ ဆားလင်းကြီး တရားရုံးမှ ဒေါ်ညိုလေး၏တရား   ဆွဲမှုကိုလက်ခံပြီးရုံးသို့ ၅ရက်လျှင် ပြန်လာခိုင်းထားကြောင်း၊ ထိုနေ့ မှ ပုဒ်မကိုတပ်ပေးမည်ဖြစ်ကြောင်း   ဒေါ်ညိုလေးထံမှထပ်မံသိရသည်။
မျိုးမြင့်
၄၈ လမ်း ဗလီမှာ လောင်တဲ့မီး ဘာမီးလဲ
April 2, 2013
hotnewsweekly.com
ရန်ကုန်မြို့ ၄၈ လမ်းဗလီမှ စာသင် ကလေးငယ် မောင်ဝေယံသူ (အသက် ၁၄နှစ်)၊ မောင်မောင်ဇော်၊ မောင်မျိုး အောင်တို့မှ မီးလောင်ကျွမ်းခဲ့ပုံအဖြစ် မှန် များကို ထုတ်ဖော်ပြောပြခဲ့သောကြောင့် ဧပြီလ ၂ရက်နေ့ နံနက်ပိုင်းက ၄၈လမ်း ဘာသာရေးစာသင်ကျောင်း ဗလီ မီးသင့် လောင်ကာ လူသေဆုံးမှု၏ အများက စိတ်ဝင်စားနေသော အဖြစ်မှန်ပေါ် ပေါက်သွားခဲ့ပြီဟု ဧပြီလ ၂ရက်နေ့ ညနေက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် စာ နယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။ တိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ရှင်းလင်း ပြောပြရာတွင် ဝေယံသူ(အသက် ၁၄နှစ်)မှာ မီးစတင်လောင်ကျွမ်းခဲ့သော မီးအားမြင့်စက်ဘေးတွင် အိပ်စက်ခဲ့ ကြောင်း၊ အဆိုပါ ၄၈လမ်းဗလီတွင် လွန် ခဲ့သော ၂ရက်ခန့်က ရောက်ရှိလာကြ သော ဘာသာရေးစာသင်မည့် ကလေး ငယ် ၇၀ကျော်ကို အပေါ်ထပ်တွင် ကလေး ၁၃ဦး၊အောက်ထပ်တွင် ကလေး ၅၀ကို ဗလီဆရာ ဇေယျာဖြိုးခေါ်၊ မိုဟာ မက်အူလဟွာ နေရာချထားပေးခဲ့ရာ၊ ဧပြီလ ၂ရက်နေ့ နံနက် ၃နာရီခန့်တွင် မောင်ဝေယံသူအိပ်နေသော နေရာဘေး က မီးအားမြင့်စက်မှ အသံများဆူညံစွာ မြည်လာပြီး မီးခိုးများထွက်လာသော ကြောင့် ဗလီဆရာဇေယျာဖြိုးနှင့် အခြား လူကြီးများကို ပြေးနှိုးသော်လည်း မနိုး ကြကြောင်း ထို့ကြောင့် စောင်များနှင့် ၀ိုင်းအုပ်ကြကြောင်း မီးမသေဘဲ မီးခိုး များ အူထွက်လာပါကြောင်း ထို့နောက် ဗလီဆရာဇေယျာဖြိုးနိုးလာပြီး စောင် များကို ဗလီတွင် သန့်ရှင်းရေးဆေးကျော သော ရေအိုးမှ ရေများကို ဆွတ်ပြီး မီးလောင် နေသောနေရာကို အုပ် ခဲ့ကြောင်း၊ မီးအားမြင့်စက်အောက်မှ ဒီဇယ်ငါးဂါလံပုံး လဲမှောက်ပြီး မီးလောင် နေသောကြောင့် စောင်များ ဖြင့်အုပ်သော်လည်း မီးငြိမ်းမသွားဘဲ မီး ခိုးများအူထွက်လာပြီး အပေါ်ထပ်တွင် အိပ်နေကြသော ကလေး ၁၃ဦးလုံး သေ ဆုံးကုန်ကြောင်း၊ အောက်ထပ်မှ ကလေး ၅၀ မှာ မည်သည့်ဒဏ်ရာမှမရကြောင်း ဗလီဆရာ ဇေယျာဖြိုးခေါ် မိုဟာမက် အူလ၀ါမှ ဗလီမီးလောင် လူသေဆုံး မှု မှာ သူ၏အမှားမှားအယွင်းယွင်း ဆောင် ရွက်မှုများဖြစ်သော အပေါ်ထပ်မှကလေး များကို တံခါးသော့ခတ်ထားမိခြင်း မီးငြိမ်းသက် ရာမှ ထွက်လာသောမီးခိုးများကြောင့် အပေါ်ထပ်မှ ကလေး ၁၃ဦး သေဆုံး ကုန်ကြခြင်း၊ ရှော့ဖြစ်သည့် မီးအား မြင့် စက်အောက်မှ ဒီဇယ် ငါးဂါလံပုံးမှာ ဗလီ မှ ၂၅ကီလို မီးစက်အတွက် လာပို့နေကြ ဒီဇယ်ရောင်းချသူကပို့ထားသော ဒီဇယ် များဖြစ်နေပြီး ပေါ့လျော့စွာ မီးအားမြင့် စက်အောက်၊ လှေကားအောက်တွင် ထားခဲ့ခြင်း ဗလီဆရာဇေယျာဖြိုး၏ပုဆိုး ၏ ပေကျံနေသော ဒီဇယ်များမှာ သူထား သောဒီဇယ်များသာဖြစ်နေခြင်း၊  သူခြေချော်လဲသော ဒီဇယ်မှာလည်း ထို ဒီဇယ်များသာဖြစ်နေခြင်း၊ ဖြစ်ပေါ်ခဲ့သော ကြီးမားသည့်ဆိုးကျိုးများ ကို မိမိအပေါ်မကျရောက်စေရန် ဘေးကလာစီစဉ်ထားသလို ထင်ရောင် ထင်မှားစကားများကို လိမ်လည်ပြောဆို မိကြောင်းကိုလည်း သက်သေများ၏ရှေ့ တွင် ထွက်ဆိုချက်ပေးပြီးဖြစ်သောကြောင့် မည်သူမျှလာရှို့သောမီးမဟုတ်ဘဲ သဘာ ၀အလျှောက် မီးအားမြင့်စက်မှလောင် ကျွမ်းသောမီးကို ကြောက်လန့်တကြား စောင်အုပ်ပြီးငြိမ်းနေစဉ် ဒီဇယ်များကိုပါ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးခိုးများ အူထွက်လာသောကြောင့် အပေါ်ထက် မှ ကလေးများ မီးခိုးမှိုင်းများ သေဆုံးကုန်ခြင်း ဖြစ်ကြောင်း၊ (အကယ်၍ သာအပြင်က မီးလာရှို့ခြင်း ဆိုလျှင် သော့ခတ်ထားသော တံခါးကို ဒီဇယ်ပုံးက မ၀င်နိုင်ပါကြောင်း၊ ယနေ့ အချိန်ကာလ ရပ်ကွက်တိုင်းတွင် နှိုးကြား စွာကင်းစောင့်နေကြချိန်တွင် မည်သည့် လူစိမ်းကမျှ ဒီဇယ်ပုံးကြီးကို ညအချိန် ကြီးမှာ ဆွဲယူလာရန်မဖြစ်နိုင်ပါကြောင်း၊ မီးရှို့မည်ကို စိုးရိမ်သောကြောင့် သတိထားနေချိန်မို့ ဘေးကလာတာ မဖြစ်နိုင်သည့်အပြင် အကြံသမားမီးရှို့ သူသည် ဒီဇယ်ကိုမသုံးပဲ ဓာတ်စီကိုသာ သုံးမည်ဟု တွက်ဆနိုင်ကြောင်း၊ ယခု အခါတွင် မျက်မြင်သက်သေကလေးများ ၏ အဖြစ်မှန်ဖေါ်ထုတ်ပြပေးသော ကြောင့် ဗလီဆရာ ဇေယျာဖြိုးမှာလည်း သက်သေများ၏ရှေ့တွင် ၀န်ခံရပြီဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မီးလောင်ဗလီမှ ထပ်မံသိမ်းဆည်းရခဲ့သည့် မီးလောင် ထားသော ဒီဇယ်ပုံးကို သတင်းနှင့် စာနယ်ဇင်းတာဝန်ရှိသူများကို ပြသခဲ့ပါ သည်။ မီးကိုဖုံးအုပ်ငြိမ်းသတ်ခဲ့သည့် ဒီဇယ်ပေနေသော စောင်ကိုလည်း ထုတ် ဖေါ်ပြသခဲ့ပါသည်။
ယခုအခါ ၄၈လမ်းဗလီမီးလောင် ကာလူသေဆုံးမှုကို ပြည်တွင်းပြည်ပမှ ငြိမ်းချမ်းမှုကိုမလိုလားကြသော လူများက အင်တာနက်မှတဆင့် မမှန်သ တင်းများကို ပြန်တူးနေကြသောကြောင့် မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှု များဖြစ်ပေါ်နေရာသတင်းနှင့်စာနယ် ဇင်းမှ တာဝန်ရှိသူများမှတစ်ဆင့် ပြည် သူများကိုလည်းကောင်း၊ နိုင်ငံတကာ စာမျက်နှာသို့လည်းကောင်း အမှန် အတိုင်းတင်ပြ နိုင်ရန် ခေါ်ယူရှင်းလင်းရ ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါ သည်။
 ဥယျာဉ်မှူး
သေဆုံးသူ အစ္စလန် ဘာသာဝင် ကလေး များကို ရေဝေးသုသန် မှာ ဒီနေ့ ၈၈ ခေါင်းဆောင် များလိုက်ပါပို့ ဆောင်
အကြမ်းဖက်အဓိကရုဏ်းလက်သည် ဘယ်သူလဲ? ဖေါ်လိုက်ပြီ(နိဂုံးပိုင်း)
post by Minmaha Bagan on facebook
ရေးသားသူ။ ဂိုလ်ရှယ်လေး
အပိုင်း(၅)
အနားယူသွားသော စစ်ခေါင်းဆောင်ကြီး တွင် သမီး ၅ ယောက် သား ၃ ယောက် စုစုပေါင်း ၈ ယောက်ဖြစ်သည်။
သား ၃ ယောက်တွင် ၂ ယောက်သည် မဟာဘောဂ စီးပွါးရေးသမားကြီးများဖြစ်ပြီး အငယ်ဆုံးသားဖြစ်သူကတော့ ဘိုတော်ရောဂါထကာ အင်းအစီရင် ယာတြာနှင့် င်္အဂိရ ဖိုထိုးခြင်းများ ပြုလုပ်လေ၏။ ၄င်း၏ အ၈္ဂိရ ဖိုထိုးသောဒေသများသည် ယခု နေပြည်တော် မတည်ကပင် သွားရောက်စခန်းဝင်လေ့ ရှိခဲ့သော လယ်ဝေး ပျဉ်းမနား၏ အနောက်ဘက် တောင်တန်း တောတန်းများတွင် အများဆုံးဖြစ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလာခြင်းပင်လျှင် ဗိုလ်သန်းရွှေသားငယ်၏ ခေါင်းကိုင် ဘိုးတော် ဆရာမဲ (၉)မိုင်မှ ဓါတ်စီးခန်း ပြုလုပ်သည်။ ၄င်းတို့ ဘိုးတော် ဆရာ တပည့်နှစ်ယောက်လုံးက ဓါတ်စီးသောအချိန်တွင် တပ်မတော် အရာ၇ှိကြီးများနှင့် သူတို့၏ ကတော်များပါ တက်ရောက်မေးမြန်းကာ ယာတြာယူတတ်ကြသည်။
နောက်ဆုံးတွင် တိုင်းပြည်အား အမျိုးသမီးအုပ်ချုပ်မင်းလုပ်ရန် မြင်ကြောင်း ဘိုးတော်မဲမှ ဟောကြားကာ ယာတြာချေကြရမည့် အပိုင်းပါ ပါဝင်ပတ်သက်လာသည်။ မိန်းမ အုပ်ချုပ်မည်ဆိုသောကြောင့် မစာလုံး၏ ထိပ်စီးသို့မဟုတ် နောက်ပိတ်ဖြင့် ဆုံးသောမြို့ရွာများအား ရစ်ပူဇော်သကဲသို့ အထိကရုံးပြုလုပ်ပြီး နှိမ်နှင်းကွပ်ကဲရမည်ဟု ယာတြာပေးခဲ့သည်။
ထိုမြို့ရွာများအတွက် အထိကရုံန်းများဖြစ်ပေါ်ရန် ဒီပဲယင်း လက်သံပြောင် ဦးအောင်သောင်းနှင့် ဦးကျော်ဆန်း ( ယခု သမ) ၀န်ကြီးတို့အား ၂၀၁၁ ခုနှစ် ဇန်နာဝရီလ ၁၃ ရက်နေ့တွင် ဒေါ်ကြိုင်ကြိုင်မှတာဝန်ပေးခဲ့သည်။ ဦးအောင်သောင်းတို့၏ နောက်လိုက် ဦးခင်ရီနှင့် ဦးအောင်သိန်းလင်းတို့အပြင် အမာခံ ကြံ့ဖွတ်များ ၃၀ ကျော် ရှိပြီး ခရိုနီများပင် ပါဝင်သည်ဟု သိရသည်။(မှတ်ချက်) ဦးအောင်သိန်းလင်း ရန်ကုန်တိုင်းမြို့တော်ဝန် ကာလတွင် အလံပြောင်းလဲတင်သောနေ့တွင် စင်ကြယ်ဖိနပ် စီးနင်းကာ အလံတင်ကြောင်း အားလုံးသိပေလိမ့်မည်။ စင်ကြည်ဆိုသည်မှာ စုကြည်ဟု နံတူယူ ဆောင်ရွက်ကြောင်း သက်သေ အခိုင်မာ ရှိပါသည်။
ရခိုင်အရေးခင်း မပေါ်ပေါက်ခင်ကလေးမှာပင် ကျောက်နီမှော်ရွာမှ မသီတာထွေးမုဒိန်းကျင့် သတ်ဖြတ်ခံရသော ကာလနှင့် တဆက်တည်းမှာပင် တရုတ်ဂစ်ပိုက်လိုင်း လုံခြုံရေးအတွက်နှင့် ယာတြာတို့အတွက်ပါ အစ္စလမ်ဘာသာဝင် ၁၀ဦးအား သတ်ဖြတ်လိုက်သောမြို့နယ်သည် မ နှင့်စသောမြို့ (၁)မောင်တော ဖြစ်လေသည်။ထိုနောက် (၂)မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးအား မီးရှို့ပြာချလိုက်သည်။ ထိုနောက်(၃) မော်လမြိုင် ဈေးကြီးအား မီးလောင် ပြချကြပြန်သည်။ ထိုနောက်(၄) မြစ်ကြီးနား မိုင်ဂျားယန်ကို ထိုးစစ်ပြုလုပ်သည်။
ထိုနောက်(၅) မန္တလေး တိုင်းတွင် တရုတ်တဦးက မြန်မာ အမျိုးသားတဦးအားလက်သီးနှင့် ထိုးကြိတ်သော ပြသနာ လုပ်ပြပြီး ထိန်းကွပ်ပြသသည်။ ထိုနောက် (၆)မုံရွာ လက်ပံတောင်း အရေးခင်း အစပျိုးရန် ဦးအောင်မင်းတို့မှ အကြောင်းမဲ့သွားရောက်က တရုတ်ကြေးဇူး ဆပ်ရမည်ဟု မီးစထိုးလိုက်သည်။ ထိုနောက်(၇) မအူပင်မြို့နယ် မလက်တိုရွာ အေ၇းခင်း ဖန်တီးခဲ့ကြသည်။ ထိုနောက်(၈) မိတ္ထီလာမြို့ အဓိကရုဏ်းဖန်တီးခဲ့ကြသည်။ ထိုနောက် (၉)မလှိုင်မြို့တွင် နေခင်းကြောင်တောင် အကြမ်းဖက်မှုပြုလုပ်ပြသည်။ ထိုနောက်(၁၀) မင်းလှတွင် ထပ်မံအကြမ်းဖက်မှု လုပ်ကြပြန်သည်။ မင်းလှ အကြမ်းဖက်မှုပြီးမှသာ နိုင်ငံတော်သမ္မတ မိတ်ခွန်း မတ်လ (၂၈)တွင်ထွက်လာခဲ့တော့သည်။
မိတ္တီလာ အရေးခင်းအား ဖေါ်ပြရပါမူ ရွှေဆိုင်တဆိုင်မှ အရောင်းဝယ်ကြောင့် ပြသနာစဖြစ်သည်ဟု အကြမ်းမျဉ်းနားလည်ကြသည်။ မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဖြစ်သည်ဟုဆိုသည်။ သို့သော် ၄င်း မတ်လ ၂၀ ရက် နေ့ခင်း ၁၂ နာရီ ၂၀ တွင်မှာပင် သံဃာတော်တပါးအား ဓါးဖြင့်ခုတ်ကာ မီးရှို့ရန် လုပ်သော မူဆလင်ရပ်ကွက်တခုက ထပ်ဖြစ်လာသည်ဟု ဖေါ်ပြကြပြန်သည်။ ထိုနောက် တစတစ ရန်မီးကြီးထွားလာခဲ့ပြီး မိထ္တီလာ အဓိကရုဏ်း ၀မ်းနည်းဖွယ်ရာ ဖြစ်ခဲ့ရသည်။
အမှန်တင်ပြရသော မိထ္တီလာမြို့သို့ ဇန်နာဝရီလ ၁၀ ရက်နေ့တွင် ဦးသန်းရွှေ၏ ဒုတိယသမီး ရောက်ခဲ့သည်။ သူမ မိထ္တီလာသို့ ရောက်သော အချိန်သည် ည ၉ နာရီခန့်ရှိပြီး မိတ္ထီလာ တပ်မတော်သားများမှ အကြီးကအကျယ်လုံခြုံရေးယူပေးခဲ့ရပြီး မိထ္တီလာမြို့အား အသေခြာ ပတ်ပတ်လည် နှစ်ခေါက်တိတိ လှည့်ပတ်ကြည့်ရှု့သည်။ ဦးသန်းရွှေ၏ သမီးနှစ်က မိထ္တီလာမြို့၏ အချက်ခြာကျသော နေရာများအား လက်ညိုးထိုးပြသည်ဟုဆိုသည်။
၎င်းတို့တွင် ကြီးမားသော စီမံကိန်းကြီးတရပ် အကောင်ထည်ဖေါ်ရန် အစီစဉ်ရှိခဲ့ကြသည်။ မိတ္ထီလာ သည် မန္တလေးထက်ပင် အချက်ခြာကျသော နေရာဟု နေပြည်တော် စီပွါးရေးသမားခရိုနီများက သွားရည်ကျနေသည်မှာ ကြာလေပြီ၊ မိတ္ထီလာသည် မိုးအလွန်ခေါင်သော နေရာမျိုး မဟုတ်ပဲ စီးပွါးရေးဇုန်ကြီးတခု အတွက် အသင့်တော်ဆုံးဟု ဆုံးဖြတ်ကြသည်။ မိတ္ထီလာတွင် တပ်ရင်းတပ်ဖွဲ့ကြီးများ အခြေခြရာဖြစ်ပြီး လက်နက်ကိုင် တပ်ရင်းများနှင့် ဆေးဘက် စစ်ပစ္စည်းဘက် ထောက်ပို့ရေး အပါဝင် တပ်ရင်းဌာနပေါင်း ၁၅ ခုရှိသောမြို့လဲဖြစ်ပြီး တပ်မတော် အရာ၇ှိကြီးများအဖို့ စီးပွါးရေး စစ်ရေး များအတွက်လဲ အလွန်အရေးပါကြောင်း မှတ်ချက်ချပြီး တပ်ချုပ်ဟောင်းကြီး သမီးမြှ ဇန်နာ၀၇ီလ ၁၁ ရက်နေ့ ၂၀၁၃ ခုနှစ် ၁ နာ၇ီတွင် နေပြည်တော်သို့ ပြန်သွားခဲ့သည်။
၎င်းပြန်သွားပြီး နောက်မိတ္ထီလာသို့ စစ်အရာရှိကြီးများ မကြာခဏသွားရောက်နေခဲ့ကြသည်။ မြို့လယ်ခေါင်နေရာကောင်းများအား ကုလားများကသာ နေရာယူထားကြောင်းကောက်ချက်ချသည်။
၎င်းတို့ ကောက်ချက်ချပြီးမကြာမှီမှာပင် ဆရာတော် ဝေရသူ၏ မူဆလင်ဘာသာဝင်များ မိတ္ထီလာတွင် မည်မျှနေရာယူထားကြောင်း တိုက်ရိုက်ထောက်ပြသော တရားပွဲ လွတ်လပ်စွာ ထွက်ပေါ်လာသည်။ တိုက်ဆိုင်မှုလဲဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၂၀၀၀ ခုနှစ်ကပင် စစ်ထောက်လှမ်းရေးအပါဝင် ဦးအောင်သောင်းတို့နှင့် ရင်းနှီးကြွမ်းဝင်ခဲ့လေသော ဆရာတော် ဝေရသူ အား ၂၀၀၄ ခုနှစ် စက်တင်ဘာတွင် ဖမ်းဆီးထောင်ချခဲ့ပြီး ထိုနောက် ထောင်မှ လွတ်လာသော ဆရာတော်ဝေရသုအား ပထမဆုံး သွားရောက်တွေ့ဆုံသူနေပြည်တော် အကြီးကဲပိုင်းများထဲတွင် ဦးအောင်သေား ထို့နောက် ဦးခင်ညွန့်တို့ ဖြစ်နေခဲ့သည်။
မိတ္ထီလာအဓိကရုဏ်းစဖြစ်သော အချိန်တွင် နယ်ထိန်း ဒုရဲအုပ် ၀င်းမောင်မှ သက်ဆိုင်ရာသို့ အကြောင်းကြားသည်။ သို့သော် ဆက်လက်တင်ပြပေးလိုက်မည် အခြေအနေကိုသာ အသေးစိတ်စောင့်ကြည့်ရန် ညွန်ကြားသည်ဟု ၄င်းက ဆိုသသည်။ ညနေရောက်လုလုတွင် ကြီးကြီးမားမား လူအုပ်ကြီးများဖြစ်လာခဲ့ပြီး မီးတင်ရှို့သော ဇာတ်လမ်းများဖြစ်ပေါ်လာသောအခါ ၄င်းဒေသတွင်းမှ ရဲအင်အား ၁၅၀ ခန့် လက်နက်အပြည့်စုံဖြင့် လမ်းပိတ်ဆို့မှုများ ပြုလုပ်ပေးပြီးဝင်ပေါက်ထွက်ပေါက် မရှိကြတော့ပဲ ပိတ်မိသူက ပိတ်မိကာ သတ်ပွဲများ တညလုံးကျင်ပနေခဲ့ကြသည်။
အာရုံဦးရောက်ခါနီးမှပင် အဆိုပါ အချက်ခြာကျသောနေရာများသည် ပြာကျကုန်သလောက်ဖြစ်သည့်အပြင် အချို့နေရာများတွင်ပင် ထပ်မံမီးတင်ရှို့နေသော အဖြစ်ပျက်များ ဆက်လက်ဖြစ်ပွားနေလေသည်။ ထိုဖြစ်ရပ်သည် အဘယ်ကြောင့်ဆက်တိုက်ဖြစ်ခွင့်ပေးထားသနည်းဟု စုံစမ်းသောအခါ ရဲများသည် မိတ္ထီလာ တပ်ချုပ်ကြီး၏ အမိန့်ကို စောင့်ဆိုင်းကိုင်တွယ်ရသည်ဟု ခိုင်လုံစွာသတင်းဖြစ်ပေါ်လာခဲ့သည်။
အထူးဆန်းဆုံး ဖြစ်ရပ်ဆန်းမှာ မိတ္ထီလာတွင် မတ်လ ၂၂ ရက်နေ့တွင် မာရှယ်လောကြေငြာပြီးနောက် အခြားမြို့များသို့ ဆက်လက်ကူးစက် ဖြစ်ပွားခွင့်ပြုခဲ့သည်။ လာရောက်အကြမ်းဖက်သူများသည် နယ်ခံများမဟုတ်ကြပဲ မျက်နှာစိမ်းများဟု ဒေသခံများက ခိုင်လုံစွာပြောခဲ့ကြသည်။ အကြောင်းမှာ မိတ္ထီလာ ၀န်းကျင် တွင် တပ်သားသစ် စုဆောင်းရေးဌာန ၈ ခုရှိပြီး စစ်သားသစ် သင်တန်း ၅ ခုတောင်ရှိနေခဲ့သည်။
၎င်းတို့ဌာနများနှင့် တပ်သားသစ်များအာ ညအချိန် ခရာမှုတ်ကာ လူစုပြီး ကုမ္မဏီများပိုင်သော မြေသယ်ကားကြီးများဖြင့် ခေါ်ဆောင်လာပြီး အလျှင်မြန်ဖျက်ဆီးစေသော သတင်းမှာ အပြင်သို့ ပေါက်ထွက်ေ၇ာက်ရှိလာခြင်း မရှိသေးကြောင်း တင်ပြရင်း အကြမ်းဖက်အဓိကရုဏ်းလက်သည် ဘယ်သူလဲ? ဖေါ်လိုက်ပြီ ဆောင်းပါးအား အသေခြာ ဖတ်ရှု့ပါက ရှင်းလင်းစွာ တွေ့မြင်နိုင်ပါကြောင်း……………………….
ကျေးဇူး တင်ပါသည်။
မှတ်ချက် ( မည်သည့် ဘာသာရေးဘက်မှ မိမိအနေဖြင့် လိုက်ကာ တင်ပြထားခြင်းမဟုတ်ပဲ မိမိရရှိခဲ့သော သတင်းအချက်လက် မှတ်တမ်းများ နှင့် ၀ိုင်းဝန်းကူညီ ဘက်မလိုက်ပဲ ပံ့ပိုးပေးခဲ့သူများ၏ အကူညီများဖြင့် တိကျစွာ တင်ပြခဲ့ကြောင်း ၀န်ခံပါသည်)
စာဖတ်သူအပေါင်း စစ်ဘီလူးများ ဖန်တီးလှည့်ဖြားသော ဘေးအန္တရာယ် လှည့်ကွက် အသွယ်သွယ်မှ ကင်းဝေနိုင်ကြပါစေ။
အကြမ်းဖက်အဓိကရုဏ်းလက်သည် ဘယ်သူလဲ? ဖေါ်လိုက်ပြီ(ပထမပိုင်းဖတ်ရန်)
ထပ်ခိုးမှာအိပ်တဲ့ ကလေး၁၃ယောက်လုံးပိတ်မိသွားတာ
အခုdutyကအပြန် လမ်းမှာလူတွေပြောနေကြတယ်။ မီးကွင်းပစ်တာတဲ့။ လှေကားမှာဓာတ်ဆီတွေလောင်းထားတယ်တဲ့။ကျွန်တော်နေတာကပန်းဘဲတန်းဆိုတော့ပိုဆိုးတာပေါ့။ အဆိုးဆုံးက အိမ်ရောက်လို့ facebook လည်းဖွင့် ရော internationalမှာပါ ကောလဟာလတွေအပြည့်ပဲ။အရမ်းစိတ်ပျက်ဖို့...ကောင်းတယ်။ အဖြစ်မှန်ကိုလူတွေသိစေချင်တယ်။
ကျွန်တော် မနေ့ကအရေးပေါ် ERC2 dutyကျတယ်။ မနက် ၃နာရီ ခွဲလောက်မှာ ဗလီတစ်လုံး မီးရှို့ခံရလို့ဆိုတဲ့သတင်းစဝင်လာတယ်။ ကျွန်တော်တို့လို အစိုးရဋ္ဌာနတွေတောင် ကောလဟာလသတင်းက စဝင်လာတာပြော့ပါတယ်။ ကျွန်တော်ကတော့ ပထမလုံးဝမယုံဘူး။ april fool လို့ပဲထင်တာ။နောက် eleven က internet သတင်းတက်လာတော့မှအကုန်လုံးလန့်ဖြန့်ပြီး ကြိုတင်ပြင်စရာရှိတာတွေပြင်ကြတယ်။ house surgeon လေးတွေကော emo , ဆရာမတွေကော အလုပ်သမားတွေကောပေါ့။drip line တွေ ထရော်လီတွေ maskတွေ အကုန်အစုံအလင်နဲ့ ကိုယ်တွေတတ်နိုင်သလောက်ပြုစုကုသပေးဖို့ပြင်ဆင်ထားကြတယ်။ ဒါပေမယ့်ကျွန်တော်တို့ ရည်မှန်းချက် မပြည့်မြောက်ခဲ့ပါဘူး။ ရောက်လာသမျှကinjury patient တစ်ယောက်မှမပါပဲ အကုန်လုံး dead body ချည်းဖြစ်နေလို့ပါ။ ၄နာရီ ၂၀မှာ body ၄ခုစရောက်တယ်။ နောက်တစ်ခေါက် က ပစ်ကပ်ကားနဲ့ ၆ခု ။နောက်ဆုံး တစ်ခေါက်က ၃ခု စုစုပေါင်း ၁၃ ခု ရောက်ပါတယ်။ ထူးခြားတာက မီးသတ်ကားတွေ ရဲကားတွေ လူနာတင်ယာဉ်တွေအကုန်လုံးက ဥသြသံလုံးဝ မဆွဲပဲ စည်းကမ်းတကျဆောင်ရွက်နေကြတာပါ။ သူတို့နဲ့အတူတူ အစ္စလာမ်ဘာသာဝင်ယောက် ၄၀ လောက်လည်းပါလာပါတယ်။ ကျွန်တော်လည်း ဖြစ်ကြောင်းကုန်စင်ကိုမေးတာပေါ့။ မီးသတ်ကတာဝန်ရှိသူတွေကော ရဲတွေကိုကောပေါ့။ သူတို့ကသေချာရှင်းပြကြပါတယ်။ ဗလီဆရာက ညအိပ်ခါနီးတိုင်းလူစစ်ပါတယ်တဲ့။ မနေ့ညက ၇၀ ရှိပါတယ်တဲ့။ အခု ၁၃ ယောက်ဆုံးပါးသွားပြီး ၅၃ယောက်ကို ကယ်ထားနိုင်ပြီး ၄ယောက်ပျောက်နေတယ်လို့ပြောပါတယ်။ မီးအားမြှင့်စက်က ဝါယာရှော့ဖြစ်ပြီး လှေကားနဲ့ စက်က ကပ်နေပြီး လှေကားကိုမီးကူးတာပါ။ အဲဒီလှေကားက ထပ်ခိုးကိုတက်တဲ့လှေကားဖြစ်ပြီး ထပ်ခိုးမှာအိပ်တဲ့ ကလေး၁၃ယောက်လုံးပိတ်မိသွားတာပါ။ထပ်ခိုးက လေးဘက်လေးတန် အလုံပိတ်ဖြစ်ပြီး မီးလောင်တဲ့လှေကားတစ်ခုပဲထွက်ပေါက်ဖြစ်နေတာကြောင့်ဘယ်လိုမှကယ်လို့မရဘူးလို့ မီးသတ်ဗိုလ်ကြီးကပြောပါတယ်။ သူတို့မှာအထောက်အထားဓာတ်ပုံတွေအကုန်ရှိတယ်လို့လည်းဆိုပါတယ်။ ကျွန်တော်လည်းပါလာတဲ့ အစ္စလာမ်ဘာသာဝင်တော်တော်များများကိုလိုက်မေးကြည့်ပါတယ်။ သူတို့ကလည်းဒီအတိုင်းပဲပြောကြပါတယ်။ ဗလီကျောင်းကတာဝန်ရှိလူကြီးတွေလည်းပါလာပြီး သူတို့လည်းဒီလိုပဲပြောကြပါတယ်။ ဘယ်သူမှရှို့မီးတို့ မီးကွင်းပစ်တာတိုံ့မပြောကြပါဘူး။ သူတို့ ကိုယ်တိုင်က အဲဒါမျိုးလုံးဝမဖြစ်နိုင်ဘူး။ တံခါးကသော့ခတ်ထားတာဖြစ်ပြီး အထဲက စလောင်တာလို့ပြောကြပါတယ်။ ကျန်တော်နဲ့တူတူdutyကျတဲ့ team leader ကော နောက် ရောက်လာတဲ့ FA ကောကလည်း အစ္စ လာမ်တွေပဲဆိုတော့ သူတို့လည်း စိတ်မကောင်းဖြစ်နေကြပါတယ်။ ကျွန်တော်ကတော့ သေချာအောင် အကုန်လုံးကိုသေချာအောင်လိုက်မေးကြည့်ထားတာပါ။ ဆေးရုံလုံခြုံရေး အတွက်တံခါးပိတ်ထားတာကို တချို့တွေ အတင်းဖွင့်ခိုင်းလို့ကတောက်ကစဖြစ်တာကလွဲလို့ ဘာမှပြသနာကြီးကြီးမားမားမဖြစ်ပါဘူး။အဒီတော့ ဒါရှို့မီးမဟုတ်ူးဆိုတာ နားလည်ကြမယ်ထင်ပါတယ်။ သက်သေအနေနဲ့ င်္မီးသတ်တွေ ရဲတွေ ဆေးရုံကဆရာဆရာမတွေ အလုပ်သမားတွေ အတူတူပါလာတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဗလီကတာဝန်ရှိသူတွေရှိကြပါတယ်။
အခုတော့ဗျာ ကောလဟာလတွေကဆိုးလွန်းအားကြီးပါတယ်။လူတွေက ဘာတွေဖြစ်ချင်နေကြတာလဲ။ လူတွေပါးစပ်က စည်းကမ်းမဲ့လွန်းအားကြီးပါတယ်။ အပြစ်မဲ့ ပြီးသေဆုံးသွားတဲ့ ကလေး ၁၃ ယောက်ရဲ့ အသက် ၁၃ ချောင်းကို အသုံးချပြီး အကြမ်းဖက်မှုတွေ ဘာသာရေးသွေးကွဲမှုတွေ အုံကြွမှုတွေဖြစ်အောင်လုပ်နေတဲ့ ပြောနေတဲ့ ရေးနေတဲ့ လူတွေရဲ့လုပ်ရပ်တွေကတော့ အောက်တန်းကျလွန်းအားချည်းပါတယ်။
ကျွန်တော် ဒီလို statusမျိုးရေးလေ့ရေးထမရှိပါဘူး။ အခုရေးရတာကလည်းကိုယ်သိတဲ့အမှန်တရားတစ်ခုကို ပြောရမယ့်ဝတ္တရားရှိတယ်လို့ ခံယူထားလို့ပါ။ လူတိုင်းအမှန်ကိုသိအောင်မစွမ်းဆောသ်နိုင်ပေမယ့် အနည်းဆုံးတော့ကျွန်တော့်ရဲ့ fb account မှာရှိတဲ့ဆွေမျိုး မိတ်ဆွေသူငယ်ချင်းတွေတော့ အမှန်ွသိသင့်တယ်ထင်လို့ပါ။ လူတိုင်း ကောလဟာလဘေးမှကင်းဝေးနိုင်ကြပါစေ။
Kaung Myat Min
............................................. ဆန့်ကျင်ဖက်သတင်းတချို့ဖတ်ချင်သေးရင်.... ================================ "ဗလီမီးရှို့  ခံရမှုက အကြမ်းဖက်သမားများ ရန်ကုန် ကိုရောက်လာပြီးဖြစ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။" http://komoethee.blogspot.ca/)