Wednesday, April 3, 2013

Google Myanmar မြန်မာဘာသာနဲ့ ရှာဖွေ အသုံးပြုလို့ ရပါပြီ။



http://www.google.com.mm/

myanmar3 font လိုပါတယ်

လက်ကွက်ရယူရန်

myanmar3 font ရယူရန်

on Mozilla firefox


((( မုန်ဟင်းခါး အသိုး ကိုဈေးလျှော့ရောင်းမဲ့ .. MPT ရဲ့ စေတနာ )))



Thein Win

ယခင်ကမှားယွင်းသော စီမံကိန်း (သို့မဟုတ်) အဘများ၏ ဂွင်ရိုက်သော စီမံကိန်း
(ပိုက်ဆံယူပြီး "အင်" အထည့်ခံသောစီမံကိန်း) များ ၏ အကျိုးဆက်ကြောင့်
... Model out ပြီး အပိုပစ္စည်းများ မရှိတော့ သဖြင့်
ရေဒီယိုဖုန်း ၊ ဆယ်လူလာ ၊ ခြင်းဖုံး နှင့် mobile cdma ဖုန်းများ ဖျက်သိမ်းခဲ့ရပြီးဖြစ်သည် ။
(တိုင်းပြည်ဘဏ္ဍာ များစွာ အလဟသဖြစ်ခဲ့ပြီးဖြစ်သည်။)

ယခု အခါ .. ရေရှည် စီမံကိန်း ဖြစ်သည့် GSM ဖုန်း များ ကို မရောင်းသေးဘဲ ..

ဆက်လက်တိုးချဲ့ တပ်ဆင်ရန် လုံးဝ အစီစဉ်မရှိတော့ ကြောင်း တရားဝင် ကြေငြာထားပြီးဖြစ်သည့်
CDMA 800(ဂွင်စီမံကိန်း) ဖုန်းများ ကို အရင်ထုတ်ရောင်း ရန် စီစဉ်ခြင်းသည် ..

မကြာခင်စွန့်ပစ်ရ တော့မဲ့ မုန်ဟင်းခါး အသိုးများကို ဈေး လျှော့ ရောင်းပေးတဲ့ စေတနာမျိုးဖြစ်နေပြီ ..
--------------------------------------------------------------------

The Voice Weekly

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဧပြီလ ၁ရက်နေ့တွင် ရောင်းချမည်ဟု ကြေညာထားသော မိုဘိုင်းဖုန်း
ဆင်းကတ်များ အနက် CDMA 800Hz ဆင်းကတ်တစ်ခုလျှင် ၁၅၀၀ကျပ်ဖြင့် ဧပြီလ ၂၄ရက်နေ့မှ
စတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင် ရောင်းချပေးမည်
 ဖြစ်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။


၁၁ လအတွင်း သဘာဝဓာတ်ငွေ့ တင်ပို့မှုမှရငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်အထိ မြင့်တက်





Wednesday, 27 March 2013 11:58
news-eleven.com

တနင်္သာရီတိုင်းဒေသကြီးရှိ ဇောတိက ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအခြေစိုက်စခန်းကို တွေ့ရစဉ်

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ၀င်ငွေမှာ ဘဏ္ဍာရေးနှစ် မကုန်သေး သော်လည်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်အထိ မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှ ၂၀၁၃ ခုနှစ် မတ်လဆန်းပိုင်း အထိ ၁၁ လအတွင်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်အထိ မြင့်တက်ခြင်းဖြစ်ပြီး ယခင် ဘဏ္ဍာရေးနှစ် တစ်နှစ်လုံး တင်ပို့မှုမှ ရရှိသည့် ၀င်ငွေပမာဏ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလျံကို ကျော်တက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “စက်မှုကုန်ချောအုပ်စု တင်ပို့မှုက အမေရိကန်ဒေါ်လာ ၄၂၁၄ သန်းကျော် ရထားတယ်။ စက်မှုကုန်ချောအုပ်စုမှာ သဘာဝဓာတ်ငွေ့ တင်ပို့မှုက အဓိက ပါဝင်တယ်။ နှစ်တိုင်း သဘာဝဓာတ်ငွေ့ မဟုတ်တဲ့ စက်မှုကုန်ချော တင်ပို့တဲ့ ပမာဏက အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကနေ သန်း ၅၀၀ ၀န်းကျင်အထိပဲ ရှိတယ်။ အခု မတ်လ ၁၅ ရက်နေ့အထိ စက်မှု ကုန်ချော တင်ပို့မှုက အမေရိကန်ဒေါ်လာ ၄၂၁၄ ဆိုတော့ တခြားစက်မှုကုန်ချော တင်ပို့နိုင်တဲ့ ပမာဏ သန်း ၅၀၀ ကို နှုတ်ရင်တောင် သဘာဝဓာတ်ငွေ့ တင်ပို့မှုကရတဲ့ ၀င်ငွေက အမေရိကန်ဒေါ်လာ သန်း ၃၇၀၀ ကျော်ထိ ရှိနေတဲ့ သဘောပါ” ဟု ပြောပြခဲ့သည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာလည်း မတ်လ ၁၅ ရက် နေ့အထိ စာရင်းများအရ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံ ကျော်အထိ မြင့်တက်လာကြောင်း၊ ယခင် ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ပိုမိုရရှိထားကြောင်း သတင်းရရှိသည်။

ဘဏ္ဍာရေး နှစ်ကုန်အထိ ဆိုပါက အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါးအထိ ရနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရရှိသည့် ၀င်ငွေမှာ နှစ်နှစ်ဆက်တိုက် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရရှိငွေမှာ အမေရိကန်ဒေါ်လာ သန်း ၂၅၂၂ ကျော်ရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် သန်း ၃၅၀၂ ကျော်အထိ မြင့်တက်ခဲ့ကြောင်း၊ ယခု ထပ်မံ၍ သန်း ၃၇၀၀ ကျော်အထိ ထပ်မံမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကိုလည်း ၂၀၁၃ ခုနှစ် မေလတွင် ပြည်ပသို့ စတင်တင်ပို့နိုင်ရန် လျာထားထားပြီး ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကိုလည်း ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ပြည်ပသို့ စတင်တင်ပို့နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

ထို့အတွက် လာမည့်နှစ်များ၌ သဘာဝဓာတ်ငွေ့မှ ရရှိမည့် ၀င်ငွေမှာ ဆက်လက်၍ အမေရိကန်ဒေါ်လာ ဘီလျံဖြင့်ချီကာ ပိုမိုရရှိလာမည် ဖြစ်ကြောင်းနှင့် နိုင်ငံတော်မှလည်း သဘာဝဓာတ်ငွေ့နှင့် သယံဇာတများမှ ရရှိသည့် ၀င်ငွေကို အကျိုးရှိစွာ အသုံးချမည်ဟု ထုတ်ပြန်ထားရာ အမှန်တကယ် အသုံးချနိုင်မှု ရှိ၊ မရှိ စောင့်ကြည့်ရန် လိုသည်ဟုလည်း နိုင်ငံတော်ဘတ်ဂျက် လေ့လာသူများက သုံးသပ်ထားသည်။


========================

ခုနှစ် နယ်စပ်ကုန်သွယ်မှု ပမာဏ ယခင်တစ်နှစ်လုံး ကုန်သွယ်မှု ပမာဏကို ကျော်လွန်ကာ အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါးအထိ ရောက်ရှိ

Created on Monday, 01 April 2013 09:01


မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ယခုဘဏ္ဍာရေးနှစ် မကုန်သေးသော်လည်း အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါးအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ မှောင်ခိုကုန်သွယ်မှုများ ရှိနေသည့်ကြားမှ ယခုနှစ် နယ်စပ်ကုန်သွယ်ရေး ပမာဏ မြင့်တက်လာရသည့် အဓိက အကြောင်းရင်းမှာ နယ်စပ်မှ လုပ်ငန်းသုံးယာဉ်များ တင်သွင်းခွင့်ပြုခြင်း၊ နယ်စပ်ကုန်သွယ်မှု ပိုင်းတွင် မှောင်ခိုဖမ်းဆီးခြင်း၊ တစ်ပိုင်တစ်နိုင်များကို အလွယ်တကူ လိုင်စင်ပြုလုပ် ကုန်သွယ်စေခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။
၂၀၁၃ ခုနှစ် မတ်လ နောက်ဆုံးပတ်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါးအထိ ရောက်ရှိလာခဲ့ပြီး ယခင်နှစ် နယ်စပ်ကုန်သွယ်မှု ပမာဏထက် သန်း ၄၀၀ ကျော် ပိုမိုမြင့်တက် ခဲ့သည်ဟု သိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၂၈ ဒသမ ၃၉၄ သန်း၊ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၃၉ ဒသမ ၆၀၄ သန်းရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးမှာ သုံး ဘီလျံကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် တရားဝင်ကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်စခန်းပေါင်း ၁၄ ခုရှိပြီး မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း နယ်စပ်များမှ အဓိက ကုန်သွယ်မှု ပြုလုပ်နေပြီး မြန်မာ-တရုတ် နယ်စပ်မှ အများဆုံး ကုန်သွယ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ယခုနှစ်တွင် နယ်စပ်မှ မှောင်ခိုကုန်သွယ်မှုများအား ဖမ်းဆီးပြီး နောက်လေးလအတွင်း အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ရရှိမှုမှာ ယခင်နှစ်ကထက် နှစ်ဆမြင့်တက်ခဲ့ကြောင်း၊ အခွန်ငွေကျပ် ၄၅၂၉၀ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် မြန်မာ- တရုတ်၊ မြန်မာ-ထိုင်း နယ်စပ်များမှသာ အဓိကကုန်သွယ်မှု ပြုလုပ်ကြောင်း သိရသည်။ တရုတ်နိုင်ငံဖြင့် မူဆယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော်၊ လွယ်ဂျယ် နယ်စပ်စခန်း လေးခုဖြင့် ကုန်သွယ်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဖြင့် ကုန်သွယ်ရာတွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်ခြင်း ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


rအ

ပြည်ထောင်စုရိပ်သာကိုဈေးပေါပေါဖြင့်စီးပွားဖြစ်လုပ်ကိုင်ခွင့်ကုမ္ပဏီအုပ်စု ဒုတိယဥက္ကဋ္ဌဦးသီဟရရှိ



 တစ်စတုရန်းပေ ကျပ် ၆ သိန်းမှ ၈ သိန်းအထိ ပေါက်ဈေးရှိသော ပြည်ထောင်စုရိပ်သာကို တစ်စတုရန်းပေလျှင် တစ်နှစ်ငှားရမ်းခ ကျပ် ၁၅၀၀ ၀န်းကျင်ဖြင့် နာမည်ကျော်ထူးကုမ္ပဏီအုပ်စု ဒုတိယဥက္ကဋ္ဌဦးသီဟ၏ Ayeyarwaddy Resorts and Lodges ကုမ္ပဏီမှ စီးပွားဖြစ် လုပ်ကိုင်ခွင့်ရရှိ

Wednesday, 03 April 2013 20:19
news-eleven.com


Ayeyarwaddy Resorts And Lodges Co.,Ltd မှ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့သည့် ပြည်ထောင်စုရိပ်သာအား တွေ့ရစဉ်

ရန်ကုန်မြို့လယ်၊ ပြည်လမ်းနှင့် ပြည်ထောင်စုရိပ်သာ လမ်းထောင့်ရှိ ပြည်ထောင်စုရိပ်သာဝင်း တစ်ခုလုံးအား နာမည်ကျော် ထူးကုမ္ပဏီများ အုပ်စု၏ ဒုတိယဥက္ကဋ္ဌ ဦးသီဟအမည်ဖြင့် စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုမိန့် ချထားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကာလပေါက်ဈေးအရ ဝယ်ယူမည်ဆိုပါက တစ်စတုရန်းပေးလျှင် ကျပ်ခြောက်သိန်းမှ ရှစ်သိန်းအထိ ပေါက်ဈေးရှိသော ပြည်ထောင်စုရိပ်သာအား တစ်စတုရန်းပေလျှင် တစ်နှစ်ငှားရမ်းခ ကျပ် ၁၅၀၀ ၀န်းကျင်ဖြင့် BOT စနစ်ဖြင့် နှစ်ရှည်လုပ်ကိုင်ခွင့် ရရှိသွားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မတ်လ ၂၉ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် ပြည် ထောင်စုရိပ်သာအား BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်း၍ နိုင်ငံတကာ အဆင့်မီဟိုတယ်၊ ရှော့ပင်းမောလ်၊ Office Tower, Service Apartment Residential and Commercial Complex တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် Ayeyarwaddy Resorts And Lodges Co.,Ltd  ကို ခွင့်ပြုမိန့် ချထားပေးခဲ့သည်ဟု ထုတ်ပြန်ထား ချက်များအရ သိရသည်။

Ayeyarwaddy Resorts And Lodges Co.,Ltd နှင့် ပတ်သက်၍ ထူးကုမ္ပဏီများအုပ်စု ဒုတိယဥက္ကဋ္ဌ ဦးသီဟက “ထူးအောက်မှာ မရှိပါဘူး အသစ်တည်ထောင် လုပ်ကိုင်တာပါ။ အခုက MIC ခွင့်ပြုမိန့်ရတာ တစ်ခုပဲ ရှိသေးတယ်။ စာချုပ်တာတို့ ကျန်တာတွေ ထပ်လုပ်ရဦးမယ်။ သင်္ကြန်ပြီးနောက်ပိုင်းလောက်မှ လုပ်ငန်းစနိုင်မယ်လို့တော့ မှန်းထားပါတယ်” ဟု ပြောပြခဲ့သည်။

ပြည်ထောင်စုရိပ်သာ စီမံကိန်းအတွက် ကနဦး ရင်းနှီးမြှုပ်နှံမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် အပါအ၀င် ကျပ်သန်းပေါင်း ၆၀၀၀၀ ကျော်အထိ မြှုပ်နှံလုပ်ကိုင်မည်ဟု MIC သို့ လက်ရှိ တင်ပြထားချက်တွင် ပါဝင်ကြောင်း သိရသည်။

ပြည်ထောင်စုရိပ်သာဝင်းမှာ ရန်ကုန်မြို့လယ်၏ အချက်အချာကျသည့် နေရာတွင်တည်ရှိပြီး မြေဧရိယာ အနေဖြင့် ၂၁ ဒသမ ၉ ဧက အထိ ကျယ်ဝန်းသည့် နေရာကောင်းတစ်ခု ဖြစ်သည်။
အဆိုပါ နေရာအား BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းရာတွင် မြေငှားရမ်းခ အနေဖြင့် တစ်စတုရန်း မီတာလျှင် အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာအား နှစ်စဉ်ပေးသွင်းရန် ဆိုသောအချက် ပါဝင်ကြောင်း၊ လက်ရှိ MIC သို့ တင်ပြထားချက်တွင် ပါဝင်သည့် နှုန်းထားဖြစ်ကြောင်း သိရသည်။

တစ်စတုရန်းမီတာ အတွက် တစ်နှစ်ငှားရမ်းခ အမေရိကန်ဒေါ်လာအား ကျပ်ငွေဖြင့် တွက်ချက်ပါက တစ်နှစ်လျှင် ကျပ် ၁၅၈၇၆ (တစ်ဒေါ်လာ ၈၈၂ ကျပ်) ကျသင့်မည် ဖြစ်သည်။

မီတာဖြင့် မဟုတ်ဘဲ တစ်စတုရန်းပေဖြင့် ပြန်လည်တွက်ချက်ပါက တစ်နှစ်ငှားရမ်းခမှာ တစ်စတုရန်းပေ အတွက် ၁၅၀၀ ကျပ်ဝန်းကျင်သာ ကျသင့်ကြောင်း သိရသည်။

ပြည်ထောင်စုရိပ်သာကဲ့သို့ နေရာမျိုးတွင် ငှားရမ်းခ ပေါက်ဈေးများနှင့် ပတ်သက်၍ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက “ကမ္ဘာအေးစေတီလမ်းမှာ တစ်စတုရန်းပေကို တစ်နှစ်ငှားခ ကျပ် ၅၀၀၀ နဲ့အထက် ပေးရတယ်။ ပြည်ထောင်စုရိပ်သာလို နေရာမျိုးမှာတော့ အခုအချိန်မှာ ငှားမယ့် နေရာတောင် မရှိတော့တဲ့ အနေအထား။ ဒါပေမဲ့ ပြည်လမ်းမ ဈေးနဲ့ပဲတွက်ရင်တောင် တစ်စတုရန်းပေအတွက် ငှားရမ်းခက တစ်နှစ်ကို ကျပ် ၇၅၀၀ နဲ့အထက် ရနိုင်တယ်” ဟု ပြောပြခဲ့သည်။

BOT စနစ်ဖြင့် ငှားရမ်းသည်ဟု ဆိုသော်လည်း အနည်းဆုံး နှစ်ပေါင်း ၃၀ နှင့်အထက် ပိုင်ဆိုင်လုပ်ကိုင်ခွင့် ပြုရခြင်းဖြစ်ပြီး ယခု တည်ဆောက်မည့် ဟိုတယ်၊ ရှော့ပင်းမောလ်၊ ရုံးခန်း၊ တိုက်ခန်းနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ အတွက် လိုအပ်သည့် ပစ္စည်းများအား ပြည်ပမှ တင်သွင်းရာတွင်လည်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အခွန်အရပ်ရပ် ကင်းလွတ်ခွင့် ရရှိဦးမည် ဖြစ်သည်။

ယင်းအပြင် စီးပွားဖြစ် စတင်လုပ်ကိုင်သည်မှ နှစ်အပိုင်းအခြား အလိုက် BOT စနစ်၏ သတ်မှတ်ချက်များအရ အခွန်ကင်းလွတ်ခွင့် များကိုလည်း ထပ်မံရရှိနိုင်ဦးမည် ဖြစ်သည်။

ဦးသီဟမှာ လက်ရှိ Htoo Group of Companies တွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လုပ်ကိုင်နေကြောင်း၊ Htoo Group of Companies မှာ မြန်မာနိုင်ငံတွင် သစ်လုပ်ငန်း၊ စက်သုံးဆီ လက်လီဆိုင်နှင့် စက်သုံးဆီ တင်သွင်းသည့်လုပ်ငန်း၊ ကုန်သွယ်သည့်လုပ်ငန်း၊ ရတနာပုံ တယ်လီပို့နှင့် ဆက်သွယ်ရေးလုပ်ငန်း၊ လေကြောင်းလိုင်း၊ ဘဏ်လုပ်ငန်း၊ ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းမှအစ လုပ်ငန်းနယ်ပယ် အများအပြား လုပ်ကိုင်နေပြီး စားအုန်းဆီ တင်သွင်းခွင့်များ ယခုကဲ့သို့ ဖွင့်မပေးမီက နှစ်ပေါင်းများစွာ စားအုန်းဆီ တင်သွင်းဖြန့်ချိသည့် လုပ်ငန်းများကိုပါ လုပ်ကိုင်ခဲ့သည်။

စစ်တွေရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် လူဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေ





Thursday, 04 April 2013 00:59
news-eleven.com

စစ်တွေမြို့နယ်တွင် ရှိနေသော ဘင်္ဂါလီ ဒုက္ခသည် စခန်းသုံးခုဖြစ်သည့် သက်ကယ်၊ သဲချောင်းနှင့် အခြားစခန်း တစ်ခုတွင် ဘင်္ဂါလီ ဒုက္ခသည်ဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

လက်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းရှိ လူဦးရေမှာ ယခင်ကထက် အဆမတန် များလာပြီး စစ်တွေမြို့ပေါ်နေ လူဦးရေထက် များပြားလာခြင်းဖြစ်ကြောင်း၊ ထို့သို့မြို့ပေါ်နေ လူဦးရေထက် များပြားနေခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ဖြေရှင်းရန် ခက်ခဲလာနိုင်ပြီး နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာမှု များပြားမည်ကို တာဝန်ရှိသူများနှင့် ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဦးအေးသာအောင်က ဆိုပါသည်။

"အခု ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ လူတော်တော်များလာတယ်၊ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် ဖြေရှင်းရ ခက်သွားနိုင်တယ်၊ စစ်တွေမြို့ပေါ်နေ လူဦးရေက သိပ်မရှိဘူး၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ တဖြည်းဖြည်း တိုးလာနေတော့ အကုန်လုံးက စိုးရိမ်နေကြတယ်၊ ဒီအချက်ကို ကျွန်တော်တို့ အစီရင်ခံစာမှာ ထည့်သွင်းသွားဖို့ ဆွေးနွေးနေကြတယ်၊ ဒါက တကယ့်ကို စိုးရိမ်စရာ အခြေအနေပါ" ဟု ရခိုင်မျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။

ထိုဘင်္ဂါလီများမှာ ဒေသအတွင်း ရှိနေသူများဖြစ်ကြပြီး ပဋိပက္ခအတွင်း မပါဝင်သူများလည်း ရောက်ရှိလာပြီး တူရကီနိုင်ငံက လုံးချင်းအိမ်ဆောက်လုပ်ပေးရန် လာရောက်ကမ်းလှမ်းပြီး နောက်ပိုင်း သိသိသာသာ တိုးလာကြောင်း ဦးအေးသာအောင်က ပြောပါသည်။ "ကျွန်တော် သိရသလောက်တော့ အရင်က ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ၇၅၀၀၀ လောက်ဘဲ ရှိတယ်၊ အခု တစ်သိန်းခွဲလောက် ဖြစ်နေပြီ အနယ်နယ် အရပ်ရပ်က ဘာမှဒုက္ခမရောက်ကြတဲ့ လူတွေလည်း ရောက်လာကြတယ်၊ ဘယ်လို ရောက်လာကြတယ် ဆိုတာတော့ အတိအကျ မသိဘူး။ တအားကို တိုးသွားတာ၊ လုံးချင်းအိမ်တော့ မဆောက်တော့ပါဘူး၊ ဒါပေမယ်လို့ ဒုက္ခသည် စခန်းတွေမှာ နေစရာ စားစရာကအစ ဘာမှမပူရဘူး၊ အဲဒီတော့ အလုပ်မလုပ်ချင်တဲ့ လူတွေက ဒုက္ခသည်စခန်းကို ရောက်လာကြတယ်" ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါသည်။

ဘင်္ဂလီများအား တူရကီမှ လုံးချင်းအိမ်များ ဆောက်လုပ်ပေးရန် အစီအစဉ်နှင့် ပတ်သက်ပြီး ဒေသခံများက သဘောမတူသောကြောင့် မတ်လ ၇ ရက်နေ့က စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတို့တွင် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်တွေဘင်္ဂါလီ ဒုက္ခသည်စခန်း သုံးခုကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိတ္ထီလာ ပဋိပက္ခသံဃာတော်တစ်ပါးအား မီးရှို့ခဲ့သူ လေးဦးနှင့် ရွှေဆိုင်မှသုံးဦးကိုရက်ပိုင်းအတွင်း စွဲချက်တင်မည်



 မိတ္ထီလာ ပဋိပက္ခတွင် သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ရက်ပိုင်းအတွင်း စွဲချက်တင်မည်ဟု တိုင်းဒေသကြီး ဥပဒေချုပ် ပြောကြား
news-eleven.com
Thursday, 04 April 2013 00:37

မိတ္ထီလာမြို့ ပဋိက္ခဖြစ်စဉ်တွင် သံဃာတော် တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ယခုရက်ပိုင်းအတွင်း တရားရုံးတွင် စွဲချက် တင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က ဧပြီ ၃ ရက်နေ့ ညနေပိုင်းက Eleven Media Group သို့ ပြောကြားခဲ့သည်။

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းဝယ်ရာမှ သာမန်ခိုက်ရန် ဖြစ်ပွားကာ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေအတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ် . . . . .

ရွှေဆိုင်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ နှစ်ဦးနှင့် ဆိုင်ဝန်ထမ်း တစ်ဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၂၉၄၊ ၃၂၅ တို့ဖြင့် လည်းကောင်း၊ သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှု ကျူးလွန်ခဲ့သူ လေးဦးအား ပုဒ်မ ၃၀၂၊ ၁၁၄၊ ၃၂၆၊ ၄၃၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က "ဒီမိတ္ထီလာ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ကျူးလွန်ခဲ့တဲ့လူတွေ အများကြီးရှိတယ်။ အဲ့ဒီထဲကမှ ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေအတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ်" ဟု ပြောကြားခဲ့သည်။

ကျန်ရှိနေသည့် ကျူးလွန်သူများကို ဆက်လက်စစ်ဆေးပြီး အမှုအား ခိုင်မာစွာ တည်ဆောက်ကာ စွဲချက်တင်ပြီး အရေးယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်ကြောင့် သေဆုံးသူ ၄၃ ဦး (ဧပြီလ ၃ ရက်နေ့အထိ သိရှိရသော စာရင်းအရ) ထိ ရှိသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။

ယခုလက်ရှိတွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်လုံခြုံရေးတင်းကျပ်





 burmese.voanews.com
ကိုအောင်လွင်ဦး

03.04.2013
ရန်ကုန်မြို့က အစ္စလာမ် ဘာသာရေး ကျောင်းတခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် လုံခြုံရေးကို ဒီကနေ့အထိ ဆက်လက်ပြီး တင်းတင်းကျပ်ကျပ် ချထားပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံအနှံ့ မြို့အတော်များများမှာ ဘာသာရေး အခြေခံတဲ့ တိုက်ခိုက်မှုတွေ ပျံ့နှံ့လာမှာကို စိုးရိမ်မှုတွေ ရှိနေတဲ့အတွက်လည်း ရန်ကုန်တမြို့လုံးမှာ အရင်ကထက် လုံခြုံရေးတွေ တိုးမြှင့်ချထားတာပါ။ ရန်ကုန်မြို့က နောက်ဆုံးအခြေအနေတွေကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ရန်ကုန် ဗိုလ်တထောင်မြို့နယ်ထဲက အစ္စလာမ် ဘာသာဝင် ကလေး ၁၃ ယောက် သေ ဆုံးတဲ့အထိ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေက လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားတာ ဖြစ်ပါတယ်။

ဒီလိုပဲ ပြီးခဲ့တဲ့လထဲမှာ မိတ္ထီလာမြို့က စလိုက်တဲ့ ဘာသာရေး အခြေခံ အကြမ်းဖက် တိုက်ခိုက်မှုတွေ တခြားမြို့တွေကိုပါ ပျံ့နှံ့ခဲ့သလို၊ ရန်ကုန်မှာလည်း ဆူပူမှုတွေ ဖြစ် ပွားအောင် လှုံ့ဆော်မှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် မြို့အနှံ့ လုံခြုံရေးတွေ သိသိသာသာ တိုးချထားတာ တွေ့ရတဲ့အကြောင်း ရန်ကုန်မြို့က စာရေးဆရာ မောင်သွေးသစ် က ပြောပါတယ်။

“ရန်ကုန် အခြေအနေကတော့ အခင်းဖြစ်ပွားတဲ့ နေရာမှာတော့ လုံခြုံရေးက ကနေ့အထိ ချထားတုန်းပဲ။ သိမ်ဖြူလမ်းကနေပြီး ဟိုဘက် ဗိုလ်မြတ်ထွန်းလမ်း အထိကတော့ လမ်းကို ပိတ်ထားတယ်ပေါ့။ ၄၈ လမ်းရဲ့ လမ်းဦးတိုက် နေရာပေါ့ဗျာ။ လုံခြုံရေးကတော့ သူတို့အပြည့်အ၀ တာဝန်ယူထားတယ်၊ စဖြစ်တဲ့အချိန်ကနေ ကနေ့အထိပေါ့နော်။ အခင်းမဖြစ်ခင် ကာလကတည်းက သူတို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ကလည်း လုံခြုံရေးတွေကို တိုးမြှင့်ချထားတာကို ကျနော်တို့ မြင်တွေ့နေရတယ်လေ။ ဘာကြောင့်လဲဆိုတော့ ဖြစ်လာတဲ့ ဂယက်နဲ့ နောက် ဆက်တွဲတွေက ရန်ကုန်ကို ကူးစက်မှာ သူတို့ဘက်ကလည်း စိုးရိမ်တာပေါ့။

နောက်တခုက သင်္ကြန်အခါတော် ပွဲကလည်း နီးလာပြီလေ။ နီးလာပြီဆိုတော့ အဲ့ဒါကို ကြိုတင်လက်ဦးမှုရအောင် ဆိုတဲ့အနေနဲ့ လုံခြုံရေးကို၊ သူတို့အင်အားကိုပေါ့ဗျာ ယခင်ချထားတဲ့ အင်အားထက်ကို ၂ ဆလောက် တိုးပြီးတော့ အင်အားကို တိုးချဲ့ထားတာတွေရှိတယ်။ အင်အားတိုးချဲ့တဲ့ နေရာမှာ လှည့်ကင်းလည်းရှိတယ်၊ ရပ်ကင်းလည်းရှိတယ်၊ လျှပ်တပြတ်ကင်းလည်း ရှိတာပေါ့ဗျာ။ အဲ့ဒီတော့ ကင်း ၃ ကင်း နဲ့ သူတို့ လှည့်လည်နေတာတော့ရှိတယ်။ ညဘက်တွေရော၊ မနက်ရော၊ နေ့ခင်းရောပေါ့။ ဆိုတော့ သူတို့ဘက်ကတော့ ကြိုတင်ပြင်ဆင် ကာကွယ်ပြီးတော့ လက်ဦးမှုရအောင် ယူထားတဲ့ သဘောမျိုးတော့ ရှိပါတယ်။”

မန္တလေးတိုင်း မိတ္ထီလာမြို့နဲ့ တခြား မြို့တွေက အကြမ်းဖက်မှုတွေကြောင့် တင်းမာမှုတွေ ကြီးထွားနေချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်က ဗလီကျောင်းမှာ မီးလောင်မှု ဖြစ်ခဲ့ တာကြောင့်လည်း သံသယတွေ စိုးရိမ်မှုတွေ ထွက်ပေါ်နေကြတာပါ။ ဒါပေမဲ့လည်း ပြဿနာကို မီးထိုးပေးသလို မဖြစ်ရလေအောင် အစိုးရရော လူထုကပါ ၀ိုင်းဝန်းကြိုးပမ်းကြဖို့ ရန်ကုန်မြို့က ခရစ်ယာန်ဘာသာဝင် တဦးဖြစ်တဲ့ ဦးသိန်းအောင် တို့လို လူတွေက လိုလားနေကြပါတယ်။

“အဲ့ဒီလို ဖြစ်လာတာကတော့ မကောင်းဘူး။ ကောင်းကောင်း ငြိမ်းချမ်းပြီး နိုင်ငံတော် က ကောင်းကောင်းမှန်မှန် နေပြီးတော့မှ ပြည်သူတွေနဲ့ အားလုံး ချစ်ချစ်ခင်ခင်နဲ့နေဖို့ ဘုရားက ကောင်းချီးပေးပါ၊ မစပေးပါ ဆိုပြီးတော့ ဆုတောင်းခြင်း အားဖြင့်ပဲ ကျနော်တို့ ခရစ်ယာန်တွေက မေတ္တာပွားရတာပါခင်ဗျ။”

မကြာသေးခင် သီတင်းပတ်တွေအတွင်း လူပေါင်း ၄၀ ကျော် သေဆုံးပြီး ဘာသာရေး အဆောက်အအုံတွေ အပါအ၀င် အိုးအိမ် အများအပြား မီးလောင်ပျက်စီးမှုတွေ ကြုံခဲ့ရတယ်လို့ တရားဝင် ပြောဆိုထားတဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ ရန်ကုန် ၄၈ လမ်းထဲက ဗလီကျောင်း မီးလောင်မှုဟာ ဆက်နွယ်မှု မရှိဘူးလို့ အစိုးရ တာဝန်ရှိသူတွေကတော့ ချက်ခြင်းဆိုသလို တုံ့ပြန်ပြောဆိုထားကြတာပါ။

ဒါပေမဲ့လည်း အာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအပေါ် လူထုက ယုံကြည်မှု နည်းပါးလေ့ရှိတဲ့ အစဉ်အလာအရ သံသယတွေကတော့ ရှိနေကြဆဲ ဖြစ်ပါတယ်။

“သူများပြောတာ နားထောင်ရတာကိုး၊ အဲ့ဒီအခါကျတော့ ဟုတ်နိုးနိုး၊ မီးတွေ ပစ်တယ် ဘာညာ၊ ရှို့တယ်ဆိုတာ ဟုတ်နိုးနိုး။ သတင်းက ကြေညာတယ် ဆိုတော့၊ သတင်းကလည်း ထာဝစဉ်က အစိုးရသတင်းကို မယုံတာက များလာပြီဆိုတော့ အခုကတော့ တိတိကျကျ တကယ် အစစ်အမှန် ကြေညာတာ။ ဒါပေသည့် ခုနပြောသလိုပေါ့ လူတွေက ကောလဟလဆိုတော့ နည်းနည်းလေးတော့ ဒွိဟဖြစ်တာပေါ့။ မမြင်ရတဲ့ အခါကျတော့ ဒွိဟဖြစ်တာပေါ့။”

ရန်ကုန်တိုင်း အစိုးရတာဝန်ရှိသူတွေကတော့ ရန်ကုန်မြို့က အစ္စလာမ် ဘာသာရေးကျောင်း မီးလောင်မှုဟာ မီးအားမြှင့်စက် အပူလွန်ရာက စတင်ခဲ့တာဖြစ်ပြီး၊ ကလေး
ငယ် ၁၃ ယောက် သေဆုံးရတာဟာလည်း အ၀င်တံခါးပေါက်ကို သော့ခတ်ထားတဲ့ အတွက် အချိန်မီ ထွက်မပြေးနိုင်တာကြောင့်လို့ အစောပိုင်း စုံစမ်းမှုတွေအပေါ် အခြေခံ ပြောဆိုထားတာပါ။ စစ်ဆေးတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပြီး နောက်တနေ့မှာပဲ စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ကိုလည်း ဖွဲ့စည်းလိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ ကော်မရှင်ကိုတော့ အများပြည်သူကြား သံသယတွေ ပိုရှင်းစေဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့တာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး ကပြောပါတယ်။

“မနေ့က အဲ့ဒါကတော့ တိုင်းဒေသကြီးအစိုးရက သတင်းစာရှင်းလင်းပွဲ လုပ်သွား တယ်။ နောက် အဲ့ဒါနဲ့ပတ်သက်ပြီး သူတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဖြေကတော့ ထွက်နေပြီ။ သို့သော် သံသယကင်းအောင်လို့ ဒီအဖွဲ့ဖွဲ့ပြီးတော့ လုပ်နေတာ။ ဒီအဖွဲ့က စစ်ဆေးချက် အစီရင်ခံစာ ထွက်လာရင်တော့ သူတို့မီဒီယာတွေရော ဘာရော အများသိအောင် လုပ်မှာပါ။”

ရန်ကုန်က မီးလောင်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ပြောဆိုခဲ့ကြသလို၊ အဖြစ်မှန် ပေါ်ပေါက်အောင် ဖော်ထုတ်ဖို့ တိုက်တွန်း မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ မီးလောင်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အခုနောက်ဆုံး ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်အနေနဲ့ ကတော့ တွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေနဲ့ အကြံပြုချက်တွေကို ၁ လအတွင်း အစီရင်ခံဖို့လည်း တာဝန်ပေးအပ် ထားတာ ဖြစ်ပါတယ်။



rg

၉၆၉ အပေါ် ဆရာတော်များ၏သုံးသပ်ချက်



Wednesday, 03 April 2013 12:26 Written by 


မိတ္ထီလာအပါအဝင် လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများမှာ ၉၆၉ နှင့် ပတ်သက်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဆရာတော် အရှင်ကုသလသာမိ၊ ပဲခူးမြို့ အောင်ဇေယျာ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီတို့နှင့် တွေ့ဆုံကာ ၉၆၉ ပေါ်ပေါက်လာပုံနှင့် ၉၆၉ အပေါ် ဆရာတော်ကြီးများ၏ အမြင်ကို တွေ့ဆုံမေးမြန်း ထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံခြင်း
Voice ။ ။ အခုဖြစ်နေတဲ့ ပဋိပက္ခ တွေ မှာ ၉၆၉ နဲ့ ပတ်သက်မှုရှိတယ်လို့ တချို့သော သူတွေက သံသယဖြစ်နေကြတယ်။ အဲဒီအပေါ်မှာ ဆရာတော်အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဆရာတော် ။ ။ ၉၆၉ က ဘုရားဂုဏ်တော် ကိုးပါး၊ ဓမ္မဂုဏ်တော်ခြောက်ပါး၊ သံဃာ ဂုဏ်တော်ကိုးပါး ရတနာသုံးပါးကို ရည်ရွယ် ပြီးတော့ သင်္ကေတေပြုထားတာ။ အဓိကရုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး။ မိတ္ထီလာ မြို့ကို ၉၆၉ လှည့်လည်ဟောပြောတဲ့အဖွဲ့ တစ်ဖွဲ့မှ ရောက်မလာဘူး။ ၉၆၉ လည်း တစ်ရွက်မှ မရောက်ဘူး။ ၉၆၉ အဖွဲ့ ရောက်တဲ့ နေရာတိုင်းမှာ ဘာအဓိကရုဏ်းမှ မဖြစ်ဘူး။ မန္တလေးဆိုရင် မောင်တော အဓိကရုဏ်း ကတည်းကိုက သွေးကြွနေတဲ့ သူတွေ၊ နိုင်ငံရေးသမားတွေ ပါတယ်။ ဦးပဉ္စင်းဆီကို လာကြတယ်။ ဒါပေမဲ့ ဦးပဉ္စင်း ထိန်းနိုင်ခဲ့တယ်။ မိတ္ထီလာမှာဖြစ်တယ်၊ မန္တလေးမှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ပေါက်ဖွားရာနေရာ မော်လမြိုင်မှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ကူးစက်သွားတဲ့ သံတွဲဘာမှမဖြစ်ဘူး။ အခြားမြို့နယ်တွေမှာပါ ဘာမှမဖြစ်ဘူး။ ပဲခူးမှာ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေဆိုရင်လည်း ၉၆၉ နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ မရောက်ဘူး။ လုံးဝအချိတ်အဆက် မရှိဘူး။ အဆက်အသွယ် လုံးဝမရှိဘူး။ ၉၆၉ ဥပဒေ ကိုသာ လိုက်နာမယ်ဆိုရင် ဘာအဓိကရုဏ်း မှ မဖြစ်ဘူး။ ဦးပဉ္စင်း ရဲရဲ အာမခံရဲတယ်။
၉၆၉ ကို တရားခံအဖြစ် လုပ်နေတာဟာ လူကို မဖော်ထုတ်နိုင်လို့ အပြစ် မရှိတဲ့သူကို ထုထောင်းပြီး တရားခံပါလို့ အတင်းဝန်ခံ ခိုင်းသလိုမျိုး ဖြစ်နေတယ်။ အခုလည်း မိတ္ထီလာပဋိပက္ခမှာ တကယ်အပြစ်ရှိတဲ့ သူကို မဖော်ထုတ်နိုင်တဲ့အခါ အပြစ်မရှိတဲ့ ၉၆၉ ကို ထုထောင်း ရိုက်နှက်နေတယ်လို့ ခံစားမိပါတယ်။
"၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်" Voice ။ ။ တချို့ကလည်း ၉၆၉ က ၇၈၆ ကို တုံ့ပြန်တဲ့အနေနဲ့ လုပ်တယ်လို့ လည်း သတင်းတွေထွက်နေတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမြင်ပါလဲဘုရား။

ဆရာတော်။ ။ ၇၈၆ ကို တုပြီးပေါ်လာတဲ့ ဂဏန်းသုံးလုံးပါ။ ကိန်းဂဏန်းအားဖြင့် တော့ ၇၈၆ က သာတယ်။ ဒါပေမဲ့ ဦးပဉ္စင်းတို့ အခုလုပ်နေတဲ့ မူဝါဒတွေ၊ ဟောပြောနေတာ တွေက ဦးပဉ္စင်းတို့မှာ ကိုယ်ပိုင် အိုင်ဒီယာ ဘာမှမရှိဘူး။ မွတ်ဆလင်တွေ လုပ်တဲ့အတိုင်းပဲ လိုက်လုပ်နေရတာ။ ပြောရမယ်ဆိုရင် ခံစစ်နဲ့ လုပ်နေရတာ၊ တိုက်စစ်တစ်ခုမှ လုပ်တာမရှိသေးဘူး။ သူတို့က သူတို့ဆိုင်အချင်းချင်း ဈေးဝယ် ရမယ်လို့ ကန့်သတ်လို့ ဦးပဉ္စင်းတို့ကလည်း ကိုယ့်လူမျိုးဆိုင်ကပဲ ဝယ်ရမယ်လို့ ကန့်သတ်တာ။ သူတို့က ၇၈၆ လုပ်လို့ ဦးပဉ္စင်းတို့က ၉၆၉ လုပ်တာ။ ဒါပေမဲ့ အကုန်လုံး မတုပနိုင်သေးဘူး။ ဥပမာ - မွတ်ဆလင်ကို ညားရင် သူတို့ဘာသာကို ဝင်ရတယ်။ ဦးပဉ္စင်းတို့ကျတော့ အဲဒီလို မကျင့်သုံးရဲဘူး။ အဲဒါကြောင့် ဦးပဉ္စင်းတို့ လုပ်နေတာက ၇၈၆ နည်းဗျူဟာတွေပါ။

Voice ။ ။ ၉၆၉ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဆက်လုပ်ဖို့ရှိပါသလား။ သို့မဟုတ် ရုပ်သိမ်းဖို့ ရှိပါသလား။

ဆရာတော် ။ ။ ရတနာသုံးပါးရဲ့ သင်္ကေတ ကို ဦးပဉ္စင်းတို့လူမျိုး တည်ရှိနေသရွေ့ သုံးစွဲသွားမှာပါ။ အသက်ထက်ဆုံး ဦးထိပ်ထားပြီးတော့ သုံးစွဲသွားမှာပါ။ ၉၆၉ လှုပ်ရှားမှုကတော့ ဦးပဉ္စင်းတို့က အမြဲတမ်း ဆက်လုပ်နေရမှာပဲ။ ၇၈၆ ကို တိတိကျကျ ထုတ်ပြန်ပြီးတော့ ၇၈၆ က ၂၁ ရာစုမှာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့လုပ်တာ မဟုတ်ဘူးလို့ တရားဝင် ကြေညာပေးရင် ၉၆၉ လှုပ်ရှားမှုကိုလည်း ရပ်တန့်မယ်။ ၉၆၉ ကြောင့် ဖြစ်တာမဟုတ်ဘဲနဲ့ ၉၆၉ ကို ရုပ်သိမ်းပေးရမယ်ဆိုတာ လုံးဝသဘာဝ မကျဘူး။

Voice ။ ။ ၉၆၉ ကြောင့် ပဋိပက္ခ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဆရာတော်တို့အနေနဲ့ ဘယ်လိုလုပ်ဖို့ရှိပါသလဲ။

ဆရာတော် ။ ။ ၉၆၉ ကြောင့် ဖြစ်တယ် ဆိုရင်တော့ ဦးပဉ္စင်းကိုယ်တိုင် အရေးယူ သွားမယ်။ ၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်။ မိတ္ထီလာမှာ အဓိကရုဏ်း စဖြစ်တယ်။ ဒါပေမဲ့ ၉၆၉ တစ်ရွက်မှ မရောက်ဘူး။ ဦးပဉ္စင်းတို့ ဖြန့်ခဲ့တာက Save Our Country, Save Our Future ဒါပဲ ဖြန့်ခဲ့ တယ်။ မိတ္ထီလာမှာ ဖြစ်ခဲ့တာနဲ့ ဘာဆိုင်လဲ။ ၉၆၉ ကို တရားခံလို့ ဖော်ထုတ်နိုင်ရင် ၉၆၉ ကို ဒီနေ့ ရပ်တန့်ပေးပါ့မယ်။

Voice ။ ။ ၉၆၉ ရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုး ပေါ်ပေါက်လာတာလဲဆိုတာ ရှင်းပြပေးပါဘုရား။
ဆရာတော် ။ ။ ၉၆၉ စတင်တီထွင်တဲ့ သူကတော့ နဖလ ဦးကျော်လွင်ပါ။ သာသနာထွန်းကား ပြန့်ပွားရေးမှာ ညွှန်ချုပ်အဆင့်အထိ လုပ်ခဲ့ပါတယ်။ ဘာသာရေး စာရေးဆရာပါ။ ရှေ့နေလည်း ရှေ့နေပါ။ သူဘယ်တုန်းက တီထွင်တယ် ဆိုတာ မသိပေမယ့် သူရေးထားတဲ့ စာအုပ် မှာတော့ စပြီးဖော်ပြတာက ၁၉၉၈ ခုနှစ်ပါ။ အဲဒါကို သဘောကျလို့ ဦးပဉ္စင်း အသုံး ပြုခဲ့တာကတော့ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်လောက်မှာ ၉၆၉ သင်္ကေတလေးတွေကို ဦးပဉ္စင်းကစပြီး တီထွင်တာ။ အဲဒီတုန်းက စတစ်ကာ ခေတ်မစားသေးတဲ့အတွက် သိပ်ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။ အခု စတင်သုံးစွဲတာကတော့ သီတင်းကျွတ် လောက်က ဖြစ်တယ်။ မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက်က လိုဂိုနဲ့ စတစ်ကာကို တီထွင်လို့ ကျယ်ပြန့်သွားတာ။ ဒါပေမဲ့ ဦးပဉ္စင်းက တစ်ရွက်မှ မဖြန့်ရသေးဘူး။ ရည်ရွယ်ချက်က ကိုယ့်လူမျိုး ကိုယ့်ဘာသာ အချင်းချင်း စီးပွားရေး၊ လူမှုရေး အားပေးဖို့ပါ။ ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီ နှင့် တွေ့ဆုံခြင်း
Voice ။ ။ ၉၆၉ ဆိုတဲ့ ဝေါဟာရတွေ အတော်လေး ခေတ်စားလာတာ တွေ့ရပါတယ်ဘုရား။ ၉၆၉ နဲ့ ပတ်သက်ပြီး အရှင်ဘုရားရဲ့ အမြင်ကို သိပါရစေ။

ဆရာတော် ။ ။ ၉၆၉ ဆိုတာ ခုမှ စသုံးတာတော့ မဟုတ်ဘူး။ နှစ်ဖက်လှ ဦးကျော်လွင် ဆိုတာ ၉၆၉ ကို ဗုဒ္ဓဘာသာရဲ့ သင်္ကေတ အနေနဲ့ သတ်မှတ်ဖို့ ပြောခဲ့ဖူးတယ်။ ဗုဒ္ဓ ဘာသာက ဘုရား၊ တရား၊ သံဃာကို ဦးထိပ် ထားတာကိုး။ ဦးထိပ်ထားတယ် ဆိုတဲ့နေရာ မှာ ဂုဏ်တော်ကို ဦးထိပ်ထားစေချင်လို့ ၉၆၉ လို့ ပြောခဲ့တာ။ ဦးကျော်လွင်က လမ်းညွှန်တဲ့သဘော၊ အကြံပြုတဲ့သဘော အနေနဲ့ပဲ ရေးခဲ့တာ။ ၉၆၉ ဆိုတာကို ခုတုံး လုပ်တာမဟုတ်ဘဲ ဦးထိပ်ရွက်တဲ့သဘော ဆိုရင် လက်ခံပါတယ်။ ခုတုံးလုပ်တယ်၊ အုပ်စုဖွဲ့တဲ့ သဘောဆိုရင် မကောင်းပါဘူး။ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ဖို့ပြောခဲ့တာတော့ မဟုတ်ပါဘူး။

Voice ။ ။ တရားတစ်ပုဒ် ဟောတယ် ဆိုတာ ဟောတဲ့ပုဂ္ဂိုလ်အပေါ်မှာ ဘယ်လောက် တာဝန်ကြီးပါသလဲဘုရား။

ဆရာတော် ။ ။ ဦးပဉ္စင်းတို့ဘုရားက တရားတွေဟောခဲ့တယ် ဆိုတာ ကောင်းစေချင်လို့ ကောင်းတာတွေကိုပဲ ဦးတည်ဟောခဲ့တာ။ ကောင်းတာတွေပဲ လမ်းညွှန်ခဲ့တာ။ ကောင်းတာတွေကို ဖော်ထုတ်ပြီး လိုက်နာ ကြမယ်ဆိုရင် နားထောင်တဲ့ပုဂ္ဂိုလ်အတွက် ကျေနပ်စရာတွေဖြစ်စေတယ်။ စိုးရိမ်စရာ ပူပန်စရာတွေ ငြိမ်းစေရမယ်။ အဆင်ပြေမှု တွေနဲ့ ကြုံတွေ့စေရမယ်။ ဘုရားကို စံထား ပြီးတော့ ကောင်းတာတွေပြောမယ်။ ကောင်းတာတွေ ဟောမယ်ဆိုရင် ကောင်းတာပေါ့။ ဟောတဲ့ တရားတစ်ပုဒ်ဟာ နာကြားလိုက်ရလို့ ပီတိ ဖြစ်တယ်၊ စိတ်ကြည်နူးတယ်၊ နှစ်သက်စရာ၊ ကျေနပ်စရာတွေ ဖြစ်သွားတယ်ဆိုရင် ကောင်းတာပေါ့။ တရားဟောတာ ဟုတ် မဟုတ် ဆိုတာကို ဒါနဲ့ပဲ စစ်တမ်းထုတ်ရမယ်။ စကားပြောတာကတော့ ဘယ်လိုပြောပြော ဖြစ်ပေမယ့် တရားဟောတာကတော့ ဘုရားရဲ့နည်းအတိုင်းပဲ ကျင့်ကြံဟောပြ နိုင်ရမယ်။ တရားဆိုတာ စိတ်ကြည်နူး စေရမယ်၊ ကောင်းတဲ့ဘက်ကို လမ်းညွှန် နိုင်ရမယ်။ စိုးရိမ်ပူပန်စရာတွေ ကင်းရမယ်။ ထိတ်လန့်ကြောက်ရွံ့မှုတွေ မဖြစ်ပေါ် စေရဘူး။ ဗုဒ္ဓဝင်ပါဠိတော်မှာလည်း ဘုရားက ဒီအတိုင်းဟောခဲ့ပါတယ်။
အရှင်ကုသလသာမိနှင့် တွေ့ဆုံခြင်း
Voice ။ ။ အခုအချိန်မှာ လူတွေကြားထဲ ၉၆၉ ဘာလဲဘယ်လဲဆိုပြီး သို့လော သို့လော ဖြစ်နေကြတဲ့အတွက် ၉၆၉ အကြောင်း အများနားလည်အောင် မိန့်ပါဘုရား။

ဆရာတော် ။ ။ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် ကို ကိုယ်စားပြုပါတယ်။ တခြားဘာသာ တွေမှာ အမှတ်တံဆိပ်တွေရှိသလို ကိုယ့်ဘာသာမှာလည်း ရှိသင့်တယ်ဆိုပြီး လုပ်ကြတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာတိုင်းဟာ ၉၆၉ ကို တန်ဖိုးထားရမယ်။ ၉၆၉ ဆိုတာ ဂိုဏ်းလည်းမဟုတ်ဘူး။ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာတွေ အားလုံးလည်း နားလည်သင့်တာက ၉၆၉ သည် ဂိုဏ်းဂဏမဟုတ်၊ အဖွဲ့အစည်း မဟုတ်၊ အဲ့ဒီလိုသိထားရမယ်။ တချို့က အဖွဲ့အစည်းတစ်ခုလို့ ထင်နေတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအားလုံးသည် ၉၆၉ တွေပဲ ဆိုတဲ့ သဘောလေးကို သိစေချင်တယ်။

Voice ။ ။ ၉၆၉ လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲဘုရား။

ဆရာတော် ။ ။ အဓိကရည်ရွယ်ချက် ကတော့ ဗုဒ္ဓဘာသာဝင်တွေဟာ နောက်ပိုင်းမှာ စည်းလုံးမှုအားနည်းလာတယ်။ အဲ့ဒါကြောင့် အချင်းချင်းစည်းလုံးမှုရှိအောင် လူမှုရေး၊ စီးပွားရေးမှာ ကူညီရိုင်းပင်းနိုင်အောင် ၉၆၉ ဆိုတဲ့တံဆိပ်ကို ဆိုင်တိုင်းနေရာတိုင်းမှာ ကပ်ကြဖို့ပြောတာ။ ၉၆၉ ဆိုတာ မြင်လိုက်တာနဲ့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ် ကို ချက်ချင်းအောက်မေ့ပြီး ကုသိုလ်စိတ် တွေဖြစ်အောင်ပါ။

Voice ။ ။ ၉၆၉ ကို ဘယ် အချိန်မှာ ဘယ်သူတွေကစခဲ့တယ်ဆိုတာ သိလိုပါတယ်။

ဆရာတော် ။ ။ ၉၆၉ ဘယ်အချိန်မှာ ဘယ်သူတွေက စခဲ့တာ အတိအကျပြောဖို့ တော့ ခက်တယ်။ သိသလောက်ဆိုရင်တော့ ၉၆၉ ကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကို ရည်ညွှန်းပြီး ဗုဒ္ဓဘာသာ အမှတ်တံဆိပ် လုပ်သင့်တယ်လို့ ပြောကြတာတွေရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပေမယ့် ၉၆၉ ကို ကားတွေ၊ အိမ်တွေမှာ ရေးကြတာ တွေ့ရတယ်။ ဒီဘက်ခေတ်မှာ အခြေအနေအရ ဗုဒ္ဓဘာသာတွေဟာ ပိုမို စည်းလုံးဖို့ လိုအပ်တယ်လို့ ယူဆပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေက ၉၆၉ ကို တွင်တွင်ကျယ်ကျယ် ဟောပြောလာကြတယ်။ ဒါကြောင့် ၉၆၉ အမှတ်တံဆိပ်ဟာ လူသိများ လာတယ်လို့ ဆိုရမယ်။

Voice ။ ။ လတ်တလောပဋိပက္ခ တွေမှာ ၉၆၉ အဖွဲ့တွေရဲ့ ပယောဂကြောင့် လို့ ပြည်ပမီဒီယာတွေနဲ့ လူတွေအကြား ပျံ့နှံ့နေတဲ့အပေါ် အရှင်ဘုရား ဘာများ မိန့်ချင်ပါလဲဘုရား။

ဆရာတော် ။ ။ လတ်တလောဖြစ်ပျက် ခဲ့တာတွေမှာ ၉၆၉ ကြောင့်ဖြစ်သယောင် မီဒီယာအသုံးချ ဖန်တီးတာတွေဟာ တကယ်တော့ အဖြစ်အပျက်မှန်သမျှ ၉၆၉ နဲ့ လုံးဝ မဆိုင်ပါဘူး။ ပြည်ပမီဒီယာတွေကို အသုံးချပြီးတော့ အကြမ်းဖက်ပါတယ်ဆိုပြီး မိတ္ထီလာ အဖြစ်အပျက်နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ အကြမ်းဖက်မှုတွေကို နောက်ခံထား တိုက်ခိုက်နေကြတာပါ။ ၉၆၉ လှုပ်ရှားမှုပေါ်လာတဲ့ အတွက်ကြောင့် တခြားအဖွဲ့အစည်းတွေက သူတို့စီးပွားရေး အဆင်မပြေဘူးဆိုပြီးတော့ ပြောကြတယ်။ အဲ့ဒါကြောင့် ၉၆၉ ဟာ သူတို့ရဲ့ ရန်သူလို့ သတ်မှတ်ကြတယ်။ အဲ့တော့ ၉၆၉ နာမည်ပျက်အောင်၊ လူတွေ အကြည်ညိုမဲ့အောင် ပုံစံအမျိုးမျိုးနဲ့ လုပ်နေကြတာ။

Voice ။ ။ ၉၆၉ အပေါ် သံဃာ့အကြီးအကဲတွေရဲ့ သဘောထားက ဘယ်လိုရှိပါလဲဘုရား။

ဆရာတော် ။ ။ အကြီးအကဲဆရာတော် တွေရဲ့ သဘောထားကို တိုက်ရိုက် မလျှောက်ဖူးတဲ့ အတွက် သေချာမသိပါဘူး။ ဒါပေမဲ့ ပြောရဲပါတယ်။ ဗုဒ္ဓဘာသာဝင် တိုင်းဟာ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါး ဂုဏ်တော်တွေကို ကိုယ်စားပြုတဲ့ ဒီ ၉၆၉ ကိုသေသေချာချာသိရင် မလို လား ကန့်ကွက်တာတွေရှိမှာ မဟုတ်ပါဘူး။

Voice ။ ။ နိဂုံးချုပ်ဘာများ မိန့်ချင် ပါသလဲဘုရား။

ဆရာတော် ။ ။ ၉၆၉ ဟာ လတ်တလော ဖြစ်ပျက်တဲ့ ပဋိပက္ခတွေနဲ့ လုံးဝပတ်သက် ဆက်နွှယ်ခြင်းမရှိဘဲ ၉၆၉ ဟာ အဖွဲ့အစည်း ပုံစံတွေ၊ ဂိုဏ်းဂဏပုံစံတွေ၊ အကြမ်းဖက်မှု ပုံစံတွေဖြစ်နေတာ အားလုံးမှန်သမျှဟာ တစ်ဖက်အဖွဲ့အစည်းက မီဒီယာနဲ့ပေါင်းပြီး လုပ်ကြံတဲ့အတွက်ကြောင့် သာလျှင် ဒီလိုနာမည် ထွက်နေရတာဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။
http://www.thevoicemyanmar.com/index.php/interviews/item/3752-969.html?rand=1365030579854

ဗလီ ဆောက်လုပ်ခွင့်နှင့်စာသင်ကြားခွင့်တရားဝင် ခွင့်ပြုထားခြင်း မရှိဟုသာသနာရေးမှူး ပြော




 အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး ပြောကြား

Wednesday, 03 April 2013
news-eleven.com


ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာနမှ ဦးအောင်ကြည်

အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်းကြီးချုပ်နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က “ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေးတာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။ သူတို့တွေ အစဉ်အလာအရ ဗလီတည်ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက်တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

သာသနာရေး ၀န်ကြီးဌာန၏ စာရင်းများအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီစုစုပေါင်း ၁၄၀ ခန့် ရှိကြောင်း သိရှိရသည်။

ဗလီများတွင် လက်နက်များ စုဆောင်းထားသည်ဟူသော လူထုအတွင်း ထွက်ပေါ်နေသည့် သတင်းများအရ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မောင်ငံဗလီသို့ ၀င်ရောက်စစ်ဆေးရာ လက်နက်များ စုစောင်းထားခြင်း မရှိကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဦးသက်ချိုက မီဒီယာများသို့ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီအများဆုံး မြို့နယ်များမှာ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ သန်လျင်၊ သာကေတ၊ ကျောက်တံတားမြို့နယ်များ ဖြစ်ကြသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် တွင် ဗလီ ၁၈ ခု၊ ပန်းဘဲတန်းတွင် ၁၁ ခု၊ ဗိုလ်တထောင်တွင် ၁၀ ခု ရှိကြောင်း အကြမ်းဖျင်း သိရှိရသည်။ ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ဗလီအများဆုံး ပြည်နယ်မှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ဗလီပေါင်း ၁၀၀ ကျော် ရှိသည်ဟု သိရှိရသည်။ တစ်နိုင်ငံလုံး အနေဖြင့် ဗလီအရေ အတွက် ၇၀၀ ကျော် ရှိမည်ဟု ခန့်မှန်းကြသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အစ္စလမ်ဘာသာဝင်ပေါင်း သုံးသန်းဝန်းကျင်ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။

လူပျောက်တိုင်ခံထားရသူ ဦးရဲမင်းဦးကို ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ရုံးထုတ်မည်



                    ရန်ကုန်၊ ဧပြီ ၂

ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် လူပျောက်အဖြစ် တိုင်ကြားထားသည့် ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ဦးရဲမင်းဦးကို ဧပြီလ ၄ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် ရုံးထုတ်မည်ဖြစ်ကြောင်း ၄င်း၏အစ်ကိုဖြစ်သူ ဦးခင်မောင်လင်းက The Voice သို့ အတည်ပြုပြောကြားသည်။

၎င်းကိုလည်း ဧပြီလ ၁ ရက် နေ့ ည ၁၁ နာရီတွင် ဗဟန်းရဲစခန်းက လာရောက်ခေါ်ယူခဲ့ပြီး ငါးနာရီကြာ စစ်ဆေးခဲ့ကြောင်း ဦးခင်မောင်လင်းက ရှင်းပြသည်။
"ရဲစခန်းက ဆရာတော်ဦးဝီရသူနဲ့ ၉၆၉ ကိစ္စ ခေါ်စစ်တယ်။ ရဲမင်းဦးရဲ့ လက်ပ်တော့နဲ့ ဟန်းဖုန်းကို သိမ်းသွား တယ်။ ၉၆၉ နဲ့ ပတ်သက်တယ်လို့ ယူဆရတယ်" ဟု ၄င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗဟန်း မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ
"ကျွန်တော်တို့ ဖြေကြားခွင့်မရှိဘူး။ ကာယကံရှင် မိသားစုကိုသာ မေးပါ" ဟု တာဝန်ကျ ဒုရဲအုပ်က ဖြေကြားသည်။

မတ်လ၂၅ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ ခန့်တွင် အမည်မသိသူ နှစ်ဦးက ဗဟန်း မြို့နယ် ဦးသာသနာ့ကျောင်းတိုက်တွင် ရှိနေသည့် ဦးရဲမင်းဦးကို လာရောက် ခေါ်ဆောင်သွားခြင်းကြောင့် ရခိုင်လူငယ်များ အဖွဲ့က မတ်လ ၂၆ ရက်နေ့က ဗဟန်းမြို့နယ် ရဲစခန်းတွင် ၁၃/၂၀၁၃ လူပျောက် အနေဖြင့် အမှုဖွင့်ခဲ့သည်။

"ကိုရဲမင်းဦးကို လက်ရှိအင်းစိန် အကျဉ်းထောင်မှာ ရှိတယ်လို့ ကြားထားပါတယ် " ဟု ၄င်း၏ သူငယ်ချင်းဖြစ်သူ ဦးဒီငြိမ်းလင်းက ဆိုသည်။

ရခိုင်လူမျိုးဖြစ်သူ ဦးရဲမင်းဦး ပျောက်ဆုံးနေခြင်းကို မတ်လ၂၉ရက်နေ့က ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် ငြိမ်းချမ်းရေးကော်မတီ၊ ရခိုင်နိုင်ငံရေး ပါတီများနှင့် ရခိုင်လူမှု အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့နှင့် နိုင်ငံခြားသံရုံးများသို့ အသိပေးစာများကို ရခိုင်လူငယ်များအဖွဲ့ (AYO) က ပေးပို့ထားသည်။

The Voice Weekly

ဗလီမီးလောင်မှုအခြားတာဝန်ရှိသူ တစ်ဦး တိမ်းရှောင်



မီးအားမြှင့်စက် အပူလွန်ကဲရာမှ ဗလီမီးလောင်ဟု ဗလီတာဝန်ရှိသူ ဝန်ခံ၊ အခြားတာဝန်ရှိသူ တစ်ဦး တိမ်းရှောင်


          ရန်ကုန်၊ ဧပြီ ၂

ကလေးငယ် ၁၃ ဦးသေဆုံးခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ် ၄၈ လမ်းရှိ ဆွာဒီတီးယားဗလီ မီးလောင်မှုမှာ မီးအားမြှင့်စက် အပူလွန်ကဲ ရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဗလီ တာဝန်ရှိသူ ဝန်ခံခဲ့ပြီး အခြားတာဝန်ရှိ သူတစ်ဦးမှာမူ ထွက်ပြေးတိမ်းရှောင် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးဝင်းနိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ဧပြီ ၂ ရက်နေ့ ညနေပိုင်းက အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဒုတိယ အကြိမ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ် သည်။
"ဗလီက တာဝန်ရှိသူ ဝန်ခံထားတဲ့ အသံဖိုင်တွေလည်း ရှိတယ်။ ဗီဒီယိုမှတ်တမ်း လည်း တင်ထားတယ်" ဟု ရဲမှူးကြီးဝင်းနိုင် က ရှင်းပြသည်။

ယင်းတာဝန်ရှိသူနှစ်ဦး အနက် ဦးဇေယျာဖြိုးဆိုသူကို ထိန်းသိမ်းကာ
ဆက်လက်စစ်ဆေး နေပြီး နောက်တစ်ဦး ဖြစ်သူ ဦးခင်မောင်အေးဆိုသူမှာ ထွက်ပြေး နေခြင်းဖြစ်သည်။

မီးလောင်မှုမှာ မီအားမြှင့်အပူ လွန်ကဲပြီး မီးစတင်လောင်ခဲ့ရာ ယင်း မီးအားမြှင့်စက်နှင့် အနီးဆုံးတွင် အိပ်နေသော ကလေးငယ်ဝေယံဖြိုးက အစောဆုံး မြင်တွေ့သဖြင့် တာဝန်ရှိလူကြီးများကို အော်နှိုးခဲ့သော်လည်း ရုတ်တရက် မနိုးခဲ့ကြောင်း၊ လူကြီးများ နိုးလာသောအခါ မီးလောင်ကျွမ်းနေပြီဖြစ်ရာ ဦးဇေယျာဖြိုး ဆိုသူက စောင်ကို ဗလီတွင် ခြေ၊ လက်ဆေး ရန်ထားသော ရေဖြင့်ပက်၍ မီးအားမြှင့် စက်ကိုငြှိမ်းသတ်ခဲ့သော်လည်း မီးကိုမငြှိမ်း နိုင်ခဲ့ကြောင်း ကလေးငယ်များ အပါအဝင် ဗလီတာဝန်ရှိသူ ဦးဇေယျာဖြိုး၏ ပြောဆို ချက်ကို ကိုးကား၍ ရဲမှူးကြီးကရှင်းပြသည်။
"မီးအားမြှင့်စက်ရဲ့အောက်မှာ မီးစက်အတွက်သုံးတဲ့ ဒီဇယ်ဆီဘူးရှိတယ်။အဲဒီက ဆီတွေက စောင်တွေကိုစိုသွားတာ။ အဲဒါကြောင့်ဒီဇယ် အနံ့တွေရတာ။ အပြင်က ပစ်သွင်းပြီး မီးရှို့ခဲ့တာမဟုတ်ဘူး" ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဒီဇယ်စိုနေသောစောင်နှင့် မီးလောင်ကျွမ်း ခဲ့သော ဒီဇယ်ဘူးကို သက်သေအဖြစ် ပြသခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အစ္စလာမ် ဘာသာဝင်ခေါင်းဆောင် အချို့ကို မေးမြန်းခဲ့သော်လည်း မှတ်ချက်ပေးရန် စောနေသေးကြောင်းသာ ဖြေဆိုကြသည်။

စစ်ဆေးတွေ့ရှိချက်များကို အစ္စလာမ် ဘာသာရေးအဖွဲ့ ကြီးငါးခုကို ရှင်းလင်းပြီး ဖြစ်ပြီး နောက်ဆုံး တွေ့ရှိချက်များကို ထပ်မံရှင်းပြ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

The Voice Weekly

ဗလီ မီးလောင်မှု စုံစမ်းရေး ကော်မရှင်

(ကိုးကွယ်)ဘာသာလေးမျိုးစာသင်ကျောင်းမှာသင်ခိုင်းချင်သတဲ့...

စာသင်ကျောင်းဟာလောကီပညာရပ်သင်ဖို့၊ကလေးတွေကိုဘာသာရေးမှိုင်းတိုက်တဲ့နေရာမဟုတ်ဖူး။
ဘယ်ဒီမိုကရေစီနိုင်ငံမှာများတွေ့ဖူးလဲမသိ။ကနေဒါမှာခရစ်ယာန်ကိုးကွယ်တဲ့နိုင်ငံမို့လို့Good friday
လိုရက်တွေကျောင်းပိတ်တာကလွဲလို့ဘာသာရေးနဲ့ပတ်သက်တာသီးသန့်ကက်သလစ်ကျောင်းကလွဲလို့Public
ကျောင်းတွေမှာလုံးဝမသင်ဖူး။လူမျိုးစုံတက်နေတာပဲ၊ကြည့်ကျက်လဲလုပ်ကြပါအုံး၊နိုင်ငံတခုတိုးတက်ယဉ်ကျေး
လာဖို့ကျောင်းမှာ(ကိုးကွယ်)ဘာသာလေးခုတောင်သင်အုံးမတဲ့အရပ်ကတို့...။


တနင်္လာ--ဗုဒ္ဒဘာသာ
အင်္ဂါ-ခရစ်ယာန်
ဗုဒ္ဒဟူး-ဟိန္နူ
ကြာသာပတေး-အစ္စလာမ်
သောကြာ-(နဲနဲစီမျှပြီးထပ်သင်)

ငါ့နယ်...အဘသန်းရွှေကိုတောင်နဲနဲတမ်းတချင်လာပြီနော်....

April လ ၁ ရက်နေ့ထုတ် The Weekly Eleven News Journal








သမ္မတဟောင်းဂျင်မီကာဒေါ်အောင်ဆန်းစုကြည် မှတွေ့ ဆုံ။


3-4-2013
ဓါတ်ပုံ Bun Ny