Thursday, April 4, 2013

ဘာလင်မြို့  အစ္စလာမ်ပလီ ရှေ့အမျိုးသမီးတွေဆန္ဒပြ ။

Htay Tint's photo.
ကိုယ်ကျင့်တရား လူ့ကျင့်ဝတ် တို့ နဲ့ 
အမျိုးသမီးတွေ လွတ်လပ်ခွင့်ကို 
ကန့် သတ် ချုပ်ချယ်တာကို ဆန္ဒပြ ။
ဂျာမဏီနိုင်ငံ ဘာလင်မြို့  
အစ္စလာမ်ပလီ တွင်ဖြစ်သည် ။
 Published on Apr 4, 2013

Crying "Fuck Islamism!" and "Free Amina!" six activists from women's rights group Femen braved freezing temperatures Thursday to protest sans shirts in front of a mosque in Berlin. The protest in the German capital comes on worldwide "topless jihad day" organized as a gesture of support for 19-year-old Tunisian woman Amina Tyler, who was threatened with death by stoning when she posted topless images of herself making a lewd gesture with the words "Fuck your morals" written across her chest on the Femen-Tunisia Facebook page.

Oleksandra Shevchenko, a founder of the group known as Alexandria, says: "We are free, we are naked, it's our right, it's our body, it's our rules, and nobody can use religion or some other holy things to abuse women, to oppress them and we will fight against them and our boobs will be stronger than their stones."

Tunisian newspaper Kapitalis quoted Salafist preacher Almi Adel, also head of the Commission for the Promotion of Virtue and Prevention of Vice, as saying the "severity of her crimes" demanded being stoned to death. Under Tunisian law, Tyler could face two years in prison and a fine between €48.60 and €486 (100 to 1,000 Tunisian dinars) if she is found to have posted the images while inside the country.
ကိုယ်ကျင့်တရား လူ့ကျင့်ဝတ် တို့ နဲ့ 
အမျိုးသမီးတွေ လွတ်လပ်ခွင့်ကို
ကန့် သတ် ချုပ်ချယ်တာကို ဆန္ဒပြ ။
ဂျာမဏီနိုင်ငံ ဘာလင်မြို့ 
အစ္စလာမ်ပလီ တွင်ဖြစ်သည် ။
Published on Apr 4, 2013

Crying "Fuck Islamism!" and "Free Amina!" six activists from women's rights group Femen braved freezing temperatures Thursday to protest sans shirts in front of a mosque in Berlin. The protest in the German capital comes on worldwide "topless jihad day" organized as a gesture of support for 19-year-old Tunisian woman Amina Tyler, who was threatened with death by stoning when she posted topless images of herself making a lewd gesture with the words "Fuck your morals" written across her chest on the Femen-Tunisia Facebook page.

Oleksandra Shevchenko, a founder of the group known as Alexandria, says: "We are free, we are naked, it's our right, it's our body, it's our rules, and nobody can use religion or some other holy things to abuse women, to oppress them and we will fight against them and our boobs will be stronger than their stones."

Tunisian newspaper Kapitalis quoted Salafist preacher Almi Adel, also head of the Commission for the Promotion of Virtue and Prevention of Vice, as saying the "severity of her crimes" demanded being stoned to death. Under Tunisian law, Tyler could face two years in prison and a fine between €48.60 and €486 (100 to 1,000 Tunisian dinars) if she is found to have posted the images while inside the country.

ဂျော်ဒန်နိုင်ငံရှိ မြန်မာလုပ်သား ၉၀၀ ကျော် နိုင်ငံသို့ပြန်လာလို၊

တောင်ကိုရီးယား လုပ်သားတွေကို မြောက်ကိုရီးယား က ဝင်ခွင့်မပေး တော့

r

3 ဧပြီလ 2013 -
bbc.co.uk

ကေဆွမ် စက်မှုဇုံ ဝင်ပေါက်တောင်နဲ့ မြောက် ကိုရီးယား နယ်စပ် က မြောက်ကိုရီးယား နယ်နိမိတ် ဘက်မှာ ကျရောက်နေတဲ့ တောင်နဲ့မြောက် ပူးပေါင်း စက်မှုဇုံ ဝင်းထဲ ကို တောင်ကိုရီးယား အလုပ်သမား တွေ မလာနိုင်အောင် မြောက်ကိုရီးယားက တားမြစ် လိုက်ပါတယ်။ကေဆွမ် စက်မှုဇုံ ဝင်းထဲ က တောင်ကိုရီးယား နိုင်ငံသားတွေ သူတို့ နိုင်ငံ ဘက် ပြန်သွားချင်ရ တော့ ပြန်သွား နိုင်ပြီး လာခွင့် ကို ပိတ်လိုက်တာပါ။ဒါဟာ သဘောထားကွဲနေတဲ့ ကိုရီးယား ကျွန်းဆွယ်မှာ နောက်ထပ် တင်းမာမှုတွေ ထပ်ဖြစ် စေနေ ပါတယ်။တောင်ကိုရီးယားမှ ၂နိုင်ငံ ပူးပေါင်းရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်မ်အင်စွပ် က ကေဆွမ် အလုပ်ရုံတွေ ဖက် ကို ဝင်ရောက်ခွင့် မပေးဘူးလို့ ဗုဒ္ဓဟူးနေ့ မနက် က အကြောင်းကြား လာလို့ အခုလို ပိတ်ဆို့တဲ့အပေါ် တောင်ကိုရီးယားအစိုးရ က ဝမ်းနည်းကြောင်း ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။တောင်ကိုရီးယား နိုင်ငံသားတွေ ကေဆွမ် စက်မှုဇုံ ကနေ ထွက်ခွာလို့ ရပေမယ့် တောင်ကိုရီးယားဘက် ကနေ ဝင်ခွင့်မရတာ ဖြစ်တယ် လို့ အစိုးရ ကပြောပါတယ်။အခု ဖက်စပ်လုပ်ငန်း ဟာ မြောက်ကိုရီးယား အတွက် အရေးကြီးတဲ့ ဝင်ငွေရ လုပ်ငန်းဖြစ်ပြီး ၂ နိုင်ငံ ဆက်ဆံရေး အတွက်အရေးကြီး တဲ့ ပြယုဂ် လည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမြောက်ကိုရီးယားက စစ်ရေး ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပြီး နျူးကလီယားလက်နက် လုပ်တာ ကို ပြန်စဖို့ ကြေညာသွားပါတယ်။တောင်မြောက် ၂နိုင်ငံ နယ်စပ်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် လူစီ ဝီလီယံဆင် ကတော့ တောင်ကိုရီးယားဘက် ကနေ အလုပ်သွားလုပ်သူ အများစုဟာ ချက်ချင်းပြန်လာဖို့ကို မဆုံးဖြတ်ကြပါဘူးတဲ့၊ အကြောင်းကတော့ မြောက်ကိုရီးယား ဘက်ခြမ်းမှာ ရှိနေတဲ့ အဲဒီ ကေဆွမ် စက်မှုဇုန် ဘက် ပြန်ဝင် မရတော့မှာကို စိုးရိမ်လို့ပဲ ဖြစ်ပါတယ် လို့ ပြောပါတယ်။


..............................................................................

နောက်ဆုံးရသတင်းတချို့မှာတော့ဒုံးကျည်တွေကိုအရှေ့ဖက်ကမ်းရိုးတမ်းဆီရွေ့ပြောင်းနေပြီ။ ပစ်လွှတ်မယ်လိုလဲသိထားတယ်။တကယ်ပစ်မှာလားစမ်းသပ်မှာလားတော့မသေချာသေးဖူးဆိုပါတယ်။ ................................

မြောက်ကိုရီးယားက ရင်ဆိုင်ဖို့ အသင့်ပြင်
4 ဧပြီလ 2013 - 15:47 GMT
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်


မြောက်ကိုးရီးယားက အမေရိကန်ကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ သူ့ရဲ့ ဒုံးပစ်စင်တွေကို အသင့်အနေအထား ပြင်ထားလိုက်ပြီလို့ ပြောပါတယ်။
ဒါဟာ ကိုးရီးယားကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တဆင့်ပြီး တဆင့် ထပ်တိုးလာတဲ့ အနေအထားပါ။
အမေရိကန်ဘက်က ဂူအမ်ဆိုတဲ့ ပစိတ်ဖိတ်ကျွန်းက သူတို့ရဲ့ အခြေစိုက် စခန်းမှာ ဒုံးပျံ ကာကွယ်ရေး စနစ်တခု တပ်ဆင်ထားလိုက်ပြီလို့ ကြေညာ ခဲ့တဲ့အတွက် မြောက်ကိုးရီးယားကလည်း ဒါကို တန်ပြန် တုံ့ပြန်တဲ့အနေနဲ့ သူတို့ဘက်ကလည်း ပြင်ဆင်တဲ့အကြောင်း ပြလိုက်တာပါ။
တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီး Kim Kwan-jin က ပါလီမန် ကော်မတီတခုကို ရှင်းပြရာ မှာတော့ မြောက်ကိုးရီးယားဟာ အခုဆိုရင် သူ့ရဲ့ ဒုံးပျံ တစင်းကို နိုင်ငံအရှေ့ပိုင်း ကမ်းခြေဆီကို ရွှေ့ထားလိုက်တာ တွေ့ရတယ်လို့ ပြောပါတယ်။
မြောက်ကိုးရီးယားဘက်က အစောပိုင်းတုန်းကလည်း နျူကလီးယား လက်နက်နဲ့ အမေရိကန်ကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက် ခဲ့ပါသေးတယ်။
အဲဒီ ပစ်ခတ်မယ့် အထဲမှာ အမေရိကန် နိုင်ငံတွင်းနဲ့ ဟာဝိုင်ယီကျွန်း၊ နောက် ပစိဖိတ် သမုဒ္ဒရာအတွင်းက ဂူအမ် အခြေစိုက်စခန်းတွေကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုးရီးယားမှာ အမေရိကန်ထိ အဝေးကြီး ပစ်ခတ်နိုင်လောက်တဲ့ လက်နက်မျိုး မရှိသေးဘူးလို့ ပညာရှင် အများစုက ယုံကြည်ကြ ပါတယ်။ ကိုးရီးယား ကျွန်းဆွယ်မှာ မြောက်ကိုးရီးယားဟာ ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ နောက်ဆုံး ပစ်ခတ်မှုကတော့ ၂၀၁၀ တုန်းက တောင်ကိုးရီးယား ယုံပြောင်းကျွန်းကို နောက်ဆုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတလဲမှတ်ပုံတင်ပြရမည်။

ဒါလဲဂျာနယ်သတင်းဖြစ်သွားတာပဲ...

ကျောင်းသား ခေါင်းဆောင် ကိုရဲမင်းဦးကို ဧပြီ ၂၃ ရက်နေ့ ဒုတိယအကြိမ် ရုံးထုတ်မည်



April 5, 2013 at 4:44 am
မောင်အေး
မတရား စွပ်စွဲ ဖမ်းဆီးခံရသည်ဟု သူ့လုပ်ဖေါ်ကိုင်ဘက်များက ခိုင်ခိုင်မာမာ ယုံကြည်ထားသော ကျောင်းသား ခေါင်းဆောင် ကိုရဲမင်းဦးကို ဧပြီလ ၂၃ ရက်နေ့တွင် ဒုတိယ အကြိမ် ရုံးထုတ်သွားမည်ဟု သိရသည်။
Photo: BVJ
Photo: BVJ
ကိုရဲမင်းဦးကို ဧပြီလ ၄ ရက် ယနေ့တွင် ပထမအကြိမ် ရုံးတင် စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဧပြီလ ၂၃ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည်ဖြစ်ကြောင်း သူ၏ လုပ်ဖေါ်ကိုင်ဘက် တစ်ဦးက ပြောသည်။
“သူ့ကို ဒီလ ၂၃ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးတင်စစ်ဆေးမှာ ဖြစ်ပါတယ်။ ရဲမင်းဦးက မတရား ဖမ်းဆီး ခံရတာဖြစ်တယ်လို့ ယုံကြည်ထားတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘက်ကလည်း အတတ် နိုင်ဆုံး ဥပဒေကြောင်း အရ ခုခံကာကွယ်ဖို့ အတွက် ရှေ့နေနှစ်ဦးလည်း ငှားထားပါတယ်”ဟု ပြော သည်။
ကိုရဲမင်းဦးကို ဧပြီလ ၄ ရက်နေ့  နံနက်ပိုင်းက ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော် အကြည်ညို ပျက် စေမှုပုဒ်မ ၅၀၅ (ခ) နှင့် ရုံးထုတ်ခဲ့သည်။
ကိုရဲမင်းဦးကို မည်သည့်အကြောင်းနှင့် ယခုကဲ့သို့ ဖမ်းဆီး ထိမ်းသိမ်း ထားသည်ကို အတိအကျ ပြောရန် ခက်ခဲသော်လည်း ၉၆၉ လှုပ်ရှားနှင့် နာမည်ကြီး တရားဟော ဆရာတော် တချို့ကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု အာဏာပိုင်များက သံသယ ရှိနေ၍ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။
“သူ့ကို ဘာကြောင်း အာဏာပိုင်တွေက ဖမ်းတယ်ဆိုတာကို ကျွန်တော်တို့ အတိအကျ မပြော နိုင်ဘူး။ ဒါပေမဲ့ တစ်ခု ရှိတာက –  ကိုရဲမင်းဦးဟာ ရွှေည၀ါဆရာတော်၊ ပဲခူးဆရာတော်၊ မန္တလေး ဆရာတော်နဲ့ မော်လမြိုင်က ဆရာတော်တွေကို ဒီဟာလုပ်၊ ဒီလိုဟော၊ ဒီဟာတွေကိုထုတ် ဆိုပြီး ကြိုးကိုင်တယ် ဆိုပြီး စွပ်စွဲထားတယ်လို့တော့  ကိုရဲမင်းဦး ပြောခဲ့တယ်”  ဟု သူက ဆိုသည်။
ကိုရဲမင်းဦးကို မတ်လ၂၅ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ ခန့်က ဗဟန်း မြို့နယ် ဦးသာသနာ့ကျောင်း တိုက်မှ အရပ်ဝတ်နှင့် လူနှစ်ဦးက လာရောက်ခေါ်ဆောင်သွားခဲ့ပြီးနောက် ပျောက်ဆုံးနေခဲံ့သည်။ ယခုကဲ့သို့ ကိုရဲမင်းဦး မတရားဖမ်းဆီးခံရသည့်အတွက် မိသားစုများမှလည်း စိုးရိမ်နေကြပြီး ဖခင် ဖြစ်သူမှာ ကျန်းမာရေး မကောင်းဖြစ်နေကြောင်း သိရသည်။ မိသားစုဝင်များနှင့် ကိုရဲမင်းဦး ရက်အတန်ကြာ အဆက်အသွယ် ပြတ်တောက်ခဲ့သည့်အတွက် မတ်လ ၂၆ ရက်နေ့က ဗဟန်းမြို့နယ် ရဲစခန်းတွင် ၁၃/၂၀၁၃ ဖြင့် လူပျောက်အနေဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပြီး မတ် လ ၂၉ ရက်နေ့တွင် ပြည်သူ့လွတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေး ကော်မီတီ၊ ရခိုင် နိုင်ငံရေး ပါတီများ၊ နိုင်ငံတကာသံရုံးများနှင့်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ ရခိုင်လူ ငယ်များအဖွဲ့ (AYO) အသိ တိုင်ကြားခဲ့သည်။ ကိုရဲမင်းဦးမှာ ကျောင်းသားသမဂ္ဂ (ဖြစ်မြောက်ရေးကော်မီတီ) အတွင်းရေးမှူး တာဝန်ယူထားပြီး ၂၀၀ ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့သည့် အတွက် အာဏာပိုင်များမှ ဖမ်းဆီး အကျဉ်း ချခြင်းကို ခံခဲ့ရပြီး ၂၀၁၁ ခုနှစ် မေလတွင် ပြန်လည် လွှတ်မြောက်လာသည်။ ဖမ်းဆီး ထောင်ချ မခံရမှီက စီးပွားရေး တက္ကသိုလ် (ရန်ကုန်)တွင် ပညာသင်ကြားနေသူ တစ်ဦး ဖြစ်ပြီး ထောင်မှ လွှတ်လာပြီးနောက် ပညာသင်ကြားခွင့်ကို ပိတ်ပင်ခံထာရသူ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)၏ ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။
ကိုရဲမင်းဦးသည် အကျဉ်းထောင်မှ ပြန်လည် လွှတ်မြောက်လာပြီးနောက် အမျိုးသားနိုင်ငံရေးတွင် တက်ကြွစွာ ပါဝင် လူပ်ရှားနေသူ တစ်ဦး ဖြစ်ပြီး လက်ရှိ အချိန်တွင်လည်း ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မီတီ)တွင်လည်း အတွင်းရေးမှူး အဖြစ် ဆောင်ရွက်နေသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။
ကိုရဲမင်းဦးအား ဘာသာရေး  လူမျိုးရေး ပဋိပက္ခများနှင့် ဆက်စပ်ပြီး မတရား စွပ်စွဲ ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး သူ့၏ လုပ်ဖေါ်ကိုင်ဘက်များ အကြားတွင် စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။
http://www.narinjara.com/burmese/?p=4943

ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှုးမှ ရပ်ကွက်အုပ်ချုပ်ရေးမှုးလစာ ခေါင်းပုံဖြတ်


 တနင်္သာရီတိုင်း ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှုးသည် အသစ်ရွေးချယ်ထားသော
 ရေဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှုး ၄၀ ကျော်ထံမှ လစာများကို အပြည့်မပေးပဲ
သင်္ကြန်အတွက်ဟုဆိုက တစ်ယောက် ၁၅၀၀၀ ကျပ်စီ အတင်းအဓမ္မကောက်ခံ လျက်
ရှိကြောင်း သိရသည် ။
 "ကျွန်တော်တို့ မတ်လ ၃၁ ရက်နေ့က လခထုတ်တော့ ၁၅၀၀၀ ကို
သင်္ကြန်အတွက်ဆိုပြီး အဓမ္မ ဖြတ်လိုက်တယ် ။ လစာက ၇၅၀၀၀ ထဲရတာကို ဒီလို
ကျွန်တော်တို့ရဲ့သဘောဆန္ဒမပါပဲ အတင်းကောက်ခံတာကို မကျေနပ်ဘူး ။ သန့်ရှင်းသော
အစိုးရ ကောင်းမွန်သော အစိုးရလို့ ပြောနေချိန် အခုလို ၀န်ထမ်းအချင်းချင်း
 ခေါင်းပုံဖြတ်တာတော့ လက်မခံနိုင်စရာပဲ  " ဟု အမည်မဖော်လိုသော ကျေးရွာ
အုပ်ချုပ်ရေးမှုး တစ်ဦးက ပြောဆို သည် ။ ရေဖြူ မြို့နယ် အုပ်ချုပ်ရေးမှုး ဦးတင့်နိုင်မှ မတ်လ
၃၁ ရက်နေ့ လစာထုတ်ပေးစဉ် အခုလို ခေါင်းပုံဖြတ်ခြင်းဖြစ်ခြင်းဖြစ်သည် ။

ရွှေထားဝယ်သား

ကိုရဲမင်းဦးအားရုံးထုတ်စဉ်၎င်းကသံဃာတော်များအားညွန်ကြားခဲ့တာမရှိဟုပြော

r BurmaVJMedia
Published on 4 Apr 2013
မတ်လ ၂၅ ရက်နေ့ ညကတည်းက ပျောက်ဆုံးသွားခဲ့ပြီး မတ်လ ၂၆ ရက်နေ့တွင် လူပျောက်အမှတ်စဉ် ၁၃/၂၀၁၃ ဖြင့် ဗဟန်းမြို့နယ် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားသော ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) မှ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးအား ဒီကနေ့ ဧပြီလ ၄ ရက်နေ့ နံနက် ၁၁း၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံး၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် စတင် ရုံးတင်စစ်ဆေးခဲ့ပါသည်။ ရုံးထုတ်စဉ် ကိုရဲမင်းဦးမှ ၎င်းအား OIC ရုံး မြန်မာနိုင်ငံတွင် အခြေစိုက်မည့်အရေး ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့မှုဖြင့် ယခုလို ဖမ်းဆီး အရေးယူခံရခြင်း ဖြစ်ကြောင်းနှင့် လက်တလော ဖြစ်ပွားနေသည့် ပဋိပက္ခများမှာ ၉၆၉ နှင့် လုံးဝ မသက်ဆိုင်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။