Saturday, April 6, 2013

လိုချင်တာသာယူပါ..တိရိစ္ဆာန်များကိုတော့ ချမ်းသာပေးပါ..




ဧပြီလ ၆

သားသမီးမြေးမြစ်တွေကို နိုင်ငံခြားမှာထားပြီး မြန်မာနိုင်ငံတွင် သူ၏ဘ၀ကိုမြှပ်နှံကာ အနစ်နာခံ၍ ပြည်သူများအတွက် အလုပ်လုပ်ပေးနေသည့် ကျေးဇူးကြီးမားလှပါသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းဟာ မြန်မာနိုင်ငံသူ နိုင်ငံသားများ အတွက်သာမက ရန်ကုန်မြို့လယ်ခေါင်ရှိ တိရိစ္ဆာန်ဥယျာဉ်အတွင်း မှီတင်း နေထိုင်သော တိရိစ္ဆာန်များသည် လူနေထူထပ်သော ရန်ကုန်မြို့လယ်ခေါင်၌ နေရပါသောကြောင့် လေထုညစ်ညမ်းပြီး တိရိစ္ဆာန်များရဲ့ ကျန်းမာရေးထိခိုက်စေနိုင်ပါသဖြင့် ရန်ကုန်မြို့ပြင် လှော်ကားဥယျာဉ်အတွင်းသို့ တိရိစ္ဆာန်များအား ပြောင်းရွေ့ရန် စေတနာများစွာဖြင့် စဉ်းစားစီစဉ်နေကြောင်း သိရှိရပါတယ်။
ကျေးဇူးကြီးလှပါသော ၀န်ကြီးရယ်...၀န်ကြီးဟာ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌဖြစ်လာပြီးမှ မြန်မာနိုင်ငံထဲမှာရှိတဲ့ အချက်အခြာနေရာအတော်များများကို ရင်းနှီးမြှုပ်နှံမှုအပေါ် ခုတုံးလုပ်လို့ လက်ညှိုးထိုးရောင်းစားခဲ့တာလည်း တော်တော် များနေပါပြီ။ မိသားစုတွေလည်း ဆယ်သက်စားမကုန် လောက်တော့ပါဘူး။ ဒါတောင်မှ တိရိစ္ဆာန်တွေရဲ့နေရာကိုလည်း ချမ်းသာမပေးဘဲ သိမ်းပိုက်ရယူဖို့ ဆင်ကြံကြံနေပါသေးတယ်။ သြော်...တိရိစ္ဆာန်တွေအပေါ်မှာ ဘ၀ဟောင်းက အညှိုး တွေများ ရှိခဲ့လေသလား ၀န်ကြီးရယ်။
လှော်ကားဥယျာဉ်အတွင်း တိရိစ္ဆာန်များထားဖို့ စီမံကိန်းအသစ် အကောင်အထည်ဖော်ရာမှာ ရင်းနှီးသောလုပ်ငန်းရှင် များကို လက်ဆောင်ပဏ္ဍာ ဈေးပြိုင်စနစ်နဲ့ စီမံကိန်းလုပ်ငန်းချထားပေးနိုင်သလို လစ်လပ်သွားတဲ့ တိရိစ္ဆာဥယျာဉ်နေရာ ဟောင်းကိုလည်း ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ ခေါင်းစဉ်ပြကာ နိုင်ငံခြားရှိ သားသမီးများရဲ့အဆက်အသွယ်နဲ့ မိတ်ဆွေနိုင်ငံ ခြားသား ကုမ္ပဏီလုပ်ငန်းရှင်များကို မျက်နှာမလိုက်ဘဲ ရင်းနှီးမြှုပ်နှံခွင့်ပြုသွားနိုင်တဲ့ ၀န်ကြီးရဲ့နှစ်သီးစားအကြံတွေကို လေးစားနေမိပါတယ်။
ငယ်စဉ်က ကျောင်းပိတ်ရက်တွင် မိဘများနဲ့ မောင်နှမတတွေ ပျော်ပွဲစားခရီးသွားကြတဲ့အခါ ရွှေတိဂုံဘုရားကြီးကို အရင်း ဆုံးဖူးမြော်ရပါတယ်။ ပြီးရင် တိရိစ္ဆာန်ဥယျာဉ်အတွင်း တိရိစ္ဆာန်များ အကြောင်းကို ဖေဖေကလိုက်ရှင်းပြတဲ့အခါ ကျွန်တော် တို့မှာ တအံ့တသြနဲ့ပေါ့ဗျာ။ ပြီးတော့မှ အိမ်ကပါလာတဲ့ အစားအသောက်များနဲ့ ပျော်ပျော်ပါးပါးစားသောက်ကြရင်း ပန်းခြံထဲမှာ ဆော့ကစား ခဲ့ကြတာဟာ ညနေစောင်းတဲ့အထိပါဘဲ။ ယခုအချိန်အထိလည်း ပြည်သူများဟာ မိသားစု ဆွေမျိုးများ အလိုက် ပျော်ရွှင်စွာသွားလာနေတာကိုမြင်ရပြီး ငယ်စဉ်ကာလကို ပြန်လည်သတိရမိပါတယ်။ ပြည်သူများရဲ့ ပျော်ရွှင်ကြည်နူးချမ်းမြေ့မှုတွေကို ဘယ်လိုပိုမိုပျော်ရွှင်အောင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရမလဲဆိုတာ မစဉ်းစားဘဲ ပြည်သူတွေရဲ့သာယာပျော်ရွှင်မှုကို မနာလိုမရှုစိမ့်တဲ့စိတ်နဲ့ သူတော်ကောင်းစကားတွေပြောပြီး မလှိမ့်တပတ်နဲ့ ကြံစည် နေတာဟာ အစိုးရအဖွဲ့ဝင် လူကြီးလူကောင်း အဆင့်နဲ့တောင် မတန်မရာလုပ်နေသူလို့သာ ထင်မြင်မိပါတယ်။
နိုင်ငံတကာမှာလည်း တိရိစ္ဆာန်ဥယျာဉ်တွေ မြို့လယ်ခေါင်မှာတည်ရှိနေတာကို နိုင်ငံတကာသို့ လှည့်လည် သွားလာခဲ့ ဖူးသော ၀န်ကြီးအနေနှင့် မလေ့လာခဲ့တာဘဲလား။ ပြည်သူတွေအပန်းပြေမှု၊ အသိပညာရရှိမှု၊ သုတေသနလုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေမှု၊ သဘာဝကိုအခြေခံသော ခရီးသွားနေရာဖြစ်စေမှု၊ မြို့တွင်းမှာ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်း မှုတွေကို အကျိုးရှိနေစေတယ် ဆိုတာရော လေ့လာမိပါသလား။ ကမ္ဘာလှည့်နိုင်ငံခြားသားများအတွက် ခရီးသွားနေရာ တစ်ခုဖြစ်အောင် အဆင့်အတန်းမြှင့်တင်ပေးရမယ်ဆိုတာရော စဉ်းစားမိပါသလား။ ဒါတွေကို သိလျက်သားနဲ့ လျစ်လျူရှုပြီး လောဘဇောတက်ကာ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုတဲ့စိတ်နဲ့ လုပ်နေတာလားလို့ မေးချင် ပါတယ်။ ၀န်ကြီးရဲ့ မြေး၊ မြစ်တွေက ဒီနိုင်ငံမှာမရှိတော့လည်း ခင်ဗျားအနေနဲ့က ဘာမှထောက်ထား ညှာတာစရာ မရှိတော့ဘူးပေါ့ဗျာ။
ပြည်သူအများရဲ့ ဝေဖန်ထောက်ပြမှုကြောင့် ရှက်ရမ်းရမ်းပြီး ၀န်ကြီးဦးစိုးသိန်းအနေနှင့် သမ္မတကိုပိုင်တယ်ဆိုပြီး အပြော ကောင်းကောင်းနဲ့ တိရစ္ဆာဥယျာဉ်ကို လေလံပစ်လိုက်ရင် နိုင်ငံတော်နှင့် ပြည်သူများဘဲ ဆုံးရှုံးနစ်နာရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူများ ခင်ဗျာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို အဆင့်မမြှင့်တင် ပေးရင်နေပါ၊ မြန်မာလူမျိုးများရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရိစ္ဆာန်များအပေါ်တွင် ချစ်ခင်မြတ်နိုးစွာထိန်းသိမ်း ထားသော ပြယုဂ်ကို မဖျက်ဆီးပါနဲ့လို့ ဆန္ဒပြုတင်ပြလိုက်ရပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတစ်ဦး






ဗုံးခွဲ တိုက်ခိုက်မည့် သတင်းကြောင့် အာဏာပိုင်များက ဘူးသီးတောင်တွင် လုံခြုံရေး သတိပေး



 April 6, 2013 at 12:09 pm

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဗုံးခွဲ တိုက်ခိုက်မည်ဆိုသော သတင်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အာဏာပိုင်များမှလည်း ပြည်သူများကို သတိနှင့် နေထိုင်ကြရန် ပြောကြားထားသည်ဟု သတင်း ရရှိသည်။

Buthidaungအစိုးရ တာဝန်ရှိသူများက ပြည်သူများအား သတိပေးထားသဖြင့် ဗုံးခွဲ တိုက်ခိုက်မည့် သတင်းမှာ ကောလဟလ သတင်း  မဟုတ်ပါကြောင်း ဘူးသီးတောင် အမှတ် (၆) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောသည်။

“ ခုဖြစ်နေတဲ့ သတင်းက ကောလဟလ သတင်းဆိုပီး ပြောလို့ မရဘူး။ အာဏာပိုင်တွေ ကိုယ်တိုင်က လူထုကို သတိထားပြီး နေထိုင်ကြဖို့ ပြောထားတဲ့ အတွက် ဒါ ဖြစ်နိုင်ချေ ရှိနေပါတယ်” ဟု သူက ပြောသည်။

လက်ရှိ ရထားသော သတင်းများ အရ ဧပြီ (၆) ရက်နှင့် (၁၁) ရက်နေ့များတွင် မွတ်ဆလင် အကြမ်းဖက် အဖွဲ့ တစ်ခုမှ ဗုံးခွဲ တိုက်ခိုက်ရန် အစီအစဉ် ရှိသည်ဆိုသော သတင်းအား ရရှိထားကြောင်း အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သို့အတွက်  လူထုအား စားသတိ၊ လာသတိ ထားရှိကြရန် ဒေသ အာဏာပိုင်များက နီးစပ်ရာမှ တဆင့် သတိပေး ပြောကြားထားကြောင်း သူက ဆိုသည်။

ဘူးသီးတောင်မြို့နယ် ရတပ ပါတီ အဖွဲ့ဝင် တစ်ဦးမှလည်း ဘူးသီးတောင်တွင် ဗုံးခွဲ တိုက်ခိုက်မည့် သတင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ယခုအခါ လူထုအား သတိထား နေထိုင်ကြရန် အာဏာပိုင်များက ပြောကြားထားသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

၎င်းပြင် နယ်စပ် တလျှောက်တွင် တပ်မတော်မှ လုံခြုံရေး အစီအမံများကို ယခင်ကထက် တိုးမြှင့် ဆောင်ရွက်နေပြီး နယ်မြေလုံခြုံရေးကိုလည်း အထူးဂရုစိုက်လျှက်ရှိသည်ဟု သူက ဆိုသည်။
http://www.narinjara.com/burmese/?p=4969

ဖမ်းဆီးခံ ကိုရဲမင်းဦးကိစ္စ မိသားစုဝင်တွေက သတင်းစာရှင်းလင်းပွဲလုပ်မည်။

Naung Taw Gyi

ပေါက်တောမြို့နယ် မှ (၃)နှစ်သားအရွယ်ကလေးနှစ်ဦးအားတရားဝင်လက်ထပ်ပေးမည်


(ဘ၀ဟောင်းက ချစ်သူနှစ်ဦး ယခုဘ၀ (၃)နှစ်သားအရွယ်တွင် တရားဝင်လက်ထပ်မည်)

ပေါက်တောမြို့နယ် ၊ ကြိမ်ခွေမော်ကျေးရွာ အံ့ဖွယ်လူဝင်စားထူးခြားဖြစ်စဉ်
+++++++++++++++++++++++
ပေါက်တောမြို့တွင် လွန်ခဲ့သော (၄)နှစ်ခန့်က ပေါက်တောမြို့နယ် ၊ နတ်တောင်ပြင်ကျေးရွာမှ ချစ်သူနှစ်ဦး
(ထိုချစ်သူနှစ်ဦး၏မိဘအမည်နှင့်ကာယကံရှင်အမည်နှင့်မှတ်တမ်းဓါတ်ပုံများနောက်တင်ပြပေးပါမည်)
မှာ အကြောင်းအမျိုးမျိုးကြောင်း မဆုံဖြစ်ကြ၍ ရွာအပြင်ဘက်ကောက်ရိုးပုံဘေးတွင် အဆိပ်စား
သေဆုံးပြီးနောက် ပေါက်တောမြို့နယ် ၊ နတ်တောင်ပြင်ကျေးရွာနှင့် (၂)မိုင်ခန့်ဝေးသော ကြိမ်ခွေမော်ကျေးရွာနေ ဦးမောင်ညွန့်တင် နှင့် ဒေါ်သန်းသန်းယဉ်တို့ထံတွင် ယောင်္ကျားဖြစ်သူက၀င်စားပြီး ၊ တစ်ရွာတည်းနေ ဦးဦးသန်းမောင်
ဇနီး ဒေါ်ခင်ခင်သန်း တို့ထံတွင် မိန်းခလေးဖြစ်သူဝင်စားကာ ယခုအချိန် (၃)နှစ်အရွယ်ကလေးအဖြစ် ကျန်းမာစွာရှင်သန်လျက်ရှိပါသည်။
 အဆိုပါချစ်သူနှစ်ဦး၏ယခုဘ၀အမည်များမှာ မောင်ဖြူသန်းလင်း နှင့် မပုပုသန်း တို့ဖြစ်ကြသည်။

သူတို့နှစ်ဦးသည် အသက်အရွယ်နှင့် မလိုက်အောင် လူကြီးဆန်ကြပြီး တစ်ဦးနှင့်တစ်ဦးချိန်းတွေ့ခြင်းများပြုလုပ်ခဲ့ကြသည်။

ချိန်းတွေ့သည်ဆိုရာတွင် ကလေးမပျောက်သည်ဟု မိဘများလိုက်ရှာတိုင်း ယောင်္ကျားကလေးအိမ်ကိုရောက်နေတတ်ခြင်း
ယောင်္ကျားကလေးပျောက်သည်ဟု မိဘများလိုက်ရှာတိုင်း ကောင်းမလေးအိမ်ကိုရောက်နေတတ်ခြင်းများဖြစ်ပြီး နောက်ဆုံးစကားပြော
တတ်အရွယ်(ယခု ၃ နှစ်အရွယ်) သို့ရောက်သောအခါ ယခုဘ၀မိဘများကို ကိုယ်စီကိုယ်စီဘ၀ဟောင်းအကြောင်းများကို ဖွင့်ပြောကြပြီး
လက်ထပ်ပေးရန်အတင်းတောင်းဆိုကြောင်း ၊ လက်ထပ်မပေးပါက ယခငဘ၀ကကဲ့သို့ အဆုံးသတ်သေမည်ဖြစ်ကြောင်း အကြိမ်ကြိမ်
တောင်းဆိုသဖြင့် အထက်ဖေါ်ပြပါဖိတ်စာအစီအစဉ်များအတိုင်း နှစ်ဘက်မိဘများမှ (၃)နှစ်အရွယ် ကလေးနှစ်ဦးအား တရားဝင်လက်
ထပ်ပေးမည်ဖြစ်ပါသည်။ လက်ထပ်မှတ်တမ်းဓါတ်ပုံများ ထပ်မံတင်ပြပါမည်။ စိတ်ဝင်စားသူများ ဖိတ်စာပါအစီအစဉ်အတိုင်း
လာရောက်ကြည့်ရှုလက်ဖွဲ့ပေးကြရန် တိုက်တွန်းပါသည်။
_____________________________

Sein Down၏ စာမျက်နှာမှ

မန္တလေးမြို့ က ဆိုင်တွေ အားလုံး ည(၁၀)နာရီ ပိတ်ရ


DVB TV News

မန္တလေးမြို့မှာ ဧပြီလ ၄ရက်နေ့ကစပြီး လက်ဖက်ရည်ဆိုင်တွေအပါအ၀င် ဆိုင်တွေအားလုံး ည ၁၀နာရီပိတ်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သတိပေး လိုက်ပါတယ်။ တင်ဆက်- ရဲဝင့်သူ ၊
ရိုက်ကူး- ချစ်ကို/ ငြိမ်းမိုးနောင်


=======================================

Win Mgthant မ/ဒဂုံ ကတော့ ၂၁း၀၀ နာရီ တဲ့ ဗျ။ ဒီကနေ့  မှ အမိန့် စာဖတ်ဖူးထားလို့ ပါ။

အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးမှ အမျိုးသမီးဝန်ထမ်းတစ်ဦးယနေ့ နံနက်တွင်အဓမ္မပြုကျင့် သတ်ဖြတ်ခံရဟုသတင်းထွက်



လက်ရှိအချိန်အထိကောလဟာလအဆင့်မျှသာ...
==========================

အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးမှ အမျိုးသမီးဝန်ထမ်းတစ်ဦး
ယနေ့ နံနက်တွင်အဓမ္မပြုကျင့် သတ်ဖြတ်ခံရပါပြီးအလောင်း
သံရုံးအဆောက်အဦးတွင်းမှာပင်ထားရှိကာ စစ်ဆေးနေကြောင်း
ကြားသိရပါသည်။ ကျွန်တော့်ထံ facebook Message မှတဆင့်
ရောက်လာသော သတင်းများသာဖြစ်ပြီး၊ အမှန်တယ်ခိုင်လုံမူ
ရှ/မရှိကို စုံစမ်းလျှက်ရှိပါကြောင်း။
လှိုင်ဘွား
=================
ဂျူး ဂျူး ခင်
2 hours ago near Yangon, Myanmar
အင်ဒိုနီးရှားထောင်ထဲမှာ မြန်မာ ၈ ယောက်အသတ်ခံရတယ်
ဒုက္ခသည်စခန်းမှာ မြန်မာ ၆ယောက် ဒဏ်ရာ ရ ၂ ယောက်
အင်ဒိုနီးရှား မြန်မာသံရုံးဝန်ထမ်းအမျိုးသမီး မတရားကျင့်ခံ
ရပြီး ရက်ရက်စက်စက် အသတ်ခံနေရပြီ..
=======================


မြန်မာ၈ယောက်အသတ်ခံရတာဘင်္ဂလီတွေကပျော်နေကြမှာပဲ..
နောက်ဆက်တွဲရလာဒ်ကတော့အင်ဒို၊မလေးနဲ့ဘင်္ဂလားရောက်
မြန်မာပြည်ကထွက်ပြေးလာပါတယ်ဆိုတဲ့ဘင်္ဂလီတွေတသက်ပြန်
စရာမြေမရှိတော့တာပဲ...အပြန်အလှန်လက်တုံ့ပြန်တဲ့စနစ်ကျင့်
သုံးချင်ရင်မြန်မာနိုင်ငံမှာမှီနေတဲ့ဘင်္ဂလီအရေအတွက်လေးတော့
ထည့်သွင်းစဉ်းစားစေချင်တယ်...
ပြီးမှဂျီနိုဆိုက်တယ်မအော်နဲ့.....။


တောင်နဲ့မြောက် ကိုရီးယား စစ်ဖြစ်ရင် မြန်မာတွေကို အစိုးရက ပြန်ခေါ်မယ်


DVB TV News



အေးနိုင် DVB - ၅ ဧပြီ ၂၀၁၃

မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံအကြား စစ်ဖြစ်ပွားရင် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ အရေးကို ကူညီဖြေရှင်ပေးဖို့ ကိုရီးယားအခြေစိုက် မြန်မာသံရုံးက ပြောပါတယ်။

မနေ့က သံအမတ် ဦးညွန့်လှိုင်ဟာ တောင်ကိုရီးယားနိုင်ငံအစိုးရတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သံရုံး ဒုတိယ အတွင်းဝန် ဒေါ်သင်းသင်းမြတ်က ရှင်းပြပါတယ်၊

“မနေ့က သံအမတ်ကြီးက တောင်ကိုရီးယားအစိုးရတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးပြီးပါပြီရှင်။ ကျမတို့သံရုံးထဲမှာဆိုရင်လည်း လုံခြုံရေးစီမံချက်တွေ ဆွဲထားပြီးပါပြီ။ မြန်မာနိုင်ငံအလုပ်သမား တစ်သောင်းကျော်နဲ့ ကျောင်းသား နှစ်ရာကျော်ရှိပါတယ်။ နိုင်ငံခြားသားနဲ့လက်ထပ်ထားတဲ့အမျိုးသမီးကောဆိုရင် တစ်သောင်းကျော်လောက်ရှိတော့ အကုန်လုံးအတွက်ကို သံအမတ်ကြီးက ဦးဆောင်ပြိးတော့ အစီအစဉ်ဆွဲထားပြီးသားပါ။ တောင်ကိုရီးယားဘက်ကလည်း သူတို့ဘက်က အတတ်နိုင်ဆုံး သံတမန်နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ပြောထားပြီးသားပါရှင်“လို့ ပြောပါတယ်၊

တောင်ကိုရီးယားနိုင်ငံမှာ နှစ်စဉ် နိုင်ငံခြားသားအလုပ်သမား ခြောက်သောင်းလောက်ငှားရမ်းရပြီး မြန်မာနိုင်ငံနဲ့ ကိုရီးယားအကြား အလုပ်သမားငှားရမ်းခွင့်ပြုစနစ် (အီးပီအက်စ) နဲ့ 2010 ကုန်ပိုင်းမှာ စတင်ငှားရမ်းတာပါ၊

ဒီနှစ်အတွက်လည်း မြန်မာနိုင်ငံသား လေးထောင့်ကိုးရာကို ထပ်မံပို့လွတ်ဖို့ စီစဉ်ထားပြီး လာမယ့်မေလမှာ စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန်မှာ ခုလို ကိုရီးယားနှစ်နိုင်ငံအကြား စစ်ဖြစ်မယ့်အရိပ်အယောင်ဖြစ်နေတာပါ၊

ဒီအရိပ်အခြေတွေကြောင့် ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က စစ်ဖြစ်ရင် သူတို့ရဲ့ နိုင်ငံသားတွေ ပြန်ခေါ်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်၊

အလားတူ မြန်မာနိုင်ငံအနေနဲ့လည်း ကိုယ့်နိုင်ငံသားတွေအကျိုးအတွက် အစွမ်းကုန် ကူညီပေးသွားမယ်လို့ ဆိုးလ်မြို့အခြေစိုက် မြန်မာ သံရုံး ဒုတိယ အတွင်းဝန် ဒေါ်သင်းသင်းမြတ်က ရှင်းပြပါတယ်၊ နှစ်နိုင်ငံစစ်ဖြစ်မယ်ဆိုရင် ကိုယ့်နိုင်ငံသားတွေ ပြန်ခေါ်မှာလားဆိုတဲ့မေးခွန်းကိုတော့ ဒေါ်သင်းသင်းမြတ်က အတတ်နိုင်ဆုံး ကူညီပေးသွားမယ်လို့ ပြောပါတယ်။

“ဟုတ်ပါတယ်ရှင့်။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ကာကွယ်သွားရမှာဖြစ်ပါတယ်။ အတတ်နိုင်ဆုံးလေ။ ဒီဖက်မှာ သံရုံးပေါင်း ခြောက်ဆယ်ကျော်ရှိတော့ တခြားသံရုံး ငါးဆယ်ကျော်နဲ့တော့ တိုင်ပင်ဆွေးနွေးပြီးတော့ လုပ်ထားတာရှိပါတယ်။ ဒီက နိုင်ငံတွေနဲ့ ဆွေးနွေးထားသလို ကျမတို့ မြန်မာနိုင်ငံဘက်က အစိုးရတွေနဲ့ဆွေးနွေးပြီးတော့ အစီအစဉ်တွေ ဆွဲထားပြီးသားပါ” လို့ သံရုံး ဒုတိယ အတွင်းဝန် ဒေါ်သင်းသင်းမြတ်က ဒီဗွီဘီကို ဖြေဆိုသွားပါတယ်၊
=======================================================
ကိုရီးယား ကျွန်းဆွယ်မှာ စစ်ရေးပြင်ဆင်မူတွေ ပြူလုပ်နေပီး အခြေအနေတွေ တင်းမာနေတာကြောင့် တောင်ကိုးရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တသောင်းကျော် အတွက် မြန်မာ သံရုံးက အစွမ်းကုန်ကာကွယ်သွားမယ်လို့  ဧပြီလ ၅ ရက် ဒီဗွီဘီက သံရုံးကိုဆက်သွယ်စဉ်မှာပြောဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လွတ်မြောက်နယ်မြေ (တောင်ကိုရီးယား) ရဲ့ ဒုဥက္ကဌ ဦးရန်နိင်ထွန်းက တော့ မြန်မာသံရုံးက သူတို့ ကို သတိပေးဆက်သွယ်အကြောင်းကြားတာမျိုးတွေ မရှိဘူး လို့  ပြောပါတယ်။
မြောက်ကိုးရီးယားခေါင်းဆောင်က သူရဲ့ တပ်တွေကိုအမေရီကန်ကို တိုက်ခိုက်နိုင်ဖို့ အသင့်အနေအထားမှာ ရှိဖို့ ညွှန်ကြားထားပြီး လိုအပ်ရင် နျူးကလီးယား လက်နက်တွေပါသုံးဖို့ အမိန့်ပေးထားပြီး ဖြစ်တယ်လို့ မြောက်ကိုရီးယားက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယားရဲ့ ဒုံးလက်နက် တစင်းကိုလည်း အရှေ့ ဘက်ကမ်းကို ပြောင်းရွေးချထားတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားတယ်ပါတယ်။ အမေရိကန် စစ်အခြေစိုက် စခန်းရှိရာ ဂူအမ် ကျွန်းမှာလည်း မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်ကို ကာကွယ်ဖို့ အဆင့်မြင့် ကာကွယ်ရေးစနစ်တွေကို ပြင်ဆင်နေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းကတော့ အခြေအနေတွေဆိုးမသွားအောင် မြောက်ကိုရီးယားအနေနဲ့ စကားကို အလွန်အကျွံ မပြောဘဲ ထိမ်းထိမ်းသိမ်းသိမ်းပြောဖို့  သတိပေးပြောဆိုပါတယ်။

အဖွဲ့ချုပ် အမျိုးသား ကျန်းမာရေး ကွန်ယက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား



DVB TV News

ဧပြီ ၆ ရက်၊ ရန်ကုန်မြို့ Park Royal Hotelမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသား ကျန်းမာရေး ကွန်ယက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မှ တတ်ရောက်မိန့်ခွန်းပြောကြား




Kamayut MediaTvKamayut MediaTv

Published on 6 Apr 2013

ပြည်ပရောက် မြန်မာဆေးပညာရှင်တွေ ပြန်လာပြီးကူညီဖို့ ဒေါ်စုတိုက်တွန်း
မြန်မာပြည်သူတွေ အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုရှိဖို့ ပြည်ပရောက် မြန်မာဆေးပညာသမားတွေ အမိနိုင်ငံပြန်လာပြီး ကူညီကြဖို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၆ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံသား ၈ ဦးသေဆုံးမှု အရေးယူပေးရန် မြန်မာအစိုးရ တောင်းဆို


RFA Burmese

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး အကျဉ်းစခန်းမှာ မြန်မာနိုင်ငံသားရှစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပေးပြီး အင်ဒိုနီးရှားရဲ့ တည်ဆဲဥပဒေနဲ့အညီ အရေးယူပေးဖို့ မြန်မာအစိုးရက အင်ဒိုနီးရှားအစိုးရကို တောင်းဆိုသွားမယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားအစိုးရကို တောင်းဆိုသွားမယ့် အချက်သုံးချက်နဲ့ ပတ်သက်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို အခုလို ပြောပါတယ်။

"၃ ချက်ရှိပါတယ်၊ နံပါတ် (၁) ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ရပ်မှန်ပေါ့နော်၊ ဥပမာ ဓားနဲ့ခုတ်တယ်ဆိုရင် အဲဒီဓားတွေ ဘာလို့ထိန်းသိမ်းရေး အကျဉ်းစခန်းထဲရောက်နေလဲ၊ ဘေးမှာလုံခြုံရေးတွေ ရှိနေတဲ့ကြားမှာ ဘယ်လိုဖြစ်သွားလဲ၊ ဘာကြောင့်ဖြစ်သွာားလဲ၊ အဲဒီဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့၊ နံပါတ် (၂) က အဲ့ဒီဖော်ထုတ်လို့ရပြီဆိုတာနဲ့ အထဲမှာပါဝင်ပတ်သက်တဲ့ ပြစ်မှုအကြောင်းအရာ၊ ဥပဒေအကြောင်းအရာ၊ ပြစ်မှုကျူးလွန်တယ်၊ အပြစ်ကျူးလွန်ထားတဲ့ လူတွေရှိတယ်ဆိုရင် သူတို့အင်ဒိုနီးရှားရဲ့တည်ဆဲဥပဒေနဲ့ အရေးယူပေးဖို့၊ နံပါတ် (၃) က အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ဆောင်ရွက်တာမျိုးတွေကို အလားတူဖြစ်ရပ်မျိုး ဖြစ်မလာအောင် ကျနော်တို့ နိုင်ငံသားတွေကို လုံခြုံရေးအကာအကွယ်ပေးဖို့၊ အဲ့ ၃ ချက်ပါ၊ "

ဆူမားတြားကျွန်းက ဘီလာဝီဆိပ်ကမ်း အကျဉ်းထောင်မှာ ဧပြီလ ၅ ရက်နေ့က ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေကို မူဆလင် ရိုဟင်ဂျာအုပ်စုက ထောင်တွင်းအုပ်စုဖွဲ့ ရိုက်နှက်တာကြောင့် ၈ ဦး သေဆုံးခဲ့ပါတယ်။

မိတ္ထီလာမြို့က အဓိကရုဏ်းဖြစ်စဉ် ဓါတ်ပုံတွေကို အဲဒီ လ၀ကအကျဉ်းစခန်းမှာရှိတဲ့ မူဆလင်ရိုဟင်ဂျာတွေက ကြည့်ရှုရပြီး၊ ရန်စရာက ၀ိုင်းဝန်းရိုက်နှက်တဲ့အထိဖြစ်ခဲ့တာလို့ အင်ဒိုနီးရှား ရဲအရာရှိတွေကို ကိုးကားပြီး အေအက်ဖ်ပီနဲ့ အေပီ သတင်းဌာနတွေမှာ ဖေါ်ပြပါတယ်။

အစိုးရအနေနဲ့ တခြားနိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အလားတူဖြစ်ရပ်တွေ မရင်ဆိုင်ရအောင် အကာအကွယ်ပေးဖို့ သက်ဆိုင်ရာအစိုးရတွေကို မြန်မာသံရုံးတွေကတဆင့် ဆက်သွယ်ပြီးပြောဆိုဖို့ စီစဉ်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဘာဆိုဘာမှ အခွင့်အရေးမရှိတဲ့နေရာဟောင်းလေးကို အလည်တခေါက်လည်း မရောက်ချင်တော့ပါ




by Ko Baloi (Notes) on Saturday, April 6, 2013 at 4:08am



ဒုက္ခပေါင်းကုဋေကုဋာမက ဘေးဒုက္ခဆိုးတွေဝေဖြာနေတဲ့   စစ်အစိုးရအုပ်ချုပ်ရေးကို လမ်းကြုံခဲ့ရင်တောင်  အလည်တခေါက်တော့ ကျနော်ကအလည်မရောက်ချင်တော့ပါ..။ နိုင်ငံရေးလုပ်တယ်ဆိုတာ  မိမိဖြစ်ချင်
တဲ့ခရီးကြောင်းလမ်းကိုလျှောက်ဖို့မဟုတ်ပါ..။ လက်ရှိအခြေနေနှင့် ဖြစ်စဉ်တွေနဲ့ ကိုက်ညီ
မယ့် နိုင်ငံရေး
ခရီးလမ်းကိုရွေးချယ်လျှောက်လှမ်းတတ်ကြဖို့လိုပါတယ်။ သူလမ်းသူလျှောက် ကိုယ့်လမ်းကိုဖောက်နဲ့မညီသံစဉ်
တွေပြီး တော်လှန်ရေး- နိုင်ငံ
ရေးလမ်းခရီးကိုလျှောက်ခဲ့တာလည်း အတော်ကြာခဲ့ပါပြီး။ ဆိုးကျိုးတွေနဲ့တာ ထပ်ခါ
သလဲလဲ အလီလီကြုံတွေ့ခဲ့ရတဲ့ အဲဒီခရီးစဉ်မှာ အားပြိုင်နေ
လို့ကတော့....လမ်းဆုံးရောက်လည်း ရွာတွေ့မှာမ
ဟုတ်ပါဘူး။ လမ်းဆုံးမှာ ရွာတွေ့ရင်တောင် အဲဒီရွာကပျက်နေပါပြီး..။

အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်ခြင်းဆိုတာ ရှင်းရှင်းပြောရရင် မသင့်မမြတ်ဖြစ်နေတဲ့ တိုင်းပြည်မှာ သင့်သင့်မြတ်မြတ်ပြန်လည်ဖြစ်မြောက်စေရန် အားလုံးစုစုစည်းစည်းနဲ့ ချစ်ချစ်ခင်ခင် အတူတကွပြန်လည်နေထိုင်သွားကြဖို့ပဲဖြစ်ပါတယ်..။ နှစ်ပေါင်းများစွာပဋိပက္ခများ
အဆုံးသတ်စေရေးအတွက် အမျိုးသားပြန်
လည်သင့်မြတ်ရေးလမ်းကြောင်းကို ကျနော်တို့တတွေလျှောက်လှမ်းကြရပါ့မယ်..။ နှစ်ပေါင်းများစွာ
 နိုင်ငံရေး- စစ်ရေးပဋိပက္ခများအဆုံးသတ်နိုင်ခဲ့ခြင်း
မရှိသေးတဲ့အတွက် ယနေ့မြန်မာနိုင်ငံဟာ သိတော်မူကြတဲ့အတိုင်း ဘာတွေဖြစ်နေလဲ..။
ဆိုဗီယက်ခေါင်းဆောင် မီးခေးဂေါ်ဘာချော့လ်ရဲ့ တဖြေး
ဖြေးခြင်း ပြုပြင်ပြောင်းလဲမှုကို တလွဲမြင်ပြီး အပြောင်းလဲကိုအလျှင်အမြန်အဆန်လုပ်မိ
လိုက်မိတဲ့အတွက် ဆိုဗီယက်ပြည်ထောင်စုကြီး ဘယ်လိုဖြစ်
သွားခဲ့တာလဲ..။ ပြုပြင်ပြောင်းလဲရေးဆိုရာဝယ်....ပဋိပက္ခအသွင်ဆောင်နေခြင်းမှ
သည် အပေးယူလုပ်ကာ တဖြည်းဖြည်းနဲ့ သဟဇာတပြန်လည်ဖြစ်မြောက်
စေဖို့ကို  ရယူကြိုးပမ်းခြင်းကိုဆိုလိုသည်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး- စစ်
ရေးပဋိက္ခတွေဟာ ရှည်ကြာလညသည်နှင့်အမျှ ကုစားလို့မရတဲ့ရောဂါဝေဒနာလိုဖြစ်ပေါ်လာမှာစိုးကြောက်သူများ
အများအပြားရှိလာပါသည်။ သူ့ကိုငါမနိုင်- ငါ့ကိုသူမနိုင် အပြိုင်ပြိုင်နွဲခဲ့တဲ့ဒဏ်တွေကြောင့် တိုင်းပြည်ဟာ အရိုးတဖြိုင်းဖြိုင်းနဲ့ လူရုပ်တောင်မပေါ်တော့တာကို အားလုံးသိတော်
မူပြီးကြတဲ့ အ
တိုင်းပါပဲ။ အရှုံးအနိုင် အကျိုးအမြတ်မရှိတဲ့ နိုင်ငံရေးပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်ပွဲတွေကို အချိန်ကုန်ခံပြီး ဆင်နွဲနေလို့လည်းအပိုပဲ..။
ဒါကြောင့် အပြောင်းလဲဖြစ်စဉ်တွေကို သတိကြီးကြီးထားပြီး အရင်စလိုမလုပ်မိစေဖို့
အရေးကြီးပါတယ်..။ ဆိုလိုတာက ပြုပြင်ပြောင်းလဲရေးလုပ်
ငန်းစဉ်တွေဖော်ဆောင်နေတဲ့ကာလမှာ မနှေးလည်း မနှေးကွေးစေနဲ့ မမြန်လည်း မမြန်စေနဲ့...ပုံမှန်သာသွားပါ..။ ကျနော်ဟာ တချိန်က ရန်သူကို
အပြုတ်တိုက်ဖို့အတွက် ဝုန်း- ဒိုင်း- ဂျိမ်းဂွမ်းလုပ်ရမှ ကျေနပ်သူပါ..။ စေ့စပ်ဖြန်ဖြေးရေးသမားတွေကိုလည်း ကန့်ကွက်ခဲ့သူတစ်ဦးပါ..။ ကိုယ်က
အရမ်းကြွတက်နေပေမယ့် လက်နက်ကိုင်အဖွဲ့အစည်းကခေါင်းဆောင်ပိုင်းတွေမှာ နေရာရယူထားကြတဲ့လူတွေက အိပ့်ရာထဲကတောင်မထသေး
တော့ မခက်ချေဘူးလား။  ကိုယ်ကခေါင်းဆောင်ပိုင်းနေရာကိုမရယူထားနိုင်တဲ့အတွက် ကိုယ်ဖြစ်ချင်တဲ့ ဝုန်း- ဒိုင်း- ဂျိမ်း- ဂွမ်းဟာ လည်း တခန်းရပ်ပြဇတ်အဖြစ်နဲ့ ဇတ်သိမ်းခဲ့ရပါတယ်။ ဒါကြောင့် တော်လှန်ရေး- နိုင်ငံရေးလုပ်တယ်ဆိုတာ အခြေနေနဲ့ အချိန်အခါရဲ့ပြောင်းလဲမှုတွေကိုမူတည်ပြီး မီးစင်ကြည့်ပြီး ကတတ်ဖို့လိုပါတယ်..။
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ- ပြောင်လဲရေးမှာ တပ်မတော်ကပူးပေါင်းပါဝင်ကြမှသာ အပြောင်းလဲဖြစ်စဉ်တွေဟာ ပိုမိုစတ်ချယုံကြည် ရမယ်လို့ ထပ်ခါတလဲပြောကြားဘူးပါတယ်။ ဒါကြောင့် တပ်မတော်နဲ့ အဆင်ပြေအောင်- တပ်မတော်နဲ့ သဟဇာတဖြစ်အောင် အကောင်ထည်
ဖော်ကြိုး
ပမ်းလုပ်ဆောင်နေတဲ့အချိန်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ဖို့အရေး တပ်မတော်နဲ့ ပေါင်းနေတယ်လို့ သပုပ်လေ
လွင့်ပြောဆိုသံကို
ကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အပြောင်းလည်းလုပ်ငန်းစဉ်တွေအကောင်ထည်ဖော်တဲ့နေရာမှာ သဘောထား
ပျော့ပြောင်းသူတွေ ဦးဆောင်ပါဝင်မှုကို ကျနော်တို့အသိအမှတ်ပြုရပါ့မယ်။ သဘောထားတင်းမာသူတွေဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တွေ အကောင်ထည်ဖော်လုပ်
ဆောင်နေလျှင် ပြောင်းလဲမှုတွေဟာ အခုလောက်မြန်ဆန်မှာမဟုတ်ပါဘူး...ဒါကိုသိထားကြဖို့လိုပါ
တယ်။ အခုဆိုရင်...မကြုံစဘူး ဖက်စစ်တော်လှန်ရေးနေ့
မှာ တပ်မတော်ရဲ့ ဖခင်- ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒါဟာ အပေါင်းလက္ခဏာကိုဆောင်တယ်လို့ ကျနော့အနေနဲ့ မှတ်ယူပါတယ်။
အရင်
က ဒု- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ
ဗိုလ်ချုပ်မှူးကြီးရာထူးကိုလက်ခံရယူပြီး တပ်မတော်ခေါင်းဆောင်တွေတခါမှမပြောဘူးတဲ့ မိန့်ခွန်းကို
ပြောဆိုခဲ့ပါတယ်..။ ဖက်ဆစ်တော်လှန်ရေးနေ့မှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းနားမှာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တပ်မတော်ရဲ့ဖခင်ဟာ ဗိုလ်ချုပ်ဖြစ်တယ်...ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်မတော်ဖြစ်အောင်တည်ဆောက်သွား
မယ်လို ဖက်ဆစ်တော်လှန်ရေးနေ့မှာပြောဆိုခဲ့ပါတယ်။
 နောက်ပြီး- ကျနော်တို့တပ်မတော်ဟာ  စစ်ရာဇဝတ်မှုတွေမကျူးလွန်ခဲ့ဘူးလို့ အဲဒီအခမ်းနားမှာပြော
ခဲ့သော်ငြားလည်း၊ တနေ့တချိန်မှာ တပ်မ
တော်ဟာ သူ့ရဲ့လုပ်ရပ်မှားများစွာတို့ကို ပြည်သူများရှေ့မှောက်တွင်  ပြန်လည်ဝန်ချတောင်းပန်ရပါလိမ့်မယ်..။ တပ်မတော်အနေနဲ့ ဘာတွေလုပ်
ခဲ့သလဲဆိုတာ သမိုင်းရှိပါတယ်..။ ကျနော်ဆိုလိုချင်တာက ဥပမာ။  ။ တချိန်တုန်းက နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ တချိန်လုံး ငြင်းဆန်ခဲ့တဲ့ အစိုးရအာဏာပိုင်တွေဟာ အခုချိန်မှာ
နိုင်ငံရေးအကျဉ်းသားများရှိတယ်လို့ ပြောရမယ့်အနေထားကိုရောက်လာပြီးလို့ ဆိုလိုချင်တဲ့သဘောပါ..။ တနေ့နေ့တချိန်ချိန်ကြရင် တပ်တော်ဟာ သူတို့ရဲ့ မှားယွင်းခဲ့တဲ့ လုပ်ရပ်များကို ပြည်သူများရှေ့မှောက်မှာ တပ်မတော်ခေါင်းဆောင်တွေကိုယ်
တိုင် ဖွင့်ဟဝန်ခံလာပါလိမ့်မယ်...ဒါကြောင့် အချိန်တခုကိုစောင့်ဆိုင်းစေလိုပါတယ်။ အခုလို ပြန်လည်သင့်မြတ်ဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်
နေချိန်မှာ...အပြောင်း
လဲကိုဖျက်လိုဖျက်ဆီးလုပ်နေတဲ့ သူတွေကိုသတိထားကြရမှာဖြစ်ပြီး...အဲဒီလူတွေကို ဖမ်းဆီးဖော်ထုတ်အပြစ်ပေးအရေး
ယူသွားကြဖို့လိုပါတယ်..။ အခုပြုပြင်ပြောင်းလဲမှုကို ကမ္ဘာကအသိ
အမှတ်ပြုလက်ခံပေမယ့် လုပ်စရာတွေ- ပြုပြင်စရာတွေအများကြီးရှိသေးတယ်
လို့ နိုင်ငံတကာကဝေဖန်ထောက်ပြထားပါတယ်..။
အခုလိုပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ လုပ်ငန်းစဉ်ကာလမှာ အနှောက်အယှက်- အတားအဆီး- အခက်ခဲတွေကိုအမျိုးမျိုးရင်ဆိုင်ကြုံတွေ့နေကြ ရဦးမှာပါ..။ ကျနော်ဖြစ်ချင်တာက သူ့လူကိုယ်ဘက်သား- ကိုယ့်လူသူ့ဘက်သားအသွင်ဆောင်နေတာထက် တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေး
တွက် အေးအတူပူအမျှကျနော်တို့တတွေအားလုံးလက်ချင်းဆက်ပြီး တိုင်းပြည်ရဲ့အနာဂတ်ခရီးကိုအတူတကွလျှောက်လှမ်းစေလိုပါတယ်။
အကျိုးမရှိတဲ့ ပစ်တင်ဝေဖန်ရှုတ်ချမှုတွေပြုလုပ်ကြမယ့်အစား သင့်သင့်မြတ်မြတ်နဲ့ တိုင်းပြည်ကိုပြန်လည်တည်ဆောက်စေချင်ပါတယ်။ ဒါပေ
မယ့် မကောင်းတာလုပ်နေတာကိုလည်း ဝေဖန်ထောက်ပြဖို့လိုသလို....ကောင်းအောင်လုပ်နေသူတွေကိုလည်း အသိအမှတ်ပြုအားပေးထောက်
ခံကြဖို့လိုပါတယ်..။ အဲဒီလိုမှသာ  ပြုပြင်ပြောင်းလဲရေးကိုလုပ်နေတဲ့ လမ်းကြောင်းမှန်ပေါ်ကိုရောက်ရှိမှာဖြစ်ပါတယ်။ ကဲ့ရစ်ဝေဖန်ရှုတ်ချအပုပ်ချ
ပြီး အချင်းပွါးနေလို့ကတော့ ဤခရီးနည်းသလားလို့မမေးပါနဲ့..။ ဆန္ဒပြမှုတိုင်းဟာ နောက်ကြောင်းကိုပြန်မလှည့်နိုင်ဘူးလို့ဆိုနိုင်ပေမယ့်....အချိန်ခါနဲ့ မလျှော်ညီသေးတဲ့တောင်းဆိုမှုတွေဖြစ်လာရင်တော့ မလိုလားအပ်တဲ့ပြဿတွေဖြစ်ပေါ်လာပြီး နောက်ကြောင်းကိုပြန်လှည့်ချင်လည်း လှည့်သွားနိုင်ပါသေးတယ်။ နောက်ကြောင်းပြန်လှည့်မှာစိုး လို့ ဘာမှမလုပ်ရ- မကိုင်ရဘူးလို့ဆိုလိုခြင်းမဟုတ်ပါ..။ မိမိရဲ့ ရပိုင်ခွင့်တွေကိုရဲရဲတောင်းဆိုပါ...တင်ပြပါ..။ မတောင်းဆို- မတင်ပြလို့ကတော့ ဘာမှရမည်မဟုတ်ပါ..။ ဒါပေမယ့်ပဋိပက္ခများကြီးကြီးမားမားဖြစ်လာအောင်တော့ သွေးထိုးလှုပ်ဆော်မဖန်တီးကြပါနဲ့..။ ငွေထုတ်ပိုက်ပြီးအပြောင်း
လဲကိုမလိုလားတဲ့ နောက်ကွယ်ကကြိုးကိုင်သူတွေကိုတော့ သတိပြုကြဖို့လိုပါတယ်..။ ကျိန်းသေတာတခုက မြန်မာ့နိုင်ငံရေးကိုဖျက်လိုဖျက်ဆီး
လုပ်ချင်နေတဲ့ လူတွေရှိနေတယ်ဆိုတာ...ဖြစ်ပေါ်နေတဲ့ ပဋိပက္ခပြဿတွေကိုကြည့်ရင်သိနိုင်ပါတယ်။ အခုဆိုရင် ဘာသာရေးပဋိပက္ခနဲ့ လူမျိုးရေး
အဓိကရုဏ်းတွေဖြစ်ပေါ်နေခြင်းဟာ သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ အကြမ်းဖျင်းယေဘူယသုံးသပ်လို့ရပါတယ်။ အခုလို ပဋိပက္ခတွေဖြစ်ပွါး
ခြင်းရဲ့ အကျိုးကျေးဇူးကတော့ မဆိုင်သူတွေ ရက်ရက်စက်စက်သတ်ဖြစ်ခံခဲ့ကြရပြီး...နေအိမ်မြောက်များစွာကိုမီးရှို့ဖျက်ဆီးခံခဲ့ရခြင်းပဲဖြစ်တယ်။ ဒါကြောင့်- သင့်အတွက်ကြောင့် တပါးသူတွေရက်ရက်စက်စက်အသတ်ဖြတ်ခံရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကာ အန္တရာယ်ဆိုးတွေမကျရောက်ပါစေနဲ့..။
နိုင်ငံသားတိုင်းက တိုင်းပြည်ကိုချစ်တဲ့စိတ်တွေမွေးမြူကြဖို့လိုအပ်ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်ကြတဲ့ တိုင်းတပါး
သားတွေအနေနဲ့ အရိပ့်နေနေ- အခက်ချိုးချိုးမပြုလုပ်မိဖို့အရေးကြီးပါတယ်။ နိဂုံးချုပ်အနေနဲ့ ရေးသားတင်ပြလိုတာက တခုခုလုပ်ရင် နောက်ကြောင်းပြန်လှည့်မှာကိုမစိုးရိမ်ပေမယ့်...အချိန်ခါနဲ့ မလျှော်ညီသေးတဲ့တောင်း
ဆိုမှုတွေဖြစ်လာရင်တော့ နောက်ကြောင်းပြန်လှည့်မှာကိုတော့ စိုးရိမ်ပူပန်မိပါသည်..။ ဘာကြောင့်လို့လည်းဆိုတော့....ဒုက္ခပေါင်းမြောက်များ
စွာရှိဝေသီနေတဲ့...ဘာဆို
ဘာမှ အခွင့်အရေးမရှိတဲ့နေရာဟောင်းလေးမှာ ပြည်သူတွေကို ဒုက္ခဆိုးတွေနဲ့ ထပ်မံမတွေ့စေချင်တော့လို့ပါ..။ ကျ
နော်ကတော့ တိုင်းတပါးမှာနေနေရတော့ ကိစ္စမရှိဘူး..။ ကျနော့်ဆန္ဒမှန်ကတော့ ပြည်သူတွေကို ဒုက္ခတောမှာ မနေလိုစေချင်တော့ဘူး။ ကျနော်
ကတော့ လမ်းကြုံရင်တောင် ဘာဆိုဘာမှအခွင့်အရေးမရှိတဲ့ နေရာဟောင်းလေးကို အလည်တခေါက်လည်း မရောက်ချင်တော့ပါ.. ( ကိုဗလိုင် ) မှတ်ချက် ။   ။ သွားသာသွားပါ- မလောဖို့လိုသည်။ အလိုကြီး- အရနည်း။ ခေတ္တစောင့်ပါ....မကြိုက်ရင် ပြန်လည်တွန်းလှန်လို့ရပါသည်။ အဲဒီအချိန်ခါရောက်ရင်- အစုအဖွဲ့ကွဲနေတဲ့ ကျနော်တို့တတွေ အင်အားတွေအထိုက်အလျှောက်ရရှိလို့နေပါပြီး။ အတတ် နိုင်ဆုံးမြန်မာနိုင်ငံရဲ့ နိုင်ငံအရေးကို သွေးထွက်သံယိုမှုနည်းသထက်နည်းအောင် ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ကြိုးပမ်း သွားကြဖို့လိုပါသည်။ ( အားလုံးအပေါ် ခင်မင်မပျက်- ခင်မင်လျှက်.......ကျနော် ကိုဗလိုင်ပါ )

(Me N Ma Girls )Burma's Girls In The World (NY-USA)


Please watch clips at Tina Farewell and Final Performance & Burma's Girls In The World
========================================



http://new.livestream.com/dailybeast/womenintheworld