ဖွင့်တာမနက်၆နာရီ...အခုဒီပုံတွေတင်တာပြီးခဲ့တဲ့၂၂မိနစ်၆နာရီခွဲက...ဦးခင်မောင်ညို(ဘောဂဗေဒ)၀ီရိယကြီးပ.....lol
အရှည် ၂၅၀၇ ပေရှိ လှည်းတန်းခုံးကျော်တံတားကို ဧပြီ ၁၀ ရက် နံနက် ၆ နာရီမှ စတင်ဖြတ်သန်းခွင့်ပြု
\
အရှည် ၂၅၀၇ ပေရှိ လှည်းတန်း ခုံးကျော်တံတားကို ဧပြီ ၁၀ ရက် နံနက် ၆ နာရီမှစ၍ ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။
ရန်ကုန်-ပြည်လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များအားလုံး တံတားပေါ်မှ
ဖြတ်သန်းသွားလာမည် ဖြစ်သောကြောင့် တံတားအဆင်း နာနတ်တောမီးပွိုင့်တွင်
ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေးအတွက်လည်း နာနတ်တော မီးပွိုင့်ကို ဧပြီ ၁၀
ရက်မှ စ၍ ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊
ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူး သာဌေးက ဧပြီ ၉ ရက်က
ကျင်းပသည့် လှည်တန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်း
ရှင်းလင်းပွဲတွင် ပြောကြားသည်။
''လှည်းတန်း ခုံးကျော်တံတားကို ဧပြီ ၁၀
ရက် နံနက် ၆ နာရီက စပြီး ဖြတ်သန်းလို့ရနေပါပြီ။ ရန်ကုန်-ပြည်လမ်းက
ယာဉ်တွေကတော့ မီးပွိုင့်စောင့်စရာ မလိုဘဲ တံတားပေါ်က
ဖြတ်သန်းသွားလာနိုင်မှာပါ။ လှည်းတန်းမီးပွိုင့်မှာ တခြား
ရန်ကုန်-အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းကို အသုံးပြုမယ့် ယာဉ်တွေအတွက်ကို
မီးပွိုင့်ကြာမြင့်ချိန်က အရင်ကထက် လျော့မယ်။ တိတိကျကျ မသတ်မှတ်ရသေးပေမယ့်
အရင်က စက္ကန့် ၂၀ ပေးရင် အခု ၁၅ စက္ကန့် ဖြစ်ဖြစ် လျော့ချပေးသွားဖို့
စီစဉ်ထားပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
''တံတားအဆင်း နာနတ်တောမီးပွိုင့်မှာ
ကားတွေပိတ်နေမှာစိုးတဲ့အတွက် နာနတ်တောမီးပွိုင့်ကို ဖျက်လိုက်ပါမယ်။
ဒါပေမယ့် ရပ်၊ ကြည့်၊ သွား စနစ်ဖြစ်တဲ့ အချက်မီးဝါထားရှိပြီး
ယာဉ်ကြောရှင်းလင်းပေးသွားမှာပါ'
အဆိုပါ လှည်းတန်းခုံးကျော်တံတားသည် သံမဏိယက်မနှင့် သံကူကွန်ကရစ်
တံတားအမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်းအကျယ်-၄၄ ပေ ၈ လက်မ၊
ပလက်ဖောင်းအကျယ်- ၃ ပေ(နှစ်ဘက်)၊ တံတားအကျယ် ၅၀ ပေ ၈လက်မ၊ တံတားအောက်
ကင်းလွတ်အမြင့်-၁၈ ပေ၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်- တန် ၆၀နှင့်
ယာဉ်သွားလမ်းအကျယ် စုစုပေါင်း ၉၈ ပေ ၈ လက်မရှိကြောင်း သိရသည်။
တံတားအတွက် ကုန်ကျစရိတ် စုစုပေါင်း ပဏာမတွက်ချက်မှုများ အရ ကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံ ရှိကြောင်းလည်း သိရှိရသည်။
EMG
Tuesday, April 9, 2013
လှည်းတန်း ခုံးကျော်တံတား ဖွင့်တာနဲ့ဦးခင်မောင်ညိုကအရင်ရောက်
လှည်းတန်း ခုံးကျော်တံတား
r
ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုအများဆုံး ဖြစ်ပေါ်တဲ့ နေရာ ၄ ခုမှာ ခုံးကျော်တံတားတွေ တည်ဆောက်နေရာမှာ ကမာရွတ်မြို့နယ် လှည်းတန်း ခုံးကျော်တံတားကို မနက်ဖြန် (ဧပြီလ ၁၀ ရက်နေ့) မနက် ၆ နာရီက စတင်လို့ ဖြတ်သန်း သုံးစွဲခွင့် ပြုမှာဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်-ပြည်လမ်းပေါ်မှာ ဆောက်လုပ်ထားတဲ့ လှည်းတန်းခုံးကျော်တံတားအဆင်း ပြည်လမ်းနဲ့ နာနတ်တောလမ်းထောင့်မှာရှိတဲ့ မီးပွိုင့်ကိုလည်း ဖြုတ်သိမ်းပြီး ရပ်၊ ကြည့်၊ သွား စနစ်ဖြစ်တဲ့ မီးဝါအချက်ပြစနစ်ထားရှိ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲမှူးသာဌေးက လှည်းတန်းခုံးကျော်တံတားနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ လှည်းတန်းခုံးကျော်တံတားဟာ ၂၅၀၇ ပေရှည်ပြီး ကုန်ကျငွေကျပ် ၁၄ ဘီလီယံကျော်ရှိတယ်လို့ သိရပါတယ်။ Photo : RFA
By: RFA Burmese
===============
အရှည် ၂၅၀၇ ပေရှိ လှည်းတန်းခုံးကျော်တံတားကို ဧပြီ ၁၀ ရက် နံနက် ၆ နာရီမှ စတင်ဖြတ်သန်းခွင့်ပြု
\
အရှည် ၂၅၀၇ ပေရှိ လှည်းတန်း ခုံးကျော်တံတားကို ဧပြီ ၁၀ ရက် နံနက် ၆ နာရီမှစ၍ ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။
ရန်ကုန်-ပြည်လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များအားလုံး တံတားပေါ်မှ
ဖြတ်သန်းသွားလာမည် ဖြစ်သောကြောင့် တံတားအဆင်း နာနတ်တောမီးပွိုင့်တွင်
ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေးအတွက်လည်း နာနတ်တော မီးပွိုင့်ကို ဧပြီ ၁၀
ရက်မှ စ၍ ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊
ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူး သာဌေးက ဧပြီ ၉ ရက်က
ကျင်းပသည့် လှည်တန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်း
ရှင်းလင်းပွဲတွင် ပြောကြားသည်။
''လှည်းတန်း ခုံးကျော်တံတားကို ဧပြီ ၁၀
ရက် နံနက် ၆ နာရီက စပြီး ဖြတ်သန်းလို့ရနေပါပြီ။ ရန်ကုန်-ပြည်လမ်းက
ယာဉ်တွေကတော့ မီးပွိုင့်စောင့်စရာ မလိုဘဲ တံတားပေါ်က
ဖြတ်သန်းသွားလာနိုင်မှာပါ။ လှည်းတန်းမီးပွိုင့်မှာ တခြား
ရန်ကုန်-အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းကို အသုံးပြုမယ့် ယာဉ်တွေအတွက်ကို
မီးပွိုင့်ကြာမြင့်ချိန်က အရင်ကထက် လျော့မယ်။ တိတိကျကျ မသတ်မှတ်ရသေးပေမယ့်
အရင်က စက္ကန့် ၂၀ ပေးရင် အခု ၁၅ စက္ကန့် ဖြစ်ဖြစ် လျော့ချပေးသွားဖို့
စီစဉ်ထားပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
''တံတားအဆင်း နာနတ်တောမီးပွိုင့်မှာ
ကားတွေပိတ်နေမှာစိုးတဲ့အတွက် နာနတ်တောမီးပွိုင့်ကို ဖျက်လိုက်ပါမယ်။
ဒါပေမယ့် ရပ်၊ ကြည့်၊ သွား စနစ်ဖြစ်တဲ့ အချက်မီးဝါထားရှိပြီး
ယာဉ်ကြောရှင်းလင်းပေးသွားမှာပါ'
အဆိုပါ လှည်းတန်းခုံးကျော်တံတားသည် သံမဏိယက်မနှင့် သံကူကွန်ကရစ်
တံတားအမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်းအကျယ်-၄၄ ပေ ၈ လက်မ၊
ပလက်ဖောင်းအကျယ်- ၃ ပေ(နှစ်ဘက်)၊ တံတားအကျယ် ၅၀ ပေ ၈လက်မ၊ တံတားအောက်
ကင်းလွတ်အမြင့်-၁၈ ပေ၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်- တန် ၆၀နှင့်
ယာဉ်သွားလမ်းအကျယ် စုစုပေါင်း ၉၈ ပေ ၈ လက်မရှိကြောင်း သိရသည်။
တံတားအတွက် ကုန်ကျစရိတ် စုစုပေါင်း ပဏာမတွက်ချက်မှုများ အရ ကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံ ရှိကြောင်းလည်း သိရှိရသည်။
EMG
သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ဖမ်းမိ
သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းအား အမှုဖွင့်ပြီဟုသိရှိရ
-----------------------------------------------------
သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်းသိရသည်။
ဘုန်းကြီးအား စစ်ဆေးရာတွင် လွန်ခဲ့သော တစ်နှစ်ခန့်ကလည်း ဘင်္ဂလီ ၁၀ ဦးကို ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ယခုအခါလည်း တစ်ဦးလျင် ဆယ်သိန်းကျပ်ဖြင့် ပို့ဆောင်ပေးသည်ဟု သိရသည်။
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၉/၃၆၇ /၂၉၅/၁၁၄ အရ ညနေ ၄း၃၀ တွင် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။
ကားနံပါတ်မှာ ၅ဃ/၆၃၈၈ ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူထားပြီဖြစ်သည်။
အဆိုပါ ဘင်္ဂလီ ၈ ဦးမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများမှ ဘင်္ဂလီများဖြစ်ကြောင်းနှင့် ၄င်းတို့အား ကားဖြင့် ပို့ဆောင်ပေးသည့် ဘုန်းကြီးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ) 002736 ဖြစ်ပြီး ဒရိုက် ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်) 018822 ဖြစ်ကြောင်းသိရသည်။
၎င်းတို့အား ၉၆၉ စကေကာကပ်ထားသည့် CRW ကားအမျိုးအစား ၅ဃ/6388 ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့မှ စတင်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ ဘင်္ဂလီများ ပြည်မထဲသို့ မည်မျှထိခိုးဝင်နေခဲ့ကြသည်ကို မသိနိုင် ကြောင်းလည်း ရခိုင်ပြည်သူများက သုံးသပ်ပြောဆိုကြပါသည်။
ကုလား ၈ ဦးအားကားပေါ်တင်ကာ ရန်ကုန်သို့ ပို့ဆောင်ပေးသော ဘုန်းကြီးဖြစ်ပါသည်။
၉၆၉ ကိုအတုအယောင်လုပ်ကာ ဖန်တီးခြင်းဖြစ်ပါသည်။
ကျိုက်ထိုမြို့ ယခင်ကလည်း ဘင်္ဂလီများကို သင်္ကန်းဝတ်ပြီး ပို့ဆောင်ပေးခဲ့သည်မှာ ၅ ကြိမ်ရှိပြီ ဟု ထွက်ဆိုပါသည်။
ယခုနှစ်တွင်လည်း ထပ်မံပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ခါနှင့်ဆိုလျင် ၅ ကြီမ်ရှိပြီဟုသိရသည်။
ယခုနှစ်အတွင်း ဒုတိယ ခေါက်အား မတ်လ အတွင်းပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ်၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဘုန်းကြီးမှထွက်ဆိုပါသည်။
ကားသမားမှာ အံခူးနောင်(ခ) ရာဇာအောင် ဖြစ်သည်ဟုတ်လည်းထွက်ဆိုပါသည်။
https://www.facebook.com/pages/RSV/182972895160209
ရဲရင့်ငယ်မွတ်စလင်နဲ့ပတ်သက်လို့ဘာလို့ဖေါ်ပြနေရတာလဲ မေးရင်...
မြန်မာ-မွတ်ဆလင်အသင်း BMA ရဲ့ ဥက္ကဋ္ဌ ဦးဘီလားရာရှစ်လောက်
ကျန်တဲ့မွတ်စလင်တွေအမြင်သဘောထားတူရင်ဒီလိုတွေသေခဲ့ကြမှာ
မဟုတ်ဖူး၊သေချာတာတခုကရန်ကုန်မြို့ထဲကကုလားတချို့ဟာ
ဘင်္ဂလားအနွယ်မဟုတ်ဖူး၊ဒေလီဖက်ကအနွယ်တွေရှိတယ်၊
သူပြောတဲ့အထဲမှာအကြိုက်ဆုံးကနိုင်ငံသားဖြစ်ခွင့်ရှိတယ်။
တိုင်းရင်းသားဖြစ်ခွင့်တောင်းတာတော့လွန်တယ်ထင်တယ်။
အဲ့ဒါလေးတော့ကြိုက်တယ်။
မွတ်စလင်နဲ့ပတ်သက်လို့ဘာလို့ဖေါ်ပြနေရတာလဲ
မေးရင်ဖြေချင်တာရှိတယ်။မွတ်စလင်ကလူနည်းစုဖြစ်တယ်။
လူများစုနဲ့အဆင်ပြေစေချင်တယ်။ပြေဖို့နည်းတလမ်းပဲရှိတယ်။
ကိုမြအေးပြောသလိုမြန်မာ့ဓလေ့နဲ့ကိုက်ညီတဲ့အစ္စလာမ်ဘာသာ
ဖြစ်လာဖို့ပဲ..မြန်မာပြည်ပြန်တဲ့အခါကြရင်လဲကိုမြအေးကိုတွေ့ပြီး
အောင်မြင်အောင်ဆောင်ရွက်ဖို့အထိဆွေးနွေးအုံးမှာ
ရှဥ့်လဲလျောက်သာပျားလဲစွဲသာဖြစ်လာတဲ့အထိပေါ့။
အာရပ်နိုင်ငံတွေကျင့်တဲ့အတိုင်းကျင့်ချင်ရင်တော့
အခုလိုမျိုးတွေအပျက်ပျက်နဲ့နှာခေါင်းသွေးထွက်နေအုံးမှာပဲ။
အစ္စလာမ်မှမဟုတ်ပါဖူးဘယ်ဘာသာပဲဖြစ်ဖြစ်လိုတာထက်ပို
လာရင်မကောင်းပါဖူး၊
လက်ရှိကမ္ဘာကြီးရဲ့အဆင့်ကလူတယောက်ကိုယဉ်ကျေးမှုတွေ
ပေးနိုင်နေပါပြီ၊ရွှေလမှာယုန်ဝပ်ဆံဖွပ်အဖိုးအိုဆိုတာမဟုတ်ဖူးဆိုတာ
လဲသိနေကြပြီပဲ။ရဲရင့်ငယ်ဗုဒ္ဒဘာသာဝင်ဆိုပေမဲ့အခြားဘာသာဝင်တွေ
ကိုကြည့်မရအောင်ဖြစ်နေသူတယောက်မဟုတ်ဖူး။အပေါ်မှာပြောသလို
ပဲအများအမြင်ကြည်လင်လာအောင်ပြောင်းလဲပေးချင်တာ။
စာကျက်နေရင်းအသံမစဲကဟာနဲ့ရောပြီး(ကယ်လစီယံပစ္စယော)ဆိုပြီး
စာထဲရောဆိုမိတာမျိုးတွေလဲမကြုံချင်သလိုအခြားဘာသာဝင်တွေ
အဆင်ပြေအောင်ဗလီတွေက၀တ်ပြုအသံတွေအပြင်မထွက်ဖို့လဲသတိ
ချပ်သင့်ပါတယ်။
လက်ရှိကမ္ဘာကြီးမှာဘာသာမဲ့တွေအများကြီးရှိနေတာတွေ့နေရပြီ။
သူတို့နဲ့ဆက်ဆံစမ်းသပ်ကြည့်တယ်။အချို့အချက်တွေမှာကိုယ့်
ထက်တောင်နားလည်မှုပေးတတ်ကြတာတွေတွေ့ရတယ်။
ဘာသာတရားရှိမှယဉ်ကျေးတယ်ဆိုတာအချက်ကိုတောင်
ဇဝေဇ၀ါဖြစ်၇သေးတယ်။
နောက်ဆုံးပြောချင်တာအခုခေတ်စားနေတဲ့လူ့အခွင့်အရေးတို့၊ဒီမိုကရေစီ
တို့ဆိုတာကွန်မြူနစ်မဟုတ်ဖူး။လူတယောက်ကိုယဉ်ကျေးအောင်လုပ်နိုင်
နေပြီ၊ဘာသာတရားကိုစိတ်ဝင်စားလို့ကိုးကွယ်တာလိုက်စားတာ
အခွင့်အရေးတရပ်အနေနဲ့ဝေဖန်စရာမလိုပေမဲ့ကျန်တဲ့သူတွေနဲ့
အဆင်ပြေအောင်စိတ်ကလေးကိုနဲနဲလျော့ကြဖို့ပဲတိုက်တွန်းချင်တာ..
ကမ္ဘာကြီးမှာ.......
နိုင်ငံ၊အိုးအိမ်၊မိသားစုအတွက်အသက်အသေခံလိုက်တယ်ဆိုတာ
ဂုဏ်ယူစရာလို့ပြောရပေမယ့်ဘာသာတရားကြောင့်လူတွေသေရတာ
တော့ဗျာ...စဉ်းစားကြည့်ပေါ့.....။ရှက်စရာကြီးပါ။
အဲ့ဒီအတွေးတွေခေတ်လူငယ်တွေမှာမရှိတော့ဖူး။
Brainwash အလုပ်မခံထားရရင်ပေါ့.....။
ကနေဒါကအများပိုင်(PUBLIC)ကျောင်းတွေမှာသူငယ်တန်းကနေ
အထက်တန်းအထိယဉ်ကျေးအောင်၊လူအချင်းချင်းဘယ်လိုဆက်
ဆံရမယ်ဆိုတာအဆင့်ဆင့်ဖြေးဖြေးချင်းသင်သွားတယ်။ဘယ်ကိုး
ကွယ်ဘာသာမှမမှီငြမ်းဖူး။ကမ္ဘာမှာစံထားဥပဒေတွေ၊အခွင့်အရေးတွေ
ကိုပဲအခြေခံသင်သွားတယ်၊ကျောင်းပြီးတာနဲ့လူတယောက်ရဲ့အခွင့်
ကိုနားလည်နေပြီ၊ဒီစကားဒီလူကိုပြောသင့်သလားဆင်ခြင်တတ်နေပြီ။
ဘာသာဆိုတာကျင့်စဉ်တရပ်၊လိုက်စားမှုတရပ်ဆိုတာထက်၊
ဘာသာရှိမှယဉ်ကျေးတယ်ဆိုတာလက်ရှိကမ္ဘာစံနုံးနဲ့မညီတော့ဖူးပြော
ရင်ကမ္ဘာကြီးလုံးတယ်ပြောလို့မီးရှို့ခံရသူလိုများအကင်ခံရမလားမသိ။ :)
ဒေါ်အောင်ဆန်းစုကြည်အစ္စလာမ် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံ
မြန်မာနိုင်ငံကို အားလုံး အေးအေးချမ်းချမ်း၊ ချစ်ချစ်ခင်ခင် နေနိုင်သည့် နိုင်ငံမျိုး ဖြစ်စေချင်ကြောင်း အစ္စလာမ် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Created on Tuesday, 09 April 2013 21:02
မြန်မာနိုင်ငံကို အားလုံး အေးအေးချမ်းချမ်း၊ ချစ်ချစ်ခင်ခင် နေနိုင်သည့် နိုင်ငံမျိုး ဖြစ်စေချင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က "ကျမ်းဂန်တစ်ခုထဲမှာပါတယ်။ ခရစ်ယာန်ကျမ်းစာထဲမှာလားတော့ မသိဘူး။ ပေါင်မုန့်တောင်းတဲ့သူကို ခဲလုံးမပေးရဘူးဆိုတာ။ အဲဒီတော့ ကျွန်မတို့ကို ယုံယုံကြည်ကြည်နဲ့ အကူအညီလာတောင်းတဲ့သူတွေကို ခဲလုံးပေးတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး။ ဘာပဲပြောပြော ကျွန်မတို့ရဲ့ ခံစားမှုအရ၊မျှော်လင့်ချက်အရ၊ဦးတည်ချက်အရ ဒီနိုင်ငံမှာ အားလုံး အေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တဲ့ နိုင်ငံမျိုးဖြစ်စေချင်တယ်" ဟု ပြောသည်။
တရားဥပဒေစိုးမိုးရေးအတွက် ဘာတွေလုပ်ရန်လိုသလဲဆိုသည်ကို လွှတ်တော်မှ တဆင့်လေ့လာတင်ပြပြီး တတ်နိုင်သမျှဖြစ်မြောက်အောင် လုပ်ရမည်ဖြစ်ကြောင်း၊၎င်းဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကော်မတီအနေဖြင့်လည်းလုပ်ချင်ရာကို တိုက်ရိုက် လုပ်ဆောင်၍မရဘဲ ၎င်းတို့၏ တင်ပြချက်များကို အခြေခံပြီး လွှတ်တော်မှ အကောင်အထည်ဖော်ဖို့သာ ဖြစ်ကြောင်း စသည်ဖြင့်လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
''အားလုံးလုံခြုံမှ တစ်ယောက် နဲ့တစ်ယောက် ညှိနှိုင်းလို့ရမယ်။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ လုပ်လို့ရမယ်။ အဲဒီလိုအခြေအနေဖြစ်ဖို့က နိုင်ငံသားဥပဒေလည်း ပါမယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ ကျွန်မက ဥပဒေစိုးမိုးရေးလို့ ပြောလေ့မရှိဘူး။ တရားဥပဒေ စိုးမိုးရေးဆိုတာ နိုင်ငံမှာရှိတဲ့ ဥပဒေတွေဟာ တရားမျှတရမယ်။ ရှိတဲ့ ဥပဒေအောက်မှာလည်း အားလုံးဟာ တန်းတူရည်တူ ရှိမယ်။ ကျွန်မဖြစ်စေချင်တာကတော့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအားလုံးက ငါတို့ဟာ ဒီနိုင်ငံသူ နိုင်ငံသား ဖြစ်တယ်ဆိုတာကို ဂုဏ်ယူနိုင်ရမယ်။ ကျေနပ်နိုင်ရမယ်။ စောစောက ပြောသလို ငါတို့ဟာ ဒီနိုင်ငံထဲကသူတွေမှ ဟုတ်ရဲ့လား ဆိုတဲ့ဟာကို ကျွန်မတို့ နိုင်ငံသူ နိုင်ငံသား ဘယ်သူမှ စိတ်ထဲမှာ သံသယမရှိပါနဲ့'' ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မတ် ၂၀ ရက်က မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများမှ စတင်ကာ ရမည်းသင်း၊ တပ်ကုန်း၊ လယ်ဝေး စသည့်မြို့နယ်များနှင့် ဇီးကုန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ နတ္တလင်း စသည့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း မြို့နယ်များတွင် အကြမ်းဖက်သူများ၏ လှုံ့ဆော်မှုကြောင့် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့တွင်လည်း မတ် ၂၄ ရက်မှစကာ ဆူပူလှုံ့ဆော်သူများက စာရွက်စာတမ်းများ ဝေငှခြင်း၊ ကားဖြင့်လှည့်လည်ကာ လှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့၍ ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီများကို မတ် ၂၆ ရက်က ခေါ်ယူတွေ့ဆုံခဲ့ပြီး စုရုံးလှုံ့ဆော်မှုဖြစ်စဉ်များတွင် နိုင်ငံရေးပါတီဝင်များ ပါဝင်ပတ်သက်နေမှုကို ထိန်းသိမ်းပေးရန် ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ဗလီတစ်ခုတွင် ၀ါယာရှော့ဖြစ်ကာ မီးလောင်မှုကြောင့် အစ္စလာမ်ဘာသာဝင် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့မှုတွင်လည်း ဘာသာရေး အဓိကရုဏ်းအသွင် ဖြစ်စေရန် လူမှုကွန်ရက် စာမျက်နှာများတွင် သွေးထိုးလှုံ့ဆော်မှုများ ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေရှင်းခဲ့ရသည်။
http://www.searchmyanmar.com/link/frame/cid/21161/domain/news-eleven.com
===============================================
ဒေါ်အောင်ဆန်းစုကြည် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကို ဖိတ်ကြားမေးမြန်း
Published on April 9, 2013 by အေးနိုင် · burmese.dvb.no
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း ၄ ခုက တာဝန်ရှိသူတွေကို မနေ့တုန်းက ဖိတ်ကြားပြီး လတ်တလော အဖြစ်အပျက်တွေအပေါ် မေးမြန်းခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ တက်ရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေက “လတ်တလောဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေ အမြန်ဆုံးချုပ်ငြိမ်းဖို့ အဓိကပါပဲ။ ရေရှည်မှာ ဒါမျိုးတွေ မဖြစ်ပေါ်ဖို့အတွက်ကို ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရဲ့ အမြင်ရှုထောင့်တွေကို သူသိလိုတဲ့အတွက် မေးမြန်းပါတယ်။ အဲဒါတွေကို ကျနော်တို့ တင်ပြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောတာ ကောင်းပါတယ်။ ကျနော်တို့ကို မြန်မာနိုင်ငံသားတွေဖြစ်တယ်၊ စိတ်ပျက်အားငယ်စရာမလိုဘူး။ မိမိလိုချင်တဲ့ ရည်မှန်းချက်၊ မျှော်လင့်ချက် ပန်းတိုင်ကို ရဲရဲကိုင်ပြီးတော့ ဆောင်ရွက်သွားမယ်ပေါ့။ တရားဥပဒေစိုးမိုးရေးကိုလည်း သူက ပါတီဥက္ကဋ္ဌတယောက်အနေနဲ့ရော၊ တရားဥပဒေစိုးမိုးရေ ဥက္ကဋ္ဌတယောက်အနေနဲ့ သူကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်း ပြောပါတယ်။”
အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲအပြီးမှာ သူတို့တတွေဟာ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။
“တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့ကိစ္စ၊ ပြစ်မှုကျူးလွန်တဲ့သူတွေကို အရေးယူတဲ့ကိစ္စတွေ သူဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ နောက် ကျနော်တို့ကိုယ်တိုင် အဲဒီဒေသတွေကို ကွင်းဆင်းဆောင်ရွက်နိုင်ဖို့ တင်ပြထားတာကိုလည်း သူတို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။”
လတ်တလော ဖြစ်ပွားခဲ့တဲ့ အခြေအနေဆိုးဟာ လှုံ့ဆော်မှုရှိပြီး တားဆီးဖို့ ပျက်ကွက်ခဲ့ကြောင်းနဲ့ ဆူပူမှုဖြစ်လာတဲ့အချိန်မှာလည်း ကိုင်တွယ်တဲ့နေရာမှာ လိုအပ်ချက် ရှိနေတယ်ဆိုတာကို သက်ဆိုင်ရာအသီးသီးကို တင်ပြထားပါတယ်လို့ ဆိုပါတယ်။
အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် ဘာသာရေးနဲ့ လူမှုရေးအသင်းအဖွဲ့တွေပိုင်းက ဆောင်ရွက်သလို နိုင်ငံတော်အပိုင်းကလည်း ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူရင် နောက်ထပ်ပြစ်မှုတွေ ဖြစ်လာစရာမရှိဘူးဆိုတာကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
ရေပက်ခံကား ငှားရမ်းမှု မရှိ၊မဏ္ဍပ်ထိုင်ရန် စိတ်ဝင်စားသူ နည်းပါး
ကောလာဟလ သတင်းများကြောင့် ယခုနှစ် သင်္ကြန်ကာလအတွက် ရေပက်ခံကား ငှားရမ်းမှု
မရှိသလောက် နည်းပါးနေသလို ရေကစားမဏ္ဍပ်ထိုင်ရန် စိတ်ဝင်စားသူ နည်းပါးနေသေး
၂၀၁၃ ခုနှစ် သင်္ကြန်ကာလ မကြာမီရောက်ရှိလာတော့မည်ဖြစ်ရာ
သင်္ကြန်မဏ္ဍပ်ဆောင်လုပ်မှုများ၊ သင်္ကြန်အတွက် စီစဉ်မှုများ ပြုလုပ်နေပြီး
ယခုနှစ်သင်္ကြန်တွင်း လည်ပတ်ရန် စင်းလုံးငှားရမ်းမှု မရှိသလောက်နည်းပါးပြီး
မဏ္ဍပ်တွင် ရေပက်ကစားမည့်သူ အရေအတွက်မှာလည်း လက်ရှိအချိန်အထိ
နည်းပါးလျက်ရှိသည်ဟု စုံစမ်းသိရှိရပါသည်။
ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် ရေကစားမဏ္ဍပ်အကြီး (ပေ ၁၀၀နှင့် အထက်)အနေဖြင့်
ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ် ၁၇ ခု၊ ပြည်လမ်းတွင် မဏ္ဍပ်နှစ်ခု၊
ကမ္ဘာအေးစေတီလမ်းပေါ်တွင် ၁၀ ခု၊ ပါရမီလမ်းပေါ်တွင် သုံးခု၊ ဆရာစံလမ်းအနီး
တစ်ခုတို့လည်း ပါဝင်ကြောင်း၊ ဘုရင့်နောင်လမ်းပေါ်တွင်
ငါးခု၊သုဝဏ္ဏအားကစားကွင်းအနီး တစ်ခုစသည်ဖြင့် ရေကစားမဏ္ဍပ်အခု ၄၀ ခန့်
ဆောက်လုပ်ခွင့် ပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
သိရသည်။ ယခုနှစ်သင်္ကြန်တွင် ကန်တော်ကြီးပတ်လမ်း၌ မဏ္ဍပ် ဆောက်လုပ်လိုသူဦးရေ
များပြားခဲ့ပြီး ဆောက်လုပ်ခွင့် လျောက်ထားသူ ၉၀ ဦးခန့် ရှိခဲ့သော်လည်း
မဏ္ဍပ်နေရာ ၁၇ ခုသာ ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊
မဏ္ဍပ်နေရာချထားပေးရေး ဆပ်ကော်မတီမှ သိရသည်။
ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဆောက်လုပ်နေသည့် ရေကစားမဏ္ဍပ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်ဆောက်လုပ်ခွင့်များကို မတ်လကုန်ပိုင်းတွင်
ခွင့်ပြုပေးခဲ့ပြီး ဧပြီလဆန်းပိုင်းမှ စတင်၍ မဏ္ဍပ်များ စတင်ဆောက်လုပ်ခဲ့ရာ
အတော်များများ ပြီးစီးနေပြီ ဖြစ်ကြောင်း၊ မဏ္ဍပ်များတွင် ရေကစားလက်မှတ်
ဈေးနှုန်းများအနေဖြင့် ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်တစ်ခုလျင်
သင်္ကြန်ရက်အပြည့် ကျပ် ၃၀၀၀၀၊ ၃၅၀၀၀၊ ၄၀၀၀၀ စသည်ဖြင့် သတ်မှတ်ထားရာ
ယခင်နှစ်နှင့်ယှဉ်ပါက ဈေးနှုန်းအပြောင်းအလဲ မရှိသော်လည်း
လက်မှတ်ဝယ်ယူသူဦးရေ နည်းပါးနေသည်ဟု မဏ္ဍပ်အချို့ထံမှ သိရသည်။
ကမ္ထာအေးစေတီလမ်းပေါ်တွင်မူ ရေကစားလက်မှတ်ခ နှုန်းထားများအနေဖြင့် ကျပ် ၅၀၀၀၀၊
၅၅၀၀၀ စသည်ဖြင့် သတ်မှတ်ထားသည်။
ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် လိုက်နာရမည့် စည်းကမ်းချက် ၂၇ ချက်ကို
ထုတ်ပြန်ထားပြီး စည်းကမ်းပိုင်းအရလည်း ပိုမိုတင်းကျပ်ထားကြောင်း၊စည်းကမ်း
ပိုမိုတင်းကျပ်သော အချက်အနေဖြင့် ယခင်နှစ်ကကဲ့သို့ မဏ္ဍပ်တာဝန်ခံနှစ်ဦးသာ
ထားရှိရမည် မဟုတ်ဘဲ မဏ္ဍပ်ပိုင်ရှင်၊ မဏ္ဍပ်တာဝန်ခံနှင့် ဒုတာဝန်ခံ၊ မဏ္ဍပ်
စည်းကမ်းထိန်းသိမ်းရေးနှင့် ရေပက်ခံယာဉ်များ ထိန်းသိမ်းရေး တာဝန်ခံနှင့်
ဒုတာဝန်ခံဟူ၍ ငါးဦး ထားရှိရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ဖုန်းနံပါတ်များကို
မဏ္ဍပ်များ၏ ဗီနိုင်းများပေါ်တွင် ရိုက်နှိပ်ဖော်ပြထားရန်လည်း သင်္ကြန်မဏ္ဍပ်
စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ထုတ်ပြန်ထားသည်။
ထို့ပြင် အာမခံ စပေါ်ငွေများလည်း မြင့်တက်ခဲ့ပြီး ယခင်နှစ်က မည်သည့်
မဏ္ဍပ်မဆို တစ်လုံးလျင် စပေါ်ငွေ ကျပ် သိန်း ၃၀ မှ ယခုနှစ်တွင် မဏ္ဍပ်အကြီးကို
ကျပ် ၇၅ သိန်းနှင့် မဏ္ဍပ်အလတ်ကို ကျပ် ၄၅ သိန်းသို့ တိုးမြှင့်ခဲ့ပြီး
ရေဆက်သွယ်ခ နှုန်းထားများလည်း တိုးမြှင့်ခဲ့သည်။ ရေဆက်သွယ်ခများ အနေဖြင့်
ယခင်နှစ်က ကန်တော်ကြီးနှင့် အင်းလျားကန်တို့မှ ရေသွယ်ယူပါက အချင်း သုံးလက်မ
ပိုက်လိုင်း တစ်လိုင်းလျင်ကျပ် ၂၂၀၀၀၀ မှ ယခုနှစ်တွင် ကျပ် ၃၀၀၀၀၀၊
ရန်ကုန်မြို့တော်စည်ပင်သာယာပိုင် ရေပိုက်လိုင်းများမှ အချင်းတစ်လက်မနှင့်
တစ်လက်မခွဲ တစ်လိုင်းလျင် ယခင်နှစ် ကျပ် ၈၀၀၀၀ မှ ယခုနှစ်ကျပ် ၁၀၀၀၀၀ သို့
လည်းကောင်း၊ အချင်းနှစ်လက်မ ပိုက်တစ်လိုင်းလျင် ယခင်နှစ်ကျပ် ၁၂၀၀၀၀ မှ
ယခုနှစ် ကျပ် ၁၅၀၀၀၀ အထိ တိုးမြှင့်ခဲ့သည်။
ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဆောက်လုပ်နေသည့် ရေကစားမဏ္ဍပ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
''ဒီနှစ်တော့ လက်မှတ်ရောင်းရတဲ့ ပမာဏ နည်းတယ်။ လက်မှတ်ဈေးနှုန်းက
အရင်နှစ် ဈေးနှုန်းအတိုင်းပဲ ဖြစ်ပေမယ့် ကောလာဟလတွေ ရှိတဲ့အတွက်
လက်မှတ်ဝယ်တာ နည်းတယ်လို့ ထင်မိပါတယ်။ ဒီနှစ်က သင်္ကြန်မဏ္ဍပ်ဆောက်တာ အာမခံ
စပေါ်ငွေ၊ ရေဆက်သွယ်ခတွေ အပါအ၀င် ကုန်ကျစရိတ် အရင်နှစ်ထက် ပိုများတယ်။
ဒါပေမယ့် လက်မှတ်ခကို တင်လို့မရဘူး။ သင်္ကြန်ရက် အကုန်လုံးကို ကျပ် ၃၅၀၀၀
နဲ့ပဲ ရောင်းနေရတယ်''ဟု ကန်တော်ကြီး ပတ်လမ်းရှိ Caribbean Paradise မှ
တာဝန်ခံဖြစ်သူ ကိုချစ်ညီစိုးက ပြောသည်။
ဒီနှစ်က သင်္ကြန်မဏ္ဍပ်ဆောက်တာ အာမခံ စပေါ်ငွေ၊ ရေဆက်သွယ်ခတွေ အပါအ၀င်
ကုန်ကျစရိတ် အရင်နှစ်ထက် ပိုများတယ်။ ဒါပေမယ့် လက်မှတ်ခကို တင်လို့မရဘူး။
သင်္ကြန်ရက် အကုန်လုံးကို ကျပ် ၃၅၀၀၀နဲ့ပဲ
ရောင်းနေရတယ် . . .
သို့သော် ရေကစားမဏ္ဍပ် လက်မှတ်များအား သင်္ကြန်အနီးနားကပ်သည့် ဧပြီလ ၁၀ ရက်၊
၁၁ ရက်နေ့ စသည့် နေ့များတွင် သိသာစွာ ရောင်းချရပြီး လက်ရှိ
လက်မှတ်ရောင်းချမှုကို ခန့်မှန်း၍ မရနိုင်သေးကြောင်းလည်း
ကန်တော်ကြီးပတ်လမ်းရှိ Apoidea ရေကစားမဏ္ဍပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
မဏ္ဍပ်အချို့ကမူ ရေကစား မဏ္ဍပ်လက်မှတ်များကို သင်္ကြန်ရက် အကုန်လုံးကို
ယခင်သတ်မှတ်သည့် ကျပ်လေးသောင်းအစား ကျပ်သုံးသောင်းဖြင့် လျော့၍
ပရိုမိုးရှင်း လုပ်လာကြသည်။
ထို့ပြင် ယခုနှစ် သင်္ကြန်တွင် မဏ္ဍပ်များအား ကုမ္ပဏီများမှ စပွန်ဆာပေးရန်
ကမ်းလှမ်းမှုများ သိသာစွာ နည်းပါးခဲ့သလို စပွန်ဆာပေးရန် သင်္ကြန်မဏ္ဍပ်များမှ
ကမ်းလှမ်းသော်လည်း စိတ်ဝင်စားသည့် ကုမ္ပဏီများ နည်းပါးလျက်ရှိကြောင်း၊
ထို့အတွက် သင်္ကြန်မဏ္ဍပ် အများစု စပွန်ဆာရရှိရန် ခက်ခဲသည့်
အခြေအနေဖြစ်ခဲ့ကြောင်း မဏ္ဍပ်အချို့ထံမှ သိရသည်။
''ဒီနှစ် စပွန်ဆာကြေးက ကျပ် သိန်း ၁၀၀ နဲ့ ၂၀၀ ကြား ရှိတယ်။ ဒါပေမယ့်
စပွန်ဆာပေးချင်တဲ့သူ အရမ်းနည်းတယ်။ ကျွန်တော်တို့ မဏ္ဍပ်ကတော့ ကုမ္ပဏီတစ်ခုနဲ့
စာချုပ် ချုပ်ထားလို့ရတာ။ ဒါပေမယ့် ကျွန်တော်တို့တောင်းတာ ကျပ်သိန်း ၂၀၀
ဒါပေမယ့် ကျပ်သိန်း ၁၀၀ ကျော် လောက်ပဲရတယ်''ဟု ကန်တော်ကြီးပတ်လမ်းရှိ My X
မဏ္ဍပ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သို့သော် သင်္ကြန်ကာလတွင် အက်စစ်ရေဖြင့် ပက်မည်ဆိုသည့် သတင်းများ၊
အုပ်စုဖွဲ့ရမ်းကားမှုများ ဖြစ်လာနိုင်သည့် အစရှိသော ကောလာဟလသတင်းများသည်
သင်္ကြန်မရောက်ခင် ရက်ပိုင်းအလိုတွင် ရန်ကုန်နှင့် အခြားမြို့ကြီး
အတော်များများတွင် ပျံ့နှံ့နေသည်။
အဆိုပါ သတင်းပျံ့နှံ့မှုကား မကြာမီက မိတ္ထီလာနှင့် ပဲခူးတိုင်းဒေသကြီး
(အနောက်ခြမ်း) မြို့များတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ နောက်ဆက်တွဲ
ဂယက်ပင်ဖြစ်သည်။ ယင်းဂယက်များကြောင့် သင်္ကြန်တွင် လူငယ်အချို့ မဏ္ဍပ်ထိုင်မည့်
အစီအစဉ်များ ဖျက်သိမ်းခဲ့ပြီး အချို့မှာမူ ပုံမှန်အတိုင်း မဏ္ဍပ်ထိုင်ရန်ပင်
စီစဉ်မှုများ ရှိနေသည်ဟု သိရသည်။
တာမွေမြို့နယ်တွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် ကိုခိုင်မင်းဇင်က
''မနှစ်ကတော့ မဏ္ဍပ်ထိုင်ဖြစ်သေးတယ်။ ဒီနှစ် ကောလာဟလတွေ ကြားတာနဲ့ အိမ်ကလည်း
အပြင် ရေကစားမဏ္ဍပ်ကြီးတွေမှာ ကစားဖို့ ခွင့်မပြုဘူး။ ဒီနှစ်ကို
ရပ်ကွက်ထဲမှာလောက်ပဲ ရေကစားရတော့မယ်။ လူစည်ကားတဲ့ နေရာတွေကိုတော့
မသွားဖြစ်တော့ပါဘူး''ဟု ပြောသည်။
''ကောလာဟလတွေကိုတော့ ကြားမိပါတယ်။ ဒါပေမယ့် ဒီနှစ်ကို မဏ္ဍပ်ထိုင်ဖို့
စီစဉ်ထားတယ်။ မနှစ်ကတော့ ကားနဲ့လည်တယ်။ သူငယ်ချင်းကလည်း
လက်မှတ်ဝယ်ထားပြီးပြီဆိုတော့ အတူတူထိုင်ဖြစ်ပါမယ်။ ကျွန်တော့်အထင်ကတော့
ရန်ကုန်သင်္ကြန်က ဒီနှစ်တော့ သိပ်မစည်ဘူးလို့ ထင်တယ်။ အခြေအနေတွေက
သိပ်မကောင်းဘူး''ဟု သာကေတမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် ကိုစစ်နိုင်က
ပြောသည်။
ယခုနှစ် သင်္ကြန်ကာလအတွင်း ရေပက်ခံကား ငှားရမ်းမှု မရှိသလောက်
နည်းပါးနေကြောင်း၊ပြည်တွင်းဘုရားဖူး ခရီးစဉ်များအတွက်သာ ငှားရမ်းမှုများ
ရှိနေကြောင်းနှင့် ကားအငှား ၀န်ဆောင်မှုလုပ်ငန်းများမှ စုံစမ်းသိရှိရသည်။
''ပြီးခဲ့တဲ့နှစ်ကဆိုရင် သင်္ကြန်မတိုင်ခင် တစ်လအလိုလောက်ကတည်းက
ကားငှားနေရတာ။ ဒီနှစ်မှာ ကားအငှားဈေးကွက်က မရှိသလောက်ကို နည်းပါတယ်။
ဘာအကြောင်းကြောင့် ဒီနှစ်မှာ သင်္ကြန်ကားအငှားဈေးကွက် မရှိတာလဲဆိုတာ
သေချာမပြောနိုင်ပေမယ့် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရယ်၊ လတ်တလော ဖြစ်ပေါ်နေတဲ့
ကောလာဟလတွေရယ်ကြောင့်လို့ ထင်တယ်''ဟု 'ချို' ကားအငှားဝန်ဆောင်မှုလုပ်ငန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
မကြာမီ ကျရောက်မည့် သင်္ကြန်ပွဲတော်အား အခွင့်ကောင်းယူ၍ ပဋိပက္ခ
ဖြစ်စဉ်နှင့် ဆူပူအုံကြွမှုများကို ဖန်တီးလိုသူများ၏ အဓိက ဦးတည်ရာ
ပစ်မှတ်ဖြစ်လာနိုင်ကြောင်း ကောလာဟလ သတင်းများ ပျံ့လွင့်မှုများကြောင့်
ရေကစားပွဲတော်တွင် ပါဝင်ဆင်နွဲမည့်သူ အများစု၏ စိုးရိမ်စိတ်များနှင့်အတူ
သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လုံခြုံရေး အခြေအနေအရပ်ရပ်ကို တိုးမြှင့်ချထား
လုပ်ဆောင်မှုများလည်း ရှိနေသည်။
ရန်ကုန် သင်္ကြန်ပွဲတော်အတွက် ကောလာဟလ ဖြစ်စဉ်များကြောင့် အများစု
စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသော်လည်း ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲ တော်အတွက်
စိတ်ချအေးချမ်းရမည့် လုံခြုံရေး အစီအစဉ်များ ပြုလုပ်ထားမည့်အပြင်
သင်္ကြန်မဏ္ဍပ်များ၏ လုံခြုံရေးကိုလည်း အထူးဂရုပြုရန်
ညွှန်ကြားထားခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်
နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးတင်ဝင်းက ဧပြီလ ၂ ရက်နေ့ ညနေပိုင်း
သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။
အထူးသဖြင့် ရေကစားမဏ္ဍပ် အများဆုံးရှိမည့် ကန်တော်ကြီးပတ်လမ်းအတွက်
လုံခြုံရေး အစီအစဉ်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာတောင်ညွန့်
မြို့နယ်တွင် မြို့နယ်ငါးမြို့နယ်မှ ရဲတပ်ဖွဲ့အင်အားကို အသုံးပြု၍
လုံခြုံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီးမြင့်အေးက Eleven Media Group သို့ ပြောသည်။
ဒုတိယရဲမှူးကြီး မြင့်အေးက ''အက်စစ်နဲ့ ပတ်သက်တဲ့ သတင်းတွေက
ကောလာဟလအနေနဲ့ သိထားပါတယ်။ ဒါပေမယ့် မဖြစ်လာနိုင်ဘူးလို့လည်း
မပြောနိုင်ဘူး။ ဖြစ်လာမယ်ဆိုရင် ကာကွယ်မှု၊ ကုသရေးအတွက် ကြိုပြီး
ဆောင်ရွက်ထားပြီးပါပြီ''ဟု ပြောကြားခဲ့သည်။
ယင်းသို့ အစိုးရပိုင်းနှင့်အတူ သင်္ကြန်မဏ္ဍပ်များဘက်မှလည်း
လုံခြုံရေးပိုင်းတွင် တိုးမြှင့်စီစဉ်ထားခြင်းကို ''မဏ္ဍပ်လက်မှတ်တွေက
ပုံမှန်ရောင်းနေရတယ်။ သင်္ကြန်ရက်နီးလာတော့ ပိုရောင်းလာရပါတယ်။
ကောလာဟလတွေကြောင့် မဏ္ဍပ်မထိုင်တော့ဘူးလို့ ပြောတဲ့သူငယ်ချင်းတွေတောင်
ရက်နီးလာတော့ သင်္ကြန်ပိုးကြောင့် လက်မှတ်တွေ လာဝယ်နေကြပါတယ်။ ဒီနှစ်တော့
မဏ္ဍပ်လုံခြုံရေးပိုင်းဆိုင်ရာတွေ အရင်နှစ်ထက် တိုးပြီး လုပ်ထားပါတယ်။
တကယ့်သင်္ကြန်ရက် ရောက်ရင်တော့ သင်္ကြန်ပိုးနဲ့အတူ စည်ကားလာတာပါပဲ''ဟု
ကန်တော်ကြီးပတ်လမ်းရှိ My X မဏ္ဍပ်မှ မစုလှိုင်ဖြိုးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် သင်္ကြန် အကြတ်နေ့က ကန်တော်ကြီး ကန်ပတ်လမ်းရှိ
X2O ရေကစားမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း နောက်နေ့
သင်္ကြန်အတက်နေ့၌ ကန်တော်ကြီးပတ်လမ်းတွင် ရေကစားသူများ ပုံမှန်ရှိခဲ့သည်ကို
တွေ့မြင်ခဲ့ရသည်။
ယခုနှစ် ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ
ပိုမိုဖြစ်ပွားလာသည့်အတွက် သင်္ကြန်တွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများ
ပိုမိုဖြစ်ပွားနိုင်သည်ဟုလည်း သုံးသပ်နေကြသည်။ ကန်တော်ကြီး ကန်ပတ်လမ်းအား
ယခုနှစ်သင်္ကြန်တွင် ယခင်နှစ်အတိုင်း တစ်လမ်းမောင်းစနစ် သတ်မှတ်ခဲ့ပြီး
ဦးထောင်ဘိုအ၀ိုင်းအတိုင်း ကန်ပတ်လမ်းမှတစ်ဆင့် မင်္ဂလာဈေးစက်ရုံလမ်းဘက်သို့
တစ်လမ်းမောင်းစနစ်ဖြင့် ၀င်ရောက်ရမည်ဖြစ်သည်။ ကမ္ဘာအေးစေတီလမ်းကိုမူ
နှစ်လမ်းမောင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်းနှင့် ပြည်လမ်း၊ ပါရမီလမ်း၊
ဆရာစံလမ်းများအား ပုံမှန်အတိုင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း
ထုတ်ပြန်ထားသည်။
သို့သော် ရေကစားမဏ္ဍပ်ထိုင်ရန် မတတ်နိုင်သူများအနေဖြင့်လည်း
သက်ဆိုင်ရာရပ်ကွက်များ မြို့နယ်များ အတွင်း၌မူ လှည့်လည်ရေပက်ခံမည့်သူများ
ရှိနေသလို ရေကစားမဏ္ဍပ်များ တည်ရှိရာ နေရာများသို့ လှည်လည်ကာ လမ်းလျောက်
ဆင်နွှဲသူများလည်း အများအပြား ရှိနေမည်ဖြစ်သည်။
ရန်ကုန်မြို့အပြင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး သင်္ကြန်ရေပွဲတော်တွင်
ပါဝင်ဆင်နွှဲကြသူများမှာ အရေအတွက်အားဖြင့်သော်မနည်း၊ ကောလာဟလ သတင်းများသည်
ထွက်ပေါ်နေသော်လည်း တစ်နှစ်လျင် တစ်ကြိမ်သာ ကြုံရသည့် သင်္ကြန်ကို
အလွဲမခံနိုင်ကြသူများလည်း ရှိပေသည်။
ယခုနှစ် သင်္ကြန်အချိန်အခါ ပျော်ပွဲရွှင်ပွဲများနှင့် ပတ်သက်၍ အုပ်ထိန်းသူ
မိဘများကလည်း စိုးရိမ်မှုများ ရှိနေကြကြောင်း သိရသည်။ ''ကျွန်မတို့ ငယ်ငယ်က
ကြုံခဲ့ရတဲ့ သင်္ကြန်ဆိုတာက ရေကစားကြပြီး ပျော်ရွင်မှုတွေနဲ့ပဲ နှစ်သစ်ကို
ကြိုတဲ့ သင်္ကြန်ပါ။ ကိုယ့်သားသမီးတွေရဲ့ ဒီဘက်ခေတ်မှာကတော့ သင်္ကြန်ကို
ပုံစံအမျိုးမျိုးနဲ့ ဖြတ်သန်းနေကြတယ်။ ဒီနှစ်ကတော့ ထွက်ပေါ်လာတဲ့
ကောလာဟလတွေရယ်၊ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရယ် အားလုံးကို ပြန်ကြည့်ရင်
စိုးရိမ်ပါတယ်။ ဘာမှ မဖြစ်ရင် တော်သေးတယ်။ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မတို့ရဲ့
သားသမီးတွေပဲ နစ်နာကြရမှာ။ ပျော်ရွှင်မှုဆိုတာ အတိုင်းအတာနဲ့
စဉ်းစားပြီးတော့ ပျော်သင့်တယ်''ဟု အလုံမြို့နယ်မှ ဒေါ်ညွန့်က ပြောသည်။
''ကျွန်တော်တို့မြို့မှာလည်း ကောလာဟလတွေ ထွက်ပါတယ်။ အဲဒီအတွက်
သင်္ကြန်တွင်းကို ပြဿနာ အသေးလေးတွေကနေ အကြီးကြီးတွေ ဖြစ်မလာအောင်
ဂရုတစိုက်ရမယ့် အခြေအနေမှာ ရှိပါတယ်။ အခု ကြိုတင် အစီအမံတွေ အနေနဲ့
သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာတွေ တင်းတင်းကျပ်ကျပ်
လုပ်ဖို့ ညှိနှိုင်းထားပါတယ်။ သင်္ကြန်တွင်း ကိုယ့်အိမ်မှာပဲ အတတ်နိုင်ဆုံး
နေကြဖို့ အစ္စလာမ် ဘာသာဝင်တွေကိုလည်း မေတ္တာရပ်ခံထားပါတယ်''ဟု
ပြည်မြို့ဘာသာရေး အဓိကရုဏ်း တားဆီးရေးကွန်ရက်မှ ကိုကြည်စိုးဦးက ဆိုသည်။
အင်းလျားကန်ဘေးရှိ ရေကစားမဏ္ဍပ်တစ်ခုကို ဧပြီလ ၆ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ဉာဏ်ဝင်းရှိန်)
ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းတွင်မဏ္ဍပ် ၂၀ ခု
အပါအ၀င် မဏ္ဍပ်အကြီး ၄၀ နှင့် မဏ္ဍပ်အသေးများ စုစုပေါင်း ၁၀၀ ကျော် ရှိခဲ့သည်ဟု
သိရသည်။
http://www.searchmyanmar.com/link/frame/cid/21161/domain/news-eleven.com
နိုင်ငံခြားသားတွေ တောင်ကိုရီးယားကထွက်ဖို့ မြောက်ကိုရီးယား သတိပေး
ဗွီအိုအေ(မြန်မာဌာန)
09.04.2013
တောင်ကိုရီးယားနိုင်ငံနဲ့ စစ်မက် ဖြစ်ပွားနိုင်ချေ ရှိတဲ့အတွက်
ရှောင်ရှားနိုင် ဖို့ နိုင်ငံခြားသားတွေ တောင်ကိုရီးယား နိုင်ငံကနေ
ထွက်ခွာကြဖို့ မြောက်ကိုရီးယားနိုင်ငံက နှိုးဆော်လိုက်ပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေ၊ တောင်ကိုရီးယားနိုင်ငံမှာ စီးပွားရေး လာရောက်
လုပ်ကိုင်နေသူတွေအနေနဲ့ သူတို့ရဲ့ ဘေးကင်း လုံခြုံစိတ်ချဖို့အတွက်
ဆိုးလ်မြို့နဲ့ တောင်ကိုရီးယား နိုင်ငံကနေ ပြောင်းရွှေ့ ကြဖို့
မြောက်ကိုရီးယား အစိုးရရဲ့ အာရှ ပစိဖိတ် ငြိမ်းချမ်းရေး ကော်မတီရဲ့ အင်္ဂါနေ့
သတင်းထုတ်ပြန်ချက်ကို အစိုးရပိုင် သတင်းအေဂျင်စီ က ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲတုန်းကလည်း ပြုံယမ်းမြို့မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေကိုလည်း အလားတူ သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီအတောအတွင်း မြောက်ကိုရီးယားနိုင်ငံဘက်က တောင်ကိုရီးယားနဲ့ ၂ နိုင်ငံ
ပူးတွဲ လုပ်ဆောင်နေတဲ့ Kaesong စက်မှုဇုန်ရဲ့ လည်ပတ်မှုအားလုံးကို
ရပ်တန့်ထားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် စက်မှုဇုန်မှာ
အလုပ်လုပ်ကိုင်နေကြတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေဟာ အင်္ဂါနေ့မှာ
အလုပ်မဆင်းကြတော့ပါဘူး။
ဒီလုပ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ကျန်ရှိနေတဲ့ နောက်ဆုံး အဆက်အသွယ်ကို ဖြတ်တောက်ပစ်လိုက်တာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားနဲ့ ပူးတွဲ လုပ်ဆောင်နေတဲ့ Kaesong
စက်မှုဇုန်ကနေ သူ့ရဲ့ နိုင်ငံသား အလုပ်သမား ၅ သောင်းကျော်ကို ပြန်လည်
ခေါ်ယူလိုက်တဲ့ အပြုအမူကြောင့် မြောက်ကိုရီးယား နိုင်ငံဟာ ကမ္ဘာ့အလည်မှာ
စီးပွားရေးနဲ့ပတ်သက်ပြီး အယုံကြည် မရှိတော့တဲ့ အခြေစိုက်သွားလိမ့်မယ်လို့
တောင်ကိုရီးယား သမ္မတ ဘတ်ဂွန်ဟဲး (Park Geun-hye) က ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားသားတွေ တောင်ကိုရီးယား နိုင်ငံကနေ ထွက်ခွာကြဖို့
မြောက်ကိုရီးယားနိုင်ငံက သတိပေးချက် ထွက်ပေါ်ပြီးတဲ့နောက်
ကိုရီးယားကျွန်းဆွယ်ဒေသမှာ အခြေအနေတွေ ဖရိုဖရဲ ဖြစ်တာမမြင်လိုဘူးလို့
တရုတ်အစိုးရက ပြောဆိုလိုက်ပါတယ်။
ဘယ်ဘက်ကဖြစ်ဖြစ် အခြေအနေတွေ ပိုဆိုးလာအောင် လုပ်တဲ့လုပ်ရပ်မှန်သမျှကို
တရုတ်နိုင်ငံက ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ
ဟောင်လီ (Hong Lei) က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
http://burmese.voanews.com/content/north-korea-urges-foreigners-to-consider-for-leaving/1637760.html
မြန်မာ့စီးပွားရေး ၆% ကျော်အထိ တိုးတက် - ADB
ADB စီးပွားရေးပညာရှင် Changyong
ဒေါ်ခင်မျိုးသက်
09.04.2013
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၆ ရာခိုင်နှုန်းကျော်အထိ
တိုးတက်လာခဲ့တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့
အစီရင်ခံစာက ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ဖွံ့ဖြိုးမှုတွေ ဆက်လက်
အားကောင်းဖို့ ဆိုရင်တော့ အပြောင်းအလဲတွေ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်သလို၊
ဖွံ့ဖြိုးမှုတွေ ရေရှည်ခံမယ့် အစီအမံတွေ လိုအပ်မယ်လို့လည်း စီးပွားရေး
ကျွမ်းကျင်သူတွေက သတိပေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က
တင်ပြထားပါတယ်။
မတ်လ ၃၁ ရက်နေ့အထိ ပါဝင်တဲ့ ၂၀၁၂ ခုနှစ် စီးပွားရေးနှစ်အတွင်း
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာ ၆ ဒဿမ ၃ ရာခိုင်နှုန်းရှိမယ်လို့ ADB က
ခန့်မှန်းလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်က ၅ ရာခိုင်နှုန်း ကြီးထွားမှုရှိခဲ့သလို၊
အခုလို တိုးတက်မှုတွေဟာ ၂၀၁၁ ခုနှစ် အစိုးရသစ် တက်လာခဲ့တဲ့နောက်ပိုင်း
စီးပွားရေးအပါအ၀င် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာရဲ့
အကျိုးဆက်ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံတွေမှာ နိုင်ငံတွင်း သယံဇာတတွေနဲ့အတူ
ထွက်ကုန်တိုးလာတာမို့ အာရှဒေသ စီးပွားရေး ဖွံ့ဖြိုးကြီးထွားလာတာဟာ
အာဆီယံနိုင်ငံတွေက အဓိကလို့ ADB ရဲ့ စီးပွားရေးပညာရှင် ချန်ယောင် ရီး
(Changyong Rhee) က ပြောပါတယ်။
“အင်ဒိုနီးရှားနိုင်ငံက ၆ ရာခိုင်နှုန်းကျော် သိသိသာသာ တိုးလာသလို၊
ဖိလစ်ပိုင်နိုင်ငံကတော့ ပြီးခဲ့တဲ့နှစ်ထဲမှာ ၆ ဒဿမ ၆ ရာခိုင်နှုန်း
ရှိလာတာပါ။ မြန်မာနိုင်ငံကတော့ အရင်ကနဲ့မတူဘဲ ရင်းနှီးမြှုပ်နှံသူတွေအတွက်
စွဲဆောင်မှုတွေ ရှိလာတာ တွေ့ရပြီး၊ အာရှဒေသ စီးပွားရေး ကြီးထွားလာတာဟာ ၁၉၉၇
ခုနှစ်တုန်းကစလို့ အာရှဒေသတွင်း ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ
လုပ်တာကြောင့်လို့လည်း ပြောလို့ရပါတယ်။”
မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့ အနေအထားမှာ
ရှိနေသလို၊ တရုတ်နိုင်ငံရဲ့ ကြီးထွားတိုးတက်မှုကလည်း ဒေသတွင်း စီးပွားရေး
ဖွံ့ဖြိုးမှုကို ဦးဆောင်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်
ပထမ ၁၀ လအတွင်းမှာလည်း နိုင်ငံရပ်ခြား ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု
လုပ်ဖို့အတွက် မှတ်ပုံတင်ကြတာမို့ အရင်က ရင်းနှီးမြှုပ်နှံမှုထက် ၁၄ ဆ
တိုးလာခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဧပြီလကနေ ဒီဇင်ဘာလအတွင်း နိုင်ငံခြားကုမ္ပဏီတွေရဲ့ စီမံကိန်း ၆၂ ခုကို
အစိုးရက ခွင့်ပြုပေးလိုက်သလို၊ လာမယ့် ၃ နှစ်အတွင်း ထပ်ပြီး
ခွင့်ပြုဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွက်
စီးပွားရေးကြီးထွားမှုတွေနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ မလိုပေမဲ့ ADB က
ဖော်ပြနေတဲ့ စာရင်းဇယား အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ
ရှိနေနိုင်တာမို့ ဘယ်လောက်ရာခိုင်နှုန်း ကြီးထွားမယ်ဆိုတာကို အတိအကျ
ပြောလို့ရမယ် မထင်ဘူးလို့ သြစတြေးလျနိုင်ငံက စီးပွားရေး ပညာရှင်
ရှောင်တာနယ်လ် (Sean Turnell) က သုံးသပ်သလို အခုလို မြန်မာနိုင်ငံရဲ့
စီးပွားရေး ကြီးထွားလာတဲ့ အဓိကအကြောင်းအရင်းဟာ ရေနံနဲ့
သဘာဝဓာတ်ငွေ့ကြောင့်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့တွေကို ကောင်းကောင်းဆက်ပြီး
တင်ပို့နေနိုင်တာက အဓိက အကြောင်းအရင်း ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါဟာ
ပြီးခဲ့တဲ့နှစ်ကနဲ့စာရင် ရာနှုန်း ၂၀ လောက်ကို တိုးလာခဲ့တာပါ။
နောက်တချက်ကလည်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်လာကြတာကြောင့်
ဖြစ်သလို၊ နိုင်ငံခြားခရီးသွား ပိုတိုးလာခဲ့တာမို့
ပြီးခဲ့တဲ့နှစ်မှာတင်မကဘဲ လာမယ့်နှစ်တွေမှာလည်း ပိုပြီး ကောင်းလာမယ်လို့
ထင်ပါတယ်။”
မြန်မာနိုင်ငံမှာ စီးပွားရေး ကြီးထွားလာတာနဲ့ပတ်သက်ပြီး မေးခွန်း ထုတ်စရာ
မလိုသလို၊ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာရော၊ လာမယ့်နှစ်တွေမှာပါ ပိုပြီး
ကောင်းလာဖို့ ရှိနေပေမဲ့ စိန်ခေါ်မှုတွေကို အများကြီး ရင်ဆိုင်ရဖို့
ရှိတယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ ဆိုးရွားခဲ့တဲ့ အနေအထားတွေ ရှိခဲ့တာမို့လို့ ရှေ့ဆက်ပြီး
စိန်ခေါ်မှု အများကြီးလည်း ရှိနေဦးမှာပါ။ ရေရှည် တည်တံ့စေမယ့်
ဥပဒေဖြစ်ထွန်းမှုတွေ အခုထိ မရှိသေးတဲ့အတွက် စီးပွားရေး အမြတ်ထုတ်သူတွေရဲ့
အန္တရာယ်ရှိနေသလို၊ စီးပွားရေး လုပ်ငန်းတွေအတွက် ပြည့်ပြည့်၀၀
လုပ်မပေးနိုင်သေးတာမို့ စိန်ခေါ်မှုတွေ အများကြီး တွေ့ရမှာပါ။
မြန်မာနိုင်ငံကို စက်မှုနိုင်ငံ ထူထောင်ဖို့ လုပ်နေပေမဲ့ အကြီးစားရော၊
အသေးစားရော စက်မှုလုပ်ငန်းတွေအတွက်ပါ အကောင်အထည်ဖော်ဖို့ သိပ်
ချမပြနိုင်သေးတာကလည်း အားမရစရာ ဖြစ်နေပါသေးတယ်။”
သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က မြန်မာ့စီးပွားရေး လေ့လာသုံးသပ် သူ ရှောင်တာနယ်လ် (Sean Turnell) ဖြစ်ပါတယ်။
http://burmese.voanews.com/content/adb-says-on-burma-eco-growth/1637852.html
ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကျိုးပေါက် ပွင့်ထွက်
Minmaha Bagan's photo.
ရခိုင်ပြည်နယ်မှ
တရုတ်နိုင်ငံသို့ ဆက်သွယ်မည့် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ
လမ်းကြောင်း၌ ပါဝင်သည့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင်
ပိုက်လိုင်းထဲသို့ ရေ စမ်းသပ်လွှတ်ရာမှ ပိုက်လိုင်း ကျိုးပေါက် ပွင့်ထွက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ပိုက်လိုင်းသန့်ရှင်းရေး လုပ်တဲ့အနေနဲ့ ရေ စမ်းလွှတ်တာက ပေါက်ကွဲမှု
ဖြစ်တယ်၊ စုစုပေါင်း ၄ ကြိမ် ဖြစ်ဖူးတယ်။ ဂက်စ်တောင် မပို့လွှတ်ရသေးဘူး၊
ဒီလို ဖြစ်နေတော့ ဒေသခံတွေက တအား စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်နေကြတယ်” ဟု
တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ချုပ်မှ သတင်းနှင့် လူ့အခွင့်အရေး
မှတ်တမ်း တာဝန်ခံ မိုင်းအိုက်မွန်းက ဧရာဝတီသို့ ပြောသည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ခိုင်ခန့်မှု မရှိခြင်း၊ စနစ်တကျ မြှုပ်နှံမှု
မရှိခြင်းတို့ကြောင့် စမ်းသပ်စဉ် ကာလ၌ပင် ကျိုးပေါက် ပွင့်ထွက်မှု
ဖြစ်နေကြောင်း၊ နမ္မတူ၊ နမ့်ခမ်း၊ ကျောက်မဲ စသည့် မြို့နယ်တို့၌ ပြီးခဲ့သည့်
ဖေဖော်ဝါရီလနှင့် မတ်လတွင် ၂ ကြိမ်၊ ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် ၂
ကြိမ် ကျိုးပေါက် ပွင့်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပိုက်လိုင်းသည်
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ မန်တုံ၊ နောင်ချို၊
ကျောက်မဲ စသည့်မြို့နယ်များကို ဖြတ်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌
အဆုံးသတ်မည် ဖြစ်သည်။
ရွှေ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊
ကျောက်ဖြူဒေသ၌ တည်ဆောက်နေပြီး သဘာဓာတ်ငွေ့များကို လာမည့် မေလမှစတင်၍
တရုတ်နိုင်ငံသို့ ပို့လွှတ်တော့မည်ဟု ဂက်စ်ပိုက်လိုင်း စီမံကိန်းကို
ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China
National Petroleum Corporation – CNPC) ကုမ္ပဏီမှ ပြောဆိုထားသည်။
Goshal Lay
================================
ရွှေဂတ်စ် ဓာတ်ငွေနှင့် ရေနံပိုက်လိုင်း စုံစမ်းစစ်ဆေးရန် တောင်းဆို
Published on April 9, 2013 by ဒီဗွီဘီ ·
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဆက်သွယ်မယ့် ရွှေဂက်စ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ယာယီရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်သွားဖို့ တအာဝ်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) က တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့ နမ့်ခမ်းမြို့နယ်ကြားက တအာင်း လူမျိုးတွေ အများစု နေထိုင်တဲ့ ရွာပေါင်း ၅၁ ရွာနဲ့ လူဦးရေ ၈ ထောင်နီးပါးကို ထိခိုက်နိုင်တဲ့အတွက် ဒီစီမံကိန်းကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးဖို့ တောင်းဆိုလိုက်တာပါ။
ဧပြီ ၉ ရက်နေ့က ရန်ကုန်တော်ဝင်နှင်းဆီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ အခုလို တောင်းဆို လိုက်တာလည်း ဖြစ်ပါတယ်။
ရွှေဂတ်စ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေပြီးတော့ ရေနံနဲ့သဘာဝဓာတ်ငွေတွေကို ဇွန်လမှာ စတင် တင်ပို့တော့မယ်လို့ သတင်းရထားတဲ့အတွက် အခုလို တောင်းဆိုရတာလို့ TSYU တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ မိုင်မျိုးအောင်က ပြောပါတယ်။
“ကောက်ထားတဲ့ စစ်တမ်းတွေအရ ရွှေဂတ်စ် ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းက ဒေသခံလူထုတွေအတွက် အကျိုးမရှိဘူး။ ဆိုးကျိုးပဲရှိတယ်။ ဒါကြောင့် ဒီစီမံကိန်းကို ယာယီရပ်ဆိုင်းပြီး ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးပေးဖို့။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မမျှတမှုအပိုင်းတွေကို စုံစမ်းပေးဖို့ ကျနော်တို့က လုပ်ရခြင်း ရည်ရွယ်ချက်ဖြစ်တယ်။ အဓိကက လျော်ကြေးပေးတယ်ဆိုပေမယ့် မြို့နားပဲပေးပြီး တကယ့် ဝေးလံခေါင်ဖျားတဲ့ရွာတွေမှာ လျော်ကြေးအပြည့်အ၀မပေးဘူး။ မမျှတတဲ့ လျော်ကြေးတွေဖြစ်တော့ အဲအတွက် လျော်ကြေးအပြည့်မရတဲ့ လူထုတွေလည်း ရှိတယ်။ နောက် ပိုက်လိုင်းကို ပထမဆုံးရေနဲ့စမ်းသပ်ပြီး လွှတ်တာမှာ ပေါက်ကွဲမှုတွေဖြစ်တယ်။ လူထုအတွက် အန္တရာယ်ဖြစ်စေတယ်။ ပိုက်လိုင်းကြောင့် အဲတလျှောက်မှာ စစ်ဆေးရေးဂိတ်တွေချထားတော့ လူထုက အလုပ်သွားလုပ်ရင်တောင် စစ်ဆေးခံရတယ်။ လူထုအတွက် စိတ်အနှောင့်အယှက်ဖြစ်တာပေါ့။ အထူးသဖြင့် အမျိုးသမီးတွေ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။”
ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားတဲ့နေရာမှာ နေထိုင်တဲ့ဒေသခံတွေကလည်း ဓာတ်ငွေ့ပိုက်လိုင်းကြောင့် စိုးရွံနေရတယ်လို့လည်း ဆိုပါတယ်။ ပထမခြေလှမ်း တောင်းဆိုချက်ဖြစ်ပြီးတော့ မလိုက်လျောရင်လည်း နောက်ထပ် စည်းရုံးလှုပ်ရှားမှုတွေကို ဆောင်ရွက်သွား မယ်လို့ မိုင်မျိုးအောင်က ပြောပါတယ်။
ဒီပိုက်လိုင်းကို ရပ်တန့်ပေးဖို့ ရှမ်းပြည်မြောက်ပိုင်းက လယ်သမား ကော်မတီကလည်း အရင်ရက်ပိုင်းက တောင်းဆိုခဲ့သလို ပြည်နယ်အစိုးရထံကို စာရေးသားပေးပို့ခဲ့ပါတယ်။
ဒီပိုက်လိုင်းက ဘင်္ဂလားပင်လယ်အော်ထဲက သဘာဝဓာတ်ငွေနဲ့ အရှေ့အလယ်ပိုင်းက ရေနံတွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သယ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
စီမံကိန်းဟာ တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်းနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့က ပူးပေါင်းလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
တရုတ်ကို နှစ်ပေါင်း ၃၀ နီးပါး ဓာတ်ငွေ့ရောင်းချမှုကနေ မြန်မာအစိုးရက ခန့်မှန်း ဒေါ်လာ ၂၉ ဘီလီယံ ရရှိမှာလည်း ဖြစ်ပါတယ်။