Wednesday, April 10, 2013

နောက်ထပ်ဂုံးပေါ်ဂုံးသုံးထပ်ကျော်ရန်လို

မဟာကြောင်'s photo
ဟယ်လို !!! 

ဖုန်းကို ကောက်ကိုင်လိုက်တော့ ဟိုဘက်က မဟာကြောင်လားတဲ့။ ဟုတ်ပါတယ်ဆိုတော့ ဒီနေ့ဖွင့်လှစ်သွားတဲ့ လှည်းတန်းခုံးကျော်တံတားနဲ့ပါတ်သက်ပြီးဗျူးချင်လို့ပါတဲ့။ ဗျူးချင်ရင် ရွှေတောင်ဗျူး၊ YCDC ဗျူးပါဆိုတာ မရဘူး။ ဒီသူငယ်မ သတင်းထောက်ကလေးက မဟာကြောင့်ပဲ ဗျူးပါရစေရှန့်ဆိုတာနဲ့ ဗျူးခံလိုက်ပါသည်။

သတင်းထောက်။ ။ ဒီနေ့ ခုံးကျော်တံတားကို ဖြတ်ပြီးပါပြီလားရှန့်..

မဟာကြောင်။ ။ ပြီးပါပြီ.. ၂ခါပါ.. ၁ခါက အပေါ်ကသွားပါတယ်.. ၁ခါက အောက်ကသွားပါတယ်..

သတင်းထောက်။ ။ ဘာလို့ ခုံးတံတားကို အပေါ်က သွားလို့ရအောင်ဆောက်ထားပေးတာ ဘာလို့ အောက်ကသွားတာလဲရှန့်..

မဟာကြောင်။ ။ တံတားပေါ်မှာ ကားတွေ ပိတ်နေတာကိုး။ ဒါနဲ့ အောက်က သွားတော့ မြန်မြန်သွားလို့ရတယ်..

သတင်းထောက်။ ။ ဒါဆို ခုံးတံတားကြောင့် သွားလမ်းလာလမ်း အဆင်ပြေတယ်ပေါ့ရှန့်...

မဟာကြောင်။ ။ (အနည်းငယ်အသံမြှင့်လျက်) မပြေဘူးဟေ့ မပြေဘူး.. ခုံးတံတားဆုံးတာနဲ့ နာနတ်တောမှာ ၁ခါ၊ အ၀ိုင်းမှာ၁ခါ၊ မြေနီကုန်းမှာ ၁ခါ၊ အလုံလမ်းမှာ ၁ခါ၊ ၄ ခါတိတိ ကားတွေပိတ်နေပါတယ်.. အရင်တုန်းကမှ လှည်းတန်း၁ခုထဲပိတ်ပါတယ်.. အခု ၄နေရာပိတ်ပါတယ်.. ပြီးတော့ တံတားပေါ်မှာလည်း ကားတွေ ပိတ်နေပါတယ်.. တံတားမဆောက်ခင်တုန်းက အောက်မှာပိတ်နေတဲ့ကားတွေအားလုံး တံတားပေါ်မှာ ပိတ်နေပါတယ်.. ပြီးတော့ နောက်ထပ် အသစ် ၄နေရာထပ်ပိတ်ပါတယ်.. ဒါပေမယ့် တံတားကြီးကြောင့် ပိတ်တာ အဆင့်မြင့်သွားပါတယ်..

ခါတိုင်း အောက်မှာ ပိတ်နေတဲ့ကားတန်းကြီးက တံတားပေါ်မှာ အဆင့်မြင့်မြင့် ကားပိတ်ကြပါတယ်..

သတင်းထောက်။ ။ တိန် !!!

(အစမို့လို့နေမယ်ထင်တယ်၊ ကျနော်တို့ မြန်မာလူမျိုးတွေ သနားဖို့ကောင်းပါတယ်ဗျာ... ဒီလောက်နာမည်ကြီးတဲ့ တံတားကြီးဆိုတော့ အရင်ဆုံးဖြတ်ဖူးချင်ကြတာနဲ့ ဖြစ်တာနေမှာပါ၊ နောက်ဆိုရင်တော့ လျော့သွားမယ်ထင်ပါတယ်၊ နောက်ရန်ကုန်မှာ ပေါလာတဲ့ကားနဲ့ ကျပ်နှုန်းကတော့ ရွှေဂုံတိုင်ပြီးလဲ ပြေလည်ဦးမယ်မထင်ပါဘူး ဒီလိုပဲ သွားရမပေါ့ ဖြည်းဖြည်းချင်း)

(Traffic ထဲက ကြောင်)

ဓါတ်ပုံကာတွန်းကို ကာတွန်းATHထံမှာ ယူပါသည်။

ပြည်သူ့ အသံကို လေးစားနားထောင်ရန် လိုပါသည်

၉.၄.၂၀၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်မှာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ဆောင်ရေးကော်မတီအစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ''ဒုက္ခသည်များအား ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာက ဦးဆောင်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ အကူအညီပေးရေး လုပ် ငန်းများ ဆောင်ရွက်ရန်နှင့် ယင်းအဖွဲ့သည် ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ပေးနိုင်ရေးတို့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်'' ဟု ပြောကြားချက်ကို ဖတ်ရသည် ။

    ဤသို့  မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ၀န်ကြီးဋ္ဌါနမှ ကိုယ်စားလှယ်များးပါဝင်သည့် အဖွဲ့ တဖွဲ့ ကို ဖွေဲ့ စည်း၍ ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအတွက် အကူအညီပေးရေး လုပ်ငန်းဆောင်ရွက်ရန် စီမံကိန်းတခုကို ချမှတ်သည် ဆိုခြင်းမှာ အစိုးရတရပ်အနေဖြင့် နိုင်ငံတကာ၏ မျက်နာစာတွင် အရုပ်ဆိုး အကျည်းမတန်စေရန် ဆောင်ရွက်ချက်ဖြစ်ကြောင်း သိသာနိုင်သည် ။ သို့ သော် ဘ၀င်မကျနိုင်စရာ တခုကို တွေ့ ရသည် ။ ၄င်းမှာ ၀န်ကြီးဋ္ဌါနမှ ကိုယ်စားလှယ်များပါဝင်သည့် ဆိုသော အဖွဲ့ တဖွဲ့ ကို ဖွဲ့ စည်းခြင်းဆိုသော အချက်ဖြစ်သည် ။ မြန်မာနိုင်ငံအတွင်း တစုံတရာဖြစ်လာပြီးပြီ ဆိုလျှင်မူ စုံစမ်းစစ်ဆေးရေးကော်မီတီများကို ဖွဲ့ စည်းတတ်နေပြီဖြစ်သည်ကို မြင်ကြကြားကြရသည် ။ ယခုမူ ရခိုင်ပြည်နယ်၏စုံစမ်းစစ်ဆေးရေးကော်မီတီမှ အစီရင်ခံစာ မထုတ်ပြန်မှီမှာပင် ၄င်းဒုက္ခသည်များအတွက် ဆောင်ရွက်စေရန်ဆိုသော စီမံကိန်းများကို ချမှတ်စေခြင်းမှာ မပြုလုပ်အပ်ထင်သည် ။

    ရခိုင်ပြည်နယ်၏ ပကတိဖြစ်စဉ်များနှင့် စပ်လျှဉ်း၍ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှ လွှတ်တော်တွင် ရေတိုရေရှည် စီမံကိန်းများကို မည်သို့ မည်ပုံချမှတ် ဆောင်ရွက်သင့်သည်ဟု တင်ပြခဲ့ ပြီးဖြစ်သည် ။ သို့ သော် ၄င်း၏လွှတ်တော်တွင်းတင်ပြချက်ကို ကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ရခိုင်ပြည်နယ်၏စုံစမ်းစစ်ဆေးရေးကော်မီတီ၏ အစီရင်ခံစာ မပြီးမြောက်မှီမှာ ဆွေးနွေးရန်သင့်သော်လည်း ယခုမပြီးမြောက်ခင် ဆိုင်းငံ့ပေးပါရန် တင်ပြခဲ့ သည်။ ထို့ ကြောင့်ရခိုင်ပြည်နယ်၏ ရေတိုရေရှည်စီမံကိန်း ဟူသမျှသည် ရခိုင်စုံစမ်းစစ်ဆေးရေးကော်မီတီ၏ အစီရင်ခံစာ မထုတ်ပြန်သမျှ ဘာမျှ ဆောင်ရွက်စရာ မရှိချေ ။ အဘယ့်ကြောင့်ဆိုသော် ဒေါက်တာအေးမောင်၏ တင်ပြချက်များသည် မည်သို့ မည်ပုံ ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအတွက် ဆောင်ရွက်သင့်သည်ကို ချပြခဲ့ ပြီးဖြစ်ရာ အကယ်၍ ၄င်းဒုက္ခသည်များအတွက် မည်သို့ မည်ပုံဆောင်ရွက်မည့် နည်လမ်းစီမံကိန်းတို့ သည် ဒေါက်တာအေးမောင်၏ တင်ပြချက်များနှင့် ကွဲလွှဲမှု ရှိမရှိ အစီရင်ခံစာအပေါ် အကျိုးသက်ရောက်မှု ရှိနေသည်။

    တချိန်တည်းမှာပင် ၀န်ကြီးဋ္ဌါနများမှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့ အစည်းဆိုသည်မှာလည်း မပြုလုပ်သင့်ဟုထင်သည် ။ စင်စစ်အားဖြင့် သမ္မတကြီး ဦးသိန်းစိန်၏ မြန်မာနိုင်ငံအရေးအရာနှင့် စပ်လျှဉ်းပြီး အကြံပေးအဖွဲ့ အစည်း ရှိနေသည် ။ ၄င်းအဖွဲ့ အစည်းသည် သမ္မတကြီးအား နိုင်ငံတော်အတွက် အကြံပေးနေကြရာ ယခုလည်း ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ၄င်းတို့ ထံမှ အကြံပေးသက်ရောက်မှု အတိုင်းအတာတခုအထိ ရှိနေသင့်သည် ။ ထို့ ကြောင့် ရခိုင်ပြည်နယ်အရေးနှင့် ပါတ်သက်လျှင် ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက ဆက်စပ်ပြောကြားလျှင် သဘာဝကျသည်ဆိုကာ တခါက သမ္မတကြီးမှ နိုင်ငံရေးပါတီများကို၎င်း၊ ရခိုင်ပြည်နယ်မှ မြို့ မိမြို့ ဖများကို၎င်း ခေါ်ယူတွေ့ ဆုံခဲ့ သည်ကို အမှတ်ရမိသည် ။ ၄င်းမှာ ကောင်းမွန်သောအစီအမံများဖြစ်သည် ။ ယခုလည်း ရခိုင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ရှိနေပြီးဖြစ်ရာ စင်စစ်အားဖြင့် ရခိုင်ပြည်နယ်၏ အရေးအရာများနှင့် ပါတ်သက်ပြီး ရခိုင်အကြံပေးအဖွဲ့  ဖွဲ့ စည်းခွင့် ပေးရန်လိုသည် ။

     ရခိုင်ပြည်နယ်၏ ပြသနာတရပ်ပေါ်လာတိုင်း မြို့ မိမြို့ ဖများကို နာမည်တပ်ဖိတ်ခေါ်ကာ သတိရ၍ အစည်းအဝေးထိုင်ခြင်းများသည် မည်သည့်အခါမျှ ပြည်နယ်တခု၏ ကံကြမ္မာကို ဆောင်ရွက်နိုင်စွမ်းမပြုချေ ။ သို့ ဖြစ်၍ ရခိုင်ပြည်နယ်၏ ကံကြမ္မာအရေးအရာများနှင့် ပါတ်သက်လာလျှင် စည်းကမ်းတကျ နည်းလမ်းတကျ ဆောင်ရွက်စေမည့် ရခိုင်အကြံပေးအဖွဲ့  တဖွဲ့ ကား ရှိကိုရှိသင့်နေပြီဖြစ်သည် ။ ယင်းရခိုင်အကြံအပေးအဖွဲ့ သည် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုက်ရိုက်လုပ်ငန်းများကို ပူးတွဲဆောင်ရွက်ရန်ဖြစ်ပြီး ၄င်းတို့ ၏ တာဝန်ဝတ္တရား ဆောင်ရွက်ချက်များအတွက် လစာငွေများကို မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ စီးဆင်းစေရမည်ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် မြန်မာ့ငြိမ်းချမ်းရေးစင်တာသည် နိုင်ငံတကာမှ အလှူငွေများဖြင့် ရပ်တည်နေသောကြောင့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များ၏ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းနှင့်ပြည်နယ်အကြံပေးအဖွဲ့ ကို ဆက်စပ်လုပ်ကိုင်ဆောင်ရွက်စေရန် လစာငွေများကို ပေးဆောင်သင့်သည် ။

     လွန်ခဲ့ သောလက မြန်မာ့ငြိမ်းချမ်းရေးစင်တာ၏ အလှူငွေများမှာ ကြောက်စရာကောင်းလောက်အောင် ခြစားမှုများ ရှိနေသည်ကို ကြားကြရသည် ။ ထို့ ကြောင့် ၄င်းကဲ့ သို့  နိုင်ငံတကာမှ အလှူငွေများဖြင့် တိုင်းနှင်ပြည်နယ်မှ အကြံပေးအဖွဲ့ များကို လစာငွေထောက်ပံ့ပြီး ဆောင်ရွက်နေမည်ဆိုပါက တိုင်းနှင်ပြည်နယ်များ၏ လိုအင်ဆန္ဒများကို တနည်းတဖုံ အကျိုးသက်ရောက်မှု ရှိကြမည်ထင်သည် ။ မည်သို့ ပင်ဆိုစေ သမ္မတကြီး၏ နိုင်ငံတကာမျက်နာစာတွင် လူမှုရေးဆောင်ရွက်ချက်များကို စံနုံးစံညွှန်းများနှင့်အညီ ဆောင်ရွက်လိုသော စိတ်ဆန္ဒများကိုမူ လေးစားသည် ။ တချိန်တည်းမှာပင် သမ္မတကြီးကလည်း ပြည်သူတို့ အသံကို လေးစားနားထောင်ရန်လိုသည် ။

    ပြည်သူတို့ ၏အသံသည် ထာဝစဉ်ပင် ဒီမိုကရေစီနိုင်ငံများ၌ အမြဲ နားထောင်ရသော အချက်အလက်တခု ဖြစ်သည် ။ လွန်ခဲ့ သောလေးလလောက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့  အထက်ပိုင်းက မြို့ နယ်တခု၏ မူလတန်းစာသင်ကျောင်းမှာ လူသတ်သမားတယောက်က သေနတ်ဖြင့် ပစ်ခတ်၍ မူလတန်းကျောင်းသားခလေးများ တဆယ်ကျော်သေဆုံးခဲ့ ကြရသည် ။ သမ္မတဘားရက်အိုဘားမားက ဒုတိယအကြိမ် မဲဆွယ်စည်းရုံးနေရာမှ ချက်ချင်းအစီအစဉ်များကို ဖျက်သိမ်းပြီး ခလေးငယ်များ၏ မိဖများနှင့် တွေ့ ဆုံကာ အားပေးနှစ်သိမ့်သည် ။ လူသတ်သမားမှာ ပြသနာဖြစ်စဉ် သေဆုံးသွားသည် ။ မနေ့ က လေးလပြည့်သောအချိန် ၄င်းမြို့ တွင် ဘားရက်အိုးဘားမားက မိန့် ခွန်းပြောရာ၌ ပြည်သူများ၏ အသံကိုလိုလားပါသည်ဟု လေးလေးနက်နက် ပြောသည် ။ ခလေးငယ်များ သေဆုံးသွားရခြင်းကို လုံးဝမမေ့ခြင်းနှင့် မေ့နေလျှင် ရှက်စရာဖြစ်မည်ဖြစ်ကြောင်း တိတိကျကျ ပြောသည် ။ သူက အဓိကပြည်သူများ၏ အသံလိုချင်သည်ဆိုခြင်းမှာ သေနတ်များကို ထိမ်းချုပ်ရေးပင်ဖြစ်သည် ။ သို့ မဟုတ်က လမ်းမပေါ်မှာ ကျောင်းတွေမှာ သေနတ်ကိုယ်စီနှင့် ပစ်ခတ်နေကြခြင်းကြောင့် ခလေးတွေ အပြစ်မဲ့  ပြည်သူတွေ သေဆုံးကြရသည်ဟု ဘားရက်အိုဘားမားက ပြောဆိုနေခြင်းဖြစ်သည် ။ အကယ်၍ အမေရိကန်ပြည်သူများက လက်နက်ထိမ်းချုပ်ရေး ဥပဒေကို ပြဋ္ဌန်းရန် လိုချင်သည်ဆိုပါက ပြည်သူ့ အသံကို ပေးကြပါဟု အမေရိကန်တ၀န်း လှည့်လည်မဲဆွယ်နေခြင်းဖြစ်သည် ။  လက်နက်ထုတ်သော ကုမဏီများကတဖက် သေနတ်ကိုကာကွယ်ရေးအတွက် အသုံးချလိုသူများကတဖက်နှင့် အမေရိကန် သမ္မတမှာ တော်တော်ကြိုးစားနေရသည် ။

     မည်သို့ ပင်ဖြစ်စေ သမ္မတသည် ပြည်သူတို့ ၏ အသံကို လေးစားနားထောင်ရနေခြင်းကို  သေချာစွာမြင်တွေ့ နေရခြင်းဖြစ်သည် ။ ကျွန်တော်တို့  မြန်မာနိုင်ငံတွင်လည်း သမ္မတသည် ပြည်သူတို့ ၏ အသံကို လေးစားနားထောင်ရန် လိုသည် ။ ပြည်သူ့ ဆန္ဒ မပါဘဲ ဆောင်ရွက်ခဲ့ သော ယခင်စစ်အစိုးရ လက်ထက်များက အငွေ့ အသက်များကို ယခုဒီမိုကရေစီခြေလှမ်းပြုနေစ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရမှ ပြုပြင်ဖာထေး ဆောင်ရွက်ချက်များကား သံသယလှောင်အိမ်များမှ အတောင်ပေါက်စ ငှက်ငယ်တကောင်သဖွယ် ဖြစ်နေသည်ကိုလည်း နားလည်သည် ။ ထို့ ကြောင့်လည်း ကျွန်တော့်အနေဖြင့် ယခုလိုအကြံပေးတင်ပြနေရခြင်းဖြစ်သည် ။

     အကယ်၍ ရခိုင်ပြည်နယ်၏ အနာဂါတ်အရေးအရာများအတွက် တရားဝင်ဖွဲ့ စည်းထားသော ရခိုင်အကြံပေးအဖွဲ့ နှင့် တိုက်ရိုက်တွေ့ ဆုံ ဆွေးနွေးပြီး ထိရောက်စွာ ဆောင်ရွက်မည်ဆိုလျှင် တည်ငြိမ်အေးချမ်းနေသော ပဋိပက္ခများ ပေါ်ပေါက်လာနိုင်စရာ ရှိမည်မထင်ရချေ ။ အကယ်၍ သမ္မတကြီးဦးသိန်းစိန်မှာ ယခုကဲ့ သို့  ၀န်ကြီးကြီးဋ္ဌာနမှ ကိုယ်စားလှယ်အဖွဲ့ ကို ဖွဲ့ စည်းပြီး ပြည်သူ့ အသံများမပါဘဲ ဆောင်ရွက်မည်ဆိုလျှင် ရခိုင်လူမျိုးတို့  လမ်းပေါ်ထွက်ဆန္ဒပြကြလေတော့မည် ။ သည်အခါ ပုဒ်မ္မ-၁၈-ဖြင့် ဖမ်းဆီးချုပ်နှောင် တရားစွဲဆိုရတော့မည်ဖြစ်သည် ။ အမျိုးကိုစောင့်သော ဘာသာကို စောင့်သော သူများအား တည်ကြက်သဖွယ် ထောင်ဖမ်းရန် ကြော့ကွင်းများ မပြုလုပ်ဖို့ လိုသည် ။ ၄င်းအနေအထားမျိုးကို ကျွန်တော် မလိုလား ။ ကျွန်တော်ဖြစ်ချင်သည်မှာ ရခိုင်အကြံပေးအဖွဲ့ ကို အမြန်ဆုံး ဖွဲ့ စည်းရန်လိုသည် ။ ၄င်းအဖွဲ့ တွင် တတ်သိပညာရှင်များ - နိုင်ငံရေးသမားများ ပါဝင်ဖို့ လိုသည် ။  သို့ ဖြစ်၍ လွှတ်တော်မှာပင် တရားဝင် ရခိုင်ပြည်နယ်၏ ရေတိုရေရှည်စီမံကိမ်းများကို တင်ပြထားပါလျှက် မည်သို့ မျှ ဆွေးနွေး ဆုံးဖြတ်ချက်များ လွှတ်တော်မှ မချမှီ မည်သည့်အရေးအရာကိုမှ သမ္မတကြီးမှ မဆောင်ရွက်သင့်ကြောင်း ပြောချင်သည် ။ ကျွန်တော်ဖြစ်စေချင်သည်မှာ သမ္မတကြီး ကော အစိုးရတခုလုံးကပါ ပြည်သူများ၏ အသံကိုဂရုတစိုက် လေးစားနားထောင်ရန်လိုပါသည်ဟု ဆန္ဒဖြစ်ပေါ်မိပါကြောင်း ။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

သင်္ကြန်တွင်မဖွယ်မရာပြုမူ၊ ဝတ်ဆင်က ထောင်ဒဏ်အထိ အရေးယူမည်

The Voice Weekly's photo.
သင်္ကြန်တွင်မဖွယ်မရာပြုမူ၊ ဝတ်ဆင်က ထောင်ဒဏ်အထိ အရေးယူမည်
...................................................................................
မန္တလေး၊ ဧပြီ ၉

မြန်မာ့ရိုးရာသင်္ကြန်ရေ ကစားရာ တွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ၂၉၀/၂၉၄ အရ အရေးယူမည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ ၂၉၀ အရ ဒဏ် ငွေ ၂၀၀ ကျပ်၊ ပုဒ်မ ၂၉၄ အရ ထောင်ဒဏ်သုံးလဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေစာအုပ်တွင် ဖော်ပြပါရှိသည်။
သင်္ကြန်ရေပက် ကစားရာတွင် မြန်မာ အမျိုးသမီးများ ဝတ်စားဆင်ယင်မှုပိုင်းတွင် လွန်ကျူးလာသည် ကို တွေ့မြင်ရကြောင်း ဒေသခံအချို့က သုံးသပ်ပြောကြားသည်။

"အရင်နှစ်တွေ ကတည်းက လွန်လွန်ကျူးကျူး ဝတ်စားထားရင် ပြန်လဲခိုင်းတယ်။  ပြန်လဲခိုင်းလို့ မရရင် လက်မှတ်ခကို ပြန်အမ်းပေးလိုက်တယ်။ ဒီနှစ်လည်း အဲဒီလိုပဲ လုပ်မှာပါ" ဟု ဒိုမီနိုရေကစားမဏ္ဍပ် တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သင်္ကြန်ကာလအတွင်း မြန်မာအမျိုးသမီးများ အနေနှင့် ခေတ်မီမီ လုံလုံ ခြုံခြုံ ဝတ်စားဆင်ယင် သင့်ကြောင်း အသက် ၃၀ အရွယ် ဒေသခံအမျိုးသား တစ်ဦးက ပြောကြားသည်။
"ကျွန်တော်တို့အနေနဲ့တော့ စည်းကမ်းချက် ထုတ်ထားတာမျိုးတော့ မရှိပါဘူး။သိပ်ပြီး ဟော့ဟော့ရမ်းရမ်း မဖြစ်တာမျိုး ဆိုရင် ဝတ်လို့ရပါတယ်" ဟု Maritime ရေကစားမဏ္ဍပ် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သင်္ကြန်ကာလ နီးကပ်လာပြီဖြစ် သဖြင့် အခပေး ရေကစားမဏ္ဍပ် အများဆုံး ရှိသည့် မန္တလေးကျုံးပတ်လည်တွင် ညဦးပိုင်းကာလ၌ မဏ္ဍပ်ချင်းအပြိုင်အဆိုင် ကြော်ငြာနေသည် ကိုလည်း တွေ့ရသည်။
"ကျွန်တော်တို့ ခုချိန်ထိတော့ ဘာစည်းကမ်းမှ မထုတ်ရသေးဘူး။ ဒါပေမဲ့ ကြိုက်တာဝတ်လို့ ရပါတယ်" ဟု Festival 9.9 ရေကစားမဏ္ဍပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အခပေးမဏ္ဍပ်တွင် ရေကစားလိုသူများ အနေဖြင့် သင်္ကြန်လေးရက် ကာလပတ်လုံး နှစ်သောင်းကျပ်မှ ငါးသောင်းကျပ် အထိ ဈေးရှိကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။

ပုတင်း က အခုလို ဆန္ဒပြနည်းကို သူ အနှစ်သက်ဆုံးဖြစ်ကြောင်း ပြော

အဂ္ဂမဟာ ဒီမိုဖက်တီး's photo.
ဒါ တကယ့် ဖြစ်ရပ်မှန်ပုံပါ ။ ဂျာမနီမှာ မနေ့က ၈-၄-၂၀၁၃ မှ ဖြစ်ပွားခဲ့တာပါ ။ ခေါင်းဆောင်များ အားလုံးရဲ့ မျက်နှာပေါ်က အမူအရာတွေကို ကြည့်ပြီး ရီလိုက်ရတာ ..... ဟီး ဟီးးးး

ပုတင်း ကတော့ အခုလို ဆန္ဒပြနည်းကို သူ အနှစ်သက်ဆုံးဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပါတယ် ။

သတင်းအပြည့်အစုံ - syndicatednewsservice.wordpress.com/category/civil-rights/
Photo: ဒါ တကယ့် ဖြစ်ရပ်မှန်ပုံပါ ။ ဂျာမနီမှာ မနေ့က ၈-၄-၂၀၁၃ မှ ဖြစ်ပွားခဲ့တာပါ ။ ခေါင်းဆောင်များ အားလုံးရဲ့ မျက်နှာပေါ်က အမူအရာတွေကို ကြည့်ပြီး ရီလိုက်ရတာ ..... ဟီး ဟီးးးး

ပုတင်း ကတော့ အခုလို ဆန္ဒပြနည်းကို သူ အနှစ်သက်ဆုံးဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပါတယ် ။

သတင်းအပြည့်အစုံ - syndicatednewsservice.wordpress.com/category/civil-rights/

ငပလီက Amazine Hotel အတွက် ကြော်ငြာလို့လဲပြောတာပဲ

မြန်မာနယူးဝိခ်ဂျာနယ်မှာပါတာကတော့ဒီလိုပါ... credit to ဖက်ဖက်

၄၈ လမ်းရှိ မီးလောင်သွားသော ဗလီ၏ ပြုပြင်ခွင့်ကို ရန်ကုန်တိုင်းအစိုးရမှ ခွင့်ပြု

၄၈ လမ်းရှိ မီးလောင်သွားသော ဗလီ၏ ပြုပြင်ခွင့်ကို ရန်ကုန်တိုင်းအစိုးရမှ ခွင့်ပြုထားပြီး ရန်ကုန်စည်ပင်သာယာရေးကော်မတီကို အကြောင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။ ပြုပြင်ခွင့် အချိန်ကို သတ်မှတ်ထားခြင်း မရှိသေးကြောင်း ၄င်းကပြောသည်။

( Popular Myanmar News Journal )

တရားမ၀င်သူတွေကိုတော့ အိုးပိုင်၊ အိမ်ပိုင် ပေးတာကိုတော့ လက်မခံနိုင်ဘူး။

RSV's photo.

ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်နိုင်ရေး၊ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ပေးနိုင်ရေးတို့အတွက် လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်ပေးရန်'' ဟု သမ္မတဦးသိန်းစိန်၏ ပြောကြား ချက်ခဲ့ခြင်းကို ဒေသခံများက မကျေမနပ် ဖြစ်လျှက်ရှိ
သမ္မတ၏ ပြောကြားချက်အား ဒေသခံများ မကျေမနပ်ဖြစ်လျှက်ရှိ
-------------------------------------
၉.၄.၂၀၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်မှာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ဆောင်ရေးကော်မတီအစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ''ဒုက္ခသည်များအား ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာက ဦးဆောင်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ အကူအညီပေးရေး လုပ် ငန်းများ ဆောင်ရွက်ရန်နှင့် ယင်းအဖွဲ့သည် ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ပေးနိုင်ရေးတို့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်'' ဟုပြောကြားချက်ခဲ့ခြင်းကို ဒေသခံများက မကျေမနပ် ဖြစ်လျှက်ရှိပါသည်။ 
ဒေသခံ လူမှုအဖွဲ့အစည်းတခုမှ လူငယ်တစ်ဦးမှ “ ဒါကတော့ လုံးဝ လက်ခံနိုင်စရာမရှိဘူး။ ကျွန်တော်တို့က ၁၉၈၂ နှစ် လ၀က ဥပဒေအရ စီစစ်ပြီးမှ တရားဝင်သူတွေကို အိမ်ပိုင် ၊ ယာပိုင် ၊ မြေပိုင် ဆောက်လုပ်ခွင့်ပေးသင့်တယ်။ တရားမ၀င်သူတွေကိုတော့ အိုးပိုင်၊ အိမ်ပိုင် ပေးတာကိုတော့ လက်မခံနိုင်ဘူး။  ဒါကြောင်း ကျွန်တော်တို့ ရခိုင်တပြည်နယ်လုံး လူထု ဆန္ဒဖော်ထုတ်ခဲ့ကြပြီးပြီ။ တချို့ ဆန္ဒပြ ခေါင်းဆောင်တွေဆိုရင် တရားစွဲဆိုတောင်ခံထားရဆဲပါ။ ဒါကတော့ လုံးဝလက်ခံနိုင်တဲ့ ကိစ္စပဲ”ဟု ပြောပြသွားပါတယ်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ သမ္မတကြီး၏ ပြောကြားချက်များကို သုံးသပ်လျှက်ရှိပြီး လိုအပ်လျှင် ရခိုင်ပြည်နယ် တစ်ခုလုံး ကန့်ကွက် ဆန္ဒပြသွားမည်ဟု သိရှိရပါသည်။

အခွန်ဥပဒေတွေဟာ အများပြည်သူ လက်ခံနိုင်တဲ့ဥပဒေဖြစ်ဖို့ လိုအပ်

RFA Burmese
မြန်မာနိုင်ငံမှာ အခွန်ကောက်မယ်ဆိုရင် ဒီအခွန်ဥပဒေတွေဟာ အများပြည်သူ လက်ခံနိုင်တဲ့ဥပဒေဖြစ်ဖို့ လိုအပ်တယ်လို့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊ ပြည်သူ့လွှတ်တော်ရေးရာကော်မတီ၊ ကော်မရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ၂ဝ၁၃ ဧပြီ ၉ ရက်၊ မနေ့က တွေ့ဆုံကြတဲ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ အပြည့်အစုံကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။

(ဖေချစ် ပြီးတော့ )....မြန်မာပြည်ပြန်မယ်...မင်းသားလုပ်မယ်...

အားပါလာလို့အစအဆုံးကြည့်ချင်ဒီမှာကြည့်ပါ။

အမ်းတွင်ဖမ်းမိသော ဘင်္ဂလီ ၈ ဦးအမည်များ

RSV
သင်္ကန်းဝတ်ဘင်္ဂလီ ၈ ဦးအားဖမ်းဆီးခြင်းပတ်သက်ပြီး သတင်းများမှာအဆက်
----------------------------------------------------------
အမ်းဂိတ်တွင် ဖမ်းမိသော ဘင်္ဂလီကုလား ၈ မှာ -
(၁) အာဆင်နာမောက်(ခ)ရွှေလှမောင်၊ ၁၇ -နှစ်၊(ဘ) ဟော်ဆီရာမောက်၊အလယ်ကျွန်းရွာ။ (၂)မာမောက်ဒူ(ဘ) အာမာဂူတော်ချော၊၁၈-နှစ်၊ အလယ်ကျွန်းရွာ၊။ (၃)ဇေယာဘူလဟောက်(ဘ)ဦးဘာဒူ၊ ၁၈ နှစ်၊ ခေါင်းတုတ်ကျေးရွာအုပ်စု၊ ပလောင်ရွာ။ (၄) ဇာဟတ်တူဆောင်း(ခ)လှမောင်၊ ၁၇-နှစ်၊(ဘ)အာဘီဒူလာ၊ အလယ်ကျွန်း ကျေးရွာ။ (၅) မာမတ်ဂျူဒီ(ခ)ကျော်ဘ၊ ၁၈ နှစ်၊(ဘ)မာမတ်ဂျောဘီ၊ ခေါင်းတုတ်ကျေးရွာအုပ်စု၊ ပလောင်ရွာ၊ (၆)နာဂူဆောင်(ခ)မောင်မောင်လှ၊ ၁၈ နှစ်၊(ဘ) အဒူမာမောက်၊စံကားတောင်ရွာ။ (၇)ရိုလာမီ(ခ) ကျော်စိုး(ဘ)အဒူတောမာ၊ ၁၈-နှစ်၊အလယ်ကျွန်းကျေးရွာ။ (၈)ဇေယာဘူလ်ဟောက်(ခ)မောင်မောင်အေး၊ ၁၈ -နှစ်၊ (ဘ)အာဇီဇူလ်ဟောက်၊ ခေါင်းတုတ်ကျေးရွာအုပ်စု၊ ပလောင်ရွာ တို့ဖြစ်သည်။
အဆိုပါ ဘင်္ဂလီများကို ခေါ်ဆောင်လာသူမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ)၀၀၂၇၃၆ ဖြစ်ပြီး ဒရိုက် ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်)၀၁၈၈၂၂ ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဘုန်းကြီးသည် ယခင်နှစ်များက ၂ ကြိမ်တိုင်တိုင် ဘင်္ဂလီများကို ရန်ကုန်သို့ ကားဖြင့်ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ ယခုနှစ်တွင်းလည်း ပထမတစ်ခေါက် သယ်ယူစဉ်က အပေါက်ဝကကျေးရွာမှ ဘင်္ဂလီ(၈)ဦး ၊ ဒုတိယ တစ်ခေါက်တွင်လည်း ပေါက်အ၀ကျေးရွာမှာ ၈ ဦးနှင့် ယခုတစ်ကြိမ်တွင်အဖမ်းခံရခြင်းဖြစ်သည်ဟုသိရပါသည်။
လက်ရှိတွင် အဆိုပါဘုန်းကြီးအား လူဝတ်လှဲပြီး စစ်တွေမြို့အမှတ်(၁) ရဲစခန်းတွင် ထားရှိကြောင်းနှင့် လိုအပ်သည်များကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟုသိရှိရပါသည်။
ကွင်းဆက်များကိုလည်း လိုက်လံဖမ်းဆီးနေပြီဖြစ်သည်ဟု သတင်းရရှိသည်။
https://www.facebook.com/pages/RSV/182972895160209

အင်ဒိုနီးရှားနိုင်ငံမှာမြန်မာ၈ဦးအသတ်ခံရမှုဘင်္ဂလီ၁၈ဦးအားစစ်ဆေးလျက်ရှိ

ဘင်္ဂလီအမျိုးသမီး ၃ဦး အဓ္ဓမ ပြုကျင့်ခံခဲ့ရတာကနေ အစပြုခဲ့တယ်လို့ DVB သတင်းမှာ ဖော်ပြထား

စာသင်ချိန်မှာ စာမသင်ရပဲ ဝမ်းရေးအတွက် ဈေးရောင်း နေကြတဲ့ ကလေးများ

Published on Apr 10, 2013

ရန်ကုန်မြို့က ယာဉ်အသွားအလာများတဲ့၊ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာ ဝမ်းရေးအတွက် ဈေးရောင်း နေကြတဲ့ ကလေးဈေးသည်တွေအကြောင်းကို ထုတ်လွှင့်ပေးမှာပါ။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။ —