Friday, April 12, 2013

ထွန်းထွန်းဦးခေါ် အာရှစ်၊ ညီညီ ခေါ် မင်းအောင်



မိတ္ထီလာအကြမ်းဖက်မှု ပြစ်ဒဏ်များချမှတ်

မအေးအေးမာ

12.04.2013
မိတ္ထီလာမြို့က အကြမ်းဖက်မှုတွေအတွင်း အခင်းစတင်ဖြစ်ပွားခဲ့တဲ့နေရာ က ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး မိတ္ထီလာတရားရုံးက
အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၁၄ နှစ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါ တယ်။ နောက်ပြီးတော့ မိတ္ထီလာ ရဲစခန်းက လူသေဆုံးမှုတွေ အတွက် ပြစ်မှုကျူးလွန်သူတွေကို တရားရုံးတွေမှာ စွဲချက်တင်လိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လူ ၄၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့က အကြမ်းဖက်မှုတွေမှာ ရွှေဆိုင်ပိုင်ရှင်တွေကို အာဏာပိုင်တွေက စတင်အရေးယူ ခဲ့တာ ပါ။ သူတို့ကို ဧပြီလ ၁၁ ရက်နေ့က မိတ္ထီလာတရားရုံး ကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၄ နှစ် ချလိုက်ကြောင်း မိတ္ထီလာမြို့ခံ၊ သတင်းစာဆရာ၊ စာရေးဆရာ ဦးတင်လှိုင်က ပြောပါတယ်။

“ထွန်းထွန်းဦးခေါ် အာရှစ်၊ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင်ပေါ့နော်။ ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် (၅) နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် (၂) နှစ် စုစုပေါင်း (၁၄) နှစ်ပေါ့။ အလုပ်နဲ့ ထောင်ဒဏ် သီးခြားစီကျခံရမယ်ပေါ့နော်။ ညီညီ ခေါ် မင်းအောင် အသက် (၂၁) နှစ်က- ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် (၅) နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် (၂) နှစ်၊ စုစုပေါင်း ထောင်ဒဏ် (၁၄) နှစ်ပေါ့နော်။ ရွှေပန်းတိမ် ပိုင်ရှင့် မိန်းမ - သူက ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၂၅/၁၁၄ အရ (၅) နှစ်၊ ပုဒ်မ ၃၂၄/၁၁၄ အရ ထောင်ဒဏ် (၂) နှစ် အားလုံးပေါင်း သူလည်း (၁၄) နှစ်ပေါ့။”

PHOTO-ဧရာဝတီ

ရွှေဆိုင်ကစခဲ့တဲ့ အကြမ်းဖက်မှု အဓိကရုဏ်းအတွင်း ပျံတော်မူခဲ့တဲ့ ဆရာတော် ဦးသောဘိတကို သတ်ဖြတ်မှု၊ ဓာတ်ဆီလောင်းပြီး မီးရှို့မှုတွေနဲ့ လူ ၁၁ ဦးကို လည်း မိတ္ထီလာ အမှတ် (၂) ရဲစခန်းက ဒု-ရဲအုပ် ဦးဇော်မိုးလွင်နဲ့ အဖွဲ့က တရားလိုပြုပြီး ဧပြီလ ၁၀ ရက်နေ့က ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂၊ ၄၃၆၊ ၁၁၄ တို့နဲ့ တရားစွဲခဲ့ပါတယ်။ စွဲချက်တင်ခံရသူ စာရင်းကို ဦးတင်လှိုင်က ဆက်ပြောတာကတော့-

“မျိုးထွန်းထွန်း (၄၁) နှစ်၊ သီရိမင်္ဂလာရပ်ကွက်၊ နယ်မြေ (၁)၊
ဖိုးချို (၃၃) နှစ်၊ သီရိမင်္ဂလာ နယ်မြေ (၁)၊
မျိုးညွန့်ဦး၊ (၄၁) နှစ်၊ သီရိမင်္ဂလာရပ်၊
မျိုးဝင်း၊ (၄၆) နှစ်၊ သီရိမင်္ဂလာရပ်၊
ဇော်ထက်နိုင် (၃၁) နှစ်၊ ပြည်သာယာ (မြောက်)၊
မြတ်ကိုကို ခေါ် အဏ္ဏဝါ (၂၀) နှစ်၊ သီရိမင်္ဂလာရပ်ကွက်၊
မင်းမင်းသန်း (၁၈) နှစ် သီရိမင်္ဂလာရပ်၊
ဟာဂျီမျိုးဝင်း (ခေါ်) မျိုးညွန့် (ခေါ်) --- သီရိမင်္ဂလာနယ်မြေ (၂)
မောင်လှကျော်နိုင် (၃၁) နှစ်၊သီရိမင်္ဂလာနယ်မြေ (၂)၊
ကိုကိုဝင်း (ခေါ်) ကျော်သူဝင်း (၂၆)နှစ် နဲ့ စည်သူ (၂၆) နှစ်၊”

လောလောဆယ်မှာတော့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေသူတွေလို့ အစွတ်စွဲခံရသူ ၇၀ ကျော်ကို မိတ္ထီလာတောင်မှာ ထိန်းသိမ်းထားရာက ဧပြီလ ၅ ရက်နေ့ကစပြီး ရုံးထုတ် စစ်ဆေးနေပါတယ်။

မိတ္ထီလာမြို့မှာ မတ်လ ၂၀ ရက်နေ့က စဖြစ်ခဲ့တဲ့ပဋပက္ခတွေအတွင်း လူ ၄၀ ကျော်သေဆုံးခဲ့ရကြောင်း အစိုးရသတင်း ဌာနတွေက ထုတ်ပြန်ထားပါတယ်။ ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခံရသူ အများစုက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြ ပါတယ်။ အဓိကရုဏ်းအတွင်း ဗလီတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီလို မိတ္ထီလာမှာ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ တိုင်းနဲ့ပြည်နယ် အတော်များများကို ပျံ့နှံ့သွားခဲ့တာပါ။

မိတ္ထီလာမြို့မှာတော့ ပဋိပက္ခတွေကြောင့် သောင်းနဲ့ချီတဲ့လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး ဒုက္ခသည်စခန်း ၆ ခုမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။ မိတ္ထီလာမြို့မှာ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီလို့ ဆိုပေမဲ့ မြို့ခံတွေက စိတ်မလုံခြုံမှုနဲ့ တစ်ဦးနဲ့တစ်ဦး သံသယဖြစ်နေကြဆဲလို့ ဆိုပါတယ်။ ဒါကြောင့် လုံခြုံရေးကို သတိထားစောင့်ကြည့်နေကြရဆဲဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်ရှင်။

http://burmese.voanews.com/content/meikhtila-riot-makers-sentenced-for-14-years-04-11-13/1640132.html

လွဲချက်ကယ်နာ

by Saw Moe San

နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင် ထမိန်


လူထု မောင်ကာဠု's photo.
> နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင်ဟု ခေါ်ဆိုပြီး ပါတိတ်ထမိန်များတွင် ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီပုံများအား ရိုက်နှိပ်၍ ပြည်တွင်းဈေးကွက် သို့ ဖြန့်ဖြူးရောင်းချနေသော သတင်းအချက်အလက်အပြည့်စုံမှာ
-------------------------------------------------------------------------





နေ့စွဲ ...... ၁၁-၄-၂ဝ၁၃

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ ဘေးဘက်တန်းတွင် ဆိုင်ခန်းအမည် '' သမီးမေခလာသိန်း'' အထည်အလိပ် အရောင်းဆိုင် တွင် နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင်ဟု ခေါ်ဆိုသော ပါတိတ်ထဘီ အဆင်များတွင် ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီပုံများကို ရိုက်နှိပ် ၍ ပြည်တွင်းဈေးကွက်အတွင်းသို့ စုံစမ်းရောင်းချနေသည်ကို တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရပါတယ် ..

ယင်းဆိုင်သည် မူစလင်ဘာသာဝင်များ၏ ဆိုင်ဖြစ်ပြီး ယင်းသတင်းရရှိမှုအပေါ် သာကေတမြို့နယ် (NLD) ပါတီအဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင် (NLD) ပါတီအဖွဲ့ဝင်တို့မှ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်ခဲ့ပါတယ် ..

မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ ''သမီးမေခလာသိန်း''အထည်ဆိုင်ပိုင်ရှင်နှင့် ဆိုင်ရှိဝန်ထမ်းနှစ်ဦး ကို ၁၁-၄-၂ဝ၁၃ ရက်နေ့ နေ့လည်(၂)နာရီတွင် ဝင်ရောက်ရှာဖွေဖမ်းဆီး ထားကြောင်း သက်သေအထောက်အထားပိတ်စများကိုလည်း သိမ်းဆည်းထားပါတယ် ..

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်စေရန်အတွက် NLD ပါတီဝင်များက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင် ရွက် ခြင်းဖြစ်သည်ဟု သိရပြီး မင်္ဂလာတောင်ညွန့်ရဲစခန်းက ယင်းဖြစ်စဉ်နှင့် ပတ်သက်သော အကြောင်းအရာအသေးစိတ်ကို စုံစမ်းစစ်ဆေးဖော်ထုတ် လျက်ရှိတယ် ..

ဖြစ်ပွါးပုံမှာ သာကေတမြို့နယ်နေထိုင်သူအမျိုးသမီးတစ်ဦးမှ ယင်းပိတ်စများ ကို ဝယ်ယူခဲ့ပြီး အိမ်ရောက်၍ဖွင့်ကြည့်တော့မှ အတွင်းပိုင်း၌ ဗုဒ္ဓဘာသာ ဘုရားစေတီပုံများ ပါဝင်သည်ကို တွေ့ရကြောင်း၊

ထို့ကြောင့် ရန်ပြေ ၃ ရပ်ကွက်ရှိ ရပ်ကွက် NLD ရုံးသို့တိုင်ကြားခဲ့ကြောင်း၊ ရပ်ကွက် (NLD) ရုံးမှ အဖွဲ့ဝင်များသည် ပိတ်စရောင်းချနေသည့်ဆိုင်သို့ သွားရောက်သောအခါ နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင် ထမိန်ပိတ်စများကို လိုသလောက်ဝယ်ယူနိုင်သည်ကို တွေ့ရှိခဲ့ရကြောင်း၊

ထို့ကြောင့် အရှေ့ပိုင်းခရိုင်NLDနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယင်းဆိုင်အား ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ် ..
နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင်ဟု ခေါ်ဆိုပြီး ပါတိတ်ထမိန်များတွင် ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီပုံများအား ရိုက်နှိပ်၍ ပြည်တွင်းဈေးကွက် သို့ ဖြန့်ဖြူးရောင်းချနေသော သတင်းအချက်အလက်အပြည့်စုံမှာ
-------------------------------------------------------------------------


နေ့စွဲ ...... ၁၁-၄-၂ဝ၁၃

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ ဘေးဘက်တန်းတွင် ဆိုင်ခန်းအမည် '' သမီးမေခလာသိန်း'' အထည်အလိပ် အရောင်းဆိုင် တွင် နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင်ဟု ခေါ်ဆိုသော ပါတိတ်ထဘီ အဆင်များတွင် ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီပုံများကို ရိုက်နှိပ် ၍ ပြည်တွင်းဈေးကွက်အတွင်းသို့ စုံစမ်းရောင်းချနေသည်ကို တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရပါတယ် ..

ယင်းဆိုင်သည် မူစလင်ဘာသာဝင်များ၏ ဆိုင်ဖြစ်ပြီး ယင်းသတင်းရရှိမှုအပေါ် သာကေတမြို့နယ် (NLD) ပါတီအဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင် (NLD) ပါတီအဖွဲ့ဝင်တို့မှ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်ခဲ့ပါတယ် ..

မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ ''သမီးမေခလာသိန်း''အထည်ဆိုင်ပိုင်ရှင်နှင့် ဆိုင်ရှိဝန်ထမ်းနှစ်ဦး ကို ၁၁-၄-၂ဝ၁၃ ရက်နေ့ နေ့လည်(၂)နာရီတွင် ဝင်ရောက်ရှာဖွေဖမ်းဆီး ထားကြောင်း သက်သေအထောက်အထားပိတ်စများကိုလည်း သိမ်းဆည်းထားပါတယ် ..

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်စေရန်အတွက် NLD ပါတီဝင်များက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင် ရွက် ခြင်းဖြစ်သည်ဟု သိရပြီး မင်္ဂလာတောင်ညွန့်ရဲစခန်းက ယင်းဖြစ်စဉ်နှင့် ပတ်သက်သော အကြောင်းအရာအသေးစိတ်ကို စုံစမ်းစစ်ဆေးဖော်ထုတ် လျက်ရှိတယ် ..

ဖြစ်ပွါးပုံမှာ သာကေတမြို့နယ်နေထိုင်သူအမျိုးသမီးတစ်ဦးမှ ယင်းပိတ်စများ ကို ဝယ်ယူခဲ့ပြီး အိမ်ရောက်၍ဖွင့်ကြည့်တော့မှ အတွင်းပိုင်း၌ ဗုဒ္ဓဘာသာ ဘုရားစေတီပုံများ ပါဝင်သည်ကို တွေ့ရကြောင်း၊

ထို့ကြောင့် ရန်ပြေ ၃ ရပ်ကွက်ရှိ ရပ်ကွက် NLD ရုံးသို့တိုင်ကြားခဲ့ကြောင်း၊ ရပ်ကွက် (NLD) ရုံးမှ အဖွဲ့ဝင်များသည် ပိတ်စရောင်းချနေသည့်ဆိုင်သို့ သွားရောက်သောအခါ နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင် ထမိန်ပိတ်စများကို လိုသလောက်ဝယ်ယူနိုင်သည်ကို တွေ့ရှိခဲ့ရကြောင်း၊

ထို့ကြောင့် အရှေ့ပိုင်းခရိုင်NLDနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယင်းဆိုင်အား ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျပန်ခရီးစဉ်စတင်

r

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန် ခရီးစဉ် ကို ဧပြီလ ၁၂ ရက် ည ၇ နာရီ ၄၅ မိနစ်က TG-306 လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာပြီး ဘန်ကောက်မြို့မှတဆင့် ဂျပန်နိုင်ငံသို့ဆက်လက်ထွက်ခွာမည်။ ၁၃.၄.၂၀၁၃ ရက်နေ့ နံနက် တွင် ဂျပန်နိုင်ငံတိုကျိုမြို့သို့ရောက်ရှိမည်ဖြစ်သည်။
By: National League for Democracy



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ခုနစ်ရက်တာ ကြာမြင့်မည့် ဂျပန်ခရီးစဉ်အတွက် ဧပြီလ ၁၂ ရက် ည ၇ နာရီ ၄၅ မိနစ်က TG-306 လေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ စတင်ထွက်ခွာခဲ့သည်။

ဂျပန်ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဆဋ္ဌမမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက်မူ ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ဂျပန်တက္ကသိုလ်သုံးခုတွင် မိန့်ခွန်း ပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ၁၅ ရက်တွင် သူမ ဧည့်ပညာရှင်အဖြစ် တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ကျိုတိုတက္ကသိုလ်နှင့် Ryukoku တက္ကသိုလ်တို့တွင် မိန့်ခွန်းပြောသွားမည်ဖြစ်ကာ ဧပြီလ၁၇ ရက်တွင် တိုကျိုတက္ကသိုလ်၌ မိန့်ခွန်းပြောသွားမည် ဖြစ်သည်။

ဧပြီလ ၁၆ ရက်တွင် ဂျပန် အထက်လွှတ်တော် ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဧပြီလ၁၈ ရက်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ဧပြီလ၁၃ ရက်နှင့် ၁၅ ရက်နေ့များတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသွားရန်ရှိပြီး ဧပြီလ ၁၄ ရက်တွင် ကျိုတိုမြို့ရှိ အသေးစား ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကိုလည်း သွားရောက်လေ့လာမည်ဖြစ်သည်။ ဧပြီလ၁၉ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်ခရီးစဉ်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ကိုမိုးဇော်ဦးနှင့် ကိုဘန်နီတို့ လိုက်ပါသွားခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ဧည့်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်မှစကာ ၆ ရက်ကြာ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန်လ၁၃ ရက်မှ ၂၉ ရက်အထိ ဥရောပနိုင်ငံများ ဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ် နိုင်ငံများသို့ သွားရောက်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ သွားရောက်ခဲ့ကာ နိုဝင်ဘာလ၁၄ ရက်မှ ၁၈ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။၂၀၁၃ ခုနှစ်အတွက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ အမေရိကန် ဟာဝိုင်ယီကျွန်းနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ရှစ်ရက်ကြာ သွားရောက်ခဲ့သည်။

News အလဲဘင်းမီဒီယာ ဂရု

12.4.2013

မြောက်ကိုးရီးယား အတွင်းရေး

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ဟာ စစ်တပ်ရဲ့ ထောက်ခံမှု ရဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ အရင် မြောက်ကိုးရီးယား သူလျိုဟောင်းက ဖွင့်ဟပါတယ်။

ကနေဒါ၊တိုရန်တိုသင်္ကြန်ပွဲ

ရန်ကုန် သင်္ကြန်အကြိုမြင်ကွင်း