Saturday, April 13, 2013

ကျည်ဆန်ရထားပေါ်က အမေစု..




ကျည်ဆန်ရထားပေါ်က အမြန်နှုန်းများနဲ့ အမေစု..

ယနေ့ ကျည်ဆံရထားနဲ့ ၂၇နှစ်တာ ကာလအတွင်း ပထမဦးဆုံး အကြိမ်.. အမှတ်တရခရီး။

ယနေ့ မနက် ၈နာရီက ကျည်ဆန်ရထားနဲ့ ကျိုတိုမြို့ကို ခရီးဆက်နေပါသည်..။ မကြာခင်ရောက်ရှိတော့မှာ ဖြစ်ပါတယ်..။
ဓာတ်ပုံမှာတော့ အမေစုနဲ့ အတူ ဒေါက်တာတင်မာအောင်နဲ့ အနောက်မှာ ထိုင်နေတာကတော့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ပါ။

ဆက်လက်ဖော်ပြပါမည်..

ဓာတ်ပုံ.. ကိုသန့်ဇင်ဦး၊ ဒီမိုဝေယံ

အားလုံးနဲ့ဆိုင်တဲ့ ရန်ကုန်မြို့တော်လုံခြုံရေး



 Win Maung Maung

 ဒီနေ့... မဟာသင်္ကြန်အကြိုနေ့ညနေပိုင်းက အနော်ရထာလမ်းပေါ် ၊ ၁၉လမ်းနားက ရေကစားမဏ္ဏပ်တစ်ခုမှာ ရေကစားသလိုလို ၊ ဝင်ကသလိုလိုနဲ့ လူတစ်စုရောက်လာပြီး ယာဉ်ကြောတွေကြပ်နေတုန်း လှုံ့ဆော်မှုတစ်ခု ပြုသွားတယ်ကြားပါတယ်။ အဓိကက တောင်ညွန့်ဘက်မှာ စေတီတော်ပုံစံမျိုးပါတဲ့ပိတ်စတွေဖြန့်ချီလို့ ရန်ဖြစ်နေကြပြီ။ မန္တလေးမှာမီးရှို့နေကြပြီ စတဲ့စကားတွေပါပါတယ်။ စည်းရုံးခြင်းခံရသူတွေက "ဘာလာကြောင်တာလဲ" ဆိုတော့မှ ကားပေါ်တက်ပြီးထွက်သွားကြတယ်ဆိုပါတယ်။ xxx တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ... စေတီတော်ပုံစံပိတ်စတွေကိစ္စက အခုမှမဟုတ်ပဲ ၊ ကျွန်တော်သိထားတဲ့ကိစ္စ ၊ ကိုယ်တိုင်ကိုင်တွယ်ခဲ့ဖူးတဲ့ကိစ္စ ဖြစ်နေလို့ သူတို့ကိုရှင်းပြနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ ၉နှစ်လောက်ကတည်းက အင်ဒိုနီးရှားဘက်ကလို့သိရတဲ့ ဘာသာရေးအစွန်းရောက်အုပ်စုတွေက ဒီတိုက်ကွက်ကိုသုံးပြီး ရခိုင်ကို Target ထားလို့ဘာသာရေး အဓိကရုဏ်းတစ်ခုဖြစ်ဖို့ ဖန်တီးလှုံ့ဆော်ခဲ့ဖူးတာပါ။ အဲဒီတုန်းက သတင်းအရ စစ်တွေပင်လယ်ဝကိုဝင်လာတဲ့ အဲလိုပိတ်စမျိုး ပိတ်အုပ် ၇၀၀၀ကျော် ရှာဖွေတားဆီးနိုင်ခဲ့ဖူးလို့ပါ။ အခု... ရခိုင်ကလှုပ်လှုပ် ၊ ပဲခူးရိုးမအနောက်ခြမ်းကရုတ်ရုတ် ဖြစ်လာချိန်မှာ....သူတို့...ကျားသေအသက်သွင်းဖို့ အားထုတ်လာကြပြန်ပြီ။ သတိသာထားကြပေတော့။ တကယ်တော့ မနေ့ကလောင်တဲ့ မန္တလေးမီးကလည်းရှို့မီးမဟုတ်ပါဘူး။ တာဝန်ရှိသူတွေအဆိုအရ ကြေးသွန်းလုပ်ငန်းရဲ့ ထုံးစံအတိုင်းလွန်လွန်ကဲကဲမြင့်မားလွန်းတဲ့ ကြေးသွန်းလုပ်တဲ့အပူဒဏ်ကိုမခံနိုင်လို့ မီးစွဲလောင်ခဲ့တာလို့သိရပါတယ်။ တကယ်လို့များ ဒီညနေမှာစည်းရုံးခံရသူတွေက အုတ်အော်သောင်းနင်းလုပ်လိုက်ရင် ပွဲပျက်ဖို့အင်မတန် လွယ်ကူသွားပါပြီ။ မတ်လနောက်ဆုံးပတ်အတွင်းက မြို့နယ်တစ်ခု ရပ်ကွက်တစ်ခုတည်းကခဏကလေးဖြစ်ခဲ့တဲ့ အုတ်အော်သောင်းနင်းကြောင့် ည ၉နာရီမှာ တစ်စပြင်လို့ဖြစ်သွားတဲ့ ရန်ကုန်ညကိုသတိရကြမယ်ထင်ပါရဲ့။ xxx ရန်ကုန်တိုင်းကိုမေးကြည့်တော့ တိုင်းရဲတပ်ဖွဲ့မှူးက ပိတ်စတွေအကုန်သိမ်းဆည်းခဲ့ပြီးရောင်းချခွင့်ပါပိတ်လိုက်ပြီလို့ ရှင်းပြပါတယ်။ သူလဲအိမ်မပြန်ရတာကြာပြီ။ မဟာရန်ကုန်လုံခြုံရေးအတွက် ရုံးအိပ်ရုံးစားအဖြစ်နဲ့ အချိန်ပြည့်ကွပ်ကဲ နေရတာတွေ့ခဲ့တယ်။ သူ့ခမျာ...မနက်ကပဲ ရန်ကုန်မြို့လယ် ဟိုတယ်ပေါ်ကလူသတ်မှုတစ်ခုကို ဖော်ထုတ်ပြီးစပဲရှိသေးတယ်။ ဒီလူသတ်မှူမှာ အခန်းတွင်းအသတ်ခံရရှာတဲ့အမျိုးသမီးရဲ့အမည်ကိုတောင် မသိပဲတည်းခိုခွင့်ပြုခဲ့တဲ့ဟိုတယ်ရဲ့ စည်းကမ်းမဲ့တဲ့အားနည်းချက်တွေကိုတွေ့ရတယ်လို့ သူကပြောပါတယ်။ ဘာစာရင်းဇယားမှတောင်းခံခြင်းမရှိပဲ တည်းခွင့်ပြုထားတဲ့ ဧည့်သည်တွေလဲအများကြီးတွေ့ခဲ့ရတယ်။ အဲလိုပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေမှာ အသတ်ခံရသူအမျိုးသမီး ဘယ်သူလဲဆိုတာကိုတောင်အတော်ကြာဖော်ထုတ်ခဲ့ရပြီး နောက်ဆုံး ၊ တိုင်းရဲတပ်ဖွဲ့မှူအစီအစဉ်နဲ့ အင်တာနက်ကတစ်ဆင့် လူအမည်ဖော်ထုတ်ရရှိပြီး လူသတ်တရားခံကို ကွင်းဆက်ရှာ ဆွဲထုတ်နိုင်ခဲ့ကြောင်းသိရပါတယ်။ xxx ဖြစ်စဉ်ဖြစ်ရပ်တွေ ဒုစရိုက်မှုတွေက အဆင့်မြင့်မြင့်လာတယ်။ အဆင့်မြင့်လာလေလေ အဖြစ်စိပ်လာလေလေ...။ လျင်မြန်မှုနဲ့ဖော်ထုတ်ချေမှုန်းသွားနိုင်ဖို့လိုလာလေလေပါ။ မသမာသူတစ်စုက ရှေ့ကိုတိုးတိုးလာပြီး ရန်ကုန်ကိုလှုပ်ဖို့ ကြိုးစားလာနေတယ်။ ၄၈လမ်းမီးတုန်းကလဲ ဘာသာရေးမှိုင်းနဲ့ ဆွဲထုတ်ဖောက်ခွဲလုလုမှာ ရဲကလျင်ပေလို့ ၊ ဝန်ကြီးချုပ်ကအကြိမ်ကြိမ်ရှေ့ထွက် ရှင်းလင်းချပြနိုင်ခဲ့လို့ ၊ သင်ခန်းစာရပြီးဖြစ်တဲ့လူထုကလည်း လျင်လျင်မြန်မြန်ပူးပေါင်းပါဝင်ခဲ့ကြလို့ ရန်ကုန်မြို့ကြီး ရေတိမ်မနစ်တာပါ။ တာဝန်ရှိသူတွေဘယ်လောက်လုပ်ပေးနေပါစေ ၊ သက်ဆိုင်ရာလူထုမပါဝင်လို့ကတော့ ရာနှုန်းပြည့်လုံခြုံဖို့ မလွယ်လှပါဘူး။ အခုရန်ကုန်မှာ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀၀၀ကျော်နဲ့ မြို့တော်ကိုလုံခြုံရေးလုပ်ပေးထားတယ်။ ဒါဟာ နှစ်ဆယ့်ငါးနှစ်တာကာလအတွင်း ရဲတပ်ဖွဲ့ဝင်အင်အားအများဆုံး သုံးထားတဲ့သင်္ကြန်လို့သိရပါတယ်။ ခုနတုန်းကလှုံ့ဆော်လာသလို ကိစ္စမျိုးမှာ ခုနကလို Ignore မတုန့်ပြန်နိုင်ခဲ့ရင် အခြေအနေကစိုးရိမ်စရာပါ။ မိတ်ဆွေတို့နားကပ်နေသူ... မိတ်ဆွေတို့နားကပ်လာသူတွေထဲမှာ... ရန်ကုန်ကိုမီးဟုန်းဟုန်းတောက်အောင် လုပ်လိုသူတချို့ရှိနေတယ်ဆိုတာ အားလုံးသဘောပေါက်ထားရင်တော့ လုံခြုံရေးကျိုးပေါက်မှုဆိုတာ ဘယ်တော့မှရှိမှာမဟုတ်ပါဘူး။ ကွပ်ကဲမှုခက်ခဲလှတဲ့ အကျ ၊ အကြတ် ၊ အတက်... ဒီသုံးရက်သာ... တင်းခံနိုင်ပါစေ...။ ရန်ကုန်ဘယ်တော့မှ ရေတိမ်မနစ်တော့ပါ။ မောင်မောင် (ရန်ကုန်တက္ကသိုလ်)
အားလုံးနဲ့ဆိုင်တဲ့ ရန်ကုန်မြို့တော်လုံခြုံရေး

ဒီနေ့...
မဟာသင်္ကြန်အကြိုနေ့ညနေပိုင်းက အနော်ရထာလမ်းပေါ် ၊ ၁၉လမ်းနားက ရေကစားမဏ္ဏပ်တစ်ခုမှာ
ရေကစားသလိုလို ၊ ဝင်ကသလိုလိုနဲ့ လူတစ်စုရောက်လာပြီး ယာဉ်ကြောတွေကြပ်နေတုန်း လှုံ့ဆော်မှုတစ်ခု
ပြုသွားတယ်ကြားပါတယ်။
အဓိကက တောင်ညွန့်ဘက်မှာ စေတီတော်ပုံစံမျိုးပါတဲ့ပိတ်စတွေဖြန့်ချီလို့ ရန်ဖြစ်နေကြပြီ။
မန္တလေးမှာမီးရှို့နေကြပြီ စတဲ့စကားတွေပါပါတယ်။ စည်းရုံးခြင်းခံရသူတွေက "ဘာလာကြောင်တာလဲ"
ဆိုတော့မှ ကားပေါ်တက်ပြီးထွက်သွားကြတယ်ဆိုပါတယ်။
xxx
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ...
စေတီတော်ပုံစံပိတ်စတွေကိစ္စက အခုမှမဟုတ်ပဲ ၊ ကျွန်တော်သိထားတဲ့ကိစ္စ ၊ ကိုယ်တိုင်ကိုင်တွယ်ခဲ့ဖူးတဲ့ကိစ္စ
ဖြစ်နေလို့ သူတို့ကိုရှင်းပြနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ ၉နှစ်လောက်ကတည်းက အင်ဒိုနီးရှားဘက်ကလို့သိရတဲ့
ဘာသာရေးအစွန်းရောက်အုပ်စုတွေက ဒီတိုက်ကွက်ကိုသုံးပြီး ရခိုင်ကို Target ထားလို့ဘာသာရေး အဓိကရုဏ်းတစ်ခုဖြစ်ဖို့
ဖန်တီးလှုံ့ဆော်ခဲ့ဖူးတာပါ။ အဲဒီတုန်းက သတင်းအရ စစ်တွေပင်လယ်ဝကိုဝင်လာတဲ့ အဲလိုပိတ်စမျိုး ပိတ်အုပ် ၇၀၀၀ကျော်
ရှာဖွေတားဆီးနိုင်ခဲ့ဖူးလို့ပါ။
အခု...
ရခိုင်ကလှုပ်လှုပ် ၊ ပဲခူးရိုးမအနောက်ခြမ်းကရုတ်ရုတ် ဖြစ်လာချိန်မှာ....သူတို့...ကျားသေအသက်သွင်းဖို့
အားထုတ်လာကြပြန်ပြီ။ သတိသာထားကြပေတော့။
တကယ်တော့ မနေ့ကလောင်တဲ့ မန္တလေးမီးကလည်းရှို့မီးမဟုတ်ပါဘူး။ တာဝန်ရှိသူတွေအဆိုအရ
ကြေးသွန်းလုပ်ငန်းရဲ့ ထုံးစံအတိုင်းလွန်လွန်ကဲကဲမြင့်မားလွန်းတဲ့ ကြေးသွန်းလုပ်တဲ့အပူဒဏ်ကိုမခံနိုင်လို့
မီးစွဲလောင်ခဲ့တာလို့သိရပါတယ်။
တကယ်လို့များ ဒီညနေမှာစည်းရုံးခံရသူတွေက အုတ်အော်သောင်းနင်းလုပ်လိုက်ရင် ပွဲပျက်ဖို့အင်မတန်
လွယ်ကူသွားပါပြီ။ မတ်လနောက်ဆုံးပတ်အတွင်းက မြို့နယ်တစ်ခု ရပ်ကွက်တစ်ခုတည်းကခဏကလေးဖြစ်ခဲ့တဲ့
အုတ်အော်သောင်းနင်းကြောင့် ည ၉နာရီမှာ တစ်စပြင်လို့ဖြစ်သွားတဲ့ ရန်ကုန်ညကိုသတိရကြမယ်ထင်ပါရဲ့။
xxx
ရန်ကုန်တိုင်းကိုမေးကြည့်တော့ တိုင်းရဲတပ်ဖွဲ့မှူးက ပိတ်စတွေအကုန်သိမ်းဆည်းခဲ့ပြီးရောင်းချခွင့်ပါပိတ်လိုက်ပြီလို့
ရှင်းပြပါတယ်။ သူလဲအိမ်မပြန်ရတာကြာပြီ။ မဟာရန်ကုန်လုံခြုံရေးအတွက် ရုံးအိပ်ရုံးစားအဖြစ်နဲ့ အချိန်ပြည့်ကွပ်ကဲ
နေရတာတွေ့ခဲ့တယ်။
သူ့ခမျာ...မနက်ကပဲ ရန်ကုန်မြို့လယ် ဟိုတယ်ပေါ်ကလူသတ်မှုတစ်ခုကို ဖော်ထုတ်ပြီးစပဲရှိသေးတယ်။
ဒီလူသတ်မှူမှာ အခန်းတွင်းအသတ်ခံရရှာတဲ့အမျိုးသမီးရဲ့အမည်ကိုတောင် မသိပဲတည်းခိုခွင့်ပြုခဲ့တဲ့ဟိုတယ်ရဲ့
စည်းကမ်းမဲ့တဲ့အားနည်းချက်တွေကိုတွေ့ရတယ်လို့ သူကပြောပါတယ်။ ဘာစာရင်းဇယားမှတောင်းခံခြင်းမရှိပဲ
တည်းခွင့်ပြုထားတဲ့ ဧည့်သည်တွေလဲအများကြီးတွေ့ခဲ့ရတယ်။ အဲလိုပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေမှာ
အသတ်ခံရသူအမျိုးသမီး ဘယ်သူလဲဆိုတာကိုတောင်အတော်ကြာဖော်ထုတ်ခဲ့ရပြီး နောက်ဆုံး ၊ တိုင်းရဲတပ်ဖွဲ့မှူအစီအစဉ်နဲ့
အင်တာနက်ကတစ်ဆင့် လူအမည်ဖော်ထုတ်ရရှိပြီး လူသတ်တရားခံကို ကွင်းဆက်ရှာ ဆွဲထုတ်နိုင်ခဲ့ကြောင်းသိရပါတယ်။
xxx
ဖြစ်စဉ်ဖြစ်ရပ်တွေ ဒုစရိုက်မှုတွေက အဆင့်မြင့်မြင့်လာတယ်။
အဆင့်မြင့်လာလေလေ အဖြစ်စိပ်လာလေလေ...။
လျင်မြန်မှုနဲ့ဖော်ထုတ်ချေမှုန်းသွားနိုင်ဖို့လိုလာလေလေပါ။ မသမာသူတစ်စုက ရှေ့ကိုတိုးတိုးလာပြီး
ရန်ကုန်ကိုလှုပ်ဖို့ ကြိုးစားလာနေတယ်။
၄၈လမ်းမီးတုန်းကလဲ ဘာသာရေးမှိုင်းနဲ့ ဆွဲထုတ်ဖောက်ခွဲလုလုမှာ ရဲကလျင်ပေလို့ ၊ ဝန်ကြီးချုပ်ကအကြိမ်ကြိမ်ရှေ့ထွက်
ရှင်းလင်းချပြနိုင်ခဲ့လို့ ၊ သင်ခန်းစာရပြီးဖြစ်တဲ့လူထုကလည်း လျင်လျင်မြန်မြန်ပူးပေါင်းပါဝင်ခဲ့ကြလို့ ရန်ကုန်မြို့ကြီး
ရေတိမ်မနစ်တာပါ။
တာဝန်ရှိသူတွေဘယ်လောက်လုပ်ပေးနေပါစေ ၊ သက်ဆိုင်ရာလူထုမပါဝင်လို့ကတော့ ရာနှုန်းပြည့်လုံခြုံဖို့
မလွယ်လှပါဘူး။ အခုရန်ကုန်မှာ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀၀၀ကျော်နဲ့ မြို့တော်ကိုလုံခြုံရေးလုပ်ပေးထားတယ်။
ဒါဟာ နှစ်ဆယ့်ငါးနှစ်တာကာလအတွင်း ရဲတပ်ဖွဲ့ဝင်အင်အားအများဆုံး သုံးထားတဲ့သင်္ကြန်လို့သိရပါတယ်။
ခုနတုန်းကလှုံ့ဆော်လာသလို ကိစ္စမျိုးမှာ ခုနကလို Ignore မတုန့်ပြန်နိုင်ခဲ့ရင် အခြေအနေကစိုးရိမ်စရာပါ။

မိတ်ဆွေတို့နားကပ်နေသူ...
မိတ်ဆွေတို့နားကပ်လာသူတွေထဲမှာ...
ရန်ကုန်ကိုမီးဟုန်းဟုန်းတောက်အောင် လုပ်လိုသူတချို့ရှိနေတယ်ဆိုတာ အားလုံးသဘောပေါက်ထားရင်တော့
လုံခြုံရေးကျိုးပေါက်မှုဆိုတာ ဘယ်တော့မှရှိမှာမဟုတ်ပါဘူး။

ကွပ်ကဲမှုခက်ခဲလှတဲ့
အကျ ၊ အကြတ် ၊ အတက်... ဒီသုံးရက်သာ... တင်းခံနိုင်ပါစေ...။
ရန်ကုန်ဘယ်တော့မှ ရေတိမ်မနစ်တော့ပါ။

မောင်မောင် (ရန်ကုန်တက္ကသိုလ်)

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် အတာသင်္ကြန်နှစ်သစ်ကူး အခါသမယ မိန့်ခွန်း



    ======================================

    နေပြည်တော် ဧပြီ ၁၄

    မိဘပြည်သူများခင်ဗျား

    ယခုကဲ့သို့ အတာသင်္ကြန်နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာဒေသ အနှံ့အပြားမှာ မိမိတို့ မြန်မာနိုင်ငံသား အားလုံး အသက်အရွယ်ကြီးငယ်မရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြတဲ့ အစည်ကား အသိုက်မြိုက်ဆုံးဖြစ်တဲ့ ရိုးရာပွဲတော်တစ်ရပ် ဖြစ်ပါတယ်။ ယခုလို အတာသင်္ကြန် နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။

    ယခုလို နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ မင်္ဂလာရှိရှိ အစပြုလေ့ရှိတာဟာ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းရဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ် နှစ်သစ်မင်္ဂလာမှာ ကျွန်တော့် အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးကို အဓိက ပြောကြားလိုတာကတော့ ယခင်နှစ်က ဒီမိုကရေစီအရေး ကြိုးပမ်းမှု ဖြစ်စဉ်နှင့်အတူ လူမှုရေး အထင်အမြင်လွဲမှားမှုတွေကနေ တစ်ဆင့် ပေါ်ပေါက်ခဲ့တဲ့ စိတ်ဝမ်းကွဲမှုတွေ၊ ပဋိပက္ခဖြစ်မှုတွေနဲ့ မတည်ငြိမ်မှုတွေဆိုတဲ့ အမည်းစက်တွေကို အတာသင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်ပြီး မင်္ဂလာရှိတဲ့ ကိစ္စရပ်တွေ၊ ပျော်ရွှင်ဖွယ် ကိစ္စရပ်တွေ၊ တည်ငြိမ်အေး ချမ်းရေးကို ဦးတည်တဲ့ ကိစ္စရပ်တွေနဲ့ ပြည့်လွမ်းနေတဲ့ မြန်မာနိုင်ငံအဖြစ် လာမယ့်နှစ်သစ်မှာ မြင်တွေ့လိုကြောင်း တိုက်တွန်း ပြောကြားလိုခြင်းပဲ ဖြစ်ပါတယ်။

    ယခုလို အလေးအနက် တိုက်တွန်းပြောကြားရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လူမှုရေး သဟဇာတရှိရှိ အတူယှဉ်တွဲ နေခဲ့တဲ့ သမိုင်းနဲ့ချီတဲ့ အမျိုးသားရေး အစဉ်အလာကို အခြေခံပြီး ပြောကြားရခြင်းပဲ ဖြစ်ပါတယ်။ မိမိတို့ လူ့အဖွဲ့အစည်းဟာ အခက်အခဲ အကျပ်အတည်းများနဲ့ စိန်ခေါ်မှု များစွာကို အတူလက်တွဲ ကျော်လွှားခဲ့ကြတာဖြစ်တဲ့အတွက် လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ၊ အယူအဆ ပေါင်းစုံ သဟဇာတ ဖြစ်ဖြစ် နေထိုင်နိုင်တဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ပိုင်ဆိုင်တဲ့ လူ့အဖွဲ့အစည်းတရပ်အဖြစ် တက်လှမ်း နိုင်ခဲ့ တာဖြစ်ပါတယ်။ ယနေ့ မိမိတို့လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို ကြည့်မယ် ဆိုရင်လည်း ပိုမိုပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက် နေတာဖြစ်တဲ့အတွက် ရှေ့မှာကြုံတွေ့ရမယ့် အခက်အခဲအကျပ်အတည်းနဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ကျော်လွှားတဲ့အခါမှာ အမျိုးသားစည်းလုံးမှုကို အခြေခံတဲ့ စာနာမှုများ၊ ထိန်းညှိမှုများ၊ ညှိနှိုင်းမှုများနဲ့ ပိုမိုကောင်းမွန်အောင် တည်ဆောက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီတည်ဆောက်ရေးကို လက်တွဲချီတက်ခဲ့ကြတာ နှစ်နှစ်ကျော် ခဲ့ပါပြီ။ ဒီကာလအတွင်းမှာ မျှော်မှန်းမထားနိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို တက်လှမ်းနိုင်ခဲ့ သလို မျှော်လင့်မထားခဲ့တဲ့ ဝမ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်တွေလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီရေရှည်တည်ဆောက်ရမယ့် ဒီမိုကရေစီ ခရီးရှည်ကြီးမှာ အခုရရှိထားတဲ့ အောင်မြင်မှုတွေကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုတွေကို သင်ခန်းစာယူကာ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားဖို့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ပြင်ဆင်တယ်ဆိုရာမှာလည်း မိမိတို့လူ့ အဖွဲ့အစည်း တရပ်လုံးအနေနဲ့ စိတ်ရှည်မှု၊ သည်းခံမှု၊ ဇွဲရှိမှုတွေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်း လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

    မိမိတို့ ကြိုးပမ်းတည်ဆောက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အပြောင်းအလဲများ အောင်မြင်ဖို့အတွက် မြန်မာ့ရိုးရာသင်္ကြန်ရက် အနှစ်သာရဖြစ်တဲ့ မေတ္တာတရားကို အခြေခံတဲ့ အေးချမ်းတည်ငြိမ်မှုကို အခိုင်အမာ တည်ဆောက်သွားကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။

    နိဂုံးချုပ်အနေနဲ့ အတာရေသဘင် ပက်ဖျန်းတဲ့ နှစ်သစ်ကူးအတာသင်္ကြန်ကာလမှာ မိဘပြည်သူများ စိတ်နှစ်လုံး အေးချမ်းသာယာစွာ ရှိကြစေဖို့ ကျွန်တော့်အနေနဲ့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြီးခဲ့တဲ့ နှစ်ဟောင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခများအပေါ် လူမျိုးရေး၊ ဘာသာရေး ပုံဖော်လိုတဲ့ ပြည်တွင်း၊ ပြည်ပမှ အကြမ်းဖက် အဖျက်လုပ်ရပ်များကိုလည်း ဤသင်္ကြန်ကာလမှာ သတိထား ကာကွယ်သွား ကြပါရန် တိုက်တွန်းအပ် ပါတယ်။

    မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။

http://www.president-office.gov.mm/zg/briefing-room/news/2013/04/14/id-3118

အယ်လ်ပိုင်းမှာထိုင်သူများ

လုံတယ်လေ...လှုပ်တာကတော့ခေတ်ပဲ.......




Nyamintharlay page မှ...

အိုလမာအဖွဲ့ချူပ်ပန်ကြားချက်

အမြန်ပြန်ခေါ်ပေးပါ သမ္မတကြီး။


ရာဇာဓိ ရာဇာ

မြန်မာနိုင်ငံသား စစ်စစ် တွေ ဖြစ်တဲ့ ကိုစိုးပိုင်၊ ကိုဝင်းသိုက်ဦးနဲ့ ကိုကျော်ကျော် တို့ကို အမြန်ပြန်ခေါ်ပေးပါ သမ္မတကြီး။
သူတို့ ကျသင့်တဲ့ အပြစ်ဒဏ်ကို မြန်မာထောင် တစ်ခုခုမှာ ဆက်လက်ကျခံခိုင်းလို့ ရပါတယ်။ သူတို့ဟာ မူးယစ်ဆေးဝါး ကုန်ကူးလို့ အဖမ်းခံရတဲ့ သူတွေမဟုတ်ပါ။
ကိုယ့်လူမျိုး အချင်းချင်း သူတို့နဲ့ မထိုက်တန်တဲ့ သေဒဏ်တော့ မပေးပါနဲ့ဗျာ။


ငါးဖမ်းလှေနယ်ကျော်လို့အဖမ်းခံရတာပြန်မတောင်းနိုင်ဖူးလား????
၈ယောက်အသက်ပေးလိုက်ရပြီ..
ကျန်တဲ့၃ယောက်သေတာစောင့်နေတာလား။


ဂျပန်ရောက် မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် မေးဖြေစဆုံး


ဘားမားကမ်ပိန်း ဂျပန် မိသားစု
"photo
ကိုသာထက် ကေသီ ကိုထွန်းဝေ

နာရီတာလေဆိပ်မှာအမေစု


Photos of MAINICHI

"ရန်ကုန် သင်္ကြန်အကြိုနေ့"


elevenwebtv
သင်္ကြန်အကြိုနေ့ ညနေပိုင်း မြင်ကွင်းများ၊ ရေပက်သူများနှင့် စည်ကားခဲ့




RFA Burmese
"ရန်ကုန် သင်္ကြန်"

ဧပြီလ ၁၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ရန်ကုန်မြို့မှာ စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်က ကန်တော်ကြီး ကန်ပတ်လမ်း၊ ရန်ကင်းမြို့နယ်ကကမ္ဘာအေးဘုရားလမ်းနဲ့လှိုင်မြို့နယ်က ပြည်လမ်းမပေါ်မှာရှိတဲ့ ရေကစားမဏ္ဍပ်တွေမှာ နာမည်ကျော် အဆိုတော်နဲ့အနုပညာရှင်တွေက သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

နာရေးကူညီမှုအသင်းရ့"ပေးဆပ်သူများ"သံချပ်အဖွဲ့ဟာ ပုဇွန်တောင်မြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ မနက်က ဖျော်ဖြေခဲ့ပြီး၊တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ပူးပေါင်းစီစဉ်တဲ့ "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ကတော့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်းရုံးချုပ်မှာ ဒီကနေ့ညနေမှာ ပွဲဦးထွက် ဖျော်ဖြေခဲ့ပါတယ်။

ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဦးစီးကျင်းပတဲ့ ရခိုင်သင်္ကြန်ကိုတော့ သုဝဏ္ဏအားကစားကွင်းမှာ ဒီကနေ့ နေ့လယ်က ကျင်းပခဲ့ပါတယ်။

အမေစုနှင့် ဂျပန်ရောက် မြန်မာမိသားစု တွေ့ဆုံပွဲရုပ်သံ

ရုပ်သံ.. ဒီမိုဝေယံ၊

အမေစုနှင့် ဂျပန်ရောက် မြန်မာမိသားစု တွေ့ဆုံပွဲ

လေဆိပ်မှာတော့အမေစုနဲ့လွဲခဲ့ရပါတယ်။

ဓာတ်ပုံ.. ဒီမိုဝေယံ၊ ကိုကိုဝင်း

သာမန် ၀တ်စားဆင်ယဉ်မှု ဖြင့်သာ သင်္ကြန် လည်သည့် အမျိုးသမီး နှစ်ဦး ကို ရဲ က ဖမ်းဆီး ငွေညှစ်

r
  

by FNG on April 13, 2013

ဂျင်းဘောင်ဘီ အရှည် ၊ အင်္ကျင်္ီ လက် ပြတ်ဖြင့် နေ့ တဓူဝ တွေ့ နေ ကျ ဖက်ရှင် ပုံစံ
ဖြင့် သာ သင်္ကြန် ရေပက် ခံ ထွက်သည့် အမျိုး သမီး နှစ်ဦး
ကို မြောက် ဥက္ကလာ ပ ရဲ က မြန်မာ့ ရိုးရာ ယဉ်ကျေးမှု နှင့် မညီ ဟု ဆို ကာ
ဖမ်းဆီး ပြီး နောက် တစ်ဦးလျှင် ငွေ ကျပ် ၃၀၀၀ စီ ပေး မှ ပြန်လွှတ် လိုက်
သည့် ဖြစ် ရပ် တစ်ခု ယနေ့  နေ့  လည် ပိုင်း က မြောက် ဥက္ကလာ ပ တွင် ဖြစ် ပွား ခဲ့ သည်။

သမီးတို့  က သာမန် ၀တ်ရိုး ၀တ်စဉ် ၀တ်တာပါ ၊ ဘာမှ အမြင် မတော်စရာ
အကြောင်း မရှိ ဘူး၊ ရဲ နှစ်ကောင် က မူးလည်း နေတယ်။ ယဉ်ကျေးမှုး နဲ့ 
မညီဘူး စခန်း လိုက် ခဲ့ ၊ ဆို ပြီး ပြောတာ နဲ့  ဆိုင်ရှင် အမ ကြီး က ၀င်ညှိုပေး လို့ 
စခန်း လဲ မလိုက် ချင်တာ နဲ့  တစ်ယောက် ၃၀၀၀ ပေးလိုက် ရတယ် ဟု FNG ကို ပြောသည်။

ယခု နှစ် သင်္ကြန် အကြို နေ့ မှာ ရဲတပ်ဖွဲ့  များ က လို အပ် သည် ထက် ပို
ပြီး အာဏာ ပြ ခြင်း များ ရန်ကုန် မြို့  နေရာ အနှံ ဉ် ဖြစ်ပွား လျှက် ရှိသည်
ဟု FNG မှ သိရှိရသည်။

ကမ္ဘာ အေး ဘုရားလမ်း ရှိ မဏ္ဍပ် စီစဉ် သူ တစ်ဦး ကလည်း ရဲ က လိုင်း
ကြေး သဘောမျိုး လာတောင်း လို့ ဒီမနက် ပဲ ငါးပုလင်း ပေး လိုက်ရတယ်
ဟု ပြောသည်။

မြန်မာ နှစ်သစ်ကူး သင်္ကြန် ပွဲတော် စတင်

မငြိမ်မသက် မှု နှင့် အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွား ခဲ့သည့် ဘူးသီးတောင် ၊မောင်တော၊
စစ်တွေ ၊ ကျောက်ဖြူ ၊မတ္ထီလာ ၊ရမည်းသင်း နှင့် သုံးဆယ် မြို့ များ တွင် သင်္ကြန် ပွဲ တော်
အား ငြိမ်းချမ်းစွာ စတင် ဆင် နွှဲ နေသည် ဟု
FNG မှ သတင်း ရရှိသည်။

စစ်တွေ မြို့  မှာ ရခိုင်ရိုးရာ သင်္ကြန် ပွဲ တော် စနေ ပါ ပြီ။ အားလုံး အေးအေး
ချမ်းချမ်း ပဲ တခြား ဘာသာ ၀င်တွေ လည်း ရေပက် ကစား နေ ကြတယ်။
လို့  စစ်တွေ မြို့  မှ အင်တာနက် ကဖေး ဆိုင် ပိုင်ရှင် တစ်ဦး က FNG ကို
ပြောသည်။

မတ် လနှောင်း ပိုင်း က အကြမ်းဖက် မှု များ ဖြစ် ပွား ခဲ့ သည့် မတ္ထီလာ မြို့ 
နယ် တွင် လည်း ယခင် နှစ်များ ကလောက် စည်ကားခြင်း မရှိ သော် လည်း
မတ္ထီ လာ ကန်ဘေး တစ်ဝိုက် တွင် ရေပက် ကစား မှု များ စတင် နေသည်
ဟု သိရှိရသည်။ မတ္ထီလာ မြို့  က လူတွေ က ရန်ကုန် ၊မန္တလေး ကို တက် ပက်ကြတော့
အရင် နှစ် တွေ လောက် မစည် ဘူး ၊ အား လုံး အေးအေးချမ်း
ချမ်း ဘဲ ဟု ပြောသည်။
http://freedomnewsgroup.com/2013/04/13/thingyan/