Sunday, April 14, 2013

ဓါတ်ဆီပုံးများဖြင့် ၀င်ရောက်ရန်ကြိုးစားသော ဘင်္ဂလီ ၅ ဦး

RSV
****** ထူးခြားသတင်း ******
-----------------------ဧပြီလ ၁၄ ရက် နံနက် ၇း ၃၀

မြောက်ဦးသို့ ဓါတ်ဆီပုံးများဖြင့် ၀င်ရောက်ရန်ကြိုးစားသော ဘင်္ဂလီ ၅ ဦးအား ယနေ့ည ၃ နာရီခန့်တွင် ဖမ်းဆီးရရှိကာ သက်ဆိုင်ရာသို့ အပ်
---------------------------------------
ဧပြီလ ၁၄ ရက်နေ့ နံနက် ၃ နာရီခန့်အချိန်တွင် မြောက်ဦးမြို့ သို့ ဓါတ်ဆီပုံး များဖြင့် ၀င်ရောက်ရန်ကြိုးစားသော ဘင်္ဂလီ ၅ ဦးအား သက်သေခံပစ္စည်းများ နှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဘင်္ဂလီများသည် ပေါင်းတုတ်ကျေးရွာမှဖြစ်ပြီး ------ (ခ)ရွှေမောင်၊ ဖူတီယာ၊ အူတိန်မာမောက်၊ အဒူခေါ်ရိမ်(ခ)စံမောင်၊ အဒူချော်ဘီ တို့ဖြစ် ကြောင်းသိရသည်။
အဆိုပါအမည်များသည် ဖမ်းမိသော ဘင်္ဂလီများ၏ ထွက်ဆိုချက်များသာဖြစ် သဖြင့် မှန်မမှန်ကိုမသိရသေးကြောင်းလည်းသိရသည်။ ယင်းတို့အား ဗန္ဒူလ တံတားအနီးတွင် တာဝန်ကျနေသော စစ်တပ်လက်ထဲသို့ အပ်နှံလိုက်ကြောင်း လည်းသိရှိရပါသည်။

မြောက်ဦးမြို့သို့ ၀င်ရောက်မီးရှို့ရန်အတွက် လာရောက်ခြင်းဖြစ်သော်လည်း စောင့်ကြည့်နေသူများက မြင်သွားသဖြင့် လူ အင်အားဖြင့် လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် တောင်ပေါ်တစ်နေရာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောပါသည်။

ထိုသို့ မီးရှို့ရန်ဝင်ရောက်လာသူများထဲတွင် အသက် ၄၀ ကျောက်အရွယ် ၂ ဦးနှင့် အသက် ၃၀ ၀န်းကျင် သုံးဦးတို့ ပါဝင်ကြောင်းလည်းသိရပါသည်။

သတင်းအပြည့်အစုံနှင့် ဓါတ်ပုံများကို ဆက်လက်တင်ပြပေးပါမည်။(RSV)

ဓါတ်ပုံ- https://www.facebook.com/rakhinethar.rakhinethar

ယာဉ်တိမ်းမှောက် ...ကိုအောင်အောင်မှာ ပွဲချင်းပြီး သေဆုံး

ရန်ကုန်-ပဲခူး လမ်းမပေါ်တွင် ဆလွန်းကားတစ်စီး အရှိန်လွန် ယာဉ်တိမ်းမှောက်
Saturday, April 13, 2013

ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်-ပဲခူး ကားလမ်းမ မိုင်တိုင် ၃၈/၅ အနီးတွင် ယာဉ်မောင်း ကိုအောင်အောင် (၂၃ နှစ်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့) မောင်းနှင်လာသည့် ဆလွန်း ကား အနက်ရောင်တစ်စီးသည် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်း အား ဝင်တိုက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း ကိုအောင်အောင်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါသူ မသဇင်ဖြိုး၊ မဝါဝါဝင်း၊ ကိုထွန်းဇော်တို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အင်းတကော် စခန်းမှူး ဒုရဲအုပ် ဦးသန်းစိုးက ပြောကြားခဲ့သည်။ Eleven Media Group

ရေကဗျင်နဲ့ရေကစားတဲ့ဘပြောင်...

Sunday, April 14, 2013
နိုင်ငံတော် သမ္မတကြီး သမ္မတအိမ်တော်ဝင်းရှိ မိသားစု မဟာသင်္ကြန် မဏ္ဍပ်တွင် သင်္ကြန် ဆင်နွဲနေသည့် သတင်း ဓာတ်ပုံများ (မြ၀တီ)

အသံတိတ်လူသတ်သမား

Tun Win Tun's photo.
အသံတိတ်လူသတ်သမား
တိုင်းပြည်ရဲ့ပြောင်းလဲမှုတွေထဲမှာကျွန်တော်တို့သိသိသာသာခံစားခွင့်ရလိုက်တာကတော့အသစ်
တော့မဟုတ်တဲ့ဂျပန်ကျကားအကောင်းလေးတွေကိုစီးခွင့်ရလိုက်တာပါပဲ။
အဲဒီကားအကောင်းလေးတွေမှာ ပါလာတဲ့ လူအတော်များများကို စိတ်အနှောက်အယှက်အပေးဆုံးအရာကတော့ ခါးပတ်မပတ်လို့ သတိပေးနေတဲ့ မီး နဲ့ တတီတီမြည်နေတဲ့ အသံပါပဲ။
ကျွန်တော်တို့လူမျိုးကလဲကားပေါ်ကခါးပတ် (seat belt) ကို ကားဘယ်နှစ်ခုနှစ်က ထုတ်တယ်ဆိုတာသိရုံလောက်ကြည်ဖို့ပဲ စိတ်ဝင်စားခဲ့တာလေ။ အဲဒီတော့ ဒီမီးလုံးလေး နဲ့ တတီတီမြည်သံ ကကားမောင်းနေတုံး တော်တော် စိတ်အနှောက်အယှက်ပေးတော့တာပေါ့။
အဲဒီမှာမြန်မာလူမျိုးပီပီ မီးလုံးနဲ့အသံကိုပျောက်အောင် အသုံးပြုရမဲ့ကိရိယာကိုရှာဖွေတော့တာပါပဲ။ ထုံးစံအတိုင်း အိမ်နီးချင်းကောင်းတို့က ပုံမှာပါတဲ့ angry bird အရုပ်တပ်ထားတဲ့ ခါးပတ်ခေါင်းအတုလေးတွေကိုတင်သွင်းလိုက်ပါတယ်။
အဲဒါလေးတွေကို seat belt receptacle မှာတပ်လိုက်ရင် သင့်ကို စိတ်အနှောက်အယှက်ပေးနေတဲ့ မီးနဲ့အသံက ပျောက်သွားပြီလေ။ 
ဒါပေမယ့် အဲဒါကသင့်ကိုသေမင်းဆီကိုမြန်မြန်ပို့လိုက်တာပါပဲ။ ယာဉ်မတော်တဆမှုဖြစ်ခဲ့ရင် သင့်ကိုအသက်ဘေးမှအများဆုံးကာကွယ်ပေးနိုင်တာ အဲဒီ ခါးပတ်ပါ။ ဒီခါးပတ် ပတ်ဖြစ်အောင်လို့ ဥပဒေအရ သာမက ကားထုတ်လုပ်သူများကပါ အဆင့်ဆင့် အသိပေး၊ သတိပေးနိုင်ဖို့ ဒီ မီးတွေ အသံတွေ ကို ငွေကြေးအကုန်အကျခံ ထည့်သွင်းတပ်ဆင်ထားတာပါ။ဒီကုန်ကျစားရိတ်ကိုလဲ သင် ပေးထားပြီးပါပြီ။ ဒီစနစ်ကို လိမ်လည် လှည့်ဖျားမယ်ဆိုရင်တော့ သင့်သေတွင်းကို တူးနေသူကသင်ကိုယ်တိုင်ဖြစ်နေပြီဆိုတာကိုသတိရလိုက်ပါ။ 
ပိုပြီးဥာဏ်ပညာကြီးသူတွေကတော့ စိတ်အနှောက်အယှက်ဖြစ်လို့မဟုတ်ပါဘူးတဲ့။ မီးလုံးကျွမ်းသွားမှာစိုးလို့ပါတဲ့။
ဒီမီးတစ်လုံးရဲ့တန်ဖိုးနဲ့ သင့်အသက်တစ်ချောင်းတန်ဖိုးကိုတော့ သင်ချိန်ဆနိုင်မှာပါ။
နောက်တစ်မျိုးကတော့ ဘယ်ဥာဏ်ကြီးရှင်ကပြောသည်မသိ ဒီမီးလင်းနေရင် ယာဉ်မတော်တဆဖြစ်ချိန်မှာ air bag မပွင့်ပါတဲ့။
Air bag နှင့်ယှဉ်ရင် seat belt က သင့်အသက်ကို ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။ ယာဉ်မတော်တဆဖြစ်ချိန်မှာ air bag ပွင့်မယ် မပွင့်ဘူး ဘယ်သူကမှ အာမခံနိုင်မှာမဟုတ်ပါဘူး။ ပွင့်ခဲ့ရင်တောင်မှ သင်ဟာ seat belt တပ်မထားခဲ့ရင် အနေအထားမမှန် တဲ့အတွက် လုံလောက်တဲ့ ကာကွယ်မှုကို မရဘဲ အခြေအနေပိုဆိုးသွားနိုင်ပါတယ်။ seat belt ကတော့ သင်တပ်ထားရင် သင့် ကို အချိန်ပြည့်ကာကွယ်ပေးနိုင်ပါတယ်။
စိတ်ပျက်ဖို့ကောင်းတာကတော့ ကျွန်တော့ထက်အတွေ့အကြုံများတဲ့သူတွေရဲ့ကားတွေမှာတောင် အဲဒီ ပစ္စည်းလေးတွေတပ်ထားတာကိုတွေ့လိုက်ရလို့ပါပဲ။သူတို့ဟာ ရန်ကုန်မြို့တွင်း သာမက နေပြည်တော်အမြန်လမ်းပေါ်မှာပါ မိသားစုကိုတင်ပြီးအကြိမ်ကြိမ်သွားလာနေကြဆဲပါ။
သင်ဒီစာကိုဖတ်ပြီးချိန် သင့်ကားထဲမှာ ဒီလို ပစ္စည်းမျိုးရှိနေရင် ဘယ်လောက်ပဲ ပေးခဲ့ရပါစေ လွှင့်ပြစ်လိုက်ပြီး ခါးပါတ် seat belt ကိုသာပတ်ထားလိုက်ပါ။
ကားမောင်းနေစဉ် ခါးပတ်ပတ်ထားရတာ မလွတ်လပ်ဘူးလို့ယူဆတဲ့သူတွေကို လဲသဘောတူပါတယ်။ ဒါပေမယ့် သင့်အသက်နဲ့ ယှဉ်လိုက်ရင်တော့အဲဒီ မ လွတ်လပ်မှုဆိုတာပြောမပလောက်ပါဘူး။
ဒီစာကြောင့်ကားမောင်းစဉ် ခါးပတ်ပတ်ထားသူတစ်ယောက်တိုးရင်ပဲ.....

တိုင်းပြည်ရဲ့ပြောင်းလဲမှုတွေထဲမှာကျွန်တော်တို့သိသိသာသာခံစားခွင့်ရလိုက်တာကတော့အသစ်
တော့မဟုတ်တဲ့ဂျပန်ကျကားအကောင်းလေးတွေကိုစီးခွင့်ရလိုက်တာပါပဲ။
ဲဒီကားအကောင်းလေးတွေမှာ ပါလာတဲ့ လူအတော်များများကို စိတ်အနှောက်အယှက်အပေးဆုံးအရာကတော့ ခါးပတ်မပတ်လို့ သတိပေးနေတဲ့ မီး နဲ့ တတီတီမြည်နေတဲ့ အသံပါပဲ။
ကျွန်တော်တို့လူမျိုးကလဲကားပေါ်ကခါးပတ် (seat belt) ကို ကားဘယ်နှစ်ခုနှစ်က ထုတ်တယ်ဆိုတာသိရုံလောက်ကြည်ဖို့ပဲ စိတ်ဝင်စားခဲ့တာလေ။ အဲဒီတော့ ဒီမီးလုံးလေး နဲ့ တတီတီမြည်သံ ကကားမောင်းနေတုံး တော်တော် စိတ်အနှောက်အယှက်ပေးတော့တာပေါ့။
အဲဒီမှာမြန်မာလူမျိုးပီပီ မီးလုံးနဲ့အသံကိုပျောက်အောင် အသုံးပြုရမဲ့ကိရိယာကိုရှာဖွေတော့တာပါပဲ။ ထုံးစံအတိုင်း အိမ်နီးချင်းကောင်းတို့က ပုံမှာပါတဲ့ angry bird အရုပ်တပ်ထားတဲ့ ခါးပတ်ခေါင်းအတုလေးတွေကိုတင်သွင်းလိုက်ပါတယ်။
အဲဒါလေးတွေကို seat belt receptacle မှာတပ်လိုက်ရင် သင့်ကို စိတ်အနှောက်အယှက်ပေးနေတဲ့ မီးနဲ့အသံက ပျောက်သွားပြီလေ။
ဒါပေမယ့် အဲဒါကသင့်ကိုသေမင်းဆီကိုမြန်မြန်ပို့လိုက်တာပါပဲ။ ယာဉ်မတော်တဆမှုဖြစ်ခဲ့ရင် သင့်ကိုအသက်ဘေးမှအများဆုံးကာကွယ်ပေးနိုင်တာ အဲဒီ ခါးပတ်ပါ။ ဒီခါးပတ် ပတ်ဖြစ်အောင်လို့ ဥပဒေအရ သာမက ကားထုတ်လုပ်သူများကပါ အဆင့်ဆင့် အသိပေး၊ သတိပေးနိုင်ဖို့ ဒီ မီးတွေ အသံတွေ ကို ငွေကြေးအကုန်အကျခံ ထည့်သွင်းတပ်ဆင်ထားတာပါ။ဒီကုန်ကျစားရိတ်ကိုလဲ သင် ပေးထားပြီးပါပြီ။ ဒီစနစ်ကို လိမ်လည် လှည့်ဖျားမယ်ဆိုရင်တော့ သင့်သေတွင်းကို တူးနေသူကသင်ကိုယ်တိုင်ဖြစ်နေပြီဆိုတာကိုသတိရလိုက်ပါ။
ပိုပြီးဥာဏ်ပညာကြီးသူတွေကတော့ စိတ်အနှောက်အယှက်ဖြစ်လို့မဟုတ်ပါဘူးတဲ့။ မီးလုံးကျွမ်းသွားမှာစိုးလို့ပါတဲ့။
ဒီမီးတစ်လုံးရဲ့တန်ဖိုးနဲ့ သင့်အသက်တစ်ချောင်းတန်ဖိုးကိုတော့ သင်ချိန်ဆနိုင်မှာပါ။
နောက်တစ်မျိုးကတော့ ဘယ်ဥာဏ်ကြီးရှင်ကပြောသည်မသိ ဒီမီးလင်းနေရင် ယာဉ်မတော်တဆဖြစ်ချိန်မှာ air bag မပွင့်ပါတဲ့။
Air bag နှင့်ယှဉ်ရင် seat belt က သင့်အသက်ကို ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။ ယာဉ်မတော်တဆဖြစ်ချိန်မှာ air bag ပွင့်မယ် မပွင့်ဘူး ဘယ်သူကမှ အာမခံနိုင်မှာမဟုတ်ပါဘူး။ ပွင့်ခဲ့ရင်တောင်မှ သင်ဟာ seat belt တပ်မထားခဲ့ရင် အနေအထားမမှန် တဲ့အတွက် လုံလောက်တဲ့ ကာကွယ်မှုကို မရဘဲ အခြေအနေပိုဆိုးသွားနိုင်ပါတယ်။ seat belt ကတော့ သင်တပ်ထားရင် သင့် ကို အချိန်ပြည့်ကာကွယ်ပေးနိုင်ပါတယ်
စိတ်ပျက်ဖို့ကောင်းတာကတော့ ကျွန်တော့ထက်အတွေ့အကြုံများတဲ့သူတွေရဲ့ကားတွေမှာတောင် အဲဒီ ပစ္စည်းလေးတွေတပ်ထားတာကိုတွေ့လိုက်ရလို့ပါပဲ။သူတို့ဟာ ရန်ကုန်မြို့တွင်း သာမက နေပြည်တော်အမြန်လမ်းပေါ်မှာပါ မိသားစုကိုတင်ပြီးအကြိမ်ကြိမ်သွားလာနေကြဆဲပါ။
သင်ဒီစာကိုဖတ်ပြီးချိန် သင့်ကားထဲမှာ ဒီလို ပစ္စည်းမျိုးရှိနေရင် ဘယ်လောက်ပဲ ပေးခဲ့ရပါစေ လွှင့်ပြစ်လိုက်ပြီး ခါးပါတ် seat belt ကိုသာပတ်ထားလိုက်ပါ။
ကားမောင်းနေစဉ် ခါးပတ်ပတ်ထားရတာ မလွတ်လပ်ဘူးလို့ယူဆတဲ့သူတွေကို လဲသဘောတူပါတယ်။ ဒါပေမယ့် သင့်အသက်နဲ့ ယှဉ်လိုက်ရင်တော့အဲဒီ မ လွတ်လပ်မှုဆိုတာပြောမပလောက်ပါဘူး
ဒီစာကြောင့်ကားမောင်းစဉ် ခါးပတ်ပတ်ထားသူတစ်ယောက်တိုးရင်ပဲ.....

ဒီနေ့သင်္ကြန်ပုံရိပ်

ဒီနေ့တင်တဲ့ပုံတွေထဲမှာစိန်မမသန္တာရွှေလဲပါတယ်..ရှာကြည့်ပါ။

ဆော်ဒီ အာရေဗျာ နိုင်ငံ ဂျဒ္ဒားမြို့ တွင် ၀ါကာအူဒင်သွေးထိုးလှုံဆော်

 ဆော်ဒီ အာရေဗျာ နိုင်ငံ ဂျဒ္ဒားမြို့ တွင် ယနေ့ ကျင်းပသောတူရကီ၊ အာဖဂန် နစ္စတန်၊ ယူအေအီး၊ ဘရူးနိုင်း၊ ဂျီဘိုတီ၊ အင်ဒို နီးရှား၊ မလေးရှား၊ အီဂျစ်၊ ဆီနီ ဂါလ် နှင့် ဆော်ဒီ အာရေဗျာ နိုင်ငံ များမှအစ္စလာမစ် ပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့၊ အဖွဲ့ဝင် နိုင်ငံ များ၏ နိုင်ငံ ခြားရေး ၀န်ကြီးများ အစည်း အဝေးတွင်ကုလမှ
မြန်မာနိုင်ငံကိုအရေးယူဖို့တင်ပြပေးရန်အမေရိကားအခြေစိုက်ဘင်္ဂလီ (Wakar Uddin)၀ါကာအူဒင်သွေးထိုးလှုံဆော်နေစဉ်..

ဖေ့စ်ဘုတ်ပေါ်မှာလည်း ပြန်ကြားရေးဝန်ကြီးဌာနက လူစုံတက်စုံရောက်

(Credit:Data Research Group)

ဒီနေ့ ချောင်းသာ လာတဲ့ ကားတစ်စီး ချောက်ထဲ ထိုးကျကျား/မ ၁၈ ဦး ဒဏ်ရာရပြီးသေဆုံးမရှိ

Htay Hlaing Oo

“ မနက်ဖြန်( ၁၅-၄-၂၀၁၃)မှာ Time မဂ္ဂဇင်းတွင် အမေစုအတွက် Vote ကြစို့ ”

The Myanmar People's photo.
“ မနက်ဖြန်( ၁၅-၄-၂၀၁၃)မှာ Time မဂ္ဂဇင်းတွင် အမေစုအတွက် Vote ကြစို့ ”
.................................................................................

“ မနက်ဖြန် ၁၅-၄-၂၀၁၃ ရက်နေ့တွင် Time မဂ္ဂဇင်းက
ကမ္ဘာပေါ်တွင်သြဇာတိက္ကမအကြီးဆုံးပုဂ္ဂိုလ်များစားရင်း
အတွက်  ဒီမိုကရေစီနှင့်တရားမျှတမှု( Icon ) 
ဒေါ်အောင်ဆန်းစုကြည်နှင့် နည်းပညာပညာရှင် 
( Larry Page )ကို အပြိုင်ရွေးချယ်ဆန္ဒမဲ( Vote ခိုင်းပါမည်။
ထို့ကြောင့်မြန်မာတစ်ပြည်လုံးနှင့် ပြည်ပရောက်မြန်မာ
များအနေဖြင့် မိမိတို့နိုင်ငံမှ မြန်မာ့မိခင်ကြီးအတွက် - ဆန္ဒမဲ 
( Vote ) နိုင်ကြရန် ကြိုတင်အသိပေးကြေငြာအပ်ပါသည်။

15.4.2013 ( Monday ) - Tomorrow

Daw Aung San Suu Kyi  ( Icon)

............. Vs ..........
 
Larry Page ( Technology )

Go & Vote there (at Tomorrow ):
( http://time100.time.com/2013/04/09/face-off-whos-the-most-influential-icon/ )

အင်တာနတ်နဲ့ရင်းနှီးအကျွမ်းတ၀င်ရှိတဲ့ မြန်မာတွေဆီရောက်အောင် Share ပေးကြပါ။
ကြိုက်သလောက် Vote နိုင်ပြီး၊ Vote အတွက် အကြိမ်ရေ ကန့်သတ်ထားခြင်းမရှိပါဘူး။

- (  မြန်မာ့မိခင်ကြီးအား ချစ်ခင်ကြသူများအဖွဲ့ )

Re-posted by The Myanmar People

.................................................................................

“ မနက်ဖြန် ၁၅-၄-၂၀၁၃ ရက်နေ့တွင် Time မဂ္ဂဇင်းက
ကမ္ဘာပေါ်တွင်သြဇာတိက္ကမအကြီးဆုံးပုဂ္ဂိုလ်များစားရင်း
အတွက် ဒီမိုကရေစီနှင့်တရားမျှတမှု( Icon )
ဒေါ်အောင်ဆန်းစုကြည်နှင့် နည်းပညာပညာရှင်
( Larry Page )ကို အပြိုင်ရွေးချယ်ဆန္ဒမဲ( Vote ခိုင်းပါမည်။
ထို့ကြောင့်မြန်မာတစ်ပြည်လုံးနှင့် ပြည်ပရောက်မြန်မာ
များအနေဖြင့် မိမိတို့နိုင်ငံမှ မြန်မာ့မိခင်ကြီးအတွက် - ဆန္ဒမဲ
( Vote ) နိုင်ကြရန် ကြိုတင်အသိပေးကြေငြာအပ်ပါသည်။

15.4.2013 ( Monday ) - Tomorrow

Daw Aung San Suu Kyi ( Icon)

............. Vs ..........

Larry Page ( Technology )

Go & Vote there (at Tomorrow ):
( http://time100.time.com/2013/04/09/face-off-whos-the-most-influential-icon/ )

ကျိုတိုမြို့ ပေါ်မှာဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာနေစဉ်။ 14.4.2013

ကိုထွန်းဝေ၊ကိုထွေးဇော်၊ ကိုဖိုးခွား၊ဒီမိုဝေယံ

လှည်းတန်းဂုံးကျော်နဲ့နှစ်ပင်လိမ်သွားတဲ့ရဲရင့်ငယ်

လှည်းတန်းမီးပွိုင့်ကိုကျော်ပြီးတံတားတစင်းထဲနဲ့ယဉ်ကျောကြပ်တာချောင်မသွား
ပါဖူး၊အဆင်းနေရာမှာသေချာပေါက်ကြပ်မှာပါ။
ကနေဒါ၊တိုရန်တိုမြို့ထဲမှာဂုံးကျော်တံတားတစင်းရှိပါတယ်၊အရှေ့နဲ့အနောက်မြို့
အစအဆုံးတည်ဆောက်ထားတယ်။(အင်းစိန်ကနေစံပြရုပ်ရှင်ရုံအတိုင်းတည့်တည့်
သွားပြီးဆုံးသွားတယ်)မြင်အောင်ဥပမာပေးတာပါ။မွန်ထရီရယ်မြို့နဲ့နယူးယောက်မြို့
ထဲတွေမှာလဲပုံစံတူတံတားတွေရှိပါတယ်။လမ်းငယ်၅လမ်းကျော်တခါလောက်လမ်း
မကြီးတွေမှာအတက်အဆင်းအ၀င်အထွက်လုပ်ပေးတယ်၊ကြို့ကုန်းမှာတခါသမိုင်း
လမ်းဆုံမှာတခါအဲ့လိုမျိုးပေါ့၊သာမန်အချိန်မှာသံလမ်းလောက်ကနေဂုံးတံတားပေါ်
တက်ခွင့်ပေးထားပေမယ့်ရုံးဆင်းချိန်လိုမျိုးဆိုပိတ်ထားလိုက်တယ်လမ်းငယ်တွေက
နေကားတွေတိုးတက်ပြီးအမြန်ဂုံးကျော်ပေါ်မှာသွားနေတဲ့ကားတွေနဲ့ခဏခဏ
ယာဉ်ကျောရှုပ်မှာစိုးလို့ပါ။တောင်မြောက်ကိုဖေါက်ထားတဲ့အမြန်လမ်းနဲ့လဲဆက်
ပေးထားပါတယ်။အင်းစိန်ကနေစံပြလောက်အထိဆောက်နိုင်ရင်အကုန်အကျများ
ပေမယ့်ယာဉ်ကျောရှင်းနိုင်တာဒီတနည်းပဲရှိပါတယ်။ဘုရင့်နောင်လမ်းကိုဖေါက်ပေး
ထားပေမယ့်ကိုယ်ပိုင်ကားသမားတွေအတွက်ပဲအသုံးဝင်ပါတယ်၊ယာဉ်တိုက်မှုဖြစ်
တဲ့အချိန်လောက်တော့အောက်ကလမ်းဟောင်းကိုနောက်အတက်နေရာလောက်
အထိသီးခံသုံးရပါတယ်။လှည်းတန်းဂုံးကျော်လိုတိုတိုနဲ့အလွယ်တည်ဆောက်မိတဲ့
မြို့တွေဘာဖြစ်ကုန်လဲဆိုတော့ပြန်လဲမဖျက်ချင်တာနဲ့ဆင်းပြီးပေ၃၀၀လောက်
ရောက်တာနဲ့နောက်ဂုံးကျော်တခုထပ်ဆောက်ရပြန်တယ်။အကောင်းဆုံးကတော့
အစအဆုံးဆောက်လိုက်တာအကောင်းဆုံးပါပဲ၊တခါပဲကုန်တခါပဲသည်းခံလိုက်ရုံပါ။
ပိုက်ဆံလား......
ကချင်မှာပစ်လိုက်တဲ့ကျည်ခွံတွေပြန်ကောက်ရောင်း၊ဆောက်လောက်ပါတယ်ဗျာ။ ။

ဒီဆောင်းပါးဖေ့ဘွတ်ပေါ်တင်လိုက်ပြီးသကာလ.....

Red Angel
ကျန်တာအားလုံးကြိုက်တယ်၊၊ကချင်မှာ ပစ်လိုက်တဲ့  ကျည်ဆန်ခွံတွေ ပြန်ကောက်ရောင်းပြီး ဆောက်ဆိုတာလောက်နဲ့  အချိန်ကုန်ခံ ဖေ့ဘွတ်ပေါ်တက်မပြောသင့်ဘူး၊၊ ဒါ Constructive Criticism မဟုတ်ဘူး၊၊ Practical Advice မဟုတ်ဘူး၊၊

Ye Yint Nge
စစ်ပွဲတွေဖြစ်အောင်မဖန်တီးပဲလမ်းတံတားတွေဆောက်စေချင်
တာPractical Advice မဖြစ်လာဖူးလား။ဆောင်းပါးထဲဒီလိုအရှည်
ကြီးနိုင်ငံရေးနဲ့ပါတ်သက်တာရောမရေးချင်လို့အတိုလေးပဲနိဂုံးမှာ
ထည့်လိုက်တာပါ။

Red Angel
ဆန္ဒဆိုတာကိုက Practical Advice မဟုတ်ဘူးဗျ၊၊ကမ္ဘာမှာ စစ်ပွဲမရှိတဲ့နိုင်ငံပြော၊၊

Ye Yint Nge
  ကနေဒါမှာစစ်ပွဲ(ပြည်တွင်းစစ်)မရှိဖူး...အမေရိကန်နဲ့ပေါင်းပြီးအာရပ်နိုင်ငံဖက်သွားတိုက်
တာကအခြားရည်ရွယ်ချက်....
===============================================

Thurain Nay Myo
နိုင်ငံအတွက် စာတွေနဲ့ ဝေဖန်ရေးလုပ်နေတာနဲ့လောက်တော့ ရန်ကုန်မြို့ကြီးက ပြည်သူတွေ သွားရေးသာပြီး လာေ၇းမဖြောင့်ပါဘူးခင်ဗျာ။ နိုင်ငံခြားမှာနေတဲ့သူတွေ မြန်မာနိုင်ငံအတွက် အခွန် တာဝန်ကျေပွန်ရဲ့လား
နိုင်ငံခြားကနေ ဝေဖန်နေတာ၊ အကြံတွေ ပေးနေတာက လက်တွေ့လုပ်ရတာလောက်
 မလွယ်ဘူးဆိုတာ မြန်မာနိုင်ငံကို ပြန်လာလုပ်ကြည့်ကြပါဦး
ရန်ကုန်လောက် နေပြည်တော်လောက် တိုးတက်နေတာထက် နိုင်ငံအနှံ့တိုးတက်စည်ပင်
လာဖို့ တာဝန်ကျေတဲ့အခွန်ထမ်းတွေရဲ့ရငွေအပေါ် မူတည်ပြီး လုပ်နေရတယ်ဆိုတာ
 နားလည်သဘောပေါက်စေချင်ပါတယ်

Ye Yint Nge
အခွန်ထမ်းတွေဆိုတာမှာ၂မျိုးရှိတယ်..ကာယနဲ့ဥာဏသုံးပြီးအလုပ်လုပ်တဲ့သူ
ဆီကအလုပ်ဝင်ငွေခွန်(အလုပ်ရှင်လစာပေးရင်တခါထဲအခွန်
ဖြတ်ပြီးအစိုးရဆီပေးရတယ်။).....မူတည်တယ်လို့သုံးတာဟာမရတဲ့အခါ(မဆောင်)
တဲ့အခါလဲရှိတယ်လို့ပြောရတယ်။အထိုက်အလျောက်အထောက်အကူဖြစ်ပေမယ့်
အစိုးရတကယ်ရတာကလုပ်ငန်းရှင်တွေဆီကပါ။ဒါကြောင့်ပြည်ပလုပ်ငန်းရှင်တွေ
လိုချင်နေတာ။ပြည်ပလုပ်ငန်းရှင်တွေလာဖို့နိုင်ငံရေးကငြိမ်အုံးမှ..ဆက်ရေးရင်
economic imperialism မဟုတ်ဖူးဖြစ်အုံးမယ်။နည်းပညာရောင်းစားဖို့ကတော့
လိုပါသေးတယ်။ရှိတဲ့သယံဇာတတွေလဲမလိုအပ်တော့ရင်ရောင်းတာရပ်သင့်ပါ
တယ်။လိုအပ်နေသေးရင်တော့လဲမတတ်နိုင်ဖူးပေါ့။ပြည်တွင်းပြည်ပကလူတွေ
အခွန်ရှောင်မရအောင်လုပ်နည်းတွေရှိပါတယ်။အဲ့လိုလုပ်တာတောင်ဒီဖက်နိုင်ငံ
တွေမှာအခွန်ကိုနည်းမျိုးစုံနဲ့ရှောင်တာတချို့ရှိတယ်။။
အခွန် တာဝန်ကျေပွန်ရဲ့လား....လို့မေးတာထက်..အခွန်ရှောင်မရအောင်အစိုးရ
ကကောက်ဖို့ပဲလိုပါတယ်။
=========================================

Min Lwin Maung
တခါထဲပြောလိုက်မယ် ။အိမ်တွေ အလုပ်၇ုံးတွေ လမ်းတွေ ဆိုင်တွေ တနေ၇ာစုဝေးနေတဲ.
အတွက် လမ်းကတေါ. ၂ ထပ် တံတားဆေါက်ဆေါက် ၃ ထပ်တံတားဆေါက်ဆေါက်
ကြပ်နေမှာဘဲ .တနေ၇ာထဲကို ဦးတည်ပြီးစုသွါးနေလို.ဘဲ..... နေ၇ာတွေ ၇ှိပါတယ်..
.နေ၇ာတွေပေါပါတယ်

Ye Yint Nge
 အစိုးရတိုင်းကမြို့ပြင်ရအောင်ထုတ်ကြတာပါပဲ၊
သီအိုရီကမြို့ထဲမှာခင်ဗျားလိုချင်တာ၂နာရီအတွင်းအကုန်ရအကုန်
ပြီးပေမယ့်မြိုဲ့ပြင်ကျတော့တခုနဲ့တခုဝေးတော့၂နာရီ၅ဆဖြစ်လို့
မြို့ထဲမှာပဲလူစည်တဲ့သဘောပါပဲ၊ဒါပေမယ့်အစိုးရတွေကမိုးပျံတံ
တားတွေ၊မြေအောက်ရထားတွေနဲ့သူတို့အစွမ်းကိုပြတတ်ကြတယ်။
ချမ်းသာတဲ့နိုင်ငံတွေပြောပါတယ်၊
ဂျပန်မှာတိုက်ထဲကနေဖြတ်ပြီးဆောက်တဲ့ဂုံးကျော်တံတားတောင်ရှိတယ်။
==========================================

Hla Tun Oo
စာတစ်လုံးဝေသွားတာနဲ့ ရဲရဲ လဲ လက်ကိုမလည်တော့ဘူး။ သနားပါ့

Ye Yint Nge
 စစ်အစိုးရလက်ထက်တလျောက်လုံးဂျစ်တွန်းတွန်းလာတာဆိုတော့
ဘပြောင်လက်ထက်ရောက်တော့အပြုသဘောရောက်အောင်ကြိုးစားပြောင်းနေ
ပေမယ့်အကုန်ပြောင်းလို့မရသေးဖူး။
ပြောင်းရမှာစိုးလို့ဘလော့ဂါအဖြစ်စွန့်လွှတ်သွားသူတွေတောင်ရှိတယ်။
====================
============
=====