Monday, April 15, 2013

ဘော့စတွန်ဗုံးသံတိုသံစများဘောသီးများပါဝင်

Update-သေဆုံးသူ၃ယောက်ရှိသွားပါပြီ(8:58 PM)ရဲမီဒီယာတွေ့ဆုံပွဲမှ
ဘော့စတွန်ဗုံး shrapnel (သံတိုသံစများဘောသီးများပါဝင်တယ်လို့ဆရာဝန်ကပြောပါတယ်။)
ဗုံးကအသေးစားတည်ဆောက်ထားတာဖြစ်တယ်လို့ပြောပါတယ်
၁၂စက္ကန့်ခြားပြီးကိုက်၁၀၀ခန့်မှာတလုံးပေါက်ပါတယ်၊အခြားစာကြည့်တိုက်ကပေါက်ကွဲမှု
ကဗုံးကြောင့်မဟုတ်ဖူးဆိုပါတယ်။၂ယောက်သေရာမှာတယောက်က၈နှစ်အရွယ်ယောကျာင်္းလေးဖြစ်ပါတယ်။
ဒါဏ်ရာရသူ၁၃၄ရှိပါတယ်။၁၇ဦးကဒါဏ်ရာပြင်းပါတယ်။
အမှိုက်ပုံးထဲကထပေါက်တာလို့မျက်မြင်တွေကပြောပါတယ်။
သမ္မတအိုဘာမားကအတိအကျသိရရင်တယောက်ဖြစ်စေအုပ်စုဖြစ်စေထိထိရောက်ရောက်
အရေးယူသွားမယ်ပြောလိုက်ပါတယ်။
လောလောဆယ်မှာတော့ကျောပိုးအိပ်အနက်နဲ့အမဲကောင်တယောက်ကိုရှာဖွေနေတယ်လို့
ည၈နာရီ၁၅၊ စီအန်အန် မှာလာနေတာပါ။အခုအထိဖမ်းဆီးထားတာမရှိဖူးပြောပါတယ်။
မြန်မြန်ဆန်ဆန်ဆေးရုံပို့ပေးနိုင်တဲ့ရဲ၊မီးသတ်နဲ့သူနာပြုတွေကိုသမ္မတကချီးကျူးလိုက်ပါတယ်။
အခုလောလောဆယ်ရဲကမီဒီယာတွေ့ဆုံပွဲလုပ်မယ်ဆိုလို့စောင့်နေကြပါတယ်။



အမေစု ကျိုတိုတက္ကသိုလ်ရှေ့မြင်ကွင်း ရုပ်သံ

ဘော်စတွန် မာရသွန်ဗုန်းသုံးလုံးပေါက်အသက် ၂၀ အရွယ် ဆော်ဒီလူမျိုးဖမ်းဆီးခံရ

UPDATE: 2DEAD, 110 INJURED AFTER 2 EXPLOSIONS ROCK BOSTON MARATHON
NY AUTHORITIES RAMP UP SECURITY AFTER BOSTON EXPLOSIONS
PHOTOS: EXPLOSIONS ROCK BOSTON MARATHON
Zaw Win's photo.
ဘော်စတွန် မာရသွန် ပြိုင်ပွဲဝင်ခါနီး လိုင်းကြောင်းအနီး ( finish line ) မှာ မသမာသူတွေ ဗုန်းနှစ်လုံးဖောက်လို့ ၆ ဦး ဒဏ်ရာရရှိသွားပြီး ပြိုင်ပွဲပျက်သွားပါတယ်လို့ စီအန်အန် (CNN) က သတင်းပေးပို့နေပါတယ်
ဘော်စတွန် မာရသွန် ပြိုင်ပွဲဝင်ခါနီး လိုင်းကြောင်းအနီး ( finish line ) မှာ မသမာသူတွေ ဗုန်းနှစ်လုံးဖောက်လို့ ၆ ဦး ဒဏ်ရာရရှိသွားပြီး ပြိုင်ပွဲပျက်သွားပါတယ်လို့ စီအန်အန် (CNN) က သတင်းပေးပို့နေပါတယ်

Myanmar Consumer Guide's photo.
Breaking News - ဘော်စတွန်မြို့တွင် တတိယမြောက် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဘော်စတွန် မာရသွန်ပြေးပွဲ၌ ဗုံး ၂ လုံး ပေါက်ကွဲခဲ့ကာ မပေါက်ကွဲသေးသည့် ဗုံး ၂ လုံးအား ရှာဖွေတွေ့ရှိခဲ့ပြီး မကြာမီအချိန်၌ ဘော်စတွန်မြို့ရှိ သမ္မတ John F. Kennedy စာကြည့်တိုက်၌ ဗုံးတစ်လုံး ပေါက်ကွဲတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ဤ ဖြစ်ရပ်များမှာ ဆက်စပ်မှုရှိကြောင်း သိရှိရပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာ ၅၀ ဦးထိ ရှိသွားပြီဟု သိရှိရသည်။
Breaking News - ဘော်စတွန်မြို့တွင် တတိယမြောက် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဘော်စတွန် မာရသွန်ပြေးပွဲ၌ ဗုံး ၂ လုံး ပေါက်ကွဲခဲ့ကာ မပေါက်ကွဲသေးသည့် ဗုံး ၂ လုံးအား ရှာဖွေတွေ့ရှိခဲ့ပြီး မကြာမီအချိန်၌ ဘော်စတွန်မြို့ရှိ သမ္မတ John F. Kennedy စာကြည့်တိုက်၌ ဗုံးတစ်လုံး ပေါက်ကွဲတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ဤ ဖြစ်ရပ်များမှာ ဆက်စပ်မှုရှိကြောင်း သိရှိရပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာ ၅၀ ဦးထိ ရှိသွားပြီဟု သိရှိရသည်။


ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှု
Updated 36 minutes ago · Taken in Boston, Massachusetts
အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့တော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၆၄ ဦးခန့်ရှိကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူများအနက် စိုးရိမ်ရသည့် အခြေအနေရှိသူများလည်း ပါဝင်သည်ဟုဆိုသည်။

ဘော်စတွန်မြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်သည့် ဘော်စတွန်မာရသွန်ပြိုင်ပွဲ၏ ပန်းဝင်စည်းအနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ အဆိုပါ မာရသွန်ပြိုင်ပွဲသို့ ထောင်နှင့်ချီသော ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
Photo: RT News, TIME

Planet Myanmar Network
 





ဒဏ်ရာရထားသောအသက် ၂၀ အရွယ် ဆော်ဒီလူမျိုး တစ်ယောက်ကို ဗုံးပေါက်ကွဲမှု မသင်္ကာသူ အဖြစ် ဖမ်းဆီးထားပြီဖြစ်ပါတယ်။ လက်ရှိဘော့စတွန်ဆေးရုံမှာထားပါတယ်။သမ္မတအိုဘားမားကတော့နောက်ကွယ်ကဘယ်သူဆိုတာမသိသေးဖူးလို့ပြောပါတယ်..ဘေးမှာရပ်ကြည့်နေတဲ့ လူအုပ်ကြားထဲပေါက်ကွဲခဲ့တာပါ။

အမေစုနေခဲ့တဲ့အိမ်



Tun Wai

လက်ဘက်ရည်ကြမ်းသောက်ပွဲမှ အပြန်

ဒီမိုဝေယံ
 ၁၉၈၅/၈၆ ခုနှစ်က ကျိုတိုမြို့၌ နေထိုင်ခဲ့ဘူးသော အဆောင်အမှတ် E 306 မှတ်တမ်းစာအုပ် အတွင်းမှ ယနေ့ရေးထိုးခဲ့တဲ့ မှတ်တမ်းစာ

၁၉၈၅ခုနှစ်က ဤအဆောင် ဤနေရာမှာ နေထိုင်ပြီး ၉လတာ မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်း ရေးသားပြုစုခဲ့သည်။
နောင် ၃နှစ်အကြာမှာတော့ သမိုင်းလိုအပ်ချက် အရ မြန်မာပြည်အတွက် လူထုခေါင်းဆောင်တဦး ပေါ်ထွက်လာခဲ့သည်..။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်၊ မြန်မာနှင့် နိုင်ငံတကာမှ မိတ်ဆွေများ အမှတ်တရ ဓာတ်ပုံ.. ရိုက်ယူစဉ်

၁၉၈၅/၁၉၈၆ ခုနှစ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စာတမ်း ပြုစုခဲ့တဲ့ Center for Southeast Asian Studies မှပြန်လည် ထွက်ခွာလာတဲ့ လူထုခေါင်းဆောင်

ရုကိုးကုတက္ကသိုလ်မှ ဂျပန်ကျောင်းသား၊ ကျောင်းသူများ၏ ကြိုဆိုပွဲမြင်ကွင်း

ခွန် ဒီးယမ်
kyoto Universityမှာ"စုကြည်အခန်း" ဆိုပြီး အထိမ်းအမှတ်ပြုလုပ်ထားတဲ့ အခန်းငယ်လေးကို ဝင်ရောက်ကြည့်ရှုနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (15-4-2013)

ဂျပန်လူမျိုးတို့ အမြတ်တနိုး တန်ဖိုးထားတဲ့ လဘက်စိမ်းထုတ်လေး လက်ဆောင်အဖြစ် လက်ခံရယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (15-4-2013)


ကျိုတိုတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို တက္ကသိုလ်ကြီးရဲ့ သမ္မတဖြစ်သူ ဟီရိုရှိ မတ်ဆူမိုတိုထံမှ လက်ခံရယူနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (15-4-2013)

ကျိုတိုတက္ကသိုလ်တွင် လက်ချာ (Lecture) ပေးဖို့ရောက်ရှိလာသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (15-4-2013)

ကျိုတိုတက္ကသိုလ်တွင် လက်ချာ (Lecture) ပေးနေသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (15-4-2013)

ကျိုတိုမြို့ရှိ တက္ကသိုလ်ကျောင်းသား ၅၀၀ခန့်ကို လက်ချာ (lecture) ပေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ယနေ့လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ ရေရှည်အမြစ်တွယ်မယ့် အပြောင်းအလဲတွေလို့ ကောက်ချက်ချ ပြောဆိုဖို့အတွက် သိပ်စောလွန်းနေသေးကြောင်း၊ စစ်အုပ်ချုပ်ရေးရဲ့ အမွေအနှစ် ဒဏ်ရာဒဏ်ချက်တွေကို ကုစားနိုင်ဖို့အတွက် နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ အထူးအရေးကြီးကြောင်း၊ လက်ရှိ မြန်မာနိုင်ငံက လွှတ်တော်ထဲမှာ အမျိုးသမီး လွှတ်တော်အမတ်များ ပါဝင်မှု အလွန်အားနဲနေသေးကြောင်း စသည်ဖြင့် ပြောဆိုဟောကြားသွားပါတယ်။ ထို့နောက် ကျိုတိုဘူတာရုံမှတစ်ဆင့် ပြန်လည်ထွက်ခွါလာရာ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသော ကျည်ဆံရထား တိုကျိုမြို့တော်သို့ ညနေပိုင်းမှာ ချောမောစွာ ဆိုက်ရောက်သွားပြီဖြစ်ပါတယ်။

ဂျပန်လူမျိုးတို့ အမြတ်တနိုး တန်ဖိုးထားတဲ့ လက်ဘက်ရည်ခွက် သောက်ဖို့ယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (15-4-2013)


 
http://time100.time.com/2013/04/11/face-off-whos-the-most-influential/

လှောင်ချိုင့်မှငှက်-ရေထဲမှငါး-ဘ၀ထဲက ကျွန်တော်တို့ ၏





ပိတော်ရနံ့နှင့် မဟာသင်္ကြန်ကား ပျံ့ ပျံ့လွင့်နေခဲ့ လေပြီ ။ အတာရေနှင့် ပျော်မြူးနေကြသော မြန်မာနိုင်ငံအတွင်းက ပုံရိပ်များကိုမြင်ရ၍ စိတ်ကြည်နူးရလေ၏ ။ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းက သင်္ကြန်ကျလေပြီဆိုသော သူ့ အပျော်ကို လူအများအား ကူးစက်စေ၏ ။ သမ္မတဦးသိန်းစိန်က သူတို့ အား ဂတိခံဝန်ချက်ဖြင့် အမေများအတွက် ပြောဆိုသည်ကို မှတ်မှတ်ရရ ပြောဆိုရေးသားထားခြင်းဖြစ်သည် ။ တခါက မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်အစိုးရတွင် ဗိုလ်ချုပ်ကြီးနေ၀င်း မှ အစပြု၍ ယခုအချိန်ထိ မည်သည့်သမ္မတ-၀န်ကြီးချုပ်တွေက အနုပညာရှင်များနှင့် လက်ပွန်းတတီး ရပ်ပြရယ်ပြ ပြုံးပြ နုတ်ဆက်ခဲ့ ဖူးခြင်းကား မရှိ ။ ခုတော့ စနစ်တွေပြောင်းလဲသွားလေပြီ ။ သမ္မတဦးသိန်းစိန်ကား စာရေးဆရာလည်း တယောက်ဖြစ်ရာ အနုပညာရှင် တယောက်မို့  ယခုလို အနုပညာသည်များကို ချစ်ချစ်ခင်ခင် ဆက်ဆံသည်ဟု ထင်ရသည် ။

   ယင်းမြင်ကွင်းကိုမြင်ရ၍ အမှန်တကယ်ပင် စိတ်ချမ်းမြေ့ရပါသည် ။ ကျွန်တော်တို့ မှာ ယခုနှစ် မဟာသင်္ကြန်ကို စည်စည်ကားကားနှင့် ပျော်ပျော်ရွှင်ရွှင် ရှိလေပါ့မလားဆိုသောအတွေးဖြင့် စိုးရိမ်တထိတ်ထိတ် အမှန်ပင်ရှိနေခဲ့ သည် ။ ထို့ ကြောင့် ပြည်တွင်းမှ အသိမိတ်ဆွေများအား  ရှေးဦးစွာမေမြန်းမိသော သတင်းမှာ ရဲနှင့်ဆေးရုံမှ သက်ြန်တွင်းဖြစ်ပေါ်သော မှုခင်းများကို ကြားကြပါရဲ့ လားဟု မေးစမ်းမိရသည် ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်တ၀န်းရှိ ဘုရားရေသပ္ပါယ် သွားနေကြသူများအပါအ၀င် အခြားပြည်နယ်တ၀န်းမှ ဖြေဆိုသူများက မည်သည့်မှုခင်းသတင်းမျှ ဟုတ်တ္တိပတ္တိ မကြားကြရဟု တသံတည်း ပြောဆိုကြသည် ။ ထို့ ကြောင့် ယခုနှစ်မဟာသင်္ကြန်ကား ရုပ်ပျက်ဆင်းပျက် မရှိဘဲ ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို ထိမ်းသိမ်းကာကွယ်ယင်း စည်းကမ်းတကျနှင့် ကျင်းပနေကြသည်မှာ ပီတိဖြာစရာဖြစ်သည် ။

    နိုင်ငံတော်သမ္မတကအစ လွှတ်တော်ဥက္ကဋ္ဌအပါအ၀င် အတာရေလောင်း ပျော်မြူးနေပုံများ ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ မထွက်ခွါမှီ အတာရေလောင်းဖြန်းနေပုံများ စသည်တို့ ကား ပီဘိပျော်စရာပုံများဖြစ်သည် ။ သို့ အတူ ရခိုင်ပြည်မှ ရခိုင်လူမျိုးတို့ ၏ ရိုးရာဓလေ့နှင့်အညီ ပျော်ရွှင်စွာ ရေကစားနေကြပုံများကို မြင်ရခြင်း ၊ ရန်ကုန်မြို့ တော်မှ ရိုးရာယဉ်ကျေးမှုကို ထိခိုက်ပျက်ပြားစေပြီး ဟီရိသြတ္တပ ကင်းမဲ့ သော ရေပက်ပျော်မြူး မူးယစ်နေသည့် မိန်းခလေးငယ်များ၏ ပုံရိပ်များကို မမြင်ရခြင်းမှာ သင်္ကြန်ထိမ်းသိမ်းရေးကော်မီတီတို့ ၏ စည်းကမ်းတိကျမှုများကြောင့်ဟု ပြောနိုင်ပေသည် ။

   ယနေ့ မှသည် နှစ်ဆန်းတရက်နေ့ အထိ မဟာသင်္ကြန်ကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအတိုင်း ကျင်းပနိုင်ကြပါစေဟု ဆုတောင်းမိသည် ။ ဗုဒ္ဒဘာသာဝင်များအဖို့  မဟာသင်္ကြန်ကား မြန်မာနိုင်ငံအတွင်းတွင် နှစ်ဆန်းတရက်နေ့ အထိ လေးရက်တိုင်တိုင် ကျင်းပသော်လည်း ဘင်္ဂလားဒေ့ရှင်္နိုင်ငံတွင်မူ နှစ်ဆန်းတရက်နေ့  လွန်မြောက်မှ ကျင်းပကြ၏ ။ ရခိုင်ပြည်နယ် မောင်တောမြို့ တွင်လည်း နှစ်ဆန်းတရက်လွန်မှ အတာသင်္ကြန်ပွဲတော်ကို ကျင်းပတတ်ကြသည် ။ အမေရိကပြည်ထောင်စုတွင်မူ ယခုအချိန်ကား ရာသီက အေးချမ်းနေဆဲမို့  ဘုရားရေသပ္ပါယ်ခြင်း လောက်ကိုသာ ကျင်းပနိုင်ကြသေးသည် ။  နယူးယောက်မြို့ တွင်မူ ဇူလိုင်လသည်သာ နွေရာသီ အပူဆုံးဖြစ်သည်မို့  ယင်းအချိန်၌ ရခိုင်ရိုးရာ မဟာသင်္ကြန်ကို ကျင်းပကြသည် ။ ယခုနှစ်ကား နယူးယောက်မြို့  ရခိုင်သင်္ကြန်မှာ-၁၉-နှစ်ကြိမ်မြောက်ဖြစ်၏ ။

    အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာကား မဟာသင်္ကြန်ဆိုလျှင် ရိုးရာမပျက်နှစ်စဉ် သံချပ်ထိုးကာ ရေဒီိယိုများ ၊ ရုပ်သံများက အသံလွှင့်မြဲ လွှင့်နေဆဲပင်ဖြစ်သည် ။ နယူးဒေလီသံချပ်ကား မျက်မှောက်ကာလ အစိုးရ၏ အခြေအနေများ နှင့် နိုင်ငံရေးအဖွဲ့ အစည်းများ၏ ဂယောင်ချောက်ခြား မတော်မရော်မှုများကို ပြည်သူအများသိရှိအောင် မီးမောင်းထိုးပြ၏ ။ ပြည်ပမှနေပြီး အလွပ်လွပ်ဆုံး စကားဖြင့် သံချပ်ထိုးသော နယူးဒေလီ ဒီမိုကရေစီအင်အားစုတို့ ၏ အားမန်အပြည့် သံချပ်သည်ကား ရင်ခုန်စေလောက်အောင် ဖြစ်ပေါ်စေ၏ ။

     မဟာသင်္ကြန်ကို နိုင်ငံတကာသို့ ရောက်ရှိနေသာသူများမှာ ရာသီဥတုကို အခြေခံပြီး ကျင်းပကြရသော်လည်း တခုတည်းသောတူညီချက်မှာ ဇါတိချက်ကြွေ အလွမ်းပြေပင်ဖြစ်သည် ။ တောင်ကိုးရီးယား နိုင်ငံ-ထိုင်းနိုင်ငံ-မလေးရှားနိုင်ငံ -စင်ကာပူနိုင်ငံတို့ က ယဉ်ကျေးမှုသင်္ကြန်ကို တိတိကျကျလှလှပပ ကျင်းပနေကြသည် ။ ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတွင် တခန်းတနားဖြင့် ကျင်းပနေကြရာ မြင်ကြားရသူ အပေါင်းတို့ မှာ လွမ်းတသသ ခံစားစွာဖြင့် ရေးဖွဲ့ တင်စား ရေးသားနေကြသည်ကို တွေ့ မြင်ရ၏ ။ မိမိတို့ ပြည်နယ် မိမိတို့  မြို့ ရွာမှာ သင်္ကြန်ပွဲတော်ကို ကျင်းပရေလောင်းကြပုံများကား မြင်ရသူတို့ အတွက် အလွန်တရာပင် စိတ်ထိခိုက်ခံစား စေခြင်းမှာ အမှန်ပင်ဖြစ်သည် ။

  မဟာသင်္ကြန်ကား ပိတောက်အကြွေများနှင့် မကြာခင်ကုန်ဆုံး လွန်မြောက်တော့မည်ဖြစ်သည် ။ ပိတောက်ရနံ့များဖြင့် ပျံ့ ပျံ့ လွှင့်ပြယ် မွှေးကြိုင်ထုန်သင်းစွာနှင့် ပြီးမြောက်ကုန်ဆုံးမည့် အချိန်တွင် ဗုဒ္ဒဘာသာဝင်တို့ ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ သွေးလှူဒန်းခြင်း ၊ သက်ကြီးဘိုးဘွားများအား ခြေသည်းလက်သည်းလှီးဖြတ်ခြင်း ၊ ပူဇေါ်ကန်တော့ခြင်း ၊ အလှူအဒန်းများ ပေးအပ်ခြင်းတို့ ကို ပြုလုပ်ကြတော့မည်ဖြစ်သည် ။ ဤယဉ်ကျေးမှုကား ကမ္ဘာတွင် မည်သည့်လူမျိုးများမှ မပြုလုပ်သောယဉ်ကျေးမှုဖြစ်ရာ ရိုးရာယဉ်ကျေးမှု ထွန်းကားသော ဗုဒ္ဒဘာသာဝင်များအတွင်း အထူးပင် ၀မ်းသာကြည်နူး ရသည့်ဓလေ့ပင်ဖြစ်သည် ။

     သက်ကြီးဘိုးဘွားများအား ပူဇေါ်ကန်တော့ခြင်းအပြင် ဘေးမဲ့ လွှတ်ခြင်းဆိုသော သူတပါးအသက်ကို လွှတ်စေခြင်းကိုလည်း ကောင်းမှုကုသိုလ် ပြုကြသေးသည် ။ တချို့ မှာ ငါးလွှတ်ခြင်း ၊ ငှက်လွှတ်ခြင်းတို့ ကို ပြုလုပ်တတ်၏ ။ အိန္ဒိယနိုင်ငံတွင် ဟိန္ဒူလူမျိုးတို့ သည် သူတို့ ၏ ကိုးကွယ်သော ယဉ်ကျေးမှုဓလေ့ထုံးစံအရ နွားများကို ဘေးမဲ့ လွှတ်လေ့ရှိသည် ။ မူစလင်တို့  ဘာသာရေး အစ်ပွဲတော်နေ့ များဆိုလျှင်ကား နွားးများကို လည်လှီးသတ်ဖြတ်၏ ။ ထို့ ကြောင့် အိန္ဒိယနိုင်ငံသား ဟိန္ဒူလူမျိုးတို့ သည် ယင်းနေ့ မျိုးတွင် ပေါ်ပေါ်ထင်ထင်ပင် နွားများကို ဘေးမဲ့ လွှတ်လေ့ရှိသည် ။ နယူးဒေလီမြို့ တွင် အမဲသားစားချင်၍ ၀ယ်သည်ဆိုလျှင်ပင် လုံလုံခြုံခြုံ အိတ်ဖြင့်ထည့်ယူကာ ၀ယ်လာရတတ်သည် ။ အမဲသားရောင်းဆိုင်သည်ကား ရပ်ကွက်ပေါင်း များစွာတွင် တဆိုင်မျှသာ ရှိ၏ ။ အိန္ဒိယနိုင်ငံတွင် တိရိစ္ဆာဆန် ကာကွယ်ရေးအတွက် အဖွဲ့ အစည်းများစွာရှိပြီး နွားများကို မသတ်စေရအောင် ထာဝစဉ်ဆန္ဒပြ တောင်းဆိုကြ၏။ ပြည်နယ်ပေါင်းများစွာတွင် နွားများသည် ဘေးမဲ့  သွားလာနေကြ၏။ လမ်းပေါ်မှာတွေ့ ၍ ရိုက်သတ်စားသူ မရှိချေ ။ အိန္ဒိယနိုင်ငံသည် တိရိစ္ဆန်ချစ်သော နိုင်ငံဖြစ်သလို တိရိစ္ဆာန်ကိုလည်း ကာကွယ်ပေးသောနိုင်ငံဖြစ်သည် ။ တိရိစ္ဆာန်ကို လေးဂွနှင့်ပစ်ပစ် သေနတ်ဖြင့်ပစ်ပစ် ပစ်ခတ်သတ်ြဖတ်သည်ဆိုလျှင် ထောင်ဒဏ်ကျခံရသည် ။

          မြန်မာနိုင်ငံတွင် နှစ်ဆန်းတရက်ဆိုလျှင် ဘိုးဘွားသက်ကြီးရွယ်အိုများအား အလှူအဒန်း ပြုလုပ်ခြင်း၊ ဘုရားကျောင်းကန် သွားရောက်ခြင်းများ ပြုလုပ်ကြတော့မည်ဖြစ်သည် ။ သည်အခါ ဘေးမဲ့ အသက်လွှတ်ခြင်းများ ပြုလုပ်ကြမည်ဖြစ်ရာ ကုသိုလ်ကောင်းမှုများကို ရရှိခံစားကြတော့မည်ဖြစ်သည် ။ သူ့ အသက်တခါလွှတ် ငါ့အသက် ဆယ်ခါလွှတ် ဆိုပြီး လှောင်ခြိုင့်ထဲက ငှက်များ- ရေထဲကငါးများကို လွှတ်ကြတော့မည် ။ လှောင်ခြိုင့်ထဲကငှက်ကလေးများက နှစ်ဆန်းတရက်နေ့ တွင် ဗုဒ္ဒဘာသာဝင်များ၏ ကောင်းမှုကုသိုလ်အကျိုးကို ပါရမီဖြည့်ဖက်အဖြစ် ခံစားရရှိသွားကြတော့မည်ဖြစ်သည် ။ ရေထဲကငါး ကလေးများသည်လည်း သူတို့ ၏ ကျင်လည်ကျက်စားရာ ရေအောက်ကမ္ဘာသို့  ပျော်ရွှင်မြူးတူး ကူးခတ်သွားလေတော့မည်ဖြစ်၏ ။ လွပ်လွပ်ခြင်းအရသာကို တိရိစ္ဆန်တို့ သည်ကား မြန်မာနှစ်ဆန်းတရက်မှာ ခံစားရတော့မည်ဖြစ်ရာ ယင်းကုသိုလ်အကျိုးကို လူသားတိုင်း ရရှိခံစားစေချင်လှဘိသည် ။

    မြန်မာနိုင်ငံနှစ်ဆန်းတရက်နေ့ တွင် ယခုနှစ်မှာ ကျွန်တော် အကောင်းဆုံးအကြံပေးချင်သော ဆန္ဒဖြစ်ပေါ်မိလာခြင်း တခုရှိသည် ။ ၄င်းမှာကား သမ္မတဦးသိန်းစိန်နှင့် အစိုးရတခုလုံးကို တိုက်တွန်းချင်၏ ။ မေတ္တာရပ်ခံလို၏ ။ အကြံပြုချင်၏ ။ လွန်ခဲ့ သောနှစ် စက်တင်ဘာလ- ၀န်ကြီးဦးစိုးသိန်းတို့  သမ္မတဦးသိန်းစိန်နှင့်အတူ ကုလသမ္မဂညီလာခံသို့ တက်ရောက်လာသည် ။ နယူးယောက်မြို့ တွင် ၀န်ကြီးဦးစိုးသိန်းနှင့်  ကျွန်တော် များစွာ စကားပြောဖြစ်ခဲ့ ပါသည် ။ ၀န်ကြီးဦးစိုးသိန်း၏ လူထုတွေ့ ဆုံပွဲတွင်၎င်း ၊ အခန်းအနား ပြီးဆုံးသွားသည့်တိုင်အောင်၎င်း -ကျွန်တော်နှင့် ၀န်ကြီးဦးစိုးသိန်း-သမ္မတအကြံပေး ဦးလှမောင်ရွှေ-ဒေါက်တာကျော်ရင်လှိုင်တို့ သည်  အခန်းအနားအပြီး ကားစောင့်ယင်း စကားတွေ ပြောဖြစ်ခဲ့ ကြပါသည် ။

    ယင်းသို့ ပြောဖြစ်ကြရာတွင် ရခိုင်နိုင်ငံရေးအကျဉ်းသား ကိုနိုင်စိုး-ကိုရဲထက်စိုး- မောင်လင်္ကျာထွန်း-ဒေါ်မသိန်းတို့ ကို အကျဉ်းထောင်မှ လွှတ်ပေးရန် တောင်းဆိုသောစကား ပြောဖြစ်ခြင်းဖြစ်သည် ။ ၀န်ကြီးဦးစိုးသိန်းကလည်း မြန်မာနိုင်ငံပြန်ရောက်လျှင် စီစစ်ပြီးလွှတ်ပေးပါမည်ဟု ဂတိခံ၏ ။ မြန်မာနိုင်ငံပြန်လည်ရောက်ရှိသွားသောအခါ မောင်လင်္ကျာထွန်း တဦးသာ လွတ်မြောက်သွားသည် ။ ကျန်သည့် ရခိုင်နိုင်ငံရေးအကျဉ်းသားများ မပါဝင် ခဲ့  ။ ယခုနောက်ဆုံးအခြေအနေတွင် ကျန်ရစ်နေသော နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မီတီမှာ ၀န်ကြီးဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်ကို မြင်ရပြီ ။  ထို့ ကြောင့် ကျွန်တော့်မှာ နည်းနည်းပြောအား ရှိသည်ဟု ထင်သည် ။  ၀န်ကြီးဦးစိုးသိန်းသည် သည်တခါဖြင့် လွှတ်ပေးလိမ့်မည်ဟု ယုံကြည်မိနေသည် ။ အကြောင်းမှာကား ယခုနှစ် မဟာသင်္ကြန်သည် သမ္မတဦးသိန်းစိန်၏ သင်္ကြန်ကျသောပွဲဖြစ်သည် - ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက သင်္ကြန်ကျပြီဟု ပြောသောစကားသည် သမ္မတဦးသိန်းစိန်နှင့် ပို၍ကိုက်ညီနေသည် ။ စစ်အစိုးရတလျှောက်လုံး  မည်သည်သမ္မတကမှ ယခုလို ပြည်သူတွေကို နုတ်ခွန်းဆက်စကားပြောခြင်း ၊ အနုပညာရှင်များနှင့် တွေ့ ဆုံခြင်း ။ နိုင်ငံရေးသမားများနှင့် မျက်နာချင်းဆိုင် တွေ့ ဆုံခြင်းတို့  မရှိခဲ့  ။ ခု သမ္မတဦးသိန်းစိန်မှာမူ ယင်းသို့ မဟုတ် ။ ထို့ ကြောင့် တမူထားခြားသော သမ္မတဖြစ်နေသည် ။ တချိန်တည်းမှာ သူ့ ကို ကုသိုလ်ရစေချင်သေးသည် ။ ဇီဝိတအသက်ကယ်ခြင်းများနှင့် အကျဉ်းကျနေသော လှောင်ခြိုင့်စံများအား ဘေးမဲ့ ပေး အသက်လွှတ် အလှူဒါနများ ပြုလုပ်စေလိုသည် ။  သူ့ သမိုင်းကို သူရေးသားစေလိုသည် ။ လွန်ခဲ့ သောလက ဗုဒ္ဒဘာသာဝင် တိုင်းရင်းသားလူငယ်တဦးဖြစ်သည့် စီးပွါးရေးတက္ကသိုလ်ကျောင်းသား ကိုရဲမင်းဦးမှာ ဗုဒ္ဒဘာသာကို ကာကွယ်ထိမ်းသိမ်းရန် ဆောင်ရွက်သူဆိုပြီး မတရားဖမ်းဆီး ထောင်သွင်းအကျဉ်းချထားခြင်း ခံရနေသည် ။ ဤသို့ စွပ်စွဲပြီး အကျဉ်းချထားခြင်းမှာ လုံးဝရှက်စရာကောင်းသည် ။ မည်သို့ ပင်ဆိုစေ ယခုနှစ် မဟာသင်္ကြန်ပြီးဆုံး လွန်မြောက်ချိန် နှစ်ဆန်းတရက်တွင် ဘိုးဘွားများအား ကုသိုလ်အလှူဒါနပြုခြင်း ၊ သွေးလှူဒန်းပြီး ဇီဝိတဒါန ပြုကြခြင်း ၊ လှောင်ခြိုင့်ကငှက်များကိုလွှတ်ခြင်း ၊ ရေထဲကငါးများကို ရေထဲသို့  ပြန်လည်လွှတ်ပေးသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြမည်ဖြစ်ရာ သမ္မတဦးသိန်းစိန်မှသော်၎င်း- နိုင်ငံရေးအကျဉ်းသားစုံစမ်းစစ်ဆေးရေး ကော်မီတီ ဥက္ကဋ္ဌ ဖြစ်သူ ၀န်ကြီး ဦးစိုးသိန်းမှသော်၎င်း အကျဉ်းကျနေသော ကျွန်တော်တို့ ၏ ဘ၀ထဲက ကိုရဲမင်းဦး အပါအ၀င် ရဲဘော်မိတ်ဆွေ အပေါင်း နှင့်တကွ သေဒဏ်ကျခံနေရသူတို့ အား  အချုပ်အနှောင်မှ လွှတ်ပေးစေလိုသည် ။ ဤသည်မှာ မြန်မာနိုင်ငံအစိုးရအဖို့ ကုသိုလ်ယူခြင်းဖြစ်ပြီး လူနတ်ဗြမ္မာတို့ က သာဓုခေါ်ကာ  အတာရေနှင့် တင်ရှိနေသော အညစ်အကြေးများကို ဆေးကြောစေသလို ဂုဏ်ပုဒ်အဖြာဖြာကို ထပ်မံအားဖြည့်ခြင်း အကောင်းဆုံးဖြစ်ကြောင်း ပြောချင်ပါတော့သည် ။

ခိုင်အောင်ကျော် ( နယူးယောက် )