Tuesday, April 16, 2013

အမေစုအတွက်Voteနေကြသူများ

ဒီတယောက်ကဂျပန်မှာအမေစုကိုစောင့်ရင်Voteနေတာ(ဓါတ်ပုံ-ဒီမို)

hein Htike Aung's photo.


ခွန် ဒီးယမ်


http://time100.time.com/2013/04/11/face-off-whos-the-most-influential/
တနာရီ၁၅ ကျန်သေးတယ်....VOTE!
....VOTE!....VOTE!....

ဘော့စတွန်ဗုံးညီနောင်ကြောင့်သေဆုံးခဲ့သူများ



1။Martin Richard was eight years old.
ညီမကခြေထောက်ထိ၊တဖက်ဖြတ်ရ..နောက်တဖက်လဲမသေချာ... ၊အမေကခေါင်းထဲသံစ၀င်ပြီးခွဲထုတ်ရန်ကြိုးစားနေဆဲ




2။Krystle Campbell, 29, from Medford, Massachusetts

တတိယမြောက်သေဆုံးသူကိုဖေါ်ပြဖို့မိသားစု
ခွင့်ပြုချက်စောင့်နေရပါတယ်။
ဒါဏ်ရာရသူ၁၈၀ကျော်ရှိ



Update news...

ဘော့စတွန်ဗုံး pressure cookers ထဲမှာသံစများနှင့်အတူထဲ့သွင်းပြီး
ပလပ်စတစ်အိပ်နှင့်ကျောပိုးအိပ်အတွင်းထားရှိ၊
ပလပ်စတစ်အိပ်နှင့်ထားရှိခဲ့သောဗုံးမပေါက်ကွဲခင်ဓါတ်ပုံတခုတွင်တွေ့ရှိ
ပေါက်ကွဲပြီးသောအခါထိုနေရာတွင်မရှိတော့။
မေးမြန်းတာတွေတော့ရှိပါတယ်၊တရားဝင်ကြေငြာတာမရှိသေးပါ။
ထမင်းအိုးကိုကျောပိုးအိပ်အနက်ထဲခပ်လေးလေးသယ်လာသူ
တွေ့မိခဲ့ရင်အကြောင်းကြားဖို့ပြောနေပါတယ်။။။
ကင်မရာတွေဓါတ်ပုံတွေစစ်ဆေးဆဲပါ....


Campbell, 29, was a restaurant manager
တတိယသေဆုံးသူမှာတရုတ်ကျောင်းသားဟုသိရ၊သူငယ်ချင်းဖြစ်သူလည်း ဒါဏ်ရာရရှိခဲ့သည်။
ချိန်ကိုက်ဗုံးဖြစ်ပြီးတရားခံအားမမိသေးပါ။
============================
Today news.....
အမေရိကန်ဆီနိတ်တာဆီပေးပို့တဲ့စာမှာအဆိပ်သုတ်လိမ်း ထားကြောင်းစမ်းသပ်တွေ့ရှိ။

ဘောင်းဘီချက်ပြုတ်ဝတ်လျှင် တရားမ၀င် (ဒဏ်ငွေဆောင်ရမည်)

Hlaing Bwa




တာရေဘွန်န်း ပါရိရှ်၊ လူအီစီယားနားပြည်နယ်၊ ယူအက်စ်တွင်
ဘောင်းဘီချက်ပြုတ် (ပုံပါတိုင်း) ၀တ်ပါက တရားမ၀င်ပဲ
အရေးယူခံရမည်ဖြစ်သည်။ တာရေဘွန်န်း ပါရိရှ်မြို့ အုပ်ချုပ်ရေး
ကောင်စီမှ မကြာသေးမီက ဆန္ဒမဲပေး၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး
ပစ်မူကျူးလွန်သူသည် ပထမအကြိမ်တွင် ဒဏ်ငွေ ဒေါ်လာ (၅၀)
နှင့် ဒုတိယအကြိမ်တွင် ဒဏ်ငွေ (၁၀၀) ပြဏ်ဒဏ်ပေးဆောင်ရ
မည်ဖြစ်သည်။ (မှတ်ချက် - တတိယအကြိမ်တွင် မည်သို့ အရေးယူ
မည်ဟု သတင်းတွင်ဖေါ်ပြမထားချေ)။

အခုလိုတားမြစ်ပိတ်ပင်ခြင်းဟာ ဖွဲ့ စည်းပုံမှာပါတဲ့ "freedom of
expression" နဲ့ ဆန့် ကျင်နေတယ်လို့  အချို့ က ကန့် ကွက်နေတဲ့
အကြားက - မြို့ အုပ်ချုပ်ရေးကောင်စီက ရှစ်မဲ တမဲနဲ့ အတည်ပြု
ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဘောင်းဘီကိုချက်အောက်လျှောပြီးဝတ်တဲ့ "ဖင်ချိတ်ဘောင်းဘီ
မင်းသား" ဂျပ်စတင်ဘေးဘာ (အဆိုတော်) ဟာ သည်မြို့ ကို
နောက်ထပ်လာလည်မှာ မဟုတ်တော့ကြောင်း .... ။

လှိုင်ဘွား ဆီလျှော်အောင်ပြန်ဆိုသည်။
Source: http://pix11.com/2013/04/15/baggy-pants-made-illegal-in-louisiana-town/#axzz2QdDgQWJr

OIC ကိုယ်စားလှယ် လာရောက်ဆွေးနွေးမှာကို လက်မခံ



2013-04-16

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ OIC ခေါ် အစ္စလာမ်ဘာသာဝင် နိုင်ငံများအဖွဲ့ချုပ်က လာရောက်ဆွေးနွေးလိုပါကြောင်း နိုင်ငံတော် သမ္မတရုံးကို အကြောင်းကြားထားတဲ့ကိစ္စကို မကွေးတိုင်းမြို့နယ် ၈ မြို့နယ်မှာရှိကြတဲ့ သံဃာတော်တွေက ကန့်ကွက်ကြောင်း သမ္မတရုံးကို စာပေးပို့လိုက်ပါတယ်။

ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ရေနံချောင်း စတဲ့ မြို့နယ် ၈ မြို့ နယ်က သံဃာထုတွေ စုပေါင်းပြီး အဲဒီလို တညီတညွှတ်ထဲ ကန့်ကွက်ခဲ့ကြတာနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့နယ် ရှင်မတောင်ဆရာတော် ဦးကဝိန္ဒောဘာသက မိန့်ကြားပါတယ်။

အခုလို ကန့်ကွက်ရတာဟာလည်း အစိုးရက ပြည်သူ့ဆန္ဒလေးစားပြီး တရားသဖြင့် စီမံကွပ်ကဲဆောင်ရွက်မယ်ဆိုရင် ဘယ်အဖွဲ့အစည်းမှ လာစရာမလိုပဲ ငြိမ်းချမ်းလာလိမ့်မယ်လို့ ယူဆတာကြောင့် ဖြစ်တယ်လို့ ရှင်မတောင်ဆရာတော်က မိန့်ကြားပါတယ်။

တနင်္ဂနွေနေ့က ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့မှာပြုလုပ်တဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံ မိတ္ထီလာနဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုပါလို့ မြန်မာအစိုးရကို ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/oic-meet-non-protest-04162013113442.html

ဒေါ်အောင်ဆန်းစုကြည်သုံးရက်မြောက်ဂျပန်ခရီးရုပ်သံ




ဒေါ်အောင်ဆန်းစုကြည် တိုကျိုမြို့ရှိ အိုင်နိအိချိ Mainichi သတင်းစာတိုက်ရုံးချုပ်ကို ဧပြီလ ၁၆ ရက်နေ့က သွားရောက် လည်ပတ်စဉ်
သတင်းစာကုမ္ပဏီရဲ့ ဥက္ကဌ မစ္စတာ ယူတာကား အစာဟီးန (Mr. Yutaka Asahina) က ကြိုဆို


photo: Mainichi

ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်လွှတ်တော်အမတ်များမှ ကြိုဆိုနှုတ်ဆက်/ဂျပန်အိမ်ရှေ့မင်းသားနဲ့ တွေ့ဆုံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၆.၄.၂၀၁၃ မြင်ကွင်းရုပ်သံ..

၁၆.၄.၂၀၁၃ က ဂျပန် အောက်လွှတ်တော်ကို သွားရောက် လေ့လာခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်လွှတ်တော်အမတ်များမှ ကြိုဆိုနှုတ်ဆက်ကြပုံ မြင်ကွင်းရုပ်သံနှင့် ဂျပန်အိမ်ရှေ့မင်းသားနဲ့ တွေ့ဆုံခဲ့တဲ့ မြင်ကွင်း ရုပ်သံပါ..။

လွှတ်တော်အတွင်း လွှတ်တော်အမတ်တွေ ကြိုဆိုကြတဲ့ မြင်ကွင်းမှာတော့ လူထုခေါင်းဆောင်ရဲ့ ကြည်လင် ကျက်သရေရှိလှတဲ့ ပုံရိပ်ကို တွေ့မြင်ရမှာပါ..။

Reuter ရုပ်သံ



Meeting with Japanese Foreign Minister Fumio Kishida


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်လွှတ်တော်အမတ်များ တွေ့ ဆုံဆွေနွေးပွဲတွင် ဂျပန်လွှတ်တော် ကိုယ်စား ဂျပန်ဝန်ကြီးချုပ်ဟောင်း ဟတိုးယာမ မှ ဒေါ်အောင်ဆန်း စုကြည် ကို ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ပေးအပ်လိုက်ပါတယ်။ ဒီဆုဟာ မြန်မာ့ ဒီမိုကရေစီ အရေးကို ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်များ သမဂ္ဂက ၂၀၀၉ခုနှစ် ဇွန်လ ၁၉ရက်မှာ ဂုဏ်ပြုချီးမြှင့်ပေးခဲ့သော ဆုဖြစ်ပါတယ်။
၁၆-၄-၂၀၁၃


တိုကျိုမြို့တော်က တိုဂူးနန်းတော်ကို သွားရောက်ခဲ့ပြီး ဂျပန်အိမ်ရှေ့မင်းသား Naruhito နာရူဟီတိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျပန်အိမ်ရှေ့မင်းသားနဲ့ အမေစုတို့ကဗြိတိန်နိုင်ငံက Oxford တက္ကသိုလ်မှာ ပညာအတူ သင်ယူခဲ့တဲ့ ကျောင်းနေဖက်တွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။


Aung San Suu Kyi (C) reacts as she observes the Japanese Lower House's budget committee session at the National Diet in Tokyo on April 16, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့်ကျိုတိုမြန်မာမိသားစုမေးမြန်းခန်း15.4.2013


ပိတ်ထားသောဗလီသို့ဝင်ရန် ဘင်္ဂလီအမျိုးသမီးတစ်ဦးကြိုးစားခဲ့




 Arakan News
ဧပြီ ၁၃ ရက်နေ့ ညနေ ၃း၃၀ နာရီအချိန်ခန့်က ပိတ်ထားသော ဗလီတစ်ခုဖြစ်သည့် စစ်တွေမြို့လယ်မှ ဗလီသို့ ဘင်္ဂလီအမျိုးသမီး ၁ ဦး သည် နိုင်ငံခြားသားတစ်ဦးနှင့်အတူ ၀င်ရောက်ရန်ကြိုးစားခဲ့ကြောင်း သိရသည်။

ယင်းသို့ကြိုးစားခြင်းအားသက်ဆိုင်ရာတာဝန်ရှိသူများက တားဆီးပြောဆိုသော်လည်း လွန်စွာမောက်မာ ရိုင်းစိုင်းသောစ ကားများပြောဆိုခြင်းများကိုပြုလုပ်ခဲ့သည့်အတွက် ရဲစခန်းသို့ခေါ် ယူ ဖြေရှင်းခဲ့ရကြောင်းသိရသည်။

အဆိုပါ ဘင်္ဂလီအမျိုးသမီးသည် အင်ဒိုနီးရှားသူဖြစ်ပြီး ဘင်္ဂလီတစ်ဦးဖြစ်ကာ လွန်ခဲ့သော လေးလခန့်ကလည်း စစ်တွေမြို့သို့ တစ်ကြိမ်ရောက်ရှိ လာခဲ့ပြီး ပြဿနာပေါင်းစုံကိုဖမ်းတီးခဲ့ကြောင်း၊

သက်ဆိုင်ရာဌာနမှ တားဆီးပိတ်ပင်ထားသော နေရာများအားလုံးအား ၀င်ရောက်ရန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါ နှစ်ဦးသည် သတင်းထောက်များဖြစ်ပြီး ခရီးသွားပုံစံဖြင့်ဝင်ရောက်လာသူများဖြစ်ကာ ဘင်္ဂလီများထံမှ မဟုတ်မမှန်သတင်းပေါင်းစုံကို ဗွီဒီယိုမှတ်တမ်းများရိုက်ကူးရန်ေ ရာက်ရှိလာခြင်း ဖြစ်ကြောင်းလည်းသိရှိရပါသည်။

ထိုသို့ ဥပဒေမဲ့စွာ ပြုလုပ်သူများအား ပြည်နယ်အစိုးရအနေဖြင့် လက်လွှတ်ထားခြင်းသည် ရခိုင် ပြည်နယ်အတွက် အန္တရာယ်များပြား လှကြောင်းနှင့် လုပ်သင့်သည်များကို လုပ်ဆောင် ရန်လိုအပ်ကြောင်း လည်း ပြောဆိုကြပါသည်။