Friday, April 19, 2013

ဦးလေးဖြစ်သူကBostonဗုံးသေဆုံးသူတွေရဲ့ မိသားစုတွေကို မိသားစုကိုယ်စားတောင်းပန်မယ်လို့ ပြော

Burma-Newselite's photo.
ဗုံးဖောက်မှုမှာ ပါဝင်ခဲ့သူတွေရဲ့ ဦးလေးက အခုဘဲ သတင်းမီဒီယာကို သူ့အိမ်ရှေ့မှာ ထွက်ပြီး စကားပြောပါတယ်။
သူ့အကိုရဲ့ သား ၂ ယောက်ဖြစ်တဲ့ တူတွေရဲ့ အခုလို လုပ်ရပ်အတွက် အလွန်အမင်းရှက်မိကြောင်း၊ လွတ်နေဆဲ တူဖြစ်သူကို အဖမ်းခံဖို့၊ သေဆုံးဒဏ်ရာရသူတွေရဲ့ ခွင့်လွှတ်မှုကို တောင်းခံဖို့ ပြောပါတယ်။

 ဒီတူ ၂ ယောက်ရဲ့ လုပ်ရပ်ဟာ မိသားစုတစုလုံး၊ ချက်ချေးညာလူမျိုးတခုလုံးကို အရှက်ရစေကြောင်း၊ အခုဆိုရင် လူတွေက ချက်ချေးညာနာမယ်ကို ဒီကိစ္စမှာ အမြဲထဲ့ပြောတာမှာ ဖြစ်ကြောင်း၊ ဒီကိစ္စကို မူဆလင်ဘာသာအပေါ်ပုံချမယ်ဆိုရင်တော့ မှားယွင်းကြောင်း၊ ဒီ ၂ယောက်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်လို ထင်ပါသလဲလို့ မေးရာမှာတော့ - သူတို့ဟာ မအောင်မြင်တဲ့သူတွေ ကျရှုံးတဲ့သူတွေဖြစ်တဲ့အတွက် အမုန်းတရားတွေ ဖြစ်ပေါ်လာတယ်လို့ ထင်ကြောင်းပြောပါတယ်။

အမေ၇ိကန်နိုင်ငံကို ၂၀၀၃ ခုနှစ်ကတည်းကနေ ပြောင်းရွှေ့နေထိုင်ကြတယ် လို့ ဆိုပါတယ်။ 
အမေရိကန်နိုင်ငံကို ဘယ်လို မြင်ပါသလဲလို့ မေးတော့- ဒီနိုင်ငံဟာ စံပြနိုင်ငံဖြစ်တယ်။ ဒီနိုင်ငံကို သူချစ်တယ်။ ဒီနိုင်ငံဟာ လူတယောက်ကို လူလိုဆက်ဆံတဲ့ နိုင်ငံဖြစ်တယ်၊ လူလိုနေနိုင်တဲ့ နိုင်ငံလို့ ပြောပါတယ်။ 

တကယ်လို့များ သူကသာ ဒီလုပ်ရပ်အတွက် ရိပ်စားမိခဲ့ရင် သူကိုယ်တိုင် တူ ၂ ယောက်ကို ဖမ်းပြီး အာဏာပိုင်လက်ထဲ အပ်မှာပဲလို့ ပြောပါတယ်။ ဒီ ၂ယောက်ရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တယ်။ သူ့အနေနဲ့ သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို သွားတွေ့မှာဖြစ်ပြီး သူတို့ရှေ့မှောက် ဒူးထောက်ပြီး ခွင့်လွှတ်ပါစေကြောင်း မိသားစုကိုယ်စားတောင်းပန်မယ်လို့လည်း ဦးလေးဖြစ်သူက ပြောပါတယ်။ 
ဗုံးဖောက်ခွဲသူတွေရဲ့ ဖခင်ကတော့ ရုရှကို ပြန်နေတယ်လို့ ပြောပါတယ်။ ဒီ ၂ယောက်ဟာ အစွန်းရောက်တွေရဲ့ သွေးဆွယ်စည်းရုံးမှုခံခဲ့ရဖွယ်ရှိတယ်လို့ သူကခန့်မှန်းပါတယ်။
z
ကိုးကား- တီဗီသတင်းများ

THE HUNT IS OVER!!!!!!!!!!!

Boston bomb Update News....

အမှောင်ထဲမှာတနေရာထဲမီးထိုးထားတယ်၊
THE HUNT IS OVER လို့ရဲကပြောတယ်။
ဒါဏ်ရာရထားတယ်လို့ယူဆရပါတယ်။
မနေ့ညတိုက်ပွဲမှာရဲတယောက်သေပြီးသူ့
အကိုလဲအသက်ပေးခဲ့ရပါတယ်....
သူတို့နောက်ကွယ်ကMaster mind တွေ
အလှည့်မကြာခင်မျှော်.....

နိုင်ငံတော် သမ္မတကြီးအတွက်မွေးနေ့ ဆုတောင်းမေတ္တာ။

Jimmy Lashio

ငြိမ်းချမ်းရေးအတွက် ဘာသာစုံ ဆုတောင်းပွဲကို ရန်ကုန်၊ ၀ိုင်အမ်စီအေခမ်းမမှာ ကျင်းပ

DVB TV News's video.
 ဦးမောင်တူး တင်ဆက်။ ရိုက်ကူး အိုင်စီဂျေ

ဘော့စတွန်ဗုံးခွဲသူ Dzhokhar Tsarnaev ကိုရဲကလက်နက်ချအဖမ်းခံဖို့စေ့စပ်နေဆဲ

r
Update news: 8:30 PM Boston Time
ဘော့စတွန်ဗုံးခွဲသူ Dzhokhar Tsarnaev အိမ်တခုအနောက်ကအပျော်စီးမော်တော်ဘုတ်
ထဲမှာပိတ်မိနေတယ်..ရဲကလက်နက်ချအဖမ်းခံဖို့စေ့စပ်နေတယ်လို့စီအန်အန်မှာလာနေပါ
တယ်..ရဲအယောက်၁၀၀လောက်ဝိုင်းထားပါတယ်။။။။

နွားမလိုသောနွားလှည်း

လူထုဆက်ဆံရေး ဒုတိယတာဝန်ခံ ကိုဥာဏ်လင်း ပျောက်ဆုံးနေ

Thet Zaw's photo.
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ လူထုဆက်ဆံရေး ဒုတိယတာဝန်ခံ ကိုဥာဏ်လင်းမှာ  ဧပြီလ ၁၈ရက် နံနက်ခင်းမှစပြီး ပျောက်ဆုံးနေသည်မှာ ဧပြီလ ၁၉ ရက် ယနေ့ညနေထိ အိမ်လည်းပြန်မလာ၊ ရုံးလည်းပြန်မရောက်ပါသဖြင့် တွေ့သူ၊ မြင်သူ၊ အဆက်အသွယ်ရသူများ ၈၈မျိုးဆက်ရုံးသို့ ဆက်သွယ်အကြောင်းကြားပေးကြပါရန်  . . .

ဒေါ်အောင်ဆန်းစုကြည်အားရန်ကုန်လေဆိပ်မှာကြိုဆို

r

ဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

Eleven Media Group
19.4.2013

ဘော့စတွန်ဗုံးခွဲသူ Dzhokhar Tsarnaev လွတ်မြောက်နေဆဲပါ။

Ye Min Tun

ဗုံးခွဲသူအဖြစ် မသင်္ကာသူနှစ်ဦးကို လိုက်ဖမ်းရာတွင် Watertown တွင် မင်္သကာသူနှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်လှန် ပစ်ခက်မှုဖြစ်ပွားပြီး။ ဗုံးခွဲသူဟု ယူဆသူနှစ်ဦးဖက်မှ အသေးစားပေါက်ကွဲမှုကိုလည်း အသုံးပြုခဲ့ကြောင်း။ မင်္သကာသူနှစ်ဦးဖက်မှ တဦးမှာ သေဆုံးသွားပြီး အခြားတဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များဖက်မှ တဦးကျဆုံးပြီး အခြားတဦးမှာ ဆေးရုံတွင် အသည်းသန် ကုသနေသည်။

Watertown နှင့် အနီးပတ်ဝန်းကျင် နယ်မြေများအား အန္တရာယ် ရှိကြောင်း ကြေငြာထားပြီး နေအိမ် အတွင်းမှ အပြင်မထွက်ရန်နှင့် တံခါးလာခေါက်ပါက ရဲတပ်ဖွဲ့မဟုတ်ပါလျှင် 911 သို့ အမြန်အကြောင်းကြားပါရန်နှင့်။ ထွက်ပြေး လွတ်မြောက်နေသူထံတွင် သေနတ်ပါရှိကြောင်း ရဲတပ်ဖွဲ့မှ ထုက်ပြန်ကြေငြာထားသည်။

မသင်္ကာသူဒုတိယလူအား ပိတ်ဆို့ဖမ်းဆီးနိုင်ရန် Watertown နှင့် နယ်မြေအချို့အား ပိတ်ဆို့နေပါသည်။ ရထားလိုင်းနဲ့ အဝေးပြေးကားများကို ရပ်ဆိုင်းလိုက်ပြီး။ ရထားဘူတာနှင့် ကားဂိတ်များရှိ အများပြည်သူအား စောင့်ဆိုင်းနေခြင်းမပြုရန်နှင့် အိမ်ပြန်ပြီး အိမ်တွင်းသာနေရန် ရဲတပ်ဖွဲ့မှ သတင်းထုက်ပြန်ထားသည်။
---------------------------------
နောက်ဆက်တွဲ ဖတ်မိသော သတင်းများ။

ဘော်စတွန် ဗုံးဖေါက်ခွဲသူဟု ယူဆသူ နှစ်ဦးမှာ ညီအကိုဖြစ်ကြပြီး။
ရဲတပ်ဖွဲ့များ နှင့် အပြန်လှန် ပစ်ခတ်ရင်း သေဆုံးသွားတဲ့ တယောက်က Tamerlan Tsarnaev အသက် (၂၆) နှစ်ဖြစ်သည်။

သေဆုံးသူ Tamerlan Tsarnaev ၏ YouTube အကောင့်တွင် အကြမ်းဖက်သမားများ၏ အကောင့်များကို bookmark လုပ်ထားသည် ကိုလည်း တွေ့ရှိရကြောင်း။ The Washington Post သတင်းစာ၏ အင်တာနက် စာမျက်နှာ တွင် ဖေါ်ပြထားသည်။

ထွက်ပြေး လွတ်မြောက်နေသော ညီဖြစ်သူ Dzhokhar Tsarnaev အသက် ၁၉ နှစ်နှင့် အကိုဖြစ်သူ Tamerlan တို့၏ ဖခင်ဖြစ်သူ Anzor မှ မီဒီယာကို Dagestan နိုင်ငံ၏ မြို့တော် Makhachkala မှ ပြောကြားရာတွင်..

သူ့သားမှာ တကယ့်ကို နတ်သား တပါးဖြစ်ပြီး ဒုတိယနှစ်ဆေး ကျောင်းသားတဦး ဖြစ်သော ထက်မြတ်လှသည့် သူ့သားအား ကျောင်းပိတ်ရက်မှာ သူတို့ထံ လာလည်စေရန် သဘောတူခဲ့တယ် လို့ AP သတင်းဌာနကို ပြောကြားခဲ့သည်။

မှတ်တမ်းများအရ Dzhokhar Tsarnaev သည် the city of Cambridge ၏ စကောလားရှစ် ဒေါ်လာ ၂၅၀၀ ကို ၂၀၁၁ တွင်လက်ခံရရိပြီး။ ချေချင်ညာ မှ ခွဲထွက်လာသည့် နိုင်ငံဖြစ်သော Dagestan နိုင်ငံသား Dzhokhar Tsarnaev သည် အင်္ဂလိပ် ရုရှား နှင့် ချေချင်ညာ ဘာသာစကားများကို ပြောနိုင်စွမ်းရှိသည်။

ချေချင်ညာ လူမှုကွန်ယက်တခုဖြစ်သော VKontakte page တွင် Dzhokhar Tsarnaev ရေးထားသည်မှာ အသက်မွေးဝမ်းကျောင်းမှု နဲ့ ငွေသည် ဘ၀မှာ အရေးကြီးဆုံးလို့ ဆန်းစစ်ထားပြီး။ သူ့၏ လောကအမြင်မှာ အစ္စလာမ်လို့ ရေးထားကြောင်းကို AP နှင့် Guardian တို့တွင်ရေးထားသည်ကို ဖတ်လိုက်ရပါသည်။

သေဆုံးသွားသူအကိုအကြီးTamerlan Tsarnaev

လွတ်မြောက်နေဆဲDzhokhar Tsarnaev

Dzhokhar Tsarnaev ကပြင်ထားဆဲကားကိုလာယူစဉ်စိုးရိမ်စိတ်များပြနေသလိုလက်သည်းကိုလဲကိုက်နေကြောင်းဆေးဝါးလဲသုံးစွဲထားပုံရကြောင်းWORKSHOPပိုင်ရှင်ကပြောသည်။ မနေ့ကseven-eleven Store မှာနောက်ဆုံးတွေ့ရစဉ်။

သေဆုံးသွားသောMartin Richard (အသက် ၈ နှစ်)၊ကလေးငယ်မှာလွတ်မြောက်နေဆဲDzhokhar Tsarnaev ၏ဗုံးကြောင့်ဖြစ်သည်ဘေးနားမှညီမငယ်မှာခြေဖြတ်ရပြီးအမေမှာခေါင်းထဲသိုအစများဝင်ပြီးခွဲထုတ်ရန်ကြိုးစားဆဲဖြစ်သည်။

FACEBOOK

နေထိုင်သောအိမ်

သူငယ်ချင်း၏မှတ်ချက်