Saturday, April 20, 2013

“ငါတို့က တပ်ကကွ။ မင်းတို့က လူမိုက်လား”

rူသေမှုဖြစ်စဉ်တွင် ပါဝင်သူ တပ်မတော်သားများ ထိုက်တန်သည့်ပြစ်ဒဏ် ကျခံစေချင်လို

ရန်ကုန်၊ ဧပြီ ၂၀။
မြန်မာ့ခေတ်
သင်္ကြန်နောက်ဆုံးရက် (ဧပြီ ၁၆) တွင် သင်္ကြန်လည်သော တပ်မတော်သားတစ်ချို့နှင့် ရေပက်ခံကားတစ်စီး ခြောက်မိုင်ခွဲရှိ AGD မဏ္ဍပ်ရှေ့တွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရေပက်ခံကားမှ ပြည်သူတစ်ဦး သေဆုံးသွားခဲ့ရာ ယင်းဖြစ်စဉ်တွင် ပါဝင်သူ တပ်မတော်သားများအား ထိုက်တန်သည့် ပြစ်ဒဏ် ကျခံစေချင်သည်ဟု သေဆုံးသူ၏ ဇနီးက ပြောကြားသည်။

သေဆုံးသူမှာ သာကေတမြို့နယ်နေ ကိုမျိုးသူဝင်း (၃၄ နှစ်) ဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားချိန်တွင် “ငါတို့က တပ်ကကွ။ မင်းတို့က လူမိုက်လား” ဟု ဆိုကာ ကိုမျိုးသူဝင်းအား ဆွဲထိုးကြောင်း ထို့အပြင် ကားပေါ်ပါ လူတချို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ယင်းနောက် လူစုခွဲပြီး ကားပေါ်ပြန်အတက် တွင် မဖောက်ရသေးသည့် အရက်ပုလင်းဖြင့် လှမ်းပေါက်လိုက်ရာ ကိုမျိုးသူဝင်း၏ ဝဲဘက်လည်ပင်းရှိ သွေးပြန်ကြောနှင့် သွေးလွှတ်ကြော ပြတ်ရှပြီး ဆေးရုံသို့အသွားတွင် သွေးလွန်သေဆုံးသွားကြောင်း အဆိုပါ ကားပေါ်တွင် အတူလိုက်ပါသူတစ်ဦးက ၎င်း၏ မျက်မြင်တွေ့ရှိ ချက်များကို ပြောကြားသည်။

“အခု ကျွန်မမှာ ကိုယ်ဝန်လေးလနဲ့ ကျန်ခဲ့တယ်။ ကျွန်မ လျော်ကြေးလည်း မလိုချင်ဘူး။ ခု သတင်းတွေမှာလည်း မတော်တဆဖြစ်သလိုမျိုး ရေးနေကြတယ်။ ကျွန်မကတော့ သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကျစေချင်ပါတယ်” ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ မမီမီအောင်က ပြောကြားသည်။

ခိုက်ရန်ဖြစ်ပွားရာတွင် ပါဝင်သူ တပ်သားများကို အခင်းဖြစ်သည့်ညတွင်ပင် တောင်ဥက္ကလာပမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးမိခဲ့ကြောင်း၊ ယင်းနောက် ခိုက်ရန်ဖြစ်ပွားသူ တပ်သားများ၏ တပ်ရင်းနှင့် သေဆုံးသူမိသားစုဝင်များကို တောင်ဥက္ကလာပ ရဲစခန်းတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ခိုက်ရန်ဖြစ်ပွားသူ တပ်သားများမှာ တပ်ရင်း ၃၂၃ တပ်မတော်ထောက်ပို့ (မင်္ဂလာဒုံ) မှ တပ်သားများဖြစ်ကြောင်း သေဆုံးသူ၏ ဇနီး ဖြစ်သူက ဆက်လက် ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ လှိုင်မြို့နယ်ရဲစခန်းအား သွားရောက်မေးမြန်းရာတွင် စခန်းမှူး ရဲအုပ်သိန်းဆွေမြင့်က “ဒီကိစ္စနဲ့ ပတ်သတ်ပြီး တိုင်းရုံးကို မေးပါ။ ကျွန်တော်တို့ အနေနဲ့ ဖြေခွင့်မရှိဘူး။ တရားဝင် စာနဲ့မေးမယ်ဆိုရင်တော့ နေပြည်တော်ထိ တင်ပေးမယ်” ဟု ပြောကြား သည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများကို ယင်းက မည်သူမည်ဝါဟု အတိအလင်း ပြောကြားခြင်း မရှိသေးသော်လည်း ဖြစ်စဉ်မှာ အမှန်ဖြစ်ကြောင်း၊ ကျူးလွန်သူအား ပ ၁၇၄/၂၀၁၃၊ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် ၎င်းကိုယ်တိုင် တရားလိုပြု၍ အမှုဖွင့် အရေးယူထားကြောင်း ဆက်လက်ပြောကြားသည်။

“ကားပေါ်မှာ ပါတဲ့သူတွေ အကုန်လုံးက တပ်မတော်သားတွေဖြစ်တဲ့အတွက် သူတို့ကို စစ်ဆေးဖို့ရာ သက်ဆိုင်ရာတပ်ထိန်းကို အကြောင်းကြားရတယ်။ တပ်ကို အကြောင်းကြားပြီးတော့မှ သက်ဆိုင်ရာတပ်က တစ်ယောက်ချင်းစီ စစ်ပြီးတော့မှ ဘယ်သူဆိုတာကို ဆွဲထုတ်ရမှာ။ ဘယ်သူဆိုတာ ဒီအတိုင်း ပြောလို့မရဘူး။ မှားသွားရင် ပြဿနာဖြစ်မယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့ခေတ်၏ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှု အား ပြန်လည်ဖြေကြားသည်။

ကျပ် ၅၀၀၀ တန် အတု ငွေကျပ်သိန်း ၂၇၀ နှင့် တရားမ၀င် ၀င်ရောက် လာသည့် တရုတ် နိုင်ငံသား

The Myawady Daily's photo.
ကျပ် ၅၀၀၀ တန်မြန်မာငွေစက္ကူအတု သိန်း ၂၇၀ ဖမ်းဆီးရမိ
မြစ်ကြီးနား ၊ ၂၀-၄-၂၀၁၃

http://myawady-myawady.blogspot.com/2013/04/blog-post_3806.html

ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲမှူး ယာယီ ရဲမှူး လှရီ ၏ လမ်းညွှန်မှု အရ မြို့ပေါ် ရပ်ကွက်များ အတွင်း လုံခြုံရေး အတွက် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက်ရာ မှ မြန်မာ ငွေစက္ကူ ကျပ် ၅၀၀၀ တန် အတု ငွေကျပ်သိန်း ၂၇၀ နှင့် တရားမ၀င် ၀င်ရောက် လာသည့် တရုတ် နိုင်ငံသား ၂ ဦးနှင့် မြစ်ကြီးနားမြို့ နေသူ ၂ ဦးတို့အား ဧပြီလ ၁၂ ရက်က ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၂ ရက် ည ၁၂ နာရီခွဲက ရှမ်းစုမြောက် ရပ်ကွက် ၊ သျှင်းသျှင်း ဟိုတယ် သို့ အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူး များနှင့် သက်သေများက သွားရောက် စစ်ဆေး ခဲ့ရာ အခန်း အမှတ် (၂၀၈) တွင် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် နေထိုင်သူများ ဖြစ်သည့် ဦးအောင်ကျော်လှိုင် နှင့် ဇနီး ဒေါ်ဘောမ်ဆွမ် တို့အား တွေ့ရှိရပြီး ၄င်းတို့နှင့် အတူ အခန်းအမှတ် ၁၀၇ တွင် တည်းခိုလျက် ရှိသည့် တရုတ်နိုင်ငံသား ၂ ဦးအား ဆက်လက် စစ်ဆေးရာ ရန်ဟုန်စိန် နှင့် ကြောင်ကြားရှုတ် ဆိုသူ ၂ ဦးအား တွေ့ရှိခဲ့သည်။

ဆက်လက်၍ အခန်းတွင်း ထိုင်ခုံပေါ်ရှိ အနက်ရောင် ခရီးဆောင် လက်ဆွဲအိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အတုဟု ယူဆရသည့် ကျပ် ၅၀၀၀ တန် ငွေကျပ်သိန်း ၂၇၀ နှင့် အနက်ရောင် ကျောပိုးအိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အစစ် ကျပ် ၅၀၀၀ တန် ငွေကျပ် ၂၁၅၅၀၀၀၀ ၊ တရုတ် ဆင်းကတ် ထည့်ထားသည့် လက်ကိုင်ဖုန်း ၃ လုံး ၊ ၄င်းတို့ပိုင် ၅ဂ/xxxx ပါဂျဲရိုး အစိမ်းရောင် လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး တို့အား ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ငွေစက္ကူအတု များ လက်ဝယ်ထား ရှိသူများ ဖြစ်သည့် အောင်ကျော်လှိုင် ၄၂ နှစ် (ဘ) ဦးတင်လှိုင် ၊ မဘောမ်ဆွမ် ၄၃ နှစ် (ဘ) ဦးယော်ဘောမ် (မြစ်ကြီးနားမြို့ နေသူများ ) နှင့် ရန်ဟုန်စိန် ၃၇ နှစ် (ဘ) ဦးဝမ်ပန်ပေါင် ၊ ကြောင်ကြားရှုတ် ၃၀ နှစ် (ဘ) ဦးကြောင်ရှိရှောက် ( တရုတ်နိုင်ငံ ယူနန်မြို့ နေသူများ ) အား အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းမှ (ပ) ၆၆/၂၀၁၃ ၊ ပုဒ်မ ၄၈၉ - ၈ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

ရဟတ်ယာဉ်က Boston Marathon bombing suspect Dzhokhar Tsarnaev ကိုဖေါ်ထုတ်ပေး

သောကြာနေ့ညနေကပိုင်ရှင်ဖြစ်သူကနောက်ဖေးမှာထားတဲ့မော်တော်ဘုတ်မှာသွေးတွေတွေ့ရပြီးအထဲမှာလူရှိတယ်
(ဆေးတောင်နဲနဲကုပေးလိုက်သေးတယ်၊ပြီးမှရဲခေါ်တာလို့လည်းသတင်းတပုဒ်ကဖေါ်ပြပါတယ်)
ဆိုပြီးရဲကိုအကြောင်းကြားရာမှာအပေါ်ကနေရဟတ်ယာဉ်ကမော်တော်ဘုတ်ထဲလူရှိမရှိ၊ရွေ့ရှားမှုအခြေအနေကိုသတင်း
ပို့ပေးခဲ့သလိုစက်ရုပ်တရုပ်ကလည်းမော်တော်ဘုတ်ကိုအုပ်ထားတဲ့မိုးကာကိုဆွဲဖယ်ပေးခဲ့တယ်လို့ဆိုပါတယ်။
Dzhokhar Tsarnaev ဟာသူဆီမှာရှိတဲ့ကျည်ဆံကုန်မှအဖမ်းခံခဲ့ရတာပါ။နောက်ဆုံးတတောင့်သူ့အတွက်ချန်ဖို့မေ့သွား
ပုံရပါတယ်။ပစ်ခတ်မှုအတွင်းလည်ပင်းနဲ့ခြေထောက်ဒဏ်ရာရခဲ့တယ်။

ဒီပုံကနေတဆင့်စီစီတီဗွီကင်မရာတွေ၊ပေးပို့တဲ့ဓါတ်ပုံတွေကနေဖေါ်ပြနိုင်ခဲ့တယ်၊နောက်တဆင့်သူတို့ဘယ်သူဆိုတာနီး
စပ်သူတွေကအကြောင်းကြားလို့သွားဖမ်းတော့လက်လုပ်ဗုံးတွေနဲ့ပြန်ပစ်လို့၂၆နှစ်အရွယ်ရဲတယောက်သေခဲ့တယ်။

အကိုဖြစ်သူကအသေခံတိုက်ရင်းဒါဏ်ရာရထားတဲ့ညီကိုပြေးခိုင်းလိုက်ပြီးတဲ့နောက်ပြန်လည်အဖမ်းခံရတာပါ။

သူဦးလေးကDzhokhar Tsarnaevဟာဖြစ်ပျက်ခဲ့သမျှရဲကိုပြောပြလိမ့်မယ်လို့မျှော်လင့်ကြောင်းပြောပါတယ်။
ကနေဒါနိုင်ငံတိုရန်တိုမြို့မှာနေတဲ့အဒေါ်ဖြစ်သူကတော့သူတို့လုပ်တယ်လို့မယုံကြည်ကြောင်းတိုရန်တိုအခြေစိုက် CP24
ရုပ်သံကိုပြောပါတယ်။
သော့ခတ်မထားတဲ့ခြံတံခါးကိုဖွင့်မ၀င်တတ်တဲ့ကွန်မန်ဒိုကိုလည်းရှု့စားရမှာပါ။

ဘော့စတွန်မြို့၊ မာရသွန်ပြိုင်ပွဲတွင် ဗုံးခွဲသူ Tamerlan Tsarnaev သည်Boxer တစ်ဦးဖြစ်ပြီး မူဆလင်ဘာသာရေးကို လွန်ခဲ့တဲ့ (၂) နှစ်ကမှ အပြင်းအထန်ကိုင်းရှိုင်းလာသူဖြစ်

ဧပြီလ ၁၉ရက်နေ့၊ ၂၀၁၃ခုနှစ်

ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်သူတွေအဖြစ် သံသရရှိသူတွေရဲ့ အဒေါ် မီဒီယာတွေနဲ့တွေ့ဆုံ
အဒေါ်ဖြစ်သူက သူ့တူတွေဒီလိုအကြမ်းဖက်မှုမှာပါဝင်နေတာကို အလွန်အံ့ဩမိတယ် ဆိုပြီး ဒေါသထွက်ရကြောင်း မီဒီယာတွေ နဲ့တွေ့ဆုံပွဲမှာပြောပါတယ်။ သူ့တူနှစ်ဦးစလုံးရယ် သူ့မောင်ရယ်ကို ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်နိုင်ငံထဲကို သူခေါ်သွင်းလာတယ် လို့ပြောသွားပါတယ်။
တူအကြီးဖြစ်သူ အသက် ၂၆နှစ်ရှိ Tamerlan Tsarnaev ဟာ မူဆလင်ဘာသာရေးကို လွန်ခဲ့တဲ့ (၂) နှစ်ကကမှ အပြင်းအထန်ကိုင်း ရှိုင်းလာပြီး တစ်နေ့ငါးကြိမ် ဝတ်ပြုတယ်ဆိုပါတယ်။ အသက် (၁၉) နှစ်ရှိ တူအငယ် Dzhokhar Tsarnaev ကတော့ စာကြိုးစားကြောင်း ပြောပါတယ်။
သူ့မောင်ဟာ အလုပ်ကြိုးစားကြောင်းပြောပါတယ်။ ချေချင်ညာ က ရုရှားက မခွဲထွက်နိုင်သေးဘဲ ရုရှားနိုင်ငံထဲမှာပဲ အခုထက်ထိ ရှိနေဆဲမို့ ဗုန်းဖောက်သူတွေဟာ ရုရှားနိုင်ငံသား ချေချင်တိုင်းရင်းသားတွေ လို့ခေါ်ရမှာဖြစ်ပါတယ်။
သူ့မောင်နဲ့ဇနီးတွေဟာ ချေချင်ကို ပြန်လိုက်သွားလိုက်နေကြတယ်လို့ပြောသွားပါတယ်။
ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်မှုမှာ သူ့တူတွေဖြစ်နေရတာ သူ မယုံမိပါဘူး ဟုတ်ပါ့မလားလို့သံသ ယတောင်ဖြစ်မိတယ်လို့မီဒီယာတွေကိုပြောသွားပါတယ်။
သူ့တူတွေ ဒီလို မလုပ်သင့်ဘူးလို့ အဒေါ်ဖြစ်သူကမီဒီယာတွေ ကိုပြောသွားပါတယ်။ သူ့တူအသက် ၂၆နှစ်ရှိ Tamerlan Tsarnaev ဟာ အမေရိကန်နိုင်ငံသားမဟုတ်သေးဘူး။
သူ့တူအငယ်ကောင် Dzhokhar Tsarnaev ကတော့ ပြီးခဲ့တဲ့နှစ် ၂၀၁၂ စက်တင်ဘာလ ၁၁ရက်က (၉/၁၁) ကမှ အမေရိကန်နိုင်ငံသားဖြစ် သွားခဲ့တယ် လို့ မီဒီယာတွေကိုပြောသွားပါတယ်။
CNN News
Posted From Zaw Win
............................................

The Winner is Daw Aung San Suu Kyi ဂုဏ်ပြုပွဲ

ဗိုလ်ချုပ်ဟောင်း သားများ လက်ချက်ဖြင့် လူငယ် နှစ်ဦး ဓားဒဏ်ရာရ

မိုးဇေညိမ်း (Moe Zay Nyein)'s photo.
ဗိုလ်ချုပ်ဟောင်း သားများ လက်ချက်ဖြင့် လူငယ် နှစ်ဦး ဓားဒဏ်ရာရ
လင်းသန့်| April 20, 2013 | ဧရာဝတီ

စစ်တပ်အရာရှိကြီးဟောင်း တချို့၏သားများပါဝင်သည့် လူငယ်အုပ်စုတစုက ရန်ငြိုးရန်စမရှိဘဲ ဓားခုတ်မှုတခု ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့နေ ဖုန်းမြင့်ဝင်း၊ မင်းသတ္တိ ဆိုသည့် လူငယ် ၂ ဦး ပါဝင်သော သူငယ်ချင်း ၅ ဦးသည် ဧပြီ ၁၁ ရက်က သင်္ကြန် မဏ္ဍပ် ဆောက်လုပ်နေရင်း သမ္မတ ရုပ်ရှင်ရုံဘေးရှိ ၃၆၅ ကော်ဖီဆိုင်သို့ ညဘက် သွားရောက်ရာတွင် ၀င်းထွေးလှိုင်၊ သန့်စင်လှိုင် ဟုခေါ်သော လူငယ် ၂ ဦး ပါဝင်သည့် လူငယ်အုပ်စုတစုက ဓား ၊ သံပိုက် စသည့် လက်နက်များဖြင့် ခိုက်ရန်ပြု ခြင်း ခံခဲ့ရသည်ဟု ဦးခေါင်းတွင် ဓားဒဏ်ရာများ ရခဲ့သည့် ဖုန်းမြင့်ဝင်း က ဧရာဝတီကို ပြောသည်။

မင်းသတ္တိ ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင်လည်း ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ကျနော့်ကို ခုတ်တာ။ ခေါင်းမှာ ၂ ချက်ချုပ်ထားရတယ်။ အဲဒါ ဓားနဲ့ခုတ်တာ။ သံပိုက်နဲ့လည်း ရိုက်တယ်။ လုပ်တဲ့သူ တွေ က သန့်ဇင်လှိုင်၊ သူက ဗိုလ်ချုပ်မြင့်လှိုင်ရဲ့ သား၊ ၀င်းထေွးလှိုင်၊ သူက ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့ သား။ သူတို့အဖွဲ့က ကင်ဒို ဓား နဲ့ ခုတ်တာ။ ကျနော်နဲ့က ရန်စလည်း မရှိဘူး၊ လုံးဝ မသိဘူး၊ မြင်လည်း မမြင်ဖူးဘူး”ဟု ဖုန်းမြင့်ဝင်းက ဧရာဝတီ ကို ပြောသည်။

သို့သော် ဖုန်းမြင့်ဝင်း၊ မင်းသတ္တိတို့ သူငယ်ချင်း အုပ်စုထဲမှ ဘိုလေးဆိုသူနှင့် ၀င်းထွေးလှိုင် တို့ အမှုဖြစ်နေသည်ဟုလည်း သူက ဆက်ပြောသည်။

ဝင်းထွေးလှိုင်သည် ဦးပိုင် လီမိတက် ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်၏ သားဖြစ်ပြီး သန့်စင်လှိုင်သည် လယ်/ဆည် ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်၏သား ဖြစ်ကြောင်း ဖုန်းမြင့်ဝင်းက ပြောဆိုသည်။

ဓားဒဏ်ရာများ ရခဲ့သူ အသက် ၂၃ နှစ်ရှိ မင်းသတ္တိ ကလည်း ဦးခေါင်းဒဏ်ရာ ချုပ်ရိုး မဖြေရသေးကြောင်း၊ အခင်းဖြစ် သည့် ဧပြီလ ၁၁ ရက်နေ့ကတည်းက ဒဂုံမြို့နယ် ရဲစခန်းတွင် အမှုဖွင့်၍ ရဲတပ်ဖွဲ့ကို ဖြစ်ရပ်စုံ ပြောပြခဲ့ကြောင်း ဧရာဝတီ ကို ပြောသည်။

“ကျနော်က ခေါင်းမှာ ၅ ချက် ချုပ်လိုက်ရတယ်”ဟု သူက ပြောပြသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဓားဖြင့်အခုတ်ခံရသူတို့က အခင်းဖြစ်သည့်နေ့က ၎င်းတို့စခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဒဂုံရဲစခန်းမှ တယ်လီဖုန်း လက်ခံဖြေကြားသူ ရဲ ၀န်ထမ်း တဦးက အတည်ပြုပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ၄င်းတို့အား ဓားဖြင့် ခုတ်သွားခဲ့သူ အုပ်စုထဲမှ တဦးကို ဖမ်းမိထားသည်ဟု ရဲစခန်းမှူးက မင်း သတ္တိအား ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း၊ သို့သော် ဖမ်းဆီးထားသူ မည်သူ ဆိုသည်ကို မသိရှိကြောင်း မင်းသတ္တိက ဧရာဝတီကို ပြောပြသည်။

ဖုန်းမြင့်ဝင်းက“လူတယောက်ကို ဘာရန်ငြိုးမှ မရှိဘဲ အသေလုပ်တာ။ လက်သီးနဲ့ ထိုးတယ်ဆိုလည်း ဖြေသိမ့်နိုင်တယ်။ အခုဟာက ဓားတွေနဲ့ရော၊ တုတ်တွေနဲ့ရော လုပ်တာ။ သူတို့က ရမ်းကားသလိုဖြစ်နေတယ်”ဟု ဆိုသည်။

ကိုယ်ထိလက်ရောက် ကျူးလွန်သူများဘက်က ယခုအထိ တောင်းပန်ခြင်း မရှိသကဲ့သို့ တောင်းပန်ခဲ့လျှင်လည်း တရား ဥပဒေအရသာ ဆောင်ရွက်သွားလိုကြောင်း သူက ဆက်ပြောသည်။

“အဓိက ကျနော်တို့ သွားချင်တဲ့ပုံစံကတော့ တရားဥပဒေ စိုးမိုးရေးပါပဲ။ တကယ်တမ်း တရားဥပဒေအရ အရေးယူပေး တာကိုပဲ ဖြစ်စေချင်တာပါ”ဟု ဖုန်းမြင့်ဝင်းက ဆိုသည်။

မြန်မာစစ်တပ် အရာရှိကြီးများနှင့် အငြိမ်းစား အရာရှိကြီးများ၏ သားသမီးတချို့သည် မိဘများ၏ အရှိန်အ၀ါကို အသုံးချ၍ အုပ်စုဖွဲ့ အနိုင်ကျင့်ရမ်းကားမှုများ ရန်ကုန်မြို့တွင် မကြာခဏ ဖြစ်ပွားကြောင်း၊ ည အချိန်မတော်တွင် လောင်းကြေးဖြင့် ကားပြိုင်မောင်းခြင်းနှင့် တာဝန်ကျ အစိုးရ၀န်ထမ်းများကိုပင် ရိုင်းပြစွာ အနိုင်ကျင့်မှုများ ပြုလုပ်မှုများလည်း ရှိကြောင်း ရန်ကုန်မြို့က လူငယ်များအကြေားတွင် ပြောဆိုနေကြသည်။