Sunday, April 21, 2013

ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှု ပြီးစီးထိုင်းနိုင်ငံသို့ စတင်ရောင်းချ

r

ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှု သတ်မှတ်ရက်ထက် ကြိုတင်ပြီးစီးနေ၍ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချ

 on Sunday, 21 April 2013 21:47

မြန်မာနိုင်ငံ၏ အဓိကရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း တစ်ခုဖြစ်သော ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှုမှာ သတ်မှတ်ရက်ထက် တစ်ရက်ကြိုတင်ပြီးစီး၍ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ဧပြီလ ၁၂ ရက်မှ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချနေကြောင်း ထိုင်းအခြေစိုက် www. pattaya mail.com ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်း PTT ၏ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Pailin Chuchottaworn က “မြန်မာရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုက သတ်မှတ်ရက်ထက် တစ်ရက်စောပြီး ဧပြီလ ၁၂ ရက်နေ့ ကတည်းက ပြန်လည်တင်ပို့ ပေးနေပါပြီ။ အခုလက်ရှိမှာ ထိုင်းနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ စက်ရုံများနဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား စက်ရုံတွေက မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တွေကို အရင်လိုပဲ ပြန်လည်ရယူနေပါပြီ။ PTT အနေနဲ့က မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု အခြေအနေ ပုံမှန်အတိုင်း ရောက်ရှိတဲ့အထိ ဆက်လက်စောင့်ကြည့် သွားမှာပါ” ဟု ပြောသည်။

အဆိုပါ ရတနာ သဘာဝဓာတ်ငွေ့သိုက်၏ ထုတ်လုပ်မှု သက်တမ်းမှာ ၁၅ နှစ်ခန့် ရှိနေပြီဖြစ်ပြီး ၅၁ ရာခိုင်နှုန်း ထုတ်ယူပြီးလည်း ဖြစ်သည်။ အဆိုပါ သဘာဝဓာတ်ငွေ့သိုက် ခိုအောင်းရာ ထုံးကျောက်လွှာများနှင့် ဆက်စပ်နေသည့် အပေါ်မြေလွှာများ နိမ့်ကျလာကြောင်းနှင့် ထိုသို့ နိမ့်ကျမှုကြောင့် တွင်းတူးစင်နှင့် ပလက်ဖောင်းများ နိမ့်ဆင်းမှုကြောင့် ယခုလို ပြန်လည်ပြုပြင်ရခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာ စီမံကိန်း ပြုပြင်မှုကာလအတွင်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများသို့ ပေးပို့နေသည့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၆၅ သန်းခန့် လျော့နည်းခဲ့ပြီး နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံများ၊ စက်မှုဇုန်များ၊ အကြီးစား စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ရပ်တန့်ခဲ့ရသည်။

ရတနာစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ၁၉၉၈ ခုနှစ် ကတည်းက ၃၆ လက်မ ပိုက်လိုင်းဖြင့် တင်ပို့ရောင်းချခဲ့ပြီး လာမည့် ၂၀၂၈ ခုနှစ်အထိ ရောင်းချနိုင်ရန် စာချုပ်ချုပ်ဆို ထားခဲ့သည်။

တွင်းတူးစင်နှင့် ပလက်ဖောင်းများ ပြုပြင်ခဲ့ရသည့် ရတနာစီမံကိန်းကို တွေ့ရစဉ်

Eleven Media Group

လ၀က လက်အောက်ဝန်ထမ်းများရဲ့ ပေါက်ကွဲသံ

Zin Yaw's photo.
လ၀က လက်အောက်ဝန်ထမ်းများရဲ့ ပေါက်ကွဲသံ

ဦးခင်ရီက ရာထူးတွေကို သူ့တပည့် စစ်သား(၅)ယောက်နဲ့ သူ့ထံအဝင်အထွက်ရှိတဲ့ အရပ်သား(၁၄)ယောက်ကိုသာ ရာထူးတိုးပေးသွားပါတယ်။
သူတို့တွေဟာ လက်ရှိ လက်ညွှန်လုပ်သက် (၂) နှစ်ကျော်သာရှိ သေးသူများဖြစ်ပါတယ်။

- သူတို့ထက် လက်ရှိ လက်ညွှန် လုပ်သက်(၁၀)နှစ်အထက်ရှိသူတွေကိုတော့ ဘာအပြစ်မှ မရှိဘဲနဲ့ ရာထူးတိုးမပေးခဲ့ပါဘူး။

လုပ်သက်များပြီး ငွေကြေးမတတ်နိုင်တဲ့ စီနီယာ ဝန်ထမ်းများ ဘယ်တော့မှ ရာထူးတိုးတော့မှာလဲ။

ယခု လက်ထောက်ညွှန်ကြားရေးမှူးမှ ဒုတိယ ညွှန်ကြားရေမှူးသို့ ရာထူးတိုးပေးတဲ့ ကိစ္စမှာ လုံးဝ တရားမျှတမှု မရှိ ပါဘူး။
အပြောင်းအရွှေ့များမှာလည်း တပည့်အရင်းများနှင့် ငွေ ကြေးပေးနိုင်သူများသာ နေရာကောင်းပေးပါတယ်။

သက်ဆိုင်ရာမှ ဝင်ရောက်စိစစ်ပေးပါရန် ဝန်ထမ်းများမှ မျှော်လင့်လျက်ရှိပါတယ်။

-----------

လ၀က၀န်ကြီး ခင်ရီနှင့် EC အဖွဲ့ဝင်များ သိစေရန်

ရာထူးတိုး ဖြေဆိုရာတွင် နီးစပ်ရာလူတွေနဲ့ တပည့်တွေကို ပဲရာထူးတိုးပေးမယ့် အတူတူ လူတွေ့တွေ၊ နှုတ်ဖြေတွေ စစ်မနေပါနဲ့၊ ခင်ဗျားတို့လည်း ပင်ပန်းတယ်။
ကျန်တဲ့လူတွေလည်း စာကျက်ရတာ အလုပ်ရှုပ်ပါတယ်။
ခင်ဗျားတို့ EC အဖွဲ့ကိုလည်း ဝန်ထမ်းတွေအားလုံးက အယုံအကြည်မရှိပါ ဘူး။

အစည်းအဝေးတွေမှာ ခင်ဗျားတို့က အာပေါင်အာရင်း သန်သန်နဲ့ ရာထူးတိုးတွေ၊အပြောင်းအရွှေ့တွေကို တတ်နိုင်သလောက် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးတယ်လို့ ပြောတိုင်း ပြည်နယ်/တိုင်း ဦးစီးမှူးတွေက ကြိတ် ပြုံးနေတာ ခင်ဗျားတို့ သိချင်မှ သိမှာပါ။ မသိဟန်ဆောင်တာလည်းဖြစ်မှာပေါ့။

- အဲဒီအပြုံးတွေက အများကြီး အဓိပါယ်ဆောင်နေပါတယ်။
မနေ့တနေ့ကမှ AD ဖြစ်လို့ order တောင်မှင် မချောက်သေးတဲ့သူတွေ၊ပထမဆုံး နှစ်တိုးတောင်မခံစားရသေးတဲ့သူတွေကို ရာထူးတိုးပေးပြီး လုပ်သက်ရင့် အသက်ကြီးသမားတွေ ကိုတော့ ရာထူးပေးဖို့ ချန်ခဲ့တာ ခင်ဗျားတို့ မှန်မှန်ကန်ကန် လုပ်ဆောင်ချက်တွေလား။
ခင်ဗျားတို့ EC တစ်ဖွဲ့လုံး ရှက်တတ်မယ်ဆို ရှက်ဖို့ကောင်း ပါတယ်။
ကျုပ်တို့တောင် ပြည်ထဲရေး လက်ထက်က DD ရထားလို့၊ခင်ဗျားတို့ နဲ့ဆို ဒီတစ်သက်ရဖို့မမြင်ပါဘူး။

ကိုခင်ရီ ခင်ဗျား ဝန်ကြီးဖြစ်ကာစ၊သီတင်းကျွတ်မှာ ကျုပ်တို့ဝန်ထမ်းတွေ ကန်တော့တဲ့အချိန်တုန်းက ခင်ဗျားပေးခဲ့တဲ့ ကတိတွေ မေ့သွားပြီလား။
ရာထူးတိုးမြှင့်နဲ့ပတ်သက်လို့ ဝန်ထမ်းတွေမှာ စိုးရိမ်မှုတွေမရှိစေရပါဘူးဆို။
အခုတော့ ကျုပ်တို့ လို နောက်ခံမရှိတဲ့ နင်းပြားတွေကတော့ မှန်မှန်ကန်ကန် လုပ်ဆောင်မယ့် လူကြီးလူကောင်းတွေသာ (၂၀၁၅)ခုမှာ ရောက်လာ ပါစေလို့ဆုတောင်းရုံ အပြင် ဘာမှ မတတ်နိုင်တော့ပါဘူး။
အနှိမ်ခံဝန်ထမ်းများ။
(မောင်ဝင်း)
Blue Peace

ZinYawNews

လူထု အမုန်းတော်ခံ စစ်အမွေဆိုး အုဋ်မြစ်ချခဲ့သူ အာဏာရှင် ဦးနေ၀င်းနှင့် အာဏာရူး ခင်ညွန့်

Blue Peace's photo.
စစ်အစိုးရ အဆက်ဆက်မှာ အာဏာရူးကြ၊ လုပ်ပိုင်ခွင့် အလွဲသုံးကြရုံမက မူးယစ်ဆေးဝါးနဲ့ ပါ ပတ်သက်နေသလားဆိုတာ ကမ္ဘာကရော မြန်မာ့ နိုင်ငံရေး နားလည် သဘောပါက်သူတွေက ဆန်းစစ်နေကြတယ်။

ဒီအပတ်မှာ မူးယစ်ရာနဲ့  စစ်အာဏာရှင်များ ဆက်စပ်မှု ကဏ္ဍ ဖော်ပြပေးလိုတယ်။

(မပြေးသော် ကန်ရာရှိ )ဆိုတဲ့ စကားပုံလို သွားလေသူ အာဏာရူးကြီး ဦးနေ၀င်း လက်ထက် မူးယစ်ရာဇာ လော်စစ်ဟန်နဲ့ နောက်လိုက်တွေ အလင်း ၀င်စေပြီး လုပ် ပိုင်ခွင့်တွေ ပေးခဲ့တယ်။

- အစိုးရ အဆက်ဆက် မူးယစ်ဆေး နှမ်နင်းရေးလုပ်ငန်းတွေမှာ လက်လီ ရောင်းဝယ်တဲ့ ကိုင်းဖျား ကိုင်းနား မူးယစ်ဆေး လက်ခွဲ လုပ်ငန်း သမားလေးတွေကိုသာ ဖမ်းဆီး ရုံတင် တရားစွဲတာ၊ ဖမ်းဆီးထောင်ချ အပြစ်ပေးတာ သတင်းစာတွေမှာ ဖတ်ရပြီး၊ ဒိုင်ချုပ်တွေကို ဘယ်တော့ ဖမ်းမပြနိုင်ခဲ့ဘူး။

နိုင်ငံရေးသမားကျတော့ တယောက်မကျန် ဖမ်းဆီးထောင်ချခဲ့တဲ့ စစ်အစိုးရတွေစာ မူးယစ်ရာဇာကြီးတွေ မဖမ်းပြခဲ့တာဟာ လုပ်ငန်းတူ ဝေမျှစားသောက်လုပ်ကိုင်ကြလို့ ဆိုတာ အဖြေ ထွက်နေတယ်။ တနည်းပြောရရင် စစ်ဗိုလ်ချုပ်ကြီးတွေ( ဦးနေ၀င်းအပြင်၊ ယခင် စစ်ဗိုလ်ချုပ်ဟောင်းများ) နဲ့ နီးစပ်သူတွေ၊ ဆွေးမျိုးတွေ။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ တနည်းတလမ်းနဲ့ ပတ်သက်နေတယ်ဆိုတာ အဖြေထွက်နေပြန်တယ်။

လူထု အမုန်တော်ခံ စစ်အမွေဆိုး အုဋ်မြစ်ချခဲ့သူ အာဏာရှင် ဦးနေ၀င်းနှင့် အာဏာရူး ခင်ညွန့် 

သန်းရွှေ၊ မောင်အေး- ခင်ညွှန့် တို့လက်ထက်မှာ အမေရိကန်က အလိုရှိနေတဲ့ မူးယစ်ရာဇာ (ခွန်ဆာ)ကို အလင်းဝင်သလိုလို၊ ခိုလှုံခွင့် ပေးသလိုလိုနဲ့ ရန်ကုန်မှာ စစ်တပ်လုံခြုံရေး အပြည့်ပေးပြီး အကာအကွယ်ပေးခဲ့တယ်။ ခွန်ဆာ ပိုင်ဆိုင်တဲ့ အထဲက ရာနှုန်း ဘယ်လောက် ဝေစုရတယ်ဆိုတာ ဘယ်သူမှ မခန့် မှန်းနိုင်ကြဘူး။
ကိုယ့်ကို ၀န်ကြီးချုပ် ဘ၀က ဖြုတ်ပြီး ထောင်အချခံရတာတောင် ခင်ညွန့် တယောက် (သန်းရွှေ- မောင်အေး တို့ အပေါ်) နှုတ်လုံစွာနဲ့ ခွန်ဆာ ကိစ္စ မဖွင့် ဟပဲ နှုတ်ဆိတ်နေလေတော့ လက်ရှိ ခင်ညွန့် နေတဲ့ အိမ်နဲ့  ပိုင်ဆိုင်မှုတွေဟာ ဟာ ခွန်ဆာက လာဘ် ထိုးလို့ ပိုင်သလားတောင် တွက်ရမလို ဖြစ်နေတယ်။

မူးယစ် ရာဇာတွေနဲ့  စစ်ခေါင်းဆောင်ကြီးတွေဘယ်လို ပတ်သက်ခဲ့တယ်ဆိုတာ တပ်မတော် ထောက်လှမ်းရေးချုပ် ဖြစ်တဲ့ ၀န်ကြီးချုပ်ပြုတ် ခင်ညွန့်  အသေးစိတ် ခရေစေ့ တွင်းကျ သိနိုင်တယ်။ နောင်လာ နောက်သားတွေ သိရအောင် သူမသေခင် တိုင်းပြည်ကို ၀န်ခံသင့်တယ်။

တချိန်က လော်စစ်ဟန်သား ထွန်းမြင့်နိုင် (ခေါ်) စတီဗင် လော ဟာ လက်ရှိ မြန်မာ့ နိုငငံရေးမှာ အရေးပါနေပုံနဲ့ ဦးသန်းရွှေ သားသမီးတွေ တရုတ်ပြည်မှာ လုပ်ငန်းတွေ ဆပ်စပ်လုပ်ကုင်နေတယ် ဆိုတာ အင်တာနက် သတင်းတွေမှာ အထောက်အထား အဖြစ် တွေ့ ရတာ ဖော်ပြလိုတယ်။

ဒါဆိုရင် တရုတ်ပြည်မှာ ဦးသန်းရွှေနဲ့ ဆွေတော်မျိုးတော်တွေ၊ နောက်လိုက်တွေ အတွေင်ဝယ်ထားတဲ့ ပိမ် အလုံး(၁၀၀) ကျော်ကိစ္စ၊ တရုတ်ဘဏ်တွေမှာ ငွေတွေ အပ်ထားတဲ့ ကိစ္စတွေ ကောလဟလ လို ဖြစ်နေတဲ့ ကိစ္စတွေ တရားဝင်အဖြစ် ဆက်စပ် ထွက်ပေါ်လာဦးမယ်လို့ မျှော်လင့်ရတယ်။
 ဖိုးသောကြာ

သမ္မတရုံးဝန်ကြီးနှင့် ကာကွယ်ရေး ၀န်ကြီးတို့ စစ်တွေ မြို့မိ မြို့ဖ ၁၆ ဦးနှင့် တွေ့ဆုံ

>narajara (နှစ် ၂၀၀ နီးခန့်ရှိ အင်္ဂလိပ်တို့ တည်ဆောက်ပေးခဲ့သော စစ်တွေ နာရီစင်)
သမ္မတရုံးဝန်ကြီးနှင့် ကာကွယ်ရေး ၀န်ကြီးတို့ စစ်တွေ မြို့မိ မြို့ဖ ၁၆ ဦးနှင့် တွေ့ဆုံ
======================================
စစ်တွေမြို့ကို  ရောက်ရှိနေတဲ့  သမ္မတရုံး ၀န်ကြီး ဦးတင်နိုင်သိန်းနဲ့  ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး ဝေလွင်တို့ဟာ ဧပြီလ ၁၉ ရက်နေ့ ညနေ ၆ နာရီကနေ ၈ နာရီကျော်ထိ  စစ်တွေ တပ်နယ်ရှိ ရမ္မာဝတီ ခန်းမမှာ စစ်တွေမြို့မိ  မြို့ဖ (၁၆) ဦးကို ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။

အဲဒီ အစည်းအဝေးမှာ အဓိက ဘာတွေကို ဆွေးနွေးခဲ့တယ်ဆိုတာကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဦးသန်းထွန်းကို မေးကြည်တဲ့ အခါ သူက အခုလို ပြောပါတယ်။
(နှစ် ၂၀၀ နီးခန့်ရှိ အင်္ဂလိပ်တို့ တည်ဆောက်ပေးခဲ့သော စစ်တွေ နာရီစင်)

(နှစ် ၂၀၀ နီးခန့်ရှိ အင်္ဂလိပ်တို့ တည်ဆောက်ပေးခဲ့သော စစ်တွေ နာရီစင်)

( ဦးတင်နိုင်သိန်းနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွှင်တို့က မြို့မိ မြို့ဖတွေကို ဒီဘင်္ဂလီတွေနဲ့ ပတ်သက်တဲ့ ပဋိပက္ခ အလွန်ကာလမှာ ဘယ်လိုပုံစံမျိုးနေထိုင်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး နည်းနည်း သူတို့ ပြောဆို ဆွေးနွေးတာတွေ ရှိပါတယ် ခင်ဗျား။ ပြောဆို ဆွေးနွေးတာတွေ ရှိတယ်ဆိုတော့ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတဲ့ နေရာမှာ ရောယှက် နေထိုင်ရေး မဟုတ်ဘဲနဲ့ လူမျိုးစု တစ်စုနဲ့ တစ်စုကြားမှာ (ဘင်္ဂလီနဲ့ ရခိုင်ကြားမှာ) သီးခြားနေထိုင်ကြဖို့ကိုဘဲ ဆွေးနွေးကြပါတယ်။)

“ ဟုတ်ကဲ့။ သမ္မတရုံး ၀န်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့က ဘယ်လို သဘောထားမျိုးနဲ့ နေထိုင် စေချင်တယ် လို့ ပြောဆိုပါသလဲ ခင်ဗျား”

( ဟုတ်ကဲ့ပါ။ ကာကွယ်ရေး ၀န်ကြီးရော၊ သမ္မတရုံး ၀န်ကြီးရော ကတော့ ဘင်္ဂလီနဲ့ ရခိုင်တွေဟာ အခုအချိန်မှာတော့  ဘယ်လိုဘဲ ဖြစ်ဖြစ် ဖိအားပေး အတူ ရောယှက်နေထိုင်ခိုင်းရင်လည်း ပြဿနာက မလွဲမသွေပေါ်လာမှာကို သူတို့ သိတဲ့ အတွက်ကြောင့် ဘာခေါ်မလဲဆိုတော့ ရောထွေးနေထိုင်တာမျိုး မဟုတ်ဘဲနဲ့ လူမျိုးစု တစ်စုနဲ့ တစ်စု အကြားမှာ သီးခြားစီ ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်တဲ့ ဆန္ဒတွေ ရှိကြပါတယ်။)

“ စစ်တွေမြို့က မြို့မိ မြို့ဖတွေဘက်က သဘောထားက ဘယ်လိုရှိပါသလဲ″

( မြို့မိ မြို့ဖ ဆန္ဒကလည်း အဲဒီအတိုင်းပါဘဲ။ စစ်တွေ မြို့မိ မြို့ဖတွေကလည်း နဂိုကတည်းက ဒီသဘောထားကို ပေးထားပြီးသားပါ။ ဒီဘင်္ဂလီတွေနဲ့ ရခိုင်တွေဟာ ခုအချိန်မှာ ဘယ်လိုမှ အတူတူ ရောထွေးနေထိုင်လို့ မရတော့တာကြောင့် သူတို့နဲ့ သီခြားစီဘဲ နေလိုတဲ့ ဆန္ဒကို ပဋိပက္ခ ဖြစ်ကတည်းက ရှိတာပါ။ အဲဒီအတိုင်းဘဲ ကျွန်တော်တို့ တင်ပြတယ်။ အဲဒါကိုလည်း ၀န်ကြီးတွေက  စာနာ နားလည်ပါတယ်။)

“ နောက်တစ်ခုကပေါ့လေ သူတို့ကို အဆောက်အဦးတွေ ဆောက်ပေးမယ်။ အိမ်တွေဆောက်ပေးမယ်ဆိုတော့ စစ်တွေမြို့က လူတွေက ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ သူတို့ကို စိစစ်ပြီးမှ လက်ခံဖို့ ဆိုတာ တင်ပြ တောင်းဆိုထားတွေ ရှိပါတယ်။ အဲဒါတွေကို ခု အစည်းအဝေးမှာ တင်ပြတာတွေကော ရှိပါသလား”

( ဟုတ်ကဲ့ခင်ဗျား။ ကျွန်တော် ပြောပါမယ်။ သူတို့ကို အခုဆောက်ပေးမယ်ဆိုတဲ့ဟာာက မြေတွေသတ်မှတ်ပြီး  လုံးချင်း အိမ်ယာတွေ ဆောက်ပေးမှာ မဟုတ်ပါ။ သူတို့ကို ဒုက္ခသည် စခန်းတွေမှာလို သတ်မှတ်ပြီး တန်းလျားကြီးတွေ ဆောက်ပေးမှာ ဖြစ်တဲ့ အတွက် ရခိုင်တွေဘက်က ဒီကိစ္စ အပေါ် ကန့်ကွက်စရာ မရှိပါဘူး။)

“ ဒီနေ့ လုပ်တဲ့ အစည်းအဝေးမှာ ပေါ့လေ ဘာတွေ ထူးခြားမူတွေ ရှိပါသလဲ။ မှတ်မှတ်ရရ ဘာတွေ ထူးခြားမူတွေ ရှိတယ်လို့ ထင်ပါသလဲ”

( မှတ်မှတ်ရရ ထူးခြားမူ ရှိတာကတော့ စစ်တွေမြို့ပေါ်မှာ မကြာခင် လ၀က ကနေ လူဦးရေ စာရင်း ကောက်မယ့် အစီအစဉ်ရှိတယ်လို့ သူတို့ တင်ပြ ပြောဆိုပါတယ်။ လ၀က စကားနဲ့ ပြောရင် ဆွဲတင်စစ်လို့ ခေါ်တာပေါ။ ဆွဲတင်စစ်ကို မကြာခင် လုပ်မယ်လို့ ပြောပါတယ်။)

“ စစ်တွေမြို့မိ မြို့ဖ ဘက်က တက်ရောက်ခဲ့တဲ့သူတွေကို ပြောပြလို့ ရပါမလား”

( ရပါတယ်။ ဦးသာပွင့်၊ ဦးအောင်ကျော်သာ၊ ဦးသန်းထွန်း၊ ဦးရွှေကျော်သာ၊ ဦးလှသာထွန်း၊ ဦးစံကျော် အပါအ၀င် ၁၆ ဦး တက်ပါတယ်။)

“ စစ်တွေမြို့မိ မြို့ဖဘက်က တင်ပြတာတွေကို မရှိဘူးလား ခင်ဗျား”

( ရခိုင်မြို့မိ မြို့ဖဘက်က လိုချင် တာတွေနဲ့ တင်ပြခဲ့တာတွေကတော့  ရခိုင်တွေနဲ့ ဒီဘင်္ဂလီတွေဟာ ဘယ်လိုမှ ခုချိန်မှာ အတူနေထိုင်လို့ မရတာကြောင့် အတတ်နိုင်ဆုံး လောလောဆယ် လိုအပ်တဲ့ အချိန် ကာလ အတိုင်းအတာ တစ်ခုထိ ခွဲခြားထားခြင်း ဟာ ပဋိပက္ခ ထပ်မံ မဖြစ်ပွားဖို့  အတွက် အကောင်းဆုံး  ကိစ္စလို့ တင်ပြပါတယ်။ ပြန်ပြောရရင် ခွဲခြားထားတာဟာ အခုအချိန်မှာ အကောင်းဆုံး ဖြစ်ပါတယ်။  ဒါ့ပြင် အခုအချိန်မှာ ဘင်္ဂလီတွေဟာ အကြမ်းဖက်မူတွေ ထပ်မံ ပြန်လည် လုပ်ဆောင်လာနိုင်တယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ အတွက်ကြောင့်  စစ်တွေမြို့မိ မြို့ဖတွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် စီမံဆောင်ရွက်ပေးဖို့  တောင်းဆိုတာတွေ ရှိပါတယ်။ စစ်တွေ မြို့လယ်ကောင် တည့်တည့်မှာ ရှိတဲ့ အင်ဘာလာ ရပ်ကွက် ကြောင့် အချိန်မရွှေး ပြဿနာတွေ ဖြစ်လာနိုင်တဲ့ အတွက် အစိုးရ ၀န်ကြီးများ အနေဖြင့် စဉ်းစားပေးသင့်တယ်လို့ တင်ပြကြပါတယ်။ အဲဒီရပ်ကွက်သာ မရှိရင် ရခိုင်နဲ့ ဘင်္ဂလီတွေ အကြား ပဋိပက္ခတွေ အလွန် နည်းသွားနိုင်တယ်လို့ တင်ပြကြပါတယ်။)

(အင်တာဗျူးတွင် ဖြေဆိုထားသည့် အတိုင်း တင်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။)
narajara

ရဲတိုက်နှင့်ဘာသာပြောင်းအင်တာဗျူး

ရဲရင့်ငယ်မင်းသားမလုပ်တော့ပါ

သက်မွန်လေးကြောင့်ပါ။ဒါရိုက်တာဝိုင်းနဲ့ရိုက်မယ့်ကားဆိုင်ထားပြီးမှဖျက်လိုက်ရပါတယ်။နုတ်ခမ်းချင်းတကယ်စုပ်ရမယ့်အခန်းပါနေလို့ပါတဲ့၊
နုတ်ခမ်းမစုပ်ပြလို့သူမရဲ့ပရိတ်ဿတ်လျော့သွားလိမ့်မယ်လို့မထင်ကြောင်းပြောဆိုခဲ့ပါတယ်။ဒါရိုက်တာဝိုင်းကမင်းသားမင်းသမီးနုတ်ခမ်းစုပ်
တဲ့ကားတွေဖန်တီးနေတာဆင်ဆာတော်လှန်ရေးလား၊ +18 ရိုက်ပြချင်တာလား၊ရှင်းရှင်းလင်းလင်းမသိရသေးပါ၊လူမင်းမိန်းမကလည်းမေး
မြန်းခန်းမှာအိမ်ထောင်အပေါ်သစ္စာရှိဖို့လိုပါတယ်လို့သတိပေးပြောဆိုနေခဲ့ပါတယ်။

ပရိတ်ဿတ်ဖက်ကအမြင်(ရဲရင့်ငယ်အမြင်)ပြောရရင်ဟိုးအရင်ထဲကကားတွေမှာပန်းအိုးလေးလဲသွာံးရင်ဖိနပ်လေးပြောင်းပြန်လန်သွားရင်ဒါ
မင်းသားမင်းသမီးကိစ္စပြီးသွားပြီလို့ဇာတ်လမ်းအရသိရမယ်၊ဒါဆိုဇာတ်လမ်းကိုဆက်သွားလို့ရပြီ၊မြန်မာ့ဓလေ့အရလည်းအမြင်မရိုင်းဖူးပြောလို့
ရတယ်။ +18 ကြည့်ချင်ရင်အခွေတွေ၊အွန်လိုင်းတွေမှာပေါသောလို့ပါ၊နိုင်ငံခြားကားလား၊မြန်မာကားလားကြိုက်တာကြည့်လို့ရပါတယ်။

ဟောလိဝုဒ်မှာတောင်လိုအပ်တာထက်အချိန်ကြာအောင်နုတ်ခမ်းစုပ်လို့မင်းသမီးနဲ့သူ့ယောကျာင်္းစကားများတာမှတ်သားဖူးပါတယ်။
kISsInG ဟာသူတို့ဆီမှာတောင်အဲ့လိုရှိရင်မြန်မာမှာလည်းအိမ်ထောင်ရေးပြဿနာတွေရှိလာနိုင်ပါတယ်။

မရိုက်ရဖူးမပြောပါဖူး +18 ရိုက်ပြချင်တယ်ဆိုရင်လည်းသီးသန့်ရိုက်ပါ၊ Don't care ပဲဆိုတဲ့မြန်မာအပြာမင်းသားမင်းသမီးတွေနဲ့ရိုက်ပါ၊
အားပေးဖို့အသင့်ပါ၊သာမန်အိမ်ထောင်ရေးနဲ့အချစ်ကားတွေမှာအရင်ကလိုပဲဟန်ပြလောက်ပဲမိသားစုအတူတူထိုင်ကြည့်လို့ရတဲ့အနေ
အထားလောက်ပဲရိုက်သင့်ပါတယ်။ဆင်ဆာတော်လှန်တာလား၊မြန်မာ့ယဉ်ကျေးမှုကိုတော်လှန်တာလားဒါရိုက်တာဝိုင်းနဲ့အခြားဒါရိုက်တာများ
လည်းရှင်းရှင်းလင်းလင်းရှိသင့်ပါတယ်။ဒီခေါက်ရိုးကျိုးသွားရင်နုတ်ခမ်းမစုပ်ချင်တဲ့သရုပ်ဆောင်တွေကိုဒါရိုက်တာတွေကကျဉ်ထားတာခံရတာ
တွေပါမလိုအပ်ပဲရှိလာနိုင်ပါတယ်။စားဝတ်နေရေးပါထိခိုက်နိုင်ပါတယ်၊
ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်မြန်မာ့ရုပ်ရှင်အစည်းအရုံးမှာမဲပေးရင်မှတ်တဲ့ဆိုင်းဘုတ်ရှိပါတယ်။

နူတ်ခမ်းစုပ်တာ၊ဖိုမဆက်ဆံခန်းရိုက်ပြတာ၊ပေါင်ပေါ်တင်ထိုင်ပြီးအနောက်ကဖက်ထားတာ၊ Available ဖြစ်သူများ။
===========================================================

ဆိုတဲ့ခေါင်းစဉ်အောက်မှာစာရင်းပေးထားတဲ့မင်းသားမင်းသမီးတွေကိုပဲ +18 အတွက်ဆက်သွယ်ပါ၊ကျန်တဲ့ Genaral ကားတွေပဲရိုက်ချင်တဲ့
မင်းသားမင်းသမီးတွေလဲအနှောက်အယှက်မဖြစ်တော့ဖူးပေါ့။
ဒါကတော့အရင်ကပို့စ်လေးပါ။
(ဖေချစ် ပြီးတော့ )....မြန်မာပြည်ပြန်မယ်...မင်းသားလုပ်မယ်...
အခုကတော့ရဲရင့်ငယ်လဲမင်းသားမလုပ်ချင်တော့ပါ၊

********************************************************************************************

သက်မွန်မြင့် နေရာတွင် အနမ်း ခံလိုသော မြန်မာ sexy မင်းသမီး ဖွေးဖွေး သရုပ်ဆောင်မည်
__________________________________________________________________
Tuesday, January 01, 2013 အနုပညာသတင်း

နမ်း ရမည့် ဇတ်ဝင်ခန်း ကို မရိုက်နိုင်၍ နှုတ်ထွက် သွားသော သက်မွန်မြင့် နေရာတွင် အနမ်း ခံလိုသော မြန်မာ sexy မင်းသမီး ဖွေးဖွေး
သရုပ်ဆောင်မည် နမ်း ရမည့် ဇတ်ဝင်ခန်းကို မရိုက်နိုင်သောကြောင့် နှုတ်ထွက်သွားသော သက်မွန်မြင့် နေရာတွင် အနမ်းခံလိုသော
ဖွေးဖွေး သရုပ်ဆောင်မည် ဟု သတင်းရရှိပါတယ်။ မင်္ဂလာဦးညမှာ နှစ်ယောက်သား ကုတင်ပေါ်မှာ အကျီချွတ်နှင့် စောင်ခြုံထားချိန်
ကောင်လေးကို နမ်းပြီး မုန်းတဲ့ စကားပြောတာကို ရိုမန်တစ် ဖြစ်အောင် ရိုက်ပြ မယ်လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။ အဲဒီနောက်မှာ
မင်းသမီးသက်မွန်မြင့် မှ ပါးနမ်းတဲ့ အခန်းထိ ရိုက်ပေးမယ်။ ကျန်တဲ့ နှုတ်ခမ်းချင်း နမ်းပြီး လျှာသပ်တာ၊ ကောင်လေး အကျီင်္ကို ဆွဲဖြဲပြီး
နှလုံးသားနေရာကို နမ်းတာ၊ အဲဒါတွေတော့ သက်မွန် မလုပ်နိုင်ဘူးလို့ ပြောခဲ့တဲ့ အကြောင်း ဂျာနယ်များမှ ဖော်ပြခဲ့ပါတယ်။ သက်မွန်မြင့်
မှ ပြင်းပြင်းထန်ထန် ငြင်းဆန်နေသဖြင့် ရုပ်ရှင်လောကတွင် ရက်ရော သည်ဟု နာမည်ထွက်နေသော ဖွေးဖွေးကို ဒါရိုက်တာ ဝိုင်းမှ
သက်မွန်မြင့်နေရာတွင် အစားထိုးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် "ကျွန်မ ကနှင်းဆီပါမောင်" ဇာတ်ကားကိုလည်း နေတိုးနဲ့
အတူ သရုပ်ဆောင်ဖို့ ရှိကြောင်း ပြောတဲ့ ဖွေးဖွေး ကို ဒီဇာတ်ကားလေးကို ဘယ်လို ကြောင့် လက်ခံဖြစ်သွား လဲဆိုတာကို မေးကြည့်တော့..
"ဒီကားလေးက ဇာတ်လမ်း တအားကောင်းတယ်။ ဖွေးဖွေးလည်း လုပ်နိုင် တယ်လို့ ထင်တယ်။ ကိုဝိုင်းက ကိုယ့်ရဲ့ဆရာထဲက တစ်ယောက်
လည်း ဖြစ် တယ်။ ကိုဝိုင်းသာရိုက်မယ်ဆိုရင် တော့ လုပ်ရဲပါတယ်။ ကိုဝိုင်းကို ယုံကြည် တာလည်း ပါတယ်။ ဇာတ်လမ်းကိုလည်း ဖွေးဖွေးကြိုက်
တယ်" လို့ ပြောပါ တယ်။ ဒါရိုက်တာဝိုင်းကတော့ " ပရိသတ်က ဇာတ် ကားထွက်ပြီးမှ ဒါရိုက်တာက တော် တော်မိုက်ရိုင်း တဲ့ကောင်လို့ပြောရင်
လက်ခံမှာပါ။မရိုက်ကူးခင်မှာ ဘေး က ဝေဖန်တာမျိုး ကိုတော့ လက်မခံ နိုင်ဘူး။" လို့ ဆိုပါတယ်။ ဆင်ဆာဌာန ဖြတ်သိမ်းပြီးနောက် မြန်မာ
ကားအများစုတွင် ၁၀ ကားထွက်လျှင် ၅ ကားမှာ သရဲ ကားဖြစ်နေပြီး ဇတ်လမ်းအများအပြားမှာ မိဘ နှင့် သားသမီး အတူ မကြည့်သင့်သော
လိင်အသားပေး ဇတ်လမ်းအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါရိုက်တာ ဝိုင်း ဆိုသည်မှာ အနုပညာ နယ်ပယ်က အဲဒီအခန်းဖြတ် ဆိုတဲ့
ဆုရ ဒါရိုက်တာကြီးနဲ့ အကယ်ဒမီ မင်းသမီးတို့က ဒီလို ယဉ်ကျေးမှုတွေ အကြောင်း ပြော ကာ လူသိများလာသူ တစ်ဦးဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု
ထိန်းသိမ်းလိုသူများကတော့ ဒါရိုက်တာဝိုင်း နှင့် မင်းသမီး ဖွေးဖွေး တို့ကို စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။

http://maruthura.blogspot.ca/2013/01/sexy.html

ဗကသဥက္ကဌ ကျော်ကိုကိုစွံပြီ

မြန်မာဓိက's photo

ဗကသဥက္ကဌ ကျော်ကိုကိုစွံပြီ
မန္တလေး၊ ဧပြီ-၂၁
    ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌကျော်ကိုကိုနဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မေမြတ်မျိုးဦး တို့ရဲ့ မင်္ဂလာပွဲကို ဒီနေ့မနက် (၇)နာရီမှ (၁၁)နာရီထိ စစ်ကိုင်းမြို့အောင်ထူးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
   ရန်ကုန်သား ကျော်ကိုကိုနဲ့ စစ်ကိုင်းသူ မေမြတ်မျိုးဦးတို့ဟာ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများအတွင်း အတူဖြတ်သန်းရင်း ဖူးစာဆုံခဲ့ကြတာဖြစ်ပါတယ်။
   ဒီမင်္ဂလာပွဲကို ရန်ကုန်၊မန္တလေး၊စစ်ကိုင်းမြို့များမှ နိုင်ငံရေးရဲဘော်များ၊ မိတ်ဆွေများ၊ ဗကသ(အထက်ဗမာပြည်)နဲ့ ခရိုင်ကျောင်းသားသမဂ္ဂ အသီးသီးမှ လုပ်ဖော်ကိုင်ဖက်များ စုံစုံညီညီ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။

Yangon Thingyan Festival 2013, In Myanmar

MC Page

ဘော်စတွန်ဗုံးတရားခံ ဒဏ်ရာပြင်းထန်

ဗွီအိုအေ (မြန်မာဌာန)

20.04.2013
ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်တယ်လို့ သံသယရှိခံရသူ Dzhokhar Tsarnaev ဟာ ထိခိုက်ဒဏ်ရာရမှုကြောင့် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပြီးတော့ ဘော်စတွန်မြို့က ဆေးရုံမှာ အစောင့်အကြပ် ထူထူထပ်ထပ်နဲ့ ရှိနေပါတယ်။ ၂၄ နာရီကြာ ရဲက လိုက်ရှာပြီးတော့မှ ရဲက သူ့ကို ဘော်စတွန်မြို့ ဆင်ခြေဖုံးတခုမှာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးမိတုန်းက သွေးထွက်လွန်နေပြီဖြစ်တဲ့ Dzhokhar Tsarnaev ကို သူနဲ့သူ့အစ်ကို ဘာကြောင့် ဗုံးခွဲရလဲဆိုတာကို မေးခွန်းကို ပြန်ဖြေနိုင်တဲ့အနေအထားမှာ မရှိဘူးလို့ စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။ သူ့ကို ဘာအမှုနဲ့ တရားစွဲမလဲဆိုတာ ပြည်ထောင်စုအစိုးရရှေ့နေတွေ စဉ်းစားဆုံးဖြတ်နေကြဆဲ ဖြစ်ပါတယ်။ သူ့ကို တရားရုံးတင်ရင်လည်း ပြည်ထောင်စုအစိုးရက ပေးတဲ့ တရားခံရှေ့နေက ကာကွယ်လျှောက်လဲမယ်လို့ ရှေ့နေရုံးက ပြောပါတယ်။

ဗုံးခွဲသူနှစ်ဦးထဲက တဦး သေဆုံးသွားပြီးတော့ နောက်တဦးကလည်း ဖမ်းမိထားပြီဖြစ်လို့ ဘော်စတွန်ဒေသခံတွေလည်း တပတ်အတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ စနေနေ့ကတော့ စိတ်အေးချမ်းသာရှိသွားကြတာ တွေ့ရပါတယ်။

OIC ရုံးဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ သဘောထား

(OIC ကိစ္စနှင့်ပတ်သက်ပြီး ဖြေကြားချက် အပြည့်အစုံ)
----------------------------------------------------------
တစ်အချက်က OIC ကိစ္စ။ OIC ကိစ္စနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ခုနကလို ဒီဆူပူမှုပဋိပက္ခပေါ့။ ဒါတွေကတော့ ကျနော်တို့အားလုံးသိပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဆူပူမှုပဋိပက္ခနှင့်အတူ ခုနလို သေဆုံးတာတွေဒဏ်ရာ ရတာတွေဟာ တခြားဖြစ်စဉ်တွေနှင့် ယှဉ်ရင်တော့သိပ်ပြီးတော့ ကျနော်တို့ ဒါများများစားစားမရှိလှဘူးလို့ ဒီလိုပြောရမှာ ဖြစ်ပါတယ်။ သို့သော်လည်းခုနကလိုမီးရှို့တာကြတော့ ရွာတစ်ရွာမှာ ခုနလိုတစ်အိမ်မီးရှို့ဆိုရင်သက်ကယ်နဲ့ ဓနိနဲ့ နေနေကြတဲ့အိမ်တွေဆိုတော့ အကုန်လောင် တာပါဘဲ။ အဲဒီတော့ မီးရှို့တဲ့အတွက်ကြောင့် ခုနလိုအိုးမဲ့အိမ်မဲ့ဖြစ်တာတွေက ကျနော်တို့များပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်တဲ့အတွက်ကြောင့် ဘာလုပ်ရလဲဆိုတော့ ကျနော်တို့ ဒီလူတွေကို ထမင်းကျွေးထားရ ပါတယ်။ သူတို့ကိုကျွေးထားတဲ့စရိတ်က ဘယ်လောက်ကုန်တယ်ဆိုရင် တစ်နေ့တစ်နေ့ကို ဒေါ်လာတစ်သန်းဖိုး လောက် ကျနော်တို့ ကုန်ပါတယ်။ ဒေါ်လာတစ်သန်းဖိုးလောက် ကုန်ပါတယ်။ အဲဒီတော့ ဒေါ်လာတစ်သန်းဖိုး လောက်ကုန်တဲ့ဟာကို အစိုးရကလည်းစိုက် မပေးနိုင်ဘူး။ ပြည်သူလူထုအကူအညီနဲ့လည်း ဒီလောက် အကုန်ခံကျွေးနိုင်တဲ့ အနေအထား မရှိဘူး။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ ပြည်ပကအကူအညီတွေကို ကျနော်တို့က လူသားချင်းစာနာတဲ့ ကူညီမှုဆိုတာနော် ဒါတွေကို ကျနော်တို့လက်ခံရပါတယ်။ အဲဒီတော့ လူသားချင်းစာနာတဲ့ အကူအညီတွေလက်မခံဘူးဆိုရင် ကျနော်တို့ ခုနလို လူမဟုတ်ဘူးဆိုပြီးတော့ စွပ်စွဲကြတော့မှာ။ ဒါကတော့တစ်ကမ္ဘာလုံး လက်ခံရတဲ့ကိစ္စပါ။

အလားတူပါဘဲ ကျနော်တို့ OIC နဲ့ ပတ်သက်ပြီး တော့လည်း ကျနော်တို့ ဒါ ဘာသာရေးအရ မခွဲခြားပါဘူး။ လူမျိုးအရ မခွဲခြားပါဘူး။ လူသားချင်းစာနာတဲ့ အကူအညီတွေ ကျနော်တို့ ပေးချင်ပါတယ်။ ပေးလည်း ပေးခဲ့ တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဆက်သွယ်ဆောင်ရွက်ဖို့ဆိုပြီးတော့ ဒီလိုခုနလို OIC နှင့် စာချုပ်တာမဟုတ်ပါဘူး။ OIC ထဲမှာပါဝင်တဲ့ဌာန တစ်ခုအနေနှင့် ခုနကလို ဒီနယ်စပ်ဒေသဝန်ကြီးဌာနအောက်က ဌာနတစ်ခုနဲ့ စာချုပ်ကြတာဖြစ်ပါတယ်။ စာချုပ်တာကတော့ ခုနကပြောသလို ကျနော်တို့ ရန်ကုန်မှာ ဒီ OIC ရုံးဖွင့်မယ်တို့၊ နောက်တခါ စစ်တွေမှာ OIC ရုံးဖွင့်မယ်တို့ ဒါတွေဟာ စာချုပ်ထဲမှာလုံးဝမပါပါဘူး။
ဒါလူတွေရဲ့ကောလဟာလတွေပါ။ ဟိုပြောဒီပြော နဲ့ ဒီလိုပြောနေတဲ့ဟာတွေပါ။

ဒါကြောင့်မို့ ကျနော်တို့ ဒီကောလဟာလတွေကို ဒါတွေဟာကျနော်တို့ ဟိုဒင်း မဖြစ်ပါဘူး။ ဘယ်သူကမှလည်း ခုနလို ဒီစာချုပ်ကို သေချာလည်းဖတ်ပြီးတော့ ပြောတာလည်းမဟုတ်ပါဘူး။ ကျနော်တို့ သိပါတယ်၊ စာချုပ်ထဲမှာ ခုနပြောသလိုရန်ကုန်မှာဖွင့်မယ်တို့၊ စစ်တွေမှာဖွင့်မယ်တို့ ဆိုတာလုံးဝ ကျနော်တို့ မပါပါဘူး။ အကယ်၍ ဖွင့်ဖို့ရှိတယ်ဆိုရင်တောင်မှ ကျနော်တို့အစိုးရအနေနဲ့ တားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူကမလိုလားဘူး။ ပြည်သူမလိုလားတဲ့အတွက်ကြောင့် ကျနော်တို့က တားဆီးသွား မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနလို ပြည်သူတွေအနေနဲ့ မစိုးရိမ်ပါနဲ့၊ ဒါကိုကျနော်တို့ အစိုးရအနေနဲ့ တာဝန်ယူပါတယ်။ ဒါတွေကျနော်တို့ လုံးဝဖွင့်ခွင့်မပြုပါဘူးဆိုပြီးတော့ ဒီလိုကြေညာတာဖြစ်ပါတယ်။

View Original Source : http://www.president-office.gov.mm/zg/briefing-room/press-conferences/2012/10/21/id-2646

၁၅၀၀ကျပ်တန် CDMA 800 MHz ဖုန်းကတ်လျှောက်ထားသူ မဲနှိုက်ရွေးချယ်

The Voice Weekly

ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ် (က) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဧပြီလ ၂၁ရက် နံနက် ၉နာရီခွဲ ခန့်က ၁၅၀၀ကျပ်တန် CDMA 800 MHz ဖုန်းကတ်လျှောက်ထားသူ ၉၃၅ဦးထဲမှ ၁၈၉လုံးကို မဲနှိုက်ရွေးချယ် ပေးနေစဉ်။

မုံရွာမြို့တွင် ဖုန်းကတ်လျှောက်ထားသူ ၅၅၀၀ခန့် ရှိသည့်အနက် ဖုန်းအလုံးရေ ၃၆၀၀ ကို ယနေ့ ဧပြီလ၂၁ရက် နံနက်ပိုင်းတွင် မြို့တော်ခန်းမ၌ မူလတန်း ကလေးငယ်များက မဲနှိုက်ရွေးချယ်ပေး ခဲ့သည်။

ကျည်ဆံအစစ်ဖြင့်တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်ရဲ့သား

ခွန် ဒီးယမ်
11 minutes ago

ရန်ကုန်မြို့ပေါ်မှာ လက်နက်ကိုင်ဆောင်နေသော အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်ရဲ့သား စည်သူထွဋ်။ သေနတ်က ကျည်ဆံအစစ်ဖြစ်။ ရန်ကုန်မှာအသောင်းကျန်းဆုံး နာမည်ကြီး ပြိုင်ကားဂိုဏ်း double black diamond (DBD) ဖွဲ့ထားကြောင်းသိရ။