Tuesday, April 23, 2013

ကျွန်တော်သတိပေးချင်တယ်

မိထ္တီလာရုပ်သံဖိုင်တွေကိုဘယ်ဖက်ကပဲဖြစ်ဖြစ်မတင်ဖို့ကျွန်တော်သတိပေးဖူးတယ်။
ဘီဘီစီကဖေ့ဘွတ်ပေါ်ကဟာတွေယူတင်တာ....ဖေ့ဘွတ်ပေါ်ရောက်လာသမျှပုံတွေ
ကရဲကိုကာဗာယူရိုက်ထားတဲ့ပုံတွေ။။ရဲ(သို့)မြန်မာတယောက်ယောက်ရိုက်ထားတဲ့ပုံ
တွေ....အဲ့လိုနေရာမှာဘယ်ကုလားမှရုပ်သံလာမရိုက်ရဲတာတော့အသေအချာပါ။

မြန်မာနိုင်ငံမှာကုလား-ဗမာအထိကရုဏ်းကဒီတခါထဲမဟုတ်ပါဖူးအရင်ထဲကလဲဖြစ်ခဲ့
ဖူးတယ်။ဖြစ်ပြီးသွားတဲ့နောက်ငြိမ်းချမ်းအောင်ဘာဆက်လုပ်မယ်ဆိုတာပဲစဉ်းစားသင့်
တာ၊ဒီရုပ်သံဖိုင်တွေဖြန့်တော့ဘာအကျိုးဖြစ်လဲ...ကုလားနဲ့ဗမာနာကျည်းပြီးထပ်ချရော
လား??? ဘီဘီစီကယူပြီးဝါဒဖြန့်တာခံရတာပဲအဖတ်တင်တာမဟုတ်လား။မြန်မာအစိုး
ရရှင်းရတာနဲနဲပိုတာကလွဲလို့ဂရုတော့စိုက်ပုံမရပါ။အချိန်ကိုက်ရောက်လာတဲ့အင်ဒို
သမ္မတကလည်းစင်္ကာပူမှာလားရခိုင်ပြည်နယ်ကဘင်္ဂလီတွေအတွက်မြန်မာပြည်ရောက်
ရင်ပြောမယ်ဆိုပြီးတွေ့တာကတော့အရောင်းအ၀ယ်စာချူပ်တွေချည်းပဲလက်မှတ်လှိမ့်
ထိုးနေတော့တာပဲ။ဒါပဲလေ...သူနိုင်ငံအရှုပ်အရှင်းထက်ကိုယ့်နိုင်ငံအကျိုးအမြတ်က
အဓိကကျတာကလား။

တဆက်ထဲRULE OF THE LAW ကြီးကနောက်ပိုင်းပြဇာတ်ကြီးလား၊ညဦးထဲကအားပေး
နေတာမနက်လင်းတော့မယ်ရောင်နီတောင်သန်းနေပြီ၊ထွက်ပါတော့ဗျို့....လို့အော်ရမ
လိုဖြစ်နေပြီ၊အရင်ဆုံးထိပ်ကကြိတ်ခံရတာအမေစု...အတည်ပြုပြဌာန်းတာမရှိပဲကြိုပြီး
မှတ်ချက်ပေးလို့မရဖူးလေ....လူဗြိန်းအတွေးလောက်နဲ့နုတ်ဆိတ်နေပါတယ်စွတ်စွဲ
ချက်တွေကလိုတာမရရင်ထိပ်ပေါ်တင်ခဲ့ဖူးတာတောင်ချနင်းချင်ဆိုသလိုဖြစ်နေတယ်။
ဒုက္ခသည်စခန်းမှာရိက္ခာမမှန်ဖြစ်နေတာဘယ်လိုကူညီမယ်စိတ်မကူးပဲတိုင်းရင်းသား
ဖြစ်ရေးတကျည်ကျည်လုပ်နေသူတွေကရှိသေး....။

၈၈ခေါင်းဆောင်တွေကိုတိုက်ခိုက်တာတွေလည်းအချိန်ကိုက်ထွက်ပေါ်လာတယ်။
ဘယ်၈၈ခေါင်းဆောင်ကမှ...မွတ်ကိုချစ်တယ်..မွတ်ကိုတွယ်တာတယ်...မွတ်..မွတ်..
မွတ်...ဆိုပြီးပြောဖူးလို့လဲ...နိုင်ငံကိုဦးဆောင်ချင်သူတွေဆိုတာလက်လွတ်စပယ်
မုန်းတီးရေးစကားပြောလို့မရဖူး။ပြောခိုင်းလည်းပြောမှာမဟုတ်ဖူး။ဘယ်သူတွေကတိုက်
နေတာလဲ..အမေစုနဲ့၈၈တွေကို.....?????

လာပါပြီ၉၆၉အလှည့်....။
ဗမာအချင်းချင်းယူစေချင်တာ၊ဗမာဆိုင်ပဲဝယ်စေချင်တာကိုဗမာတွေ(သိအောင်)လုပ်တာ
ကလုပ်ပါ။သူ့ဖာသူကုလားဆိုင်မှာကွမ်းယာဝယ်နေတာကိုသွားခြိမ်းခြောက်တာလုပ်ခွင့်မ
ရှိပါဖူး၊ရာဇ၀တ်မှုမြှောက်ပါတယ်။အစိုးရသွားတိုင်လဲဥပဒေမထွက်သေးဖူးပဲပြောမှာပဲထင်
တယ်။ဒါတွေကလတ်တလောဖြစ်နေတာတွေပါ....ရှေ့ရေးတွေးရင်တော့ရင်မောစရာတွေ
အများကြီးပါ။

၁။ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေး၊
၂။ဥပဒေပြဌာန်းချက်တွေရယ်တရားစီရင်ရေးရယ်တိတိကျကျဖြစ်ရေး၊
၃။ဖက်ဒရယ်ရောပြည်နယ်မှာပါလွှတ်တော်အခန်းကဏ္နပီပြင်ရေး။
၎။ဖွဲ့စည်းပုံပြင်ရေး
===================================
အဲဒါတွေကမြန်မာနိုင်ငံမှာပဲလိုနေတာ....အခြားဒီမိုကရေစီစစ်စစ်နိုင်ငံတွေကပီပြင်နေပြီ။

နံပါတ်၅။အချက်ဖြစ်တဲ့တိုင်းပြည်တိုးတက်ရေးတခုပဲ..အစိုးရရော၊အတိုက်အခံ
တွေပါအာရုံစိုက်စရာပဲလိုတယ်....မြန်မာပြည်ကတစ်ကစရမှာဆိုတာအဲ့ဒါ....။

အမေစုအနေနဲ့ဒီလိုတစ်ကစရမယ့်အချိန်အာဏာမရှိပေမယ့်ပါဝါရှိတယ်ဆိုပြီး
လွှတ်တော်ထဲဘူးခံတိုက်နေလို့ဘာမှဖြစ်လာမှာမဟုတ်မှန်းသိတယ်။ဒါကြောင့်
ပူးပေါင်းပေးတာ...။အစိုးရ၊ကြံဖွတ်ရိုးသားဖို့လိုပါတယ်။ကျွန်တော်ထပ်သတိပေး
ချင်တယ်...ရိုးသားပါ...ရိုးသားပါ...ရိုးသားပါ...။
ကျွန်တော်တို့တွေစောင့်ကြည့်ပေးနေတယ်။အမေစုအစိုးရရာထူးမရှိပေမယ့်အစိုးရ
အဖွဲ့ဝင်တယောက်လုပ်ရမယ့်တာဝန်တွေထမ်းဆောင်ပေးနေတာကိုချနင်းဖို့စိတ်ကူး
ထဲတောင်မထည့်သင့်ပါဖူး။အစိုးရတရပ်နဲ့လွှတ်တော်အနေနဲ့နိုင်ငံသားပြုမှုနဲ့
စိစစ်မှုတွေအမြန်ဆုံးသတ်မှတ်ဖေါ်ဆောင်သင့်နေပါပြီ။ဆိတ်ဖွားရှာတော်ပုံကနိုင်ငံ
လူဦးရေသန်းခြောက်ဆယ်ထက်အရေးကြီးမနေပါနဲ့။။

ရဲရင့်ငယ်
(၄။၂၃။၂၀၁၃)

ပြည်မြို့တွင် စုံတွဲတစ်တွဲကို စစ်သားသုံးယောက်က လူသတ်ပစ္စည်းလု

By Pon Nya

၂၃.၄.၂၀၁၃ ရက်နေ့ ည ၈း၃၀ ခန့်အချိန်၌ ပြည်မြို့ န၀ဒေးတံတားအောက်ရှိ ရှုခင်းသာတွင် စုံတွဲတစ်တွဲကို စစ်သားသုံးယောက်မှ
လုယက်မှုဖြစ်ပွားခဲ့ပါတယ်။ ကောင်လေးကတော့ လည်ပင်းကို လိမ်ချိုးခံထားရပြီး ရေထဲသို့ ပြုတ်ကျနေပါတယ်။ ကောင်မလေးသည်
ကြောက်လန့်အော်ဟစ်သဖြင့် အနီးအနားရှိ ရပ်ကွက်သူ ရပ်ကွက်သားများက ရောက်ရှိလာသဖြင့် စစ်သားသုံးယောက်ထွက်ပြေး
သွားကြပါတယ်။ ရဲစခန်းသို့အကူအညီတောင်းရာ အမှတ်(၂) စခန်းမှ တာဝန်ကျ ဒုရဲအုပ် ဆန်းဦးနှင့် ရဲများရောက်ရှိလာပြီး တရားခံကို
လိုက်လံရှာဖွေကြပါတယ်။ ရပ်ကွက်ထဲမှ လူများနှင့် ရဲများ၏ ရှာဖွေမှုကြောင့် ထွက်ပြေးသွားသော စစ်သားသုံးယောက်ထဲမှ နှစ်ယောက်ကို
ဖမ်းမိပါတယ်။ တရားခံများသည် လက်နက်များလည်း ကိုင်ဆောင်ထားကြပါတယ်။ ထိုအချိန် စစ်ဗိုလ်တစ်ဦးရောက်ရှိလာပြီး တပ်ပြေးများ
လိုက်လံဖမ်းဆီးနေတာ ယခု တော့ မိပြီဆိုပြီး အဖမ်းခံထားရသော စစ်သားနှစ်ယောက်ကို ရဲလက်ထဲမှ တောင်းရမ်းပါတယ်။ ဒါ ရဲမှုခင်းဖြစ်
တယ်လို့ပြောပေမယ့် စစ်တပ်နဲ့သာဆိုင်တယ်ဆိုသဖြင့် တရားခံနှစ်ဦးလွှဲပြောင်းပေးလိုက်ရပါတယ်။ ကောင်လေးအလောင်းကို ရေထဲတွင်
ရှာဖွေတွေ့ရှိပြီး လည်ပင်းလိမ်ချိုးထားသော ဒဏ်ရာကြောင့် သေဆုံးသွားပြီဖြစ်ပါတယ်။ မြို့သူမြို့သားများသည် တပ်မတော်သားများ မြို့
လယ်ခေါင်တွင် လက်နက်ဖြင့် အနုကြမ်းစီး ဓါးပြတိုက် လူသတ်ခဲ့တဲ့ ဖြစ်ရပ်အတွက် မကျေနပ်နိုင်ကြပဲ ညတွင်း ချင်းပင် အမှတ်(၂) ရဲစခန်း
တွင် စုရုံးကြကာ တရားခံများအား ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးကတော့ မည်သူပင်ဖြစ်စေ
ပြစ်မှုကျူးလွန်သဖြင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

အိမ်နီးချင်းဖြစ်ပွားသည့်ရန်ပွဲကို ၀င်ရောက်ဖျန်ဖြေရာမှ သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရ

ဓါတ်ပုံ- (၁)လူများထိုင်နေတာသည် ဒေါ်မြင့်မြင့်သန်း အိမ်ဖြစ်ပြီး၊ ပိတ်ထားတာသည်မှာ ဦးတင့်လွင်အိမ်ဖြစ်ပါသည်၊ (၂) ပြည်သူရဲများ တာဝန် ထမ်းဆောင်နေကြပုံ

April 23, 2013

လှိုင်သာယာမြို့နယ် အမှတ် (၆)ရပ်ကွက် အောင်စန္ဒာလမ်း တွင် ဧပြီ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်အချိန်က အိမ်နီး ချင်းဖြစ်ပွားသော ရန်ပွဲတစ်ခုအား သံဃာတစ်ပါးက ၀င်ရောက်ဖျန် ဖြေပေးရာမှ အဆိုပါသံဃာမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိ သွားကြောင်း သတင်းရရှိသည်။
အဆိုပါနေ့ နံနက်ပိုင်းက အောင်စန္ဒာလမ်း အဆောင်(၄)၊ အခန်း(က)တွင် နေထိုင်သော ဒေါ်မြင့်မြင့်သန်းနှင့် ၎င်း၏ ကပ် ရပ်အခန်းနေ ဦးတင့်လွင်တို့သည် ဦးတင့်လွင်၏နေအိမ်တွင် ကွန် ကရစ်ခင်းသည့်ကိစ္စနှင့်ပတ်သက် ၍ နှစ်ဦးနှစ်ဖက် စကားများခဲ့ကြ ကြောင်း အဆိုပါစကားများသည့် ကိစ္စအား မြေပိုင်ရှင်လာရောက်မှ ဖြေရှင်းကြရန် အိမ်နီးနားချင်းများ မှ ၀ိုင်းဝန်းပြောကြားခဲ့သော ကြောင့် ရန်ပွဲပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ညနေ ၄ နာရီ ကျော်ခန့်တွင် ဦးတင့်လွင်၏ဇနီး က နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပြဿနာနှင့်ပတ်သက်၍ ၎င်းင်း၏ နေအိမ်ရှေ့သို့ထွက်ကာ ပတ်ဝန်း ကျင်သို့ မကြားဝံ့မနာသာ ပြော ဆိုနေသောကြောင့် ဒေါ်မြင့်မြင့် သန်း၏ အစ်မဖြစ်သူနှင့် စကား များလုံးထွေး ရန်ဖြစ်ကြကြောင်း၊ ယင်းသို့ ဖြစ်ပွားနေစဉ် ဦးတင့်လွင် ၏သားဖြစ်သူ ဇင်မျိုးလတ်(ခေါ်) အရွတ်မန်းမှ ဓားကိုင်၍ ရောက်ရှိ လာသောကြောင့် နေပြည်တော် ပုဗ်္ဗသီရိမြို့နယ် မှန်ကင်းကျောင်း တိုက်မှ ကြွလာပြီး ရန်ပွဲဖြစ်ပွား သည့်နေအိမ်ရှေ့ရှိ အိမ်တစ်အိမ် တွင် ခေတ္တသီတင်းသုံးနေသော ဆရာတော်ဦးညာန်္ဒိမှ ၀င်ရောက် ဖျန်ဖြေစဉ် ဆရာတော်၏ ၀မ်း ဗိုက်နှင့် တံတောင်တို့တွင် ဒဏ်ရာ အနည်းငယ်ရရှိသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ““ဒီကိစ္စ စဖြစ်တော့ ဦးတို့က အဲဒီနားက မာရ်အောင် ဓမ္မာရုံမှာ တန်ဖိုးနည်းဖုန်းကတ် တွေမဲနှိုက်ပေးနေတော့ ပြဿနာ ကိုအချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါ တယ်။ ဘာပဋိပက္ခမှလည်း မဖြစ် ဘူး။ အခု အဲဒီမိသားစုကို ရဲစခန်း မှာ ထိန်းသိမ်းထားတယ်။ အမှု လည်းဖွင့်ထားတယ်။ ဆရာတော် ကတော့  အခု မြို့နယ် သံဃ နာယကဆရာတော်ကျောင်းမှာ သီတင်းသုံးနေပါတယ်””ဟု ပြော ကြားသည်။
လှိုင်သာယာမြို့နယ် အုပ် ချုပ်ရေးမှူး ဦးထိန်စိုးက ““ဒါဟာ သာမန်ရန်ဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်ပါ။ အနည်းငယ် ထိခိုက်မိတာကလွဲ လို့ ဘာမှကြီးကြီးမားမားပြဿနာ မဖြစ်ပါဘူး။ ဥပဒေကြောင်းအရ လည်း အရေးယူဆောင်ရွက်နေ ပါတယ်””ဟု ပြောကြားသည်။
အခင်းဖြစ်ပွားသည့်ညတွင် အဆိုပါလမ်းနှင့် ရပ်ကွက်အတွင်း တွင် အမှတ်(၅)ရဲတပ်ရင်းမှ ရဲ ကားနှစ်စီး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ စစ်ကားနှစ်စီးတို့က လုံခြုံ ရေးဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါဖြစ်စဉ်ကို အကြောင်းပြု ကာ မလိုလားအပ်သောပြဿနာ များ ဆက်လက်မဖြစ်ပွားစေရေး အတွက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
hotnewsweekly.com

ကားတိုက်ခံရ၍ အမှုဖွင့်ရန်လာသူများကို ရဲဝန်ထမ်း (၃၀)ခန့်ဝိုင်းဝန်းရိုက်နှက်ပြီး ၀တ္တရားနှောက်ယှက်မှုဖြင့်အမှုဖွင့်

April 23, 2013

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဧပြီလ (၁၆) ရက်နေ့ မဟာသင်္ကြန်အတက်  နေ့က စံပြ (၅) လမ်းရေကစား မဏ္ဍပ်ရှေ့တွင် စူပါစလွန်းဘင်ကား  တစ်စီးဝင်တိုက်သွားသည့်သူကိုစံပြ  ဆေးရုံသို့ဦးစွာပို့ဆောင်ခဲ့သော် လည်း ငွေကြေးခက်ခဲခြင်းကြောင့် ဆေးရုံမှ ပြန်လာကာရဲစခန်းသို့ သွားရောက်ပို့ဆောင်သည့်လူငယ်  ဦးမောင်ဇင်ကိုကို (၁၈) နှစ်၊ ကုလား (ခ) ပြည့်ဖြိုးပိုင် (၂၀) နှစ် (ကားတိုက်ခံရသူ) မောင် အောင်ကိုကို (၂၁) နှစ် (ဦးခေါင်းကွဲ၊ စံပြဆေးရုံတွင် ကုသပြီး နေအိမ်တွင်ဆေးကုသမှု ခံယူနေ)၊ ဦးသိန်းလှိုင် (၄၅) နှစ် (မျက်နှာတစ်ခြမ်းညိုမဲစွဲ)စသည့် (၄) ဦးကို သင်္ဃန်းကျွန်းရဲစခန်း ၀န်းထဲမှ ရဲဝန်ထမ်းအင်အား (၃၀) ခန့်က သံတုတ်နံပတ်တုတ် စသည်တို့ဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ သောကြောင့် ဒဏ်ရာအနာတရ များရရှိခဲ့သော်လည်း ၀ိုင်းရိုက်သည့်  ရဲစခန်းမှ ရဲများကိုအရေးယူခြင်း  မပြုသည့်အပြင်ပြည်တွင်းမီဒီယာ တစ်ခုဖြစ်သည့် တွင် ထိုသတင်းကိုဖော်ပြရာ၌ “သင်္ဃန်းကျွန်းရဲစခန်းဝန်းအတွင်း ဒုရဲအုပ်တစ်ဦးကို ၀ိုင်းဝန်းထိုးကြိတ် မှုဖြစ်ပွား”ဟူသော ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သောကြောင့် ကာယကံရှင်များက မကျေနပ်၍ ပြည်သူလွှတ်တော်ကိုယ်စားလှယ် အား သွားရောက်တိုင်တန်းသော အခါ “ရဲတွေဆိုတာလည်းပြည်သူ ပါပဲ။ ငယ်တဲ့အမှုကို ကြီးအောင်  လုပ်ရင်ရဲတွေဖြစ်တဲ့ ပြည်သူတွေပဲ  ဒုက္ခရောက်မှာ ကြီးကြီးကျယ်ကျယ် တွေမလုပ်တာအကောင်းဆုံးပါပဲ” ဟု ဖြောင့်ပြလွှတ်လိုက်သောကြောင့် ကာယကံရှင်ပြည်သူ (၄) ဦးက Hot News Journal  တိုက်သို့လာ ရောက်ရင်ဖွင့်ခဲ့ကြပါသည်။ ဦးခေါင်းတွင်အရေပြားကွဲ  ပြီးဆေ့း ရုံက ဆင်းခိုင်းသဖြင့် နေအိမ်တွင်  ဆေးကုသမှုခံယူနေဆဲဖြစ်သည့် အသက် (၂၁) နှစ်အရွယ် ကိုအောင်ကိုကိုက သူကြုံတွေ့ခဲ့ ရသည့်အဖြစ်အပျက်အားပြောပြ ရာတွင် ““အစ်ကိုစဉ်းစားကြည့်ဗျာ၊ တာဝန်သိပြည်သူအနေနဲ့ သင်္ကြန်  မှာ ကားတိုက်ခံရတဲ့ လူကိုဆေး ရုံပို့ပေမဲ့ငွေကြေးအခက်အခဲကြောင့် ပြန်ဆင့်ပြီး တာဝန်နဲ့ မဏ္ဍာပ်ကို လာတဲ့ ရဲကိုအကူအညီတောင့် တာငါနဲ့ မဆိုင်ဘူးဆိုပြီး မလုပ် ပေးလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သင်္ဃန်းကျွန်းရဲ့စခန်းသွားပို့တာ ကို သင်္ဃန်းကျွန်းရဲ့စခန်းထဲက ပြည်သူ့ရဲဆိုတဲ့ရဲဝန်ထမ်းတွေက ၀ိုင်းရိုက်တာဗျာ။ တစ်ယောက်ဆို တစ်ကိုယ်လုံးညိုနေတယ်။ တစ်ယောက်ဆိုမျက်နှာတစ်ခြမ်း  ညိုမဲစွဲသွားတယ်၊ ကျွန်တော်ဆို ခေါင်းကွဲ သွားတယ်။ အဲဒါကိုချုပ်ပေးပြီး တော့ ဆရာဝန်ကဆေးရုံကနေ ဆင်းခိုင်းတယ်။ အဲဒါကို မကျေ နပ်လို့လွှန်တော်အမတ်ကို သွား  တိုင်တဲ့အခါသူကဘာပြောလဲဆို တော့ “ရဲတွေဆိုတာလည်း ပြည်သူ  ပါပဲ။ ငယ်တဲ့အမှုကို ကြီးအောင်  လုပ်ရင်ရဲတွေဖြစ်တဲ့ ပြည်သူတွေ ပဲ ဒုက္ခရောက်မှာ ကြီးကြီးကျယ် ကျယ်တွေမလုပ်တာအကောင်းဆုံး  ပါပဲ”ဟု အစ်ကိုရယ်။ စဉ်းစားကြည့်  ပါ ကျွန်တော်တို့မိဘနေရာမှာ သူသာဆိုရင်အဲဒီစကားမျိုးပြောပါ့ မလားဗျာ”ဟု ပြောကြားသည်။
၎င်းတို့၏အဒေါ်တော်စပ် သူဒေါ်စန္ဒာဝင်းကရဲစခန်းအပြင်  မှာနေ၍ သူတွေခဲ့ရသည့်ဖြစ်စဉ် ကို ပြောပြရာတွင် “ရဲတွေက ဒီကောင်တွေကိုအသေသတ်ဆို ပြီးတော့ အရေးပေါ်သံပေးပြီးတော့  ကျွန်မတူလေးတွေကို ၀ိုင်းရိုက်နေ တာကို ကျွန်မရင်နာနာနဲ့ မြင်ခဲ့ ရပါတယ်။ ပြည်သူလူထုကိုဒီလို ဆက်ဆံတဲ့ရဲတွေ မြန်မာနိုင်ငံမှာ မရှိသင့်ဘူးလို့ပဲ ကျွန်မအဓိက ယူဆပါတယ်”ဟု ပြောကြားသည်။ ၀ိုင်းဝန်းရိုက်နှက်ခံခဲ့ရသူ (၄) ဦး အား သင်္ဃန်းကျွန်းရဲစခန်းမှ (ပ) ၁၅၈/၁၃၊ ပုဒ်မ (၃၃၂/၁၁၄) ပြည်သူ့ဝန်ထမ်းအားတာဝန်ဝတ္တ ရားဆောင်ရွက်ခြင်းမှ ဟန့်တား ရန် မိမိအလိုလျှောက်နာကျင်စေ မှုတို့ဖြင့် အရေးယူထားပြီးထိုသူ (၄) ဦးအား အာမခံပေးရန်တောင်း  ဆိုခဲ့သည့်လေးထောင့်ကန်ရပ်ကွက်  နေရဲဝန်ထမ်းဟောင်းတစ်ဦးက “ကျွန်တော်ကသင်္ဃန်းကျွန်းရဲစခန်း  မှာပြဿနာဖြစ်တယ်လို့ကြားတော့  ရဲဝန်ထမ်းဟောင်းတစ်ဦးအနေနဲ့ သွားကြည့်ခဲ့တယ်။ ဟိုရောက်တော့ ရဲတို့ရဲ့ လုပ်ထုံးလုပ်နည်းထက် ကျော်လွန်ပြီး ဖွတ်ဖွတ်ညှစ်ညှစ်  ရိုက်ခံထားရတာကို ကျွန်တော် တွေ့ရတယ်။ အဲဒီအထဲမှာ အောင်ကိုကိုဆိုတဲ့ ကလေးက ခေါင်းကွဲသွားတယ်။ အဲဒီဒဏ်ရာ ကို စံပြဆေးရုံသွားပြတော့ခေါင်း ကို ၈တန်ချုပ်ခဲ့ရတယ်။ သူတို့ (၄) ယောက်လုံးကိုအာမခံနဲ့ ထုတ်ပြီးသူတို့ခန္ဓာကိုယ်အနှံ့ကို ကြည့်လိုက်တဲ့အခါမှာလည်း မျက်နှာ၊ လည်ပင်းစတဲ့ နေရာ တွေ ဖူးရောင်ပြီး ထိခိုက်ထားတာ ကို ကျွန်တော်မျက်မြင်ကိုယ်တွေ့  တွေ့ခဲ့ရပါတယ်။ ပြည်တွင်းမီဒီယာ နဲ့ ပတ်သက်ပြီးပြော ချင်တာကတော့ မီဒီယာဆိုတာ ဘာပဲဖြစ်ဖြစ်နစ်နာသူဘက်ကနေ မှန်မှန်ကန်ကန်ရပ်တည်တာဟာ စစ်မှန်တဲ့ မီဒီယာလို့ကျွန်တော် ယူဆထားပါတယ်လို့ပဲ ပြောချင်  ပါတယ်”ဟု တာဝန်သိစိတ်ဖြင့်  ၀င်ရောက်ကူညီပေးနေသည်ရဲဝန်  ထမ်းဟောင်းတစ်ဦးက ၎င်းင်းမြင် တွေ့ရပုံနှင့် ၎င်း၏အမြင်ကိုပြော သည်။ ဘင်ကားတိုက်ခံရသူစံပြ ၆ လမ်းနေနာမည်ပြောင်ကိုကုလား နာမည်အရင်းပြည့်ဖြိုးပိုင်က “ကျွန်တော့်ကိုတိုက်သွားတဲ့ ကာနာပတ်ကိုတော့ မမှတ်မိလိုက် ဘူး။ ကျွန်တော်ကားတိက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရဲစခန်းကို သွားပြီး အကူအညီတောင်းတဲ့ အခါမှာ ကျွန်တော်နဲ့ ကျွန်တော် သူငယ်ချင်းသုံးရောက်ကိုရဲတွေ က ၀ိုင်းရိုက်ခဲ့ပါတယ်။ ရဲစခန်း သွားပြောပြောချင်းရိုက်တာမဟုတ်  ပါဘူး။ ကျွန်တော်တို့ရဲစခန်းဝင် ပြီး အကူညီတောင်းတဲ့အခါမှာ ဒုရဲအုပ်ကိုညီညီအောင်က ကျွန်တော်တို့ကို “ညီလေးတို့ ဒီကိစ္စက ယဉ်တိုက်မှုဖြစ်တဲ့ အတွက် ယဉ်ထိန်းရဲနဲ့ဆိုင်တယ်။ အစ်ကိုတို့နဲ့ ဒိုက်ရိုက်မပတ်သက်   ဘူးလို့” အေးဆေးစွာရှင်းပြနေတဲ့ အချိန်မှာ တာဝန်မှူးမျိုးကျော်ဆို တဲ့ သူရောက်လာပြီးတော့ “မော့ကောင်တွေ မင်းတို့က ဘယ်က  ကောင်တွေလည်း ဘာကိစ္စကို အမှုဖွင့်မှာလည်း စခန်းမှာရုတ်စိစိ  နဲ့ ငြိမ်ငြိမ်ထိုင်နေစမ်း”အဲလိုပြော တဲ့အချိန်မှာ နောက်ထပ်စွတ်ကျယ်  နဲ့ ပုဆိုးဝတ်ထားတဲ့ ရှဲဝန်ထမ်းတစ်  ယောက်ကညစ်ညမ်းစွာဆဲရေး တိုင်းထွာပြီးဝင်ရောက်ရိုက်နှက် တော့။ ပထမတော့ ကျွန်တော် တို့ငြိမ်ခံနေခဲ့ပါတယ်။ နောက် နာကျင်လာတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ခံပြီး ထွက်ပြေး  ဖို့ ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာရဲတစ်ယောက်အရေး ပေါ်ဥသြဆွဲပြီးအရေးပေါ်၊ အရေး   ပေါ်ဆိုပြီး ရဲစခန်းတံခါးကို ပိတ်ပြီး  ကျွန်တော်တို့ကိုစခန်းဝန်းတဲ့ရှိ ရဲအင်အား ၃၀ ခန့် (အရပ်ဝတ် ပါ) ၀ိုင်းရိုက်ပါတော့တယ်။ အဲဒီ အချိန်မှာ စခန်းမှူး၊ မြို့နယ်မှူး စတဲ့ တာဝန်ရှိသူတွေရောက်လာ ပါတော့တယ်။ အဲတော့မှပဲ ကျွန်တော်တို့ကိုရိုက်တာရပ်သွား ပါတယ်။ နောက်တော့ရဲအရာရှိ  ကြီးတစ်ဦးကအားလုံးတာဝန်ယူ  တယ်။ ဘာမှမဖြစ်စေရဘူးလို့ပြော ပြီးဆေးကုသမှုခံယူရမယ်ဆိုပြီး စံပြဆေးရုံကိုပို့ပေးခဲ့ပါတယ်။ အစ်ကိုကျွန်တော်ပြောတာမယုံလို့  ရှိရင် သင်္ဃန်းကျွန်းရဲစခန်းက CCTV လုံခြုံရေးကင်မရာကို တောင်းကြည့်နိုင်ပါတယ်”ကျွန်တော် တို့ခံခဲ့ရပေမဲ့ ကျွန်တော်တို့လို လူငယ်တွေ နောက်တစ်ခါမခံရ အောင်ထိထိရောက်ရောက်ဖြစ်စေ ချင်တယ်။ဟု ကားတိုက်ခံရသူကို ကုလား (ခ) ကို ပြည်ဖြိုးပိုင်က ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး ဧပြီလ ၂၂ ရက် ၁၂ နာရီ  ၂၅ မိနစ်အချိန်တွင် သင်္ဃန်းကျွန်း  စခန်းမှူးဖုန်းနံပတ် (၀၉- ၇၃၁၀၁၈၁၆)အား ဆက်သွယ်၍ ဧပြီ ၁၆ ရက်နေ့ ညနေ ၆း၃၀ နှင့်  ၇း၃၀ အတွင်း ရိုက်ကူးထားသည့် CCTV လုံခြုံရေးကင်မရာ၏ ဗီဒီယိုဖိုင်အားလာရောက်ကြည့်ရှု ခွင့်ပေးရန်တောင်းဆိုခဲ့ရာ သင်္ဃန်းကျွန်းစခန်းမှူးက “ရန်ကုန်    တိုင်းရုံးနဲ့ပဲဆိုင်တာကျွန်တော်တို့  နဲ့မဆိုင်ဘူး”ဟု ပြောကာဖုန်းချ သွားခဲ့သည်။

လူထုမျိုးမြင့်၊ ပြည်သူ့ညီညီအောင်
hotnewsweekly.com

လူငယ်ပျောက်မှုများတိုးပွားလျက်ရှိ

ကူညီပေးကြပါ

ဓါတ်ပုံ ရှင်မိန်းကလေးသည်၁၈.၄.၂၀၁၃ရက်နေ့တွင် ရန်ကုန်မှမှော်ဘီအပြန်တွင် ပျောက်ဆုံးနေပါသည် ထို့ ကြောင့်တွေ့ရှိပါက
အမြန်ဆုံးအကြောင်းကြားပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်၎င်းမိန်းကလေးသည် ရန်ကုန် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်မှ
ဒုတိယနှစ်တွင်တက်ရောက်နေသော ကျောင်းသူဖြစ်ပါသည် သူမ၏အမည်မှာနော်မေသူသူဇော်ဖြစ်ပါသည် လက်ရှိအချိန်တွင်
ရဲစခန်း၌သာလူပျောက်အမှုဖွင့်ထားနိုင်ပါသည်မိမိပတ်ဝန်းကျင်သိအောင်ကူညီပေးကြပါ၎င်းနှင့်အတူ
ပါသွားသောဖုန်း09421127018 မှာလည်းဆက်သွယ်၍မရပါ သူမ၏ဖခင်မှာလည်းကျန်းမာရေးအခြေအနေမကောင်းပါသဖြင့်အကူအညီပေးကြပါ
ဆက်သွယ်ရန်
09450041281
ရေတာရှည်ကျေးရွာ မှော်ဘီမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး

သမီးလေးပျောက်သွားတာ တော်တော်ကြာနေပါပြီ။ ကောင်မလးက အရပ်က ၅ပေ ၃လက္မလောက် အသားညိုညို
ပိန်ပိန် လေးပါ။အသက်က ၂၅ နှစ်ပါ။ အိမ်ကနေ ရုတ်တရက်ကြီးပျောက်သွားလို့ပါ။ရဲစခန်းမှာလည်းအမှုဖွင့်ထားပါတယ်
။ကောင်မလေးရဲ့ နာမည်က အိခိုင်မွန် ပါ။ ဒါပေမယ့် အတင်းလုံးဝ မရတာ ၂လ ကျော်နေပါပြီ။
 ကောင်မလေးပျောက်သွားတာက ၁၅၊ ၂၊ ၂၀၁၃ ကပါ။ သူ့မှာ ဘာပစ္စည်းမှလည်းပါမသွားဘူး။ မှတ်ပုံတင်တောင်ပါမသွားပါဘူး။ သူ့မိဘတွေကလည်း အရမ်းကို စိတ်
ပူနေပါတယ်။ ကျေးဇူးပြုပြီးသူငယ်ချင်းတွေ က ကူညီပေးကြပါ။ ကျေးဇူးလည်းဆပ်ပါမယ်။ တကယ်လို့ အဲသည်ကောင်မလေးကို တွေ့ခဲ့ရင်ပဲ ဖြစ်ဖြစ်၊ ကောင်မလေးနဲ့
 ပါတ်သတ်တဲ့သတင်းပဲ ဖြစ်ဖြစ် ရရင် သည်ဖုန်းလေးကို ဆက်ပြီးတော့ အကြောင်းကြားပေးပါခင်များ။ ၀၉၇၃၀၃၉၅၁၅၊ ၀၁၅၂၅၁၀၁ ကောင်မလေးရဲ့အမေ ဖုန်းပါ။
 ကျေးဇူးတင်ပါတယ်။

မောင်အောင် အသက် ၁၀ နှစ်၊ မလေးရှား ကွာလာလမ်ပူတွင် ပျောက်ဆုံး၊ မလေးနဲ့အင်္ဂလိပ်ဘာသာ မပြောတတ်။
A 10 year old Myanmar refugee boy, Maung Aung, has been missing since Sunday, 21 April 2013. He was last seen at Kotaraya, in Kuala Lumpur,
 on his way home from a class outing with his school mates. His parents are frantic with worry, especially since Maung Aung speaks no Malay or
 English. If you have any information, contact the Jalan Bandar Police Station, Inspector Ridzuan: 03 2070 2222, or contact Dignity For Children at
03 4044 1397.

HRW အစီရင်ခံစာကြောင့် ဘင်္ဂလာဒေခ်ျ့ လူနည်းစု ဗုဒ္ဓဘာသာဝင်များ အကြား စိုးရိမ်မူတိုးပွား

Black Angle's photo.
Share Arakan News

HRW အစီရင်ခံစာကြောင့် ဘင်္ဂလာဒေခ်ျ့ လူနည်းစု ဗုဒ္ဓဘာသာဝင်များ အကြား စိုးရိမ်မူတိုးပွား

Human Rights Watch ( HRW) မှ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် အဆိုပါ အစီရင်ခံစာပါ အချက်အလက်များကို အခြေခံပြီး မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော သတင်းများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရုပ်သံလိုင်းများမှ ထုတ်လွှင့် ပြသနေသဖြင့် ဗုဒ္ဓဘာသာဝင် လူနည်းစုများ အကြား စိုးရိမ်မူများ တိုးပွားနေကြောင်း သတင်း ရရှိသည်။

“ ကျွန်မက မနေ့ကရော၊ ဒီနေ့မနက်ကရော ဒီနိုင်ငံက ရုပ်သံလိုင်းလိုလိုမှာ မြန်မာ သတင်းကို ထုတ်လွှင့်တာကို တွေ့ရပါတယ်။ အဲဒီမှာ ပြောတာက မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေကို ဗုဒ္ဓ ဘာသာဝင်တွေက လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုပြီး ပြောဆိုပါတယ်။ ပြီးရင် ဒီသတင်းတွေနဲ့ အတူ ဗလီတွေ၊ လူတွေ သတ်ဖြတ်ခံနေရတဲ့ ပုံတွေကို ထုတ်လွှင်ပြနေတဲ့ အတွက် ဒီမှာလည်း ပြဿနာတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ထင်မိတဲ့ အတွက် စိုးရိမ်မိတာ ဖြစ်ပါတယ်” ဟု ဒက္ကားမြို့က ရခိုင် အမျိုးသမီး တစ်ဦးက ဆိုသည်။

၎င်းပြင် ယနေ့ထုတ် သတင်းစာများတွင်လည်း HRW အစီရင်ခံစာကို ကိုးကားပြီး မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များကို လူမျိုးတုန်း သတ်ဖြတ်မူများ ပေါ်ပေါက်နေပါသည် ဆိုသော ခေါင်းစဉ်ဖြင့် သတင်းများရေးသား ဖေါ်ပြနေကြသည်။

၎င်းပြင် BBC မှ ထုတ်လွှင့်သော ဗွီဒီယို မှတ်တမ်းနှင့် ပတ်သက်ပြီး သတင်းများ ဖေါ်ပြကြသည်။ လွန်ခဲ့သော မတ်လက ဖြစ်ပေါ်ခဲ့သော မိတ္ထိလာ အရေးအခင်းတွင် လုံခြံရေး တပ်ဖွဲ့ဝင်များက ဗုဒ္ဓဘာသာ တိုက်ခိုက်သူများမှ မူဆလင်များကို တိုက်ခိုက်နေသည့် အပေါ် တစ်စုံ တစ်ရာ ဟန့်တားခြင်း မရှိဟု ဘီဘီစီ က ထုတ်လွှင့်သော ဗွီဒီယို မှတ်တမ်းတွင် ဖေါ်ပြထားသည်ဟု ဆိုသည်။

“ အခုလို မူဆလင်တွေကို သတ်နေတယ်ဆိုတဲ့ သတင်းတွေ တက်လာတော့ ဒီနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေက မကျေနပ်မူတွေ တိုးလာနေတယ်။ ဒါကြောင့် ပြဿနာတွေ ပေါ်လာနိုင်တယ်။ မကျေနပ်သူတွေက တိုက်ခိုက်မူတွေ ရှိကောင်း ရှိလာနိုင်ပါတယ်” ဟု ဆိုသည်။

ရခိုင်အရေးအခင်းမှာ လွန်ခဲ့သောနှစ် ဇွန်လနှင့် အောက်တိုဘာလက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အခြေအနေ အေးဆေး တည်ငြိမ်မူ ရှိလာနေစဉ် HRW ၏ တဘက်သတ် ရေးသား ထုတ်ပြန်သော အစီရင်ခံစာကြောင့် ပြဿနာများ ဆက်လက် ဖြစ်ပွားမည်ကို မြန်မာနိုင်ငံတွင် သာမက ဘင်္ဂလာဒေခ်ျ့တွင်ပါ စိုးရိမ်လာကြခြင်း ဖြစ်သည်။

narinjara

စစ်တွေမြို့နယ် ကျက်တောပြင်ကျေးရွာသို့ ဘင်္ဂလီများ အကြမ်းဖက်ရန် ၀င်ရောက်မှု ဖြစ်ပွား

RSV
------------------------------
၂၂.၄.၂၀၁၃ ရက် နေ့လည် (၁) နာရီ ပတ်ဝန်ကျင်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျက်တောပြင်ကျေးရွာသို့ အောင်ဒိုင်ကျေးရွာအုပ်စု၊ အလားသင် ဘင်္ဂလီကျေးရွာမှ ဘင်္ဂလီကုလား (၁၀၀) ဦးလောက် ဒုတ်၊ ဓား လက်နက်များဖြင့် အကြမ်းဖက်ရန်ဝင်ရောက် အကြမ်းဖက်ရန် ပြင်ဆင်ခြင်းအား အာဏာပိုင်များမှ အချိန်မှီ ထိန်းသိမ်းလိုက်ရကြောင်း စုံစမ်းသိရှိပါသည်။ ကျက်တောပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးက “ဟုတ်ပါတယ်။ ဘင်္ဂလီ အင်အား (၁၀၀) လောက်ရှိပါမယ်။ လယ်ကွင်းကို ဖြတ်ပြီးတော့ ကျွန်တော်တို့ ကျေးရွာကို ချီတတ်လာပါတယ်။ အဲဒါကို ခလရ -၂၇၀ တပ်ရင်းရယ်၊ ရေချမ်းပြင် လုံခြုံရေး ရဲများ ၊ဒေသခံ အာဏာပိုင်များမှ အချိန်မှီ တားပေးလိုက်နိုင်လို့ပါ။ မဟုတ်ရင် မလွယ်လောက်ဘူး”ဟု ပြောပြသွားပါသည်။ ရေချမ်းပြင် လုံခြုံရေးဌာနသို့ ဆက်သွယ်မေးမြန်ကြည့်သောအခါ ဘင်္ဂလီများ အကြမ်းဖက် တက်လာကြောင်းလောက်ပဲ ပြောကြားပြီး ဖုန်းချသွားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွန်ဂိုလီးယား ခရီးစဉ်

ခွန် ဒီးယမ်'s photo.
ဒေါ်အောင်ဆန်းစုကြည်၏ မွန်ဂိုလီးယား ခရီးစဉ်
===========================
ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားသမ္မတနိုင်ငံ သမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှုဖြင့် မွန်ဂိုလီးယားနိုင်ငံသို့ ၂၇.၄.၂၀၁၃ မှ ၃.၅.၂၀၁၃ ထိ သွားရောက်မည်ဖြစ်သည်။
၂၇.၄.၂၀၁၃ ရန်ကုန်မှ ထွက်ခွာမည်။
၂၈.၄.၂၀၁၃ မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာ (Ulaanbaatar) မြို့သို့ရောက်ရှိမည်။
၂၉.၄.၂၀၁၃ Ministerial Meeting of the Community of Democracies အစည်းအဝေးသို့ တက်ရောက်မည်။
၃၀.၄.၂၀၁၃ မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ၍ ‘Mongolian and Myanmar: Road to Freedom and Lessons Learned’ အကြောင်းပူးတွဲ မိန့်ခွန်းပြောကြားမည်။
၃.၅.၂၀၁၃ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိမည်။ (NLD- 23-4-2013)

ဗလီများစည်ပင်သာယာရေးကော်မတီ နှင့် အိုးအိမ် ဦးစီးဌာန မှကွင်းဆင်းစစ်ဆေးမည်

Popular Myanmar News Journal
April 10 at 8:05am ·

    ဗလီများတွင် စာသင်သားများအား ခွင့်ပြုချက်မရ ဘဲ နေထိုင်ခွင့် မရှိသည့် အပြင် ကျောင်းများ၊ဗလီများကို လည်း တရားဝင်ခွင့်ပြုချက်မရ ဘဲ ဆောက်လုပ်ခွင့် နှင့်
စာပေသင်ကြားခွင့် မရှိကြောင်း အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှုးက ရန်ကုန်တိုင်းဒေသကြီး ရှိသတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
    ထို့ပြင် အစိုးရအဖွဲ့ မှ အတွင်းရေးမှုး ဦးခင်မောင်သိန်းက သာသနမြေ အဖြစ်လျောက်ထားသော မြေသည် သာသနမြေ ဖြစ်ကြောင်းပိုင်ဆိုင်မှု အထောက်အထားကို
    ပြနိုင် ရမည် ဖြစ်ကြောင်း၊လျှောက်ထားမှု တွင် တည်ဆောက်မှု အတွက် စည်ပင်သာယာရေးကော်မတီ နှင့် အိုးအိမ် ဦးစီးဌာန မှ သက်ဆိုသလို စိစစ်
    သွားရ ပြီး မြို့နယ် အုပ်ချုပ်ရေး(ထွေ/အုပ်) မှ တာဝန်ယူကာ ကွင်းဆင်းစစ်ဆေးသွားရကြောင်း ပြောကြားသွားသည်။WM

Advantage Error
ယခုလက်ရှိဗလီများတွင်အသုံးပြုနေသောလောစပီကာများကြောင့်အများပြည်သူများကျန်းမာရေးထိခိုက်နေရပါသည်။ နံနက် ၄နာရီမှတနေ့လျှင် ၅ ကြိမ်အသုံးပြုနေကြပါသည်။ ဖြစ်နိုင်လျှင်သက်ဆိုင်ရာမှအသုံးမပြုရန်တားမြစ်ပေးပါရန်တင်ပြအပ်ပါသည်။

Facebook ကနေ တိုက်ခိုက်မှုမစုစုနွေးခင်ပွန်း ကိုမာကီ တုံ့ပြန်ဖြေရှင်း

Facebook ကနေ တိုက်ခိုက်မှုကို မစုစုနွေးခင်ပွန်း ကိုမာကီ ဘယ်လိုတုံ့ပြန်သလဲ
===========================================
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုမာကီနဲ့ သူ့ဇနီး မစုစုနွေးတို့ကို ဖေ့စ်ဘုတ်လူမှုကွန်ရက်တွေက တိုက်ခိုက်နေတာတွေကို ယနေ့တော့ ကိုမာကီက သူ့ရဲ့ ဖေ့စ်ဘုတ်ကတဆင့် သူ့ဘ၀ သူ့အကြောင်းကို အခုလို တုံ့ပြန်ဖြေရှင်းထားပါတယ်။

စာမျက်နှာတွေမှာ ကျနော်နဲ့ ကျနော့်ရဲ့အမျိုးသမီး မစုစုနွေးတို့ကို မကြာခနတိုက်ခဲ့တာတွေရှိပါတယ်။ အထူးသဖြင့်တော့ ကျနော့်ကိုတည်ပြီး မစုစုနွေးကို တိုက်ကြပါတယ်။

ဘယ်တုန်းကမှ ကျနော်တို့တုန့်ပြန်လေ့ မရှိခဲ့ပါဘူး။ unfriend, block … စတာတွေမလုပ်ခဲ့ပါဘူး။ comment တွေကိုတောင် ရိုင်းရိုင်းစိုင်းစိုင်းတွေမဟုတ်ရင် ဖြုတ်ပစ်လေ့ မရှိပါဘူး။

အခုမှ ကိုယ့်ရဲ့စိတ်ထဲ အမှန်ရှိတဲ့ သဘောထားအမြင်တွေကို ဖော်ထုတ်ခွင့်၊ အထိုက်အလျောက် လွတ်လွတ် လပ်လပ် ရေးသားခွင့်ရှိလာစဉ်မှာ အဟန့်အတား မလုပ်ချင်လို့ပါ။

အဓိကကတော့ ကျနော်ဟာ မွတ်ဆလင်ကုလားတစ်ယောက်ဖြစ်တယ်ဆိုပြီး တိုက်ကြတာပါ။ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ်၊ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံလေ့မရှိတဲ့ အတွက် ကျနော်မွတ်ဆလင်ကုလားမဟုတ်ကြောင်း ဆတ်ဆတ်ထိမခံ တုန့်ပြန်စရာ မလိုဘူးလို့ပဲ ခံယူထားပါတယ်။

ပြီးတော့ မွတ်ဆလင်ကုလားဆိုပြီး တိုက်ခိုက်နေကြတဲ့အပေါ်မှာလည်း ကျနော်အားပေးအားမြှောက် မလုပ်ချင်လို့ပါ။ နောက်ထပ် အဓိကကျတဲ့ အချက်က ရခိုင်ဘက်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခအပေါ်မှာလည်း နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ကျနော့်ရဲ့ခံယူချက်ရှိပြီးသားမို့ပါ။

နယ်စပ်ဖြတ်ကျော်ခိုးဝင်လာတဲ့ ကျူးကျော်သူတွေနဲ့ အစ္စလာမ်ဘာသာကိုလည်း သီးခြားစီပဲမြင်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အန္တရာယ်ရှိတဲ့ ပထဝီဝင်သဘာဝ၊ ရခိုင်တိုင်းရင်းသားတို့ရဲ့ စိုးရိမ်ပူပန်မှုနဲ့အမျိုးသားရေး စိတ်၊ ဒါတွေကိုလည်း ကျနော်ရှင်းရှင်းလင်းလင်း နားလည်ထားပါတယ်။

ဒါ့ကြောင့် ကျနော်တို့ကို တိုက်ခိုက်နေတဲ့အပေါ်မှာ အထူးအထွေလည်း မခံစားရပါဘူး။ နစ်နာလှချည်ရဲ့လို့လည်း မခံစားခဲ့ရပါဘူး။

ဒါပေမယ့် အခုနောက်ပိုင်းမှာ ကျနော်တို့က တုန့်ပြန်မရှင်းတဲ့အတွက် ပုဂ္ဂိုလ်ချင်းရင်းနှီးသူ မိတ်ဆွေတွေကရော၊ လူချင်းမမြင်ဖူးကြတဲ့ မိတ်ဆွေတွေကပါ အားမလိုအားမရ ဖြစ်လာကြပါတယ်။

တချို့ဆိုရင် ထင်ယောင်ထင်မှားတွေတောင် ဖြစ်လာကြပုံရပါတယ်။

ဒါ့ကြောင့် ဘယ်တုန်းက မှ ဖြေရှင်းလိုစိတ် မရှိခဲ့တဲ့ကျနော် အခုတော့ …. ကျနော့်မာမီက စိန့်ဂျွန်း ကွန်ဗင့်ကျောင်း (ယခုလသာ၂)ထွက်ပါ။ မွန်ဗမာလူမျိုး RC ခရစ်ယန်ပါ။ ကျနော့် ဒယ်ဒီက ဗမာလူမျိုး ဗုဒ္ဓဘာသာပါ။ RC ဘာသာရဲ့ထုံးစံကို ဗုဒ္ဓဘာသာယောက်ျား ကျနော့်ဒယ်ဒီက လိုက်လျောခဲ့လို့ ကျနော် ဟာ မွေးကင်းစကတည်းက RC ခရစ်ယန်ဖြစ်ခဲ့ပါတယ်။

ခရစ်ယာန်နာမည် Mark ဆိုပြီး ရေဖြန်းခံခဲ့ရတာပါ။ Mark ဆိုတာကို ကျနော်တို့ဝန်းကျင်မှာ အခေါ်ရခက်လှတာမို့ Marky (မာကီ)ဆိုပြီး နာမည်တွင်ခဲ့ရပါတယ်။

ငယ်စဉ်ကလေးဘ၀တစ်လျှောက်လုံး Church တက်ခဲ့ရပါတယ်။ အသက်၁၈/၁၉မှာ စာပေတွေကတစ်ဆင့် လက်ဝဲအယူဆတွေ ၀င်လာပါတယ်။ (ဒယ်ဒီရော၊မာမီရောက စာဖတ်သမားတွေမို့ ကျနော့်ကိုလည်း စာဖတ် ၀ါသနာပါစေပါတယ်) အဲဒီကတစ်ဆင့် ကွန်မြူနစ်စာပေ၊အယူအဆတွေရဲ့ လွှမ်းမိုးခြင်း ခံခဲ့ရပါတယ်။

ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာပတ်ဝန်းကျင်၊ ဗုဒ္ဓဘာသာစာပေတွေနဲ့ နီးနီးစပ်စပ် ကြီးပြင်းခဲ့ရပေမယ့်၊ ကျနော်ကိုက ဘာသာရေးကို စိတ်မဝင်စားခဲ့ပါဘူး။

ဗုဒ္ဓတရားတော်တွေကို လေ့လာဖြစ်တဲ့အခါမှာလည်း ကြည်ညိုသဒ္ဓါစိတ်နဲ့ မဟုတ်ဘဲ၊ ငြင်းခုန်ဖို့ အချက်အလက်ရှာတဲ့အနေနဲ့ပဲ ဖတ်ရှုခဲ့တာမို့ ကျနော်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက် မဖြစ်ခဲ့ပါ။

ပြီးတော့ လူငယ့်သဘာဝ ပတ်ဝန်းကျင်ကို စူးစမ်းတဲ့အခါမှာလည်း ပါးစပ်ကဘုရားဘုရား လက်က ကားယားကားယားဆိုတဲ့သူက ခပ်များများမို့ ဘာသာတရားနဲ့ ခပ်ကင်းကင်းပဲ ဖြစ်ခဲ့ပါတယ်။

အဲဒါကတော့ ကျနော့်ရဲ့ လူငယ်ဘ၀တစ်လျှောက်လုံးဆိုပါတော့။ မာမီက သူကိုယ်တိုင် လွတ်လပ်ခွင့်ကို မြတ်နိုးသူမို့ ကျနော့်အသက် ၁၈နှစ် ပြည့်တဲ့နေ့မှာ Church မတက်လိုက မတက်ဘဲနေနိုင်ခွင့်ပေးခဲ့ပါတယ်။

၁၉၉၆ ခုနှစ် ဒုတိယအကြိမ်ထောင်ကျလို့ မြစ်ကြီးနားထောင် ရောက်နေစဉ် (၁၉၉၈ခုနှစ် ကျနော့်အသက် ၃၀ကျော်) မှာ အပြောင်းအလဲ စဖြစ်ပါတယ်။

ကျနော်တို့ထောင်ထဲမှာ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရ တဲ့ ပြဿနာတွေရဲ့ရိုက်ခတ်မှုကြောင့် ကျနော့် စိတ်တွေ အတော်ပူလောင်ညှိုးချုံးခဲ့ရတယ်။ ဒေါသဖြစ်လွယ်ပြီး မကြာခနပေါက်ကွဲချင်လာတယ်။ ရန်လိုလာတယ်။

ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး Meditation လုပ်ဖို့ကြိုးစားတယ်။ တရားထိုင်တယ်။ တစ်နာရီလုံးလုံးထိုင်တာကို တစ်မိနစ်ပြည့်အောင်မရဘူး။ အလွယ်ဆုံးလို့ ပြောလို့ရတဲ့ ဂဏကမ္မဌာန်းတောင် မှတ်လို့မရခဲ့ဘူး။

တစ် နှစ် သုံး လေး ငါး .. စသဖြင့် ရေတွက်တာပေါ့လေ။ တစ်ဆယ်ပြည့်အောင်တောင် ရေတွက်လို့ မရခဲ့ဘူး။

အဲဒီ့အချိန်မှာ ထောင်က ဖွင့်ပေးနေတဲ့ sound box ကနေ ဆရာတော်ဦးဇောတိကရဲ့တရားကို စတင်ကြားနာရတာပဲ။

အရှုပ်ထဲမှာ ရှင်းအောင်နေ တဲ့။ စ ကြားခါစက ဘယ်ဆရာတော်မှန်းတောင် မသိပါဘူး။ ကိုယ့်ကို ရည်ရွယ်ပြီး ဟောနေတယ်လို့ကို ထင်ရလောက်အောင် ထိမိလွန်းလို့ စုံစမ်းတော့မှ ဆရာတော် ဦးဇောတိကမှန်း သိရတာပါ။

အဲဒီကစပြီး ဆရာတော်ရဲ့စာအုပ်တွေကို ဆက်တိုက်ဖတ်ဖြစ်ခဲ့တယ်။ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကို ယုံကြည်လက်ခံခဲ့တယ်။ တတ်နိုင်သမျှလည်း အဆုံးအမနဲ့ညီအောင် ကြိုးစားပြီး နေထိုင်ပါတယ်။

အဲဒီလောက်ကို ဗုဒ္ဓဘာသာပါလို့ သတ်မှတ်မယ်ဆိုရင်တော့ ကျနော် ဗုဒ္ဓဘာသာပါပေါ့။

ဒါပေမယ့် ကျနော်ကတော့ ကိုယ့်ကိုကိုယ် အပြည့်အ၀ မကျင့်ကြံ၊ မနေထိုင်နိုင်သေးတဲ့ အဆုံးအမတွေ ရှိနေသေးတာမို့ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာပါလို့ ပြောရမှာ မြတ်ဗုဒ္ဓကို အားနာနေမိပါတယ် ... ။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ မစုစုနွေးရဲ့ ခင်ပွန်း ကိုမာကီရဲ့ တုံ့ပြန်ဖြေရှင်းမှုကို ကိုမာကီ ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက ကူးယူဖော်ပြပေးလိုက်တာပါ။ 

Ko Marky

https://www.facebook.com/ko.marky/posts/294022337397203

"အင်ဒိုနီးရှားသမ္မတ နှင့် ဇနီး နေပြည်တော်သို့ ရောက်ရှိ"

Popular Myanmar News Journal
နေပြည်တော် ဧပြီ ၊၂၃
အင်ဒိုနီးရှားသမ္မတ ဒေါက်တာဆူလိုစီဘမ်ဘန်း ယူဒိုယိုနို နှင့် ဇနီးသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည် အပတ်ခရီးအဖြစ် ယနေ့မွန်းလွဲ ၁၂ နာရီ ခွဲအချိန်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ
လာကြောင်း သိရသည်။ဒေါက်တာဆူလိုစီဘမ်ဘန်း ယူဒိုယိုနို နှင့် ဇနီးအား နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ၀ဏ္ဏမောင်လွင်နှင့် ဇနီးတို့မှသွားရောက်ကြိုဆိုခဲ့သည်။ဒေါက်တာဆူလိုစီဘမ်ဘန်း သည် ယနေ့ညနေ၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် တွေ့ဆုံမည် ဖြစ်ပြီး မနက်ဖြန် နံနက်ပိုင်း(ဧပြီလ ၊၂၄ရက် ၊၁၀ နာရီ )၀န်းကျင်
တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်းကနဦးသတင်းများအရ သိရသည်။
AH(NYK)

ပြည်ထဲရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိသုံးဦးအား နုတ်ထွက်ခွင့်ပြုခြင်း သတင်းမမှန်

Tuesday, April 23, 2013

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအ၀င် တာဝန်ရှိသူသုံးဦးအား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု သတင်းထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ဧပြီ ၂၃ ရက် နံနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာနှင့် သတင်းဝက်ဘ်ဆိုက် စာမျက်နှာအချို့တွင် လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအရ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစန်းယုနှင့် ဒုရဲမှူးကြီးသွင်ကိုကိုတို့အား နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် (၃၆/၂၀၁၃)ဖြင့် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ရေးသားဖော်ပြထားကြသည်။ ထို့အပြင် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လေ့ရှိသော အမိန့်စာရွက်ပုံစံကို အင်တာနက်စာမျက်နှာတွင် စကင်န်တင်၍ ဖြန့်ဝေမှုများလည်း ရှိခဲ့သည်ကိုလည်း တွေ့ရသည်။

“သမ္မတရုံးက အမိန့်ထုတ်ရင် ကျွန်တော်တို့သိမှာပေါ့။ ထုတ်သမျှစာအားလုံးကို သမ္မတရုံးဝက်ဘ်ဆိုက်မှာ တင်နေတာပဲ။ သမ္မတရုံးဘက်ကတော့ ဒီအမိန့်ကိုမထုတ်ပါဘူး။ လူမှုကွန်ရက်မှာကတော့ အမိန့်စာရွက်ပုံစံရေးပြီး တင်ချင်တဲ့သူက တင်လို့ရနေတာပဲ” ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောသည်။

“ကျွန်တော်တို့ဝန်ကြီး နုတ်ထွက်တယ်ဆိုတဲ့သတင်းက လုံးဝမှားပါတယ်။ ဒီသတင်းက လုံးဝမဟုတ်ပါဘူး”ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲမှူးကြီးအဆင့်ရှိ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

မတ်လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် အစီရင်ခံစာတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၌ ဖြစ်ပေါ်နေသာ အားနည်းချက်များကို ပြုပြင်၍ စီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်သင့်ကြောင်း ဖော်ပြထားသည်။ သပိတ်စခန်းများ ဖြိုခွင်းခဲ့မှုနှင့်ပတ်သက်ပြီး အစီရင်ခံစာ၏ ဖော်ပြထားမှုအပေါ် ဒေသခံအချို့ မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဒေသခံများနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ကြား နားလည်မှုရရှိခဲ့သည်။
(7 Days news journal)

စည်ပင်ပိုင် မြေနေရာ အား ကျူးကျော်ရာတွင် စကားများရန်ဖြစ်

လှိုင်သာယာ ကျန်စစ်သားအိမ်ရာတွင်အိမ်ရှေ့ရှိ စည်ပင်ပိုင် မြေနေရာ အား ကျူးကျော်ရာတွင် ဟိုဖက် ဒီဖက် ဘေးအိမ်ရှိ မြန်မာ
အမျိုးသမီးများ နဲ့ စကားများရန်ဖြစ်ကြပါသည်။
ထို့နောက် ကုလားက ဓါးဖြင့် အိမ်နီးနားချင်းများကို ဓါးကြိမ်းကြိမ်း ခြင်း ရပ်ကွက်ကို စိမ်ခေါ် ခြင်းများပြုလုပ်ရာ အိမ်ရှေ့သို့ နယ်မှ
ခဏ လာရောက်နေသော ဘုန်းကြီးမှ အမြင်မတော်၍၀င်ရောက် ဖြောင်ဖျရာမှ ဘုန်းကြီးအား ဆဲ၍ ဓါးဖြင့် ခုတ်ခြင်းဖြစ်ပါသည်။
၁၅နှစ် ၁၆နှစ် အရွယ်ကုလား ဖြစ်ပါသည်။ဘုန်ကြီးမှာ လက်နဲ့ နံကြားတွင် ဒဏ်ရာ ရရှိ ၍ ဆေးရုံး တင်ထားရပါသည်။
အခင်းဖြစ်ပွားချိန်တွင် ကိုက် ၂၀၀ အကွာရှိ ဓမ္မာရုံတွင် တန်းဖိုးနည်း ဖုန်းကဒ် များကို မဲဖောက်ပေးနေသည်ဖြစ်၍ အုပ်ချုပ်ရေးမှုးများ
အချိန်မှီေ၇ာက်ရှိသွား နိုင်ခဲ့ပါသည်။(ထို့ကြောင့် ဘုန်းကြီး သက်သာရာရသည်ဟု ပြောသူများရှိပါသည်)
ပြည်သူများ မှ ကုလားလက်ထဲ မှ ဓါးကို အရ လု ၍ အိမ်ထဲသို့ ပို့ဆောင်ပြီး ရဲများလာရောက် အချိန်ထိ မှဲ့ တစ်ပေါက် မစွန်းအောင်
ထိန်းသိမ်းခဲ့ပါသည်။
ရဲများမှာလာရောက်ခေါ်ဆောင် သွားပြီးနောက် ဌာနဆိုင်ရာများ အုပ်ချုပ်ရေး မှုးများ နီးစပ်ရာ ပါတီစုံမှ လူများမှ ပြသနာများမဖြစ်ပွားစေရန်
 အားလုံး ထိန်းသိမ်းပေးကြပါသည်။ကုလားမိသားစု အားလုံး အား ရဲမှ လုံခြုံ ရာသို့ ပို့ဆောင်ပေးသည် ဟုသိရှိရပါသည်။
ဒဏ်ရာရရှိသော် ဘုန်းကြီးနဲ့ အိမ်နီးချင်း အမျိုးသမီးတို့အား အင်းစိန်ဆေးရုံ တွင်ထားရှိ သည်ဟု သိရပါသည်။

ဓါတ်ပုံ- (၁)လူများထိုင်နေတာသည်မြန်မာ အိမ်ဖြစ်ပြီး၊ ပိတ်ထားတာသည်မှာ ကုလားအိမ်ဖြစ်ပါသည်၊
(၂) ပြည်သူရဲများ တာဝန် ထမ်းဆောင်နေကြပုံ

ထိုဖမ်းမိသော ကုလားတရားခံ ၂ ဦးမှာ ည ၁၁ နာရီခန့် တွင် ၇ ရက်ကွက်ကို ပြန်လည်ရောက်လာကြောင်း ၇ ရပ်ကွက် ဆယ်အိမ်မှူးမှပြောကြား
လာပါသည်။ ဖြစ်ပွားသည့် ရပ်ကွက်မှာ ၆ ရပ်ကွက်ဖြစ်ပါသည်။ အာမခံချက်ဖြင့်လွှတ်ပေးခြင် ဟုတ် မဟုတ် ရဲစခန်းအား ဖုန်းဆက်မေးမြန်စေရာ
မကြာမှီ ရဲများရောက်လာပြီး အဓိက တရားခံမဟုတ်သော ခေါင်းတွင်ပတ်တီးစည်းထားသော ကုလားအားခေါ်ဆောင်သွားပြီး အဓိက တရားခံဖြစ်သူ
ဇင်ကိုလတ် မှာ ၇ ရပ်ကွက် အိမ်အမှတ် ၁၀၂ ညောင်တုန်းလမ်းမှာ ကျန်ခဲ့ ကြောင်းသိရသည်။

Credit by မျိုးချစ် လူငယ်
https://www.facebook.com/photo.php?fbid=517882854935606&set=a.436761573047735.100202.436748389715720&type=1&theater

HRW အစီရင်ခံစာပါ စကားလုံးအသုံးအနှုန်းများကို လက်မခံနိုင်ကြ

r

ရန်ကုန်(မဇ္ဈိမ)။ ။ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် စကားလုံးပြင်းပြင်းထန်ထန် သုံးနှုန်းလိုက်သဖြင့် ထိန်းသိမ်းနေရသည့် အချိန်တွင် အခြား
ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် တွင်းရေးမှူး ဦးစစ်မြိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ကျန်တဲ့ အဖွဲ့အစည်း တွေကလည်း ဆောင်ရွက်သင့်တာတွေ
ဆောင်ရွက်ပြီးတော့ အခြေအနေတွေကလည်း အကောင်းဘက်ကို ရှေးရှုနေတဲ့ အချိန်မှာ အခုလို အလွန်
ပြင်းထန်တဲ့ စွပ်စွဲမှု တခုအနေနဲ့ ထုတ်တယ်ဆိုတော့ ဒါဟာ ဘယ်လောက် ခိုင်မာသလဲ ပြည်သူသန်းခြောက်ဆယ်ကို ကိုယ်စားပြုတာမှန်ရဲ့လား ဆိုတာကို ဝေဖန်စရာ ဖြစ်လာတာပေါ့” ဟု ဆိုသည်။ ထို့အပြင် ၎င်းတို့ မြန်မာနိုင်ငံ အမျိုသား လူ့အခွင့်အရေးကော်မရှင် အနေဖြင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများကို မတွေ့ရကြောင်းနှင့် မီဒီယာများ လည်း အဆိုပါနေရာများသို့ ရောက်ရှိသင့်သလောက် ရောက်ရှိကြောင်း ဦးစစ်မြိုင်က ရှင်းလင်းသည်။

“ခင်ဗျားတို့ လုပ်နိုင်သမျှ အရာအားလုံးက ဆုတောင်းဖို့ပါပဲဟုအဓိပ္ပါယ်ရသော” All You Can Do is Pray”ခေါင်းစဉ် တပ်ထားသည့် စာမျက်နှာ၁၅၃ မျက်နှာပါ အစီရင်ခံစာ တစ်ခုကို HRWက ဧပြီလ၂၂ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာ မူဆလင်များအား လူမျိုးရေး တိုက်ခိုက်မှုနှင့် လူသား မဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအတွက် မြန်မာအာဏာပိုင်များနှင့် ဒေသအာဏာပိုင်များအား HRW က စွပ်စွဲပြစ်တင်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်များကြောင့် ၂၀၁၂ ဇွန်လနောက်ပိုင်းတွင် ရိုဟင်ဂျာနှင့်အခြား အစ္စလမ် ဘာသာဝင် ၁၂၅၀၀၀ ဦး တို့နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြရသည်ဟု HRW က ၎င်း၏ အစီရင်ခံစာတွင် ဖေါ်ပြသည်။

“မြန်မာအာဏာပိုင်များ၊ လူမှု အသိုင်းအ၀ိုင်း ခေါင်းဆောင်များနဲ့ ဗုဒ္ဓဘာသာဝင်ရဟန်းများက ပြည်နယ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကျောထောက် နောက်ခံနဲ့ အစ္စလမ် ဘာသာဝင်တွေကို အကြမ်းဖက် တိုက်ခိုက်ဖို့၊ သူတို့နေထိုင်ရာ
ဒေသတွေက မောင်းထုတ်ဖို့ ၂၀၁၂ခုနှစ် အောက်တိုဘာလအတွင်းမှာ ဗုဒ္ဓဘာသာဝင် ရခိုင်တွေကိုစည်းရုံး အားပေးခဲ့ကြပါတယ်” ဟု အစီရင်ခံစာ၌ ပါရှိသည်။

ယခုလို အကြပ်အတည်း တွေ့နေသည့် အခြေအနေမျိုးတွင် ပြောလာသော စကားလုံးများကို လက်ခံ၍မရကြောင်း လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံမှ ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။

၎င်းက “ ဒီလိုမျိုး အခြေအနေတွေက ထိလွယ်ရှလွယ် အချိန်မှာ လူမျိုးသုဉ်းလို့ ပြောဖို့ကတော့ သိပ်ပြီး လက်ခံလို့ မရတဲ့ စကားပါ။ ကျွန်တော်တို့ ထပ်ပြီးလေ့လာရဦးမယ်။ သမိုင်းတွေ အများကြီး လေ့လာဖို့ လိုနေသေးတယ် ” ဟုဆိုသည်။ ဦးအောင်မျိုးမင်းက “ လူမျိုးစု သန့်စင်ရေးဆိုတဲ့ စကားလုံးကို မြန်မာနိုင်ငံမှာ တိတိကျကျ သုံးလို့ မရသေးပါဘူး။ လူမျိုးစု သန့်စင်ရေးဆိုတာက အခြားလူမျိုးကို သတ်ဖြတ်တာ သူတို့ရဲ့ လူမျိုးဆက် မပျံ့နှံ့အောင် သူတို့ရဲ့ အမူ အကျင့်စရိုက် တွေ တခြားနေရာကို မပါပဲ ပျောက်သွားအောင် အခြားကို မပျံ့အောင် လုပ်တာပါ” ဟု ရှင်းပြသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုပြုံးချိုက လက်ရှိအခြေအနေများမှာ အစိုးရအဖွဲ့ အစည်းဘက်မှလည်း ပြန်လည်ဖြေရှင်းချက်များ ထွက်ပေါ်လာပြီ ဖြစ်ကြောင်း အပြန်အလှန်ရှင်းလင်းမှုများ
ဖြစ်ပေါ်နေဦးမည်ဟု ထင်ကြောင်း မဇ္ဈိမသို့ ပြောသည်။

လူမျိုးစု သန့်စင်ရေး ဖြစ်လာရန် ဆိုသည်မှာလည်း အရင်ကဖြစ်ခဲ့သော နောက်ခံသမိုင်းကြောင်း နောက်ခံ သမိုင်း အခြေအနေများ
အများကြီးပါဝင်ကြောင်း မိမိတို့ဘက်မှ သေချာနိုင်နင်းရန် လိုအပ်ကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။

အမျိုးသားရေး စိတ်ဓာတ်ဖြင့် ပဋိပက္ခများအပေါ်ပြောဆိုမိခဲ့ပါက လူ့အခွင့်အရေး ချိုးဖောက်သူများအဖြစ် ထင်မြင်ခံရခြင်း များရှိပြီး ၊အဓိကမှာ လူမျိုးပြဿနာ မဟုတ်ဘဲ တရားဥပဒေစိုးမိုးမှု အားနည်း နေသောကြောင့်
ဖြစ်သည်ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းဇေယျက မဇ္ဈိမကို ရှင်းပြသည်။

“ကျနော်တို့ ၈၈ မျိုးဆက်တွေက နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့တဲ့ လူတွေဖြစ်တဲ့အတွက် လူ့အခွင့်အရေး အပေါ်မှာ အလေးအနက် တန်ဖိုးထားတဲ့ လူတွေပါ။ လိပ်ပြာသန့်သန့်နဲ့ ခံယူထားပြီးသားပါ။ Humam Right Watch ရဲ့အစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့ စကားလုံး အသုံးအနှုန်း တွေဟာ ကျနော်တို့ စိတ်မကောင်း ဖြစ်ရတယ်။ စကားလုံး
တွေက ကျနော်တို့ နိုင်ငံကို စော်ကားနေတယ်လို့ ခံစားရတယ်။ ကျနော်တို့ ကတော့ ကန့်ကွက်မှာပါ”လို့ ကိုမင်းဇေယျ ကပြောသည်။

HRW ၏ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှုးဖီးလ်ရောဘတ်ဆန်က “မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေ အတွက် အကူအညီ ပေးတာတွေကို ငြင်းပယ်ခြင်း၊ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ခြင်းတို့ဖြင့် လူမျိုးရေး တိုက်ခိုက်ရှင်းလင်းမှု တွေမှာ ပါဝင်ပတ်သတ်နေပါတယ်” ဟုအစီရင်ခံစာတွင် ပြောသည်။

ရခိုင်ပြည်နယ်အတွင်း၌ လူအများအပြား သေဆုံးမှု ၄ ခုနှင့် ပတ်သတ်သော အထောက်အထားများ ၎င်းတို့ထံတွင် ရှိသည်ဟုလည်း HRW ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

အဓိကရုဏ်း ဖြစ်ရပ်များအတွင်း သေဆုံးသူ ၁၈၀ ရှိကြောင်း၊ သေဆုံးသူများထဲတွင် ရခိုင်ဗုဒ္ဓဘာသာဝင်များလည်း ပါဝင်ကြောင်း နေပြည်တော်က ကြေညာခဲ့သည်။

ဖြစ်ပျက်ခဲ့သော ကိစ္စများမှာ ဘာသာရေးအရ ဖြစ်ပွားခဲ့ခြင်း မဟုတ်ကြောင်း စကားလုံးသုံးနှုန်းထားခြင်းနှင့် ပတ်သတ်၍ လက်မခံနိုင်ကြောင်း၊ ဘာသာရေးအရပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း မြန်မာနိုင်ငံမှာ မရှိခဲ့ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးမျိုးကျော်က မဇ္ဈိမကို ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/11393-hrw---.html