Thursday, April 25, 2013

ကနေ ဒါ နိုင် ငံသို့လာရောက် လေ့ လာ သည့်  မြန်မာ့လွှတ် တော်အမတ်များ


ကနေဒါနိင်ငံ ရောက် မြန်မာ လွတ် တော် အမတ် များ .နှင့်  ကနေဒါ နိုင် ငံ ရှိ မြန်မာ့  NGO အဖွဲ့ တို့  တွေ့ ဆုံ ....
ကနေ ဒါ နိုင် ငံ   - နိုင် ငံခြား ရေး ၀န်ကြီးဌါန ၏ ဖိတ်ကြား ချက် အရ ရောက် ရှိ နေ သော မြန်မာ လွတ် တော် အမတ် များ .နှင့်  ကနေဒါ နိုင် ငံ ဖက်ဒရယ် အဆင့်  မြန်မာ့  NGO အဖွဲ့  ( Canadian Friends of Burma ) .
မြန်မာ ကနေဒီယန် မိတ်ဆွေ များ အဖွဲ့  မှတာဝန် ရှိ ဒါ ရိုက်တာ များ သည် ယနေ့ နံက် ၇ နာ ရီ တွင် ကနေဒါ နိုင် ငံ၏ မြို တော် ဖြစ်သောအော် တာဝါ မြို့ ရှိ  Lord Elgin Hotel ခမ်းမဆောင် တွင် နံက် စာသုံး ဆောင် ရင်း  ။ ရင်း နှီးစွာ ပွင့် လင်း စွာ  တွေ့ ဆုံ ဆွေး နွေး ကြ ကြောင်း သတင်း ရ ရှိ ပါသည် ။


http://www.cfob.org/board.html

မြန်မာ ကနေဒီယန် မိတ်ဆွေ များ အဖွဲ့  မှ တွေ့ ဆုံ ကြသည့်  သူ များ

Merle Jacobs (Chairperson)
Timothy Zaw Zaw  (Vice-Chiar)
Thet Thet Htun (Secratary)
Tin Maung Htoo ( ED )

http://www.cfob.org/board.html

ကနေ ဒါ နိုင် ငံ   - နိုင် ငံခြား ရေး ၀န်ကြီးဌါန ၏ ဖိတ်ကြား ချက် အရ ရောက် ရှိ နေ သော မြန်မာ လွတ် တော် အမတ် များ ..
  the following members of the Burmese Parliamentary Delegation would please to meet with CFOB representatives for breakfast at the Lord Elgin Hotel in Ottawa, on Thursday morning at 7:00am:
 

မြန်မာ နိုင် ငံ မှ တရား ၀င် လာရောက် လေ့ လာ သည့်  လွတ် တော် အမတ် များ နှင့်  အစိုး ရ တာဝန် ရှိသူ များ စာရင်း
Mr. Thuyain Zaw, Chairman of the Public Accounts Committee and Member of Parliament USDP
Mr. Ko Ko Tun, Secretary of the International Relations Committee and Member of Parliament USDP
Miss Khin Thanda, Member of Parliament NLD
Mrs. Khin San Hlaing, Member of Parliament NLD
Mr. Ye Tun, Member of Parliament, Shan Nationalities Democratic Party
Mr. Htun Aung Kyaw, Member of Parliament Rakhaine Nationalities Development Party
Dr. Banyar Aung Moe, Member of Parliament, All Mon Regions Party
Mr Aung Zin, Member of Parliament, National Democratic Force Party
Mr. Khun Ling, Member of Parliament, Chin Progressive Party

Mr. Kyaw Soe, Director General of Parliament’s Office
Mrs. Thida Tun, Deputy Director General of Parliament’s Office

တွေ့ ဆုံ ပွဲ အစီ အစဉ် များ

get to know each other what they have learned from this trip (they are scheduled to go back on Friday), challenges in Burma’s parliament and prospects for the future. what they want us – both civil society organizations and the government to do for Burma at this point and time, etc.

ဆွေး နွေး သည့်  အခြား အကြောင်း အရာ များ Media Contact :    Tin Mg Htoo  1 613 297 6835  , Thet Htet Htun :  1 514 766 2378 

ခေါင်လောင်းဂီတပညာရှင်များရဲ့မှုံရွှေရည်သီချင်းနားဆင်ပါ


Hmone Shwe Yee... by Saw Moon Light & Bell Musicians





Published on 25 Apr 2013


Hmone Shwe Yee is the most famous and popular song of Myanmar.

Most Burmese can sing this song easily and handily.

On 2013 April 21... Music Composer Saw Moon Light presented

This Hmone Shwe Yee Song with American "Bell" Musicians

at the Citrus College Haugh Performing Arts Center.

All the Burmese Audience at the show sang along with the Music

at the ending.

Nilar Sein

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း



 Apr 25th, 2013
 By သက်နိုင်စိုး


သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။

ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။
လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။
 နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။

Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.

ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။

ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123 ဖြစ်သည်။

အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံး ပျက်စီးမှုရှိပါက သက်ဆိုင်ရာ ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါသည်။အဝင်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှုအတွက် တစ်မိနစ်လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်ပြီး မကြာမီကာလတွင် အင်တာနက်လျှောက်ထားနိုင်မည်ဟု သိရှိရပါသည်။

၁၅၀၀တန်ဖုန်းသုံးစွဲသူများ အဆင်ပြေကြပါစေ…

Ref & Credit to လင်းယံခ (မြန်မာစာ)
 by myanmarmobileapp.com

ပြည်မြို့ က စစ်သားသုံးဦး လုယက်သတ်ဖြတ်ခံရမှု "အမှန်တရားကိုဖော်ထုတ်ပေးပါ"...


http://www.youtube.com/watch?feature=player_embedded&v=TedswRYaVx0

သမ္မတကြီး ဦးသိန်းစိန်နှင့်မန္တလေး ဘူတာရုံ ဖြစ်စဉ်အမှန်


တိတ်တိတ်လေး ဆက်ဆိုးနေနိုင်သေးတယ်(click here)
မနေ့ကတင်ထားတဲ့ဆောင်းပါးကိုတုံ့ပြန်တဲ့ဆောင်ပါးလေးပါ။ယူနီဖောင်းအပြည့်နဲ့ ဒုဗိုလ်မှုးကြီးကို ရုံပိုင်ကထိုင်စောင့်ခိုင်းတယ်ဆိုတာတော့စဉ်းစားစရာပါ။အချိန်ကလဲ ၁၉၉၁ ခုနှစ်နော်
================================================
ဒီနေ့ အင်တာနက်မှာ သမ္မတကြီး ဦးသိန်းစိန်ကို အပုပ်ချထားကိုတွေ့လိုက်လို့ ဒီစာကိုရေးလိုက်ရတာပါ။
အပုပ်ချထားတဲ့စာထဲမှာ သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူတာကြီးမှာ သူစီးမဲ့ ရထားထွက်သွားလို့
သူ့ကိုမစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့ထိုးတယ်ဆိုပြီး ရေးထားပါတယ်။
ဒုဗိုလ်မှူးကြီးသိန်းစိန်ကြောင့် ရုံပိုင်ချုပ်လည်း အလုပ်ပြုတ်သွားပြီး DSA တက်နေတဲ့ ရုံပိုင်ချုပ်သားလဲ ကျောင်းထုတ်ခံရတယ်လို့ရေးထားပါတယ်။

အဲဒီအချိန်တုန်းက ကျွန်တော်ဟာ မီးရထားအရာရှိအဖြစ် မန္တလေးဘူတာမှာ တာဝန်ကျနေခဲ့တဲံအတွက်ကြောင့်မို့လို့ ဒီဖြစ်စဉ်ကို အသေးစိတ်ကြုံတွေ့ခဲ့ရပါတယ်။အချိန်က ၁၉၉၁ ခုနှစ်မှာ ဖြစ်ပါတယ်။
ရုံပိုင်က ဦးစံရွှေမောင် လို့ ခေါ်ပါတယ်။ သူ့သားက DSA အပတ်စဉ်(၁၈)က ကိုကောင်းမြတ်သူပါ။အဲဒီလိုဖြစ်တဲ့အချိန်မှာ ကိုကောင်းမြတ်သူက တိုက်ပွဲမှာကျလို့ ဆုံးနေခဲ့ပါပြီ။

ဒါကြောင့် ဒုမှူးကြီး သိန်းစိန်နဲ့ရန်ဖြစ်လို့ DSA မှာ တက်နေတဲ့ ဗိုလ်လောင်း
ကျောင်းထုတ်တယ် ဆိုတာ မဟုတ်ပါဘူး။အဲဒီတုန်းက ရုံပိုင်ချုပ် ဦးစံရွှေမောင်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ
အဲဒီအချိန်က မန္တလေးဘူတာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတော်တော်များများ သိကြပါတယ်။သူဆုံးသွားလို့ သူ့အကြောင်းမကောင်းပြောတာမဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ကိုအားလုံး
သိစေချင်လို့ပါ။ အဲဒီလိုဖြစ်တဲ့နေ့က ဒုတိယဗိုလ်မှူးကြီး သိန်းစိန် တာဝန်အရ ခရီးသွားဖို့ မနက်အစောကြီးမှာ ရထားလက်မှတ် လာဝယ်ပါတယ်။

ရုံပိုင်က ရထားထွက်ခါနီး နာရီဝက်အလိုမှာ ပစ္စည်းတွေတစ်ခါတည်း
ယူပြီး လာခဲ့ ဆိုပြီး ပြောလိုက်ပါတယ်၊ဒုဗိုလ်မှူးကြီး သိန်းစိန် က ယူနီဖောင်းအပြည့်အစုံနဲ့ ရထား မထွက်ခင် (၁)နာရီ ကြိုပြီး လာပါတယ်။
ပစ္စည်းတွေလဲ ပါလာပါတယ်။အဲဒီအချိန်မှာ ရထားတွဲတွေငှားတဲ့ ကုန်သည်တွေနဲ့ ရုံပိုင်က စကားပြောနေပါတယ်။
ရုံပိုင်က ခဏစောင့်ဦး ဆိုပြီး ကုန်သည်နဲ့ ဆက်ပြီး စကားပြောနေတာပါ။ ဒီအချိန်မှာ တစ်ခြား မှောင်ခို လက်မှတ်တွေကိုတော့ တစ်ခါတည်း လုပ်ပေးတာကို တွေ့နေရပါတယ်။ဘေးမှာ ရထားက အရာရှိတစ်ယောက် ရှိပါတယ်။ အလုပ်သင်(၄)က ဗိုလ်ကြီးနဲ့ ပြောင်းသွားတဲ့ သူပါ။
အခုလက်ရှိ သက်ရှိထင်ရှား ရှိနေပါသေးတယ်။

ရုံပိုင်ချုပ်က ကုန်သည်တွေနဲ့ ဟေလားဝါးလား ပြောဆိုနေပြီးတော့ ဒုဗိုလ်မှူးကြီး သိန်းစိန်ကို ထိုင်ခိုင်းထားတာပါ။ရထားချိန် နီးလာတာနဲ့အမျှ ဒုဗိုလ်မှူးကြီး သိန်းစိန်က စိတ်ပူပြီး ရထားလက်မှတ်ကိစ္စ ထပ်ပြောပါတယ်။
အဲဒီအချိန်မှာ ရုံပိုင်ချုပ် တပည့်တွေ အလျှိုလျှိုဝင်လာပြီး ရထားလက်မှတ်တွေကို မှောင်ခိုသမားတွေဆီ ပေးနေတာ ဒုဗိုလ်မှူးကြီး သိန်းစိန်က မြင်နေပါတယ်။အဲဒါနဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်က မနက်အစောကြီးကတည်းက ကျွန်တော်လက်မှတ် လာဝယ်ခိုင်းထားတာပါ။ အခုထိ မရသေးဘူး။ ကျွန်တော့်မှာ အရေးကြီး တာဝန်နဲ့ပါ လို့ပြောပါတယ်။
ရုံပိုင်ချုပ်က ခင်ဗျားဘာလောနေတာလဲဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း စပြောပါတယ်။

မှောင်ခိုသမားတွေ ခုမှလာပြီး လက်မှတ်တွေ ယူနေတယ်။ နိုင်ငံ့တာဝန်နဲ့
သွားလာနေတဲ့သူတွေကျတော့ဒီလိုလက်မှတ်လုပ်မပေးတာ
ကောင်းသလားဆိုပြီး စကားများကြတာပါ။ရုံပိုင်ချုပ်က ခင်ဗျား ကျွန်တော် ပေးရင် ရမယ်-မပေးရင် မရဘူးဗျာ ဆိုပြီး ပြောပါတယ်။
ဒီမှာပဲ ခင်ဗျား ပြောတာ မိုက်ရိုင်းလှချည်လားဆိုပြီး လက်နဲ့ ရင်ဘတ်ကို ဆောင့်တွန်းတာပါ။ မထိုးပါဘူး။
ဒီမှာပဲ အကျယ်အကျယ် မဖြစ်ရအောင် ရုံပိုင်တပည့်တွေက လက်မှတ် ချက်ချင်း ထုတ်ပေးပါတယ်။ဖြစ်စဉ်က ဒါပါပဲ။

အဲဒီတုန်းက ရုံပိုင် ဘယ်လိုလူစားလဲ ဆိုတာ မကြာပါဘူး။ ပြဿနာ တက်ပါတယ်။မန္တလေး ဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ
ကျောင်းပိတ်လို့ ခွင့်ပြန်ကြတဲ့အချိန်မှာ ဖြစ်တာပါ။ရုံပိုင်ကို အဲဒီတုန်းက စစ်တိုင်းမှူးက ဆေးကျောင်းသားတွေအတွက် ရထားလက်မှတ်တွေ ချန်ခိုင်းထားပါတယ်။ကျောင်းသားတွေလည်း Ok ဆိုပြီး ဘူတာကို အုပ်စုလိုက်ကြီး ရောက်လာကြပါတယ်။ဘူတာလည်းရောက်ရော ကျောင်းသားတွေဖို့ လက်မှတ်မရှိဘူး ဆိုပြီး ရုံပိုင်ချုပ်က ပြောပါတယ်။
အမှန်တော့ ကျောင်းသားတွေအတွက်လက်မှတ်တွေကို မှောင်ခိုသမားတွေလက်ထဲထည့်ချင်တဲ့ရည်ရွယ်ချက်နဲ့ အကြံအဖန်လုပ်တာပါ။

ဒါတွေကို ကျောင်းသားတွေက သိလို့ ပြောတဲ့အခါမှာ ကျောင်းသားတွေက
ို ရုံပိုင်ချုပ်က မိုက်မိုက်ရိုင်းရိုင်း ဆဲပါတယ်။ မင်းတို့ ဒီရထား မရလည်း နောက်ရထားရမှာပဲ..နောက်ရထား မရလည်း နောက်နေ့ ရထားရမှာပဲ။ ငါ့လီးမို့လို့ ငါ့ကို လာပြီး ပြောနေတာလဲ ဆိုပြီး ရုံပိုင်က ပြောတာပါ။မင်းတို့လို ကောင်တွေနဲ့ ပြောရတာ အချိန်ကုန်တယ်။ မအေလိုးတွေဆိုပြီး ဆဲတာပါ။အဲတော့ ကျောင်းသားတွေက စိတ်တိုပြီး ရုံပိုင်ချုပ်ကို ၀ိုင်းရိုက်ဖို့ လုပ်ပါတယ်။ကျောင်းသားတွေကလည်း စစ်တိုင်းမှူးကို ပြောထားတယ်။ စစ်တိုင်းမှူးကလည်း ပြောထားပြီးပြီ ဆိုတော့ ရပြီဆိုပြီး စိတ်အေးလက်အေး ဘူတာဆင်းသွားကြတာပါ။
အဲတုန်းက ပြဿနာဖြစ်ခဲ့တဲ့ ကျောင်းသားတွေက အသိဆုံးပါ။
ရုံပိုင်ချုပ်က ငွေမက်တယ်။

မှောင်ခိုပဲ ရောင်းစားတယ်။ တစ်ကယ် လိုချင်ရင် ဈေးကြီးပေးပြီး ၀ယ်ရတယ်။ဒီမှာပဲ ရဲတွေ ရောက်လာပြီး ကျောင်းသားတွေကို
တားပါတယ်။ ကျောင်းသားတွေအားလုံး ရုံပိုင်ကို တစ်ကယ်ရိုက်တော့မှာပါ။
နောက် လပခက စစ်သားတွေ ရောက်လာတယ်။နောက်ဆုံးမှ
ကျောင်းသားတွေ လက်မှတ်ရပါတယ်။ ပြီးတော့ ရထားပေါ်တက်ပြီး အိမ်ပြန်လာခဲ့ကြတယ်။နောက်တော့ သတင်းကြားပါတယ်။ ရုံပိုင်ကို အဖွဲ့ဖွဲ့စစ်တော့ ကျောင်းသားတွေ နာမည်နဲ့လက်မှတ်နေရာတွေကို
မှောင်ခိုရောင်းထားတာ တွေ့ရတယ် လို့ ပြောပါတယ်။
ဒါတင်မကဘူး မရိုးမသား ထင်ရာစိုင်းလုပ်နေတဲ့ အခြား အလွဲသုံးစားတွေလည်း ပေါ်ပါတယ်။ဒီမှာပဲ ရုံပိုင်ကို အနားပေးလိုက်တာပါ။ တစ်ကယ်က ရုံပိုင်က အဲလိုလူမျိုးပါ။ကျွန်တော်အနေနဲ့ အဲဒီဖြစ်စဉ်တွေမှာ ရုံပိုင်ချုပ်နဲ့တကယ်ကြုံတွေ့ပြီး ဖြစ်စဉ်အမှန်ကို ရေးသားဖော်ပြ
ရခြင်းဖြစ်ပါတယ်။

ဦးမြ၀င်း (မီးရထားအရာရှိဟောင်းတစ်ဦး)


ဆိတ်ပါးစပ် နတ်မျက်စိ
လုပ်လာပြန်ပြီနော်၊ တပ်မတော်က အရာရှိမပြောပါနဲ့ အောက်ခြေအဆင့် အနိမ့် ဆုံးတပ်သားအဆင့် တွေကအစ တာဝန်အရရထားနဲ့ ခရီးသွားတော့ မယ်ဆိုရင်ရထားလက်မှတ်ကိုဝယ်စီးစရာမလိုပါဘူး၊ တပ်ကထုတ်ပေးလိုက်တဲ့ မီးရထားစီးနင်းခွင့် ဝါရမ်းစာရွက်ကို ဘူတာရုံမှာ စစ်ကြောရေးနဲ့ တည်းခိုရေး တပ်ကတာဝန်ချထားပေးတဲ့ RTO ရုံးခန်းကိုသွားပြီး ပါလာတဲ့ ဝါရမ်းစာရွက်ကိုပြလိုက်ရုံ ပါပဲ၊ရုံပိုင်ဆီသွားပြီးလက်မှတ်ဝယ်နေစရာမလိုပါဘူး၊ RTO ဆီမှာ တပ်မတော်သားတွေအတွက် ရိုးရိုးတန်း/အထက်တန်း ထိုင်ခုံနေရာ၊အိပ်ခန်းတွဲအိပ်စင်နေရာ အားလုံးအတွက် ခရီးစဉ်အလိုက်ရှိထားပြီးသားပါ၊၁၉၉၁ခုနှစ်၊မန်းတလေးဘူတာကြီးမှာ RTO လည်းရှိပါတယ်၊ယူနီဖေါင်းကြီလည်းဝတ်ထားတယ်၊တာဝန်အရခရီးသွာတယ်လည်းပြောသေးတယ်နော်၊။ တစ်ခုလောက်မေးကြည့် ပါရစေ ၊ ရထားနေရာစီစဉ်ပေးတဲ့ ၊ ဝယ်စီးစရာမလိုအောင် တပ်ကထုတ်ပေးလိုက်တဲ့ ဝရမ်းနဲ့ နေရာယူပြီးတက်စီးလို့ ရတဲ့ RTO ဆီမသွားပဲ ဘာကြောင့် ရုံပိုင်ဆီသွားပြီးလက်မှတ်ဝယ်စီးတာပါလဲ၊ခင်ဗျားတို့ တတွေ စောက်တလွဲလော်ဘီတွေ လျှောက်လုပ်နေတာနဲ့ အထက်မှာဖေါ်ပြခဲ့ တာဝန်အရ၊ယူနီဖေါင်းကြီးဝတ်ပြီခရီးသွားခဲ့ တဲ့ တပ်ရင်းမှူးကြီးခမျာမှာတော့ တပ်ကထုတ်ပေးလိုက်တဲ့ ခရီးသွားလာခွင့် အမိန့် MO လို့ ခေါ်တဲ့ Movement Order လည်းသူ့ ကိုထုတ်မပေးလိုက်လို့ မပါတာ၊ နိုင်ငံတော်စရိတ်နဲ့ အခမဲ့ စီးခွင့် ရှိတဲ့ ဝရမ်းကိုလည်းတပ်ကထုတ်မပေးလိုက့်မပါတာ့ ကြောင့် ၊သူ့ ခမျာ အရာရှိကြီးအဆင့် တယောက်နဲ့ လျော်ညီစွာ ရထားစီးခွင့် မရရှာတာမို့ ၊ရုံပိုင်ဆီသွားပြီးဝယ်စီးခဲ့ ရရှာတဲ့ အဖြစ်မျိုးရောက်သွားပါတော့ တယ်။လော်ဘီလုပ်တဲ့ သူရေ မလုပ်တတ်ရင်မလုပ်နဲ့ ပါလား။


Nay Phyo Thant
အား...သင်္ကြန်နားနီးလို့မန်းလေးရထားလက်မှတ်သွားဝယ်ပါတယ်.....
မရခဲ့ပါဘူး....လက်မှတ်ရောင်းက....ဘာပြောတယ်မှတ်လဲ....
ရာသီစာ....တဲ့.....သြော်စကားလုံးအသစ်တခုတိုးတာပါလားဆိုပီးလှည့်ပြန်ခဲ့တယ်....မှတ်ထားနော်...မြန်မာ့မီးရထား.....ရဲ့...ရာသီစာ....အဟားးးးးးးးး

(၂၅-၄-၁၃)လက်ပံတောင်းတောင် မှာ တဦးသေနတ်ဒဏ်ရာရတဦးခေါင်းပေါက်




လက်ပံတောင်း တုံရွာသစ်မှ တောင်သူလယ်သမား ကိုတင်ဇော် ကို ရဲတပ်ဖွဲ့ ဝင်များမှ သေနတ်နဲ့ ပစ်ခဲ့ပါသည် ..ခုလောလောဆယ် ဆေးရုံမှာ ခွဲစိတ်ကုသနေပါသည်...ဓါတ်ပုံ ကို ဇင်ယော် မှ ဖော်ပြပါသည်


လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုမှာ ၁ ဦး သေနတ်ဒဏ်ရာရ
2013-04-25
 RFA

မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ လျော်ကြေးယူမထားတဲ့ ဒေသခံတောင်သူ လယ်သမားတွေက အသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို ၀င်ရောက်ထွန်ယက်ရာမှာ  စီမံကိန်းလုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်း တဲ့အတွက် ဆန္ဒပြသူတစ်ဦး သေနတ်ဒဏ်ရာရခဲ့ပြီး ၃ ဦးကို မုံရွာဆေးရုံတင်လိုက်ရပါတယ်။

ဒီနေ့မနက် ၉ နာရီ ပတ်ဝန်းကျင်လောက်က ကြေးနီစီမံကိန်းအနီး ဆည်တဲရွာမြောက်ဖက် လက်ပံတောင်းတောင်ခြေမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေ အပြန်အလှန် အခြေအတင်ဖြစ်ခဲ့ပါတယ်။

ဒီလိုဖြစ်ရာမှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေက လက်ကိုင်တုတ်တွေ၊ သေနတ်တွေသုံးပြီး ဖြိုခွဲခဲ့သလို၊ ဆန္ဒပြသူတချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဖြစ်စဉ်မှာပါဝင်ခဲ့သူ ဆည်တည်းရွာက ကိုဇော်နိုင်က RFA ကို ပြောပြပါတယ်။

အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေနတ်ဒဏ်ရာရရှိသူတစ်ဦးနဲ့ အရိုက်ခံရသူ ၂ ဦး၊ စုစုပေါင်း ၃ ဦး မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေနဲ့ အတူရှိနေခဲ့တဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုအောင်စိုးအပါအ၀င် ဒေသခံ ၂ ဦးလည်း အဖမ်းခံထားရတယ်လို့ဆိုပါတယ်။ ကြေးနီစီမံကိန်း နေရာတ၀ိုက်မှာ အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ဆားလင်းကြီးမြို့နယ် စခန်းမှူးကို RFA က ဆက်သွယ်မေးမြန်းရာမှာ မသိကြောင်းနဲ့ ကုမ္ပဏီလုံခြုံရေးအဖွဲ့တွေပဲ သိမယ်လို့ဖြေဆိုသလို၊ ခရိုင်အုပ်ချုပ်ရေးမှူးကို တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါမှာလည်း အစည်းအဝေးသွားနေတယ်လို့ပဲ သူ့လက်ထောက်အရာရှိက ပြန်လည်ဖြေဆိုပါတယ်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် International Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်

နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ကပေးအပ်သည့်ငြိမ်းချမ်းရေးဆုကို ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက နိုင်ငံတော်သမ္မတကိုယ်စားဆုတက်ရောက်လက်ခံရယူ ==============================================  
Internatinal Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲကိုဧပြီလ ၂၂ ရက် ညနေ ၅ နာရီတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ The Pierre Hotel ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး နိုင်ငံသမ္မတဟောင်း မစ္စတာလူးဝစ်လူးလားတို့က လက်ခံရရှိခဲ့ကြသည်။