Saturday, April 27, 2013

ရုပ်ချောလို့ ပြည်နှင်ဒဏ်ခံရတဲ့ ဒူဘိုင်းမြို့သား



===========================

ဆော်ဒီအာရေဗျ အစိုးရဟာယူအေအီးက ဒူဘိုင်းမြို့သား ဖက်ရှင်ဓာတ်ပုံဆရာ၊ ရုပ်ရှင်သရုပ်ဆောင်နဲ့ ကဗျာဆရာတစ်ဦးဖြစ်သူ Omar Borkan Al Gala ကို အရမ်းကိုချောမောလွန်းနေတဲ့အတွက် သူတို့နိုင်ငံကနေနှင် ထုတ်လိုက်တယ် လို့သိရပါတယ် ... ဘာကြောင့်လဲဆိုတော့ ဆော်ဒီ အမျိုးသမီးတွေအနေနဲ့ အဆိုပါအမျိုးသားကို တမ်းတမ်းစွဲဖြစ်ပြီး သူတို့တိုင်းပြည်ကချမှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်မှာစိုးလို့ဖြစ်တယ်လို့ ဘာသာရေးဆိုင်ရာ ရဲတပ်ဖွဲ့အရာရှိတွေက ပြောပါတယ် ... ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးတွေဟာ ကိုယ့်ဆွေမျိုးသားချင်းမဟုတ်တဲ့ သူစိမ်းအမျိုးသားတွေနဲ့ စကားပြောဆိုဆက်ဆံခြင်းမျိုးကို တင်းကြပ်စွာတားမြစ်ထားပါတယ် ... အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ရင် ကြိမ်ဒဏ်ကနေ သေဒဏ်အထိ အပြစ်ပေးခံရမယ်လို့လည်း ဥပဒေထုတ်ပြန်ထားပါတယ် ...

credit : Thuyaaung


Photo: ရုပ်ချောလို့ ပြည်နှင်ဒဏ်ခံရတဲ့ ဒူဘိုင်းနိုင်ငံသား
===========================

ဆော်ဒီအာရေဗျ အစိုးရဟာ ဒူဘိုင်းနိုင်ငံသား ဖက်ရှင်ဓာတ်ပုံဆရာ၊ ရုပ်ရှင်သရုပ်ဆောင်နဲ့ ကဗျာဆရာတစ်ဦးဖြစ်သူ Omar Borkan Al Gala ကို အရမ်းကိုချောမောလွန်းနေတဲ့အတွက် သူတို့နိုင်ငံကနေနှင် ထုတ်လိုက်တယ် လို့သိရပါတယ် ... ဘာကြောင့်လဲဆိုတော့ ဆော်ဒီ အမျိုးသမီးတွေအနေနဲ့ အဆိုပါအမျိုးသားကို တမ်းတမ်းစွဲဖြစ်ပြီး သူတို့တိုင်းပြည်ကချမှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်မှာစိုးလို့ဖြစ်တယ်လို့ ဘာသာရေးဆိုင်ရာ ရဲတပ်ဖွဲ့အရာရှိတွေက ပြောပါတယ် ... ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးတွေဟာ ကိုယ့်ဆွေမျိုးသားချင်းမဟုတ်တဲ့ သူစိမ်းအမျိုးသားတွေနဲ့ စကားပြောဆိုဆက်ဆံခြင်းမျိုးကို တင်းကြပ်စွာတားမြစ်ထားပါတယ် ... အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ရင် ကြိမ်ဒဏ်ကနေ သေဒဏ်အထိ အပြစ်ပေးခံရမယ်လို့လည်း ဥပဒေထုတ်ပြန်ထားပါတယ် ...


credit : Thuyaaung Thuyaaung Thuyaaung

2

စစ်' ကိုအခြေပြု တရားမ၀င် ထုတ်ယူနေတဲ့ 'သစ်' အရေး တားဆီးဖြေရှင်းပေးပါ....။


မော်ဒန် ဂျာနယ်မှ...



ကချင်ပြည်နယ်မှာဖြစ်ပွားတဲ့ စစ်ကိုအခြေပြုပြီး မြန်မာ့သစ်တွေကို တစ်ဘက်နိုင်ငံက တရားမ၀င် ထုတ်ယူမှုတွေကို သက်ဆိုင်ရာအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ပေးစေချင်တယ်လို့ တရုတ်နယ်စပ် ရွှေလီမှ မြန်မာကုန်သည်တွေကပြောပါတယ်...။

“ပွဲတော်ကြီး တစ်ခုလိုပါပဲ... မန်ဝိန်းဘက်မှာ သစ်ကားတွေချည်း ရှုပ်နေလို့ လမ်းတွေပိတ်နေတာ...၊ မြန်မာ့သစ်က ဈေးအချိုဆုံးဈေးကွက်လို သဘောထားနေတယ်....”

“စစ်ကိုင်းတိုင်းဘက်က သစ်တွေများတယ်..၊ ကသာ ၊ ကောလင်း ၊ ထီးချိုင့် က သစ်တွေကို ဧရာဝတီမြစ်အနောက်ကနေ အရှေ့ဘက်ကို ဇက်နဲ့ကူးတယ်..။ နယ်စပ်ရောက်ဖို့ မန်ဝိန်းဘက်ကနေသွားတယ်....” လို့ နယ်စပ်က မြန်မာကုန်သည်တွေကပြောပါတယ်...။

“သစ်ကားတွေ အများကြီးသွားနေတာကြားတယ်..၊ အဲ့ဒီလမ်းကြောင်းမှာ ကျနော်တို့ တပ်တွေမရှိဘူး...” လို့ SSPP/SSA မှ ဗိုလ်မှုးကြီး စိုင်းထူးက ဆိုပါတယ်...။

“တစ်ဖက်နိုင်ငံက ကုန်သည်တွေက ကျွန်းသစ် ကိုအဓိကထုတ်ယူတာဖြစ်ပြီး အပင်ကို အမြစ်ကချွတ်ယူကြတာဖြစ်တယ်...။ မန်ဝိန်း ဘက်လမ်းမှာ တပ်မတော် နဲ့ ကေအိုင်အေ ဂိတ်တစ်ချို့ရှိတယ်လို့ သိရတယ်...။ အဓိက ကတော့ လာဘ်စားမှုပါပဲ...။ သူတို့ပေးဝယ်တဲ့ဈေးက တစ်တန်ကို တစ်သိန်းခွဲကနေ သုံးသိန်း လောက်အထိပဲပေးတယ်...။ ဒီက သစ်ကိုသူတို့ကယူပြီး သူတို့ သယ်လာတာကတော့ စိတ်ကြွဆေးပြားတွေပါ....။ ကချင်က သစ်တွေ ပြောင်ပြီ..။ စစ်ဖြစ်တဲ့ နှစ်နှစ်အတွင်းမှာ မြန်မာကသစ်တွေ တော်တော်ကုန်ပြီ....။ လတိုင်း ဖြတ်နေတဲ့ သစ်ကားတွေက နည်ားတွေမဟုတ်ဘူး....” လို့ နယ်စပ်က မြန်မာကုန်သည်တွေကပြောပါတယ်...။


ချက်တင်မှာ တွေ့တဲ့သူတိုင်းကို လွယ်လင့်တကူ မယုံကြည်သင့်



သတင်းလေးများဆုံဆည်းရာ's photo.
ဘုရား..ဘုရား..တစ်ကယ်သေသွားတာပဲ...မယုံနိုင်စရာ.၊ ကျမတို့မြို့မှာ မိခင်ကစွန့်ပစ်သွားခဲ့လို့ ကံဆိုးလိုက်တာလို့ တွေးမိခဲ့တာ...၊ တစ်ကယ်ကို ကံဆိုးတာပါပဲ..။

ဟိုတလောက ဖေ့စ်ဘုတ်မှာ အမေပျောက်လို့ ရှာပုံတော်ဖွင့်တဲ့ သဲသဲသော် ဆိုတဲ့ ကောင်မလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ခုတော့ အဲဒီ့ကောင်မလေး အသတ်ခံရလို့ သေရှာပါပြီ။ ဒီနေ့မနက် ဖေ့စ်ဘုတ်ပေါ်မှာ အဲဒီ့သတင်းတွေ့တော့ အမှုမဲ့အမှတ်မဲ့ပဲနေမိတယ်။ စောစောက ထိုင်းသတင်းစာ တစ်စောင်မှ မြန်မာမိန်းကလေး တစ်ယောက် အသတ်ခံရတယ်ဆိုပြီး သတင်း ပါလာတော့ စိတ်ဝင်စားတာနဲ့ ထိုင်းလိုကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပြီး ဘာသာပြန်ခိုင်းရတယ်။ ၁၃-၄-၂၀၁၃ (သင်္ကြန်အကြိုနေ့) တုန်းက အဲဒီ့ကောင်မလေးက ဖေ့စ်ဘုတ်ပေါ်မှာ ရင်းနှီးတဲ့ ကောင်လေးတစ်ယောက် (ဖေ့စ်ဘုတ်အကောင့် နာမည် နတ်သားလေး တဲ့)နဲ့ ချိန်းတွေ့ပါသတဲ့။ ချိန်းတွေ့ရင်း ကောင်မလေးကို သတ်ဖြတ်ပြီး ပိုက်ဆံနဲ့ဖုန်းကို ယူသွားခဲ့တယ်လို့ သိရပါတယ်။ ကောင်မလေးအလောင်းကို သူ့အခန်းထဲမှာ အ၀တ်အစားမပါပဲ တွေ့တယ်ဆိုတော့ အဓမ္မကျင့်ဖို့ ကြံစည်ရင်းနဲ့ အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ခုတော့ တရားခံကို ဆမူပါကန်မြို့ဖမ်းမိပြီလို့ သိရပါတယ်။ တရားခံကလည်း မြန်မာလူမျိုးတစ်ယောက်ပါပဲ။ ပြည်ပရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း ယုတ်မာရဲတဲ့ စိတ်ဓာတ်ကို ရွံမိပါတယ်။ ဖေ့စ်ဘုတ်ပေါ်က မိန်းကလေးတွေအနေနဲ့လည်း ချက်တင်မှာ တွေ့တဲ့သူတိုင်းကို လွယ်လင့်တကူ မယုံကြည်သင့်ကြောင်း မမြင့်မြင့်အေး (ခ) သဲသဲသော် (ဖေ့စ်ဘုတ်အမည် Sky Queen) က အသက်နဲ့လဲပြီး သက်သေပြသွားပါပြီ။ မနက်ဖြန် သင်္ဂြုလ်မယ်လို့ သိရပါတယ်။ မမြင့်မြင့်အေး (ခ) မသဲသဲသော် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေကွယ်။

(credit to - Moe Zay Nyein)

Myintzu Zaw
ဘုရား..ဘုရား..တစ်ကယ်သေသွားတာပဲ...မယုံနိုင်စရာ.၊ ကျမတို့မြို့မှာ မိခင်ကစွန့်ပစ်သွားခဲ့လို့ ကံဆိုးလိုက်တာလို့ တွေးမိခဲ့တာ...၊ တစ်ကယ်ကို ကံဆိုးတာပါပဲ..။

ဟိုတလောက ဖေ့စ်ဘုတ်မှာ အမေပျောက်လို့ ရှာပုံတော်ဖွင့်တဲ့ သဲသဲသော် ဆိုတဲ့ ကောင်မလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ခုတော့ အဲဒီ့ကောင်မလေး အသတ်ခံရလို့ သေရှာပါပြီ။ ဒီနေ့မနက် ဖေ့စ်ဘုတ်ပေါ်မှာ အဲဒီ့သတင်းတွေ့တော့ အမှုမဲ့အမှတ်မဲ့ပဲနေမိတယ်။ စောစောက ထိုင်းသတင်းစာ တစ်စောင်မှ မြန်မာမိန်းကလေး တစ်ယောက် အသတ်ခံရတယ်ဆိုပြီး သတင်း ပါလာတော့ စိတ်ဝင်စားတာနဲ့ ထိုင်းလိုကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပြီး ဘာသာပြန်ခိုင်းရတယ်။ ၁၃-၄-၂၀၁၃ (သင်္ကြန်အကြိုနေ့) တုန်းက အဲဒီ့ကောင်မလေးက ဖေ့စ်ဘုတ်ပေါ်မှာ ရင်းနှီးတဲ့ ကောင်လေးတစ်ယောက် (ဖေ့စ်ဘုတ်အကောင့် နာမည် နတ်သားလေး တဲ့)နဲ့ ချိန်းတွေ့ပါသတဲ့။ ချိန်းတွေ့ရင်း ကောင်မလေးကို သတ်ဖြတ်ပြီး ပိုက်ဆံနဲ့ဖုန်းကို ယူသွားခဲ့တယ်လို့ သိရပါတယ်။ ကောင်မလေးအလောင်းကို သူ့အခန်းထဲမှာ အ၀တ်အစားမပါပဲ တွေ့တယ်ဆိုတော့ အဓမ္မကျင့်ဖို့ ကြံစည်ရင်းနဲ့ အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ခုတော့ တရားခံကို ဆမူပါကန်မြို့ဖမ်းမိပြီလို့ သိရပါတယ်။ တရားခံကလည်း မြန်မာလူမျိုးတစ်ယောက်ပါပဲ။ ပြည်ပရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း ယုတ်မာရဲတဲ့ စိတ်ဓာတ်ကို ရွံမိပါတယ်။ ဖေ့စ်ဘုတ်ပေါ်က မိန်းကလေးတွေအနေနဲ့လည်း ချက်တင်မှာ တွေ့တဲ့သူတိုင်းကို လွယ်လင့်တကူ မယုံကြည်သင့်ကြောင်း မမြင့်မြင့်အေး (ခ) သဲသဲသော် (ဖေ့စ်ဘုတ်အမည် Sky Queen) က အသက်နဲ့လဲပြီး သက်သေပြသွားပါပြီ။ မနက်ဖြန် သင်္ဂြုလ်မယ်လို့ သိရပါတယ်။ မမြင့်မြင့်အေး (ခ) မသဲသဲသော် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေကွယ်။

(credit to - Moe Zay Nyein)

Myintzu Zaw

(ဇင်ယော်မှလဒ)..(ဇင်ယော်မှလဒ).. သူတို့ထွက်သွားပြီ....အဘ..

ဓါတ်ပုံSun Ny အမျိုးသားဒီမိုကရေစီဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ လွှတ်တော်ဥက္ကဌဦးရွှေမန်း တို့ နှစ်ဦး ညနေ၃ နာရီ တွင်၅၉ အင်းယားလမ်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ(ရန်ကုန်ရုံး)တွင် တွေ့ ဆုံ နှုက်ဆက်နေစဉ်။

မြန်မာပို့ကုန်တွေကို အမေရိကန်က အခွန်ကင်းလွတ်ခွင့် ပြုတော့မည်


“GSP ဟာ ကျနော်တို့နိုင်ငံမှာ စီးပွားရေးတွေ ပိတ်ဆို့ထားတဲ့အတွက် ကျနော်တို့နိုင်ငံက ပစ္စည်းတွေကိုပို့မယ်ဆိုရင် အခွန် ၂၃% ဆောင်ရပါတယ်၊ ဥပမာဆိုရင် ငွေ ၁ ရာဖိုးပို့ရင် ၂၃ ကျပ်ဖိုး အခွန်ဆောင်ရတာပေါ့၊ GSP မဆိုတဲ့နိုင်ငံတွေ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ်တို့ဆိုရင် ၁ဝဝ ဖိုးပို့ရင် အခွန်မဆောင်ရတဲ့အတွက် ၁ဝဝ အပြည့်ရတာပေါ့၊ အဲဒီမှကတည်းက ကျနော်တို့ပြည်သူတွေက ၂၃ ကျပ်ရှုံးနေတာပေါ့နော်၊ ဒါတွေကို အခုဖြုတ်ပေးလိုက်တယ်


RFA Burmese

မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်မကုန်ခင် အမေရိကန်နိုင်ငံကို ကုန်ပစ္စည်းတွေ အခွန်လွတ်တင်သွင်းခွင့် ရရှိနိုင်ကြောင်း အမေရိကန်ကုန်သွယ်မှုဌာန အကြီးအကဲ Demetrios Marantis က မနေ့က ပြောဆိုလိုက်ပါတယ်။

Mr. Marantis က ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေအတွက် အထူးခံစားခွင့်ပြုထားတဲ့ GSP အစီအစဉ်အရ မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်၊ လက်မှုကုန်ပစ္စည်းနဲ့ အထည်အလိပ် ကုန်ပစ္စည်းတွေအပါအ၀င် ကုန်ပစ္စည်း အမြောက်အများအနေနဲ့ အမေရိကန်ဈေးကွက်ကို အကောက်ခွန်မဲ့ တင်သွင်းခွင့်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် GSP အစီအစဉ်ခံစားခွင့်ကို အလုပ်သမားအခွင့်အရေးဆိုင်ရာ အရေးယူမှုအဖြစ် အမေရိကန်ပြည်ထောင်စုက ၁၉၈၉ မှာ ရုပ်သိမ်းခဲ့ပါတယ်။ အခုလိုအခွန်ကင်းလွတ်ခွင့် ပြုခြင်းအတွက် နှစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့အကျိုးကျေးဇူးတွေကို ခံစားနိုင်မှာဖြစ်တယ်လို့ အမေရိကန် ကုန်သွယ်ရေး အကြီးအကဲက ပြောဆိုပါတယ်။ ဒါ့အပြင် ဒီကိစ္စအတွက် အမေရိကန်နဲ့ မြန်မာအရာရှိတွေ ဒီအပတ်အတွင်းက နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သူကပြောပါတယ်။

အင်္ဂါနေ့က ဝါရှင်တန်ကို လာရောက်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ဒီလို GSP အဆင့်ပေးခြင်းအားဖြင့် များစွာအကျိုးရှိမှာဖြစ်ကြောင်း RFA ကို အခုလို ပြောကြားခဲ့ပါတယ်။

“GSP ဟာ ကျနော်တို့နိုင်ငံမှာ စီးပွားရေးတွေ ပိတ်ဆို့ထားတဲ့အတွက် ကျနော်တို့နိုင်ငံက ပစ္စည်းတွေကိုပို့မယ်ဆိုရင် အခွန် ၂၃% ဆောင်ရပါတယ်၊ ဥပမာဆိုရင် ငွေ ၁ ရာဖိုးပို့ရင် ၂၃ ကျပ်ဖိုး အခွန်ဆောင်ရတာပေါ့၊ GSP မဆိုတဲ့နိုင်ငံတွေ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ်တို့ဆိုရင် ၁ဝဝ ဖိုးပို့ရင် အခွန်မဆောင်ရတဲ့အတွက် ၁ဝဝ အပြည့်ရတာပေါ့၊ အဲဒီမှကတည်းက ကျနော်တို့ပြည်သူတွေက ၂၃ ကျပ်ရှုံးနေတာပေါ့နော်၊ ဒါတွေကို အခုဖြုတ်ပေးလိုက်တယ်ဆိုတော့ ပြည်သူတွေအပြည့်အဝ တိုက်ရိုက်ခံစားရမှာပေါ့”

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ဥက္ကဌနဲ့ စက်မူကုန်သည်များအသင်း ဒုတိယဥက္ကဌ ဦးမြင့်စိုးကလည်း အမေရိကန်ပြည်ထောင်စုက အခုလို GSP အဆင့် မြန်မာနိုင်ငံကို ပြန်လည်သတ်မှတ် ပေးလိုက်တဲ့အတွက် မြန်မာအထည်ချုပ်လုပ်ငန်းကို အကြီးအကျယ် တိုးတက်စေမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတို့ကို အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးအထုးခံစားခွင့်နိုင်ငံ GSP အဆင့်ပေးနိုင်ရန် အမေရိကန်ပြည်ထောင်စုက စဉ်းစားသုံးသပ်နေကြောင်း ပြီးခဲ့တဲ့အပတ်မှာ သတင်းထွက်ခဲ့ပြီးနောက် အခုလို ကုန်သွယ်မှုအကြီးအကဲက ပြောဆိုလိုက်တာဖြစ်ပါတယ်။

အမေရိကန်ကုန်သွယ်မှုဌာနဟာ အစိုးရအဖွဲ့မှာ ဝန်ကြီးဌာနတစ်ခုနည်းတူ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မျာအားအကြမ်းဖက်များအဖြစ်အမေရိကန်သတ်မှတ်ပြီလား


RFA Burmese

မြန်မာ့တပ်မတော် ခေတ်မှီတိုးတက်ဖို့ အမေရိကန် ကူညီမည် :D  :D  :D

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံကြောင်း တိုးတက်ပြသတဲ့အနေနဲ့ မြန်မာ့တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေးအတွက် နည်းလမ်းတွေကို မိမိတို့လေ့လာနေကြောင်း အမေရိကန်လွှတ်တော်မှာ ကြာသာပတေးနေ့က ပြောဆိုသွားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်ကို လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစားလိုက်နာစေလိုတဲ့အပြင် တပြိုင်နက်မှာပဲ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ လုံးဝဖြတ်တောက်ဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းနေကြောင်းလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့အင်္ဂါနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်လ် Derek Mitchell ဟာ မြန်မာရေတပ်မတော် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် သံအမတ်ကြီးက အခုလိုတွေ့ဆုံမှုဟာ မြန်မာနိုင်ငံပြောင်းလဲမှုတွေ ပိုမိုတိုးတက်အောင် အထောက်အကူပြုဖို့အတွက်ဖြစ်ပါတယ်။ ဘယ်သူကမှ လက်နက်ရောင်းဝယ်ရေးကို ပြောဆိုတာမျိုးမရှိပါဖူးလို့ ပြောပါတယ်။ အတော်လေးနက်ခက်ခဲတဲ့ ပြသနာတချို့ရှိနေတာမှန်ပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စစ်တပ်ဟာ ပဓာနကျပါတယ်။ မြန်မာ့တပ်မတော်ကို ခေတ်မီတိုးတက်တဲ့ စစ်တပ်တခုဖြစ်လာအောင် ကူညီဖို့်လိုအပ်နေတာအမှန်ပါပဲလို့ ပြောကြားရင်း ဒီကိစ္စကိုတဆင့်ပြီးတဆင့် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်သံအမတ်ကြီးက ပြောဆိုပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ထုတ်လုပ်မှုနှင့် နည်းပညာ ကိုရီးယားကူညီမည်


The Voice Weekly
Thursday
..........................................................................
ရန်ကုန်၊ ဧပြီ ၂၄

ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်မှုကြောင့် မြန်မာနိုင်ငံ သို့ ရောက်ရှိလာသော ကိုရီးယားနိုင်ငံမှ ရုပ်ရှင်နှင့် ရုပ်သံထုတ်လုပ်သူ နှစ်ဦးနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီတို့ ဧပြီလ ၂၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ တွေ့ဆုံဆွေးနွေးကြစဉ် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်၏ ထုတ်လုပ်မှုနှင့် နည်းပညာပိုင်း အတွက် အကူအညီများ ပေးရန်ကမ်းလှမ်း ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် တစ်ဦး
ဖြစ်သူ ဒါရိုက်တာမင်းထင်ကိုကိုကြီးက The Voice သို့ ပြောကြားသည်။
"သူတို့ဘက်ကတော့ ဒီရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့နေရာမှာ ထုတ်လုပ်မှုနဲ့
နည်းပညာပိုင်း အတွက် တတ်နိုင်သမျှ ကူညီပေးမယ် ပြောပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ဇာတ်ညွှန်းပဲ ပြီးသေးပြီး ရိုက်ကူးရေးတွေ မစရသေးဘူးဆိုတော့ ဘာလိုအပ်မယ် ဆိုတာ မသိသေးဘူးလေ။ အဲ့ဒီတော့ လက်ရှိ ရုပ်ရှင်အတွက် ကိုယ်တို့ လုပ်ဆောင်ထားသမျှကို သူတို့နဲ့ ဆွေးနွေးကြတယ်။ သူတို့ နောက်တစ်ခေါက် ပြန်လာဦးမယ် ပြောတယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးမှု အတွက် ဗြိတိန်၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံ တို့ကလည်း အကူအညီများပေးရန် ကမ်းလှမ်းထားကြောင်း၊ သမိုင်းဆိုင်ရာ အထောက်အထား ပစ္စည်းများကို ဗြိတိန်နှင့် အိန္ဒိယနိုင်ငံတို့မှ တောင်းပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် နေရာအတွက် သရုပ်ဆောင် အသစ်များကို ရွေးချယ်ထားသော်လည်း ဂဠုန်ဦးစော၊ ဦးနုနှင့် သခင်ဗဟိန်းနေရာ တို့အတွက် အနုပညာနယ်ပယ်မှ သူများကိုသာ ရွေးချယ်ရန် လျာထားကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို ယခုနှစ်မကုန်ခင် ရိုက်ကူးသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့ဖြစ်သော ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ မတိုင်မီ ပြသနိုင်အောင် ကြိုးစားနေကြကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။

"အတ္ထုပ္ပတ္တိတွေ ရိုက်တဲ့နေရာမှာ တိုင်းပြည်ခေါင်းဆောင် ဆိုရင် တိုင်းပြည် ခေါင်းဆောင်ရဲ့ အတ္ထုပ္ပတ္တိ ပီသရမယ်။ အခု ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေတဲ့ အဖွဲ့ကလည်း အသေအချာ သုတေသနပြုပြီး စူးစမ်း လေ့လာထားတယ်လို့ ကြားပါတယ်။ သူမွေးစကနေ ကျဆုံးတဲ့အချိန်အထိ မှာ ပါသင့်ပါထိုက်တဲ့ အချက်အလက်တွေ ကိုတော့ နောက်ခံ နိုင်ငံရေးသမိုင်း အနေနဲ့ ထည့်သွင်းရိုက်ကူး စေချင်ပါတယ်"ဟု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှု အပေါ် သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်က မှတ်ချက်ပြု ပြောကြားသည်။

ရန်ကုန်အမှိုက်ပစ်သူ ၃၀ ရာခိုင်နှုန်း စည်းကမ်းမလိုက်နာ


The Voice Weekly

မြန်မာနိုင်ငံ၌ လူဦးရေအများဆုံး နေထိုင်ရာ ရန်ကုန်မြို့တော်တွင် အမှိုက်စွန့်ပစ်သူ ဦးရေ၏ ၃၀ရာခိုင်နှုန်းသည် အမှိုက်ခွဲခြား စွန့်ပစ်ရမည်ဟု သတ်မှတ်ထားသည့် စည်းကမ်းကို လိုက်နာမှု မရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်ရန် လိုက်နာမှုအားနည်းသည့် ဆင်ခြေဖုံးမြို့နယ် များတွင် ဒဂုံမြို့သစ်လေး မြို့နယ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒလ နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်တို့ ပါဝင်ပြီး အမှိုက်စွန့်ပစ်သူများကို အမှိုက် စွန့်ပစ်အိတ် အခမဲ့မပေးနိုင်ခြင်းသည် လိုက်နာမှု အားနည်းသည့် အချက်တစ်ခု၌ ပါဝင်ကြောင်း ၄င်းကရှင်းပြသည်။

စနစ်တကျ အမှိုက်မစွန့်ပစ်သူ လူပေါင်း ၆၀၀ ကျော်ကို ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် တစ်ဦးလျှင် ကျပ် တစ်သောင်းဖြင့် ဒဏ်ရိုက်အရေးယူ ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ပတ်ဝန်းကျင် ထိန်းသိမ်ရေးနှင့် သန့်ရှင်းရေးဌာနထံမှ စုံစမ်းသိရှိရသည်။

အမှိုက်စွန့်ပစ်မှုသည် ရာနှုန်းပြည့် မအောင်မြင်သော်လည်း ယခင်ထက် ၇၀ ရာခိုင်နှုန်း အောင်မြင်နေပြီး အမှိုက် စနစ်တကျ စွန့်ပစ်နိုင်စေရန် မြို့နယ်နှင့် ရပ်ကွက်တိုင်းရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် အခြေခံပညာ ကျောင်းများတွင် ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

"အမှိုက်နဲ့ ပတ်သက်တဲ့ ညွှန်ကြားမှုတွေ၊ ဟောပြောပွဲတွေကို (၃၈) ရပ်ကွက်မှာ လုပ်တာ မရှိသေးဘူး။ မဖြစ်မနေ အမှိုက်ခွဲ ပစ်ရမယ်ဆိုလည်း အပန်းမကြီးပါဘူး" ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၈) ရပ်ကွက်တွင် နေထိုင်သူ ဒေါ်မီမီအောင်က ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် တစ်ရက်လျှင် အမှိုက်စွန့်ပစ်မှု တန်ချိန် ၁၆၀၀ ကျော် ထွက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။

အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်မှုစနစ်သည် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ တွင်စတင်ခဲ့ပြီး ရာနှုန်းပြည့် အောင်မြင်နိုင်ရန်၊ အမှိုက်စွန့်ပစ်အိတ် များကို အခမဲ့ပေးရန် လိုအပ်ကာ အိတ်အခမဲ့ပေးရန် ဘတ်ဂျက်လိုအပ်မည် ဖြစ်သောကြောင့် သန့်ရှင်းရေးအခွန်ကို နေထိုင်သူအားလုံးက တာဝန်သိစွာ ပေးချေရန် လိုအပ်ကြောင်း YCDC မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

"မြို့သစ်တွေမပြောနဲ့ မြို့လယ်ကောင်နဲ့ နီးတဲ့ အလုံလိုနေရာမျိုး လမ်းမကြီးတွေ ဘေးက အမှိုက်ပုံးတွေတောင် အမှိုက်ပစ်တဲ့ သူနဲ့ အမှိုက်ပုံးမလောက်တာ၊ အချိန်နဲ့ လာမသိမ်းနိုင်တာကြောင့် အရမ်းနံနေတာ မျိုးတောင်ရှိတယ်" ဟု အလုံမြို့နယ် ဆင်မင်းလမ်းတွင် နေထိုင်သူ ရပ်မိရပ်ဖတစ်ဦး က ပြောကြားသည်။


လက်ပံတောင်းတောင်စည်းသုံးစည်းဖြင့် တား



The Voice Weekly

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် ဧပြီလ၂၆ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးထားသူများအား ပြန်လည်လွှတ်ပေးရန် ဒေသခံ ၃၀၀ခန့်သည် တုံရွာမှ ညောင်ပင်ကြီးသို့ ဆန္ဒထုတ်ဖော်လာခဲ့ကြရာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်တွင် ကံတော ရွာသစ်အနီး၌ ရဲတပ်ဖွဲ့ဝင်များက စည်းသုံးစည်းဖြင့် တားဆီးခံခဲ့ရကြောင်း ကြေးနီစီမံကိန်း ဒေသခံများက ပြောကြားသည်။



RFA Burmese
ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ လယ်သမားတွေ တောင်းဆို


မုံရွာခရိုင် ကြေးနီစီမံကိန်းနယ်မြေက လက်ပံတောင်းတောင်ခြေမှာ ဧပြီလ ၂၅ ရက် မနေ့က လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေ တင်းမာမှုဖြစ်ရာကနေ အဖမ်းခံထားရသူ ၃ ဦးကို ပြန်လည်လွှတ်ပေးဖို့ ဒီကနေ့ဧပြီလ ၂၆ ရက်နေ့မှာ ရာနဲ့ချီတဲ့ ဒေသခံတောင်သူလယ်သမားတွေက ချီတက်တောင်းဆိုကြပါတယ်။
မနေ့က ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုအောင်စိုးအပါအ၀င် ဒေသခံ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းထားတာပါ။
ဒီနေ့လယ်သမားတွေဟာ ကြေးနီစီမံကန်းအနီး တုံရွာထိပ်ကနေ ညောင်ပင်သာရဲစခန်းအထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ကြရာမှာ ၀က်မှေး-ကန်တောရွာသစ်ကြီးထိပ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက တားမြစ်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်တဲ့ ဒေသခံတွေက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေကို ကျူးကျော်ဝင်ရောက်လာတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေအရ တားမြစ်ရတာဖြစ်တယ်လို့ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းက ပြောပါတယ်။
မနေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုအောင်စိုးအပါအ၀င် ဒေသခံ ၂ ဦး အဖမ်းခံထားရတယ်လို့သိရပါတယ်။

လက်၇ှိအင်းစိန်ဂျီတီအိုင်အခြေအနေ


Nay Htun

အခုတလောမှာ အင်းစိန် GTI မှာအတူတက်ခဲ့ဖူးသော သူငယ်ချင်းတွေနဲ့ FB ပေါ်စကားပြောနေရတာ ငယ်ဘဝကိုခဏပြန်ရောက်နေရသလိုပါဘဲ။
တိုက်ဆိုင်စွာဘဲ ယနေ့ ဧပြီ ၂၇ ၊ ၂၀၁၃ နေ့မှာထွက်လာတဲ့ 7 day daily သတင်းစာမှာ
ကျနော်တို့ရဲ့ကျောင်းအကြောင်းကိုရေးထားတဲ့ ဆောင်းပါးတပုဒ်ပါလာလို့
သူငယ်ချင်းများအတွက် ဝေမျှလိုက်ပါတယ်။