Sunday, April 28, 2013
မွန်ဂိုလီးယား၊ ဒီမိုကရေစီ ကွန်မြူနီတီနှင့် ဒေါ်အောင်ဆန်းစုကြည်
 on Sunday, 28 April 2013 14:10
    Written by ဒေါက်တာ ရန်မျိုးသိမ်း
မြန်မာနိုင်ငံထက် နှစ်ဆခွဲခန့် ကျယ်ဝန်းပြီး လူဦးရေ သုံးသန်းကျော်နှင့် ကုန်းတွင်းပိတ် မွန်ဂိုလီးယားနိုင်ငံသည် ဆိုဗီယက်ပြိုကွဲပြီး နောက်ပိုင်း ပါတီစုံ စနစ်နှင့်အတူ ဒီမိုကရေစီ ကွန်မြူနီတီတွင် ပါဝင်လာခဲ့သည်။ တရုတ်နိုင်ငံထံမှ လွတ်လပ်ရေးရပြီး ဆိုဗီယက် ပြည်ထောင်စုထဲတွင် အနေကြာခဲ့သော မွန်ဂိုလီးယား နိုင်ငံ၏ နိုင်ငံရေး သမိုင်းသည် မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လေ့လာသူများအတွက် စိတ်ဝင်စားဖွယ်များ ပြည့်နှက်နေမည်မှာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နောက်ပိုင်း၊ နှစ်နိုင်ငံအကြား ဒီမိုကရေစီ ကူးလူးဆက်ဆံမှုများ ပိုမိုများပြားလာမည်ဆိုလျှင် နှစ်နိုင်ငံ ပြည်သူများအတွက် များစွာ အကျိုးရှိဖွယ် ရှိသည်ဟု မှတ်ချက်ပြုနိုင်သည်။
ဒီမိုကရေစီ ကွန်မြူနီတီ၏ ဖိတ်ကြားမှု
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီးယား သမ္မတနိုင်ငံ သမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှုသည် ဒီမိုကရက်တစ်နိုင်ငံ အစိုးရများနှင့် ဖွဲ့စည်းထားသော ဒီမိုကရေစီ ကွန်မြူနီတီ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဖိတ်ကြားခြင်း ဖြစ်သည်။ ကွန်မြူနီတီ၏ ၀န်ကြီးများအဆင့် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ ကွန်မြူနီတီဝင် နိုင်ငံများ၏ ကိုယ်စားလှယ်များနှင့် တစုတစည်းတည်း တွေ့ဆုံဆွေးနွေးနိုင်မည့်အပြင် အတွေ့အကြုံနှင့် အမြင်များကိုလည်း ဖလှယ်နိုင်မည် ဖြစ်သည့်အတွက် အလွန်ကောင်းမွန်သော ခရီးစဉ်ဟု သတ်မှတ်နိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယား သမ္မတနိုင်ငံသို့ ၂၀၁၃ ခုနှစ် ဧပြီလ၂၇ ရက်မှ မေလ ၃ ရက်နေ့အတွင်း အလည်အပတ်ခရီး သွားရောက်ခြင်းဖြစ်သည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဧပြီလ ၂၇ ရက်နေ့တွင် ထွက်ခွာခဲ့ပြီး မွန်ဂိုလီးယား သမ္မတနိုင်ငံ ဥလာအန်ဘာအာတာမြို့ (Ulaanbaatar) ကို ဧပြီလ ၂၈ ရက်နေ့တွင် ရောက်ရှိခဲ့သည်။
ဧပြီလ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ခုနစ်ကြိမ်မြောက် Ministerial Meeting of the Community of Democracies ကို တက်ရောက်မည်ဖြစ်ပြီး၊ မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj နှင့်အတူ ဧပြီလ ၃၀ ရက်တွင် မွန်ဂိုလီးယားနှင့်မြန်မာ - လွတ်မြောက်မှုလမ်းနှင့် သင်ခန်းစာများ (‘Mongolian and Myanmar: Road to Freedom and Lessons Learned’) ခေါင်းစဉ်ဖြင့် သမ္မတအိမ်တော်၌ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ အဆိုပါ အခမ်းအနားကို ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် မစ္စတာဝါကော်ကာမန်လည်း တက်ရောက်မည်ဖြစ်ပြီး မိန့်ခွန်းပြောကြားမှုများကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်သည်။ မွန်ဂိုလီးယား နိုင်ငံရေးသည်လည်း စိတ်ဝင်စားဖွယ်များနှင့် ပြည့်နှက်နေသည်ဟု သတ်မှတ်နိုင်သည်။
မွန်ဂိုလီးယားနိုင်ငံရေး
မွန်ဂိုလီးယား နိုင်ငံသည် အရှေ့နှင့် အလယ်အာရှဒေသရှိ ကုန်းပိတ်နိုင်ငံ ဖြစ်ပြီး၊ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြားတွင် တည်ရှိသည်။ လွှတ်တော်သမ္မတနိုင်ငံ ဖြစ်ပြီး သမ္မတကို တိုက်ရိုက်ရွေးချယ်သည်။ ပါတီစုံစနစ်ကို ကျင့်သုံးပြီး အုပ်ချုပ်ရေးအာဏာကို အစိုးရက လည်းကောင်း ဥပဒေပြုခွင့် အာဏာကို အစိုးရနှင့် လွှတ်တော်က လည်းကောင်း ပူးတွဲကျင့်သုံးသည်။ တရားစီရင်ရေးသည် အစိုးရနှင့် လွှတ်တော်တို့မှ သီးခြား ကင်းလွတ်သည်။ ၁၉၂၁ ခုနှစ် မွန်ဂိုလီးယား တော်လှန်ရေးမှ ၁၉၉၀ ပြည့်နှစ်အထိ ဆိုဗီယက်ပုံစံ တစ်ပါတီ စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ဆိုဗီယက် ပြိုကွဲပြီးနောက် ပထမဆုံး ပါတီစုံ ရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည်။ မွန်ဂိုလီးယား ပြည်သူ့တော်လှန်ရေး ပါတီက အမတ်နေရာ ၈၅ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် သမ္မတကို လွှတ်တော်မှ ရွေးချယ်သည့်နေရာတွင် တိုက်ရိုက်ရွေးချယ်သည့် ပုံစံနှင့် ပြင်ဆင်ခဲ့သည်။  
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များသည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် မှန်းဆသည်ထက် ပိုမိုသာလွန်သော အကျိုးရလဒ်ကောင်းများကို ဖြစ်ပေါ်စေခဲ့သည်မှာ နဖူးတွေ့ ဒူးတွေ့ဖြစ်သည်။ သို့သော် . . . .
မွန်ဂိုလီးယား လွှတ်တော်ကို အမတ် ၇၆ ဦးနှင့် ဖွဲ့စည်းပြီး သက်တမ်းမှာ လေးနှစ်ဖြစ်သည်။ လွှတ်တော်အမတ် ၄၈ ဦးကို အုပ်ချုပ်ရေးခရိုင် ၂၆ ခုမှ တိုက်ရိုက်ရွေးကောက် တင်မြှောက်ပြီး ကျန်လွှတ်တော် အမတ် ၂၈ ဦးကို ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီများ၏ မဲစုစုပေါင်းအပေါ် မူတည်လျက် အချိုးကျ ကိုယ်စားပြု ရွေးချယ်သည်။ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော် မဲပေးမှသာ ရွေးကောက်ပွဲသည် အထမြောက်သည်။
ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီးအဖွဲ့ဝင် ထက်ဝက် နုတ်ထွက်လျှင် အစိုးရကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် ကျင်းပရသည်။ သမ္မတ သို့မဟုတ် လွှတ်တော်အမတ် သုံးပုံနှစ်ပုံသည် လွှတ်တော်ကို ဖျက်သိမ်းနိုင်သည်။ လွှတ်တော်ဥက္ကဋ္ဌသည် သမ္မတပြီးလျှင် ဒုတိယ အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အမျိုးသား လုံခြုံရေး ကောင်စီဝင်လည်း ဖြစ်သည်။ လက်ရှိလွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီက အမတ် ၃၃ နေရာ ရရှိထားပြီး မွန်ဂိုလီးယား ပြည်သူ့ပါတီ (ယခင် မွန်ဂိုလီးယား ပြည်သူ့တော်လှန်ရေး ပါတီ) က အမတ် ၂၅ နေရာ ရရှိထားသည်။ လွှတ်တော်တွင် သမ္မတလောင်းများကို ပါတီများက ရွေးချယ်ပြီး သမ္မတကို ပြည်သူလူထုက တိုက်ရိုက်မဲပေး ရွေးချယ်မည် ဖြစ်သည်။ သမ္မတသည် နိုင်ငံ၏ အကြီးအကဲဖြစ်ပြီး ၀န်ကြီးချုပ်သည် အစိုးရအဖွဲ့၏ အကြီးအကဲ ဖြစ်သည်။ ၀န်ကြီးချုပ်သည် သမ္မတနှင့် တိုင်ပင်လျက် ၀န်ကြီးအဖွဲ့ဝင်များကို အဆိုပြုပြီး လွှတ်တော်က အတည်ပြုရသည်။
မွန်ဂိုလီးယား အစိုးရ ကိုယ်စားလှယ်အဖွဲ့
မွန်ဂိုလီးယား သမ္မတ၏ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြူရိဗ်ဆူရန် လန်ဒတ်ခ်နှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂန်ကူရအန်မ်ဘာတို့သည် ၂၀၁၃ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပြီး အစိုးရနှင့် လွှတ်တော်မှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီး ခုနစ်ကြိမ်မြောက် Ministerial Meeting of the Community of Democracies ကို တက်ရောက်ပါရန် ဖိတ်ကြားခဲ့သည်။ မြန်မာအစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ခုနစ်ကြိမ်မြောက် ဒီမိုကရေစီ ကွန်မြူနီတီ၏ ၀န်ကြီးအဆင့် အစည်းအဝေးတွင် ပါဝင်မည်ဖြစ်ကြောင်း အတည်ပြု ပြန်ကြားခဲ့သည်။ ၁၃၁ နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ၂၀ ခန့်ကိုလည်း အဆိုပါ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
ဒီမိုကရေစီ ကွန်မြူနီတီ
ဒီမိုကရေစီ ကွန်မြူနီတီသည် ဒီမိုကရက် တစ်နိုင်ငံ အစိုးရများ၏ ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။ ဒီမိုကရက်တစ် စည်းမျဉ်းများ မြှင့်တင်ရန် ဒီမိုကရက်တစ် ပြဋ္ဌာန်းချက်များနှင့် အဖွဲ့အစည်းများ အားကောင်းစေရန်၊ ရည်သန်လျက် ဖွဲ့စည်းထားသည်။ ဒီမိုကရက်တစ် ကွန်မြူနီတီကို ၂၀၀၀ ပြည့်နှစ် ၀န်ကြီးအဆင့် အစည်းအဝေးတွင် ၀ါဆောမြို့၌ တည်ထောင်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်းအောဘရိုက်နှင့် ထိုစဉ်က ပိုလန် နိုင်ငံခြားရေးဝန်ကြီး ပါမောက္ခ ဘရိုနီစလောဂရီနီမက်ခ်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေးအပြီးတွင် ၁၀၆ နိုင်ငံမှ ကိုယ်စားလှယ်များသည် ဒီမိုကရေစီ ကွန်မြူနီတီဆီသို့ ဟူသော ကြေညာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
မွန်ဂိုလီးယားနိုင်ငံ၏ ဒီမိုကရေစီ ကွန်မြူနီတီ ဥက္ကဋ္ဌသက်တမ်းအတွင်း ၂၀၁၁ ခုနှစ် ၀န်ကြီးအဆင့် အစည်းအဝေးမှ အတည်ပြုထားသော အဖွဲ့အစည်းတွင်း ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ အုပ်ချုပ်မှု ကောင်စီနှင့် အမှုဆောင် ကော်မတီတို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပထမဆုံး အတွင်းရေးမှူးချုပ်ကိုလည်း ခန့်အပ်နိုင်ခဲ့သည်။
သုံးသပ်ချက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များသည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် မှန်းဆသည်ထက် ပိုမိုသာလွန်သော အကျိုးရလဒ်ကောင်းများကို ဖြစ်ပေါ်စေခဲ့သည်မှာ နဖူးတွေ့ ဒူးတွေ့ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပ ခရီးစဉ်များသည် ပုဂ္ဂိုလ်ရေး ခရီးစဉ်များ ဖြစ်နေသည်ကို သတိပြုမိသောအခါ အားမလို အားမရ ဖြစ်မိသည်။ ပြည်ပခရီးစဉ်များတွင် ဖိတ်ကြားသောနိုင်ငံ၊ အဖွဲ့အစည်း အများစုသည် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်အတိုင်း ညှိနှိုင်းဆောင်ရွက်ပေးနေသည့် အလျောက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခရီးစဉ်ပုံစံ ပါတီကိုယ်စားလှယ်အဖွဲ့ပုံစံ သွားရောက်နိုင်မည်ဆိုလျှင် နိုင်ငံရေးအရ ပိုမိုအားကောင်းပြီး ပိုလည်း အဓိပ္ပာယ်ရှိမည်ဟု သုံးသပ်မိသည်။  
လက်ရှိ ပြည်ပခရီးစဉ်များ၏ ၀င်ရိုးသည် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဟုတ်သည်မှာ အထင်အရှားဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒင်္ဂါးပြားတစ်ပြား၏ ခေါင်းနှင့်ပန်းဟု မည်သို့ပင်ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီနှင့် ပါတီလုပ်ငန်းများအပေါ် အချိန်ပေးနိုင်မှုမှာ အကန့်အသတ် မြင့်မားသည်ဟု မှတ်ချက်ပြုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့အချိန်အထိ ပါတီကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး ပါတီဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ပြည်ပခရီး သွားရောက်ခဲ့သော မှတ်တမ်းကို မတွေ့ရှိရသေးသဖြင့် လာမည့် ပြည်ပ ခရီးစဉ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ အခန်းကဏ္ဍကို ပိုမို အလေးထားသင့်သည်ဟု အကြံပြုလိုသည်။
နိုင်ငံရေးရှုထောင့်မှ ကြည့်လျှင် နိုင်ငံရေးပါတီ၏ သြဇာနှင့် အရှိန်အ၀ါသည် ပါတီခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေး သြဇာအရှိန်အ၀ါတို့ထက် ပိုမိုမြင့်မားရမည် ဖြစ်သည့်အလျောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သြဇာနှင့် အရှိန်အ၀ါသည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ သြဇာနှင့် အရှိန်အ၀ါထက် ပိုမိုမြင့်မားရမည်ဖြစ်သည်။ သို့မှသာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရေရှည် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု၏ အခြေခံ အုတ်မြစ်ကောင်းအဖြစ် တည်ဆောက်နိုင်မည် ဖြစ်သည်။ ပါတီတွင်း ပုဂ္ဂိုလ်ရေး တည်ဆောက်မှုများနှင့် ပါတီခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေး အရှိန်အ၀ါ အလွဲသုံးမှုများကို ကြိုတင်ကာကွယ်နိုင်မည့်အပြင် ရှိလာခဲ့လျှင်လည်း ကုစားနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပါတီတွင်း ဂိုဏ်းဂဏ အားသန်မှုများကို လျှော့ချနိုင်မည် ဖြစ်သည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် ဒီမိုကရေစီ ကွန်မြူနီတီ အဖွဲ့ကြီးသည် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်လမ်းတွင် အခြေကျရန် လျှောက်လှမ်းနေသော နိုင်ငံများကို ကူညီပံ့ပိုးမှုများ ပေးနေသည့်အလျောက် အဆိုပါ အဖွဲ့ကြီးမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ပြုလိမ့်မည်ဟု မှတ်ချက်ပြုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည် နိုင်ငံပေါင်းစုံမှ ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသော၊ ပုံဖော်နေသော ခေါင်းဆောင်ကြီး၊ လတ်၊ ငယ်များနှင့် ထိတွေ့၊ အမြင်ဖလှယ်နိုင်မည် ဖြစ်သဖြင့် မြန်မာ့ဒီမိုကရေစီ ရှေ့ခရီးအတွက်လည်း များစွာ အကျိုးရှိလိမ့်မည်ဟု မျှော်လင့်မိသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လာမည့် ပြည်ပခရီးစဉ်များသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး ပုံရိပ်ကို ပိုမိုအားကောင်းစေမည့် ခရီးစဉ်များ ဖြစ်လာသင့်ကြောင်းလည်း နှိုးဆော်မောင်းခတ်လိုက်ရပါသည်။
news-eleven.com
ပျောက်ပြန်ပြီနောက်တယောက်... နောက်ဆုံးပျောက်ခြင်းဖြစ်ပါစေ...
>>>လူပျောက်ကြော်ငြာ<<<<
ကျေးဇူးပြုပြီး SHAREပေးကြပါ
*************************
အောက်ပါဓာတ်ပုံမှ မိန်ခလေး၏ အမည်မှာ မ ရွှေရည်ဦးခေါ် ရွှေရည်(Shwe yi ၁၉နှစ် ပဲခူးကောလိပ်တတိယနှစ်
Botany)
၉-၄-၂၀၁၃ နေ့လည် ၁နာရီကျော်ခန့်က ကွန်ပြူတာ သင်တန်းသွားမည်ဟု ပြောသွားပြီး
ဆိုင်ကယ်လေဂျာအမည်းရောင်း 110 Waveအမျိုးအစား)နှင့်အတူပျောက်ဆုံးသွားပါသည်။
(ပဲခူးမြို့မှာ မိန်းကလေးများပျောက်ဆုံးနေသည်မှာ ယခုလအတွင်း ၅ယောက်ခန့်ရှိနေပါသည်)
ယခု ပျောက်ဆုံးသူ မရွှေရည်ဦးခေါ် ရွှေရည် နှင့်ပက်သက်သည့် မည်သည့်သတင်းမှ မရသဖြင့်
မိဘဆွေမျိုးညီအစ်ကိုမောင်နှမများမှ အလွန်စိတ်ပူနေပါသည်။
ထို့ကြောင့် ယခုဓာတ်ပုံပါအမျိုးသမီးကိုတွေ့ရှိသော်လည်ကောင် သတင်းသော်လည်ကောင်ရရှိ
ပါက အောက်ပါဖုန်းနံပါတ်များကို ကျေးဇူးပြု၍ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံပါသည်။
Ph-09 4281 40 758
-09 4281 40 485
Photo: >>>>လူပျောက်ကြော်ငြာ
 ကျေးဇူးပြုပြီး SHAREပေးကြပါ
*************************
အောက်ပါဓာတ်ပုံမှ မိန်ခလေး၏ အမည်မှာ မ ရွှေရည်ဦးခေါ် ရွှေရည်(Shwe yi ၁၉နှစ် ပဲခူးကောလိပ်တတိယနှစ်
 Botany)
၉-၄-၂၀၁၃ နေ့လည် ၁နာရီကျော်ခန့်က ကွန်ပြူတာ သင်တန်းသွားမည်ဟု ပြောသွားပြီး
ဆိုင်ကယ်လေဂျာအမည်းရောင်း 110 Waveအမျိုးအစား)နှင့်အတူပျောက်ဆုံးသွားပါသည်။
(ပဲခူးမြို့မှာ မိန်းကလေးများပျောက်ဆုံးနေသည်မှာ ယခုလအတွင်း ၅ယောက်ခန့်ရှိနေပါသည်)
ယခု ပျောက်ဆုံးသူ မရွှေရည်ဦးခေါ် ရွှေရည် နှင့်ပက်သက်သည့် မည်သည့်သတင်းမှ မရသဖြင့် 
မိဘဆွေမျိုးညီအစ်ကိုမောင်နှမများမှ အလွန်စိတ်ပူနေပါသည်။
ထို့ကြောင့် ယခုဓာတ်ပုံပါအမျိုးသမီးကိုတွေ့ရှိသော်လည်ကောင် သတင်းသော်လည်ကောင်ရရှိ
ပါက အောက်ပါဖုန်းနံပါတ်များကို ကျေးဇူးပြု၍ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံပါသည်။
Ph-09 4281 40 758
-09 4281 40 485
လူပျောက်ကြော်ငြာခဲ့သည့် မိန်းကလေးအား အလောင်းအဖြစ် ပြန်တွေ့
Facebook ပေါ်တွင် လူပျောက်ကြော်ငြာခဲ့သည့် မိန်းကလေးအား အလောင်းအဖြစ် ပြန်တွေ့သည့်ဖြစ်စဉ် အပြည့်အစုံ
၂၂.၄.၂၀၁၃ ရက်နေ့က သူငယ်ချင်း တစ်ယောက်အကူအ ညီတောင်း၍လူပျောက်ကြော်ငြာPost တစ်ခုတင်ခဲ့ပါသည်ထို လူပျောက်ကြော်ငြာထဲကမိန်းကလေးပြန် လည်တွေ့ရှိပါသည် ။ 
သို့သော်အသက်ရှင်လျက်တော့ မဟုတ်ပါ ထို့ကြောင့်၎င်းသေဆုံးမှုသည် လူသေမှုဖြစ်နိုင်လား လူသတ် မှုဖြစ်နိုင်လားဆိုသည်ကိုဝိုင်းဝန်းစဉ်းစားစုံ စမ်းနိုင်ရန် ဒီစာကိုမေးမြန်းရေးသားပါသည် ။
ယနေ့အချိန်ခါတွင် facebookခေါ်လူ မှုကွန်ယက်အားအ လွှာအသီးသီး မှအသုံး ပြုနေသဖြင့် မိမိထက်သိမိမိထက်တက် တက်သိနားလည် သူများရှိပါကကာယကံ ရှင်များအားမိမိထက်ပိုမိုကူ ညီနိုင်ရန်၎င်းမိ မိတက်စွမ်းသ၍ကူညီချင်သူများရှိပါက ကူညီနိုင်ရန်အ သိပေးခြင်း သာဖြစ်ပါသည်။
 သေဆုံးသူမှာရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေး ရွာအုပ် စု ရေတာရှည်ကျေးရွာမှအဖဦးဇော်ထွန်း အမိဒေါ်နော်မယ်စေး၏ သမီး ရန်ကုန်မြို့ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် တွင်ဒုတိယနှစ် တွင် တက်ရောက် ပညာသင်ကြားနေသောကျောင်း သူမနော်မေသူ သူ ဇော်ဖြစ်ပါသည် ၄င်း၏ချစ်သူမှာရန်ကုန် ဆေး၁ တွင်ပညာ သင်ကြားနေသော ဒုတိယနှစ်ကျောင်းသားမောင်ရဲမင်းဦးဖြစ်ပါသည်
အခင်းဖြစ်ပွားသည့်နေ့ ၁၉.၄.၂၀၁၃ေooနေအိမ်မှအပြင်ထွက် သွားခဲ့ပါသည် မောင်ရဲမင်းဦးမွေးနေ့သို့သွား၍ထိုမှတဆင့်မိဘများနေထိုင်
ရာရေတာရှည်ကျေးရွာသို့သွားမည်ဖြစ်ကြောင်းသိရပါသည် 
၁၉.၄.၂၀၁၃ရက်နေ့ ည၈း၀၀နာရီခန့် တွင် ဒေါ်နော်မယ်စေး ထံသို့ မောင်ရဲမင်း ဦးမှဖုန်းဆက်၍`အန်တီသမီးကိုည ၇း၃၀နာရီကမှော်ဘီကားပေါ်သို့ တင်ပေး လိုက်ကြောင်း သွားကြိုရန်ပြောကြားခဲ့သည်´
ထို အခါဒေါ်နော်မယ်စေးမှလူလွတ်၍အကြို ခိုင်းသော်လည်းပြန် လည်ရောက်ရှိလာခြင်းမရှိပေ ထို့ကြောင့်ဒေါ်နော်မယ်စေးမှ ည၁၀း၃၀ခန့်တွင်မောင်ရဲမင်းဦးထံဖုန်းဆက်၍၄င်၏သမီးအားကားပေါ်
တင်ပေးလိုက်တာသေချာလားဟုမေးသောအခါသေ ချာကြောင်း၎င်းကိုယ်တိုင်ကားထွက်မှပြန် လာကြောင်းပြောကြားခဲ့ပါသည်။
(မှတ်ချက် ယခင်က မောင်ရဲမင်းဦးသည်မနော် မေသူသူဇော်၏မိဘများထံသို့တစ်ခါမျှဖုန်း ဆက်သွယ်ဖူးခြင်း မရှိကြောင်းသိရသည်) 
၂၀.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးသည်သမီးနှင့်အတူနေထိုင်ရာ၎င်း၏ မောင်နေအိမ်သို့သို့သွားရောက်၍သမီး၏ သူငယ်ချင်းလိပ်စာ ဖုန်းနံပတ်များစုံစမ်း၍ ဆက်သွယ်မေးမြန်း ရာ၎င်းတို့ထံ သို့မလာ ကြောင်းသိရှိခဲ့ရပါသည်
ထို့နောက်မှော် ဘီသို့ပြန်လာ၍ မှော်ဘီရဲစခန်းသို့လူ ပျောက် အမှုဖွင့်သောအခါမှော် ဘီရဲစခန်း မှတာဝန်ရှိသူများအကြံပေးချက်ဖြင့်၎င်းသ မီးနေထိုင်ရာမရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရဲစခန်းသို့အ မှုဖွင့်ရန်စီစဉ် ရပါသည် ။
ထိုနေ့မိုးချုပ်သွားသဖြင့နောက်တစ်နေ့တွင်မှသာအမှုဖွင့်နိုင်ပါသည် ၂၁.၄.၂၀၁၃ရက်နေ့တွင် ဦးဇော်ထွန်းဒေါ် နော်မယ်စေး တို့သည် မောင်ရဲမင်းအောင် နေအိမ်ကိုစုံစမ်းသွားရောက်၍မောင်ရဲမင်းဦးနေအိမ်ကိုစုံစမ်းသွားရောက်၍
၎င်း၏မိဘများနှင့်အတူ မရမ်းကုန်းမြို့နယ်ဘုရင့် နောင်ရဲစခန်းသို့ သွားရောက်၍နေ့လည် ၁၀း၀၀နာရီအချိန်ခန်တွင် ရဲတပ်ကြပ်ကြီး ကျော်ဆန်းဝင်းထံ လူပျောက်အမှုဖွင့်၍တိုင်ကြားခဲ့ပါသည် 
၎င်းရဲတပ်ကြပ်ကြီးကျော် ဆနးဝင်းမှ နှစ်နာရီအချိန်တွင်စခန်းအား လုံးဖြန့်ဝေပေးမည်ဟုပြောကြားခဲ့ပါသည်
ထိုနေ့ညနေ၀၆၀၀အချိန်ခန့်တွင်မောင်ရဲမင်းဦးမှဒေါ်နော်မယ်စေးထံ ဖုန်းဆက်၍ `၄င်းသည်မနော်မေသူသူဇော် ကိုင်သောဖုန်းအား ညနေ၄း၀၀နာရီခန့်ကဆက်၍ရ ကြောင်းသို့ရာတွင်ယောက်ျားတစယောက်ကိုင်ကြောင်းလှိုင်သာယာလို့ပြောသံ ကြားကြောင်းထို့နောက် ဖုန်းချသွားကြောင်း´ ပြောကြားခံ့ပါသည် ။
၂၂.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးထံသို့ဝါးနက်ချောင်းကျေးရွာ မှော်ဘီမြို့ နယ်ချင်းကျောင်းမှ မနော်မေသူသူအောင် ၏ပစ္စည်းများလှိုင် သာယာရဲစခန်းတွင်အပ်နှံထားကြောင်း၎င်းတို့ထံသို့လှိုင်သာယာခရစ်ယာန်
ဘုရားကျောင်းမှအကြောင်းကြားသောကြောင့်ပြောခြင်းဖြစ်ကြောင်းမှန်မ မှန်သွားကြည့်ရန်ပြောခဲ့ပါသည်။
ထို့ကြောင့်နေ့လည်၁၁း၀၀နာရီခန့်တွင် မောင်ရဲမင်း ဦးထံနှင့် ဘုရင့်ရဲစခန်းမှရဲတပ်ကြပ်ကြီးကျော်ဆန်းဝင်း ထံသို့ ဖုန်းဆက်အကြောင်း ကြားပြီးလှိုင်သာယာရဲစခန်းသို့ လိုက်သွားရာနေ့လည်၂း၁၅အချိန် ခန့်တွင်ရောက်ရှိ၍ ပစ္စည်းများစစ်ကြည့်ရာ မှန်ကန်ကြောင်းတွေ့ရပါသည် ။
၎င်းပစ္စည်းများကို၁၉.၄.၂၀၁၃ရက်နေ့တွင် ည၈း၁၅အချိန်ခန့် တွင်အောင်ဇေယျတံတား(လှိုင်သာယာဘက်ကမ်း)တွင်လုံခြုံရေး တာဝန်ထမ်းဆောင်နေသောတာဝန်ကျရဲ ထံသို့ အမည်မသိအမျိုး သမီး၃ဦးမှလာ၍အပ်နှံ သွားကြောင်းသိရသည် 
ပစ္စည်းများမှာ မေ န်ာမေသူသူဇော်ကိုင်ဆောင်သော လက် ကိုင်အိတ် ကျောင်း သားကဒ် အမေရိကန် သံရုံးစာကြည့်တိုက် အသင်းဝင် ကဒ်ဒေါက်ဖိနပ်တစ်ရံ စုစုပေါင်းပစ္စည်း၁၁မျိုး တို့ ဖြစ်သည် ထို့နောက်ဘု ရင့်နောင် ရဲစခန်းသို့ လိုက်သွားပြီး ထွက်ဆိုချက်များပေးခဲ့ရပါသည်
 ၂၃.၄.၂၀၁၃ရက်နေ့တွင်မနက်၀၉း၀၀ အချိန်ခန့်တွင် ဘုရင့်နောင်ရဲစခန်းသို့ ဒေါ် နော်မယ်ဆေးနှင့်အတူ ၄င်း၏မောင်နှင့် တူမတို့ထွက်ဆိုချက်များသွားပေးခဲ့ပါသည်ထိုအချိန်တွင် အမှုစစ်ဒုရဲအုပ်ကျော်ဝင်း နိုင်သည်ပစ္စည်းများ စတင်သိမ်းဆည်းခဲ့သော ရဲတပ်ကြပ်ကြီးဟာတူးမောင်အားစစ် ဆေးရန်လှိုင်သာယာရဲစခန်းသို့သွားမည် ဖြစ်သဖြင့်၎င်းနှင့်အတူလိုက်သွားခဲ့ပါသည်
ထိုသို့စစ်ဆေးနေစဉ်ဒုရဲအုပ်ကျော် ဝင်းနိုင်ထံသို့ ပိုင်ရှင်မဲ့ အလောင်း တစ် လောင်းအင်းစိန်ဆေးရုံကြီး သို့ရောက် ရှိနေကြောင်းဖုန်း သတင်းဝင်လာပါသည်
ထိုအကြောင့်အမှုစစ်ဒုရဲအုပ်ကျော်ဝင်းနိုင်နှင့်အတူ အင်းစိန်ရဲစခန်းသို့သွားရောက်ခဲ့ရပါသည် ထို့နောက် အင်းစိန်စခန်းမှူး ဓါတ်ပုံများထုတ်ပြ၍မနော်မေသူသူဇော် ဟုတ်မဟုတ်ကြည့်ခိုင်းပါ သည်
 ဒေါ်နော်မယ်စေး၏ ဆွေမျိုးများ မှအင်းစိန်ဆေးရုံကြီးသို့ ဖုန်းဆက်၍ အလောင်းရှိမရှိမေးမြန်း၍ ရှိသည်ဟု ပြော သဖြင့်၀၄း၀၀နာရီ အချိန်ခန့်တွင်အင်း စိန်ဆေးရုံကြီးသို့လိုက်သွားခဲ့သည်
ထိုနေ့ ကအလောင်းသယ်ယူသော ကားမအား၍ နောက်ကျခြင်းကြောင့်သာ အလောင်းကို ပြန်ရခြင်းဖြစ်သည် အကယ်၍ကားနောက် မကျပါက မိခင်မှာသမီးကိုမြင်တွေ့ ခွင့်ရ မည်မဟုတ်ပေ ထိုအလောင်း ကို၂၀.၄.၂၀၁၃ရက်နေ့ နံနက်၉း၀၀နာရီအချိန်ခန့်တွင် အင်းစိန်ရွာမအနောက်၆ရပ်ကွက် ငါးဒိုင်အနီးရှိမြစ် ကမ်းမှ၅ပေအကွာ တွင်တွေ့ရှိဆယ်ယူပြီး အင်းစိန်ရဲစခန်းသို့အကြောင်းကြားခဲ့ကြ သည် 
စခန်းမှလာရောက်၍ နေ့လည်၁နာ ရီခန့်တွင်အင်းစိန်ဆေးရုံကြီး သို့ပို့ဆောင် ခဲ့သည် ၂၄.၄.၂၀၁၃ရက်နေ့ တွင်ထိန်ပင်သို့ ပို့ဆောင်ဂူသွင်းသည်
အထက်ပါဖြစ်စဉ်များကိုသေချာဖတ် ၍အကြံပြုပေးကြပါ ဖြန့်ဝေပေးပါ ၁ စော်ဘွားကြီးကုန်းမှအောင်ဇေယျ တံတား ညနေ၀၇း၃၀ တွင်သွားပါက၄၅ မိနစ်ဖြင့်ရောက်နိုင်ပါသလား ၂ ဘုရင့်နောင်ရဲစခန်းမှ လူပျောက်အ မှုဖွင့်ထားပြီး 
၂နာရီအတွင်းရန်ကုန်တိုင်းရှိ စခန်းအားလုံးဖြန့်မည်ဆိုသော်လည်းအ ဘယ့်ကြောင့် လှိုင်သာယာရဲစခန်းမှပစ္စ ည်းများလက်ခံထိန်း သိမ်းပြီးလူပျောက်အ မှုကိုမသိရှိသလဲ ၃ ၄င်းပစ္စည့်းများထဲတွင် ကျောင်းသား ကဒ် မှတ်ပုံတင်များပါရှိပြီး
၎င်းကဒ်များတွ င်နေရပ်လိပ်စာများ ပါရှိသော်လည်းအဘယ့်ကြောင့် ကာယကံရှင်များအားအကြောင်း မကြားသနည်း (သိ့မဟုတ်)ကာယကံရှင် များနေထိုင်ရာမြို့ နယ်ရဲစခန်းသို့အ ကြောင်းမကြားသလဲ ၄ လူသေမှုဖြစ်နိုင် သလား(သို့မဟုတ်) လူသတ်မှုဖြစ်နိုင်သလားစာ ဖတ်သူများလည်းသေ ချာဖတ်၍စဉ်း စားပေးပါ အမှားအယွင်းပါပါကတောင်း ပန်ပါသည် အမှန်တရား တန်ဖိုးထားနိုင်ကြပါစေ။
Kothein Htike
Posted From လူထု မောင်ကာဠု
Facebook ပေါ်တွင် လူပျောက်ကြော်ငြာခဲ့သည့် မိန်းကလေးအား အလောင်းအဖြစ် ပြန်တွေ့သည့်ဖြစ်စဉ် အပြည့်အစုံ
၂၂.၄.၂၀၁၃ ရက်နေ့က သူငယ်ချင်း တစ်ယောက်အကူအ ညီတောင်း၍လူပျောက်ကြော်ငြာPost တစ်ခုတင်ခဲ့ပါသည်ထို လူပျောက်ကြော်ငြာထဲကမိန်းကလေးပြန် လည်တွေ့ရှိပါသည် ။
သို့သော်အသက်ရှင်လျက်တော့ မဟုတ်ပါ ထို့ကြောင့်၎င်းသေဆုံးမှုသည် လူသေမှုဖြစ်နိုင်လား လူသတ် မှုဖြစ်နိုင်လားဆိုသည်ကိုဝိုင်းဝန်းစဉ်းစားစုံ စမ်းနိုင်ရန် ဒီစာကိုမေးမြန်းရေးသားပါသည် ။
ယနေ့အချိန်ခါတွင် facebookခေါ်လူ မှုကွန်ယက်အားအ လွှာအသီးသီး မှအသုံး ပြုနေသဖြင့် မိမိထက်သိမိမိထက်တက် တက်သိနားလည် သူများရှိပါကကာယကံ ရှင်များအားမိမိထက်ပိုမိုကူ ညီနိုင်ရန်၎င်းမိ မိတက်စွမ်းသ၍ကူညီချင်သူများရှိပါက ကူညီနိုင်ရန်အ သိပေးခြင်း သာဖြစ်ပါသည်။
သေဆုံးသူမှာရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေး ရွာအုပ် စု ရေတာရှည်ကျေးရွာမှအဖဦးဇော်ထွန်း အမိဒေါ်နော်မယ်စေး၏ သမီး ရန်ကုန်မြို့ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် တွင်ဒုတိယနှစ် တွင် တက်ရောက် ပညာသင်ကြားနေသောကျောင်း သူမနော်မေသူ သူ ဇော်ဖြစ်ပါသည် ၄င်း၏ချစ်သူမှာရန်ကုန် ဆေး၁ တွင်ပညာ သင်ကြားနေသော ဒုတိယနှစ်ကျောင်းသားမောင်ရဲမင်းဦးဖြစ်ပါသည်
အခင်းဖြစ်ပွားသည့်နေ့ ၁၉.၄.၂၀၁၃ေooနေအိမ်မှအပြင်ထွက် သွားခဲ့ပါသည် မောင်ရဲမင်းဦးမွေးနေ့သို့သွား၍ထိုမှတဆင့်မိဘများနေထိုင်
ရာရေတာရှည်ကျေးရွာသို့သွားမည်ဖြစ်ကြောင်းသိရပါသည်
၁၉.၄.၂၀၁၃ရက်နေ့ ည၈း၀၀နာရီခန့် တွင် ဒေါ်နော်မယ်စေး ထံသို့ မောင်ရဲမင်း ဦးမှဖုန်းဆက်၍`အန်တီသမီးကိုည ၇း၃၀နာရီကမှော်ဘီကားပေါ်သို့ တင်ပေး လိုက်ကြောင်း သွားကြိုရန်ပြောကြားခဲ့သည်´
ထို အခါဒေါ်နော်မယ်စေးမှလူလွတ်၍အကြို ခိုင်းသော်လည်းပြန် လည်ရောက်ရှိလာခြင်းမရှိပေ ထို့ကြောင့်ဒေါ်နော်မယ်စေးမှ ည၁၀း၃၀ခန့်တွင်မောင်ရဲမင်းဦးထံဖုန်းဆက်၍၄င်၏သမီးအားကားပေါ်
တင်ပေးလိုက်တာသေချာလားဟုမေးသောအခါသေ ချာကြောင်း၎င်းကိုယ်တိုင်ကားထွက်မှပြန် လာကြောင်းပြောကြားခဲ့ပါသည်။
(မှတ်ချက် ယခင်က မောင်ရဲမင်းဦးသည်မနော် မေသူသူဇော်၏မိဘများထံသို့တစ်ခါမျှဖုန်း ဆက်သွယ်ဖူးခြင်း မရှိကြောင်းသိရသည်)
၂၀.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးသည်သမီးနှင့်အတူနေထိုင်ရာ၎င်း၏ မောင်နေအိမ်သို့သို့သွားရောက်၍သမီး၏ သူငယ်ချင်းလိပ်စာ ဖုန်းနံပတ်များစုံစမ်း၍ ဆက်သွယ်မေးမြန်း ရာ၎င်းတို့ထံ သို့မလာ ကြောင်းသိရှိခဲ့ရပါသည်
ထို့နောက်မှော် ဘီသို့ပြန်လာ၍ မှော်ဘီရဲစခန်းသို့လူ ပျောက် အမှုဖွင့်သောအခါမှော် ဘီရဲစခန်း မှတာဝန်ရှိသူများအကြံပေးချက်ဖြင့်၎င်းသ မီးနေထိုင်ရာမရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရဲစခန်းသို့အ မှုဖွင့်ရန်စီစဉ် ရပါသည် ။
ထိုနေ့မိုးချုပ်သွားသဖြင့နောက်တစ်နေ့တွင်မှသာအမှုဖွင့်နိုင်ပါသည် ၂၁.၄.၂၀၁၃ရက်နေ့တွင် ဦးဇော်ထွန်းဒေါ် နော်မယ်စေး တို့သည် မောင်ရဲမင်းအောင် နေအိမ်ကိုစုံစမ်းသွားရောက်၍မောင်ရဲမင်းဦးနေအိမ်ကိုစုံစမ်းသွားရောက်၍
၎င်း၏မိဘများနှင့်အတူ မရမ်းကုန်းမြို့နယ်ဘုရင့် နောင်ရဲစခန်းသို့ သွားရောက်၍နေ့လည် ၁၀း၀၀နာရီအချိန်ခန်တွင် ရဲတပ်ကြပ်ကြီး ကျော်ဆန်းဝင်းထံ လူပျောက်အမှုဖွင့်၍တိုင်ကြားခဲ့ပါသည်
၎င်းရဲတပ်ကြပ်ကြီးကျော် ဆနးဝင်းမှ နှစ်နာရီအချိန်တွင်စခန်းအား လုံးဖြန့်ဝေပေးမည်ဟုပြောကြားခဲ့ပါသည်
ထိုနေ့ညနေ၀၆၀၀အချိန်ခန့်တွင်မောင်ရဲမင်းဦးမှဒေါ်နော်မယ်စေးထံ ဖုန်းဆက်၍ `၄င်းသည်မနော်မေသူသူဇော် ကိုင်သောဖုန်းအား ညနေ၄း၀၀နာရီခန့်ကဆက်၍ရ ကြောင်းသို့ရာတွင်ယောက်ျားတစယောက်ကိုင်ကြောင်းလှိုင်သာယာလို့ပြောသံ ကြားကြောင်းထို့နောက် ဖုန်းချသွားကြောင်း´ ပြောကြားခံ့ပါသည် ။
၂၂.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးထံသို့ဝါးနက်ချောင်းကျေးရွာ မှော်ဘီမြို့ နယ်ချင်းကျောင်းမှ မနော်မေသူသူအောင် ၏ပစ္စည်းများလှိုင် သာယာရဲစခန်းတွင်အပ်နှံထားကြောင်း၎င်းတို့ထံသို့လှိုင်သာယာခရစ်ယာန်
ဘုရားကျောင်းမှအကြောင်းကြားသောကြောင့်ပြောခြင်းဖြစ်ကြောင်းမှန်မ မှန်သွားကြည့်ရန်ပြောခဲ့ပါသည်။
ထို့ကြောင့်နေ့လည်၁၁း၀၀နာရီခန့်တွင် မောင်ရဲမင်း ဦးထံနှင့် ဘုရင့်ရဲစခန်းမှရဲတပ်ကြပ်ကြီးကျော်ဆန်းဝင်း ထံသို့ ဖုန်းဆက်အကြောင်း ကြားပြီးလှိုင်သာယာရဲစခန်းသို့ လိုက်သွားရာနေ့လည်၂း၁၅အချိန် ခန့်တွင်ရောက်ရှိ၍ ပစ္စည်းများစစ်ကြည့်ရာ မှန်ကန်ကြောင်းတွေ့ရပါသည် ။
၎င်းပစ္စည်းများကို၁၉.၄.၂၀၁၃ရက်နေ့တွင် ည၈း၁၅အချိန်ခန့် တွင်အောင်ဇေယျတံတား(လှိုင်သာယာဘက်ကမ်း)တွင်လုံခြုံရေး တာဝန်ထမ်းဆောင်နေသောတာဝန်ကျရဲ ထံသို့ အမည်မသိအမျိုး သမီး၃ဦးမှလာ၍အပ်နှံ သွားကြောင်းသိရသည်
ပစ္စည်းများမှာ မေ န်ာမေသူသူဇော်ကိုင်ဆောင်သော လက် ကိုင်အိတ် ကျောင်း သားကဒ် အမေရိကန် သံရုံးစာကြည့်တိုက် အသင်းဝင် ကဒ်ဒေါက်ဖိနပ်တစ်ရံ စုစုပေါင်းပစ္စည်း၁၁မျိုး တို့ ဖြစ်သည် ထို့နောက်ဘု ရင့်နောင် ရဲစခန်းသို့ လိုက်သွားပြီး ထွက်ဆိုချက်များပေးခဲ့ရပါသည်
၂၃.၄.၂၀၁၃ရက်နေ့တွင်မနက်၀၉း၀၀ အချိန်ခန့်တွင် ဘုရင့်နောင်ရဲစခန်းသို့ ဒေါ် နော်မယ်ဆေးနှင့်အတူ ၄င်း၏မောင်နှင့် တူမတို့ထွက်ဆိုချက်များသွားပေးခဲ့ပါသည်ထိုအချိန်တွင် အမှုစစ်ဒုရဲအုပ်ကျော်ဝင်း နိုင်သည်ပစ္စည်းများ စတင်သိမ်းဆည်းခဲ့သော ရဲတပ်ကြပ်ကြီးဟာတူးမောင်အားစစ် ဆေးရန်လှိုင်သာယာရဲစခန်းသို့သွားမည် ဖြစ်သဖြင့်၎င်းနှင့်အတူလိုက်သွားခဲ့ပါသည်
ထိုသို့စစ်ဆေးနေစဉ်ဒုရဲအုပ်ကျော် ဝင်းနိုင်ထံသို့ ပိုင်ရှင်မဲ့ အလောင်း တစ် လောင်းအင်းစိန်ဆေးရုံကြီး သို့ရောက် ရှိနေကြောင်းဖုန်း သတင်းဝင်လာပါသည်
ထိုအကြောင့်အမှုစစ်ဒုရဲအုပ်ကျော်ဝင်းနိုင်နှင့်အတူ အင်းစိန်ရဲစခန်းသို့သွားရောက်ခဲ့ရပါသည် ထို့နောက် အင်းစိန်စခန်းမှူး ဓါတ်ပုံများထုတ်ပြ၍မနော်မေသူသူဇော် ဟုတ်မဟုတ်ကြည့်ခိုင်းပါ သည်
ဒေါ်နော်မယ်စေး၏ ဆွေမျိုးများ မှအင်းစိန်ဆေးရုံကြီးသို့ ဖုန်းဆက်၍ အလောင်းရှိမရှိမေးမြန်း၍ ရှိသည်ဟု ပြော သဖြင့်၀၄း၀၀နာရီ အချိန်ခန့်တွင်အင်း စိန်ဆေးရုံကြီးသို့လိုက်သွားခဲ့သည်
ထိုနေ့ ကအလောင်းသယ်ယူသော ကားမအား၍ နောက်ကျခြင်းကြောင့်သာ အလောင်းကို ပြန်ရခြင်းဖြစ်သည် အကယ်၍ကားနောက် မကျပါက မိခင်မှာသမီးကိုမြင်တွေ့ ခွင့်ရ မည်မဟုတ်ပေ ထိုအလောင်း ကို၂၀.၄.၂၀၁၃ရက်နေ့ နံနက်၉း၀၀နာရီအချိန်ခန့်တွင် အင်းစိန်ရွာမအနောက်၆ရပ်ကွက် ငါးဒိုင်အနီးရှိမြစ် ကမ်းမှ၅ပေအကွာ တွင်တွေ့ရှိဆယ်ယူပြီး အင်းစိန်ရဲစခန်းသို့အကြောင်းကြားခဲ့ကြ သည်
စခန်းမှလာရောက်၍ နေ့လည်၁နာ ရီခန့်တွင်အင်းစိန်ဆေးရုံကြီး သို့ပို့ဆောင် ခဲ့သည် ၂၄.၄.၂၀၁၃ရက်နေ့ တွင်ထိန်ပင်သို့ ပို့ဆောင်ဂူသွင်းသည်
အထက်ပါဖြစ်စဉ်များကိုသေချာဖတ် ၍အကြံပြုပေးကြပါ ဖြန့်ဝေပေးပါ ၁ စော်ဘွားကြီးကုန်းမှအောင်ဇေယျ တံတား ညနေ၀၇း၃၀ တွင်သွားပါက၄၅ မိနစ်ဖြင့်ရောက်နိုင်ပါသလား ၂ ဘုရင့်နောင်ရဲစခန်းမှ လူပျောက်အ မှုဖွင့်ထားပြီး
၂နာရီအတွင်းရန်ကုန်တိုင်းရှိ စခန်းအားလုံးဖြန့်မည်ဆိုသော်လည်းအ ဘယ့်ကြောင့် လှိုင်သာယာရဲစခန်းမှပစ္စ ည်းများလက်ခံထိန်း သိမ်းပြီးလူပျောက်အ မှုကိုမသိရှိသလဲ ၃ ၄င်းပစ္စည့်းများထဲတွင် ကျောင်းသား ကဒ် မှတ်ပုံတင်များပါရှိပြီး
၎င်းကဒ်များတွ င်နေရပ်လိပ်စာများ ပါရှိသော်လည်းအဘယ့်ကြောင့် ကာယကံရှင်များအားအကြောင်း မကြားသနည်း (သိ့မဟုတ်)ကာယကံရှင် များနေထိုင်ရာမြို့ နယ်ရဲစခန်းသို့အ ကြောင်းမကြားသလဲ ၄ လူသေမှုဖြစ်နိုင် သလား(သို့မဟုတ်) လူသတ်မှုဖြစ်နိုင်သလားစာ ဖတ်သူများလည်းသေ ချာဖတ်၍စဉ်း စားပေးပါ အမှားအယွင်းပါပါကတောင်း ပန်ပါသည် အမှန်တရား တန်ဖိုးထားနိုင်ကြပါစေ။
Kothein Htike
Posted From လူထု မောင်ကာဠု
နိုင်ငံတော်အစိုးရဟာ ကချင်ပြည်နယ်ကို ကချင်တွေ အုပ်ချုပ်ရမယ်
အမေရိကပြည်ထောင်စုမှ နယူးယောက်မြို့ မှာ ဧပြီလ-၂၁-ရက်နေ့ က မြန်မာ့မိသားစုများနဲ့  တွေ့ ဆုံစဉ် ၀န်ကြီးဦးအောင်မင်းတို့ အဖွဲ့ နဲ့  လူထုတွေ့ ဆုံပွဲ ပြုလုပ်ခဲ့ ကြပါတယ် ။ အဲဒီတွေ့ ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ၀န်ကြီးတို့ အနေနဲ့  သမ္မတကြီးတို့ အနေနဲ့  ဘယ်လိုပါဝင်ရမယ် ဆိုတာ ဆောင်ရွက်ထားခြင်းရှိမရှိနဲ့  တိုင်းရင်းသားပြည်သူများက နားလည်သော ဖက်ဒရယ်နဲ့  အစိုးရက လိုလားသော ဖက်ဒရယ်က ဘယ်လိုကွဲခြားမှု တွေ ရှိနေသလဲ ဆိုတာ သိချင်တယ် ဆိုပြီး မေးမြန်းခဲ့ ကြပါတယ် ။  ၀န်ကြီးဦးအောင်မင်းက အမကြီးဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ က ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပိတ်ထားခြင်း မရှိပါဘူး -နောက်ပွဲတွေကိုလဲ ဖိတ်ပါမယ်- အစကတည်းက ပိတ်ထားခြင်း မရှိခဲ့ ပါဘူး-ဘယ်သူဘဲ လုပ်လုပ်ပါ- အယင်က ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါတီတခု ခေါင်းဆောင်ဖြစ်တယ်-သီးခြားရပ်တည်တယ်-အခုတော့ ပါလီမန်အမတ်-Menbers of Parliament-ဖြစ်သွားပါပြီ- သူလဲ ကျနော်တို့ ကို ထောက်ခံအားပေးပါတယ်-လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ လဲ အစည်းအဝေးလုပ်တာ ခင်ဗျားတို့  တွေ့ ပါလိမ့်မယ်- သမ္မတဦးသိန်းစိန်နဲ့ လဲ တွေ့ ပြီးတော့ တိုင်းရေးပြည်ရေးကိစ္စများကို  ရံဖန်ရံခါ ဆွေးနွေးဖြစ်ကြပါတယ်-သမ္မတကြီး ကလဲ ဒေါ်အောင်ဆန်းစုကြည်ကို ရဲရဲတင်းတင်း လုပ်ဖို့ နဲ့  လိုအပ်တာ အားလုံးကိုလဲ ထောက်ခံ အားပေးသွားမယ်လို့  ပြောပါတယ်-နောက်မကြာခင်ကာလမှာ တိုင်းရင်းသားကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပါတ်သက်လာမယ်ဆိုတာ တွေ့ ရပါလိမ့်မယ်- ကျနော်တို့ လဲ ပိတ်ထားတာ မဟုတ်ပါဘူး- နောက်ကိုလဲ ပူးပေါင်းဆောင်ရွက်သွားပါမယ် ဆိုတာ ပြောချင်ပါတယ်-
                  နောက်တခုကတော့  ဖက်ဒရယ်နဲ့  ပါတ်သက်ပြီးတော့ တိုင်းရင်းသားတွေ ကိစ္စဟာ အားလုံးကိုချုပ်လိုက်ရင်  ပထမအချက်က ( ၁-) တန်းတူရည်တူ ရရှိရေးနဲ့ - နံပါတ်( ၂ ) ကတော့   ကိုယ်ပိုင်ပြဋ္ဌန်းပိုင်ခွင့် ရရှိရေးဘဲ ဖြစ်ပါတယ် ။ အဲဒီအချက်ဟာ ပါဝါ ရှယ်ယာရိန်းပါဘဲ။ ပါဝါရှယ်ယာရိန်းပါဘဲ-အဲဒီအချက်ဟာ ဖက်ဒရယ်ပါဘဲ ။ သူတို့ တွေနဲ့  တွေ့ တဲ့ အခါ ပေါင်းလိုက်ရင် -၂-အချက်က အဓိကကျနေတယ်-တိုင်းးရင်းသား အခွင့်အရေးရရှိဖို့  ထုတ်ဖေါ်ကြပါတယ်- ချုပ်ပြောလိုက်တာပါ- အဲဒီထဲမှာ ဘာသာစကားတို့ -ယဉ်ကျေးမှုတို့  ဓလေ့ထုံးစံတို့  ပါဝင်ပါတယ်။ အားလုံးက ဒီအထဲမှာ အများကြီးပါပါတယ်-
      အဲဒီတော့ ကျနော်တို့ နိုင်ငံတော်အစိုးရဟာ ဘယ်လောက်အထိ လုပ်ထားသလဲ ဆိုရင် ကချင်ပြည်နယ်ကို ကချင်အုပ်ချုပ်ရမယ်-  ရှမ်းပြည်နယ်ကို ရှမ်းအုပ်ချုပ်ရမယ်-ကရင်ပြည်နယ်ကို ကရင်တွေအုပ်ချုပ်ရမယ် ဆိုပြီး  စဉ်းစားထားပြီးသားဖြစ်တယ်-နောက်ပြီးတော့ သူတို့ တွေ တောင်းဆိုတဲ့  အားလုံးဟာ  ဒီအထဲမှာ အားလုံးအကျုံးပါဝင်ပြီးဖြစ်တယ်-အဲဒီတော့ ကျနော်တို့ ဟာ -Political Dialogue -ဆိုတဲ့ ဥစ္စာကို တဖွဲ့ ချင်းလဲ ဆွေးနွေးပါတယ်-- ပိတ်မထားဘူး -အားလုံးနဲ့  ပေါင်းလို့ ဆွေးနွေးမယ်ဆိုရင်လဲ ကျနော်တို့  လုပ်ထားပါတယ်- အခုဆိုလို့ ရှိရင် ပြောကြကြေးဆိုရင် အင်အားကြီးလက်နက်ကိုင်တဲ့ အဖွဲ့  ဟာ လက်နက်ကိုင်အဖွဲ့ -၁၂-ဖွဲ့ ရှိတာပေါ့-သူတို့ နဲ့ သာ ဆွေးနွေးနေမယ်ဆိုရင် ကျန်တဲ့  တိုင်းရင်းသားတွေကို ပစ်ပယ်ရာကျမယ်-  ကျန်တဲ့ တိုင်းရင်းသားတွေရှိတယ်-၁၃၅-မျိုးရှိတယ်-ဆိုတော့ အားလုံးပါဝင်စေမယ်-အဲဒီတော့ ကျနော်တို့  စဉ်းစားထားတာဟာ-ဒီ- Process -ကြီးထဲမှာ အားလုံးပါဝင်ရမယ်- တဖက်က  ဘယ်သူပါမလဲဆိုရင် အစိုးရပါမယ်- တပ်ပါမယ်-နောက်လက်နက်ကိုင် တိုင်းရင်းသားတွေပါမယ်- နောက်တဖွဲ့ မှာ အခြားနိုင်ငံရေးပါတီနဲ့ အခြားအဖွဲ့ အစည်းတွေပါမယ်-နောက်တဖွဲ့ မှာတော့ ဘယ်သူတွေပါမလဲ ဆိုရင် - ပညာရှင်တွေနဲ့ -State Holder -နဲ့ - Ngo တွေ ပါမယ်- စုပေါင်းပါဝင်တဲ့ အဖွဲ့ တွေနဲ့ ကျနော်တို့ ဟာ ဘုံရပ်တည်ချက်တွေသဘောနဲ့  ရအောင်ယူမယ်- ပြီးရင် ကျနော်တို့ က လက်မှတ်ထိုးမယ် - အဲလိုဆိုတော့ ပင်လုံကဲ့ သို့  ညီလာခံကို သေချာဖတ်ကြည့်မယ်ဆိုရင် ဒီအထဲမှာပါတဲ့ တိုင်းရင်းသားဟာ  ကချင် ချင်း ရှမ်း ကရင်တို့ ဘဲ လေးမျိုးပါတယ်- ကျနော်တို့ လုပ်သွားမှာက ကျန်တဲ့ တိုင်းရင်းသား( ၁၃၅ ) လူမျိုးတွေပါအောင် ပင်လုံကိုအခြေခံသော ပင်လုံစိတ်ဓါတ်ကို အခြေခံသော ပင်လုံထက်ကျယ်ပြန့် သော တိုင်းရင်းသားလူမျိုးများ အားလုံးပါဝင်သော ညီလာခံတရပ်ကို ကျင်းပမှာဖြစ်တယ်-အဲဒီလက်မှတ်ထိုးပြီးသွားတဲ့ အခါမှ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်မှာဖြစ်တယ်- ကျနော်တို့ က ဒါကိုမှ မလုပ်နိုင်ဘူးဆိုရင် မဖြစ်တော့ဘူး။
    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ အများကြီးရှိရာမှာ တဖွဲ့ နဲ့  လုပ်- ပြန်ဖျက် ပြန်ဖျက်နဲ့ လုပ်လာလို့ -တဖွဲ့ ပြီးမှ တဖွဲ့  ပြန်ဆက်သွယ်ပြီးတော့မှ လုပ်ရင် ပြီးမှာ မဟုတ်- ကျွန်တော်တို့ ဟာ ပြည်သူတရပ်လုံးနဲ့  ဆောင်ရွက်သွားမှာဖြစ်တယ်- ကျနော်တို့ လုပ်နေတာဟာ သိပ်လဲရှည်လျှားပါတယ်- သိပ်လဲကျယ်ပြန့် ပါတယ်-မလုပ်ဘဲနဲ့ လဲ ချန်ထားလို့ မရပါဘူး-ဒါ့ကြောင့်မို့  ပြီးအောင် လုပ်သွားမယ်-အဲဒီတော့ ကျနော်တို့ အစိုးရဟာ  -၂၀၁၅-ခုနှစ်အတွက်ဘဲ လုပ်ရမှာဖြစ်ပါတယ်- နောက်-Election-မှာ အစိုးရသစ်တက်လာမှာပါဘဲ -တက်လာတဲ့ အစိုးရကို ကျနော်တို့ က အပူထုတ်ကြီးကို သူတို့ လက်ထဲကို မလွှဲထားခဲ့ ချင်ပါဘူး-ကျနော်တို့ အစိုးရလက်ထက်မှာ ဖြစ်အောင်လုပ်သွားမယ်-ပြီးရင်ပြီးသလောက်ကို အကုန်လုံးကို လက်မှတ်ထိုးသွားမယ်-နောက်အစိုးရကိုလဲ လုပ်နိုင်အောင် လွှတ်တော်မှာရှိတဲ့  ကတိက၀တ်ဆိုတဲ့ စာချုပ်စာတမ်းနဲ့  နောက်အစိုးရမလုပ်ဘဲ မနေလို့ မရအောင် ထားခဲ့ မယ်-အဲဒီတော့ ပြီးအောင်လုပ်သွားမယ်-နောက်ဒီပြသနာက သိပ်ရှည်ပါတယ်-လုပ်ရကိုင်ရာတာ ခက်ခဲပါတယ်- မလုပ်ရင်လဲ ထားခဲ့ ရမှာလဲ မဖြစ်ပါဘူး-ကျနော်တို့ ဟာလဲ အပင်ပမ်းခံပြီး လုပ်ကိုင်နေပါတယ်-  မလုပ်ရင်လဲ ထားခဲ့ လို့ လဲမရ- အားလုံးဟာ လူဦးရေ -သန်း( ၆၀ ) တိုင်းရင်းသားလူမျိုးတွေအတွက်လဲ ချန်မထားဘူးဆိုတာ ပြောကြားပါတယ်-
       အဲဒီလို ၀န်ကြီးဦးအောင်မင်း ပြောသွားပြီးတဲ့ နောက် သူ့ စကားကို ကျနော်တို့ မှာ ဆွေးနွေးဖို့  အချိန်က မရပြန်တော့ဘူး- အခန်းကိုငှားထားချိန်နဲ့  ကိုက်သွားပြီဆိုတော့ ဘာမှ တင်ပြဆွေးနွေးခွင့် မရရှိခဲ့ ကြတာဖြစ်ပါတယ် ။
   ကျနော်ပထမဦးစွာ စဉ်းစားမိတာ တခုရှိတယ် ။  ပထမအချက်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်ဟာ ၀န်ကြီးဦးအောင်မင်း ပြောသလို သိပ်လဲရှည်လျှား သိပ်လဲခက်ခဲတဲ့  မြန်မာနိုင်ငံငြိမ်းချမ်းရေး ရရှိရေးအတွက် ဖိတ်စာရမှ ပါဝင်ရမဲ့  အခြေအနေမျိုး ဖြစ်နေရပါတယ် ဆိုတဲ့ အချက် စဉ်းစားမိတယ်။ ဒုတိယအချက်က ကချင်ပြည်နယ်ကို ကချင်တွေ အုပ်ချုပ်ရမယ်-ရှမ်းပြည်နယ်ကို ရှမ်းတွေအုပ်ချုပ်ရမယ် ဆိုတာမျိုးကျတော့ တိုင်းရင်းသားလက်နက်ကိုင် လူမျိုးတွေရဲ့  လက်နက်ကိုင်အဖွဲ့ တွေကို တိုင်းရင်းသားပြည်နယ်တွေမှာ ကိုင်ဆောင်ခွင့်ပြုလေမလား ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်ကို ထားခွင့်ရှိလေမလား- ၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပိုင်ခွင့် အခြေခံဥပဒေမှာတော့ တပ်မတော်တခုတည်းသာ မြန်မာနိုင်ငံအတွင်းမှာ ရှိရမယ်လို့  ထုတ်ပြန်ဖေါ်ပြထားတာ တွေ့ ရတယ်။  တိုင်းရင်းသားလူမျိုး လက်နက်ကိုင် အဖွဲ့ တွေကလဲ လက်နက်ကို စွန့် ချင်လောက်အောင် မိုက်မဲမှာ မဟုတ်ဘူး-
 တတိယအချက် တခုကို စဉ်းစားပြန်တော့ အခုအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေက အခုအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့  သက်ဆိုင်ရာပြည်နယ်တွေမှာ ဆက်ဆံရေးရုံးခမ်းတွေ ဖွင့်ပြီး နေကြပါပြီ ။ သူတို့ တွေကကော -၂၀၁၅-ခုနှစ်မှာ ရွေးကောက်ပွဲဝင်ဖို့  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြုလုပ်ရတော့မှာလား ၊ မှတ်ပုံတင်ရင် နိုင်ငံရေးပါတီဖြစ်သွားပြီမို့  လက်နက်ကိုင်အဖွဲ့ အနေနဲ့  အဲဒီနိုင်ငံရေးပါတီတွေမှာ မရှိရပြန်ဘူး ။ တကယ်လို့  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ပြန်ဘူးဆိုရင်လဲ ဆက်ဆံရေးရုံးဆိုတာက ဘယ်လိုအခြေအနေမျိုးတွေနဲ့  စခမ်းသွားနေရမှာလဲ ။ မြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကတော့ တခုပ်တရ ပြောထားပါတယ် ။ တိုင်းရင်းသားလက်နက်ကိုင် ညီအကိုတော် အဖွဲ့ တွေကို ပြောထားပါတယ် - ပြည်ထောင်စုအဆင့် ဆွေးနွေးပြီးရင် လူကြီးတွေက နိုင်ငံရေးပါတီထောင်ကြ - လူရွယ်တွေကတော့ စီးပွါးရေးလုပ်ကြ- လူငယ်တွေကတော့ လက်နက်ကိုင်ချင်ရင် တပ်ထဲဝင်ကြတဲ့ -
    ခိုင်အောင်ကျော် ( နယူးယောက် )
နားနဲ့  ဆတ်ဆတ်ကြားရသော စကားများ
ရခိုင်-လက်ပံတောင်း-မိတ္ထိလာကိစ္စကို အစိုးရက ကိုင်တွယ်ပုံမှနားနဲ့  ဆတ်ဆတ်ကြားရသော စကားများ
======================================================
အမေရိကပြည်ထောင်စု နယူးယောက်မြို့ မှာ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်ကို -ICG- လို့ ခေါ်တဲ့  အဖွဲ့ အစည်းတခုက ဆုချီးမြှင့်ပါတယ်  ။ အဲဒီဆုကို သမ္မတဦးသိန်းစိန်ရဲ့  ကိုယ်စား သမ္မတရုံး ဦးအောင်မင်းက ကိုယ်စားပြု လက်ခံယူခဲ့ ဖို့ လာခဲ့ ပါတယ်။ ဆုကိုမယူမှီ နယူးယောက်မြို့ မှာ ရှိတဲ့  မြန်မာမိသားစုတွေနဲ့  တွေ့ ဆုံဆွေးနွေးပွဲကို ကုလသမ္မရဲ့  ရှေ့မှာရှိတဲ့ -United Palaza - အဆောက်အဦမှာ -ဧပြီ-၂၁-ရက်နေ့ ကကျင်းပခဲ့ ပါတယ် ။ ဒီလိုတွေ့ ဆုံပွဲမှာ တက်ရောက်သူ တွေက မေးမြန်းကြတာတွေ တင်ပြကြတာတွေ တောင်းဆိုကြတာတွေ ပြုလုပ်ခဲ့ ကြပါတယ် ။ ပထမဦးစွာ ( ယနေ့ မြန်မာ ) ကိုမြင့်လှိုင်က မေးမြန်းရာမှာ ရခိုင်ပြည်နယ်ပြသနာ-မိတ္ထိလာပြသနာနဲ့  လက်ပံတောင်းပြသနာတွေကို အခုလိုပြုပြင်ပြောင်းလဲစ ပြုနေတဲ့  မြန်မာနိုင်ငံမှာ အနှောင့်ယှက်ဖြစ်နေရင် နောင်မဖြစ်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ  ဘယ်လိုဖြေရှင်း မလဲ ဆိုတဲ့  မေးခွန်းမျိုး မေးစမ်းခဲ့ ပါတယ် ။  ပြည်ထောင်စုငြိမ်းချမ်းရေးအကျိုးဆောင် ဥက္ကဋ္ဌဖြစ်သူ  ၀န်ကြီးဦးအောင်မင်းက  အခုလိုဖြေဆိုခဲ့ ပါတယ် ။
  “  တကယ်တော့ ဒီကိစ္စတွေဟာ ကျနော်တို့ ဆီမှာ -ရီဖေါင်း-Reform-လုပ်တဲ့ အခါ ခင်ဗျားတို့ ဟာ တော်တော်မြန်ဆန်တယ်-တချို့ က မြန်ဆန်ရင် ခြေချော်လဲကျတတ်တယ်-တချို့ က နှေးလွန်းနေတယ် ဆိုပြီး ပြောကြတယ် - ကျနော်တို့ က နှေးတာမြန်တာ အဓိကမဟုတ်ဘူး-လုပ်မယ်ဆိုရင် ဒီကိစ္စတော့ သိတယ်ဆိုရင် လုံးဝ မနှောင့်နှေးဘဲနဲ့ ချက်ချင်းဆောင်ရွက်ပါမယ်--ဒီကိစ္စတွေဟာ ဒီမိုကရေစီကို မြန်မြန်ရတဲ့ အခါမှာ စနစ်တကျ အသုံးမချတတ်ဘူးလို့ ကျနော်မြင်တယ်-ပြည်သူလူထုတွေဟာ အချိန်ကာလ ကြာရှည်စွာ စစ်အစိုးရက အုပ်ချုပ်ခဲ့ တာ ကြောင့် သူတို့ တွေ ထုတ်ဖေါ်ခွင့် ပြောဆိုခွင့် မရခဲ့ ဘူး- ထုတ်ဖေါ်ခွင့်ရတဲ့ အခါ အရမ်းထုတ်ဖေါ်ချင်ကြတယ်- အရမ်းပြောချင်ကြတယ်- အရမ်းတုန့် ပြန်ချင်ကြတယ်-အဲဒီအခါ စနစ်တကျ အလေ့အကျင့်မရှိတော့ အမှား အယွင်းဖြစ်ကုန်ကြတယ်-“
   “ ရခိုင်ကိစ္စ စပြောမယ်- ရခိုင်လို့ လဲ မပြောရဲဘူး- ဘင်္ဂလီတွေလို့ လဲ မပြောရဲဘူး-ဒီတော့ -A- အေ-ပါတီ-B--ဘီပါတီ လို့  ပြောမယ်- အေ-A- က ရခိုင်အမျိုးသမီးတယောက်ကို မုဒိမ်းမှုကျူးလွန်ပြီး  လူသတ်လိုက်တယ်-အဲဒီတော့ အပြစ်ရှိရင် -ဘီ-B- ကို အပြစ်ပေးရမယ်- ဥပဒေအရ သေစားသေစေ ပေးရမယ်-ဆိုရင် အဲဒီမှာ ပြီးသွားမယ်-  အေ-A- က တောင်ကုတ်မှာ -ဘီ-B-ကို ကားပေါ်က တခါဆွဲချသတ်တယ်- နောက်ဆက်ပြီး ဆက်ပြီး ဖြစ်လာတယ်---A- အေက ရခိုင်မို့ လို့ -B-ဘီက ဘင်္ဂလီမို့ လို့ မဟုတ်ဘူး-ပိုပြီးတော့ တိတိကျက လုပ်ရမယ်- အစိုးရကလဲ အယင်တုံးက အစိုးရလို ပြောလေမလား ဆိုပြီးတော့ လက်တွန့် တာလဲ ပါတယ်-အစိုးရကလဲ ဒီမိုကရေစီဖက်ကို ရောက်နေပြီ-ရမ်းလုပ်လိုက်တော့ စနစ်ကို အသုံးမချတတ်လို့ ဘဲ ကျနော်မြင်တယ် “
  “ မြန်မာနိုင်ငံမှာသမ္မတကိုလဲ တရားစွဲရင်လဲ စွဲလို့ ရတယ်- အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဘုရင်ကို အတင်းပြောလို့  မရဘူး -အတင်းပြောရင် ကြီးလေးတဲ့ ပြစ်ဒဏ်မှုဖြစ်တယ်-ကျနော်တို့  နိုင်ငံမှာ သမ္မတကို  အတင်းပြောလို့ လဲ ရတယ်-ဆန္ဒပြလို့ ရတယ်- တရားစွဲလို့ ရတယ် -မြန်မာနိုင်ငံမှာ လွပ်လပ်စွာ ဆန္ဒပြလို့ ရတယ်-ရခိုင်မှာ လောင်နေတဲ့  မီးကို အယင်ငြိမ်းအောင် လုပ်တာဘဲ-- -၈၂-ခုနှစ် ဥပဒေကို သေချာကြည့်ရင် လ၀က ဥပဒေဆိုတာရှိတယ်- Third Generations-ရှိရင် ပေးမယ်-နိုင်ငံသားဖြစ်ခွင့်ရမယ်- နိုင်ငံသားလက်မှတ်ရမယ်- သွားလို့ ရမယ်- ပါ့စ်ပို့ ရမယ်- သွားချင်ရာသွားလို့ ရမယ်-ဒါတွေကို ဆက်လုပ်မယ်- ကျနော်တို့ က လူသားတယောက်လိုဘဲ ကြည့်တယ်-နိုင်ငံခြားမှာ ပြောလို့ ရတယ်-ပြည်တွင်းမှာ ဒီလိုပြောလို့ မရဘူး- ရခိုင်ဖက်ကပြောရင် ဘင်္ဂလီဖက်ကပြောတယ်- ဘင်္ဂလီဖက်ကပြောရင် ရခိုင်ဖက်က ပြောတယ်လို့  ပြောမယ် “
ခိုင်အောင်ကျော် ( နယူးယောက် )
အစိုးရ မရှိသော နိုင်ငံလို ဖြစ်နေပါပြီလား
မြောက်ကာရိုလိုင်းနားမှာ နေထိုင်တဲ့  ဒေါက်တာအောင်ထွန်းက ဒေါ်အောင်ဆန်းစုကြည် အမေရိကလာတော့ နယူးယောက်မြို့ မှာ ဟောပြောပွဲလုပ်မယ်ဆိုတာနဲ့  ကျနော့်ဆီကို ရောက်လာတယ် ။ နယူးယောက်မြို့ ကို မြောက်ကာရိုလိုင်းနားက ကိုယ့်ကားနဲ့  လာမယ်ဆိုရင်တောင် -၁၈-နာရီလောက် သွားရတယ် ။ ခရီးကဝေးတယ်- အဲဒီခရီးကို ဒေါက်တာအောင်ထွန်းတို့ မိသားစုက လာရောက်ကြတာဖြစ်တယ် ။ နယူးဒေလီမှာ ကတည်းက သိကျွမ်းခင်မင်ရင်းနှီးတဲ့  ဒေါက်တာအောင်ထွန်းနဲ့  ပြန်လည်ပြီးဆုံတွေ့ တာဖြစ်တယ်- ပထမတကြိမ် သူတို့ တွေ ဆန္ဒပြဖို့  နယူးယောက်ကို ကားနဲ့  အုပ်စုလိုက်လာခဲ့ ကြတယ် ။ ဒီတခေါက်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့  မြန်မာ့မိသားစုတွေ တွေ့ ဆုံပွဲ ဆိုတော့ မိသားစုတွေ လာခဲ့ ကြတာဖြစ်တယ် ။  နယူးယောက်မြို့ မှာ အခြားပြည်နယ်က လာတဲ့သူတွေအဖို့  တည်းခိုရတာ ဟိုတယ်ဘဲအားကိုးရတယ်- အသိအိမ်တွေမှာ တည်းခိုရတာ ပြသနာဖြစ်တယ်- မိသားစုတွေနဲ့  နေထိုင်ကြတဲ့  အိမ်ငှားနေကြသူတွေဘဲ ရှိကြတာမို့  ကသီလင်တဖြစ်ကြတော့ မတည်းခိုချင်ကြဘူး - ကျနော့်အိမ်မှာတော့ ကိုယ်ပိုင်အိမ်ဆိုတော့ တည်းခိုရတာ လွပ်လွပ်တယ်- ဘာဆိုဘာမှ ပြသနာမရှိဘူး- ခင်မင်ရင်းနှီးတဲ့ သူတွေဆိုရင် တနယ်တကျေး ပြည်နယ်ခြားတွေက လာရောက်တည်းခိုကြတာပြောပါတယ် ။
    မတွေ့ တာ ကြာပြီဖြစ်တော့ ဖုံးနဲ့ အဆင်ပြေရင် ပြေသလို ပြောဖြစ်ကြပါတယ်- တနေ့ က ဒေါက်တာအောင်ထွန်းဆီက ဖုံးဆက်တော့ ထူးထူးခြားခြား သူပြောတာ သတိရဖြစ်တယ် ။ သူက မြန်မာနိုင်ငံမှာ အစိုးရတောင် မရှိတော့ဘူးလို့  ထင်ရတယ်တဲ့  ။ ဘာကြောင့်ဆိုတော့ အယင်ကဆိုရင် ပြည်ပမှာ ဆန္ဒပြတာတို့  အစည်းအဝေး ထိုင်တာတို့ နဲ့  ကျနော်တို့  ဒေါက်တာအောင်ထွန်းတို့ က ရှိနေကြစမြဲပါ ။ ပြီးတော့လဲ စစ်အစိုးရကလဲ တချိန်လုံး ပြသနာတပုံတခေါင်းနဲ့  အော်ကြ ဆိုကြ ဆူကြ ဝေဖန်ကြ ဆန္ဒပြကြနဲ့  နိုင်ငံတကာက ကျနော်တို့ တွေဟာ မြန်မာနိုင်ငံမှာ အစိုးရရှိတယ် ဆိုတာကို ကမ္ဘာက သိအောင် လုပ်ပြနိုင်စွမ်း ရှိခဲ့ ကြသူဖြစ်ပါတယ် ။
    ဧပြီလ-၂၁-ရက်နေ့ က ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့  ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းတို့  အဖွဲ့ နဲ့  နယူးယောက်မြို့ မှာ ရှိတဲ့  မြန်မာမိသားစုတွေ တွေ့ ဆုံပွဲ ပြုလုပ်ခဲ့ ပါတယ်- အဲဒီတွေ့ ဆုံပွဲမှာ ကျနော်တို့ က အခန်းအနားထဲ ၀င်ထိုင်ပြီး တောင်းဆိုတာတွေ ကန့် ကွက်တာတွေ တင်ပြပါတယ်- မေးမြန်းစရာ ရှိတာတွေကို မေးမြန်းကြပါတယ် ။ အဆောက်အဦရဲ့  ပြင်ပမှာတော့ မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစုတွေက ဆန္ဒပြကြပါတယ် ။ ဒီသတင်းတွေဟာ တချိန်လုံး မီဒီယာမှာ ပေါ်ထွက်နေပါပြီ ။ ဒီလိုနဲ့ ဘဲ ကျနော်ဟာ ဒေါက်တာအောင်ထွန်းကို သတိရပြန်ပါရော။ ကမ္ဘာမှာ မြန်မာနိုင်ငံအစိုးရကို ရှိလေတယ်လို့  မထင်မှတ်ရလောက်အောင် တိတ်ဆိတ်ငြိမ်သက်စပြုနေတဲ့  မြန်မာနိုင်ငံအကြောင်းဟာ ခုတော့ ရုတ်ရုတ်သဲသဲ ဖြစ်သံများနဲ့   ထွက်ပေါ်လာခြင်းဘဲဖြစ်ပါတယ် ။ သမ္မတကြီးဦးသိန်းစိန်ကို နယူးယောက်မြို့ မှာ ဆုပေးတာကို သတင်းအဖြစ် ကြေညာတာဟာ ကမ္ဘာကို အသိပေးသလို ဖြစ်ပေမဲ့  တကယ်တမ်း ရုတ်ရုတ်သဲသဲဖြစ်သွားတာက နယူးယောက်မြို့ မှာ ဆန္ဒပြကြတယ် ဆိုတဲ့  သတင်းပါဘဲ ။
တကယ်တော့လဲ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ဆန္ဒမပြကြတာ ကြာခဲ့ ကြပါပြီ- ဒီမိုကရေစီအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ က ရွေးကောက်ပွဲဝင်ပြီးနောက် လွှတ်တော်ထဲရောက်သွားတော့ နိုင်ငံတကာက ဒီမိုကရေစီအင်အားစုတွေအဖို့  ဆန္ဒပြကြတဲ့  ပွဲတွေဟာ နည်းပါးသွားခဲ့ ရပါတာပါ ။ တချိန်ထဲမှာဘဲ နိုင်ငံရေးအကျဉ်းသားတွေကလဲ လွပ်မြောက်သွားကြပြီ ဆိုတော့ ဆက်ပြီး တောင်းဆိုရမှာ သိပ်ကို နည်းပါးသွားသလိုဘဲ ဖြစ်သွားရပါတယ် ။
   စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုရဲမင်းဦးကို လွှတ်ပေးရေးအတွက် တောင်းဆိုသံဟာ ကနေ့  ကမ္ဘာမှာ မြန်မာနိုင်ငံမှာ အစိုးရရှိနေတယ် ဆိုတာ ပြလိုက်သလိုဖြစ်နေပါပြီ ။ ဒေါက်တာအောင်ထွန်း ပြောချင်တာ ဒါပါဘဲ ။ ဒါပေမဲ့  ကျနော့်အနေနဲ့  သူ့ ကို မပြောရသေးဘဲ အချိန်တွေ စောင့်နေပါသေးတယ် ။ သူ့ ဆီဖုံးဆက်လိုက်တာ လွယ်လွန်းပေမဲ့  အခြေအနေတခုကို ချက်ချင်း ဝေဖန်ထောက်ပြခြင်း မပြုလုပ်ချင်လို့  ဖုံးမဆက်ဖြစ်သေးတာပါ- ဒီလိုနဲ့  လက်ပံတောင်းမှာ ရဲတွေက သေနတ်နဲ့  ပစ်ခတ်လို့  ထိမှန်တယ်ဆိုတဲ့  သတင်းတွေ မြင်ရပါတော့တယ် ။ မကြာမှီ ရဲတွေရဲ့  ဒဏ်ရာရထားတဲ့  ပုံတွေကို သတင်းတွေကို မြင်ရပြန်ပါသေးတယ် ။ ဒီလိုနဲ့  မြန်မာနိုင်ငံမှာ အစိုးရရှိနေတယ်ဆိုတာ မသိသေးသလိုဘဲ ဖြစ်နေပါသေးတယ် ။ ခုတော့ ရခိုင်မှာ သန်ကောင်စာရင်း ကောက်ဖို့  သွားရောက်ကြတဲ့ အခါ ကုလားတွေက လက်မခံလို့  ဒဏ်ရာနဲ့  ပြန်ပြေး ဆုပ်ခွာလာရတဲ့  အစိုးရသတင်းကို ကြားရမြင်ရတော့တဲ့ အခါမှ  ဒေါက်တာအောင်ထွန်းကို ကျနော်ဖုံးဆက်ပြောဖို့  သံန္ဒိဋ္ဌန် ချလိုက်ရပါတော့တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိတယ်- လူမျိုးဘယ်နှစ်မျိုးရှိတာကအစ စီးပွားရေး- ဘာသာရေး- စသည်ဖြင့် သန်ကောင်စာရင်း ကောက်ယူမဲ့ ဟာကို မူဆလင်ဘာသာဝင် ကုလားလူမျိုးတွေက လက်မခံဘူးဆိုတာ ကြားရမြင်ရလို့ ပါဘဲ ။
   ကျနော်တို့ လိုချင်တာက နိုင်ငံတော်မှာ တည်ငြိမ်အေးချမ်းရေးနဲ့  တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်- ခုတော့ ပြည်ထောင်စုငြိမ်းချမ်းရေး အဖွဲ့  ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်း ပြောသွားသလို -Rule and Law -နဲ့  သွားမယ်ဆိုတာကို ကြားလိုက်ရပါတယ် ။ နားနဲ့ ဆတ်ဆတ် ကြားလိုက်ရသလို လက်တွေ့ လဲ တိတိကျကျ ဆောင်ရွက်ပေးဖို့ လိုပါတယ် ။ သို့ မှသာ အစိုးရတရပ်အဖို့  ကမ္ဘာမှာ တည်ငြိမ်အေးချမ်းနေတဲ့ အတွက် အစိုးရမရှိသော နိုင်ငံတခုလို မေ့နေတဲ့  နိုင်ငံအဖြစ် လူတွေက အမှတ်မဲ့  ရှိနေကြမှာပါ ။ ခုတော့ ဒေါက်တာအောင်ထွန်းကို ကျနော်ဘယ်လို ပြောရတော့မှာလဲ ဆိုတာ စဉ်းစားကြည့်မိနေပါတယ် ။ လမ်းပေါ်မှာ စစ်ယူနီဖေါင်းဝတ်ပြီး လမ်းသလားနေတဲ့  မြို့ တွေဟာ ကမ္ဘာမှာ ပျောက်ကွယ်နေပါပြီ- နံပတ်တုတ်ကလေးနဲ့  ရဲတွေသာ ရှိနေတဲ့  မြို့ တွေဟာ ကမ္ဘာဟာ ပေါ်ထွက်နေပါပြီ ။ ခုလဲဘဲ မြန်မာနိုင်ငံမှာ အစိုးရမရှိသလို ပြုလုပ်ဆောင်ရွက်ဖို့  ဥပဒေကို တိတိကျကျ  ကိုင်တွယ်မှ ဖြစ်လာစရာရှိပါတော့တယ် ။ တချက်ဘဲ ပြောစရာ ကျန်ပါတော့တယ် ။ နိုင်ငံသားနဲ့  နိုင်ငံသားမဟုတ်သူများကို သန်ကောင်စာရင်း ကောက်ယူခြင်းနဲ့ လ၀က ဥပဒေအရ အရေးယူ အပြစ်ပေးရေးဆိုတဲ့ ခွဲ ခြား ဆောင်ရွက်ဖို့ ဘဲ လိုပါကြောင်းပါ ဗျာ ။
ခိုင်အောင်ကျော် ( နယူးယောက် )
၉၆၉ရပ်ကွက်
စစ်ကိုင်းတိုင်း စဥ့်ကူမြို့နယ်
ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာခြင်း
The Voice Weekly
၁၉၂၀ပြည့်နှစ် မတိုင်မီအထိ မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်းအဆင့် မရှိခဲ့ပေ။ ရန်ကုန် ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် အနေဖြင့်သာ ထူထောင်ပေးထားပြီး အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံ ကောလိပ်များ အနေဖြင့်သာ ဖွင့်လှစ်ခဲ့ကြ ရသည်။
ကာလကတ္တားလက်အောက်ခံ ကောလိပ်များ ဖြစ်သဖြင့်လည်း ထိုကျောင်းက ချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာကြရသည်။ ကိုယ့်နိုင်ငံကိုယ့်လူမျိုး ကိုယ်ဓလေ့နှင့် မကိုက်ညီသော စည်းမျဉ်း များကို လိုက်နာနေကြရသဖြင့် မြန်မာတို့ စိတ်ထဲတွင် သီးခြားလွတ်လပ်သော တက္ကသိုလ်တစ်ခု ဖြစ်ရန် လိုလားခဲ့ကြသည်။
၁၈၉၆ ခုနှစ်တွင် မစ္စတာတော်စိန်ခို က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် သီးခြား တက္ကသိုလ်တစ်ခု တည်ထောင်သင့်ကြောင်း လှုံ့ဆော်ပြောကြားခဲ့သည်။ သို့သော် ဗြိတိသျှ အစိုးရသည် ၁၉၀၇ ခုနှစ်တိုင်အောင် စီစဉ် ပေးခြင်းမရှိပေ။
၁၉၀၉ ခုနှစ်တွင် ရန်ကုန်ကောလိပ် ၌ ကျောင်းသား ၂၀၈ ဦးသာရှိပြီး၊ ဂျပ်ဆင် ကောလိပ်တွင် ကျောင်းသား ၃၆ ဦးမျှသာ ရှိသေးသောကြောင့် တက္ကသိုလ်တစ်ခု ထူထောင်ရလောက်အောင် ကျောင်းသား အင်အားမကြီးမားသေးဟု ပညာရေး ဆင်ဒီကိတ်က ဆုံးဖြတ်ခဲ့သည်။
၁၉၁၂ - ၁၃ ခုနှစ်တွင် အိန္ဒိယအစိုးရ ဘဏ္ဍာရေးဌာနမှူး ဆာစပင်ဆာဟာကုတ် ဘတ္တလာက ရန်ကုန်တက္ကသိုလ် ထူထောင်ရန် အတွက် ငွေကျပ်ရှစ်သိန်း ထုတ်ပေးမည်ဟု ကြေညာခဲ့သည်။
၁၉၁၃ ခုနှစ်တွင် မြန်မာနိုင်ငံဒုတိယ ဘုရင်ခံ ဆာဟာဗေးအဒမ်ဆင်က ပညာရေး ဆင်ဒီကိတ်ရေးဆွဲထားသည့် မြန်မာနိုင်ငံ တက္ကသိုလ်ဥပဒေကြမ်းကို အိန္ဒိယအစိုးရထံ တင်သွင်းခဲ့သည်။
၁၉၁၅ ခုနှစ်တွင် ရန်ကုန်ကောလိပ်၌ ကျောင်းသား ၅၆၇ ဦးနှင့် ဂျပ်ဆင်ကောလိပ် တွင် ကျောင်းသား ၇၈ ဦးရှိလာသည်။ တိုးတက်များပြားလာသည့် ကျောင်းသား ဦးရေအရ တက္ကသိုလ်တစ်ခု ထူထောင်ပေးရန် လိုအပ်လာသည်။
ထိုစဉ်က ပထမကမ္ဘာစစ်ကြောင့် ဗြိတိသျှအစိုးရမှာ ငွေကြေးအလွန် ကျပ်တည်းနေသဖြင့် ဥပဒေကြမ်းကို စဉ်းစားပေးနိုင် သည့် အနေအထားတွင်မရှိခဲ့ပေ။ သို့သော် ရန်ကုန်တက္ကသိုလ် ဖြစ်မြောက်ရေး အထူး ကော်မတီသည် ၁၉၁၉ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဖွဲ့စည်းပုံ အစီရင်ခံစာကို ပညာမင်းကြီးမက်ဟန်းတား ထံတင်ပြနိုင်ခဲ့သည်။
ပညာမင်းကြီးသည် အိန္ဒိယနိုင်ငံမှ ပညာရေးကျွမ်းကျင်သူ ငါးဦးနှင့် မဒရပ် တက္ကသိုလ်မှ မော်ကွန်းထိန်း မစ္စတာ အက်ဖ်ဒျူစဗာရီတို့ကို ဖိတ်ခေါ်ပြီး ငွေကြေး မြောက်မြားစွာပေးကာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ အထူးကော်မတီ၏ အစီရင် ခံစာကို ရေးဆွဲစေခဲ့သည်။
ထိုခုနစ်ဦး ပြုစုထားသည့် အစီရင် ခံစာကို ထိုနှစ်တွင်ပင် အိန္ဒိယဗဟို အစိုးရထံ ပို့လိုက်သည်။ အိန္ဒိယအစိုးရကလည်း အတည်ပြုပြီးနောက် အင်္ဂလန်အုပ်ချုပ်ရေး ဌာနဝန်ကြီးထံတစ်ဆင့် ပြန်လည်ပို့ပေးလိုက် သည်။ ဝန်ကြီးကလည်း ထိုဥပဒေကို ထပ်မံ အတည်ပြုပြီး မြန်မာပြည်ဘုရင်ခံ ဆာရယ် ဂျီနယ်ဟင်နရီကရက်ဒေါက်ထံ ပြန်ပို့လိုက်သဖြင့် မြန်မာပြည် ဥပဒေပြုအဖွဲ့ အနေဖြင့် လက်ခံလိုက်ရလေတော့သည်။
၁၉၂၀ ရန်ကုန်တက္ကသိုလ် ဥပဒေ ကြမ်းတွင်
၁။ မြန်မာပြည်တွင် တက္ကသိုလ်တစ်ခု တည်းသာရှိရမည်။ တက္ကသိုလ်လက်အောက် တွင် ကောလိပ်ကျောင်း တစ်ကျောင်းသာ ရှိရမည်။
၂။ ထိုကောလိပ်သည် ရန်ကုန်မှာ သာရှိရမည်။
၃။ ကောလိပ်ကျောင်းသားများသည် ကျောင်းအိပ်ကျောင်းစားအဖြစ် နေရမည်။
၎။ တက္ကသိုလ်ဝင် စာမေးပွဲမထားဘဲ အစိုးရကပြုလုပ်သော ဆယ်တန်းစာမေးပွဲကို အောင်ရမည်။ ဆယ်တန်းစာမေးပွဲတွင် အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာတစ်ခု တွင် ထူးချွန်စွာအောင်မြင်မှသာ တက္ကသိုလ် ဝင်ခွင့်ရမည်။
၅။ ဆယ်တန်းအောင်၍ တက္ကသိုလ် ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ် များကို တစ်ခါတည်းစ၍ မသင်ရသေးဘဲ တက္ကသိုလ်ပညာရပ်များကို ကောင်းစွာ လိုက်နိုင်ရန် ပြင်ဆင်မှုအတန်းတွင် တစ်နှစ် နေရမည်။
၆။ ထိုပြင်ဆင်မှု အတန်းတွင် တစ်နှစ် နေပြီးသော်လည်း တက္ကသိုလ်ပညာကို လိုက်နိုင်ရန် အရည်အချင်း မမီသေးလျှင် တက္ကသိုလ်ပညာကို ဆက်လက်သင်ခွင့် ရမည်မဟုတ်။
၇။ ရေးဖြေစာမေးပွဲအပြင် နှုတ်ဖြေ စာမေးပွဲလည်း ပြုလုပ်မည်။
၈။ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့စာမေးပွဲကို ဂုဏ်ထူးနှင့် အောင်သောသူမှသာ မဟာ ဝိဇ္ဇာ၊ မဟာသိပ္ပံစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ရှိသည်။ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့စာမေးပွဲကို ရိုးရိုးအောင်ရုံမျှနှင့် မဟာဝိဇ္ဇာ၊ မဟာသိပ္ပံ စာမေးပွဲမဝင်နိုင်။
၉။ ဂုဏ်ထူးတန်းစာမေးပွဲကို ဥပစာ တန်းအောင်ပြီး သုံးနှစ်ကြာမှဝင်ရမည်။
၁ဝ။ ဂုဏ်ထူးတန်းကို တစ်ခါဝင် ရောက်ဖြေဆို၍ မအောင်မြင်လျှင် နောက် ထပ် ဝင်ခွင့်ပြုမည်မဟုတ်။
ထိုအချက်များသည် တက္ကသိုလ်ပညာကို မြန်မာတိုင်းရင်းသားအများစု သင်ကြားခွင့်မရစေရန် ချုပ်ချယ်ထားသည်ဟု မြန်မာအများစုက ယူဆခဲ့ကြသည်။ ထို့ပြင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် ကောလိပ်တို့သည် ဥပဒေကြမ်းအတည် ဖြစ်ပြီးနောက် ငါးနှစ်အတွင်း မပူးပေါင်း နိုင်ခဲ့လျှင် ထိုကောလိပ်ကျောင်းနှစ်ကျောင်း အပြင် အခြားကောလိပ်များကိုလည်း တက္ကသိုလ်၏ အအုပ်ချုပ်ခံဖြစ်ခွင့်အား မြန်မာပြည် ဘုရင်ခံက ပေးရမည်ဆိုသည့် ပြဋ္ဌာန်းချက်မှာလည်း နောက်ထပ် ကော်မတီ၏ ဖြည့်စွက်ချက်ဖြစ်ပြီး မလိုအပ် ဟုဆိုကာ ကန့်ကွက်ခဲ့ကြသည်။
ဥပဒေအရ အစိုးရသည် တက္ကသိုလ် အုပ်ချုပ်ရေးတွင် အခွင့်အာဏာများစွာ ယူထားသည်ဟုဆိုရမည်။ တက္ကသိုလ်ဝင်ခွင့် သည် တက္ကသိုလ်ဆီးနိတ်အဖွဲ့၏ဆုံးဖြတ် ချက်အတိုင်းသာရှိသင့်ပြီး အိန္ဒိယအစိုးရ အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မလိုဟု ယူဆသည်။
ဗြိတိသျှအစိုးရသည် ပြည်သူတို့ ကန့်ကွက်နေသည့်ကြားမှ ၁၉၂၀ပြည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် ဥပဒေပြုအဖွဲ့ အစည်းအဝေးတွင် ပညာ မင်းကြီးမက်ဟန်းတားက ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြမ်းကို တင်သွင်းပြီး မင်းတိုင်ပင် အမတ်ဦးမေအောင်က ထောက်ခံခဲ့သည်။
ဥပဒေပြု အမတ်များဖြစ်သည့် ဦးချစ်ဖေ၊ ဦးမြင့်နှင့် ဦးလှဖေတို့က ရန်ကုန် တက္ကသိုလ် အက်ဥပဒေကြမ်းကို ဝေဖန် ကန့်ကွက်ခဲ့ကြသည်။ သူတို့က ရန်ကုန် တက္ကသိုလ်ကို တစ်စည်းတစ်လုံးတည်း ပေါင်းစည်းထားသည့်စနစ်ဖြင့် မထူထောင်ဘဲ အခြားကောလိပ်များကလည်း ဆက်သွယ် ပါဝင်စေသည့်စနစ်ဖြင့် ထူထောင်ရန် အကြံ ပြုခဲ့ကြသည်။ မြန်မာနိုင်ငံဒေသအသီးသီး တွင် တက္ကသိုလ်ကောလိပ်ခွဲများ ဖွင့်ခွင့်ရခြင်းဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားများ ပညာ လေ့လာဆည်းပူးခွင့် ရရှိစေရန်ဖြစ်သည်။
ချုပ်ချယ်ကန့်သတ်ချက် များစွာ ပါနေသည့် ၁၉၂၀ ရန်ကုန်တက္ကသိုလ် ဥပဒေ ကြမ်းကို မြန်မာပြည်သူတို့က ကန့်ကွက်ခဲ့ ကြသည်။ ၁၉၂၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေကြမ်း ကို ကန့်ကွက်သည့် လူထုအစည်းအဝေးကြီးကို ဂျူဗလီဟောတွင် ကျင်းပခဲ့သည်။ ထိုလူထုအစည်းအဝေးကြီးက ရန်ကုန် တက္ကသိုလ်ဥပဒေကြမ်းကို ရွှေ့ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြသည်။
မြန်မာနိုင်ငံ ဥပဒေပြုအဖွဲ့သည် ရန်ကုန်တက္ကသိုလ်ဥပဒေကြမ်း အတည်ပြုရေးအတွက် မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။ အများစု သဘောတူညီချက်အရ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ အတည်ဖြစ်လာသည်။ ဥပဒေပြု အဖွဲ့ အတည်ပြုခဲ့သည့်အတွက် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ဟင်နရီကရက်ဒေါက်သည် ထိုဥပဒေကို ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် သဘောတူကြောင်းလက်မှတ် ရေးထိုးခဲ့ပြီး အိန္ဒိယဘုရင်ခံချုပ် ကလည်း ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက် နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို လက်ခံအတည်ပြုလိုက်သည်။
ဂျပ်ဆင်ကောလိပ်တွင် တက်ရောက် ပညာသင်ကြားခဲ့သော ကရင် ကျောင်းသား၊ ကျောင်းသူများ
Photo: ဂျပ်ဆင်ကောလိပ်တွင် တက်ရောက် ပညာသင်ကြားခဲ့သော ကရင် ကျောင်းသား၊ ကျောင်းသူများ
Photo: ဆာစပင် ဆာဟာကုတ်ဘတ္တလာ
Photo: ဆာရယ်ဂျီနယ်ဟင်နရီကရက်ဒေါက်
Photo: မစ္စတာ တော်စိန်ခို
ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး Master Plan ရေးဆွဲမည်
The Voice Weekly
...........................................................................
ရန်ကုန်၊ ဧပြီ ၂၆
မြန်မာနိုင်ငံ၏ အကြီးဆုံး ဆေးရုံကြီး ဖြစ်သော ခုတင် ၁၅၀၀ ဆံ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ အဆင့်မြှင့်တင်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများ အတွက် အချိန် သုံးလကြာ Master Plan ရေးဆွဲရန်ရှိကြောင်း အဆိုပါ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ကျော်က The Voice သို့ပြောကြားသည်။
"အဆင့်မြှင့်တင်ရေး ကော်မတီက ဆွဲမလား၊ နိုင်ငံခြားက ပညာရှင်တွေ ဆွဲမလားဆိုတာ မသိသေးဘူး" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။
ယင်းသို့ Master Plan ရေးဆွဲပြီးမှသာ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ် များကို ဦးစားပေးအလိုက် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း ၄င်း၏ပြောကြား ချက်များအရ သိရသည်။
ထို့အပြင် အဆင့်မြှင့်တင်ရေး အတွက် ဗြိတိန်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာ နှင့် ငွေကြေးပိုင်းဆိုင်ရာ ကူညီ မည်ဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေး ဝန်ကြီးဟောင်း Lord Darzi ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၉ ရက်နေ့က လာရောက်စဉ် ပြောကြားခဲ့သည်။
နိုင်ငံတော်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင် ရေးနှင့် ပြုပြင်ရေးအတွက် ကျပ်ငါးဘီလီယံ ချထားပေးပြီးကြောင်းနှင့် ဘဏ္ဍာနှစ် အလိုက် ဆက်လက်ချထား ပေးသွားရန်လည်း ရှိကြောင်း ဒေါက်တာကျော်ကျော်က ပြောဆိုသည်။
လက်ရှိ အဆင့်မြှင့်တင်ရေးလုပ်ငန်း တစ်ခုဖြစ်သော ရန်ကုန်ပြည်သူ့ဆေးရုံ တိုးချဲ့အဆောက်အအုံ ဆောက်လုပ်ခြင်းကို ဆောက်လုပ်ရေးကုမ္ပဏီ လေးခုက တည်ဆောက်လျက် ရှိသည်။