Friday, May 3, 2013

ဘယ်လိုယုံရမှာလဲဆိုပဲ...



Published on 30 Apr 2013
အလုပ်သမားညီလာခံ ကိုယ်စားလှယ်လွှတ်ဖို့ အလုပ်သမားသမဂတွေကြား ငြင်းခုံကြ
ဒီနှစ်ထဲမှာ ကျင်းပဖို့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကို မြန်မာနိုင်ငံကိုယ်စား စေလွှတ်ဖို့အတွက် ကိုယ်စားလှယ်ရွေးချယ်ရေးဟာ ပွင့်လင်းမြင်သာမှုမရှိတာကြောင့် ဧပြီ ၂၉ရက်နေ့မှာ အငြင်းအခုံတွေ ဖြစ်ခဲ့ပါတယ်။

မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစည်တဲ့ အကြမ်းဖက်သမား ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းမိ



DVB TV News

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစည်တဲ့ အကြမ်းဖက်သမား ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းမိလိုက်ပါတယ်။

ရန်ကုန်မြို့တော်အတွက် လျှပ်စစ်ဓာတ်အားထုတ်ရန် ရေပမာဏ ၁၃ ရက်စာသာ ကျန်ရှိ




The Voice Weekly
ရန်ကုန်၊ မေ ၂

လျှပ်စစ်မီး ပြတ်တောက်မှု များ ပိုမိုကြုံတွေ့လာရသော ရန်ကုန် မြို့တော်တွင် မေလအတွင်း လျှပ်စစ်မီး ပေးရန် ရေအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေသော စက်ရုံများတွင် သိုလှောင်ထားသော ရေပမာဏသည် ၁၃ ရက်စာသာ ရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ ဒုတိယ အင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က ပြောကြားသည်။
ရာသီဥတုပူပြင်းကာ ရေနည်း ပါးလာမှုကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်လျက်ရှိသည့် ရဲရွာဓာတ်အား ပေးစက်ရုံနှင့် ပေါင်းလောင်းဓာတ်အား ပေးစက်ရုံတို့တွင် စက်လည်ပတ်ရန် အခက်အခဲများ ရှိလာနိုင်ကြောင်း ၄င်းကဆိုသည်။
“မေလထဲမှာ လျှပ်စစ်မီး အချိန်ပြည့် ရနိုင်၊ မရနိုင်ကိုတော့ ပြည်သူတွေကို တစ်ပတ်အတွင်း ကြေညာပေးမယ်” ဟု ၄င်းကဆို သည်။

မေလအတွင်း ရန်ကုန် မြို့တော်ကို မီးပေးနိုင်ရန်အတွက် အစီအစဉ်များရေးဆွဲပြီး ဝန်ကြီးရုံး သို့ တင်ပြသွားမည်ဟု ဆိုသကဲ့သို့ အစိုးရစက်ရုံ၊ အလုပ်ရုံများကို သုံးစွဲမှုလျှော့ချစေပြီး ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်များဖြင့် အတတ်နိုင်ဆုံး မီးပေးနိုင် ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်နိုင်သော ရွှေလီ ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံကို လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ပြီးဖြစ်၍ ရရှိသော လျှပ်စစ် ဓာတ်အားများ ပြန်လည်ဝင်ရောက် လာမည်ဖြစ်ကြောင်း ၄င်းက ဆိုသော်လည်း အတိအကျကိုမူ ပြောကြား ခြင်းမရှိပေ။

ဧပြီ ၂၃ ရက်မှ ဧပြီလကုန် အထိ မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်ပေးနေသော ရွှေလီရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံပြုပြင်မှုများ ပြုလုပ်နေသောကြောင့် လျှပ်စစ်ပေးဝေမှုကို
လျှော့ချမည်ဖြစ်သဖြင့် ရန်ကုန်မြို့တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် မီးပြတ်တောက်မှုများ ရှိမည် ဖြစ်သော်လည်း ပြုပြင်မှု အပြီးသတ်မည့် ဧပြီလကုန် ထိသာ လျှပ်စစ်မီးပြတ်တောက် မည်ဖြစ်ကြောင်း ဦးထွန်းကြွယ်က မီဒီယာ အချို့သို့ ပြောကြားထားသည်။

ခြေထောက်တဖက် ဆုံးရှုံးသွားရတဲ့ generation wave အဖွဲ့ဝင်လူငယ်တစ်ဦး



 
    Dpns-usa Branch
    နိုင်ငံရေးလှုပ်ရှားလို့ထောင်အချခံရ၊ ရှေ့တန်းမှာ ပေါ်တာအဖြစ်၊ မိုင်းရှင်းကိရိယာအဖြစ် မြန်မာစစ်တပ်ရဲ့ အသုံးချခံရပြီး ခြေထောက်တဖက် ဆုံးရှုံးသွားရတဲ့ generation wave အဖွဲ့ဝင်လူငယ်တစ်ဦးရဲ့ အကြောင်း။

မွန်ဂိုလီးယားမှအပြန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ကျုပ်တို့ အရပ်နဲ့  ကျုပ်တို့ ဇတ် ဆက်လို့ မှ ကချင်သေးတယ်



တကယ်ပါဘဲ ၊ ဒီတခါတော့ ကျုပ် အံ့သြမိတာ မလွန်ပါဘူးနော ။ နောက်တခါ ကျုပ်က ၀န်ကြီးဦးခင်ရီကို တောင်းဆိုတာလဲ အမှန်ပါဘဲပေါ့ ။ စဉ်းစားကြည့်ပါလားဗျာ ။ ဒီကနေ့ ဖြစ်ပျက်နေတဲ့  ရာခိုင်ပြသနာမှသည် တနေ့ က ဖြစ်ပျက်နေတဲ့  ဥက္ကံ - ဟော -သန်ကောင်စာရင်း ကောက်ဖို့  သွားတဲ့  တပ်-ရဲ-လ၀က -ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝင်တွေ သေပြေးရှင်ပြေး ပြေးခဲ့ ရတာတွေကို ကျုပ်မြင်ရ ကြားရတော့ စိတ်ထဲမှာ မကောင်းလှဘူးဗျာ၊ ဟိုအယင်က အစိုးရက လက်ပိုက်ကြည့်နေပါတယ် ဆိုတာ ပြောသံတွေ ကြားဖူးတာဟာ နှစ်ဖက်စလုံး ပြောသံတွေပါ ။ ကျုပ်က ဘယ်ဖက်မှာမှ ရပ်ချင်တဲ့  လူမဟုတ်ဘူး ။ ခက်တာက ကုလားတွေကို ကျုပ်တို့ က ကုလားလို့ ဘဲ ခေါ်နေတာ ကျုပ်တို့  အဖိုးရဲ့  အဖေ လက်ထက်ကဗျ ။ ကျုပ်အဖီးကပြောတော့ ကျုပ်တို့ လယ်တွေ နည်းတာမှ မဟုတ်တာဗျာ ။ အုဋ္ဌ်တောင်ကျေးရွာ ဆိုတာ သိကြပါတယ် ။ လယ်ဧက တရာကျော်ဗျ ။ ၁၉၄၂- ခုနှစ် ဘူးသီးတောင်မြို့ နယ်မှာ ကုလားရခိုင်ပြသနာဖြစ်တော့ သေကြ ကြေကြနဲ့  ကျုပ်တို့ အဖိုးအဖီး လယ်တွေ တခါတည်း ကုလားလက်ထဲ ရောက်ကုန်ပါတယ် ၊ ဆွေမျိုးတွေ သေကုန်ပါတယ် ။ ကျုပ်အဖေက အိန္ဒိယနိုင်ငံ ဒိုင်နာစပူ ဆိုတဲ့  မြို့ ကို သွားပြီး စစ်ပြေးဒုက္ခသည်အဖြစ် စစ်ပြေးနေခဲ့ ရပါတယ် ။
ပြန်လာတော့ ကျုပ်တို့  အဖိုး အဖီး ချမ်းသာခဲ့ သလောက် သူဋ္ဌေးကုန်းရပ်ကွက်လို့  နာမည်လေး တလုံးနဲ့ သာ ကျုပ်တို့ ဆွေမျိုးတွေ နေခဲ့ တဲ့  အရပ်ကို ခေါ်ဝေါ်ပေးကြပါတယ် ။ ကျုပ်တို့ က လယ်မရှိ ယာမရှိ အဲဒီလို သူဋ္ဌေးနာမည် တလုံးနဲ့  လောကကို ရောက်လာတဲ့ လူဘဲပေါ့ ။ ကျုပ်ပြောချင်တာ ကုလားကြောင့် လယ်ယာမြေတွေ ပျက်စီး -ဆွေမျိုးတွေ သေကြေပျက်စီးခဲ့ ရတာကို ကျုပ်မမေ့ပါဘူးပေါ့ ။ ဒါပေမဲ့  ကျုပ်ကိုတော့ ကျုပ်ဘ၀ကိုယ်၌က အရာရာဟာ မတည်မြဲဘူးဆိုတဲ့  ဗုဒ္ဒရဲ့  တရားတော်ကြောင့် ကျုပ်ဖြေနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့  ကျုပ်ကတော့ ကုလားကို ကျုပ်အဖိုးအဖီးတွေ ခေါ်ခဲ့ သလို ကျုပ်သေသွားလို့  နောက်ထပ် ကျုပ်ရဲ့  မြေးမြစ်အထိ မျိုးဆက်သစ်အထိ ခေါ်စေခဲ့ မှာဗျ ။ ရှင်းတယ်နော် ။
ကျုပ်တို့ လောကကို မရောက်ခင်မှာ ကျုပ်ရဲ့  ဆွေမျိုး ကျုပ်ရဲ့ လူမျိုးတွေ တော်တော်ကြီး ပျက်စီးသေကြေခဲ့ ရပါတယ် ။ ကျုပ်လောကကို ရောက်လာပြန်တော့ မကြာသေးခင်ကဘဲ ရခိုင်ပြည်နယ်မှာ ကုလားရခိုင် ပြန်လည်ဖြစ်လာပါရော့လား ။ ဒါပေမဲ့  ကျုပ်က နိုင်ငံခြားမှာ ရောက်နေပြီ ၊ ကျုပ်ဘာမှ ကူညီ လုပ်ပေး နိုင်စရာ တစက်မှ မရှိဘူး ။ ကျုပ် နေ့ စဉ်နဲ့  အမျှ ခံစားရပါတယ် ။ ၀မ်းနည်းရပါတယ် ။ ကျုပ်ခံစားနေတာဟာ လူမျိုးရေးမုန်းတီးမှုတွေကို ခံစားနေတာ မဟုတ်ဘူး ။ စနစ်တခုကို ခံစားနေတာဖြစ်တယ် ။ ခုတော့ စနစ်ကို ဖန်တီးနေတဲ့  မြန်မာနိုင်ငံအစိုးရက ကံကောင်းလို့  ရခိုင်တို့ ရဲ့  အနောက်ဖက်တံခါးကို သေချာစွာ တားဆီး ပိတ်ပင်ထားတာ တွေ့ ရတယ်ဗျ ။ ကျုပ်တို့  အနောက်ဖက် တံခါးက ကျိုးပေါက်ဖို့  အခြေအနေဆိုးတွေက တာစူနေပြီလေဗျာ ။
ကျုပ်တို့ အနောက်ဖက် တံထားက ဘယ်သူ့ ကြောင့် ကျိုးပေါက်ဖို့  ဖြစ်ခဲ့ ရပါလိမ့် ။ ကျုပ်စဉ်းစားကြည့်တယ် ။ ဒါဟာ သွေးထိုးလှုံ့ ဆော်သူတွေကြောင့် ဖြစ်တယ် ။ ဒီလိုဖြစ်အောင် ဘယ်သူတွေ ဖန်တီးတာလဲ ဆိုပြီး ကျုပ်မျက်စိတွေကို သေသေချာချာ ဖွင့်ကြည့်တယ် ။ ကျုပ်တွေ့ ပြီ ။ ဒီလို ရခိုင်တို့ ရဲ့  အနောက်ဖက် တံခါးကို ကျိုးဖေါက်အောင် လုပ်တဲ့  သူက သောကြာနေ့  အရေးအခင်းမှာ မောင်တောမြို့ တနယ်လုံးကို မီးလောင်တိုက်သွင်းဖို့  ကြိုးစားတဲ့  ဒေါက်တာထွန်းအောင် ဆိုသူဘဲပေါ့ ။ ဒါပေမဲ့  ကျုပ်က အဲဒီလူကို ထောင်ကျနေပြီမို့  ဘာမှ မပြောချင်တော့ဘူး ။ သူက အစိုးရက ပေးထားတဲ့  ထောင်ဒဏ်ကို ကျခံနေရပြီ ။ ကျုပ်ပြောချင်တာက ကုလသမ္မဂ လူ့ အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တာနားရဲ့  ပြောတဲ့  စကားကို ကြားရလို့  ဒီစကား ပြောချင်တာဗျ ။ ဒီလူဒီစကားပြောတော့ သိပ်ကိုလွန်လွန်း နေပြီဗျာ ။ မြန်မာနိုင်ငံအစိုးရကတော့ ဘယ်လိုခံစားနေမယ်မှန်း ကျုပ်မပြောချင်ဘူး ။ ကျုပ်ခံစားတာကိုတော့ ကျုပ်ပြောမယ် ။ ကျုပ်ရင်နာလွန်းမက ရင်နာတယ်ဗျာ ။
အကြမ်းဖက်သမားတဦးကို အစိုးရက ထိုက်တန်တဲ့  ဥပဒေတွေနဲ့  ထောင်ချထားပါလျှက်ကယ်နဲ့  အဲဒီအကြမ်းဖက်သမားကို ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အဓိကငြိမ်းချမ်းရေးလူသား တဦးအဖြစ် အစိုးရက လွှတ်ပေးဖို့  တောင်းဆိုတယ်တဲ့ ဗျာ ။ ကျုပ်ကတော့ ဒီလိုလူမျိုးကို ကုလသမ္မဂမှာ မြန်မာနိုင်ငံလူ့ အခွင့်အရေးကိုယ်စားလှယ်အဖြစ် ခန့် အပ်ပေးတာကို လက်သင့်ခံနေတဲ့  မြန်မာနိုင်ငံ အစိုးရကို ဒီကတခါ ထပ်ပြီး တောင်းဆိုပါရစေဗျာ ။ ဒီလူကို မြန်မာနိုင်ငံအတွက် လက်မခံပါနဲ့ တော့ ၊ အခြားလူတဦးဦးကို လက်သင့်ခံဖို့  စိတ်ကူးကြပါဦး ၊ ကျုပ်လက်မခံလို့  တောင်းဆိုတာပါ ၊ ကျုပ်တောင်းဆိုသလို မြန်မာနိုင်ငံသူတရပ်လုံးကလဲ ဒီလိုတောင်းဆိုပြီး လမ်းပေါ်ထွက်ဆန္ဒပြကြရမှာလားဗျာ ၊
ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်က အခုဘဲ အစီရင်ခံစာ ထုတ်ပြန်ထားပြီးပါပြီ ။ သူတို့ ရဲ့  အစီရင်ခံစာကိုလဲ လူတိုင်းဖတ်ကြပြီးပါပြီ ။ အစီရင်ခံစာ တစောင်လုံးကို မဖတ်တဲ့ သူက အခုလို အစီရင်ခံစာက ဘာကို ရည်ညွှန်းထောက်ပြနေတယ် ဆိုတာကို နားမလည်ဘဲ အခုလို လူပါးဝတာကို ကျုပ်တို့ က လက်ပိုက်ကြည့်နေရမှာလားဗျာ ။ ဒါဟာ သိပ်ကို သေသေချာချာ တိတိကျကျ စော်ကားတာဗျ ။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့  အစီရင်ခံစာကို သေချာအောင် ဖတ်ပြီးရင် အားနည်းချက်များရှိရင် အကောင်းမြင်သဘောနဲ့  ဝေဖန်ထောက်ပြပြီး တင်ပြပေါ့ ။ ခုတော့ အကြမ်းဖက်သူကို ငြိမ်းချမ်းရေးအတွက် ထောင်ကလွှတ်ပေးဖို့ လိုတယ်တဲ့  ။ ကဲ -ကောင်းကြသေးရဲ့ လားဗျာ ။
ကျုပ်က ဟိုလွန်ခဲ့ တဲ့  နှစ်-၂၀-လောက်က ဂွမြို့ နယ် ကျိန္တလီတံထားနားက ရတာနာမြိုင်ရွာမှာ နေခဲ့ ဖူးတယ် ။ ဆောင်းရာသီမှာ အငြိမ့်တွေ ဇါတ်တွေ ကကြတယ် ။ ကျုပ်တို့ ရတနာမြိုင်ဆိုတာကလဲ အငြိမ့်ကြိုက်သလား မပြောနဲ့  ။ ဆောင်းရာသီတချိန်လုံး အငြိမ့်ပွဲတွေ-ဇတ်ပွဲတွေနဲ့  စည်ကားပါ့ ။ ဒါနဲ့  အားမရလို့  ရွာဇါတ်ထောင် ကကြပါသေးတယ် ။ ကိုသိန်းဇံတို့ က အတီးသမား ဇတ်သမားတွေပေါ့ ။ တနေ့  ရွာဇတ်ကတော့ ကျုပ်နေတဲ့ အိမ်က မိန်းခလေးက အမေတွေ အကိုတွေရဲ့ အလယ် -အမေက ကျမကို ပိုကာ အထွေးဆုံးမို့ ချစ်တယ် -ချစ်တယ် -ဆိုပြီး ကပါလေရော့ ။ ဒီလိုနဲ့  ရွာကလူတွေက ဒီကောင်မလေးကို အကြောင်းသိတော့ ရီကြ အားပေးကြနဲ့  လက်ခုပ်သံ တညံညံပေါ့ ။ သူကပြီးတာနဲ့ နောက်တယောက်ကတော့ တီးလုံးတွေ တီးပေးလိုက်တာနဲ့  ကပါလေရော့ ။ အမှန်အတိုင်းဆိုရင် ကနေတဲ့  မိန်းခလေးတွေက တယောက်တပုဒ် ဆိုပြီးရင် ဇတ်စင်အောက်ကို ဆင်းလာရတော့တာပေါ့ ။ ဒါပေမဲ့ ကျုပ်တို့  ရွာက မင်းသမီးလေးက ဆရာ ကျမ ကချင်သေးတယ် ဆိုပြီး ဆက်ကပါတယ် ။ မနည်းတောင်းပန်ပြီး နောက်တပုဒ် အပြီးမှာ ဇတ်စင်ပေါ်က ဆင်းခိုင်းရပါတော့တယ် ပြောပါတယ် ။
ကျုပ်တို့ အရပ်က ကျုပ်တို့ ဇတ်မှာတောင် ကချင်သေးတယ် ဆိုရင်တောင် ကြည့်နေတဲ့  လူကို အားနာလို့  ဇါတ်စင်ပေါ်က ခေါ်ယူပြောဆိုခဲ့ ရတာ ရှိတယ် ။ ကျုပ်တို့ အရပ်က ကျုပ်တို့ ဇတ်မှာ ကျုပ်တို့ က လူကြီးဖြစ်တယ် ။ ခုလဲဘဲ ကျုပ်တို့ အရပ်မှာ ကျုပ်တို့ ဟာ ပြောပိုင်ခွင့် လုပ်ပိုင်ခွင့် တာဝန်ရှိနေရမယ် ။ ကျုပ်တို့ အရပ်ကို ကျုပ်တို့ က တံထားကျိုးလို့  ကျုပ်တို့ မြေကို ကျုပ်တို့ ကာကွယ်ရမယ် ဆိုရင် ကျုပ်တို့ မှာ သစ္စာတရားဆိုတာ ရှိတယ် ။ အဲဒီသစ္စာ တရားဆိုတာဟာ လူသားဆန်တဲ့  သစ္စာတရားဘဲဖြစ်တယ် ။ ကျုပ်တို့ ဆိုနေတဲ့  သစ္စာတရားဟာ မိမိတို့  အိမ် မိမိတို့ မြေ မိမိတို့ ဘ၀ကို ကာကွယ်စောင့်ရှောက်တာဘဲဖြစ်တယ် ။ ဒါ့ကြောင့်မို့  ကျုပ်က မြန်မာနိုင်ငံအစိုးရဟာ ရခိုင်လူမျိုးတွေဖက်က မားမားရပ်တည်ပေးတာကို ကျုပ်တိတိကျကျ သေသေချာချာ ထောက်ခံတယ်ဆိုတာ ပြောချင်တယ် ။ ဆက်လက်ထောက်ခံရအောင် တိတိကျကျ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ပေးဖို့  ကျုပ်တောင်းဆိုတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

ရန်ကုန်ကလူတွေကျေနပ်ပျော်ရွှင်စေလို.... :D


Messenger News Journal's photo.
ရန်ကုန်မြို့ကဲ့သို့နေရာမျိုးတွင်လျှပ်စစ်ဓါတ်အားရရှိရေးသည် နိုင်ငံရေးတစ်ရပ်
ဟုပြောနိုင်ကြောင်းယနေ့နံနက်ပိုင်းကအလုံဓါတ်အားပေးရုံတွင်ပြုလုပ်သော
၁၂၀ မဂ္ဂါဝပ်ဓါတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောသည်။

“အထူးသဖြင့် ရန်ကုန်လိုနေရာမျိုးမှာလျှပ်စစ်ဓါတ်အားက နိုင်ငံရေးလို့ပြော
ရင်တောင် ပြောနိုင်တဲ့အနေအထားရှိပါတယ်။ လျှပ်စစ်ဓါတ်အားမရရင်
လူတွေကလုပ်ကိုင်ဆောင်ရွက်မှုတွေမှာအများကြီးထိခိုက်နိုင်ပါတယ်။
HightRisedတွေရှိတဲ့ ရန်ကုန်လိုနေရာမျိုးမှာ လျှပ်စစ်မရရင် ရေရဖို့လည်း
ခက်ခဲပါတယ်။ရေတွန်းတင်တဲ့စက်တွေတောင်တွန်းနိုင်တဲ့အနေအထားမရှိရင် အထပ်မြင့်မှာနေတဲ့လူတွေအတွက် အခက်ခဲရှိပါတယ်။ဒါကြောင့်မို့လို့ လျှပ်စစ်ဓါတ်အားရလာတာနဲ့အမျှ ရန်ကုန်ကလူတွေကျေနပ်ပျော်ရွှင်တဲ့
အနေအထားဖြစ်လာမှာကိုအားလုံးအသိဘဲဖြစ်ပါတယ်”
ဟုဝန်ကြီးချုပ်ကပြောသည်။

ထို့ပြင်ရန်ကုန်မြို့တွင် ဓါတ်အားသုံးစွဲမှုမှာ နှစ်စဉ်တိုးတက်လျှက်ရှိပြီး
ရာခိုင်နှုန်းအားဖြင့် ၁၅ရာခိုင်နှုန်းတိုးတက်လိုအပ်လျှက်ရှိကြောင်း၊ပွင့်လင်း
လာမည့် ဈေးကွက်စီးပွားရေးအရ ၀င်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ
မှုများ၊ပေါ်ပေါက်လာမည့် အထူးစီးပွားရေးဇုန်ကြီးများ၏ ဓါတ်အားလိုအပ်
ချက်များကိုထည့်သွင်းတွက်ချက်ပါကစီးပွားရေးမြို့တော်ဖြစ်သောရန်ကုန်
တိုင်းဒေသကြီး၏ ဓါတ်အားလိုအပ်ချက်သည် ခန့်မှန်းတွက်ချက်သည်ထက် များစွာပိုလာနိုင်ကြောင်း ၎င်းကသုံးသပ်သည်။
ထို့ကြောင့်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှလည်းရေတိုရေရှည်သဘာဝဓါတ်ငွေ့
သုံးဓါတ်အားပေးစက်ရုံအသစ်များကိုပုဂ္ဂလိကကုမ္ပဏီများနှင့်ပူးပေါင်း
အကောင်အထည်ဖော်လျှက်ရှိရာယခုဖွင့်လှစ်သည့်စက်ရုံမှာထိုင်းနိုင်ငံ
 Toyo Thai Power Myanmar Co.Ltdနှင့်အစိုးရပူးပေါင်းဆောင်ရွက်သော ၁၂၀မဂ္ဂါဝပ် Combined Cycle Power Plant စက်ရုံ တစ်ရုံဖြစ်သည်။
လျှပ်စစ်ဓါတ်အားလုံလောက်စွာ မရရှိခြင်းကြောင့်ယမန်နှစ်နွေရာသီကာလက
 ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖေါ်မှုများ ရှိခဲ့သည်။
ရန်ကုန်မြို့ကဲ့သို့နေရာမျိုးတွင်လျှပ်စစ်ဓါတ်အားရရှိရေးသည် နိုင်ငံရေးတစ်ရပ်
ဟုပြောနိုင်ကြောင်းယနေ့နံနက်ပိုင်းကအလုံဓါတ်အားပေးရုံတွင်ပြုလုပ်သော
၁၂၀ မဂ္ဂါဝပ်ဓါတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောသည်။

“အထူးသဖြင့် ရန်ကုန်လိုနေရာမျိုးမှာလျှပ်စစ်ဓါတ်အားက နိုင်ငံရေးလို့ပြော
ရင်တောင် ပြောနိုင်တဲ့အနေအထားရှိပါတယ်။
လျှပ်စစ်ဓါတ်အားမရရင်
လူတွေကလုပ်ကိုင်ဆောင်ရွက်မှုတွေမှာအများကြီးထိခိုက်နိုင်ပါတယ်။
HightRisedတွေရှိတဲ့ ရန်ကုန်လိုနေရာမျိုးမှာ လျှပ်စစ်မရရင် ရေရဖို့လည်း
ခက်ခဲပါတယ်။ရေတွန်းတင်တဲ့စက်တွေတောင်တွန်းနိုင်တဲ့အနေအထားမရှိရင် အထပ်မြင့်မှာနေတဲ့လူတွေအတွက် အခက်ခဲရှိပါတယ်။ဒါကြောင့်မို့လို့ လျှပ်စစ်ဓါတ်အားရလာတာနဲ့အမျှ ရန်ကုန်ကလူတွေကျေနပ်ပျော်ရွှင်တဲ
အနေအထားဖြစ်လာမှာကိုအားလုံးအသိဘဲဖြစ်ပါတယ်”
ဟုဝန်ကြီးချုပ်ကပြောသည်။

ထို့ပြင်ရန်ကုန်မြို့တွင် ဓါတ်အားသုံးစွဲမှုမှာ နှစ်စဉ်တိုးတက်လျှက်ရှိပြီး
ရာခိုင်နှုန်းအားဖြင့် ၁၅ရာခိုင်နှုန်းတိုးတက်လိုအပ်လျှက်ရှိကြောင်း၊ပွင့်လင်း
လာမည့် ဈေးကွက်စီးပွားရေးအရ ၀င်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ
မှုများ၊ပေါ်ပေါက်လာမည့် အထူးစီးပွားရေးဇုန်ကြီးများ၏ ဓါတ်အားလိုအပ်
ချက်များကိုထည့်သွင်းတွက်ချက်ပါကစီးပွားရေးမြို့တော်ဖြစ်သောရန်ကုန်
တိုင်းဒေသကြီး၏ ဓါတ်အားလိုအပ်ချက်သည် ခန့်မှန်းတွက်ချက်သည်ထက် များစွာပိုလာနိုင်ကြောင်း ၎င်းကသုံးသပ်သည်။
ထို့ကြောင့်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှလည်းရေတိုရေရှည်သဘာဝဓါတ်ငွေ့
သုံးဓါတ်အားပေးစက်ရုံအသစ်များကိုပုဂ္ဂလိကကုမ္ပဏီများနှင့်ပူးပေါင်း
အကောင်အထည်ဖော်လျှက်ရှိရာယခုဖွင့်လှစ်သည့်စက်ရုံမှာထိုင်းနိုင်ငံ
Toyo Thai Power Myanmar Co.Ltdနှင့်အစိုးရပူးပေါင်းဆောင်ရွက်သော ၁၂၀မဂ္ဂါဝပ် Combined Cycle Power Plant စက်ရုံ တစ်ရုံဖြစ်သည်။
လျှပ်စစ်ဓါတ်အားလုံလောက်စွာ မရရှိခြင်းကြောင့်ယမန်နှစ်နွေရာသီကာလက
ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖေါ်မှုများ ရှိခဲ့သည်။