Saturday, May 4, 2013

အင်ဒိုနီးရှား နိုင်ငံ အတွင်းရှိ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူ လေးဦးအား ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီး




အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ရှိ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံ စည်မှုတွင် ပါဝင် ပတ်သက်ခဲ့သူ လေးဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့က မေ ၂ ရက်တွင် ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။
ဖမ်းဆီးထားသည့် လူလေးဦး အနက် သုံးဦးမှာ အမျိုးသားများ ဖြစ်ပြီး အခြား တစ်ဦးမှာ အမျိုးသမီး ဖြစ်ကြောင်း၊ ၎င်းတို့ လေးဦးကို ပြည်တွင်းဖြစ် ဗုံးငါးလုံး နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်း တို့သည် အင်ဒိုနီးရှား နိုင်ငံ အတွင်းရှိ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့ကြခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဘွိုင်းရာ ဖလီအမာ က ပြောကြားခဲ့သည်။

အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုကြောင့် ရဲတပ်ဖွဲ့ဝင်ပေါင်း များစွာကို မြန်မာ သံရုံးနှင့် သံအမတ် နေအိမ် အနီးတွင် တပ်ဖြန့် ချထားကြောင်းနှင့် အရာရှိ အများအပြားကိုလည်း သံရုံး အနီးအနားရှိ အိမ်များနှင့် ဟိုတယ် များတို့တွင် နေရာ ချထားကြောင်း သိရသည်။

http://www.myawady.com.mm/allnews/global/item/12791-2013-05-04-08-23-12

ဂျီဟတ်လုပ်ရန်တိုက်တွန်း

ELEVEN နေ့စဉ်ထုတ်သတင်းစာ ခေါင်းကြီးပိုင်း

အစ္စလာမ်နိုင်ငံများရှိမြန်မာများအတွက်လုံခြုံရေးတိုးမြှင့်

အင်ဒိုမြန်မာသံရုံးရှေ့...
ယနေ့ထုတ် ၇ရက်နေ့စဉ် သတင်းစာ
by အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

ရိုဟင်ဂျာအရေး နောက်ကွယ်မှာ ကြိုးကိုင်လှုံ့ဆော်နေသူတွေရှိတယ်

by Ko Daun

ရန်ကုန်မြို့ရှိ Media Corner များပြန်ဖျက်



Popular Myanmar News Journal

ရန်ကုန် မေ ၄ ရက်

ရန်ကုန်မြို့ ဆူးလေဘုရားအနီးမြို့တော်ခန်းမရှေ့ရှိ Media Corner အားမေလ ၄ ရက်နေ့ နံနက်ပိုင်း က စတင် ဖျက်လိုက်ကြောင်း သိရသည်။
ယခင် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း လက်ထက် ၂၀၁၁ ခုနှစ်မေလ ၂ ရက်နေ့က စတင်၍ ရန်ကုန်မြို့ လူစည်ကားရာ လမ်းဆုံ လမ်းခွ နေရာများတွင် ၄င်း Media Corner များကို ပြန်ကြားရေးဝန်ကြီးကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပြီး ၂ နှစ်အကြာ မေလ အရောက်တွင် ရန်ကုန်မြို့ ရှိ ၄င်းဆိုင်အတော်များများ ဖျက်သိမ်းပြီး ဖြစ်သည်။

ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )