Tuesday, May 7, 2013

လွှတ်တော်ကိုယ်စားလှယ်များထံဖြန့်ဝေမည့်စာမျက် နှာ ၂၅ မျက်နှာ...

by Nay Wai https://www.dropbox.com/s/md419qlpcpjvp5x/11111111111111111111111111111111%20-%20Copy.pdf

မိဘ ဆိုတာ.....

အ လွမ်း ညည်း သူ's photo.
"အမေ သား မနက်ဖြန် ဘွဲ့ ယူရမှာနော်..."

"အမေ သိပါတယ်သားရယ်... အဲ့ဒါကြောင့် လမ်းထိပ်က ဒေါ်ကျော့ ဆီမှာ
တောင် အမေ အိကျီ င်္အပ်ထားပါသေးတယ်...အမေ့ မှာ အိကျီ င်္ အသစ်မရှိတော့ဘူးလေ..."

"ဟင်..အမေ ကလိုက်မလို့ လား... အိမ်မှာ အဖ့ကိုစောင့်ဖို့ လူမရှိဘဲဖြစ်မှာပေါ့.... "

" သားအဖေက သက်သာနေပါပြီသားရယ်... ၀ှီးချဲ လေးနဲ့ ခေါ်သွားရင်ရပါတယ်...."

သား ဖြစ်သူစိတ် ညစ်သွားတယ်... ဒီလိပွဲမျိုးကိုသူ့ မိဘတွေကို မခေါ်ချင်လို့ တော့မဟုတ်ပါဘူး.... ဈေးထဲမှာ ကြက်သားရောင်းပြီး စကားပြောရင် အော်ကျယ်အော်ကျယ် ပြောတတ်တဲ့  အမေ နဲ့  လေဖြတ်ပြီးလို့ နလန် ထူခါစ အဖေကို သူဒီလိုပွဲမျိုးကို ပွဲမထုတ်ချင်...
သူငယ်ချင်းတွေ ကြားထဲမှာလည်း မိတ်ဆက်ပေးဖို့ ခက်တယ်..
ဒါနဲ့ ဘဲ...မျက်နှာပျက်ပျက်နဲ့ သူ့ အမေ ကိုပြောလိုက်တယ်..

"မလိုက်ပါနဲ့ အမေရာ...ခန်းမထဲကို ၀ှီးချဲ လည်းဝင်လို့ ရတာမဟုတ်ဘူး..
အမေတို့ လိုက်လာလို့ လည်း ဘာမှထူးခြားသွားမှာမှမဟုတ်တာ...
သားတစ်ယောက်ထဲသွားမယ်..."

မိခင် ဖြစ်သူမှာ သားရဲ့ တဇွတ်ထိုးဆန်တဲ့ စိတ်ကိုသိလို့  နာကျင်မိတဲ့ စိတ်
ထဲက ဒဏ်ရာကို မျက်နှာပေါ်က အပြုံးနဲ့ ဖုံးပြီး..

"အေးပါကွယ်...သားလေးသဘောပါ...သားလေး ဘွဲ့ ရရင်ဘဲအမေတို့ ကျေ
နပ်ပါတယ်...အမေ အိမ်မှာဘဲ သားအဖေကို စောင့်နေလိုက်ပါ့မယ်..."

သား ဖြစ်သူလည်း ကျေနပ်ပြီး အိပ်ရာ စောစောဝင် ခဲ့တယ်....

မိခင် ဖြစ်သူမှာတော့ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့  ယောက်ျားကိုကြည့်ပြီး
မချိပြုံးလေးပြုံးခဲ့ရတယ်...

မနက်မိုးလင်းတော့ သားလေး စားဖို့ မိခင် ဖြစ်သူက မနက်စာကို အရင်က
ထက်ပို ဂရုစိုက်ပြင်ပေးထားတယ်... ဘွဲ့ သွားယူမှာဆိုတော့ ဗိုက်နာမယ့်အစားအစာတွေ မဖြစ်အောင်ဂရုစိုက်လို့ ပေါ့....

"သားရေ...မနက်စာအဆင်သင့်ဖြစ်ပြီနော်..."

"မစားတော့ဘူးအမေ သားသူငယ်ချင်းတွေနဲ့ ကျောင်းနားက စားသောက်ဆိုင်မှာ ချိန်းထားတယ်...အဲ့ မှာဘဲစားတော့မယ်... "

"အော်... အင်းပါ သားရယ်.. သားလေး ဓာတ်ပုံတွေ ရိုက်ခဲ့နော်..
မေမေတို့ ပြန်ကြည့်ချင်လို့ ..."

"ဟုတ်ကဲ့  ပါဗျာ.. သွားပြီနော်..."

ဒီလိုနဲ့ သားဖြစ်သူက သူငယ်ချင်းတွေနဲ့ ချိန်ထားတဲ့ စားသောက်ဆိုင်ရောက်တော့ လူတောင်တော်တော်စုံနေပြီ ...နာရီကိုကြည့်တော့လည်း ဘွဲ့ ယူဖို့ အချိန်က
တစ်နာရီလောက်လိုသေးတယ်ဆိုတော့ မနက်စာစားဖို့ မှာလိုက်တယ်...
သူငယ်ချင်းဖြစ်သူတွေကိုကြည့်တော့ တစ်ယောက်ထဲလာတဲ့ သူနဲ့ 
မိဘ ခေါ်လာတဲ့သူနဲ့ ပေါ့...အဲ့ အချိန်မှာ သူ့ ရဲ့ သူငယ်ချင်းတစ်ယောက်က
သူ့ အမေနဲ့ မိတ်ဆက်ပေးတယ်..

" ဟေ့ကောင်..ဒါငါ့အမေလေ ငါဘွဲ့ ယူတာ လိုက်လာခဲ့ ပေးတာ...
အမေ ဒါက သားသူငယ်ချင်းပါ..."

မိတ်ဆက်ပေးတဲ့ သူငယ်ချင်းအမေကို လက်ဆွဲနှုတ်ဆက်တော့ အဒေါ် 
ကလည်း ပြန်လက်ဆွဲနှုတ်ဆက်တယ်..ဒါပေမယ့် ညာဘက်လက်နဲ့ တော့မဟုတ်ဘူး ဘယ်ဘက်လက်နဲ့ ဆိုတော့
ကောင်လေး မှာ ထူးဆန်းပြီး ညာဘက်လက်ကို ကြည့်လိုက်မိတယ်...

"ဟင်... အဒေါ့်လက်မှာ ပတ်တီး နဲ့ ပါလား ဘယ်လိုဖြစ်တာလည်း..."

ဒါနဲ့ ကောင်လေး သူငယ်ချင်းက ၀င်ဖြေတယ်...

"ဒီလိုကွ...ငါ့အမေ က ဈေးထဲမှာ ငါးရောင်းတာ...အဲ့ ဒါမနေ့ က၀ယ်တဲ့ သူကို
ငါးကိုင်ပေးတာလေ လက်ကို ဓားထိသွားတာ....အဲ့ ဒီ့ဒဏ်ရာနဲ့ ညက အဖျားတွေ တက်လို့ ကွာ..ငါ့မှာစိတ်ပူလိုက်တာ..ဒီမနက်မှ ပြန်ကောင်းလာတာ....
ဒါတောင် မလိုက်ဘူးလုပ်နေတာ...ငါကအတင်းခေါ်လာလိုက်တာလေ...
ငါ့ကိုခုလိ ဘွဲ့ ခန်းမထဲရောက်အောင်ငါ့အမေ ကဈေးထဲမှာ
ငါးေ၇ာင်းပြီး ကျောင်းထားခဲ့ တာကွ....ဒါနဲ့ မင်းအမေနဲ့ အဖေ ရောမတွေ့ ပါလား..."

ကောင်လေး မှာ သူ့သူငယ်ချင်းရဲ့ စကားတွေကို ကြားပြီး နောင်တတွေ များစွာနဲ့ ...

"အော်...အင်း နောက်...နောက်မှာ လိုက်လာတယ်ကွ.... ငါ့ကိုခဏ ခွင့်ပြူပါဥိးကွာ ... မင်းတို့ ဘွဲ့ ခန်းမကဘဲစောင့်နော်..."

စကားလည်းဆုံး ကားလမ်းမကို ထွက်ပြီး Taxi တစ်စီးငှားပြီး အိမ်ပြန်ခဲ့ တယ်...

အိမ်ပေါ်ရောက်တော့ တံခါးကြီးဖွင့်ထားတာတွေ့ တော့ အမေ နဲ့ အဖေ ခန်းကို ၀င်ဖို့ လုပ်တုန်း အခန်းထဲကအသံကြားမိတယ်...

"ဖေကြီး ရေ သားကတော့ ဘွဲ့ သွားယူပြီတော့.... ကျွန်မ ကတော့ ဘွဲ့ ခန်းမ
ကိုမလိုက်ရလည်း သားနဲ့ အတူတူရှိနေသလို အိကျီ င်္အသစ်တွေဝတ်ထားတယ်...ရှင့်ကိုလည်း တိုက်ပုံ အသစ်ဝတ်ပေးထားတာတွေ့ လား..."

"တွေ့ ပါတယ် မေကြီးရာ......သားလေးပြန်မလာခင်တော့ ငါတို့ တွေ အိကျီ င်္လဲရမယ်နော်...တော်ကြာ အဖေနဲ့ အမေ က အဖြစ်သည်းတယ်လို့ ပြောနေပါဥိးမယ်ကွာ..ဟားဟားး"

"ဟုတ်ပတော့....သားလေးက ရှင့်ကို စိတ်ပူပြီး ကျူပ်ကို မခေါ်တာတော့...
သူ့ အဖေ တစ်ယောက်ထဲ ဖြစ်နေမယ်တဲ့ ...အဲ့ တော့မှ ကျုပ်လည်း ရှင့်ကိုသတိရပြီး နေခဲ့လိုက်တာ....သားလေးသာသတိမပေးရင်
ရှင်တစ်ယောက်ထဲကျန်ခဲ့ မှာသိလား....သားလေကို ရှင်ကျေးဇူးတင်...."

"အေးပါကွာ....အေးပါ...... အင်း ငါတို့ သားလေး ဘွဲ့ ရပညာတတ်ဖြစ်ပြီနော်..."

ထိုစကားတွေ ဟာ ကောင်လေးရင်ကို သံချွန်နဲ့ ထိုးလိုက်သလိုဘဲ...
မခေါ်ချင်လို့ ထားခဲ့တဲ့  မိဘ နှစ်ပါးက အပြစ်မမြင်တဲ့ အပြင်
အမေ ကငါ့အပြစ်ကို မသိသလိုပါလား.....
ဒါနဲ့ အခန်းထဲဝင်ပြီး...

"အဖေ နဲ့ အမေ "

"ဟင် ..သား ဘွဲ့ ယူပြီးပြီလား မြန်လိုက်တာ..."

မိဘ နှစ်ပါးမှာ အ၀တ်အစားအသစ်တွေနဲ့ မို့ လို့ မနေတတ်မထိုင်တတ်...
သားလေး မေးလာရင်ဘယ်လို ဖြေရပါ့လဲ လို့ တွေးနေချိန်...

"အဖေနဲ့ အမေ ကို လာခေါ်တာပါ.... ဘွဲ့ ခန်းမ မှာအဖေနဲ့ အမေတို့ အတွက် နေရာရှိသလို....သားရင်ထဲမှာလည်းအမြဲနေရာရှိပါတယ်...သားကို ခွင့်လွှတ်ပါနော်...."

မိဘ နှစ်ပါးရှေ့ မှာ ထိခြင်းငါးပါးနဲ့ ရှိခိုးမိတယ်...
မိဘ နှစ်ပါးကတော့ ၀မ်းသာနဲ့ မျက်ရည်စတွေနဲ့ ဆုတွေပေးလို့ ..............

(မိဘ ဆိုတာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး အလုပ်လုပ်နေရင်တောင်
အဲ့ ဒါဟာ သူတို့ အတွက်မဟုတ်ပါဘူး...သူတို့ သားသမီးတွေ အတွက်ပါ...
သူတို့ သားသမီးတွေအတွက်ဘဲ မလုပ်ချင်တဲ့ အလုပ်တွေလုပ်နေရတာပါ..

တစ်ကယ်တော့ လောကမှာ အစားထိုး လို့ မရတဲ့ အရာတွေထဲမှာ
မိဘဟာ နံပါတ်တစ်ပါ.....")-
--------------------------------------------------
join @ www.facebook.com/alwannyeethu

ခံဝန်ချက်ချိုးဖောက်သဖြင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင် ၆ နှစ် ချမှတ်ခံရ

ခံဝန်ချက်ချိုးဖောက်သဖြင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင် ၆ နှစ် ချမှတ်ခံရ
Tuesday, May 7, 2013

ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အရင်အမှုဟောင်းအတိုင်း ပြန်လည်ကျခံဖို့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အသရေဖျက်မှုနဲ့ အခုရက်ပိုင်းအတွင်း ပန်းတနော်တရားရုံးက ဒဏ်ငွေကျပ် ၂ သောင်း ပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေတာ ဖြစ်ပါတယ်။

ဒီနေ့ညနေ ၄ နာရီမှာ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက အကျဉ်းထောင်အတွင်း ရောက်ရှိလာပြီး အရင်ပြစ်မှုဟောင်းကို ပြန်လည်ကျခံဖို့ အမိန့်စာလာရောက်ဖတ်ကြားခဲ့တယ်လို့ ဦးနေမျိုးဇင်ရဲ့ ညီဖြစ်သူ ဦးခင်မောင်ထွေးက ပြောပါတယ်။

“ပြည်ထဲရေးဝန်ကြီး ဦးကိုကိုရဲ့အမိန့်နဲ့ပေါ့ဗျာ၊ ပထမကျခံခဲ့ရတဲ့ ပြစ်ဒဏ်ထဲကနေပြီးတော့ ၆ နှစ် ကျခံစေဆိုပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်း အမိန့်စာလာဖတ်သွားတယ်လို့ ပြောပါတယ်၊ မအူပင်ထောင်ထဲကို လာဖတ်သွားတာပါ၊ ထောင်ရဲ့အရာရှိတစ်ဦးကနေလာပြီးတော့ ရှေ့နေရှိပါသလားလို့မေးတယ်၊ ရှေ့နေကလည်း ဒီနေ့ကျနော်တို့ပါမလာတဲ့အတွက်ကြောင့်မို့ မိသားစုဝင်တွေပဲ နောက်ဆုံးသွားတွေ့လာခဲ့ပါတယ်”

ဦးနေမျိုးဇင်ဟာ ပန်းတနော်ဒေသခံ လယ်သမားတွေအတွက် အကူအညီပေးရင်း အဖမ်းခံခဲ့ရတာဖြစ်တဲ့အတွက် အမှုကနေ ပြန်လည်လွတ်မြောက်ဖို့ တောင်သူ ၁၀၀ ကျော်က ဒီကနေ့ပန်းတနော်တရားရုံးမှာ ဒဏ်ငွေပေးဆောင်ခဲ့ကြပြီး၊ သူ့ကိုလွှတ်ပေးမယ် ပြောလိုက်တဲ့အတွက် အကျဉ်းထောင်ရှေ့မှာ ၄ နာရီကြာ သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။

ဦးနေမျိုးဇင်ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ရှေ့နေတွေနဲ့ တိုင်ပင်ပြီး တရားဥပဒေအရ အယူခံဝင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ၂၀၁၁ ခုနှစ်အတွင်းက အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက်၊ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။

RFA  သတင်း

အစိုးရသတင်းစာရဲ့ အရေးအသား .... ၁၆ ဦးသာ

Hino Motors ltd မှ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းသို့ Mobile Libararyမော်တော်ယာဉ်လှူဒါန်း

ဓါတ်ပုံ ကိုဆန်နီ
7.5.2013

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှု

Eleven Media Group

ဝေဖန်မှုများ ရှိနေသော်လည်း ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို တရုတ်နိုင်ငံ၏ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည်

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိကာလ၌ စီမံကိန်းနှင့် ပတ်သက်ပြီး ဖြစ်တန်စွမ်း အခြေအနေများကို အကြိုလေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလ ၆ ရက်နေ့က ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေသော်လည်း တရုတ်နိုင်ငံ၊ ကူမင်းနှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ဆက်သွယ်မည့် မီးရထားလမ်း စီမံကိန်းအား တရုတ်နိုင်ငံမှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်းနှင့် စီမံကိန်း၏ ခန့်မှန်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၀ဘီ လျံခန့် ရှိကြောင်းလည်း သိရှိရသည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းနှင့် ပတ်သက်ပြီး ၂၀၁၁ ခုနှစ် ဧပြီလအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူများမှ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းသည် သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကိုမူ အများပြည်သူသို့ အသိပေး ထုတ်ပြန်ခဲ့ခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။

''ကျောက်ဖြူကနေ ကူမင်းအထိ ဖောက်မယ့် ရထားလမ်း စီမံကိန်းကို တရုတ်က ရာနှုန်းပြည့် ရင်းနှီးမြှုပ်မယ်လို့ သိရပါတယ်။ အခုချိန်မှာ စီမံကိန်းနဲ့ ပတ်သက်ပြီး အကြိုလေ့လာမှုတွေ ပြုလုပ်နေတာ ပထမအဆင့်တောင် ပြီးခါနီးနေပါပြီ။ အခုစီမံကိန်းဟာ တရုတ်နဲ့ မြန်မာက ရထားပို့ဆောင်ရေး ၀န်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ဒီစီမံကိန်းကို ဘယ်ကုမ္ပဏီက ဆောင်ရွက်ခွင့်ရတာ ဆိုတာတော့ မသိရသေးပါဘူး'' ဟု လည်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ အထွေထွေ မန်နေဂျာ ဦးမြင့်ဝေက ပြောကြားခဲ့သည်။

လက်ရှိကာလ၌ ကျောက်ဖြူ-ယူနန် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသွယ်တန်းခြင်း စီမံကိန်းသည်လည်း ပြီးဆုံးတော့မည်ဖြစ်ပြီး မကြာမီ တရုတ်နိုင်ငံသို့ သဘာဝဓါတ်ငွေ့များ ပို့လွှတ်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဖြူ-ယူနန် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတစ်လျောက် ဒေသခံများ၏ လယ်မြေသိမ်းယူ ခံရမှုများ၊ ဒေသခံများကို လျော်ကြေး မပေးခြင်း၊ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများကို ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အတွက် ဆန္ဒဖော်ထုတ်မှုများ၊ မကျေနပ်မှုများမှာ လက်ရှိအချိန်ထိ ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

''ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း၊ ရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လယ်ယာမြေတွေ အဓမ္မသိမ်းယူတာ၊ လျော်ကြေးငွေ အပြည့်အ၀ မပေးတာ လျော်ကြေးလုံးဝ မပေးတာ စတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဒေသခံတွေ ကျေနပ်အောင် ပြေလည်မှု မရသေးပါဘူး။ ကျွန်တော်တို့ မဒေးကျွန်းမှာလည်း ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုကို ဧပြီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တယ်။ ဆန္ဒဖော်ထုတ်ဖို့ စာတင်တုန်းကပါတဲ့ ခေါင်းဆောင် ၁၀ ယောက်ကို ၁၉ ရက်နေ့မှာ ဖမ်းတယ်ပေါ့။ ဒီနေ့ (မေလ ၆ ရက်) မှာ တရားရုံးက အာမခံပေးလို့ရတဲ့ ပုဒ်မဆိုပြီး အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။ အခုချိန်ထိ ဒီစီမံကိန်း ဖြစ်ပေါ်နိုင်တဲ့ EIA, SIA တွေကို ဒေသခံတွေ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ အခု ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒေသခံတွေ ဘာမှ မသိရဘူး။ ကျွန်တော်တို့ကတော့ နိုင်ငံတော်က ဆောင်ရွက်တဲ့ စီမံကိန်းတွေကို မပြောလိုပေမယ့် ဘာစီမံကိန်းပဲလုပ်လုပ် ဒေသခံတွေကို အသိပေးပါ။ ဒေသခံတွေရဲ့ အသံတွေကို နားထောင်ပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောချင်ပါတယ်'' ဟု ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ကိုထွန်းကြည်က ပြောကြားခဲ့သည်။

မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသည် မြို့နယ် ၂၁မြို့နယ်ကို ဖြတ်သန်းသွယ်တန်း ထားခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်နှင့် ကျေးရွာပေါင်း ၅၁ ရွာကို ဖြတ်သန်းသွယ်တန်းရာ ယခုနှစ်အတွင်း စမ်းသပ်စဉ် ပေါက်ကွဲမှုအချို့ ရှိခဲ့သောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့် နေရကြောင်းလည်း တအောင်းကျောင်းသားများနှင့် လူငယ်များအဖွဲ့က ဆိုပါသည်။

အမ်းနှင့်ကျောက်ဖြူမြို့နယ် နယ်စပ်ဆယ်ချဉ်းလုပ် ကျေးရွာအနီးမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းအား ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်ရမ္မာ(ကျောက်ဖြူ))
Photo: ဝေဖန်မှုများ ရှိနေသော်လည်း ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို တရုတ်နိုင်ငံ၏ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည်