DVB TV News's photo.
"ပုဒ်မ ၄၀၁ နဲ့ပတ်သက်လို့ ကျွန်တော်တို့ကို လွှတ်တဲ့အချိန်မှာ ထောင်ထဲရှိနေတဲ့အချိန်လက်မှတ်မ
အမျိုးသားပြန်လည်သင့်မြတ်ရေးပြေ
(သတင်းဓါတ်ပုံ - ကိုဆန်)
Thursday, May 9, 2013
" ဒီအကြွေးမှန်သမျှကို ဖယ်ရှားတောင်းဆိုတယ်”
ဂျပ်စက္ကူနဲ့ ဦးလေးကြီး
Kyaw Hlaing Win
ကျွန်တော် မိတ်ဆွေတွေနဲ့ (၈)မိုင် မရမ်းကုန်းမီးပွိုင့်အနီးက ဟိုင်နန်စားတော်ဆက်ကို ညစာစားဖို့ ရောက်ခဲ့တယ်။
ဆိုင်ထဲဝင်တဲ့ လမ်းထိပ်နားက အမှိုက်ပုံမှာ ဦးလေးကြီးအရွယ် စည်ပင်သန့်ရှင်းရေးဝန်ထမ်းတစ်ဦ
သူငယ်ချင်းတွေ ရောက်မလာသေးလို့ ကျွန်တော်ကားပေါ်မှာထိုင်စောင့်ေ
ရုတ်တရက်တော့ နဲနဲအမြင်ကပ်သွားမိတယ်။ လုပ်ရမယ့် အလုပ်တွေတော့ မလုပ်ပဲ ဂျပ်စက္ကူတွေ ရောင်းစားဖို့ ပဲ ရှာနေတယ်ဆိုပြီးတော့ပေါ့။
ခဏနေသူငယ်ချင်းတွေရောက်လာတော့ ကျွန်တော်တို့ ဆိုင်ထဲဝင်လိုက်ကြတယ်။
ဟင်းပွဲမှာတာများသွားလို့ စားလို့မကုန်ပဲ ကျန်နေတဲ့ဟင်းပွဲတွေ အများကြီးပဲ။ ဒီတိုင်းချန်ထားပစ်ခဲ့ကြတယ်။
ဆိုင်ကအထွက် ည(၁၀)နာရီလောက်ရှိပြီ။
ခုနက ဦးလေးကြီးကို အမှိုက်ပုံနား ပလက်ဖောင်းပေါ်မှာ အိပ်လျက်သားတွေ့လိုက်ရတယ်။
သူခုနက ရှာနေတဲ့ ဂျပ်စက္ကူလေးကို ခင်းလျက်သားနဲ့ပေါ့။
မြင်ရတော့ ရင်ထဲမှာ မကောင်းဘူးဖြစ်သွားတယ်။
တကယ်ဆို ဘယ်သူပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလို ပလက်ဖောင်းပေါ်မှာအိပ်နေရဖို့ မထိုက်တန်ပါဘူး။
သူ့မှာလည်း သား၊ သမီး၊ မိသားစုတွေရှိကြမှာပါ။ သူ့မိသားစုတွေ သူဒီလို ပလက်ဖောင်းပေါ်အိပ်နေတာ မြင်ရင် စိတ်ကောင်းကြပါ့မလား။
ကိုယ်ချင်းစာစိတ်နဲ့ တွေးကြည့်မိတယ်။
ကျွန်တော်ခုနက လမ်းဘေးမှာ သူငယ်ချင်းတွေကို စောင့်နေတုန်း ခဏလေးမှာတောင် ခြင်အရမ်းကိုက်တာ
အခု အိပ်နေရှာတဲ့ ဦးလေးကြီးကိုလည်း ခြင်ဘယ်လောက်ကိုက်ရှာမလဲ။ ပင်ပန်းမှုတွေက ခြင်ကိုက်တဲ့ဒဏ်ကို ကျော်လွန်သွားလို့ မမှုတော့ပြီလား။
အဲဒီဦးလေးကြီး ညစာရော စားပြီးရဲ့လား။ စားပြီးလည်း ဟင်းကောင်းတော့
ဘယ်နည်းနဲ့မှ မဖြစ်နိုင်။ တကယ်ဆို ကျွန်တော်တို့ ဆိုင်မှာ
ပိုတဲ့ဟင်းတွေအများကြီးပါ။ ပါဆယ် ထုပ်ယူလာပြီး
အဲဒီဦးလေးကြီးကိုပေးလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ စိတ်ထဲ
နောင်တရနေမိတယ်။
ခုနက ဂျပ်စက္ကူတွေ ရှာနေတာကို ဆန္ဒစောစွာ အပြစ်တင်ခဲ့မိတာလည်း ခွင့်လွှတ်ပါ ဦးလေးရယ်။
ကောင်းသော အိပ်ခြင်းလေး ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးနိုင်ခဲ့တယ်...
ကျွန်တော်တို့ မြန်မာပြည်က အခြေခံလုပ်သားလူတန်းစားတွေရဲ့ ဘ၀ ဒီထက်ပိုမြင့်မားလာပါစေ........
PR စနစ်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်သောဦးဝင်းတင်
ကျွန်တော်တို့ တိုင်းပြည်မှာ လူတွေက မဲတောင်မပေးတတ်သေးဘူး
( PR စနစ်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်သော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယကဦးဝင်းတင်နှင့်တွေ့ဆုံခြင်း )
မေး ။ ။ အချိုးကျရွေးကောက်ခံမှု ဏျွ စနစ်ကို အခုဆိုရင် ကျွန်တော်တို့ ဆီမှာ
အပြောများလာကြတယ်။ ဒါပေမဲ့ အများစုက သိပ်နားမလည်ကြသေးဘူးဆိုတော့ PR
စနစ်ကို လူထုအလွယ် ဆုံးနားလည်နိုင်မယ့်အကြောင်းက ဘယ်လိုမျိုးဖြစ်မလဲ ခင်ဗျ။
ဖြေ။ ။ ဒီအကြောင်းတရားတွေကတော့ ရှင်းပြနေရင်အများကြီးပေါ့နော်။
မေး။ ။ ဘာကြောင့် မသင့်တော်သေးတာလဲခင်ဗျ။
ဖြေ။ ။ ဘာကြောင့် မသင့်တော်သေးတာလဲဆိုတော့ PR စနစ်ဆိုတာ ဒီမိုကရေစီကို
အလွန်နားလည်ကြတဲ့ သူတွေ၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ မဲ ပေးတာပြုတာ၊
ဆန္ဒပေးတာတွေလည်းတတ်ကြပြီး လူတွေမှာလည်း နိုင်ငံရေးအယူအဆတွေအမျိုးမျိုး
မေး။ ။ PR စနစ်ဆိုတာကို နားလည် အောင်ရှင်းပြပါဦးခင်ဗျ။
ဖြေ။ ။ PR စနစ်ဆိုတာ ပါတီပြိုင်တာပဲဗျာ။ ပါတီနာမည်နဲ့ပြိုင်တာ။ ပါတီကို
မဲပေးလို့ ဥပမာ ရှမ်းပြည်မှာ ၁ဝ မဲရမယ်။ မန္တလေးတိုင်းမှာ ၁ဝ မဲရမယ်။ မကွေး
တိုင်းမှာ ၁ဝ မဲရမယ်။ မဲ ၃ဝ ရ မယ်။ (သတ်မှတ်ချက်က) ၂၅ မဲရရင် အမတ်
တစ်ယောက်ဆိုခင်ဗျား ၃ ပြည်နယ်( ရှမ်း၊ မန္တလေး၊ မကွေး)က မဲတွေပေါင်းပြီး
ခင်ဗျား အမတ်တစ်နေရာ ရမှာပဲ။ ဒီလို ဟာမျိုးနဲ့လုပ်တာ။ ဆိုလိုတာကတော့
ကိုယ်ပိုင်ပါတီလေးတွေ (အမတ်နေရာ) ရအောင်ဆိုပြီးတော့ပေးတာ။
မေး။ ။ အဲဒီလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်သွားမလဲခင်ဗျ။
ဖြေ။ ။ အဲလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်မလဲဆိုတော့ အစိတ်စိတ်
အမြွှာမြွှာတွေဖြစ်မယ်။ ဟိုပါတီ ဒီပါတီ ဟိုမဲဒီမဲနဲ့ လူပေါင်းများစွာရောက်လာ။
အလိုလိုနဲ့
ကျွန်တော်တို့တိုင်းပြည်မှာ အကွဲကွဲအပြဲပြဲတွေ
ဖြစ်နေရတဲ့ကြားထဲ အကွဲအပြဲမခံနိုင်ဘူး။ ကွဲရင်းကွဲရင်း ပါတီကြီးတွေကွဲ။
အသုံးမကျလို့ ပါတီ ကြီးတွေကွဲရင် တိုင်းပြည်နစ်နာချင် လည်း နစ်နာပါစေ။
ဒီပါတီလေးတွေက ရှင်းရှင်းပြောရရင် ဘာမူမှလည်းမရှိ ဘာရည်ရွယ်ချက်မှ
ရှိသေးတာမဟုတ် ဘူး။ လူတစ်စုက သူ့ဘာသာသူ ပါတီ ထောင်တဲ့လူတစ်စုပဲ။
အဲဒီလူတစ်စုက သူ့တို့ဘာသာသူတို့ ပါတီထောင်ပြီး သူ တို့ပါတီမဲတွေရပြီး
သူတို့ပါတီအမတ် တွေ တစ်ယောက် နှစ်ယောက် သုံး ယောက်ဆိုပြီး ကောက်သင်းကောက်
ဗြုတ်စဗျင်းတောင်းလုပ်တဲ့ အနေအ ထားမျိုးဖြစ်မှာ။ ကျွန်တော်တို့တိုင်းပြည်
မှာ လူတွေက မဲတောင် မပေးတတ်သေး ဘူး။ နောက်ပြီးတော့ တိုင်းပြည်ကို ဦး
ဆောင်တယ်ဆိုတာ အင်အားကောင်းတဲ့ ပါတီက ဦးဆောင်ရမှာဗျ။ ဘာမှ မဟုတ်သေးတဲ့
ဟိုကပါတီ ဒီကပါတီ လေးတွေနဲ့ ဘယ်လိုလုပ်တိုင်းပြည်ကို ဦးဆောင်မှာလဲ။
အဲဒီလူတွေက တိုင်း ပြည်ကို ဘယ်လိုဦးဆောင်မှာလဲ။ လွှတ် တော်ထဲရောက်ရင်လည်း
အဲဒီပါတီ အမတ်တွေအကုန်လုံး စုဖွဲ့ထားရင်ရော ဒီလွှတ်တော်က ဘယ်လောက်ထိသြဇာရှိ
တဲ့လွှတ်တော်ဖြစ်မှာလဲ။ ဘယ်လောက် ထိ လူထုထောက်ခံမှုရတဲ့လွှတ်တော် ဖြစ်မှာလဲ။
အဲလို ပြောစရာတွေ ရှိပါတယ်။
မေး။ ။ ဒါဆိုရင် ပါတီလေးတွေက ဘယ်လိုလုပ်မလဲခင်ဗျ။ လွှတ်တော်ထဲ ရောက်ဖို့။
ဖြေ။ ။ ကျွန်တော်လက်ခံတာကတော့ ပါတီတွေ အားကြီးအောင် အားကောင်းအောင်ဖွဲ့ပါ။
အားကောင်းတဲ့ပါတီက အားကောင်းသလိုဝင်ပြီးတော့ ပြိုင်ကြပါ။
အားကောင်းတဲ့ပါတီ၊ အနိုင်ရတဲ့ ပါတီက အမတ်ရမယ် အစိုးရဖွဲ့လို့ရမယ်။
ကျွန်တော်က အဲဒါပဲ လိုချင်ပါတယ်။ ဘာကြောင့် ဒါကိုပြောရလဲဆိုရင်။ ဥပမာ
တခြားပါတီက မဲ ၄ဝ။ ၁ဝ ။ ၁ဝ စုစုပေါင်း ၆ဝ ရတယ်ဆိုပါဆို့။ အနိုင်ရ တဲ့ပါတီက
၄၅ မဲရပြီး နိုင်တယ်ဆိုရင် မဲပေးခဲ့သူတွေအကုန်လုံးကို ကိုယ်စား မပြုဘူးလို့
ပြောကြတယ်။ ဒါလည်း မမှန်ဘူး။ ဝင်အရွေးခံတဲ့အမတ် တစ်ယောက်က ဘယ်ပါတီက
ဖြစ်ဖြစ်။ ငါ့ကို မဲမပေးတဲ့သူတွေနဲ့ မဆိုင်ဘူးလို့ လုပ်လို့မရဘူး။ မင်း
(မဲမပေးတဲ့သူ တွေရဲ့) အကျိုးစီးပွားကို လုပ်မပေးနိုင် ဘူးလို့
ကြေညာလို့လည်း မရဘူး။ သိ လည်း သိတာမဟုတ်ဘူး။ လျှို့ဝှက်မဲ ပေးကြတာပဲ။
ဘယ်သူကမဲပေးတယ် မပေးဘူး မသိနိုင်ဘူး။ ရှုံးတာ နိုင်တာ တော့ရှိမှာပေါ့ဗျာ။
မဲများများရတဲ့သူ လူများများထောက်ခံတဲ့သူက နိုင်မှာပေါ့ ဗျာ။ ဆိုတော့
အမတ်တစ်ယောက်က။ သူမြောက်ဥက္ကလာကနေ အရွေးခံရပြီဆို မြောက်ဥက္ကလာထဲမှာ
သူ့မဲတွေက ပြန့် ကျဲနေမယ် ၁ဝ မဲတွေလည်းရှိမယ်။ ၁၅ မဲ။ ၂ဝ ။ ၃ဝ ရှိမယ်။
ဘာပဲပြောပြော သူက ၄ဝ ရတဲ့အတွက် နိုင်တယ်ဆိုရင် ကျန်တဲ့သူတွေအတွက်
သူ့ရဲ့မဲဆန္ဒနယ် အတွက် သူက လုပ်ပေးရမှာပဲ။ သူ လွှတ်တော်ထဲသွားတဲ့အခါ
ကျွန်တော့် ကို မဲပေးတဲ့သူကိုပဲ ကျွန်တော်ကိုယ် စားပြုတယ်။
ကျွန်တော့်မဲပေးတဲ့သူရဲ့ အကျိုးစီးပွားကိုပဲ
ဆောင်ရွက်နိုင်မယ်ဆိုတာမျိုးကြေ
မေး။ ။ PR စနစ်ကိုတကယ်တမ်းကျင့်သုံးမယ်ဆို
ဖြေ။ ။ ခုနကပြောခဲ့သလိုပါပဲ။ ဏျွ စနစ်ကို ကျင့်သုံးဖြစ်မယ်ဆိုရင် လွှတ် တော်ထဲကိုရောက်တာနဲ့တစ်ပြိုင်နက
မေး။ ။ ဒါပေမဲ့ အခုပါတီအချို့က PR စနစ်ကို လိုလားကြတယ်နော်။
ဖြေ။ ။ ဒီလုပ်ငန်းကို လိုလားတယ်ဆိုတဲ့ သူတွေက
နှစ်မျိုးရှိတယ်လို့ကျွန်တော် ယူဆတယ်။ တစ်မျိုးက ဘာလဲဆိုတော့
အင်အားကိုမရှိဘူး။ လူထုထောက်ခံမှု ပြည့်ပြည့်ဝဝ မရှိဘူး။ ဘယ်လိုခေါ်မလဲ
လူထုထောက်ခံမှုကို လူရာဝင် သူရာ တွင်ထောက်ခံမှုမရတဲ့ ပါတီလေးတွေရဲ့ (PR
စနစ်ကို ) ထောက်ခံမှု ဆန္ဒသဘော ထားလို့ထင်တယ်။ နောက်တစ်မျိုးက ဘာလဲဆိုတော့
မြန်မာပြည်မှာ အင်အားကြီးတဲ့ပါတီတွေ ဦးဆောင်တာကို မလိုလားတဲ့
သဘောထားရှိတဲ့ နိုင်ငံရေး အင်အားစုတွေ သို့မဟုတ်လည်း အခြား အခြားသော
အင်အားစုတွေ၊ အဲလိုအဖွဲ့ အစည်းတွေက အင်အားကြီးတဲ့ နိုင်ငံရေးပါတီတွေ
အဖွဲ့အစည်းတွေ မရှိစေချင်ဘူး။ အဲလိုရှိရင် သူတို့မှာလုပ်ရကိုင်
ရထိန်းရသိမ်းရခက်မယ်လို့ သူတို့ထင် တယ်။ ဒီလို ဗြုတ်စဗျင်းတောင်းတွေ
စုထားရင် ဟိုပါတီဒီပါတီကို တပည့်မွေးလို့ရမယ်။ ခွံ့လို့ရတယ်။
ကျွေးလို့ရတယ်။သြဇာပေးလို့ရတယ်ေ
မေး။ ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲပေးတဲ့ စနစ်ကိုတောင်မှ လူထုကကောင်းကောင်း
နားမလည်သေးတာဆိုတော့ အခု PR စနစ်ပြောဆိုမှုထက် ပညာပေးလုပ်ငန်းတွေ
ဘယ်လိုလုပ်ရင် ကောင်းမယ်လို့ ထင်လဲခင်ဗျ။
ဖြေ။ ။
ကျွန်တော်ထင်တယ်။ ပညာ ပေးတာကနောက်ဗျ။ ပညာမပေးခင်ကို ဒါတွေ (PRျ
စနစ်လုပ်ဆောင်မှု) ကို မလုပ်ပါနဲ့လို့ ကျွန်တော်ပြောချင်ပါ တယ်။
ပညာပေးမယ်ဆိုရင် ကျွန်တော် တို့ နောက်ထပ် ၄ နှစ် ၅ နှစ် ၁ဝ နှစ်
ပညာပေးလုပ်ငန်းတွေ လုပ်ရဦးမှာပါ။ ဒီအချိန်မှာ ဒီစနစ်ကို လက်မခံဆိုပြီး
ငြင်းဖို့ပဲ ကျွန်တော်တိုက်တွန်းချင်တယ်။ ဒီစနစ်ကို ပယ်ချဖို့ပဲ ၊
ဒီစနစ်ကို လက် မခံဖို့ဘဲအကြောင်းရှိတယ်။ ပညာပေး နေဖို့မလိုဘူး။
လက်မခံတဲ့စနစ်ကို ပညာ ပေးဖို့အကြောင်းကျွန်တော်မပြောခ
မေး။ ။ မြန်မာနိုင်ငံလို ဒီမိုကရေစီဖွံ့ဖြိုးစ နိုင်ငံအတွက် ဘယ်လိုရွေးကောက်ပွဲ စနစ်က အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့ ရွေးကောက်ပွဲ စနစ်က များရာသူက နိုင်ဖို့ပဲ။ လူထု
ထောက်ခံမှုများများရတဲ့ပါတီက နိုင်ဖို့ပဲ။ အဲဒီစနစ်ကိုပဲ ကျွန်တော်တို့
လက်ခံခဲ့တယ်။ ကျွန်တော်တို့ NLD ဆိုလို့ ရှိရင် ၁၉၈၈ စက်တင်ဘာလ ၂၇ ရက်
နေ့မှာ စပြီးတော့ဖွဲ့တယ်။ အောက်တို ဘာလအတွင်းမှာ ကျင်းပတဲ့
ဗဟိုကော်မတီအစည်းအဝေးမှာ ဒီ PR စနစ်ကို တင်လာတာ။ PR စနစ်ကို မြန်မာပြည်
နိုင်ငံရေးလောကမှာ စပြီးပြောတာ NLD မှာ စပြီးပြောတာ။ NLD က လူ တချို့က
တင်တယ်။ ဗိုလ်အောင်ကြီးတို့ စစ်ဗိုလ်အုပ်စုဘက်က တင်တာရှိတယ်။ ကျွန်တော်တို့
လက်မခံဘူးဆိုပြီး ငြင်း ခဲ့တယ်။ ဒီနေ့ထိလည်း ကျွန်တော်တို့ လက်မခံဘူး။
လာမယ့် ရွေးကောက်ပွဲ ကာလရော။ လာမယ့် ၄၊ ၅၊ ၁ဝ နှစ်ထိ ကို ဒီစနစ်ကို
လက်ခံစရာ မရှိဘူးလို့ ယူဆထားတယ်။
မေး။ ။ ဒါဆိုလက်ခံနိုင်တဲ့ အနေအထားက ဘာများဖြစ်မလဲခင်ဗျ။
ဖြေ။ ။လက်ခံနိုင်တဲ့ အနေအထားက ဘာလဲဆိုရင် တိုင်းပြည်မှာ ဒီမိုကရေစီ
စနစ်ကို နားလည်တဲ့အချိန်၊ တိုင်းပြည် က ဒီမိုကရေစီစနစ် အကျင့်စရိုက်၊
အကျင့်သိက္ခာ၊ အတတ်ပညာတွေ ကြွယ်ဝတဲ့အချိန်ကျရင် သုံးချင်သလို သုံး။
အဲလိုသုံးတဲ့အခါမှာလည်း တစ်တိုင်းပြည်လုံး ကိစ္စမှာ မသုံးသင့်ဘူး။ ဥပမာ
မြူနီစပယ် (စည်ပင်သာယာ) ရွေးကောက်ပွဲတွေမှာ၊ ပြည်နယ်ရွေး ကောက်ပွဲတွေမှာ၊
တိုင်းရွေးကောက်ပွဲ တွေမှာလုပ် နောက်ပိုင်းကြရင်။ အဲဒီ အချိန်ကျမှပဲ
အဲဒီအဆင့်( PR အဆင့်) ကိုရောက်လာမယ်လို့ ကျွန်တော် ထင်တယ်။
တစ်တိုင်းပြည်လုံး ပြည်လုံးကျွတ် ရွေးကောက်ပွဲမျိုးမှာ PR စနစ်က
လက်ခံဖို့မရောက်သေးဘူးလို့ ကျွန်တော် ယူဆတယ်။
မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ ပြည် နယ်တိုင်းအဆင့် PR စနစ်ကျင့်သုံးမယ် ဆိုရင်ရောခင်ဗျ။
ဖြေ။ ။ ပြည်နယ်တိုင်းအဆင့်ကို မဟုတ်ပါဘူး။ ဒီနေ့ ဒီကာလမှာ ဒီစနစ် ဟာ
တိုင်းပြည်အတွက် အသုံးမဝင်သေးဘူး အသုံးမကျသေးဘူး အသုံးမတည့် သေးဘူးလို့
ကျွန်တော်ပြောချင်ပါတယ်။ ဒါကြောင့်လက်မခံဘူး။ မကျင့်သုံးပါနဲ့ဦး လို့ပြောတာပါ။
မေး။ ။ PR စနစ်မှာလည်း ဖြေရှင်းနိုင်တဲ့ အားသာချက်တွေရှိတယ်လို့ ပညာရှင် အချို့က ဆိုထားတယ်ခင်ဗျ။
ဖြေ။ ။ ပညာရှင်တွေ ဆိုရင်တော့ သူတို့ နဲ့ထပ်ပြီး (အသေးစိတ်) ဆွေးနွေးတာ
ကောင်းပါတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးသဘောတရားအရ
များရာဟာပဲကျွန်တော်လက်ခံတယ်။ ဒီလို (PR)ဟာမျိုးလက်မခံဘူး။ အသေးစိတ်ကတော့
ပညာရှင်တွေပြောကြဆိုကြပါ။
မေး။ ။ PR စနစ်နဲ့ပတ်သက်ပြီး ကျွန်တော်မေးလို့ကျန်သွားတာ ဖြည့်စွက် ပြောချင်တာများရှိရင် သိချင်ပါသေးတယ်ခင်ဗျ။
ဖြေ။ ။ မရှိပါဘူး။ အဲဒါပါပဲ။ ကျွန်တော်ကတော့ မလုပ်သင့်သေးဘူးထင်ပါ တယ်။
မလုပ်သင့်သေးဘူး ထင်တဲ့အတွက် အဆင့်ဆင့် တစ်တိုင်းပြည်လုံး အတွက်လည်း
မလုပ်သင့်သေးဘူး။ အောက်ခြေအဆင့်လည်း မလုပ်သင့် သေးဘူးလို့ထင်ပါတယ်။
လုပ်သင့်တဲ့ အချိန်ရောက်ဖို့အတွက် ပညာပေးဖို့ လိုတယ်ဆိုရင် (ကျွန်တော်တို့က
လက် မခံတဲ့အတွက် ပညာပေးလည်းမလုပ် ခိုင်းပါနဲ့) အဲဒီ (PR) စနစ်ကို လက်ခံတဲ့
ပါတီလေးတွေက ကိုယ့်နေရာကိုယ့် လူထုကြားထဲမှာ လက်ခံအောင်ပညာပေးပါဦးလို့ပဲ
ကျွန်တော်ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ။
ဥာဏ် လ င်းေ အာ င်ေ တွ့ ဆုံေ မး မြ န်း သ ည်
Popular Myanmar News Journal
အမေရိကန်တွင် တစ်နှစ်ကြာ သင်ယူခွင့်ရမည့် ပညာသင်ဆုလျှောက်ထားနိုင်
Monday, 06 May 2013 12:05
Written by နေလင်းထွန်း
အမေရိကန်အစိုးရမှ နှစ်စဉ်ပေးအပ်နေသော Huber H.umphery Fellowship ပညာသင်ဆုအတွက် ဇူလိုင်လ ၃ ရက်နောက်ဆုံးထားရမည်ဖြစ်ကြောင်း ၎င်းသံရုံးကကြေညာထားသည်။
၂၀၁၄-၂၀၁၅ ခုနှစ်အတွက် အမေရိကန်နိုင်ငံတွင် တစ်နှစ်အကြာသွားရောက်လေ့လာသင်ယူရမည့် အဆိုပါအစီအစဉ်အား နိုင်ငံအတွက် စွမ်းဆောင်နိုင်မည့် အလားအလာရှိသူများနှင့် ပုဂ္ဂိုလ်က (သို့မဟုတ်) အစိုးရအဖွဲ့အစည်းများမှ အများပြည်သူဝန်ဆောင်မှု စိတ်အားထက်သန်သူများကို ရွေးချယ်သွားမည်ဖြစ်သည်။
ပညာသင်ဆု အစီအစဉ်လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရရှိထားခြင်း၊ အနည်းဆုံး လုပ်ငန်းအတွေ့အကြုံဆက်တိုက် ငါးနှစ်ရှိထားခြင်း၊ ခေါင်းဆောင်မှုအရည်အချင်းနှင့် အများပြည်သူ အကျိုးပြုမှုမှတ်တမ်းကောင်းများကို ပြသနိုင်ခြင်း၊ ရွေးချယ်ခံရပါက မိမိအလုပ်ရှင်ထံမှ ခွင့်ပြုချက်ကို ရရှိနိုင်ခြင်း၊ အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အသွေးတိုဖယ် ၅၂၅ မှတ်နှင့် ကိုက်ညီသော အရည်အ ချင်းရှိခြင်းနှင့် အမေရိကန်နိုင်ငံတွင် နေထိုင်ပညာသင်ယူ၊ အလုပ်လုပ်ကိုင်သော အတွေ့အကြုံမရှိခြင်း ဟူသော သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း၊ သဘာဝရင်းမြစ်နှင့် ပတ်ဝန်း ကျင်မူဝါဒနှင့် ရာသီဥတုပြောင်းလဲမှု၊ မြို့ပြနှင့်ဒေသဆိုင်ရာ စီမံကိန်း၊ လူမှုဆက်ဆံရေးနှင့် ဂျာနယ် လစ်ဇင် ဥပဒေနှင့်လူ့အခွင့်အရေး၊ အများပြည်သူ့ မူဝါဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် အများပြည်သူစီမံ အုပ်ချုပ်မှု၊ ပညာရေးစီမံခန့်ခွဲမှုနှင့်မူဝါဒ၊ အဆင့်မြင့်ပညာရေး စီမံအုပ်ချုပ်မှု၊ အင်္ဂလိပ်ဘာသာ စကား သင်ကြားမှု၊ ပြည်သူ့ကျန်းမာရေး မူဝါဒ ကာကွယ်တားဆီးကုသမှု ဘာသာရပ်နယ်ပယ်များကို လေ့လာ သင်ယူလိုသူများအနေဖြင့် ပညာသင်ဆုကို ရွေးချယ်လျှောက်ထားနိုင်မည် ဖြစ်သည်။
အမေရိကန်အစိုးရသည် ယခင်နှစ်များတွင် မြန်မာကျောင်းသား၊ ကျောင်းသူ ၅၀ မှ ၆၅ ဦးကြား ခေါ်ယူ နေခဲ့ပြီး ယခုနှစ်တွင် ပညာသင်ဆုအစီအစဉ်များ တိုးမြှင့်ပေးအပ်ခဲ့သလို ပညာသင်ဆုပေးအပ်မည့် ကျောင်းသား၊ ကျောင်းသူဦးရေလည်း မြင့်တက်လာဖွယ်ရှိနေသည်။
7 Day News Journal
Vol.12, No.8, MAY . 2, 2013
maukkha.org
နေရာတိုင်းမှာဒီဥပဒေ......
r
ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုတာ...တိုင်းရင်းသားအားလုံး
တန်းတူအခွင့်အရေးရှိရမယ်ဆိုတာ...သဘောတူပါတယ်။
နားထဲကန့်လန့်ကြီးဝင်လာတာကတော့''ကျွန်တော်တို့
လိုချင်တာက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပဲ။"ဆိုတာကြီးပဲ။
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးချင်နေကြသ၍ ဘယ်တော့မှငြိမ်းချမ်း
ရေးဆိုတာဖြစ်လာမှာမဟုတ်....ပင်လုံလိုညီလာခံ၂၀၁၄မှာလုပ်
ဖြစ်ရင်( One law in anywhere)ဆိုတာလေးဆွေးနွေးသင့်တယ်။
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြကြေးဆိုအင်အားများတဲ့ဗမာကသူတို့
ကိုယ့်ကြမ္မာသူတို့ဖန်တီးတယ်ဆိုရင်ဂျာအေးစက္ကူကပ်အစပြန်ရောက်
သွားမယ်။မွန်မို့လို့မွန်စာသင်ခွင့်ရချင်တာကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
တယ်လို့တော့ကပ်မပြောနဲ့၊အဲ့ဒါကအခြေခံလူ့အခွင့်အရေးတခု....။
ပြည်နယ်တိုးတက်ဖို့ပြည်နယ်အစိုးရကစီမံခန့်ခွဲတာလဲကိုယ့်ကြမ္မာ
ကိုယ်ဖန်တီးခွင့်ရတယ်လို့မဆိုလိုဖူး....၊( One law in anywhere)
ခေါင်းစဉ်အောက်မှာပဲရှိတယ်။။။
ဒါဆိုကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတယ်ဆိုတဲ့စကားအဓိပ္ပါယ်ကဘာ
ကိုရည်ရွယ်ချင်တာလဲဆိုတာပင်လုံလိုညီလာခံတက်မယ့်သူတွေ
သိနားလည်ပြီးစကားလုံးအသုံးအနူံးမမှားဖို့သတိပေးချင်တာ.....။
===================================
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖက်ဒရယ်စနစ် တည်ထောင်ရန် လုံးဝမဖြစ်နိုင်ကြောင်းနှင့် စစ်မှန်သော ဖက်ဒရယ်ဖွဲ့စည်းပုံ ဖြစ်ပေါ်လာရန်
ကြိုးပမ်းသွားမည်ဟု တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား
Created on Friday, 10 May 2013 02:08
ရန်ကုန်မြို့တွင် မေ ၉ ရက်က ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့မြင်ကွင်း
လက်ရှိကျင့်သုံးနေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖက်ဒရယ်စနစ် တည်ထောင်ရန် လုံးဝမဖြစ်နိုင်ကြောင်းနှင့် စစ်မှန်သော ဖက်ဒရယ်ဖွဲ့စည်းပုံ ဖြစ်ပေါ်လာရန် ကြိုးပမ်းသွားမည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာဏာခွဲဝေမှု အပိုင်း၌ တိုင်းရင်းသားများကို အပြည့်အ၀ လုပ်ပိုင်ခွင့် မပေးထားခြင်းနှင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် ဖက်ဒရယ်စနစ် တည်ထောင်ရန် လုံးဝမဖြစ်နိုင်ကြောင်း သုံးသပ်နေကြခြင်းဖြစ်သည်။
''ဖက်ဒရယ်ရဲ့ အဓိပ္ပာယ်ကိုသာ နားလည်လက်ခံဖို့ပဲ လိုပါတယ်။ တကယ်ဆိုရင် အခြေခံဥပဒေဆိုတာ လွှတ်တော်ထဲမှာ တစ်ရက်တည်းနဲ့တောင် ပြင်လို့ရတယ်။ တပ်မတော်သားတွေ ဆိုတာလည်း လူသားတွေပါပဲ။ ဖက်ဒရယ်ဆိုတာကို တကယ်နားလည်လာရင် သူတို့လည်း လက်ခံလာမယ်လို့ ယုံကြည်တယ်။ အခက်အခဲတွေ အများကြီးတော့ ကျော်ဖြတ်ရဦးမယ်'' ဟု ညီနောင်တိုင်းရင်းသား ပါတီများ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
၂၀၁၄ ခုနှစ်တွင် အစိုးရဘက်မှ ပြုလုပ်ပေးမည်ဟု ပြောဆိုထားသည့် ပင်လုံကဲ့သို့သော ညီလာခံမတိုင်မီ အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး မရပါကလည်း ယင်းညီလာခံတွင် ဖက်ဒရယ်စနစ် အကြောင်းကို နားလည်လက်ခံလာအောင် ရှင်းပြကာ အခြေခံဥပဒေကို ပြင်ဆင်သွားမည်ဟုလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့်နိုင်ငံ ဖြစ်သည့်အတွက် တန်းတူအခွင့်အရေးများ ရရန်လိုကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားများ ချုပ်ဆိုခဲ့သည့် ပင်လုံသဘောတူညီချက်များတွင် အဓိကအချက်မှာ တန်းတူရည်တူ ပြည်ထောင်စုမူနှင့် နိုင်ငံတော်ကိုဖွဲ့စည်းရန် ဖြစ်ကြောင်း၊ ယင်းအချက်ကို တိတိကျကျ အကောင်အထည် မဖော်နိုင်ခဲ့သည့်အတွက် ပြည်တွင်းစစ် ဖြစ်ပေါ်ခဲ့ရကြောင်း၊ လက်ရှိဖွဲ့စည်းပုံသည် ဒီမိုကရေစီ အခြေခံမူများနှင့် မကိုက်ညီဘဲ တိုင်းရင်းသားများ ရပိုင်ခွင့်ကိုလည်း တိတိကျကျ ပြဋ္ဌာန်းမထားသည့်အတွက် ဖက်ဒရယ်စနစ်ကိုသွားရန် မဖြစ်နိုင်ကြောင်း စသည်ဖြင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုသည်မှာ ခွဲခြားမရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့နိုင်ရန် ရေးဆွဲထားသည့် ဥပဒေသာဖြစ်ပြီး ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားရာတွင် လက်ရှိဖွဲ့စည်းပုံမှာအနှောင့်အယှက်၊ အတား အဆီးဖြစ်နေကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားနေသည် ဆိုသော်လည်း...
''ဒီမိုကရေစီ အခြေခံခိုင်မာဖို့ဆိုရင် မြန်မာနိုင်ငံမှာ ၂၀၁၅ မတိုင်ခင် ပြုပြင်သင့်တာတွေ၊ ပြောင်းလဲသင့်တာတွေ လုပ်ဖို့လိုတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်ဘူး။ ဒါမှမဟုတ် အသစ်မဆွဲနိုင်ဘူး ဆိုရင်တော့ အပြောင်းအလဲကို မျော်လင့်နေတဲ့ ပြည်သူတွေအတွက် မျော်လင့်သလို ဖြစ်မလာနိုင်ဘူး'' ဟု ဦးအေးသာအောင်က ဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကလည်း ''လက်ရှိဖွဲ့စည်းပုံကတော့ ဖက်ဒရယ်နဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ကျွန်တော်တို့ လိုချင်တာက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပဲ။ နိုင်ငံတော်မှာ တန်းတူညီမျှခွင့်ရှိရမယ်။ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် Check & Balance လုပ်နိုင်ရမယ်'' ဟု ပြောသည်။
မည်သည့်အချိန်တွင်မှ ရသည်ဖြစ်စေ စစ်မှန်သော ဖက်ဒရယ်ဖွဲ့စည်းပုံ ရရန်အတွက် အမြဲတမ်း ကြိုးစားသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင်၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း ပြုလုပ်နိုင်ရန် တိုင်းရင်းသား အစုအဖွဲ့များဖွဲ့ကာ ပြင်ဆင်နေပြီး ဥပဒေအချက်အလက်များ စုဆောင်းနေကြောင်းလည်း ၎င်းက ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုသည်မှာ ခွဲခြားမရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့နိုင်ရန် ရေးဆွဲထားသည့် ဥပဒေသာဖြစ်ပြီး ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားရာတွင် လက်ရှိဖွဲ့စည်းပုံမှာအနှောင့်အယှက်၊ အတား အဆီးဖြစ်နေကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားနေသည် ဆိုသော်လည်း အောက်ခြေတွင်မူ မည်သည့်သက်ရောက်မှုမှ မရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။
''ကျွန်တော်တို့ကတော့ လွှတ်တော်တွင်းမှာရော၊ လွှတ်တော်ပြင်မှာရော ဒါပဲ ပြောနေတာပဲ။ ဖက်ဒရယ်ပေးချင်ရင်တော့ ပြင်ပေါ့။ မပေးရင်လည်း ဒီအခွင့်အရေး ရအောင်တော့ ရပ်တည်သွားရမှာပဲ။ တိုင်းရင်းသားတွေ အတွက်တင် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး အတွက်ပါ'' ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။
ဖက်ဒရယ်ဆိုသည်မှာ အစိုးရနှစ်ရပ်ဖြစ်သော ဗဟိုအစိုးရနှင့် ဒေသန္တရ အစိုးရကြား အာဏာခွဲဝေခြင်းဖြစ်ပြီး ယင်းအာဏာ ခွဲဝေမှုအား အခြေခံဥပဒေမှ သတ်မှတ်ပေးရသည်။ အစိုးရနှစ်ရပ်ကြား အငြင်းပွားမှုများ ဖြစ်ပေါ်ပါက သီးခြားလွတ်လပ်သော ခုံရုံး သို့မဟုတ် တရားရုံးများမှ ဆုံးဖြတ်ပေးရသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၉၂ နိုင်ငံအနက် ဖက်ဒရယ်ပုံစံ အုပ်ချုပ်ရေးစနစ် ကျင့်သုံးသော နိုင်ငံပေါင်း ၂၈ နိုင်ငံရှိပြီး နယ်မြေကျယ်ဝန်းသော နိုင်ငံများနှင့် လူမျိုးနွယ်စုများ သိပ်သည်းစွာ နေထိုင်ကြသော နိုင်ငံများတွင် ဒီမိုကရေစီ မူဝါဒများ အကောင်အထည်ဖော်ချိန်၌ ဖက်ဒရယ်စနစ်အား ကျင့်သုံးကြလေ့ရှိသည်။
http://weeklyeleven.com
အမေ့သားကြီး အမေ့ရွာထဲ ၀င်လာပြီ
r
Naung Yin Aye
April 21 ·
ဘယ်လိုကြည့်ကြည့် .... ကျက်သရေရှိတဲ့ .... အမေ့သားကြီးတော် .... အမေတို့ တိုင်းပြည်ရောက်လာ .... အမေက မရမှာပဲ .....
ဟုတ်ဖူးလား .... ဟင် ... အမေတိုနဲ့တွေ့လို့ ... အမေတို့နယ်မြေထဲ ရောက်ခဲ့ရပြီ .. အမေတို့ ခေါ်လို့လည်း ရောက်ခဲ့ရပြီ ....
ပျော်မယ်ဟုတ်ဖူးလားဟေ့ ....
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်က သမ္မတထက် အာဏာပိုရှိနေ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်က သမ္မတထက် အာဏာပိုရှိနေကြောင်း မြန်မာနှင့် အသွင်တူသော အင်ဒိုနီးရှားနိုင်ငံနှင့် နှိုင်းယှဉ်ကာ ပညာရှင်တစ်ဦးသုံးသပ်
Created on Friday, 10 May 2013 00:36
၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တပ်မတော်၏ အခန်းကဏ္ဍမှာ အလွန်ကျယ်ပြန့်နေပြီး ကာကွယ်ရေး ဦးစီးချုပ်သည် သမ္မတထက် အာဏာပိုမို အသုံးပြုနိုင်ကြောင်းကို အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နှိုင်းယှဉ်ကာ National University of Singapore ဥပဒေရေးရာ ဌာနမှ DR.မစ်(စ)မယ်လီဆာက မေ ၉ ရက်တွင် မီကာဆာဟိုတယ်၌ ပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြောကြားခဲ့သည်။
မစ်(စ)မယ်လီဆာ ''တပ်မတော်ရဲ့ အခန်းကဏ္ဍကို လေ့လာတဲ့အခါမှာ ကျွန်မအနေနဲ့ မေးခွန်းလေးတွေကို မေးပါတယ်။ နံပါတ်(၁)အနေနဲ့ တပ်မတော်ကို ဘယ်အဖွဲ့အစည်းက ထိန်းချုပ်လဲ၊ (၂) တပ်မတော်နဲ့ ဥပဒေ ဘယ်သူက အထက်မှာ နေသလဲ၊ (၃) တပ်မတော်ရဲ့ အခန်းကဏ္ဍကို အခြေခံ ဥပဒေက ဘယ်လောက်အထိ ထိမ်းချုပ်ထားသလဲ။ ၂၀၀၈ အခြေခံ ဥပဒေရဲ့ အခန်း ၇ မှာ ကျွန်မတွေ့ရတာက တပ်မတော်ကို ကာကွယ်ရေး ဦးစီးချုပ်ကပဲ ထိန်းချုပ်တယ်၊ ကာကွယ်ရေး ဦးစီးချုပ်ကို ရွေးချယ်ရာမှာ ကာ/လုံက ရွေးချယ်တယ်၊ ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်အတွက် အချိန်အကန့်အသတ် မရှိဘူး။ အရည်အချင်း သတ်မှတ်ချက် မရှိဘူး။သူ့ကို ဒီနေရာကနေ ဖယ်ရှားဖို့ ဘယ်လိုနည်းဥပဒေနဲ့ ဆောင်ရွက်ရမယ်ဆိုတာလဲ အခြေခံဥပဒေမှာ မပါဝင်ဘူး'' ဟု မစ်(စ်)မယ်လီဆာက ပြောကြားခဲ့သည်။
ထို့နောက် မစ်(စ်) မယ်လီဆာက တပ်မတော်သည် လွတ်တော်၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိသင့်ပြီး တပ်မတော်သည် ဥပဒေပြုမှုတွင် မပါဝင်သင့်ကြောင်း အခြေခံဥပဒေတွင် တိကျစွာ ရေးဆွဲသင့်သည်ဟု အကြံပြု တင်ပြသွားခဲ့သည်။
ထို့နောက်ဆက်လက်၍ တပ်မတော်က တရားဝင် သတ်မှတ်ထားသော ဥပဒေနှင့် ပတ်သက်၍ အခွင့်အာဏာ အထူးမရှိစေရဟု အင်ဒိုနီးရှား ဥပဒေတွင် ဖော်ပြထားကြောင်းနှင့် စစ်ခုံရုံးနှင့် အရပ်ခုံရုံးတွင် အရပ်သားခုံရုံးက အာဏာပိုမို သက်ရောက်သည်ဟု ပြောသည်။ အင်ဒိုနီးရှားနိုင်ငံတွင် စစ်ခုံရုံးမှ ကြားနာသော အမှုကို တရားခံက သဘောမတူပါက ဗဟိုတရားရုံးသို့ အယူခံခွင့် ရှိသည်ဟု ပြောသည်။ ထိုအချက်ကိုလည်း အင်ဒိုနီးရှားနိုင်ငံတွင် ယခုအချိန်အထိ ငြင်းဆိုနေကြဆဲ ဖြစ်သည်ဟုလည်း သိရသည်။
မစ်(စ)မယ်လီဆာက နိုင်ငံတစ်နိုင်ငံတွင် စစ်တပ်၏ အခန်းကဏ္ဍမှာ အရေးကြီးသည်ကို သူသိရှိကြောင်း ပြော ကြားခဲ့ပြီး နိုင်ငံရေးတွင် စစ်တပ်၏ တိုက်ရိုက်ပါဝင်မှုက ထိုနိုင်ငံ၏ ဒီမိုကရေစီအား ထိခိုက်နိုင်ကြောင်းကိုလည်း ပြောကြားခဲ့...
လွတ်တော်တွင်း တပ်မတော်ပါဝင်မှု အခန်းကဏ္ဍကိုလည်း မစ်(စ)မယ်လီဆာက အင်ဒိုနီးရှားနိုင်ငံသည် မြန်မာပြည်ကဲ့သို့ နှစ်ပေါင်းများစွာ စစ်အာဏာရှင်တို့ လက်အောက်တွင် နေထိုင်ခဲ့ကြရသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို လွတ်တော်မှ ဖယ်ရှားနိုင်ခဲ့သည်။ ထို့အတူ ဖိလစ်ပိုင်တွင်လည်း တပ်မတော်သားများ နိုင်ငံရေး လှုပ်ရှားမှုကို တိုက်ရိုက်ပါဝင်ခွင့်အား အခြေခံဥပဒေတွင် ထည့်သွင်း တားမြစ်ထားသည်။ တပ်မတော်သည် အရပ်သားကိစ္စတွင်ပါဝင်ခွင့် မရှိစေရ၊ တပ်မတော်သားများသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရမည်ဟု အခြေခံဥပဒေတွင် ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မစ်(စ်)မယ်လီဆာက သမ္မတက နယ်စပ်ရေးရာ ၀န်ကြီးကို ခန့်အပ်ရန်အတွက် ကာ/ချုပ်၏ အကြံကို ယူရသည် ဆိုသည်မှာ လွှတ်တော်သည် ကာ/ချုပ် မပါ ပဲ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် မရှိကြောင်းကို ပြသနေသည်ဟုလည်း ဆိုသည်။
ထို့နောက် မစ်(စ)မယ်လီဆာက နိုင်ငံတစ်နိုင်ငံတွင် စစ်တပ်၏ အခန်းကဏ္ဍမှာ အရေးကြီးသည်ကို သူသိရှိကြောင်း ပြော ကြားခဲ့ပြီး နိုင်ငံရေးတွင် စစ်တပ်၏ တိုက်ရိုက်ပါဝင်မှုက ထိုနိုင်ငံ၏ ဒီမိုကရေစီအား ထိခိုက်နိုင်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
မယ်လီဆာခရောခ်ျသည် စင်ကာပူနိုင်ငံ NUS ဥပဒေရေးရာဌာနမှ ပါရဂူဘွဲ့ရ တစ်ဦးဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၊ လေဒန်မြို့ရှိ နိုင်ငံတကာ အာရှရေးရာ လေ့လာရေး တက္ကသိုလ်၌ ကျမ်းပြုခဲ့သည်။ ယင်းမတိုင်ခင် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းတက္ကသိုလ်၊ မဲလ်ဘုန်းဥပဒေကျောင်း၌ သုတေသနတစ်ရပ် ပြုလုပ်ခဲ့သေးသည်။ သူ၏ အဓိက သင်ကြားရေး နယ်ပယ်မှာ ပြည်သူ့ဥပဒေဖြစ်ပြီး အထူးသဖြင့် အုပ်ချုပ်ရေး ဥပဒေဖြစ်သည်။ သူသည် သြစတြေးလျနှင့် NUS တို့တွင် သင် ကြားပို့ချမှုများ ပြုလုပ်ပေးခဲ့သည်။
သူသည် ဆစ်ဒနီ ဥပဒေသုံးသပ်ချက်၊ အာရှရေးရာ လေ့လာရေး သုံးသပ်ချက်နှင့် ဥပဒေရေးရာ လေ့လာရေး စင်ကာပူဂျာနယ် ကဲ့သို့သော ဂျာနယ်များတွင် ဆောင်းပါးများကို ရေးသားခဲ့သည်။ မကြာခင် ထွက်ရှိလာမည့် သူ၏စာအုပ်မှာ အင်ဒိုနီးရှားမှ 'ဥပဒေနှင့် ဘာသာရေး-အနောက်ဂျာဗားမှ ယုံကြည်ချက်၊ ပဋိပက္ခနှင့် တရားရုံးများ' ဖြစ်သည်။ သူသည် သြစတြေးလျနိုင်ငံမှ အာရှရေးရာ ဥပဒေဂျာနယ်တွင် အယ်ဒီတာ တစ်ဦးဖြစ်ပြီး အင်ဒိုနီးရှားဥပဒေ၊ အစ္စလာမ်နှင့် လူ့အဖွဲ့အစည်းဌာန၊ မဲလ်ဘုန်းဥပဒေကျောင်း မဲလ်ဘုန်း တက္ကသိုလ်တို့တွင်လည်း အကြံပေးတစ်ဦးဖြစ်သည်။
http://weeklyeleven.com