Saturday, May 11, 2013

ကမ္ဘာ့ဘဏ် ဒေါ်လာသန်း ၄၀၀ ကျော် စတင်ထုတ်ချေး

ဘယ်ရောက်သွားမလဲမျက်ခြေမပြတ်စေနဲ့.....
-------------------------------------------
2013-05-09

မြန်မာနိုင်ငံကို နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေးလိုက်ပြီးနောက်ပိုင်း ကမ္ဘာ့ဘဏ်က နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၄၄၀ ထုတ်ချေးပေးလိုက်တယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ပြောလိုက်ပါတယ်။

နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့ဘဏ်အုပ်စုနဲ့ မြန်မာအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်တွေကို အခုလိုပြောကြားလိုက်တာပါ။

“ကမ္ဘာ့ဘဏ်အနေနဲ့ ဒေါ်လာသန်း ၄၄၀ အတိုးနှုန်းသက်သာစွာနဲ့ ချေးပေးလိုက်တယ်၊ ဒို့အကြွေးကလည်း သန်း ၄ဝဝ လောက်ရှိတယ်၊ အကြွေးလေး ခုနှိမ်သွားတာပေါ့၊ အကြွေးအသစ်စတာပါ”

လာမယ့်နှစ်မှာလည်း ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၇၀၀ လောက် ထပ်မံချေးပေးနိုင်လိမ့်မယ်လို့ ထင်မြင်ကြောင်း ၀န်ကြီး ဦးစိုးသိန်းက ပြောပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၈၀ အကူအညီပေးခဲ့ကြောင်းလည်းပြောပါတယ်။

ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးစတဲ့ စီမံကိန်းတွေကို အစိုးရနဲ့ပူးပေါင်းပြီး ကူညီသွားမယ်လို့သိရပါတယ်။
http://www.rfa.org/burmese/news/worldbank-provides-loan-myanmar-05092013125542.html

အင်အားပြင်းမုန်တိုင်း ရခိုင်မောင်တောဒေသကို ၀င်ရောက်ဖွယ်ရှိ

အိုဝမ်းဘီ(01B)အမည်ရှိ အင်အားပြင်းတဲ့ မုန်တိုင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ကို ၀င်ရောက်တိုက်ခတ်ဖွယ်ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ မြန်မာနိုင်ငံ မိုးလေ၀သဦးစီးဌာနက ဒီကနေ့ညနေပိုင်းမှာ အသိပေးကြေညာထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းအခြေအနေနဲ့ ပတ်သက်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က RFA ကို အခုလိုပြောပါတယ်။

"နည်းနည်းပိုပြီးတော့ အားကောင်းလာတဲ့ပုံစံတွေ့ရတယ်၊ လေတိုက်နှုန်းကတော့ တအားကြီးတော့မဟုတ်ဘူး၊ မုန်တိုင်းအတွင်းမှာ တိုက်တဲ့လေကတော့ ၅ဝ၊ ၅၅ မိုင်နဲ့ ၁ နာရီ အဲလောက်ပဲရှိတယ်၊ တစ်ခုပဲပြောင်းသွားတယ်၊ နောက်ဆုံးခန့်မှန်းတာကတော့ မုန်တိုင်းဝင်မယ့်နေရာဟာ ဘင်္ဂလားဒေ့ရှ်ထဲဝင်မယ်၊ အစပ်ကနေ ဘင်္ဂလားဒေ့ရှ်ထဲနည်းနည်းပါတယ်ပေါ့၊ မုန်တိုင်းရဲ့ညာဘက်ခြမ်းကတော့ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ် တစ်ခုလုံးမှာတော့ လူထိခိုက်နိုင်တယ်ပေါ့၊ အဲဒီအတိုင်းသွားမယ်ဆိုရင် သူဝင်မယ့်အချိန်မှာ လေတိုက်နှုန်းက ၁ဝ၅ မိုင်လောက်ရှိနိုင်မယ် မှန်းထားတာပေါ့နော်၊ အဲဒီလောက်ဆိုရင် အပျက်အစီးတွေရှိနိုင်တယ်ပေါ့၊ ရေဒဏ် မိုးဒဏ် လေဒဏ်တွေ ကြုံတွေ့နိုင်တယ်ပေါ့၊ မောင်တောကတော့ သေချာပေါက်ပါမှာပေါ့၊ မောင်တောရဲ့အောက်ဘက် ကမ်းခြေတစ်လျှောက်ပေါ့၊ မိုင် ၁ဝဝ၊ ၁၅ဝ အတွင်းမှာတော့ မိုင်တိုင်းရဲ့အကျိုးအာနိသင်ရှိနိုင်တယ်လို့တော့ ပြောလို့ရပါတယ်၊ ဒါကဘာနဲ့သွားတူသလဲဆိုတော့ ၁၉၉၄ တုန်းကဖြစ်ခဲ့တဲ့ မောင်တောမုန်တိုင်းနဲ့ သဘောသဘာဝသွားတူနေတယ်၊ ဒီကြားထဲမှာ အပြောင်းအလဲတွေဆိုတာ အမြဲရှိနိုင်တယ်၊ နောက်ပြီးတော့ အပြောင်းအလဲရှိတိုင်းလည်း ကျနော်ကတော့ တင်ပေးနေမှာပဲ၊ အဲဒါကို ဒေသခံတွေကလည်း ဒါလေးကို အမြဲတမ်းနားစွင့်နေဖို့လိုပါတယ်ပေါ့၊ နောက်မြန်မာ့ကမ်းရိုးတန်းမှာ အားလုံးနဲ့ပြောရရင် တနင်္သာရီကမ်းရိုးတန်း အန္တရာယ်မရှိပါ၊ မွန်ကမ်းရိုးတန်း အန္တရာယ်မရှိပါ၊ နောက်မြစ်ဝကျွန်းပေါ် အန္တရာယ်အလွန်နည်းပါတယ်၊ ရခိုင်တောင်ပိုင်းကတော့ အန္တရာယ်အနည်းငယ်ရှိနိုင်တယ်၊ မြောက်ပိုင်းကတော့ လောလောဆယ် အန္တရာယ်အရှိဆုံးဒေသအဖြစ် သတ်မှတ်ပါတယ်၊

JTWC အဖွဲ့က ခန့်မှန်းထားတာကတော့ အဲဒီဝင်တဲ့အချိန်မှာ လေတိုက်နှုန်းက မိုင် ၁ဝဝ အထက်မှာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်၊ အားကောင်းတယ်ခေါ်ရမှာပေါ့၊ မိုင် ၁ဝဝ အထက်ဆိုတာ နည်းတဲ့ဟာမှမဟုတ်ပဲ၊ တကယ်လို့သာ အဲဒီလောက်တိုက်မယ်ဆိုရင် ပင်လယ်ကလှိုင်းကတော့ မတရားကြမ်းမှာပေါ့၊ အဲ့ဒီအချိန်မှာ ပင်လယ်ထဲမှာတော့ လူမရှိတာ၊ လှေတွေဘာတွေမရှိတာ အကောင်းဆုံးပဲပေါ့၊ အဲဒါခန့်မှန်းထားတဲ့အတိုင်းဖြစ်ခဲ့ရင် ပြောတာပေါ့နော်၊ ကြိုပြောပြတာ၊ ကြားမှာအပြောင်းအလဲတွေရှိရင် ရှိသလိုတော့ ပြောင်းပြောရမှာပေါ့၊ ဒါပေမယ့် လောလောဆယ်ခန့်မှန်းထားတဲ့ အင်အားနဲ့သာဝင်မယ်ဆိုရင် လှိုင်းကြီးမယ်၊ မိုးတွေရွာမယ်၊ ရေတွေတက်မယ်၊ ရေကလည်းအနည်းဆုံး အခုအတိုင်းဆိုရင်တော့ ငါးပေလောက်ပေါ့၊ တကယ်လို့ ၁၂ဝ ကျော်လောက်တိုက်မယ်ဆိုရင်တော့ ၁၂ ပေလောက်အထိ တက်နိုင်တယ်ဗျာ၊ လောလောဆယ် မုန်တိုင်းနာမည်ကိုတော့ 01B လို့ မှည့်ခေါ်ထားပါတယ်၊

မောင်တောဝင်သွားရင်တော့ ချင်းရောက်သွားမှာပေါ့၊ နောက် စစ်ကိုင်းအထက်တို့ အဲဒီဘက်အတွင်းဘက် ရောက်သွားနိုင်တာပေါ့၊ အလယ်ပိုင်းကဒေသတွေကတော့ လွန်ရောကျွံရောဖြစ်ရင်တော့ သူ့အရှိန်နဲ့မိုးရွာတာ၊ အိမ်တွေပျက်တာလောက်တော့ဖြစ်နိုင်တယ်ထင်ပါတယ်၊

မုန်တိုင်းဝင်နိုင်မယ့်ဒေသက ပြည်သူတွေအနေနဲ့ ပထမဦးဆုံးပြင်ဆင်ရမှာကတော့ မုန်တိုင်းသတင်းကို အမြဲနားထောင်ဖြစ်ဖို့ပဲ၊ နားထောင်ခြင်းအားဖြင့် ကိုယ့်ဘက်မှာ ဘယ်လောက်အရေးကြီးတယ်ဆိုတာသိရမယ်၊ နံပါတ် ၂ က မုန်တိုင်းဝင်မယ့်ဒေသ ခုနကပြောတဲ့ မောင်တောတို့ဘာတို့မှာ မုန်တိုင်းဆိုတာ အန္တရာယ်သုံးမျိုးရှိတယ်၊ လေပြင်းတိုက်မယ်၊ မိုးရွာမယ်၊ ပင်လယ်ရေလှိုင်းတွေတက်မယ်၊ နောက်လေပြင်းက အခု ၈ဝ၊ ၁ဝဝ ထားပါတော့တိုက်ရင် အိမ်တွေ၊ သစ်ပင်တွေ၊ ဓာတ်တိုင်တွေပြိုမယ်၊ မိုးတွေလာမယ်၊ ပင်လယ်မှာလှိုင်းက အနည်းဆုံးပေ ၂၅၊ ၃ဝ လောက်ရှိမယ်၊ အဲဒီ့အန္တရာယ်ကိုသိရင် ရေလုပ်သားတွေက ဒါကိုကြိုပြင်ရမှာပေါ့၊ သဘောင်္တွေဘာတွေဆိုရင် ကမ်းနဲ့ဝေးရာကို မသွားသင့်ဘူးပေါ့၊ ဒါကလှိုင်းနဲ့ လေနဲ့ပတ်သက်လို့ မိုးကတော့ အထူးပြောစရာမလိုဘူး၊ ဒီဒေသက မိုးများနေကျဒေသဆိုတော့ သူတို့အတွေ့အကြုံရှိမှာပါ၊ ပင်လယ်ဒီရေလှိုင်းတက်လာရင်တော့ ခုနကပြောသလိုပဲ အားကောင်းရင်ကောင်းသလို အန္တရာယ်ကြီးတဲ့အတွက်ကြောင့် ကိုယ်နေတဲ့ဒေသဟာ ရေတက်နိုင်တဲ့ဒေသဆိုရင်တော့ ဒီအိမ်ထဲမှာနေရုံလောက်နဲ့တော့ မလုံခြုံဘူး၊ အဲတော့ ဘေးကင်းရာအရပ်၊ ကုန်းမြင့်ရှိရာအရပ်ကိုသာ ပြောင်းနေဖို့လိုတယ်ဆိုတာလေးတော့ ကြိုသိထားဖို့လိုပါတယ်ဗျာ"

မောင်တောဒေသကို မုန်တိုင်းတိုက်ခတ်မှာ ဖြစ်ကြောင်းကို မေလ ၁၁ ရက်နေ့လယ်ကစပြီး၊မြို့နဲ့အနီးအနားက ကျေးရွာတွေကို လှည့်လည် အကြောင်းကြားတာတွေရှိတယ်လို့ မောင်တောမြို့ခံတွေက RFA ကိုပြောပါတယ်။

အင်အားပြင်း မဟာဆင် မုန်တိုင်းဒဏ်ကို ရှောင်ရှားနိုင်ဖို့အတွက် မောင်တောခရိုင် အုပ်ချုပ်ရေးမှုးရုံး အစီအစဉ်နဲ့ မောင်တောဒေသက သရေကုန်းဘောင်၊ခရေမြိုင်စတဲ့ ကျေးရွာတွေကို မနက်ဖြန်ကစပြီး မေယုတောင်ခြေကို ရွှေ့ပြောင်းဖို့ ရှိပါတယ်။

Photo: အင်အားပြင်းမုန်တိုင်း ရခိုင်မောင်တောဒေသကို ၀င်ရောက်ဖွယ်ရှိ

ရခိုင် ဆိုင်ကလုန်း အန္တရာယ် သတိပေး

http://burmese.voanews.com
ွှTropical storm "One"Tropical storm "One မဆုမွန် 11.05.2013
One လို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းလမ်းကြောင်းဟာ  မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဦးတည်လာနေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဝင်နိုင်ခြေရှိပါတယ်။ ရခိုင်ဒေသခံပြည်သူတွေအနေနဲ့ မုန်တိုင်း ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင် ထားပြီး ရေဒီယိုကနေ တဆင့်နိုးဆော်ချက်တွေကို နားစွင့်ပြီး သတိအနေအထားနဲ့ အသင့်ရှိနေကြပါလို့  ဒေသခံအာဏာပိုင်တွေနဲ့ မိုးလေဝသပညာရှင်တွေဘက်က အဆက်မပြတ် နိုးဆော်မှုတွေ လုပ်ဆောင်နေပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးပါမယ်။

အခု မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို ဦးတည်လာနေတဲ့ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း One ရဲ့ လမ်းကြောင်းဟာ ရခိုင်ကမ်းရိုးတန်းကိုရော ကုန်းတွင်းပိုင်းကိုပါ ဦးတည်ပြီးတော့ ဝင်ရောက်တိုက်ခတ် လာနိုင်ခြေရှိတဲ့ အတွက် ဒေသခံပြည်သူတွေအနေနဲ့ သတိအနေအထားမှာ အသင့်ရှိနေကြပါလို့  ဒေသတွင်းမှာ အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေဘက်က မုန်တိုင်း သတိပေးနိုးဆော်ချက်တွေနဲ့ အဆက်မပြတ် ဆော်သြပေးနေကြပါတယ်။

ရေဒီယိုကနေတဆင့်လည်း အချိန်နဲ့တပြေးညီ မုန်တိုင်း သတိပေး နိုးဆော်ချက်တွေ ကို တောက်လျောက် သတိပေးနေတဲ့ အတွက် ပြည်တွင်းရေဒီယိုဖြစ်တဲ့ ပဉ္စဝတီ FM ရေဒီယို ထုတ်လွှင့်ပေးနေတဲ့ မုန်တိုင်းသတိပေးချက်တွေကို မပြတ် စောင့်ကြည့် နားစွင့်ထားကြပါလို့လည်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

“ကြိုတင်ပြီး ကာကွယ်လို့ရအောင် လိုက်ပြီးဆော်သြနေပါတယ်။ ကျနော်တို့ ရေဒီယို အမြဲတမ်း နားထောင်မှ ရမှာလေ။ ပြည်သူတွေကိုလည်း ပြောပြီးသား၊ ကျနော်တို့  ပဉ္စဝတီကနေ နာရီဝက် တစ်ကြိမ် လွှင့်ပါတယ်။ အဲ့တာကို နားထောင်ပြီးတော့ ကြိုတင်ပြင်ဆင်ဖို့ပြောထားပြီးသား၊ မုန်တိုင်းရဲ့ ဘေးလွတ်တဲ့နေရာတို့၊ နောက် ကျနော်တို့ ကြိုတင် ဇာတ်တိုက်လေ့ကျင့်ထားတဲ့အတိုင်း အရေးကြီးတဲ့ပစ္စည်းတွေ သိမ်းဖို့၊ အဲ့တာတွေ ကိုယ်နဲ့မကွာဖို့ ၊ စားနပ်ရိက္ခာတွေသယ်ဖို့ ကျနော်တို့ ဇာတ်တိုက်တဲ့အထဲမှာ ပါပါတယ်။ အဲ့ဒီ့အတိုင်း ကြိုတင်ဆောင်ရွက်ထားဖို့ လိုက်ပြီးဆော်သြနေပါတယ်။ အဓိကအချက်ကတော့ ကမ်းဝေးမှာသွားတဲ့လှေတွေ၊ မုန်တိုင်းခိုတဲ့နေရာ၊ သတ်မှတ်ထားတဲ့နေရာတွေကို ပြန်ဝင်ဖို့ ၊ နောက် အရေးကြီးတဲ့ပစ္စည်းတွေကို ကိုယ်ရေရှောင်တဲ့နေရာ၊မုန်တိုင်းရှောင်တဲ့နေရာကို တပါတည်းယူဆောင်သွားဖို့ အဲ့တာလေးတွေ ကျနော်ပြောချင်ပါတယ်။”

တစ်နာရီကို မိုင် ၁၀၀ကျော်နှုန်းနဲ့ တိုက်ခတ်မယ့် ပြင်းအားကြီး ဆိုင်ကလုန်းဖြစ်တဲ့ အတွက် မုန်တိုင်းတိုက်ခတ်ချိန်မှာ မိုးကြီး လေထန်ပြီး မြစ်ရေလျှံနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် မုန်တိုင်းတိုက်နေတဲ့ အချိန်မှာ ဒေသခံတွေအနေနဲ့ လုံခြုံတဲ့နေရာ ဘေးလွတ်ရာ နေရာတွေကို ရှောင်ရှားပြီး နေထိုင်ကြဖို့ကိုလည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်ကပြောပါတယ်။

“မိုင်တစ်ရာကျော်ဆိုတာ အန္တရာယ်ရှိတဲ့အဆင့်ပဲလေ။ တစ်ရာကျော်တိုက်ရင် အနည်းဆုံး ရေက လေး၊ ငါးပေ တက်မှာပဲ၊ မုန်တိုင်း ခန့်မှန်းထားတဲ့အတိုင်း အဲ့ဒီ့နေ့မှာ အဲ့ဒီ့ကို ရောက်ပြီဆိုတာ ဒါတော့ သတင်းကို  အပ်ဒိပ်လုပ်ဖို့ လိုတာပေါ့နော်။ အပြောင်းအလဲရှိချင်လည်း ရှိမှာပေါ့။ ဒါတော့ ကျနော်တို့လည်း အာမ မခံနိုင်ဘူး။ သို့သော် လောလောဆယ်တော့ ဒီကိုသွားမယ် မှန်းထားတယ်။ တကယ်လို့ အဲ့ဒီ့အတိုင်း မှန်းထားတဲ့အတိုင်း၊ အဲ့ဒီ့အချိန်မှာ လေဟာ တစ်ရာ၊ တစ်ရာ့ငါးမိုင်လောက် တိုက်နေမယ်ဆိုရင် လှိုင်းကြီးနိုင်တယ်၊ အဲ့တာကြောင့် ပင်လယ်ပြင်သွားလာတဲ့ခရီးကို ရှောင်ရင်ကောင်းတယ်၊ ဟုတ်လား၊ သင်္ဘောငယ်လေးတွေဆို ကမ်းက အဝေးကြီး မသွားပါနဲ့။ နောက်ပြီးတော့ လေပြင်းတိုက်တဲ့အတွက် အိမ်တွေ၊ ဓာတ်တိုင်တွေ၊ သစ်ပင်တွေ၊ လဲနိုင် ပြိုနိုင်တယ်။

နောက်ပြီးတော့ တခါ အနိမ့်ပိုင်းမှာနေရင် ရေတက်တဲ့အန္တရာယ်ကို သတိထားမယ်။ အရင်တုန်းက ကိုယ့်အိမ်ထဲမှာ ကိုယ်နေရင် လုံခြုံပြီလို့ထင်ကြတယ်။ မဟုတ်ဘူး မုန်တိုင်း ဒီရေဆိုတာ ပင်လယ်ထဲက ရေတွေ ကမ်းပေါ်အထိ တက်လာတာ ကမ်းပေါ်အထိ တက်လာတာ၊ အဲ့တော့ တကယ်ရေတက်မယ်ဆိုရင် လွတ်ရာကင်းရာ ပြောင်းဖို့လိုတယ်။ ဒါတွေတော့ ကျနော်ပြောနေတာပဲဗျ။”

ရခိုင်ဘက်မှာ မုန်တိုင်းဘေး မကြာခဏဖြစ်လေ့ရှိတဲ့အတွက် ရခိုင်ဒေသခံတွေအနေနဲ့ မုန်တိုင်းဘေးနဲ့ ပတ်သက်ပြီးတော့ သတိထားရမယ့် အချက်တွေကို သိထားကြတယ် ဆိုပေမယ့် အခုတိုက်ခတ်လာနိုင်တဲ့ မုန်တိုင်းဟာ အန္တရယ်များတဲ့ အဆင့်ဖြစ်တာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့  တာဝန်ရှိသူတွေက ရေဒီယိုကနေ အဆက်မပြတ် ထုတ်လွှင့် ကြေညာပေးနေတဲ့ မုန်တိုင်း သတိပေးနိုးဆော်ချက်တွေကို နားထောင်ပြီးတော့ ကြိုတင်ပြင်ဆင် ထားသင့်တာတွေကို လုပ်ဆောင်ထားကြပါလို့ ရခိုင်သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ထပ်ပြီးတော့ သတိပေးပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ တစ်နာရီကို ၁၀၅ မိုင်နှုန်းနဲ့ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်နဲ့ ရခိုင်ကမ်းရိုးတမ်းမြောက်ပိုင်း တလျောက်ကို ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိတဲ့အတွက် ရေလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊ လှေတွေ၊ နောက် ခရီးသည်တင် သင်္ဘောတွေ  အထူးသတိထားပြီး မုန်တိုင်း ရှောင်ရှားကြဖို့ကိုလည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးပြောဆိုပါတယ်။

အခုလို တာဝန်ရှိသူတွေဘက်က ဒေသခံတွေအတွက် ONE ဆိုင်ကလုန်းမုန်တိုင်း တိုက်လာရင် ဖြစ်လာနိုင်ခြေ ရှိလာတာတွေအတွက် မုန်တိုင်းသတိပေးချက်တွေကို အဆက်မပြတ် ဆော်သြ နိုးဆော်မှုတွေ လုပ်ဆောင်နေသလိုပဲ ဒေသခံ အဖွဲ့အစည်းတွေ၊ ကျမ်းမာရေးအဖွဲ့တွေ၊ လူမူရေးအဖွဲ့အစည်း၊ NGO တွေနဲ့ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်လို့ ရခိုင်သတင်းပြန်ကြားရေး အဖွဲ့ကလည်း ဆိုပါတယ်။

“ ကျနော်တို့အစိုးရအဖွဲ့ကတော့ ဘာလုပ်ရမယ်ဆိုတာ ကျနော်တို့ပြင်ဆင်ထားတဲ့ အပိုင်းအတိုင်း ပြင်ထားပါတယ်။ အဓိကကတော့ ပြည်သူတွေအပိုင်းက ပိုအဓိကကျတယ်။ အစိုးရအနေနဲ့ ဘာဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတဲ့အချက်လေးတွေ၊ ကြက်ခြေနီအဖွဲ့တို့ လူမှုရေးအဖွဲ့တွေ ဘာတွေ အကုန်လုံးက ကြိုတင်လုပ်ထားပြီးသားပါ ခင်ဗျ။”

အခု အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပိုမို အားကောင်းလာနေပြီးတော့ ဘင်္ဂလားပင်လယ်အော် ကို ဖြတ်ပြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ခြမ်းဒေသတွေကို အင်အားပြင်းမုန်တိုင်းတခုအဖြစ် ဒီရက်ပိုင်းအတွင်းမှာပဲ ၀င်ရောက်လာနိုင်တဲ့အကြောင်း အမေရိကန် လေတပ်နဲ့ရေတပ်ပူးတွဲ မုန်တိုင်းစောင့်ကြည့် သတိပေးဌာန (JTWC) က မိုးလေ၀သပညာရှင်တွေကလည်း သတိပေးထားတာပါ။

အဲဒီဒေသတွေကို မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ တစ်နာရီကို မိုင် ၁၀၀ ကျော်နှုန်းနဲ့၊ ဆိုင်ကလုန်း မုန်တိုင်းအဆင့် သတ်မှတ်ချက်အရတော့ အဆင့် ၂ အနေအထားနဲ့ ၀င်ရောက် တိုက်ခတ်လာနိုင်တယ်လို့ သတိပေးပြောဆိုနေတာဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း One ဟာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ကမ်းရိုးတန်းဒေသတွေကို မေလ ၁၄ ရက်မနက်၂ နာရီဝန်းကျင်လောက်မှာ ဖြတ်ပြီး၊ ကုန်းတွင်းပိုင်းအထိ ဖြတ်ကျော် ၀င်ရောက်နိုင်ဖွယ် ရှိတယ်လို့ JTWC ရဲ့ မိုးလေ၀သ စောင့်ကြည့် ခန့်မှန်းချက်တွေမှာ ဖော်ပြထားပါတယ်။

လေပြင်းမုန်တိုင်းနဲ့အတူ နောက်ဆက်တွဲ မိုးအကြီးအကျယ်ရွာသွန်းမှုတွေ နဲ့ ရေကြီးရေလျှံမှုတွေလည်း ဖြစ်လာနိုင်တာကြောင့်၊ ဒေသတွင်းက အဆောက်အဦးတွေ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးနိုင်ပြီး လူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ဖြစ်တယ်လို့လည်း မုန်တိုင်း သတိပေးဌာနက ပြောဆိုထားပါတယ်။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ၆ ပေထက်မနည်း လှိုင်းကြီးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ အနေနဲ့ ဒီမုန်တိုင်း သတိပေးချက်တွေကို နားစွင့်ပြီး သတိထားနေသင့်တယ်လို့ အမေရိကန် အာကာသစူးစမ်းလေ့လာရေးဌာန NASA ကလည်း သတိပေးထားပါတယ်။

ဖူးဖူး လေးဟာပုံမှန်အနေအထား ကိုရောက်ဖို့ အချိန်အများ ကြီးလိုအပ်အုးံမှာပါ

Nang Khin Zay Yar
၃ နှစ်အရွယ် သမီးလေး ဖူးဖူးဟာ အခု လက်ရှိ အရိုးဆေးရုံမှာပါ .. သမီးလေး ဖူးဖူးဟာ တစ်ကိုယ်လုးံ မီးလောင်ခံထား ရပြီး မျက်စိနှစ်ဘက် /ပါးစပ်တွေပိတ် လို့မရ အောင်ဝေဒနာခံစား နေရပါတယ်... တစ်ချို့လက်ချောင်းလေးတွေလည်း မရှိတော့တာ စိတ်မကောင်းစွာတွေ့ခဲ့ရ ပါတယ် ... အသက်အန္တယ်မရှိတော့ ပေမဲ့ သမီးေ လးဖူးဖူးဟာ နန်းခင် အရိုးဆေးရုံ ရောက်သွာရတဲ့အချိန်မှာ သမီးလေးဟာ တစ်ကိုယ်လုံး မီးလောင်ခံထား လို့ နာကျင်ပြီး ရာသီဥတုပြင်း မှုကြောင့် ကြမ်းပြင်ပေါ်မှာ ဖျာကလေးနဲ့အိပ် နေ တာ တွေ့ခဲ့ရပါတယ်... ဖူးဖူးလေးကို မြင်လိုက်တဲ့အခါမှာ သမီးလေးဟာ အရမ်းသနားစရာကောင်းပြီး စကားတောင်မပြောနိုင်ခဲ့ပါဘူး .... ဒါပေ မဲ့ဖူးဖူးလေး ဟာ သူ့ပါးစပ်နာနေ ပေမဲ့ နန်းခင်ကို စပြီး မမ တဲ့ .... နန်းခင်ရဲ့မဂ္ဂဇင်း စာအုပ်ပြလိုက်တဲ့ အချိန်မှာ လှလှတဲ့ ... သမီးလေးမှာ စကားအရမ်း ပြောချင်နေပေမဲ့ ကံကြမ္မာရယ် ....
ဒီညမှာဘဲ ဆရာမနဲ့တွေပြီး စကားပြောလိုက်တဲ့အခါ ဖူးဖူး လေးဟာပုံမှန်အနေအထား ကိုရောက်ဖို့ အချိန်အများ ကြီးလိုအပ်အုးံမှာပါ ... ရောဂါပိုး မဝင်အောင် သီးသန့် Air con အခန်းမှာတက်ရောက်ခွင့်ရအောင် ပထမ ဆုံးစီစဉ်ပေးပါမယ် နောက်နေ့တွင် ဆရာဝန် ကြီးများနှင့်ဆွေးနွေးပြီး လိုအပ်သည် များအား ဆက်လက် လုပ်ဆောင် ပေး သွားပါမည်...

Aung Kywe Moe အမေလုပ်သူကသူအပြင်သွားတော့ဖရောင်းတိုင်ထွန်းခဲ့တာဖရောင်းတိုင်ကနေ ခြင်ထောင်ကိုမီးလောင်ပီး ကလေးကထွက်မရတော့ မီးရှိ့ ခံလိုက်ရသလိုဖြစ်သွားတာ

MAHASEN မုန်တိုင်းမြန်မာနိုင်ငံသို့ ထိတွေ့မှုဖြစ်မည့်အချိန်

Khaing Linn's photo.
MAHASEN မုန်တိုင်းမြန်မာနိုင်ငံသို့ ထိတွေ့မှုဖြစ်မည့်အချိန်

(၁) မြန်မာစံတော်ချိန် မေလ ၁၂ရက်၊ ညနေ (၆)နာရီတွင်

ပထမအဆင့် ထိတွေ့မှု ( ၁နာရီ ၇၄မိုင်မှ ၉၅ မိုင်နှုန်း)

(၂) မြန်မာစံတော်ချိန် မေလ ၁၃ရက်၊ နံနက် (၆)နာရီမှ ညနေ

(၆)နာရီအတွင်း (၁နာရီ ၉၅မိုင်မှ ၁၀၅ မိုင်နှုန်း)
ကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် (၅-၇) ပေခန့်

မနက်ဖြန် (တနင်္ဂနွေနေ့၊ မေလ ၁၂ ရက် ၂၀၁၃ ခုနှစ်) မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ပထမတန်းအဆင့် (တစ်နာရီ ၇၄ မိုင်နှုန်း မှ ၉၅ မိုင်နှုန်းထိ) ပြင်းအားရှိတဲ့ မုန်တိုင်းတစ်လုံး အဖြစ် ပြောင်းလဲသွားပြီး အထက်ဖော်ပြပါ နေရာများသို့ လာမယ့် တနင်္လာနေ့ (မေလ ၁၃ ရက် ၂၀၁၃ ခုနှစ်) နံနက် ၆ နာရီ မှ ညနေ ၆ နာရီအတွင်း ဖြတ်သန်းနိုင်ပါတယ်။

ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်နှင့် အချိန်မရွေး ပြောင်းလဲလာနိုင်မှု အပေါ်ါ် မပေါ့ဆကြရန် ဒေသခံများအရောက် အတတ်နိုင်ဆုံး သတင်းပေးပို့ကြပါ။

Arakanese Meeting Point

Posted From Share Arakan News

01B23 ဆိုင်ကလုန်းမုန်တိုင်း Upcate News by Dr Tun Lwin

01B23 ဆိုင်ကလုန်းမုန်တိုင်းဟာ ဆက်လက်အားကောင်းနေပါတယ်။ ပထမပိုင်းမှာ မြန်မာနိုင်ငံ ရှိရာ အရှေ့မြောက်ဖက်ကို ဦးတည်ရွေ့လာနေတဲ့ အတွက် မြန်မာ့ကမ်းရိုးတန်းအတွက် urgency and emergency လုပ်ငန်းတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ရပါတယ်။

အခုတော့ မြန်မာနိုင်ငံနဲ့ဝေးရာ အနောက်မြောက်-မြောက်အနောက် ယွန်းယွန်းကို ဦးတည်ရွေ့နေ ပါပြီ။

ဒါပေမယ့်လည်း ဒါဟာ မေလ(၁၂)ရက်(တနင်္ဂနွေနေ့) နေ့လည်ပိုင်းလောက်အထိသာ သွားမှာ ဖြစ်ပါတယ် အဲဒီနောက်မှာတော့ အရှေ့မြောက်ဖက်ကိုြုပန် လည်ကွေ့ပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကမ်းခြေကို ဦးတည်ရွေ့ ပါလိမ့်မယ်။

မေလ(၁၅)ရက်နေ့ ညနေပိုင်းမှာ မောင်တော(မြန်မာနိုင်ငံ) နဲ့ စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်နိုင်ငံ) မြို့များကြားက ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက် လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဖြတ်ကျော်စဉ်မှာ အင်အား ဆိုင်ကလုန်းမုန်တိုင်းအဆင့် နဲ့ ၀င်ရောက်မှာ ဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီ (၉၅-၁၀၅) မိုင် နှုန်းလောက်ရှိတဲ့ လေများတိုက်နိုင် ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် (၅-၇) ပေခန့် တက်နိုင်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)

ရိုဟင်ဂျာဆိုတာ ဦးရာရှစ်ပေးတဲ့နာမည်(သခင်ချန်ထွန်း)

ပုဂံပြည် မှ သူရဲကောင်း's photo.
ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကို ဦးရာရှစ်က စပေးခဲ့တာ လို့ အသက် ၉၂ နှစ်အရွယ် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း က ဒီဗွီဘီနဲ့  အင်တာဗျူးမှာ ဖြေကြားထားပါတယ်။အစအဆုံး ဖတ်ကြည့်ပါ။
ရိုဟင်ဂျာဆိုတာ ဦးရာရှစ်ပေးတဲ့နာမည်(သခင်ချန်ထွန်း)
===============================
Tuesday, November 6, 2012 ၌ ရခိုင်ပြည်နယ်က ပဋိပက္ခအခြေအနေနဲ့ စပ်လျဉ်းလို့ သခင်ချန်ထွန်းကို မေးမြန်းထားချက်များကို ဗဟုသုတအနေနဲ့ ပြန်မျှဝေပေးလိုက်ပါသည်။

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်တပ် ထားသင့်တယ်
- သခင်ချန်ထွန်း

ရခိုင်ပြည်နယ်ပဋိပက္ခမှာ အစိုးရက လုံခြုံရေး တိုးမြှင့် ချထားပြီး ထိန်းချုပ်နေတာကို ထောက် ခံတဲ့ အကြောင်း နဲ့ နယ်ခြားစောင့်တပ်တတပ် ချထား အကောင်အထည်ဖော်သင့်တဲ့အကြောင်း အသက် ၉၂ နှစ်အရွယ် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန် ထွန်း က ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က ပဋိပက္ခအခြေအနေနဲ့ စပ်လျဉ်းလို့ သခင်ချန်ထွန်းကို မေးမြန်းထားပါတယ်။

DVB==>ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကစဖြစ်တဲ့၊ အခု အောက်တိုဘာမှာလည်း တကျော့ပြန်ဖြစ်တာမှာ ၁၅၀ ကျော်လောက် သေဆုံးပြီး ၁ သိန်းကျော်လောက် ရွှေ့ပြောင်းနေထိုင်ရတာ ဘဘတို့လည်း ကြားရ မှာပေါ့။ သက်ကြီးဝါကြီး နိုင်ငံရေးသမားတွေရဲ့အမြင်၊ အတွေ့အကြုံအရ ဒီပြဿ နာတွေ ငြိမ်းအေး သွားအောင် ဘာတွေလုပ်သင့်တယ်လို့ ဘဘတို့ အကြံပြုချင်ပါလဲ။

သခင်ချန်ထွန်း==>“ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ဆုတ်ခွာတော့ အင်္ဂလိပ်၊ အမေရိကန်တပ်တွေက နောက် ကလိုက် တိုက်တော့ ဘင်္ဂလားဒေ့ရှ်ပေါ့၊ ဟိုတုန်းကတော့ အိန္ဒိယနယ်ထဲပေါ့။ အဲက ဘင်္ဂါလီတွေက ဒီဘက်လိုက် လာပြီး ရခိုင်တွေဘာတွေ ရိုက်နှက်ပြီးတော့ နေရာယူကြတာရှိခဲ့တယ်လေ။ ဒါက ၁၉၄၃-၄၄ လောက်က။ အဲဘက်မှာရှိတဲ့ ခေါ်တောတွေက သင်္ဘောမောင်း၊ ဘာမောင်းဆိုတော့ ခေါ်တောပဲခေါ်တာပေါ့။

သူတို့တွေက ဟိုဘက်မှာ ဆင်းရဲကျပ်တည်းတယ်ဆိုတော့ ဒီဘက် မှာချောင်လည်တော့ ဒီဘက်ကို ကူးချင် တာပဲ။ ဒီဘက်ကလည်း သူတို့ကို အမျိုးသားမှတ်ပုံတင်တို့ ဘာတို့လုပ်မပေးဘူးကြားတယ်၊ ဒါကလည်း အစိုးရ မူဝါဒအတိုင်းပေါ့။ သူတို့က ဒီနိုင်ငံသားမဟုတ်တဲ့အတွက်။ အခုက ဟိုကနေ လာတာမှာ စစ်တပ် ကနေ စောင့်ရှောက်ထိန်းသိမ်းနေတယ်ဆိုတာက မှန်ကန် တဲ့အလုပ်လို့ မြင်ပါတယ်။ ဒါက ထိန်းရမှာပဲ။ သူတို့ကလည်း ဟိုဘက် က ဆင်းရဲကျပ်တည်းနေတယ်၊ လူကလည်း သိပ်များတော့ ဒီဘက်လာချင်တာပဲ။ ဒီဘက်ကျတော့လည်း ရခိုင်လူမျိုးက လူနည်း စုဖြစ်နေတော့ လူနည်းစုကို လူများစု အနိုင်ကျင့်ချင် တာပေါ့လေ။ 

ပစ္စည်းယူတာတို့ ဘာတို့လုပ်ကြတာပေါ့လေ။ အစိုးရက ဒါကို ပြတ်ပြတ် သားသား ကိုင်တွယ် ထိန်းသိမ်းပြီးတော့ နယ်ခြားစောင့်တပ်စခန်းတခုပါ ဖွင့်ထားဖို့ကောင်းတယ်လို့ မြင်ပါတယ်။ ဒါမှသာလျှင် ဟိုဘက်က ဘင်္ဂါလီတွေ က လူအုပ်နဲ့ ဒီဘက်က ရခိုင်ရွာတွေကို ၀င်စီးနင်းတာတို့ ဘာတို့ မလုပ်နိုင်မှာ။ မဟုတ်ရင်နောင် နည်းနည်းအေးသွားပြီထင်နေတုန်း တခါပြန်ပြီးတော့ ဒီလိုလုပ်ဦးမှာပဲ။ သူတို့အနေနဲ့က လူဦးရေများပြီး ဆင်းရဲကျပ်တည်း တယ်လေ။”

DVB==>အခု လတ်တလော ဖြစ်နေတဲ့ မီးရှို့ဖျက်ဆီးမှုတွေ အဆုံးသတ်ဖို့ ဆိုရင် လူ့အဖွဲ့အစည်း ၂ ခုမှာ တဖွဲ့ဖွဲ့ကို ဖယ်ထုတ်လိုက်ရမလား။ အတူယှဉ် တွဲနေထိုင်ရမလားဆိုတာ ဘဘ အတွေ့အကြုံနဲ့ ယှဉ်ပြီးပြောပြပေး ပါလား။

သခင်ချန်ထွန်း==>“များသောအားဖြင့် ရခိုင်အမျိုးသားတွေက သူ့ဘာသာသူ နေကြတာပေါ့။ ဟိုဘက်က ၀င်ဝင်လာပြီးတော့ လူဦးရေက ညီမျှသလိုဖြစ် လာတော့ ရိုက်ကြနှက်ကြ၊ လုယက်ကြပေါ့လေ၊ ဒီလိုလုပ်လာတာ။ ဒါက စောစော ကတည်းက ထိန်းသိမ်းရမယ့်နေရာ။ ၁၉၅၆ တုန်းက ဘဘ တို့ရောက်ဖူး တယ်လေ။ ဦးရာရှစ်က ၁၉၅၂ ခုနှစ်မှာပြောတယ်။ ရိုဟင်ဂျာ ဆိုတာ ဦးရာရှစ်ပေးတဲ့ နာမည်။ အမှန်ကတော့ ခေါ်တော ပဲ။ ရိုဟင်ဂျာပဲ တိုင်းရင်းသားလိုလို နာမည်ပေးလိုက်တော့ ရိုဟင်ဂျာ ရိုဟင်ဂျာဆိုပြီး သတင်းစာကရေး ဘာရေးရေးတာ။ မိန်းမ ၄ ယောက်ရှိတဲ့ ဘင်္ဂါလီ ၁ ယောက်ရှိတယ်။ သူက ဟိုဘက်ပြေး၊ ဒီဘက်ပြေး ဟိုကဖမ်း ဒီဘက်ပြေးနဲ့ ဒီဘက်ကဖမ်း ဟိုဘက်ပြေးနဲ့။ မိန်းမ ၄ ယောက်က ဟိုဘက်ရော ဒီဘက်ကရော ယူထားတာ။”

“ဦးရာရှစ်ဆိုတာက စက်မှုလက်မှုဝန်ကြီးဟောင်း ဖဆပလ အစိုးရခေတ်၊ ၁၉၃၆ ခုနှစ် သပိတ်တုန်းက သူ က အင်္ဂလိပ်စကားလည်းပြောတတ်တော့ ဦးနုက ဥက္ကဋ္ဌပေမယ့် သူက ဒု-ဥက္ကဋ္ဌပေမယ့် အကုန်ခြယ် လှယ်သွားတော့၊ ဦးနုက ၀န်ကြီးချုပ်ဖြစ်တော့ ဦးရာရှစ်ကို ခေါ် ၀န်ကြီးပေးခဲ့တာ။ လူကတော့ သိပ်တော် တယ်၊ သိပ်လျင်တယ်။ သူက ဦးရာရှစ်နှင့် ကုမ္ပဏီတွေဖွင့်ခဲ့တယ်။ ဟသာင်္တ ဦးမြတို့ ဘာတို့ဆိုရင် သူ့  ကုမ္ပဏီတွေ ပါလို့ဆိုပြီး ဖဆပလက ထွက်တာတွေဘာတွေ လုပ်ခဲ့တယ်။ ဦးရာရှစ်က မဂိုလမ်းမှာ ဦးရာရှစ် ကုမ္ပဏီဆိုပြီး ဆိုင်းဘုတ်ကြီးနဲ့ ။ သို့သော်လည်း အဘတို့ လည်း အဲဒီတုန်းက ပါလီမန်အမတ်ဖြစ်နေတော့ ပါလီမန်ဆွေးနွေးပွဲတွေမှာ ပြောခဲ့ပါတယ်။ ပြောတော့ ဦးနုက သိပ်ပြီး ဦးရာရှစ်ကို အားထားတယ်။ အားကိုးတော့ မကြိုက်ရင်ထွက်သွားဆိုပြီး အဘတို့ကို ဒီလောက်ထိအောင် လေသံက သုံးတာကို ခံခဲ့ရ တယ်။ ဦးရာရှစ်က အဲဒီကျမှ နိုင်ငံသား လျှောက်တာ။ နိုင်ငံသား ရကာစရှိသေးတယ်။ ဖဆပလ အမတ်ပေါင်း စုံ အစည်းအဝေးမှာ ဦးနုက ၀န်ကြီးစာရင်း တင်ပြတဲ့အခါမှာ ဒီလောက်တော့ မသင့်ပါဘူး၊ သူ့ကိုတော့ ပြန်စဉ်းစားပေးပါ။ အမတ်တွေက ပြောကြတာ။ အဘလည်း ပါတယ်။ ပြောကြတဲ့အခါမှာ မကြိုက်ရင် ထွက်သွားဆိုတဲ့ စကား ဦးနုက သုံးခဲ့တာ။ ဦးရာရှစ်ကို သူက ဒီလောက် အားထားတယ်၊ ယုံကြည်တယ်။ ဘာလို့ ဆိုတော့ ၃၆ ခုနှစ် ကျောင်းသားသပိတ်မှောက်ပွဲတုန်းက ဦးနုက ဥက္ကဋ္ဌ။ ဦးရာရှစ်က သပိတ်နဲ့ပတ်သက်ပြီး အင်္ဂလိပ်စကားလည်း တော်တော်ပြော တတ်တော့ တွေ့  ဆုံဆွေးနွေး တဲ့နေရာမှာ ရှေ့ဆောင်ပြီး သေသေချာချာ ရေရေလည်လည် ပြောတတ်တော့ သူ့ကို ဦးနုက အားကိုးတယ်။

DVB==>>အဲဒါဆို ဦးရာရှစ်နဲ့ ရိုဟင်ဂျာနဲ့က ဘယ်လိုပတ်သက်လဲ။

သခင်ချန်ထွန်း==>“ဦးရာရှစ်က ၀န်ကြီးဆိုတော့ ရိုဟင်ဂျာဆိုပြီး သူက နာမည်ပေးလိုက်တာ။ ဘင်္ဂါလီတွေလို့ ပဲ အားလုံး က မြင်နေတာ။ သို့သော် ရိုဟင်ဂျာက ဗမာပြည်ရဲ့ လူမျိုး ၈၀ ထဲမှာ လူမျိုးတမျိုးအနေနဲ့ မပါပါဘူး။ သူကတော့ နာမည်ပေးလိုက်တာပေါ့။ ဒါပေမယ့် အဲဒီတုန်းက အခြေအနေအရ သူက ပြောတာပေါ့။”

DVB==>အဲဒါကို အဘတို့ လွှတ်တော်က အသိမှတ်ပြုလိုက်လား ရိုဟင်ဂျာကို။

သခင်ချန်ထွန်း==>“လွှတ်တော်က မပြုပါဘူး။ ပြင်ပမှာပါပဲ။ လွှတ်တော်ကို မရောက်လာပါဘူး။ လွှတ်တော်အမတ်တွေအနေနဲ့ နိုင်ငံရေးအနေနဲ့ ဒါတွေက သိနေရတာကို။ ရခိုင်ကလည်း ဖဆပလမှာရှိတော့ ရခိုင်အမျိုးသားတွေ ဘက်က တာဝန်အရ လိုက်ရမှာပေါ့။ ဟိုဘက်က ရိုဟင်ဂျာလို့  ခေါ်တဲ့ ခေါ်တောတွေပေါ့။ နောက်တော့မှ ရိုဟင်ဂျာ ဆိုတာ ဦးရာရှစ်ပေးတဲ့ နာမည်။ အဲတော့ သူတို့ က နယ်ချဲ့လာတာပေါ့။ ဟိုဘက်ကနှင်တော့ ဒီဘက်တိုး သလောက်တိုးပြီး ကျန်ရစ်ခဲ့တာပေါ့။ အဲဒါကနေ အခုလာပြီးတော့ ဒီဘက်ကို ထပ်ပြီးဝင်ချင်တော့ ရခိုင် ရွာတွေကို ရိုက်နှက်၊ ဖျက်ဆီး မောင်းနှင်တာပေါ့ မနေနိုင်အောင်လုပ်ကြတယ်လို့ မြင်ပါတယ်။”

DVB==>စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်း ၂၀ လောက် ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဗမာပြည်က မောင်းထုတ် တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ သွားပြီးတော့ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို ကမ္ဘာကလည်း စာနာကြတယ်၊ အခုလည်းကျရော ရိုဟင်ဂျာကိစ္စက တုတ်၊ ဓားတွေနဲ့ အပြန်အလှန် မီးရှို့  သတ်ဖြတ်နေကြတာတွေက ဗမာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲမှာ ကမ္ဘာကလည်း စိတ်ဝင် စားနေ တယ်။ ဗမာပြည်က ခေါင်းဆောင်တွေလည်း အမေရိကန်၊ အင်္ဂလန်တွေ သွားနေတဲ့ အချိန်၊ ပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့အချိန်မှာ အချိန်ကိုက် ဖြစ်လာတာက ဘာကြောင့်လို့ သုံးသပ် မိပါသလဲ။

သခင်ချန်ထွန်း==>“ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ကတော့ အစကလည်း ရှိတယ်လေ။ ဟိုဘက်က သိပ်ပြီး ဆင်းလည်းဆင်းရဲတယ်၊ အလုပ်ကလည်း ရှားပါး၊ လူဦးရေကလည်း သိပ်ပြီး ထူထပ်လာတော့ ဒီဘက်ကို သဘာဝအတိုင်း လာပြီး ရခိုင်ရွာတွေကို မီးရှို့ဖျက်ဆီးပြီး သူတို့က တက်နေကြတာ၊ ဒီဘက်မှာ နေ လို့ရအောင် လုပ်တာ။ ဒီဟာတွေက သူတို့ရဲ့ ဆင်းရဲမှု အခြေအနေတွေအရ၊ လူဦးရေကလည်း များများ လာတဲ့အခြေအနေအရ ရခိုင်က လူနည်းစုလို ဖြစ်သွားတယ် ရွာလေးတွေက။ အဲမှာ အနိုင်ကျင့်ပြီး အိမ်တွေ ဖျက်၊ မီးရှို့ပြီး လူတွေ မနေနိုင်အောင် မောင်းထုတ်နေကြတယ်လို့ ဒီလိုပဲ ယူဆတယ်၊ မြင်တယ်။

DVB

တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ရွက်ဖျင်တဲထဲတွင် မုန်တိုင်း ကို စိုးရိမ်နေ

Eleven Media Group

မောင်တောဒေသမှ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်ရဆဲဖြစ်ပြီး မုန်တိုင်း ကျရောက်မည်ကို စိုးရိမ်နေကြ

မောင်တောဒေသမှ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲဖြစ်ပြီး ကယ်ဆယ်ရေး စခန်းများရှိ ဒုက္ခသည်များမှာ လေမုန်တိုင်း ကျရောက်မည်ကို အထူးစိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

"အခု နေအိမ်တစ်လုံးမှ ဆောက်လို့ မပြီးသေးဘူး။ အခု တောင်မိုးတွေရွာရင် မိုးမလုံတာနဲ့ လေတိုက်ရင် ရွက်ဖျင်တဲတွေ ပြဲသွားတာနဲ့ တစ်ညလုံး မအိပ်ရပြန်ဘူး။ ကလေးတွေနဲ့ ဘုန်းတော်ကြီးကျောင်းအောက်မှာ သွားနေသူနေနဲ့၊ ဒီလိုပဲ ရွက်ဖျင်တဲထဲမှာ နေရတာပါပဲ။ နေပူတဲ့နေ့တွေဆို ရွက်ဖျင်တဲထဲမှာ မနေနိုင်ကြဘူး။ အခု မုန်တိုင်းလာမယ်ဆိုပြီး သတင်းကြားတယ်။ မုန်တိုင်းလာမယ်ဆိုရင် ကျွန်မတို့ ဘယ်သွားနေရမယ် ဆိုတာ မသိဘူး" ဟု ကင်းချောင်းကျေးရွာ ကယ်ဆယ်ရေး စခန်းမှ ဒေါ်လှသိန်းက ပြောသည်။

"ကျွန်မတို့ရွာမှာက နေအိမ်ဆယ်လုံးလောက်ပဲ ဆောက်ပြီးသေးတယ်။ အားလုံးတော့ ဒီလို ရွက်ဖျင်တဲတွေမှာ နေနေရဆဲပါပဲ။ နေပူရင် ရွက်ဖျင်တဲထဲ မနေနိုင်ဘူး။ မိုးရွာပြန်ရင်လည်း တဲထဲမိုးယိုလို့ ရေပက်ထုတ်နေရတယ်။ အ၀တ်တွေ ရေစို၊ အိပ်ဖို့နေရာကမရှိ ဒုက္ခရောက်ပါတယ်။ အခု နွေမိုးလေးရွာရင် လေတိုက်ရင် တဲတွေ စုတ်ပြဲသွားတယ်။ ဟိုတလောက လေတိုက်တော့ တဲအိမ်ဆယ်လုံးလောက် ပျက်စီးသွားလို့ မိသားစုတွေ ဘုန်းကြီးကျောင်းမှာ သွားနေရတယ်။ အိမ်တွေကလည်း မိုးကျတော့မယ် အခုထိ ဆောက်မပြီးသေးဘူး။ ဒီလိုနဲ့ မိုးရောက်တော့မယ်။ တဲထဲမှာ နေရတာ ခုနစ်လလောက် ရှိပါပြီ။ မုန်တိုင်းလာမယ်လို့လည်း ကြားတယ်။ ဘယ်ကိုပြေးရမယ်မှန်းကို မသိပါဘူး" ဟု သရေကုန်းဘောင် ကယ်ဆယ်ရေးစခန်းမှ မသန်းနုက ပြောသည်။

မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများမှာ လက်ရှိအချိန်ထိ နေအိမ်တည်ဆောက် မပြီးသေးသဖြင့် ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲ ဖြစ်ကြောင်းလည်း သိရသည်။ မောရ၀တီကျေးရွာတွင် နေအိမ် ၁၁၆ လုံးတွင် အားလုံးနီးပါး ဆောက်လုပ်ပြီးစီးခဲ့သဖြင့် မိသားစုများအား နေထိုင်ခွင့် ပေးပြီးဖြစ်သော်လည်း နေအိမ်လေးလုံးမှာ လက်ရှိအချိန်ထိ တည်ဆောက်မပြီးသေးသဖြင့် ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲ ဖြစ်သည်။

ထို့အပြင် သရေကုန်းဘောင် ကျေးရွာတွင်လည်း ၁၆ လုံး၊ ဗောဓိကုန်း ကျေးရွာတွင် ၁၀ လုံးသာ ဆောက်လုပ်ပြီးသေးကြောင်း၊ ကင်းချောင်းကျေးရွာမှ အိမ်ထောင်စု ၂၆ စုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

(ရခိုင်ပြည်နယ်၊ မောင်တောရှိ ကင်းချောင်းဒုက္ခသည် စခန်းတွင် နေထိုင်သူတစ်ဦးအား မေ ၁၁ ရက်က တွေ့ရစဉ်)
ဓာတ်ပုံ-၀င်းမောင်(မောင်တော)

ဖူးဖူးလေးတစ်ယောက် သူဖြစ်ချင်တဲ့ မိုးယုစံဘဝလိုမျိုးဖြစ်ဖို့အရောင်လင်းလာပြီ

r
Htike Htike Melodyworld

ညနေက မမ J Nyi Ma Lay အပါအဝင် အခြားများပြားလှစွာသော အလှူရှင်တွေရဲ့ဖုန်းခေါ်ဆိုပြီးဆေးရုံလိပ်စာမေး
တာတွေကြောင့်ကျနော်အပျော်ကြီးပျော်နေမိပါတယ် သေချာအောင်အကိုတော်သားသား (TharThar onetwoonetwo )
ဆီအခန်းနံပါတ်မေးတော့ ကျနော်တအားအံ့သြသွားတယ် .
.'' ဖူးဖူးရဲ့အခန်းကိုသွားဖို့လမ်းတောင်ပိတ်ထားတယ် . . .နှစ်ရက်အတွင်း အလှူရှင်တွေများလွန်းအားကြီးလို့ ဖူးဖူးမှာမအိပ်ရှာတော့ဘူး . . .
ခုဆို ဖူးဖူးကိုလာလှူတာ သိန်းခြောက်ဆယ်ကျော်သွားပြီ. . . ''

ဟောဗျာ . . .့ ဖူးဖူးလေးတစ်ယောက် သူဖြစ်ချင်တဲ့ မိုးယုစံဘဝလိုမျိုးဖြစ်ဖို့အရောင်တော့လင်းလာပြီလို့ ချက်ချင်းခံစားရပါတယ်
 သမီးအတွက်ထပ်တူထပ်မျှကြည်နူးမိပါတယ်ဖူးဖူးရေ . .
ဘယ်လောက်ပဲတံခါးတွေပိတ်ပိတ်မနက်ဖန် သမီးမှာထားတဲ့ဲ့ရေခဲချောင်းကို ရအောင်လာပို့ပေးပါ့မယ် . ..

“၉၆၉-လ္ဘက်ရည်ဆိုင် မန္တလေးမှာ ဖွင့်လှစ်”

Wira Thu

ဆိုင်အမည်က “နေဝန်းထက် တီးဟောက်စ်”ပါ ၇၈-လမ်း ၉-လမ်းဒေါင့် အရိပ်မထွက်ဘုရား အနီးမှာ ဖွင့်ထားတာပါ။
ဆိုင်ဝန်ထမ်းတွေအားလုံး (၉၆၉)တံဆိပ်ပါ တူညီဝတ်စုံတွေ ဝတ်ထားတာ တွေ့ရပါတယ်။

ပညာရေးကွန်ယက် ၏ဆရာ ၊ဆရာမများ အားဂုဏ်ပြုပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် ၏ဆရာ ၊ဆရာမများ အားဂုဏ်ပြုပွဲနှင့် ဝေဖန်ပိုင်းခြားချင်းနှင့် တက်ကြွစွာသင်ယူချင်းသင်တန်းဆင်းကို ယနေ့နံနက် ၉ နာရီက ရွှေဂုံတိုင် အနီးတော်ဝင်နှင်းဆီတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းအတွင်း အမေ့အိမ်ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အဖွဲ့ဝင်များ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ရုပ်ရှင်သရုပ်ဆောင် ထွန်းအိဒ္နြာဗိုလ်က အခမ်းအနားမှုးအဖြစ်ဆောင်ရွက်ပြီး ရှေးဦးစွာ အဖွဲ့ချုပ်နာယက ဘဘဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည် ထို့နောက် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကားပြောကြားပြီးနောက် ပညာရေးကွန်ယက်မှ ဒေါက်တာသိန်းလွင် က သင်တန်းနှင့်ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆရာ၊ဆရာမများအားဂုဏ်ြ့ပုမှတ်တမ်းများပေးအပ်ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဌမှ ပေးအပ်လာသော အလှူငွေများကို လက်ခံကာ အခမ်းအနားကိုရပ်နားခဲ့သည်။

PR စနစ်အပေါ် အမေစု အမြင်...တပ်မတော်သား ၂၅% ကို ထည့်သွင်းစဉ်းစားထားလား...

(ရိုက်ကူးတည်းဖြတ် - မောပြေ (ခ) ခွန်ခေါင်)

Ko MawPyay

တပ်မတော်သား ၂၅% ကို ထည့်သွင်းစဉ်းစားထားလား...

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် အန်တီအနေနဲ့ လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သား ၂၅% ကို ထည့်သွင်းစဉ်းစားထားလား... အခြေခံလူတန်းစားတွေ မျှော်လင့်တဲ့အချက်မျိုး ပါမပါဆိုသည့် သတင်းထောက်တစ်ဦး၏ မေးခွန်းကို အမေစု ကယခုလို ပြန်လည်ဖြေကြားခဲ့သည်...

(ရိုက်ကူးတည်းဖြတ် - မောပြေ (ခ) ခွန်ခေါင်)

အမ်းမြို့မှာဖမ်းမိတဲ့ သံဃာအယောင်ဆောင် ဘင်္ဂါလီတွေကို ရုံးတင်စစ်ဆေး

RFA Burmese

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သံဃာအယောင်ဆောင် မူဆလင် ၈ ဦးထဲက ၆ ဦးကို အမ်းမြို့နယ်တရားရုံးမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရုံးတင်စစ်ဆေးနေပြီး ကျန် ၂ ဦးကိုလည်း ထပ်မံအရေးယူဆောင်ရွက်နေပြီလို့ သိရပါတယ်။

ကျန် ၂ ဦးကို တရားစွဲဆိုနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမ်းမြို့နယ် လဝကဦးစီးမှူး ဦးအောင်ကျော်မြင့်က RFA ကို ဒီကနေ့ ပြောပါတယ်။

အခုထပ်မံတရားစွဲဆိုတဲ့ ၂ ဦးထဲက ၁ ဦးမှာ အစိုးရကထုတ်ပေးထားတဲ့ အဖြူရောင် ယာယီသက်သေခံလက်မှတ်ပါရှိတဲ့အတွက် လဝကဥပဒေအရ အရေးမယူပဲ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အရေးယူတာဖြစ်တယ်လို့ အမ်းမြို့နယ် လဝကမှူး ဦးအောင်ကျော်မြင့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က အမ်းမြို့နယ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သင်္ကန်းဝတ် သံဃာအယောင်ဆောင် မူဆလင် ၈ ဦးဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာနဲ့ ခေါင်းတုတ်ကျေးရွာတွေမှာ နေထိုင်တဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ ရန်ကုန်ဘက်ကို သွားရောက်ဖို့ CRW ကား အမျိုးအစားနဲ့ စီးနင်းလိုက်ပါလာစဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို စစ်ဆေးချက်အရ ရခိုင်ပြည်နယ်ကနေ ရန်ကုန်အရောက် ပွဲစားခ ကျပ်ငွေ ၁၅ သိန်းပေးဆောင်ပြီး သွားရောက်တာဖြစ်တယ်လို့ အမ်းမြို့နယ် လဝကမှူးက ဆိုပါတယ်။

နေပြည်တော်က မှော်ဆရာ

Credited to ကာတွန်း ဟန်လေး

"မြောက်ဥက္ကလာပ(က)ရပ်ကွက် ယဉ်ကျေးလိမ္မာသင်တန်းအား ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဖွင့်ခွင့်မပြု"

by Full Premium Now Free

နွယ်သာကီလမ်းရှိ လူထုမြတ်ဓမ္မာရုံတွင် အဆိုပါသင်တန်းကို ဖွင့်လှစ်ခွင့်မပြုကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကပြောပါတယ် ဟုသင်တန်းဖွင့်လှစ်ရန်
 ဦးစီးလုပ်ဆောင်နေသူ ရပ်ကွက်လူငယ်တစ်ဦးဖြစ်သူ ကိုဖြိုးနိုင်မြင့်က New Watch သတင်းဂျာနယ်ကိုပြောပါတယ်။

ရပ်ကွပ်အုပ်ချုပ်ရေးမှူးက မွတ်ဆလင်အများစုနေထိုင်သည့်အတွက် ဓမ္မာရုံတွင် သင်တန်းတွေပေးမဖွင့်ပါဘူးတဲ့။

ကျနော်တို့ရပ်ကွက်က မွတ်ဆလင်အများစု နေတဲ့အခါကြတော့ မလိုလားအပ်တဲ့ ပြဿနာလေးတွေဖြစ်မှာဆိုးလို့ဟု အုပ်ချုပ်ရေးမှူး ဦးမင်းဒင်က ပြောဆိုပါတယ်။

အဆိုပါရပ်ကွက်မှ လူငယ် ကိုဖြိုးနိုင်မင်းက အထက၂ တွင်အလယ်တန်း အထက်တန်းကျောင်းများကို ယဉ်ကျေးမှု့သင်တန်းဖွင့်နေခြင်းဖြစ်
ကြောင်း မိမိတို့ကမူလတန်းအတွက် ကလေးများကိုရည်ရွယ်ကြောင်း၊
အထက၂မှာတော့ အလယ်တန်းကနေစသင်ကြောင်း ကျနော်တို့က သြကာသတောင်မဆိုတတ်တဲ့ ကလေးတွေကို သင်ပေးချင်တာပါ။

ကျနော်တို့ရပ်ကွက်မှာ တစ်ခြားဘာသာကလည်း သူတို့ဘာသာအတွက်ဖွင့်ထားတဲ့ ဘာသာရေးကျောင်းရှိပါတယ်။ ကျနော်တို့ ဖွင့်ခွင့်မရဘူးဆိုတော့ နားမလည်ဘူး ဟုပြောဆိုပါတယ်။

မြန်မာလူမျိုးများ မိမိနိုင်ငံ မိမိတိုင်းပြည်မှာတောင် မူဆလင်များတဲ့နေရာမှာ ယဉ်ကျေးမှု သင်တန်းဖွင့်ခွင့်မရဘူးဆိုရင် စဉ်းစားစရာပါ။ မွတ်ဆလင်များ တဲ့ရပ်ကွက်ဆိုပြီး ဖွင့်ခွင့်မရရင် ကျနော်တို့ မြန်မာလူမျိုးများတဲ့ရပ်ကွက် ဒေသမှာ ရှိတဲ့ ဗလီ အာရေဗီစာသင်ကျောင်းများကိုလဲ ပိတ်သိမ်းဖွင့်ခွင့်မပေးသင့်ပါဘူး။

(ဓါတ်ပုံ - Naymyo Zin)

လူမင်းတင်တဲ့ ရွှေမှုန်ရတီ ရဲ့ဒုတိယခြေလှမ်း

မျက်လုံးလေးကလယ်ကလယ်
နေတိုး စိုးမြတ်သူဇာ ရွှေမှုန်ရတီ
ဒါရိုက်တာ ၀င်းထွန်းထွန်း

နမူနာ

အစအဆုံး(part1+2)

ဆက်စပ်သတင်းများ
(ဖေချစ် ပြီးတော့ )....မြန်မာပြည်ပြန်မယ်...မင်းသားလုပ်မယ်...
ရဲရင့်ငယ်မင်းသားမလုပ်တော့ပါ

ဗကသ ... နှစ်ပေါင်း (၇၇) နှစ် ပြည့် မွေးနေ့ သမိုင်း ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (၇၇) နှစ်ပြည့်အထိမ်းအမှတ် ဗကသမျိုးဆက်အသီးသီးတွေ့ ဆုံပွဲ ကို ယနေ့ ၂၀၁၃ ခုနှစ်၊ မေ (၁၀) ရက် ၊ စိတ်တိုင်းကျ(တောင်ဥက္ကလာ) လက်ဖက်ရည်ဆိုင် ခန်းမဆောင်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ခေတ်အဆက်ဆက် ဗကသမျိုးဆက်အသီးသီးမှ ခန့်မှန်းခြေ အယောက်(၃၀၀) ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားမှူးအဖြစ် မသင်ဇာခိုင်နှင့် ကိုနန္ဒာစစ်အောင်တို့  ကဆောင်ရွက်ခဲ့ကြပြီး ဗကသ အလံတော် နှင့် လွပ်လပ်ရေး၊ဒီမိုကရေဒီရေး တိုက်ပွဲအသီးသီးတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ အပေါင်းတို့ အားအလေးပြု၍အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့ နောက် ဗကသများအဖွဲ့ ချုပ်(ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဌ ကိုကျော်ကိုကို ကတွေ့ ဆုံပွဲကျင်းပရခြင်း ရည်ရွယ်ချက် ကိုပြောကြားခဲ့ပြီး တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ် က ဗကသများအဖွဲ့ ချုပ်(ဗဟိုလုပ်ငန်းကော်မတီ )၏ သဝဏ်လွှာ ကိုဖတ်ကြားခဲ့သည်။ ထို့ နောက် ဗကသ မျိုးဆက်အသီးသီး ဆွေးနွေးပွဲ စတင်ခဲ့ရာ ၁၉၅၀ မှ ၁၉၆၀ ကြားကျောင်းသားခေါင်းဆောင် ဘဏ်ဦးအုန်းမောင်၊ ဦးဖေအောင်၊ ဦးလေးမြင့် တို့ ကစတင်ဆွေးနွေးခဲ့ပြီး ၁၉၆၀ နှင့် ၁၉၇၀ ကြား ကျောင်းသားခေါင်းဆောင် ဦးသာဘန်းနှင့် ဦးလှရွှေ တို့ ကဆွေးနွေးခဲ့ကြသည်။ ၁၉၇၀ နှင့် ၁၉၈၀ ကြားကျောင်းသားခေါင်းဆောင် ဦးထွန်းအောင်ကျော် ၊ဦးလှစော ၊ဦးကိုလေး(သဘင်)တို့ ကလည်းဆွေးနွေးခဲ့ကြသည်။ ၁၉၈၀ မှ ၁၉၉၀ ကြားကျောင်းသားခေါင်းဆောင် ကို ကိုကိုကြီး ၊ ကိုညိုထွန်း၊ကိုအောင်ထွန်းတို့  အသီးသီးကလည်းဆွေးနွေးခဲ့ကြပြီး ၁၉၉၀ မှ ၂၀၀၀ ကြားကျောင်းသားဆောင် ကိုစန်းဇော်ထွေး၊ မနီလာသိန်း၊ ကိုမျိုးမင်းဇော်တို့ ကလည်းဆွေးနွေးခဲ့ကြသည်။ ၂၀၀၀ မှ ၂၀၁၀ ကြားကျောင်းသားလှုပ်ရှားမှုများနှင့်ပတ်သတ်၍ ကိုနန္ဒာစစ်အောင် ၊ကိုကျော်ကိုကို ၊ကိုစည်သူမောင် ၊ကိုဒီငြိမ်းလင်း၊ ကိုအောင်အောင်ကျော် ၊ကိုမင်းသွေးသစ် တို့ ကဆွေးနွေးခဲ့ကြပြီး နောက်ဆုံးအစီအစဉ်အဖြစ် ကျောင်းသားများက သိလို ရာ ၊ဆွေးနွေးလို ရာများကို မေးမြန်းဆွေးနွေးခဲ့ကြရာ ခေတ်အဆက်ဆက် ဗကသ တာဝန်ရှိသူများ ကပြန်လည်ဖြေကြားခဲ့ကြ ပြီး ၊ ဗကသမျိုးဆက် အသီးသီး ၏ တွေ့ဆုံပွဲ အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)
By: ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်လုပ်ငန်းကော်မတီ)

စစ်တွေမြို့မှ ပြန်ခဲ့သော်လည်း

လွင်ချန်ဖြိုး

7Day News ၊ အတွဲ (၁၂)၊ အမှတ်(၉)

မတ်လ ၃၁ ရက် ညနေတွင် စစ်တွေမြို့သို့ ဆိုက်ရောက်ခဲ့ပါသည်။ မြန်မာ့ ကမ်းရိုးတန်းမှ ထင်ရှားသော မြို့ကြီးတစ်မြို့။ စီးပွားရေး မျက်နှာစာ၊ ယဉ်ကျေးမှု မျက်နှာစာ၊ လူမျိုးရေး မျက်နှာစာတို့အတွက် အချက်အချာ ကျလှတဲ့ အနောက်ဘက် ဂိတ်တံခါးဝမြို့တစ်မြို့။ တိုင်းတစ်ပါးသားတွေ လိုချင်မျက်စိကျ နှစ်ခြိုက်လှတဲ့မြို့။ အခြေချနေထိုင်ဖို့၊ အပန်းဖြေနေထိုင်ဖို့ သင့်လျော်တဲ့ ပင်လယ်နဲ့ထိစပ်နေတဲ့ မြို့။ အသီးအရွက်နဲ့ ပင်လယ်စာတွေ လတ်လတ်ဆတ်ဆတ်၊ အရသာရှိရှိ သုံးဆောင်နိုင်တဲ့ မြို့။ ရိုးရာအငွေ့ အသက်တွေ အပျောက်ပျက်ရအောင် ၀ိုင်းဝန်း ထိန်းသိမ်းဖို့ အားတိုက်နေတဲ့ မြို့။ အဲဒီမြို့ကလေးမှာ စာရေးသူတို့လို ပြည်မမှ ခေတ္တခဏ လာသူတွေ၊ ပြည်ထောင်စု တစ်ဝန်းလုံးမှာရှိနေတဲ့ တိုင်းရင်းသား သွေးချင်း ညီအစ်ကိုတွေကို ပြောပြစရာတွေ၊ ပြောပြချင်နေတာတွေ အများကြီး ရှိနေ လိမ့်မည်ဟု ထင်ပါသည်။

စင်စစ် ရခိုင်ပြည်နယ်တစ်ခုလုံးသည် တောင့်တင်းကြံ့ခိုင်စွာဖြင့် သွယ်တန်းနေသော တောင်တန်းများ၊ အစဉ်မပြတ် စီးဆင်းနေ မြဲဖြစ်သော မြစ်ချောင်းများ၊ ကျယ်ပြန့်သော မြေနုလွင်ပြင်များနှင့် ရွှေဝါရောင် စပါးခင်းများ၊ စိုက်ခင်းများ၊ စိမ်းလန်းစိုပြည်သော သစ်တောများ၊ လှပသော ကမ်းရိုးတန်း အကွေ့အကောက်များ၊ ကမ်းခြေများ၊ မီးပြတိုက် များ၊ ကျောက်ဆောင်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ ပင်လယ် ထွက် သယံဇာတများ။ ရှေးဟောင်းအမွေအနှစ်များ၊ တိုင်းရင်းသားရိုးရာ အလေ့အထများဖြင့် ခိုင်မာစွာ တည်ရှိလှပနေသည့် ဒေသတစ်ခု ဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၁၅ ပေခန့်အတွင်းသာရှိသော စစ်တွေမြို့နယ်သည် တောင်ကုန်း၊ တောင်တန်းများ မရှိဘဲ မြေမျက်နှာပြင် ညီညာပါသည်။

စာရေးသူရောက်ရှိခဲ့သည့် စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့် အသုံးဝင်ဆုံး ကုလားတန်မြစ်နှင့် ဘင်္ဂလားပင်လယ်အော်ဆုံရာတွင် ပင်လယ်နှင့် မြစ်ချောင်းများ ၀န်းရံလျက် တည်ရှိပါသည်။ ကုလားတန်မြစ် သည် ပေ ၈၀၀၀ ခန့်မြင့်သော ချင်းပြည်နယ် လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံ ချယ်လတိတလန် တောင်ကုန်းများမှ မြစ်ဖျားခံကာ ချင်းပြည် နယ်မြောက်ပိုင်းတွင် ထရောဘာ(တီအိုရီဘာ)အမည် ဖြင့် မြန်မာ-အိန္ဒိယ နယ်ခြားမြစ်အဖြစ် စီးဆင်းခဲ့ပြီး ဖလမ်းမြို့အနောက်ဘက်နားအရောက်တွင် ဘွိုင်နုအမည်ဖြင့် အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်ပါသည်။ အိန္ဒိယနိုင်ငံ တွင် မြစ်လက်တက်များဖြင့် ပေါင်းဆုံဆက်လက်စီးဆင်းခဲ့ရာမှ ချင်းပြည်နယ် ပလက်ဝမြို့အထက်နားတွင် မြန်မာပြည် အတွင်းသို့ ပြန်လည်စီးဝင်ပြီး ကုလားတန်အမည်ဖြင့် ရခိုင်ပြည်နယ်ကိုဖြတ်ကာ ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်သွားပါသည်။

စစ်တွေမြို့၏ အရှေ့ဘက် မျက်နှာစာရှိ ကုလားတန်မြစ်ကမ်း အင်းပေါက်ဝရေပြင်တွင် ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန် စစ်တွေဆိပ်ခံတံတားကြီး (ဖောင်တော်ကြီး)ကို ၁၈၇၆ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ် မုန်တိုင်းကြောင့် ပြို ပျက်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်တွင် တန်ချိန်လေးထောင်ရှိ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ခံ တံတားတစ်ခု တည်ဆောက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင်မူ တန်ချိန် တစ်သောင်း အထိရှိသော သင်္ဘောကြီးများ ၀င်ရောက်ဆိုက်ကပ်နိုင် မည့် နိုင်ငံတကာ ဆိပ်ကမ်းကြီးတစ်ခုအဖြစ် အိန္ဒိယနိုင်ငံမှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး လာမည့်နှစ်တွင် ပြီးစီးမည်ဟု သိရပါသည်။

မြန်မာပြည်ထဲမှာ မြစ်ဖျားခံပြီး မြန်မာပြည်၏ ဖွံ့ဖြိုးမှုအနည်း ဆုံးဟု ဆိုနေကြသော ချင်းပြည် နယ်အတွင်း ဖြတ်သန်းစီးဆင်း သည့် မြစ်။ ထို့နောက် အိန္ဒိယနိုင်ငံထဲ တိုးဝင်ပြီး အိနိယပြည်သူတွေအတွက် အသုံးဝင်ခဲ့ သည့် မြစ်။ တစ်ဖန် မြန်မာပြည်အတွင်း ပြန်လည်ကွေ့ဝင်ကာ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်ကို မိုင်အရှည် ၃၀ မျှ ဖြတ်သန်းစီးဆင်းနေသော မြစ်။

ထိုမြစ်ကို မြန်မာပြည်သူတွေသည် ကစ္စပနဒီမြစ်ဟု အမည်အားဖြင့် ရင်းနှီးနေကြပြီဟု ထင်ပါသည်။ မြစ်ကြောင်းတစ်လျှောက်တွင် မြေသြဇာ အလွန်ကောင်းမွန်သော မြေနုလွင်ပြင်များရှိသည်။ ဒေသခံများအတွက် စားနပ်ရိက္ခာများ၊ အသက်မွေးလုပ်ငန်းများ၊ သွားလာကူးသန်းမှုများ ရရှိ လုပ်ကိုင်လွယ်ကူရန် ကစ္စပနဒီမြစ်ကြီးက ထောက်ပံ့ပေးလျက်ရှိသည်။

မြန်မာ့အရေး ဦးဆောင်ဆုံးဖြတ်စီမံသူများက ကိုယ့်နိုင်ငံအနေဖြင့် မလုပ်ကိုင်နိုင်၍လော၊ ဒေသခံများ၏ စိတ်ဆန္ဒအရ စီစဉ်ပိုင်ခွင့် မရှိ၍လော၊ ဒေသခံများအတွက် အမှန်တကယ်ကောင်းကျိုး ဖြစ်ထွန်းစေ မည်ဟု ယုံကြည်အာမခံ၍လောမသိ။ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းကြီး ကတော့ စစ်တွေမြို့မှာ အိန္ဒိယပညာရှင်များ၏ ကြီးကြပ်မှုဖြင့် နေ့မနား၊ ညမနား လှုပ်ရှားလုပ်ကိုင်လျက်ရှိသည်ကို စာရေးသူတို့အဖွဲ့ ညစဉ်ကမ်းနား လမ်းမှာ လမ်းလျှောက်တိုင်း တွေ့ မြင်နေရပါသည်။ မနက်ဈေးသွားတိုင်း လည်း ငေးကြည့်နေရပါသည်။

သြော် ကိုယ့်ရေ၊ ကိုယ့်မြေမှာ ကိုယ်တွေ မလုပ်နိုင်သည့် လုပ်ခွင့်မရသည့် အရာများစွာကို တိုင်းတစ်ပါးသားများက လာရောက်လုပ်ကိုင်နေ တာ တွေ့နေရတော့ ကိုယ်တွေအတွက် အဖြေသည် မည်သို့မည်ပုံ ဖြစ်လာပါ မည်နည်း ဟု တွေးမိပါသည်။

အမှန်စင်စစ် ဘင်္ဂလားပင်လယ်ဝမှနေ၍ ကစ္စပနဒီမြစ်ကြောင်းတစ်လျှောက် ဆန်တက်သွားကြည့်မည်ဆိုပါလျှင် မြန်မာပြည်သား
များအတွက် ရခိုင်ပြည်နယ် သားများအတွက် အဖိုးမဖြတ်နိုင်သော သဘာဝ လက်ဆောင်များ၊ တိုင်းရင်းသားများ၏ ရိုးရာ လူနေမှု
စရိုက်များ၊ ကမ္ဘာပေါ်ရှိ မည်သည့်ဒေသနှင့်မျှ နှိုင်းယှဉ်၍ မရ၊ အစားထိုး၍ မရနိုင်သော ယဉ်ကျေးမှုအမွေအနှစ်များ၊ ဗုဒ္ဓဘာသာဝင်များအတွက် အထင် ကရ နေရာများကို တွေ့ကြရမည် ဖြစ်ပါသည်။

“မနှစ်က ကမ္ဘာလှည့်ခရီးသွားတွေ အလာအများဆုံးအချိန်မှာ ဘင်္ဂါလီအရေး အခင်းဖြစ်တော့ ဒီမြောက်ဦးဒေသကို နိုင်ငံခြားသား လာရောက်လည်ပတ်မှု မရှိတော့တာကြောင့် အခုအထိ ဒေသစီးပွားရေး လုပ်ငန်းတွေ၊ မြင်းလှည်း သမား၊ စက်လှေသမား၊ ဈေးသည်ကအစ အားလုံးနစ်နာကြပါတယ်။ ကမ္ဘာလှည့်တွေ စိတ်ဝင်စားမယ့် အရာတွေက ဒီဒေသမှာ အများကြီးရှိ ပါတယ်။ စနစ်တကျ လုပ်ပေးနိုင်မယ်ဆိုရင် အများကြီးလာ ကြမှာ သေချာ ပါတယ်။ အရင်နှစ်တွေကဆို နှစ်တိုင်းအောက်တိုဘာလကစပြီး ၀င်လာကြ ပါတယ်။ သူတို့တွေက မြောက်ဦးဒေသမှာပဲ ရသရွေ့ အချိန်ပေးနေကြ တယ်။ နောက်မြောက်ဦးကနေ ငါးမိုင်လောက် ကားစီး၊အဲဒီကနေ လေးမြို့မြစ် အနီး သုံးနာရီလောက် စက်လှေစီးပြီး ချင်းတိုင်းရင်းသားတွေရှိတဲ့ ကုန်းချောင်း ရွာကို သွားလေ့လာမှုများတယ်။ အဲဒီရွာမှာ ပါးရဲထိုးအလေ့တွေ၊ ရိုးရာအထည်ရက်လုပ်ငန်းတွေကို စိတ်ဝင်တစားလေ့လာကြတယ်”

မြောက်ဦးရှေးဟောင်း နယ်မြေကို နိုင်ငံခြားသားတစ်ယောက် အလည်အပတ် ၀င်လာတိုင်း ငါးဒေါ်လာရပါတယ်။ မြောက်ဦးရှေးဟောင်း သုတေသနပြတိုက် ကို ၀င်ရင်လည်း ငါးဒေါ်လာ၊ စစ်တွေမှာရှိတဲ့ ဗုဒ္ဓပြတိုက်နဲ့ ယဉ်ကျေးမှုပြ တိုက်တွေ ကို ၀င်ရင်လည်း ငါးဒေါ်လာစီ သတ်မှတ်ထားပါတယ်။ ဒါက နိုင်ငံတော် ကရမယ့် ၀င်ငွေတွေပါ။

ဒေသခံတွေအနေနဲ့ စိုက်ပျိုးရေးနဲ့ ကူးသန်းသွားလာရေးတွေက နည်းနည်း ခက်ခဲနေသေးတော့ ကမ္ဘာလှည့်ခရီးသည်တွေ ပုံမှန်အ တိုင်း လာရောက် လည်ပတ်ဖို့ကိုပဲ မျှော်လင့်နေကြပါတယ်” ဟု မြောက်ဦးမြို့ရှိ ရှေးဟောင်း သုတေသနပြတိုက်မှ ဒုဦးစီးမှူး ဦးသိန်းထွန်းအောင်က ပြောပြပါသည်။

“အာဆီယံဒေသတွင်း တချို့နိုင်ငံတွေမှာဆိုရင် ဘာမှဟုတ်တိပတ်တိမရှိဘဲ ကမ္ဘာလှည့်တွေ လာချင်အောင် ဆွဲဆောင်မှုလုပ်ထားတော့ အရမ်း အလုပ်ဖြစ်တယ်”ဟု ပါမောက္ခဆရာမကြီးတစ်ဦးက ပြောပြပါသည်။ စာရေးသူတို့ နိုင်ငံမှာဖြင့် ပင်ကိုအဖိုးတန်တွေ ရှိပါလျက်နှင့် အလုပ်ဖြစ်အောင် ဖန်တီးမပေးနိုင်တော့ ဒေသခံတွေ အတွက်ရော၊ နိုင်ငံတော်အတွက်ပါ များစွာဆုံးရှုံးနစ်နာရပါသည်။

“ဘုန်းကြီးတို့ ကျောင်းတိုက်မှာ ရှေးဟောင်းရှားပါး ဗုဒ္ဓဆင်းတုတော် ပုံစံမျိုးစုံ၊ ဓာတ်တော်မျိုးစုံကို အစဉ်အဆက် ထိန်းသိမ်းထားပါတယ်။ အရင်တုန်းက အုပ်ချုပ်သူတွေက လာတောင်းတာ၊ လာယူသွားတာတွေလည်း ရှိခဲ့တယ်။ တချို့လည်း ခိုက်လို့ဆိုပြီး ပြန်လာပို့ပါတယ်။ ခုနောက်ပိုင်း မြန်မာပြည် အနှံ့က ပြည်တွင်းခရီးသွားတွေ အများကြီးလာကြပါတယ်။ ဒီကျောင်းတိုက် မှာက ဘယ်မှာမှ မတွေ့ရနိုင်တဲ့ ဗုဒ္ဓရုပ်ပွားတော်နဲ့ ဓာတ်တော်တွေ ပြသ ထားပါတယ်” ဟု စနမုနိပေါ်တော်မူ ဆုတောင်းပြည့်မဟာကျန်ဘုရားကြီး ကိန်းဝပ်ရာကျောင်းတိုက်မှ ဆရာတော်ကြီးက မိန့်ကြားပါသည်။

စာရေးသူကတော့ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်ဟု ထွန်းကားစည်ပင်ခဲ့သော မြောက်ဦးရှေးဟောင်းနယ်မြေအပြင် စစ်တွေ-ကျောက်တော်-မြောက်ဦး ကားလမ်းတစ်လျှောက်နှင့် ကစ္စပနဒီမြစ် ကမ်းရှိ ရခိုင်တိုင်းရင်းသား ကျေးရွာကလေးများကို စိတ်ဝင်စားနေမိပါသည်။ တစ်ချိန်ချိန်မှာဖြင့် အေးအေးဆေးဆေး သွားရောက်လည်ပတ်နိုင်လိမ့် မည်ဟုလည်း မျှော်လင့်မိပါသည်။

လက်ရှိမှာဖြင့် လူမျိုးရေး ကိစ္စတွေ၊ နယ်မြေလုံခြုံရေး အနေ အထားတွေကြောင့် အမြဲမပြတ် လုံခြုံရေးတာဝန်ယူနေရသော စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များကို စစ်တွေမြို့ပေါ် နေရာတော်တော်များများတွင် တွေ့နေ ရပါ သည်။ ကမ္ဘာလှည့်ခရီးသွားများနှင့် စည်ကားနေရမည့် မြောက်ဦးဒေ သမှာ လည်း ခြောက်ကပ်နေပါသည်။ ဖွံ့ဖြိုးမှုအားနည်းလှသည်ဟုလည်း ထင်ပါသည်။ အချိန်ကြာလာလျှင် ရှိပြီးသားတန်ဖိုးတွေ လျော့ နည်းကျ ဆင်းလာမှာကိုပင် စိုးရိမ်မိပါသည်။

ဤဒေသအကြောင်းကို ဒေသခံများကသာလျှင် အသိဆုံး ဖြစ်ပါလိမ့်မည်။ သူတို့ကြုံတွေ့ခဲ့ရသော၊ ခံစားခဲ့ရသော အနေအထားများသည်သူတို့ အတွက် မေ့ဖျောက်မရနိုင်သည်များလည်း ရှိနေကြောင်း သိရပါသည်။ ဘာပဲပြောပြော မြန်မာပြည်၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်၊ရခိုင် တိုင်းရင်းသားများအတွက် ဘူမိနက်သန်လည်းဖြစ်သော ဤမြေ၊ ဤရေ၊ ဤတော၊ ဤတောင် အလှအပများသည်ပြည်ထောင်စု၏ အမွေအနှစ်များပင် ဖြစ်ပါသည်။ ဤဒေသတွင်ရှိသော ပြည်ထောင်စု တိုင်းရင်းသားများ၏ အရေးကိစ္စသည်လည်း ပြည်ထောင်စု၏ အရေးကိစ္စပင် ဖြစ်ပါသည်။ လက်ရှိအချိန်အထိ မပြီးပြတ်သေးသော ဖြေရှင်း စရာ ပုစ္ဆာများမှာ ဒေသခံများအတွက် အရေးကြီးသလို ပြည်ထောင်စု အတွက်လည်း များစွာအရေးပါပါသည်။

စစ်တွေမြို့၌ တစ်လမျှနေပြီး ပြန်လာခဲ့ရသော်လည်း စာရေးသူ၏ စိတ်အတွေး အာရုံထဲမှာဖြင့် တွေ့ဆုံခဲ့ရသော ဒေသခံများ၏ ရင်တွင်းစကား များ၊ လူသိရှင်ကြားမဖြစ်ခဲ့သော ဖြစ်ရပ်မှန်များ၊ ရခိုင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့နှင့် အမျိုးအနွယ်ကို ထိန်းသိမ်း စောင့်ရှောက်မှုများ၊ အဖိုးတန် သဘာဝလက်ဆောင်များ၊ နှစ်ပေါင်း ရာထောင်ချီ၍ တည်ရှိနေသော ယဉ်ကျေးမှုအမွေများ အားလုံးကို ဆက်စပ်မြင်ယောင်စဉ်းစားမိရင်း အနာဂတ်ကာလတွင် မည်သို့သော အဖြေများပေါ်ထွက်လာမည်ကို အမြန်ဆုံးသိလိုစိတ် ပြင်းပြနေပါတော့သည်။