Sunday, May 12, 2013

မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦး အင်ဒိုရဲဖမ်းမိ

Myawady News

Monday, May 13, 2013

မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦးဖြစ်တဲ့ Hasyim and Rasyed ဆိုသူ တို့ကို အင်ဒိုနီးရှားရဲတွေက ဖမ်းစီး ရမိပြီလို့ သိရပါတယ်။

သြစတြေးလျ နိုင်ငံထဲမှာ ခိုလှုံခွင့် တောင်းခံလိုသူတွေကိုလူမှောင်ခို ကူးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဘီလူးဆိုသူကိုလည်း ဖမ်းစီးရမိခဲ့ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှား ကမ်းလွန်မှာ လှေတစင်း နစ်မြုပ်သွားရာက လူပေါင်း ၉၀ပျောက်ဆုံးသေဆုံး ခဲ့တဲ့ဖြစ်ရပ်မှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့ လည်း သိရပါတယ်။

အင်ဒိုနီးရှား ရဲတွေက လူပေါင်း ၁၀၀လောက်တင်ဆောင်ထားတဲ့ လှေတစီးကို ဘီနိုဟာ ဆိပ်ကမ်းအနီးတဝိုက်မှာ မျောနေတာကို တွေ့ရှိခဲ့ပြီး လှေရဲ့ ဝမ်းဗိုက်ထဲမှာ ပုန်းအောင်းနေတဲ့ ခိုလှုံခွင့်တောင်းလိုသူ တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။စက်လှေမောင်းနှင်သူ Iskandar and Agus ဆိုသူ ၂ဦးကိုလည်း ဖမ်းစီးခဲ့ပါတယ်။ လူကုန်ကူးဂိုဏ်းကို ဦးဆောင်နေသူကို ခိုလှုံခွင့်တောင်းလိုသူတွေနဲ့ ဂိုဏ်းထဲမှာ ပါဝင်ကြသူတွေက ဘီလူးဆိုတဲ့ နာမည်နဲ့သာ သိနေကြပြီး သူတို့နှစ်ဦးဟာ Jawed Muhmud and Hasan Bilu အစရှိတဲ့ နာမည် အမျိုးမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။ တရားခံ ဘီလူးက သြစတြေးလျနိုင်ငံ
ကို လှေ ၄ စီးပို့ခဲ့ပြီး ဖြစ်တဲ့အကြောင်း ဝင်ခံခဲ့တယ်လို့ သိရပါတယ်။

သူနဲ့အတူ မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦးဖြစ်တဲ့ Hasyim and Rasyed တို့ ကိုလည်း ထိန်းသိမ်းထားပြီး စုံစမ်း စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။

ABC Radio Australia

မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦး အင်ဒိုရဲဖမ်းမိ
Monday, May 13, 2013

မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦးဖြစ်တဲ့ Hasyim and Rasyed ဆိုသူ တို့ကို အင်ဒိုနီးရှားရဲတွေက ဖမ်းစီး ရမိပြီလို့ သိရပါတယ်။

သြစတြေးလျ နိုင်ငံထဲမှာ ခိုလှုံခွင့် တောင်းခံလိုသူတွေကိုလူမှောင်ခို ကူးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဘီလူးဆိုသူကိုလည်း ဖမ်းစီးရမိခဲ့ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှား ကမ်းလွန်မှာ လှေတစင်း နစ်မြုပ်သွားရာက လူပေါင်း ၉၀ပျောက်ဆုံးသေဆုံး ခဲ့တဲ့ဖြစ်ရပ်မှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့ လည်း သိရပါတယ်။

အင်ဒိုနီးရှား ရဲတွေက လူပေါင်း ၁၀၀လောက်တင်ဆောင်ထားတဲ့ လှေတစီး
ကို ဘီနိုဟာ ဆိပ်ကမ်းအနီးတဝိုက်မှာ မျောနေတာကို တွေ့ရှိခဲ့ပြီး လှေရဲ့
ဝမ်းဗိုက်ထဲမှာ ပုန်းအောင်းနေတဲ့ ခိုလှုံခွင့်တောင်းလိုသူ တွေကို တွေ့ရှိခဲ့တာ
ဖြစ်ပါတယ်။

စက်လှေမောင်းနှင်သူ Iskandar and Agus ဆိုသူ ၂ဦးကိုလည်း ဖမ်းစီးခဲ့ပါတယ်။

လူကုန်ကူးဂိုဏ်းကို ဦးဆောင်နေသူကို ခိုလှုံခွင့်တောင်းလိုသူတွေနဲ့ ဂိုဏ်းထဲမှာ ပါဝင်ကြသူတွေက ဘီလူးဆိုတဲ့ နာမည်နဲ့သာ သိနေကြပြီး သူတို့နှစ်ဦးဟာ Jawed Muhmud and Hasan Bilu အစရှိတဲ့ နာမည် အမျိုးမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။ တရားခံ ဘီလူးက သြစတြေးလျနိုင်ငံ
ကို လှေ ၄ စီးပို့ခဲ့ပြီး ဖြစ်တဲ့အကြောင်း ဝင်ခံခဲ့တယ်လို့ သိရပါတယ်။

သူနဲ့အတူ မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦးဖြစ်တဲ့ Hasyim and Rasyed တို့ ကိုလည်း ထိန်းသိမ်းထားပြီး စုံစမ်း စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။

ABC Radio Australia

ချယ်ဆီးကလင်တန် မြန်မာနိုင်ငံကိုလာရောက်မည်….

အဖြူရောင်စာမျက်နှာ's photo.

ချယ်ဆီးကလင်တန် မြန်မာနိုင်ငံကိုလာရောက်မည်….

အမေရိကန်နိုင်ငံသမ္မတဟောင်းဘီလ်ကလင်တန်၏ သမီးဖြစ်သူ ချယ်ဆီးကလင်တန်သည် ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်တွင် မေလ(၂၇)ရက်
နေ့၊ မနက်(၁၀)နာရီမှာ ကျင်းပမည့် P&G ၏ ကမ္ဘာပေါ်တွင် သောက်ရေသန့်
(၆)ဘီလီယံ လီတာမြောက် လှူဒါန်းဖြစ်မြောက်ခြင်း အထိမ်းအမှတ်အခမ်း
အနားကိုတက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

မစ္စချယ်ဆီးကလင်တန်သည် ကလင်တန်ဖောင်ဒေးရှင်းဘုတ် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးမြန်မာနိုင်ငံကို(၂၅) ရက်နေ့ကတည်းက ကြိုတင် လာရောက်ကာ P&G နှင့် WorldVision တို့ပူးပေါင်းလှူဒါန်းမှုလုပ်ခဲ့သည့် နာဂစ်မုန်တိုင်းဒါဏ်ခံဒေသများနှင့်သာ ပေါင်း၊လွိုင်ကော်၊ဘားအံ၊ ကော့သောင်း၊ လောင်းလုံ၊သရက်ချောင်းဒေသ
များကိုသွားရောက်ကြည့်ရှုလေ့လာမည် ဖြစ်ကြောင်း သိရှိရသည်။P&G
သည် ကမ္ဘာပေါ်ကရေဘေးဒုက္ခသည်များကို“ရေသန့်စင်ထုပ်”များ လိုက်လံ
လှူဒါန်းပေးခဲ့ပြီး မြန်မာနိုင်ငံတွင် (၂၀၀၈)ခုနှစ်မှာနာဂစ်မုန်တိုင်း ဒုက္ခသည်
များအတွက် သောက်ရေသန့်လီတာပေါင်း(၂၅)သန်းကျော်ကို ဖန်တီး
ထောက်ပံ့ပေးနိုင်ခဲ့ပြီး(၂၀၁၁)ခုနှစ်တွင် ရေကြီးနစ်မြုပ်ခဲ့သောဒေသ များကို
ရေသန့်ထုပ်(၁၀)သန်းထပ်မံလှူဒါန်းခဲ့သည်။

နောင်တွင် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်များအတွက်ရေသန့်ထုပ်(၄.၅)သန်းကိုလည်းမြန်မာနိုင်ငံမှာရှိ World Vision တွင်ကြိုတင်ပေးအပ်လှူဒါန်းထားကြောင်း
သိရသည်။ကမ္ဘာ့လူဦးရေသန်းပေါင်းတစ်ထောင်သည် ဘေးကင်းပြီးစိတ်ချ
ရသော သောက်သုံးရေကိုမရရှိသည့် အခြေအနေများကြောင့် ဝမ်းပျက်
ဝမ်းလျောရောဂါဖြင့် နှစ်စဉ်ကလေးငယ်(၁.၈)သန်းသေဆုံးခဲ့ရကြောင်း
သိရပါသည်။ ထို့ကြောင့် P&G အနေဖြင့် Children's Save Drinking
Water အစီအစဉ်ရေးဆွဲပြီး လာမည့် (၂၀၂၀)ခုနှစ်အထိတစ်နှစ်ကို
သောက်ရေသန့်လီတာသန်းပေါင်း(၂)ထောင်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း
သိရသည်။

SkyNet TV Browser

ရခိုင်ပြည်နယ်မှာ လေဘေး ကာကွယ်ရေး အစီအစဉ်တွေစတင်

2013-05-12 01b-305
Joint Typhoon Warning Center(JTWC)က ထုတ်ပြန်ထားတဲ့ မုန်တိုင်းသတင်းပုံ photo: JTWC

လာမယ့် မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားတဲ့ မဟာဆန် (Mahasen) အမည်ရ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကြောင့် ဒီကနေ့ကစတင်ပြီး မောင်တောမြို့မှာ ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပါတယ်။
အလားတူ စစ်တွေမြို့အပါအ၀င် ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့မြို့တွေက ဒုက္ခသည်စခန်းတွေကို ဒီကနေ့မနက်ပိုင်းက ကုန်းတွင်းပိုင်းနေရာတွေကို စတင်ရွှေ့ပြောင်းပေးနေပြီလို့ ဒေသဆိုင်ရာ အရာရှိတွေက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ကြိုတင်ပြင်ဆင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန်းက RFA ကို အခုလို ပြောပါတယ်။
"တကယ်လို့ မုန်တိုင်းဝင်လာရင် ဘယ်နားကိုရွေ့မယ်၊ ဘယ်လိုလမ်းကြောင်းက သွားမယ်၊ အဓိကကတော့ စစ်တွေပေါ့လေ၊ စစ်တွေမှာ ဒုက္ခသည်စခန်း ၁၁ ခုရှိတာပေါ့လေ၊ ၁၁ ခုထဲက ပင်လယ်နဲ့နီးတဲ့ ဒုက္ခသည်စခန်းတွေကို ကုန်းတွင်းပိုင်းကို ဒီကနေ့စရွှေ့မှာပေါ့လေ"
ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ထဲက မြို့တွေအားလုံးမှာ မုန်တိုင်းသတိပေးချက်တွေကို အချိန်နဲ့တပြေးညီ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာပေးနေပြီး ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေကိုလည်း မုန်တိုင်းသတိပေးချက်တွေကို အလေးထားလိုက်နာကြဖို့ သတိပေးနှိုးဆော်ထားကြောင်းသိရပါတယ်။
ဒီကနေ့မှာပဲ မောင်တောခရိုင်အုပ်ချုပ်ရေးက ကူညီကယ်ဆယ်ရေး၊ ဒဏ်ရာရသူတွေကို ပြုစုကုသရေး၊ ဆက်သွယ်ရေးစတဲ့ ကော်မတီငယ် ၁၁ ခုကို ဒီနေ့ဖွဲ့စည်းလိုက်ပြီး မောင်တောမြို့အတွင်းက  လေးမိုင်ဘုန်းကြီးကျောင်း၊ နှစ်မိုင်ဘုန်းကြီးကျောင်းနဲ့ အထကကျောင်းတွေကို မုန်တိုင်းဒဏ် ခိုလှုံမယ့်နေရာတွေအဖြစ် ရွေးချယ်ထားကြောင်းသိရပါတယ်။
ကျောက်ဖြူခရိုင်မှာလည်း  မုန်တိုင်းရန်ကာကွယ်ဖို့အတွက် မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ကျင်းပခဲ့ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုအစီအစဉ်တွေကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
 http://www.rfa.org/burmese/news

အဘွားဒေါ်မြကြည်ကို ဂင်းနစ်စာရင်းဝင်ရန်

လက်ရှိကမ္ဘာ့အသက်ကြီးဆုံးအဘွားအိုမှာ အသက် ၁၁၆ နှစ် ၅၁ ရက် အရွယ်ရှိ အမေရိကန်နိုင်ငံသူ Besse Cooper ဖြစ်ပြီး ၁၈၉၆ သြဂုတ်လ ၂၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံသူ အဘွားအို ဒေါ်မြကြည်မှာ အသက် ၁၁၈ နှစ် ရှိနေပြီး အသက်ကြီးဆုံး အဘွားအိုထက် ၂ နှစ်ခန့်ကြီးနေကြောင်းသိရှိရသည်။ အဆိုပါ အဘွားဒေါ်မြကြည်ကို ဂင်းနစ်စာရင်းဝင်ရန် မြန်မာနိုင်ငံမှ Online သုံးစွဲသူများမှ ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

Now (The Oldest Grandma) in the Guinness World Records is Besse Cooper - 116 Year and 51 days old, Lives in American. But the truth is, there is a grandma who is 2 year older then Besse Cooper. Her name is Mya Kyi - 118 years old, Lives in Amarapura, Pou Chine Kone Village, Myanmar.

i love Myanmar စာမျက်နှာမှ မျှဝေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဂင်းနစ်စံချိန်ဝင်ရန် အမြန်ဆုံး Share ပေးကြပါစို့

ဒီသာပေါင်မုန့်ခ နှင့် တပည့်ကျော်များ ....

အိုင်တော့ပက်တတ်သားပဲ(IPad)

ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေးတယ်

စစ်အာဏာရှင်တွေကို နိုင်ငံရေး အမွေဆက်ခံတဲ့ စစ်တစ်ပိုင်း
အစိုးရတစ်ခုလုံးကို သမဝါယမအစိုးရအဖွဲ့ လုပ်ခိုင်းကြမှာလား။

တိုက်ဆိုင်တာကတော့ဦးသိန်းစိန်ကဦးကျော်ဆန်းသမ၀ါယမအဖွဲ့
ကိုနွားနိ့ထုတ်လုပ်ရေးလက်ကုန်လုပ်ခွင့်ပေးလိုက်တာပဲ....

ဟံသာဝတီ ဦးဝင်းတင်'s photo.
.........................................................................

ဒီရက်ပိုင်းအတွင်း မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်မှာ ဆန်းဆန်းထူးထူး စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ တိုတို ပြောရရင် ဒီလိုဗျာ။ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့ စာက ဂျာနယ်တွေထဲ၊ သတင်းစာတွေထဲမှာ ဖတ်ရလေ့ မရှိတဲ့စာဗျ။ ရေးတဲ့သူက ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း “ကျောင်းသားလှုပ်ရှားမှု”ဆိုတဲ့ ဧရာမကျမ်းကြီးကို ပြုစုခဲ့သူ။ သူ့နာမည်က ကိုအောင်ထွန်း။

ကိုအောင်ထွန်းကို စစ်အာဏာရှင် အစိုးရက တစ်ချိန်က ဖမ်းဆီးခဲ့တယ်။ ချုပ်နှောင်ခဲ့တယ်။ ပြီးတော့ ထုံးစံ အတိုင်းပေါ့။ ညှဉ်းပန်းခဲ့တယ်။ နှိပ်စက်ခဲ့တယ်။ အားလုံးပြီးတော့ ဆိုပါစို့ ။ ထုံးစံအတိုင်း သံတိုင်နောက်က ထောင်ငရဲခန်းထဲ သွင်းလိုက်တယ်။ ထုံးစံအတိုင်း ထောင်ထဲမှာ နှစ်ပရိစ္ဆေဒတွေ အကြာကြီး ပိတ်လိုက်တယ်။ထုံးစံအတိုင်း သူ့ကို လူ့ငရဲခန်းထဲပိတ်ထားခိုက် စစ်ထောက်လှမ်းရေး ယမမင်းတို့ လုပ်ကြံမှုတွေစိတ်ကြိုက်လုပ်ကြတယ်။

ဒီလို မတရား ချုပ်နှောင်မှုတွေ၊ ညှဉ်းပန်းမှုတွေ ၊ ငရဲခန်း သွင်းပိတ်မှုတွေ ထောင်တွင်း လုပ်ကြံမှုတွေ၊ လွတ်ချိန်သင့်လို့ လွတ်ခွင့်ကြုံလာရင်တောင် အကျဉ်းသားရဲ့လူ့သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ ယုံကြည်ချက် သိက္ခာကို ဖဲ့ခြွေချိုးဖျက်တဲ့ ခံဝန်ချက် အမျိုးမျိုးကို လက်မှတ်ထိုး ခိုင်းတာတွေ၊ အဲဒါတွေ အားလုံးအတွက် စစ်အာဏာရှင် ပါးကွက်သားတွေ ငါတို့ (နိုင်ငံရေး အကျဉ်းသားတွေ)ကို ဝန်ချတောင်းပန်ရမယ်။ ငါတို့ အဖွဲ့အစည်းတွေကို ဝန်ချ တောင်းပန်ရမယ်။ ငါတို့ ဘက်က ရပ်တည်ခဲ့တဲ့ ပြည်သူလူထုတွေကို ဝန်ချ တောင်းပန်ရမယ်တဲ့။

မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်မှာ လွှင့်လိုက်တဲ့ ကိုအောင်ထွန်းရဲ့အသံက ကြေညာချက်ပုံစံနဲ့ ထွက်လာတယ်။ သူ့အသံက စစ်အာဏာရှင်ဟောင်းကြီး ချုပ်နှစ်ချုပ်ကို နာမည်နှင့်တကွ လူကောင်ဆွဲထုတ် စွပ်စွဲတာ ဖြစ်တယ်။ သူ့အသံ က ပြည်သူလူထုကြီးတစ်ရပ်လုံးကို သိကြားစေ သက်သေညွှန်းတဲ့ ပုံစံမျိုးနဲ့ ဖွင့်ချတာ ဖြစ်တယ်။

အဲသလို နိုင်ငံရေး အကျဉ်းသားဟောင်း အကျော်ဇေယျတစ်ဦးရဲ့ အသံကို ကျွန်တော် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။
ထပ်ဆင့် သဘောတူတယ်။
ထပ်ဆင့် ထောက်ခံတယ်။
ထပ်ဆင့် ဆန္ဒပေးတယ်။

ဒီလိုပဲ လိုရင်းကိုတိုတိုရှင်းရှင်း ပြောစရာရှိတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ကိုအောင်ထွန်းလိုပဲ လူ့ငရဲကို ဖြတ်သန်း ခဲ့သူ။ ဒီတော့ နောက်ထပ် ထပ်ဆင့်ပြောစရာတွေ ရှိတယ်။ နည်းနည်းပြောပါရစေ။
အားနာလို့ နည်းနည်းပြောပါရစေ ခွင့်တောင်းတာ။ ပြောစရာတွေ ကတော့ အများကြီး။

၁၉၈၉ ဇူလိုင် ၃ ရက်မှာ ကျွန်တော်ထောင်ထဲ ရောက်တယ်။ အဲဒီနှစ် စက်တင်ဘာ ၃ဝ ရက်မှာ ထောင်ဒဏ်အပြစ် ပေးခံရတယ်။ ၃ လလောက် အကြား ကာလမှာ ကျွန်တော်ဟာ အချုပ်သား။ ပြစ်ဒဏ်ကျခံရတဲ့ ထောင်သား မဟုတ်သေးဘူး။ အပြစ် တစ်စုံ တစ်ရာ ရှိတယ်လို့ သတ်မှတ်ခြင်း ခံရတဲ့သူ မဟုတ်သေးဘူး။

ဒါပေမယ့် ကျွန်တော်ညှဉ်းပန်းမှုတွေ ခံရတယ်။ နှိပ်စက်မှုတွေ ခံရတယ်။ အများကြီး ခံရတယ်။ ကြိမ်ဖန်များစွာ ခံရတယ်။ ညမအိပ် နေ့မနား ရက်ပေါင်းများစွာ ခံရတယ်။ ညှဉ်းပန်းသမျှကို ဝမ်းဟင်းလင်းနဲ့ လည်စင်းခံရတယ်။

ဒါက အချုပ်သားဘဝ(အပြစ်မဲ့ ဘဝ)နဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ။
ထောင်သားဘဝ (အပြစ်ကျဘဝ) ရောက်တော့ကော။ မေးနေစရာ မလိုပါဘူး။ ပိုလို့သာ ဆိုးလာတော့တာပေါ့။ စစ်ထောက်လှမ်းရေးက ထောင်ထဲ မှာပဲ တပ်စွဲနေတာကိုး။ လာချင်ရင် အနီးလေး ဖြစ်နေတော့တာပေါ့။ အပြင်နိုင်ငံရေးက ချွတ်ချွတ်ပျက်ပျက် ဖြစ်နေတယ်။ ဒီတော့ ထောင်ထဲမှာ ကျွန်တော်တို့ ဖွတ်ဖွတ်ညက်ညက်ကြေနေကြရတော့တာပေါ့။ စစ်ခွေးတိုက် သွင်းခံရလိုခံရ။ ရဲဘက် စခန်း သွင်းခံရလိုခံရ။ စစ်ထောက်လှမ်းရေး က ကျောချင်တိုင်း ကျောတဲ့ စစ်ကြောရေး ရုံး သွင်းခံရလိုခံရ။ ကျန်ကောင်း ကျန်ရာ လူ့သိက္ခာ ဗလာကျင်း အောင် ဖဲ့ခြွေချွတ်ခွာ ခံရလိုခံရ။ ဖဲ့တာ ခြွေတာ ခံရတာတွေထဲမှာ အဆိုးဆုံးက ကျွန်တော့်ပါးစပ်ထဲက မွေးရာပါသွားတွေ ချောင်ခြွေ ချိုးချွတ် ခံရတာပဲ။ စစ်ထောက်လှမ်းရေး လက်ချက်နဲ့ ကျွန်တော့်သွားတွေ အကုန်ကြွေကုန်တယ်။

၁၉၉၁ ကနေ ၁၉၉၈ အထိ သွား ဝတ်လစ်စားလစ် ပါးစပ်နဲ့ ထောင်ထမင်းကြမ်း ဟပ်နေခဲ့ရတယ်။ ၇ နှစ်အကြာ ၁၉၉၈ ရောက်မှ သွားတုတပ်ခွင့် ပေးတယ်။

ပိုဆိုးတာ နောက်တစ်ခု ရှိသေးတယ်။

၁၉၉ဝ ဇန်နဝါရီမှာ ကျွန်တော် အူကျရောဂါ ရတယ်။ အိပ်ရာထဲ ဗုန်းဗုန်း လဲတဲ့အဖြစ် ဆိုက်တယ်။ အာဏာပိုင်တွေက ဘာကုသမှုမှ မလုပ်ပေးဘူး။ ပြောမရ ဆိုမရဘဲ။ ၅ နှစ်တိတိ ကြာတယ်။ နောက်ဆုံး အူတွေခေါက် သေမလောက် ဖြစ်မှ ဆေးရုံပို့တယ်။ 

ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ခန်းထဲကို တိုက်ရိုက်ပို့ရတယ်။ ခွဲစိတ်ရတယ်။ လူတော့ မသေဘူး။ မွေးရာပါ တစ်ရှဉ်းတော့ “နတ်သင်း” ဖြစ်ရတယ်။

အဆိုးတကာ့ ထိပ်ခေါင် လူ့ငရဲ မီးလောင်ခံရတဲ့ အဖြစ်က ဒီလို။
၂ဝဝ၅ ဇူလိုင် ၆ ရက် မနက်မှာ ကျွန်တော့်ကို လွှတ်ပေးမယ်လို့ လာပြောတယ်။ ထောင်မှူးက ခေါ်ထုတ်တယ်။ လွှတ်မယ့် အကျဉ်းသား ၁ဝဝ ကျော်နဲ့ ဆုံရတယ်။ လွှတ်ဝရမ်းရေးဖို့ ကျွန်တော်တို့ တစ်တွေကို ကိုယ်မှတ်စစ် တယ်။ ထောင်ကျ တုန်းက မှတ်တမ်းယူ ထားခဲ့တဲ့ ကိုယ်အင်္ဂါ အမှတ်အသားတွေနဲ့ ပြန်ညှိတယ်။ အားလုံးပြီးတော့ လွှတ်ဝရမ်း ပေးတယ်။ ညျွန်မှူးရုံး အစည်းအဝေးခန်းမထဲ သွင်းတယ်။ အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးကြီး ဇော်မင်းက ဩဝါဒ ပေးတယ်။

နောက်ဆုံးအတန်းမှာ ထိုင်နေ တဲ့ ကျွန်တော့်ကိုညွှန်ချုပ်က နာမည် ခေါ်တယ်။ ရှေ့ဆုံးတန်းကို ဖိတ် တယ်။ ရှေ့ဆုံးရဲ့ ရှေ့ မှာ အပြင်က တရားသူကြီးတွေ၊ ဥပဒေ အရာရှိ ကြီးတွေ၊ ရဲအရာရှိကြီးတွေ၊ ထောင် အရာရှိကြီး တွေ ထိုင်နေတယ်။ညွှန်ချုပ်က သူ့ဩဝါဒထဲမှာ ကျွန်တော့်နာမည်ကို တကြော်ကြော် ခေါ်-အော်-ဖော်တယ်။

“ဆရာကြီး ဦးဝင်းတင်လည်း ဒီနေ့လွတ်ပြီ။ ကျွန်တော်တို့က ဆရာကြီးစာတွေကို ဖတ်ပြီး ကြီးခဲ့တာ။ ဆရာကြီး ကျန်းမာ ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ”

ညွှန်ချုပ် ဩဝါဒ ဆုံးတော့ အားလုံး ခန်းမထဲက ထွက်ကြတယ်။
ထောင်ဘူး(တံခါးမကြီးခန်းမ)ထဲကို ဝင်ကြတယ်။ အားလုံးတန်းစီ လွတ်လမ်း ချီကြတယ်။ လွတ်လူတွေထဲမှာ ဒီချုပ်က လူငယ်တာဝန်ခံ(၂) မြင့်ဋ္ဌေးပါတယ်။ လွတ်လူတွေ တော်တော်လေး ထွက်ကုန်တော့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လာပြောတယ်။ ဆရာကြီးနဲ့ ဒီလူတွေ ဒီလူတွေ ခဏနေကြပါဦး။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး လာတွေ့ ချင်တယ် ပြောလို့ပါ။ ဝန်ကြီး စောင့်ရင်း ထမင်းလေး စားပါဦးတဲ့။

ကျွန်တော်တို့ လူသိုက်က ၁ဝ ယောက်။ ကျား ၈၊ မ ၂ ။ (ကျား ၈ ထဲမှာ ဒီချုပ်ခေါင်းဆောင် တစ်ယောက်ပါတယ်။ တောင်ငူမြို့က ဦးအောင်စိုးမြင့်။ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ အရွေးခံခဲ့ရသူ။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အရွေးခံရသူ။ အခု နေပြည်တော်မှာ လွှတ်တော် တက်နေတယ်)။ ထမင်းစားပြီးရုံ ရှိသေး။ ထောက်လှမ်းရေး ၂ ယောက် ကျွန်တော့်ကို လာခေါ်တယ်။ အကျရုံးကို လိုက်သွားရ တယ်။ အကျရုံးမှာ တစ်အောင့်လောက် မကြာဘူး။ ခေါင်းစွပ်စွပ်ပြီး အပြင်ခေါ်ထုတ်ပြန်တယ်။ တစ်နေရာ ရောက်လို့ ခေါင်းစွပ် ချွတ်တော့။ လားလား ကျွန်တော်မနက်က ထွက်လာခဲ့တဲ့ ထောင်ခန်း။ မနက် ထွက်လာတုန်းက ရှိရှိသမျှ ဘုဉ္ဇာဟိ လုပ်ခဲ့လို့ အခန်းက ပြောင်တလင်းခါနေတယ်။ စားစရာ နတ္တိ၊ ခြုံစရာ ဝတ်စရာ ဘာမျှမရှိ။ ရေသောက်စရာ ခွက်မှ မကျန်။ မိုးသာ စုန်းစုန်းချုပ် သွားတယ်။ ဘယ်သူဘယ်ဝါမှ ကျွန်တော့်အခန်း ပေါ်မလာ။ ကျွန်တော့်ကို ဘာစကား တစ်ခွန်းမှ လာမပြော။

ဒီလိုနဲ့ နောက်ထပ်ထောင်ထဲ မှာ ၂နှစ်ကျော်အပိတ်ခံခဲ့ရပြန်တယ်။ ၂ဝဝ၈ စက်တင်ဘာ ၂၃ မှကျွန်တော် ထောင်က တကယ်လွတ်တယ်။
ထောင်သမိုင်းမှာ ကျွန်တော့်လို ရာဇဝင် ရိုင်းခဲ့တဲ့သူ မရှိခဲ့ဘူး။ ကျွန်တော် ကြားဖူးနားဝ ရှိသလောက် တစ်ယောက်မှ မရှိခဲ့ဘူး။ လူထုဦးလှလို ပုဂ္ဂိုလ် ထောင်ဒဏ် ပြန်ကျော့ခဲ့ရဖူးတယ်။ လွတ်ရက် ရောက်တော့ သူ့ကိုထောင်ဗူးဝရုံး ပို့တယ်။ လွှတ်ဝရမ်း ပေးတယ်။ နောက်ထပ် ပုဒ်မ ၁ဝ (ဃ) ကပ်တယ်။ ထောင်ထဲပြန်သွင်းတယ်။ ထောင်ပြန်ကျတယ်။

ကျွန်တော် အင်းစိန်ထောင်မှာ ရှိနေတုန်း ကွန်မြူနစ်ဗဟိုက ကိုသက်ခိုင်လည်း ထောင်ကျနေတယ်။ တစ်ရက်မှာ သူ့လွတ်နေ့ စေ့တယ်။ စစ်ထောက်လှမ်းရေးတွေ သူ့အခန်းရှေ့ ရောက်လာကြတယ်။ လွှတ်ဝရမ်း ဖတ်ပြတယ်။ ပြီးတော့ ပုဒ်မ ၁ဝ(ဃ)ကပ်တယ်။ သူလည်း တစ်ကျော့ပြန် ထောင်ကျတယ်။

ဒီကိစ္စတွေ ကျွန်တော် သိသားပဲ။ ကြားဖူးသားပဲ။ ဒါပေမယ့် ကျွန်တော့် အဖြစ်နဲ့ မတူကြဘူး။ ကျွန်တော်က လွတ်ပြီးသားလူ။ လွတ်တာမှ ကွင်းလုံးကျွတ် လွတ်ပြီးသားလူ။ ထောင်လုပ်ငန်း သဘောအရ အားလုံး၊ အကုန်လုံး၊ အူတွင်းချေးခါး မကျန် စစ်ပြီးဆေးပြီး မေးပြီး မြန်းပြီး ရာခိုင်နှုန်းပြည့် လွတ်ပြီးသားလူ။ နောက်ထပ် ဘာပုဒ်မမှ မကပ်။ နောက်ထပ် ဘာတရားမှ မစွဲ။ နောက်ထပ် ဘယ်ရုံးမှ မတင်။ ကျွန်တော့်ကို နောက်ထပ် ၂ နှစ်ကျော် ထောင်ထဲသွင်း ပိတ်ထားခဲ့တာဟာ ဘာသဘောလဲ။ ဘာအဓိပ္ပာယ်လဲ။ ဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ခုခံချေပမလဲ။

ဗြောင် မတရားချုပ်နှောင်တာ။ အရပ်စကားနဲ့ ပြောရရင် “ဘလိုင်း” မတရား ချုပ်နှောင်တာ။ ဥပဒေမဲ့ မတရား ချုပ်နှောင်တာ။ စစ်အာဏာရှင်တွေ မတရားလုပ်တာ။ စစ်အစိုးရက နိုင်ငံသားတစ်ဦး အပေါ် တရားမဲ့ပြုတာ။

ကိုင်း… ဥပဒေ ပညာရှင်တွေ ကျွန်တော့်အမှုကို ဘယ်လို အဆုံးအဖြတ် ပေးကြမလဲ။ စစ်အာဏာရှင် တွေကို ဘယ်လို ခုခံကာကွယ်ကြမလဲ။ ကျွန်တော့်ကို ဘယ်လို စောင့်ရှောက် ကြမလဲ။ တရားဥပဒေ စိုးမိုးရေး မရှိခဲ့လို့ ဒီလိုဖြစ်ခဲ့တာလို့ ပြောကြမှာလား။ စစ်အာဏာရှင် ခေတ်က တရား ဥပဒေမဲ့ခဲ့လို့ ဒီလိုဖြစ်တာလို့ ပြောကြမှာလား။

ဒီလို စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင် အစိုးရတွေ၊ စစ်အာဏာရှင် ပါးကွက်သားတွေ၊ စစ်အာဏာရှင် လက်ပါးစေတွေ၊ စစ်အာဏာရှင် လက်ကိုင်တုတ်တွေ၊ စစ်အာဏာရှင် ကပ်ပါးတွေ၊ မတရား လုပ်ခဲ့ကြတာတွေ တရားမဲ့ ကျူးလွန်ခဲ့ကြတာတွေ၊ အားလုံးကို သင်ပုန်းချေ ပစ်လိုက်ရမှာလား။

သူတို့အားလုံးကို ဝန်ချ တောင်းပန် ခိုင်းကြမှာလား။

သူတို့အားလုံးကို ပြည်သူ့ခုံရုံးတင်၊ စစ်ဆေး အပြစ်ပေး ကြမှာလား။
သူတို့အားလုံးကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေး အပြစ်ပေး ကြမှာလား။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံးအတွက် သူတို့အားလုံးဆီက နစ်နာကြေး၊ လျော်ကြေး၊ တောင်းပန်ကြေး၊ ကန်တော့ကြေး တောင်းကြမှာလား။

စစ်အာဏာရှင်တွေကို နိုင်ငံရေး အမွေဆက်ခံတဲ့ စစ်တစ်ပိုင်း အစိုးရတစ်ခုလုံးကို သမဝါယမအစိုးရအဖွဲ့ လုပ်ခိုင်းကြမှာလား။
လုပ်ချင်တာ လုပ်။ လုပ်သင့်တာ လုပ်။ လုပ်ဖို့လိုတာ လုပ်ကြပါ။
ကောင်းတာချည်းပါပဲ။ ကျွန်တော် ထောက်ခံ ပါတယ်။

အရေးတော်ပုံ တပ်သား တစ်ယောက်အနေနဲ့ သဘောထား ပြောပါလို့ မေးမလား။ နိုင်ငံရေး အကျဉ်းသား ဟောင်းတိုင်းက ဒီလို ပြောကြလိမ့်မယ် ထင်တယ်။

စစ်အာဏာရှင်တွေ တစ်မြုံလုံးကို

ကမ္ဘာမကျေဘူးဟေ့။

ဗမာမကျေဘူးဟေ့။

ငါမကျေဘူးဟေ့။

ကျွန်တော်တစ်ယောက်ထဲရဲ့ ထပ်ဆင့်သဘောထား ဘယ်လို လဲလို့ ထပ်ဆင့်မေးမလား။ ဒီလို ဖြေမိမယ် ထင်တယ်။

စစ်အာဏာရှင်တွေဟာ သမိုင်းကြွေး ဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ တရားဥပဒေ ကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ ကွယ်လွန်သူ စာရေး ဆရာကြီး သတင်းစာ ဆရာကြီး အိုးဝေဦးညိုမြ စကားလုံးအတိုင်း “ငရဲခွေးကြီးလွတ်နေဆဲ” (Hell Hound at Large) လို့ ပြောရမှာပေါ့။

နောက်တစ်မျိုး ပြောရမယ်ဆိုရင် ဒီလို ပြောပြချင်တယ်။

“ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေးတယ်”။

ဟံသာဝတီ ဦးဝင်းတင်

 မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်။   ။ အောက်တိုဘာ ၁၃၊ ၂၀၁၂

ပဋိပက္ခ သတင်းလုပ်ကြံဖြန့် သူက မီဒီယာသင်တန်းပြုလုပ်မယ်

လာမဲ့ မေလ-၁၉-ရက်နေ့ မှာ စစ်တွေမြို့ ရွှေသဇင်ဟိုတယ်မှာ ပဋိပက္ခ အဖြစ်မခံနိုင်သော သတင်းစာသင်တန်းကို ပြုလုပ်မှာဖြစ်ပြီး  အိန္ဒိယနိုင်ငံအခြေစိုက် မိဇျိမ္မသတင်းဋ္ဌါနက အုပ်ချုပ်ရေးမှူး ဒါရိုက်တာဒေါ်သင်းသင်းအောင်က ဦးဆောင်ဟောပြော ပို့ ချမယ်လို့  သတင်းတွေမှာ ဖတ်ရတယ် ။ ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်မှာ ဒီလိုပဋိပက္ခဖြစ်ပွါးခြင်းကို ရခိုင်ပြည်နယ်အစိုးရကရော- ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနဲ့  ရခိုင်လူမျိုးတွေကပါ ငြိမ်းချမ်းစွာဖြစ်စေရေးအတွက် အတတ်နိုင်ဆုံး ထိမ်းသိမ်းဆောင်ရွက်နေတာဖြစ်တယ် ။ ဒါ့ကြောင့်မို့ လို့  ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လူမျိုးတွေကို ဘယ်သူကမှ ပညာပေးသင်တန်းတွေ ပေးနေစရာ မလိုဘူးထင်တယ် ။ သတင်းဋ္ဌါနအနေနဲ့  သူတို့ ရဲ့  သတင်းထောက်တွေကို သင်တန်းပေးမယ်ဆိုတာမျိုးကတော့ ပြုလုပ်လို့ ရတယ် ။

      ဒါပေမဲ့  အခုအချိန်မှာ ဒီလိုပဋိပက္ခဖြစ်စေခြင်းများကို အဖြစ်မခံရအောင် သင်တန်းပေးတာမျိုး- ဟောပြောတာမျိုး-လက်လွပ်စပယ်ပြောဆိုတာမျိုးတွေကို တစုံတရာ ပြောဆိုရေးသား ပြုလုပ်ကြပြီဆိုရင် အထိမခံဖြစ်နေတဲ့  ရခိုင်လူမျိုးတွေရဲ့   အနေအထားမှာ အနာတရ ဒဏ်ရာဒဏ်ချက်ဆိုတာတွေဟာ ချက်ချင်း ပေါ်ပေါက်စေတယ် ။ ဒါတွေဟာ ကြပ်တည်းစွာသတိထားရမဲ့  အချက်တွေဖြစ်တယ် ။ ဥပမာအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်-မင်းကိုနိုင်တို့ တွေတောင်မှ ရခိုင်အရေးနဲ့  ပတ်သက်လို့  စကားပြောရင်တောင်မှ ဆင်ခြင်ပြောရင်တောင် အနှောင့်အသွား မလွပ် ဖြစ်နေတာကို ကြည့်ရင် တချို့ နေရာတွေမှာ အထူးသိထားရမဲ့  အချက်ဖြစ်တယ်ဆိုတာ နားလည်ထားဖို့ လိုတယ် ။ ဒီလို လူထုလေးစားတဲ့  လူတွေတောင်မှ ရခိုင်အရေးနဲ့  ပါတ်သက်လာရင်တောင် ဝေဖန်ခံနေရရင် အခုလို မိဇျိမ္မသတင်းဋ္ဌါနက အုပ်ချုပ်ရေးမှူး ဒါရိုက်တာဒေါ်သင်းသင်းအောင်လို လူစားမျိုးက ရခိုင်လူမျိုးတွေကို ပဋိပက္ခအဖြစ်မခံနိုင်သော မီဒီယာသင်တန်း ဟောပြောပွဲကို ပြုလုပ်မယ် ဆိုတော့ စဉ်းစားစရာဖြစ်ရတယ် ။

    ဒေါ်သင်းသင်းအောင်ဟာ ကျွန်တော်သိတဲ့  အမျိုးသမီးတဦးဖြစ်တယ် ။ ကျွန်တော်တို့  နယူးဒေလီမြို့ မှာ နေထိုင်စဉ် -DVB- ရေဒီယိုသတင်းဋ္ဌါနမှာ အပါတ်စဉ် ရေဒီိယိုဇါတ်လမ်းပမာကို စနေနေ့ တိုင်း ရေးသား ထုတ်လွှင့်ခဲ့ တာ နှစ်ပေါင်း ( ၁၀ နှစ်ကျော် ကြာ ) အချိန်ထိဘဲဖြစ်တယ် ။ ကျွန်တော်နဲ့  ရဲရင့်အောင် ( ယခုသြစတေးလီယား ) တို့ နှစ်ဦးဟာ ပင်တိုင်ဇတ်လမ်းပမာ ရေးသား ထုတ်လွှင့်သူဖြစ်တယ် ။ ဂျပန်နိုင်ငံ ထုတ်ဝေတဲ့  အာဟာရစာစောင်မှာလဲ ကျွန်တော်နဲ့  ရဲရင့်အောင်ဟာ ပင်တိုင်ဆောင်းပါးရှင်အဖြစ်ရေးသားနေခဲ့ ကြတယ် ။ နယူးဒေလီမှာ ကျွန်တော်တို့  စာရေးဆရာအဖွဲ့ ကို ဖွဲ့ စည်းပြီး စာပေအနုပညာရှင်များ ပါဝင်ဖွဲ့ စည်းတဲ့ အခါ ကျွန်တော်က ဥက္ကဋ္ဌ-ကိုရဲရင့်အောင်က အတွင်းရေးမှူး တာဝန်ယူဆောင်ရွက်ခဲ့ တယ် ။ ကျွန်တော်ပြောချင်တာက ဒေါ်သင်းသင်းအောင်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီ မြန်မာစာပေအနုပညာရှင်လောကမှာ ဆောင်းပါးတပုဒ်ရေးသူ- ကဗျာတပုဒ်ရေးသူ အဖြစ် သူမကို စာရေးဆရာတယောက်အဖြစ် ကဗျာဆရာတယောက်အဖြစ် ဘယ်သူမှ မသိကြဘူး။ ဘယ်သူကမှ အသိအမှတ် မပြုကြဘူး ။ ဒီတော့ စာရေးဆရာ တယောက် မဟုတ်တဲ့  လူတဦးက ဘယ်လိုလုပ်ပြီး မီဒီယာနဲ့  ပါတ်သက်လို့ ဟောပြောမလဲဆိုတာ စဉ်းစားလို့ မရဘူးဖြစ်နေတယ် ။ နယူးဒေလီက ရဲဘော်ကျော်သန်းဟာ ဒီအကြောင်းကြားရင် တော်တော် ရီမောနေလိမ့်မယ် ။

    သေချာတာ တခုကတော့ မိဇျိမ္မသတင်းဋ္ဌါနဟာ ထာဝစဉ် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး မဟုတ်ပါဘူးလို့ ပြောတဲ့  သမိုင်းလိမ်ကုလားလူမျိုးကို ပဋိပက္ခဖြစ်စေအောင် ဖန်တီးလုပ်ကြံရေးသားနေတဲ့  သတင်းဋ္ဌါနဖြစ်တယ်ဆိုတာ ပြောချင်တယ် ။ လွန်ခဲ့ တဲ့ လက အမေရိကပြည်ထောင်စု နယူးယောက်မြို့ ကို ၀န်ကြီးဦးအောင်မင်း-၀န်ကြီး ဦးခင်ရီ-ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့  မြန်မာမိသားစုတွေနဲ့  လူထုတွေ့ ဆုံပွဲ ပြုလုပ်ခဲ့ တယ် ။ အဲဒီတွေ့ ဆုံပွဲမှာ ကျွန်တော်က မီဒီယာများနဲ့  ပါတ်သက်လို့ ဝန်ကြီးဦးခင်ရီကို တင်ပြပြောဆိုခဲ့ တယ် ။ အဲဒါကတော့ မြန်မာနိုင်ငံနဲ့  ပါတ်သက်လို့  မီဒီယာတွေဟာ သတင်းအတည်ပြုချက် မယူဘဲ ရေးသားထုတ်လွှင့်နေကြတယ် ။ သမ္မတကြီး ဦးသိန်းစိန်ကအစ ၀န်ကြီးဦးခင်ရီ အပါအ၀င် အစိုးရတရပ်လုံးကပါ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး( ၁၃၅ ) မျိုးသာ ရှိတယ်လို့  တရားဝင်ထုတ်ပြန်ကြေညာထားတယ် ။ ဒီလိုကြေညာထားပါလျှက်ကယ်နဲ့  မိဇျိမ္မသတင်းဋ္ဌါန- ဧရာဝတီသတင်းဋ္ဌါန-နဲ့  အခြား ရေဒီယိုအသံလွှင့်ဋ္ဌါနတွေဟာ သမိုင်းလိမ်ကုလားလူမျိုးတွေရဲ့  နာမည်ကို ဖေါ်ပြပြီး အင်တာဗျူးပြုလုပ်ခြင်း- ဖြေဆိုခြင်း-ထုတ်လွှင့်ခြင်း-ရေးသားခြင်းများစွာကို ပြုလုပ်ကြတယ် ။ တကယ်လို့  အဲဒီလို ထုတ်လွှင့်ရေးသားမယ်ဆိုရင် အဲဒီလူမျိုးဟာ မြန်မာနိုင်ငံအတွင်းမှာ အမှန်တကယ် တိုင်းရင်းသားလူမျိုး( ၁၃၅ ) မျိုးထဲမှာ ပါဝင်ရဲ့ လားဆိုတာကို သက်ဆိုင်ရာဝန်ကြီးဋ္ဌါနများကို သတင်းအတည်ပြုချက် ရယူရမှာဖြစ်တယ် ။ အခုတော့ သတင်းအတည်ပြုချက် မယူဘဲ ရေးသားဖြန့် ချီ ထုတ်လွှင့်နေတာကြောင့်မို့ လို့  မြန်မာနိုင်ငံဟာ ခုအချိန်မှာ သွေးချောင်းစီးပဋိပက္ခကို ဖြစ်စေနေတာဖြစ်တယ် ။

   ဒါ့ကြောင့်မို့ လို ဒီရေးသားနေတဲ့  မိဇျိမ္မသတင်းဋ္ဌါန-ဧရာဝတီသတင်းဋ္ဌါနဲ့  အခြားရေဒီယိုသတင်းဋ္ဌါနများကို သတင်းအတည်ပြုချက် မယူဘဲ ပြုလုပ်နေကြတဲ့ အတွက် ဘယ်လိုအရေးယူရမှာလဲ ဆိုတာကို မေးမြန်းခဲ့ တာဖြစ်တယ် ။ ၀န်ကြီးဦးခင်ရီက အခုလို ဒီသတင်းအတည်ပြုချက် မယူဘဲ ထုတ်လွှင့်ရေးသားနေသူတွေလဲ ရှိနေတဲ့ အတွက် အရေးယူစရာလဲ လုပ်ရမှာပါဘဲလို့  ဖြေဆိုခဲ့ တာရှိပါတယ် ။ ဒါပေမဲ့  ၀န်ကြီးဦးခင်ရီဟာ မီဒီယာဥပဒေအပိုင်းနဲ့  မပါတ်သက်တဲ့ အတွက် မီဒီယာဥပဒေကို ပြင်ဆင်ရေးဆွဲနေတဲ့  သက်ဆိုင်ရာ ၀န်ကြီးဋ္ဌါနနဲ့  မီဒီယာဥပဒေကို ပါဝင်ရေးဆွဲနေတဲ့  မီဒီယာသမားတွေ သိရှိစေဖို့  တင်ပြပေးလိုက်တာဖြစ်တယ် ။ လွပ်လွပ်စွာရေးသားခွင့် ကို မီဒီယာသမားတွေက ရရှိသလို မီဒီယာသမားတွေအနေနဲ့ လဲ သတင်းအတည်ပြုချက်များနဲ့  သတင်းတည်ဆောက်ပြီးမှ ထုတ်လွှင့်ရေးသားရတဲ့  ဥပဒေဆိုတာ ရှိရပါမယ် ။ သတင်းအတည်ပြုချက် မယူဘဲ အခုလို နိုင်ငံကို အကြည်ညို ပျက်စေလောက်တဲ့  သတင်းအချက်အလက်များကို ဖေါ်ပြရေးသား ထုတ်ပြန်ခဲ့ ရင် ဥပဒေအရ အရေးယူရမယ်ဆိုတဲ့  ဥပဒေလဲ ထုတ်ပြန်ထားဖို့ လိုတယ် ။

     ကျွန်တော်တို့  နိုင်ငံတကာမှာ ရှိနေတဲ့  မီဒီယာသတင်းသမားတွေဟာ သတင်းများကို အတည်ပြုယူဖို့ အတွက် ပြည်တွင်းက သက်ဆိုင်ရာဝန်ကြီးဋ္ဌါနဖြစ်စေ ရဟန်းရှင်လူ တဦးဦးကိုဖြစ်စေ အထောက်အကူပြု အတည်ပြုချက် ယူကြရတယ် ။ ဒီလိုမှသာ သတင်းက ခိုင်လုံမှု ရှိကြတယ်ဆိုတာ လက်ခံကြတယ် ။ ဒီတော့ခါ မိဇျိမ္မသတင်းဋ္ဌါနက ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့ တဲ့  ပဋိပက္ခသတင်းများနဲ့ ဖေါ်ပြနေခဲ့ ချိန်မှာ ဘယ်လို သတင်းမျိုးကို ဦးစားပေး ဖေါ်ပြနေခဲ့ သလဲ ဆိုတာ လေ့လာကြည့်ရင် အားလုံးနားလည်ကြမှာဖြစ်တယ် ။ ခုအချိန်မှာ မိဇျိမ္မသတင်းဋ္ဌါနက ဒါရိုက်တာ ဒေါ်သင်းသင်းအောင်က ပဋိပက္ခအဖြစ်မခံနိုင်သော မီဒီယာသင်တန်းကို ဟောပို့ ချမယ်ဆိုတော့ ဒါတွေကို စဉ်းစားရမှာဖြစ်လာတယ် ။ ပဋိပက္ခဖြစ်စေနိုင်သော သတင်းများကို လုပ်ကြံရေးသား ဖြန့်ချီနေသူများက မီဒီယာသင်တန်း ပြုလုပ်မယ်ဆိုတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့  အကြောင်းအရာသာဖြစ်တယ် ။

     နောက်ပြသနာ တခုက ဒေါ်သင်းသင်းအောင်ဟာ မူဆလင်ဘာသာဝင်အမျိုးသမီး တဦးဖြစ်တယ် ။သူမကဲ့ သို့  မူဆလင်ဘာသာဝင် အမျိုးသမီး  တဦးက ရခိုင်လူမျိုးတွေကို သင်တန်းပေး ဟောပြောမယ်ဆိုတာကို လူထုကြားမှာ သတင်းဖြန့်ချီတာနဲ့  ပါတ်သက်လို့  နယ်မြေငြိမ်းချမ်းစပြုနေတဲ့  စစ်တွေမြို့ ဟာ ဆန္ဒပြမြို့ တမြို့ အဖြစ် နောက်ထပ်မြို့ တမြို့  အဖြစ် ရောက်လာနိုင်စရာ ဖြစ်လာနိုင်တယ် ။ ကျွန်တော်ကတော့ သူမကို အခုလို ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ ဆရာကြီးလို သင်တန်းပေးတာမျိုးတာတွေကို ဘယ်လိုမှ လက်မခံတဲ့ သူဖြစ်တယ် ။ သူမရဲ့  အကျင့်စာရိတ္တ ဘယ်လိုမကောင်းဘူးဆိုတာကို ကျွန်တော့်အနေနဲ့  နုတ်မှ ထုတ်ဖေါ်ပြောရလောက်အောင် စိတ်ပျက်လွန်းတာကြောင့်  မပြောဘဲနဲ့ ဒီကိစ္စတွေကို တခြားလူတွေ ပြောကြပါလိမ့်မယ် ။ ကျွန်တော်လက်မခံတာက သူမဟာ စာရေးဆရာ တယောက်မဟုတ်ဘူး- ကဗျာဆရာ တယောက်မဟုတ်ဘူး- ဘလော့ဂါတယောက်လဲ မဟုတ်ဘူး- ဒါ့ကြောင့် သူမလို လူတယောက်က ကျွန်တော်တို့  စစ်တွေမြို့ မှာ ဆရာကြီးပုံစံနဲ့  လုပ်မဲ့ အရာ ဟူသမျှကို ရွံရှာတာလဲ ပါတယ် ။ စစ်တွေမြို့ ကို ခြေချခွင့်တောင် မပေးသင့်တဲ့ စာရင်းထဲမှာ သူမကို တနေရာ ထားရမှာဖြစ်တယ် ။

    မိဇျမ္မသတင်းဋ္ဌါနအနေနဲ့  သူတို့ ရဲ့  သတင်းထောက်များကို သတင်းရေးသားနည်းနဲ့  ရေးသားခြင်း သင်တန်းများ ပေးလို့ ရတာမှန်တယ် ။ အဲဒီလို ဆိုရင် အဲဒီသင်တန်းကို မူဆလင်လူမျိုး ဘင်္ဂလီကုလားတွေက လာရောက် တက်လာခဲ့ ရင်ကော ဘယ်လိုလုပ်မှာလဲ ဆိုတာမျိုးကော တွေးတောထားရမှာ လိုလာပြန်တယ် ။ တက်လာခဲ့ ရင် နယ်မြေ ဆူပူ လာမယ် ဆိုတာ သတိထားဖို့ လိုတယ် ။ ဒါကြောင့်လဲ  ရခိုင်ပြည်နယ် တ၀န်းမှာတော့ မိဇျိမ္မသတင်းဋ္ဌါနက ထုတ်ဝေဖြန့် ချီမဲ့  ဂျာနယ်-သတင်းစာ စသည်တို့ ကို ဘယ်ရခိုင်လူမျိုးကမှ ၀ယ်ယူအားမပေးဖို့  သတိပေး မေတ္တာရပ်ခံထားပါရစေ ။ အထူးသဖြင့်ကတော့ ငြိမ်းချမ်းစပြုနေတဲ့  ရခိုင်အရေးကို ဘယ်သူကမှ နည်းမျိုးစုံနဲ့  သပ်လျှိုပြီး ကောက်ကျစ်စွာ နေရာယူဝင်ကြခဲ့ ရင် ဖြစ်လာတဲ့  ပြသနာဟာ အဲဒီလူတွေကြောင့်လို့  ပြောရမှာဘဲ ဖြစ်တယ်လို့  ပြောချင်ပါတယ် ။ ဒါ့ကြောင့်မို့ လို့  စစ်တွေမြို့  ရွှေသဇင်ဟိုတယ်မှာ ပြုလုပ်မဲ့  အဲဒီအစီအစဉ်ကို ခွင့်ပြုကြသူများ အားလုံးကို လေးစားစွာ မေတ္တာရပ်ခံလိုက်ပါတယ် ။ အကယ်၍ ဆက်လက်ပြီး အဲဒီအစီအစဉ်များကို ပြုလုပ်မည်ဆိုပါက ဆန္ဒပြတောင်းဆိုပွဲများဖြင့် နယ်မြေမငြိမ်သက်မှုများ ဖြစ်ပွါးလာနိုင်စရာ ရှိပါကြောင်း အသိပေးတင်ပြလိုက်ရပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

ဦးအောင်မင်း၏ စိတ်ဝင်စားဖွယ် သတင်းနှစ်ပုဒ်

credit to http://www.myanmardailynews.org/2013/05/blog-post_8878.html

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၀န်ထမ်းများ၏ နစ်နာဆုံးရှုံးမှုများ

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်၌ ရှိသော တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခချုပ် များသည် ၀န်ထမ်းများ၏ ရာထူးတိုးမြှင့်ခြင်းများ၊ ခွင့်တိုင်ကြားခြင်းများ နှင့် နေရာဒေသပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခြင်းများ အတွက် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် မရှိပဲနှင့် ကိုယ်တိုင်ဆုံးဖြတ်ကာ ၀န်ကြီးဌာနသို့ တင်ပို့ပေးခြင်းမရှိပဲပြုလုပ်နေသည့်အတွက် အမှန်တရားများပျောက်ကွယ်ကာ မမျှတမှုများနေရာ အနှံ့၌ဖြစ်ပေါ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ၀န်ကြီးဌာနမှ တက္ကသိုလ်များအတွင်း၌ ဖြစ်ပွားနေသော ကိစ္စရပ်များကို အမှန်တကယ် သိရှိနိုင်မှုမရှိပဲ လွှဲမှားစွာ ဆုံးဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပါသဖြင့် ၀န်းထမ်းများ၏ မှန်ကန်သော ကိုယ်ရေးအချက်အလက်များနှင့် စာရွက်စာတမ်းများအား ဆုံးဖြတ်ခွင့်ရှိသော ၀န်ကြီးဌာနသို့ တင်ပို့ပေးရန် တောင်းခံသင့်ပါသည်။ သို့မှသာ ၀န်ထမ်းများ၏ နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မည်သာ ဖြစ်ပါသည်။

T.H.S လို ၈ တန်းအောင်ပြီးတက်လို့ရတဲ့အင်ဂျင်နီယာသင်တန်းတွေခေါ်

Theintoe
အရင် T.H.S လို ၈ တန်းအောင်ပြီးတက်လို့ရတဲ့အင်ဂျင်နီယာသင်တန်းတွေထပ်ခေါ်
ပြီG.T. I ပေါင်းကူးလဲရှိတယ်ပြောတယ်။

အင်တာနက်ဂျာနယ်

Transport Ministry Magazine မှ ဘုန်းဘွဲ့တော်

Transport Ministry Magazine မှ ဘုန်းဘွဲ့တော် ဆောင်းပါး ။

Credit to Ko Moe Aye and ဖက်ဖက်

မှိုပုံလေး

တရုတ်ကွန်မြူနစ်ပါတီတရားဝင်သတင်းစာဖြစ်သည့် People's Daily Newspaper ၏ ဆောက်လုပ်လက်စ ဌာနချုပ်သစ်

www.telegraph.co.uk/news/worldnews/asia/china/10035073/Chinas-Peoples-Daily-newspaper-mocked-over-its-new-phallic-headquarters.html

www.nydailynews.com/news/world/chinese-newspaper-headquarters-stuns-article-1.1339284

www.thesun.co.uk/sol/homepage/news/4919629/chinese-authorities-try-to-hide-embarrassing-erection.html

CREDIT TO ဖက်ဖက်

လဒတွေ ဝိုင်းနေတဲ့ ပုံမျိုးတောင် ဖြစ်လာမလား.

အသက်က ၃၂နှစ်ဆိုတော့ အခြားရောဂါကြောင့်လည်းဖြစ်နိုင်ပါတယ်...

ကြုံလို့ပါ။နိုင်းယှဉ်တာမဟုတ်ပေမယ့်ကနေဒါမှာတနေ့၂ခါကျွေးတဲ့နေရာတွေရှိတယ်တန်းစီရတယ်။သိပ်အကောင်းကြီးမဟုတ်ပေမယ့်
အဟာရပြတ်သေလောက်အောင်လဲမညံ့ဖူး၊အကြောင်းပြချက်ခိုင်လုံရင်ထောက်ပံ့ကြေး၅၀၀ကျော်ပါရနိုင်ပါတယ်။အမှန်တော့အသစ်ရောက်
လာတဲ့သူတွေရည်ရွယ်ပုံရပါတယ်၊ဒါပေမယ့်သစ်သစ်ဟောင်းဟောင်းငပျင်းတွေအတွက်ဖြစ်သွားတယ်။

ဆရာတွေ လာဘ်စားရင် အလုပ်ထုတ်မယ် စစ်တွေ တစ်မြို့လုံး ယတြာချေ

ဦးခင်ရွှေဒီနေ့နောက်တခုထပ်ရပြန်ပြီ။

ဒေါက်တာ ဒေါ်ရင်ရင်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

rတိုင်းရင်းသားနှင့် နိုင်ငံသား မတူညီပါ။
နိုင်ငံသားဖြစ်ခွင့်ရှိသူဖြစ်လျှင် ပေးပါမယ်။
ဦးဆုံး ဒီနိုင်ငံရဲ့စကားကို ပြောတတ်အောင် ကြိုးစားပါ။
သို့သော် တိုင်းရင်းသားဖြစ်ခွင့် မရှိပါ။ ဘင်္ဂလီဟာ ဘင်္ဂလီပါပဲ။
"သမိုင်းကို လိမ်လည်ခြင်းဟာ နိုင်ငံကို စော်ကားခြင်းပဲဖြစ်တယ်။"

လင်းဦး(စိတ်ပညာ)

မဟာဆန်မုန်တိုင်း ရခိုင်မြောက်ပိုင်း ၀င်ရောက်နိုင်ဖွယ်ရှိ

NASA က ရိုက်ကူးထားသည့် အိန္ဒိယသမုဒ္ဒရာအတွင်း အားကောင်းနေသော ဆိုင်ကလုန်း One B (01B)။(NASA Goddard)
NASA က ရိုက်ကူးထားသည့် အိန္ဒိယသမုဒ္ဒရာအတွင်း အားကောင်းနေသော ဆိုင်ကလုန်း One B (01B)။(NASA Goddard)

http://burmese.voanews.com/content/mahasen-strom-may-hit-to-nothern-rakhine-myanmar-05-12-13/1659459.html
မဆုမွန်
12.05.2013
အိန္ဒိယသမုဒ္ဒရာအတွင်းမှာ ဖြစ်ပေါ်နေတဲ့ One လို့ နာမည်ပေးထားတဲ့ အပူပိုင်း မုန်တိုင်းဟာ အခုအခါမှာ ပိုအားကောင်း လာနေပြီး “မဟာဆန်” ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီဖြစ်ပါတယ်။ အခုဆိုရင် မုန်တိုင်းလမ်းကြောင်း ဟာ  မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကွေ့ပြီး ဦးတည် တိုက်ခတ်လာနေပြီဖြစ်တဲ့အတွက် အန္တရာယ်ရှိနိုင်တဲ့ အနေအထားကို ချဉ်းကပ်လာနေပြီလို့ မိုးလေဝသပညာရှင်တွေ က ခန့်မှန်းပါတယ်။ ရခိုင်ဒေသခံ အာဏာပိုင်တွေဘက်ကလည်း အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အသင့် အနေအထားမှာ ပြင်ဆင် ထားကြပြီဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

Mahasen မဟာဆန်မုန်တိုင်းဟာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို စကွေ့ပြီး ဝင်လာနေပြီဖြစ်တဲ့အတွက် အန္တရာယ် ရှိနိုင်တဲ့အနေအထားကို စတင်ချဉ်းကပ်လာနေပြီလို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သုံးသပ်ပါတယ်။ မုန်တိုင်း လမ်းကြောင်း ဟာ  လာမယ့်မေလ ၁၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံဘက်ကို စကွေ့ဝင်လာနိုင်တဲ့ အနေအထားမှာ ရှိပြီး လေတိုက်နှုန်းဟာ တစ်နာရီကို ၁၀၅ မိုင်နှုန်းထားနဲ့  တိုက်ခတ်နိုင်တဲ့ အတွက် အရေးကြီးတဲ့အဆင့် ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒီနေ့အတွက်  မဟာဆန် မုန်တိုင်းဟာ မုန်တိုင်းဦးတည်ရာ လမ်းကြောင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့ကို စတင်တိုက်ခတ်နေပြီဖြစ်တယ်လို့ ဦးထွန်းလွင်က ဗွီအိုအေကို ပြောပါတယ်။

“ကွေ့မှာကတော့ ၁၃ ရက်နေ့မှာ ကွေ့မှာပါ။ အဲဒီ ကွေ့တဲ့အခါကျ အရေးကြီးတဲ့ အဆင့်ကို ရောက်ပါပြီ။ ကွေ့တဲ့အချိန်ကစပြီး အရေးကြီးတဲ့အဆင့် ရောက် လာပါပြီ။ ကွေ့မှ ကျနော်တို့ဘက် လာမှာကိုး။ ဘင်္ဂလားဒက်ရှ်က စစ်တကောင်းကို ဝင်မယ်ဗျ။ သို့သော်လည်းပဲ ဒီမုန်းတိုင်းရဲ့ radius က ညာဘက်ခြမ်းမှာ မိုင် ၁၂၀ လောက်ရှိတယ်။ ဒီ မုန်တိုင်းရဲ့ အန္တရာယ်ရှိတဲ့ ညာဘက်ခြမ်းက မြန်မာနိုင်ငံ၊ ရခိုင်မြောက်ဘက်ကို ရောက်မှာဆိုတော့ ထိခိုက်မှုတော့ ရှိနိုင်ပါတယ်ဗျာ။”

မုန်တိုင်းရဲ့အရွယ်အစား အချင်းဝက် မိုင် ၁၁၀ ကနေ မိုင် ၁၃၀ အထိရှိနိုင်ပြီး မုန်တိုင်းအရွယ်ပမာဏကြီးမားတာကြောင့် ရခိုင်ကမ်းရိုးတန်း ဒေသတလျှောက်နဲ့ အိန္ဒိယနိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းတွေကိုပါ ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။ မုန်တိုင်းကြောင့် ပင်လယ်ပြင်မှာ လှိုင်းလုံးအမြင့်ဟာ  ၆ ပေကနေ ၈ ပေအထိ ရှိနိုင်သလို ဒီရေလှိုင်း မြင့်တက် မှုတွေ ဖြစ်ပေါ်လာနိုင်ပြီး ကုန်းတွင်းပိုင်း တလျှောက် ရေလွှမ်းမိုးတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

မဟာဆန်မုန်တိုင်းဟာ လာမယ့် ၂၄ နာရီအတွင်း ပိုပြီးတော့ အားကောင်းလာဖို့ ရှိနေပြီး လာမယ့် မေလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံ အနောက်မြောက်ခြမ်းက ကမ်းရိုးတန်းနဲ့ ရခိုင်မြောက်ဘက်ခြမ်း ကုန်းတွင်းပိုင်းကို ၀င်ရောက် တိုက်ခတ်နိုင်တဲ့အတွက် ကုန်းတွင်းပိုင်း တလျှောက် ထိခိုက်မှုတွေ ရှိနိုင်ပြီး တကယ်လို့ မိုင် ၁၂၀ လောက် တိုက်ခတ်ခဲ့ရင် လှိုင်းအမြင့်ဟာ ၁၂ ပေအထိ တက်နိုင်ခြေရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်းပါတယ်။

“ကမ်းကိုဝင်ရင်တော့ လေတိုက်နှုန်း ၁၀၅ မိုင်လောက် ရှိမယ်လို့တော့ တွက် ထားပါတယ်ဗျာ။ မုန်တိုင်းဟာ ရုတ်တရက် ဝင်ကာနီးမှာ ၁၀၅ မိုင်မဟုတ်ဘဲ ၁၂၀ လောက်တိုက်တဲ့ မုန်တိုင်း ဖြစ်သွားရင်တော့ (အမြင့်) ၁၂ ပေလောက်အထိ တက်သွားပါလိမ့်မယ်။”

မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ မြန်မာစံတော်ချိန် ၅ နာရီခွဲ တိုင်းတာချက်အရတော့ ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်း မှာ ဖြစ်ပေါ်နေတဲ့ မဟာဆန်ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း အနောက်တောင်ဘက်နဲ့ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး အနောက်မြောက်ဘက်ကို ရွေ့လျှားနေတယ်လို့ ဆိုပါတယ်။ လာမယ့် ၂၄ နာရီအတွင်း ပို အားကောင်းလာနိုင်ပြီး အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ မုန်တိုင်း တိုက်ခတ်နေချိန်အတွင်းမှာပဲ ရခိုင် ကမ်းလွန်ပြင်၊ မုတ္တမကွေ့နဲ့ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်မှာ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တာကြောင့် ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့ မုန်တိုင်းအန္တရာယ်ကို ရှောင်ရှားကြဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဝဘ်ဆိုက်ဒ်ကနေ မုန်တိုင်းအရေးပေါ် သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း မုန်တိုင်းတိုက်ခတ်ချိန် အတွင်း အရေးပေါ်အခြေအနေဖြစ်လာရင် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်အောင် တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေ၊ စစ်တပ်နဲ့ ရဲ လုံခြုံရေး တပ်ဖွဲ့တွေကိုပါ အသင့်အနေအထားနဲ့ လိုအပ်တာတွေကို အရေးပေါ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြတယ်လို့  ရခိုင်ပြည်နယ် သတင်းပြန်ကြားရေး ပြောခွင့်ရဦးဝင်းမြိုင်က ဗွီအိုအေကိုပြောပါတယ်။

“မြို့လူထုတွေကိုလည်း ဘယ်နေရာကို သွားရမယ်ဆိုတာ ကျနော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် ရွာတွေကို အကုန် လုံး ပြောထားပြီးသား၊ ကမ်းဝေး၊ ကမ်းနီးသွားတဲ့ ငါးဖမ်းသမားတွေကိုလည်း မထွက်ဖို့ ပြောထားပြီးသား၊ အဲဒီ သင်္ဘောတွေ၊ လှေတွေကိုလည်း သူတို့ ပုန်းခို တဲ့ချောင်းလေးတွေ ရှိတယ်။ အဲဒီ ချောင်းလေးတွေထဲမှာ ပို့ထားဖို့ အကုန် လုံး ပြောထားပြီးသားပါ။ လှိုင်းဖြစ်လာရင် ရေဒီယိုကို အမြဲ နားထောင် ပါ။ နောက်ပြီးတော့ လက်ကမ်းစာစောင်လေးတွေ ကယ်ဆယ်ရေးနဲ့ ပြန် လည် နေရာချထားရေး ဦးစီးဌာနကနေ ဖြန့်ထားတဲ့ လက်ကမ်းစာတွေထဲက အတိုင်း ဆောင်ရွက်ပါ-လို့ ပြောထားတယ်။

ဖြစ်တဲ့နေရာကို သွားဖို့တော့ ပြည်နယ် အစိုးရအနေနဲ့တော့ စီစဉ်ထားပါတယ်။ အဲဒီလို ဖြစ်လာတယ် ဆိုရင်တော့ NGO အဖွဲ့အစည်းတွေရော၊ ကြက်ခြေနီ တို့ရော၊ နောက်ဆုံးတော့ တပ်တို့၊ ရဲတို့ပါ အကုန်ပါလာမှပါခင်ဗျ။”

အခုဆိုရင် ရခိုင်တိုင်းဒေသကြီးအတွင်း အရေးပေါ်မုန်တိုင်း သတိပေးကြေညာ ချက်တွေကို  ဒေသတွင်းမှာ အာဏာပိုင်တွေက Speaker တွေနဲ့ လိုက်လံ နှိုးဆော်သတိပေးနေသလို ရေဒီယိုတွေကနေ အချိန်နဲ့ တပြေးညီ ကြေညာနေသလိုပဲ Sky Net ရုပ်မြင်သံကြားကလည်း မိုးလေဝသ ပညာပေး သတိပေးနှိုးဆော်ချက်တွေကို အဆက်မပြတ် ထုတ်လွှင့်ပေးနေ ပါတယ်။ ဒေသခံပြည်သူတွေဘက်ကလည်း မုန်တိုင်းရှောင်နိုင်ရေး အရေးပေါ် စားနပ်ရိက္ခာတွေ စုဆောင်းနေကြပြီး မုန်တိုင်းဘေးလွတ်ရာကို ပစ္စည်းတွေ အချိန်မီ ရွှေ့ပြောင်းနေကြပါတယ်။ ဒေသခံ ရေလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ တံငါလှေလေးတွေလည်း မုန်တိုင်းအရေးပေါ်ရှောင်ဖို့ ပင်လယ်ကနေ ကမ်းကို ပြန်ကပ်လာနေကြကြောင်း  ရခိုင်ဒေသခံ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

“စောင့်ရှောက်မှုတွေကတော့ အဲလိုမျိုး မိုက်နဲ့အော်တာတော့ ရှိတယ်။ မုန်တိုင်း တိုက်တော့မယ်ဆိုရင် အကုန်လုံး ကိုယ့်အိမ်ပေါ် ကိုယ် နေနေကြ ဖို့၊ နောက်ပြီး မုန်တိုင်းရှိတဲ့အချိန် ကမ်းနီးကမ်းဝေး ငါးဖမ်းမထွက်ကြဖို့ လိုက်အော်နေပါတယ်။ မုန်တိုင်းရှိတယ်၊ ကိုယ့်အိမ်ကပစ္စည်းတွေကို ခေါင်မိုး အမိုးတွေ မလန်သွားအောင် တုပ်ချည်ထားကြမယ်-ဒါတွေပဲလုပ်နေကြပါတယ်။ အကုန်လုံးကတော့…”

ဆိုင်ကလုန်းရဲ့ လက်ရှိအခြေအနေဟာ မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းကစတင်ပြီး အရှေ့မြောက်ဘက်ကို ကွေ့ဝင်ပြီး နောက် မေလ ၁၆ ရက်နေ့ မနက်ပိုင်း မှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေတွေ ကို ဖြတ်ကျော် ၀င်ရောက်လိမ့်မယ်လို့ မြန်မာမိုးလေဝသဦးစီးဌာနက ခန့်မှန်းထားပါတယ်။

မုန်တိုင်း ဖြတ်ကျော်စဉ်မှာ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ၀င်ရောက် မှာဖြစ်ပြီး မဟာဆန်မုန်တိုင်း ကုန်းတွင်းပိုင်းကို ၀င်တဲ့အချိန်မှာ လေတိုက်နှုန်းဟာ တနာရီကို ၉၇ မိုင်နှုန်းနဲ့ ဆိုင်ကလုန်းပြင်းအား အဆင့် ၂ နဲ့ ၀င်ရောက် တိုက်ခတ်မှာဖြစ်တယ်လို့ အမေရိကန် ရေတပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်းစောင့်ကြည့်ရေး ဌာနကလည်း ခန့်မှန်းထားပါတယ်။