မြ၀တီ -
ဗန်ကောက် မေ ၁၃
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ တို့သည် အပူပိုင်းမုန်တိုင်း မဟာစင်နှင့် ရင်ဆိုင် ကြုံတွေ့နိုင်သည့် အတွက် ကြိုတင် ပြင်ဆင် ထားရမည် ဖြစ်ကြောင်းနှင့် အဆိုပါ မုန်တိုင်းကြောင့် ဒေသတွင်း ရှိ ပြည်သူ ပေါင်းသန်းနှင့် ချီ၍ ဒုက္ခ ရောက်နိုင် ကြောင်း ကမ္ဘာ့ကုလ သမဂ္ဂက သတိပေးချက် ထုတ်ပြန် ထားသည်။
၎င်းတို့ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများနှင့် ကူညီ ကယ်ဆယ်ရေးများ အတွက် အပြည့်အဝ ဆောင်ရွက် ထားကြောင်း နှင့် ကော်မတီ အနေဖြင့် တိုင်းဒေသခွဲများသို့ မုန်တိုင်း သတိပေးချက် ထုတ်ပြန် ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ သဘာဝ ဘေးအန္တရာယ် ထိန်းချုပ်ရေးနှင့် ကူညီကယ်ဆယ်ရေး ဝန်ကြီးဌာနမှ အတွင်းရေးမှူး မိုဟာမတ် အဗ်ဒူလ်ဝါ ဇက်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က မြန်မာနိုင်ငံ အနေဖြင့် မတ် ၁၂ ရက်ကစ၍ မိနစ် ၃ဝ လျှင် တစ်ကြိမ် မုန်တိုင်း သတင်းများအား ထုတ်ပြန်ပေးလျက်ရှိပြီး မုန်တိုင်းဒဏ်သင့် ခံရနိုင်သည့် ရခိုင်ဒေသရှိ ဒေသခံ အချို့ကိုလည်း နေရာပြောင်းရွှေ့ပေး ခဲ့ကြောင်း ပြောကြားခဲ့သည်။
အပူပိုင်းမုန်တိုင်း မဟာစင် (01B) သည် မုန်တိုင်း သတိပေးချက် အနီရောင် အဆင့်ရှိပြီး ၎င်းသည် ဘင်္ဂလားပင်လယ် အော် အနောက်ဘက်မှ နေ၍ ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ပူးပေါင်း ဆောင်ရွက်ရေးရုံး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မုန်တိုင်းသည် မေ ၁၆ ရက်တွင် ကုန်းတွင်းပိုင်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း စစ်တကောင်းမြို့သို့ ဦးတည် ဝင်ရောက်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင် ငံနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူ ပေါင်းသန်းနှင့် ချီ၍ ဒုက္ခ ရောက်နိုင်ကြောင်း ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။
Monday, May 13, 2013
အပူပိုင်း မုန်တိုင်း မဟာစင်နှင့် ပတ်သက်၍ ကုလ သမဂ္ဂက သတိပေးချက် ထုတ်ပြန်
SSAရဲ့နယ်မြေအတွင်းမှာအစ္စလာမစ်တပ်မတော်ကြီးကို အခြေချခွင့်ပေးဖို့ ဆွေးနွေး
We Love True's photo.
အစ္စလာမ်စ်တပ်မတော်ထူထောင်ဖို့တဲ
OIC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးတဦ်းနှင့် SSA ခေါင်းဆောင်များ ထိုင်းနိုင်ငံ၌ တွေ့ဆုံခဲ့ကြောင်း သတင်းများထွက်ပေါ်
******************************
OIC အဖွဲ့ဝင်နိုင်ငံကြီးတစ်ခုမှ အဆင့်မြင့်အရာရှိကြီးတဦး ဟာ မြန်မာအစိုးရ
ကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်
ဒီတွေ့ဆုံမှုမှာ ရက်စက်စွာအကြမ်းဖက်သတ်ဖြတ်ခံနေရ
ဒီသတင်းဟာ ခိုင်လုံနိုင်ခြေရှိတဲ့အပြင် ကျိုးကြောင်းဆက်စပ်မှုရှိနေတယ်လိ
ဒီတွေ့ဆုံမှုမှာ ယခုဖွဲ့စည်းမယ့်အစ္စလာမစ်တပ်မတော
SSA ခေါင်းဆောင်များကလဲ အင်တိုက်အားတိုက်ကူညီမဲ့အကြောင်
ဒီသတင်းကို KL ရောက် အပေါင်းအသင်းများ စုပေါင်းဖန်တီးပါသည်ဆိုတဲ့ မူဆလိမ် Tha Tha ထံမှ ရပါတယ်။
https://www.facebook.com/
သတင်းမှားခဲ့တယ်ဆိုရင်တောင်မှ ဘာရည်ရွယ်ချက်နဲ့လွှင့်တာပါလဲ။ မှန်နေရင် ဘယ်လောက်အန္တရာယ်ကြီးမလဲ....
အရိပ်စစ်
တရားမ၀င် ဖွင့်လှစ်ထားသည့် ISM ကျောင်း တိုင်ကြားမည်
ပညာရေးဝန်ကြီးဌာန၏
ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ဖွင့်လှစ်ထားသည့် ISM ကျောင်း၏ ကျောင်းလခ
တိုးမြှင့်မှုအပေါ် စစ်ဆေးပေးရန် ကျောင်းသားမိဘ အများစုက လွှတ်တော်နှင့်သမ္မတထံ
တိုင်ကြားမည်
Tuesday, May 14, 2013
ပညာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ဖွင့်လှစ်ထားသော
ကျောင်းသူ၊ ကျောင်းသား ၁၂၀၀ ခန့်ရှိသည့် International School of Myanmar
(ISM) နိုင်ငံခြားကျောင်းတွင် လာမည့်ပညာသင်နှစ်၌ ကျောင်းလခအား ၃၅
ရာခိုင်နှုန်းခန့်ထိ တိုးမြှင့်ကောက်ခံခဲ့မှုအား စစ်ဆေးပေးရန် ကျောင်းသားမိဘ
၃၀၀ ခန့်မှ နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ထံ စာပို့တိုင်ကြားသွားမည်
ဖြစ်ကြောင်း သိရသည်။
မေ ၁၂ ရက် International School of Myanmar
(ISM) မိဘ ၃၀၀ ခန့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသို့
စာပေးပို့ အရေးယူ ဆောင်ရွက်သွားရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကျောင်းသားမိဘများက သမ္မတ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များ ထံသို့
ပေးပို့သွားမည့် အိတ်ဖွင့်ပေးစာတွင် International School of Myanmar (ISM)
ကျောင်းက ကျောင်းလခများ အဆမတန် တိုးမြှင့်ကောက်ခံခြင်း ကိစ္စကို
စစ်ဆေးပေးပါရန်၊ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော International School
များနှင့် ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များ ပါဝင်သော စုံစမ်းစစ်ဆေးရေး
ကော်မရှင်ဖွဲ့စည်း စုံစမ်းပေးပါရန်နှင့် အဆိုပါ
နိုင်ငံခြားကျောင်းများနှင့် ပတ်သတ်သော ဥပဒေတစ်ရပ် ပေါ်ထွန်းလာစေရေး
ဆောင်ရွက်ပေးပါရန်တို့ ပါရှိသည်။
International School of Myanmar
(ISM) ကျောင်းမှ ကလေးနှစ်ယောက်၏ ဖခင်ဖြစ်သူ ကိုဇော်မင်းက ''ကျောင်းလခကို
အဆမတန် တိုးမြှင့်တာကို အဓိကထားပြီး ပြောတာ မဟုတ်ပါဘူး။ တိုးမြှင့်မယ့်
ကျောင်းလခနဲ့အညီ ဘယ်လိုဝန်ဆောင်မှုမျိုးမှ ပေးနိုင်မှာ မဟုတ်တာကို
သိနေပါတယ်။ ပြီးတော့ကျွန်တော်တို့က ရေပေါ်ဆီမိဘတွေ မဟုတ်ဘူး။ လက်ရှိတောင်
တစ်နှစ်ကို မူလတန်း ကျောင်းသားတစ်ယောက်ကို သိန်း ၅၀ နဲ့ ၆၀
ဝန်းကျင်ကုန်တယ်။ နောက်ပြီး အထက်တန်းကျောင်းသား အတွက်ဆိုရင် သိန်း ၉၀
ကျော်လောက်မှာ ရှိနေတာ။ ထပ်တက်မယ့် ရာခိုင်နှုန်းနဲ့ ဆိုရင်တော့
တော်တော်တွေးပူစရာတွေ ဖြစ်နေပါပြီ'' ဟု ပြောသည်။
ယင်းအပြင်
ကျောင်းလခတိုးမြှင့်သည့် အသိပေးစာများအားလည်း ကျောင်းပိတ်ရာသီနှင့်
နီးကပ်သည့် အချိန်နှင့်ကိုက်ကာ ကြိုတင်အသိပေးမှုများ မရှိဘဲ
လုပ်ဆောင်ခဲ့သည်ကိုလည်း ကျောင်းသားမိဘများမှ ဝေဖန်ခဲ့သည်။
ISM
မူလတန်းကျောင်းသား တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်မာလာက ''သင်္ကြန်မတိုင်ခင်
နှစ်ရက်အလိုမှာ ကလေးတွေနဲ့ ကျောင်းလခ တိုးမယ်ဆိုတဲ့ စာရွက်ကို
ထည့်ပေးလိုက်တယ်။ ဒါဟာ ရည်ရွယ်ချက်နဲ့ လုပ်တာလား ဘာကြောင့် လုပ်တာလည်းဆိုတာ
အခုထိ အတိအကျ မသိသေးပါဘူး။ နောက်ကျောင်းကို ပြောင်းဖို့လည်း အခတ်အခဲတွေ
ဖြစ်နေပါတယ်'' ဟု ပြောသည်။
လက်ရှိအချိန်တွင် ကျောင်းသားမိဘများမှ
တိုးမြှင့်ခဲ့သော ကျောင်းလခအား လျော့ချနိုင်ရေးအတွက်
ကျောင်းတာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးရန် ပြင်ဆင်နေသော်လည်းကျောင်းမှ
လာမည့်ပညာသင်နှစ်အတွက် ကျောင်းသားတစ်ဦးလျှင် ၅၀၀၀၀၀ ကျပ်အား မေလ ၁၅
ရက်မတိုင်မီ Deposit တင်သွင်းရမည်ဖြစ်ကြောင်း မသွင်းပါက
လာမည့်စာသင်နှစ်တွင် တက်ရောက်ခွင့်ရရန် သေချာစေမည် မဟုတ်ဟု
ကျောင်း၏အုပ်ချုပ်ရေးပိုင်းမှ အကြောင်းကြားထားကြောင်း (ISM)
ကျောင်းသားမိဘအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
ISM ကျောင်းသားမိဘ
အဖွဲ့ဝင် အမည်မဖော်လိုသူ တစ်ဦးက ''သူတို့က မကျေနပ်ရင် ထွက်ဆိုတဲ့အတိုင်း
လုပ်နေတာ။ ပြီးတော့ နိုင်ငံခြားကျောင်းတွေက သင်ရိုးညွှန်တမ်းတွေက တူညီမှုလည်း
မရှိတာတွေရယ် ကလေးတစ်ယောက်ရဲ့ ကျောင်းပြောင်းရတဲ့အပေါ် သူတို့နားလည်မှု
မရှိပါဘူး'' ဟု ပြောသည်။
ဆရာများ၏ လစာတိုးမြှင့်ပေးရခြင်း၊
ဆရာများနေထိုင်သည့် Apartment ISM အခန်းလစာများ အဆမတန် မြင့်သွားခြင်း၊
ကျန်းမာရေး စောင့်ရှောက်မှု အာမခံစရိတ်များ ကြီးမြင့်သွားခြင်း၊ ဆရာများ၏
ခံစားခွင့်များ တိုးမြှင့်ပေးရခြင်းတို့ကြောင့်
ကျောင်းသားမိဘဖြစ်သူ ဦးသိန်းအောင်က ''အခြေခံစရိတ်တွေကတော့ အားလုံးလိုလို
တက်နေတာပါပဲ။ အခုလက်ရှိ တိုးလိုက်တဲ့ ကျောင်းလခ စရိတ်ကတော့ ဘယ်လိုမှ
လက်ခံနိုင်ဖွယ် မရှိပါဘူး၊ တစ်ခြားကျောင်းတွေရဲ့ ပညာသင်မှု အပိုင်းတွေ၊
ကျောင်းသားတွေ အပေါ်ထားတဲ့ Facility အပိုင်းတွေက ဘယ်အချက်မှ သာတာမရှိဘူး။
လျော့နည်းတာတွေပဲရှိတယ်။ နောက်ပြီး ဒီအချိန်မှာ ကလေးကို
ကျောင်းပြောင်းမယ်ဆိုရင်လည်း အသားကျနေတဲ့ ပတ်ဝန်းကျင် တစ်ခုကနေ
ဆွဲထုတ်ခဲ့တာက ကလေးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ချိုးနှိမ့်ရာ
ရောက်သွားမှာဖြစ်တယ်'' ဟု ပြောသည်။
International School of
Myanmar (ISM) ကျောင်းသည် ကျောင်းလခကို ၂၀၀၉ -၂၀၁၀ ပညာသင်နှစ်တွင်
ကျောင်းလခ ၅ ရာခိုင်နှုန်း၊ ၂၀၁၁-၁၂ ပညာသင်နှစ်တွင် ၇ ရာခိုင်နှုန်း၊ ၂၀၁၂-၁၃
ပညာသင်နှစ်တွင် ၁၅ ရာခိုင်နှုန်းဖြင့် အသီးသီး ကျောင်းလခများ
တိုးမြှင့်ခဲ့သော်လည်း လာမည့်ပညာသင်နှစ်အတွက် ၃၅ ရာခိုင်နှုန်းခန့်
ကောက်ခံမည့် သတင်းများ ထွက်ပေါ်လာသည့်အတွက် မေလ ၇ ရက်နေ့က ကျောင်းရှေ့၌
ကျောင်းသားမိဘ ၃၀၀ ခန့်စုဝေးမှုတစ်ခု ဖြစ်ပွားခဲ့သည်။
''လွန်ခဲ့တဲ့
သုံးနှစ်လောက်မှာ ကျောင်းလခက မူတန်းမှာဆိုရင် ဒေါ်လာနှစ်ထောင်
မကျော်ခဲ့ပါဘူး။ အထက်တန်းမှာဆိုရင် ဒေါ်လာခုနစ်ထောင် မကျော်တဲ့နှုန်းပဲ
ရှိခဲ့တာပါ။အခုနောက်ဆုံး ကောက်ထားတဲ့ ၂၀၁၂ ခုနှစ် ပညာသင်နှစ်မှာဆိုရင်
အထက်တန်းကျောင်းသားတစ်ဦးကို ဒေါ်လာတစ်သောင်းကျော် ရှိခဲ့တယ်။
အခုထက်တိုးမယ့်အရာနဲ့ ဆိုရင်တော့ မတွေးရဲစရာ ပမဏတစ်ခုဖြစ်ပါပြီ'' ဟု
ဦးဇော်မင်းက ထပ်မံပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်များနှင့်
စပ်လျဉ်းပြီး ISM နိုင်ငံခြားကျောင်းသို့ မေ ၁၃ ရက် ညနေပိုင်းတွင်
ဆက်သွယ်မေးမြန်းရာတွင် ''တာဝန်ရှိသူ မရှိသဖြင့် ပြန်လည်ဖြေကြားနိုင်ခြင်း
မရှိကြောင်း'' ISM ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိ ISM
နိုင်ငံခြားကျောင်းတွင် အမေရိကန်ဒေါ်လာဖြင့် ကျောင်းလခကို ကောက်ခံပြီး Pre
-K3 ၃၆၀၀၊ Pre-K4 ၅၆၀၀၊ KG ၆၁၀၀၊ Grade -1 မှ Grade -5 ထိ ၈၄၀၀၊ Grade -6
မှ Grade -8 ထိ ၉၇၀၀၊ Grade -9 မှ Grade -11 အထိ ၁၀၆၀၀၊ Grade -12 ၁၁၅၀၀ ထိ
လက်ရှိ ၂၀၁၂-၂၀၁၃ ပညာရေးနှစ်တွင် နောက်ဆုံးကောက်ခံထားသော နှုန်းထားဖြစ်ပြီး
တစ်နှစ်လျှင် နှစ်ကြိမ်ခွဲကောက်ခံကြောင်း သိရသည်။
အဆိုပါကျောင်းသည် International ကျောင်းဖြစ်သည့် အားလျော်စွာ English 4
skill အပြင် သင်ရိုးညွှန်းတမ်းအတိုင်း အမေရိကန် course ဖြင့်
သင်ကြားပေးနေပြီး အသက်သုံးနှစ် အရွယ်မှစ၍ မူလတန်း (Elementary School)၊
အလယ်တန်း(Middle School)၊အထက်တန်း (High School)Grade 12 အထိ
သင်ကြားပေးလျက်ရှိပြီး အမေရိကန်နိုင်ငံရှိ နာမည်ကျော် တက္ကသိုလ်များ
ကောလိပ်များနှင့် ချိတ်ဆက်ထားပြီး နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်း
(Search Associate) မှ ဆရာအများစုမှ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ISM နိုင်ငံခြားကျောင်းမှာ ယခင်က ကျူရှင်အနေဖြင့် သင်ကြားခဲ့သော်လည်း ၁၉၉၉
နောက်ပိုင်းတွင် International School of Myanmar(ISM) ကျောင်းအနေဖြင့်
ဖွင့်လှစ်ခဲ့ကြောင်း၊ ဦးစီးဖွင့်လှစ်ခဲ့သူများမှာ
မြန်မာနိုင်ငံသားများဖြစ်ပြီး အစိုးရပိုင်းနှင့် ဆက်နွယ်မှုရှိသည်ဟု
ယူဆရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
Eleven Media Group
တင့်ကားလေးဘာလေးပြပြီးကိုယ်ပိုင်ပြည်နယ်တောင်းကြေးဆိုရင်...
ဝပြည်ထူထောင်ခွင့်ရရေး UWSA တောင်းဆို
UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။
13.05.2013
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့က အနာဂတ်မှာ သီးခြားပြည်နယ်တစ်ခုရရှိရေး အာမခံပေးဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို တောင်းဆိုလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး ၀ပြည်နယ် သတ်မှတ်ပေးဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူတွေကို တောင်းဆိုလိုက်တာပါ။ လက်နက်ကိုင်အင်အား အတောင့်တင်းဆုံး ၀တပ်ဖွဲ့နဲ့ မြန်မာအစိုးရတို့ ကြား ဆွေးနွေးနေတဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေ (မြန်မာပိုင်း) သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။
ဦးသိန်းဇော် ခေါင်းဆောင်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး တာဝန်ရှိသူတွေနဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP က ဒုဥက္ကဌ လျှောက်မီလျံ နဲ့ ပေါက်ယိုယီ တို့ ဦးဆောင်တဲ့ အဖွဲ့တို့ဟာ ၀အဖွဲ့ အခြေစိုက်ရာ ပန်ဆန်းမြို့မှာ တွေ့ဆုံချိန် သူတို့ရဲ့ အနာဂတ် ရပ်တည်ရေးကိစ္စတွေအတွက် အဓိကအာရုံစိုက် ဆွေးနွေးခဲ့တာ ဖြစ်ပါ တယ်။ ဒီဆွေးနွေးပွဲမှာ ၀အဖွဲ့က အလေးထားတင်ပြတဲ့အချက်တွေကို UWSP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က အခုလို ပြောပါတယ်။
“အခု နိုင်ငံတော်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပြီ။ ၂၀၀၈ အခြေခံဥပဒေဟာ ဆိုလို့ရှိရင် အရင်က အခြေအနေအပေါ်မှာ အခြေခံပြီး ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဖြစ်တယ်။ အခု ပြောင်းလဲလာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေစွာပေါ့ အခြေခံဥပဒေကို ပြုပြင်ရေးဆွဲဖို့ လိုအပ်တယ်။ ပြင်ဖို့လိုအပ်တဲ့အထဲမှာပဲ ကျနော်တို့ ၀တိုင်းရင်းသားတွေ တင်ပြဆွေးနွေးနေတဲ့ တောင်းဆိုနေတဲ့ ၀ပြည်နယ်ရရှိရေး ဆိုတာကိုလည်း ထည့်သွင်းစဉ်းစား။ ထည့်သွင်းပြုပြင်သွားဖို့ လိုအပ်တယ် ဆိုတာကိုလည်း ဆွေးနွေးတယ်လေ။ ပြည်နယ်အဆင့် သတ်မှတ်ရေးပေါ့။ ဒါလေးကို ဦးစားပေးပြီး ပြောပါတယ်။”
ဆွေးနွေးပွဲမှာ တင်ပြတဲ့ အခြားအချက်တွေကတော့ ၀အဖွဲ့က ပြည်ထောင်စုက ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေး တောင်းဆိုမှာ မဟုတ်ကြောင်း၊ တိုင်းရင်းသားတွေကြားက နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့နဲ့ စစ်ရေးနည်းအရ ဖြေရှင်းတာကို ကန့်ကွက်ကြောင်း ဆိုတာတွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထဲ တွေ့ဆုံချိန်မှာ UWSP က တင်ပြခဲ့တာကို ဦးသိန်းဇော်နဲ့အဖွဲ့က အထက်ကို ဆက်လက် တင်ပြသွားမယ်လို့ တုံ့ပြန်ထားပါတယ်။
ဦးသိန်းဇော်တို့နဲ့ ၀ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ တရုတ်ကနေ ၀အဖွဲ့ကို အဆင့်မြင့် စစ်ရဟတ်ယာဉ်တွေ အပါအ၀င် လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပါတယ်။
နာမည်ကျော် စစ်ဘက်ဆိုင်ရာ စာစောင်တစ်ခုဖြစ်တဲ့ Jane’s Defense Weekly က ဒုံးလက်နက်တွေပါဝင်တဲ့ စစ်ရဟတ်ယာဉ်တွေ ပေးပို့ခဲ့တဲ့အကြောင်း မကြာသေးခင်က ဖော်ပြခဲ့တာကို နှစ်ဘက်တာဝန်ရှိသူတွေ အလွတ်သဘော ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ဦးအောင်မြင့်က ပြောပြပါတယ်။
“ဒီကိစ္စဟာ သူတို့ပြောတာက အခြေအမြစ် မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ ကျနော်တို့ တကယ်ကိုပဲ လော (Lao) ကနေပြီးတော့ ရဟတ်ယာဉ်တစ်စီးဝယ်တယ်။ ဖော်ကာ တစ်စီးဝယ်တယ်။ နောက်သင်္ဘောလေး တစ်စီးဝယ်ထားတယ်။ ကျနော်တို့ဆီကို ကားနဲ့တင်လာတယ်။ ဘာလုပ်ဖို့လဲ၊ ဘာလို့ ၀ယ်လဲဆိုတော့ ကျနော်တို့ မိုင်းပေါက်ဒေသမှာ သဘာဝဥယျာဉ်တစ်ခု တည်ထောင်ဖို့ စီမံထားတယ်။ လုပ်လည်း လုပ်နေတယ်။ ဒီတော့ သဘာဝဥယျာဉ်ကို လုပ်ပြီးတဲ့အခါမှာ ဒေသက အရပ်သားတွေ လေယာဉ်ပျံဆိုတာ ဘာလဲ မတွေ့ဖူးဘူး၊ သင်္ဘောဆိုတာ ဘာလည်း မတွေ့ဖူးဘူး။ ဒါကြောင့် သူတို့တွေ တွေ့ရအောင်လို့ ၀ယ်လာတာဖြစ်တယ်။ ကျနော်တို့ အင်တာနက်မှာ ဒီပုံတွေ အကုန်လုံး ပြန်ပြီး ဖော်ပြထားပါတယ်။ ဦးသိန်းဇော်ဆိုရင် ဓာတ်ပုံလည်း ပေးလိုက်ပါတယ်။”
လောနိုင်ငံကတဆင့် သယ်ယူလာတဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေဟာ အင်ဂျင်မပါကြောင်းနဲ့ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆီကိုလည်း အဲဒီဓာတ်ပုံတွေကို ဦးသိန်းဇော်ကတဆင့် ပေးပို့ခဲ့ကြောင်း ဦးအောင်မြင့်က ဆက်ပြောပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/ UWSA ဟာ ၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးခဲ့တာကြောင့် နှစ်ဘက်တင်းမာမှုတွေ ဖြစ်ခဲ့ပေမဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ် ဖွဲ့စည်းပြီးချိန်မှာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် စောင့်ထိန်းဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။
လောလောဆယ်မှာတော့ UWSA အဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာတော့ အင်အား အတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။
http://burmese.voanews.com/content/uwsa-asks-for-to-have-wa-state/1660015.html
နိုင်ငံသားကဒ်မပါပဲလေယာဉ်စီး
Ko Zaw's photo.
ရန်ကုန်ကိုဆေးကုဖို့လာတာလေယာဉ်ေ
ကိုတော်ဆိုးတဲ့လူပဲလို့ပြောတယ်
ဟား ဟား...
ဲ
ဆိုင်ကလုန်းမုန်တိုင်း MAHASEN မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်
r
14.5.2013
ဆိုင်ကလုန်းမုန်တိုင်း 01B MAHASEN သည် JTWC မှ မေလ ၁၃ ရက် မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် ရရှိသည့် အချက်အလက်များ၊ ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ ၏ အရှေ့-အရှေ့တောင်ဘက် ၃၇ဝ မိုင်၊၊ ကိုလ်ကတ္တားမြို့ တောင်-အနောက်တောင်ဘက် မိုင် ၇၂ဝ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၇၁၅ မိုင်၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး ၆ နာရီအတွင်း အနောက်မြောက်ဘက်သို့ တစ်နာရီ ၁ဝမိုင်နှုန်းဖြင့် ရွေ့လျားခဲ့ပါသည်။ အထက်ပါ ဗဟိုပြုနေရာမှ နောက် ၆ နာရီအတွင်း မြောက်ဘက်သို့ ချိုးကွေ့ရွေ့လျားနိုင်ကြောင်း JTWC မှ ပုံပါအတိုင်း ခန့်မှန်းဖေါ်ပြထားပါသည်။
မုန်တိုင်း၏ လက်ရှိအရွယ်အစားမှာ အချင်းမိုင် ၁၄ဝ ခန့် ရှိပြီး၊ မေလ ၁၄ ရက် ၁၈၃ဝ နာရီ MST တွင် အချင်း မိုင် ၁၉ဝ ခန့်သို့လည်းကောင်း၊ မေလ ၁၅ ရက် ၁၈၃ဝ နာရီ(MST)တွင် အချင်းမိုင် ၂၁ဝ ခန့်သို့ လည်းကောင်း၊ မေလ ၁၆ ရက် ၁၈၃ဝ နာရီ(MST)တွင် အချင်းမိုင် ၂၃ဝ ကျော်အထိလည်းကောင်း အရွယ်အစားတဖြည်းဖြည်းကြီးမားလာကာ ပိုမိုအားကောင်းလာပြီး အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။
ယခုလမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားမည်ဆိုပါက ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မြန်မာနိုင်ငံ မောင်တောမြို့၏ မြောက်-အနောက်မြောက်ဘက် ၈၅ မိုင်ခန့်အကွာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့တောင်ဘက် ၂၇ မိုင်ခန့်မှ ကုန်းတွင်းကို – အားကောင်းသော အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်း အဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး၊ ကုန်းတွင်းသို့ ကျော်ဖြတ် ဝင်ရောက်စဉ် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း ၇ဝ နော်တီကယ်မိုင်(တစ်နာရီလျှင် ၈ဝ.၅၅ မိုင် သို့မဟုတ် ၁၂၉.၆ ကီလိုမီတာ) နှုန်းရှိမည်ဟု ခန့်မှန်းထားပါသည်။
JTWC မှ နာရီ ၁၂ဝ အထိ ကြိုတင် ခန့်မှန်းချက်အရ မုန်တိုင်း MAHASEN သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ကုန်းတွင်း မုန်တိုင်းအဖြစ် – ချင်းပြည်နယ်မြောက်ပိုင်း ကလေးမြို့ အနီးမှလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မော်လိုက်၊ ဘန်းမောက် မြို့များအနီးမှလည်းကောင်း၊ ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းမကို ဖြတ်သန်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒါလီမြို့အနီးသို့ မေလ ၁၈ ရက် မြန်မာစံတော်ချိန် ၁၈၃ဝ နာရီတွင် ရောက်နိုင်ဘွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။
13 May 2013 1200Z
Location: 12.4 85.7
Winds: 50 knots
Central Pressure: 985 hPa
JTWC မှ မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် ခန့်မှန်းပုံဖေါ်ထားသည့် မုန်တိုင်း လမ်းကြောင်း ဖြစ်ပါသည်(အောက်)
MMweather Page