Tuesday, May 14, 2013

ဒူဘိုင်းသွားမယ့် မြန်မာမလေးများ သတိထား

ပြည်မြန်မာဂျာနယ် (အမှတ်-၈၇၀)

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နှင့် ပတ်သက်သည့် ကြိုတင်ညှိနှိုင်း အစည်းအဝေး ကျင်းပ

မြ၀တီ's photo.
ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နှင့် ပတ်သက်သည့် ကြိုတင်ညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၁၄

သဘာဝဘေးအန္တရာယ်သည် တားဆီး၍ မရနိုင်သည့် အန္တရာယ်ဖြစ်သော်လည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်မှုများဖြင့် ရင်ဆိုင်ကျော်လွှားရမည် ဖြစ်ကြောင်းဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့နံနက်ပိုင်းက ကျင်းပသည့် ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နှင့် ပတ်သက်သည့် ကြိုတင်ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

အဆိုပါ ညှိနှိုင်းအစည်းအဝေးကို နံနက် (၉) နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ၌ ယခုအစည်းအဝေးမှာ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေး ဖြစ်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေ ၁၅ ရက်နှင့် ၁၆ ရက်ခန့်တွင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု မိုးလေဝသ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ယင်းမုန်တိုင်းသတင်းများနှင့် ပတ်သက်၍ အချိန်နှင့်အမျှ မပြတ် လေ့လာနေကြောင်း၊ မုန်တိုင်း၏သဘော သဘာဝအရ လေဖိအားနည်း ဒေသသို့ ဝင်ရောက် တတ်သည့်အတွက် တရားသေ ခန့်မှန်းတွက်ချက်ရန် ခက်ခဲကြောင်း၊ မူလ ခန့်မှန်းထားသည့် လမ်းကြောင်း မှ လေဖိအား နည်းဒေသသို့လည်း ကွေ့သွားနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၀၈ ခုနှစ် မေ ၂ ရက်က ဧရာဝတီ တိုင်း ဒေသကြီးအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းနှင့် ပတ်သက်သော အတွေ့အကြုံရှိကြောင်း၊ မုန်တိုင်း၏ ဦးတည်ရာ လမ်းကြောင်း သည် လက်ရှိတွင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသော်လည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီး တို့သို့လည်း မုန်တိုင်းလမ်းကြောင်း ပြောင်းလဲသွားနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ ထို့ပြင် ကုန်းတွင်းသို့လည်း ဝင်ရောက်ပြီး နောက်တွင်လည်း အန္တရာယ်ပေးနိုင်သဖြင့် မကွေးတိုင်းဒေသကြီး၌လည်း ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက် ထားရန် ညွှန်ကြားထားရှိပြီး ဖြစ်ကြောင်း။ 

မုန်တိုင်းနှင့် ပတ်သက်၍ အစီအမံများမှာ အဓိကအားဖြင့် အဆင့် (၄) ဆင့် ရှိကြောင်း၊ ၎င်းတို့မှာ မုန်တိုင်းမလာမီ ကြိုတင်ပြင်ဆင်မှုအပိုင်း၊ မုန်တိုင်းဖြစ်နေစဉ် ဆောင်ရွက်ရန် အပိုင်း၊ မုန်တိုင်း ဖြစ်ပေါ်ပြီးနောက် ကူညီကယ်ဆယ်ရေး အပိုင်းနှင့် မုန်တိုင်းလွန် ကာလ ပြန်လည် ထူထောင်ရေး လုပ်ဆောင်ရမည့် အပိုင်းတို့ ဖြစ်ပါကြောင်း၊ မိမိတို့၌ နာဂစ် အတွေ့ အကြုံများရှိပြီဖြစ်ရာ စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နာဂစ်အလွန် ကာလအတွေ့အကြုံများအရ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် တည်မြဲအမိန့်များ ထုတ်ပြန် ထားပြီး ဖြစ်ကြောင်း၊ မုန်တိုင်းဝင်ရောက်လျင် ပထမဆုံး အန္တရာယ်အများဆုံးနေရာမှာ ရခိုင်ပြည်နယ် မောင်တောနှင့် စစ်တွေ ဖြစ်ကြောင်း၊ စစ်တွေ၊ မြေပုံ၊ ပေါက်တောနှင့် ကျောက်ဖြူတို့၌ ဒုက္ခသည် တစ်သိန်းကျော် ရှိကြောင်း၊ စစ်တွေတွင် ဒုက္ခသည် ၄/၅ သောင်းရှိကြောင်း၊ အချို့ ဒုက္ခသည်များမှာ ယာယီတဲများတွင် နေထိုင်ဆဲ ဖြစ်ကြောင်း၊ အချို့သော ဒုက္ခသည်များသာ အခိုင်အမာ အဆောက်အအုံများတွင် ပြောင်းရွှေ့နေရာချထားပြီးခဲ့ကြောင်း။ 

မုန်တိုင်းဝင်ရောက်ချိန်တွင် လေတိုက်နှုန်းမှာ မိုင် ၁၂၀ ခန့် ရှိမည်ဖြစ်ပြီး ဒီရေလည်း ဝင်ရောက်နိုင်သည်ဖြစ်ရာ ယာယီတဲ များ၌ နေထိုင်သူများ၊ အနိမ့်ပိုင်းဒေသနေ ပြည်သူများအတွက် အန္တရာယ် ရှိပါကြောင်း၊ ၎င်းတို့ကို ဦးစားပေးရွှေ့ပြောင်းပေးနေ ပါကြောင်း၊ မေ ၁၆ ရက်တွင် မုန်တိုင်းဝင်ရောက်မည်ဟု ခန့်မှန်းတွက်ချက်ထားသည့်အတွက် မေ ၁၃ ရက်မှ စတင် ၍ ရွှေ့ပြောင်းပေးနေပါကြောင်း၊ မော်တော်ယာဉ်များ၊ စက်လှေများဖြင့် ရွှေ့ပြောင်းပေးနေပါကြောင်း၊ ဦးစားပေးရွှေ့ပြောင်းမှု အနေဖြင့် ကလေးများ၊ အမျိုးသမီးများ၊ မိအိုဖအိုများ၊ နေထိုင်မကောင်း သူများကို ရွှေ့ပြောင်းပေးပါကြောင်း၊ တပ်မတော် တပ်ရင်းများရှိ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ မုန်တိုင်းဒဏ်ခံနိုင် သည့် တောင်ကုန်းနေရာများ သို့ ရွှေ့ပြောင်းပေး ပါကြောင်း၊ ထိုသို့ ကယ်ဆယ်ရွှေ့ပြောင်းရာတွင် အဓိကအရေးကြီးသည့် အချက်မှာ အသက်မသေဆုံးသွားရန်မှာ အရေးကြီး အချက်ဖြစ်ပါကြောင်း ထို့ကြောင့် အမြန်ဆုံးရွှေ့ပြောင်းပေးရန် လိုအပ်ပါကြောင်း။ 

လုံခြုံရေး၊ စားသောက်ရေး၊ ကျန်းမာရေး အရေးကြီးပါကြောင်း၊ မုန်တိုင်းဖြတ်သန်းပြီးနောက် ကူညီကယ် ဆယ်ရေး ဆောင်ရွက်ပေးချိန်တွင် လူမျိုး/ ဘာသာမခွဲခြားဘဲ လူသားချင်း စာနာထောက်ထားပြီး လုပ်ဆောင်ရ မည်ဖြစ်ပါကြောင်း၊ ဒုက္ခရောက်နေသူ အားလုံး၏ အသက်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်ရန် လိုပါကြောင်း။ 

အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး အရေးပေါ် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မုန်တိုင်း ကာလအတွင်း အမ်းတွင် အခြေပြု၍ အနီးကပ် ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။ 

အရေးပေါ်အခြေအနေတွင် ကူညီဆောင်ရွက်ရန် တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် နှစ်က ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးသည်းထန်စွာရွာသွန်းရာတွင် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့ရခြင်း ရှိခဲ့ကြောင်း၊ သို့ဖြစ်၍ မုန်တိုင်းအန္တရာယ် ကြိုတင်တွက်ဆ၍ ပြင်ဆင်ကာကွယ်ရန် လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီအား ပြန်လည်ပြင်ဆင် ဖွဲ့စည်းမှု၊ ၎င်းဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဘုန်းဆွေက သဘာဝဘေး ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားများမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများဖြစ်သော ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းရေး၊ ရိက္ခာကြိုတင် စုဆောင်းထားရှိရေး၊ ဆက်သွယ်မှု မပြတ်တောက်စေရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ပေးရေး၊ အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်နိုင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စီစဉ်ဆောင်ရွက် ထားရှိမှုနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြသည်။ 

ထို့နောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ပိုမိုပြည့်စုံစေရေး ဆက်လက်ဆောင်ရွက် သွားကြရန်၊ ရွှေ့ပြောင်း နေရာချထားရှိမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ လုပ်ဆောင်ပြီး အောက်ခြေ အဆင့်ထိ နားလည် သဘောပေါက်အောင် ရှင်းလင်းပြောကြားရန်၊ နိုင်ငံတကာဆက်ဆံရေး၊ ပြန်ကြားရေး၊ ကျန်းမာရေး ဆပ်ကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းများ စတင်ဆောင်ရွက်ရေး၊ နေရာချ ထားရာတွင်လည်း သူ့နေရာနှင့်သူအံဝင်ဂွင်ကျ ဖြစ်အောင် တာဝန်ရှိသူများက စနစ်တကျ စံမံဆောင်ရွက်သွားရန်၊ စားသောက်နေထိုင်ရေးအပြင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျန်းမာရေးကိုလည်း အလေးထားဆောင်ရွက် ကြရန်နှင့် လုပ်ဆောင်သင့်သည်များကိုအချိန်နှင့် တစ်ပြေးညီ လိုအပ်သည့် အဖွဲ့များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

တိုက်ပွဲဝင်စာနယ်ဇင်း မူဝါဒ

ဟံသာဝတီ ဦးဝင်းတင်'s photo.
.........................................................................

မကြာမီက ကုလသမဂ္ဂပညာရေး၊ သိပ္ပံရေး၊ ယဉ်ကျေးမှုရေးအဖွဲ့ (ယူနက်စကို) အခမ်းအနားတစ်ခု ကျုပ်တက်ခဲ့တယ်။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (၂၀၁၃) ပွဲတဲ့ဗျ။ ပွဲရဲ့ဆောင်ပုဒ်က "ဘေးကင်းရန်ကင်း အသံထွက်ခြင်း-မီဒီယာတို့ လွတ်လပ်စွာ ဖွင့်ထုတ်ခွင့်ရရေး" တဲ့။ ကောင်းလိုက်တဲ့ဆောင်ပုဒ်ဗျာ။ စစ်ဖိနပ် ပါးစပ်ဆို့တာ ရာစုနှစ် တစ်ဝက်ခံလာခဲ့ရဖူးတဲ့ ကျုပ်တို့အဖို့ သိပ်ကို ခံတွင်းလိုက်တဲ့ ဆောင်ပုဒ်ပေပဲပေါ့။

ဒီပွဲမှာ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်တို့၊ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့၊ သတင်းစာဆရာအသင်း ဥက္ကဌ ဦးကိုကိုတို့ စကားပြောကြသဗျ။ ကျုပ်တစ်ယောက်လည်း ဘေးကင်းရန်ကင်းဆောင်ပုဒ်နဲ့အညီ အသံထွက် အလုပ်လုပ်ခဲ့သဗျ။

ဒီရက်ပိုင်းမှာပဲ ကျုပ်လည်း ပူပူလောင်လောင်ရှိတာနဲ့ လောင်လောင်ပူပူ စာမူတစ်ခု ဖတ်နေပါတယ်။ သတင်းစာဆရာကြီးမောင်သစ်လွင်(လူထု)ရဲ့ "တိုက်ပွဲဝင်သတင်းစာ" စာအုပ်စာမူဗျ။

၂၀ ရာစု အစပိုင်းလောက်ကတည်းက လွတ်လပ်ရေးရချိန်အထိ မြန်မာသတင်းစာတွေ၊ ဂျာနယ်တွေ နယ်ချဲ့ကိုလိုနီအစိုးရရဲ့ ချုပ်ချယ်ဖိနှိပ်မှုတွေကို ရုန်းကန်လှုပ်ရှားတိုက်ပွဲဝင်သွားခဲ့ကြပုံ သမိုင်းခြေရာကောက်ချက်တွေ တစ်ပုံတစ်ခေါင်း ဖြစ်ကြောင်းကုန်စင်ပေါ့ဗျာ။

အဲဒီသမိုင်းကြောင်းတွေကို ပြန်ပြောင်းသုံးသပ်ကြည့်လိုက်တော့ သတင်းစာ၊ ဂျာနယ်တွေရဲ့ အား-မာန်-ဥာဏ်-သတ္တိတွေကို အများကြီး နားလည်သဘောပေါက်ရတယ်။ ဘာကြောင့် အဲဒီခေတ်အခါတွေက သတင်းစာတွေကို တိုက်ပွဲဝင်သတင်းစာရယ်လို့ ဘွဲ့တံဆိပ်ချည်ခဲ့ကြရသလဲ။ ဖိနှိပ်မှုတွေကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြလို့ တိုက်ပွဲဝင်ရယ်လို့ သတ်မှတ်ခဲ့ကြတာပေါ့။

သတင်းစာ၊ ဂျာနယ်တွေ အဓိက ပစ်မှတ်ထား တိုက်ပွဲဝင်ခဲ့ကြတာက နယ်ချဲ့ကိုလိုနီအစိုးရတွေပဲ။ အဲဒီအစိုးရတွေနဲ့ အပေါင်းအသင်းလုပ်၊ အာဏာကပ်ပါးလုပ်၊ လက်ပါးစေအလိုတော်ရိလုပ်၊ စီးပွားရေးသူခိုးဓါးပြလုပ်နဲ့ ဆိုးခဲ့၊ ကြမ်းခဲ့၊ ဖိနှိပ်ခဲ့ကြတဲ့ ဖြစ်ရပ်၊ လုပ်ရပ်တွေကို ပြည်သူလုထုကြီးက ဆန့်ကျင်တိုက်ဖျက်ခဲ့ကြတယ်။ ပြည်သူလူထုတပ်ဦးမှာ သတင်းစာတွေ၊ ဂျာနယ်တွေ ရပ်တည်ခဲ့ကြတယ်။ ဒါဟာ တိုက်ပွဲဝင်သတင်းစာတွေရဲ့ သမိုင်းစဉ်ပဲ။

အဲဒီသမိုင်းစဉ်တွေဟာ ဒီနေ့၊ ဒီအချိန်ခေတ်အခါမှာလည်း မပြီးပျောက်သေးဘူး။ ဆုံးခန်းမရောက်သေးဘူး။ အနာဂတ်ကို မျှော်ကြည့်ရင်လည်း အလားတူပဲ။ ဆုံးလမ်းမမြင်တဲ့ သမိုင်းစဉ်တွေကို တွေ့နေရဦးမှာပဲ။

ဒီလိုအနေအထား ဆိုက်နေတာဟာ စာနယ်ဇင်းတွေက တိုက်ပွဲပျော် စိန်ခေါ်နေရမှ ကျေနပ်ကြလို့ မဟုတ်ဘူး။ ကလောင်လွှားပြီး ဓားသွားထက်ချင်နေကြလို့ မဟုတ်ဘူး။ လူ့သမိုင်းရဲ့ ခရီးလမ်းကြောင်းဆိုတာ ကြမ်းတမ်းတာချည်းပဲ မဟုတ်လား။ သမိုင်းဦး ဘုံမြေခေတ်ကတည်းက လူသားတွေရဲ့ ဘဝဖြစ်စဉ်မှာ စိုးမိုးသူတွေ၊ ခြယ်လှယ်သူတွေ၊ ဖိနှိပ်သူတွေဆိုတာ ရှိစမြဲပဲ။ စိုးမိုးခံတွေ၊ ခြယ်လှယ်ခံတွေ၊ ဖိနှိပ်ခံတွေကလည်း ရုန်းကန်တွန်းလှန် တိုက်ပွဲဝင်စမြဲပဲ။ သူတို့ရဲ့ တပ်ဦးမှာ လူသားစိတ်ကြီးမားသူတွေ၊ သူတော်စင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အာဇာနည် သူရဲကောင်းတွေ၊ စာပေပညာရှင်တွေ၊ အနုပညာရှင်တွေ ( နှောင်းခေတ်တွေမှာတော့ စာနယ်ဇင်းသမားတွေ ) ရပ်တည်ခဲ့ကြစမြဲ ဖြစ်တယ်။

လူကောင်းသူကောင်းစိတ် ထွန်းကားတဲ့ ပထမအမျိုးအစား ခေတ်ကာလမှာ စိုးမိုးသူတွေက ထိန်းထိန်းညှိညှိ စနစ်နည်းနာတွေ ကျင့်သုံးကြတယ်။ စိုးမိုးခံတွေရဲ့ တပ်ဦးချီ ပုဂ္ဂိုလ်တွေကလည်း စောင့်စောင့်စည်းစည်း စနစ်နည်းနာတွေကို ကျင့်သုံးကြတယ်။

မသူတော်စိတ်တွေ တိုးပွားလာတဲ့အခါ ဒုတိယအမျိုးအစား ခေတ်ကာလတွေ ကြုံပြန်တာပေါ့။ အဲဒီခေတ်အခါမှာ အာဏာပိုင် အသိုင်းအဝိုင်းတွေနဲ့ ပြည်သူလူထုတွေရဲ့ ဆက်ဆံရေး ပျက်ပြား ပြောင်းလဲလာတယ်။ ချုပ်ချယ်မှုတွေ ကျယ်ပြောနက်ရှိုင်းလာတယ်။ အဲဒီအခါ ပြည်သူလူထုတွေကလည်း နိုင်ငံရေးအဖွဲ့အစည်းတွေ၊ စာနယ်ဇင်းတွေရဲ့ ပေါင်းစည်းရှေ့ဆောင်မှုနဲ့ ရုန်းကန်မှုလုပ်လာကြတယ်။

အဲဒီကာလတွေကို အာဏာပိုင်တွေရဲ့ ချုပ်ချုပ်ချယ်ချယ်ကာလ၊ ပြည်သူလူထုတွေရဲ့ ရုန်းရုန်းကန်ကန်ကာလ ရယ်လို့ သမိုင်းက မှတ်တမ်းတင်ခဲ့တယ်။

အဆိုးရွားဆုံး သမိုင်းခေတ်ကတော့ အာဏာရှင်တွေက ဖိနှိပ်၊ ပြည်သူတွေက တွန်းလှန်၊ လူ့အဖွဲ့အစည်း အုံကြွ ဗြောင်းဆန်တဲ့ တတိယအမျိုးအစားကာလတွေပေါ့။ ဒီတော်လှန်ခေတ်တွေမှာ စာနယ်ဇင်းတွေကလည်း တိုက်ပွဲဝင် အင်အားစုတွေ ဖြစ်ကုန်ကြတယ်။

ဒါတွေဟာ စာနယ်ဇင်းသမိုင်းမှာ မော်ကွန်းတင်ခဲ့တဲ့ ခေတ်သုံးခေတ်ပဲ ဖြစ်တယ်။

ယူနက်စကို အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် မိန့်ခွန်းပြောတယ်ဗျ။ ကျန်းမာသန်စွမ်းတဲ့ စာနယ်ဇင်းတွေ ထွန်းကားရေးဆိုတဲ့ စကားတစ်လုံးကို ထည့်ပြောသွားတယ်။ ပထမအမျိုးအစား စာနယ်ဇင်းခေတ်ကို ညွှန်းသွားတယ်လို့ ဆိုရမှာပေါ့။ အစိုးရတွေ၊ အာဏာပိုင်အင်အားစုတွေ စိတ်ကောင်းသဘောကောင်းနဲ့ ထိန်းထိန်းညှိညှိ အုပ်ချုပ်ကြတဲ့ ခေတ်ကာလလေ။ စာနယ်ဇင်းတွေ ကျန်းမာသန်စွမ်းနိုင်ကြတာပေါ့။

အဲသလိုမဟုတ်ဘဲ ချုပ်ချုပ်ချယ်ချယ်အစိုးရတွေနဲ့ ဖိဖိနှိပ်နှိပ်အစိုးရတွေရဲ့ ခေတ်ကာလတွေဆိုရင်တော့ စာနယ်ဇင်းတွေရဲ့ ရုန်းကန်မှုတွေ၊ စာနယ်ဇင်းတွေရဲ့ တော်လှန်တိုက်ဖျက် တိုက်ပွဲဝင်မှုတွေပဲ ပေါ်ပေါက်ကြုံတွေ့ရမှာ မုချပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် စာနယ်ဇင်းတွေဟာ မိမိတို့ရဲ့ မူလဘူတ မူဝါဒတရားတွေနဲ့ အညီ လူ့သမိုင်းခေတ်တွေကို ဝိုင်းညှစ်ဖျက်ဆီးနေတဲ့ အမှားတရားတွေ၊ အဆိုးတရားတွေ၊ အဖျက်တရားတွေကို ဖော်ထုတ်တိုက်ဖျက် တိုက်ပွဲဝင်သွားကြရမှာပါပဲ။ အဲသလိုဆိုရင် စာနယ်ဇင်းတွေ ကျန်းမာသန်စွမ်း ရှိကောင်းမှ ရှိမယ်။ တော်လှန်မာန်-ဥာဏ်-သတ္တိတွေနဲ့ အတိုင်းမသိပြည့်နှက်တဲ့ ပြည်သူ့ဘက်တော်သား အင်အားစုတွေအဖြစ် ရပ်တည်လာနိုင်မှာကတော့ ဧကန်မုချပဲပေါ့ဗျာ။

ဒီနေ့ခေတ်ကမ္ဘာမှာ သြဇာသိက္ခာ ကြီးမားနေတဲ့ တိုက်ပွဲဝင်စာနယ်ဇင်း ( Crusading Journalism ) မူဝါဒမျိုး ကိုင်စွဲနိုင်တဲ့ စာနယ်ဇင်းတွေ မြန်မာပြည်တစ်လွှား ထွန်းကားဖို့ကောင်းပြီ။ အားကောင်းမောင်းသန် ကြံရည်၊ ဖန်ရည်၊ ဥာဏ်ရည်ပြည့်ဝစွာ ပေါ်ထွက်လာကြပါစေ။ ဆန္ဒအကြိမ်ကြိမ် ပြုလိုက်ရပါသဗျား။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အမှတ်(၁၈)။

ပထမအကြိမ် တရုတ်-မြန်မာ စာပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပ

Zin Yaw's photo.
ပထမအကြိမ် တရုတ်-မြန်မာ စာပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပ
Wednesday, May 15, 2013

မြန်မာနိုင်ငံ သမ္မတရုံးအကြံပေး ပုဂ္ဂိုလ် ဦးကိုကိုလှိုင်

မြန်မာနဲ့တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး လူထုအချင်းချင်းနီးနောဖလှယ်ပွဲဖြစ်တဲ့ တရုတ်-မြန်မာ စာပွဲဝိုင်း ဆွေးနွေးပွဲတခုကို ပထမဦးဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံအနောက်ဖက်ခြမ်း ယူနမ်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပ
ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ တရုတ်နဲ့မြန်မာ အစိုးရမဟုတ်တဲ့အဖွဲ့စည်းတွေနဲ့ လုပ်ငန်း
ကိုယ်စားလှယ်တွေကြားက လက်တွေ့ကျကျ ဆက်သွယ်ကြဖို့ အဓိက
ပြောဆိုဆွေးနွေး ကြတယ်လို့ တရုတ်သတင်း မီဒီယာတွေမှာ ဖော်ပြ
ထားပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဖြစ်တဲ့ ဦးကိုကိုလှိုင်လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စနစ်တကျပုံမှန် ဆက်သွယ်ရေး နည်းလမ်းနဲ့ သွားမယ်ဆိုရင် နှစ်နိုင်ငံကြား လှစ်ဟာမှုတွေနဲ့ နားလည်မှု လွဲမှားတာတွေကို ရှောင်ရှားနိုင်မယ်လို့ ဦးကိုကိုလှိုင်က ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

တရက်တာဆွေးနွေးပွဲကို ကိုယ်စားလှယ်ပေါင်း ခြောက်ဆယ်လောက် တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း ကွန်ယက် နိုင်ငံတကာ နှီးနောဖလှယ်ပွဲ (CNIE) အဖွဲ့နဲ့ မြန်မာဖွံ့ဖြိုးမှု
အရင်းအမြစ်သိပ္ပံ (MDRI) တို့က ပူးတွဲ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Credit To:ABC Radio Australia

ZinYawNews

အလ်ဂျာဇီယား, AP အပါအ၀င် နိုင်ငံခြားသတင်းဋ္ဌာန အချို.လီဆယ် သတင်းဖန်တီး

Share Arakan News's photo.
အလ်ဂျာဇီးယား , AP အပါအ၀င် နိုင်ငံခြားသတင်းဋ္ဌာနအချို.သတင်းလိမ်ရန် ကြိုးစား

ပေါက်တောမြို.နယ် ငှက်ချောင်း ဒုံရွာမှ ဘင်္ဂလီ ကုလား ၁၀၀ ကျော်ခန်.သည် မိမိတို.ကိုယ်ပိုင်
အစီအစဉ်ဖြင့် စက်လှေတစ်စင်းနှင့် စစ်တွေ သဲချောင်းသို. ထွက်လာကြရာ စစ်တွေမြစ်ဝ ပွဲကြည့်တောင်အနီးတွင် ယနေ.( ၁၄-၅-၂၀၁၃ နေ.) အာရုဏ်တက် ခန်.တွင် နစ်မြုတ်သွားသည်။
ယနေ.နံနက် ၁၀း၀၀ နာရီ ခန်.ထိ ထိုနစ်မြုတ်မှုမှ လူဦးရေ ၃၀ ကျော်ခန်.ကို အသက်ရှင်လျက် ဆယ်ယူရရှိပြီး ဖြစ်ကြောင်းသိရှိရသည် ။

### ထိုဖြစ်စဉ်အား စစ်တွေမြို.သို.ရောက်ရှိနေသော အလ်ဂျာဇီယား, AP အပါအ၀င်
နိုင်ငံခြားသတင်းဋ္ဌာန အချို.က မဟာဆန် မုန်တိုင်း အန္တရာယ်မှ တိမ်းရှောင်ခိုလှုံရန်အတွက် တပ်မတော်က အတင်းအဓမ္မ ခေါ်ယူလာရာမှ နစ်မြုတ်ပြီး ဘင်္ဂလီများ အားလုံးနီးပါး အသက်ဆုံးရှုံး
ခဲ့ရကြောင်း လုပ်ကြံလီဆယ် သတင်းဖန်တီးလျက်ရှိကြကြောင်း သဲချောင်းကယ်ဆယ်ရေးစခန်း ဖက်သို.ရောက်ရှိနေကြသော ပြည်တွင်းမီဒီယာများ၏ သတင်းပေးပို.ချက်များအရ သိရှိရသည် ။

ဘင်္ဂလီများ မိမိအစီအစဉ်ဖြင်.ထွက်လာကြခြင်းသာ ဖြစ်ကြောင်းကို သဲခုံကျေးရွာတွင် အသက်ရှင်လျက် ဆယ်ယူရရှိသည့် ဘင်္ဂလီအမျိုးသမီး ၏ ပြောပြချက်အရ သိရှိရသည် ။
လေးရှင်းတောင် မီးပြတိုက်ဟောင်းကျွန်း တွင်လည်း နစ်မြုတ်ရာမှ လွတ်မြောက်လာသူ
ဘင်္ဂလီ ၃-၄ ဦးခန်.ရောက်ရှိနေကြောင်း သိရှိရသည် ။

Posted by Than Tun Than

ရခိုင်ပြည်နယ်ကို မေလ၁၇ရက် လောက်မှာ ၀င်လာနိုင်

Burma-Newselite's photo.
နာဆာအာကာသလေ့လာရေးအေဂျင်စီက Aquaဂြိုတ်တုရဲ့ဓတ်ပုံရိုက်ကူးလေ့လာချက်အရ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းက မဟာဆင်မုန်တိုင်းဟာ မုန်တိုင်းအဖြစ်အားကောင်းလာတာကို တွေ့ ရတယ်လို့ ဆိုပါတယိ

မဟာဆင်ဟာ ဘင်္ဂလာဒေးရှ်နိုင်ငံစစ်တကောင်းမြိဲ့ နဲ့  ရခိုင်ပြည်နယ်ကို မေလ၁၇ရက် လောက်မှာ ၀င်လာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ 

ဒေသခံတွေအနေနဲ့ ရေလှိုင်းများမြင့်တက်ခြင်း မိုးကြီးခြင်းနှင့် လေတိုက်နှုန်းပြင်းထန်မှုအတွက် ကာကွယ်မှုတွေ လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။ H
http://www.sciencecodex.com/nasa_sees_a_strengthening_tropical_cyclone_mahasen-112049

AccuWeather.com's photo.
With this track, Tropical Cyclone Mahasen could bring life-threatening conditions to millions of people from northeastern India and into Bangladesh and even Myanmar. READ MORE: http://ow.ly/kYsG0