Wednesday, May 15, 2013

မောင်တောခရိုင်အတွင်း ဘင်္ဂါလီ လူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနှုန်း ကန့်သတ်

Eleven Media Group
မောင်တောခရိုင်အတွင်း ဘင်္ဂါလီ လူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနှုန်း ကန့်သတ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်

မောင်တောခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါလီလူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားမှုနှုန်း ကန့်သတ်ပြီး ထိန်းချုပ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစောနိုင်က မေ ၁၅ ရက်တွင် ပြောကြားသည်။

ဘင်္ဂါလီ လူမျိုးများ နေထိုင်သည့် ကျေးရွာများတွင် လူဦးရေ အဆမတန် တိုးပွားနေပြီး အိမ်ထောင်အများစုတွင် တစ်စုလျှင် အနည်းဆုံး လူဦးရေ ၃၀ မှ ၄၀ အတွင်းရှိပြီး တချို့အိမ်ထောင်တစ်စုတွင် လူဦးရေ ၅၀ မှ ၈၀ အတွင်း ရှိနေကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရှိရသည်။ "ဘင်္ဂါလီ အမျိုးသားတစ်ဦးက ဇနီးတစ်ယောက်၊ ကလေးနှစ်ယောက်ပဲ ယူရမယ် ဆိုတာကို ဒေသန္တရအမိန့်နဲ့ ထုတ်ပြန်ထားတယ်။ ဒါ့အပြင် ထုတ်ပြန်ထားတဲ့ အမိန့်ကို လိုက်နာမှု ရှိစေဖို့ အမြဲတမ်း ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ အထူးသဖြင့် မိုးရာသီမှာ စစ်ဆေးမှုတွေ တိုးမြင့်ပြီး ဆောင်ရွက်သွားမယ်။ မိုးကုန်ရင် ဆွဲ၊ တင်၊ စစ်လုပ်ဦးမယ်။ ဆွဲတင်စစ်ဆိုတာက လူဦးရေစစ်မယ့် ရွာရဲ့မြေကြီး မြေပုံဆွဲမယ်၊ ရွာမှာရှိတဲ့ အိမ်ထောင်စုတွေကို ဓာတ်ပုံရိုက်ပြီး လူဦးရေ ဘယ်နှဦးရှိတယ် ဆိုတာကို မှတ်တမ်းတင်ထားမယ်။ ပြီးရင်ပြန်ပြီး ဒီဓာတ်ပုံနဲ့ အိမ်ထောင်စု တစ်စုချင်းစီပြန်ပြီး စစ်ဆေးတဲ့အခါမှာ အမျိုးသားတစ်ဦးက နောက်ထပ်မိန်းမတစ်ဦး ထပ်ယူထားတာ တွေ့ရှိရင် တရားမ၀င် ပေါင်းသင်းတဲ့ အမှုနဲ့ အရေးယူမယ်။ ကလေးတွေ တိုးလာရင် တိုးလာတဲ့ ကလေးတွေကို Black List သွင်းမယ်" ဟု ပြောကြားခဲ့သည်။

မောင်တောခရိုင်အတွင်း လူဦးရေ ၈၀၅၀၀၀ ကျော် နေထိုင်ပြီး ရခိုင်လူမျိုးဦးရေမှာ ၁၀ ရာခိုင်နှုန်းသာ နေထိုင်ကြောင်း စုံစမ်းသိရှိရသည်။


တိုင်းရင်းသားနှင့်ဘင်္ဂလီများအားမဟာစင်လွတ်ရာရွှေ့ပြောင်း

မောင်တော ၁၀ပေ စစ်တွေကို ၈ပေ ရေကြီးမယ့် အနီရောင်အဆင့် မဟာစင်



Myawady News


မုန်တိုင်းအဆင့် အနီရောင် သတ်မှတ်လိုက်ပြီး ယင်းမုန်တိုင်းကြောင့် မောင်တောတွင် ၈မှ ၁၀ ထိ ရေကြီးနိုင်ပြီး စစ်တွေတွင် ၆ပေမှ ၈ ပေထိ ရေကြီးနိုင်သည်။

ကျောက်ဖြူတွင် လေးပေမှ ၆ပေထိ ရေကြီးနိုင်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ လျားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ နှင့် မြန်မာနိုင်ငံ မောင်တော မြို့ အကြားမှ ကမ်းခြေကို နောက် (၁၈) နာရီအတွင်း ဖြတ်ကျော် ဝင်ရောက်မည်ဟု မိုးဇလက ခန့်မှန်းထားသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အနီရောင် အရေးပေါ် အခြေအနေသို့ ရောက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်သို့ ဦးတည် ရွေ့ လျားလျက် ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN)သည် ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၆၀)မှ မိုင် (၇၀) အထိ တိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့် မြင့်တက်နိုင်သော ရေလှိုင်း အမြင့်မှာ မောင်တောမြို့ နယ်ကမ်းခြေတွင် (၈)ပေမှ (၁၀)ပေခန့်၊ စစ်တွေ ခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူခရိုင် ကမ်းခြေတွင် (၄)ပေမှ (၆)ပေခန့် မြင့်တက် နိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၈း၃၀) နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN) သည် မြန်မာနိုင်ငံ၊ မောင်တောမြို့ ၏ အနောက်တောင်ဘက် မိုင်(၂၇၀)ခန့်၊ စစ်တွေမြို့ ၏ အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်၊ ကျောက်ဖြူမြို့ ၏ အနောက်တောင်ဘက် မိုင်(၃၀၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ ၏ တောင်ဘက် မိုင် (၂၆၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။

ထို့အပြင် မုန်တိုင်းနှင့် အတူမိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များကို သတိပြု ရှောင်ရှားသင့်ပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၆၀)မှ မိုင် (၇၀) အထိ တိုက်ခတ်နိုင်သည့် အတွက် ပင်လယ်သို့ ငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်းအန္တရာယ်ကို ကြိုတင် ရှောင်ရှားကြပါရန် အကြံပြု အပ်ပါသည်။

ဝါရှင်တန်တွင် မြန်မာသမ္မတမိန့်ခွန်းပြောကြားမည်






(AFP မှ 15.5.2013 ရက်စွဲပါ “Myanmar president to speak in Washington” သတင်းကို ဘာသာပြန်ဆိုသည် )

မြန်မာနိုင်ငံမှ ပြောင်းလဲမှုများကို အမေရိကန်ပြည်ထောင်စုက အားပေးနေသည့်အလျှောက် ပေါ်ထွက်လာသော ဝါရှင်တန်ခရီးစဉ်အတွင်း တနင်္လာနေ့ ဝါရှင်တန်တွင် မြန်မာ့ပြုပြင် ပြောင်းလဲရေးဝါဒီသမ္မတက မိန့်ခွန်းပြောကြားမည်ဟု အိမ်ရှင် အမေရိကန်တို့က ဆိုပါသည်။

သမ္မတဦးသိန်းစိန်သည် တနင်္လာနေ့တွင် Johns Hopkins တက္ကသိုလ်၏ School of Advanced International Studies နှင့်အကြီးဆုံးစီးပွားရေးအသင်း US Chamber of Commerce တို့တွင် မိန့်ခွန်းပြောကြားလိမ့်မည်ဟု အဖွဲ့အစည်း နှစ်ခုလုံးမှ ပြောရေးဆိုခွင့်ရှိသူများက ပြောကြားသည်။

၁၉၆၆ ခုနှစ်က သမ္မတလင်ဒန်ဂျွန်ဆန်၏ ဖိတ်ကြားမှုဖြင့်လာရောက်သော မြန်မာအာဏာရှင်ခေါင်းဆောင် ဦးနေဝင်း ၏နောက်ပိုင်း မြန်မာအကြီးအကဲအနေဖြင့် ဝါရှင်တန်သို့ပထမဦးဆုံးလာရောက်လည်ပတ်သည့် သမ္မတဦးသိန်းစိန်သည် ယခု ခရီးစဉ်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့်လည်း တွေ့ဆုံ မည်ဟု မျှော်လင့်ရသည်။

အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ ယခုလအစောပိုင်းတွင် AFP က သတင်းဖော်ပြခဲ့ပြီးနောက် ပြီးခဲ့သော တနင်္လာနေ့ တွင် မြန်မာ့ရုပ်သံက အတည်ပြုကြေညာခဲ့သော်လည်း ရက်အတိအကျ ဖော်ပြခြင်း မရှိပါ။

ကြာမြင့်စွာ ကြိုတင်ပြင်ဆင်ခဲ့ရသော ခရီးစဉ် စတင်တော့မည့်အချိန်တွင် အပူပိုင်းဆိုင်ကလုံး မဟာဆင်သည်လည်း ရိုဟင်ဂျာ ဒုက္ခသည်များ နောက်ဆုံးယာယီတဲများဖြင့်နေထိုင်ရာ ရခိုင်ပြည်နယ်သို့ဝင်ရောက်ရန် တာဆူလျှက်ရှိသည်။

ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထားသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အသစ်တဖန် ထပ်မံအပြစ်တင်နေသည့် လူ့အခွင့်ရေးအုပ်စုများက အမေရိကန်ပြည်ထောင်စုသည် မြန်မာအာဏာပိုင်များအပေါ် ဖိအားကိုဆက်ထိန်းမထားဘဲ အလျှော့ပေးမှု မြန်လွန်းနေသည်ဟု ထောက်ပြဝေဖန်လျှက်ရှိသည်။

Human Rights Watch ၏ နောက်ဆုံးအစီရင်ခံစာ တစ်စောင်တွင် “မြန်မာနိုင်ငံ၌ ရိုဟင်ဂျာတို့ လူမျိုးတုံး သန့်စင်မှု ပြုလုပ်နေကြောင်း” စွပ်စွဲတင်ပြထားသည်။

သို့သော်လည်း အိုဘားမားအစိုးရက သမ္မတဦးသိန်းစိန်၏ အတူယှဉ်တွဲနေထိုင်ရေး သဘောထားကို ချီးကျူးကြိုဆို ခဲ့ပြီး၊ ၎င်းပြဿနာများသည် ဆိုးဝါးသော်ငြားလည်း ဦးသိန်းစိန်လက်ထက် မတိုင်မီကပင် ရှိခဲ့သည်ဟု စောဒကတက်ထား သည်။

ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းစိန်သည် အာဏာရပြီး၊ လအနည်းငယ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီကို တရားဝင်နိုင်ငံရေး လှုပ်ရှားခွင့်ပြုခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ လူထုကန့်ကွက်သော မြစ်ဆုံတမံကို ရပ်ဆိုင်းခြင်း၊ အာဏာရှင်ဟောင်းများနှင့် ခရိုနီများက တိတ်တိတ်ပုန်းကြိတ်၍ ဟန့်တားခဲ့ကြသော တန်ဖိုးနည်း မိုဘိုင်းဖုန်းအစီအစဉ်ကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ခြင်းတို့ဖြင့် ပြစ်တင်ဝေဖန်သူများကို ဆက်တိုက်အံ့အား သင့်စေခဲ့သည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲမူကိုအားပေး ထောက်ခံရန် ကတိပြုထားသော အိုဘားမားအစိုးရကလည်း ထင်သာမြင်သာ အပြောင်းအလဲများကို အသိအမှတ်ပြုသည့်အနေဖြင့် ယခင်ချမှတ်ထားသော sanctions များကို ဆက်တိုက်ဖြေလျှော့ ရုတ် သိမ်းပေးလျှက်ရှိသည်။

yangon chronicle

မအေးမြအောင်နဲ့ အဆိုတော်ရဲလေး မင်္ဂလာဖိတ်စာ


ခွန် ဒီးယမ်


သမ္မတရုံးဝန်ကြီး ဦးအောင်မင်းရဲ့ တစ်ဦးတည်းသောသမီး မအေးမြအောင်နဲ့ အဆိုတော်ရဲလေး မင်္ဂလာဆောင်မည်
=========================================
၆နာရီဆို အဖေရယ်ပြန် လာပေးပါ၊ မိုးချုပ်မှာကို အရမ်းပဲ ကြောက်နေခဲ့တာဆိုတဲ့ အိမ်သီချင်း နဲ့ ပရိသတ်တွေ တစ်ခဲနက်အားပေး ခြင်းခံခဲ့ရတဲ့ (ဦးခင်မောင်ထွန်း) - ဒေါ်ငြိမ်းငြိမ်းတို့ရဲ့ သားလတ် မောင်ရဲထွန်းမင်း(ခ) အဆိုတော် ရဲလေးဟာ နေပြည်တော်နေ ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒေါက်တာဝေေ၀ သာတို့ရဲ့ တစ်ဦးတည်းသော သမီး ဖြစ်တဲ့ မအေးမြအောင်တို့ဟာ နှစ် ဖက်သော မိဘတို့ဝတ္တရားနဲ့အညီ ထိမ်းမြားမင်္ဂလာဆောင်နှင်းပြီး ဖြစ် ပါသဖြင့် ၁၈-၅-၂၀၁၃ရက် စနေနေ့ နံနက် ၁၀နာရီမှ ၁၂နာရီ အချိန်အထိ ရန်ကုန်မြို့ အမှတ် ၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်း မြို့နယ်ရှိ မဟာစည် သာသနာ့ရိပ် သာ၊ မဟာကုသလကာရီ ဓမ္မသာလာခန်းမမှာ မင်္ဂလာဦးဆွမ်းကျွေး အခမ်းအနားကို ကျင်းပမှာ ဖြစ် ကြောင်းသိရှိရပါတယ်။
မင်္ဂလာဧည့်ခံပွဲကိုတော့ ၂၆-၅-၂၀၁၃ရက် (တနင်္ဂနွေနေ့) နံနက် ၁၀နာရီမှ ၁၂နာရီအထိ Strand ဟိုတယ်မှာ ကျင်းပသွား မှာ ဖြစ်ကြောင်း သိရှိရပါတယ်။
___________________________________________
The first Media



မေလ (၁၂) ရက်နေ့က ရန်ကုန်၊ မြသီတာအိမ်ရာ မှာ ကျင်းပခဲ့တဲ့
သရုပ်ဆောင် မေသန်းနု ရဲ့ 1st Lady Hair & Beauty Salon ဖွင့်ပွဲ တွင်....

Photo credit to myanmarcelebrity.com

ရဲလေးနှင့် မအေးမြအောင်တို့ ၏ မင်္ဂလာ ဧည့်ခံပွဲ

ရဲလေး နှင့် အေးမြအောင် တို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေး



ပြည်ပမှ ဂျီဟတ်နှိုးဆော်ခြင်းကို ပြည်တွင်းအရပ်ဘက် အဖွဲ့ ၅၀ ခန့် ကန့်ကွက်ကြောင်း ထုတ်ပြန်


The Voice Weekly

...............................................................................
ရန်ကုန်၊ မေ ၁၄

မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ နှင့်စပ်လျဉ်း၍ ဘာသာပေါင်းစုံ လူငယ်များ နှင့် မြန်မာ့အရေး ဆောင်ရွက်နေသော အရပ်ဘက်လူမှု အဖွဲ့အစည်းများ ၅၀နီးပါးက ကန့်ကွက်ကြောင်းနှင့် ပြည်ပဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန် နှိုးဆော်ခြင်း ကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ချက်တစ်ရပ်ကို မေလ ၁၄ရက်နေ့က ထုတ်ပြန်ကြေညာသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏အထွတ်အမြတ် ဖြစ်သည့် နိုင်ငံတော် အလံကို မည်သည့်အကြောင်းဖြင့် ဖြစ်စေ နှိမ့်ချစော်ကားသော မည်သည့်အပြုအမူ မဆို လုံးဝဆန့်ကျင် ရှုတ်ချကြောင်း အစ္စလာမ် ကုရ်အာန်ကျမ်းလာ ဂျီဟတ်အမည်ကို အလွဲသုံးစားပြုကာ ပြည်ပမှ အကြမ်းဖက်မှုများ လုပ်ဆောင်ရန် နှိုးဆော်ခြင်းကို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် လူငယ်များ အပါအဝင် ဘာသာပေါင်းစုံ လူငယ်များအနေနှင့် လုံးဝ(လုံးဝ) လက်မခံကြောင်း ပါရှိသည်။

ယင်းအပြင် ဗုဒ္ဓ၏အဆုံးအမကို ဆန့်ကျင်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အကြမ်းဖက်ရန် နှိုးဆော်ခြင်းနှင့် ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံ အတွင်း ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက် မှုများ ပိုမိုဆိုးရွားစေရန် နည်းအမျိုးမျိုးဖြင့် ရည်ရွယ်လုပ်ဆောင်သူ များနှင့် အဆိုပါ ပုဂ္ဂိုလ်များ၏ လှုံ့ဆော်သော လှုပ်ရှားမှု မှန်သမျှ ကို လုံးဝဆန့်ကျင် ရှုတ်ချကြောင်း အပါအဝင် အချက်ခုနစ်ချက်ကို ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံရှိ ဘာသာပေါင်းစုံ လူငယ်များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း များသည် မည်သည့် အကြမ်းဖက်မှုကိုမဆို အကြမ်းဖက် ဖျက်ဆီးမှုများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်ဖန်တီးနေသူ များကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးပါရန် သက်ဆိုင်ရာတာဝန်ရှိ
ပုဂ္ဂိုလ်များအား လေးနက်စွာ တောင်းဆို ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို အရပ်ဘက် အဖွဲ့အစည်း ၄၈ ဖွဲ့က ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ သံရုံးများ၊ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် ရုံးနှင့် မီဒီယာများကို ပေးပို့ထားကြောင်း ၄င်းတို့ထံမှ သိရသည်။

ဦးခင်ညွန့် ပြောပါသည်



-------------------------

ဦးခင်ညွန့်က ပြောပါသည်။

- အသက်ကြီးပါပြီ နိုင်ငံရေးမလုပ်တော့ပါဘူးတဲ့
- ဒုက္ခရောက်နေတဲ့ တပည့်သားချင်းတွေကို စောင့်ရှောက်မယ်တဲ့
- လူမူရေးနဲ့ ဘာသာရေးလုပ်ငန်းတွေပဲ ဆောင်ရွက်မယ်တဲ့
- တရားသဘောကို ကောင်းကောင်း သဘောပေါက်နေပြီတဲ့
- အိမ်ကသစ်ခွခြံက မီးဖိုချောင်စရိတ်တဲ့

အဲဒီတုန်းက ဂျာနယ်တွေ သွက်သွက်ခါအောင် အရောင်းသွက်၊ Facebook မှာလည်း ဖလမ်းဖလမ်းကို ထခဲ့တယ် ဆိုပါတော့။ ဒါပေမဲ့ အပေါင်းလက္ခဏာမပါတဲ့ လူထုရဲ့ တုန့်ြ့ပန်သံများကိုလည်း အားရပါးရ ကြားမိပါသည်။

ဦခင်ညွန့်က ထပ်ပြောပါသည်။

- အများဆန္ဒနဲ့အညီ မဲပေးခဲ့ပါသည်တဲ့

နေ့ချင်းညချင်း အပြောင်းအလဲ မြန်ဆန်လွန်းပါဘိ။ နှစ်ပေါင်းများစွာ သူ တွင်တွင်ပြောခဲ့တဲ့ ယုံကြည်ချက်တွေ ခံယူချက်တွေ နိုင်ငံရေးစကားလုံးတွေ ဘယ်နားသွားထားခဲ့လဲ မသိ။ တော်သေးတာပေါ့ ။ သူ့ခမျာ နိုင်ငံ၏အဆင့်မြင့်ဆုံး တတိယလူနေရာက ဗိုလ်ချုပ်ကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပေလို့ ။ သြော်မေ့နေလို့ မဆလ ၊ နဝတ ၊ နယက (၃) ခုလုံးမှာ အရေးပါ အရာရောက်ခဲ့ သူ ဆိုလို့ သူတစ်ယောက်ပဲရှိတာ၊ ဦသန်းရွှေတောင် အဲဒီအခွင့်အရေး မရှိခဲ့ဘူး။

ဦးခင်ညွန့်က ထပ်ပြောပါသည်။

- အမျိုးသားနိုင်ငံရေးပဲ လုပ်တော့မယ်တဲ့

“ဝုန်း” ဆိုပြီး မီဒီယာရေပြင်ကြီးပေါ် အနူမြူဗုံးတစ်လုံး ကျရောက်ပေါက်ကွဲပါသည်။ သူဖွင့်ဆိုခဲ့တဲ့ အမျိုးသားနိုင်ငံရေး၏ အဓိပ္ပါယ်ကို နှစ်ချီသင်ခန်းစာ ရဖူးသူများက ကောင်းကောင်း သဘောပေါက်ကြသည်။ ဒီမိုကရေစီခရီးကို အားကြိုးမာန်တက် ကျရာနေရာများမှ ပါဝင်နေသော နိုင်ငံရေးအင်အားစုများမှ အချို့ကပင် ပေါ်ပေါ်ထင်ထင် တားယူရသည့်အဖြစ်။ ထုံစံအတိုင်း လူထုရဲ့တုန့်ပြန်သံများ အားရပါးရ။ ဒီတစ်ခါလည်း ရာဇဝင်သမိုင်းထဲက “ဇ” ရှိခဲ့သော မီဒီယာလက်ကိုင်ဒုတ်များ၏ ထောက်လှမ်းရေးမှူးချုပ်ကြီး တစ်ဖြစ်လဲသူအတွက် Public Lobby အရေးကိစ္စ မအောင်မြင်ခဲ့ပါ။

အခု ဦးခင်ညွန့်က ထပ်ပြောပြန်ပါပြီ။

- အေးချမ်းသည့်ဘဝကို ထူထောင်လိုခြင်း၊ အနုပညာရှင်များ၏ ဘဝကို ထောက်ပံ့ပေးလိုခြင်း စသည့် ရည်ရွယ်ချက်နှစ်ချက်ဖြင့် သူ့၏နေအိမ်တွင် နဝဒေးအနုပညာပြခန်း၊ နဝဒေး ဆိုဗီနီယာကော်နာ၊ နဝဒေးကော်ဖီကော်နာ အမည်တွင်သောဆိုင် ဖွင့်ပြီတဲ့........

ထိုအတွက်လည်း ထောက်လှမ်းရေးအဖွဲ့အစည်းနှင့် ရာဇဝင်သမိုင်းရှိခဲ့သော The Voice က ပေါ်ပေါ်ထင်ထင် ရှေ့ထွက်၍ ဦခင်ညွန့်အတွက် ခပ်ပါးပါး Lobby အား ဆိုင်သစ်ဖွင့်ပွဲနှင့်အတူ အရောက်ပို့လိုက်ပြန်ပါပြီ။ ဘာတဲ့....

- တစ်ချိန်က တံခါးအထပ်ထပ်ဖြတ် အစစ်ဆေးခံဝင်ရသော ထိပ်သီးဗိုလ်ချုပ်ကြီး၏ နေအိမ်မှာ ယခုအခါ လူအများဝင်ထွက်နိုင်သော နေရာအဖြစ် အသွင်ပြောင်းလိုက်ပြီ တဲ့။
- အစောင့်တစ်ဦးမျှ မရှိတော့သော ခြံတံခါးအလွန် သစ်ခွတောအတွင်း မေလ (၁၁) ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည့် အနုပညာပြခန်း၊ အမှတ်တရပစ္စည်း ကော်နာ၊ ကော်ဖီကော်နာ တို့သည် လူတိုင်းအတွက် ဖြစ်သွားပေပြီတဲ့။
- နေအိမ်အကျယ်ချုပ် ကျနေစဉ် ခုနစ်နှစ်အတွင်း မီးဖိုချောင်စရိတ် ရှာပေးခဲ့သည် ဆိုသော သစ်ခွခြံအတွင်း အဆောက်အအုံ လေးခုခန့် ငါးလအတွင်း အပြီး တည်ဆောက်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် စတင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်တဲ့။
- တစ်ချိန်က သူ၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ယခုသမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် ဇန်နဝါရီက ပေးသော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ဦးခင်ညွန့်သည် အာဏာကိစ္စများ၊ နိုင်ငံရေးကိစ္စများ ဝင်မပါတော့ဘဲ အေးချမ်းစွာ နေထိုင်တော့မည် ဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုထားပြီးဖြစ်သည်တဲ့။
- ကျီးကန်းအော်သံမှအပ တိတ်ဆိတ်နေလေ့ရှိသော ခြံဝင်းအတွင်းရှိ ပြခန်းတွင် ယနေ့ သူနှင့် ခေတ္တ တွေ့ဆုံစဉ်အတွင်း အများဆုံးပြောဆိုသည့် စကားမှာလည်း အေးချမ်းမှု၊ ကုသိုလ်တရား တဲ့။
- အာဏာနိုင်ငံရေး အခင်းအကျင်းသို့ ပြန်လာမည်လောဟု သို့လော သို့လော စောင့်ကြည့်မှုများအကြား ဦးခင်ညွန့်ကား နောက်ထပ် ခြေလှမ်းတိုးလိုက်ပြီတဲ့။
- တစ်ချိန်က မြန်မာနိုင်ငံ၏ ထိပ်သီး ဗိုလ်ချုပ်ကြီးမှာ ကော်ဖီကော်နာတွင် လူခြောက်ယောက်ထိုင် စားပွဲနေရာချထားရေး ကိုပင် ကိုယ်တိုင် စီမံနေသေးသည်။
ပြခန်းနှင့် ကော်နာနှစ်ခုကို စီမံခန့်ခွဲ ရခြင်းမှာ တစ်ချိန်က တိုင်းပြည်ကို စီမံခန့်ခွဲ ခဲ့ရသည်နှင့် နိုင်းယှဉ်လျှင် “အသေးအဖွဲ” ဟု သူကဆိုသည်။
"(တိုင်းပြည်) တာဝန်ကတော့ မရေရာဘူးလေ။ လိုတာဖြစ်ချင်မှ ဖြစ်မှာကိုး" ဟု သူကအတန်ငယ်ပြုံးရင်း ပြောဆိုလေသည်... တဲ့။
- အစောင့်အကြပ်ထူထဲ၊ ခိုင်ခံ့သော သံထရော်လီတံခါး အမြဲပိတ်ထားပြီး မည်သို့သောနေရာဟု သာမန်ပြည်သူတို့ မသိနိုင်ခဲ့သော နဝဒေးလမ်းထိပ်တွင် မေလ ၁၁ ရက်နေ့မှစ၍ သုံးဆင့်လမ်းညွှန် ဆိုင်းဘုတ်လေးကိုပင် မြင်နိုင်ပေပြီတဲ့။

ဘာပဲပြောပြော ရည်ရွယ်ချက်နှစ်ချက်ကို Show ပြ၍ ရှေ့တိုးသူက တိုးလာပါပြီ။နောက်ကွယ်က အကြောင်းအရာများ ခဏထား။ ချက်ချင်းလက်ငင်း စဉ်းစားစရာများ ဒုနဲ့ဒေး။ အေးချမ်းသည့်ဘဝ နေထိုင်ခြင်းသည်လို့လည်း ပြောသေး၊ အိမ်ရဲ့သစ်ခွရုံနဲ့ ဥယျာဉ်နေရာအချို့ကို ဖယ်ပြီး တော်တော်ကောင်းတဲ့ အခိုင်အခန့်အဆောက်အဦများ ဆောက်လုပ်၍ (၃)မည်ရ ဆိုင်ဖွင့်သည်။ ကော်ဖီအပြင် ဘီယာနှစ်မျိုး (တိုက်ဂါး/မြန်မာ) ရသည်။လူမျိုးစုံ ဝင်ထွက်နိုင်သည်။သြော်... တော်တော်အေးချမ်းမယ် ထင်ပါသည်။

အနုပညာရှင်များ၏ ဘဝကို ထောက်ပံ့ပေးလိုခြင်းလို့လည်း ပြောသေး၊နံမည်ကြီး ပန်းချီဆရာများ၏ (၁၆)သိန်းကျော်မှ သိန်းရာကျော် တန်ဖိုးရှိသော ပန်းချီကား (၅၀)ကျော် တင်ထားပြီ တစ်ပါတ်သာအခမဲ့တင်ခွင့် ပေးထားသည်တဲ့။ တစ်ပါတ်ကျော်ရင် အခွန်အခယူမည်ပေါ့။ ဒါတောင်နောက်ထပ် ပန်းချီကား (၅၀)ကျော်က waiting list ဆိုပဲ။သိန်းဆယ်ဂဏန်း မှ ရာဂဏန်းတန် ပန်းချီကားရေးဆွဲနိုင်သူ အနုပညာရှင်များကို ထောက်ပံ့မည့် အစီအစဉ်လားမသိ။သေချာတာတော့ သူတို့ကြောင့် ကော်ဖီ၊ဘီယာ နှင့် ဆိုဗီနီယာ ပစ္စည်းများ ရောင်းရချည်သေးရဲ့။ နံမည်မရှိသော အနုပညာရှင်များအတွက်တော့ မေးခွန်းထုတ်စရာ။ ရရှိသော အခကြေးငွေများ ထောက်ပံ့မည်ဟုလည်း မဆိုထားပါ။အနည်းဆုံးပန်းချီကား ရောင်းလျင်ပင် တစ်သိန်းခြောက်သောင်းခန့် ရမည်ထင်။ ....
ဒီစာဖတ်ပြီးနောက်မှ အစီအစဉ်ရှိပါသည်ဟု ဆိုလည်း .....။

ဒါ့အပြင်  “ ( အနုပညာပြခန်း၊ ကော်ဖီကော်နာ နှင့် အမှတ်တရပစ္စည်းတို့ကို စီးပွားရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း မဟုတ်ကြောင်း သူကဆိုသည်။ ကော်ဖီဆိုင်ဟုပင် သူက အမည်မတပ်။ ဆိုင်မဟုတ်ဘူး။ ကော်နာ ဟု သူက အလေးအနက် ရှင်းပြသည်။ ကော်ဖီကော်နာတွင် ကော်ဖီအမျိုးမျိုးအပြင် သစ်သီးဖျော်ရည်၊ချောကလက်၊ ကိုကာကိုလာ တို့ကဲ့သို့သော အချိုရည်တို့ကိုလည်း ဝယ်ယူနိုင်သည်။ ဘီယာနှစ်မျိုးလည်း ရသည်။ တိုက်ဂါးနှင့် မြန်မာ။ ဈေးကား များစွာမမြင့်။ ရန်ကုန် မြို့တော်ရှိ Aroma ကဲ့သို့သော ကော်ဖီဆိုင်ဈေးနှုန်းခန့်ပင် )” တဲ့။ ရှေ့သွားနောက်လိုက် ညီမျှသော စကားပါတည်း။  အသက်အရွယ်ကလည်း (၇၅/၈၀) ဆိုတော့ ငယ်သေးတဲ့အရွယ်၊ ကျောထောက်နောက်ခံများကလည်း မရှိရှာ၊ဘာသာတရားကိုပဲ စောက်ချလုပ်တော့မည် ၊ အေးချမ်းစွာ နေထိုင်လိုသည် .... လို့လည်းပြောသေး။ အင်း ဟုတ်မှာပါ၊ အမျိုးတွေအတွက် အမျိုးသားနိုင်ငံရေး လုပ်တာ ဖြစ်နိုင်ပါသည်။

အမှန်အကန်ပုံစံမျိုး (နေရာ/ပုံစံ) မဟုတ်၍ ဗိုလ်ချုပ်လွန်းမောင်ကဲ့သို့ နိုင်းယှဉ်တင်စားလို့လည်း မဖြစ်ပြန်။မြို့မေတ္တာခံယူသလို ဂရုဏာသံများ ကြားရလိမ့်မည်မဟုတ်။ ၎င်းတို့နှစ်ဦး၏ စစ်ဗိုလ်ချုပ်များ ဖြစ်ကြပါသည်ဆိုသော အနေအထားမှလွဲ၍ ကျန်အခြေအနေများ လုံးဝရေးချမတူ။ ဗိုလ်ချုပ်လုပ်ဖူးသူတိုင်း ဆိုင်ဖွင့်ကြသည့် ဖက်ရှင်ဟုဆိုပါက ခေတ်စား/မစား စောင့်ကြည့်ရမည်။

ဆိုင်၏ အရင်းအနှီးကို မဖော်ပြသော်လည်း ထောင်ချီသော ကုန်ကျစရိတ်ကို မြင်နိုင်ပါသည်။အိမ်ရှေ့သစ်ခွခြံက ရသော အရင်းအနှီးများ ဖြစ်တန်ရာသည်။ မိတ်ဆွေများလည်း ကူညီသည်ဆိုပါက အမျိုးအမည်မသိသော ကျေးဇူးများ ဖြစ်ပါလိမ့်မည်။ လက်ညိုးထိုးမလွဲသော လုပ်ငန်းရှင်များသည် မိတ်ဆွေများ ဖြစ်ကြမည်။ အထူးသဖြင့် ဆောက်လုပ်ရေးဗန်းပြ မြေသိမ်းကြီးပွားသူများ ( ဥပမာ- တော်ဝင်ဦးကိုကိုထွေး ၊ ဦးခင်ရွှေ ) ရှေ့တန်းကျကျ ပါဝင်သည်။လက်ရှိစီးနေသော နောက်ဆုံးပေါ် တန်ဖိုးရှိစီးတော်ယာဉ်များက ဦးကိုကိုထွေး စပွန်ဆာ ဟုဆိုသည်။ တစ်ချိန်က share မမည်သော share များဟု ခေါင်းစဉ်မတပ်လိုတော့။

ထောက်လှမ်းရေးအင်ပါယာ ထူထောင်ခဲ့သူဆိုတော့ အကွက်အရွှေ့များလည်း ပိုင်နိုင်သည်။ cover story နှင့် make up ကျွမ်းကျင်သည်။ ထိုနေရာသည် ၎င်းတို့ လူအဟောင်းများနှင့် အဆက်အသွယ်ဟောင်းများ (ပြည်တွင်း/ပြည်ပ) အပါအဝင်၏ ဆုံမှတ် ဖြစ်လာနိုင်သည်။ နောက်မြီးလန့်သူများ ၊ black list ရှိသူများပီပီ တရားဝင်အကွယ်တစ်ခု လိုနေလား မပြောတတ်( ဝဠ်ဆိုတာ နောက်ဘဝ မကူးတတ်ပါဘူး ဆရာသမားတို့) ။ဘာအကြံအစည် ရှိနေလဲ ဆိုတာတော့ မသိနိုင်သေး။ မရှိသေးရင်တောင် လိုအပ်ရင်သုံးဖို့ network ကြိုတင်ချထားနိုင်သည်။

လက်ရှိအနေအထားအရ ရည်ရွယ်ချက်ရှိရှိ ရှေ့တိုးချင်၍ ဘယ်လိုပဲ ဘက်ပြောင်းပြပြ အခြားခေါင်းစဉ်များ ဘယ်လိုပြပြ လူထုရဲ့မေတ္တာစူးရှမှုကို အလူးအလဲ ခံနေရတုန်း။ ယင်းအတွက် public lobby ကိုလည်း ရှေ့တန်းတင် စဉ်းစားအကွက်ချနေပုံရသည်။ အဆက်အစပ်ရှိသည့် မီဒီယာ၊ လူပုဂ္ဂိုလ်များ နှင့် နည်းလမ်းအများအပြား သုံးသော်လည်း အချည်နှီးပင်။ ထပ်မံလည်း လုပ်ဦးမည်ဟု ထင်သည်။

အကောင်းဆုံးသည် ဘာသာတရားလုပ်၍ အေးချမ်းစွာ low profile ဖြင့် နေထိုင်နိုင်ရန် ကြိုးစားသင့်သည်။ ကျေးဇူးပြု၍ အမျိုးမျိုးသော မီဒီယာများတွင် မတွေ့ရပါစေနဲ့။ ဒီအတွက် ဒီလောက်ပါပဲ။ မြို့မေတ္တာခံယူလိုက်ပါဦးစို့။

တန်ပြန်စစ်သည်ဟောင်းတစ်ဦး


============================================================================
*****************************************************************************************************

The Voice Weekly



အသွင်ပြောင်း နဝဒေးခြံအမှတ် ၂၇

……………………………………

(ခွန်းသု၊ အောင်စိုး)

တစ်ချိန်က တံခါးအထပ်ထပ်ဖြတ် အစစ်ဆေးခံဝင်ရသော ထိပ်သီးဗိုလ်ချုပ်ကြီး၏ နေအိမ်မှာ ယခုအခါ လူအများ ဝင်ထွက်နိုင်သော နေရာအဖြစ် အသွင်ပြောင်းလိုက် ပြီ ဖြစ်သည်။

အစောင့်တစ်ဦးမျှ မရှိတော့သော ခြံတံခါးအလွန် သစ်ခွတောအတွင်း မေလ ၁၁ ရက်နေ့တွင် စတင် ဖွင့်လှစ်လိုက်သည့် အနုပညာပြခန်း၊ အမှတ်တရပစ္စည်း ကော်နာ၊ ကော်ဖီကော်နာ တို့သည် လူတိုင်း အတွက် ဖြစ်သွားပေပြီ။

အမည်က နဝဒေး။

"အရင်က တာဝန်ယူတုန်းက ရုပ်ရှင်ရုံကို ပေးခဲ့တဲ့ နာမည်ရယ်၊ လမ်းနာမည်ရယ် ကို အစွဲပြုပြီးပဲ နဝဒေးလို့ နာမည် ပေးလိုက်တာ" ဟု တပ်မတော် ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က The Voice ကို ရှင်းပြသည်။

နေအိမ်အကျယ်ချုပ် ကျနေစဉ် ခုနစ်နှစ်အတွင်း မီးဖိုချောင်စရိတ် ရှာပေးခဲ့သည် ဆိုသော သစ်ခွခြံအတွင်း အဆောက်အအုံ လေးခုခန့် ငါးလအတွင်း အပြီး တည်ဆောက်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် စတင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။ သူ၏အဆိုအရ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် နှစ်ခုရှိသည်။ အမှတ်တစ် အေးချမ်းသည့်ဘဝကို ထူထောင်လိုခြင်း၊ အမှတ်နှစ် အနုပညာရှင် များ၏ ဘဝကို ထောက်ပံ့ပေးလိုခြင်း။

ပြခန်း စတင်ဖွင့်လှစ်သည့် နေ့တွင် ဦးလွန်းကြွယ်၊ နေမျိုးဆေး၊ မွန်သက် စသည့် ပန်းချီဆရာများ၏ ပန်းချီကား ၅၀ ကျော် ချိတ်ဆွဲပြသထားသည်။ ထိုကားများသည် ဈေးနှုန်းအနည်းဆုံး ကျပ် ၁၆ သိန်းမှ သိန်းရာကျော် အထိ ရှိသည်။

"ပန်းချီကားတွေကို အခမဲ့ တစ်ပတ် တင်ခွင့်ပေးတယ်" ဟု ဦးခင်ညွန့်က ဆိုသည်။

သူ၏အနုပညာပြခန်းတွင် ပန်းချီကား တင်ရန် တန်းစီနေသော ပန်းချီဆရာ ၅၀ ကျော် ရှိကြောင်း သူက ဆက်ပြောပြသည်။

အနုပညာပြခန်း၊ ကော်ဖီကော်နာ နှင့် အမှတ်တရပစ္စည်းတို့ကို စီးပွားရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း မဟုတ်ကြောင်း သူကဆိုသည်။ ကော်ဖီဆိုင်ဟုပင် သူက အမည်မတပ်။ "ဆိုင်မဟုတ်ဘူး။ ကော်နာ" ဟု သူက အလေးအနက် ရှင်းပြသည်။

ကော်ဖီကော်နာတွင် ကော်ဖီအမျိုးမျိုး အပြင် သစ်သီးဖျော်ရည်၊ ချောကလက်၊ ကိုကာကိုလာ တို့ကဲ့သို့သော အချိုရည်တို့ကိုလည်း ဝယ်ယူနိုင်သည်။ ဘီယာနှစ်မျိုးလည်း ရသည်။ တိုက်ဂါးနှင့် မြန်မာ။ ဈေးကား များစွာမမြင့်။ ရန်ကုန် မြို့တော်ရှိ Aroma ကဲ့သို့သော ကော်ဖီ ဆိုင်ဈေးနှုန်းခန့်ပင် ရှိသည်။ ကော်ဖီကော်နာတွင်မူ ဝန်ထမ်းလေးဦးရှိသည်။

"စားပွဲထိုးရယ်လို့ မဟုတ်ပါဘူး။ အကုန်လုပ်ရတာပဲ" ဟု ဝန်ထမ်းတစ်ဦးက ရယ်ရယ်မောမော ပြောဆိုသည်။

ဆိုင်ဝန်ထမ်းများမှာ သားဖြစ်သူ ဒေါက်တာရဲနိုင်ဝင်း၏ Nervin စားသောက်ဆိုင်မှ ဖြစ်သည်။

ပထမဆုံး ဖွင့်လှစ်သည့်နေ့တွင် လာရောက်သော အဓိက ဖောက်သည်များ မှာ နာမည်ကျော် အနုပညာရှင်များ ဖြစ်ဖွယ် ရှိနေသည်။ ညနေ ၄ နာရီခန့်အထိ လူမပြတ်။ မြန်မာပြည်သိန်းတန်၊ ဇော်ဝင်းရှိန် တို့ အပါအဝင် ၁၀ ဦးခန့် ရှိနေသေးသည်။

"တော်တော်များများတော့ ရောင်းရပြီးပြီ" ဟု ဆိုင်ဝန်ထမ်းက ပြောဆိုချိန်တွင် ညနေ ၃ နာရီတော့ ကျော်နေပြီ။

ပြခန်းနှင့် ကော်နာနှစ်ခုကို ကိုယ်တိုင် ကြီးကြပ်လုပ်ကိုင်ခဲ့ပြီး မည်မျှ ကုန်ကျခဲ့သည် ကို ဗိုလ်ချုပ်ကြီးဟောင်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

"မိတ်ဆွေ အပေါင်းအသင်းတွေ ကူညီကြပါတယ်။ ဒီလိုပဲ ခြိုးခြံပြီး လုပ်ရတာပေါ့" ဟု တပ်မတော်အစိုးရ လက်ထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နောက် အာဏာအရှိဆုံး ဟုဆိုနိုင်သူ ဦးခင်ညွန့်က ဆိုသည်။

တစ်ချိန်က သူ၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ယခုသမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် ဇန်နဝါရီက ပေးသော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ဦးခင်ညွန့်သည် အာဏာကိစ္စများ၊ နိုင်ငံရေးကိစ္စများ ဝင်မပါတော့ဘဲ အေးချမ်းစွာ နေထိုင်တော့မည် ဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုထားပြီးဖြစ်သည်။

ကျီးကန်းအော်သံမှအပ တိတ်ဆိတ် နေလေ့ရှိသော ခြံဝင်းအတွင်းရှိ ပြခန်းတွင် ယနေ့ သူနှင့် ခေတ္တ တွေ့ဆုံစဉ်အတွင်း အများဆုံးပြောဆိုသည့် စကားမှာလည်း အေးချမ်းမှု။ ကုသိုလ်တရား။ အာဏာနိုင်ငံရေး အခင်းအကျင်းသို့ ပြန်လာမည်လောဟု သို့လော သို့လော စောင့်ကြည့်မှုများအကြား ဦးခင်ညွန့်ကား နောက်ထပ် ခြေလှမ်း တိုးလိုက်ပြီဖြစ်သည်။ သူ့အဆိုအရ အေးချမ်းသည့်ဘဝ တည်ထောင် လိုရင်း။

တစ်ချိန်က မြန်မာနိုင်ငံ၏ ထိပ်သီး ဗိုလ်ချုပ်ကြီးမှာ ကော်ဖီကော်နာတွင် လူခြောက်ယောက်ထိုင် စားပွဲနေရာချထားရေး ကိုပင် ကိုယ်တိုင် စီမံနေသေးသည်။ ပြခန်းနှင့် ကော်နာနှစ်ခုကို စီမံခန့်ခွဲ ရခြင်းမှာ တစ်ချိန်က တိုင်းပြည်ကို စီမံခန့်ခွဲ ခဲ့ရသည်နှင့် နှိုင်းယှဉ်လျှင် “အသေးအဖွဲ” ဟု သူကဆိုသည်။ "(တိုင်းပြည်) တာဝန်ကတော့ မရေရာဘူးလေ။ လိုတာဖြစ်ချင်မှ ဖြစ်မှာကိုး" ဟု သူကအတန်ငယ်ပြုံးရင်း ပြောဆိုလေသည်။

တပ်မတော်အစိုးရ လက်ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး စသည့် ထိပ်ခေါင်တို့၏ ဌာနေ နဝဒေးလမ်း၊ အစွန်ဆုံးရှိ ခြံအမှတ် ၂၇ ကိုမူ လူအများ လာရောက်နိုင်သော နေရာအဖြစ် အသွင်ပြောင်းလိုက်လေပြီ။

အစောင့်အကြပ်ထူထဲ၊ ခိုင်ခံ့သော သံထရော်လီတံခါး အမြဲပိတ်ထားပြီး မည်သို့သောနေရာဟု သာမန်ပြည်သူတို့ မသိနိုင်ခဲ့သော နဝဒေးလမ်းထိပ်တွင် မေလ ၁၁ ရက်နေ့မှစ၍ သုံးဆင့်လမ်းညွှန် ဆိုင်းဘုတ်လေးကိုပင် မြင်နိုင်ပေပြီ။

နဝဒေးအနုပညာပြခန်း၊ နဝဒေး ဆိုဗီနီယာကော်နာ၊ နဝဒေးကော်ဖီကော်နာ။



ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၏ ကိုယ်ရေးအကျဉ်း

………………………………………………………

- ၁၉၃၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျောက်တန်းမြို့တွင် မွေးဖွား၊

- ၁၉၆၀ ပြည့်နှစ်မှ တပ်မတော်တွင် စတင် တာဝန်ထမ်းဆောင်၊

- ၁၉၈၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲ ခံရသည့်နောက်တွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်၊

- ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းယူခဲ့သော တပ်မတော်အစိုးရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) အဖြစ် တာဝန်ယူ၊

- ၂၀၀၃ ခုနှစ် သြဂုတ်လ၂၃ ရက် နေ့မှ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထိ နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်၊

- ၂၀၀၅ ခုနှစ် ဇူလိုင်တွင် တရားစွဲဆိုခြင်းခံရပြီး ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံရ၊

- ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့တွင် ပြန်လည်လွတ်မြောက်။



ဘင်္ဂလားဒေ့ရှ်ဖက်ပိုရောက်သွားနိုင်တဲ့အတွက် မြန်မာနိုင်ငံ မောင်တောဖက်မှာ အများကြီး သက်သာရာ ရနိုင်



၁၆.၅.၂၀၁၃ နံနက် ၄နာရီ ၂၅ မိနစ်

Tun Lwin
01B MAHASEN ရဲ့ ပြည်တော်ဝင်...
ရက်၊ ၁၆-၅-၂၀၁၃
အချိန်။ နံနက် (၅း၁၅)နာရီ

မင်္ဂလာပါ။
ကျန်းမာတော်မူကြပါစခင်ဗျာ။

အားလုံး under control ပါဘဲ။ ခန့်မှန်းထားတဲ့အတို်င်း ဖြစ်နေခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဖက်ပိုရောက်သွားနိုင်တဲ့အတွက် မြန်မာနိုင်ငံ မောင်တောဖက်မှာ အများကြီး သက်သာရာ ရပါလိမ့်မယ်။

နောက်ဆုံးအခြေအနေတွေကတော့...

(၁) အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း MAHASEN ဟာ (၁၆-၅-၂၀၁၃)ရက နံနက် (၃)နာရီခွဲအချိန်တိုင်းတာချက်များအရ အီန္ဒိယနိုင်ငံ၊ KOLKATA မြို့ရဲ့ အရှေ့တောင်ဖက် မိုင်(၂၂၀)အကွာ ပင်လယ်ပြင်ကိုဗဟိုပြုရောက်ရှိနေပါတယ်။

(၂) လွန်ခဲ့တဲ့(၆)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်အရှေ့ယွန်းယွန်း (North Northeastwards 030°) ဦးတည်ရာဖက်အတိုင်းရွေ့လျှားလာခဲ့ပါတယ်။

(၃) ဒီကာလအတွင်း မုန်တိုင်းရဲ့ တိမ်ဖွဲ့စည်းမှုဟာ ပိုမိုစုစည်းလာခဲ့ပြီး အနည်းငယ် ပိုမိုအားကောင်းလာခဲ့ပါတယ်။

(၄) ဆိုင်ကလုန်းမုန်တိုင်းဟာ နောက်(၁၈)နာရီအတွင်း အရှေ့မြောက် ယွန်းယွန်းကိုဘဲ ဆက်လက်ရွေ့လျှားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို (၁၆-၅-၂၀၁၃)ရက်နေ့ နံနက် (၃)နာရီခွဲ မှ နောက်(၁၈)နာရီအတွင်း (၁၆-၅-၂၀၁၃ရက် ည ၉ နာရီခွဲ အတွင်း) စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်ပါလိမ့်မယ်။

(၄) ကမ်းကိုဝင်ရောက်စဉ် အများဆုံးလေတိုက်နှုန်းမှာ တစ်နာရီ (၆၅) မိုင်ခန့်ရှိနိုင်ပါတယ်။ အဲဒီလေတိုက်နှုန်းကို ဗဟိုချက်ရှိရာ စစ်တကောင်းမြို့ အနီးပတ်ဝန်းကျင်တွင် ပိုမိုကြုံတွေ့ ရနိုင်ပြီး မောင်တောမြို့ဖက်မှာ လေတိုက်နှုန်းဟာ အဲဒီထက်လျော့နည်းနိုင်ပါတယ်။

(၅) ဆိုင်ကလုန်းမုန်တိုင်းဟာ ကမ်းခြေကိုဖြတ်ကျော်ပြီးနောက် အောက်ခံကုန်းမြေများရဲ့ ကြမ်းတမ်းမှုကြောင့် (၁၆-၅-၂၀၁၃)ရက် ည(၉)နာရီခွဲမှ (၁၇-၅-၂၀၁၃)ရက် နံနက်(၉)နာရီခွဲ အချိန်အထိ (၁၂)နာရီအတွင်း ကုန်းပေါ်မှာဘဲ အားပျော့ပြောက်ပျယ်သွားမယ်လို့ ခန့်မှန်းရပါတယ်။

(၆) မုန်တိုင်းရဲ့အရှိန်ကြောင့် (၁၅-၅-၂၀၁၃)ရက်နေ့ ညသန်းကောင်ယံအချိန် တိုင်းတာချက် များအရ မုန်တိုင်းဗဟိုချက် အနီးရှိ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၂)ပေရှိနေပါတယ်။

(၇) မုန်တိုင်းရဲ့အရှိန်ကြောင့် မုန်တိုင်းဒီရေ တက်ရောက်ခြင်း မရှိနိုင်ပါ။ (အလွန်အကျွံဖြစ်ရင် ၁ ပေထက် မပိုပါဘူး) (45° Northeast ဆိုရင် မောင်တောဖက်ကို မုန်တိုင်းဗဟို ပိုနီးလာ မှာဖြစ်ပါတယ်။)

ဒေါက်တာထွန်းလွင်(MCCW)

1B MAHASEN ရဲ့ (၁၅-၅-၂၀၁၃) ည(၉)နာရီခွဲအချိန် နောက်ဆုံးအခြေအနေ။



မူလခန့်မှန်းချက်အတိုင်း ကမ်းကို မဖြတ်မီ အားလျော့သွားပြီးမှ ကမ်းကိုဖြတ်ပါလိမ့်မယ်။

(၁၅-၅-၂၀၁၃) ရက် ညနေ(၆)နာရီခွဲအချိန်တိုငးတာချက်အရ အပူပိုင်းမုန်တိုင်း 01B MAHASEN ဟာ အရှေ့မြောက်ယွန်းယွန်းဖက်(30°)ဆီကိုဘဲ တစ်နာရီ (၁၅)မိုင်နှုန်းလောက်နဲ့ ဆက်လက်ရွေ့လျှားနေပါတယ်။ မုန်တိုင်းဟာ သိသိသာသာ ပြန်လည်အားပြန်ပျိုး လာနိုင်ခြင်း မရှိဘဲ ဗဟိုချက်အနီးမှာ လေတိုက်နှုန်း တစ်နာရီ (၅၅)မိုင်နှုန်းလောက်နဲ့ဘဲ ဆက်လက် တည်ရှိနေပါတယ်။ ဒီကနေ့ညမှာ နည်းနည်း အားပြန်ပျိုးလာနိုင်ပေမယ့် မုန်တိုင်း ဟာ မြောက်ဖက်မှာရှိတဲ့ အိန္ဒိယကုန်းမြေကို နင်းပြီးအရှေ့မြောက်ဖက်ကိုရွေ့နေရတဲ့ အတွက် မြေကြီးနဲ့ ထိပွတ်မှုကြောင့် စွမ်းအင်ပြုန်းတီးမှု(energy dissipation) ဖြစ်ရပြီး သိသိသာသာတော့ အားကောင်းလာစရာမရှိပါဘူး။

(၁၆-၅-၂၀၁၃)ရက်နေ့အတွက် ခန့်မှန်းချက်တွေကတော့…

(က) (၁၅-၅-၂၀၁၃)ရက် ဒီကနေ့ည(၉)နာရီခွဲ မှ(၁၆-၅-၂၀၁၃)ရက် ည(၉)နာရီခွဲအထိ နောက်(၂၄)နာရီအတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးကဖြတ်ကျော်ဝင်ရောက်ပါလိမ့်မယ်။
(ခ) (၁၆-၅-၂၀၁၃)ရက် ည(၉)နာရီခွဲမှ (၁၇-၅-၂၀၁၃)ရက် မနက် (၉)နာရီခွဲအတွင်း ကုန်းတွင်းပိုင်းမှာ အားပျော့ပျက်ပြယ် သွားပါလိမ့်မယ်။
(ဂ) ကမ်းကိုဖြတ်ကျော်စဉ် ဗဟိုချက်အနီးမှာ အများဆုံးလေတိုက်နှုန်း တစ်နာရီ (၅၅ မိုင်မှ ၆၀ မိုင်အထိ) တိုက်ခတ်နိုင်ပါတယ်။ မောင်တောဒေသမှာ လေတိုက်နှုန်း ဒီထက်လျော့နည်း နိုင်ပါတယ်။
(ဃ) ပင်လယ်ပြင်မှာ လှို်င်းအမြင့်(၁၂)ပေ နဲ့ မုန်တိုင်းဒီရေ (၁ ပေ မှ ၃ ပေ)ခန့်သာ တက်နိုင်ပါတယ်။
(င) ကမ်းကိုဖြတ်ကျော်ပြီးနောက် အကြွင်းအကျန်တိမ်တိုက်များဟာ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသအချို့ကို မိုးရွာစေနိုင်ပါတယ်။
(စ) မုန်တိုင်းရဲ့အချင်းဝက်ဟာ မိုင်(၈၀)ခန့်ကျယ်ဝန်းနိုင်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)

ဒေါ်လာဈေးနှင့် အကျိုးစီးပွား


Eleven Media Group
မေလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးများ မြင့်တက်သွားသည်။ အစိုးရသစ် တက်ပြီး နှစ်နှစ်တာ ကာလအတွင်း ဒေါ်လာဈေး အမြင့်ဆုံး တက်လာခြင်းဖြစ်သည်။ ယမန်နှစ်မှစ၍ ငွေလဲလှယ်နှုန်းကို တစ်ဒေါ်လာ ကျပ် ၈၀၀ အဖြစ် စတင်သတ်မှတ်ခဲ့ပြီး ယခုအခါတွင် ဒေါ်လာဈေး ၉၃၀ အထိ တက်လာခြင်းဖြစ်သည်။

အခြေခံ လယ်သမားများကို ပံ့ပိုးရန်ဟုဆိုကာ exporter တွေ ဈေးကောင်းရနိုင်ဖို့အတွက် export value မြှင့်ဖို့ လိုသည်။ သို့မှသာ လယ်သမားတွေ ဈေးကောင်းရမည်ဟု ဆိုကြသည်။ ဤအချက် တစ်ခုတည်းဖြင့်တော့ လုံးဝ မလုံလောက်ပါ။ လယ်သမားများ၊ တောင်သူများကို အမှန်တကယ် သီးနှံဈေးကောင်း ရစေချင်ပါက သီးနှံပေါ်သည့် အချိန်တွင် ရှိသင့်ရှိထိုက်သည့် ဒေါ်လာဈေးအမြင့်တွင် တည်ငြိမ်စွာ ရှိနေရမည် ဖြစ်သည်။ သို့သော် ယခုကဲ့သို့ သီးနှံများအားလုံး လယ်သမားများ လက်ထဲ မရှိသည့် အချိန်တွင်မှ ဒေါ်လာဈေးကို ခဏခဏမြှင့်ခြင်းသည် နှစ်တိုင်းလုပ်နေကျလို ဖြစ်နေသည်။ ယမန်နှစ်ကလည်း ယခုလို ဆွဲတင်ဖို့ စကားဦး သန်းဖူးသည်။

အမှန်တကယ် export value ဖြစ်စေချင်လျှင် တခြားသော နိုင်ငံများကဲ့သို့ လယ်သမားများ အကျိုးဖြစ်ထွန်းစေရန် subsidize လုပ်ပေးရမည်။ ငွေများလည်း အတိုးမဲ့ ချေးပေးရမည်။ ဓာတ်မြေသြဇာများကိုလည်း ဈေးလျှော့ ရောင်းပေးရမည်။ ဆင်းရဲသော တောင်သူလယ်သမားများကို တခြားနည်းများဖြင့်သာ ထောက်ပံ့ဖို့ရှိသည်။

ဒေါ်လာဈေးကို အတင်းမြှင့်၍ အခြေခံ လူတန်းစားများထံမှ ရသမျှ ညှစ်ထုတ်၊ တောင်သူလယ်သမားများ၏ အကျိုးဟု အကြောင်းပြကာ export value မြှင့်မည်ဆိုပါက မဖြစ်သင့်ဟု ယူဆပါသည်။ ငွေကြေးတန်ဖိုး ဆိုသည်မှာ မြှင့်ချင်သည့်အချိန်မြှင့် ချချင်သည့်အချိန်ချ ဆိုသည်မျိုး မဖြစ်သင့်ဘဲ ရှိသင့်ရှိထိုက်သည့် တန်ဖိုးတွင်သာ တည်ငြိမ်စွာ ထိန်းထားနိုင်ရမည် ဖြစ်သည်။ သို့မှသာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပစ္စည်းတင်သွင်းခွင့် ရသူများ၏ ဈေးကစားခြင်းမျိုး အပါအ၀င် ပြည်တွင်းပြည်ပ၌ နိုင်ငံခြားငွေများစွာ ပိုင်ဆိုင်ထားသည့် ခရိုနီ လုပ်ငန်းရှင်အချို့၏ ဈေးကစားခြင်းမျိုးကို အစိုးရက ထိန်းထားနိုင်မည် ဖြစ်သည်။ ထိုသို့ မထိန်းချုပ်နိုင်ပါက အခြေခံ လူတန်းစားများသာ ပိုမိုနစ်နာမည် ဖြစ်သည်။ ဒေါ်လာဈေးကို ပုံမှန်နည်းလမ်းဖြင့် မဟုတ်ဘဲ ကျပ် ၁၀၀၀ အထိ သတ်မှတ်ဆွဲတင်ပြီး အခြေခံ လူတန်းစားများ နစ်နာအောင် လုပ်မည်ကိုတော့ The Daily Eleven က လက်မခံကြောင်းနှင့် လူအများ၏ နိစ္စဓူဝ စီးပွားထိခိုက်မည်ကို လက်မခံကြောင်း ရေးသားအပ်ပါသည်။

ဘင်္ဂလီဒုက္ခသည်အချို့ ရွှေပြောင်းပေးတာကို လက်မခံ



Ye Htut
ဘင်္ဂလီဒုက္ခသည်အချို့ မုန်တိုင်းအန္တရာယ်ကာကွယ်ရေးအတွက် လုံခြုံစိတ်ချရတဲ့နေရာများကို ရွှေပြောင်းပေးတာကို လက်မခံတဲ့ဖြစ်စဉ်အချို့ ပေါ်ပေါက်နေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ယနေ့ ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ရွှေ့ပြောင်းပေးမယ့် ဘင်္ဂလီဒုက္ခသည်များကို နိုင်ငံတော်က အောက်ပါ အချက်များကို အာမခံထားကြောင်းရှင်းလင်းပြောပြပြီးဖြစ်ပါတယ်။

၁။ ရွှေ့ပြောင်းတဲ့နေရာမှာ လုံခြုံရေးအပြည့်အ၀ရဖို့အတွက် တပ်မတော်က ဆောင်ရွက်ပေး မယ်။

၂။ မုန်တိုင်းအန္တရာယ် ကင်းဝေးသွားရင် အခုနေထိုင်တဲ့နေရာများကို ပြန်ပို့ပေးမယ်။

လက်ရှိအခြေအနေမှာလည်း ဘင်္ဂလီဒုက္ခသည်များကို တပ်မတော်တပ်ရင်းဌာနချုပ်များ၊ စာသင် ကျောင်းများစတဲ့ သီးခြားနေရာများမှာ ဦးစားပေးရွှေ့ပြောင်းပေးနေပါတယ်။ ဒီရွှေ့ပြောင်းမှု များကိုလည်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ပေးနေပါတယ်။

ဒီနေ့ မနက်မှာလည်း ၀န်ကြီးဦးအောင်မင်းက မောင်တောမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် များအပါအ၀င် အဲဒိဒေသက အစ္စလမ်ဘာသာလူမှုရေးခေါင်းဆောင်များကို တွေ့ ဆုံပြီး အစိုးရ ရဲ့ အာမခံချက်များကို ရှင်းပြခဲ့ပါတယ်။ ဒေသခံဘင်္ဂလီများအနေနဲ့ ကယ်ဆယ်ရွှေ့ပြောင်းရေး လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အဲဒီ ပုဂ္ဂိုလ်များကလည်း ဒေသမှာရှိတဲ့ ပြည်သူများကို ဆက်လက်ပြောကြားပေးပါ့မယ်လို့ ကတိပေး ခဲ့ပါတယ်။

နိုင်ငံတော်အနေနဲ့ ကတော့ အခုအချိန်မှာ ကာကွယ်ရေးနဲ့ ရွှေ့ပြောင်းရေးကိစ္စများကို လူမျိုး၊ ဘာသာမခွဲခြားပဲလုပ်ဆောင်နေပါတယ်။ သက်ဆိုင်ရာလူမျိုး၊ ဘာသာရေးအဖွဲ့အစည်းများ ကလည်း ကောလာဟလများ၊ မမှန်သတင်းများကို ဖြန့်ချိခြင်းမပြုဘဲ ဒီလုပ်ငန်းစဉ်များမှာပါဝင်ပူးပေါင်း ဆောင်ရွက် ဖို့ လိုပါတယ်။

    Share
Ye Htut
ဘင်္ဂလီဒုက္ခသည်အချို့ မုန်တိုင်းအန္တရာယ်ကာကွယ်ရေးအတွက် လုံခြုံစိတ်ချရတဲ့နေရာများကို ရွှေပြောင်းပေးတာကို လက်မခံတဲ့ဖြစ်စဉ်အချို့ ပေါ်ပေါက်နေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ယနေ့ ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ရွှေ့ပြောင်းပေးမယ့် ဘင်္ဂလီဒုက္ခသည်များကို နိုင်ငံတော်က အောက်ပါ အချက်များကို အာမခံထားကြောင်းရှင်းလင်းပြောပြပြီးဖြစ်ပါတယ်။

၁။ ရွှေ့ပြောင်းတဲ့နေရာမှာ လုံခြုံရေးအပြည့်အ၀ရဖို့အတွက် တပ်မတော်က ဆောင်ရွက်ပေး မယ်။

၂။ မုန်တိုင်းအန္တရာယ် ကင်းဝေးသွားရင် အခုနေထိုင်တဲ့နေရာများကို ပြန်ပို့ပေးမယ်။

လက်ရှိအခြေအနေမှာလည်း ဘင်္ဂလီဒုက္ခသည်များကို တပ်မတော်တပ်ရင်းဌာနချုပ်များ၊ စာသင် ကျောင်းများစတဲ့ သီးခြားနေရာများမှာ ဦးစားပေးရွှေ့ပြောင်းပေးနေပါတယ်။ ဒီရွှေ့ပြောင်းမှု များကိုလည်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ပေးနေပါတယ်။

ဒီနေ့ မနက်မှာလည်း ၀န်ကြီးဦးအောင်မင်းက မောင်တောမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် များအပါအ၀င် အဲဒိဒေသက အစ္စလမ်ဘာသာလူမှုရေးခေါင်းဆောင်များကို တွေ့ ဆုံပြီး အစိုးရ ရဲ့ အာမခံချက်များကို ရှင်းပြခဲ့ပါတယ်။ ဒေသခံဘင်္ဂလီများအနေနဲ့ ကယ်ဆယ်ရွှေ့ပြောင်းရေး လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အဲဒီ ပုဂ္ဂိုလ်များကလည်း ဒေသမှာရှိတဲ့ ပြည်သူများကို ဆက်လက်ပြောကြားပေးပါ့မယ်လို့ ကတိပေး ခဲ့ပါတယ်။

နိုင်ငံတော်အနေနဲ့ ကတော့ အခုအချိန်မှာ ကာကွယ်ရေးနဲ့ ရွှေ့ပြောင်းရေးကိစ္စများကို လူမျိုး၊ ဘာသာမခွဲခြားပဲလုပ်ဆောင်နေပါတယ်။ သက်ဆိုင်ရာလူမျိုး၊ ဘာသာရေးအဖွဲ့အစည်းများ ကလည်း ကောလာဟလများ၊ မမှန်သတင်းများကို ဖြန့်ချိခြင်းမပြုဘဲ ဒီလုပ်ငန်းစဉ်များမှာပါဝင်ပူးပေါင်း ဆောင်ရွက် ဖို့ လိုပါတယ်။

"သမ္မတကတော် စီးလာသည့် ကားကိုပင် လမ်းရှင်းပေးစရာမလို"




အထူးတလည် လမ်းရှင်းပေးရ မည့်အထဲတွင် နိုင်ငံတော် သမ္မတကြီး ကတော်ပင် မပါဝင်ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးမှ ရဲမှူးကြီးကျော်ထွေး က ပြောသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ တာဝန် နှင့်ဆောင်ရွက် ပိုင်ခွင့်အရ အချက် ငါး ချက်ရှိရာ နောက်ဆုံး အချက် တွင် အရေးကြီး ပုဂ္ဂိုလ်ယာဉ်တန်း၊ ဧည့်သည် တော်ယာဉ်တန်းနှင့် နိုင်ငံတော်အဆင့် အခမ်းအနား များအတွက် အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေးရန် ပါဝင်ကြောင်း၊ ထိုအထဲတွင် အရေးကြီး ပုဂ္ဂိုလ် ဖွင့်ဆိုချက်ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီး များနှင့် ဝန်ကြီးချုပ် တို့သာပါဝင်ကြောင်း ရဲမှူးကြီးက ဆိုသည်။

”သမ္မတကြီးကတော် နေပြည်တော်ကနေ ရန်ကုန်ကို ဆင်းလာတယ်။ အဲဒီ ကားနံပါတ်ကို ယာဉ်ထိန်း ရဲတွေ သိကြတာပဲ။ ဒါပေမဲ့ အများပြည်သူ အတိုင်းပဲ ပိုပြီးတော့မှ လမ်းရှင်းပေးတာတို့ မလုပ်ကြဘူး”ဟု ၄င်းက ပြော သည်။

ယာဉ်တိုက်မှု အန္တရာယ် မဖြစ်ပွားစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန် ယာဉ်ထိန်းရဲက ၄င်း၏ တာဝန် အတိုင်း ဆောင်ရွက်နေပြီး အရေးကြီး ပုဂ္ဂိုလ်များမဟုတ်ဘဲ အခြားသူများက တာဝန် မဟုတ်သည့် ဈေးဝယ်ထွက် ခြင်း၊ အခြားကိစ္စများ ဆောင်ရွက်ခြင်းအပေါ် အထူးတလည် လမ်းရှင်းပေးမှုကို ဆောင်ရွက်ပေးခြင်း မပြုလုပ်နိုင်ဟု ရဲမှူးကြီး က ဆက်ပြောသည်။

ယခင်စစ်အစိုးရ အကြီးအကဲဟောင်း၏ မြေးဖြစ်သူ အပါအဝင် ဒုတိယဝန်ကြီးတစ်ဦး၏ ဇနီးတို့က ၄င်းတို့ကားကို လမ်းမရှင်းပေးသဖြင့် တာဝန်ကျ ယာဉ်ထိန်းရဲတို့အပေါ် အနိုင်အထက်ပြောဆိုမှုတို့ ရှိခဲ့ကြောင်း အင်တာနက်ပေါ်တွင် သတင်းများ ပျံ့နှံ့ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ရဲမှူးကြီးကျော်ထွေးက ”ကျွန်တော်ပြောပြီးပြီပဲ။ အထူးတလည် လမ်းရှင်းပေးရမယ့် ပုဂ္ဂိုလ်က ဘာတွေလဲ ဆိုတာကို” ဟု ပြောသည်။

မင်းသုအောင် (Popular Myanmar News Journal)