Thursday, May 16, 2013

ဖိလစ်ပိုင် မြို့တော်ဝန် ခေါင်းပန်းလှန် ရွေး



Friday, 17 May 2013

ဖိလစ်ပိုင်နိုင်ငံ San Teadoro မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ မြို့တော်ဝန်ရွေးကောက်ပွဲအတွင်း ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံး မဲအရေအတွက် အတူတူရခဲ့ကြတဲ့အတွက် ခေါင်းပန်းလှန်ပြီးတော့ အဆုံးအဖြတ် ပေးလိုက်ကြပါတယ်။

Mindoro Oriental ပြည်နယ်အတွင်းက San Teodoro ဆိုတဲ့ လယ်ယာ
လုပ်ကိုင်စားကြတဲ့ အဲ့ဒီ့မြို့ကလေးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ရလာဒ်ကို
ခေါင်းပန်း ၅ကြိမ်စီလှန်ပြီး ခေါင်း အများဆုံးရတဲ့သူကို အနိုင်ပေးလိုက်
တာဖြစ်ပါတယ်။ လက်ရှိအာဏာရပါတီ Liberal ပါတီကိုယ်စားလှယ်လောင်း Marvic Feraren က ပြိုင်ဖက်ကိုယ်စားလှယ်လောင်း Boyet Py ကို အနိုင်ရသွားပါတယ်။

ဒါပေမဲ့ ပထမတစ်ကြိမ် ခေါင်းပန်းလှန်တဲ့အခါ အဖြေက တိုက်နေသေးတဲ့
အတွက် ဒုတိယအကြိမ် ထပ်ပြီး ခေါင်းပန်းလှန်ခဲ့ကြရတာပါ။အဆုံးသတ်
မှာတော့ ထွက်လာတဲ့အဖြေကို ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးက လက်ခံပြီး လက်ဆွဲ နှုတ်ဆက်ခဲ့ကြပါတယ်။ အခုလိုခေါင်းပန်းလှန်ပြီး အဆုံးအဖြတ်ပေးတဲ့ ရလာဒ်ကို လက်ခံကြောင်း ဖိလစ်ပိုင် ရွေးကောက်ပွဲ ဥပဒေမှာ ပြဌာန်းထားပါတယ်။

VOA

မေလ ၁၆ ရက်နေ့ စစ်တွေမြို့ မြင်ကွင်းများ


The Voice Weekly



DVB TV News

ကော့မှူးမြို့နယ်သို့  ဒေါ်အောင်ဆန်းစုကြည်သွားရောက်


 

DVB TV News

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးနဲ့ စာကြည့်တိုက် ဖွင့်လှစ်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ရွေ့လျားမော်တော်ကား စာကြည့်တိုက် ထားရှိဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာပြန်ဆက်ဦးစီးဌာနနဲ့ ဆက်သွယ်ညှိနှိုင်း ဆွေးနွေးခဲ့တယ်လို့ ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူး ဦးအေးသိန်းက ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွမ်းခြံကုန်းမြို့မှာနေထိုင်တဲ့ သက်ရွယ်ကြီးမြင့်ပြီး နာ မကျန်းဖြစ်နေသူ စာရေးဆရာကြီး မြောင်းမြဘဆွေထံ ၀င်ရောက်ပြီး ဂါရ၀ပြု အားပေးစကား ပြောကြားခဲ့ပါတယ်။


16-5-2013
ယနေ့ နံနက် ကော့မှူးမြို့နယ်သို့  ပြန်ကြားရေး ပညာရေး ၊ ကျမ်းမာရေး ၊ လမ်းပန်းဆက်သွယ်ရေးတို့ အား
 အဆင်ပြေချောမွေ့ စေရေးအတွက် ကော့မှူးမြို့နယ်ကျေးရွာများအထိ ဒေါ်အောင်ဆန်းစုကြည်သွားရောက်

ဓါတ်ပုံ ကိုဆန်နီ

ရခိုင်ကမ်း​ရိုး​တန်း​ မုန်တိုင်း​ အန္တရာယ် ကင်း​ရှင်း​သွား​ပြီ – မိုး​ဇလ




Published on May 16, 2013 by ဒီဗွီဘီ   ·

မဟာစင် မုန်တိုင်း​ဟာ အစိမ်း​ရောင် အဆင့်​ပြောင်း​ပြီး​ ရခိုင်ကမ်း​ရိုး​တန်း​ မုန်တိုင်း​ အန္တရာယ် ကင်း​ရှင်း​သွား​ပြီဖြစ်​ကြောင်း​ မိုး​လေဝသနှင့်​ဇလ​ဗေဒ ညွှန်ကြား​မှုဦး​စီး​ဌာနက ​နောက်ဆုံး​သတင်း​ ထုတ်ပြန်လိုက်ပါတယ်။

့​မြန်မာစံ​တော်ချိန် ည (၈)နာရီ အချိန် တိုင်း​ထွာချက်များ​အရ ဘင်္ဂလား​ဒေ့​ရှ်နိုင်ငံ ကမ်း​ခြေကို ဖြတ်​ကျော်ဝင်​ရောက်ခဲ့​တဲ့​ ကုန်း​တွင်း​ မုန်တိုင်း​ငယ်ဟာ အ​ရှေ့​မြောက်ဘက်ကို ဆက်လက်​ရွေ့​လျား​ကာ ​လေဖိအား​နည်း​ ရပ်ဝန်း​အ​နေနဲ့​ တ​ဖြေး​ဖြေး​ အား​ပျော့​သွား​ကြောင်း​ မိုး​ဇလက ခန့်​မှန်း​လိုက်ပါတယ်။

မုန်တိုင်း​ရဲ့​ လက်ရှိအ​ခြေအ​နေမှာ အစိမ်း​ရောင်အ​ခြေအ​နေကို ​ရောက်ရှိခဲ့​ပြီး​၊​ရခိုင်ကမ်း​ရိုး​တန်း​မှာ​တော့​ မုန်တိုင်း​အန္တရာယ်ကင်း​ရှင်း​သွား​တဲ့​ အ​ခြေအ​နေဖြစ်​ကြောင်း​ မိုး​ဇလ ခန့်​မှန်း​ချက်ထဲမှာ ​ဖော်ပြထား​ပါတယ်။

မိုး​လေဝသဌာနက ညွှန်ကြား​ရေး​မှူး​ ဦချစ်​ကျော်က “အစိမ်း​ရောင်ရဲ့​ အဓိပ္ပာယ်က ဘာလဲဆိုရင် မုန်တိုင်း​အန္တရာယ် လုံး​ဝကင်း​သွား​ပြီ။ သူတို့​ ခို​အောင်း​နေတဲ့​နေရာ၊​ ​ရွှေ့​ပြောင်း​နေတဲ့​ ​နေရာ၊​ ပုန်း​ခို​နေတဲ့​နေရာ၊​ မုန်တိုင်း​ကင်း​လွတ်တဲ့​နေရာက​နေ သူတို့​ထွက်လာပြီး​ သူတို့​မြို့​၊​ သူတို့​ရွာ၊​ သူတို့​အိမ်ကို ပြန်လာနိုင်တဲ့​ အ​ခြေအ​နေကို အစိမ်း​ရောင်လို့​ ​ပြောတာပါ”လို့​ ဒီဗွီဘီကို ​ပြောကြား​ခဲ့​ပါတယ်။

ဒါ့​အပြင် မြစ်ဝကျွန်း​ပေါ်၊​ မုတ္တမ​ကွေ့​၊​ရခိုင်ကမ်း​ရိုး​တန်း​တစ်​လေ်ွာက်နဲ့​ ကမ်း​လွန်ပင်လယ်ပြင်​တွေမှာ တစ်ခါတစ်ရံ မိုး​သက်​လေပြင်း​များ​ တိုက်ခတ်ပြီး​လှိုင်း​ကြီး​နိင်​ကြောင်း​၊​ မိုး​သက်​လေပြင်း​ကျစဉ်​ရေပြင်/​မြေပြင် ​လေဟာ တစ်နာရီမိုင်(၄၀)အထိ တိုက်ခတ်နိုင်​ကြောင်း​၊​ မဟာစင် မုန်တိုင်း​အတွက် ​နောက်ဆုံး​သတင်း​ကို မိုး​ဇလ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
..................................................................................................................
မဟာစင် ဆိုင်ကလုန်းမုန်တိုင်း တခြမ်းကျန်သေးတယ် – ဦးချစ်ကျော်
Published on May 16, 2013 by ရွှေအောင်   ·

မဟာစင်ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အခုအချိန်ကစလို့ နေရာကွက်ပြီး မိုးကြီးမယ်၊ လျှပ်တပြက် ရေကြီးတာတို့  မြေကျွံကျပြီး မြေပြိုတာတို့၊ တောင်ပေါ်ကားလမ်းတွေ မြေပြိုကျပြီး ပိတ်ဆို့တာတို့ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သဌာနက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နဲ့ ပတ်သက်ပြီး မိုးလေ၀သဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆိုင်ကလုန်းမဟာစင် ကုန်းတွင်းဖြတ်ကျော်သွားပြီလို့ သိရပါတယ်။ နောက်ဆုံးအခြေအနေ ပြောပြပေးပါ။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးကနေ ဖြတ်ကျော်သွားပါတယ်။ ၃ နာရီ ၄၀ လောက်ဖြတ်တယ်။ ကျနော်တို့က ၃ နာရီ မိနစ် ၃၀ တိုင်းထွာချက်တွေကို အခြေခံပြီး ၄ နာရီမှာ သတင်းထုတ်ပါတယ်။ လက်ရှိ ကမ်းခြေကိုဖြတ်ကျော်နေတဲ့ အခြေအနေဖြစ်လို့ အညိုရောင်အဆင့်ပါ။ ”

ရခိုင်ဘက်က မုန်တိုင်းဒဏ်နဲ့ ကင်းလွတ်သွားပြီလို့ ပြောရင်ရမလား။

“မရပါဘူး။ မုန်တိုင်းကမ်းဖြတ်သွားချိန်မှာ ရခိုင်ကမ်းရိုးတန်းဘက်မှာ မောင်တော၊ စစ်တွေခရိုင်တို့မှာ လေဒဏ်၊ မိုးဒဏ်ခံနေရတယ်။ ဘယ်လောက်ထိခိုက်တယ်ဆိုတာ မသိသေးဘူး။ ခန့်မှန်းထားတာတော့ မောင်တောကမ်းခြေမှာ ပထမ ရေလှိုင်းအမြင့် ခန့်မှန်းတာ ၈ ပေ ကနေ ၁၀ ပေအထိ။ ဒါပေမယ့် မုန်တိုင်းက ပထမကမ်းဖြတ်ခါနီးမှာ အင်အားနည်းနည်းလျော့သွားတယ်။ လေတိုက်နှုန်းကလည်း ၁ နာရီ မိုင် ၅၀-၆၀ ပြန်ကျသွားတယ်။ ဒါကြောင့် လေတိုက်နှုန်းခန့်မှန်းချက်ကို ၁ နာရီ မိုင် ၅၀၊ ၆၀ တိုက်နိုင်တယ်။ မုန်တိုင်းကြောင့် မြင့်တက်နိုင်တဲ့ ရေလှိုင်းကလည်း မောင်တောကမ်းခြေမှာ ၆ ပေ ကနေ ၈ ပေကလောက်ပဲ တက်တော့မယ်။ စစ်တွေခရိုင်မှာဆို ၄ ပေမှ ၆ ပေ။ အရင် ထုတ်ထားတဲ့ ကျောက်ဖြူခရိုင်မှာဆိုတာကို မထည့်တော့ဘူး။ ကျောက်ဖြူမှာ မတက်နိုင်တော့ဘူးလို့ ခန့်မှန်းလို့ပါ။ မုန်တိုင်းနဲ့အတူ မိုးသည်းထန်စွာရွာသွန်းနိုင်လို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ နေရာကွက် မိုးကြီးမယ်လို့ ထည့်ထားတယ်။ ဘာလို့လဲဆိုတော့ နေရာကွက်မိုးကြီးရင် လျှပ်တပြက် ရေကြီးတာ၊ မိုးများလို့ မြေကျွံပြီး ပြိုတာ၊ တောင်ပေါ်ကားလမ်းတွေဘေးက မြေကမ်းပါးယံတွေဟာ ပြိုပြီး ကားလမ်းပေါ်ကျလို့ ကားလမ်းတွေသွားလို့မရအောင် ဖြစ်ပြီး အဆက်အသွယ်ပြတ်တောက်တာတို့ ဖြစ်မယ်ဆိုတဲ့ သဘောတရားကို ရည်ညွှန်းပြီး ထည့်ပါတယ်။ မိဘပြည်သူတွေသိအောင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကို တိုက်ရိုက်အင်တာဗျူးလုပ်ပြီး အခု ထုတ်ပြန်ချက်ကို ရှင်းပြထားတာကို တင်ပြထားပါတယ်။”

၁၆ ရက်ညနဲ့ ၁၇ မှဖြစ်မှာလား။ ဘယ်ရက်တွေ၊ ဘယ်အချိန်တွေဖြစ်နိုင်ပါလဲ။

“အခုကစ ကမ်းဖြတ်တာနဲ့၊ ၃ နာရီခွဲက စဖြစ်မှာပါ။ ဘယ်လောက်အထိ သတိထားနေရမလဲဆိုတော့ ကျနော်တို့ မုန်တိုင်း အားလျော့ပျက်ပြယ်သွားပြီဆိုတဲ့ သတင်းကြေညာတဲ့အထိပါပဲ။”

မုန်တိုင်းနဲ့ ပတ်သက်လို့ ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါ။

“တချို့ အညိုရောင်ဆိုတာ သဘောမပေါက်တော့၊ အညိုရောင်ဆိုတာ မုန်တိုင်းကမ်းဖြတ်နေတယ်၊ မုန်တိုင်းဗဟိုချက်ဖြတ်တယ်လို့ အဓိပ္ပာယ်ရတယ်။ ဗဟိုချက်ဖြတ်တယ်ဆိုတာ တခြမ်းကျန်ပါသေးတယ်။ ဥပမာ ရွှေတံဆိပ်ကြည့်ရင် ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း၊ အလယ်မှာ အပေါက်ရှိတယ်။ အခုအရှေ့ဘက်ခြမ်းအရင် ဖြတ်တယ်။ ဗဟိုချက် ကမ်းပေါ်ရောက်တယ်။ နောက်တခြမ်းကျန်ပါသေးတယ်။ နောက်တခြမ်းက ၃-၄ နာရီ ကြာအောင် ကမ်းကိုဖြတ်ပါတယ်။ အဲအတွက်နောက်ထပ် ၃-၄ နာရီ ကြာ၊ ည ၇ နာရီလောက်မှ ဒီဘက်အခြမ်းပြီးပါမယ်။ ပြီးရင်တော့ ဒီမုန်တိုင်းက တခါတလေမှာ ကုန်းတွင်းမုန်တိုင်းအဖြစ်နဲ့ ဆက်နေတတ်တယ်။ အခုကတော့ မုန်တိုင်းငယ်အဖြစ်နဲ့ ဆက်နေနိုင်တဲ့အခြေအနေ မဟုတ်ဘူး။ သို့သော်လည်း နောက် ၃ နာရီလောက်ဆို ဘာဖြစ်နိုင်တယ်ဆိုတဲ့ဟာကို ကျနော်တို့ သတင်းထပ်ထုတ်မှာပါ။ ဒါကြောင့် ရေဒီယိုတို့၊ တီဗွီတို့ကို ကြည့်ဖို့လိုပါတယ်။ ဒါမှ နောက်ဆုံးအခြေအနေကို ကြည်ပြီးတော့ ပြီးသွားတယ်ဆိုရင် ကျနော်တို့က အစိမ်းရောင်ကို ကြေညာပါတယ်။ အစိမ်းရောင်ရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် မုန်တိုင်းအန္တရာယ် လုံးဝကင်းသွားပြီ။ သူတို့ ခိုအောင်းနေတဲ့နေရာ၊ ရွှေ့ပြောင်းနေတဲ့ နေရာ၊ ပုန်းခိုနေတဲ့နေရာ၊ မုန်တိုင်းကင်းလွတ်တဲ့နေရာကနေ သူတို့ထွက်လာပြီး သူတို့မြို့၊ သူတို့ရွာ၊ သူတို့အိမ်ကို ပြန်လာနိုင်တဲ့ အခြေအနေကို အစိမ်းရောင်လို့ ပြောတာပါ။

“ဒါပေမယ့် အဲဒီအချိန်မှာ တချို့နေရာတွေမှာ ဓာတ်ကြိုးတွေ ပြတ်တာ၊ မှန်တွေဘာတွေ ကွဲပြီးကျတာတို့ ရှိတဲ့နေရာကို ဒေသအာဏာပိုင်နဲ့ သဘာဝဘေးဒဏ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေက အညွှန်းတွေပေးထားပါတယ်။ ဒီနေရာကို မသွားရတို့၊ ကြိုးတွေဝိုင်းပြီးတော့ တားမြစ်တဲ့နေရာ သတ်မှတ်ထားတယ်။ အဲဒီနောကို စူးစမ်းတဲ့သဘောနဲ့ မသွားဖို့ လိုပါတယ်။ သွားရင် ဘေးအန္တရာယ်ရှိမှာစိုးလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ရွှေတုံး၊ ငွေတုံး ရှိတာမဟုတ်ပါဘူး။ ဘေးအန္တရာယ် ကျရောက်မှာစိုးလို့ ပြောတပါ။ အဲဒါကြောင့် ဒေသအာဏာပိုင်ရဲ့ လမ်းညွှန်ချက်ကို သေချာလိုက်နာပြီး တုံ့ပြန်ရင်ဆိုင်မယ်ဆိုရင် ဘေးအန္တရယ်ကျရောက်မှုက လျော့ပါးသွားမယ်လို့ ကျနော်ပြောချင်ပါတယ်။”
http://burmese.dvb.no/archives/39558

တောင်ကြီးတွင် ပအိုဝ်းပြည်သူ့စစ်က အန်အယ်လ်ဒီရုံးကို လက်နက်ဖြင့်ဝိုင်း




Published on May 16, 2013 by စုစုလှိုင် 

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပအိုဝ်းအမျိုးသား တပ်မတော်အသွင်ပြောင်း ပြည်သူ့စစ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နန်းဟောင်းကျေးရွာအုပ်စု မောက်စံကျေးရွာရုံးကို လက်နက်နဲ့ ၀ိုင်းထားတယ်လို့ အန်အယ်လ်ဒီတောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက် ပြည်သူ့စစ် ၃၀ လောက်က လက်နက်နဲ့ ၀ိုင်းထားပြီး ရုံးထဲမှာ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အိမ်ပိုင်ရှင်ရယ်၊ တခြားရွာသား ၃ ယောက်ရယ်ကို ပေးမထွက်ဘူးတဲ့။ အဲဒါကြောင့် ကျနော်တို့လည်း သက်ဆိုင်ရာ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့)၊ အက်စ်ဘီ (အထူးသတင်းတပ်ဖွဲ့) တွေ အကြောင်းကြားထားတော့ အခုတော့ စရဖ ဆင်းသွားတယ်လို့ ကြားတယ်။ စ၀ိုင်းတာတော့ မနေ့ည ၁၀ နာရီလောက်ကတည်းက” လို့ ဦးခင်မောင်စိုးက ရှင်းပြပါတယ်။

မောက်စံကျေးရွာ အန်အယ်လ်ဒီရုံးတည်ရှိတဲ့ ရွာလမ်းမကြီးတလျှောက်ကို ပိတ်ထားပြီး ကလေးငယ်တွေကလွဲရင် ဖြတ်သန်းသွားလာခွင့် မပေးဘူးလို့ ဆိုပါတယ်။

ဘာကြောင့်ဝိုင်းခံရတယ်ဆိုတာ မသိရသေးပေမယ့် မနေ့ကတော့ အန်အယ်လ်ဒီ တာဝန်ရှိသူတွေက ရွာသား ၂ ဦးကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့တဲ့အပေါ် လွှတ်ပေးဖို့ ပအိုဝ်းအဆင့်မြင့်အရာရှိတဦးနဲ့ ဆွေးနွေးပြီးတဲ့နောက် ၀ိုင်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူက “လွန်ခဲ့တဲ့ မေ ၁၄ ရက်နေ့တုန်းက တောင်ကြီးမြို့နယ် နန်းဟောင်းကျေးရွာအုပ်စု မောက်စံရွာသား ၂ ယောက်ကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့က လက်ထိတ်ခတ် ဖမ်းခေါ်ပါတယ်။ အဲဒီကိစ္စ ရွာသားတွေက အန်အယ်လ်ဒီကို အကူအညီတောင်းလို့ ဟိုပုန်းမှာရှိတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်စံလွင်ကို သွားရောက်တွေ့ဆုံညှိနှိုင်းပါတယ်။ အဲဒီညှိနှိုင်းပွဲမှာ မြေယာကိစ္စကိုတော့ ဥက္ကဋ္ဌက သူတာဝန်မခံဘဲ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ လုပ်ပေးမယ်လို့ ကတိပြုခဲ့တယ်။ ဒါပေမယ့် မလွှတ်တဲ့အပြင် ညှိပြီးအပြန်မှာ ရွာသား ၃ ယောက် ထပ်ဖမ်းခံရပြန်တယ်” လို့ ပြောပါတယ်။

ရွာသားတွေကို ဖမ်းဆီးမှုဟာ ပအိုဝ်းပြည်သူ့စစ်အဖွဲ့က သိမ်းဆည်းထားတဲ့မြေတွေကို ရွာသားတွေက ပြန်တောင်းတာကြောင့် ရွာသားတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ ဖမ်းဆီးပြတာလို့ ဦးခင်မောင်စိုးက ခန့်မှန်းပြောဆိုပါတယ်။ နန်းဟောင်းနဲ့ မောက်စံရွာတွေမှာ ပီအန်အိုက သိမ်းဆည်းထားတဲ့ မြေဧက ၅၀၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရသူ ဦးဥာဏ်ဝင်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလို လက်နက်ကိုင်စွဲပြီး ဖမ်းဆီးချုပ်နှောင်တာမျိုးတွေနဲ့ မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။
http://burmese.dvb.no/archives/39537