Friday, May 17, 2013
ဘင်္ဂါလီကုလားများ နှင့် ကူးလူးဆက်ဆံကြသူများကို နာမည်ပျက်စာရင်းသွင်းပြီး ဓါတ်ပုံ နှင့်တကွ ကြေငြာမည် ဟု ဆို
၂၀၁၃-ခုနှစ် မေလ (၅) ရက်နေ့ နှင့် မေလ (၁၂)ရက်နေ့တို့တွင် အသီးသီးကျင်းပခဲ့ကြသော စစ်တွေမြို့တက်ကြွလှုပ်ရှားသူများ အစည်းအဝေးက ပဋိပက္ခများ တစ်ကျော့ပြန်ဖြစ်လာနိုင်ခြေတို့ကို တားဆီးသည့်အနေဖြင့် ကုလားများနှင့် ကူးလူးရောင်းဝယ်ဆက်ဆံမှုကို တတ်နိုင်မျှ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း၊ ကုလားများနှင့် ကူလူးဆက်ဆံသူများကို နာမည်ပျက်စာရင်းသွင်းပြီး ဓါတ်ပုံ နှင့်တကွ ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ကာ ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ထိုကြေငြာချက်၏ အောက်ခြေတွင် ပဋိပက္ခကာကွယ်တားဆီးရေးအင်အားစု ဟု ရေးသား ဖော်ပြထားသည်။
(Coral Arakan News)
သမ္မတဦးသိန်းစိန် အမေရိကန်သို့ သမိုင်းဝင်ခရီးစဉ် စတင်ထွက်ခွာ
Eleven Media Group
မေ ၁၇ ရက် ည ၁၁ နာရီခွဲခန့်က အမေရိကန်နိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် သွားရောက်မည့် သမ္မတဦးသိန်းစိန်ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နားနေဆောင်မှ ထွက်ခွာလာစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်သမ္မတ အိုဘားမား၏ ဖိတ်ကြားချက်အရ မေ ၁၇ ရက် ညပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့မှ အမေရိကန်နိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ် စတင်ထွက်ခွာသွားပြီ ဖြစ်ပါသည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေ ၁၇ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်တွင် KE-472 Korean Air လေကြောင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ ယခုခရီးစဉ်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး အမေရိကန် အိမ်ဖြူတော် ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ သမ္မတနှင့်အတူ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရပါသည်။
သမ္မတဦးသိန်းစိန်သည် အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် ၀ါရှင်တန်ရှိ သမ္မတအိမ်ဖြူတော်၌ မေ ၂၀ ရက်(တနင်္လာ) တွင် တွေ့ဆုံဆွေးနွေးမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။
အမေရိကန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက် လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်မှုများကို တိုးတက်မှုများ ရှိစေရန် ဆက်လက်ထောက်ခံ ပေးသွားမည် ဖြစ်ကြောင်းလည်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ပဋိပက္ခများ ဖြေရှင်းရေး၊ ပြည်သူများ စီးပွားရေး အခွင့်အလမ်းများ ရရှိရေး စသည့် ကျန်ရှိနေသည့် စိန်ခေါ်မှုများကို ဆွေးနွေးရန်နှင့် အမေရိကန် အနေဖြင့် မည်သို့ကူညီနိုင်မလဲ ဆိုသည်ကို လေ့လာသိရှိနိုင်ရန် အတွက် သမ္မတအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရန် မျှော်လင့်စောင့်စား နေပါကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။
''အာရပ်နွေဦးလှိုင်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ မြန်မာ့နွေဦးဟာ ပိုပြီး ခိုင်မာကောင်းမွန် နေတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီနွေဦးဟာ အမေရိကန်နိုင်ငံ ကမ္ဘာတစ်ဝန်းမှာ မြှင့်တင်နေတဲ့ တန်ဖိုးတွေကို ကိုယ်စားပြုနေပါတယ်။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကလည်း နောက်ကြောင်းပြန် မလှည့်ဘူးလို့ အတိအလင်း ပြောထားပြီးသားပါ။ အမေရိကန်ဘက်က စိုးရိမ်တာက ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ခြေလှမ်းတွေ ဘယ်လောက်အထိ ခိုင်မာမလဲ၊ နောက်ကြောင်း ပြန်လှည့်နိုင်-မလှည့်နိုင် ဆိုတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခြေလှမ်းတွေ၊ လက်ရှိခြေလှမ်းတွေ၊ ရှေ့ဆက်မယ့် ခြေလှမ်းတွေရဲ့ လားရာအရ ဒီအိမ်ဖြူတော်ခရီးစဉ် ပေါ်ပေါက်လာခဲ့တာလို့လည်း ပြောနိုင်ပါတယ်'' ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
''နှစ်ပေါင်း ၅၀ နီးပါးအတွင်း ဖြစ်ပေါ်လာတဲ့ နေပြည်တော်-အိမ်ဖြူတော် ခေါင်းဆောင်များရဲ့ သံခင်းတမန်ခင်းဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်နွှယ် အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ အခု အမေရိကန်ဘက်က ချမှတ်ထားတဲ့ တစ်ဆင့်ချင်း တက်လှမ်းနေတဲ့ မူဝါဒအရလည်း လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး စတဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေမှာ ကူညီထောက်ပံ့မှု အများကြီး ပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးစနစ်၊ စီးပွားရေး စနစ်တွေအရ အမေရိကန်နဲ့ ပိုပြီးနီးစပ်နေတဲ့ သဘောသဘာဝလည်း ရှိပါတယ်။ အမေရိကန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာလည်း Rule of Law ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခုမှ ဒီလမ်းကြောင်းကို လျှောက်ရတာ ဖြစ်တဲ့အတွက် ရှေ့ကဦးဆောင်နေတဲ့ နိုင်ငံကြီးတွေ အနေနဲ့ အတွေ့အကြုံတွေ၊ နည်းပညာတွေ၊ ထောက်ပံ့ကူညီမှုတွေ အများကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ဒါတွေကိုလည်း သမ္မတကြီးရဲ့ အိမ်ဖြူတော်ခရီးစဉ်မှာ ဆွေးနွေးဖော်ဆောင် နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်'' ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အကြို နှစ်နှစ်တာ ကာလအတွင်း န၀မအကြိမ်မြောက် နိုင်ငံရေး အကျဉ်းသားများ ထပ်လွှတ်
Eleven Media Group
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အကြို နှစ်နှစ်တာကာလအတွင်း န၀မအကြိမ်မြောက်အဖြစ် မေ ၁၇ ရက်တွင် နိုင်ငံရေး အကျဉ်းသားများကို ပုဒ်မ ၄၀၁(၁)ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သိရသည်။
မေ ၁၇ ရက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၂၃ ဦးရှိကြောင်း သိရပြီး မေ ၁၇ ရက် ညနေပိုင်းအထိ ရရှိသော သတင်းများအရ သိရှိရသည်။ ထိုကဲ့သို့ လွတ်မြောက်လာသူများထဲတွင် မကြာသေးမီအချိန်က ထောင်ကြွေးကျန်ဖြင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရပြီး မအူပင်ထောင်၌ အကျဉ်းကျခံနေရသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
မေ ၁၇ ရက် ညနေပိုင်းအထိ ရရှိသော စာရင်းများအရ အင်းစိန်ထောင်မှ ၁၀ ဦး၊ သာယာဝတီထောင်မှ ငါးဦး၊ တောင်ငူထောင်မှ နှစ်ဦး၊ မန္တလေး၊ ပုသိမ်၊ မအူပင်၊ တောင်ကြီး၊ လားရှိုးထောင်များမှ တစ်ဦးစီ လွတ်မြောက်ခဲ့ပြီး လွတ်မြောက်လာခဲ့သူ အများစုမှာ ဖောက်ခွဲဖျက်ဆီးမှုများဖြင့် စွပ်စွဲခံရပြီး ထောင်ဒဏ်ကျခံခဲ့ရသူများ ဖြစ်ကြောင်း သိရှိရသည်။
အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ၁၀ ဦးမှာ ကိုအောင်နိုင်၊ ကိုကံမင်းသား၊ စိုင်းတင်မင်းကို၊ ကိုဝင်းမြင့်၊ စိုင်းခန်းလှ၊ မဟေမာနေ၀င်း(ခေါ်)မမာမာလွင်၊ ကိုရဲထွဋ်ခေါင်၊ ကိုစိုးရွှေ(ခေါ်)ဦးပညာဝံသ၊ ကိုကျော်မိုးထက်နှင့် ကိုထွန်းဦးတို့ ဖြစ်ကြပါသည်။ သာယာဝတီထောင်မှ လွတ်မြောက်လာသူများမှာ ကိုအေးမင်းနိုင်(ခေါ်) ကိုအောင်ထူး၊ ကိုထက်ကိုလင်း၊ ကိုကျော်ဇင်ဦး (ခေါ်) ဘုန်းကျော်၊ မစန်းစန်းမော်နှင့် ကိုဇော်လွင်(ခေါ်)ကိုဖိုးဇော်တို့ ဖြစ်ကြကာ တောင်ငူထောင်မှ စောရှမ်းဒရပ်နှင့် စိုင်းသီဟတို့ ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်က ကျောင်းဆရာပါ။ ကျောက်ကြီးမှာနေတယ်။ ကျွန်တော့်အိမ်ရှေ့ဗုံးကွဲပြီး ကလေးတစ်ယောက် ဒဏ်ရာရတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဖောက်ခွဲဖျက်ဆီးမှုနဲ့ အနှစ် ၂၀ ချတယ်။ ထောင်ဒဏ်စေ့ဖို့ ခုနစ်နှစ်ကျော် လိုသေးတယ်။ အခုလို မထင်မှတ်ဘဲ လွတ်ခဲ့တဲ့အတွက် ကျွန်တော် ၀မ်းသာတယ်။ ဒါပေမဲ့ အထဲမှာ အတူနေခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတယ်။ ဒါကြောင့် အပြည့်မပျော်နိုင်သေးဘူး'' ဟု တောင်ငူထောင်မှ လွတ်မြောက်လာသူ စောရှမ်းဒရပ်က ဆိုသည်။
''ကျွန်တော်လည်း ဖောက်ခွဲဖျက်ဆီးမှုနဲ့ ခြောက်နှစ်ကျခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှ လွတ်မှာပါ။ အခုလို လွတ်လာတော့ ကျွန်တော်ဝမ်းသာပါတယ်။ ကျွန်တော်နေခဲ့ရတဲ့ တိုက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ငါးယောက်လောက်တော့ လွတ်ဖို့ ကျန်နေသေးတယ်'' ဟု အင်းစိန်ထောင်မှ လွတ်မြောက်လာသူ စိုင်းတင်ဝင်းက ဆိုသည်။
မေ ၂ ရက်က ပြန်လည်ဖမ်းဆီး ခံခဲ့ရ ပြီး ထောင်ကြွေးကျန်ဖြင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရကာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်လည်း မေ ၁၇ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ယခုတစ်ကြိမ် လွှတ်ပေးမှုတွင် ခြွင်းချက်မရှိ လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပြည်သူလူထု လိုလားချက်ကို ဖြည့်စွမ်းပေးလို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာလို့ မြင်ပါတယ်။ ဒီတစ်ခါ လွတ်တာတော့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်တဲ့စာအရ ပုဒ်မ ၄၀၁(၁) အရ ခြွင်းချက်မရှိ လွှတ်ပေးလိုက်တာလို့ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ကျွန်တော့်ကို စာဖတ်ပြတယ်။ ဒီတစ်ခါတော့ နောက်ထပ် ဘာမှအနှောင်အဖွဲ့ မရှိတော့ဘူးလို့လည်း ပြောတယ်။ လွှတ်ပြီးသား နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ကျွန်တော့်လိုမျိုး တိကျတဲ့ ထုတ်ပြန်ချက် ထုတ်ပေးဖို့ မျှော်လင့်ပါတယ်'' ဟု မအူပင်ထောင်မှ လွတ်မြောက်လာသူ ဦးနေမျိုးဇင်က ပြောပြပါသည်။
အစိုးရသစ်လက်ထက် နှစ်နှစ်တာ ကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့် (၁၀) ကြိမ် ခွင့်ပြုခဲ့ပြီး (၉) ကြိမ်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့ကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကြိမ်တိုင်း၌ နိုင်ငံရေးအရ ထူးခြားတိုက်ဆိုင်မှုများ ရှိနေခဲ့ပါသည်။
အစိုးရသစ်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၁၁ ခုနှစ် မေ ၁၆ ရက်က စတင်ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်သည် ၂၀၁၄ ခုနှစ် တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရန်အတွက် မြန်မာနိုင်ငံက ကြိုးပမ်းနေသည့် အချိန်ဖြစ်ပါသည်။
ထို့အတူ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်သည် မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးသင့်၊ မပေးသင့် လေ့လာရေးခရီး လာရောက်သော ကိုယ်စားလှယ်အဖွဲ့ မရောက်ရှီမီ အချိန်တွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂ ရက် လွတ်ငြိမ်းချမ်းသာခွင့်သည် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ထင်ရှားသော နိုင်ငံရေး အကျဉ်းသား အများအပြားနှင့် နိုင်ငံရေး အကျဉ်းသား အများဆုံး လွှတ်ပေးခဲ့သော ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက် လွတ်ငြိမ်းချမ်းသာခွင့်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသော လွတ်ငြိမ်းချမ်းသာခွင့် များမှာလည်း နိုင်ငံတော်သမ္မတ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံသို့ မသွားရောက်မီ အချိန်တွင်လည်းကောင်း၊ အမေရိကန်သမ္မတ ဘားရတ်အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ နံနက်ပိုင်းတွင် လည်းကောင်း၊ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ မတက်ရောက်မီ အချိန်တွင်လည်းကောင်း လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံတော်သမ္မတ အမေရိကန်သို့ မသွားရောက်မီ အချိန်တွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယခင်စစ်အစိုးရ လက်ထက်က နိုင်ငံရေး အကျဉ်းသားများကို ထိန်းသိမ်းထားခြင်းအား နိုင်ငံတကာမှ ပြင်းပြင်းထန်ထန် ဝေဖန်မှုများရှိခဲ့ပြီး ထိုဝေဖန်မှုများကို တုံ့ပြန်သောအားဖြင့် နိုင်ငံရေး အကျဉ်းသားအချို့ကို အနည်းငယ်စီ လွှတ်ပေးခြင်းဖြင့် နိုင်ငံရေး အကျဉ်းသားများကို လက်နက်သဖွယ် အသုံးပြုသည်ဆိုသော ဝေဖန်မှုများ ရှိခဲ့ပါသည်။
''သမ္မတကြီး ဦးသိန်းစိန် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လက်နက်သဖွယ် အသုံးမပြုပါဘူး။ သူ့ရဲ့ပြင်းပြတဲ့ စိတ်ဆန္ဒက နိုင်ငံရေး ဖြစ်စဉ်တွေမှာ အားလုံး ပါဝင်နိုင်ရေး ဖြစ်ပါတယ်၊ ဒီလိုလွှတ်ပေးခြင်းဟာ အားလုံးပါဝင်နိုင်ရေး ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်'' ဟု နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ Facebook စာမျက်နှာတွင် မေလ ၁၇ ရက်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့သို့ အဖွဲ့အစည်း အသီးသီးမှ ပေးပို့ထားသော စာရင်းများအရ လက်ကျန်နိုင်ငံရေး အကျဉ်းသား ဦးရေ ၁၅၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။ ထိုစာရင်းထဲတွင် ကွယ်လွန်သွားခဲ့သူများ၊ လွတ်မြောက်သွားသူများ၏ အမည်စာရင်းများလည်း ပါရှိနေသည့်အတွက် ဆက်လက်စိစစ်နေကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ အချက်အလက်များအရ ထောင်ဒဏ်ကျခံနေရဆဲ နိုင်ငံရေး အကျဉ်းသား ၁၆၅ ဦးနှင့် နိုင်ငံရေး ပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသူ ၁၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။
သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မေ ၁၇ ရက်က အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားအချို့ (ဓာတ်ပုံ-ဆန်းထူးအောင်)
ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြား
*** ဒီထက် မင်္ဂလာ ရှိတဲ့  သတင်းတောင် ဒီလောက် မင်္ဂလာမရှိဘူး...***
ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြား
Friday, May 17, 2013
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ပါတီ၏ကနေ ထုတ်ပယ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်
မရှင်က အဲဒီပါတီကို ညွှန်ကြားလိုက်ပါတယ်။
အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့်လို့
ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။
“သူတို့ ကျနော်တို့ဆီ နောက်ထပ် ထပ်တိုးတင်လာတဲ့ စာရင်းထဲမှာ ကျနော်တို့နိုင်ငံက အသိအမှတ်ပြုမထားတဲ့ ရိုဟင်ဂျာဆိုတာ ပါနေလို့လေ။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀ မှာ ဖော်ပြထားတာက နိုင်ငံရေးပါတီတခုမှာ နိုင်ငံခြားသား ပါဝင်ခွင့်မရှိလို့ ဖော်ပြထားတယ်။”
ဒါ့အပြင် ကော်မရှင်က အဲဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၉ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း ထပ်ပြီး ပေးပို့ဖို့ ညွှန်ကြားထားလိုက်တယ်လို့ ဦးတင်မောင်ချိုက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းကို ဆက်သွယ်မေးရာမှာ ဒီစာကို လက်ခံရရှိတယ်လို့ ဖြေပါတယ်။
“နာမည်တော့ အလွတ်မရဘူး၊ ၆ ယောက်သွားတာမှာ ရိုဟင်ဂျာပြောလို့ သူတို့ကနိုင်ငံသားမဖြစ်နိုင်ဘူးပေါ့၊ ရိုဟင်ဂျာမဟုတ်ဘူးဆိုရင် ရသလောက်
လေ့လာရမှာပေါ့လေ။”
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ
ပြန်လည်တောင်းခံလာတဲ့အပေါ်ကို ဦးကျော်မင်းက အရင်တုန်းက ရိုဟင်ဂျာ
လို့ တင်ပြခဲ့ပေမယ့် ပြဿနာမရှိခဲ့ဘဲ ခုမှဖြစ်တာလို့ ပြောဆိုပါတယ်။
“ဟိုတုန်းက လျှောက်လွှာတင်စဉ်က ကိုယ်ရေးရာဇ၀င်တွေ ပူးတွဲတင်ခဲ့ရတယ်။ အဲတုန်းကလည်း သူတို့ပြောတဲ့နာမည်တွေဘာတွေပါတယ်။ အခုနောက်
ဆက်တွဲတိုးတဲ့အထဲ အဲလိုပါနေလို့ ကိုယ်ရေးရာဇ၀င်တွေပြန်တောင်းတယ်။
သူတို့မကြိုက်တဲ့ နာမည်မပါရင် လက်ခံမယ့်သဘောရှိတယ်။”
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀(က)အရ ပါတီဝင်စည်းရုံးရာ
မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဒါမှမဟုတ် ယာယီ
သက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေကိုပဲ စည်းရုံးခွင့်ရှိတယ်လို့
ဖော်ပြထားပါတယ်။
Democratic Voice Of Burma
Friday, May 17, 2013
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ပါတီ၏ကနေ ထုတ်ပယ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်
မရှင်က အဲဒီပါတီကို ညွှန်ကြားလိုက်ပါတယ်။
အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့်လို့ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။
“သူတို့ ကျနော်တို့ဆီ နောက်ထပ် ထပ်တိုးတင်လာတဲ့ စာရင်းထဲမှာ ကျနော်တို့နိုင်ငံက အသိအမှတ်ပြုမထားတဲ့ ရိုဟင်ဂျာဆိုတာ ပါနေလို့လေ။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀ မှာ ဖော်ပြထားတာက နိုင်ငံရေးပါတီတခုမှာ နိုင်ငံခြားသား ပါဝင်ခွင့်မရှိလို့ ဖော်ပြထားတယ်။”
ဒါ့အပြင် ကော်မရှင်က အဲဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၉ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း ထပ်ပြီး ပေးပို့ဖို့ ညွှန်ကြားထားလိုက်တယ်လို့ ဦးတင်မောင်ချိုက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းကို ဆက်သွယ်မေးရာမှာ ဒီစာကို လက်ခံရရှိတယ်လို့ ဖြေပါတယ်။
“နာမည်တော့ အလွတ်မရဘူး၊ ၆ ယောက်သွားတာမှာ ရိုဟင်ဂျာပြောလို့ သူတို့ကနိုင်ငံသားမဖြစ်နိုင်ဘူးပေါ့၊ ရိုဟင်ဂျာမဟုတ်ဘူးဆိုရင် ရသလောက်လေ့လာရမှာပေါ့လေ။”
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ
ပြန်လည်တောင်းခံလာတဲ့အပေါ်ကို ဦးကျော်မင်းက အရင်တုန်းက ရိုဟင်ဂျာ
လို့ တင်ပြခဲ့ပေမယ့် ပြဿနာမရှိခဲ့ဘဲ ခုမှဖြစ်တာလို့ ပြောဆိုပါတယ်။
“ဟိုတုန်းက လျှောက်လွှာတင်စဉ်က ကိုယ်ရေးရာဇ၀င်တွေ ပူးတွဲတင်ခဲ့ရတယ်။ အဲတုန်းကလည်း သူတို့ပြောတဲ့နာမည်တွေဘာတွေပါတယ်။ အခုနောက်
ဆက်တွဲတိုးတဲ့အထဲ အဲလိုပါနေလို့ ကိုယ်ရေးရာဇ၀င်တွေပြန်တောင်းတယ်
သူတို့မကြိုက်တဲ့ နာမည်မပါရင် လက်ခံမယ့်သဘောရှိတယ်။”
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀(က)အရ ပါတီဝင်စည်းရုံးရာ
မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဒါမှမဟုတ် ယာယီ
သက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေကိုပဲ စည်းရုံးခွင့်ရှိတယ်လို့
ဖော်ပြထားပါတယ်။
Democratic Voice Of Burma
ကိုနေမျိုးဇင်ရဲ့  ရင်ဖွင့်သံလေးတစ်ခု
Tun Wai's photo.
ကိုနေမျိုးဇင်ရဲ့  ရင်ဖွင့်သံလေးတစ်ခု
မတ်လ ၂ ရက်နေ့ ပန်းတနော် တရားရုံးက နေ ပုဒ်မ ၅၀၀ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အကြည်ညို ပျက်စေမှု မှာ အပြစ်ရှိတယ် ဆိုပြီး ဒါဏ်ငွေ နှစ်သောင်း ဆောင်ရန် သို့မဟုတ်ပါက ထောင် ဒါဏ် သုံးလ ကျခံစေရန် ဆိုပြီး အမိန့်ချစဉ်က ကျနော် ဒါဏ်ငွေ နှစ်သောင်း ဆောင်လိုက်ရင် အေးဆေး ပြသနာ ပြေလည်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်က အခု ပြသနာကို ပေါ့ပေါ့ မဟုတ်ဘူး ၊ တစုံ တဦးက နောက်ကွယ်က နေ ထိန်းချုပ်စေခိုင်းတာ ရှိမယ်။ ပြီးတော့ ဧရာဝတီတိုင်းတွင်းမှာ ကျနော်တို့ အဖွဲ့ရဲ့ လုပ်ဆောင်ချက်အပေါ်ကို မြင်ပြင်းကတ် နေတဲ့ လုပ်ငန်းရှင်ကြီးတွေ အာဏာရှိသူတွေ ရှိနေတယ်။ ဒီအချိန်မှာ အခုလို တရားစွဲခံထိပြီး အမိန့်ချခြင်းရဲ့ နောက်ကွယ်မှာ တခုခုတော့ မြုပ်ကွက် ရှိရမယ်ဆိုပြီး ထောင်ဒါဏ်သုံးလ ကို တမင်တကာ ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။
ထင်တဲ့ အတိုင်းပါပဲ။
ထောင်ထဲ ရောက်ပြီး ငါးရက် အကြာမှာ အပြင်က ပန်းတနော် တောင်သူဦးကြီးတွေက ကျနော့် အတွက် ဒါဏ်ငွေ နှစ်သောင်းကျပ်ကို ကိုယ်စား သွားဆောင်ပေးပြီး ပြည်သူ့ ဘက်တော်သား ထောင်ကျ အကျဉ်းသားကြီးအတွက် ထောင်လွတ် ၀ါးရမ်းကို ပို့ပေးစေခဲ့တယ်။ ထောင်ရှေ့ ( မအူပင် ထောင်ရှေ့) မှာ လူတွေ ရာနဲ့ချီပြီး ကျနော့်ကို လာကြိုဆိုကြတယ်။
အဲဒီ အချိန်မှာပဲ ချိန်သားကိုက်စွာနဲ့ ကျနော့်ကို ထောင် နောက်ထယ် ခြောက်နှစ်နဲ့ ဆယ်လ ချမှတ်တဲ့ အမိန့်စာ ကို ခရိုင် အုပ်ချုပ်ရေးမှူးက လာဖတ်ပြပါတယ်။ ( အခုထိ အဲဒီ အမိန့်စာကို တောင်းယူ ရရှိခြင်း မရှိသေးပါဘူး။ ဖတ်ပြတာကိုပဲ နားထောင်ရတာပါ။ စာရွက်ကို မမြင်ဖူးလိုက်ပါဘူး၊ ရှေ့နေနဲ့ တရားဝင် တောင်းဆိုတော့လည်း ဟိုရုံးလိုလို ဒီရုံးလိုလိုနဲ့ အခုထိ အဲဒီ အမိန့်စာ ဘယ်သူ့ဆီ တောင်းရမယ်မှန်း မသိသေးပါဘူး )
ကျနော်က ကြိုတွက်ဆ ထားပြီးသားဖြစ်လို့ မတုန်လှုပ်ပါဘူး။ ဒီလိုမျိုးဖြစ်လာနိုင်တယ် ဆိုတာကို ပန်းတနော် တရားရုံး ကထဲက ကြိုတွေးထားပြီးသားဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်လက်ရှိ အခြေအနေနဲ့ တရားဥပဒေ စိုးမိုးရေး အတွက် သက်ဆိုင်ရာ တာဝန် ရှိသူတွေ ဘယ်လို ဘယ်လောက် ဘာတွေ ကို တန်ဖိုးထား လုပ်ဆောင်နေသလဲ သိလိုတာလဲ ပါပါတယ်။
ပန်းတနော် ဒေသမှာ ရဲတပ်ဖွဲ့တွေ လာဘ်စား မစား ပြည်သူလူထုတွေ သိပါတယ်။ ဒေသ ခံ ရဲ အဖွဲ့တွေ ဘယ်လောက် လူထု ရဲ့ ယုံကြည်ကိုးစားမှု ရတယ် မရဘူး ဆိုတာလည်း လူထုက ကောင်းကောင်းသိပါတယ်။
ဒီလို အချိန်မှာ အကျင့်ပျက် ရဲဝန်ထမ်းတွေရဲ့ အနိုင်ကျင့် ဖိစီးနှီပ်စက်မှုကို ကြောက်ရွံ့စိုးထိတ်စရာ မလိုတော့ဘူး ခေတ်ပြောင်းသွားပြီလို့ လူထုကို ကျနော် ပြောခဲ့ပါတယ်။
ဒီပြောဆိုချက်ကို ရဲတပ်ဖွဲ့ က သူတို့ကို အကြည်ညိုပျက်စေတယ်လို့ စွပ်စွဲပြီး အခုလို တရားစွဲခဲ့ခြင်းဖြစ်ပါတယ်။ ဒါကိုလည်း တရားရုံးတော်က ဖြစ်နိုင်မဖြစ်နိုင် စုံစမ်း မေးမြန်းခြင်း မပြုပဲ ရဲဘက်က တင်သွင်းလာတဲ့ သက်သေ တွေ တပုံစံတည်း ထွက်ဆိုသမျှကို အတည်ယူပြီး အပြစ်ရှိကြောင်း အမိန့်ချ လိုက်ပါတယ်။ ဒါ ယနေ့ မြန်မာ့ တရားစီရင်ရေး စနစ်ရဲ့ ပြယုဂ်ဖြစ်ပါတယ်။
ဖြစ်ခဲ့ပြီးတာတွေကို ရေ မနူးတော့ပါဘူး။ လက်ရှိဖြစ်နေတာတွေ အတွက်ပဲ အကောင်းမြင်ချင်ပါတယ်။
ကျနော့်ကို ချွင်းချက်မရှိ လွတ်ငြိမ်း သက်သာခွင့် ပေးခဲ့သော နိုင်ငံတော် သမ္မတကြီးနဲ့ တကွ အစိုးရအဇွဲ့ အတွင်းက ပြုပြင်ပြောင်းလဲရေး လိုလားသော ခေါင်းဆောင် အပေါင်းကို အထူးပင် ကျေးဇူးတင် နေမိပါတယ်။
နိုင်ငံ အတွက် ၊ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်နဲ့ နိုင်ငံတကာ အလယ်မှာ မျက်နှာပွင့် ဂုဏ်တင့် နေပြီဖြစ်တဲ့ အမိမြန်မာနိုင်ငံ အတွက် ယနေ့ ထုတ်ပြန်ကြေငြာတဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်နဲ့ အခုလို ကျနော် အပါအ၀င် အကျဉ်းသား နှစ်ဆယ်ကျော်ကို အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တာဟာ တိုင်းပြည် အတွက် အလွန်ကို အဖိုးတန်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ ထင်မြင်ပါတယ်။ မှန်ကန်သော စိတ်နေစိတ်ထားနဲ့ ပြည်သူပေါ် ထားရှိတဲ့ အစိုးရသစ်ရဲ့ စေတနာမှန်ကို ပြသ သွားတယ်လို့ ယုံကြည်ပါတယ်။
နောက်နေ့များမှ စာများကို ဆက်ရေးပါအုံးမယ်
ထောင်ထဲမှာ ကျနော် အကျဉ်းစံနေခိုက် ဆုတောင်းကြသော မိတ်ဆွေချစ်ဆွေ အားလုံး လွတ်မြောက်ရေး ကြိုးပမ်းကြသော မိတ်ဆွေ အားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်းနဲ့ ဦးတိုက် ကန်တော့ ကျေးဇူးတုန့်ပြန်လိုက်ပါတယ်။ တတ်နိုင်ရာ နေရာ အသီးသီးမှနေပြီး အကျဉ်းကျနေတဲ့ မိမိတို့ လွတ်မြောက်ရေး ကြိုးပမ်းပေးခဲ့ကြသူ အပေါင်းကို အထူးပင် ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ထောင်က အပြန် ဦးစွာ နှုတ်ခွန်းဆက် စကားလေး ပါးလိုက်ပါရစေ။
ဒီအကောင့်လေးကို ပြန်လည် ရယူပေးခဲ့တဲ့ မဟာ လူသားကိုလည်း ထပ်ဆင့်ကျေးဇူးတင် စကားလေး ဆိုပါရစေ
နေမျိုးဇင်
ဖုန်း 0949328559
လေးစားစွာမျှဝေလိုက်ပါတယ်။
ကိုထွန်းဝေ
18.5.2013
အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားပြီး ၂လနီးပါးအကြာ မိတ္ထီလာမှာ
DVB TV News
မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်း စီမံကိန်းစက်ရုံ ယူနန်ဒေသခံတွေ ထပ်မံဆန္ဒပြ
RFA Burmese
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပိုက်လိုင်းတွေကတဆင့် ရောက်ရှိလာတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို သိုလှောင်ချက်လုပ် ဖြန့်ဖြူးမယ့်စက်ရုံနဲ့ ပတ်သက်ပြီး ကူမင်းမြို့ခံ နှစ်ထောင်ကျော်က တစ်လအတွင်း ဒုတိယအကြိမ်အဖြစ် မနေ့ကဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်ဒေါ်လာ သန်းသုံးထောင်လောက်ကုန်ကျခဲ့တဲ့ အဲဒီစက်ရုံကို လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက တရုတ်အစိုးရပိုင်ရေနံကုမ္ပဏီက တည်ဆောက်ခဲ့ပြီး၊ အခုလကုန်ပိုင်းမှာ စတင်လည်ပတ်တော့မှာ ဖြစ်ပါတယ်။
ဒေသတိုးတက်ဖွံ့ဖြိုးရေးထက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် ဆန္ဒပြကြတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဆန္ဒပြသူတွေထဲကနှစ်ဦးကို အာဏာပိုင်တွေက ခေတ္တထိန်းသိမ်းခဲ့ပေမယ့်၊ ဆန္ဒပြပွဲကိုတော့ မပိတ်ပင်ခဲ့ဘူးလို့ မျက်မြင်တွေက ပြောပါတယ်။ ကူမင်းမြို့ ဒုတိယမြို့တော်ဝန်က ဆန္ဒပြသူတွေနဲ့ တွေ့ဆုံပြီး စက်ရုံအကြောင်းရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။
ဒီစက်ရုံကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ထားသလို၊ ဒေသတွင်းစီးပွားရေးလည်း တိုးတက်လာမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် ဆန္ဒပြဒေသခံတွေကတော့ သူတို့အနေနဲ့ စီးပွားရေး တဟုန်ထိုးတိုးတက်တာထက်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာပြီး ငြိမ်းချမ်းတဲ့လူ့ဘောင်ကိုသာ လိုချင်တယ်လို့ ပြောကြပါတယ်။
ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က စောင့်ကြည့်ရုံသာကြည့်ခဲ့ပေမယ့်၊ အစိုးရဝန်ထမ်းတွေအနေနဲ့ ဆန္ဒပြပွဲမှာမပါဝင်ဖို့နဲ့ ဒီကိစ္စကိုကျယ်ပြန့်အောင်မလုပ်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။
မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစတင်တဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာလည်း ပိုက်လိုင်းစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ခေါင်းဆောင်တွေကို အာဏာပိုင်တွေက တရားစွဲဆိုထားပါတယ်။
မအူပင်မှာ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးမည်
RFA Burmese's photo.
မအူပင်မှာ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးမည်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စုမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄၅၀ ကို လယ်သမားတွေထံ ပြန်ပေးမယ်လို့ မလက်တိုကျေးရွာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
မလက်တိုကျေးရွာအုပ်စုမှာ လယ်ယာမြေ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မလက်တိုကျေးရွာအုပ်စုမှာ အသိမ်းခံထားရတဲ့ လယ်ဧက တစ်ထောင်ထဲက ဧက ၄၅၀ ကို လယ်သမားတွေလက်ထဲ အပြီးအပိုင် ပြန်လည်ပေးဖို့ စီစဉ်ထားပြီး ကျန်ရှိတဲ့လယ်ဧက ၅၅၀ ထဲက ၁၂၈ ဧကကိုလည်း လယ်သမားတွေဘက်က အထောက်အထားပြနိုင်ရင် ပြန်ပေးဖို့ကိုပါ ကော်မရှင်က စီစဉ်ထားတယ်လို့  ပြောပါတယ်။
အဲဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဖေဖေါ်ဝါရီလကုန်ပိုင်းက တောင်သူလယ်သမားတွေနဲ့ ရဲဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ မတ်လ ၄ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
လာမယ့်မေလ ၂၇ ရက် နေ့မှာ အသိမ်းခံထားရတဲ့ လယ်မြေတွေရဲ့ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးမယ့်အကြောင်း အာဏာပိုင်တွေက ဒေသခံတွေကို မနေ့ကခေါ်ယူတွေ့ဆုံ ပြောကြားခဲ့တယ်လို့ မလက်တိုကျေးရွာအုပ်စုက လယ်သမား ဦးသန်းလှိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီကုန်ပိုင်းအတွင်း လယ်သမား ၃၀၀ လောက်ဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ တင်းမာမှု ဖြစ်ပွားခဲ့ရာမှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲတဲ့အတွက် လယ်သမား ၉ ဦး ဒဏ်ရာရခဲ့သလို ဒေသခံရွာသားတွေရဲ့ ရိုက်နှက်မှုကြောင့်လည်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၂၆ ဦးဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသား ၂၀ ကျော် လွတ်မြောက်
နိုင်ငံရေး အကျဉ်းသား ၂၀ ကျော် လွတ်မြောက်
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၂၃ ယောက် ဒီကနေ့   လွတ်မြောက်လာကြောင်း သတင်းရရှိပါတယ်။ 
ဒီတစ်ကြိမ်လွတ် မြောက်ရာမှာ တကယ်လို့ ပြစ်ဒဏ်ကျူးလွန်ခဲ့ရင် အရင်ပြစ်ဒဏ်ဟောင်းတွေနဲ့ တစ်ပေါင်းတည်း ပြန်လည်ကျခံဖို့ ခံဝန်ကတိ ပုဒ်မ ၄၀၁ ထိုးစရာမလိုပဲ လွှတ်ပေးလိုက်တာလို့ အင်းစိန်ထောင်က ဖောက်ခွဲသံသယမှုနဲ့ လွတ်မြောက်လာတဲ့ ကိုကံမင်းသာက ပြောပါတယ်။
ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖယ်လိုက်ရင် အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၆၀ကျော်လောက် ကျန်နေသေးတယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ပြောပါတယ်။ 
ခုလိုနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရာမှာ ကျန်ရှိနိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တယ်ဆိုတဲ့အမိန့်ကို နိုင်ငံတော်သမ္မတက ထုတ်ပြန်ပေးဖို့ နိုင်ငံရေးအကျဉ်းသားတွေက လိုလားနေကြပါတယ်။
ပြည်ထဲရေးဝန်ကြီးက ၆ နှစ် ကြွေးကျန်ထပ်ချထားသောကိုနေမျိုးဇင် ပြန်လွတ်လာပြီ
RFA Burmese
ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပြန်လည်လွတ်မြောက်
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ(၁)နဲ့ ဧရာဝတီတိုင်း၊ မအူပင်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ နိုင်ငံတော် သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။
ဒီနေ့နေ့လည် ၁ နာရီဝန်းကျင်မှာ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်း အကျဉ်းထောင်အတွင်းရောက်ရှိလာပြီး နိုင်ငံတော်သမ္မတရုံးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ဖတ်ပြပြီးနောက် လွှတ်ပေးလိုက်တာလို့ ဦးနေမျိုးဇင်က ပြောပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အသရေဖျက်မှုနဲ့ ပန်းတနော်တရားရုံးက ဒဏ်ငွေ ကျပ် ၂ သောင်းပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေတာဖြစ်ပါတယ်။ တောင်သူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် ကြိုးစားရင်း အရင်အမှုဟောင်းရဲ့ ကြွေးကျန်ထောင်ဒဏ် ၆ နှစ်နဲ့ ၁၀ လထပ်မံကျခံခဲ့ရတာဖြစ်ပါတယ်။
ရဲမင်းဦးက ပြည်မဖျက်-ပြည်ဖျက်မည့်သူက ဗြောင်ကြေညာနေခြင်း
ဗဟိုရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရာမှာ တိုင်းရင်းသားလူမျိုး မဟုတ်သော သူတို့ ကို ပါတီအမည်စာရင်းမှ ပယ်ဖျက်ပြီး နောက်လူမျိုးအမည်ကို ပြောင်းလဲတင်ရန် ကြေညာသည်ကို သိရသည် ။ သို့ ဆိုလျှင် ဤကဲ့ သို့  တိုင်းရင်းသားလူမျိုး မဟုတ်သော သူများက ယခုမှ မဟုတ်-ယခင်အကြိမ်ကလည်း ရှိခဲ့ တင်ခဲ့ သည်ဟု ပါတီတာဝန်ခံ တဦးဖြစ်သူ ဦးကျော်မင်းက ထုတ်ဖေါ်ပြောဆိုသွားသည်ကိုလည်း ဖတ်ရှုရသည် ။ ထို့ ကြောင့် ဗဟိုရွေးကောက်ပွဲ ကော်မရှင်နှင့် ပတ်သက်၍ စဉ်းစားစရာတွေ ရှိလာတော့သည် ။
   ပထမအချက်မှာ ယခုကဲ့ သို့  တိုင်းရင်းသားလူမျိုးမဟုတ်သော သူများက တိုင်းရင်းသားနိုင်ငံရေးပါတီတခုအဖြစ် နိုင်ငံရေးပါတီမှတ်ပုံတင်ရာတွင် မည်မျှအထိ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မည်မျှအထိ ဥပဒေကို ချိုးဖေါက်လေသနည်းဆိုသည်ကို တွက်ချက်ရမည်ထင်သည် ။  ကျွန်တော်ပြောလိုသည်မှာ ( တိုင်းရင်းသားလူမျိုး မဟုတ်သော ) လူများက နိုင်ငံတော်မှ ဖွဲ့ စည်းပေးထားသော အဆင့်မြင့် အာဏာပိုင်အဖွဲ့ အစည်းဖြစ်သည့် ဗဟိုရွေးကောက်ပွဲကော်မရှင်ထံတွင် တိတိကျကျ အမည်စာရင်းဖြင့် တင်ပြလာရာ ၄င်းတို့ ကို တိုင်းရင်းသားလူမျိုး မဟုတ်ဟု သတ်မှတ်ပါက မည်သည့်လူမျိုးဟု သတ်မှတ်လေမည်နည်း ဆိုသည်ကို အတိအလင်း ထုတ်ပြန်ပေးရမည်ဖြစ်သည် ။
   ဆိုရလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရာ၌ ၄င်းကဲ့ သို့  သုံးစွဲခွင့် မရှိ၍ အိမ်ပြန်အမောပြေဖြေပြီး နောက်အမည်များဖြင့် ဖြည့်စွက်ကာ တင်ပြပါဦး ဆိုရုံမျှနှင့် ပြီးစလွယ် ဖြစ်သွားမည်ဆိုသည်မှာ မည်သို့ မျှ လက်သင့်ခံနိုင်သော ယုတ္တိယုတ္တာ မရှိသည့် လက္ခဏာတရပ်သာဖြစ်သည် ။ ၄င်းကဲ့ သို့  ဆောင်ရွက်ရန်လည်း အစိုးရ၏ အာဏာပိုင်အဆင့်မြင့်ဆုံးဖြစ်သော ဗဟိုရွေးကောက်ပွဲကော်မရှင်သည် လက်လွပ်စပယ် မပြုလုပ်သင့်ချေ ။ တိုင်းရင်းသား မဟုတ်သော လူမျိုးဟု အခိုင်အမာ သိရှိပြီးဖြစ်သည်ဟု တရားဝင်ကြေညာလျှင် ဆက်လက်ဆောင်ရွက်ရမည့် အပိုင်းများစွာ ရှိလာပြီ ။ ကျွန်တော်သည် အမေရိကပြည်ထောင်စု နယူးယောက်မြို့ တွင် မကြာသေးခင်ကာလက ပြည်ထောင်စုရေးရာဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ ၊ ဒု-ရှေ့နေချုပ် ဦးထွးန်းထွန်းဦး တို့ အပါအ၀င် သမ္မတအကြံပေး ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်တို့ နှင့် လူထုတွေ့ ဆုံပွဲတွင် ခိုးဝင်ကျူးကျော်လူမျိုးများကို မည်သို့ မည်ပုံ အရေးယူမည်နည်းဆိုသည်ကို တိတိကျကျ မေးမြန်းခဲ့ သည် ။
    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆက်ဆံရေးဦးစီးဋ္ဌါန၀န်ကြီး ဦးခင်ရီက -၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားအဖြစ် သတ်မှတ်ခံစားခွင့် ရှိသူများကို နိုင်ငံသားအဖြစ် သတ်မှတ်ခံစားပိုင်ခွင့် ပေးပြီး ခိုးဝင်ကျူးကျော်သော နိုင်ငံသားလဲမဟုတ်သူ- တိုင်းရင်းသားမဟုတ်သူများကို တည်ဆဲဥပဒေအရ ဖမ်းဆီးခြင်း-ငွေဒဏ်ထောင်ဒဏ် ချမှတ်ခြင်း-နယ်နှင်ဒဏ်ပေးခြင်း-တို့ ကို ဆောင်ရွက်ရန်ရှိသည်ဟု လူထုတွေ့ ဆုံပွဲတွင် ကမ္ဘာသိကြေညာပြောဆိုခဲ့ သည် ။ ထို့ ကြောင့် ဗဟိုရွေးကောက်ပွဲကော်မရှင်တွင် ခိုးဝင်ကျူးကျော်သော သူများက တိုင်းရင်းသားလဲမဟုတ်-နိုင်ငံသားလဲမဟုတ်ဆိုသော အချက်ကို သတ်မှတ်ထားပြီးနောက်မှာ ယခုအချိန်တွင် ၄င်းနိုင်ငံရေးပါတီ၏ ဖေါ်ပြပါ အမည်စာရင်း ရှိသူများကို တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သင့်သည်ဟု ရိုးစင်းစွာ ထင်မြင်ယူဆသည် ။
   ယခုအချိန်ကာလသည် မြန်မာနိုင်ငံအစိုးရအဖို့  နောင်အနာဂါတ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဓွန့် ရှည်တည်တန့် စေဖို့  နိုင်ငံရေးအခြေအနေကို ဦးစားပေး ဆောင်ရွက်ရမည့် အမျိုးသားအကျိုးစီးပွါးကို ဦးစားပေး ဆောင်ရွက်ရန်လိုသည် ။ အမိမြေကာကွယ်ရေးအတွက် နိုင်ငံတော်ကို ကာကွယ်ထိမ်းသိမ်းရာ၌ မည်သည့်အခြေအနေမှာမှ ပါတီတရပ်၏ အစိပ်အပိုင်းတရပ်ကို  ဦးစားပေးဆောင်ရွက်သော နိုင်ငံဆိုသည်မှာ ဒီမိုကရေစီနိုင်ငံများ၌ ကျင့်သုံးသော ပေါ်လီစီ မဟုတ်ချေ ။ မြန်မာနိုင်ငံတွင် လက်ရှိအားဖြင့် ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ( ပြည်ခိုင်ဖြိုး ) ပါတီက အင်အားကြီးပါတီဖြစ်သလို အစိုးရလည်း ဖွဲ့ စည်းထားသော ပါတီဖြစ်ရာ ၄င်းပါတီ၏ အခန်းကဏ္ဍအတိုင်း နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကျော်လွန်၍ ဆောင်ရွက်ရန်လည်း မသင့်ပေ ။ ယခုအချိန်မှာ ဒီမိုကရေစီခြေလှမ်းများကို ရယူနေပါသည်ဟု အစိုးရက ကြေညာထားသလို လျှောက်လှမ်းနေလျှင် ဒီမိုကရေစီကျင့်စဉ်အတိုင်း ပြည်သူများ၏ အခမ်းကဏ္ဍကိုလည်း လေးစားရမည်ဖြစ်သည် ။
    ဥပဒေ၏အထက်မှာ မည်သူမျှမရှိစေရ ဆိုသော ဒီမိုကရေစီနိုင်ငံများ၏ ကျင့်စဉ်အတိုင်း ဥပဒေကိုသာ လက်ခံကျင့်သုံးရန်လိုသည် ။ အစိုးရဖွဲ့ စည်းထားသော ပါတီဖြစ်၍ ယခုကဲ့ သို့  နိုင်ငံသားလဲမဟုတ်- တိုင်းရင်းသားလဲ မဟုတ်သူများကို ရွေးကောက်ပွဲဝင်နိုင်သည်အထိ ခွင့်ပြုချက်များ ပေးခဲ့ သည်မှာ စင်စစ်အားဖြင့် ပဋိပက္ခများကို ဖြစ်ပွါးစေသည်ဆိုခြင်းကို မီးမောင်းထိုးပြနေပြီဖြစ်သည် ။  ( ဦးရွှေမောင်၏ တင်ပြချက်များသည် သမ္မတဦးသိန်းစိန်၏ မိန့် ခွန်းများကို ဦးတည်တိုက်ခိုက်ခြင်းများစွာ ရှိသည် ) ။ သို့ ဖြစ်၍ လူဝင်မှုကြီးကြပ်ရေးဦးစီးဋ္ဌါနမှ အစိုးရကို တင်ပြထားပြီးပြီဟု ဆိုသော ၄င်းလွှတ်တော်ကိုယ်စားလှယ်သုံးဦးအမှုကို ပြည်သူ့ မျက်နာနှင့် ဥပဒေမျက်နာကိုကြည့်ကာ စီစဉ်ဆောင်ရွက်ရန်လိုသည် ။  အကယ်၍၄င်းတို့ သုံးဦးမှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဋ္ဌါနက သုံးသပ်ချက်များကို အဖြေကောက်ယူပြီး အစိုးရမှ ၄င်းတို့ အား နိုင်ငံသားအဖြစ်သော်၎င်း-တိုင်းရင်းသားအဖြစ်သော်၎င်း သတ်မှတ်သည်ဆိုပါက ၄င်းတို့ နှင့်အတူ အခြား ယာယီသက်သေခံကဒ်ပြား ကိုင်ဆောင်သူများ- ၄င်းတို့ နှင့် တထေရာတည်း မည်သည့်ကဒ်ပြားကိုမဆို ကိုင်ဆောင်သူများအား ၄င်းတို့ သုံးဦးခံစားပိုင်ခွင့် ရှိသကဲ့ သို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ထပ်တူထပ်မျှ အကျိုးခံစားခွင့်ကို ပေးအပ်ရမည်ဖြစ်သည် ။  ဆိုလိုသည်မှာ ၄င်းတို့ ကဲ့ သို့ ပင် မြန်မာနိုင်ငံအနှံ့ လွပ်လပ်စွာ သွားလာခွင့်ကို ပေးရန်ဖြစ်သည် ။ ရခိုင်ပြည်နယ်အတွင်း၌ လုံးဝပိတ်လှောင် မထားရတော့ ။ ထို့ ကြောင့် အစိုးရသည် ပါတီမျာနာကြည့်မည်လား သို တ့ည်းမဟုတ်- နိုင်ငံတော်အန္တရယ်ကို ကြည့်မည်လားဆိုသည်မှာ ဤအချက်တွေကို လေ့လာထားရတော့မည်ဖြစ်သည် ။
   အကယ်၍ ၄င်းတို့ သုံးဦးအနေဖြင့် ဥပဒေကို လက်တလုံးလှည့်ကာ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်အောင်အထိ ဥပဒေကို လိမ်လည်ခဲ့ သည်ဆိုလျှင် တည်ဆဲဥပဒေအရ ၄င်းတို့ သုံးဦးအား ခိုးဝင်ကျူးကျော်သူများအဖြစ်၎င်း၊ ဥပဒေကို ချိုးဖေါက်လိမ်ညာသူများအဖြစ်၎င်း ၊ နိုင်ငံတော်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်သည့် ကြိုးကိုင်လှုပ်ရှားသည့်သူများအဖြစ်၎င်း တည်ဆဲဥပဒေအရ အရေးယူရန်လိုအပ်သည် ။ အိမ်ပြန်တော့ ( Go Home ) ဟု လုပ်၍မရ ။ မည်သို့ ပင်ဆိုစေ နောက်ကွယ်က ကြိုးကိုင်သူများဆိုပြီး ယခုအချိန်တွင် လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခများ၌ အမည်စာရင်းတပ်ကာ အရောင်ဆိုးပြီး မတရားဖမ်းဆီးမှုများ ရှိနေသည်မှာ အရုပ်ဆိုးလွန်းသည် ။ ဥပမာအားဖြင့် စီးပွါးရေတက္ကသိုလ်ကျောင်းသား ရဲမင်းဦးကို ဖမ်းဆီးခြင်းမှာ မည်သည့်နည်းနှင့်မျှ ဥပဒေအရ မမြောက်သည်ကို ကျွန်တော်တို့  သိသည် ။
     မည်သူ့ ကိုမဆို ဖမ်းဆီးမည်ဆိုလျှင် ဖမ်းဝရမ်းပါပြီးမှ ဖမ်းဆီးစစ်ဆေးနိုင်သည်ဟု ရဲဥပဒေအရ ဖေါ်ပြပါရှိသော်လည်း မောင်ရဲမင်းဦးကို ဖမ်းဆီးခေါ်ဆောင်ခြင်းမှာ လက်မရွံ့ လူသတ်သမားက သေနတ်ပြ အတင်းခြိမ်းခြောက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ သည် ။ အကျဉ်းထောင်ကို ဖမ်းဆီး ပို့ ထားသည် ။ နောက်မှ မိသားစုက လူပျောက်တိုင်းတန်းရသည် ။ ယခုကြားသိရသည်မှာ သာကေတမြို့ နယ်တွင် ဖြစ်ပွါးချိန်၌ ဖုံးဖြင့် ပြောဆိုထားသည်ကို အသံဖိုင်အား စစ်ဆေးပြီး အမှုဖွင့်ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ရှက်စရာကောင်းလောက်အောင် ရန်ကုန်ရဲက ဆင်ခြေဆင်လက် ပေးနေသည်မှာ ရွံစရာဖြစ်သည် ။  ကျွန်တော်သည် မောင်ရဲမင်းဦးအား ချက်ချင်းလွှတ်ပေးရေးကို ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးအား တောင်းဆိုတင်ပြခဲ့ ပြီးဖြစ်သည် ။ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးမှ ဥပဒေမမြောက် ဆိုလျှင် ပြည်လည်စီစစ် တင်ပြပါမည်ဟု ပြောဆိုခဲ့ သည် ။ ဖမ်းဆီးရာ၌ပင် ဥပဒေမမြောက် ဆိုသည်ကို လူတိုင်းသိရှိကြပါသည် ။
   မောင်ရဲမင်းဦးသည် အမှန်တကယ်အားဖြင့် သိက္ခမရှိသော ရဲတို့ ၏ ၀သီအတိုင်း ပြောသောစကားအရ ဖုံးဖြင့် ပြောဆိုသည့်တိုင် မြန်မာနိုင်ငံ၏ ဗုဒ္ဒဘာသာကို ကာကွယ်သည့် သူရဲကောင်းဖြစ်သည် ။ သူသည် မြန်မာနိုင်ငံကို ဖျက်လိုဖျက်ဆီး ပြုစေလိုသည့် သူမဟုတ် ။ မောင်ရဲမင်းဦးက ပြည်ဖျက်မည့် သူမဟုတ် ၊ တကယ်ဆိုလျှင် နိုင်ငံကိုဖျက် ပြည်ကိုဖျက်မည့်သူများက  နောက်ကွယ်က ကြိုးကိုင်နေကြသူများမဟုတ် ၊ ဗြောင်ပြောဆို ကြေညာနေသူများဖြစ်သည် ။ ၄င်းတို့ အား မြန်မာနိုင်ငံအစိုးရမှလည်း ကျွန်တော်တို့ ထက် ပိုမိုသိရှိကြမည်မှာ အမှန်ပင်ဖြစ်သည် ။ သို့ ဖြစ်၍ ကျွန်တော်တို့ ၏ သူရဲကောင်းများကို အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံတော်၏ အမှန်တကယ်လိုအပ်သော နိုင်ငံရေးစာမျက်နှာများ၌ အကျိုးရှိစွာ အသုံးပြုနိုင်ကြစေရန် တိုက်တွန်းလိုက်ရပေသည် ။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
သမ္မတကြီးကို ခရီးများများသွားဖို့ ဆုတောင်း ရမယ် ။
ရန်ကုန်၊ အင်းစိန်ထောင်မှ ယနေ့ လွတ်မြောက်လာကြသူများ
၁။ ကိုအောင်နိုင်
၂။ ကိုကံမင်းသာ
၃။ စိုင်းတင်မင်းကို
၎။ ကိုထွန်းဦး
၅။ စိုင်းခမ်းလှ
၆။ ကိုဝင်းမြင့်
၇။ မမာမာလွင် (ခေါ်) ဟေမာနေ၀င်း
၈။ ဦးပညာဝံသ (ခေါ်) ကိုစိုးရွှေ
၉။ ကိုရဲထွဋ်ခေါင်
၁၀။ ကိုကျော်မိုးထက်တို့ ဖြစ်ပါတယ်။
အံဘွယ်ကျော်
ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် အမေရိကန်ရှိ မြန်မာတိုင်းရင်းသား ကွန်မြူနတီတို့၏ တွေ့ဆုံပွဲများ။
(၁) မေလ (၂၁) လပ်စ်ဗီးဂတ်စ်မြို့၊ နီဗားဒါးပြည်နယ်။
(၂) မေလ(၂၅) နယုးယောက်မြို့(New Yourk City)၊ နယူးယောက်ပြည်နယ်။
(၃) မေလ(၂၆) ဖလော်ရီဒါပြည်နယ်။
(၄) မေလ(၂၇) ဖို့ဝိန်းမြို့၊ အင်ဒီယာနာပြည်နယ်။
(၅) ဇွန်လ(၁) ဆန်ဖရန်စစ္စကိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်။
(၆) ဇွန်လ(၂) LA (လော့စ်အိန်ဂျယ်လိစ်)၊ ကယ်လီဖိုးနီးယားပြည်နယ်။
(၇) ဇွန်လ(၈) ယူတီကာမြို့၊ နယူးယောက်ပြည်နယ်။
(၉) ဇွန်လ(၉) ၀ါရှင်တန်ဒီစီ။
သတင်း- Dpns-usa