Tuesday, May 21, 2013

ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်မတန် တန်ဖိုးရှိတဲ့ ဆွေးနွေးတင်ပြချက်

အန်အယ်ဒီကိုပဲ ဘာဖြစ်လို့ လာပြောနေမှန်းကို မသိဘူး။ သမ္မတကြီးကိုပဲ ပြောရမှာ

Eleven Media Group's photo.
မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံအား စကားပါး

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မေ ၂၁ ရက်တွင် လွှတ်တော်အတွင်း ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံသို့ စကားပါးလိုက်ကြောင်း သိရသည်။

မီဒီယာ တွေ့ဆုံပွဲတွင် Eleven Media Group မှ "တရုတ်သံရုံးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက အန်တီတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့တွေ့ရင် မြစ်ဆုံပြန်စဖို့ တောင်းဆိုလေ့ ရှိတယ်လို့ သိရပါတယ်။ အဲဒီတောင်းဆိုမှုတွေအပေါ် အန်တီအနေနဲ့ ဘယ်လိုသဘောထား ရှိပါသလဲ" ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က "အန်တီပြောချင်တာက တကယ်တော့ မြစ်ဆုံနဲ့ ပတ်သက်လို့ရှိရင် သမ္မတကြီးကိုပဲ ပြောဖို့ ရှိပါတယ်။ အန်တီတို့ အန်အယ်ဒီကိုပဲ ဘာဖြစ်လို့ လာပြောနေမှန်းကို အန်တီ မသိဘူး။ သမ္မတကြီးကိုပဲ ပြောရမှာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ကော်မရှင်ထံသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြင်ဆင်လိုသည့် အချက်များကို တင်သွင်းရန်ရှိကြောင်း၊ လက်ရှိနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် ယခုထက် ပိုမိုပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်တွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်မှုကြောင့် ယိမ်းယိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတ အိုဘာမား ပြောသကဲ့သို့ နိုင်ငံတိုးတက်မှု အားမကောင်းသော်လည်း တိုးတက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားခဲ့သည်။

ABSDF (မြောက်ပိုင်း) ငြိမ်းချမ်းရေး ကိုယ်စားလှယ်ကို အစိုးရ တာဝန်မယူ

Tuesday, May 21, 2013 သျှမ်းသံတော်ဆင့်

ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန်မြို့သို့ ထွက်ခွာမည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ တရုတ်နယ်စပ် KIO ထိန်းချုပ်နယ်မြေ အခြေစိုက် ABSDF (မြောက်ပိုင်း) ကိုယ်စားလှယ်အား အစိုးရဘက်မှ လမ်းခရီးကိစ္စ တာဝန်မယူနိုင်ဟု အကြောင်းကြားခဲ့သဖြင့် ယနေ့ရန်ကုန်မြို့တွင် ပြုလုပ်နေသည့် နှစ်ဘက်ဆွေးနွေးပွဲသို့ မြောက်ပိုင်းကိုယ်စားလှယ် လိုက်ပါ တက်ရောက်နိုင်ခြင်း မရှိ ကြောင်း သိရသည် ။

ABSDF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ၄င်းတို့ ဗဟိုဋ္ဌာနချုပ်ရှိရာ ထိုင်းနယ်စပ်မှ ရန်ကုန်မြို့သို့ မေလ ၁၉ ရက်နေ့က စတင်ထွက်ခွာသွားပြီး ယနေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မတီနှင့် ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးနေကြောင်း ABSDF (မြောက်ပိုင်း) မှ ဗိုလ်မှူးမင်းဌေးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျနော်တို့ ဗဟိုကော်မတီ စုံညီအစည်းအဝေးကနေပြီး တွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို မြောက်ပိုင်းက ကိုယ်စားလှယ် တစ်ဦး ၊ အနောက်ပိုင်း တစ်ဦး ၊ တောင်ပိုင်းက ဗဟိုကော်မတီဝင် ၃ ဦး အားလုံး ၅ ဦးနဲ့ ဖွဲ့လိုက်တယ် တွေ့ဆုံဆွေးနွေးမဲ့ ကာလ ရောက်တော့ မြောက်ပိုင်းအနေနဲ့ ကိုယ်စားလှယ် အမည်တင်သွင်းတယ်ပေါ့နော် ရန်ကုန်သွားမဲ့လမ်းခရီးပေါ့နော် လမ်း ခရီးနဲ့ ပတ်သက်ပြီး မြောက်ပိုင်းကိုတော့ ဘာမှမစီစဉ်ပေးနိုင်ဘူးလို့ အကြောင်းပြန်လာတယ် ဆိုတော့ ဒီဆွေးနွေးပွဲမှာ မြောက်ပိုင်းကိုယ်စားလှယ်က မပါသွားတော့ဘူးပေါ့ ” ဟု သူက ပြောသည် ။

ထိုသို့ အစိုးရဘက်မှ တာဝန်မယူသည့် ကိစ္စ အပေါ် သူက ဆက်ပြောရာတွင် “ဆိုလိုတဲ့သဘောကတော့ ကိုယ့်ဟာ ကိုယ် လာချင်ရင်လာပေါ့ လုံခြုံရေးတော့ တာဝန်မယူဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေတယ်လေ အစိုးရတစ်ရပ်အနေနဲ့ ဒီလမ်းခရီးကိစ္စလေးကိုတောင် မစီစဉ်ပေးနိုင်ဘူးဆိုတော့ မလာစေချင်တဲ့ သဘောပါပဲ ” ဟု ဆိုသည်။

အစိုးရ၏ ယခုလုပ်ရပ်မှာ နိုင်ငံတကာ ဖိအားကြောင့်သာ ငြိမ်းချမ်းရေးကို ဟန်ပြ လုပ်ဆောင်နေခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပုံမရကြောင်း တစ်ဖွဲ့ကိုအပစ်ရပ်နားလိုက် ကျန်တစ်ဖွဲ့ကိုတိုက်လိုက် လုပ်ဆောင်နေကြောင်း ပြည်တွင်း စစ်ရပ်စဲရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖေါ်ဆောင်ရန် လိုအပ်ကြောင်း စစ်ပြင်ဆင်မှုများ တပ်တိုးချဲ့ မှုများကို တရားဝင် ရပ်ဆိုင်းရန် လိုကြောင်းလည်း ဆက်ပြောသွားသည်။

ယခု ABSDF နှင့် အစိုးရကိုယ်စားလှယ်များ၏ ရန်ကုန်ဆွေးနွေးပွဲမတိုင်မီ ကာလအတွင်း အစိုးရဘက်မှ KIO ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာဒေသတစ်ဝိုက်တွင် သံချပ်ကာ နှင့် တင့်ကားများ အပါအဝင် စစ်အင်အား တိုးချဲ့မှုများ ဆက်တိုက် ပြုလုပ်နေကြောင်းလည်း သိရသည်။

မိတ္ထီလာမြို့ ပဋိပက္ခဖြစ်စဉ်တွင် သံဃာတော် တစ်ပါးပျံလွန်တော် မူသည့်ကိစ္စနှင့် ပညာရေးမှူးရုံး မီးရှို့မှုကိစ္စတို့အား ထောင်ဒဏ်အသီးသီး ချမှတ်

ဧပြီလ၂၂ ရက်မှ မေလ ၂၁ ရက် ဖြစ်မယ်ထင်တယ်...ဧပြီလ၂၂ ရက်မှ မတ်လ၂၁ရက်ဖြစ်နေလို့ပါ....

ြ­မန်မာနိုင်ငံရဲတပ်ဖွဲ့တော်တဲ့အြေ­ကာင်းလေးပါ-

Lu Chit
    ကိုမိုးဇေညိမ်းရဲ့အြ­မင်လေြး­ဖစ်တဲ့ြ­မန်မာနိုင်ငံရဲတပ်ဖွဲ့ကအညံြ့­ကီးမဟုတ်ဘူးတော်ရှာပါတယ်ဆိုတာလေးကိုထပ်ြ­ဖည့် စွက်ပါရစေ။ြ­ပည်ထဲရေးဝန်ကြီးတောင်မသိရအောင်ြ­ပြု­ပင်ြေ­ပာင်းလြဲ­ဖည့်စွက်လိမ်လည်ထားတဲ့တော်တဲ့အြေ­ကာင်းလေးပါ-
    (၁)လက်ရှိပုသိမ်တိုင်းရဲမင်ြး­ကီးကျော်ြ­မင့် ပါ။
သူကရဲအရာရှိသင်တန်းအပတ်စဉ်(၁၀)ဆင်းပါ၊
သူ့ ရဲ့မွေးနေ့ သက္ကရာဇ်အမှန်က ( ၂၉/၉/၁၉၅၁ )ပါ၊ရဲတပ်ဖွဲ့ထဲစဝင်စဉ်ကာလကဖြည့် စွက်ရေးသွင်းခဲ့တုံးက မွေးသက္ကရာဇ်အမှန်အတိုင်းရေးသွင်းခဲ့ပေမဲ့အခုလက်ရှိသူ့ ရဲ့ Service Book ကမွေးနေ့ သက္ကရာဇ်မှာ ( ၂၉/၉/၁၉၅၃ )ြ­ဖစ်နေပါတော့ တယ်။ဒါကိုလက်ရြှိ­ပည်ထဲရေးဝန်ြ­ကီးခမျာမှာမသိရှာပါဘူး၊ကျော်ြ­မင့် နဲ့တပါတ်စဉ်ထဲရဲတပ်ဖွဲ့
ထဲဝင်လာခြဲ့­ကတဲ့သူတွေအားလုံးပင်စင်တွေသွားကုန်ြ­ကပြါ­ပီ၊ဒါပေမဲ့ကျော်ြ­မင့် ကအရမ်းတော်နေတော့ ပင်စင်မသွားရသေးပဲ ပုသိမ်မှာတိုင်းရဲမင်းကြီးလုပ်နေတုံးပေါ့ ။ဝှက်ဖဲလေးကတော့ ကျော်ြ­မင့် သူနှစ်ပွင့် ဘဝတုံးက ရေးဌာနမှာတာဝန်ကျတုံး သူ့ ရဲ့မွေးသက္ကရာဇ်ကို
Service Book ထဲမှာ ၁၉၅၁ ကတစ်ဂဏန်းလေးကို တုတ်ချောင်းလေးတစ်ချောင်းတပ်လိုက်ြ­ပီး ၁၉၅၃ လို့ြ­ပင်ခဲ့လို့ ပါပဲ။ြ­ပည်ထဲရေးဝန်ြ­ကီးခမျာမသိရှာ
၊ကျော်ြ­မင့် ကိုယ်တိုင်ကလည်းနိုင်ငံတော်ရဲ့လစာနြဲ့­ပည်ထဲရေးရဲ့စရိတ်တွေကို ၂၄ လစာလိမ်လည်ထုတ်ယူသုံးစွဲနေတာပေါ့ဗျာ။
ပုသိမ်တိုင်းရဲမင်ြ­ကီးကျော်ြ­မင့် ရဲ့တော်ချက်ပေါ့ ဗျာ။သမိုင်းနဲ့ရာဇဝင်နဲ့ချြီ­ပီးတော့ ကျော်ြ­မင့် တော်တာလေြးေ­ပြာ­ပအုံးမယ်နော်၊၊
ဘားအံမှာကရင်ြ­ပည်နယ်ရဲမင်ြး­ကီးလုပ်စဉ်က Without Car တွေကားမှောင်ခိုသယ်လို့ြ­ပဿနြာ­ဖစ်ြ­ပီးခုံရုံးဖွဲ့အစစ်ခံထိတာတောင်
 အြ­ပစ်ရှြိေ­ကာင်းစစ်ဆေးပေါ်ပေါက်ခဲ့ပေမဲ့ ဘာမှမြ­ဖစ်ပဲ ရန်ုကုန်စည်ပင်သာယာရဲတပ်ဖွဲ့ကိုရဲမှူြး­ကီးနဲ့ြေ­ပာင်းလာခဲ့တာလေ
၊ကျော်ြ­မင့် တော်ချက်ပေါ့ ။အဲဒီမှာလည်ြး­ပဿနာထပ်ြ­ဖစ်ြ­ပီးအတိုင်ခံရတာ တော်တယ်ဗျာ၊ဘာမှမြ­ဖစ်တဲ့အြ­ပင် လက်ရှိပုသိမ်ကို
တိုင်းရဲမင်ြး­ကီးနဲ့ြေ­ပာင်းလာတာလေ၊ငါြးေ­ခာက်ြ­ကိုက်တဲ့ ကျော်ြ­မင့် ကို ငါြးေ­ခာက်ပုံပေါ်ထပ်ပို့ ပေးလိုက်သေးတယ်ဗျား။တော်ချက်တော်ချက်။
    (၂)ကလည်း ရေခံြေ­မခံကောင်းတဲ့ ပုသိမ်ကပဲဗျို့၊ ကျော်ြ­မင့် အရင်တိုင်းရဲမင်ြး­ကီးလုပ်ခဲ့တဲ့ ဆိုက်ကုလားမျိုးသန့် အြေ­ကာင်းပါ၊
သူလည်းတော်တယ်ဗျာ။MRTV 4 ရုပ်သံဇတ်လမ်းတွဲမှာသရုပ်ဆောင်ဖို့ ရွေးထားတဲ့ မေဇွန် ၊အိမ်ဖေါ်မလေးသတ်မှူနဲ့ အမြှု­ဖစ်နေတဲ့တစ်ယောက်ကိစ္စ၊ ပုသိမ်တိုင်းရဲမင်ြး­ကီးဆိုက်ကုလားမျိုးသန့် ရဲ့ Keeping ဆိုတာ တရပ်ကွက်လုံးသြိ­ကတယ်။ပုသိမ်တိုင်းရဲမင်ြး­ကီးဆိုက်ကုလား မေဇွန်ဆီအြ­မဲ
လာလာနှပ်နေတာ ကျန်တဲ့ အိမ်ဖေါ်မလေးကလည်းထွက်ဆိုချက်ပေးထားတယ်၊ရပ်ကွက်ကလည်းထွက်ဆိုချက်တွေပေးထားတယ်၊လာစစ်တဲ့ အဖွဲ့ ကအင်းစိန်စီအိုင်ဒီကဆိုလားဘဲ၊ြ­ပီးတော့ ရှိသေးတယ်ဗျ၊အဲဒီအချိန်တုံးက ရန်ကုန်ကတိုင်းရဲမင်ြး­ကီးကို ဆိုက်ကုလားမျိုးသန့် ကပုသိမ်ကနေလှမ်ြး­ပီး အမှူမဖွင့် ဖို့ လှမ်ြး­ပီးအာဏာတွေပါဝါတြွေ­ပသေးတယ်ဆိုဘဲ၊ရန်ကုန်ကတိုင်းရဲမင်ြး­ကီးက ပုသိမ်တိုင်းရဲမင်ြး­ကီးဆိုက်ကုလား
လှမ်ြးေ­ပာတာကိုဂရုမစိုက်ပဲအမှူဖွင့် ခဲ့တာဆိုဘဲဗျ။စီအိုင်ဒီကစစ်ထားတဲ့စစ်ချက်တွေပေါ်နေတာတောင် ဆိုက်ကုလားမျိုးသန့် 
ဘာမွမျ­ဖစ္ဘူးဗ်ာ။တော်ချက်တော်ချက်။ြ­ပည်ထဲရေးဝန်ြ­ကီးကိုဘယ်လိုအိပ်ထဲဆွဲစိလိုက်တယ်မသိဘူး၊အခြု­မန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာ
ရဲကာနယ်ြ­ကီးတောင်ြ­ဖစ်နေတယ်ဆိုဘဲ။ရဲချုပ်ကလည်းတစ်ပါတ်စဉ်ထဲ၊ြ­ပည်ထဲရေးဝန်ြ­ကီးကလည်းဆိုက်ကုလားဆွဲစိထားလို့ အသံတောင်
မဟနိုင်ြ­ဖစ်နေတာြ­ပည်ထဲရေးတစ်ခုလုံးတောင်သြိ­ကတယ်။ဆိုက်ကုလားမျိုးသန့် ရဲ့တော်ချက်။အရင်ရဲချုပ်ခင်ရီရဲ့ရှေ့ကြ­ပုတ်သွားတဲ့ ရဲချုပ်စိုးဝင်းရဲ့တပည့် အရင်းခေါက်ခေါက်ြ­ကီး၊ရဲချုပ်စိုးဝင်းခေါ်လိုက်လို့ ရဲကိုရောက်လာတာ၊ရဲချုပ်စိုးဝင်းကြို­ဖုတ်လိုက်တုံးကတစ်ခါတည်း
ဆိုက်ကုလားမျိုးသန့် ကြို­ဖုတ်လိုက်ရမှာ၊တော်ချက်တော်ချက်။အခုမယုံရင်စောင့်ြ­ကည့် လိုက်ြ­ကအုံး၊ဆိုက်ကုလားမျိုးသန့် က
ကချင်ြ­ပည်နယ်ရဲမင်ြး­ကီးဆိုလား၊ကချင်ြ­ပည်နယ်စည်ပင်သာယာ  ရဲမင်ြး­ကီးဆိုလား၊ပုသိမ်ကိုပဲတိုင်းရဲမင်ြး­ကီးနဲ့ဆိုလာြး­ပန်သွားဖို့ ရှိနေပါတယ်။
ြ­ကားတာလေးတွေ၊ြ­မင်တာလေးတွေ၊သိတာလေးတွေကို မျှဝေပေးလိုက်တာပါ။အြေ­ဖထုတ်ြ­ကည့်ြ­ကရအောင်လား လက်ရှိပုသိမ်တိုင်း
ရဲမင်ြး­ကီးကျော်ြ­မင့် နဲ့လက်ရြှိ­မန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ရဲကာနယ် ဆိုက်ကုလားမျိုးသန့် တို့ နှစ်ယောက်ကပဲ တော်လွန်လွန်းနေလို့ ပဲ
လား၊ြ­ပည်ထဲရေးဝန်ြ­ကီးကပဲတော်တော်ညံ့နေလို့ ဘာဆိုဘာမှမသိရှာတာလား။အြေ­ဖထုတ်ြ­ကည့်ြ­ကပါစို့ ။

    Moe Zay Nyein

    ကျွန်တော့်အမြင်မှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိပ်အညံ့ကြီးတော့မဟုတ်ပါဘူး။ တော်ရှာပါတယ်။ပုသိမ်မြို့၊ ကန်သုံးဆင့်မှာ လူမသိသူမသိ အသတ်ခံလိုက်ရတဲ့ မနီလာထွေး အမှုတုန်းက တရားခံဖြစ်တဲ့ တ/၃၅၉၉၀၄၊ တပ်ကြပ်ကြီးသန့်ဇင်ဦး ( တပ်မတော် အဆင့်မြင့် နည်းပညာနှင့် အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်ရေးနှင့် သုတေသနဌာနချုပ်) ကို ခဲရာခဲဆစ်ဖမ်းဆီးပြီး အမှုတည်ဆောက် အရေးယူနိုင်ခဲ့တယ်။ ရွှေဘိုမြို့က DSA တက်ခွင့်ရ ဗိုလ်လောင်း အောင်ဖြိုးမင်း အသတ်ခံရတုန်းကလည်း တရားခံတွေကို ဖော်ထုတ်နိုင်ခဲ့တယ်။ စင်္ကာပူမှာ ကျောင်းသွားတက်နေတဲ့ တရားခံကိုတောင် သံရုံးကနေ ပြန်ခေါ်ပြီး လေဆိပ်မှာ ဖမ်းခဲ့တယ်။ မုံရွာတက္ကသိုလ်က ဒုတိယနှစ် (ဘူမိ) ကျောင်းသား မောင်မြင့်သူနဲ့ နောက်ဆုံးနှစ်(ရုက္ခ) ကျောင်းသူ မစိုးစိုးစံတို့ ချိန်းဆိုစကားပြောနေတုန်း အမည်မသိလူနှစ်ယောက်က ဆိုင်ကယ်လာလုရင်း ဓားနဲ့ထိုးသွားတာမို့ မောင်မြင့်သူ သေဆုံးခဲ့တယ်။ အသည်းထိရောက်တဲ့ ဒဏ်ရာ၊ အဆုတ်ကို ထုတ်ချင်းပေါက်တဲ့ ဒဏ်ရာ စသဖြင့် ဓားဒဏ်ရာ (၁၃) ချက်ရှိတယ်။ ဘယ်သူဘယ်ဝါမှန်း မသိလိုက်ရတဲ့ တရားခံတွေကို လိုက်စုံစမ်းတာ၊ ဖမ်းတာ (၄) နှစ်ကြာပြီးတဲ့နောက် (၂၀၀၉) ခုနှစ်မှာ တရားခံတွေအားလုံးကို ဖမ်းမိတယ်။ တချို့တရားခံတွေဆိုရင် တခြားခိုးမှုတွေနဲ့ထောင်ကျနေလို့ ပြန်ထုတ်ပြီး ပြန်စစ်ရတယ်။ မုဒုံမြို့၊ သာယာကုန်းရွာနားမှာ မွန်ပြည်သစ်ပါတီက နိုင်အိုင်းရွတ်ကို ပစ်သတ်သွားတဲ့ တရားခံတွေကို (၅) ရက်အတွင်း ဖမ်းနိုင်ခဲ့တယ်။ ၂၅ လမ်းက သုံးလောင်းပြိုင်လူသတ်မှုမှာလည်း သဲလွန်စ အစအနလေးတွေကို အသုံးချပြီး တရားခံကို ဖမ်းပေးနိုင်ခဲ့တယ်။ လူယုံတရုတ်ကသတ်ပြီး ငှားထားတဲ့ ခြံထဲမှာပဲ မြှုပ်ထားခဲ့တဲ့ ဟောင်ကောင်က သူဌေးလင်မယား (မစ္စတာရှန် လား ဘာလား နာမည်တောင်မေ့သွားပြီ) တုန်းကလည်း တရားခံကို တရုတ်ထံထိဝင်ပြီး လိုက်ဖမ်းနိုင်ခဲ့တယ်။…. စသဖြင့် စသဖြင့်ပေါ့လေ။

    ခင်ဗျာ …. စိမ်းလဲ့ကန်သာလူသတ်မှုလား … အယ် … ဒါကတော့ …. ဟိုဒင်း … ဒီလိုရှိတာပေါ့နော်။ ခင်ဗျာ .. ပြည်မြို့က လူသတ်မှုလား ….။ ဒါကတော့ … ဘယ်လိုပြောရမလဲ။ ဟိုလိုပေါ့နော်။ အင်း. ။ အဲလိုပေါ့ဗျာ။

ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာတွင် မသင့်လျော်သော သုံးထပ်Shopping Mall

Eleven Media Group's photo.
ပြည်သူ့ရင်ပြင်၊ ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာတွင် တည်ဆောက်ရန် မသင့်လျော်သော သုံးထပ်အမြင့်ရှိ Shopping Mall အား ဆောက်လုပ်ခွင့် ပြုထား

ပြည်သူ့ရင်ပြင်၊ ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာတွင် တည်ဆောက်ရန် မသင့်လျော်သော သုံးထပ်အမြင့်ရှိ Shopping Mall အား ဆောက်လုပ်ခွင့် ပြုထားကြောင်း သတင်းရရှိသည်။

ပြည်သူ့ရင်ပြင် ဧရိယာ တစ်ခုလုံး၏ ရာခိုင်နှုန်း ၆၀ ကျော်အား ကုမ္ပဏီ သုံးခုမှ ရယူကာ စီးပွားဖြစ် လုပ်ကိုင်နေခြင်း ဖြစ်သည်။ အဆိုပါ နေရာသည် ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာဖြစ်ပြီး ယင်းကဲ့သို့ ဆောက်လုပ်မှုကြောင့် ရွှေတိဂုံဘုရား၏ ကြည်ညိုဖွယ် မြင်ကွင်းကို ထိခိုက်စေကာ မြို့တော်အလှအပမြင်ကွင်း ပိတ်နိုင်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

ပြည်သူ့ရင်ပြင်အတွင်း ပုဂ္ဂလိက ကုမ္ပဏီသုံးခုဖြစ်သော Natural World၊ Happy Zone နှင့် ရေလွှာလျှောစီးကွင်း တည်ဆောက်မည့် ကုမ္ပဏီတို့ကို လေလံစနစ်ဖြင့် လုပ်ကိုင်ခွင့် ပြုထားကြောင်း၊ ပြည်သူ့ရင်ပြင် တစ်ခုလုံးမှာ ဧက ၁၀၀ ကျော် ကျယ်ဝန်းပြီး အဆိုပါ ကုမ္ပဏီသုံးခုကို လုပ်ကိုင်ခွင့်ပြုထားသော ဧကမှာ ၆၀ ကျော် ရှိကြောင်း သိရသည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း အရက်ဘီယာ စားသောက်ဆိုင်များအပြင် ယခုအခါ ရှော့ပင်းမောလ်ပါ တည်ဆောက်ခွင့် ပြုပြီဖြစ်ကြောင်း သတင်းရရှိသည်။ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် မျက်နှာချင်းဆိုင်ဘက် အခြမ်း၊ ဦးဝိစာရလမ်းပေါ်ရှိ ပြည်သူ့ဥယျာဉ်အတွင်း ရှော့ပင်းမောလ်တစ်ခု တည်ဆောက်နေပြီး Natural World ကုမ္ပဏီမှ တည်ဆောက်ခွင့် ရရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှော့ပင်းမောလ်ကို အလျား ၁၈၆ မီတာ၊ အနံ ၄၂ မီတာ ကျယ်ဝန်းပြီး Basement အပါအ၀င် သုံးထပ်အဆောက်အအုံ ဖြစ်ကြောင်း၊ မြန်မာမှု လက်ရာများကို အဓိကထား ရောင်းချမည်ဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်သည်များကို ဆွဲဆောင်ရန် ရည်ရွယ်သည်ဟု သိရသည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း အများပြည်သူ အပန်းဖြေခြင်းနှင့် မသက်ဆိုင်သည့် အရက်ဘီယာ အပါအ၀င် စားသောက်ဆိုင်ပေါင်း ယခုအခါ များပြားစွာ ဖွင့်လှစ်ခွင့် ပြုထားကြောင်း သိရသည်။

(ပြည်သူ့ရင်ပြင် ၀င်းအတွင်း ကုမ္ပဏီတစ်ခုမှ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ်) 
(ဓာတ်ပုံ-ကျော်ထင်)

လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းမည့် Myanmar Microfinance Bank ယခုနှစ်အတွင်း တည်ထောင်မည်

ကနေဒါလက်ရှိအိမ်ဝယ်ဘဏ်အတိုးနူန်းတနှစ်၃ရာခိုင်နုန်းလောက်ရှိပါတယ်။
မြန်မာနိုင်ငံမှာအိမ်ပေါင်ရင်အရောင်းစာချူပ်နဲ့စာချူပ်ပြီးအိမ်ပါဆုံးသူကများတယ်၊
စနစ်မှန်လမ်းမှန်ရောက်ပါတော့......

Eleven Media Group's photo.
လက်ရှိ ဗဟိုဘဏ်၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ အတိုးနှုန်းမှာ အပ်ငွေအတိုးနှုန်း တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်း၊ ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းတို့ ဖြစ်သည်။ ယခုတည်ထောင်မည့် ဘဏ်သည် ၀င်ငွေနည်း ပြည်သူလူထုအတွက် အရင်းအနှီးချေးငွေ ရရှိရန် အထူးပြု တည်ထောင်ခြင်းဖြစ်ပြီး အခြားဘဏ်များထက် ဘဏ်တိုးနှုန်း လျော့နည်းသက်သာမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းမည့် Myanmar Microfinance Bank ယခုနှစ်အတွင်း တည်ထောင်မည်

လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းသက်သာမည့် Myanmar Microfinance Bank (MMB) ကို ယခုနှစ်အတွင်း တည်ထောင်သွားရန် စီစဉ်လျက်ရှိကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

လက်ရှိ ဗဟိုဘဏ်၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ အတိုးနှုန်းမှာ အပ်ငွေအတိုးနှုန်း တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်း၊ ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းတို့ ဖြစ်သည်။ ယခုတည်ထောင်မည့် ဘဏ်သည် ၀င်ငွေနည်း ပြည်သူလူထုအတွက် အရင်းအနှီးချေးငွေ ရရှိရန် အထူးပြု တည်ထောင်ခြင်းဖြစ်ပြီး အခြားဘဏ်များထက် ဘဏ်တိုးနှုန်း လျော့နည်းသက်သာမည် ဖြစ်ကြောင်း သိရသည်။

"ဒီဘဏ်က နိုင်ငံတော်နဲ့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ တည်ထောင်တာ ဖြစ်ပါတယ်။ တခြားအသစ်ဖွင့်မယ့် ဘဏ်တွေနဲ့ မတူဘူး။ ဦးတည်တာက အခြေခံ လူတန်းစားနဲ့ ၀င်ငွေနည်း လူလတ်တန်းစားတွေအတွက် ဖြစ်ပါတယ်။ အပ်ငွေလည်း လက်ခံမယ်၊ ငွေလည်း ထုတ်ချေးမယ်။ ဘဏ်တိုးနှုန်းကလည်း အခုအတိုးနှုန်းရဲ့ တစ်ဝက်လောက်ပဲ ရှိမှာပါ" ဟု သမ၀ါယမဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။ အဆိုပါ MMB ဘဏ်တည် ထောင်ရန်အတွက် အစုရှယ်ယာများ စတင်ခေါ်ယူနေပြီး အစုရှယ်ယာ တစ်စုလျှင် ငွေကျပ် ၁၀၀၀၀၀ သတ်မှတ်ထားကြောင်း သိရပြီး ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ အဓိက ၀ယ်ယူနေကြကြောင်းလည်း သတင်းရရှိသည်။ "ကျွန်တော်တို့ ဘဏ်လည်း MMB ဘဏ်မှာ အစုရှယ်ယာ ပါတယ်။ ကျွန်တော်လည်း အစုရှယ်ယာ ၀ယ်ထားတယ်" ဟု ဦးဖေမြင့်က ဖြည့်စွက်ပြောကြားသည်။

မေလဆန်းတွင် ကျောက်မျက်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ အထူးပြု တည်ထောင်မည့် ဘဏ်နှစ်ခုနှင့် နေပြည်တော် စည်ပင်သာယာရေး ဘဏ်တစ်ခုတို့ ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ဗဟိုဘဏ် အနေနှင့် ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပြီး ဗဟိုဘဏ်တွင် သီးခြားလွတ်လပ်စွာ ပြဋ္ဌာန်းခွင့် ရှိစေရန် ဗဟိုဘဏ် ဥပဒေသစ်ကို အချောသပ် ရေးဆွဲထုတ်ပြန်နိုင်ရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူများထံမှ သိရသည်။

ထို့ပြင် ပုဂ္ဂလိက စီးပွားရေးဘဏ်များ တစ်နှစ်ထက် ပိုချေးငှားခွင့် ပြုနိုင်ရန်နှင့် အိမ်ခြံမြေ ဈေးကွက်တွင် စတင်ဆောင်ရွက်နိုင်စေရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများကို အပေါင်ခံအဖြစ် ထားခွင့်ပြု၍ ငွေချေးငှားခွင့်ကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်ရှိပြီး နိုင်ငံပိုင်ဘဏ် လေးဘဏ်ရှိသည်။       

(ဓာတ်ပုံ - ပုဂ္ဂလိကဘဏ် တစ်ခုတွင် ငွေကြေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်)

ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့နှင့် နယူးယောက်မြန်မာမိသားစုများတွေ့ဆုံပွဲ

Ko Myoe's photo.

★ Here is the updates for-->

★ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့နှင့် နယူးယောက်မြန်မာမိသားစုများတွေ့ဆုံပွဲ ★

ANDRE & BELLA MEYER HALL OF PHYSICS
ROOM # 121 
NEW YORK UNIVERSITY 
4 WASHINGTON PLACE 
NEW YORK, NY 10003
Event time: 2:00 pm to 4:00 pm, 25 May 2013, Saturday.

- By Subway -
A, C or E train to "W 4 Street, Washington Square" Station (It is on 6th Ave, with entrances at W. 3rd St and at Waverly Place.
Walk East across Washington Sq Park to Washington Place near Broadway.)
N or R train (Closest to the building) to "8 Street - N.Y.U" Station (walk 2 blocks north of Washington Place on Broadway)
6 Train to "Astor Place" station (walk 2 blocks north of Washington Place).

- Contact Persons -
Ma Mya Mya Soe (917) 797-2134
Ma Shwe War (347) 229-4309
Ko Aung Khant (516) 808-1515
Ko Nay Tin Myint (347) 944-7341
Ko Phoe Khwar (917) 349-2169

Ko Phoe Khwar
(917) 349-2169 

ရုတ်တရက်ရပ်နားခံလိုက်ရတဲ့ မန်းလေးက သတင်းစာ

Aung Moe's photo.
ရုတ်တရက်ရပ်နားခံလိုက်ရတဲ့ မန်းလေးက သတင်းစာ
-------------------------------------------------------

မန်းလေးအခြေစိုက် လွတ်လပ်သော ပြည်သူကိုအလုပ်ကျွေးပြုမယ်ဆိုတဲ့ " မြန်မာဓိက"
သတင်းစာ ရုတ်တရက်ရပ်နားခံလိုက်ရတယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာ မေ ၁၇-ရက် မနက်၅နာရီခန့်က ၆၉လမ်း အလင်းတံခါးပန်းချီပန်းပုအနုပညာသင်တန်း
ကျောင်းပိုင်ရှင် တရုတ်လူမျိုး အားလုံနှင့် ပန်းချီဆရာ ဆူးမြင့်သိန်းတို့မှ ၃၇လမ်း ၈၃လမ်းရှိ မြန်မာ
ဓိက သတင်းစာတိုက်ကိုရောက်ရှိလာပီး ညစောင့်ဝန်ထမ်းများကိုနှင်ထုတ်ကာ သော့ခတ်တံခါးပိတ်
ပီး လက်ရှိဝန်ထမ်းများအားလုံး ၁၉ ရက်နေ့မှာလစာလာထုတ်ဘို့ ကြေငြာစာကပ်သွားတယ်လို့
သိရပါသည်။ယင်းဖြစ်စည်ကိုမသိပဲ မနက်အလုပ်လာကြသော ဝန်ထမ်းမိန်းကလေးများမှာ ဘာမှန်း
မသိ မျက်ရည်ဝဲလည်း ထမင်းချိုင့်လေးများကိုယ်စီနှင့် ငိုကြွေးပြန်သွားကြတယ်လို့ ပါတ်ဝန်းကျင်
ကပြောပြပါတယ်၊သတင်းသမားများမှာလည်း စိတ်ပျက်လက်ပျက် ငေးငိုင်ကုန်ကြတယ်လို့သိရပါတယ်၊မြန်မာဓိကသတင်းစာ အငယ်တန်းသတင်းထောက်ပညာသင်
လေးတစ်ယောက်က ... " ကျနော်တို့က ဝါသနာလည်းပါတယ်၊ကိုယ့်မြို့အခြေစိုက်မို့ ဂုဏ်ယူပီး
လက်ရှိအလုပ်တွေကိုတောင်စွန့်ခဲ့တာ၊ဒီမှာ တက်တက်ကြွကြွဝင်လုပ်နေတာပါ ခုလိုဘာမှန်းမသိ
ညာမှန်းမသိ အလုပ်ပြုတ်တာ ဘယ်လိုလုပ်ရမလည်း ဘာမှလည်း အကြောင်းကြားတာမရှိဘူး၊
ကျနော်တို့သတင်းစာဆိုထွက်တော့မှာ အားလုံးကလည်းမျှော်နေကြပီ၊အရှိန်လည်းရနေပီ၊ဒါ သက်
သက် မန်းလေးဂုဏ် မန်းလေးသိက္ခာ ကျနော်တို့သိက္ခာတွေကို စော်ကားခံလိုက်ရတယ်" လို့
ပြောပြပါတယ်။

-------------------------------------------------------

မန်းလေးအခြေစိုက် လွတ်လပ်သော ပြည်သူကိုအလုပ်ကျွေးပြုမယ်ဆိုတဲ" မြန်မာဓိက"
သတင်းစာ ရုတ်တရက်ရပ်နားခံလိုက်ရတယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာ မေ ၁၇-ရက် မနက်၅နာရီခန့်က ၆၉လမ်း အလင်းတံခါးပန်းချီပန်းပုအနုပညာသင်တန်း
ကျောင်းပိုင်ရှင် တရုတ်လူမျိုး အားလုံနှင့် ပန်းချီဆရာ ဆူးမြင့်သိန်းတို့မှ ၃၇လမ်း ၈၃လမ်းရှိ မြန်မာ
ဓိက သတင်းစာတိုက်ကိုရောက်ရှိလာပီး ညစောင့်ဝန်ထမ်းများကိုနှင်ထုတ်ကာ သော့ခတ်တံခါးပိတ်
ပီး လက်ရှိဝန်ထမ်းများအားလုံး ၁၉ ရက်နေ့မှာလစာလာထုတ်ဘို့ ကြေငြာစာကပ်သွားတယ်လို့
သိရပါသည်။ယင်းဖြစ်စည်ကိုမသိပဲ မနက်အလုပ်လာကြသော ဝန်ထမ်းမိန်းကလေးများမှာ ဘာမှန်း
မသိ မျက်ရည်ဝဲလည်း ထမင်းချိုင့်လေးများကိုယ်စီနှင့် ငိုကြွေးပြန်သွားကြတယ်လို့ ပါတ်ဝန်းကျင်
ကပြောပြပါတယ်၊သတင်းသမားများမှာလည်း စိတ်ပျက်လက်ပျက် ငေးငိုင်ကုန်ကြတယ်လို့သိရပါတယ်၊မြန်မာဓိကသတင်းစာ အငယ်တန်းသတင်းထောက်ပညာသင်
လေးတစ်ယောက်က ... " ကျနော်တို့က ဝါသနာလည်းပါတယ်၊ကိုယ့်မြို့အခြေစိုက်မို့ ဂုဏ်ယူပီး
လက်ရှိအလုပ်တွေကိုတောင်စွန့်ခဲ့တာ၊ဒီမှာ တက်တက်ကြွကြွဝင်လုပ်နေတာပါ ခုလိုဘာမှန်းမသိ
ညာမှန်းမသိ အလုပ်ပြုတ်တာ ဘယ်လိုလုပ်ရမလည်း ဘာမှလည်း အကြောင်းကြားတာမရှိဘူး၊
ကျနော်တို့သတင်းစာဆိုထွက်တော့မှာ အားလုံးကလည်းမျှော်နေကြပီ၊အရှိန်လည်းရနေပီ၊ဒါ သက်
သက် မန်းလေးဂုဏ် မန်းလေးသိက္ခာ ကျနော်တို့သိက္ခာတွေကို စော်ကားခံလိုက်ရတယ်" လို့
ပြောပြပါတယ်။

ဖျက်ဆီးလိုသူများ ရှိနေနိုင်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

Eleven Media Group's photo.
မြန်မာနိုင်ငံတွင် မိမိတို့၏ အကျိုးစီးပွားများ ခြိမ်းခြောက်ခံနေရ၍ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ဖျက်ဆီးလိုသူများ ရှိနေနိုင်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံတွင် မိမိတို့၏ အကျိုးစီးပွားများ ခြိမ်းခြောက်ခံနေရ၍ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ဖျက်ဆီးလိုသူများ ရှိနေနိုင်ကြောင်း သမ္မတဦးသိန်းစိန်က မေ ၂၀ ရက်က သမ္မတအိုဘားမားနှင့် တွေ့ဆုံအပြီး ဂျွန်ဟော့ကင်း တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ၎င်း၏ အစိုးရသည် အပြောင်းအလဲကို ဘယ်တော့မှ လက်လျှော့မည် မဟုတ်ကြောင်း၊ အပြောင်းအလဲ အခြေအနေမှာ ခက်ခဲကြမ်းတမ်းမှုများနှင့် တွေ့ကြုံခဲ့ရကြောင်းနှင့် ပြည်သူလူထုသည် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးလာမည်ကို တွေ့မြင်ချင်ကြကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

"ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ အထီးကျန်ဖြစ်မှုကို အဆုံးသတ်နိုင်အောင် ပြင်းပြင်းထန်ထန် ကြိုးပမ်းနေပါတယ်" ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန်က မြန်မာ-အမေရိကန် ဆက်ဆံရေး ခေတ်သစ်ထူထောင်ရန် ပြောကြားလိုက်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ပြစ်မှုကျူးလွန်ခဲ့သူများကို တရားဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးသွားမည် ဖြစ်ကြောင်းလည်း ကတိပြု ပြောကြားသည်။

ကချင်လက်နက်ကိုင် အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မကြာမီ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ဂျွန်ဟော့ကင်း တက္ကသိုလ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

၂၀၁၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော သမ္မတဦးသိန်းစိန် အစိုးရ၏ လုပ်ဆောင်ချက်များဖြစ်သော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှု၊ သတင်းစာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့၏ ကန့်သတ်မှုများကို ပယ်ဖျက်ပေးမှု အစရှိသည့် ပြုပြင်ပြောင်းလဲမှုများ နောက်ပိုင်းတွင် အိုဘားမား အစိုးရအဖွဲ့သည် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ ဆက်ဆံမှု ပြုလုပ်လာခဲ့ပြီး ၁၉၉၀ နောက်ပိုင်း ထားရှိခဲ့သော ပိတ်ဆို့မှုများကိုလည်း ရုပ်သိမ်းပေးခဲ့သည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ အခြေအနေတွေကို ရရှိလာအောင် ကြိုးပမ်းနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ စစ်အစိုးရကနေ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲရာမှာ စီးပွားရေး ပိတ်ဆို့မှုတွေက ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်နေစေပါတယ်" ဟု ဦးသိန်းစိန်က ပြောကြားသည်။

အမေရိကန် လွှတ်တော်အမတ် အချို့နှင့် လူ့အခွင့်ရေး လှုပ်ရှားသူများကမူ အပြောင်းအလဲသည် အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်သည့် အနေအထား ဖြစ်သည်ဟု စိုးရိမ်နေကြပြီး သမ္မတအိုဘားမား၏ ချီးကျူးမှုများသည် အချိန်စောလွန်းနေသည်ဟု ထင်မြင်နေကြသည်။ 

(သမ္မတဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု ဂျွန်ဟော့ကင်း တက္ကသိုလ်၌ မေ ၂၀ ရက်က မိန့်ခွန်းပြောကြားရန် ရောက်ရှိစဉ်) (Photo:AFP)