Wednesday, May 22, 2013

မြန်မာ့မြေထဲကလေး၆၀၀၀၀၀မွေးချလိုက်တော့......

တရုတ်မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်း ရပ်တန့်ဖို့ ရှမ်းလူထုလိုလား

Burma-Newselite's photo.
တရုတ်မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်း ရပ်တန့်ဖို့ ရှမ်းလူထုလိုလား

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆထက်တိုး ပြင်းထန်လာသည့် ပဋိ ပက္ခများ ကာကွယ်ရေး အတွက် ဦးသိန်းစိန်နှင့် တရုတ် ရေနံပိုက်လိုင်း စီမံကိန်းရပ်တန့် ဖို့ လိုကြောင်း ရှမ်းသဘာဝ လူအခွင့်အရေး အဖွဲ့က ပြောသည်။

ယနေ့ မြန်မာအစိုးရစစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် ရွာသူရွာသားပေါင်း ၃၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ ဤထိုးစစ်သည် တရုတ်မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် တိုက်ရိုက် ဆက်စပ်၍ ပဋိပက္ခ ပိုမိုပြင်း ထန် လာမည်ကို ရှမ်းလူထု အခြေပြုအဖွဲ့အစည်းများ အထူးစိုးရိမ် ပူပန်လျှက် ရှိသည်။

ထိုးစစ်၊ ပဋိပက္ခများ နှင့် အကြမ်းဖက်မှုများ အရှိန်အဟုန် မပြင်းလာခင် သမ္မတ ဦးသိန်းစိန် နှင့် တရုတ် ရေနံပိုက်လိုင်းစီမံကိန်း အမြန်ဆုံးရပ်တန့်ရန် ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများမှ အလေးအနက်တိုက်းတွန်းကြောင်း ၄င်းတို့၏ ကြေညာချက်တွေပါသည်။

မေလ ၉ ရက်တွင် တရုတ်နိုင်ငံ နယ်စပ်အတွင်း ဖြတ်သန်းသွားမည့် ရေနံ ပိုက်လိုင်း အနီးမှ အခြေချ တပ်စွဲထားသော ရှမ်းပြည်တပ်မတော် တောင်ပိုင်း အား မြန်မာစစ်တပ်မှ အမြောက်များဖြင့် စတင် ကျူးကျော်တိုက်ခိုက်ခဲ့သည်။

ထိုစစ်ပွဲကြောင့်ရွာပေါင်း ၃၂ ရွာမှ ရွာသူရွာသားများ အိုးအိမ်စွန်ခွာပြီး ထွက် ပြေး တိမ်းရှောင်ခဲ့ရသည်။ ရွာသူရွာသား ၂၀၀၀ ခန့်မှာ တရုတ်နိုင်ငံ အတွင်း သို့ ပြေးဝင်သွားပြီး ၁၀၀၀ ဦးခန့်မှာ နမ့်ခမ်းမြို့တွင်းသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

ရွေလီမြစ်တောင်ပိုင်းတလျှောက် နောင်မထားကျေးရွာအနီးတွင် အခြေစိုက် တပ်စွဲထားသော ရှမ်းပြည်တပ်မတော် တောင်ပိုင်းအား မြန်မာစစ်တပ်မှေ မ်ာတာ အမြောက်များဖြင့် ပစ်ခတ်ခဲ့သည်။ ရေနံပိုက်လိုင်း ၀န်းကျင် တလျှောက် သည် စစ်တပ်များလှုပ်ရှားရာ ဧရိယာဖြစ်သည့်အပြင် ပြည်သူ့ စစ်တပ်ပေါင်းစုံ လှုပ်ရှားသည့် နယ်မြေလည်းဖြစ်သည်။ နှစ်ဦးနှစ်ဖက် တိုက် ခိုက်မှုသည် နမ့်ခမ်းတောင်ပိုင်းရှိ ရေနံပိုက်လိုင်းအတွက် မော်တော်ယာဉ် ထားရာ တပ်စခန်းတွင်စတင်ခဲ့ပြီး ထိုပစ်ခတ်မှုများကြောင့် မေလ ၁၃ ရက် တွင် ရွာသား ၂ ဦးအသတ်ခံရကာ ၃ ဦး ဒဏ်ရာရခဲ့ရာ ဒဏ်ရာရသူများ အတွင်း အမျိုးသမီးတစ်ဦးလည်းပါဝင်သည်။ သို့သော် မည်သည့် လက်နက်ကိုင် အဖွဲ့က စတင်ပစ်ခတ်ခဲ့သည်ကို မသိရှိရပါ။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အား နေရာမှ ဆုတ်ခွာထွက်သွားရေး အတွက် မြန်မာအစိုးရစစ်တပ်မှ ဆက်လက်ထိုးစစ်ဆင်နေသောကြောင့် ထွက်ပြေး တိမ်းရှောင်နေသော ရွာသူရွာသားများ ၄င်းတို့နေအိမ်သို့ ပြန်နေ ရန် စိုးရိမ်ကြောက်လန့် လျှက်ရှိပါသည်။ (A/ BURMA NEWS ELITE)

သဘာဝဓါတ်ငွေ့ပိုက်လိုင်းနှင့် စစ်ပွဲဖြစ်ပွါးနေသည့် မြေပုံ Credit - Sapawa SHAN

ပြည်တည်နာ အနာစိမ်းတွေပေါ်က ဖြတ်တိုက်သွားတဲ့ လေညင်းရဲ့ အရသာ

Myit Kyoe Inn
ဒီနေ့ status လေးတခု ဖတ်မိတယ်။ ကြည်ကြည်နူးနူးရေးထားတဲ့ စာလေးဆိုပါတော့။
ရေးသူကတော့ ဦးရဲထွတ် Ye Htut ပါ။ သူရေးတဲ့ စာလေးက အောက်ပါအတိုင်းပါ။

~~~~~~~~~~~~

( အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ ညစာစားပွဲမှာ သမ္မတကြီး မိန့် ခွန်းပြောပါတယ်။ မိန့် ခွန်း ပြောအပြီးမှာတော့ ဧည့်ပရိသတ်က သမ္မတကြီး သူ့ ရဲ့ စားပွဲကို ပြန်ရောက်တဲ့အထိ မတ်တပ်ရပ်ကာ လက်ခုတ်သြဘာပေးခဲ့ကြပါတယ်။

ဒီလက်ခုတ်သံတွေဟာ သမ္မတကြီးအတွက်သာမဟုတ် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်း မှာ ပါဝင်နေတဲ့၊ ဒီမိုကရေစီကို နှစ်သက်လိုလားစွာအကောင်အထည်ဖော်
နေတဲ့ မြန်မာပြည်သူများ အတွက်ဖြစ်တယ်လို့ ခံစားမိပါတယ်။

ကျွန်တော့်ဘေးမှာ ထိုင်တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆရာမကြီးက ပုခုံးကိုပုတ်ပြီး မြန်မာဟာ သူ့ နေရာကို သူပြန်ရပြီလို့ ပြောလိုက်တော့ မြန်မာနိုင်ငံသစ်အတွက် မျက်ရည်လည်အောင် ဂုဏ်ယူမိပါတယ်။ )

~~~~~~~~~~~~

ကျနော် အဲ့ဒီ စာကို ဖတ်ပြီးပြီးချင်း အသံတိတ် မေးခွန်းတခု အလိုလို ထွက်လာတယ်။

“သူ့နေရာ သူပြန်ရလာပြီဆိုတဲ့ မြန်မာဟာ သူ့နေရာ သူမရှိတော့အောင် ဘယ်သူတွေက လုပ်ခဲ့တာလဲ ။ ”
သူက အခုမှ မျက်ရည်လည်အောင် ဂုဏ်ယူမိချိန်မှာ ကျနော်တို့ကတော့ ကိုယ့်နိင်ငံနာမည်နဲ့ ပါတ်သတ်ပြီး မျက်ရည်ကျရလောက်အောင်ကို ဂုဏ်ငယ်ခဲ့ရတာ ကြာပါပြီဗျာ။

ငယ်ငယ်က အဖြစ်အပျက်လေးတခု ပြန်မှတ်မိတယ်။

ကျနော့်အစ်မက အမေရိကန်ရောက်သွားတော့ ကျန်ခဲ့တဲ့ ကျနော်တို့ မောင်နှမတွေအတွက် အဝတ်အစားတွေ မုန့်တွေ ပို့ပေးတယ်။
အဲ့ဒီ အထဲမှာ McDonald's တံဆိပ်နဲ့ အင်္ကျီ တထည်ပါတယ်။
ပစ္စည်းတွေနဲ့ပါတ်သတ်ပြီး စာတစောင်ပါထည့်ပေးလိုက်တဲ့အထဲမှာ အဲ့ဒီ McDonald's အင်္ကျီနဲ့ ပါတ်သတ်ပြီး စာတကြောင်းပါတယ်။
အတိအကျ မမှတ်မိပေမယ့် သူ ရေးတဲ့ အဓိပ္ပါယ်က...
အဲ့ဒီ အင်္ကျီက ဒီမှာ လက်ဆောင်ရတာပါတဲ့။ ကမ္ဘာကျော် တံဆိပ် ဖြစ်တာရယ် မြန်မာပြည်မှာ အဲ့ဒီလို အင်္ကျီမျိုး မရှိသေးဘူးထင်လို့ ထည့်ပေးလိုက်တာပါတဲ့။

ဒီတော့ ကျနော်ကလည်း သဘောကျတာပေါ့။ ဒီအင်္ကျီက လူတိုင်းမဝတ်နိင်တဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်ပဲ ။ ရပ်ကွက်ထဲမှာ မြင်ဖူးတဲ့သူတောင် ရှိမှာ မဟုတ်ဘူးဆိုပြီး ခဏ ခဏ ဝတ်တော့တာ။ ငယ်သေးတာလည်းပါ ၊ ကြွားချင်ဝါချင်စိတ်လေးကလည်း မသတ်နိင်သေးချိန်ဆိုတော့ အဲဒီ McDonald's တံဆိပ် အင်္ကျီ ဝတ်တိုင်း သဘောတွေကိုကျ နေတာပဲဗျာ။ ကိုယ့်ကိုကိုယ် ကံထူးလှချည်ရဲ့ပေါ့လေ။

အဲ့ဒီလို ဂုဏ်ယူခဲ့မိသမျှ ကိုယ်တိုင် နိင်ငံခြား ရောက်တော့မှပဲ ရှက်မိတော့တယ်။
အရင်က အထင်တကြီးနဲ့ ကမ္ဘာကျော် McDonald's ဆိုင်ဆိုတာ မြန်မာပြည်က ဘိန်းမုန့်ဆိုင်တွေ မုန့်ဟင်းခါးဆိုင်တွေလို နေရာတိုင်းမှာ ရှိမှန်း သိရတော့တယ်။

သူများတွေအတွက် ကမ္ဘာကြီးက ရွာ ဖြစ်နေချိန်မှာ ကျနော်တို့က ကိုယ့်ရွာမှာတင် “ ပြာ” နေခဲ့ရရှာမှန်း သဘောပေါက်တော့တယ်။

အခုတော့ သူ့နေရာ သူပြန်ရလာတဲ့ မြန်မာအတွက် စစ်ဝတ်စုံချွတ်တွေက ဂုဏ်ယူမျက်ရည်ဝဲ ရပါတယ်တဲ့။
ဟုတ်ကဲ့ ကျနော်တို့လည်း ကြည်နူးမိပါတယ်ခင်ဗျာ။ ကျေနပ်မိပါတယ်ခင်ဗျာ။
မြင်လွယ်အောင် ပြောရရင် ပြည်တည်နာ အနာစိမ်းတွေပေါ်က ဖြတ်တိုက်သွားတဲ့ လေညင်းရဲ့ အရသာ လိုမျိုးကို ကျေနပ်မိတာပါ။

လတ်ဆတ်တဲ့ အသားအရည်ကို လေညင်းတွေ ဖြတ်တိုက်လာတဲ့ အရသာမျိုး ဖြစ်လာတဲ့အချိန် တနည်းပြောရရင် ပြည်သူတွေ အားလုံး စိတ်ချမ်းမြေ့ ၊ လုံခြုံစိတ်ချ ရတဲ့ အချိန်ရောက်ရင်တော့ ကျနော်လည်း ပီတိစစ်စစ်နဲ့ ဝမ်းသာ မျက်ရည်ကျမိမှာ သေချာပါတယ်။

။...................။

မြစ်ကျိုးအင်း

တံခါးဖွင့်ကြည့်လိုက်တဲ့အခါမှာ..

လွှတ်တော်အမတ်တွေကို ကုရ်ကျမ်းစတင်ဝေ

နေပြည်တော် လွှတ်တော်အမတ်တွေ တည်းတဲ့ စည်ပင်ဧည့်ရိပ်သာ ယူနီစန်း
စားသောက်ဆိုင်မှာ လွှတ်တော်အမတ်တွေကို ကုရ်ကျမ်းစတင်ဝေနေပါပြီ။
အားလုံးလည်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူစွာဖြင့် လက်ခံယူကြပါတယ်။

နေလင်းထွန်း
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ဗပိာုအလုပ်အမှုဆောင်