Sunday, May 26, 2013
ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်းရေး လုပ်ငန်းများ ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးတော့မည်
ရန်ကုန် ၊ ၂၇-၅-၂၀၁၃
ရန်ကုန်မြို့တော် ၏ အမှိုက် သိမ်းဆည်းရေး လုပ်ငန်းများ ကို ပုဂ္ဂလိက အဖွဲ့အစည်း များက လုပ်ကိုင် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။
" ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ရန်ကုန် တစ်မြို့လုံးမှာ ထွက်ရှိနေတဲ့ နေ့စဉ် အမှိုက်တန်ချိန် ၁၅၀၀ ကျော်ကို ၀န်ထမ်း လေးထောင်နီးပါး က အမှိုက်လှည်းများ ၊ အမှိုက်ကားများ နှင့် နေ့ည ဆောင်ရွက် နေပါတယ် ၊ ဒါပေမယ့် လူအင်အား ၊ ယာဉ် ယန္တရား အင်အားတွေ လိုအပ်ချက် ရှိနေတာ အမှန်ပါပဲ ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ အနာဂတ်မှာ အမှိုက် သိမ်းဆည်းတဲ့ လုပ်ငန်း တစ်ခုတည်း မဟုတ်တော့ဘဲ စွန့်ပစ် အမှိုက်မှ လျှပ်စစ် ထုတ်လုပ်သည့် လုပ်ငန်း ၊ သဘာဝ ဓာတ်ငွေ့ ထုတ်သည့် လုပ်ငန်း ၊ လူသုံးကုန် ပစ္စည်း ထုတ်သည့် လုပ်ငန်းတွေ ကို လုပ်ဆောင် သွားမှာ ဖြစ်တဲ့အတွက် အမှိုက် သိမ်းဆည်းရေး လုပ်ငန်းကို နိုင်ငံတကာ မှာလိုပဲ ပုဂ္ဂလိက ကဏ္ဍကို လုံးဝ လွှဲပြောင်း ပေးသွားဖို့ အစီအစဉ် ရှိပါတယ် .... " ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ရန်ကုန် မြို့တော်မှ နေ့စဉ် ထွက်ရှိနေသည့် အမှိုက်များကို အမှိုက်သိမ်း ယာဉ် အစီးရေ ၃၀၀ ၊ ၀န်ထမ်း အင်အား လေးထောင် နီးပါး ဖြင့် အမှိုက်ကန် စနစ် ၊ ခေါင်းလောင်းတီး စနစ် ၊ အမှိုက်သိမ်းလှည်း စနစ် တို့ဖြင့် သိမ်းဆည်း လျက် ရှိကြောင်း သိရှိရသည်။
myawady
နေပြည်တော်မှာ နောက်သို့ပြန်တက်နေခြင်း
DVB TV News
May 26, 2013 2:13am
နေပြည်တော်ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတ၀ိုက်ကနေ လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။
နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၆မိုင် ၅ဖာလုံက ဆင်ခြေလျှောကုန်းဆင်းမှာ အံ့သြဘွယ် ဆွဲငင်အား ရှိနေကြောင်း ကို မေလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ရှေ့မျက်နှာဖုံး ခေါင်းကြီး သတင်းမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
အဲဒီ့လို ဆွဲငင်အား ဓါတ်သက်ရောက်မှုဖြစ်ပေါ်နေတဲ့ Magic Hill ကုန်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး၊ ကနေဒါနဲ့ အိုင်ယာလန်နိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။
(ရိုက်ကူးပေးပို့ - ဖိုးသား(ပျဉ်းမနား))
ထူးခြားသော ဆွဲငင်အား နေပြည်တော်ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီးမှာ ထူးခြားတဲ့ ဆွဲငင်အားတစ်ခု ဖြစ်ပေါ်နေပါတယ်။ ကွန်ကရစ်လမ်းမပေါ်မှာ ဂီရာ ဖရီးထားတဲ့ကားတွေဟာ ဆွဲငင်အားတစ်ခုကြောင့် အထက်သို့ ပြန်လည် တက်နေတဲ့ဖြစ်ရပ်ပါ။ အဲ့ဒီနေရာဟာ တောင် ကုန်းပေါ် ကျရောက်နေတာကြောင့် လေတိုက်မှုကြောင့် ဟု ထင်မှတ်နိုင်သော်လည်း အမှန်တကယ် လက်တွေ့ သွားရောက်ကြည့်ရှု တဲ့အခါမှာ မြေကြီးအောက်မှာ ထူးခြားတဲ့ ဆွဲငင်အားတစ်ခုက ကား၊ သုံးဘီး သတ္တုနဲ့ ယာဉ်တွေကို ဆွဲ ငင်နေတာဖြစ်ပြီး ပိုမိုထူးခြားချက်က ကုန်းတက် တစ်ခု ဖြစ်နေကာ ကားများမှာ ဂီရာ ဖရီးထားလျှင် ရှေ့  သို့ လိမ့်မဆင်းဘဲ နောက်သို့ ဆွဲတတ်လာခြင်း ဖြစ်ပါတယ်။ အဆိုပါ နေရာဟာ နေပြည်တော် ပုဗ္မသိရီမြို့နယ် ခွာညိုပန်းအ၀ိုင်းမှ ဗုဒ္ဒဂါယာဘုရားဘက်သို့ ခြောက်မိုင်နှင့် ငါးဖာလုံခန့် သွားရောက်ရပြီး အောင်သီရိကျေးရွာအနီးမှာ ပါ။ ယမန်နေ့ ကြေးမုံသတင်းစာ ခေါင်းစီးပိုင်းတွင် သတင်းဖြစ် ပါရောက်ခဲ့သောကြောင့် ယခုအချိန် တွင် သွားရောက်စမ်းသပ်သူအများအပြားရှိပါတယ်။ ယင်းနေရာသို့ မရောက်မီ လေးဖာလုံခန့်တွင် လည်း ယမန်နေ့ က နိုင်ငံတော်သမ္မတကိုယ်တိုင် ထီးတောင်တင်ခဲ့သည့် ဗုဒ္ဒဂါယာဘုရား တည် ရှိနေသောကြောင့် တရားပွဲများနှင့်စည်ကားလျက်ရှိပါသည်။
ထင်အောင်ကျော်
၂၅.၅.၂၀၁၃
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုကော်မတီဝင်များ၏ ပထမဆုံး အစည်းအဝေး ယနေ့ (မေ ၂၇) တွင် ပြုလုပ်မည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ရွေးချယ်ထားသည့် ဗဟိုကော်မတီဝင်များ၏ ပထမဆုံး အစည်းအဝေး ယနေ့ (မေ ၂၇) တွင် ပြုလုပ်မည်
27.5.2013
ပြီးခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ရွေးချယ်ထားသည့် ဗဟိုကော်မတီဝင်များ၏ ပထမဆုံး အစည်းအဝေးကို မေ ၂၇ ရက်(ယနေ့) ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် နံနက် ၉ နာရီမှစ၍ ဆွေးနွေးမှုများ ပြီးဆုံးသည်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မတ် ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး စုစုပေါင်း ဗဟိုကော်မတီဝင် ၁၂၀ ဦး ရွေးချယ်ခဲ့ကာ ယင်းကော်မတီဝင်များ၏ အစည်းအဝေးကို ယခုမှ ပထမဆုံး ကျင်းပခြင်းဖြစ်သည်။
ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးများမှတစ်ဆင့် ဥပဒေရေးရာ ကော်မတီ၊ ပညာရေးရာ ကော်မတီ၊ ကျန်းမာရေး ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ဗဟိုလူမှု အထောက်အကူပြုအဖွဲ့၊ ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့၊ စီးပွားရေးလုပ်ငန်း ကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ . . . .
အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး သဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဖွဲ့စည်းထားသည့် ကော်မတီများ၏ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်မှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများ၏ လက်ရှိအခြေအနေများကိုလည်း တင်ပြသွားရမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းတစ်ခုစီကို ဆယ်မိနစ်စီ တင်ပြခွင့်ပြုထားသည်ဟု တောင်ကြီးမြို့မှ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးများကိုမူ ပြီးခဲ့သည့် ဧပြီ ၈ ရက်မှစ၍ နှစ်ပတ်လျှင်တစ်ကြိမ် တနင်္လာနေ့တိုင်း ပြုလုပ်လျက် ရှိသည်။
ယင်းဗဟို အလုပ်အမှုဆောင် အစည်းအဝေးများမှတစ်ဆင့် ဥပဒေရေးရာ ကော်မတီ၊ ပညာရေးရာ ကော်မတီ၊ ကျန်းမာရေး ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ဗဟိုလူမှု အထောက်အကူပြုအဖွဲ့၊ ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့၊ စီးပွားရေးလုပ်ငန်း ကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ၊ အလုပ်သမားရေးရာ ကော်မတီ၊ ပြန်ကြားရေး ကော်မတီ၊ လွှတ်တော်လုပ်ငန်းဆိုင်ရာ ကော်မတီနှင့် လွှတ်တော်ရေးရာ ကော်မတီများကို ပြန်လည်ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။
EMG
မြေအောက်ရေပေးဝေစနစ် ၂၀၂၅ ခုနှစ်တွင် ဖျက်သိမ်းမည်ဟုဆို
မြေကျွံခြင်း၊ မြေသားနိမ့်ဆင်းခြင်းများကြောင့် ရန်ကုန်မြို့ မြို့နယ်အများစုတွင် သုံးစွဲနေသည့် မြေအောက်ရေပေးဝေစနစ် ၂၀၂၅ ခုနှစ်တွင် ဖျက်သိမ်းမည်ဟုဆို
27.5.2013
ရန်ကုန်မြို့တွင်း မြို့နယ်များအပြင် မြို့နယ် အတော်များများတွင် သုံးစွဲနေသည့် အ၀ီစိတွင်းတူး၍ မြေအောက်ရေ ရယူကာ ပေးဝေသည့် စနစ်ကို လာမည့် ၂၀၂၅ ခုနှစ်တွင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့တော်တွင် အ၀ီစိတွင်းများမှ ရေတူး၍ မြေအောက်ရေ ရယူသုံးစွဲသည့် စနစ်ကို မြို့တွင်းမြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာမြို့နယ်များအပြင် စမ်းချောင်း၊ ကြည့်မြင်တိုင် လှိုင်သာယာ၊ ဒဂုံတောင်၊ ဒဂုံမြောက် စသည့်မြို့နယ်များတွင်လည်း အသုံးပြုနေရကြောင်း၊ ရန်ကုန်မြို့တွင် အ၀ီစိတွင်းပေါင်း ၄၀၀ ကျော်ရှိပြီး အ၀ီစိတွင်း တူးများကာ မြေအောက်ရေ ထုတ်ယူသုံးစွဲမှု များပြားလာပါက မြေမျက်နှာပြင် နိမ့်ဆင်းခြင်း၊ မြေကျွံခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာနိုင်ခြင်းကြောင့် လာမည့် ၂၀၂၅ ခုနှစ်တွင် လုံးဝမသုံးတော့ဘဲ ဖျက်သိမ်းသွားတော့မည်ဖြစ်ကြောင်း သိရသည်။
"လက်ရှိ ရန်ကုန်မှာ အ၀ီစိတွင်းပေါင်း ၄၀၀ ကျော်တူးပြီး အဲဒီကနေ ရေပေးဝေနေတယ်။ အ၀ီစိတွင်းတွေက ထပ်တူးဖို့လည်း အကန့်အသတ် ရှိနေတယ်။ မြေအောက်ရေ ထုတ်ယူသုံးစွဲတာများရင် မြေကျွံတာတွေ၊ မြေနိမ့်တာတွေ ဖြစ်နိုင်တယ်။ အဲဒီအတွက် ထပ်မတူးတော့တဲ့အပြင် လက်ရှိသုံးနေတဲ့ မြေအောက်ရေ စနစ်ကိုလည်း လာမယ့် ၂၀၂၅ ခုနှစ်မှာ လုံးဝကို ဖျက်သိမ်းသွားတော့မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အ၀ီစိတွင်းများမှ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကို လုံးဝဖျက်သိမ်းသွားပါက လက်ရှိ အ၀ီစိတွင်းတူး သုံးစွဲနေရသည့် မြို့နယ်များအား ရေလှောင်ကန်များ၊ ဆည်များနှင့် မြစ်ရေကို သန့်စင်ပေးဝေသည့် စနစ်များဖြင့် ရေအားဖြည့် ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရေအားဖြည့် ပေးဝေနိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း စသောမြို့နယ်များနှင့် လှိုင်သာယာ မြို့နယ်တို့ကို တစ်နေ့ရေဂါလန် သန်း ၂၀၀ ခန့်အထိ သန့်စင်ပေးဝေနိုင်မည့် လှိုင်သာယာ အနီးရှိ ကုက္ကိုဝ မြစ်ရေပေးရေး စီမံကိန်းအတွက် လေ့လာတိုင်းတာမှုများအား ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီတစ်ခုက တစ်နှစ်အတွင်း အပြီးပြုလုပ်သွားမည်ဖြစ်ပြီး နောက်ပိုင်းရေပေးဝေ သွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် လက်ရှိအ၀ီစိတွင်းတူး သုံးနေသော ဒဂုံတောင်၊ ဒဂုံမြောက် မြို့နယ်များ အတွက်လည်း လဂွန်းပြင် ဆည်ရေစီမံကိန်းကို ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် စတင်နိုင်ရန် စီစဉ်ထားသည်။
ရန်ကုန်မြို့တော်တွင် လက်ရှိ တစ်နေ့လျှင် ရေဂါလန် သန်း ၁၆၀ ပေးဝေနေပြီး မြို့နေလူထု၏ ၆၅ ရာခိုင်နှုန်းကိုသာ ရန်ကုန်မြို့တော် စည်ပင်မှ ရေပေးဝေနိုင်သည်။
EMG
ရန်ကုန်မြို့တွင်းရှိ မြို့နယ်တစ်ခု၌ လက်နှိပ်တုံကင်အသုံးပြု၍ ရေသယ်ယူနေစဉ်
၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ကမ္ဘာကျော်သောမိန့် ခွန်း
အမေရိကပြည်ထောင်စု နယူးယောက်မြို့ ကို ရောက်ရှိလာတဲ့  -၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့  ကိုကိုကြီးတို့ ဟာ မေလ-၂၅-၂၀၁၃-ခုနှစ်မှာ နယူးယောက်တက္ကသိုလ်ခန်းမ၌ မြန်မာမိသားစုများနဲ့  လူထုတွေ့ ဆုံပွဲကို ကျင်းပခဲ့ ပါတယ် ။ အဲဒီတွေ့ ဆုံပွဲမှာ ဟောပြောပွဲအပြီး မေးမြန်းခန်းကို စတင်ရာမှာ မူဆလင်ဘာသာဝင်တဦးက အိမ်ရှင်ဆိုတဲ့  စကား ဧည့်သည်ဆိုတဲ့ စကားကို စတင်မေးမြန်းပြီး နိုင်ငံသားဖြစ်သူများအကြောင်းနဲ့  မေးမြန်းတာကို -၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က အခုလို ပြတ်ပြတ်သားသားဘဲ သူ့ ရဲ့  ရပ်တည်ချက်ကို ခိုင်မာစွာ ထုတ်ဖေါ်ကြေညာသွားပါတယ် ။ ၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့  ကမ္ဘာကျော်သောမိန့် ခွန်းအဖြစ်  တင်ဆက်ပေးလိုက်ပါတယ် ။
မင်းကိုနိုင် ။။။။။။။။။။။။။။
              ကမ္ဘာ့ဟင်းလေးအိုးကြီးလို့ ခေါ်တဲ့ တကမ္ဘာလုံးမှာရှိတဲ့  ယဉ်ကျေးမှုတွေ အကုန်လုံးကို ရောကြိုချက်ပြီးတော့ မြိန်မြိန်ယှက်ယှက် အရာသာရှိရှိ စားသုံးနေတဲ့  အမေရိကပြည်ထောင်စုမှာတောင်မှ ဟိုဖက်မက္ကဆီကို နယ်စပ်မှာ ဘာကြီးနဲ့  ကာထားသလဲဆိုတာ လူတွေသိကြပါတယ် ။ ဆိုလိုတာက ဒီလောက်တောင်ပွင့်လင်းပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့  နိုင်ငံတောင်မှ သူ့ နိုင်ငံသားဖြစ်ဖို့  အတိုင်းအတာသတ်မှတ်ပြီး စီစစ်ပြီးမှ လက်ခံရပါတယ်။ ဒီမှာဘယ်လောက်နေပြီးမှ နိုင်ငံသားဖြစ်ရမယ်။ သာမန်စကားအားဖြင့် ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့ တိုင်းပြည်ရဲ့  -၁၃၅-မျိုးသော ဘာသာစကားကို တခုမှ မတတ်ဘဲနဲ့  သူ့ ဘာသာကို ပြောနေတဲ့  သူ့ ဘာသာတခုထဲ တတ်တဲ့  လူမျိုးတွေအများကြီး ရှိနေပါတယ်။ နိုင်ငံသားဖြစ်နေတယ် ။ ပြီးခဲ့ တဲ့  အမှောင်ခေတ်တလျှောက်လုံးမှာလဲ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေရဲ့  အကျင့်ပျက်တွေကြောင့် လူတဦးထဲ ကဒ် နှစ်ကဒ် သုံးကဒ်တွေရှိနေတဲ့ လူရှိတယ် ။
     အဲဒီလိုဆိုတော့ နိုင်ငံသားဖြစ်မှုဆိုတဲ့  ကိစ္စ ပေါ့ပေါ့တန်တန် ပြီးစစလွယ် မဟုတ်တော့ဘူး။ ကျွန်တော်တို့  အများကြီး စီစစ်ဖို့ လိုပါတယ် ။ ဘယ်တုံးကစပြီးတော့ နေခဲ့ တာလဲ ။ မနေ့ တနေ့ ကမှ ခိုးဝင်လို့  ပိုက်ဆံပေးပြီး ကဒ်တွေဖြစ်နေတာလား ။ ဘိုးဘွားလက်ထက်ကတည်းက နေလာပြီးတော့ ဒီမြေဒီရေပေါ်မှာ အေးအတူ ပူအမျှ နေလာခဲ့ တာလား။ အဲဒီအချက်က တကယ်အရေးကြီးပါတယ် ။ အဲဒီတော့ ကျွန်တော်တို့  မြင်ရတဲ့ အခါမှာ အထူးသဖြင့် တိုက်တိုက်ဆိုင်ဆိုင် မိတ္ထီလာမှာ တယောက်က ကျွန်တော့်ကို ထပြီးမေးတယ် ။ မိတ္ထိလာကိစ္စမဖြစ်ခင် အိန္ဒိယဘက်က အိန္ဒိယဘက်က ဖြစ်ရင်ဖြစ်မယ်- ပါကစ္စတန်ဘက်ကဖြစ်ရင်ဖြစ်မယ်- ဘင်္ဂလီဘက်ဖြစ်ရင်ဖြစ်မယ်ပေါ့- အဲဒီဖက်က သွေးနီးတဲ့  သူတဦးက ပြောပါတယ် ။ သူတို့ ဟာ အနှိမ်ခံရပါတယ်တဲ့  ။ နိုင်ငံသားဖြစ်ပါလျှက်နဲ့  နိုင်ငံသားတစ်ယောက်ရဲ့  အခွင့်အရေး မရဘဲနဲ့  နှိမ်ချခံရတယ် ။ ခွဲခားဆက်ဆံမှု ခံနေရပါတယ် ။ အဲဒါတွေက တရားမျှတမှု ရှိပါသလား ။ ကျွန်တော်တို့ ကို ဘယ်လို သဘောထားပါသလဲ ။
    ကောင်းပါပြီ ။ တစ်အချက် -နိုင်ငံသား ဖြစ်တယ်ဆိုတာ သေချာပါသလား ။  ဗမာစကားပြောတတ်ရုံနဲ့  တိုင်းရင်းသားဘာသာစကားတစ်ခုကို ပြောတတ်ရုံနဲ့  နိုင်ငံသားမဖြစ်သေးပါဘူး ။ ကျွန်တော်တို့ ဆီမှာ အားလုံးသဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ နိုင်ငံသားဥပဒေတစ်ခုရှိတယ် ။ အဲဒီမှာလဲ လိုအပ်ချက်အရ ကျွန်တော်တို့  ဒီလောက်ဗျာ- သန်းပေါင်းထောင်ချီရှိနေတဲ့  နိုင်ငံကြားမှာ ညှပ်နေတယ် ။ ဒီနိုင်ငံကြားမှာ ရှင်သန်အောင် ကြိုးပမ်းနေရတဲ့  လူမို့ လို့  နိုင်ငံသားဥပဒေကို လုပ်ထားရတယ်။ အဲဒီဟာကို ကျွန်တော်တို့ က ကောင်းအောင်တော့ အပြီးသတ် ၀ိုင်း စဉ်းစားဖို့ လိုတယ် ။ အဲဒီလောလောဆယ်မှာတော့ နိုင်ငံသား ဥပဒေဟာ နိုင်ငံသား တကယ်ဖြစ်မဖြစ် ဘိုးဘွားလက်ထက်ကတည်းက နေထိုင်လာသူဖြစ်ပြီးတော့ နိုင်ငံသားစစ်ဖြစ်တယ်ဆိုရင် ကျွန်တော် ရဲရဲတင်းတင်း အာမခံမယ် ။ နိုင်ငံသားအခွင့်အရေးကို အပြည့်ရသင့်တယ် ။ ကျွန်တော်ကိုယ်တိုင် ရပ်တည်ပေးမယ် ။ လူ့ အခွင့်အရေးအတွက် ကျွန်တော်ကိုယ်တိုင် တိုက်ပွဲဝင်ပေးမယ် ။ သို့ သော် -----
     အဲဒီသို့ သော်ရဲ့  နောက်မှာ ပိုပြီး အရေးကြီးတဲ့  အချက်ရှိပါတယ် ။
   အခွင့်အရေး ယူချင်တယ် ဆိုရင် တာဝန်ယူမှု ရှိရပါမယ် ။  ( လက်ခုပ်သံများ )
အဓိကကတော့ ဘယ်ကိစ္စ မဆိုပါ ။ ဒီမိုကရေစီလိုချင်ရင် အခွင့်အရေးလိုချင်ရင် တာဝန်ယူမှု ရှိရမယ် ။ တာဝန်ယူမှုဟာ ကိုယ်တာဝန်ကျ နိုင်သမျှအားနဲ့  ၀င်ရောက်ရုန်းကန်ပြီးတော့ လှုပ်ရှားရမယ် ။ ရှေ့ကတာဝန်ကျသူက ပဲ့ ကိုင်တဲ့ သူက ကိုင်-ကြိုးဆွဲသူကဆွဲနဲ့  ဒါကို လုပ်ကို လုပ်ရပါ့မယ် ။ အဲဒီတော့ ကျွန်တော်တို့  ပြည်သူတွေကို ခုပြောချင်တာက ဒီမိုကရေစီနဲ့ ပတ်သက်လာရင် နိုင်ငံသားအခွင့်အရေးတွေ ဒါ ဘာသာရေးမျိုးကို ခွဲ ခြားမှာ မဟုတ်ဘူး။ ကျွန်တော် မွန်လူမျိုးတယောက်ဘဲ ။
      ဗမာတွေအတွက်ကော အားလုံးလိုလို ပြည်ထောင်စုသားတိုင်း နိုင်ငံသားတိုင်းမှာ ကျတဲ့  အခွင့်အရေးအတွက် ဟောပြောစည်းရုံးပြီး ကျွန်တော်ဒါတွေကို အားလုံးအကုန်လုံးပြောတယ် ။ ပြီးတဲ့ အခါကျရင် တာဝန်ယူမှု တွဲရင် အခွင့်အရေးနဲ့ တာဝန်ယူမှုဟာ တွဲကို တွဲနေရမယ် ။ ကျွန်တော်အစကနဦးက ပြောပြသွားပြီးပြီ ။
    အဲဒီတော့ တာဝန်ယူမှုဆိုတဲ့  နေရာမှာ ထပ်ပြီးတော့ တိကျအောင်ပြောမယ် ဆိုရင် ဟောဒီနိုင်ငံသားအဖြစ်နဲ့  အခွင့်အရေးအပြည့်ကို လိုချင်တယ်ဆိုရင် ဟောဒီနိုင်ငံနဲ့  အခြားတိုင်းတပါး နိုင်ငံနဲ့  အကျိုးစီးပွါး ယှဉ်လာပြီဆိုရင် သို့ မဟုတ် စစ်တိုက်ရတာမျိုး ဖြစ်ဖြစ်ပေါ့- ရင်ဆိုင်ရပြီဆိုရင် ပြည်တွင်းကနေပြီးတော့ သူခိုးဒါးရိုးကမ်း မဖြစ်ဘဲနဲ့  ငါကိုယ်တိုင် ရှေ့ဆုံးက ရင်ကော့ပြီး တိုက်မယ်- ( လက်ခုပ်သံများ ) --  အဲဒီစိတ်ဓါတ်မျိုး ရှိတယ်ဆိုရင် ကျွန်တော်တို့ ဟာ ခင်ဗျားတို့ ရဲ့  နိုင်ငံသားစစ်စစ်နဲ့  ဘ၀-လူ့ အခွင့်အရေး -လူ့ ဂုဏ်သိက္ခာနဲ့  ခင်ဗျားရှေ့က ကျွန်တော်တက်ပြီးတော့ ရပ်ပါ့မယ်လို့  ဂတိပြုပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် ) 
ပြင်သစ် စစ်သား ကို နောက်ကျောမှ လည်လှီး မှု ဖြစ်ပွါး
Myawady News's photo.
 အနားအကပ်ရင် သတိ ..
ပြင်သစ် စစ်သား ကို နောက်ကျောမှ လည်လှီး မှု ဖြစ်ပွါး 
Sunday, May 26, 2013
ပါရီ မြို့တွင် အကြမ်းဖက်သမား များ ကို နှိမ်နှင်းရန် ကင်းလှည့်နေ သော စစ်သားတစ်ယောက် အား အရပ်သားတစ်ဦး ကနောက်ကျော မှ ချည်းကပ် ဝင်ရောက် လာကာ ဓားတို ဖြင့် လည်ပင်း ကို လှီးပြီး ထွက်ပြေးသွားကြောင်း သတင်း ရရှိပါသည်။
အဆိုပါ အကြမ်းဖက်သမား မှာ လွတ်မြောက် နေပြီး ဖမ်းစီး နိုင်ရန် အတွက် ပါရီ မြို့ တွင် ရဲများ က ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း သိရှိရပါသည်။
အတိုက်ခိုက် ခံရသော စစ်သားမှာ အသက် အန္တရယ် စိုးရိမ်မှုမှ လွတ်မြောက် သွားပြီ ဆေးကုသမှု ခံယူနေကြောင်း သိရှိရပါသည်။
ဗြိတိန်တွင် စစ်သား တစ်ယောက် အသတ်ခံရ မှု အပြီး တစ်ရက် အကြာတွင် ပြင်သစ်တွင် စစ်သားတစ်ယောက် တိုက်ခိုက်ခံရမှုကြောင့် အမေရိကန် တွင် လုံခြုံရေးကို အထူး တိုးမြင့် ချထားကြောင်း သိရှိရပါသည်။
ပြင်သစ် သည် မာလီ နိုင်ငံတွင် အစ္စလာန်မစ် စစ်သွေး ကြွများ အား တက်ကြွစွာ ချေမှုန်း သုတ်သင်နေသော နိုင်ငံဖြစ်သည်။
အီသီယိုးပီးယားတွင် ရောက်ရှိ နေသော ပြင်သစ် သမ္မတ က အဆိုပါ တိုက်ခိုက်မှု အပြီးတွင် အစ္စလာန်မစ် စစ်သွေး ကြွများ အား တရားသော စစ် ဆင် နွှဲ၍ အမြစ်ပြတ် ချေမှုန်း သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
အကြွေး တွေလျှော်လေ..အဘတွေ ..ပျော်သလေ..။
ချွင် ချွင်
မချိုမချဉ် မျက်နှာ
စစ်အစိုးရ အသက်ဆက်ခဲ့ရတဲ့ ဂျပန်အကြွေး ယန်း ၅၀၀ ဘီလျံက ၃၀၀ ဘီလျံ ကို ရှော့ပေး၊
 US ဒေါလာသန်းပေါင်း ၅၀၀ကျော်အား ဂျပန် ၀န်ကြီးချုပ်ရှင်ဇိုးအာဘေး စံ ပံ့ပိုး မည် ။
အာဘေးကတော့ တွေးနေမှာပဲ .... ငါ့တို့နိုင်ငံကိုကြတော့ အကြွေးတွေ ပြန်မပေးပဲ ....
မင်းခမ်းမင်းနားနဲ့ နေနေကြပါလား ဆိုပြီး.......
တိုင်ပေကို ဂိုးမရှိ သရေကစားပြီး မြန်မာ အမျိုးသမီးအသင်း အာရှခြေစစ်ပွဲ အောင်
Myanmar Football Federation
၂၀၁၄ အာရှအမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲအောင်မြင်ခဲ့ သည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း သည် မေလ(၂၇) ရက်နေ့ မြန်မာ စံတော်ချိန် နံနက်(၇)နာရီ တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
နယူးယောက်ြမို့ မှာ မြန်မာမိသားစုတွေနဲ့ကိုမင်းကိုနိုင်နဲ့  ကိုကိုကြီးတို့  တွေ့ ဆုံပွဲ
http://www.youtube.com/watch?v=j31gM9jMQpM&feature=youtu.be
http://www.youtube.com/watch?v=bKKOQrrCsgM&feature=youtu.be
 အဲဒီတွေ့ ဆုံပွဲမှာ အိမ်ရှင်နဲ့  ဧည့်သည် လို့  ခေါ်ဝေါ်သုံးနုံးတာနဲ့  ပါတ်သက်လို့  လက်မခံလိုတဲ့  သူတဦးက မေးမြန်းရာကိုလဲ -၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က နိုင်ငံသားဖြစ်ခြင်းနဲ့  တာဝန်ယူတတ်ရခြင်း ဆိုတာကို ကမ္ဘာကျော်သော မိန့် ခွန်းအဖြစ် အခုလို ဖြေဆိုသွားပါတယ် ။
အမေရိကပြည်ထောင်စု နယူးယောက်မြို့ မှာ -၈၈-ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက -၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အခုအချိန်မှာ ပြင်ဆင်ရန် အကောင်းဆုံးအချိန်လို့  ပြောဆိုဆိုတဲ့  ကမ္ဘာကျော်သောမိန့် ခွန်းများအဖြစ် အပိုင်း-၂-ခုစလုံးကို ဖေါ်ပြပေးလိုက်ပါတယ် -
စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်” ကို ရွေးချယ်
by Htain Linn (Notes) on Sunday, May 26, 2013 at 3:00am
Citizen of Burma Award Organization
 www.citizenofburma.org
          ၂၀၁၃ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲအခမ်းအနားကို မေလ ၂၆ ရက်နေ့ နေ့လယ်မှ စ၍ တောင်ကိုရီးယားနိုင်ငံ ပူချွန်းမြို့ဆိုးဆာမြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
          ပြည်သူ့ဂုဏ်ရည်အသင်းက ယခုနှစ် စတုတ္ထအကြိမ်ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်” ကို ရွေးချယ်ချီးမြၟင့်ခဲ့သည်။
          ပြည်သူ့ဂုဏ်ရည်အထူးဆု ၃ ဆုကိုလည်း ရွေးချယ်ချီးမြၟင့်ခဲ့ပြီး ဆုရှင်များအဖြစ် မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဦးနေမျိုးဇင်၊ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” လူမှုကွန်ရက်လှုပ်ရှားမှုများကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ တနိုင်တပိုင် သောက်ရေသန့်နည်းပညာဖြန့်ဝေနေသူ ဦးသန်းနိုင် တို့ကို ရွေးချယ်ခဲ့သည်။
          ပြည်သူ့ဂုဏ်ရည်ဆုရှင်အနေဖြင့် ဆုတံဆိပ်၊ဂုဏ်ပြုလက်မှတ်နှင့် ငွေသား အမေရိကန်ဒေါ်လာ ၁၀၀၀၀ (တစ်သောင်း) ရရှိမည်ဖြစ်ပြီး ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်များအနေဖြင့်ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ် နှင့် ငွေသား အမေရိကန်ဒေါ်လာ ၁၀၀၀ (တစ်ထောင်) ရရှိမည်ဖြစ်ပါသည်။
          ဆုရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့၌လည်းမကြာမီ ကျင်းပသွားမည်ဖြစ်ပါသည်။
          ၂၀၁၄ ခုနှစ် ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့တွင် ကျင်းပမည်ဖြစ်ပါသည်။
ပြန်ကြားရေးအဖွဲ့
ပြည်သူ့ဂုဏ်ရည်အသင်း
ရဲလေးနှင့် မအေးမြအောင်တို့ ၏ မင်္ဂလာ ဧည့်ခံပွဲ
အဆိုတော်ရဲလေး နှင့် မအေးမြအောင်တို့ ၏ မင်္ဂလာ ဧည့်ခံပွဲ ကို မေလ ၂၆ ရက် နံနက် ၁၀ နာ၇ီ အချိန် က Stand Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ပရိသတ်အချစ်တော်သရုပ်ဆောင်အဆိုတော်အနုပညာရှင်တစ်ဦးဖြစ်သည့်ရဲလေး နှင့်ယနေ့ နိုင်ငံတော်အစိုးရအဖွဲ့ ဝင်သမ္မတရုံးဝန်ကြီးဋ္ဌာန(၄)ပြည်ထောင်စုဝန်ြ့ကီးဦးအောင်မင်း၏သမီးဖြစ်သူ
မအေးမြအောင်တို့ ဇနီးမောင်နှံ၏မင်္ဂလာဦးဆွမ်းကျွေးအလှူပွဲကိုပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ ကမဟာစည်
သာသနာ့ ရိပ်သာတွင် ကျင်းပ ပြုလုပ်ခဲ့ပြီးလည်း ဖြစ်သည်။
 သတင်းဓာတ်ပုံ- ရဲရဲ
ရဲလေး နှင့် အေးမြအောင် တို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေး
သန်လျင် မူလတန်းကျောင်းမှာလွန်ဆွဲတဲ့ဦးလေးအာဘေး
25.5.2013 ညနေ ၄း၃၀ တွင် ၇န်ကုန်မြို ကန်တော်ကြီးပတ်လမ်းနှင်.ဘိုးစိန်လမ်းဒေါင်.ရှိ chattin hotel တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ်
အာဘေးနှင့် ဇနီး ဂျပန်စစ်သင်္ချိုင်းသို့ သွားရောက် ဂါရ၀ပြု ကန်တော့စဉ်
အာဇာနည်ကုန်းမှာ
နိုင်ငံတော်သမ္မတဦးသိန်းစိန် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး စံ အားလက်ခံတွေ.ဆုံ
ဖိနပ်ချွတ်ကြမ်းပြင်ပေါ် ပစ်ချထားခံလိုက်ရတဲ့၁၅၀၀ ဖုန်းကဒ်လျှောက်လွှာများ
လုပ်ချင်သလို လုပ်ခွင့်မရလို့ ဖြစ်ချင်သလို ဖြစ်ဆိုပြီး ဖိနပ်ချွတ်ကြမ်းပြင်ပေါ် ပစ်ချထားခံလိုက်ရတဲ့ လပွတ္တာမြို့မှ ၁၅၀၀ ဖုန်းကဒ်လျှောက်လွှာများ......
မြို့နယ်အာဏာပိုင် ဦးဆောင်သောကော်မတီ အစီအစဉ်ဖြင့် ၂၄.၅.၂၀၁၃ နောက်ဆုံး သတ်မှတ် ထားသော လျှောက်လွှာများကို ရပ်ကွက်ကျေးရွာရုံးများသို့ ပြောင်းလဲလျှောက်ထားရန် ညဖက်မှာ မိုက်ခ် နဲ့ကြေငြာပြီး ၂၅ မနက် ဆက်သွယ်ရေးရုံးရှေ့ကြမ်းပြင်နှင့် မြက်ခင်းပေါ်တွင် စက္ကူစုတ်များလို ပစ်ချထားရာ မြို့သူမြို့သားများ လေးဘက်ထောက်၍ ရွေးကောက်ပွဲ ဝင်နေကြရပုံများပါ။ ကြိုက်တဲ့လူယူ ကြိုက်သလောက်ယူ ကြိုက်သလိုသုံး(ကွမ်းယာပဲထုတ်ထုတ်) စနစ်ဖြင့် စည်းကမ်းမဲ့ တာဝန်မဲ့စွာ ပြည်သူကို စော်ကားနှိပ်ကွပ်သော လူသားမဆန်သော လုပ်ရပ်ကို ဦးဆောင်စီစဉ်သည့် မြို့နယ်မှ တာဝန်ရှိပုဂ္ဂိုလ်တို့၏ တာဝန်မဲ့လုပ်ရပ်ကို နိင်ငံတော်နှင့် ပြည်သူအားလုံး မျက်ဝါးထင်ထင်မြင်ကြရအောင် အဆင့်ဆင့်တင်ပြပေးကြပါဦး။ အရင်တစ်ပတ်က ၁၅၀၀ ကဒ်များကိုလည်း မြို့ပေါ်ဆိုင်တစ်ချို့မှာ ၄/၅၀၀၀၀ ဖြင့် လက်သိပ်ထိုး လိုသလောက် ရနေပါတယ်။ ရှုပ်ထွေးသော ခွဲဝေမှူ ပုံစံအမျိုးမျိုးဖြင့် တစ်သုတ်ကို သုံးခါခွဲ မဲနှိုက် ခေါင်းစဉ်အမျိုးမျိုးပြခွဲတမ်းချစားနေသည့်အတွက် မြို့သူမြို့သားများ နစ်နာခံပြင်းနေ ကြရသည်ကို သက်ဆိုင်ရာအထက်လူကြီးမင်းများမှ စီစစ်ရှင်းလင်း သိက္ခာဆယ်ကြပါဦးဗျို့။
Thit Lwin Thant
www.facebook.com/soekyawthu0