Tuesday, May 28, 2013

ရဲလေး နှင့် အေးမြအောင် တို့ရဲ့ မင်္ဂလာဧည့်ခံပွဲ ဗီဒီယို


ဦးအောင်မင်းကတော့ကချင်တွေဆီရောက်နေလို့အမေများနဲ့ပဲပွဲကျင်းပခဲ့ပါတယ်...



by http://info.myanmarcelebrity.com/2013/05/video-ye-lay-aye-mya-aungs-wedding.html r

ကင်ဆာ ဖြစ်စေနိုင်သည့် တရုတ်ဆန်များ နယ်စပ်မှတစ်ဆင့် ၀င်လာနိုင်၍ ထိထိရောက်ရောက် စစ်ဆေးရန်လို




29.5.2013

တရုတ်ဆန် အချို့တွင် ကင်ဆာဖြစ်စေနိုင်သည့် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းတစ်မျိုး ပါဝင်နေကြောင်း၊ ထို့အတွက် စားသုံးရန် မသင့်ကြောင်းနှင့် ဆန်စက်လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ဆန်များကို ပြန်လည်သိမ်းဆည်းခြင်း ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်၊ ကွမ်ကျိုးမြို့၌ စားသုံးလျက်ရှိသော ဆန်နှင့်ဆက်စပ် စားသောက်ကုန် အချို့တွင် ကင်ဆာဖြစ်စေနိုင်သည့် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်း တစ်မျိုးဖြစ်သော Cadmium ဓာတ် ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

စားသောက်ဆိုင်နှစ်ခုမှ စားသောက်ဖွယ်ရာများကို စတင်စစ်ဆေးရာမှ နောက်ဆုံးတွင် ဆန်တွင် အဆိုပါဓာတ် ပါဝင်နေခြင်းဖြစ်ကြောင်း ကွမ်ကျိုးမြို့ အစားအသောက်နှင့် ဆေးဝါးစီမံ ခန့်ခွဲရေးဌာနမှ စစ်ဆေးတွေ့ရှိကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကွမ်ကျိုးမြို့ ဆန်နှင့် ဆက်စပ်ထွက်ကုန်များ၏ ၄၄ ဒသမ ၄ ရာခိုင်နှုန်းတွင် အဆိုပါဓာတ် ပါဝင်နေကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကျူကျိုးမြို့ရှိ ဆန်စက်သုံးခုမှ ကြိတ်ခွဲရောင်းချသည့် ဆန်များတွင်လည်း အဆိုပါဓာတ် ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရ၍ ဆန်စက်သုံးလုံးအား ရပ်ဆိုင်းထားရန်နှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးထားသော ဆန်များကို ပြန်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက "Cadmium ကို CD လို့ ခေါ်တယ်။ အဲဒီဓာတ်က ဇင့်၊ ပြဒါးဓာတ်တွေနဲ့ တူတယ်။ သတ္တုတူးဖော်ရေး လုပ်ငန်းတွေရဲ့ အောက်ဘက်မှာရှိတဲ့ မြစ်ကမ်းတစ်လျှောက်က သီးနှံနဲ့ ရေတွေမှာ ပါဝင်နေတတ်တယ်။ ကင်ဆာမျိုးစုံ၊ နှလုံးနဲ့ ကျောက်ကပ်ကို အဓိက ထိခိုက်တယ်။ အရင်တုန်းက ဂျပန်မှာ အဖြစ်များခဲ့ဖူးတယ်။ သတိထားသင့်တယ်" ဟု ပြောပြသည်။

အဆိုပါ ဆန်များအား တရုတ်နိုင်ငံရှိ စစ်ဆေးတွေ့ရှိရာ ဒေသများတွင် သိမ်းဆည်းဖျက်ဆီး ခဲ့သည်ဆိုပါက အကြောင်းမဟုတ်သော်လည်း ပတ်ဝန်းကျင် နိုင်ငံများသို့ ဈေးပေါပေါဖြင့် တရားမ၀င် လမ်းကြောင်းမှတစ်ဆင့် ရောင်းချခြင်း၊ ဆန်အနေဖြင့် မဟုတ်ဘဲ စားသောက်ကုန်အဖြစ် Value Added အဆင့် ပြုလုပ်ရောင်းချခြင်းများ ပြုလုပ်လာပါက စိုးရိမ်စရာဖြစ်၍ သတိပြုသင့်ကြောင်း စားသုံးသူများက ပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်တွင် တရားမ၀င် ဆန်မှောင်ခိုမှုများအား ထိရောက်စွာ စစ်ဆေးရန်လိုကြောင်း တရုတ်နိုင်ငံဖြင့် ကုန်သွယ်မှု ပြုလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးက "ဖျက်ပစ်ရင် အကြောင်းမဟုတ်ဘူး။ ဆန်အနေနဲ့ပဲဖြစ်ဖြစ် စားသောက်ကုန် လုပ်ပြီးပို့ရင်ပဲဖြစ်ဖြစ် ၀င်လာနိုင်တယ်။ ၀င်လာမယ်လို့ပြောတာ မဟုတ်ဘူး။ ၀င်လာနိုင်တယ်။ နယ်စပ်ကနေပဲ တရားမ၀င် ၀င်လာနိုင်တယ်။ ဥပမာ-မြန်မာက ဆန်ကိုဝယ်မယ် အပြန်မှာ အဲဒီဆန်တွေကို အပေါဆုံးဈေးနဲ့ ပြန်ထည့်ပေးလိုက်နိုင်တယ်။ မြန်မာနိုင်ငံကိုလည်း ၀င်လာနိုင်သလို အခြားနီးစပ်တဲ့ နိုင်ငံတွေကိုလည်း ရောက်သွားနိုင်လို့ စိစစ်ဖို့လိုတယ်လို့ ပြောတာပါ" ဟု ပြောပြသည်။


မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကုန်စည်သယ်ဆောင်သည့် ကားများအားတွေ့ရစဉ်
ကင်ဆာ ဖြစ်စေနိုင်သည့် တရုတ်ဆန်များ နယ်စပ်မှတစ်ဆင့် ၀င်လာနိုင်၍ ထိထိရောက်ရောက် စစ်ဆေးရန်လို

29.5.2013

တရုတ်ဆန် အချို့တွင် ကင်ဆာဖြစ်စေနိုင်သည့် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းတစ်မျိုး ပါဝင်နေကြောင်း၊ ထို့အတွက် စားသုံးရန် မသင့်ကြောင်းနှင့် ဆန်စက်လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ဆန်များကို ပြန်လည်သိမ်းဆည်းခြင်း ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်၊ ကွမ်ကျိုးမြို့၌ စားသုံးလျက်ရှိသော ဆန်နှင့်ဆက်စပ် စားသောက်ကုန် အချို့တွင် ကင်ဆာဖြစ်စေနိုင်သည့် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်း တစ်မျိုးဖြစ်သော Cadmium ဓာတ် ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

စားသောက်ဆိုင်နှစ်ခုမှ စားသောက်ဖွယ်ရာများကို စတင်စစ်ဆေးရာမှ နောက်ဆုံးတွင် ဆန်တွင် အဆိုပါဓာတ် ပါဝင်နေခြင်းဖြစ်ကြောင်း ကွမ်ကျိုးမြို့ အစားအသောက်နှင့် ဆေးဝါးစီမံ ခန့်ခွဲရေးဌာနမှ စစ်ဆေးတွေ့ရှိကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကွမ်ကျိုးမြို့ ဆန်နှင့် ဆက်စပ်ထွက်ကုန်များ၏ ၄၄ ဒသမ ၄ ရာခိုင်နှုန်းတွင် အဆိုပါဓာတ် ပါဝင်နေကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကျူကျိုးမြို့ရှိ ဆန်စက်သုံးခုမှ ကြိတ်ခွဲရောင်းချသည့် ဆန်များတွင်လည်း အဆိုပါဓာတ် ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရ၍ ဆန်စက်သုံးလုံးအား ရပ်ဆိုင်းထားရန်နှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးထားသော ဆန်များကို ပြန်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက "Cadmium ကို CD လို့ ခေါ်တယ်။ အဲဒီဓာတ်က ဇင့်၊ ပြဒါးဓာတ်တွေနဲ့ တူတယ်။ သတ္တုတူးဖော်ရေး လုပ်ငန်းတွေရဲ့ အောက်ဘက်မှာရှိတဲ့ မြစ်ကမ်းတစ်လျှောက်က သီးနှံနဲ့ ရေတွေမှာ ပါဝင်နေတတ်တယ်။ ကင်ဆာမျိုးစုံ၊ နှလုံးနဲ့ ကျောက်ကပ်ကို အဓိက ထိခိုက်တယ်။ အရင်တုန်းက ဂျပန်မှာ အဖြစ်များခဲ့ဖူးတယ်။ သတိထားသင့်တယ်" ဟု ပြောပြသည်။

အဆိုပါ ဆန်များအား တရုတ်နိုင်ငံရှိ စစ်ဆေးတွေ့ရှိရာ ဒေသများတွင် သိမ်းဆည်းဖျက်ဆီး ခဲ့သည်ဆိုပါက အကြောင်းမဟုတ်သော်လည်း ပတ်ဝန်းကျင် နိုင်ငံများသို့ ဈေးပေါပေါဖြင့် တရားမ၀င် လမ်းကြောင်းမှတစ်ဆင့် ရောင်းချခြင်း၊ ဆန်အနေဖြင့် မဟုတ်ဘဲ စားသောက်ကုန်အဖြစ် Value Added အဆင့် ပြုလုပ်ရောင်းချခြင်းများ ပြုလုပ်လာပါက စိုးရိမ်စရာဖြစ်၍ သတိပြုသင့်ကြောင်း စားသုံးသူများက ပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်တွင် တရားမ၀င် ဆန်မှောင်ခိုမှုများအား ထိရောက်စွာ စစ်ဆေးရန်လိုကြောင်း တရုတ်နိုင်ငံဖြင့် ကုန်သွယ်မှု ပြုလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးက "ဖျက်ပစ်ရင် အကြောင်းမဟုတ်ဘူး။ ဆန်အနေနဲ့ပဲဖြစ်ဖြစ် စားသောက်ကုန် လုပ်ပြီးပို့ရင်ပဲဖြစ်ဖြစ် ၀င်လာနိုင်တယ်။ ၀င်လာမယ်လို့ပြောတာ မဟုတ်ဘူး။ ၀င်လာနိုင်တယ်။ နယ်စပ်ကနေပဲ တရားမ၀င် ၀င်လာနိုင်တယ်။ ဥပမာ-မြန်မာက ဆန်ကိုဝယ်မယ် အပြန်မှာ အဲဒီဆန်တွေကို အပေါဆုံးဈေးနဲ့ ပြန်ထည့်ပေးလိုက်နိုင်တယ်။ မြန်မာနိုင်ငံကိုလည်း ၀င်လာနိုင်သလို အခြားနီးစပ်တဲ့ နိုင်ငံတွေကိုလည်း ရောက်သွားနိုင်လို့ စိစစ်ဖို့လိုတယ်လို့ ပြောတာပါ" ဟု ပြောပြသည်။


မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကုန်စည်သယ်ဆောင်သည့် ကားများအားတွေ့ရစဉ်

EMG
EMG

လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြု ဗလီ နှင့် မိဘမဲ့ကျောင်းမီးရှို့ခံရ



၂၈ရက်နေ့ ည ၈ နာရီ ၀န်းကျင်ခန့်က လားရှိုးမြို့ မြို့မဈေးကြီး အနီးရှိ ဗလီတစ်လုံး မီးလောင်နေစဉ်

၈ရက်နေ့ ည ၈ နာရီ ၀န်းကျင်ခန့်က လားရှိုးမြို့ရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်း မီးလောင်နေစဉ်

Photo- EMG


============================================
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးသိန်းနီကားလမ်းဘေးတွင် မေလ(၂၇)ရက်နေ့ညနေ (၄း၀၀) နာရီခန့်က မအေးအေးဝင်း (ဘ) ဦးမောင်မောင်ဝင်း၊ (၎င်းရပ်ကွက် နေသူ)သည် တရုတ်ပြည်မှ ၀ယ် လာသော ဆိုင်ကယ် ဆက်စပ် ပစ္စည်းများနှင့် အထုပ်များကို ရေတွက်နေစဉ် ၎င်းနေရာအနီး သို့ဓာတ်ဆီ (ပလတ်စတစ်ဘူး) (၂)ဘူးဖြင့်ရောက်ရှိနေသောကိုနေ မင်း၊ (ဘ) ဦးဘရွှေ၊ (ကျိုင်းတုံမှ လာသူ)ဆိုသူက နောက်မှဓာတ် ဆီဖြင့်ခေါင်းကိုလောင်းချလိုက်ရာ အလန့်တကြားဖြင့် လှည့်ကြည့် စဉ်ကိုနေမင်းမှန်းသိ၍မျက်နှာချင်း ဆိုင်ရှိ အသိ အိမ်သို့ ပြေးဝင်ခဲ့ရာ ကိုနေမင်းသည် ထပ်ချပ်လိုက်လံ ပြီး ဓာတ်ဆီဖြင့် ထပ်မံပက်ဖျန်း နေခဲ့သည်။ (အိမ်ရှင်က ရေဖြင့် လောင်းဆော့ ကစားနေသည် ထင်၍မဆွဲမိပါ)ထို့နောက်ကိုနေ မင်းက မီးခြစ်ခြစ်ကာ မီးရှို့ရန် ကြံရွယ်နေစဉ် မအေးအေးဝင်းက အိမ်မီးလောင် မည်စိုး၍အပြင်ပြန် ထွက်လာခိုက် ကိုနေမင်းက မီး ခြစ်ဖြင့် ပစ်ပေါက် မီးရှို့ခဲ့ရာ ဦးခေါင်း၊နောက်ကျော၊ လက်နှစ် ဖက်နှင့် ခြေထောက်နောက်ဘက် နှစ်ဖက်စလုံးတို့မှာ မီးလောင်ဒဏ် ရာရရှိခဲ့သဖြင့် ရပ်ကွက်ပြည်သူ များက ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။ ဓာတ်ဆီဖြင့် လောင်း၍ မီးရှို့သူနေမင်း ထွက် ပြေးသွားရာ အနီးရှိ ပြည်သူများ က၀ိုင်းဝန်းဖမ်းဆီးခဲ့ပြီး အမှတ်(၁) ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေ အရအရေး ယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
၎င်းင်းဖြစ်စဉ်အကျိုးဆက်ကြောင့် လားရှိုးမြို့ရပ်ကွက် (၃)ဗလီ (၁)ခု နှင့် လားရှိုးမြို့ ရပ်ကွက် (၃) လမ်း မတော်လမ်းကြက်ခြေနီအသင်း ရှေ့ရှိ မိဘမဲ့မူဆလင်ကျောင်းကို ဒေသခံတချို့က မီးရှို့ခဲ့ကြောင်း မျက်မြင်ဒေသခံများကပြောကြား ခဲ့သည်။
ညဈေးတန်းဗလီသို့ ၀ိုင်းအုံ လာသောသူများကို ဗလီထဲမှ အက်ဆစ်ဖြင့်ပက်သောကြောင့် မီးရှို့ခဲ့ခြင်းဖြစ်ပြီး အက်ဆစ်ထိသူ ကိုရဲတပ်ဖွဲ့ကခေါ်ယူထားကြောင်း ရပ်ကွက် (၁၀) တွင် ည ၉ နာရီ ကျော် အချိန်ခန့် မော်တော် ဆိုင် ကယ် သုံးလေးစီးဖြင့် လူများက အက်ဆစ်ဖြင့် လိုက်ပက်သော ကြောင့် ရပ်ကွက်နေသူ များက နောက်မှ လိုက်လံ ဖမ်းဆီးနေ ကြောင်း (၃) ရပ်ကွက် အစ်္စလာမ် မိဘမဲ့စာသင်ကျောင်းကို မီးမရှို့ ရန် သံဃာတော်များက တားခဲ့ သော်လည်း နောက်ပိုင်းတွင် မီးရှို့ ခံရကြောင်း၊ စာသင်ကျောင်းနှင့် တွဲလျက်ဖွင့်ထားသော ဆိုင်ခန်း ၁၂ ခန်းခန့်လည်း မီးလောင်သွား ကာဆိုင်များမှပစ်္စည်းများကို လမ်း ပေါ်သယ်ယူဖျက်ဆီးကြကြောင်း၊ (၃) ရပ်ကွက် ABC (RC) တိုက် ခန်း ၁၀ခန်းခန့်လည်း မီးရှို့ဖျက် ဆီးခံရကြောင်း လားရှိုး ဆေးရုံ ကြီး၊ ရင်ခွဲရုံအနီးရှိ ဟာဂျီခင် မောင်သန်းအိမ်လည်း မီးရှို့ခံရ ကြောင်း၊ လားရှိုး ကားဝင်းအနီး တွင်ဆူပူပဋိပက္ခမှုများ၁၂ရပ်ကွက် ဘက်သို့ မကူးအောင် ပြည်သူ များက ပိတ်ဆို့ တားဆီးနေကြ ကြောင်း၊ ယင်းနေ့ ညနေပိုင်းက တည်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှဗိုလ်မှူးကြီးရောက် ရှိကာ ပုဒ်မ ၁၄၄ ထုတ်ရန် အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း၊ နယ်မြေခံ သတင်းသမားများ သတင်းယူရန် အခက်အခဲများစွာ ရှိနေကြောင်း သတင်းရရှိသည်။ ည ၁၀နာရီခွဲ ခန့်တွင် ဈေးဗလီ အောက်နားရှိ မင်းမင်း စတိုးဆိုင်ကို မီးရှို့ခဲ့ ကြောင်း၊ ချစ်တီး ထမင်းဆိုင်ကို လည်း မီးရှို့နေကြောင်း၊ ရပ်ကွက် (၉)ဗလီကိုမီးမရှို့သော်လည်းဖျက် ဆီးခဲ့ကြောင်း၊ လားရှိုးမြို့တွင် ည ၇ နာရီမှ မနက် ၅ နာရီ အတွင်း ညမထွက်ရန်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကိုလိုက်လံကြေညာ နေပြီဖြစ်ကြောင်း ထပ်မံ သိရ သည်။
-----------------------------------------------------------
ရှမ်းပြည်နဂါး (လားရှိုး)- Hot News
Ref:http://www.hotnewsweekly.com/archives/21282

ဆန္ဒပြနေတာကိုပျက်ရယ်ပြုတာမလုပ်သင့်ပါ။


by DVB

Press Briefing of Botahtaung Police Force after arresting Actor Ye' Deight
MC Page

ဆန်ရှင် ရုတ်လျှင် ဗိုလ်ချုပ်မှုးကြီး ဟောင်း မိသားစု အမေရိကန် မှာ စိန် ဆိုင်ဖွင့်မယ်



by FNG on May 25, 2013

HKT အမေရိကန် နိုင်ငံ က ဒဏ်ခတ် အရေးယူ ပိတ် ဆို့ ထား မှု များ ကို အပြီး တိုင် ဖယ်ရှား
လိုက် ပါ က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် အမေရိကန် နိုင်ငံ ကာလီဖိုးနီးယား
ပြည် နယ် ဉ် စိန် နှင့် ကျောက် မျက် ရတနာ အရောင်း ဆိုင် ဖွင့် လှစ် ရန် စီစဉ် ထား
သည် ဟု FNG မှ သိရှိ ရသည်။

ယခင် မြန်မာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် သူ၏
မိသားစုသည် စိန် စု ဆောင်း ခြင်း ကို ၀ါသနာ ပါ ပြီး  ဒေသတွင်း သာမက
ကမ္ဘာ တစ်လွှား မှ စိန် များ ကို ပါ ၀ယ်ယူ စု ဆောင်း သည်။

အမေရိကန် တွင် စိန်ဆိုင် ဖွင့်လှစ် ရန် အတွက် ကာလီဖိုးနီးယား ပြည်နယ် ရှိ ၎င်းတို့ နှင့်
ရင်း နှီး သည့် မိသားစု ကို စိန် အရောင်း ပြခန်း နေရာ ဖွင့် လှစ် မည့် နေရာ  ကို ကြည့် ရှု
ခိုင်းထား ပြီး ဖြစ် သည် ဟု ဆို သည်။

သူတို့  က တော့ လောလော ဆယ် ဒီမလာ နိုင် သေး ဘူး လေး Google Map ကနေ လှမ်းကြည့်ပြီး
ကြိုက် တဲ့ နေ ရာ လေး တွေ တွေ့ ရင် အမေရိကန် လူ ကို နေရာ နဲ့  ဈေးနှုန်း သွား စုံစမ်း
ခိုင်တာ ပေါ့ ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု နှင့် ရင်းနှီး သူ တစ်ဦး က FNG ကို ပြောသည်။

အမေကြိုင် က ဆန်တာ မော် နီ ကာ ၊ ဟောလိဝုဒ် (ဘီဗာလီ ဟေလ်း) ဘက် မှာ ဖွင့် ချင် တယ်။
ဆိုင်ခန်း ခ ဘယ် လောက် ပဲ ကျကျ ၊ အဖိုးကြီး လဲ ကယ်လီ ဖိုးနီးယား ကြိုက် တယ် ။ စိန် ကို အဓိက
ထား ရောင်း မှာ ကျောက်စိမ်း လည်း ပါမယ် ဟု ပြော သည်။

အမေရိကန် နိုင်ငံ က ဆန် ရှင် ရုပ်သိမ်းလျှင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သာမက  မြန်မာ စစ်ဗိုလ်ချုပ် များ
၊ စီးပွား ရေး လုပ်ငန်း  ရှင်များ သည် အမေရိကန် ဉ် စီးပွားရေး လုပ်ငန်း များ လာရောက် လုပ်
ကိုင် ကြမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မိသားစု လို ပင် လွှတ် တော် ဥက္ကဌ သူ ရ ဦးရွှေ မန်း မိသား စု သည် လည်း အမေရိကန်
ဉ် စီးပွား ရေး လုပ် ရန် ဆိုင်း ပြင်း နေသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုတွင် စိန် တစ် မျိုး တည်း ပင် အနည်း ဆုံး ဒေါ်လာ သန်း တစ်ထောင် ကျော်ဖိုး ရှိ မည် ဟု ရန်ကုန် မှ စိန် ကုန် သည် တစ်ဦး က ခန့် မှန်း သည်။

ဦးသန်းရွှေ မိသားစု  က အမေရိကန် တွင် ငှား မည့် စိန် ဆိုင် သည် လုံခြုံရေး ၀န်ဆောင် မှု ပါ သည့် အဆင့်မြင့် ဆိုင်ခန်း မျိုး ဖြစ် သည်။

၎င်း တို့  မိသားစု သည် စိန်လုပ် ငန်း နှင့် ပတ်သက် ပြီး နှစ်အတန် ကြာ အတွေ့ အကြုံ ရှိ ပြီး စိန် ဈေး ကွက်ကို လည်း နား လည် သည် ဟု သိရသည်။

မြန်မာ စစ်ခေါင်းဆောင် ဟောင်းများ သည် အမေရိကန် က ဆန် ရှင် ရုတ် မည် ကို မျှော် လင့် တကြီး စောင့်စားနေကြသည် ဟု သိရသည်။

တရုတ် ၊ ထိုင်း ၊ ဗီယက်နမ် ၊ ဟောင်ကောင်၊ စင်္ကာ ပူ ၊ တောင် ကိုးရီးယား နိုင်ငံ များ ဉ် ဗိုလ်ချုပ်မှုးကြီး ဟောင်းမိသားစု ၏ စီးပွား ရေး လုပ် ငန်း များ ရှိသည်။

မြန်မာ နိုင်ငံ မှ နိုင်ငံ ရေး နှင့် ပတ်သက်မှု မရှိ ဘဲ လာရောက် ကြသူ အများစု မှာ ကာလီဖိုးနီးယား ပြည်နယ် တွင်နေ ထိုင်ကြသည်။



freedomnewsgroup.com

The Daily Eleven သတင်းစာပို့သည့် ကားများအား အမြန်လမ်းမတွင် ဖြတ်သန်းခွင့် ပိတ်ပင်


 The Daily Eleven သတင်းစာပါ အမြန်လမ်းနှင့် ပတ်သက်သော အယ်ဒီတာ့အာဘော်ကြောင့် The Daily Eleven သတင်းစာပို့သည့် ကားများအား အမြန်လမ်းမတွင် ဖြတ်သန်းခွင့် ပိတ်ပင်

 Tuesday, 28 May 2013 12:33

 မေလ ၂၆ရက်ထုတ် The Daily Eleven သတင်းစာပါ အမြန်လမ်းနှင့် ပတ်သက်သော အယ်ဒီတာ့အာဘော်ကြောင့် The Daily Eleven သတင်းစာပို့သည့်ကားများအား အမြန်လမ်းမတွင် ဖြတ်သန်းခွင့်ပိတ်ပင်ကြောင်း အမြန်လမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သူ အင်ဂျင်နီယာမှူးကြီးဦးမျိုးမြင့်က ပြောကြားခဲ့ပါသည်။

မေလ ၂၇ရက် ညပိုင်းတွင် The Daily Eleven သတင်းစာပို့သည့်ကားများ အမြန်လမ်းမှတဆင့် နေပြည်တော်သို့ သတင်းစာပို့ဆောင်ရန် ထွက်ခွာစဉ် ယနေ့သည် နောက်ဆုံးဖြတ်သန်းခွင့်ပြုခြင်းဖြစ်ကြောင်း နောက်ရက်များမှစ၍ The Daily Eleven သတင်းစာပို့သည့်ကားများကို အမြန်လမ်းမအားဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန် Toll Gate မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ Eleven Media Group သည် The Daily Eleven သတင်းစာ စတင်ထုတ်ဝေသည့်အချိန်ဖြစ်သည့် မေလ ၃ရက်နေ့မှစ၍ အမြန်လမ်းမကြီးအား ပုံမှန်အသုံးပြုခဲ့ခြင်းဖြစ်ပြီးယခုအချိန်ကျမှ ဖြတ်သန်းခွင့် တားမြစ်ခံရခြင်းဖြစ်သည်။

အဆိုပါအယ်ဒီတာ့အာဘော်သည် မေ ၂၅ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သော ၁၁ဦးသေဆုံးခဲ့ရသည့် ယာဉ်မတော်တဆမှုအပေါ်အခြေခံကာ အမြန်လမ်းမ၏ လိုအပ်ချက်များအား ဝေဖန်ထောက်ပြ ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းအယ်ဒီတာ့အာဘော်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၄င်း၏ဖေ့ဘွတ်စာမျက်နှာမှတဆင့် ပြန်လည်တုံ့ပြန်ရေးသားခဲ့ပြီးဖေ့ဘွတ်တွင် ထင်မြင်ချက်မှတ်ချက်ပေးသူများနှင့်လည်း အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ယင်းနောက်ပိုင်းတွင် ယခုကဲ့သို့ The Daily Eleven သတင်းစာပို့သည့် ကားများအား ပိတ်ပင်ခံရမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ Eleven Media Group မှ မန်းနေးဂျင်းဒါရိုက်တာဒေါက်တာသိန်းမြင့်က “ဒီကိစ္စဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေ၊ နစ်နာသူတွေက သမ္မတကြီးကို လူမှန်၊ လူကောင်းအဖြစ် အားထားလို့တိုင်တယ်။ ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန်ကိစ္စမှာလည်း သမ္မတကြီးကိုတိုင်တယ်။ ဘာမှအရေးမယူဘူး၊ မစစ်ဆေးဘူး။ တိုင်တဲ့သူကိုတရားပြန်စွဲတယ်။ အခုလည်းဒီလိုအခွင့်အာဏာအလွဲသုံးတဲ့ တာဝန်ရှိသူတွေကို ကျွန်တော်တို့တိုင်မယ်။ သမ္မတကြီးဘယ်လိုအရေးယူမလဲ” ဟုပြောကြားခဲ့သည်။

ထို့နောက် “အကြောင်းအရာတွေကို ဆုံးဖြတ်တဲ့နေရာမှာ တပြေးညီဖြစ်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ကိုခွင့်မပြုဘူးဆိုရင် မြ၀တီသတင်းစာတိုက်နဲ့ အစိုးရသတင်းစာတိုက်က အသုံးပြုတဲ့ကားတွေကိုလည်း တစ်သဘောတည်း ထားသင့်ပါတယ်။ အခုကျွန်တော်တို့ကားတွေ ဖြတ်သန်းခွင့်ကို ဘယ်လိုစံနှုန်းတွေကြောင့် တားမြစ်ခံရတယ်ဆိုတာကို သိချင်ပါတယ်” ဟုဒေါက်တာသိန်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ဆက်စပ်ပြီး The Daily Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးကလည်း "ကျွန်တော်တို့ကို အခုလိုဖိအားပေးတာမျိုးတွေလုပ်လို့အယ်ဒီတာအဖွဲ့ရဲ့ ပေါ်လစီကိုလုံးဝပြောင်းလဲမှာ မဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူမှုတွေ၊ ပြည်သူမတရားခံရတာတွေ၊ ထောက်ပြစရာရှိတာတွေကိုရေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲရေးခဲ့တယ်။ ဒီအမြန်လမ်းမကြီးဟာ တကယ်တော့ လူအများကြီးသေကြေပျက်ဆီးစေတယ်။ စံချိန်စံညွှန်းလိုအပ်နေတယ်။ နောက်၆လအကြာမှာ နေပြည်တော်မှာ ကျင်းပမယ့်ဆီးဂိမ်း ရှိနေတယ်။ နိုင်ငံတကာက အားကစားသမားတွေ ဒီလမ်းကိုအသုံးပြုလို့ မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် တိုင်းပြည်သိက္ခာကျနိုင်တယ်။ ဒါကြောင့်ဒီလမ်းရဲ့ လိုအပ်ချက်ကို အချိန်မီပြင်ဆင်နိုင်အောင် ထောက်ပြတာပါ။ ဒီလမ်းက အမှန်တကယ်ပဲ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ညီရင် နိုင်ငံတကာကျွမ်းကျင်သူတွေကို ခေါ်စစ်ဆေးလိုက်ရင် အဖြေပေါ်မှာပါ” ဟု ပြောကြားခဲ့သည်။

The Daily Eleven သတင်းစာကို နေ့စဉ်အမြန်လမ်းမမှတဆင့် နေပြည်တော်နှင့် ၀န်းကျင်ဒေသများသို့ ပေးပို့နိုင်ရန် ကားဖြတ်သန်းခွင့်အား ၂၀၁၃ခုနှစ် ဧပြီလ ၂ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးများသို့ တရားဝင်တင်ပြခဲ့ပြီး ခွင့်ပြုချက်ဖြင့် ဖြတ်သန်းပို့ဆောင်နေခြင်း ဖြစ်သည်။ယခုမှ ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုထိပါးသော ဂုဏ်သိက္ခာနှင့် လျော်ညီခြင်းမရှိသည့် လုပ်ဆောင်မှုများအတွက် The Daily Eleven သတင်းစာအနေဖြင့် သမ္မတထံ တင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

( Eleven Media Group )

သရုပ်ဆောင် ရဲတိုက်အားအာမခံ မပေး

သရုပ်ဆောင် ရဲတိုက်အား ခရစ်ယာန် ဘုရားကျောင်းအတွင်း ၀င်ရောက် ဆန္ဒပြမှုကြောင့် ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့် အရေးယူထား

Wednesday, 29 May 2013 04:22
yetheik-may29
သရုပ်ဆောင် ရဲတိုက်အား ရဲတပ်ဖွဲ့ဝင်များ ခေါ်ဆောင်သွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဘို)

ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကျောင်းအတွင်း မေ ၂၈ ရက် နံနက်ပိုင်းက ခွင့်ပြုချက်မရဘဲ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သည့် သရုပ်ဆောင်ရဲတိုက်အား ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံအစည် ပြုမူလုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/(က) ဖြင့် အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ သရုပ်ဆောင် ရဲတိုက်သည် ယင်းနေ့နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းသို့ ၀င်လာကြောင်း၊ ဘုရားကျောင်း တာဝန်ရှိသူတွေမှ တားဆီးသည့်အခါတွင် ၎င်းက တံခါးချက်များကို အတင်းဖွင့်ပြီး ဘုရားကျောင်းထဲ ၀င်ရောက်ခဲ့ကြောင်း၊ ယင်းနောက် မွန်းတည့် ၁၂ နာရီခန့်တွင် ဒုတိယအကြိမ် ထပ်ဝင်လာကြောင်း၊ ဘုရားကျောင်း တာဝန်ရှိသူများမှ နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီ အထိ တံခါးပိတ်ကြောင်း ပြောသည့်အခါ မယ်တော်ဂူကို ကျောခိုင်း၍ ရှိခိုးပြီး ပြန်ထွက်သွားခဲ့ကြောင်းနှင့် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ၎င်းမှ ဘုရားကျောင်းဝင်း အတွင်းသို့ ထပ်မံရောက်ရှိလာခဲ့ကာ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော "နှလုံးသားမှ ထွက်ပေါ်လာသော နာကျင်မှုစာသား၊ ဘုရားသခင် ရှေ့မှောက်မှာ ဒူးထောက်ခြင်းကို ကျွန်ုပ်နှစ်သက်ပါသည်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ကျွန်ုပ်ကို အရူးလို့ ပြောတယ်။ ကျွန်ုပ်က တရားမျှတခြင်းကို ယုံကြည်ပါတယ်" ဟု မြန်မာလို အဓိပ္ပာယ်ရသည့် စာတန်းအား ကိုင်ဆောင်၍ ဒူးထောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးသာဇံ၏ ပြောကြားချက်အရ သိရသည်။ ၎င်းက ဆက်လက်ပြီး "ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ ပြုမူတဲ့ အမူအကျင့်အတိုင်း မဟုတ်ဘဲနဲ့ တစ်ဖက်က ခရစ်ယာန်ဘာသာကို ညှိုးနွမ်းစေတဲ့ အပြုအမူတွေ ပါဝင်နေတဲ့အတွက် ဘုရားကျောင်းက တာဝန်ရှိတဲ့ ဘာသာရေး အကျိုးဆောင်တွေ ပြောတာကို သူကမနာခံဘူး။ မနာခံဘဲနဲ့ ဆက်လုပ်နေတဲ့အတွက် ကျွန်တော်တို့ကို လှမ်းအကြောင်းကြားလို့ ကျွန်တော်တို့ သွားရောက်ထိန်းသိမ်း လိုက်တာပါ။ လောလောဆယ် ကျွန်တော်တို့ သူ့ကို ဒီမှာပဲ ထိန်းသိမ်းထားပါတယ်။ လောလောဆယ်တော့ အာမခံ မပေးသေးပါဘူး" ဟု ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စိန့်မေရီကာသီဒြယ် သာသနာ့အကျိုးတော်ဆောင် အဖွဲ့မှ မေ ၂၈ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် သရုပ်ဆောင် ရဲတိုက်သည် သူတော်စင်များသာ ၀င်ရောက်ရသည့် ဓာတ်တော်မွေတော်များ ထားရှိရာ သန့်ရှင်းသည့်နေရာ၊ အထွတ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဆန့်ကျင်သည့် မတင့်တယ်သော အ၀တ်အစား (စွပ်ကျယ်လက်ပြတ်)နှင့် ၀င်ရောက်ကာ အထွတ်အမြတ်ထားရာ ဗိမာန်တော်ကို ကျောပေးလျက် မသင့်တင့် မလျောက်ပတ် မလျော်ကန်သော အပြုအမူမျိုး ပြုလုပ်ခြင်းနှင့် တတိယအကြိမ် ပြန်လည်ရောက်ရှိလာရာတွင် သတင်းထောက်များ၊ မီဒီယာအဖွဲ့ဝင်များ ခေါ်လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဘုရားကျောင်း သာသနာ့ ပရ၀ဏ်အတွင်း ၀င်ရောက်ကာ မည်သည့်အာဏာပိုင် အဖွဲ့အစည်း၏ ခွင့်ပြုချက်မျှ ရယူခြင်းမရှိဘဲ တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း ဖော်ပြပါရှိသည်။
http://news-eleven.com

လားရှိုး ပဋိပက္ခ လူစိမ်းများ က စ



by FNG on May 29, 2013

ရှမ်း ပြည် နယ် မြောက်ပိုင်း လား ရှိုး မြို့  တွင် မီးရှို့  မှု များ ဖြစ် ပွား ခြင်း သည် ဌာ နေ ဒေသ
ခံ များ မဟုတ် သည့် လူ စိမ်း များ က စတင် သည် ဟု FNG မှ သတင်း ရရှိသည်။ ယနေ့ 
ညနေ တွင် ဈေး အနီး ရှိ မူဆလင် မိဘမဲ့ ကလေး ဂေဟာ ၊ ဘသာရေး စာသင် ကျောင်း
၊ ဆင်ကြယ် ဒံ ပေါက် ဆိုင် တို့  မှာ မီးရှို့ ဖျက်ဆီး ခံရ ပြီး ၊ အမှတ် ၉ ရပ် ကွက် ရှိ နေ အိမ်
များ မှာ လည်း ဖျက်ဆီး ခံ ရသည်။

ယနေ့ နေ့  လည်း က အသက် ၃၈ နှစ် အရွယ် အမျိုး သမီး တစ်ဦး ကို အမျိုးသား တစ်ဦး
က ဓာတ် ဆီ လောင်း ပြီး မီးရှို့ တိုက် ခိုက်မှု ဖြစ် ရာ မှ စတင် ခဲ့ ခြင်း ဖြစ်သည်။

ရဲတပ် ဖွဲ့  ထို တိုက် ခိုက်သည့် ရပ်ဝေး မှ လာ သော သူ ကို ဖမ်းဆီး ထား ပြီး နောက် လူ
စု လူ ဝေး တစ်စု က ဖမ်းဆီး ထား သူ ကို ထုတ် ပေး ရန် ရဲ စခန်း ရှေ့  တွေ စု ရုံး ခဲ့ ခြင်း
ဖြစ်သည်။

FNG မှ တယ်လီဖုန်း ဆက် သွယ် မေး မြန်း ချက် အရ “  ရဲ စခန်း ထဲ မှာ ဖမ်းထားတာ ကို
ထုတ်ပေး ဖို့  တောင်း တဲ့ လူ တွေ ထဲ မှာ လာရှိုး က လူ တွေ မပါ ဘူး ဘယ်က လူ တွေလဲ
မသိ ဘူး၊ အလျှို လျှို ဘဲ ရဲ စခန်း ကို ၀ိုင်း ကြတာ။  ညနေ ကျ တော့ လဲ ဒီလူ တွေ ဘဲ ဈေး
နား က ဗလီ နဲ့  တည်း ခို ခန်း တွေ ကို မီး ရှို့ တာ ဟု လားရှိုး မြို့  မှ ကျန်းမာ ရေး ၀န်ထမ်း
တစ်ဦး က ပြောသည်။

ယနေ့  ည တွင် ပုဒ် မ ၁၄၄ ထုတ် ပြန် ထား ပြီး အခြေ အနေ ကို ငြိမ်သက် အောင် လုပ်
ဆောင် နေသော် လည်း ၊ လူ စု ရုံး မှု နှင့် မငြိမ်သက် မှု များ ရှိ နေ ဆဲ ဖြစ်သည်။
freedomnewsgroup.com

“လားရှိုး အဓိကရုဏ်း”



ယနေ့ 28.5.2013- ညနေ (၄း၅၀)မှာ မူဆလင် ကိုနေဝင်းဆိုသူက ဒေါ်အေးဝင်း(၃၈)နှစ်ကို ဓာတ်ဆီပက်မီးရှို့လိုက်လို့ မြို့လူထုက
ကိုနေဝင်းကို ဖမ်းပြီး ရဲစခန်းပို့လိုက်ပါတယ်။ ဒေါ်အေးဝင်းကို ဆေးရုံအရေးပေါ်ဌာနသို့ ပို့ထားပါတယ်။
 ညနေ(၆း၀၀)နာရီကျော်မှာ ရဲစခန်းရှေ့ လူစုလူဝေးနဲ့ ကိုနေဝင်းကို ထုတ်ပေးဖို့ တောင်းဆိုကြပါတယ်။
ကိုနေဝင်းက ကျိုင်းတုံကလာသည့် ဧည့်သည်ဖြစ်ပြီး၊ တည်းခိုခန်းတစ်ခုမှာ တည်းတယ်လို့ သိရပါတယ်။
မှတ်ပုံတင်အရ မူဆလင်ဟု သိရပြီး၊ ပန်ချာပီမဟုတ်ကြောင်း၊ မြို့ခံတွေက အတည်ပြုကြပါတယ်။
ည(၇း၀၀)နာရီကျော်မှာ မြို့မဗလီနှင့် ဟံသာဝတီလမ်းမှ ကုန်မာဆိုင်တစ်ဆိုင်တို့ မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
 သမ္မတရုံးဝန်ကြီးများ၊ ပြည်ထဲရေးဌာန၊ လားရှိုးတိုင်းမှူးတို့ ကိုယ်တိုင်ကြီးကြပ် ကွပ်ကဲ လုံခြုံရေးချပြီး၊
ထိန်းသိမ်းနေတယ်လို့ သိရပြီး၊ အခြေအနေအားလုံးကို ညတွင်းချင်း တည်ငြိမ်အောင် ထိန်းနိုင်လောက်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒေါ်အေးဝင်း သေဆုံးသည့်သတင်း မမှန်ပါဘူး။ ဆေးကုသဆဲဖြစ်ပါတယ်။
မနေ့က ၂၇-၅-၂၀၁၃-ည (၈း၀၀)နာရီမှာ ကျူခုံစောင့် ကောင်လေး မောင်ဆန်းဝင်းကို ကျူခုံမဖွင့်လို့-ဆိုကာ
မူဆလင်ငါးယောက်က ရန်လုပ်ကြလို့ ကျူခုံဖွင့်ပေးခဲ့ပေမယ့် ကျူခုံထဲအရောက်မှာ မူဆလင်ငါးယောက်က
ဝိုင်းဝန်းထိုးကြိတ်ကြလို့ ဗမာကောင်လေး မောင်ဆန်းဝင်း ဆေးရုံတက်နေရပါတယ်။ မောင်ဆန်းဝင်းဖြစ်ပြီး နောက်နေ့ေ
ဒ်ါအေးဝင်းဖြစ်တာဆိုတော့ ပြဿနာကို တမင်ဖန်တီးနေကြတာလားဆိုတာ တွေးစရာဖြစ်နေပါတယ်။ ဗမာတွေ အကြမ်းဖက်တုန့်ပြန်ရင် ထောင်ချောက်ထဲရောက်သွားနိုင်လို့ ဆင်ခြင်ကြဖို့ မြို့သံဃာနှင့် ရပ်ဖိရပ်ဖများက
 မေတ္တာရပ်ခံနေကြောင်း သိရပါတယ်။
 စုံစမ်းရန်= 082-23304 (အမှတ်-၁ ရဲစခန်း) 082-23009 (ပြည်နယ်ရဲတပ်ဖွဲ့) 082-23078
(ရဲမှူး) 09-403768595 (ဦးအကုင်္ရ) 09-73056077 (ဦးခေမာ)

ဦးဝီရသူ

သရုပ်ဆောင်ရဲတိုက်၏ ဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သက်သည့်ဖြစ်ရပ်မှန်



စိန်မေရီကာသီဒြယ် ဘုရားကျောင်း တော်ကြီးသည် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ၏ ၏အထွဋ်အမြတ် ထားရာ
ဝတ်ပြုကိုးကွယ်သည့် နေရာဖြစ်သည်။

နံနက် ၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီ အထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီအထိတစ်ကြိမ်၊ ဘုရားဖူး
ဘာသာတူများနှင့် လာရောက် လေ့လာသူများနှင့် ၀တ်ပြုဆုတောင်း သူများ အတွက် နေ့စဉ်ဖွင့်လှစ်ပေး ထားပါသည်။

မည်သည့်လာရောက်လေ့လာ၊ ၀တ်ပြုကိုးကွယ်သူ မည်သူမဆိုလူမျိုးဘာသာ မခွဲခြားဘဲ လွတ်လပ်စွာလာရောက်ခွင့်ပြုထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသောဗိသုကာလက်ရာ
များတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်းလာရောက်လေ့လာလေ့ရှိပါသည်။

မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော်များထားရှိရာ
သန့် ရှင်းသောနေရာများရှိတတ်ကြပါသည်။ ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကိုအထူးကြပ်မတ်
 စောင့်ရှောက်ထားပါသည်။

ထိုကဲ့သို့ သတ်မှတ်ထားသည့် နေရာများကို လာရောက်ကြသည့် ဧည့်သည် တိုင်းသည် သင့်တင့်လျောက်ပတ်သည့်
ရိုသေလေးစားမှု ရှိကြရမည်ဖြစ်သည်။

ယနေ့ဖြစ်စဉ်မှာ သူတော်စင်များသာဝင်ရောက်ရသည့်၊ ဓါတ်တော် မွေတော်များထားရှိရာ သန့်ရှင်းသည့်နေရာ ၊
အထွဋ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့်ဆန့်ကျင်သည့် မတင့်တယ်သော
အ၀တ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ၀င်ရောက်ကာ အထွဋ်အမြတ်ထားရာ ဗိမာန်တော်ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ်မလျော်ကန်သောအပြုအမူမျိုး ပြုလုပ်ခြင်း၊ ကိုတွေ့ရှိရလေရာ သက်ဆိုင်ရာ မှသတိပေးပြောကြားခဲ့ခြင်းမှစ၍
မကျေမနပ် ဖြစ်သွားပုံရသည်။ ထိုမှတစ်ဖန်၊ တတိယ အကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်းထောက်များ၊ Media
အဖွဲ့ဝင်များခေါ်လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ်ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရ၀ဏ်အတွင်း ၀င်ရောက်ကာ၊ မည်သည့်အာဏာပိုင်အဖွဲ့အစည်း၏ခွင့်ပြုချက်မျှရယူခြင်းမရှိဘဲ တစ်ကိုယ် တော်ဆန္ဒပြခဲ့ပါသည်။ သာသနာ့အကျိုးဆောင်အဖွဲ့မှ
အကြိမ်ကြိမ် မေတ္တာရပ်ခံ နေ သည့်ကြားမှပင် ကာယကံရှင်မှကိုယ်ထိလက်ရောက်စတင်ကျူးလွန်ခဲ့ပါသည်။

 ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်ကအပြစ်တင်စွပ်စွဲ ပြောဆိုနေသော်လည်း သုံးကြိမ် သုံးခါတိုင်တိုင်ဝင်ရောက်
ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့် လုံးဝ ဆန့်ကျင် နေသည်မှာထင်ရှားပါသည်။

အထက်ပါအပြုအမူများသည် ၊ ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည်ထား သည်ဟု ယူဆ နိုင်ပါသည်။
ကက်သလစ်သာသနာဘုရားကျောင်းတော်ဝင်းသည် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်းအေး ရာနေရာဖြစ်ပြီး၊
မည်သည့်ဆန္ဒပြခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရား များ နှင့်ဖီလာဆန့်ကျင်နေပါသည်။

ယခုသတင်းMedia များတွင်ပါသောအကြောင်းအချက်များသည် ဖြစ်ရပ်မှန်နှင့် လွဲမှားစွာ ဖော်ပြထားခြင်းဖြစ်ရာ
မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ် ရသည်ဖြစ်၍၊ ပြည်သူလူထုအနေနှင့် ဖြစ်ရပ်မှန်
ကိုသိရှိရန်တင်ပြအပ်ပါသည်။

သာသနာ့အကျိုးဆောင်အဖွဲ့
စိန်မေရီကာသီဒြယ်သာသနာ၊
ရန်ကုန်မြို့ 

ကက်သလစ်တို့ အထွဋ်အမြတ်ထားရာ သန့်ရှင်းသောဂူဗိမာန်တွင် ကျောခိုင်းထိုင်နေပုံ


ရဲတိုက်အားသာသနာ့ အကျိုးဆောင်အဖွဲ့ မှရေသန့် ဖြင့်ဧည့်ခံနေပုံ

သရုပ်ဆောင်ရဲတိုက် ဆန္ဒထုတ်ဖော်


ရန်ကုန်၊ မေ ၂၈။

ရုပ်ရှင်မင်းသား ရဲတိုက်သည် ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့
ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ်
ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ယင်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက
မောင်းထုတ်လိုက်သည့်အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊
လေ့လာခွင့် မရှိဘူးလား” ဟု ဆိုကာ နေ့လည် ၁ နာရီ ၁၀ မိနစ်မှ စ၍
ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီကို မနက် ၁၀ နာရီကတည်းက ရောက်နေတာ။ ပထမ
ကားရေဆေးနေတာ ပြီးတော့မှ ဘုရားကျောင်းထဲဝင်ပြီး ဘုရားဝင် ဖူးတာ။
ဒုတိယတစ်ခေါက် ဝင်ဖူးတဲ့အချိန်မှာ မောင်းထုတ်လိုက်တယ်လို့ သူက ပြန်
ထွက်လာတော့ ပြောတယ်။ ချာ့လ်ကျောင်းဆိုတာ ဘယ် သူမဆို ဖူးမျှော်ခွင့်၊
 ဝင်ရောက်လေ့လာခွင့် ရှိတယ်ဆိုပြီးနောက်တစ်ခါ ရဲတိုက် ဘုရားကျောင်းထဲ
ပြန်ဝင်သွားတဲ့အခါ ထိုးတာ ကြိတ်တာတွေလည်း ရှိတယ်” ဟု ရုပ်ရှင်မင်းသား
ရဲတိုက်၏ သူငယ်ချင်းဖြစ်သူ ကိုမောင်စိုးကပြောကြားသည်။

ယခုကဲ့သို့ ဆန္ဒပြခြင်းသည် ဆူပူလိုစိတ်ဖြင့် ဆန္ဒပြခြင်း မဟုတ်ဘဲ ဘာသာမတူ
သော်လည်း အများပြည်သူ ဝင်ရောက်လေ့လာနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း
သိရသည်။

ရည်မွန်
The Myanma Age

"နှလုံးသားမှ ထွက်ပေါ်လာသော နာကျင်မှုစာသား၊ ဘုရားသခင် ရှေ့မှောက်မှာ ဒူးထောက်ခြင်းကို ကျွန်ုပ်နှစ်သက်ပါသည်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ကျွန်ုပ်ကို အရူးလို့ ပြောတယ်။ ကျွန်ုပ်က တရားမျှတခြင်းကို ယုံကြည်ပါတယ်"

အလံပြောင်းပြန်ထောင်ပြန်ပြီ

Minn Ye Tar