Thursday, May 30, 2013

ဘဝကိုရိုးရှင်းလွတ်လပ်စွာ နေထိုင်လိုသော ဂျပန်ဝန်ကြီးချုပ်ကတော်၊

By Michael Hlaing


သာမန်ခရီးသွားအဖြစ် အကြိမ်ကြိမ်လာရောက်ပြီး နွမ်းပါးသည့်ကလေးငယ်များပညာရေးအတွက် ကျောင်းဆောင်များ ကိုယ်တိုင်လှုဒါန်း၊ အခြားအလှုရှင်များကိုလည်းတိုက်တွန်းပေးခဲ့၍ ကျောင်းဆောင်သစ်အများအပြားပေါ်ပေါက်ခဲ့ပါသည်။
မြေကြီးပေါ်ထိုင်၍စာသင်ရသည့်အခြေမှ ကျောင်းဆောင်သစ်ကြီးများ အတွင်းတွင် မိုးလုံလေလုံအေးချမ်းစွာသင်ကြားရသည့်အခြေ ရောက်ခဲ့ကြသည့်ကျောင်းသား/သူ များကိုယ်စား ........
"ကျေးဇူးအထူးတင်ရှိပါသည် အာခေးစံ ခင်ဗျား......"


ဖွင့်ပွဲသို့တက်ရောက်လာသည့် ဂျပန်ဝန်ကြီးချုပ်၏ဇနီး၊

ဇလွန်ကျောင်းမှာသီလရှင်များနေထိုင်ရပုံကို အစီအစဉ်မရှိဘဲ ရုတ်တရက်ဝင်ကြည့်ရင်း မှတ်တမ်းတင်ဓါတ်ပုံအရိုက်ခံနေသော ဂျပန်ဝန်ကြီးချုပ်၏ဇနီး၊

ဇလွန် သီလရှင်သင်စာသင်ကျောင်း ကျောင်းဆောင်သစ်ကို ၂၅-၀၅-၂၀၁၃ တွင်အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါပြီ၊
ယခင်က မြေကြီးပေါ်ထိုင်၍ ပညာသင်ကြားခဲ့ရသော ကျောင်းသူ/ကျောင်းသား ၆၀၀ ကျော် အခမဲ့အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် အထောက်အပံ့ကြီးဖြစ်ပါသည်။
စေတနာသန့်သန့်ဖြင့် လှုဒါန်းပေးခဲ့ကြသော အလှုရှင်နှစ်ဦးနှင့် အလှုဖြစ်မြောက်ရေးအတွက် နှိုးဆော်၊ ကူညီဆောင်ရွက်ပေးကြသော ပုဂ္ဂိုလ်များအားလုံးကို ကျောင်းသူ၊ ကျောင်းသားများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။
နတ်၊ လူသာဓုခေါ်စေသော်ဝ်

ကျောင်းအလှုရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ် -
------------------
25-05-2013


အလှုရှင်များနှင့်အထူးဧည့်သည်တော်များ အမှတ်တရ၊
........
25-05-2013

''ဒီနေ့ကျွန်တော်တို့'၀'က အစိုးရယန္တရား အားလုံးရှိပြီးသား၊ နိုင်ငံတစ်ခုကဲ့သို့သော ယူနစ်ရှိပြီးသား၊

r
အစိုးရကို ကျွန်တော်တို့ '၀'က တိုက်စရာ အကြောင်းမရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ပြောကြား

31.5.2013

မြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစုများအနက် ဒုတိယအင်အား အကြီးဆုံးဖြစ်သော '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အနေဖြင့် ၎င်းတို့၏ အင်အားကို အသုံးပြုပြီး အစိုးရကို တိုက်ရန် အစီအစဉ် မရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက မေ ၃၀ ရက်က ပြောကြားလိုက်သည်။

အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသော ဦးဆမ်ခွန်းက မြစ်ကြီးနားမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အစိုးရကို ကျွန်တော်တို့ '၀'က တိုက်စရာ အကြောင်းမရှိဘူး။ တိုက်ပါဆိုလည်း မတိုက်ဘူး။ အစိုးရတပ်မတော်ပဲဖြစ်ဖြစ် တခြားသော အဖွဲ့အစည်းပဲဖြစ်ဖြစ် လက်နက်ကိုင်ပြီး စစ်ရေးအရ ကျွန်တော်တို့ဒေသကို ၀င်ရောက်ကျူးကျော်တယ် ဆိုလို့ရှိရင် မိမိကိုယ်ကို ပြန်ကာကွယ်ရမှာပဲ။ မိမိကိုယ်ကို ကာကွယ်ရင်းနဲ့ ရန်သူကို ပြတ်ပြတ်သားသား ချေမှုန်းပစ်မှာပဲ'' ဟု ဦးဆမ်ခွန်းက သတင်းထောက်များကို ပြောကြားသည်။

ထို့အပြင် ပြည်တွင်းလက်နက်ကိုင် အင်အားစုများထဲတွင် တပ်မတော်ပြီးလျှင် '၀'က ဒုတိယ အင်အားအကြီးဆုံး ဖြစ်ကြောင်း ဦးဆမ်ခွန်းက ဆိုသည်။

''ကျွန်တော်တို့ '၀'က လက်နက် ကိုင်တယ်နော်။ တပ်မတော် တစ်ရပ်ရှိတယ်။ ဗမာပြည်မှာဆိုရင် အစိုးရတပ်ကပဲ ကျွန်တော်တို့ထက် ကြီးတယ်။ ဒုတိယ လက်နက်ကိုင်တပ်ဖွဲ့ ကျွန်တော်တို့ '၀'တပ်မတော်ပဲ ရှိတယ်။ ပြည်တွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ ဗမာ့တပ်မတော်က တစ်၊ '၀'က နှစ်ပဲ။ ကျွန်တော်တို့က လက်နက်ကိုင်ပြီး အစိုးရကို တော်လှန်ဖို့ မဟုတ်ဘူး။ တခြားအဖွဲ့အစည်းတွေကို ဗိုလ်ကျဖို့၊ စိုးမိုးဖို့လည်း မဟုတ်ဘူး။ မိမိဒေသ ကာကွယ်ဖို့အတွက်ပဲ'' ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

'၀' ပြည်နယ် တောင်းဆိုသည့် ကိစ္စရပ်မှာ တောင်းဆိုသင့်သော ကိစ္စဖြစ်ပြီး ခွဲထွက်ရေးအတွက် တောင်းဆိုခြင်း မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အသိအမှတ် ပြုရန်သာ တောင်းဆိုခြင်း ဖြစ်သည်ဟု ဦးဆမ်ခွန်းက ဆိုသည်။

''ကျွန်တော်တို့'၀'ပြည်နယ် တောင်းတယ်ဆိုတာ ရှမ်းပြည်နယ် ခွဲထွက်ဖို့မဟုတ်ဘူး။ နိုင်ငံတော်အစိုးရနဲ့ ခွဲထွက်ရေးလုပ်ဖို့ မဟုတ်ဘူး။ သီးသန့်သမ္မတနိုင်ငံ လွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့မဟုတ်ဘူး'' ဟု ဦးဆမ်ခွန်းက ဆိုသည်။

''ဒီနေ့ကျွန်တော်တို့'၀'က အစိုးရယန္တရား အားလုံးရှိပြီးသား၊ နိုင်ငံတစ်ခုကဲ့သို့သော ယူနစ်ရှိပြီးသား၊ ကျွန်တော်တို့ကို '၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အသိအမှတ်ပြုဖို့ပဲ တောင်းဆိုတာ၊ ကျွန်တော်တို့ဆီမှာ ပညာရေး၊ အုပ်ချုပ်ရေး အကုန်ရှိပြီးသားပဲ'' ဟု ဦးဆမ်ခွန်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် '၀' ဒေသတွင် တိုင်းရင်းသားလူမျိုး ၁၈ မျိုး နေထိုင်လျက်ရှိပြီး ဗဟိုကော်မတီဝင် ၂၁ ဦး၌ ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူနှင့် ရှမ်းတို့ပါဝင်ကြောင်း သိရသည်။

''လက်နက်တစ်ခုတည်း ကိုင်တာ မဟုတ်ဘူး။ ပါတီက ဦးဆောင်တာ။ '၀'ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ သွေးစည်းညီညွတ်ရေး တပ်မတော်၊ '၀'ပြည်နယ် ပြည်သူ့အစိုးရဆိုတာ ကျွန်တော်တို့ ရှိခဲ့ပါတယ်။ '၀'ပြည်မှာ တိုင်းရင်းသား ၁၈ မျိုးရှိပါတယ်။ အားလုံးကို တန်းတူရည်တူ ဆက်ဆံတယ်။ '၀'ဗဟိုကော်မတီက ဖွဲ့စည်းထားတဲ့ ဗဟိုကော်မတီဝင်က ၂၁ ဦးရှိတယ်။ ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူ၊ ရှမ်း ဗဟိုကော်မတီထဲမှာ ပါပါတယ်''ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

မကြာသေးမီ အချိန်က ဘန်ကောက်တွင် မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိခဲ့ပြီး ထိုမူးယစ်ဆေးဝါးများမှာ '၀' ဒေသမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည် ဆိုသော အချက်ကိုလည်း ဦးဆမ်ခွန်းက ငြင်းဆိုလိုက်သည်။

''ကျွန်တော်တို့ ထုတ်တယ်ဆိုရင် စက်ရုံတွေ့သလား။ ထုတ်လုပ်တဲ့သူတွေ မိသလား။ ဒါကလည်း ကျွန်တော် မသိဘူး။ '၀'က မူးယစ်နဲ့ ပတ်သက်လာရင် လက်နက်ကိုင် အဖွဲ့အစည်းသာမက တခြားတခြားသော ကုန်သည်တွေ ကမ္ဘာမှာ အနှံ့အပြားထုတ်ပြီး စီးပွားဖြစ်ကြတာပဲ။ '၀'က မရဘူး။ သူ့ဒေသ ယူလာရင်တော့ ပြင်းပြင်းထန်ထန် ခေါင်းဖြတ်ပစ်တာပဲ။ ကျွန်တော်တို့လည်း ဒီနာမည် မကြားချင်တော့ဘူး။ ဒီဦးထုပ်ကြီးကို မဆောင်းချင်တော့ဘူး'' ဟု ဦးဆမ်ခွန်းက ဆိုသည်။

'၀' အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပြီး စစ်ကို မလိုလားကြောင်း၊ အစိုးရနှင့် ငြိမ်းချမ်းရေး ရရှိခဲ့သည့် ၂၄ နှစ်တာ ကာလအတွင်း သုံးနှစ်ခန့်သာ တင်းမာခဲ့ကြောင်း၊ နိုင်ငံတစ်ခု တပ်မတော်တစ်ခုမူ ရှိနေသော်လည်း လတ်တလော အခြေအနေအရ လက်နက်ဖြုတ်သိမ်းမည် မဟုတ်ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

''နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ခု ရှိရမယ်။ တပ်မတော်တစ်ခု ရှိရမယ် အခုလောလောဆယ်ထိတော့ ကျွန်တော်တို့က လက်နက်စွန့်လို့ မဖြစ်သေးဘူး။ ကျွန်တော်တို့ တောင်းဆိုတဲ့ အချက်အလက်တွေ ကျွန်တော်တို့ ပစ်မှတ်တွေက ရောက်မှ မရောက်သေးဘဲ။ စောင့်ကြည့်သေးတာပေါ့။ ကျွန်တော်တို့က ဒီနေ့အထိ ဆက်လက်ပြီးတော့ လက်နက်ကိုင်ဦးမှာပဲ'' ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

eleven media group

အင်္ဂလန်မှာရဲကားကိုအသေခံပြီးတိုက်ခိုက်သူများ

၁၂နှစ်ကြာမှ ရွှေကလောင်လက်ဝယ်ရခဲ့သည့် ဟံသာဝတီဦးဝင်းတင်



World Association of Newspaper ကချီးမြှင့်သည့် Golden Pen of freedon ဆုကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အားမေ ၃၀ ရက်က ဌင်းကောင်းနေထိုင်ရာ ရန်ကင်းမြို့နယ်ရှိ နေအိမ်သို့ Ethical Journalisom Network Director Aidan White ကိုယ်တိုင်လာရောက်၍ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းဆုကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ၂၀၀၁ ခုနှစ် ကတည်းက ပေးအပ်ခဲ့ချင်းဖြစ်ပြီး ဆရာကြီးထောင်ကျနေသည့်အတွက် ယခုမှပေးကပ်နိုင်ခဲ့သည်။ Golden Assiociation of Newspaper က နှစ်စဉ်ချီးမြှင့်သည့် Golden Pen of freedon ဆုကို မြန်မာနိုင်ငံက သတင်းစာဆရာကြီး ဦးစိန်ဝင်းက ၁၉၆၃ ခုနှစ်အတွက် ရွှေးချယ်ချီးမြှင့်ချင်းခံခဲ့ရပြီး Eleven Media Group ကလည်း ၂၀၁၂ ခုနှစ်အတွက် ရရှိခဲ့သည်။ ထို့ပြင်စာရေး ဆရာမ စန်းစန်းနွဲ့ ( သာယာဝတီ)လည်းရရှိခဲ့သည်။ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား Golden Pen of freedon ဆုလာရောက်ချီးမြှင့်သည့်နေ့သည် ဒီပဲယင်း ၁၀ နှစ်တင်းတင်းပြည့်ပြည့်နေ့လည်းဖြစ်သည်။
By: National League for Democracy

ရခိုင်သမိုင်းဆိုင်ရာနိုင်ငံတကာပညာရှင်များရှင်းလင်းပွဲ

r

ကမ္ဘာ့ စီးပွားရေးနှင့် မြန်မာ့ငွေကြေး အဆက်အစပ် - ခင်မောင်ညို (ဘောဂဗေဒ)


by Khin Maung Nyo (Notes) on Thursday, May 16, 2013 at 7:10am

ကမ္ဘာ့ စီးပွားရေးနှင့် မြန်မာ့ငွေကြေး အဆက်အစပ်
ခင်မောင်ညို (ဘောဂဗေဒ)
နောက်ခံ အခင်းအကျင်း
လွန်ခဲ့သော နှစ်နှစ်ကျော် အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့ အ၀န်းအ၀ိုင်းအတွင်း၊ ကမ္ဘာ့ စီးပွားရေး အ၀န်းအ၀ိုင်း အတွင်း ပြန်လည် ရောက်ရှိလာပြီ ဟူသော စကားကို အများဆုံး ကြားရပါသည်။ ထိုစကား၏ အဓိပ္ပါယ် သက်ရောက်မှုကိုလည်း စဉ်းစားကြည့်သင့်ပါသည်။ အနည်းဆုံး အဓိပ္ပါယ်နှစ်ခု ကောက်ယူနိုင်ပါသည်။ ပထမ တစ်ခုမှာ ကမ္ဘာတစ်ဝှမ်း ယေဘုယျအားဖြင့် လက်ခံထားသည့် စံချိန်စံညွှန်းများကို အတိုင်းအတာ တစ်ခုအထိ မြန်မာနိုင်ငံက လက်ခံကျင့်သုံးလာခြင်းဟူသည့် အဓိပ္ပါယ် သက်ရောက်ပါသည်။ ဒုတိယတစ်ခုမှာ ကမ္ဘာ့ စီးပွားရေး အတက်အကျ၊ အပြောင်းအလဲ၊ အကောင်းအဆိုးတို့၏ အကျိုးသက်ရောက်မှုကို မြန်မာနိုင်ငံက ပိုမို ခံစားရမည်ဆိုသည့် အဓိပ္ပါယ် ထွက်ပါသည်။
မျှော်လင့်ချက်များ
နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ၀င်ရောက်လာသည်နှင့်အမျှ မြန်မာငွေတန်ဖိုး ပို၍ ခိုင်မာလာမည်ဟု တွက်ဆကြပြီး အစိုးရိမ် အကြီးဆုံးသူများမှာ နိုင်ငံတကာဈေးကွက်တွင် ပြိုင်ဆိုင်နိုင်စွမ်း လျော့ပါးမည်ကို ပူပင်ကြသော ပို့ကုန်လုပ်ငန်းရှင်များ ဖြစ်ပါသည်။ တစ်ဖက်တွင် သွင်းကုန်လုပ်ငန်းများ၊ သွင်းကုန်များကမူ ဒေါ်လာဈေးတက်သွားလျှင် (မြန်မာငွေတန်ဖိုး ကျဆင်းသွားလျှင်) သွင်းကုန်ဈေးနှုန်းများ တက်မည်ကို စိုးရိမ်ပူပန်ကြပါသည်။
အချို့သော စီးပွားရေးပညာရှင်များက မြန်မာကျပ်ငွေဈေးနှုန်း ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း (အများအားဖြင့်) တက်လာခဲ့သည်ကို သဘောမကျပါ။ မြန်မာကျပ်ငွေသည် ဖြစ်သင့် ဖြစ်ထိုက်သည်ထက် တန်ဖိုးမြင့်နေသည်။ ထို့ကြောင့် ပို့ကုန် ထုတ်လုပ်သူ တောင်သူလယ်သမားများ ဈေးကောင်းကောင်း မရ၍ ထိခိုက်ရသည်ဟု တွက်ဆကြပါသည်။ သို့သော လယ်သမားများ ရင်ဆိုင်နေရသော ကိစ္စများမှာ မြေယာပိုင်ဆိုင်မှု ကိစ္စ၊ ချေးငွေ ကိစ္စ အစရှိသဖြင့် တစ်ခုမက များပြားပါသည်။
မြန်မာငွေကြေးမူဝါဒ?
အစိုးရသစ်၊ အခင်းအကျင်းသစ်အောက်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ၏ နည်းပညာ အကြံဥာဏ်များ ရယူ၍ ဘတ်ဂျက်လိုငွေ လျော့ချရန် ရည်ရွယ်ခြင်း၊ လိုငွေကို ငွေစက္ကူ ရိုက်သည့်နည်းထက် ငွေချေးစာချုပ် ထုတ်ဝေရောင်းချသည့် နည်းကို ပိုမိုအားကိုးခြင်း၊ ငွေလဲလှယ်နှုန်းကို လွှတ်ပေးလိုက်ပြီးနောက် အနီးကပ် စောင့်ကြည့်ခြင်းတို့ ပြုလုပ်လျှက် ရှိသည်ဟု သိရပါသည်။ ဈေးနှုန်း တည်ငြိမ်ရေး၊ ငွေဖောင်းပွမှု ဆန့်ကျင်ရေး မူဝါဒ ရှိသည်ဟု တွက်ဆရပါသည်။
သို့သော် လွှတ်တော်ဘက်တွင် မြန်မာငွေဈေးနှုန်း ကျဆင်း၊ ဒေါ်လာဈေးနှုန်း တက်စေလိုသော မူဝါဒ ရှိသည်ဟု မှန်းဆရပါသည်။
အနီးကပ် မြင်ကွင်းများ
နိုင်ငံအကြီးအကဲ၏ မိန့်ခွန်းတွင် ယခင်နှစ်ကထက် ရင်းနှီးမြှုပ်နှံမှု ငါးဆတိုးလာသည်ဟု ပြောကြားသွားခဲ့ပါသည်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ငွေသား အဖြစ် မြင်လျှင် မြန်မာနိုင်ငံအတွင်း ဒေါ်လာ အမြောက်အများ ၀င်ရောက်နေခြင်းကြောင့် ဒေါ်လာဈေး ကျဆင်းသင့်ပါသည်။ သို့သော် ငွေသားစီးဝင်မှု အဖြစ် မမြင်ဘဲ အရင်းအနှီး စက်ကိရိယာ ပစ္စည်းများ၊ အသုံးအဆောင်များ ၀င်ရောက်ခြင်း အဖြစ် ရှုမြင်လျှင် ဒေါ်လာဈေး ကျဆင်းစရာ အကြောင်း မရှိပါ။
သင်္ကြန်အနီးတ၀ိုက်တွင် မြန်မာ ပုဂ္ဂလိကဘဏ်များ ATM ငွေထုတ်စက်ကို Visa, Mastercard များ သုံး၍ နိုင်ငံခြားငွေလဲလှယ်နိုင်စေရန် စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ တိုးပွားလာနေသော ကမ္ဘာလှည့် ခရီးသည်များသည် ပြင်ပဈေးကွက်ကို အားမကိုးပဲ ဘဏ်နှင့် နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများတွင် မြန်မာငွေ တရားဝင် ထုတ်ယူနိုင်သည်။ တရားဝင်လမ်းကြောင်းမှ ဒေါ်လာ စီးဝင်မှု များပြားမည် ဖြစ်၍ ဒေါ်လာဈေး တက်စရာ အကြောင်း မရှိပါ။
သို့သော် မကြာသေးမီက အမေရိကန်နိုင်ငံတွင် ထွက်ပေါ်လာသော ကိန်းဂဏန်းများအရ အမေရိကန်၏ စီးပွားရေး အပေါ် ယုံကြည်မှု တိုးပွားလာသဖြင့်လည်းကောင်း၊ ဥရောပနှင့် အခြားနိုင်ငံ၏ စီးပွားရေးမှာ မရေမရာ ဖြစ်နေသေးသဖြင့်လည်းကောင်း ရွှေဈေးကျဆင်းကာ ဒေါ်လာဈေးတက်လာခဲ့ပါသည်။ ရွှေဈေး ဆက်တိုက် ကျဆင်းမည်ဟု တွက်ဆမှုများလည်း ရှိနေပါသည်။
မသေချာ မရေရာသော ခန့်မှန်းချက် တစ်ခုမှာ ပြည်တွင်းတွင် ဒေါ်လာဝယ်ယူမှု တိုးပွားလာခြင်း၊ သွင်းကုန်များ အတွက် ဒေါ်လာဝယ်ယူမှု များပြားခြင်း ဟူသော ကိစ္စ ဖြစ်ပါသည်။
အနာဂတ်တွင် အနည်းဆုံး ရေ၊ မီး၊ လမ်း၊ တံတား အစရှိသော အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး အတွက် အရင်းအနှီး အသုံးစရိတ်များ၊ မြင့်မားလာသော နေထိုင်မှု ပုံစံများ အတွက် သာမန် အသုံးစရိတ်များ ဟူ၍ နိုင်ငံခြားငွေ သုံးစွဲမှု (သို့မဟုတ်) သွင်းကုန် တင်သွင်းမှု ဆက်လက် များပြားနေဖွယ်ရာ ရှိပါသည်။ ကုန်သွယ်မှု လိုငွေကို ဖြည့်ဆည်းရန် အတွက် အမေရိကန် ဒေါ်လာ ၀ယ်ယူရန် လိုအပ်ပါသည်။
ပြည်တွင်း အကြောင်းတရား အနေဖြင့် ဒေါ်လာ ၀ယ်ယူမှုက ရောင်းအားထက် များပြားလျှင် ဒေါ်လာငွေ၏ တန်ဖိုး (ယခု ကြုံတွေ့နေရသကဲ့သို့) တက်လာနိုင်ပါသည်။ သို့သော် ဤသို့ တက်ခြင်းသည် ပြည်တွင်း အကြောင်းတရား၏ ပဓာန လွှမ်းမိုးမှုကြောင့် ဖြစ်သည်၊ နိုင်ငံတကာ ဈေးကွက်တွင် ဒေါ်လာ တန်ဖိုးတက်ခြင်း၏ ပဓာန လွှမ်းမိုးမှုကြောင့် ဖြစ်သည်ကို ခွဲခြားရန် ခက်ပါသည်။
 ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းမှု ကြီးမားလာနေသော အချိန်တွင် ကမ္ဘာ့ စီးပွားရေး အလားအလာကို မြန်မာ့ စီးပွားရေးက ဆန့်ကျင်နိုင်မည့် အလားအလာ ရှိသည်ဟု မယူဆပါ။ (ကမ္ဘာတွင် ဒေါ်လာဈေးတက်နေသည်ကို မြန်မာနိုင်ငံတွင် ဒေါ်လာဈေးကျအောင် လုပ်နိုင်မည် မထင်ပါ။)
မြန်မာ့ စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေး ပေါင်းစည်းမှုကို ကြည့်ရာတွင် ညွှန်းကိန်းတစ်ခု အနေဖြင့် နိုင်ငံတကာ ကုန်သွယ်ရေး၏ အရေးပါမှုကို ကြည့်ရန် လိုအပ်ပါသည်။ ဤညွှန်းကိန်းအရ ကြည့်လျှင် မြန်မာနိုင်ငံတွင် ကုန်သွယ်ရေး အချိုးအစား အလွန်နိမ့်ကျနေပါသေးသည်။ သို့သော် အမှန်တကယ် ကုန်သွယ်မှုသည် တရားဝင် ကိန်းဂဏန်းများက ဖော်ပြသည်ထက် သိသိသာသာ များပြားနိုင်ပါသည်။ သို့ဖြစ်ရာ ယခင့် ယခင် အချိန်ကာလများနှင့် နှိုင်းယှဉ်လျှင် မြန်မာ့ကုန်သွယ်မှု အချိုးအစား ကြီးမားလာပြီး ကမ္ဘာ့ကုန်သွယ်ရေးနှင့် ပေါင်းစည်းမှု မြင့်မားလာသည်ဟု သေချာပေါက် ဆိုနိုင်ပါသည်။
တဖန် ဗဟိုဘဏ်တွင် အခြေခံငွေလဲလှယ်နှုန်း သတ်မှတ်ရာတွင် နှစ်နှင့်ချီ၍ အတော်အတန် တည်ငြိမ်မှု ရှိခဲ့သော်လည်း ယခုရက်ပိုင်း (မေလလယ်)တွင် သိသိသာသာ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းသည်လည်း ကမ္ဘာ့စီးပွားရေးနှင့် ဈေးကွက်ကို တုံ့ပြန်ဆောင်ရွက်မှုဟု ယူဆပြီး ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းမှု မြင့်မားလာသည့် သာဓက တစ်ခု အဖြစ် ရှုမြင်နိုင်ပါသည်။
ရှေ့အလားအလာ
မြန်မာ့စီးပွားရေး အလားအလာကို တွက်ဆရာ၌ ကိုယ်ရရှိထားသော အချက်အလက်များ၊ အခြေအနေများထက် မိမိ လက်လှမ်းမမီသော အချက်အလက်များ၊ အခြေအနေများကို လျော့တွက်၍ မရကြောင်း သင်ခန်းစာ အထပ်ထပ် ရရှိခဲ့ပြီး ဖြစ်ပါသည်။ သာဓက တစ်ခု အနေဖြင့် ဘဏ်အတိုးနှုန်း လျှော့ချ၍ အပ်ငွေ လျော့ကျမည်ဟု တွက်ဆရသော်လည်း အခြား ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်း မရှိသော အခြေအနေတွင် ဘဏ်အပ်ငွေ လျော့ကျသွားခြင်း မရှိသည်ကို တွေ့ရပါသည်။
မြန်မာ့ဈေးကွက် အတွင်း၌လည်း အပြောင်းအလဲများ ဖြစ်ပေါ်လျှက် ရှိရာ ကားဈေးကွက်သည် ဈေးကစားစရာ နယ်ပယ်တစ်ခု မဟုတ်တော့ဘဲ အိမ်ခြံမြေဘက် လှည့်လာခဲ့သကဲ့သို့ ယခုနှစ်အတွင်းတွင် အိမ်ခြံမြေလည်း အတက်ဈေး၌ အရောင်းအ၀ယ် အေးနေသည်ကို တွေ့ရပါသည်။ ယခင် တစ်နှစ်ခန့် အတွင်း ဒေါ်လာဈေးကွက်သည်လည်း ဈေးကစား၍ ကောင်းသော နယ်ပယ်တစ်ခု ဖြစ်ခဲ့ပုံ မရပါ။
နိုင်ငံခြား ငွေလဲလှယ်နှုန်း အလားအလာသည် အဓိကအားဖြင့် နိုင်ငံတကာ ဈေးကွက်၏ အပြောင်းအလဲ အပေါ် မူတည်မည်ဟု ယူဆပါသည်။ ရွှေဈေး ဆက်လက် ကျဆင်းနိုင်မည်ဟု တွက်ဆကြရာ ကမ္ဘာတစ်ဝှမ်းတွင် (အခြား ထူးခြားသော အပြောင်းအလဲ တစ်စုံတစ်ရာ မရှိပါက) ဒေါ်လာဈေး ဆက်လက် အားကောင်းနေနိုင်ပါသည်။
ပြည်တွင်း စီးပွားရေး အကြောင်းတရားများသည် နိုင်ငံတကာ စီးပွားရေး ရေစီးကြောင်းကို ဆန့်ကျင်နိုင်စွမ်း မရှိဘဲ အားဖြည့်ပေးသည့် အကြောင်းတရားများ အဖြစ်သာ ရပ်တည်နိုင်မည်ဟု တွက်ဆပါသည်။
၁၆.၅.၂၀၁၃

တစ်အိမ်ထောင်တည်းကလေး၈၂ဦးရှိ

မေလ(၂၉)ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ အတွဲ (၁)၊ အမှတ် (၀၅၄)

အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ၇ ချက်



Myawady News
 မေလ ၃၀ ရက် ၂၀၁၃

၁-နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။

၂-နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

၃-နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။

၎-နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

၅-တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့်ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

၆-လိုအပ်သော လုပ်ငန်းစဉ်များကိုညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။

၇-နောက်တကြိမ်ဆွေးနွေးပွဲတွင် ယခုအကြိမ်တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန် သဘောတူညီသည်။ အခြားဖိတ်ကြားလိုသော အဖွဲ့များရှိပါက နှစ်ဖက်ညှိုနှိုင်းဆောင်ရွက်သွားရန် သဘောတူညီသည်။


Photo: အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ၇ ချက်

မေလ ၃၀ ရက် ၂၀၁၃

၁-နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။

၂-နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

၃-နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။

၎-နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

၅-တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့်ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

၆-လိုအပ်သော လုပ်ငန်းစဉ်များကိုညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။

၇-နောက်တကြိမ်ဆွေးနွေးပွဲတွင် ယခုအကြိမ်တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန် သဘောတူညီသည်။ အခြားဖိတ်ကြားလိုသော အဖွဲ့များရှိပါက နှစ်ဖက်ညှိုနှိုင်းဆောင်ရွက်သွားရန် သဘောတူညီသည်။

အောင်ပွဲရ မြန်မာအမျိုးသမီးအသင်းကို ဆုကြေးများ ချီးမြှင့်မည်


Myawady News

Thursday, May 30, 2013

ပါလက်စတိုင်းနိုင်ငံတွင် မေလ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျင်းပ
ခဲ့သော (၂၀၁၄) အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲတွင် ရှုံးပွဲမရှိ၊ ပေးဂိုး
မရှိ၊ အ၀ါကတ် အနီကတ်ပြသခံရခြင်းမရှိ ရမှတ် (၇)မှတ်ဖြင့် အုပ်စုဗိုလ်
နေရာမှ ခြေစစ်ပွဲ အောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်နှင့် မြန်မာနေရှင်နယ်
လိဂ် အသင်းပိုင်ရှင်များက ဂုဏ်ပြုဆုကြေးများ ချီးမြှင့်ပေးမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
နာယကဦးအောင်ကိုဝင်းမှ ကျပ်သိန်း (၁၅၀)၊

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်မှ ကျပ်သိန်း (၁၅၀)၊

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် အမျိုးသားဘောလုံး
အသင်း အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ(ဟံသာဝတီယူနိုက်တက်အသင်း
ဥက္ကဋ္ဌ)မှ ဦးအောင်မိုးကျော်ကျပ်သိန်း (၅၀)၊

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် အမျိုးသမီး
ဘောလုံးအသင်း အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ(ဇွဲကပင်အသင်းပိုင်ရှင်)မှ
ဦးလှဌေးကျပ်သိန်း (၅၀)၊

ဆီးဂိမ်းစ် ဘောလုံးအောင်နိုင်ရေး ကော်မတီအဖွဲ့
ဝင်များဖြစ်သော ဦးဖြိုးကိုကိုတင့်ဆန်း (နေပြည်တော် အက်ဖ်စီအသင်းပိုင်
ရှင်)မှ ကျပ် (၂၅)သိန်း၊

ဦးဇော်မင်းသိန်း (ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင်)
မှ ကျပ်(၂၅)သိန်း၊

ဦးဇော်ဝင်းရှိန် (ဧရာဝတီယူနိုက်တက်)မှ ကျပ်(၂၅)သိန်း၊

ဦးလှမျိုးမှကျပ် (၂၅)သိန်း၊

စုစုပေါင်းကျပ်သိန်း (၅၀၀) ဂုဏ်ပြုချီးမြှင့်ရန်
စီစဉ်ထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို
မေလ (၂၇)ရက်နေ့မှ မေလ (၂၉)ရက်နေ့အထိ အနားပေးထားပြီး မေလ
(၃၀)ရက်နေ့မှစတင်ကာလေ့ကျင့်မှုများ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ပြီး
မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း အာဆီယံချန်ပီယံရှစ်
ပြိုင်ပွဲနှင့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတို့ကို ၀င်ရောက်ယှဉ်ပြိုင်ရန်
ရှိသည်။

ထိုပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် လာမည့်ဇွန်လ
(၁၇)ရက်နေ့မှ ဇူလိုင်လ (၅)ရက်နေ့အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့ကို
သွားရောက်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

SkyNet TV Browser


Photo: အောင်ပွဲရ မြန်မာအမျိုးသမီးအသင်းကို ဆုကြေးများ ချီးမြှင့်မည်..
Thursday, May 30, 2013 

ပါလက်စတိုင်းနိုင်ငံတွင် မေလ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျင်းပ
ခဲ့သော (၂၀၁၄) အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲတွင် ရှုံးပွဲမရှိ၊ ပေးဂိုး
မရှိ၊ အ၀ါကတ် အနီကတ်ပြသခံရခြင်းမရှိ ရမှတ် (၇)မှတ်ဖြင့် အုပ်စုဗိုလ်
နေရာမှ ခြေစစ်ပွဲ အောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်နှင့် မြန်မာနေရှင်နယ်
လိဂ် အသင်းပိုင်ရှင်များက ဂုဏ်ပြုဆုကြေးများ ချီးမြှင့်ပေးမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် 
နာယကဦးအောင်ကိုဝင်းမှ ကျပ်သိန်း (၁၅၀)၊

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်မှ ကျပ်သိန်း (၁၅၀)၊

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် အမျိုးသားဘောလုံး
အသင်း အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ(ဟံသာဝတီယူနိုက်တက်အသင်း
ဥက္ကဋ္ဌ)မှ ဦးအောင်မိုးကျော်ကျပ်သိန်း (၅၀)၊ 

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် အမျိုးသမီး
ဘောလုံးအသင်း အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ(ဇွဲကပင်အသင်းပိုင်ရှင်)မှ
ဦးလှဌေးကျပ်သိန်း (၅၀)၊

ဆီးဂိမ်းစ် ဘောလုံးအောင်နိုင်ရေး ကော်မတီအဖွဲ့
ဝင်များဖြစ်သော ဦးဖြိုးကိုကိုတင့်ဆန်း (နေပြည်တော် အက်ဖ်စီအသင်းပိုင်
ရှင်)မှ ကျပ် (၂၅)သိန်း၊ 

ဦးဇော်မင်းသိန်း (ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင်)
မှ ကျပ်(၂၅)သိန်း၊ 

ဦးဇော်ဝင်းရှိန် (ဧရာဝတီယူနိုက်တက်)မှ ကျပ်(၂၅)သိန်း၊ 

ဦးလှမျိုးမှကျပ် (၂၅)သိန်း၊

စုစုပေါင်းကျပ်သိန်း (၅၀၀) ဂုဏ်ပြုချီးမြှင့်ရန် 
စီစဉ်ထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို
မေလ (၂၇)ရက်နေ့မှ မေလ (၂၉)ရက်နေ့အထိ အနားပေးထားပြီး မေလ 
(၃၀)ရက်နေ့မှစတင်ကာလေ့ကျင့်မှုများ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ပြီး
မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း အာဆီယံချန်ပီယံရှစ်
ပြိုင်ပွဲနှင့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတို့ကို ၀င်ရောက်ယှဉ်ပြိုင်ရန် 
ရှိသည်။ 

ထိုပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် လာမည့်ဇွန်လ
(၁၇)ရက်နေ့မှ ဇူလိုင်လ (၅)ရက်နေ့အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့ကို 
သွားရောက်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

SkyNet TV Browser

အပေါ်ကလုံတယ်

မိဘသဘောမတူဘဲခိုးယူပေါင်းသင်း၍အောင်မျိုးလင်းအား အရေးယူမှု


Myawady News

၂၆.၅.၂၀၁၃ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင်ဆိပ်ကြီးခနောင်တိုမြို့ နယ်နေ ဒေါ်----- သည်နေအိမ်၌ ရှိနေစဉ် သမီးဖြစ်သူ မ -----သည် မိုးချုပ်သည်အထိ နေအိမ်သို့ပြန်မလာ၍ သမီးဖြစ်သူအလုပ်လုပ်သည့် လမ်းမတော်မြို့နယ်၊ ၄ရပ်ကွက်ရှိကုန်စုံဆိုင်သို့ သွားရောက်စုံစမ်းရာ ပိုင်ရှင်၏ညီဖြစ်သူ အောင်မျိုးလင်း၊ (ဘ)ဦးဟာအစ်၊ မွတ်ဆလင်/အစ္စလာမ် ကျောက်တံတားမြို့နယ် နေသူမှ
သွေးဆောင်ခေါ်ယူပြီး ဒဂုံတောင်မြို့နယ် ၂၆ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အောင်သပြေတည်းခိုခန်းသို့ ၂၈.၅.၂၀၁၃ ရက်နေ့အထိခေါ်ယူတည်းခိုပေါင်းသင်းခဲ့သဖြင့် အရေးယူပေးပါရန်
တိုင်တန်းခဲ့၍ လမ်းမတော်မြို့မရဲစခန်း တွင် အရေးယူထားရှိပြီး တရားခံ အောင်မျိုးလင်းအားဖမ်းဆီး ရမိရေးဆောင်ရွက်လျှက်
ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police

ဒီပဲယင်းမြို့၊ကျည်ရွာတွင် ကျင်းပပြုလုပ်သော မေ(၃၀)၊ (၁၀)နှစ်ပြည့်အခမ်းအနား

လားရှိုးမှာ အမျိုးသမီးကို မီးရှို့ခဲ့သူဟာ မန္တလေး၊ ကျိုင်းတုံနဲ့ တောင်ကြီးမြို့တွေမှာလည်း ဆူပူမှု ဖြစ်ဖို့ ဖန်တီးခဲ့

မေလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ မြစ်ကြီးနား ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆို