Saturday, June 1, 2013

ဟန်ဆောင်လက်ထပ်သူ မြန်မာနှစ်ဦး စင်ကာပူတွင်ထောင်ကျ

r
The Voice Weekly
ရန်ကုန်၊ မေ ၃၁

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားနှစ်ဦးကို ဟန်ဆောင် လက်ထပ်မှုဖြင့် စင်ကာပူတရားရုံးက မေလ ၃၁ ရက်နေ့တွင် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း Singapore Now သတင်း ဌာနတွင် ရေးသား ဖော်ပြထားသည်။

ယင်းသို့ ဟန်ဆောင်လက်ထပ်မှုကြောင့် စင်ကာပူနိုင်ငံတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော ဒေါ်အေးအေးဆိုသူနှင့် ၎င်းကိုလက်ထပ်ခဲ့သည့် စင်ကာပူနိုင်ငံသား စဖာရီမင်ဟတ် ဆိုသူတို့ကို ထောင်ဒဏ် ခြောက်လစီ၊ ၄င်းတို့နှစ်ဦး လက်ထပ်ရန် အကျိုးဆောင်ပေးသူ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ဦးကျော်ကျော်ဦး ဆိုသူကို ထောင်ဒဏ်ကိုးလ အသီးသီးချမှတ်ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

အိမ်ဖော်အဖြစ် လုပ်ကိုင်နေသူ ဒေါ်အေးအေးသည် စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်၍ အလုပ်အကိုင်အသစ် ရှာဖွေလုပ်ကိုင်နိုင်ရန် အတွက် သင့်တော်သော စင်ကာပူနိုင်ငံသား တစ်ဦးနှင့် အချိန်ကာလ တစ်ခုအထိသာ ဟန်ဆောင်လက်ထပ်ရန် အကျိုးဆောင်အဖြစ် လုပ်ကိုင်နေသော ဦးကျော်ကျော်ဦးထံ အကူအညီ တောင်းခဲ့ကြောင်း၊ ယင်းသို့ လက်ထပ်ရန် ဒေါ်အေးအေးက အမေရိကန် ဒေါ်လာ ၃၀၀၀ အကုန်ခံခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံတွင် အလားတူ ဟန်ဆောင်လိမ်ညာ လက်ထပ်မှုများ ပြုလုပ်ရန် မလွယ်ကူကြောင်း၊ စင်ကာပူ နိုင်ငံတွင် လက်ထပ်ထိမ်းမြားလိုပါက နိုင်ငံတော်တရားရုံးတွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးရကြောင်း၊ အများအားဖြင့် စင်ကာပူနိုင်ငံတွင် တရားဝင်နေထိုင်၍ လုပ်ငန်းသစ် ရှာဖွေလုပ်ကိုင်သူများ၊ ကိုယ်ပိုင်စီးပွားရေး အသေးစား လုပ်ကိုင်လိုသူများက ယင်းကဲ့သို့ လုပ်လေ့ရှိကြောင်း စင်ကာပူနိုင်ငံတွင် လေးနှစ်ကြာ နေထိုင်ခဲ့ဖူးသူ တစ်ဦးက ဆိုသည်။

စင်ကာပူနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် များအတွက် လက်ထပ်မော်ကွန်းရုံးနှင့် မွတ်ဆလင် မဟုတ်သူများ အတွက် လက်ထပ်မော်ကွန်းရုံး ဟူ၍ ခွဲခြားထားရှိသည်။ မွတ်ဆလင် မဟုတ်သူများသည် သီးခြားလွတ်လပ်စွာ လက်ထပ်နိုင်ပြီး အစ္စလာမ်ဘာသာဝင်များ အတွက်မူ ၎င်းတို့၏ ရှီးယိုက် ဥပဒေအရ လက်ထပ် ထိမ်းမြားခွင့် ပြုထားသည်။

စင်ကာပူနိုင်ငံတွင် လက်ထပ်ထိမ်းမြား လိုပါက လက်ထပ်လိုသူ တစ်ဦးဦးက စင်ကာပူအစိုးရက တရားဝင်ဖွင့်ထားသော လက်ထပ်မော်ကွန်းရုံးတွင် စာရင်းပေးသွင်းရမည် ဖြစ်သည်။
လက်ထပ်ရာတွင် အစိုးရက ချမှတ်ထားသော နည်းဥပဒေများနှင့် မညီညွတ်သော အမျိုးသား၊ အမျိုးသမီးများကို လက်ထပ်ခွင့်မရခြင်း၊ လိင်တူသူအချင်းချင်း လက်ထပ် ခွင့်မရခြင်း ဟူ၍ ဥပဒေအချို့ ရှိသည်။

လက်ထပ်သူ၏ အသက်အပိုင်းအခြားပေါ် မူတည်၍ ၁၈ နှစ်အောက်ရှိသူများ လက်ထပ်လိုပါက အထူးထိမ်းမြားလက်ထပ်ခွင့် လိုင်စင် ရယူရန် လျှောက်ထားရမည် ဖြစ်ပြီး အဆိုပါလိုင်စင်ကို စင်ကာပူနိုင်ငံရှိ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီမှသာ လက်ထပ်ခွင့်ပြုသည်။

အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ လက်ထပ်လိုပါက မိဘနှစ်ဦး၏ ခွင့်ပြုချက်၊ မိဘ တစ်ဦးတည်း ရှိပါက တစ်ဦး၏ခွင့်ပြုချက်၊ မိဘများ သေဆုံးသွားပါက တရားရုံး တရားဝင် ခန့်အပ် ပေးထားသော အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ အကယ်၍ မိဘနှစ်ပါးစလုံး နိုင်ငံရပ်ခြားတွင် ရောက်ရှိနေပါက သက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်သူများမှတစ်ဆင့် မော်ကွန်းရုံးထံသို့ ထောက်ခံစာ ပေးပို့ပေးရမည် ဖြစ်သည်။

စင်ကာပူနိုင်ငံသား မဟုတ်သူ တစ်ဦးဦးနှင့် အမြဲတမ်း နေထိုင်သော နိုင်ငံသားတစ်ဦးတို့ လက်ထပ်လိုပါက နိုင်ငံသား မဟုတ်သူသည် တရားဝင် လက်ထပ်ရန် တရားရုံးမှ ကြေညာစာ မထွက်ခင် အနည်းဆုံး ၁၅ ရက် အလိုကတည်းက ယင်းနိုင်ငံတွင် နေထိုင်နေသူ ဖြစ်ရမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ၏ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။

အဖေကတော့ကွယ်လွန်ရှာပါပြီတဲ့

ကျန်ရစ်ခဲ့တဲ့သားသမီးမြေး(၄၂)ယောက်ထဲပါ။

အင်တာနက်ပေါ်က သတင်းများကို အလွယ်တကူမယုံကြည်ဖို့ပြောတဲ့ဦးရဲထွဋ္ဋ်ကြည့်ရန်


*************************************************************
မလေးရှားနိုင်ငံ ကေအလ်မြို့ ဆလန်ရမ်း မြို့နယ်တွင်း ဆလရန်းဈေးအနီးတွင်း မွတ်ဆလင် အကြမ်းဖက်သမားများရဲ့ သတ်ဖျက်မှုကြောင့် သေဆုံးသူနှင့် အသက်မသေပဲ လွှတ်မြောက်လာသူပုံတွေပါ။

ဒီနေ့ည ၁.၆.၁၃ မှာလည်း ထပ်မံသတ်ဖြတ် ခံရပါတယ်၊ ဒီလို ပြဿနာတွေကြောင့် ကပ်ဖုန်း ဘုန်းကြီးကျောင်းကို ထွတ်ပြေးပုန်းရှောင်နေသူ ၃၀ယောက်ကျော်ရှိပါတယ်၊
မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ မလေးရှားဆိုင်ရာမြန်မာသံအမတ်ကြီး သိစေရန် တင်ပြလိုက်ချင်းဖြစ်ပါတယ်။

မြန်မာအစိုးရ နှင့် ဖေ့ဘုတ်ပေါ်က ဦးရဲထွတ်သို့ 
*********************************
မလေးရှားက အမှုကို တာဝန်တစ်ခုလို ကိုင်တွယ်ပေးပါ ။လူတွေလက်ခံနိုင်အောင် မြန်မာမိသားစုနှင့် မလေးရှားမှာအလုပ်လုပ်နေတဲ့ မြန်မာများကို ကာကွယ်ပေးပါ။ သတင်းအမှန်ကို အချိန်နဲ့ အညီဖော်ပြပေးပါ.။ မလေးရှားမှမြန်မာ လူမျိုး များသည့် မြန်မာအစိုးရ၏ သားသမီးများဖြစ်ကြပါသည်.။ သတင်းကို မထိန်ချန်ပါနှင့် အတိအကျဖော်ပြပေးရန် လေးစားစွာတောင်းဆိုပါတယ်။
အောက်က လင့်မှာလူကြီးမင်းများ ၀င်ရောက်ဖတ်ရှုပါ.။ဒီလောက်ပြောလျှင် နားလည်မည်ဟုယူဆပါတယ်။

Posted byTun Tun Wai

FATAL BRAWL:FOREIGNER KILLED, FRIEND INJURED AT SELAYANG WHOLESALE MARKET
31 May 2013, 04:04pm BY Sobana Damodaran

A man was killed while another was seriously injured during a fight which broke out between foreign workers at the Selayang wholesale market, early this morning.

The duo were believed to have been involved in an arguement with another group of men before it turned violent and escalated into a brawl resulting in the victims being attacked with parangs.

The 40-year-old deceased, a Myanmar national, identified as Nasir, died on the spot, after being slashed about 10 times on the neck, head and ribs.

His friend, who was also slashed, managed to escape but collapsed about 500 metres away from the market and was rushed to Kuala Lumpur Hospital for treatment.

Police have not ruled out the possibility that those involved in the fight were all of the same nationality.

The weapons used in the attack however could not be found at the scene.


http://www.ntv7.com.my/7edition/local-en/FATAL_BRAWL_FOREIGNER_KILLED_FRIEND_INJURED_AT_SELAYANG_WHOLESALE_MARKET.html

===================================================

    Ye Htut
    မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိမြန်မာဘုန်းတော်ကြီး
    ကျောင်း အနီးမှာ ရိုက်ပွဲဖြစ်တယ်၊ ဆလာရန်းမှာ ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေသေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေရပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကို ညနေ ငါးနာရီကျော်ကတစ်ကြိမ်၊ အခု ည ၈နာရီကျော်က တစ်ကြိမ်၊အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ပါတယ်။

    သံအမတ်ကြီးက အဲဒီဖြစ်စဉ်တွေမှန်ကန်မှုမရှိကြောင်း၊ မြန်မာဘုန်းတော်ကြီးကျောင်းက ဆရာတော်နဲ့လည်း ညနေက စပြီး အဆက်အသွယ်မပြတ်ရရှိနေကြောင်း၊ ဆရာတော်က အဲဒီလို တိုက်ခိုက်မှုများမရှိကြောင်းပြောတယ်လို့ အကြောင်းပြန်ပါတယ်။

    အင်တာနက်ပေါ်က သတင်းများကို အလွယ်တကူမယုံကြည်ကြပါနဲ့။မလေးရှားအပါအ၀င် နိုင်ငံ တကာမှာရှိနေတဲ့ မြန်မာသံရုံးများကလည်း မြန်မာနိုင်ငံသားများကို ကာကွယ်ကူညီစောင့်ရှောက် ဖို့ အသင့်ရှိပါတယ်။
============================================


ပုဂံအွန်လိုင်းမီဒီယာ
၂၀၁၃ခုနှစ်၊ ဇွန်လ၊ ၁ ရက် ( ညနေ ၆း၄၀ )
“ မလေးရှားနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော - ဘင်္ဂလီများနှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ပဋိပက္ခများတွင် မြန်မာနိုင်ငံသား ၆- ယောက်ထိ သေဆုံး သွားပြီး၊ ၁၀-ယောက် ဆေးရုံတင်ထားရကာ ၊ မိမိတို့ နေရာဋ္ဌာနတွင်း မလုံခြုံဟုယူဆသဖြင့် ကမ်ပွန်းဘုန်းတော်ကြီး ကျောင်းသို့ လာရောက်ခိုလှုံနေသူများမှာ ၆၀- ကျော်အထိ ရှိလာပြီဟု ထပ်မံသတင်းရရှိပါသည်။ မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာအစိုးရ နှင့် မြန်မာသံရုံးမှ ထိထိရောက်ရောက် စောင့်ရှောက်ကာကွယ်မှုပေးသွားရန် မြန်မာအစိုးရအနေဖြင့် အရေးတကြီး တုံ့ပြန်ကြိုးစားသွားဖို့လိုနေသည်။
မလေးရှား၊ ကွာလာလမ်ပူအတွင်းရှိ မြန်မာနိုင်ငံသားတို့၏ အခြေအနေကို အချိန်နှင့် တပြေးညီဆက်သွယ် ဖော်ပြပေး သွားမည်ဖြစ်ပါသည်။ ”

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတရုံးဝန်ကြီး စိုးသိန်းတို့  စကားယှဉ်ပြိုင်ပြောကြားမည်။


Nik Nayman
“မြန်မာပြည် အနာဂါတ်” နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတရုံးဝန်ကြီး စိုးသိန်းတို့  စကားယှဉ်ပြိုင်ပြောကြားမည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတရုံးဝန်ကြီး စိုးသိန်းတို့  စကားယှဉ်ပြိုင်ပြောကြားမယ့် “မြန်မာပြည် အနာဂါတ်” အစီအစဉ်ကို BBC World Debate programme မှာ လာမည့် ဇွန်လ (၈) ရက်နေ့ နှင့် (၉) ရက်နေ့ များတွင် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

အဆိုပါ “မြန်မာပြည် အနာဂါတ်” အစီအစဉ်ကို နေပြည်တော်၌ ကျင်းပပြုလုပ်မည့် East Asia Economic Forum 2013 တွင် စကားယှဉ်ပြိုင်ပြောမှာ ဖြစ်ပါတယ်။

ကြည့်ရှုနိုင်မည့် အင်တာနက်စာမျက်နှာမှာ http://www.bbc.co.uk/programmes/p0196lmt ဖြစ်ပါတယ်။


“မြန်မာပြည် အနာဂါတ်” နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတရုံးဝန်ကြီး စိုးသိန်းတို့  စကားယှဉ်ပြိုင်ပြောကြားမည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတရုံးဝန်ကြီး စိုးသိန်းတို့  စကားယှဉ်ပြိုင်ပြောကြားမယ့် “မြန်မာပြည် အနာဂါတ်” အစီအစဉ်ကို BBC World Debate programme မှာ လာမည့် ဇွန်လ (၈) ရက်နေ့ နှင့် (၉) ရက်နေ့ များတွင် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ 

အဆိုပါ “မြန်မာပြည် အနာဂါတ်” အစီအစဉ်ကို နေပြည်တော်၌ ကျင်းပပြုလုပ်မည့် East Asia Economic Forum 2013 တွင် စကားယှဉ်ပြိုင်ပြောမှာ ဖြစ်ပါတယ်။

ကြည့်ရှုနိုင်မည့် အင်တာနက်စာမျက်နှာမှာ http://www.bbc.co.uk/programmes/p0196lmt ဖြစ်ပါတယ်။

Facebook ပေါ်မှာ ကြော်ငြာတစ်ခုကြောင့် ရခိုင်လူငယ်အချို့ အမှတ်၅၄ရှေ့မှာစုရုံးမှုဖြစ်ခဲ့

၅၄ရှေ့ဆန္ဒပြသူလေးကိုဒေါ်အောင်ဆန်းစုကြည်မမြင်အောင်မီဒီယာမှကာကွယ်ထားစဉ် :D


တားဆီးနိုင်ဖို့ရန်ကုန်တိုင်းရခိုင်ရေးရာဝန်ကြီးဦးဇော်အေးမောင်လဲရောက်ရှိခဲ့ပါတယ်။သူပြန်သွားတော့......
“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ပြောချင်တာကတော့ သူပြောတဲ့စကားကို ရခိုင်တိုင်းရင်းသား အားလုံးက ရှုံ့ချပါတယ်။ သူမွတ်စလင်တွေဘက်က ရပ်တည်မယ်ဆိုရင်လည်း မွတ်စလင်နိုင်ငံဖြစ်တဲ့ ဆော်ဒီနိုင်ငံလိုနေရာမျိုးမှာ သွားပြီး အရင်ဆုံး အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အခွင့်အရေးသွားတောင်းလို့ ပြောချင်ပါတယ်။ OIC ရှိတဲ့နိုင်ငံမှာ အရင်ရအောင် သွားတောင်းပါ။ ပြီးမှ မြန်မာနိုင်ငံမှာ လာတောင်းလို့ ပြောချင်ပါတယ်” ဟု ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ကိုစစ်ငြိမ်းကမီဒီယာများကို ပြောပါတယ်။
ဒီကနေ့ ရခိုင်လူငယ်တို့ လှုပ်ရှားမှုက များစွာထိရောက်ကြောင်းနဲ့ ၎င်းတို့ရဲ့ ဆန္ဒကို အမှန်တိုင်း ဖော်ထုတ်နိုင်ခဲ့တဲ့ အတွက် အထမြောက်တဲ့ ဆန္ဒပြပွဲ စစ်စစ် တစ်ခုဖြစ်ကြောင်း၊ ဆိုင်းဘုတ်တွေကိုင်ပြီး လမ်းလျှောက်တဲ့ ရုပ်ပြ ဆန္ဒပြပွဲများထက် ပိုမိုထိရောက်ကြောင်း ရခိုင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ရခိုင် တိုင်းရင်းသားဝန်ကြီး (ရန်ကုန်တိုင်း)


Posted by Kamayut Media on June 1, 2013 at 5:45 pm r

ဆလာယန်းမြို့ မှာမြန်မာ ၅ယောက် နဲ့ ဗုဒ္ဓဘာသာမှမွတ်ဆလင်ဘာသာပြောင်းထားတဲ့လူတစ်ယောက်အသတ်ခံခဲ့ရ



မလေးရှား နိုင်ငံ ဆလာယန်းမြို့ သတင်း
----------------------------

အကိုရေ မလေးရှားမှာတော့အခြေနေမကောင်းပါဘူး။ အထူးသဖြင့် မလေးရှားနိုင်ငံဆလာယန်းမြို့ မှာပါ အရင်ကတော့ဆလာယန်းဈေးဟောင်းနဲ့ 
 ဈေးသစ်မှာဖြစ်ခဲ့ပြီးနောက်ဆုံး 30ရက်31ရက် ညတွေမှာတော့မြန်မာတွေနေတဲ့အိမ်အထိတက်လာပြီး အတင်းဆွဲချ ဒါးနဲ့ ခုတ်အသတ်ခံခဲ့ရပါတယ် ။
အကိုဒီလောက်သတိပေးခဲ့တာတောင် ဒီလိုအဆင့်ရောက်အောင်မြန်မာတွေခံခဲ့ရပါတယ် ။ညတုန်းကတော့အဆိုးဆုံးပါပဲအကို...အိမ်တစ်အိမ်ကမြန်မာ
၅ယောက် နဲ့ ဗုဒ္ဓဘာသာမှမွတ်ဆလင်ဘာသာပြောင်းထားတဲ့လူတစ်ယောက်အသတ်ခံခဲ့ရပါတယ် ။ အဲဒီမွတ်ဆလင်ရဲ့ နာမည်ကမင်းဇော်လို့ ခေါ်ပါတယ်
သူ့ မိန်းမကညွန့်ညွန့်ပါ သူကမြန်မာတွေကိုသတင်းပေးလို့ ဆိုပြီးအသက်ခံရတာပါ ဒီသတင်းကိုမယုံတဲ့သူရှိရင် ကပုန်း (kepong)နာရေးကူညီမှုအသင်း
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။အခုအဲဒီနာရေးကူညီမှုအသင်းမှာလဲရန်ပုံငွေမလောက်တော့လို့ မလေးရှားရှိမြန်မာများကူညီစေချင်တယ်အကို... ဆလာရန်းမှာပိတ်မိနေတဲ့မြန်မာတွေအမြန်လွတ်မြောက်အောင်ကြိုးစားတော့နေပါတယ် ။ထွက်ပြေးလာတဲ့မြန်မာတွေလဲကပုန်း(keping)ဘုန်းကြီးကျောင်း
မှာနေပြီးအဆင်ပြေအောင်ကူညီနေပါတယ် အဲဒီကျောင်းမှလူတွေကိုလဲအလုပ်အကိုင် စားဝတ်နေရေးကူညီစေချင်ပါတယ်အကို အဲဒီကျောင်းကိုလဲမီးရှို့ ဖို့ 
သူတို့ ကြိုးစားနေကြပါတယ်ခုလောလောဆယ်အဲဒီဖုန်းကြီးကျောင်းကိုမလေးရှားအစိုးရမှလုံခြုံရေးတော့ချပေးထားပါတယ်။ဒီသတင်းကိုမြန်မာသံအမတ်ကြီး
ကြားပြီးပြီလို့ သံအမတ်ကြီးနဲ့ နီးစပ်တဲ့အသိုင်းဝိုင်းကကြားရပါတယ် ဒါပေမံ့ခိုင်လုံတဲ့သက်သေအထောက်အထားရဖို့ ကြိုးစားနေပါတယ်။ ခိုင်လုံသက်သေဆိုတာကမြန်မာနိုင်ငံသားဖြစ်ကြာင်းဆိုတဲ့သေသွားသူရဲ့Passport ပတ်စ်ပို့ ပါ ခက်တာကမလေးကလူတော်တော်များများကအခက်ခဲအမျိုးမျိုး
ကြောင့်ပါမစ်မရှိတဲ့လူများပါတယ် ။မလေးအစိုးရကိုအခွန်မဆောင်ပဲနေတာကိုဆိုလိုပါတယ် သေသွားသူတွေမှာပတ်စ်ပို့ ရှိမရှိစုံစမ်းနပါတယ် မလေးအစိုးရက
လဲထိန်းသိမ်းမှုအားအရမ်းနဲပါတယ်အကို ခုပြဿနာစဖြစ်ရတာလဲသူတို့ ပယောဂမကင်းပါဘူး သူတို့ နိုင်ငံကtv3မှာလားရှိးသတင်းလွှင့်ပြပြီးစဖြစ်တာပါ ခုမြန်မာတွေအသတ်ခံနေရတာကိုတော့သတင်းအမှောင်ချထားပါတယ် သတင်းစာထဲတောင်မပါဘူး ခုလုပ်နေကြတာကဘင်ဂလီကပိုဆိုးပါတယ်အကို... ဒီမနက်တော့ဆလာယန်းမှာအော်ပရာဇီဝင်သွားတယ်လို့ကြားပါတယ်လူဝင်မှုကြီးကြပ်ရေးနင့်ရဲဝင်စ်တယပါ ပြီးတော့မလေးရှားမှာမြန်မာသူဌေးများကိုလဲပြန်ပေး
ဆွဲပြီးငွေတောင်းနေပါတယ်အားလုံးသတိရှိကြဖို့ လိုအပ်ပါတယ်အကို နောက်ထူးခြားတာရှိရင်ဆက်ပြီးသတင်ပို့ ပါမယ်အကို
 ဒီစာကို အကိုသင့်တော်အောင်စာပြန်စီပြီးဖြန့် ပေးပါဦးနော် ။
ကျေးဇူးတင်ပါတယ်အကို ။

Min Zaw

မလေးရှားနိုင်ငံမှ မြန်မာ တိုင်းရင်းသားများ အကူအညီ အများကြီးလိုအပ်နေပါတယ်

...................................................................................................................

KUALA LUMPUR - A Myanmar man was brutally murdered by a group of criminals in the parking lot at the wholesale market here today.
The incident in Nasir, in his 40s died at the scene with six slash wounds in the neck and wound 19 centimeters deep.
The incident occurred when the victim was riding a motorcycle with a friend attacked by a group of men. The incident was witnessed by many people. Friend victim was attacked but he managed to escape and is now being treated in hospital.
http://www.kosmo.com.my/kosmo/content.asp?y=2013&dt=0601&pub=Kosmo&sec=Negara&pg=ne_06.htm


....................................................................................................

Forklift driver crushed by container
01 June 2013| last updated at 07:59PM
http://www.nst.com.my/latest/forklift-driver-crushed-by-container-1.291359


PORT KLANG -- A Myanmar was crushed to death when a falling container from a crane fell on the forklift which he operated at the West Port industrial zone here early today.
The 31-year-old unidentified victim died on the spot. He sustained head and body injuies.
The crane operator, a Bangladeshi, escaped unhurt in the incident about 4.20am.
Klang Fire and Rescue Department Senior Superintendent Ahmad Zaidi Safuan said the victim and the crane operator were unloading goods at a container store when the incident occurred.
He said initial investigations revealed the operator of the crane which was carrying the container, had suddenly braked, causing the latter to sway and fall.
He said a team of firemen had failed to lift the container as it exceeded the fire truck's capacity.
Ahmad Zaidi said the department was forced to use a crane belonging to a private company to lift the container before cutting the forklift to extricate the body of the deceased.
The body was sent to the Tengku Ampuan Rahimah Hospital in Klang. -- BERNAMA

လားရှိုးမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်မိသားစု၏ မချွန်းမချန် ပြောဆိုချက်




ကျိုင်းတုံမြို့မှ အစ္စလာမ်ဘာသာဝင် မောင်နေဝင်း(၄၂)သည် အခင်းဖြစ်ပွားမည့်နေ့ ၂၈-၅-၂၀၁၃-ရက်နေ့ နံက်(၈း၀၀)နာရီ အချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၈) နယ်မြေ(၁၅) နယ်မြေမှူး၏ သမီး မအေးဝင်း(၂၉) ပိုင်ဆိုင်သော ဆီဆိုင်နား၌ အထုပ်ကြီးနှင့် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက် လုပ်နေပါ သည်ဟု ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။ ညနေ (၄း၉၀)မိနစ်တွင် မအေးဝင်း(၂၉)သည် မူဆယ်မှ ခင်ပွန်းသည် ပို့လိုက်သော လေထိုးတံကို စစ်ဆေးရန် ဆီဆိုင်ရှိရာသို့ ဦးတည်လာစဉ် မောင်နေဝင်းသည် ပုဆိုးဝတ်ထားရာမှ ဘောင်းဘီလဲလိုက်သည်ဟု ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။

ထိုသို့ လဲလိုက်ပြီး မအေးဝင်း(၂၉)၏ အနားသို့ ချင်းကပ်လာပါသည်။ မအေးဝင်း(၂၉)က ချင်းကပ်လာသော မောင်နေဝင်းအား “ဘာလုပ်ဖို့လဲ”-ဟု မေးရာ မောင်နေဝင်း(၄၀)သည် မအေးဝင်း(၂၉)အား ဝါးစစ်ပိတ် ဒုတ်နှင့် ရိုက်လိုက်သောခါ မအေးဝင်း(၂၉)က ရှောင်လိုက်ရာ မောင်နေဝင်း(၄၀)က ဝါးစစ်ပိတ်ဒုတ်ကို ပစ်ချလိုက်ပြီး၊ အသင့်ပါလာသော အထုတ်ထဲမှ ဓာတ်ဆီဘူးကို ယူပြီး မအေးဝင်း(၂၉)အား လောင်းပါသည်။ မအေးဝင်း(၂၉)က လမ်းမကြီးကို ကျော်၍ လမ်းကြားထဲ ပြေးဝင်းသွားပါသည်ဟု မမြတ်အိဖြူက ပြောပါသည်။

ထိုစဉ် ဆီရောင်းသူ မမြတ်အိဖြူက “ဆီတွေနဲ့ လောင်းနေပြီ၊ ဆီတွေနဲ့လောင်းနေပြီ”ဟု အော်ပါသည်။ ထိုသို့ အော်ရာ ဆီဆိုင်အနီးရှိ ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ထွက်လာပြီး၊ မောင်တင်မိုးမင်းက လိုက်ဖို့ကြည့်လိုက်တော့ ကားရှုပ်နေတာနဲ့ ခဏစောင့်ပြီး လမ်းကူးသွားတော့ လမ်းကြားထဲတွင် မအေးဝင်း(၂၉)အား မတွေ့တော့ပါ-ဟု မောင်တင်မိုးမင်းက ပြောပါသည်။ မအေးဝင်း(၂၉)သည် ဦးဘိုအေး ဝက်ရှော့အိမ်ထဲသို့ ဝင်းပြေးသွားပြီး အဖွားဒေါ်အေးရီအား လူတစ်ယောက် ဓာတ်ဆီနဲ့လိုက်လောင်းနေသည် မိမိ၏ အမေအား ဖုန်းဆက်ပေးရန် ပြောပါသည်။ အဖွားက “နင့် အမေ ဖုန်းနံပါတ်မှ မသိတာ”ဟု ပြန်ပြောပါသည်။

ထိုစဉ် မောင်နေဝင်းရောက်လာ၍ မအေးဝင်း၏ အင်္ကျီကို ဆွဲကာ လက်ကျန်ဆီတစ်ဝက်ကျော်ကို ခေါင်းမှ လောင်းထည့်လိုက်ပါသည်။ အဖွားက မလုပ်နဲ့ဟု ပြောပြီး ခွဲရာ မောင်နေဝင်းက အဖွားအား တွန်းလိုက်ပါသည်။ အဖွားလဲကျသွားစဉ် မအေးဝင်းအား မီးခြစ်ဖြင့် မီးရှို့ပါသည်။ မအေးဝင်းသည် တစ်ကိုယ်လုံး မီးလောင်းသွားပြီး၊ အိမ်ထဲသို့ ပြေးဝင်သွားရာ အဖွားက ငြိမ်းသတ်ပေးသော်လည်း မရ၊ အဖွားရော မအေးဝင်းပါ အိမ်ပြင်သို့ လိမ့်ကျသွားသောကြောင့် မီးမှာ အနည်းငယ်ငြိမ်းသွားပါသည်။
ထိုအချိန်တွင် ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ရောက်လာပြီး ဆက်လက် ငြိမ်းသတ်လိုက်ကာ မီးရှို့သူ မောင်နေဝင်းအား မောင်တင်မိုးမင်းနှင့်အတူ အနီးအနားမှ လူအများနှင့် လိုက်လံဖမ်းဆီးပါသည်ဟု မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ပြောပါသည်။

မီးရှို့သူ မောင်နေဝင်းအား ဒေသခံပြည်သူများမှ ဝိုင်းဝန်းရိုက်နက်ကြစဉ် မောင်နေဝင်းက “င့ါကို သတ်ချင်သတ်လိုက်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက် သတ်ရရင် ကြေနပ်တယ်”ဆိုပြီး ပြောတော့ မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ခြေထောက်ဖြင့် မျက်နှာကို ကန်လိုက်သည်ဟု ကာယကံရှင် မိသားစုမှ မချွန်မချန် ဖြစ်ရပ်မှန်ကို ဖွင့်ဟပြောဆိုပါသည်။

သတင်းအမှန်အတိုင်း ဖြစ်စေလိုကြောင်း ဂျာနယ်များ အင်တာနက်များတွင် မအေးဝင်းက ဆီရောင်းသည်ဟု ပြောဆိုခြင်း၊ မအေးဝင်း(၂၉)နှစ်သည် မောင်နေဝင်း(၄၀)နှစ် အစ္စလမ်ဘာသာဝင်၏ ဇနီးဟု ပြောဆိုခြင်းတို့သည် ကာယကံရှင်မိသားစုမှ လုံးဝလက်မခံနိုင်ကြောင်း သတင်းအမှန်ဖြစ်စေရန် မချွန်းမချန် မအေးဝင်း (၂၉)နှစ်၏ ညီမ မခင်းဝင်းရီ၊ မမြတ်အိဖြူ၊ မောင်တင်မိုးမင်း၊ ဦးကိုကိုဝင်း အဖွား ဒေါ်အေးရီတို့မှ ပြောဆိုပါသည်။

Wira Thu
ဆက်သွယ် စုံစမ်းရန်=
မခင်းဝင်းရီ 09-403725028
ဦးကိုကိုဝင်း 09-5351222
မောင်တင်မိုးမင်း 09-36034146

ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလူမျိုးများ

by Maung Thant (Notes) on Friday, May 25, 2012 at 12:32pm
ပြီးခဲ့တဲ့ တိုင်းရင်းနွယ်ဖွား ဘာသာစကား ဆိုတဲ့ Note တင်ပေးတုန်းက ဘာသာဗေဒကို အခြေခံပြီး မျိုးနွယ်စုများ
ခွဲခြားပုံ၊ ကွဲပြားပုံနဲ့ ရိုဟင်ဂျာ ISO Code  ဘယ်လိုဖြစ်လာရတယ် ဆိုတာကို အကြမ်းဖျင်း မှတ်စုသဘောမျိုး
ထုတ်ပြီး တင်ပေးလိုက်တာပါ။ မိတ်ဆွေတစ်ချို့က ဒီ Note အပေါ်မှာ သိပ်ပြီး အားမရဘူး ထင်ပါတယ်။ တစ်ချို့
အကြောင်းရင်း သေချာမသိသေးတဲ့ ညီငယ်၊ ညီမငယ်တစ်ချို့ကလည်း ဒီထက်ပိုပြီး အခြေအမြစ်ကျကျ
သိလိုကြောင်း ပြောလာပါတယ်။ တကယ်တော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပညာရှင်တွေ၊ သုတေသီတွေ ပြုစုတဲ့
အင်္ဂလိပ်၊ မြန်မာ စာတမ်းတွေ အတော်များများ ရှိပါတယ်။ မသိသေးတာ မဖတ်ဖြစ်ကြလို့ နေမှာပါ။ ဘာပဲဖြစ်ဖြစ်
လွယ်လွယ်ကူကူ ဖတ်ရှုနိုင်စေဖို့ ဒီစစ်တကောင်းဘင်္ဂလီ အရေးနဲ့ပတ်သက်တဲ့ ဖြစ်စဉ်သမိုင်းကို အပိုင်းခွဲပြီး
တင်ပေးလိုက်ပါတယ်။

တစ်ခုတော့ ပြောချင်ပါတယ် ဒီဖြစ်စဉ်သမိုင်းပါ အကြောင်းအရာတွေဟာ ဘာသာရေး၊ လူမျိုးရေး အကြောင်း
အချက်တွေ ပါဝင်နေပေမယ့် ရိုဟင်ဂျာမူဆလင်ဆိုတာ မြန်မာနိုင်ငံသား မူဆလင်ဘာသာဝင်တွေကို ကိုယ်စား
မပြုဘူး ဆိုတာကိုတော့ ခွဲခွဲခြားခြား မြင်စေချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မူဆလင် ဘာသာဝင် တစ်ဦးဖြစ်ပြီး
ပထမ၊ ဒုတိယ ပင်လုံညီလာခံ နှစ်ခုလုံးမှာပါဝင်ကာ ၂၅ နှစ်ကြာမျှ ပြည်ထောင်စုမြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့တဲ့ မဟာသရေစည်သူ ဦးဖေခင် ဘူးသီးတောင်သို့ ရောက်စဉ်အခါက ဟောပြောပွဲမှာ
ပြောခဲ့တာလေးကို ပြောပြချင်ပါတယ်။

ဟောပြောပွဲမှာ ဦးဖေခင်က “သူဟာ ပါကစ္စတန်သံအမတ်ကြီး ဖြစ်ကြောင်း၊ မူဆလင် အမျိုးသားတစ်ဦးလည်း
ဖြစ်ကြောင်း၊ ဘူးသီးတောင် မောင်တောရှိ ဘာသာတူ မူဆလင်အမျိုးသားများနှင့် တွေ့ဆုံလို၍ တကူးတက လာရောက်ရခြင်း ဖြစ်ကြောင်း၊ မူဆလင်များနှင့် တွေ့ဆုံရသဖြင့် ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း နှစ်မျိုးကို
ခံစားရပြီး ဘယ်လိုပြောရမှန်းပင် မသိဖြစ်နေပါကြောင်း၊ ဤနယ် မူဆလင်များ၏ ဝတ်စားဆင်ယင်ပုံ၊
ယဉ်ကျေးမှုနှင့် ဆက်ဆံရေး မလွယ်ကူမှုကြောင့် အထူးဝမ်းနည်းရပါကြောင်း၊ ယခုစကားပြောရာ၌ပင်
တိုက်ရိုက် ဗမာစကားမသုံးရပဲ စကားပြန် ကြားမှထားကာ ဟောပြောရသဖြင့် သူသည် မြန်မာနိုင်ငံတော်၏ တစ်နေရာ ရောက်နေသည်ဟု မထင်ဘဲ အရှေ့ပါကစ္စတန်ပြည် တစ်နေရာသို့ ရောက်နေသလားဟုပင်
သံသယ ဖြစ်မိပါသည်” ဟု ပြောဆိုခဲ့ပါတယ်။ အခုအချိန်များ ဦးဖေခင် ရောက်သွားခဲ့လျှင် မည်သို့
ပြောမည်မသိပါ။ ဘာပဲဖြစ်ဖြစ် သမိုင်းဆိုတာ သိထားသင့်လို့ ရိုဟင်ဂျာကို လေ့လာကြည့်ကြပါစို့။


ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလူမျိုးများ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဘင်္ဂလီလူမျိုး
အများစု နေထိုင်ရာ ဒေသတစ်ခုအဖြစ် ပြောင်းလဲနေသည်။ ဘူးသီးတောင်မြို့နယ် တစ်ခုလုံးတွင် ဘင်္ဂလီလူမျိုး
(၈၃) ရာခိုင်နှုန်း အခြေစိုက် နေထိုင်လျက် ရှိကြသည်။

ထို့ကြောင့် ဤမြို့နယ်သည် ပထ၀ီနိုင်ငံရေး သဘောအရ လည်းကောင်း၊ လူနေမှု သမိုင်းအရ လည်းကောင်း၊
လူမှုဆက်ဆံရေး အခြေအနေနှင့် စိတ်နေသဘောထားအရ လည်းကောင်း ထူးခြားမှု ရှိနေကြောင်း တွေ့ရသည်။
ဘူးသီးတောင်မြို့နယ်တွင် နေထိုင်ကြသည့် ဘင်္ဂလီ လူမျိုးများသည် မိမိတို့ကိုယ်တိုင်က “ရိုဟင်ဂျာ” လူမျိုးများ
အဖြစ် အမည်ပြောင်းလဲ ခံယူလိုနေကြသည်။ ရိုဟင်ဂျာဟူသော ဝေါဟာရသည် ယခင်ကတည်းက ရှိလာခဲ့သော
လူမျိုးအမည် မဟုတ်ဘဲ ဘင်္ဂလီပညာတတ် အသိုင်းအ၀ိုင်းမှ တီထွင်လိုက်သော ဝေါဟာရသစ် တစ်ခုသာ
ဖြစ်ကြောင်း တွေ့ရသည်။

ဘူးသီးတောင်မြို့နယ်တွင် အခြေစိုက်လျက် ရှိကြသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ လူမျိုးများသည်
မည်သည့်အချိန်ကပင် ၀င်ရောက် အခြေစိုက်လာကြသည်။ မည်သည့်ဒေသမှ လာရောက်ကြသည်။ မည်သို့သော
နည်းလမ်းများဖြင့် ၀င်ရောက်လာကြသည် စသည်ဖြင့် တွေးတောစရာ တသီတတန်းကြီး ဖြစ်ပေါ်စေနိုင်ပါသည်။

အထက်ပါ အခြေအနေ အရပ်ရပ်ကို နားလည် သဘောပေါက်ရန်အတွက် ရှေးခေတ် ရခိုင်ပြည်သမိုင်း၊
ခေတ်ဟောင်း မြန်မာနိုင်ငံတော်သမိုင်း၊ ခေတ်သစ် မြန်မာနိုင်ငံရေးသမိုင်း တို့ကို လေ့လာကြည့်ရန်
လိုအပ်နေကြောင်း တွေ့ရပါသည်။

ရှေးခေတ် ရခိုင်ပြည်သမိုင်း အလိုအရ ရခိုင်ပြည် မြောက်ဦးခေတ် အစပိုင်းတွင် မင်းစောမွန် ရခိုင်ထီးနန်းကို
ပြန်လည်ရရှိရန်အတွက် မူဆလင် ဂေါ်ရ်ဘုရင်က ကူညီပေးခဲ့သည်ကို အကြောင်းပြု၍ (အေဒီ ၁၄၃၀) ခုနှစ်တွင်
မူဆလင်ဘာသာဝင်များ စတင် ၀င်ရောက်လာကြောင်း တွေ့ရသည်။

ထို့ပြင် ရခိုင်ဘုရင်များက ကျွန်အဖြစ် ဖမ်းဆီးလာသော မူဆလင် ဘာသာဝင်များ၊ မြေဒူး အဆက်အနွယ်များ၊
ကမန် အဆက်အနွယ်များဟူ၍ မူဆလင်ဘာသာဝင်များကို တွေ့ရသည်။

(ခရစ်၊ ၁၇၈၄) ခုနှစ်တွင် အမရပူရပြည့်ရှင် ဘိုးတော်ဘုရားက ရခိုင်ပြည်ကို သိမ်းပိုက်ပြီးနောက် ပြည်တွင်း
မငြိမ်မသက်မှု၊ ပုန်ကန်ထကြွမှု၊ မြန်မာဘုရင်စစ်တပ်မှ နှိမ်နင်းအရေးယူမှုတို့ကြောင့်၊ ရခိုင်ပြည်မှ
လူအများအပြားသည် ဗြိတိသျှပိုင်နက် အရှေ့ဘင်္ဂလားဒေသသို့ ထွက်ပြေး ခိုလှုံခဲ့ကြသည်။ သုတေသီ
“ကောလစ်” က ရခိုင်ပြည်မှ အိန္ဒိယသို့ ထွက်ပြေးသူ နှစ်သိန်းရှိကြောင်း မှတ်တမ်းတင် ဖော်ပြထားသည်။

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ အပြီးတွင် ရခိုင်ပြည် အုပ်ချုပ်ရေးမှူး “မစ္စတာပါတင်” က ရခိုင်အကြောင်း
အစီရင်ခံစာတွင် ဘိုးတော်ဘုရားလက်ထက် ရခိုင်ပြည်၏ လူဦးရေကို ဖော်ပြထားသည်။ ၎င်းကို ကိုးကားကာ
ဒေါက်တာ “ဘနာဂျီ” က ဖော်ပြရာ၌ ရခိုင်ပြည်တွင် ဘိုးတော်ဘုရား လက်ထက်က ရခိုင်လူဦးရေ (၆၀,၀၀၀)၊
မူဆလင် ဘာသာဝင်ဦးရေ (၃၀,၀၀၀)၊ ဗမာ (မြန်မာ) (၁၀,၀၀၀) စုစုပေါင်း (၁၀၀,၀၀၀) ရှိကြောင်း
ရေးသားခဲ့သည်။

ထို့ကြောင့် (ခရစ်၊ ၁၈၂၅) ခုနှစ်ခန့်တွင် ရခိုင်ပြည်နယ်၌ မူဆလင် ဘာသာဝင်ဦးရေ (၃၀,၀၀၀) ခန့်
ရှိနေသည်ဟု ယူဆနိုင်သည်။

သို့ရာတွင် ကမန် အဆက်အနွယ်နှင့် မြေဒူး အဆက်အနွယ် မူဆလင်ဘာသာဝင် ဦးရေမှာ သံတွဲခရိုင်၌
(ခရစ်၊၁၈၅၂) ခုနှစ်တွင် အုပ်စုနှစ်ခုပေါင်း (၁,၅၀၀) ခန့်ရှိခဲ့ပြီး (၁၈၇၂) ခုနှစ်တွင် (၁,၅၈၇) ဦး၊ (၁၉၀၁)
ခုနှစ်တွင် (၃,၀၀၀) ဦး၊ (၁၉၁၁) ခုနှစ်တွင် (၃,၆၇၆) ဦး ရှိကြောင်း တွေ့ရသည်။

(ခရစ်၊ ၁၈၂၆) ခုနှစ်တွင် ရခိုင်ပြည်ကို မြန်မာလက်ထဲမှ ဗြိတိသျှက သိမ်းယူခဲ့ပြန်၏။ ဗြိတိသျှပိုင်စတွင်
ရခိုင်လူဦးရေမှာ အလွန်နည်းပါးခဲ့သည်။ အုပ်ချုပ်ရေး အသင့်အတင့် တည်ငြိမ်လာသောအခါ
အရှေ့ဘင်္ဂလားရောက် ရခိုင်စစ်ပြေး ဒုက္ခသည်များသည် မိမိဇာတိရပ်ရွာများသို့ ပြန်လည်ဝင်ရောက်
လာခဲ့ကြသည်။ (ခရစ် ၁၈၃၁ ခုမှ ၁၉၁၁ ခုနှစ်ထိ) စစ်တွေခရိုင်၌ တိုးတက်လာသော လူဦးရေကို
မစ္စတာစမတ်က အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။





ဗြိတိသျှအစိုးရ လက်ထက်တွင် အုပ်ချုပ်ရသည့် စရိတ်ကို ကာမိစေရန်နှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက်
အခွန်အကောက်များစွာ ရရှိစေရန် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို တိုးချဲ့ လုပ်ကိုင်လာခဲ့သည်။

တောင်သူလယ်သမားများအား မြေလွတ်မြေရိုင်းများကို တိုးချဲ့လုပ်ကိုင်လာစေရန် (၁၈၃၉) ခုနှစ်တွင် ရခိုင်ပြည်
ဂရံကြီးနည်းဥပဒေကို ထုတ်ပြန်ခဲ့၏။ ထို့နောက် တံခါးမရှိ၊ ဓားမရှိ၊ စင်ဝင်လူထွက် ပေါ်လစီကို ကျင့်သုံးခဲ့သည်။
အိန္ဒိယ အရှေ့ဘင်္ဂလား၊ စစ်တကောင်းမှ ဘင်္ဂလီကုလားများ၊ မဒရပ်နယ်မှ အူရိယာကုလားများ၊ ရခိုင်ပြည်နယ်သို့
အတားအဆီးမဲ့ ၀င်ရောက်ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်သို့ သာမန်အားဖြင့် တစ်နှစ်လျှင်
စစ်တကောင်းဒေသမှ ကူလီပေါင်း (၄၀,၀၀၀) စစ်တွေခရိုင်သို့ ၀င်ရောက်လေ့ရှိကြောင်း တွေ့ရသည်။

စစ်တွေခရိုင်သို့ နှစ်စဉ်တိုးဝင်လာသော စစ်တကောင်းသား ဦးရေကြောင့် လူဦးရေ အထူအကျဲကို နောက်ဆက်တွဲ
(က) တွင် ဖော်ပြထားပါသည်။

နောက်ဆက်တွဲ (က) ပါ ဇယားတွင် ဖော်ပြထားသည့်အတိုင်း မြို့နယ်အလိုက် အထူအကျဲဖြစ်ရခြင်း
အကြောင်းရင်းကိုလည်း မစ္စတာအာရ်ဘီစမတ်က အောက်ပါအတိုင်း ရှင်းပြထားပါသည်။

(၁၉၀၁) ခုနှစ်မှစ၍ မြို့နယ်အသီးသီး၌ လူဦးရေတိုးပွားမှု ရှိခဲ့သည်။ မောင်တောမြို့နယ်မှာ (၂၁) ရာခိုင်နှုန်း
တိုးပွား၍ လူဦးရေ တိုးပွားမှု အများဆုံးမြို့နယ်ဖြစ်သည်။ မြို့ဟောင်း (မြောက်ဦး) မြို့နယ်မှာ (၁၆) ရာခိုင်နှုန်း၊
မင်းပြားမြို့နယ်မှာ (၁၄) ရာခိုင်နှုန်း တိုးပွားသည်။ စစ်တွေမြို့ လူဦးရေကို သန်းခေါင်စာရင်း ကောက်ယူသောအခါ
စစ်တကောင်းသား လူဦးရေအများအပြား ရှိနေချိန်နှင့် တိုက်ဆိုင်ခဲ့သည်။ စစ်တွေမြို့နယ်၏ အမြဲတန်းလူဦးရေမှာ
(၂၅၀၀၀) ထက် မကျော်လွန်ကြောင်း ခန့်မှန်းနိုင်၏။ ဧရိယာတစ်မိုင်လျှင် (၂၃၀) ရှိခဲ့သော မောင်တော
မြို့နယ်သည် စစ်တွေခရိုင်၌ လူဦးရေအထူထပ်ဆုံး ဖြစ်ပေသည်။ မောင်တောမြို့နယ်၏ နယ်စပ်သည်
စစ်တကောင်းဖြစ်သောကြောင့် ၎င်းမြို့နယ်၏ လူဦးရေအများစုသည် စစ်တကောင်းသားများ ဖြစ်ပေသည်။

ထို့အပြင် လူမျိုးအလိုက် အနည်းအများ ကွာခြားပုံနှင့် ကွာခြားရခြင်း အကြောင်းရင်းကိုလည်း ၎င်းက
အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။





အထက်ပါ လူဦးရေဇယားကို လေ့လာကြည့်လျှင် (၁၉၁၁) ခုတွင် မြန်မာလူဦးရေ သိသိသာသာတိုး၍ ရခိုင်လူဦးရေမှာ လျော့နည်းသွားကြောင်း တွေ့ရပါလိမ့်မည်။ ဤသို့ဖြစ်ရခြင်း အကြောင်းရင်းမှာ
မြန်မာစကားပြောသူ ဦးရေတိုးလာပြီး၊ ရခိုင်စကားပြောသူ ဦးရေ လျော့လာသောကြောင့် ဖြစ်သည်ဟု
မစ္စတာစမတ်က ဆိုပါသည်။ ရခိုင်လူအရေအတွက် လျော့သည်ဆိုရာ၌ ရခိုင်စကားပြောသူဦးရေ
လျော့နည်းခြင်းသာဖြစ်၍ လူအရေအတွက် လျော့ခြင်းမဟုတ်ကြောင်းလည်း ရှင်းပြသည်။

အထက်ပါဇယား၌ မူဆလင်လူဦးရေ တိုးလာခြင်း အကြောင်းရင်းကိုလည်း ၎င်းက ဤသို့ သုံးသပ်ပြခဲ့ပါသည်။
“မဟာမေဒင်များသည် (စစ်တွေခရိုင်) (၁၈၇၂) ခုနှစ်တွင် (၅၈,၂၅၅) ဦးရှိခဲ့ရာမှ (၁၉၀၁) ခုတွင်ကား
(၁၇၈,၆၄၇) ဦးတိုးလာပေသည်။ ၎င်းင်းတို့အနက် ယောင်္ကျား အများအပြားမှာ အလုပ်ရာသီ၌ စစ်တကောင်းမှ
ဝင်လာသူများ ဖြစ်ကြ၍ ပြန်သွားသူ သန်းခေါင်စာရင်း၌ ပါဝင်ကြလေသည်။ အမှန်အတိုင်း ပြောရလျှင်
ရခိုင်ပြည်သားများ မဟုတ်ကြပေ။ ဘူးသီးတောင် မြို့နယ်သည်လည်း စစ်တကောင်းသား ၀င်လာသူများ ကိစ္စ၌
မောင်တောထက် များစွာ မလျော့နည်းချေ။ စစ်တကောင်းမှ အသစ်ဝင်လာသူများကို စစ်တွေခရိုင်၏ မြို့နယ်တိုင်း၌လိုလို တွေ့ပေလိမ့်မည်။”

ဤနေရာတွင် အကြောင်းသင့်၍ စစ်တွေခရိုင်သို့ စစ်တကောင်းသား မူဆလင်များ အလုံးအရင်းနှင့် ၀င်လာရသည့်
အကြောင်းရင်းကို စီစစ်တင်ပြရလျှင် အခြေခံအချက် (၃) ချက်ရှိကြောင်း တွေ့ရပါသည်။ ပထမအချက်မှာ ဗြိတိသျှ
အစိုးရက အုပ်ချုပ်ရေးနှင့် စီးပွားရေး ကိစ္စများကြောင့် အိန္ဒိယနိုင်ငံသား (ဟိန္ဒူ၊ မူဆလင်) တို့ကို တံခါးမရှိ၊ ဓါးမရှိ ၀င်ထွက်ခွင့် ပြုခဲ့သောကြောင့် စစ်တကောင်းခရိုင်နှင့် နယ်ချင်းစပ်နေသော စစ်တွေခရိုင်သို့ စစ်တကောင်းသားများ
အလုံးအရင်း ၀င်လာနိုင်ခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ စူးအက်တူးမြောင်း ဖွင့်သည့်ကိစ္စနှင့် ဆက်နွယ်နေသည်ကို သမိုင်းပါမောက္ခ
ဒေါက်တာကျော်သက်က“မြန်မာနိုင်ငံ၏ စီးပွားရေးလောက ပြောင်းလဲမှုသည် အီဂျစ်နိုင်ငံ စူးအက်တူးမြောင်း
ဖွင့်ပြီးသည့်နောက်ပိုင်း (၁၈၇၁) ခုနှစ်မှ စတင်လာသည်ဟု ဆိုရသည်။” ဟု ကောက်ချက်ချပြီး “(မြန်မာနိုင်ငံ၏)
အရေးပါ အရာရောက်ဆုံးသော တိုးတက်မှုသည် ဆန်စပါး စိုက်ပျိုးခြင်းလုပ်ငန်းမှ ပြည်ပရောင်းချခြင်း
လုပ်ငန်းတို့ပင် ဖြစ်ပေသည်။ ဆန်စပါး တိုးလာရခြင်းနှင့် ပြည်ပရောင်းချမှု တိုးလာရခြင်းတို့သည် စူးအက်တူးမြောင်း ဖောက်လုပ်ပြီးမှသာ ကျယ်ပြန့် တိုးတက်လာလေသည်” ဟု ဆိုခဲ့သည်။ ရခိုင်ပြည်တွင်လည်း
စပါးစိုက်ပျိုးခြင်း လုပ်ငန်းကို တိုးချဲ့ခဲ့ခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးခဲ့သည်။ တောရိုင်းများကို ခုတ်ထွင်၍ လယ်မြေသစ်များကို နှစ်စဉ်တိုးချဲ့ လုပ်ကိုင်ခဲ့ကြသည်။

လယ်ယာလုပ်ငန်းအတွက် တောခုတ်ထွင်၊ မြေတူး၊ တာဆည်၊ စပါးရိတ် စသော လုပ်ငန်းများအတွက်
အလုပ်ကြမ်းသမား အများအပြား လိုခဲ့ခြင်းကြောင့် လုပ်ခချိုသာသော စစ်တကောင်းသား ကုလားများကို ငှားရမ်း
သုံးစွဲခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့မှာ လယ်ယာ အလုပ်ရာသီ၌ အလုံးအရင်းနှင့် ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ၀င်ရောက်လာသူတို့အနက် အချို့သာပြန်သွားကြ၍ ရခိုင်ပြည်၌ အိုးအိမ် အတည်တကျ နေထိုင်ခဲ့ကြသည်။
ထို့ကြောင့် စစ်တွေခရိုင်၌ မူဆလင်လူဦးရေ နှစ်စဉ်တိုးလာခြင်း ဖြစ်သည်။

တတိယအချက်မှာ ဒေသခံတို့ပျင်းရိမှု၊ ၀ိရိယနည်းမှုကြောင့် ဖြစ်သည်။ ကာယအင်အားဖြင့် လုပ်ရသော လယ်ယာ
အလုပ်ကြမ်းများသည် အလွန်ပင်ပန်းသော အလုပ်များ ဖြစ်လေသည်။ ရခိုင်တို့က မြေတူး၊ တာဆည်၊ စပါးရိတ်
စသော အလုပ်ကြမ်းများကို တတ်နိုင်သမျှ ရှောင်ကြလေသည်။ ထို့ကြောင့် လယ်ယာတိုးချဲ့သူတို့သည် လုပ်ခ
သက်သာသော စစ်တကောင်းသား ကုလားများကို လိုလိုချင်ချင် ငှားရမ်း ခိုင်းစေခဲ့ကြလေသည်။ ဤအချက်
သည်လည်း မူဆလင်လူဦးရေ တိုးလာရခြင်း အခြေခံအကြောင်းတစ်ခု ဖြစ်ခဲ့ပါသည်။

ထိုသို့ စစ်တကောင်းသား မူဆလင်များ နှစ်စဉ် တိုးလာရခြင်းသည် ဒေသခံ ရခိုင်တို့အဖို့ နောင်ကာလ၌ အန္တရာယ်ကြီး ဖြစ်လာစေနိုင်သည်ဟု ဗြိတိသျှအာဏာပိုင်တို့ သတိပြုမိလာကြသည်။ ထို့ကြောင့် (၁၉၃၉)
ခုနှစ်တွင် စုံစမ်းရေး ကော်မရှင်တစ်ခုကို ဖွဲ့ကာ စုံစမ်းခိုင်းခဲ့သည်။ ယင်းအဖွဲ့၏အစီရင်ခံစာ
ကောက်နှုတ်ချက်များကိုအောက်ပါအတိုင်းတွေ့နိုင်သည်။

(၁၉၃၉) ခုနှစ်တွင် မြန်မာပြည် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အိန္ဒိယ တိုင်းရင်းသားများနှင့်
ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးသည်။ ယင်းကော်မရှင်တွင် မင်းကြီး
မစ္စတာဂျိမ်အက်စ်တာက ဥက္ကဌအဖြစ် ဆောင်ရွက်၍ ဦးတင်ထွဋ်နှင့် မစ္စတာအာရ်ဒီဆိုင်း (ရန်ကုန်တက္ကသိုလ်
ပါမောက္ခ) တို့ အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြသည်။

ထိုကော်မရှင် အစီရင်ခံစာ အခန်း(၇) စာမျက်နှာ (၄၉) တွင် (၁၉၃၀) ခုနှစ်၌ ကောက်ယူသော
သန်းခေါင်စာရင်းများအရ ရခိုင်တိုင်းသို့ ၀င်ရောက်လာသော အိန္ဒိယတိုင်းရင်းသားများ စာရင်းကို အောက်ပါအတိုင်း
ဖော်ပြအပ်ပါသည်။

ရခိုင်တိုင်းလူဦးရေ                     ၁,၀၀၈,၅၃၈
အိန္ဒိယတိုင်းရင်းသား ဦးရေ            ၂၁၇,၈၀၀

ခရိုင်အလိုက် ပျံ့နှံ့နေထိုင်ကြသော အိန္ဒိယတိုင်းရင်းသား ဦးရေမှာ အောက်ပါအတိုင်း ဖြစ်သည်။

စစ်တွေခရိုင်                                ၂၁၀,၉၉၀
ရခိုင်တောင်တန်းဒေသ                         ၅၀၀
ကျောက်ဖြူခရိုင်                               ၄,၃၂၁
သံတွဲခရိုင်                                        ၁,၉၉၀
---------
စုစုပေါင်း                                     ၂၁၇,၈၀၁
----------

စစ်တွေခရိုင်တွင် လူဦးရေ (၆၃၇,၅၈၀) ယောက်ရှိသည့်အနက် (၂၁၀,၉၉၀) မှာ အိန္ဒိယတိုင်းရင်းသားများ ဖြစ်ကြသည်။ ယင်းစာရင်းအရ စစ်တွေခရိုင်တွင် နေထိုင်သော အိန္ဒိယတိုင်းရင်းသားများမှာ ရခိုင်တစ်တိုင်းလုံးရှိ
အိန္ဒိယအမျိုးသားများ၏ (၉၇) ရာခိုင်နှုန်း ဖြစ်ပေသည်။

စစ်တွေခရိုင်အတွင်း၌ ပျံ့နှံနေထိုင်သော အိန္ဒိယတိုင်းရင်းသား အမျိုးအနွယ် စာရင်းမှာ နောက်ဆက်တွဲ (ခ) တွင်
ဖော်ပြထားပါသည်။

အူရိယာကုလားများမှာ အိန္ဒိယတွင် မွေးဖွားကြ၍ အားလုံးလိုလို ယောက်ျားများ ဖြစ်ကြသည်၊ စစ်တွေခရိုင်တွင်
နေထိုင်ကြသော အိန္ဒိယ တိုင်းရင်းသားများအနက် (၈၈) ရာခိုင်နှုန်းမှာ စစ်တကောင်းသား ကုလားများဖြစ်ကြသည်။
ယင်းအနက် (၈၄) ရာခိုင်နှုန်းမှာ မြန်မာပြည်တွင် မွေးဖွားသူများ ဖြစ်ကြသည်။ ဤစာရင်းအရဆိုလျှင် ရခိုင်ပြည်တွင်
ဖွားသော စစ်တကောင်းကုလား (၁၀၀) ရှိတိုင်း ရခိုင်ပြည်တွင် ဖွားသော စစ်တကောင်းကုလား အမျိုးသမီး
(၉၄ မှ ၉၅) ယောက်ရှိပြီးလျှင် အိန္ဒိယတွင်ဖွားသော စစ်တကောင်းကုလား (၁၀၀) ရှိတိုင်း အိန္ဒိယပြည်တွင်
ဖွားသော စစ်တကောင်းကုလား အမျိုးသမီး (၂၂ မှ ၂၃) ယောက်အထိ ရှိလေသည်။

(၁၉၃၁) ခုနှစ် သန်းခေါင်စာရင်းအရ စစ်တွေခရိုင်တွင်ရှိသော ကုလားအလုပ်သမား (၇၁,၃၀၆) ယောက်ရှိသည့်အနက် (၆,၉၄၆) ယောက်တို့မှာ အောက်ပါလုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်ကြသည်။

အလုပ်အကိုင်                                                                                              ဦးရေ
စိုက်ပျိုးရေး                                                                                             ၄၂,၉၄၇
စာရေးစာချီ                                                                                                   ၇၄၄
လက်မှုပညာသည်                                                                                      ၃,၃၄၇
ကျွမ်းကျင်သူနှင့် တ၀က်တပျက်ကျွမ်းကျင်သော အလုပ်သမား                     ၁၆,၄၂၆
ကုန်သည်များနှင့် ကုန်သည်များထံ လုပ်ကိုင်သူများ                                       ၁,၉၉၄
----------
စုစုပေါင်း                                                                                                ၆၉,၄၆၁
----------

အထက်ပါ စာရင်းများအနက် ကုလားလူမျိုး (၉,၄၄၂) ယောက်မှာ ကိုယ်ပိုင်လယ်ယာ လုပ်ကိုင်သူများ ဖြစ်သည်။
(၁၂,၈၄၈) ယောက်မှာ သူတပါးလယ်ကို လုပ်ကိုင်သူများဖြစ်သည်။ (၁၉,၄၃၆) ယောက်မှာ လယ်စာရင်းငှားများ
ဖြစ်ကြသည်။ လယ်စာရင်းငှားများအနက် (၅,၅၇၀) ယောက်မှာ အိန္ဒိယတွင် ဖွားမြင်သူများ ဖြစ်ကြသည်။

(၁၉၃၁) ခုနှစ် သန်းခေါင်စာရင်းကို (၁၉၃၁) ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့၌ ကောက်ယူခဲ့ရာ စပါးရိတ်သိမ်းပြီးချိန် ဖြစ်သည့်အလျောက် အချို့စစ်တကောင်း ကုလားတို့မှာ စစ်တွေ ပတ်ဝန်းကျင်ရှိ
ဆန်စက်များသို့ ၀င်ရောက်လုပ်ကိုင် ကြသည်။ တချို့မှာလည်း လှေသမားများအဖြစ် လိုက်ပါလျက် အခြားမြို့ပြ
ကျေးရွာများသို့ သွားရောက်နေကြဆဲ အချိန်ဖြစ်၏။

ပြည်သူ့ကျန်းမာရေးဌာန၊ ညွှန်ကြားရေးဝန်၏ (၁၉၃၀-၃၁) ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ
သာမန်အားဖြင့် တစ်နှစ်လျှင် စစ်တကောင်းသား ကူလီပေါင်း (၄၀,၀၀၀) ခန့် စစ်တွေခရိုင်သို့ ၀င်ရောက်လေ့ ရှိကြောင်း ဖော်ပြပါရှိသည်။

(၁၉၃၁) ခုနှစ် သန်းခေါင်စာရင်း ကောက်ချိန်တွင် စစ်တွေခရိုင်အတွင်း၌ အိန္ဒိယ တိုင်းရင်းသားယောက်ျား
(လူမျိုးပေါင်းစုံ) (၂၅၁,၉၄၅) ယောက်ရှိသည်ဟု ဖော်ပြထားသည်။

(၁၉၃၄) ခုနှစ်တွင် ရခိုင်တိုင်းအတွင်းသို့ ၀င်ရောက်လာသော စစ်တကောင်း ကုလားဦးရေမှာ (၂၀,၀၀၀)
ဖြစ်လေသည်။

အထက်ဖော်ပြခဲ့သော စုံစမ်းရေးကော်မရှင်သည် ရခိုင်တိုင်းမှ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ် (၇) ဦး
အပါအ၀င် သက်သေ(၈) ဦး တို့ကို စုံစမ်း မေးမြန်းခဲ့ကြသည်။

ယင်းတို့၏ တင်ပြချက်မှာ ရခိုင်တိုင်းသို့ နှစ်စဉ်နှစ်တိုင်း စစ်တကောင်းကုလားများ ဤသို့အများအပြား
ဝင်ရောက်နေခြင်းမှာ ရခိုင်လူမျိုးအဘို့ မဆိုထားဘိ၊ ရခိုင်တွင် အခြေစိုက် နေထိုင်လျက်ရှိကြသည့်
ကုလားလူမျိုးများကပင် မနှစ်မြို့ကြဟု ဆိုကြသည်။ ယခုအတိုင်းသာ ရခိုင်သို့ စစ်တကောင်းကုလားများ
အဆက်မပြတ် ၀င်လာနေခြင်းကို မတားဆီးခဲ့လျှင် နောင်အနာဂတ်တွင် လူမျိုးရေး အဓိကရုဏ်းများ
ဖြစ်ပွားမည်ကို စိုးရိမ်ရပါသည်ဟု ဆိုကြသည်။ သက်သေများအားလုံးက စစ်တကောင်းကုလားများ
ဝင်ရောက်မှုကို တားဆီးသင့်ကြောင်း အကြံပြုကြပါသည်။

ရခိုင်တွင်ရရှိသော လယ်ကူလီများမှာ စစ်တကောင်း ကုလားများလောက် အပင်ပန်းခံ၊ အလုပ်မလုပ်လိုကြဟု
ဆိုပါသည်။ စစ်တကောင်း ကုလားများသည် အခကြေးငွေ နည်းပါးသော်လည်း အလုပ်ပို၍ လုပ်ကိုင်ကြသည်။
ထို့ကြောင့် ရခိုင်တိုင်းအတွင်း ရှိယင်းစွဲ လယ်ကူလီများကို လုပ်ခပေးလိုက်လျှင် စစ်တကောင်းကုလား
လုပ်မည့်နေရာများတွင် ယင်းတို့ ၀င်ရောက် လုပ်ကိုင်နိုင်ကြလိမ့်မည် ဆိုပါသည်။

ရခိုင်တိုင်းအတွင်း လယ်ယာရိတ်သိမ်းချိန်၌ စစ်တကောင်းကုလား အလုပ်သမား မည်မျှအလိုရှိသည်၊ မည်မျှ
ဝင်ရောက် လုပ်ကိုင်ခွင့်ပြုသည်ဟု စီမံကိန်းချမှတ် ဆောင်ရွက်သင့်ပါသည်။ အုပ်ချုပ်ရေးပိုင်းမှ ထိုသို့စီမံကိန်း
ချမှတ်လုပ်ဆောင်လျှင် ရခိုင်တိုင်းသို့ နှစ်စဉ် ၀င်ရောက်လာသော စစ်တကောင်းကုလား ဦးရေ သိသိသာသာ
ကျဆင်းသွားပေလိမ့်မည်ဟု တင်ပြကြပါသည်။

သက်သေအားလုံးတို့က ရခိုင်တိုင်းသို့ ၀င်ရောက်လာကြသော စစ်တကောင်း ကုလားများကို ကန့်သတ်
တားမြစ်သင့်ပြီဟု တညီတညွတ်တည်း တင်ပြကြပါသည်။ ၀င်လာမဆဲဖြစ်နေသော ကုလားအုပ်စုများကို
ဗြိတိသျှတို့ စိုးရိမ်လာကြပြီး စုံစမ်းရေး ပြုလုပ်ခဲ့ရာ၌ ဒုတိယ ကမ္ဘာစစ်ကြီးကြောင့် မည်သို့မျှ အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြပေ။

ယင်း၏ အကျိုးဆက်အဖြစ် ဒုတိယကမ္ဘာစစ်အတွင်း ကုလား၊ ရခိုင် အဓိကရုဏ်း ဖြစ်ပွား ခဲ့ရလေသည်။










မူရင်း/ကျမ်းညွှန်း

(၁) ဘူးသီးတောင် ဖြစ်စဉ်သမိုင်း
(၂) ဒေါက်တာကျော်သက်၊ ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်း
(၃) မောင်ထင်၊ ရခိုင်ပြည်နယ် အစီရင်ခံစာ၊ မြဝတီမဂ္ဂဇင်း၊ ၁၉၆၀ ခု၊ ဇူလိုင်
(၄) ဦးလှထွန်းဖြူ၊ ရခိုင်ပြည် စီးပွားရေး ဘဏ္ဍာတိုက်


ဒုတိယကမ္ဘာစစ် ကုလား-ရခိုင် အဓိကရုဏ်း

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အ၀င်၊ အင်္ဂလိပ်အထွက် ခေတ်ပျက်ကာလ၌ ကြေကွဲဖွယ်ရာ လူမျိုးရေး
အဓိကရုဏ်း ဖြစ်ခဲ့ရလေသည်။ လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားရခြင်း အကြောင်းရင်းများ၌ ဗြိတိသျှ
အုပ်ချုပ်သူတို့က ရခိုင်ပြည်သို့ အိန္ဒိယတိုင်းရင်းသားတို့အား တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်ခွင့် ပြုခဲ့ခြင်းသည်
အခြေခံ အကြောင်းရင်း တစ်ခု ဖြစ်လေသည်။ အခြားအကြောင်းရင်းကြီး တစ်ခုမှာ ဗြိတိသျှအစိုးရ၏
သွေးခွဲအုပ်ချုပ်ရေး နည်းပရိယာယ်ပင် ဖြစ်သည်ဟု ဆိုကြသည်။

ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်းတွင် ကုလား-ရခိုင် အဓိကရုဏ်းဖြစ်ရန် ရုတ်တရက်ဖြစ်ရခြင်း
အကြောင်းရင်းကို ဤသို့ဖော်ပြထားသည်။ “မြေပုံမြို့နယ် ချောင်းကြီးရွာသူကြီး ညီအစ်ကိုနှစ်ဦးကို
ရက်ချောင်းကုလားများက သတ်ဖြတ်ကြသည်။ ယင်းအခြေအနေကြောင့် သိန်းကျော်အောင်နှင့်
ကျော်ယတို့ ခေါင်းဆောင်သော ရခိုင်တပ်ဖွဲ့က ရက်ချောင်း ကုလားရွာကို မီးရှို့ ဖျက်စီးလိုက်ကြသဖြင့်
ကုလား-ရခိုင် အဓိကရုဏ်း စတင်ခဲ့လေသည်”။

၁၉၄၂ ခုနှစ်မတ်လ (၂၃) ရက်နေ့ ရခိုင်တိုင်းမြို့တော် စစ်တွေမြို့ကို ဂျပန်တို့စတင်၍ အကြီးအကျယ်
ဗုံးကြဲချခဲ့သဖြင့် ဗြိတိသျှအာဏာပိုင်အစိုးရ ဆုတ်ခွာခဲ့ရာ စစ်တွေလူထုမှာ ခရိုင်အတွင်းရှိ မြို့နယ်နှင့်
ကျေးရွာများသို့ အလျှိုလျှို ရှောင်တိမ်းခဲ့ကြလေသည်။ ဤအချိန်တွင် စစ်တွေအရေးပိုင် ဦးဦးကျော်ခိုင်
(အိုင်စီအက်စ်) သည် အုပ်ချုပ်ရေးအဖွဲ့ တစ်ခုလုံးကို ဘူးသီးတောင်သို့ ပြောင်းရွှေ့လျက် စစ်တပ်
အသွင်ကို ဆောင်ပြီး စစ်ရေယာဉ် (အယ်လ် ၁၁၀၀) နှင့် ခရိုင်အတွင်းရှိ မြို့နယ်တစ်ခုမှ တစ်ခုသို့
လှည့်လည် အုပ်ချုပ်နေချိန်ဖြစ်၏။ အင်္ဂလိပ်စစ်တပ်မှ ရာဇပုတ်ကုလား စစ်သားများသည်
စစ်တွေမြို့တွင် သောင်းကျန်းလျက်ရှိသည်။ ၎င်းတို့မှာ ဒေသခံ ဘင်္ဂလီကုလားများနှင့် ပူးပေါင်း၍
ရခိုင်လူမျိုးများကို သတ်ဖြတ်ကြသည်။

ကုလား-ရခိုင် အဓိကရုဏ်းမှာ မြေပုံမြို့နယ်မှတဆင့် မင်းပြားမြို့နယ် လက်မကျေးရွာ၊ ယင်းမှတဆင့်
မြို့ဟောင်းမြို့နယ်၊ ကျောက်တော်မြို့နယ်များသို့ ကူးစက်ပျံ့ပွားလာခဲ့သည်။ ဤမြို့နယ်များမှ ထွက်ပြေး
လွတ်မြောက်လာကြသော ကုလားများသည် ဘူးသီးတောင် မောင်တောဘက်သို့ ရောက်ရှိလာကြပြီး
ယင်းမြို့နယ်ရှိ ကုလားများနှင့် ပူးပေါင်းကာ ယင်းဒေသရှိ ရခိုင်လူမျိုးများကို လက်စားချေ တုန့်ပြန်ကြသဖြင့်
မောင်တောမြို့နယ် နတ်မြစ် အရှေ့ဘက်ခြမ်း၊ ဘူးသီတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် မယူကမ်း
တခွင်ရှိ ရခိုင်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ခံရ၍ နီးစပ်ရာမြို့နယ်များသို့ ထွက်ပြေး
တိမ်းရှောင်ကြရသည်။ ရခိုင်လူမျိုးများစွာ အသက်ဆုံးရှုံးကြပြီး ရွာပေါင်းများစွာ ပျက်စီးသွားသည်။
ယင်းသို့ပျက်စီးခြင်းကို ယနေ့အထိ အစားထိုးနလံမထူနိုင်ဘဲ ဘူးသီးတောင်နှင့် မောင်တော
မြို့နယ်များတွင် ရခိုင်ရွာများ မရှိသလောက် ဖြစ်ခဲ့ရသည်။

ထိုစဉ်က စစ်တွေခရိုင်အနှံ့အပြား လှည့်လည် ခရီးသွားနေသော အရေးပိုင် ဦးဦးကျော်ခိုင်သည်
ဤမလိုလားအပ်သော လူမျိုးရေးအဓိကရုဏ်းကို ငြိမ်းချမ်းကျေအေးစေရန် ဘူးသီးတောင်မြို့နယ်ရှိ
ဝူဒါပြင်ကျေးရွာတွင် စစ်ဘေးဒဏ် ခိုလှုံနေသည့် စစ်တွေမြို့မှ ကုလားသူဌေး မာရကံတင်တီအား
ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့လေသည်။ ယင်းသို့ သဘောရိုးဖြင့် ဖိတ်ခေါ်သည်ကို တုန့်ပြန်ခြင်း မရှိခဲ့သဖြင့်
ဦးဦးကျော်ခိုင်သည် နောက်တစ်နေ့တွင် “ပရိုဂရက်” အမည်ရှိ အစိုးရ နှစ်ထပ်သင်္ဘောဖြင့်
ဘူးသီးတောင်တွင် စစ်ဘေးဒဏ်ခိုလှုံနေသည့် ၀တ်လုံဦးရွှေသာ (အေ၊ အက်စ်၊ အန်၊ အေတီအန်)
ဆန်စက်ပိုင်ရှင် ဦးအကိုင်၊ ရဲဝန်ထောက် ဦးရွှေသာ၊ ရဲအင်စပက်တာ ဦးမောင်စံလှ၊ မြို့ပိုင် ဦးဘတင်
စသော ပုဂ္ဂိုလ်များနှင့်အတူ ကုလားလူကြီးများနှင့် ညှိနှိုင်းဆွေးနွေးရန် ဂူဒါပြင်ရွာသို့ ဆင်းလာခဲ့လေသည်။
သို့သော် ထိုရွာသို့ သင်္ဘောဝင်သည်နှင့် အသင့်နေရာယူထားသော ဂူဒါပြင်ရွာမှ ကုလားများအနက်
ကာလူအမည်ရှိ ကုလား၏ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးဦးကျော်ခိုင်မှာ သင်္ဘော
မာလိမ်မှူးအား “အမြန်လှည့်မောင်း” ဟု အမိန့်ပေးခဲ့ပြီး မိနစ်ပိုင်းအတွင်း သင်္ဘောပေါ်တွင် ပွဲချင်းပြီး
သေဆုံးခဲ့ရလေသည်။

အရေးပိုင် ဦးဦးကျော်ခိုင် ကွယ်လွန်ပြီးနောက် ဘူးသီးတောင်ရှိ ကရင်တပ်စု ယခင် ဘားမား
ဗော်လန်တီယာ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် မြို့ပေါ်မှ လူငယ်များကို စည်းရုံးလျက် စစ်တွေမှ
ခရိုင်ဝန်ပြောင်းရွှေ့စဉ် ပါလာခဲ့သော လက်နက်ခဲယဉ်း မီးကျောက်များနှင့် မြို့စောင့်ကာကွယ်ရေးများ
ဖွဲ့စည်းကာ လေးဘက်လေးတန်လာ တိုက်ခိုက်သော ကုလားများကို နေ့ရောညပါ အစွမ်းကုန် ခုခံ
ကာကွယ်ခဲ့ကြသည်။

သို့ရာတွင် အင်အားများပြားလှ၍ ဘူးသီးတောင်မြို့နယ်မှာ တနေ့နေ့ ကျဆုံးနိုင်စရာရှိသဖြင့် မြို့လုံးကျွတ်
လူထုအစည်းအဝေးတစ်ရပ် ကျင်းပ၍ (ဘီအိုင်အေ) တပ်မှူးနှင့် တွေ့ဆုံရန် (၁၀) ဦးကိုယ်စားလှယ်
အဖွဲ့ကို ရွေးချယ်ခဲ့လေသည်။ ထိုအဖွဲ့ကို ရှေ့နေ ဦးအောင်ထွန်းဦး၊ ဆရာတော်ဦးဝါသ၀၊
ဆရာကြီးဘိုးမြစိန်တို့  ဦးဆောင်လျက် ဘူးသီးတောင်မြို့မှ “ကရစ်ရှနား” တစ်ထပ်သင်္ဘောဖြင့်
စစ်တွေမြို့ရှိ ဘီအိုင်အေ တပ်မှူး ဗိုလ်ရန်အောင်အား သွားရောက်တွေ့ဆုံပြီး မငြိမ်မသက်သော
ဘူးသီတောင် အခြေအနေကို တင်ပြကြလေသည်။

ဤတွင် ဗိုလ်ရန်အောင်သည် ဘီအိုင်အေတပ်မှာ ဗြိတိသျှကို တိုက်ထုတ်ပြီး စစ်တွေမြို့ကို သိမ်းရန်
အဓိကဖြစ်ကြောင်းနှင့် ဖြစ်ပွားဆဲ လူမျိုးရေး အဓိကရုဏ်းတွင် ပါဝင်ဆောင်ရွက်ရန် မသင့်ကြောင်း
ပြောခဲ့လေသည်။ ဦးအောင်ထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ စိတ်အားငယ်သွားသည်ကို
မြင်သော ဗိုလ်ရန်အောင်သည် လူမျိုးရေးအဓိကရုဏ်း ပြေငြိမ်းရန်အတွက် နိုင်ငံရေးအရ စည်းရုံးဖြေရှင်းရန်
ရခိုင်တိုင်းရင်းသား အစည်းအရုံးမှ ဦးသာဇံလှနှင့် ဦးပညာသီဟ၊ ဘင်္ဂလီမူဆလင်ဘက်မှ ရှေ့နေ ဦးဘိုးခိုင်၊
ဦးယာဆင်တို့ပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းလျက် ရသေ့တောင်မှတဆင့် ဘူးသီးတောင်သို့
စေလွှတ်ခဲ့လေသည်။

ဤအဖွဲ့သည် သုံးရောင်ခြယ်အလံလွှင့်လျက် “ပေါ်” အမည်ရှိ မော်တော်ဘုတ်ဖြင့် ဘူးသီးတောင်သို့
ချီတက်ခဲ့ရာ ဘီအိုင်အေတပ်စု တစ်စုသည်လည်း “ကရစ်ရှနား” သင်္ဘောဖြင့် ချီတက်လာခဲ့သည်။

ငြိမ်းချမ်းရေးအတွက် စေ့စပ်ရန် ဘီအိုင်အေမှ ဖွဲ့စည်းပေးသော အဖွဲ့သည် ဘူးသီးတောင်မြို့သို့
ရောက်ချိန် ဘူးသီးတောင်မြို့သည် အင်အားကြီးမားသော ကုလားတို့၏ တိုက်ခိုက်မှုကို ခံရလေသည်။
ငြိမ်းချမ်းရေးအဖွဲ့ ဘူးသီးတောင်၌ရှိနေစဉ် ဘီအိုင်အေတပ်မှ ဗိုလ်ရန်အောင်နှင့် ဗိုလ်မျိုးညွန့်
ခေါ်ဆောင်လာသော တပ်စုတစ်စုမှာ ကားများနှင့် မောင်းတောသို့ ချီတက်ပြီး လူထုအစည်းအဝေး
ကျင်းပရာ ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အဓိကထားပြီး
တရားဟောခဲ့လေသည်။ တရားပွဲအပြီးတွင် ကုလားများက ထမင်းပွဲနှင့် ဧည့်ခံကာ ၀ိုင်းဝန်း
တိုက်ခိုက်ကြသဖြင့် တပ်စုဗိုလ် နှစ်ဦးအပါအ၀င် ဘီအိုင်အေတပ်စု တစ်စုလုံး ကျဆုံးခဲ့ရရှာလေသည်။

အစည်းအဝေးကျင်းပချိန် အခြေအနေကို သုံးသပ်မိသော ဘီအိုင်အေတပ်မှ လမ်းပြအဖြစ် ခေါ်သွားသည့်
ယာဉ်မောင်း လွတ်လာသဖြင့် ဘူးသီးတောင်ရှိ တပ်ခွဲမှူး ဗိုလ်ရဲလှအား သတင်းပို့နိုင် ခဲ့လေသည်။
ထို့နောက် ဘူးသီးတောင်မှတဆင့် စစ်တွေမြို့ ဘီအိုင်အေဌာနချုပ်ရှိ ဗိုလ်ရန်အောင်အား သတင်း
ပို့သောအခါ ဗိုလ်ရန်အောင်သည် အခြေအနေကို စုံစမ်းရန် တပ်ခွဲနှစ်ခုနှင့် ပရိုဂရပ်သင်္ဘောဖြင့်
ချီတက်လာရာ ဘူးသီတောင်မြို့နယ်မှ ကုလားများ၏ လာရောက်တိုက်ခိုက်မှုကို ခုခံခဲ့ရလေသည်။

ထိုသို့ကုလားများ လာရောက်တိုက်ခိုက်သည့် ခုခံတိုက်ခိုက်ချိန် ဘူးသီးတောင်ငွေတိုက်ရှိ လက်နက်
မျိုးစုံနှင့် အစိုးရဘဏ္ဍာငွေများကို သိမ်းယူလျက် ဘီအိုင်အေတပ်ကို ရုပ်သိမ်းရန် ရန်ကုန်စစ်ရုံးမှ
အမိန့်စာ ရရှိခဲ့သည်။

ဗိုလ်ရန်အောင်သည် ဇွန်လ(၂၆) နေ့တွင် ဘူးသီးတောင်မှ တပ်ကို ရုပ်သိမ်းရန် စီစဉ်ရာ မြို့ပေါ်ရှိ
လူကြီးများက မြို့ကိုကာကွယ်ရေးအတွက် လက်နက်များပေးရန် (သို့မဟုတ်) မြို့သူမြို့သားများအား
လုံခြုံရာ သေကံခွဆုံရွာထိ ပြောင်းရွှေ့ပေးရန် ညှိနှိုင်းတင်ပြလေ၏။ သို့ရာတွင် ဘီအိုင်အေတပ်
ဆုတ်ခွာသည်ကို သိကြသော မြို့သူမြို့သားများသည် ရရာ အတွင်းပစ္စည်းများ ယူဆောင်လျက်
အောင်ဇေယျသင်္ဘောနှင့် တွဲထားသော အာရ်ကန်ဖလိုတီယာ ကုမ္ပဏီပိုင် မီးသင်္ဘောပေါ်သို့ အလုအယက်
တက်ကြ၏။ ဤသင်္ဘောမှာ မသမာသူတို့ ဖောက်ထားသောကြောင့် လူနှင့်ပစ္စည်း တင်ဆောင်စဉ် ၀မ်းပိုက်မှ
ရေဒလဟော ၀င်ရောက်ပြီး ထိမ်းမနိုင်သိမ်းမရသော လူအုပ်ကြောင့် တိမ်းစောင်းစပြုလာရာ အောင်ဇေယျ
သင်္ဘောနှင့် ချည်ထားသော ကြိုးကို ဖြတ်လိုက်သဖြင့် မီးသင်္ဘောမှာ တမဟုတ်ချင်း နစ်မြုတ်ခဲ့လေသည်။

ထိုသင်္ဘောနှင့်အတူ စစ်ဘေးစစ်ဒဏ်ခိုလှုံရန် ဘူးသီးတောင်မြို့နယ်မှ ပြောင်းရွှေ့လာကြသော
ရခိုင်အမျိုးသား (၄၀၀) ခန့် အသက်ဆုံးရှုံးပြီး ရွှေ၊ ငွေ အမြောက်အမြား နစ်မြုပ်ဆုံးရှုံးခဲ့ရ၏။

၁၉၄၂ ခုနှစ်တွင် ကုလား-ရခိုင် အဓိကရုဏ်း ဖြစ်ပွားခဲ့ရာ ဘူးသီးတောင်မြို့နယ်ရှိ ရခိုင်နှင့် တိုင်းရင်းသား
မျိုးနွယ်စုဝင် ကျေးရွာအားလုံးနီးပါးလိုလို ဖျက်ဆီးခံခဲ့ရသည်။ ဘုရား၊ ကျောင်း၊ ကန်၊ စေတီ၊ ပုထိုးအားလုံး
မြေလှန်ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ရခိုင်နှင့် တိုင်းရင်းသားမျိုးနွယ်များ များစွာ အသတ်ခံခဲ့ကြရသည်။
အသက်ဘေးကို ကြောက်လန့်၍ ဘူးသီးတောင်မြို့နယ်မှ နီးစပ်ရာ မြို့နယ်များဖြစ်ကြသော ကျောက်တော်၊
မြောက်ဦး၊ မင်းပြား၊ မြို့နယ်များသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

မောင်တောနယ် တောင်ပိုင်းတွင်လည်း အလယ်သံကျော်၊ တပ်တိုးပြင်၊ စပ်ချကုန်း၊ ရှောက်ကိန်း၊ မြို့ချောင်း
စသည့်ရွာများသည် အဓိကရုဏ်း ဒဏ်ကို အကြီးအကျယ် ခံရကြောင်း သိရှိရသည်။ ထိုရွာများမှ
ရွာသားများသည် ဒန္နိစပူး စစ်ပြေးစခန်းသို့ တစ်ဦးမှ ရောက်ရှိခြင်း မရှိခဲ့ချေ။ ရခိုင် တိုင်းရင်းသားများက
အန္ဒိယဘက်သို့ ထွက်ပြေးကြသော်လည်း ဘင်္ဂလီကုလားများမှာ ထွက်ပြေးသွားခြင်းမရှိဘဲ ရခိုင်တို့
ပိုင်ဆိုင်ခဲ့သည့် လယ်မြေများ၊ ကျွဲနွားများကို ၀င်ရောက်သိမ်းပိုက် လုပ်ကိုင်ကြသည်။ ထိုအချိန်တွင်
မောင်တောမြို့တွင် ကျန်ရစ်သော ဘင်္ဂလီ မွတ်ဆလင်များက ငြိမ်းချမ်းရေးအဖွဲ့ (Peace Comittee)
ဖွဲ့စည်းကာ  အုံမော်များက ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး စီမံအုပ်ချုပ်ခဲ့သည်။ ၁၉၄၂ ခုနှစ်
အောက်တိုဘာလတွင် ဂျပန်တို့ ရောက်လာသည့် အချိန်တွင် (Peace Comittee) ကို ဘာသာရေး
အသင်းအဖြစ် အသွင်ပြောင်းကာ ဂျမေတူအူလမားအသင်း အမည်ဖြင့် စတင်လှုပ်ရှားခဲ့သည်။

အိန္ဒိယနိုင်ငံရှိ ဗြိတိသျှတို့အနေဖြင့် ဂျပန်ကိုပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် V. Force ဟုခေါ်သော
အပျော်တမ်းတပ်ဖွဲ့ကို ၁၉၄၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ တပ်ဖွဲ့ဝင်များသည် ဘင်္ဂါလီကုလားများဖြစ်ပြီး
၎င်းတို့၏ အဓိကတာဝန်မှာ ဂျပန်တို့အား ပြောက်ကျားစစ်ဆင်ရေးနှင့် တိုက်ခိုက်ရန်၊ ရန်သူလှုပ်ရှားမှုများကို
သတင်းစုဆောင်းရန်နှင့်၊ စကားပြန်များအဖြစ် ဆောင်ရွက်ရန် ဖြစ်သည်။ သို့သော် ဂျပန်တို့အရေးနိမ့်၍
ဗြိတိသျှတပ်များ ပြန်လည် ၀င်ရောက်လာသောအခါ လိုက်ပါလာသည့် ဘင်္ဂါလီစစ်သည်များ အနေဖြင့်
ဂျပန်ကို တိုက်ခိုက်ရမည့်အစား ရခိုင်တို့ကို လက်စားချေတိုက်ခိုက်မှုများ ပြုလုပ်လာသည်။

စစ်အတွင်း ဗြိတိသျှအစိုးရ၏အစီရင်ခံစာတွင် -

ရသေ့တောင်ဒေသရှိ ရခိုင်ကျေးရွာများတွင် ဆိုးရွားပြင်းထန်သော ဖြစ်ရပ်များနှင့် ၎င်းတို့ခံစားရသော ပျက်စီး
ဆုံးရှုံးမှုများအကြောင်း ကြားသိရသည်။ မေယုမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာအများစုမှာ စစ်တကောင်း
အပျော်တမ်း တပ်ဖွဲ့၏ မီးရှို့ခြင်းနှင့် ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းင်းတို့သည် ဘိုးဘွားပိုင်မြေများမှ
နှင်ထုတ်ခံရသော ရခိုင်လူမျိုးများ ဖြစ်ပြီး ၎င်းတို့အား ကယ်ဆယ်ရန်အတွက် မျှော်လင့်ချက်မရှိကြောင်း
ရေးသားထားသည်။

ရခိုင်တို့က ကုလားရန်ကြောင့် စစ်ပြေးစခန်းသို့ ထွက်ပြေးခဲ့ရသော်လည်း ဘင်္ဂလီကုလား အများစုမှာ
ကျန်နေခဲ့သဖြင့် ရခိုင်ရွာများတွင် ၀င်ရောက်နေထိုင်ခြင်း၊ ရခိုင်တိုင်းရင်းသားများပိုင် လယ်များကို
ဝင်ရောက် လုပ်ကိုင်ခြင်းတို့ဖြင့် နေရာရယူထားပြီး ဖြစ်သည်။ တစ်ဖက်နိုင်ငံသို့ စစ်အတွင်းထွက်ပြေး
ခိုလှုံခဲ့သည့် ရခိုင်များသည် မိမိနေရပ်သို့ ပြန်လာသောအခါ အိုးအိမ်များ မီးလောင်ပျက်စီး ဆုံးရှုံးနေခြင်း၊
ဘင်္ဂလီကုလားများက ရွာတည်၍ နေထိုင်ခြင်းတို့ကြောင့် အခြားမြို့များသို့ သွားရောက် နေထိုင်ကြရသည်။
ပြန်လည်ထူထောင်သော ကျေးရွာများမှာ မြောက်ပိုင်းတွင် အသင့်အတင့် ပေါ်လာသော်လည်း တောင်ပိုင်း
ဒေသတွင် ရွာလုံးကျွတ် သေကြေပျက်စီးမှုကြောင့်လည်း ပြန်လည်ထူထောင်နိုင်ခြင်း မရှိတော့သည်ကို
တွေ့ရသည်။

အင်္ဂလိပ်အစိုးရက ရခိုင်ရွာပြန်လည်ထူထောင်ရေး ပြုလုပ်သော်လည်း ဘင်္ဂလီကုလားများက
မလိုလားခြင်း၊ လူအင်အား ကွာခြားခြင်း၊ မူဂျာဟစ်များက ခြိမ်းခြောက်ခြင်းကြောင့် ရခိုင်တို့မကြာခဏ
ထွက်ပြေးနေကြရသဖြင့် ရွာတည်၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည်။

အထက်ပါ မှတ်တမ်းများကိုကြည့်လျှင် ဗြိတိသျှတို့သည် မိမိတို့အောင်မြင်စွာ ဆုတ်ခွာနိုင်ရေး အတွက်
ရခိုင်အမျိုးသားမဟုတ်သူ ရာဇပုတ်ကုလားများထံ လက်နက်အများအပြား အပ်ခဲ့ပြီး လူမျိုးရေး
အဓိကရုဏ်း ဖြစ်အောင် လမ်းစဖော်ပေးခဲ့သည်ဟု ဆိုနိုင်ပါသည်။

(၁) အဓိကရုဏ်း၌ ရခိုင်လူမျိုး (၂၀၀၀၀) ခန့် အသက်ဆုံးရှုံးရခြင်း၊
(၂) ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်မှ ရခိုင်ရွာများအားလုံးနှင့် ရသေ့တောင်မြို့နယ်မှ
ရခိုင်ရွာအချို့မီးရှို့ဖျက်ဆီးမှု ခံခဲ့ရခြင်း၊
(၃) လူသေဆုံး၍ လယ်မြေများကို ပြန်လည်ထူထောင်မည့်သူများ မရှိ ဖြစ်ခဲ့ရခြင်း၊
(၄) စစ်တကောင်းသား ကုလားများ ပို၍များပြားလာပြီး ရခိုင်ရွာများ ပြန်လည်ထူထောင်၍ မရခြင်းတို့
ဖြစ်ခဲ့ရလေသည်။

ကြေကွဲဘွယ်ရာ လူမျိုးရေးအဓိကရုဏ်းကို စာရင်းချုပ်လိုက်လျှင် ရခိုင်အမျိုးသားတို့အတွက် အစားထိုး
မရနိုင်သော ဆုံးရှုံးမှုများ ရှိခဲ့လေသည်။

ဤကုလား-ရခိုင် အဓိကရုဏ်းကာလ၌ ဘူးသီးတောင်မြို့နယ်သည် အနစ်နာဆုံး ဖြစ်ခဲ့ရလေသည်။
ဘူးသီတောင်မြို့၌ပင် လူနေအိမ်ခြေဆိတ်သုဉ်း၍ တောစီးခဲ့ရပုံကို ဦးစံထွန်းအောင်က အောက်ပါအတိုင်း
မှတ်တမ်းတင်ခဲ့သည်။

“မောင်တောဒုက္ခသည်စခန်းမှ (၁၉၄၅) ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျွန်တော်တို့အား
ဘူးသီးတောင်မြို့သို့ ပြန်ပို့လေသည်။ စစ်ပြေးခေတ် ဘူးသီတောင်မြို့ပေါ်တွင် လူနေအိမ်ခြေ
မရှိသလောက် ဖြစ်နေ၏။ မြို့လယ်ဖြစ်သော မြို့မရပ်ကွက် (ယခု မေယုလမ်း)၊ ယခင် ဘူးသီးတောင်
မောင်တောလမ်း ၀ဲယာရပ်ကွက်များ၊ မြို့သစ် မြောက်ရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ သင်္ဘောဆိပ်ဟောင်း
ရပ်ကွက်၊ ကားလမ်း၊ ကသည်းရွာ၊ အနောက်စုများတွင် အိမ်ခြေလုံးဝမရှိသည့်အပြင် ကိုင်းပင်၊ ကျပင်များ
ပေါက်ရောက်ကာ ခြုံတောစီးလျက် မြို့နှင့်မတူသောကြောင့် ကျွန်တော်မှာကား မှန်းဆလျှင် ဘယ်နေရာသို့
ရောက်နေမှန်း မသိချေ။ မြို့သစ်တောင်ပိုင်း သပြေကုန်းရပ်ကွက်တွင် အိမ်ခြေအအနည်းငယ်ရှိရာ
လက်ချိုး၍ ရေတွက်နိုင်ပါသည်။ ထိုအိမ် (၄-၅) အိမ်မှာလည်း အစိုးရအမှုထမ်း မြေတိုင်းဌာနအရာရှိ
နေအိမ်များ ဖြစ်လေသည်”။

ထို့ပြင် ဘူးသီးတောင်မြို့နယ်၌ ရခိုင်ကျေးရွာများ ပြန်လည်ထူထောင်ရေးအတွက် ကိုယ်တိုင်
ဆောင်ရွက်ခဲ့ရပုံ၊ အောင်မြင်မှုမရှိခဲ့ပုံ တို့ကိုလည်း အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။

“ကျွန်ုပ်သည် ရခိုင်ရွာများကို ပြန်လည်အခြေချရန် အစိုးရထောက်ပံ့ရေးဌာနမှ အရာရှိ မေဂျာဂေါ်ဒိုင်၏
အကူအညီဖြင့် ကြိုးစားဆောင်ရွက်ခဲ့လေသည်။ ကျွန်ုပ်တို့သည် ကုလားပန်ဇင်းမြစ် အောက်ပိုင်းသို့
ရခိုင်သားဦးရေ (၁၀,၀၀၀) ကျော်ပို့ခဲ့လေ၏။ အောက်ပိုင်းတွင်လည်း အလိုအလျောက် ပြန်ဝင်လာသူများနှင့်
ကျွန်ုပ်တို့ ပို့ပေးသူ ရခိုင်ဦးရေသည် ထိုအထက်ပိုင်း ဦးရေထက် နည်းမည်မဟုတ်ချေ။ ထိုသို့ သူတို့အခြေချ
နေထိုင်ခဲ့လေသည်။ ရခိုင်သားကျေးရွာများမှာ အခြေအနေအရ လူနည်းစုဖြစ်နေခြင်း၊ လူအများစု
ဖြစ်နေသော ရခိုင်တို့မှာလည်း ကျီးလန့်စာစား ဖြစ်နေသည်။ မူဂျာဟစ်အမည်ခံများက ခြောက်လှန့်
နှင်ထုတ်သဖြင့် လယ်ယာလုပ်ငန်းများကို စွန့်ပစ်ကာ ကြောက်လန့်တကြား ထွက်ပြေးကြလေသည်။
ထိုသို့ခဏခဏ ပြေးရသဖြင့် ပို့ထားသူများ၏ ထက်ဝက်မျှပင် မကျန်သလောက် ဖြစ်နေသည်”။

ဒုတိယကမ္ဘာစစ်ပြီးနောက် အိန္ဒိယပြည် ရှောင်ပူရ်စခန်း၌ ရှိနေသော ကုလားဒုက္ခသည်များသည်
ရခိုင်ပြည်သို့ ပြန်ဝင်လာကြရာ ပြန်ဝင်လာသူများအနက် အဓိကရုဏ်းနှင့် မသက်ဆိုင်သူများစွာ ရောနှော
ပါဝင်လာခဲ့ကြသည်။ ယင်းအကြောင်း စာရေးဆရာ မောင်ထင်က အောက်ပါအတိုင်း မှတ်တမ်း
တင်ခဲ့သည်။

“ဗြိတိသျှမဟာမိတ်တို့ ၀င်လာသော လမ်းပေါက်အတိုင်း အိန္ဒိယနိုင်ငံမှ လူမျိုးပေါင်းစုံတို့သည်
မြန်မာပြည်ထဲသို့ အလုအယက် ၀င်လာကြသည်။ ဆွံ့၊ အ၊ အကျိုး၊ အကန်း၊ နူ၊ ၀ဲ စသော သူတောင်းစား
လူထုသည်ပင်လျှင် စစ်တကောင်းမှတဆင့် ရန်ကုန်မြို့ မဂိုလမ်းသို့အရောက် အူယားဖားယား ပြေးဝင်
လာကြသည်။ ၎င်းတို့ ၀င်လာသော လမ်းကြောင်းကား ကုလားပန်ဇင်းမြစ်ဝှမ်းမှ အစပြုလေသည်။

စစ်တကောင်းအနွယ်တို့သည် ကုလားပန်ဇင်းမြစ်ဝှမ်းသို့ လာသောအခါ နို့စားဆိတ်မ တစ်ကောင်ကိုသာ
ယူဆောင်ခဲ့ကြသည်။ ၎င်းနှင့်အတူ ရှေးကမြန်မာပြည်တွင် မနေထိုင်ဘူးသော အဆွေအမျိုးတို့လည်း
ပါလာကြသည်။ များမကြာမှီ ကုလားပန်ဇင်း မြစ်ဝှမ်းဒေသ အနောက်ဘက်၌ လယ်မြေ၊ ဥယျာဉ်ခြံ၊
ဆိတ်ခြံတို့သည် စည်ကားသိုက်မြိုက်လာ လေသည်။ အရှေ့ဘက်ကမ်းရှိ ရခိုင်တိုင်းရင်းသားတို့ကား
စစ်ဘေးစစ်ဒဏ်ကြောင့် ခရုဆံကျွတ် ဖြစ်နေကြရသည်”။

ဘူးသီးတောင်မြို့နယ် ပြန်လည်ထူထောင်စ (၁၉၄၆) ခုနှစ် အခြေအနေနှင့် စစ်တကောင်းသား
ကုလားများ အလုံးအရင်း ခိုဝင်လာကြပြီးနောက် (၁၉၄၈) ခုနှစ် အခြေအနေကို ဦးစံထွန်းအောင်က
အောက်ပါအတိုင်း နှိုင်းယှဉ်ဖော်ပြထားသည်။

“ထိုအချိန် (၁၉၄၆) ခုနှစ်တွင် ကျွန်ုပ်တွေ့ရသော ရွာများမှာ ယခုကဲ့သို့ စည်ပင်ခြင်းမရှိ။ ရှေးက
ဈေးရှိခဲ့သော ကကျဘက်ရွာပင်လျှင် လူနေအိမ်ခြေ အနည်းငယ်နှင့် ခြောက်ကပ်ကပ် ဖြစ်နေသည်ကို
တွေ့ရလေသည်။ ဈေးမှာလည်း ထိုနည်းပင်၊ မစည်ကားချေ။ ဈေးစည်ကားရန်မှာ ဈေးခံရပ်ကွက်
စည်ကားရုံနှင့်လည်း မဖြစ်ချေ။ ဈေးမှလက်လှမ်းမှီရာ ကျေးရွာများလည်း စည်ကားရန် လိုပေသည်။

ဘူးသီးတောင်မြို့နှင့် နီးကပ်သော ကကျဘက်၊ ကံကြီးပြင်၊ မောင်နီရွာ၊ အလယ်ချောင်းစသော ရွာများ
ပင်လျှင်၊ အိမ်ခြေ (၃၀) ကျော်မည် မဟုတ်သေးပေ။ ကုလားပန်ဇင်း ကျေးရွာများမှာလည်း ထိုနည်းတူပင်
ဖြစ်လေသည်။ ရခိုင်ဆို၍ ပြစရာ မရှိသေးသော ထိုအချိန် (၁၉၄၆) ခုနှစ်တွင်ပင် ထိုကျေးရွာများသည်
ဤမျှ အခြေအနေ ရှိသေးသည် ဖြစ်ပါလျက် (၁၉၄၈) ခုနှစ်တွင် လူဦးရေ တစ်သိန်းနှစ်သောင်း
ကျော်လာသည်မှာ ဘယ်ပုံဘယ်နည်းနှင့် ၀င်လာကြသည်ကို တွေးကြည့်က သိနိုင်ပေသည်။ အစိုးရ
အုပ်ချုပ်ရေး အခြေမကျမီ ခိုးဝင်လာသူများကို ရှိရင်းဘင်္ဂလီများက လက်ခံ၍ ထိုမှတဆင့် စစ်တွေခရိုင်
အခြားမြို့နယ်များသို့ပင်လျှင် ပို့နေကြသည်။ ရပ်ရွာသားများမှာလည်း ရခိုင်မရှိစဉ် ဘင်္ဂလီသက်သက်
ဖြစ်နေရာ သူကြီးများမှာလည်း ဘင်္ဂလီသာ ဖြစ်နေပြန်သဖြင့် မိမိပိုင်နက် ကျေးရွာနယ်မြေမှဖြစ်သော
သက်သေခံ အထောက်အထားပေးကာ ခရီးသွားခွင့် ရှိနေသဖြင့် ၀င်ချင်တိုင်း ၀င်ခဲ့ကြလေသည်။
သူကြီးလုပ်သူက တာဝန်ယူထားရာ အခြားအထောက်အထား ရနိုင်ရန် ခက်ခဲလေသည်” ဟူ၍
မှတ်တမ်းတင်ခဲ့လေသည်။

မှတ်ချက်။     ။ ကုလား-ရခိုင် အဓိကရုဏ်း၌ ဖျက်စီးခြင်းခံရသော ကျေးရွာနှင့် သာသနိက
အဆောက်အဦးများ စာရင်းအား သီးခြားဖော်ပြပေးပါမည်။

မူရင်း/ကျမ်းညွှန်း

၁။ ဒေါက်တာကျော်သက်၊ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း
၂။ ဦးလှထွန်းဖြူ၊ ရခိုင်ပြည်စီးပွားရေးဘဏ္ဍာတိုက်
၃။ မောင်ထင်၊ ရခိုင်ပြည်နယ်အစီရင်ခံစာ၊ မြ၀တီမဂ္ဂဇင်း၊ (၁၉၆၀ ခု ဇူလိုင်)
၎။ ရခိုင်-ကုလားအဓိကရုဏ်းကိုယ်တွေ့မှတ်စု၊ စာ-၅
၅။ D 1318၊ သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု
၆။ Irwn, Anthony, Burmese Outpost, Lomdon, Collins, P-7-8, 16
၇။ London India Office Record, R/8/9GS, 4243
၈။ London India Office Record, R/8/9GS, 4243
၉။ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ၊ ဘူးသီးတောင်မြို့နယ် ပါတီယူနစ်တွင် ၂၉-၁-၁၉၇၁ ခုနှစ် မျက်နှာစုံညီ
အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ
၁၀။ ဦးစံထွန်းအောင်၊ ဘူးသီးတောင်မြို့နယ် သမိုင်းဖြစ်စဉ်



မူဆလင် သီးးခြားပြည်နယ် တောင်းဆိုခြင်း

အိန္ဒိယနိုင်ငံရှိ မူဆလင်များက သီးခြားမူဆလင်နိုင်ငံ ထူထောင်ပေးရန် ဗြိတိသျှအစိုးရထံ တောင်းဆို
လှုပ်ရှားကြသည်။ မူဆလင်အများစုရှိသော အိန္ဒိယအနောက်ဘက် ဒေသနှင့် အိန္ဒိယအရှေ့ဘက်
ဘင်္ဂလားပြည်နယ် အရှေ့ဘက်ဒေသများကို ပါကစ္စတန် နိုင်ငံအဖြစ် ထူထောင်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဤတောင်းဆိုလှုပ်ရှားမှုသည် မောင်တော၊ ဘူးသီးတောင် မြို့နယ်များရှိ စစ်တကောင်းသား မူဆလင်တို့ကို
လွှမ်းမိုးခဲ့လေသည်။ (၁၉၄၂) ခုနှစ် ကုလား-ရခိုင် အဓိကရုဏ်းကလည်း မောင်တော၊ ဘူးသီးတောင်
မြို့နယ်များကို မြန်မာနိုင်ငံမှ ခွဲထွက်ပြီး အသစ်ဖြစ်ပေါ် လာလတ္တံ့သော အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) နှင့်
တစ်နိုင်ငံတည်း ဖြစ်အောင် ပေါင်းစည်းလိုသော ဆန္ဒကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ပညာတတ်များက
စိတ်အား ထက်သန်ကြ၏။ ထို့ကြောင့် (၁၉၄၂) ခုနှစ် ကရာချီမြို့တွင် ကျင်းပသော အစ္စလာမ်ညီလာခံ၌
အဆိုတစ်ရပ်အဖြစ် တင်သွင်းခဲ့သည်ဟု အဆိုရှိလေသည်။ ယင်းအကြောင်း သုတေသီ ခင်ကြီးဖျော်က
ဤသို့မှတ်တမ်းတင် ဖော်ပြခဲ့သည်။

“(၁၉၄၂) ခုနှစ်တွင် ဇူမိယာတူအူမလာ အသင်း၏ ပုဂ္ဂိုလ်တို့သည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့
တို့၌ မူဆလင်ဦးရေ များသည့်အတွက် ပါကစ္စတန်နယ်အတွင်း ထည့်သွင်း သတ်မှတ်ပေးရန် ဗြိတိသျှအစိုးရထံ
အသနားခံရန် ကြိုးစားခဲ့ကြသေးသည်။ ကြိုးပမ်းခဲ့ပုံမှာ (၁) ရောဟိရ်ကိန်း (ဘီအေ)၊ (၂) အုမ္မော်မျှာ၊
(၃) အဒူဘော်ရှော(ဘီအေ)၊ (၄) အဒူခါလိတ် (မော်လ၀ီ)၊ (၅) နူရာမောက် (ကုန်သည်)၊ (၆) ဟာဘီအူလာနှင့်
ဇူမိယာတူအူမလာ အသင်း၏ အကျိုးတော်ဆောင်များကို ပါကစ္စတန်သို့ စေလွှတ်၍ ပါကစ္စတန်
ခေါင်းဆောင်တို့နှင့် ဆွေးနွေးကြသည်။ ဤအကြောင်းကို စစ်တကောင်းနယ်ထုတ် “အော်ပြီက္ကောဝါဇာ”
သတင်းစာတွင် တွေ့မြင်ရသည်”။

ဒုတိယကမ္ဘာစစ်အတွင်း အန္ဒိယနိုင်ငံ ဆင်းမလားမြို့တွင် စစ်ဘေးဒဏ်ကြောင့် တိမ်းရှောင် နေခဲ့ကြသော
ဗြိတိသျှအစိုးရမှာ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကာ အုပ်ချုပ်ရေး ယန္တယားများကို ပြန်လည်
ဆောင်ရွက်ခဲ့ပြန်သည်။

သို့ရာတွင် နိုင်ငံရေးနိုးကြားမှု အရှိန်အဟုန် မြင့်မားတိုးတက်လာသော မြန်မာတိုင်းရင်းသားတို့၏
ကြိုးပမ်းမှုကြောင့် အုပ်ချုပ်ရေးကို ဆက်လက်ဆောင်ရွက်ရန် အခက်အခဲရှိခဲ့လေသည်။

ထိုကာလအတွင်း ဘူးသီးတောင်မြို့နယ်တွင် ကုလား-ရခိုင် အဓိကရုဏ်းမှ တဆက်တည်း တည်ရှိခဲ့သော
လက်နက်ကိုင် ဘင်္ဂလီ ကုလားဆိုးများသည် နည်းမျိုးစုံဖြင့် နှောက်ယှက် ဖျက်စီးမှုများ ပြုလုပ်ခဲ့ကြသည်။

စစ်ပြီးခေတ် နောက်ပိုင်းတွင် ဗြိတိသျှအစိုးရက ရခိုင်နှင့် တိုင်းရင်းသားတို့အား ဘူးသီးတောင်မြို့နယ်တွင်
ပြန်လည်နေရာချထား ပေးခဲ့သည်။ သို့ရာတွင် ရခိုင်နှင့် တိုင်းရင်းသားမျိုးနွယ်အားလုံး မိမိတို့ရပ်ရွာများသို့
ပြန်လည် အခြေချနိုင်ခြင်း မရှိကြတော့ချေ။

ထို့ကြောင့် ရခိုင်နှင့် တိုင်းရင်းသားလူမျိုးနွယ်များ မူလနေထိုင်ခဲ့ရာ ကျေးရွာများတွင် ဘင်္ဂလီလူမျိုးများသာ
ဝင်ရောက် နေထိုင်လာကြောင်း တွေ့ရသည်။ ရခိုင်နှင့် တိုင်းရင်းသားမျိုးနွယ်များ၏ မူလနေထိုင်ရာ
ကျေးရွာများတွင် ဘင်္ဂလီများဝင်ရောက် အခြေစိုက်ပြီးစာရင်းကို နောက်ဆက်တွဲ (က) တွင် ပူးတွဲဖော်ပြထား
ပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရမည်ဟူသော သတင်းပြန့်နှံ့လာသောအခါ ဘင်္ဂလီများသည် အချင်းချင်း ပူးပေါင်း၍
ပိုမိုလှုပ်ရှားမှု ပြုခဲ့ကြ၏။ သူတို့သည် ဗြိတိသျှတို့၏ သွေးထိုးပေးခဲ့သော သီးခြားမူဆလင်ပြည်နယ် ရရှိရန်
ဟူသော မျှော်လင့်ချက်မပြည့်မီ မြန်မာနိုင်ငံ လွတ်လပ်ရေး ရမည်ဖြစ်ရာ အားထားမှီခိုရမည့်သူ
ကင်းမဲ့တော့မည်ဟု ယူဆကြ၍ အထူး စိုးရိမ်ခဲ့ကြသည်။

ထိုသို့ဖြစ်နေချိန် ၁၉၄၇ ခုနှစ် မေလ ပထမအပတ်အတွင်း ဘောင်းဘီ အင်္ကျီနက် ဆင်တူဝတ်ထားသော
ဘင်္ဂလီကုလား လူငယ်များသည် ခွဆုံရဲကင်းရှေ့၌ စီတန်းကာ “ပါကစ္စတန်ဇိဒ္ဒါဘတ်” (ပါကစ္စတန်
အဓွန့်ရှည်ပါစေ) ဟူသော ကြွေးကြော်သံဖြင့် လမ်းလျှောက် ဆန္ဒပြခဲ့ကြပြန်၏။ ထိုဆန္ဒပြပွဲတွင် မူဂျာဟစ်
ကာဆင်းဂိုဏ်းမှ လက်ထောက်ဗိုလ် မူစတာဘီ၊ ခွဆုံရွာသား အာမီဟင်းဇား၏သား အဘူလ်ဟူဆောင်းနှင့်
မူဘရက်အာလီ၏သား ကာလာတို့က ခေါင်းဆောင်ကြ၏။ ထိုဆန္ဒပြလှုပ်ရှားမှုကို ရဲကင်းစခန်းမှူး ဦးရွှေဖြူက
တားမြစ်ခဲ့သော်လည်း အရေးမမူဘဲ ကြွေးကြော်မြဲ ကြွေးကြော်ခဲ့ကြလေ၏။ ထို့နောက် စေတီတောင်၊ ခွဆုံ၊
ဖုံညိုလိပ် စသော ကျေးရွာများ၌ နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်လာကြ၏။

စစ်ပြီးခေတ် စစ်တကောင်းနယ်သားတို့၏ ၀ါဒသည် နတ်မြစ်တဖက်ကမ်းရှိ မယူတောင်တန်း ဒေသနှင့်
ကုလားပန်းဇင်း (မေယု) မြစ်ဝှမ်းဒေသတို့ကို နယ်သစ်အဖြစ်ဖြင့် အခြေစိုက်ရန်ဟူသော ၀ါဒဖြစ်သည်။
ဂျမေတူအူလမားအဖွဲ့က ၂၄-၂-၄၇ ရက်စွဲဖြင့် ဘော်တွန်မလေထံ စာရေးသား တောင်းဆိုရာတွင် မြောက်ပိုင်း
ရခိုင်ဒေသဖြစ်သော ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် မေယုမြစ် အနောက်ဘက်ခြမ်း
နယ်များတွင် မူဆလင် ၉၀ ရာခိုင်နှုန်း ရှိပြီး ဧရိယာစတုရန်းမိုင် ၃,၀၀၀၊ လူဦးရေ သုံးသိန်းခန့် နေထိုင်ကြောင်း၊
၎င်းမူဆလင်များသည် အေဒီ ၇၈၈ က ပထမဆုံး ရခိုင်တွင် အခြေချခဲ့ရာ ထိုအချိန်ကစ၍ ရခိုင်တို့ ယဉ်ကျေးမှု
တိုးတက်လာကြောင်း၊ မူဆလင်နှင့် ရခိုင်တို့ ဆက်ဆံရေးသည် ပထမဦးစွာ ၁၇၁၀ ခုနှစ်တွင် စတင်ပျက်ပြားခဲ့ပြီး
ထိုအကြိမ်တွင် မူဆလင် (၄၀,၀၀၀) ကျော် အသတ်ခံရကြောင်း၊ အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်မှု
ရပ်ဆိုင်းသွားသည့် ဒုတိယကမ္ဘာစစ် ကာလတွင် ငြိမ်းချမ်းရေးကော်မတီက ရပ်ရွာ အခြေအနေကို အောင်မြင်စွာ
အုပ်ချုပ်နိုင်ခဲ့ခြင်းဖြင့် ၎င်းတို့ အရည်အချင်းကို ပြသနိုင်ခဲ့ကြောင်း၊ မဟာမိတ်များ ပြန်လည် ၀င်ရောက်
လာသည့်အခါ ငြိမ်းချမ်းရေး ကော်မတီကို ချီးကျူးကြောင်း ၎င်းအင်္ဂလိပ် အုပ်ချုပ်ရေးအဖွဲ့က Autonomous
Muslim State ပေးမည်ဟု ကတိပြုခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့သည် Indo-Burma Frontier  တွင် ရှိသဖြင့်
ပင်လုံညီလာခံတွင် Frontier ရပိုင်ခွင့်ကို တင်ပြတောင်းခွင့် ပြုလိုကြောင်း တောင်းဆြိုကသည်။

အဆိုပါ တောင်းဆိုမှုအပေါ် အင်္ဂလိပ်တို့ အမြင်မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်၏ မေယုမြစ်
အနောက်ဘက်ကမ်း ဒေသတို့ကို မြန်မာနိုင်ငံသစ် ထူထောင်သည့်အခါ မူဆလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသအဖြစ် Military Administrator of North Arakan က ကတိပေးခဲ့သည် ဆိုသည့်အချက်ကို ၄င်းတို့
သတင်းမရကြောင်း။ မြန်မာနိုင်ငံတွင် သီးခြား မူဆလင်ပြည်နယ်တစ်ခု တည်ထောင်ပေးရန် ရည်ရွယ်ခြင်းသည်
လက်တွေ့မကျကြောင်း။ ဘာသာရေး တစ်ခုတည်းဖြင့် တိုင်းရင်းသား ဖြစ်မလာနိုင်ကြောင်း စသည်ဖြင့်
အကြောင်းပြန်ကာ ၄င်းတို့၏တောင်းဆိုမှုကို လက်မခံခဲ့ချေ။

သို့ရာတွင် ဗြိတိသျှအစိုးရသည် အိန္ဒိယပြည်ကြီးကို အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ နိုင်ငံနှစ်ခုခွဲကာ လွတ်လပ်ရေး
ပေးခဲ့သော်လည်း အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသော မောင်တော၊
ဘူးသီးတောင်ကိုကား မူလအတိုင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ထားခဲ့လေသည်။ မြန်မာနိုင်ငံကိုလည်း
(၁၉၄၈) ခုနှစ်တွင် လွတ်လပ်ရေး ပေးခဲ့လေသည်။

၁၉၄၈ တွင် မွတ်ဆလင် လွတ်မြောက်ရေးအဖွဲ့ ညီလာခံကို မောင်တောမြို့နယ်၊ ဂရဗျင်ရွာတွင် ကျင်းပရာ
အဖွဲ့အမည်ကို မူဂျာဟစ်ပါတီဟု တရားဝင်ပြောင်းလဲ ဖွဲ့စည်းလိုက်လေသည်။  အဖွဲ့၏ စစ်ရေးခေါင်းဆောင်မှာ
Jaffar Kawal ဖြစ်ပြီး လက်ထောက်မှာ ဟူစိန်ဖြစ်သည်။ ၎င်းတို့၏ တောင်းဆိုချက်ထဲတွင်-
- ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နတ်မြစ်အရှေ့ဘက် ကမ်းကြား ဒေသကို မူဆလင်တို့၏ National
Home အဖြစ် သတ်မှတ်ပေးရန်
- ရခိုင်ရှိ မူဆလင်များကို တိုင်းရင်းသားစာရင်းထဲ ထည့်သွင်းပေးရန်၊ စသည့်အချက်များ ပါဝင်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်အား ဖဆပလအဖွဲ့က အုပ်ချုပ်ခဲ့၏။ ဘူုးသီးတောင်
မြို့နယ်တွင် ဖဆပလဥက္ကဌအဖြစ် ဦးစံထွန်းအောင်က ဆောင်ရွက်ခဲ့သည်။ ပါလီမန်ဒီမိုကရေစီ
ရွေးကောက်ပွဲတွင် ဘူုးသီးတောင်မြို့နယ် ဖုံညိုလိပ်ရွာသား ဘင်္ဂလီလူမျိုး မစ္စတာဘော်ရှော်က ပါလီမန်
အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

ထိုသို့ ဖဆပလ အင်အားတောင့်တင်းချိန်တွင် (၁၉၅၅-၅၆) ခုနှစ်တွင် ဘူးသီးတောင်မြို့ပေါ်၌ ရတည အဖွဲ့ကို
ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ရတညအဖွဲ့သည် ရခိုင်ပြည်နယ်ရရှိရေးကို အကြောင်းပြု၍ စည်းရုံးရာမှ
အင်အား တောင့်တင်းလာခဲ့သည်။

ထို့ကြောင့် ဖဆပလအဖွဲ့နှင့် ရတညအဖွဲ့တို့အကြား နိုင်ငံရေးစည်းရုံးမှုတွင် ထိပ်တိုက်တိုးခဲ့ဟန် တူပေသည်။
ဖဆပလအဖွဲ့က ရတနညအဖွဲ့အပေါ် သဘောထားခံယူချက်နှင့် ပတ်သက်၍ ဦးစံထွန်းအောင်က ဤသို့
ဖော်ပြခဲ့သည်။

“ထို့ပြင် (၁၉၅၂) ခု နောက်ပိုင်းတွင် ပြည်နယ်လိုလားသောလူစု ပါလီမန်ရွေးကောက်ပွဲ၌ ၀င်ရောက်
အရွေးခံစဉ် နေရာအတန်ငယ်အသာဖြင့် စစ်တွေခရိုင်အတွင်း လှည့်လည် စည်းရုံးလေသည်။ ဘူးသီးတောင်
မြို့နယ်သို့လည်း ရောက်ခဲ့ကြလေသည်။ ဤအမတ်တစ်စုသည် နောင်ကို ပြည်နယ်ရရှိရေးကိုပြ၍ စည်းရုံးရာ
အင်အားတောင့်လာသည်။ ဖဆပလအဖွဲ့နှင့် ယှဉ်ပြိုင်အရွေးခံရာ ဖဆပလရှုံးသည်အထိ ထောင်လာသည်။
သို့အတွက် သူတို့သည် နိုင်ငံရေး ပါတီတစ်ရပ်အနေဖြင့် ထူထောင်လာကြလေသည်။ သို့သော် သူတို့တွင်
နိုင်ငံရေးဝါဒ လုံးဝမရှိ၊ လုပ်ဝံ့ခြင်းမရှိ၊ ပြည်နယ်လိုလားမှု သက်သက်ဖြင့် ဖွဲ့စည်း ထူထောင်လာလေသည်။
ထို့ကြောင့် ရခိုင်အနည်းငယ်နှင့်သာ ဖွဲ့စည်းရပေသည်။ မူဆလင်များကိုမူ လုံးဝလက်မခံကြချေ။ တနေ့၌
စစ်တွေမြို့မှ ရတညခေါင်းဆောင် လူချမ်းသာကြီးများ ရောက်လာကြ၍ ပြည်နယ်လိုလားကြောင်း ဆန္ဒပြကြ
လေသည်။ ထိုသူတို့နှင့်တစ်ချိန်တည်း အရင်းရှင်၊ မြေပိုင်ရှင်အုပ်စိုးသော ပြည်နယ် အလိုမရှိဟု ဖဆပလနှင့်
ဗတလစအဖွဲ့တို့က တန်ပြန် ဆန္ဒပြကြလေသည်။ သို့ရာတွင် ရန်ဖြစ်ပွား ဆူပူခြင်းမရှိ၊ မိမိလိုအင်ဆန္ဒကို
မိမိတို့ ပြကြလေသည်”။

ရတညသည် နောက်ပိုင်းတွင် ထင်ထင်ပေါ်ပေါ် ဖဆပလနှင့် ဆန့်ကျင်ဝါဒဖြန့်မှုကို မပြုတော့ပဲ ငြိမ်ငြိမ်သက်သက်
စည်းရုံးကြလေသည်။ ရတညအဖွဲ့တွင် နိုင်ငံရေးသမား လုံးဝမပါ။ ပြည်နယ်လိုလားသူ၊ အရင်းရှင် ဓနရှင်များကို
ကပ်ခိုလိုသူ၊ အရင်းရှင် လယ်ပိုင်ရှင် ကိုယ်စားလှယ်များသာလျှင် ခေါင်းဆောင်ခဲ့ကြလေသည်။ (၁၀)

ထိုစဉ်က အာဏာရ ဖဆပလအဖွဲ့တွင် ဦးခင်မောင်လတ် (အဒူလတစ်) နှင့် ဦးရာရှစ်တို့မှာ ၀န်ကြီးများ
ဖြစ်ကြသည်။ ဦးခင်မောင်လတ်သည် တရားရေးဝန်ကြီးအဖြစ်ဖြင့် နိုင်ငံသားကိစ္စ၊ လူဝင်မှုကိစ္စများ၏
အပြီးသတ်အဆုံးအဖြတ် ပေးနိုင်သော အာဏာပိုင်ဖြစ်လေသည်။

ထို့ကြောင့် ဖဆပလအစိုးရသည် ရတညအဖွဲ့တွင် ပါဝင်ခွင့်မရှိနိုင်သော စစ်တကောင်းသား ဘင်္ဂလီလူမျိုး
အမြောက်အများကို ရခိုင်ပြည်နယ်သို့ ၀င်ရောက်စေခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသား တိုင်းရင်းသားများသာ
ရပိုင်ခွင့်ရှိသော ဆန္ဒမဲပေးပိုင်ခွင့် ရှိစေရန် မှတ်ပုံတင်ကဒ်ပြားနှင့် အိမ်ထောင်စုစာရင်းကို ချက်ချင်းထုတ်ပေး
စေခဲ့သည်။

၁၉၄၂ ခုနှစ် ကုလား-ရခိုင် အဓိကရုဏ်း ကာလတွင် တွေ့ကြုံခံစားကြရသော တိုင်းရင်းသားတို့အား ဘင်္ဂလီ
လူမျိုးများ အစုလိုက် အပြုံလိုက် ၀င်ရောက်လာသည်ကို အထိတ်တလန့် ဖြစ်စေကာ ရခိုင်ပြည်နယ်
ရရှိရေးအတွက် ဦးဆောင် စည်းရုံးနေသော ရတညအဖွဲ့အား အဟန့်အတား ဖြစ်စေရန်နှင့် မိမိပါတီ
အနိုင်ရရှိရေးအတွက် ဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်ခဲ့ဟန် တူပေသည်။

ထို့ကြောင့် ဘူးသီးတောင်မြို့နယ်တွင် ဖဆပလ အစိုးရလက်ထက်၌ ဘင်္ဂလီလူမျိုးများ ၀င်ရောက်
အခြေစိုက်ခဲ့ကြပါသည်။ ဖဆပလအစိုးရလက်ထက် ၀င်ရောက်ခဲ့ကြသော ဘင်္ဂလီကျေးရွာများကို
နောက်ဆက်တွဲ (၈) တွင် ပူးတွဲဖော်ပြထားပါသည်။

ဤသိြု့ဖင့် ဘင်္ဂလီလူမျိုးများသည် ဘူးသီးတောင်မြို့နယ်တွင် တစတစ လူဦးရေတိုးပွားလာရာ မြို့ပေါ်နှင့်
ကျေးလက်တောရွာများ၌ ဖွားသေစာရင်းကို ပြုလုပ်ထားမှုမရှိခြင်း ၎င်းတို့၏ ဆန္ဒအတိုင်း မြို့နယ်တစ်မြို့နယ်မှ
တစ်မြို့နယ်သို့သော် လည်းကောင်း၊ တစ်ရွာမှတစ်ရွာသို့သော် လည်းကောင်း၊ သွားလာနေထိုင်
လှုပ်ရှားခွင့်ရရှိခြင်း၊ မြို့နယ်၏ နယ်နိမိတ်မှာလည်း တစ်ဘက်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိရာ
နှစ်စဉ်လိုလိုပင် ဘင်္ဂလီကျေးရွာများ ရွာသစ်တည်ထောင်ခြင်းတို့ ရှိခဲ့ကြပေသည်။

ထိုမှတဆင့် ဘင်္ဂလီလူမျိုးများသည် ဖဆပလအစိုးရက ထုတ်ပေးခဲ့သော အမျိုးသားမှတ်ပုံတင် အမှတ်ကို
ကိုင်ဆောင်ကာ မြန်မာနိုင်ငံ အနှံ့အပြားသို့ ပျံ့နှံ့ ရောက်ရှိသွားကြလေသည်။ မြန်မာနိုင်ငံ၊ ရန်ကုန်၊ မန္တလေး၊
ပြည်၊ တောင်ကြီး၊ မော်လမြိုင်စသော မြို့ကြီးများတွင် အခြေစိုက် နေထိုင်လျက်ရှိသည့် မူဆလင်
ဘာသာဝင်များမှာ ဘူးသီးတောင်မြို့နယ်နှင့် မောင်းတောမြို့နယ်များရှိ ဘင်္ဂလီလူမျိုးများနှင့် ဆက်နွယ်မှု
မကင်းကြောင်း သိသာနိုင်ပေသည်။

ထို့ကြောင့် (၁၉၉၄) ခုနှစ်တွင် ဘူးသီးတောင်မြို့နယ်၌ နေထိုင်ကြသည့် ရခိုင်နှင့် တိုင်းရင်းသားမျိုးနွယ်
အိမ်ထောင်စု၊ လူဦးရေများ၊ ဘင်္ဂလီအိမ်ထောင်စု၊ လူဦးရေများကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် နှိုင်းယှဉ်
လေ့လာနိုင်ရန် နောက်ဆက်တွဲ (ဃ) တွင် ပူးတွဲ ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးအယူအဆ အမျိုးမျိုးကွဲပြားခဲ့ရာမှ အမျိုးသား စည်းလုံး
ညီညွတ်ရေး ပျက်ပြားခဲ့ရာ ပြည်တွင်းစစ်ဖြစ်ခဲ့ရသည်။ နိုင်ငံတ၀ှမ်းလုံးတွင် ရောင်စုံသူပုန်များ ပေါ်ပေါက်ခဲ့သည်။
ရခိုင်ပြည်နယ်တွင်လည်း အလံနီ၊ အလံဖြူ ပြည်သူ့လွတ်မြောက်ရေး၊ ရဲဘော်ဖြူ စသော သူပုန်အဖွဲ့အစည်းများ
ပေါ်ထွက်ခဲ့သည်။

မြေပေါ်၌လည်း ဖဆပလ အာဏာပိုင်တို့၏ လုပ်ဆောင်ချက်ကို ရခိုင်ပြည်နယ်လူထုက အားမရခဲ့ချေ။ ထို့ကြောင့်
ရခိုင်ပြည်နယ် တောင်းဆိုမှု ပေါ်ပေါက်လာသည်။ ၎င်းကို ဖဆပလအစိုးရက ကော်မရှင်ဖွဲ့၍ စုံစမ်းစေခဲ့သည်။
ဒေါက်တာဘဦး ခေါင်းဆောင်သော ပြည်နယ်စုံစမ်းရေး ကော်မရှင်က ဖဆပလအစိုးရ၏ လိုအင်ဆန္ဒအတိုင်း
“ရခိုင်ပြည်နယ် မပေးသင့်ကြောင်း” အစီရင်ခံခဲ့သည်။

ထိုပဋိပက္ခသည် ရခိုင်တိုင်းရင်းသားတို့ကိုသာမက စစ်တကောင်းသား မူဆလင်များကိုပါ ရိုက်ခတ်စေခဲ့သည်။
၎င်းတို့သည် ဖဆပလအစိုးရက ရခိုင်တို့ကို ပြည်နယ်ပေးလျှင် ငါတို့မူဆလင်များကို ရခိုင်တို့က ဖိနှိပ်မည်။
သို့ဖြစ်၍ ငါတို့အများစုနေသော မောင်တော၊ ဘူးသီးတောင်မြို့နယ်များကိုလည်း သီးခြားမူဆလင်ပြည်နယ်
ထူထောင်ပေးရမည် မပေးလျှင် လက်နက်ကိုင် ထကြွတော်လှန်မည်ဟူ၍ ဘင်္ဂလီပညာတတ်တို့က ဒါကာမြို့၌
ပုံနှိပ်သော အင်္ဂလိပ်ဘာသာ ကြေငြာချက်ဖြင့် ရာဇသံ တောင်းဆိုခဲ့ကြလေသည်။

ထို့နောက် မူဂျာဟစ်သူပုန်များက လက်နက်ကိုင်ကာ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်ရှိ
ရခိုင်တိုင်းရင်းသားတို့ကို နည်းမျိုးစုံဖြင့် နှိပ်စက်ကလူမှု ပြုခဲ့၏။

တဖန် ၁၉၅၁ ခုနှစ် ဇူလိုင်လတွင် မောင်တောမြို့နယ်၊ အလယ်သံကျော်ရွာ၌ အရပ်ရပ် ကိုယ်စားလှယ်များ
ပါဝင်သည့် မူဆလင်ညီလာခံကို ကျင်းပကာ တောင်းဆိုချက် (၁၄) ချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသား
တင်ပြခဲ့ကြသည်။ ၎င်းကို ဆီလျော်အောင် ဘာသာပြန်ပြရမည်ဆိုပါက အောက်ပါအတိုင်း တွေ့နိုင်ပါသည်။

(၁) ရခိုင်တိုင်းမြောက်ပိုင်းကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊
ချင်းတောင်တန်းများ၊ ကချင်ဒေသများနည်းတူ လွတ်လပ်သော မူဆလင်ပြည်နယ်အဖြစ် အမြန်ဆုံးဖွဲ့စည်း
ပေးရမည်။ ယင်းပြည်နယ်၌ ပြည်ထောင်စုအစိုးရ၏ ကွပ်ကဲမှုအောက်တွင် ပြည်နယ်စစ်တပ်၊ ပြည်နယ်ရဲတပ်ဖွဲ့
ပြည်နယ်လုံခြုံရေး အဖွဲ့များလည်း ထားရှိရမည်။

(၂) ပြည်ထောင်စုမြန်မာနိုင်ငံ ကာကွယ်ရေးအတွက် အောက်အမှတ်စဉ် (၃) တွင် ဖော်ပြထားသော
စည်းကမ်းချက်များနှင့် ကိုက်ညီခဲ့ပါက တစ်ခုတည်းသော လက်နက်ကိုင် တပ်ဖွဲ့ကို ထားရှိနိုင်သည်။

ရခိုင်တိုင်း၏ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့တွင် မူဆလင်များ အညီအမျှပါဝင်ရေး

(၃) ရခိုင်တိုင်း လက်နက်ကိုင်တပ်ဖွဲ့တွင် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်ယုံ ကြည်စိတ်ချရမှု၊ ပူးပေါင်း
ဆောင်ရွက်နိုင်မှု၊ မူဆလင်တို့၏ အနေအထားမှာ မဟာဗျူဟာအရ အရေးပါးမှု ထောက်ထား၍ မူဆလင်
(၅၀ %) ပါဝင်ထည့်သွင်းကာ ဖွဲ့စည်းရမည်။

စစ်တွေသင်္ဘောကို ပူးတွဲကြီးကြပ်မှု

(၄) စစ်တွေမြို့နှင့် စစ်တွေသင်္ဘောဆိပ်ကို ရခိုင်မြောက်ပိုင်းတွင် လွတ်လပ်သော မူဆလင်ပြည်နယ်နှင့်
ရခိုင်တောင်ပိုင်းတို့ နှစ်ဦးနှစ်ဘက်တို့နှင့် သက်ဆိုင်သော မြို့နှင့်သင်္ဘောဆိပ်အဖြစ် သတ်မှတ်ရမည်။
ပူးတွဲကြီးကြပ်ရေးမူအရ မူဆလင်များနှင့် မူဆလင်မဟုတ်သူများ (၅၀ %) စီ အညီအမျှ ပူးတွဲ၍ စီမံအုပ်ချုပ်
ရမည်။ စစ်တွေမြို့၏ မြို့တော်ဝန်၊ တိုင်းမင်းကြီးနှင့် ဒုတိယတိုင်းမင်းကြီး ရာထူးများတွင် မူဆလင်နှင့်
မူဆလင်မဟုတ်သူများ အလှည့်ကျ တာဝန်ထမ်းဆောင်ရမည်။ ပထဆုံးမြို့တော်ဝန်မှာ မူဆလင်လူမျိုးဖြစ်၍
ဒုတိယမြို့တော်ဝန်မှာ မူဆလင်မဟုတ်သူ ဖြစ်ရမည်။ ဤသို့ဖြင့် နှစ်နှစ်တကြိမ်ကျစီ အလှည့်ကျ
အုပ်ချုပ်သွားရမည်။

ဗဟိုအစိုးရအဖွဲ့တွင် မူဆလင်ဝန်ကြီး ခန့်ထားရေး

(၅) မြန်မာနိုင်ငံ ဗဟိုအစိုးရအဖွဲ့တွင် ချင်းရေးရာဝန်ကြီး၊ ကရင်ရေးရာဝန်ကြီး၊ ခန့်ထားသကဲ့သို့ ရခိုင်မြောက်ပိုင်း
မူဆလင်ပြည်နယ်မှ ကိုယ်စားလှယ်တစ်ဦးကို ဗဟိုအစိုးရအဖွဲ့တွင် မူဆလင်ရေးရာဝန်ကြီးအဖြစ် ခန့်ထား
ပေးရမည်။

တိုင်းပြုပြည်ပြုလွှတ်တော်နှင့် ရခိုင်မြောက်ပိုင်းမှ မူဆလင်များ

(၆) ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းရန် ဖွဲ့စည်းသော တိုင်းပြုပြည်ပြု
လွှတ်တော်တွင် ရခိုင်မြောက်ပိုင်း မူဆလင်များအား အခွင့်အရေးတစ်ရပ်အနေဖြင့် အခြားပြည်နယ်နှင့်
တိုင်းများနည်းတူ ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်ပေးရမည်။ ရေးဆွဲမည့် အခြေခံဥပဒေတွင် မူဆလင်များ
တောင်းဆိုချက်များကိုလည်း မလွဲမသွေ ပါသင့်သော အချက်များအနေဖြင့် ထည့်သွင်းပြဌာန်းပေးရမည်။

ပြည်ထောင်စုဥပဒေပြုလွှတ်တော်

(၇) ပြည်ထောင်စုမြန်မာနိုင်ငံ အထက်လွှတ်တော်တွင် အခြားပြည်နယ်များနည်းတူ ရခိုင်မြောက်ပိုင်း
မူဆလင်များအား ကိုယ်စားလှယ်အညီအမျှ စေလွှတ်ပေးရမည်။ ဥပဒေပြု အောက်လွှတ်တော်တွင်မူ လူဦးရေ
အချိုးအစားအလိုက် ကိုယ်စားလှယ် စေလွှတ်ခွင့် ပေးရမည်။

လူမျိုးစုံကွန်ဂရက်

(၈) မြန်မာနိုင်ငံအတွင်းရှိ လူမျိုးအသီးသီးတို့၏ ယဉ်ကျေးမှုနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်
အထူးသဖြင့် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ မြင့်မား တိုးတက်လာစေရန်၊ လူမျိုးအသီးသီး
လူမျိုးစုအသီးသီးတို့ ပါဝင်သော လူမျိုးစု ကွန်ဂရက်ကြီး တစ်ခုကို ဖွဲ့စည်း တည်ထောင်ပေးရမည်။
တန်းတူရွယ်တူ ပူးတွဲဆောင်ရွက်ရေးမူအရ ကွန်ဂရက်ကြီးကို လူမျိုးအသီးသီးက ကိုယ်စားလှယ်အညီအမျှ
စေလွှတ်ခွင့်ရှိရမည်။

အစိုးရ၀န်ထမ်းအသီးသီးတွင် ပါဝင်ခွင့်

(၉) ပြည်ထောင်စု ဗဟိုအစိုးရ လက်နက်ကိုင် အဖွဲ့အစည်း အမြဲတမ်းတပ်ဖွဲ့၊ ယာယီအဖွဲ့၊ ရဲအဖွဲ့၊
ပညာရေးဝန်ထမ်းနှင့် တရားရေးဝန်ထမ်းများ အပါအ၀င် ဗဟိုဝန်ထမ်းအဖွဲ့အစည်းများတွင် မူဆလင်များအား
သင့်တင့်မျှတသော အချိုးအစားအလိုက် ခန့်ထားပေးရန် အာမခံချက် ပေးရမည်။

ဘာသာရေး လွတ်လပ်ခွင့်၊ ယဉ်ကျေးမှု လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများ တန်းတူရရှိရေး

(၁၀) ကုလသမဂ္ဂအဖွဲ့၊ လူ့အခွင့်အရေးကော်မရှင်၊ လူ့အခွင့်အရေး ပြဌာန်းချက်များ၊ လူနည်းစုများ ကာကွယ်ရေး
ပြဌာန်းချက်များ၊ မူဆလင်များအား ဘာသာရေးကိစ္စတွင် လုံးဝလွတ်လပ်ခွင့်ပေးရေး၊ အခြားလူမျိုးများနှင့်
တန်းတူရွယ်တူ စီးပွားရေးနှင့် လူမှုရေးအခွင့်အရေးများ ရရှိရန်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ
အခြေခံဥပဒေတွင် အာမခံချက်ပေးရမည်။ ယင်းအခွင့်အရေးများနှင့် စပ်လျဉ်း၍ တရားရုံးများတွင်
တရားဆိုင်ခွင့်ရှိစေရမည်။

(၁၁) မူဆလင်များ၏ ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဈေးဆိုင်များကို ဖျက်ဆီးခြင်း၊ လုယူခြင်း၊ မတရား
သိမ်းယူခြင်းတို့အတွက် ပြန်လည်ပေးအပ်စေခြင်း၊ လျော်ကြေးပေးခြင်းများ ဆောင်ရွက်ပေးရမည်။
မူဆလင်များ၏ အကျိုးစီးပွား လွတ်လပ်ခွင့်နှင့် လုံခြုံရေး တန်းတူရည်တူ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးနှင့်
မူဆလင်တို့၏ သာယာဝပြောရေးတို့အတွက် အာမခံချက် ပေးရမည်။

ဘာသာရေးဆိုင်ရာ ဥပဒေပညာရှိကြီးများ အဖွဲ့အောက်တွင် ကွစီတရားရုံးများ တည်ထောင်ခွင့်

(၁၂) မြန်မာနိုင်ငံတွင် မူဆလင်မိသားစု ဥပဒေများအရ ဆုံးဖြတ်ပေးရမည့် မှုခင်းများကို မူဆလင် ဘာသာရေး
ဆိုင်ရာ ဥပဒေပညာရှင်ကြီးများ အဖွဲ့အောက်တွင် ဖွဲ့စည်းတည်ထောင် ပေးရမည်။ ယင်းတရားရုံးများတွင်
မူဆလင်တို့၏ ရှိအိုက်တရားတော်နှင့်အညီ လက်ထပ်ရေးကိစ္စ၊ အမွေဆက်ခံရေးကိစ္စနှင့် စပ်လျဉ်း၍
ပေါ်ပေါက်သော အငြင်းပွားမှုများကို စီရင်ဆုံးဖြတ်ခွင့်အာဏာ ရှိရမည်။

မူဆလင်ကောင်စီ

(၁၃) မူဆလင်တို့၏ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ယဉ်ကျေးမှုအရေးများနှင့် မြန်မာနိုင်ငံအတွင်းရှိ မူဆလင်
ပရဟိတလုပ်ငန်းများ လှူဒါန်းထားသည့် ဘဏ္ဍာပစ္စည်းများ၊ ဗလီများ၊ ဘာသာရေး စာသင်ကျောင်းများ၊
သင်္ချိုင်းမြေများ၊ သင်္ချိုင်းဂူများ၊ အထိမ်းအမှတ်များ ယဉ်ကျေးမှုဆိုင်ရာ ရံပုံငွေများ စသည်တို့ကို စနစ်တကျ
စီမံကွပ်ကဲနိုင်ရန်အတွက် အစ္စလာမ်ကောင်စီ တစ်ရပ်ကို ဥပဒေဖြင့် ဖွဲ့စည်းရမည်၊ ထိုကောင်စီကို မူဆလင်
ကိုယ်စားလှယ်များနှင့် အူလီမာခေ မူဆလင် ခေါင်းဆောင်တို့ဖြင့် ဖွဲ့စည်းရမည်။ မူဆလင် ကောင်စီဝင်များ
ဆိုင်ရာ နည်းဥပဒေများကို တိုင်းပြုပြည်ပြုလွှတ်တော်တွင် ပါဝင်သော မူဆလင် ကိုယ်စားလှယ်များ
ဗဟိုဥပဒေပြုလွှတ်တော်နှင့် ယင်းကိစ္စအတွက် ဖိတ်ခေါ်သော မူဆလင် ညီလာခံတို့က ပူးပေါင်းရေးဆွဲရမည်။

(၁၄) (က) အစ္စလာမ် အထက်တန်းကျောင်းများနှင့် ကောလိပ်ကျောင်းများကိုလည်း တည်ထောင်ခွင့်ပြုရမည်။
ထိုကျောင်းများတွင် အာရဗီစာပေများ၊ အစ္စလာမ်သမိုင်းနှင့် အစ္စလာမ် ယဉ်ကျေးမှုများကိုလည်း
သင်ကြားပေးခွင့်ပြုရမည်။ မူဆလင်တို့၏ ပညာရေးလုပ်ငန်းနှင့် ပရဟိတ လုပ်ငန်းများအတွက် နိုင်ငံတော်
အစိုးရမှ သင့်တင့်မျှတသော ထောက်ပံ့ကြေးများ ကိုလည်း ရရှိရမည်။

        (ခ) မူဆလင်ကျောင်းသားများ၊ တက်ရောက် ပညာသင်ကြားနေသော အစိုးရကျောင်းတွင် မူဆလင်
ကျောင်းသားများအား အူရဒူစာပေ၊ အာရဗီစာပေနှင့် အစ္စလာမ်ဘာသာရေး သင်ခန်းစာများကိုလည်း
သင်ကြားခွင့်ပြုရမည်။ အူရဒူ စာသင်ကျောင်းများကိုလည်း ပိတ်ပင်မည့်အစား တိုးချဲ့ဖွင့်လှစ်ပေးရမည်။

        (ဂ) မူဆလင်များအား မိမိတို့၏ကိုယ်ပိုင် ပညာသင်ကျောင်းများ ဘာသာရပ်အားလုံးကို အူရဒူ
ဘာသာဖြင့်သာ သင်ကြားခွင့်ပေးရမည်။ မူဆလင်များအား ယင်းတို့၏ ဆန္ဒသဘောထား မပါဘဲ အခြား
စာပေများကို အတင်းအကြပ် မသင်ကြားစေရ၊ မူဆလင်တို့၏ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ယုတ်လျော့
သေးသိမ်စေမှုများကိုလည်း မပြုလုပ်ရ။

အလယ်သံကျော်ညီလာခံမှ တောင်းဆိုချက်များကို ခြုံပြုသုံးသပ်ရလျှင် ဘင်္ဂလီကုလားတို့သည် ရခိုင်ပြည်နယ်
မြောက်ပိုင်းကို မူဆလင်သီးခြားပြည်နယ် တောင်းသည်သာမက၊ ရခိုင်ပြည် တောင်ပိုင်းကိုလည်း ရခိုင်နှင့်
၅၀ % နှုန်းစီ အခွင့်အရေး တန်းတူပေးရမည်ဟု တောင်းဆိုထားကြောင်း တွေ့နိုင်ပေသည်။

မှတ်ချက်။     ။ နောက်ဆက်တွဲ (က)၊ (ခ)၊ (ဂ) တို့အား သီးခြားဖော်ပြပါမည်။

မူရင်း/ကျမ်းညွှန်း

၁။ ဒေါက်တာကျော်သက်၊ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း
၂။ Series 10/1, Acc. No. 641. NAD
၃။ Dr 491 (56), HRC
၎။ Aye Chan, Dr., The Development of Muslim Enclave in Arakan (Rakhine) State of Burma.
၅။ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ စတုတ္ထတွဲ၊ လူမှုရေးကဏ္ဍ၊ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ
     အလုပ်အမှုဆောင်အဖွဲ့။
၆။ ဦးစံထွန်းအောင်၊ ဘူးသီးတောင်မြို့နယ် သမိုင်းဖြစ်စဉ်

" တေးရေးဆရာ ကေအေတီ ကွယ်လွန်"



Popular Journal's photo.
" တေးရေးဆရာ ကေအေတီ ကွယ်လွန်" 

နာမည်ကျော်တေးသီချင်းများ ရေးဖွဲ့ခဲ့သော တေးရေးဆရာ ကေအေတီသည် ယနေ့ မွန်းလွဲပိုင်း က သျှင်ပါကူ အထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသောကြောင့် ပေါ်ပြူလာဂျာနယ်မှ မိသားစုနှင့်ထပ်တူဝမ်းနည်းရပါသည်။

နာမည်ကျော်တေးသီချင်းများ ရေးဖွဲ့ခဲ့သော တေးရေးဆရာ ကေအေတီသည် ယနေ့ မွန်းလွဲပိုင်း က သျှင်ပါကူ အထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသောကြောင့် ပေါ်ပြူလာဂျာနယ်မှ မိသားစုနှင့်ထပ်တူဝမ်းနည်းရပါသည်။



ရဲတိုက်အာမခံဖြင့် လွတ်


http://www.myanmarcelebrity.com


သရုပ်ဆောင် ရဲတိုက် မေလ (၃၁) ရက်နေ့တွင် ၀န်ခံရေးထိုးပြီး 
အာမခံဖြင့် ဗိုလ်တစ်ထောင် ရဲစခန်းမှ လွတ်



Ye' Deight @ Botahtaung Police Station






ရဲတိုက် မှ နောက်နောင်အလားတူ ပြသနာမျိုး မဖြစ်ပွားစေရပါဟု ၀န်ခံလက်မှတ်ထိုးစဉ်


Ye' Deight & Chairman of St.Mary Cathedral
Actor Ye' Deight was released on bail from Botahtaung Police station on May 31, 2013 after signing on a promissory note.




Photos By Wai Yan.
Photos of MyanmarCelebrity.Com


ရဲတိုက်တောင်းပန်၍ စိန့်မေရီ ဘုရားကျောင်းကအမှု ကျေအေးပေး

ရဲတိုက်တောင်းပန်၍ စိန့်မေရီ ဘုရားကျောင်းကအမှု ကျေအေးပေးဗိုလ်တထောင် မြို့နယ်ရှိ စိန့်မေရီ ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း ဝင်ရောက်ကာ ဆန္ဒထုတ်ဖော် မှုကြောင့် ပုဒ်မ- ၂၉၅ (က)ဖြင့် အရေးယူ ခံထားရသူ သရုပ်ဆောင် ရဲတိုက်က တောင်းပန် သောကြောင့် ၎င်းအား စွဲဆိုထားသော အမှုကို ကျေအေး ပေးခဲ့ကြောင်း အဆိုပါ အမှုကို တရားလို ပြုလုပ်၍ တိုင်ကြားခဲ့သူ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဌ ဦးခင်မောင်ဦးက ပြောကြားသည်။
“သူ့ဘက်က တောင်းပန် တော့လည်း အမှုမြန်မြန်ပြီးတာ ပေါ့ဗျာ။ သူ ဘုရားကျောင်းကို လာမယ်ဆိုရင်လည်း ကျွန်တော်တို့ ဘက်က ခွင့်ပြုပါတယ်” ဟု သရုပ်ဆောင် ရဲတိုက်၏ တောင်းပန်မှု အပေါ် ၎င်း၏ သဘောထားကို ဆက်လက် ပြောကြားသည်။ သရုပ်ဆောင် ရဲတိုက်၏ လက်မှတ်ရေးထိုး တောင်းပန်သော စာတွင် ၎င်း၏မှားယွင်းသော လုပ်ဆောင်မှုကြောင့် ယခုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့ရမှု အတွက် စိန့်မေရီကာသီဒြယ် ဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီး သာသနာ့အကျိုးတော်ဆောင် အဖွဲ့နှင့် ဘာသာဝင်များ အားလုံးကို အနူးအညွတ် တောင်းပန် ပါကြောင်းနှင့် နောက်နောင်တွင် အလားတူ ကိစ္စရပ်များ မဖြစ်ပွားစေရန် တာဝန်ယူ ပါကြောင်း ဖော်ပြ ထားသည်။
သရုပ်ဆောင် ရဲတိုက်က “ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ တောင်းပန် ချင်တဲ့စိတ် အပြည့်အ၀ ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော် အထဲမှာ ရှိနေစဉ်မှာ အစားအသောက်တွေ ပို့ပေး၊ ကိုယ်တိုင် လိုက်လာပြီး စိုးရိမ်ပူပန်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဖူးတင်ပါတယ်“ ဟု ပြောကြားသည်။
သရုပ်ဆောင် ရဲတိုက်ကို ဗိုလ်တထောင် မြို့နယ် တရားရုံးက ငွေကျပ်ငါးသိန်းဖြင့် ခံဝန် ကတိထိုးပြီး အာမခံပေး ခဲ့သည်။ ကိုယ်ပိုင် ဖောင်ဒေးရှင်း ထူထောင်၍ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသော သရုပ်ဆောင် ရဲတိုက်သည် မေလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ဗိုလ်တထောင် မြို့နယ်ရှိ စိန့်မေရီ ခရစ်ယာန်ဘုရား ကျောင်းဝင်းအတွင်း ဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့သောကြောင့် သာသနာညှိုးနွမ်းစေမှု (ပုဒ်မ -၂၉၅-က) ဖြင့် ဗိုလ်တထောင်ရဲစခန်းက အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။
စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း သို့ လာရောက်လေ့လာ သူများနှင့် ဝတ်ပြု ဆုတောင်း သူများအတွက် နေ့စဉ် နံနက် ၈ နာရီ ၃၀ မိနစ်မှ နေ့လယ် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီ အထိတစ်ကြိမ် လာရောက် လေ့လာသူများနှင့် ဝတ်ပြု ဆုတောင်း သူများအတွက် ဖွင့်လှစ်ပေးထား ပါကြောင်း ယနေ့ဖြစ်စဉ်မှာ သူတော်စင် များသာ ဝင်ရောက်ရသည့် ဓာတ်တော်မွေတော်များ ထားရှိရာ သန့်ရှင်းသည့် နေရာ၊ အထွတ် အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ စရိုက်နှင့် ဆန့်ကျင်သည့် မတင့်တယ်သော အဝတ်အစား (စွပ်ကျယ်လက်ပြတ်) နှင့် ဝင်ရောက်ကာ အထွတ် အမြတ်ထားရာ ဗိမာန်တော်ကို ကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ် မလျော်ကန်သော အပြုအမူမျိုးပြုလုပ်ခြင်းကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ သတိပေး ပြောကြားခဲ့ခြင်းကို မကျေမနပ်ဖြစ်သွားပြီး ထိုမှတစ်ဖန်၊ တတိယအကြိမ်ပြန်လည် ရောက်ရှိ လာရာတွင်၊ သတင်းထောက်များ၊ မီဒီယာအဖွဲ့ဝင်များခေါ်လာပြီး အသင့်ရေးလာ သော ဆိုင်းဘုတ် ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရဝဏ်အတွင်း ဝင်ရောက်ကာ၊ မည်သည့် အာဏာပိုင်အဖွဲ့အစည်း၏ ခွင့်ပြုချက်မျှ ရယူခြင်းမရှိဘဲ တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း၊ သာသနာ့ အကျိုးဆောင်အဖွဲ့က အကြိမ်ကြိမ် မေတ္တာရပ်ခံနေသည့်ကြားမှပင် ကာယကံရှင်မှ ကိုယ်ထိလက်ရောက် စတင်ကျူးလွန်ခဲ့ကြောင်း စိန့်မေရီကာသီဒြယ် ဘုရားကျောင်း သာသနာ့ အကျိုးဆောင် အဖွဲ့က သတင်း ထုတ်ပြန်သည်။
01 June 2013
The Voice Journal