Sunday, June 2, 2013

ဂျကာတာမြို့ရှိ မြန်မာသံရုံးအားဓါတုဗုံးဖြင့် အောဂဲနစ်ပေါက်ကွဲမှုဖြစ်စေရန် စီစဉ်ထားခဲ့

Aung Pan
အင်းဒိုနီရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးအားဗုံးခွဲတိုက်ခိုက်ရန်ကြံစည်သူသည်" မြန်မာသံရုံးကို အဆင့်မြင့်ဓါတုဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် စီစဉ်ထားသည်ဟု" ထွက်ဆိုခဲ့ကြောင်းနှင့် ယ္ခုကဲ့သို့ အဆင့်မြင့်ဓါတုလက်နက်ဗုံးဖြင့်အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုသည် အင်ဒိုနီးရှားနိုင်ငံတွင် ပထမဆုံးအမှုတခုဖြစ်ကြောင်း ရဲတပ်ဖွဲပြောခွင့်ရှိသူက ပြောဆိုလိုက်သည်။ အဆိုပါဓါတုဗုံးဖြင့် သံရုံးအဆောက်အဦးအတွင်းရှိ လူများအားလုံးသေကျေစေရန် အောဂဲနစ်ပေါက်ကွဲမှုဖြစ်စေရန် စီစဉ်ထားကြောင်း အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင် Sigit Indrajit မှထွက်ဆိုခဲ့သည်။
ဖမ်းဆီးရမိသောအိမ်တွင်းလုပ်ဓါတုလက်နက်ဗုံးကို အင်ဒိုနီးရှားဓါတုဗေဒပညာရှင်များစစ်ဆေးတွေ့ရှိချက်အရ အောင်မြင်စွာဖောက်ခွဲသောအနေအထားမှာရှိကြောင်းနှင့် အဆိုပါဓါတုပစ္စည်းများ မည်သည့်နေရာကနေရာမှနေ အကြမ်းဖက်သမားရသည်ကို ဆက်လက်စုံစမ်းနေကြောင်းသိရသည်။

An Indonesian police armored vehicle (C) stands posted outside the Myanmar embassy compound (back L) in Jakarta before the arrival of anti-Myanmar demonstrators on May 3, 2013. (AFP Photo/Romeo Gacad)

မလေးရှားနိုင်ငံ ဆလာယန်းတွင် မြန်မာ နှစ်ဦး ခေါင်းဖြတ် အသတ်ခံရကာ သုံးဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရ

    Created on Sunday, 02 June 2013 11:22

မလေးရှားနိုင်ငံ ဆလာယန်းမြို့တွင် မွတ်ဆလင်ဘာသာဝင်အချို့နှင့် ပဋိပက္ခဖြစ်ပွားကာ မြန်မာအလုပ်သမား နှစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီး သုံးဦးမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရကြောင်း သတင်းရရှိပါသည်။

“မေ ၃၀ မှာ မြန်မာအလုပ်သမားတစ်ဦး ခေါင်းပြတ်သေဆုံးတယ်။ ၃၁ ရက်မှာ နောက်တစ်ဦး ခေါင်းဖြတ်အသတ်ခံရတယ်။ ဇွန်လ ၁ ရက်နေ့မှာ ထပ်ဖြစ်တာမှာ မြန်မာအလုပ်သမား ၃ ဦး ဆေးရုံတင်ထား ရပါတယ်။ သူတို့ ၃ ယောက်လည်း အခြေအနေ မကောင်းပါဘူး” ဟု ကပုန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ ဆာလာယန်း ကုန်စိမ်းဈေးတန်းရှိ မြန်မာ ဒုက္ခသည် ၁၀၀ ခန့်ကို ကပုန်း နာရေးကူညီမှု အသင်းမှ ဦးဆောင်၍ ကပုန်းဘုန်းကြီးကျောင်းနှင့် အခြားနေရာ အသီးသီးသို့ ပို့ဆောင် ကူညီပေးလျက်ရှိကြောင်း သိရသည်။

ကွာလာလမ်ပူမြို့မှ မြန်မာနိုင်ငံသား တစ်ဦးက ''အဲဒီနေက ဖြစ်စဉ်မှာ နှစ်ယောက်သေတယ်။ သုံးယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး တစ်ယောက်ပျောက်နေတယ်လို့ ကြားတယ်။ လူ ၁၀၀ ကျော်လောက် ကပုန်းဘုန်းကြီးကျောင်းထဲမှာ ပုန်းနေရတယ်။ ဘုန်းကြီးကျောင်း အပြင်ဘက်ကနေ ဆိုင်ကယ်တွေနဲ့ ပတ်နေပြီး ဘုန်းကြီးကျောင်းကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်တဲ့သူတွေက ဆလာယန်းဒေသခံတွေ မဟုတ်ဘဲ ဒေသခံအချို့တောင် မသိလိုက်ကြဘူးလို့ ပြောတယ်။ ဒေသခံတွေက ကျီးလန့်စာစား ဖြစ်နေပေမယ့် မြန်မာသံရုံး အသိုင်းအ၀ိုင်းက ပြဿနာက စိုးရိမ်စရာမရှိဘဲ အေးအေးချမ်းချမ်းပဲလို့ ပြောနေကြတယ်'' ဟု ပြောပြခဲ့ပါသည်။

ဆလာယန်းဒေသမှ မြန်မာအလုပ်သမား တစ်ဦးကလည်း “ကျွန်တော်သိတာကတော့ ဒီဖြစ်စဉ်မှာ ၆ ယောက်လောက် သေသွားတယ်။ အချို့ဆိုရင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာ။ ဒီဖြစ်စဉ်ကြောင့် လူ ၈၀ နဲ့ ၁၀၀ ကြား ဆလာယန်းက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်။ ဒါကို အကြမ်းဖက်လိုတဲ့ မွတ်ဆလင်ဘာသာဝင်အချို့က ဘုန်းကြီးကျောင်းအရှေ့ကနေ အော်ဟစ်ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ကျွန်တော်တို့ဆီမှာ အခုနောက်ပိုင်း မွတ်ဆလင် အကြမ်းဖက် လူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပြဿနာဖြစ်အောင် ဖန်တီးလိုမှုတွေ မကြာခဏ ဖြစ်နေ၊ ကြားနေပါတယ်။ ကွာလာလမ်ပူ ဘက်မှာတော့ မြန်မာဆိုင်တွေမှာလည်း အေးဆေးပဲ၊ မွတ်ဆလင် ဆိုင်တွေမှာလည်း အေးဆေးပါပဲ၊ သံရုံးကတော့ ဒီပြဿနာကို ထူးထူးခြားခြား ထုတ်ပြန်တာ မရှိသလို အခြေအနေ အေးဆေးရှိတယ် လို့ပဲ ပြောတာ ကြားရပါတယ်။ မြန်မာသံရုံးရဲ့ အကူအညီကိုတော့ ဆလာယန်းမှာ ရှိတဲ့ မြန်မာတွေ အခုအချိန်ထိ မရသေးပါဘူး” ဟု ပြောကြားခဲ့ပါသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဖြစ်မှန်ကို စုံစမ်း၍ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက Eleven Media Group သို့ ပြောကြားထားပါသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော ကိစ္စများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံသားများ အသတ်ခံရမှု မရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဇွန်လ ၁ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ပြန်လည်ရှင်းလင်းထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ မလေးရှားနိုင်ငံရှိ နာမည်ကြီး The Star သတင်းစာတွင် လက်ရှိအထိ သတင်းဖော်ပြထားခြင်း မရှိသေးကြောင်း သိရပြီး NTV 7 သတင်းဌာနက သေဆုံးသူတစ်ဦး၏ အလောင်းအား ရဲတပ်ဖွဲ့ဝင်များက သယ်ယူသွားပုံကို movie file ဖြင့် သတင်းဖော်ပြခဲ့သည်။ Bernama သတင်းဌာနတွင်လည်း တစ်ဦးသေဆုံးကြောင်း သတင်းဖော်ပြထားသည်။

မွတ်ဆလင်ဘာသာဝင်များ၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ နှစ်ဦးမှာ ကိုခိုင်မင်း (၃၂ နှစ်) နှင့် ကိုမင်းဇော် (၃၃ နှစ်) ပဲခူးမြို့ နေထိုင်သူတို့ ဖြစ်ကြောင်း သိရသည်။

“ကိုမင်းဇော်က မလေးရှားမှာနေပြီး အလုပ်လုပ်နေတာ ၁၀ နှစ်ကျော်လောက် ရှိနေပါပြီ၊ ကောင်းကောင်းမွန်မွန် နေတဲ့လူပါ၊ အဲ့ဒါကို သေတဲ့လူမရှိဘူး၊ မြန်မာတွေ အရက်မူးပြီး ရန်ဖြစ်တာလို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သတင်းတွေ ဖြန့်တာကိုတော့ မကျေနပ်နိုင်ပါဘူး။ ဒါက သံရုံးက တရားဝင် ထုတ်ပြန်ချက်တော့ မဟုတ်ပါဘူး” ဟု ယခုဖြစ်စဉ်အတွင်း သေဆုံးသူ ကိုမင်းဇော်၏ ညီမ (မလေးရှားနိုင်ငံ၌ လက်ရှိ အလုပ်လုပ်ကိုင်နေသူ) က ဆိုသည်။

၎င်းကပင် “မြန်မာသံရုံးရဲ့ အကူအညီ ဘာမှ မရသေးဘူး။ အခုလည်း ကျွန်မတို့ရဲ့ လုံခြုံရေးကြောင့် အလုပ်က နားနေရတာ သုံးရက်ရှိနေပြီ။ ကျွန်မအစ်ကိုရဲ့ နာရေးကိစ္စကိုလည်း ကပုန်း နာရေးကူညီမှုအသင်းက ကူညီပေးနေပါတယ်” ဟု ပြောကြားသည်။

ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ကပုန်းရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း၊ ပုဒ်မကို ရဲစခန်းမှ မပြောသေးကြောင်း၊ မေ ၃ ရက် (မလေးရှားစံတော်ချိန်) နံနက် ၁၀ နာရီသို့ ပြန်ချိန်းထားကြောင်း သေဆုံးသူ ကိုမင်းဇော်၏ ညီမဖြစ်သူက ဆက်လက်ပြောကြားခဲ့သည်။

သေဆုံးသွားသူ ကိုမင်းဇော် (၃၃ နှစ်) ၏ ဇနီးဖြစ်သူ မညွန့်ညွှန့်ရီကလည်း “ကျွန်မယောက်ျားက မြန်မာ၊ ဗုဒ္ဓဘာသာပါ။ သေသွားတဲ့ နောက်တစ်ဦးကလည်း ဗုဒ္ဓဘာသာပဲ ထင်ပါတယ်။ လူချင်းမသိကြတော့ အတိအကျ မသိပါဘူး။ ကျွန်မက ချည်မျှင်စက်ရုံမှာ အလုပ်လုပ်ပါတယ်။ အခုက ကျွန်မယောက်ျား နာရေးကိစ္စတွေ လုပ်နေပါတယ်” ဟု ဖြေကြားသည်။

ထပ်မံစုံစမ်း သိရှိရသော သတင်းများကို ဆက်လက်ဖော်ပြ သွားပါမည်။
http://news-eleven.com/local/19730

( နံနက် ၁၁း၃၃ နာရီ ) ကမ်ပုန်း၊ ဆာလာရန်းအနီးတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများ၏ အခြေအနေ

“ ကွာလာလမ်ပူမြို့၊ ကမ်ပုန်း၊ ဆာလာရန်းအနီးတွင် နေထိုင်ကြသော
မြန်မာနိုင်ငံသားများ၏ အခြေအနေ

လက်ရှိအချိန်ထိ အတည်ပြုရရှိထားသောသေဆုံးထိခိုက်စာရင်း
------------------------------------------------------------------
သေဆုံးသူ - ၂ ဦး။
ကိုမင်းဇော် ( မြန်မာ - တရားဝင်နေထိုင်အလုပ်လုပ်နေသူ )
ကိုခိုင်ဝင်း ( မြန်မာ - တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နေသူ)

အပြင်းအထန်ဒဏ်ရာရရှိသူ - ၂ ဦး။( အသက်အန္တရာယ်စိုးရိမ်ရ)
-----------------------------------------------------------------------

- မြန်မာ- ကရင်လူမျိုးလူငယ် ၂ ဦး - တရားဝင်နေထိုင်အလုပ်လုပ်နေသူ )
( ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှ ။ မလေးရှားသို့ ရောက်ရှိတာ၂ ရက်
သာရှိသေး )

ဒဏ်ရာမှသက်သာလာသော အစ်ကိုဖြစ်သူ ကိုစောအယ်ရှီး
Saw Eh Shee ( မြန်မာ-ကရင်အသက် - ၃၉ နှစ်။ ) မှ
ပြောပြချက် ။

- ( မလေးရှားရှိ မြန်မာလူမှုကူညီရေးအဖွဲ့မှ အတည်ပြုပြီး )

- Young Buddhist Association - Myanmar

“ ကွာလာလမ်ပူမြို့၊ ကမ်ပုန်း၊ ဆာလာရန်းအနီးတွင် နေထိုင်ကြသော
မြန်မာနိုင်ငံသားများ၏ အခြေအနေ

( နံနက် ၁၁း၃၃ နာရီ )

လက်ရှိအချိန်ထိ အတည်ပြုရရှိထားသောသေဆုံးထိခိုက်စာရင်း
------------------------------------------------------------------
သေဆုံးသူ - ၂ ဦး။
ကိုမင်းဇော် ( မြန်မာ - တရားဝင်နေထိုင်အလုပ်လုပ်နေသူ )
ကိုခိုင်ဝင်း ( မြန်မာ - တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နေသူ)

အပြင်းအထန်ဒဏ်ရာရရှိသူ - ၂ ဦး။( အသက်အန္တရာယ်စိုးရိမ်ရ)
-----------------------------------------------------------------------

- မြန်မာ- ကရင်လူမျိုးလူငယ် ၂ ဦး - တရားဝင်နေထိုင်အလုပ်လုပ်နေသူ )
( ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှ ။ မလေးရှားသို့ ရောက်ရှိတာ၂ ရက်
သာရှိသေး )

ဒဏ်ရာမှသက်သာလာသော အစ်ကိုဖြစ်သူ ကိုစောအယ်ရှီး
Saw Eh Shee ( မြန်မာ-ကရင်အသက် - ၃၉ နှစ်။ ) မှ
ပြောပြချက် ။

- ( မလေးရှားရှိ မြန်မာလူမှုကူညီရေးအဖွဲ့မှ အတည်ပြုပြီး )

- Young Buddhist Association - Myanmar

ဦးမောင်ကြီးကဲ့သို့ မဖြစ်စေလိုပါ

ဒေါ်အောင်ဆန်းစုကြည်ရှင့်။

ကျမတို့ရခိုင်ပြည်ပိုင် စစ်တကောင်းတောင်တန်းဒေသနှင့်တြိ ပူရတို့ကို အင်္ဂလိပ်များ က မြန်မာတို့ကိုမပေးဘဲ ကုလားများလက်ထဲ ဝမကွက်ဘဲ အပ်ခဲ့ပါသည်။   မြန်မာပြည်လွတ်လပ်ရေးရပြီးချိန်၌လည်း ဘင်္ဂလီများသည် ရခိုင်ပြည်ကို ဗုဒ္ဓဘာသာမှ မူဆလင်ပြည်ဖြစ်အောင် နည်းမျိုးစုံဖြင့် ကြိုးပန်းခဲ့ပါသည်။ ၎င်းကုလားများအကြောင်း NLD နာယကကြီး ဦးတင်ဦး ဓာတ်သိပါ။

ကုလားဆိုသောအသုံးကို ဒေါ်စုဖခင်ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပင် ၎င်း၏မိန့်ခွန်းများ၌ သုံးခဲ့ပါသည်။ သစ္စာဖောက်ကုလားသူကြီး
အဗ္ဗဒူရာရှ စ်ကိုလည်း သေဒါဏ်ပေးပြီး ကိုယ်တိုင် စီရင်ခဲ့ပါသည်။

ယခုအချိန်တွင် ဘင်္ဂလီများသည် ကမ္ဘာပတ် မျက်ရည်ခံထိုးကာ သမိုင်းလိမ်များ ဓာတ်ပုံအတုများဖြင့် ဗုဒ္ဓဘာသာရဟန်းတော်များ အပါအဝင် မြန်မာလူများစုက ကုလားများကိုဝိုင်းသတ်နေကြသလို ဝါဒဖြန့်နေပါသဖြင့် တိဘက်ရဟန်းမင်းကြီး ဒလိုင်လားမားပင် နားယောင်သွားခဲ့ပါသည်။

ယခု ဒေါ်အောင်ဆန်းစုကြည်ပြောလိုက်သော စကားမှာ တစ်ဖက်နိုင်ငံမှခိုးဝင်လာသူများ၊ မြန်မာနိုင်ငံသားမဟုတ်သူ များကို   မြန်မာ့မြေပေါ်တွင် ကြိုက်သလောက်မယားများယူကြ၊ ကြိုက်သလောက် သားဖောက်ကြဟု ခွင့်ပေးလိုက် သကဲ့ သို့ဖြစ်သွားပါပြီ။

အိုအိုင်စီ မြန်မာပြည်ထဲမရောက်ရောက်အောင် ကြံနေကြသူများကို မီးလောင်ရာလေပင့် လုပ်ရာလည်းကျပါသည်။ ယင်းကိစ္စကို လူ့သားအခွင့်အရေးရှုထောင့်တစ်ခု တည်းဖြင့်မကြည့်သင့်ပါ။ အမိနိုင်ငံ၏နောင်ရေး၊ အကျိုးစီးပွားစသည် တို့ကိုလည်း ထည့်သွင်းစဉ်းစား ရပါမည်။   ဒေါ်အောင်ဆန်းစုကြည်ပြောလိုက်သော စကားကြောင့် တစ်နေ့တွင် မြန်မာပြည်သည် ဘင်္ဂလီများ၏ လူကိုလူဖြင့်မြို ခြင်းခံရကာ  ဗုဒ္ဓဘာသာနိုင်ငံမှ မူဆလင်ပြည်ဖြစ်သွားနိုင် ပါသည်။

ဒေါ်စု၏ဖခင်ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာ့လွတ်လပ်ရေး၊ မြန်မာ့တပ်မတော်နှင့် ပြည်ထောင်စုကြီး၏ဖခင်ကြီး စသောဝိသေသများကို ထိုက်ထိုက်တန်တန်ရရှိထားသူဖြစ်ပါသည်။

စစ်သူကြီးမဟာဗန္ဓုလ၏သား ဦးမောင်ကြီးသည် ဘမျိုးဘိုးတူမဖြစ်ခဲ့သဖြင့် သမိုင်းတွင် နာမည်ဆိုးတွင်ကျန်ရစ်သူ တစ်ဦးဖြစ်ပါသည်။   ဒေါ်စုကို  ဦးမောင်ကြီးကဲ့သို့ မဖြစ်စေလိုပါ၍   စေတနာကောင်းနှင့်အကြံပေးခြင်ြး ဖစ်ပါသည်။

သဇင်ကျော်ခိုင်

မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်ကို မြန်မာ့အသံမှ ဆက်သွယ်မေးမြန်း

မလေးရှားနိုင်ငံ ဆာလာရန်းမှာ ဖြစ်ပွားခဲ့တဲ့ သတင်းများနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်ကို မြန်မာ့အသံမှ ဆက်သွယ်မေးမြန်းထားပါတယ်။