Monday, June 3, 2013

မလေးရှားကို မြန်မာအလုပ်သမားသွားရောက်နှုန်း သိသိသာသာနည်းလာ



Published on June 3, 2013 by ယုဇနကိုကို 
burmese.dvb.no
မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်မယ့်သူ မရှိသလောက်နည်းလာတာမို့ မလေးရှားနိုင်ငံကို လုပ်သားတွေပို့ပေးတဲ့ ဝန်ဆောင်မှုအေဂျင်စီလုပ်ငန်း တော်တော်များများ အလုပ်ပါးလာပါတယ်။

ရန်ကုန်အခြေစိုက်ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတွေအနေနဲ့ မလေးရှားနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ကြမယ့် မြန်မာအလုပ်သမားရရှိဖို့ ခက်ခဲလာနေတာဟာ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံ ဆာလာရန်းမှာ မြန်မာအလုပ်သမား ၂ ဦး အသတ်ခံခဲ့ပြီးနောက် ဒီရက်ပိုင်းမှာ မလေးရှားကုမ္ပဏီတွေနဲ့ ဆက်သွယ်ထားတဲ့ မြန်မာအေဂျင်စီတွေ သိသိသာသာ အလုပ်ပါးလာတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားတွေပို့ပေးတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုရဲ့ မန်နေဂျင်းဒါရိုက်တာ တဦးက အလုပ်ခေါ်ပေမယ့် သွားဖို့ ငြင်းဆန်နေကြတာလို့ ပြောပါတယ်။

“ပုံမှန်မဟုတ်တာတော့ သေချာတယ်။ အလုပ်သွားလုပ်မယ်၊ မလုပ်ဘူးဆိုတာက ဒီဘက်မှာရှိနေတဲ့ အခြေအနေပေါ်မှာလည်း မူတည်တာပေါ့။ လျော့နည်းသွားတာက အဘက်ဘက်ကပေါ့၊ စိုးရိမ်မှုတွေလည်း ပါတယ်။ မတည်ငြိမ်မှုတွေလည်း ပါတယ်။ ဘယ်နေရာမှာမဆို တည်ငြိမ်မှုလျော့နည်းလာရင် အဘက်ဘက်ကနေ ထိခိုက်တာပဲလေ။ မြန်မာနိုင်ငံထဲမှာလည်း သွားမှကိုဖြစ်မယ့်သူတွေလည်းရှိတယ်။ တချို့ကသွားပြီး မိသားစုအတွက် ပိုက်ဆံရှာပေးချင်တဲ့သူလည်း ရှိတယ်လေ။ မသွားလဲ မသွားရဘူး၊ ဟိုဘက်မှာလည်း ကြောက်နေရတဲ့ အခြေအနေတွေလည်း ရှိတယ်။ အခြေအနေတွေက အမျိုးမျိုးဖြစ်နေတာပေါ့။ မသွားရဘူးဆိုတာ ဒီထဲမှာလည်း နေလို့မရပေါ့။ ဘာမှမဖြစ်ရင်တော့ အားလုံးအကောင်းဆုံးပဲ။ တချို့ဆို ခေါ်စာကျတာတောင်မှ မသွားတော့ဘူး၊ မိသားစုက မလွှတ်တာ၊ တည်ငြိမ်မှုမရှိတော့ ကိုယ့်မိသားစုတွေပဲ စည်းစည်းလုံးလုံးနေတာတို့၊ အားလုံးပြီးမှပဲ သွားတော့မယ် လောလောဆယ် ရွှေ့ထားတာတို့ပေါ့။”

မလေးရှားမှာ မြန်မာအလုပ်သမားတချို့တိုက်ခိုက်ခံရတာ၊ အသတ်ခံရတာတွေရှိနေပေမယ့် မိသားစုစားဝတ်နေရေးကြောင့် မဖြစ်မနေသွားရမယ့်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မလေးရှားက လူသတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်သိရအောင် ကွာလာလမ်ပူအခြေစိုက် မြန်မာသံရုံး ဆက်သွယ်တဲ့အခါမှာတော့ မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်က “အန္တရာယ်များတဲ့နေရာတွေက ဆာလာရန်းပေါ့။ ကျန်နေရာတွေကတော့ ပြဿနာမရှိဘူး။ သက်ဆိုင်ရာအလုပ်ရှင်တွေက.များသောအားဖြင့် စက်မှုဇုန်တွေများတယ်လေ၊ နေဖို့ အဆောင်ပေးတယ်။ သံရုံးကလည်း လုံခြုံရေးနဲ့ပတ်သက်လို့ သူတို့ကို ၁၀ မိနစ်လောက် ဝေးတယ်ဆိုရင်တောင် ကားစီစဉ်ပေးဖို့ ပြောတယ်။ ကားစီစဉ်မပေးရင် သံရုံးက ခွင့်ပြုချက်လုပ်မပေးဘူးလို့ ပြောထားတယ်။ သေချာသော အေးဂျင့်နဲ့ ဒီဘက်မလေးရှားက သေချာသော စက်ရုံအလုပ်ရုံဆိုရင် စိတ်ပူစရာမရှိပါဘူး။ သံရုံးကနေလည်း စိစစ်ပြီးမှ Demand Letter တွေက မှန်တယ်လို့ ထောက်ခံထားတဲ့ နေရာတွေက စက်ရုံအလုပ်ရုံတွေဆို ဘာမှမဖြစ်ပါဘူး။ တချို့ကလည်း ပျံကျလေးတွေပေါ့။ အိုဗာစတေးရှိမယ်။ သူတို့တွေကျ တရားဝင်လုပ်နေရတော့ ဈေးတွေဘာတွေလုပ်တော့ ဒီလိုဖြစ်စဉ်လေးတွေ ရှိတယ်။ ကျန်တဲ့ အလုပ်ရုံ၊ စက်ရုံတွေနဲ့ ဈေးဝယ်စင်တာတွေမှာတော့ ပြဿနာမရှိပါဘူး” လို့ ပြောပြပါတယ်။

ဒါပေမယ့် မြန်မာ့အသံက မလေးရှားဆိုင်ရာ မြန်မာသံအမတ် ဦးတင်လတ်ကို မေးမြန်းရာမှာတော့ အခင်းဖြစ်တဲ့ အရပ်ဟာ မလေးရှားအာဏာပိုင်တွေသည်ပင် ထိန်းသိမ်းရခက်ခဲတဲ့ ကုန်စိမ်းဈေးကြီးအနီးဖြစ်ကြောင်းနဲ့ ဘာသာရေး၊ လူမျိုးရေး ပြသနာမဟုတ်ကြောင်း ဖြေရှင်းထားပါတယ်။
သံအမတ်ရဲ့ပြောဆိုချက်အရ မလေးရှားမှာ မြန်မာအလုပ်သမားဦးရေဟာ တရားဝင် ၃ သိန်းနဲ့ တရားမဝင် ၄၀,၀၀၀ ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းသား နိုင်/ကတ်နံပါတ်ဘာသာခြားတစ်ဦးရရှိ


စစ်ကိုင်းသားတစ်ဦး ၁၉၉၂ က ရထားတဲ့ နိုင်/ကတ်နံပါတ်ကို အခြားကပြောင်းလာတဲ့ ဘာသာခြားတစ်ဦးက ၁၉၉၇ မှာ ထပ်မံရရှိထား
June 3, 2013



မေလအတွင်း ဒုတိယအ ကြိမ်မြောက် ကျပ်-၁၅၀၀ တန် တယ်လီဖုန်းများ မဲဖောက်ချထား ကြေညာသည့်အခါ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်တွင် တယ်လီ ဖုန်းမဲပေါက်သူတစ်ဦး၏ နိုင်ငံ သားစီစစ်ရေးကတ်ပြားအမှတ်နှင့် အခြားတယ်လီဖုန်းလျှောက်ထား သူ (တယ်လီဖုန်းမဲမပေါက်သူ) တစ်ဦး၏ နိုင်ငံသားစီစစ်ရေး ကတ်ပြားနံပါတ်တို့မှာ တူညီနေ သဖြင့် သက်ဆိုင်ရာရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ သွားရောက် ဖြေရှင်း ပေးနိုင်ရန် တင်ပြထားကြောင်း သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ မေလတတိယပတ်အတွင်းက ကျပ်-၁၅၀၀တန် တယ်လီဖုန်း ဆင်းကတ်များအား မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီမှ မဲနှိုက်ရွေးချယ် ချထားပေးခဲ့ပြီး သက်ဆိုင်ရာရပ် ကွက်ရုံးများတွင် တယ်လီဖုန်းမဲ ပေါက်သူများ၏ စာရင်းအား အ မှတ်စဉ်၊ အမည်၊ ရပ်ကွက်နှင့် နိုင် ငံသားစီစစ်ရေးကတ်ပြား (မှတ်ပုံ တင်) အမှတ်တို့နှင့်တကွ ကြေ ညာပေးခဲ့သည်။ ပန်းပဲတန်းရပ် ကွက်မှ တယ်လီဖုန်းလျှောက်ထား သူ ဦး—–သည် တယ်လီဖုန်းမဲ စာရင်းတွင် မိမိအမည်စာရင်းပါ၊ မပါကို ရပ်ကွက်ရုံးသို့ သွားရောက် ကြည့်ရှုသည့်အခါ တယ်လီဖုန်း မဲ ပေါက်သူစာရင်း အမှတ်စဉ် (—)တွင် မိမိ၏ နိုင်ငံသားစီစစ်ရေး ကတ်ပြားအမှတ် ၅/စကန(နိုင်) -၀၀၆— နှင့် အခြားသူတစ်ဦး မဲ ပေါက်နေသည်ကိုတွေ့ရှိသဖြင့် ရပ် ကွက် အုပ်ချုပ်ပေါ်မှူးထံသို့ သွား ရောက်အကြောင်းကြားတင်ပြသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ နိုင် ငံသားစီစစ်ရေးကတ်ပြားနံပါတ်တူ နှင့် တယ်လီဖုန်းမဲပေါက်သူအား ခေါ်ယူမေးမြန်းစီစစ်ရာတွင် တစ် ရပ်ကွက်တည်းနေ၊ နိုင်ငံသားစီစစ် ရေးကတ်ပြားနံပါတ်တူ၊ နာမည်မ တူ လူနှစ်ဦးတို့ စီစစ်တွေ့ရှိခဲ့ ကြောင်း သိရသည်။ ဆက်လက် ၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ သွားရောက်တင်ပြရာ တယ်လီ ဖုန်းမဲမပေါက်သူ ဦး—သည် ပန်း ပဲတန်းရပ်ကွက်တွင် မွေးဖွားနေ ထိုင်ကြီးပြင်းခဲ့သူဖြစ်ပြီး နိုင်ငံသား စီစစ်ရေးကတ်ပြားနှင့် ပတ်သက် သည့် အမှုတွဲရှိသူဖြစ်ကြောင်း၊ တယ်လီဖုန်းမဲပေါက်သူ ဦး—သည် အခြားမြို့ရွာမှ ပြောင်းရွေ့ လာသူ၊ ဘာသူခြားတစ်ဦးဖြစ်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် ပတ်သက်သည့် အမှုတွဲမှာ စစ် ကိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး တွင် မတွေ့ရှိကြောင်း သိရသည်။
နိုင်ငံသားစီစစ်ရေးကတ်ပြား အမှတ် ၅/စကန(နိုင်)-၀၀၆— အား ကိုင်ဆောင်ထားသူ၊ (တယ် လီဖုန်းမဲမပေါက်သည့်) ဦး—– သည် နိုင်ငံသားစီစစ်ရေးကတ် ပြားကို ၁၉၉၂ ခုနှစ်က ထုတ်ပေး ကိုင်ဆောင်ထားခြင်းဖြစ်ကြောင်း၊ တယ်လီဖုန်းမဲပေါက်သူ ဦး—– သည် အခြားမြို့နယ်မှ ပြောင်း ရွေ့လာရောက်နေထိုင်ကာ နိုင်ငံ သားကတ်ပြားကို ၁၉၉၇ ခုနှစ်က ရရှိကိုင်ဆောင်ထားသူဖြစ်ကြောင်း သိရသည်။ ယခုအခါ အခြားမြို့ ရွာမှ ပြောင်းရွေ့လာရောက်နေ ထိုင်သူ ဦး—နှင့် သက်ဆိုင်သည့် အမှုတွဲအား မူလပြောင်းရွေ့လာ သည့် မြို့နယ်(လ-၀-က)ရုံးသို့ သွားရောက်ရယူခိုင်းထားကြောင်း သိရသည်။


နန္ဒာမင်းလွင်
hotnewsweekly.com

စင်္ကာပူကနှင်းဆီအငြိမ့်ကိုသပိတ်မှောက်ရန်တိုက်တွန်း



နှင်းဆီအငြိမ့်ကို မြန်မာတွေစပြီး စင်္ကာပူကို ခေါ်လာတယ်။
စလုပ်လုပ်ချင်းရှုံးကြတယ်။
လုပ်တာ ၃နှစ်လည်းရှိရော လူသိများလာပြီး အောင်မြင်လာတယ်။
အခု ၄ နှစ်မြောက် မှာ နှင်းဆီအငြိမ့်ကို မြန်မာတွေလက်ထဲက
ကုလား ဘိုဘိုဝင်း ဆိုတဲ့ Bo Bo Entertainmentက လုသွားတယ်။
 ထောက်ခံအားပေးတဲ့ သူ့ရဲ့ စပွန်ဆာကကုလားပိုင် နိုင်ဂရုဆောက်လုပ်ရေးပါ။
တခြားမြန်မာတွေလုပ်တဲ့ (စာပေဟောပြောပွဲ၊ ကျောင်းတွေ၇ဲ့မြန်မာယဉ်ကျေးမှုပွဲ၊
ကျောင်းဘော်လုံးပွဲ) ပွဲမှာ နိုင်ဂရုက လုံးဝ စပွန်ဆာမပေးခဲ့ဘူး။
သူနဲ့မဆိုင်သလိုဘဲ။အခု သူ့လူမျိုးလုပ်တဲ့ပွဲ၊ အောင်မြင်မယ့်ပွဲ၊
မြန်မာလူမျိုးတွေဆီက ပိုက်ဆံရမယ့်ပွဲလည်းဆိုရော၊
Main Sponsor ကို ထိပ်ဆုံးကနေပေးတယ်။
မင်းသမီး ၀ါဆိုမိုးဦး နဲ့ သန္တာဗိုလ်ပါခေါ်ထားကြောင်းသိရပါတယ်
စင်္ကာပူရောက် မျိုးချစ် ရွှေမြန်မာ ကဒီပွဲကိုသပိတ်မှောက်ရန်
အဲဒီသွားကြည့်မယ့်ပိုတ်ဆံကို မြန်မာဘုန်းကြီးကျောင်းတွေကို လှူဖို့
စင်္ကာပူရောက်မြန်မာများကိုတိုက်တွန်းနေပါတယ်။

နှစ်ထပ်အဆောက်အဦးကိုဒေါ်ဖြူဖြူသင်းလိုတာအသုံးပြုရအောင်ယတိပြတ်လှူ


Phyu Phyu Thin

လေးထောင့်ကန်(တောင်ဒဂုံ၉ရပ်ကွက်)မှာရှိတဲ့ပေခြောက်ဆယ်ပတ်လည်အကျယ်မှာပေနှစ်ဆယ်ပေငါးဆယ်အကျယ်နှစ်ထပ်အဆောက်အဦးကို
ဒီနေ့မနက်မှာအလှူ့ရှင်ဒေါ်ဥမ္မာတင်တို့တူအရီးနှစ်ယောက်စာချုပ်စာတမ်းလွှဲပြောင်းပေးအပ်ခြင်းကိုမင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းမှာဒီနေ့မနက်လာရောက်ပြုလုပ်နေတာပါ။

ဒါကတော့အလှူ့ရှင်ကလှူဒါန်းထားတဲ့အဆောက်အဦးကိုသွားရောက်ကြည့်ရှုနေတာဖြစ်ပါတယ်လေးထောင့်ကန်လို့ခေါ်နေကြတဲ့တောင်ဒဂုံ
ကိုးရပ်ကွက်ကအဆောက်အဦးဖြစ်ပါတယ်။



ဒီနှစ်ထပ်အဆောက်အဦးလူနာများအတွက်အသုံးဖြုဖို့လှူဒါန်းပေးးခဲ့တာဖြစ်ပြီးတော့နဂိုအမျိုးသမီးအဆောင်အဖြစ်ရည်ရွယ်ဆောက်လုပ်
တာဖြစ်ပေ မယ့်အခုတော့ဒေါ်ဖြူဖြူသင်းလိုတာအသုံးပြုရအောင်ယတိပြတ်လှူလိုကတာလို့အလှူ့ရှင်ကပြောပါတယ်
ဒီအဆောက်အဦးကလုံးဝအသစ်စက်စက်ဖြစ်ပြီး အခန်းပေါင်းဆယ့်ခြောက်ခန်းပါဝင်ပါတယ်
(တန်ဖိုးကိုတော့ဖော်ပြခြင်းမပြုတော့ပါဘူးအလှူကိုငွေနဲ့တန်ဖိုးမဖြတ်ချင်လို့ဖြစ်ပါတယ်)

ကားရေဆေး မြန်မာ အလုပ်သမား အသတ်ခံရမှုTV7 မှ ထုတ်လွှင့်ပြသ


Myanmar Daily News
Jun 3, 2013 9:26am
ကမ်ပုန်းဘာရု ၊ အမ်းဘန်း တွင် ဒီကနေ့ ၇း ၃၀ မိနစ်က ကားရေဆေး မြန်မာ အလုပ်သမား အသတ်ခံလိုက်ရတာပါ။

မလေးရှားသတင်းတွေနဲ့ ပတ်သက်ပြီး ၀ါဒဖြန့်တာ၊ မဟုတ်ပါဘူး၊ သတင်းမှားကြီးပါ လို့ ဆိုသူများ မြင်နိုင်ကြည့်နိုင်အောင် ပါ။

လက်ရှိ မလေးရှားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အထူး သတိထား နေထိုင်ရမယ့် အချိန်ပါ။ တစ်ဦးတစ်ယောက်တည်း လမ်းသွား လမ်းလာ လုပ်မှုတွေကို ရှောင်ရှားသင့်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကွာလာလမ်ပူ ၊ ဆူဘမ်း ဘက်မှာ အဖွဲ့ပေါင်းစုံဝင်ရောက်ဖမ်းဆီးမှု( အော်ပရာစီ) များ ပြုလုပ်နေတယ်လို့လည်း ဆူဘမ်းမှ သတင်းပေးပို့လာပါတယ်။ ယနေ့မနက်က မြန်မာ လူမျိုး အသတ်ခံလိုက်ရတာကိုလည်း မလေးရှားနိုင်ငံ ရုပ်သံသတင်းဖြစ်တဲ့ TV7, TV1 တွေက ထုတ်လွှင့်ပြသသွားခဲ့သလို တခြား တီဗီလိုင်းတွေကလည်း ထုတ်လွှင့် ခဲ့တယ်လို့ သိရှိရပါတယ်။ လက်ရှိအခြေအနေ အချိန်အခါထိတော့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးသလို ကပုန်းဘုန်းတော်ကြီး ကျောင်းထိုင်ဆရာတော်ကို မေးမြန်းလျှောက်ထားမှုများမှာလည်း ကပုန်းဘုန်းကြီးကျောင်းသို့ မြန်မာသံရုံးမှ ဒုက္ခသည်များအား လာရောက် ကြည့်ရှုအားပေးမှုမျိုး မရှိသေးသလို ဖုန်းဖြင့်သာ ဆက်သွယ်မေးမြန်းမှုမျိုးရှိတယ်လို့လည်း Myanmar Daily News ကို ပြောပါတယ်။ တစ်ချို့ အခုတ်ခံရတဲ့ သူတွေကို ဆေးရုံတွင် ဆေးကုသမှုခံယူနေတယ်လို့လည်း သိရပြီး သတင်းဓာတ်ပုံရရှိရေးကိုလည်း ကျနော်တို့ မြန်မာနေ့စဉ်သတင်းမှ ကြိုးစားနေပါတယ်။

မလေးရှားနိုင်ငံ ရုပ်သံလိုင်း တစ်ခုဖြစ်တဲ့ TV7 မှ ထုတ်လွှင့်ပြသမှု သတင်း

မစ္စမက်ဒလင်းအောလ်ဘရိုက် အားဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

Sun Ny
Daw Aung San Suu Kyi met with Ms.Madeleine Albright; NDI President at Hotel


အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စမက်ဒလင်းအောလ်ဘရိုက် ဇွန်လ( ၄ )ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်း ပြောကြားမည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်နှင့် ဗြိတိနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards တို့ တွေ့ဆုံ


Ye Htut

နာမည်ကြီးနေတဲ့(Arm Twist) မေးခွန်းနဲ့(Off the Record)အဖြေ



အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

ဆယ်ခါလောက် နားထောင်ကြည့်ပါ ။
မေးတဲ့ သတင်းထောက်ဆရာမကြီးက အသေအလဲ လိုက်မေးတာ မဟုတ်ဘူးလား ။ အဲသည် အချိန်မှာ ဒေါ်စုဟာ ညနေ ၃ နာရီ နေပြည်တော် ပြန်ရန် ပြေးထွက်မတတ် အလောကြီးနေတဲ့ အချိန်ပါ ။ အတင်း  မေးနေတဲ့ မေးခွန်းကို အလောတကြီး (Off the Record) ဖြေလိုက်တဲ့ သဘောမျိုးပါပဲ ။

ဘေးနဘီမှာ ရှိတဲ့ ပြည်တွင်း သတင်းထောက်အများစုက မကြားလိုက်သလို သတင်းအဖြစ် လည်း အလောသကော မတင်ကြပါဘူး ။ ဒေါ်စု ထိုင်ခုံပေါ်မှာ ထိုင်ပြီး ပြောသွားတာတွေ ကိုပဲ ရေးကြ ပါတယ် ။

သို့သော်ငှား ဒေါ်စုက သူ့ရဲ့ အမြင်ကို အရှိအရှိ အတိုင်း ဖြေသွားတာပါ ။ သူ မသိကြောင်း လည်း ၂ ပြန် ထပ်ပြီး ပြောပြသွားပါတယ် ။ အမှန်ကတော့ ဒေါ်စု မသိသေးတဲ့ မလေ့လာ ရသေးတဲ့ အခြေအနေကို ပုံကြီးချဲ့ပြီး ရေးသားသွားတာပါ ။

"မူးယစ်ရမ်းကားတဲ့ ပြည်ထောင်စုဝန်ကြီးသား ၀န်ချတောင်းပန်လိုက်ပြီ"


ThanLarWaddy Times

=======================================
(1-6-2013)ညပိုင်းက ကျူးလွန်ခဲ့မိသော ရမ်းကားမှုတစ်ရပ်အား စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး(ပြည်ထောင်စု)၀န်ကြီး၏သား၊ စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင်ဇေယျာရွှေမြေဘောလုံးကလပ်အသင်း ဥက္က-သူရိန် ဆိုသူက ယနေ့(3-6-2013)နေ့ညနေ(၅)နာရီခန့်က ဦးတင်အေး နှင့် သားဖြစ်သူ မောင်လိမ္မာဖြိုး တို့၏နေအိမ်သို့ လာရောက်ကာ မိမိမှားပါကြောင်း အမှုမဖွင့်ဘဲကျေအေးပေးနိုင်ပါရန် ၀န်ချတောင်းပန်ခြင်း များ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။
"ညနေ(၅)နာရီလောက်မှာပါ ဦးတင်အေး ရဲ့ အိမ်ကို ကားနဲ့လာပြီးတောင်း ပန်တယ်။သူမှားသွားတယ်ဆိုတဲ့အကြောင်း နောက်နောင်ဒါမျိုးမဖြစ်စေရပါ ဘူး အမှုဖွင့်တိုင်ကြားတာတွေလည်း မလုပ်ဖို့ ပြောဆိုပြီး တောင်းပန်သွားပါ တယ်။ သူငေါက်လွတ် ဆဲလွတ်တဲ့ ရဲအရာရှိကိုတော့ ကိုယ်တိုင်ကိုယ်ကျ သွားပြီးမတောင်းပန်ဘဲ ဖုန်းဆက်ပြီးတော့ တောင်းပန်ခဲ့တယ်လို့ သိရပါတယ်" လို့ ဦးတင်အေး မိသားစုနှင့် နီစပ်သူတစ်ဦးကဆိုပါတယ်။

ထိုင်း ကမ္ဘောဒီးယား နယ်စပ် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ

r

By Yamoun Nar

ထိုင်း ကမ္ဘောဒီးယား နယ်စပ်တွင် ၁. ၆. ၂၀၁၃ နေ့က ဂျပန် - ထိုင်း - မြန်မာအပါအ၀င် ၉ နိုင်ငံဘုန်းတော်ကြီးများ ငြိမ်းချမ်းရေးလမ်းလျှောက်ခဲ့ကြရာ ရွှေတွံတေးဆရာတော်နှင့် မဟာချိုင်မိသားစုတို့ ပါဝင်ခဲ့ကြသည်။ ရွှေတွံတေးဆရာတော်က တကမ္ဘာလုံး ငြိမ်းချမ်းရေးအတွက်ကိုယ်နိုင်ငံငြိမ်းချမ်းရေးအတွက် ကိုယ့်နိုင်ငံသား ငြိမ်းချမ်းရေးအတွက် အခုလိုနိုင်ငံတာကာဘုန်းကြီးတွေနဲ့ ပူးပေါင်းပြီး လမ်းလျှောက်ကြတာပါ မေတ္တာပို့တယ် ဆုတောင်းပေးတယ် ဘာသာစုံလူမျိုးစုံဆိုတော့ ပိုအားကောင်းတာပေါ့ အခုဆိုရင် ၆ နှစ်မြောက် ပါပြီ။

သာသနာရေးအကြံပေး ဦးအံမောင်၏ နောက်ကနေ သွေးထိုး လှုံဆော်မှု



By  မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ

စာရေးသူ မဟာသန္တိသုခကျာင်းတော်ကြီးက ခွဲခွါခဲ့တာ ၁၀-နှစ်တာ ကြာပြီမို့ ပြီးခဲ့တဲ့နှစ် ဆောင်းရာသီက ကျောင်းတော်ကြီးဆီ အလည်တစ်ခေါက်ပြန်ရောက်ခဲ့ပါတယ်။

ဝတ္ထုစာအုပ်တွေထဲတွင် ဖတ်ဖူးသော ရန်ကုန်တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်၊ သစ်ပုတ်ပင်ကြီး၊ ကန်းတော်ကြီးစတဲ့ တက္ကသိုလ်ရဲ့ အမှတ်တရနေရာ ကလေးတွေဟာ အရွယ်ငယ်ငယ်ကြီးကြီး ဘယ်ကျောင်းသူ /သားမဆို ဆွဲဆောင်အားရှိတယ်။ တက္ကသိုလ်ကျောင်းသားတွေကိုပြန်လည် နုပျိုလန်းဆန်းစေတယ်။ စိတ်ခွန်အားတွေ ဖြစ်စေတယ်လို့ ကြားဖူး ဖတ်ဖူးပါတယ်။ သို့သော်လည်း စာရေးသူတို့ ပညာသင်ကြားခဲ့သော မဟာသန္တိသုခ ကျောင်းတော်ကြီးကား စာရေးသူအား စိမ်းစိမ်းကားကား ကြိုဆိုလိုက်ပါတယ်။

စာရေးသူတို့ ရှိစဉ်က ကျောင်းတော်ကြီးမှာ ရဟန်းသံဃာ၊ သီလရှင်များနှင့် သာသနာရောင် လွှမ်းနေသလို့ ၊ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း တက်ရောက်ရန် လာရောက်ကြသော ကျောင်းသားကလေးငယ်ပေါင်း ထောင်ချီ၍ မျိုးဆက်သစ်သာသာနာအတွက် သက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။

ခုတစ်ခေါက် ကျောင်းတော်ကြီး ပြန်အရောက်မှာတော့ ဖြူ၊နီ၊ဝါ ကာလာစုံ မင်္ဂလာမောင်မယ်များနဲ့ ဟိုတယ်ကြီးများ ပမာ မောင်နှင့်မယ် မင်္ဂလာအခမ်းအနားများ၊ အရွယ်မျိုးစုံ ကျား/မ များနှင့် ကျောင်းတော်ကြီးမှာ ကိလေသာရောင် ဖုံးလွမ်းထားသလိုပါပဲ။

ကျောင်းတော်ကြီးရောက်တော့ တောင်ကြည့်မြောက်ကြည့် ကိုယ့်သိမည်သူများ ရှိမလားလို့ ငေးမော့ကာကြည့်လိုက်တော့
ကျောင်းတော်ကြီးရဲ့ရှေ့ ဧည့်ကြိုဌာန မှာ လှလှပပ ကလေးမ သုံးယောက်က "ဘယ်သွားမှာလဲ"ဆိုတဲ့ မေးခွန်းကို စာရေးသူအား စတင်အကြိုဆို ခံလိုက်ရပါတယ်။

စာရေးသူလည်း မျက်နှာငယ်လေးနဲ့ “ ဘုန်းဘုန်းတို့ ကိုးထပ်ကဘုရားကို ဖူးချင်းလို့ “ ဟုပြောတော့မှ ဝင်ခွင့်ပြုလိုက်ပါတယ်။ ဓာတ်လှေကားတစ်ဘက်က ပျက်နေလို့ တစ်ဘက်ကိုပဲစောင့်ပြီး အသုံးပြုကာ ကိုးထပ်က ဘုရားခန်းကို ရောက်သွားခဲ့ပါတယ်။

ကိုးထပ်မှာစံမြန်းနေသော ပွင့်တော်မူပြီးသော ဂေါတမ၊ ကဿပ၊ ကကုသန်၊ ကောဏဂုံ ဘုရားလေးဆူတို့လည်း၊ဆွမ်းကပ်မည့်သူမရှိ၊
ပန်းကပ်မည့်သူမရှိ၊ ရေးချမ်းကမ်မည့်သူမရှိခြောက်ခြောက်ကပ်ကပ် မျက်နှာညိုငယ်စွာနဲ့ပဲ စဲမြန်းနေပါတယ်။

စားရေးသူလည်း စိတ်ထဲမှ ဒီတစ်ခေါက်တော့ တပည့်တော် အရှင်ဘုရားတို့အား လပ်အုပ်ချီကာ ကန်တော့ခြင်းမှတစ်ပါး တခြားမတတ်နိုင်ပါဟု သာလျှောက်ထားခဲ့ရပါတယ်။

ကျောင်းတော်ကြီးမှာ မင်္ဂလာခန်းမအတွက်၊ ဧည်ခံ ခန်းမအတွက်အသုံးပြုပြီး သန့်ရှင်းရေးလုပ်မည့်သူမရှိလို့ ညစ်ပတ်နေပါတယ်။ ၉-ထပ်မှ ရေသန့်အိမ်သာကို အသုံးပြုဖို့ ဝင်ကြည့်သောအခါ ပျက်စီးယိုယွင်းနေပြီး သုံးမဖြစ်လို့ အောင့်အီးကာ ပြန်ဆင်းခဲ့ရပါတယ်။

တစ်နေ့က ဒီဗွီဘီသတင်းကို နားထောင်တော့ မဟာသန္တိသုခကျောင်းတော်ကြီးကို ဦးစီးတည်ထောင်တဲ့ ပီနန်ဆရာတော်ကြီးမှ ကျောင်းတော်ကြီးပျက်စီး ယိုယွင်းနေတာကို
ပြန်လည်ပြုပြင်လိုကြောင်းနှင့် မူလရည်ရွယ်ချက်အတိုင်းပြည်ပသာသနာပြုလုပ်ငန်း များကို ပြန်လည်အကောင်အထည်ရန် ဆန္ဒရှိကြောင်း ကြားသိရတော့ စာရေးသူ အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်ရပါတယ်။

သတင်းအရ ဤကျောင်းတော်ကြီးကို သာသနာရေးဦးစီဌာနနှင့်နိုင်ငံတော်သံဃနာယက ဆရာတော် များမှ သိမ်းပိုက်ထားကြောင်းသိရပါတယ်။

“သမင်မွေးရင်းကျားစားရင်းဆိုသလို” သာသနာရေးဌာနနှင့်နိုင်ငံတော်သံဃနာယက ဆရာတော်များ ဦးစီးဆောင်ရွက်သောကျောင်းတော်တော်များများမှာ နှစ်တွေကြာသော်လည်း ဘာမှ ထူးထူးခြားခြား တိုးတက်မှုဖြစ်မလာတာကို တွေ့ရပါတယ်။

စားရေးသူတို့ ပထမပတ် ၁၉၉၉- ၂၀၀၂ နှစ်ကာ သင်တန်းသားများမှာ ပြည်ပနိုင်ငံတော်တော် များများမှာ သာသနာပြုလို့နေပါပြီ။ စာရေးသူတို့နောက် မွေးထုတ်ပေးသော မဟာသန္တိသုခစသင်းတန်းသားများ ဘယ်ဆီဘယ်ဝယ်ရောက်ကုန်းမှန်းမသိပါ။

လက်ရှိမဟာသန္တိသုခကျောင်းတော်ကြီး ဦးဆောင်၍ မင်္ဂလာဧည်ခံပွဲ ခြိမ်းခြိမ့်သဲ နေ့ကောည ပါ ကျင်းပကာ ဝင်ငွေရှာနေတဲ့ကျောင်းတော်ကြီး အကျိုးဆောင်များက ကျောင်းတော်ကြီးမှာ
ကြွေးများဝိုင်းနေ၍ သာသနာရေးဦးစီဌာနနှင့်နိုင်ငံတော် သံဃနာယကကို ထိုးအပ်းလိုက်ရကြောင်း ၊ အကယ်၍ ကြွေများကို ဆရာတော်ကြီးမှ ပေးဆပ်နိုင်လျှင် ကျောင်းတော်ကြီးကို ဆရာတော်ကြီးဆန္ဒအတိုင်း ပြန်လှူဒါန်းမည်ဖြစ်ကြောင်းလည် ကြားရသေးပါတယ်။

ကြံကြံဖန်ဖန်ဗျာ မကြားစဖူးကြားရသေးတယ်။မြန်မာနိုင်ငံဘုန်းတော်ကြီးကျောင်းမှာ ကြွေးတင်ရတယ်လို့၊
မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း ကြွေးတွေဝိုင်းနေတယ်ဆိုတာ မဟာသန္တိသုခ တစ်ကျောင်းပဲ ရှိမယ်ထယ်ပါတယ်။ ကျန်တဲ့ပုဂ္ဂလိကျောင်းတွေမှာဆို တစ်နှစ်နဲ့တစ်နှစ် တိုးတတ်လာတာကိုပဲတွေ့ရပါတယ်။ စားရေးသူရဲ့ မိတ်ဆွေ မန္တလေးက ဓမ္မဓရကျောင်းဆိုရင် သုံးနှစ် အတွင်း ကျောင်းဆောင်ပေါင်း ၃၅-ဆောင်တည်ဆောက်ပြီးသည်ဟုဆိုပါတယ်။ ကျောင်းအသုံးအဆောင်များကလည်း ပြည့်ပြည့်စုံစုံပါပဲ။

အမှန်တကယ်ကြွေးရှိတယ်ဆိုရင်တောင် ကျောင်းတော်ကြီး စတင်ဖွင့်လှစ်တာ ၁၂-နှစ်တောင်ရှိပြီးပဲ၊ မှန်မှန်ကန်ကန် သာသနာပြုလုပ်ငန်း ၊ သာသနာအကျိုးကို
မျှော်ကိုးလုပ်မယ်ဆိုရင် မြန်မာပြည်က ဒကာတွေ လက်မနှေးပါဘူး လှူဒါန်းလို့ ကြွေးကျေလောက်ပါပြီဗျာ။

စာရေးသူ စဉ်းစာမိတာကတော့ သွားလေသူ ရာသက်ပန် မဟာသန္တိသုခကျောင်းတကာကြီး ၊ တမလွန်ဘဝကနေ လာခွင့်ရမယ်ဆိုရင် ခဏလောက် လူပြည်ပြန်လာပြီး သူ့တပည့်တွေကို
“ မောင်းမင်းတို့ သာသနာကို ခုတုံးလုပ်ပြီး မဟုတ်တာမလုပ်နဲ့၊ တစ်ဘဝဆိုတာ ခဏပဲ၊ ခု ငါ့သာကြည့်ပေတော့လို့” တရားလာချပေးစေချင်တယ်ဗျာ။

အင်း… ပြောမယ့်သာ ပြောရတာ သွားလေသူ ရာသက်ပန်းကျောင်းဒကာကြီးလည်း ၊ ရောက်ရာဘုံဘဝမှ ဒုက္ခတွေ ပင်လယ်ဝေနေလို့ “ဒု၊သ၊န၊သော” တို့လို တစ်လုံး တစ်ပါဒလောက်တောင် ပြောခွင့်ရမယ်မထင်ပါဘူး။

သမ္မတ ဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံမှာ Clean Government , Good Government ဆိုကြေညာပြီး တက်လာပါတယ်။ ဒါအပြင် ဌာနတိုင်းမှာလည်း ထင်သာ၊မြင်သာရှိရမယ်ဆိုပါတယ်။

အဘယ်ကြောင့် သာသနာရေးဦးစီးဌာနနှင့်နိုင်ငံတော်သံဃနာယကတို့မှာ ထင်သာမြင်သာမရှိသေးတာလည်းဆိုတာ စဉ်းစားလို့မရပါဘူး။

အမှန်တယ်ဆို သာသနာရေးဦးစီးဌာနမှာတာဝန်တွေများလှပါတယ်။ ရန်ကုန်၊မန္တလေး သာသနာ့တက္ကသိုလ်ကြီးရယ်၊ မင်းဓမ္မကုန်းက ထေရဝါဒ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ရယ်၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွေရယ်။ အခြား ဘာသာခြားကိစ္စတွေရယ် များပြာလှပါတယ်။ မိမိတို့ဌာနက ထိထိရောက်ရောက် မဆောင်ရွက်နိုဘူးဆိုရင် ထိရောက်စွာ ဦးစီးဦးဆောင်ရွက်နိုင်တဲ့ ဆရာတော်များကို တာဝန် ခွဲဝေပေး သင့်ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကများဆိုလည်း အသက်ကကြီးတာက တကြောင်း၊ ကိစ္စဝိစ္စများတာက တကြောင်းဆိုတာ သာသနာပြုကျောင်းတွေကို လှည့်မကြည့်နိုင်ပါဘူး။

နိုင်ငံခြားတိုင်းပြည်တွေမှာဆို ဌာနတိုင်းကို အစိုးရက မကိုင်တော့ပါဘူး ၊ အချို့ အဆောက်အဦးတွေကိုပုဂ္ဂလိကကုမ္ပဏီများအား ငှားရမ်းထာပြီး ၊ ပညာရေးဆိုင်ရာတက္ကသိုလ်များကိုလည်း ဆိုင်ရာတက္ကသိုလ်အကြီးအကဲများအား လုပ်ပိုင်ခွင့် အပြည့်အဝပေးထားပါတယ်။

တိတိကျကျပြောရရင်…ဒီကျောင်းတော်ကြီးကို နဝတအစိုးရလက်ထက်က ဗိုလ်ချုပ်မှူကြီးသန်းရွှေ ကိုယ်တိုင် ပီနန်ဆရာတော်ကြီးကို ရေစက်ချလှူထားပြီးဖြစ်ပါတယ်။

သတင်းစာအဟောင်းတွေ ပြန်ကြည့်မယ်ဆိုရင် ဓာတ်ပုံနှင့်တကွ တွေ့နိုင်ပါသေးတယ်။ အဲဒီတုန်းးက ဦးသန်းရွှေက ကျောင်းတော်ကြီးကို သဘောကျလို့ တကယ်လို မြေနေရာ ကျဉ်နေဦးမယ်ဆိုရင် ကပ်လျှက်ရှိတဲ့ နတ်ချောင်းကိုပါ ၊ တိုးချဲ့ပေးလှူဖို့ တောင် လျှောက်ထား သွားပါသေတယ်။

ဒီနတ်ချောင်းလေးကလည်း ငွေကြေအကုန်အကျခံကာ ပြုပြင်မယ်ဆိုရင် သာယာလှပတဲ့ စမ်းချောင်းလေးပါပဲ။

စာရေးသူတို့ ၂-နှစ်တာ သင်တန်းကာလ ဘယ်မဟန၊ ဘယ်သာနာရေးကမှ ဝင်မစွက်ပါဘူး။ ဆရာတော်ကြီးရဲ့ ဩဝါဒကိုပဲ ခံယူကာကျောင်းတော်ကြီးလည်ပတ်ခဲ့ပါတယ်။ စာရေးသူတို့ သင်တန်း ၂-နှစ်တာကာလအပြီးမှာတော့ ဘာတွေဖြစ်ကုန်းသလဲ ဆိုတာကတော့ ......။

မဟာသန္တိသုခ ဘယ်လဲ၊ဘာလဲ အပိုင်း- ၃ ၊ကို မတင်ပြခင် ဦးစွာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်းများကို ရိုသေစွာ ခြေတော်ဦးခိုက်ကန်တော့လိုက်ပါတယ်ဘုရား။ ဆရာတော်ကြီးများဟာ စာရေးသူထက် စာပတ်ပေတတ် ၊အကျော်အမော်များဖြစ်သလို၊ အသက်သိက္ခာ ဂုဏ်အားဖြင့်လည်း ကြီးမြင့်သူများလည်းဖြစ်ပါတယ်။

စာရေးသူဟာ ငယ်ငယ်ကတည်းက ၊ မိဘ၊ဆရာသမားများ သွန်သင်ဆုံးမထားလို့ ကိုယ့်ထက်အသက်သိက္ခာ ဂုဏ်ဝါကြီးသူများကို မဝေဖန်ရဲပါဘူး၊ ယုတ်စွ သူများတွေ ဝေဖန်တဲ့စာတွေ့ရင်တောင် စိတ်ထဲမှာ မသာမယာဖြစ်မိပါတယ်။

ယခု စာရေးသူ တင်ပြမည့်အကြောင်းအရာများကလည်း ဝေဖန်တာမဟုတ်ပဲ။သား၊သမီးက မိဘကို ၊ တပည့်မှ ၊ဆရာသမားကို ပွင့်ပွင့်လင်းလင်း အမြင်ကို တင်ပြခြင်းဖြစ်ပါတယ်။

အောက်ပါ နိုင်ငံတော်သဃမဟာနာယက ဆရာတော်ကြီးများရဲ့ ဆုံးဖြတ်ချက်ကို ဖတ်ရတော့ စာရေးသူ တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ အမှန်တကယ်ပဲ ၊ မဟနဆရာတော်ကြီးများ မဟာသန္တိသုခအကြောင်းကို ဖြစ်ကြောင်းကုန်စင်ကို အကုန် မသိတာလား၊ သို့မှမဟုတ် ခုနိုင်ငံရေးလောကမှာ ခေတ်စားနေတဲ့ နိုင်ငံရေးရှုပ်ထွေးအောင် ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတဲ့ နောက်က ဆရာတော်များကို သွေးထိုးလှုပ်ဆော်ပေးနေသူများ ရှိနေသလားဆိုတာလည်း သံသယဖြစ်မိပါတယ်။

မြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီ အပြောင်းအလဲကာလမှာ ပြဿနာဖြစ်အောင် နောက်က သွေးထိုး လှုပ်ဆော်ပေးနေသူများကလည်း အများသား။

ဘာသာရေးပဋိပက္ခနေ နိုင်ငံရေးအသွင်ဖန်တီးနေသူများလည်း မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။

နိုင်ငံတော် သံဃမဟာနာယကဆရာတော်များဆုံးဖြတ်ချက်ကို ဖတ်ကြည့်ပါဦး။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သံဃမဟာနာကကအဖွဲ့
မဟာနာယကကျောင်းတော်ကြီး၊ ကမ္ဘာအေးကုန်မြေ၊ ရန်ကုန်မြို့
စာအမှတ် ၀၄၅။ ၄၇-၁၂။၃။ သာ-မ ဟ န
ရက်စွဲ၊ ၁၃၇၅-ခု တန်ခူးလပြည့်ကျော် ၁- ရက်
( ၂၀၁၃-ခုနှစ် ဧပြီလ ၁၆ ရက်)

ဆက်ကပ်ပါရန်
ဥက္ကဋ္ဌဆရာတော် တိုင်းသံဃနာယကအဖွဲ့
ကြားတောရလမ်း၊ ဗဟန်းမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး
အကြောင်းအရာ။ ။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ မဟာသန္တိသုခကျောင်းတော်ကြီးကိစ္စ။

၁။ မဟာသန္တိသုကျောင်းတော်ကြီးအား ပီနန်ဆရာတော်ဦးပညာဝံသမှ ပြန်လည်တောင်းခံလာခြင်းနှင့် စပ်လျဉ်း၍ ( ၁၇-၃-၂၀၁၃) နေ့တွင် ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
( ၄၇) ပါးစုံညီ ဧကူနဝီသတိမအစည်းအဝေးက ဖော်ပြလတ္တံ့အတိုင်း ဆုံးဖြတ်ခဲ့ပါသည်ဘုရား -

ဆုံးဖြတ်ချက်

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်ထားသော တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီးအား ပြန်လည်ထိန်းသိမ်း လွှဲအပ်စောင့်ရှောက်ခွင့်ပြုပါရန် လျှောက်ထားခြင်းကိစ္စ တင်ပြခြင်းနှင့် စပ်လျဉ်၍ နိုင်ငံတော် အကြီးအကဲများက နိုင်ငံတော်သံဃနာယကအဖွဲ့ကြီးအား ရေစက်ချလှူဒါန်းပြီးဖြစ် ၍ ပေးခွင့်မရှိကြောင်း ဆုံးဖြတ်ရန်။

၂။ သို့ဖြစ်၍ အထက်အပိုဒ် (၁)ပါဆုံးဖြတ်ချက်ကို သိရှိနားလည်ပါရန်နှင့် လိုအပ်သလို ဆက်လက် ညွှန်ကြားဆောင်ရွက်သွားပါရန်အကြောင်းကြား လျှောက်ထားအပ်ပါသည်ဘုရား။

ဘဒ္ဒန္တဂုဏိကာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင်ဆရာတော်

မိတ္တူကို ….

နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်သံဃမဟာနာကအား ရေစက်ချလှူဒါန်းပြီးဖြစ်လို့ ပီနန်းဆရာတော်အား ပြန်လည်လွှဲအပ် မပေးနိုင်ကြောင်းဆုံးဖြတ်လိုက်ပါတယ်။

လှူဒါန်းသူ နိုင်ငံတော်အကြီးအကဲများလည်းသက်တော်ထင်ရှားရှိပါသေးတယ်ဗျာ။ သူတို့ကိုတောင် သက်သေထူပြီး ပြန်တောင်းရမလိုဖြစ်နေတယ်။

ကျောင်းတော်ကြီး ပေါ်ပေါက်လာပုံ အကျဉ်းပြောရရင် .. ပီနန်ဆရာတော်ကြီး ပြည်ပသာနာပြု နှစ်ပေါင်းလေးဆယ်ကျော်ကြာမှာ နိုင်ငံတော်အစိုးရမှ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် လှူဒါန်းလို့ မြန်မာပြည် ပြန်လာခိုက် နိုင်ငံတော်အကြိးအကဲများမှ ဆရာတော် သီတင်းသုံးဖို့ ကျောင်းဆောက်လှူ လိုကြောင်းလျှောက်ထားလာပါတယ်။ ထိုအခါ ဆရာတော်ကြီးမှ ငါ့အတွက်ထက် သာသနာအတွက် အကျိုးရှိမယ့် ပြည်ပသာသနာပြုသင်တန်းကျောင်းဆောက်လှူရင်ကောင်းမယ်လို့ အမိန့်ရှိတာကြောင့် ဆရာတော်ဆန္ဒအရ ဒီကျောင်းတော်ကြီးဖြစ်လာတာပါ။

နောက်ပိုင်းမှာ ဘယ်လို နိုင်ငံတော်သံဃနာယကဆရာတော်များအား ရေစက်ချလှူဒါန်းသလဲဆိုတာ မပြောတတ်တော့ပါဘူး။ နိုင်ငံတော်သံဃနာယကဆရာတော်များ
မှာလည်း သူတို့ စိတ်တိုင်းကျ ဆုံးဖြတ်ပိုင်ခွင့်မရှိပဲ ရေများရေနိုင် မီးများမီးနိုင်ဆိုသလို့ ၊ နောက်ကဖိအားပေးမှုတွေနဲ့ ဆုံးဖြတ်ရတယ်ထင်ပါတယ်။

မြန်မာနိုင်ငံကြီးပြောင်းလဲပြီး ဥပဒေစိုးမိုးပြီဆိုပေမယ့် မျက်နှာကြည့်ဆုံးဖြတ်ရတဲ့ အမှုကိစ္စတွေ ကလည်းတော်တော်များသား။

စာရေးသူဟာ ဝိနည်းဓိုရ်ဆရာတော်မဟုတ်လို၊ ၊ နိုင်ငံတော်သံဃနာယက လုပ်ထုံးလုပ်နည်းများကောင်းကောင်း နားမလည်းပါဘူး။ သို့သော်လည်း ဒီနေရာမှာ ငါသာ မဟန ဆရာတော်ဆိုရင်ဆိုတဲ့ အတွေးလေးဝင်လာပါတယ်။

စာရေးသူတို့ ဗုဒ္ဓဟာ နုစဉ်ဘဝကတည်းက ဒါနပါရမီကို အဓိကထားဖြည့်ခဲ့ပါတယ်။ မျက်လုံးတွေ ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊အသွေးတွေ၊အသားတွေလည်း ဘဝပေါင်းများစွာလှူးဒါန်းခဲ့ပါတယ်။ သား၊သမီး၊ဇနီးမယာတွေးလည်း ဘဝများစွာ စွန့်လှူခဲ့ဖူးပါတယ်။ မဟနဆရာတော်များနှင့် စာရေးသူတို့ဟာ ဘုရားသားတော်တွေပါ။ ဘုရားလောင်းစိတ်ဓာတ် ၊ဘုရားစိတ်ဓာတ်ကို မွေးမြူရပါမယ်။ ဗုဒ္ဓဟာ တောင်းလာသူရှိရင် ဘယ်တော့မှ လက်တွန့်လေ့မရှိပါဘူး၊ ပေးကမ်း စွန့်ကြဲလေ့ရှိပါတယ်။

ဒါကြောင့် ငါသာ မဟနဆရာတော်ဆိုရင် မဟာသန္တိသုခကျောင်းတော်ကြီးကို ပြန်တောင်းလာသူ ပီနန်ဆရာတော်ကို ဗုဒ္ဓရဲ့ ဒါနဥပဒေသနဲ့အညီ ကြည်ကြည်ဖြူဖြူ ပေးလှူလိုက်မှာပဲ။ ပီနန်းဆရာတော်ကြီးလည်း ဒီကျောင်းကို ရောင်းစားဖို့ ပြန်တောင်းတာမှမဟုတ်ပဲ၊ သူတတ်စွမ်းသမျှ သာသနာပြုဖို့ ၊ပြန်တောင်းတာပဲလို့ပဲယုံကြည်တယ်လေ။

မဟန ဆရာတော်ကြီးများ ဒီလိုသာဆုံးဖြတ်ခဲ့ရင် မြန်မာနိုင်ငံ သံဃာလောကမှာ သိက္ခာကျနေတဲ့ မဟနအဖွဲ့အစည်းဟာ ၊ သံဃာတော်များရဲ့ အားကိုးရာ၊အားထားရာဖြစ်လာမှာပါ။

ဒီနေရာမှာ တရားရေးရာ သဘေားထားချင်းတူညီလို့ စာရေးသူနေတဲ့ ကနေဒါနိုင်ငံ တရားသူကြီးဆုံးဖြတ်ချက်ကို အကျဉ်းမျှ တင်ပြပါရစေ..။

ကနေဒါကိုရောက်နေတဲ့ မြန်မာမိသားတစ်စုမှ မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့ တူနှစ်ယောက်ကို မွေးစားပြီး ကနေဒါကိုခေါ်ဖို့ ကြိုးစာနေပါတယ်။ ရှေးနေများနဲ့လုပ်တာဆိုတာ့ တော်တော်လည်း ခရီးပေါက်နေပါပြီ။

သို့သော်လည်း မွေးစားပုံစည်းကမ်းဥပဒေဟာ အနောက်နိုင်ငံတွေမှာ တော်တော် တင်းကြပ်ပါတယ်။ မြန်မာနိုင်ငံလို့ ပါစပ်နှင့်ပြောကာ မွေးစားလို့မရပါဘူး။ ဒါကြောင့်တရားသူကြီးက ပထမတကြိမ်သူရဲ့ တူနှစ်ယောက် မွေးစားစမွန်စာကို ပယ်ချလိုက်ပါတယ်။

ထို့နောက် အယူခံဝင်ဖို့ နောက်တစ်ပတ်ရုံးချိန်မှာ သင်မွေးစားပါတယ်ဆိုတာကို သက်သေခိုင်မာစေဖို့ ၊ မြန်မာကွန်မြုနတီမှ ယုံကြည်လေးစားလောက်တဲ့ သူတစ်ယောက်ကို ခေါ်ခဲ့ပါဆိုလို့ စာရေးသူ တရားသူကြီးရုံးကို လိုက်သွားရပါတယ်။

တရားသူကြီးက တရားခံ၊သက်သေများရဲ့ ထွက်ဆိုချက်အားလုံးကိုနားထောင်ပြီး

“ ဆင်းရဲတဲ့ မြန်မာနိုင်ငံက ကလေးနှစ်ယောက် အဘယ်ကြောင့် ကနေဒါနိုင်ငံ လာခွင့်မရှိရမှာလဲ” လို့ လူသားချင်း စာနာခြင်းဆိုရာ ဥပဒေဖြင့် ကလေးနှစ်ယောက် ကနေဒါလာခွင့်ကို ဆုံးဖြတ်လိုက်ပါတယ်။

အမှန်တကယ် ဒီကလေးနှစ်ယောက်ဟာ ကနေဒါဆိုင်ရာ မွေးစားသာ ဥပဒေနဲ့ဆို ဘယ်လိုနည်းနဲ့မှ ကနေဒါကိုလာလို့ မရပါဘူး၊ ဥပဒေနဲ့ မကိုက်ညီဘူးပေါ့။ သို့သော်လည်း တရားသူကြီးက ပညာသားပါပါ ဥပဒေကင်းလွှတ်အောင် ၊ အဘယ်ကြောင့် ဆင်းရဲ့တဲ့နိုင်ငံက ကလေးနှစ်ယောက် ကနေဒါကို လာခွင့်မရှိရမှာလဲလို့ ဆုံးဖြတ်လိုက်ပါတယ်။

စာရေးသူဟာ တရားသူးကြီးရဲ့ ဆုံးဖြတ်ချက် သဘောကျလွန်းလို့ သာဓုခေါ်မိပါတယ်။ တူနှစ်ယောက်ကို စပွန်ဆာလုပ်တဲ့ မိသားစုတော့ ဘယ်လောက်ဝမ်းသာမလဲဆိုတာ တွေးတာကြည့်ပါတော့။

ခုလည်း ပီနန်ဆရာတ်ာကြီး မဟာသန္တိသုခကျောင်းတော်ကြီးပြန်တောင်း ဆိုးတဲ့ကိစ္စမှာလည်း နိုင်ငံတော်အကြီး အကဲများမှနိုင်ငံတော်သံဃနာယကဆရာတော်များအား ရေစက်ချလှူဒါန်းသည်ထားဦးတော့ ၊ အဘယ်ကြောင့်သာလျှင် ဗုဒ္ဓ၏ ဒါနဥပဒေသဖြင့် ပီနန်ဆရာတော် ဦးပညာဝံသအား ပြန်လှူဒါန်းခွင့်မရှိသလဲ၊

ပြန်လည်လှူဒါန်းလိုက်မယ်ဆိုရင် လူသာဓုခေါ် ၊နတ်သာဓုခေါ်မှာ အမှန်ပါပဲ။ ထို့ထက် ပိုပြီး ဝမ်းသာသွားမှာက သက်တော်ရှစ်ဆယ်ကျော်သက်တော်ရှည် ကမ္ဘာသာသနာပြု စင်္ကာပူ၊ပီနန်ဆရာတော်ဘုရားကြီးပင်မဟုတ်ပါလားဘုရား။

ပီနန်ဆရာတော်ကြီးနှင့်မဟနဆရာတော်ကြီးများ ကျန်းမာချမ်းသာပါစေ..
ခြေတော်ဦးခိုက် ကန်တော့လိုက်ပါတယ်ဘုရား။


နိုင်ငံတော်သမ္မတကြီးဟာ ဘယ်နိုင်ငံရောက်ရောက် မြန်မာမိသားစုများနှင့်
တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ ပြည်ပရောက်
မြန်မားများလည်း ပါဝင်ဖို့ဖိတ်ခေါ် နေချိန်မှာ

သာသနာရေးဦးစီးဌာနနှင့်နိုင်ငံတော်သံဃမဟာနာယက
ဆရာတော်များက မြန်မာနိုင်ငံကြီး ခေတ်မီပြောင်းလဲခြင်းနှင့်အတူ လိုက်ပါသွားရမည့် သာသနာရေးကိစ္စများကို ကမ္ဘာသာသနာပြု ပီနန်ဆရာတော်ကြီးနှင့် အဘယ်ကြောင့် လက်မတွဲချင်ရတာလဲ??
။။။။။။။။။။။။။။။။။။။။။။။
မဟာသန္တိသုခ ဘယ်လဲ ဘာလဲ ? အပိုင်း- ၄ မှာ နိုင်ငံတော်သံဃနယကဆရာတော်များရဲ့ ဆုံးဖြတ်ချက်ကို နှစ်ဖက်မြင်သုံးသပ်တင်ပြချင်ပါတယ်။

ဒီဆုံးဖြတ်ချက်ကိုလည်း မကျေနပ်လို့ ပီနန်ဆရာတော်ကြီးနှင့်တပည့်သံဃာ၊ဒကာ၊ဒကာမများလည်း
နိုင်ငံတော်သံဃနာယကထံ အယူခံဝင်မယ်လို့လည်း ဆိုပါတယ်။

“နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်သံဃမဟာနာကအား
ရေစက်ချလှူဒါန်းပြီးဖြစ်လို၊( မှတ်ချက်.. ဤလှူဒါန်းမှုသည် ကာယကံရှင် ပီနန်ဆရာတ်ာဘုရားကြီး၏ ဆန္ဒမပါပဲ လှူဒါန်းခြင်ဖြစ် ခေတ်စကားနှင့် ပြောရလျှင်
ကျောင်းအကျိုးတော်ဆောင်များ ဆရာတ်ာကြီး တဖက်လှည့် သာသနာရေးမှ ညွှန်ကြားရေးမှုးဟောင်း၊ သာသနာရေး အကြံးပေး ဦးအံ့မောင်းနှင့် ပေါင်း၍ ဂွင်ရိုက်လိုက်ခြင်းဖြစ်)

ပီနန်ဆရာတော်အား ပြန်လည်လွှဲအပ် မပေးနိုင်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်”

ဒီဆုံးဖြတ်ချက်ကို ပီနန်ဆရာတော်ကြီးဘက်က ခံစားကြည်မယ်ဆိုရင်.. မဟနဆရာတော်တွေ မတရားဘူး၊ အာဏာကို အလွှဲသုံးစားလုပ်တယ်။ သံဃာမျက်နှာမကြည့်၊ ဘုန်းကြီးချင်းမျက်နှာမှ မထောက်ထား အထက်ကညွှန်ကြားနေတဲ့ လူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်နေရတယ်။

ဘယ်မှာလဲ နိုင်ငံတော် သမ္မတကြီးပြောတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ၊ မောင်ပိုင်တွေ၊ ဦးပိုင်းတွေ စိုမိုးနေတုန်းပဲမဟုတ်လား၊ မောင်ပိုင်၊ဦးပိုင်အဖွဲ့က လယ်၊ယာ၊မြေ၊တော၊တောင်ကိုတောင် သိမ်းပိုက်တာ အားမရလို့ ၊ဘုန်းကြီးကျောင်းကိုတောင်သံဃမဟာနာကနဲ့ပေါင်းပြီး သိမ်းပိုက်ပြန်တယ်။ ဘယ်မှာလည်း သာသနာရေးမှာ ထင်းသာမြင်သာရှိတယ်ဆိုလိုလို့ စောကတက်မှာ အမှန်ပါပဲ။

သံဃနာကကဖက်ကလည်း ပြောမှာပေါ့ ဟော ! ကြည့်ပါဆရာတော် ။ အရှင်ဘုရားကျောင်းအမှုဆောင်တွေက အရှင်ဘုရား ပြည်ပရောက်နေတုန်း ၂၀၀၂ နှစ်က နိုင်ငံတော်သံဃနာယကကို လှူထားပြီးပြီပဲ၊ ဒီကျောင်းဟာ သံဃနယဆရာတော်များသာပိုင်တယ်
ပြန်မပေးနိုင်ဘူး၊ တကယ်လို့ တပည့်တော်တို့က အရှင်ဘုရားကို ပြန်ပေးချင်ဦးတော့ ၊ ပြန်ပေးမယ်လို့ ဆုံးဖြတ်လိုက်ရင်တပည့်တော်တို့ စားအိုးကွဲသွားမှာပေါ့။ တပည်တော် ရထားတဲ့ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုတဲ့ရထူးလေးကို မစွန့်လွှတ် ချင်းဘူး။ အရှင်ဘုရားလည်းသိသားပဲ၊ အထက်ရောက်တဲ့သူ
အောက်မဆင်းချင်တော့ဘူးဆိုတာ စသည်ဖြင့် ဆိုင်ဆိုင်ရာ အကြောင်းပြကြမှာပေါ့။

ဒီနေရာမှာ နှစ်ဖက်စလုံး ဘယ်သူကိုမှ လိုသည်၊ပိုသည်၊ လို့မဆုံးဖြတ်လိုပါဘူး၊ နေရာတိုင်းမှာ ကွဲပြားခြားနားမှုတွေကတော့ ရှိနေမှာပေါ့။ ဒီလို အမြင်မတူ တမူကွဲပြားမှုတွေနဲ့ ပတ်သတ်လာလျှင် သမ္မတကြီး ဦးသိန်းစိန် တက်လာတော့  သူပြောလေ့ရှိတဲ့ စကားတခွန်းကို ပြန်ပြောင်းသတိရမိတယ်။

“ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ အမြင်မတူတာတွေ သဘောထားကွဲလွဲတာတွေ ဘေးဖယ်ထား” တူညီတဲ့အချက်ကစပြီး နိုင်ငံတော်ကြီး တိုးတက်အောင် လက်တွဲလုပ်ကြရအောင်လို့ ပြောဖူးတယ်။

ဒီစကားဟာ .. မြတ်စွာဘုရား အမြဲပြောလေ့ရှိတဲ့ "သမဂ္ဂါနံ တပေါ သုခေါ"- အချင်းချင်း ညီညွတ်အောင်နေကြဆိုတဲ့ စကားနဲ့ သဘောထား ကိုက်ညီပါနေပါတယ်။

အမုန်း အာဃာတကြီးမားစွားနဲ့ ထောင်ချ၊ သေကြောင်းကြံ၊ အမျိုမျိုးပြစ်ဒဏ်ပေးပြီး ပြဒါးတစ်လမ်း၊ သံတလမ်း လျှောက်ခဲ့ကြတဲ့ နိုင်ငံတော်သမ္မကြီးဦးသိန်စိန်နဲ့
အမျိုးသာ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဒေါ်အောင်းဆန်းစုကြည်တို့အောင် အမြင်မတူတာတွေ ဘေးဖယ်ထားပြီး နိုင်ငံတော် အကျိုးအတွက်
နှစ်ဦးသား လက်တွဲဆောင်ရွက်နေကြသေးတာ ..၊အဘယ်ကြောင့်သာလျှင် မြတ်စွာဘုရားသားတော်များဖြစ်ကြတဲ့နိုင်ငံတော်သံမဟာနာကနှင့်သက်တော်ရှည်ပီနန်ဆရာတော် ဘုရားကြီးတို့ သာသနာတွက် လက်တွဲမဆောင်ရွက်နိုင်စရာ အကြောင်းရှိပါမလဲ။

၈၈-ခေါင်းဆောင်များဖြစ်ကြတဲ့ နှစ်ပေါင်းများစွာ ထောင်နန်းစံပြီး အာဏာရှင်ကို တိုက်ပွဲဝင်ခဲ့ကြတဲ့ ကိုမင်းကိုနိုင်၊ကိုကိုကြီးတို့နဲ့ သမ္မရုံးဝန်းကြီး ဦးအောင်မင်းတို့ လက်တွဲကာနိုင်ငံတော် ပွင့်လင်းမြင်သာဆိုတဲ့ ဒီမိုကရေစီခေတ် ရေးစီးကြောင်းတဲမှာ မျှောပါသွားနေကြသေးတာ။

အဘယ်ကြောင့် နိုင်ငံတော်သံဃမဟာနာကဆရာတော်ကြီးများက ပွင့်လင်းမြင်သာသော ဗုဒ္ဓအလိုကျ သီတင်းသုံးဖော် သံဃာအချင်းချင်း မညီညွတ်ကြပဲ အာဏာရှင်လက်ထက်ကလို ရှေးရိုးစွဲ စာအုပ်ကြီးအတိုင်းအယူဝါဒကို စွဲကိုင်ကာ အထက်ကညွှန်ကြားသည့်အတိုင်း ဆက်လက် ကျင့်သုံးနေကြတာလဲ။

နှစ်ပေါင်းမြောက်များစွာ မြန်မာ့တပ်မတော်နဲ့ KIO/KIA စသော လက်နက်ကိုင်အဖွဲ့အစည်းများ သဘောထားကွဲလွဲလို့နှစ်ပေါင်းများစွာ အသက်သွေး၊ချွေးတွေပေးဆပ်ပြီး တိုက်ပွဲဝင်လာခဲ့ တာတောင်မှ လူမှုအဖွဲ့အစည်းတွေ ပွင့်လင်းလာတဲ့ခေတ်မှာ မတူတာတွေ ဘေးဖယ်ထားပြီး ၊ လက်နက်နှင့်ငြိမ်းချက်ရေးလဲကြဖို့ လက်မှတ်တွေ ထိုးကာ သမိုင်းမှတ်တိုင် တင်နိုင်ခဲ့ကြသေးတာ

အဘယ်ကြောင့် သူတော်ကောင်းကြီးများဖြစ်ကြတဲ့နိုင်ငံတော်သံဃမဟာနာယက နှင့်ပီနန်းဆရာတော်ဘုရားကြီးတို့တစ်ပါးနှင့်တစ်ပါး မျက်နှာချင်းဆိုင် သာသနာ့ငြိမ်းချမ်းရေးအတွက် လက်မှတ် မထိုးနိုင်းသေတားလဲ စသည်ဖြင့်တွေးတောမိပါတယ်။

ခုဆိုရင် ဆရာတော်ကြီးနဲ့ တပည့်သဃာတော်များဟာ မဟာသန္တိသုခကျောင်းတော်ကြီး ပြန်လည် သတင်းသုံးနေပါပြီ။

ပီနန်ဆရာတော်ဆိုတာ လွန်ခဲ့သော နှစ်ပေါင်း ၅၀-ကျော်ကတည်း အမေရိကန်၊ ကနေဒါ၊ ထိုင်ဝမ်၊ ဩစတေလျ၊၊စက်ာပူ၊ မလေးရှားတို့မှာ မြန်မာဘုန်းတော်ကြီးကျောင်းပေါင် ၂၀-နီးပါကို တည်းထောင် ခဲ့တဲ့ဆရာတော်။ဆရာတော်ရဲ့ တပည့်များဟာလည်းနိုင်ငံတကာမှာ သာသနာပြူနေကြပါပြီ။

သို့အတွင်ကြောင့် မဟနဆရာတော်များ ဘယ်လိုပင် ဆုံးဖြတ်ချ ထားသော်လည်း။ အာဏာရှင် စစ်အစိုးရမဟုတ်တဲ့ ခုအချိန်အခါမှာ သမ္မတကြီးဦးသိန်းစိန်မှ မကြာခဏအမြဲပြောလေ့ရှိတဲ့
ပြည်သူက တင်ထားတဲ့ တာဝန်ရှိသူများ၊ ပြည်သူက တင်မြောက်ထားတဲ့ ပြည့်သူဝန်ထမ်းများ ဘယ်လိုဆက်လက်ဖြေရှင်းမလဲဆိုတာ စာရေးသူနဲ့စာဖတ်ပရိတ်သတ်များစောင့်ကြည့်ရအောင်ပေါ့ဗျာ။

အရင်းအနှီးတွေကို သမဝါယမက ထုတ်ပေးခြင်းအားဖြင့် ဆင်းရဲမွဲတေမှု လျော့ချနိုင်မယ်(သမ္မတဦးသိန်းစိန်)

ဒုတိယဦးပိုင်လေလား.....

DVB TV News
ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် လိုအပ်နေတဲ့ အရင်းအနှီးတွေကို သမဝါယမက ထုတ်ပေးခြင်းအားဖြင့် ဆင်းရဲမွဲတေမှု
 လျော့ချနိုင်မယ်လို့ သမတဦးသိန်းစိန်ကပြောကြားသွားပါတယ်။ ဦးအောင်ကြီး သတင်း ပေးပို့ထားပါတယ်။

အတိတ်မြက်ခင်းစိမ်း ရဲ့ ဈာပန


တန်ဖိုးရှိသောလူသား တစ်ယောက် ဂီတလောက ကထွက်ခွာသွား.....
ကိုကေအေတီ ကောင်းရာသုဂတိလားပါစေ
DVB TV News

Jun 3, 2013 8:49am
နှလုံးရောဂါနဲ့ ကွယ်လွန်သွားတဲ့ တေးရေးဆရာ ကေအေတီရဲ့ ရုပ်အလောင်းကို ဇွန်လ ၃ ရက်နေ့က ရေဝေးသုသာန်မှာ သဂြိုံလ်ခဲ့ပါတယ်။
ဒီသတင်းကို ဒေါ်ခင်ရူပါတင်ဆက်။
ရိုက်ကူး ဗိုဗိုသီဟ



 Photo-Popular Journal

လှေမြုပ်၍ သေဆုံး မြန်မာ အလောင်း ၁၂ လောင်း ထိုင်းဆေးရုံ ရရှိထား

Mizzima

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် လုံးဖောကြီး ကျေးရွာ မှတဆင့် ပါချန်မြစ်ကို လှေ ၃ စီးဖြင့် ဖြတ်ကျော်ကာ တဖက် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစားသည့် မြန်မာနိုင်ငံသားများထဲမှ လှေ မတော်တဆ မှောက်မှုကြောင့် ရေနစ် သေဆုံးခဲ့သည့် အလောင်း ၁၂ လောင်း (အမျိုးသမီး ၆ လောင်းနှင့် အမျိုးသား ၆ လောင်း)အား ရနောင်း ဆေးရုံ၌ လက်ခံရရှိထားသည်ဟု ရနောင်း ဆေးရုံမှ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောသည်။

မေလ ၃၁ ရက်နေ့တွင် လုံးဖောကြီး ကျေးရွာမှ ဦးအောင်စိန်၊ ဦးသာထူး၊ သန်းထိုက် တို့ လှေမောင်း သုံးဦးမှ ပဲ့ချိတ်လှေ ကိုယ်စီဖြင့် ညသန်းခေါင်ကျော် ၂ နာရီ ခန့်တွင် အဆိုပါ လူများအား တဖက်နိုင်ငံသို့ လိုက်လံ ပို့ဆောင်ရန် ကြိုးပမ်းခဲ့ပြီး လှေမတော်တဆ မှောက်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကိုယ်ပေါ်မှာ မြန်မာနိုင်ငံသား စိစစ်ရေး ကဒ်ပြားတွေ သက်သေတွေ လူတော်တော် များများ၌ တွေ့ရကြောင်း ၊ ရေနစ်နေသည့် မြန်မာ သုံးဦးအား ကော့ချန်းချန်ကျွန်းအနီးတွင် ထိုင်းအာဏာပိုင်များက မေလ ၃၁ ရက်နေ့တွင် ဆယ်ယူရရှိခဲ့ပြီးနောက် အသက် ဆုံးရှူံး ခဲ့ရခြင်း ဖြစ်ပြီး ကျန်အလောင်း များကိုမူ ထိုင်းနိုင်ငံ အနောက်ဘက် ပင်လယ်ကမ်းခြေ၌ ပေါလော မြောနေစဉ် ဆယ်ယူ နိုင်ခဲ့သည်ဟု ဆိုသည်။

ယနေ့ နံနက် အစောပိုင်း တွင်လည်း ၎င်း အလောင်းများအား ရဲအပါ အဝင် မြန်မာ အာဏာပိုင်များမှ ရနောင်းဆေးရုံသို့ လာရောက်၍ ကြည့်ရှူ့ စစ်ဆေး မှုများ ပြုလုပ် သွားခဲ့ပြီး ဆက်လက်၍ သက်ဆိုင်ရာ အာဏာပိုင် များမှ လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ် နိုင်ရန် အတွက် သုံးရက်ခန့် (ဇွန်လ ၂၊ ၃၊ ၄) ရက်နေ့ အထိ ထားရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

မလေးမှာဒီနေ့မနက် အသတ်ခံရတဲ့ ရွှေမြန်မာ ...


ရာဇာဓိ ရာဇာ's photo.


ဒီနေ့မနက် အသတ်ခံရတဲ့ ရွှေမြန်မာ ...

အသတ်ခံရသည့် အမျိုးသားမှာ ကမ်ပုံဘာရူး အမ်ပန်း ရပ်ကွက်သစ် မာဒေးကား ရီယာလမ်း Jalan Merdeka Ria 3, Kampung Baru Ampang ရှိ ကားရေဆေး အလုပ်ရုံတွင် လုပ်ကိုင်နေသူ အလုပ်သမား တစ်ဦးဖြစ်သည်။ အလုပ်ရုံတွင် အိပ်ပျော်နေခိုက် ယနေ့ ဇွန်လ ၃-ရက် သန်းကောင်ကျော် မနက် ၁-နာရီခန့်တွင် လူ ၁၀-ယောက်မှ ကား ၂-စီးဖြင့် လာရောက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ 
ထိုအလုပ်ရုံရှိ မြန်မာအလုပ်သမား ၈-ယောက်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာများ ရရှိသွားခဲ့သည်။ သေဆုံးသူမှာလည်ပင်းပြတ်၊ ရင်ဘတ်နှင့် ကျောတွင်း ဓားခုတ် ဒဏ်ရာများဖြင့် သေးဆုံးခဲ့ကြောင်းတွေ့ရှိရသည်။ 

သေဆုံးသူမှာ တရားဝင်နိုင်ငံကူးလတ်မှတ် ကိုင်ဆောင်ထားသူဖြစ်ပြီး အလောင်းအား မလာယာ တက္ကသိုလ်ဆေးရုံ University Malaya Medical Centre သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

http://www.kualalumpurpost.net/lelaki-myanmar-maut-ditetak-parang3/
http://www.bernama.com/bernama/v7/ge/newsgeneral.php?id=953655
ဒီနေ့မနက် အသတ်ခံရတဲ့ ရွှေမြန်မာ ...

အသတ်ခံရသည့် အမျိုးသားမှာ ကမ်ပုံဘာရူး အမ်ပန်း ရပ်ကွက်သစ် မာဒေးကား ရီယာလမ်း Jalan Merdeka Ria 3, Kampung Baru Ampang ရှိ ကားရေဆေး အလုပ်ရုံတွင် လုပ်ကိုင်နေသူ အလုပ်သမား တစ်ဦးဖြစ်သည်။ အလုပ်ရုံတွင် အိပ်ပျော်နေခိုက် ယနေ့ ဇွန်လ ၃-ရက် သန်းကောင်ကျော် မနက် ၁-နာရီခန့်တွင် လူ ၁၀-ယောက်မှ ကား ၂-စီးဖြင့် လာရောက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုအလုပ်ရုံရှိ မြန်မာအလုပ်သမား ၈-ယောက်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာများ ရရှိသွားခဲ့သည်။ သေဆုံးသူမှာလည်ပင်းပြတ်၊ ရင်ဘတ်နှင့် ကျောတွင်း ဓားခုတ် ဒဏ်ရာများဖြင့် သေးဆုံးခဲ့ကြောင်းတွေ့ရှိရသည်။

သေဆုံးသူမှာ တရားဝင်နိုင်ငံကူးလတ်မှတ် ကိုင်ဆောင်ထားသူဖြစ်ပြီး အလောင်းအား မလာယာ တက္ကသိုလ်ဆေးရုံ University Malaya Medical Centre သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

http://www.kualalumpurpost.net/lelaki-myanmar-maut-ditetak-parang3/
http://www.bernama.com/bernama/v7/ge/newsgeneral.php?id=953655

လားရိုးမြို့ ပဋိပက္ခအတွင်း သေဆုံသွားသူ ဦးမြင့်ဝေရဲ့သားရဲ့ ပြောကြားချက်


Lashio Violence Victim's Son Recounts His Father's Death
irrawaddynews

ညီလာခံသုံးခုရှိလာပြီ

1,2,3,..........?

၈၈ညီလာခံကျင်းပရန်ဆောင်ရွက်လျက်ရှိကြသော- ဖို့ဝိန်းအင်အားစုနှင့်လည်းကောင်း ကနေဒါမြန်မာ မိတ်ဆွေ အများအသင်း(CFOB) နှင့်လည်းကောင်း မည်သို့မျှ သက်ဆိုင်ခြင်း(လုံးဝ) မရှိကြောင်းနိုင်ငံတကာရောက်(၈၈) မျိုးဆက်ကျောင်းသားများနှင့် ဒီမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ကပြောကြားလိုက်ပြီးပြည်တွင်း-ပြည်ပမှ (၈၈) မျိုးဆက်များနှင့် ဒီမိုကရေစီအင်အားစုများအကြား နိုင်ငံရေးနှီးနှောပွဲဟုနောက်ထပ်ညီလာခံတခုဖြစ်ပေါ်ရန်ကြိုးစားလျက်ရှိကြောင်းသိရသည်။
သို့ဖြစ်၍ယခုအခါညီလာခံသုံးခုရှိလာပြီဖြစ်ရာရလာဒ်များလည်းတခုထက်ပိုပြီးရရှိတော့မည်ဖြစ်ပြီးမြန်မာပြည်ကြီးအလျင်အမြန်ပြောင်းလဲတိုးတက်လာတော့မည်ကြောင်းသတင်းကောင်းပါးလိုက်ရပါသည်။

ပုံ
ညီလာခံများစောင့်နတ်မင်းကြီး

လက်ပံတောင်း တောင်သူတွေနဲ့ ကူညီသူကို ထောင်ချ



2 ဇွန်လ 2013 - 16:46 GMTFacebook

ကိုအောင်စိုးကို ထောင်ဒဏ် တနှစ်ခွဲနဲ့ ဆယ်တည်း ရွာက လယ်သမား နှစ်ဦး ကိုတော့ ထောင် ၆ လ ချမှတ်

လက်ပံတောင်း တောင် ဒေသ၊ ဦးပိုင် ကုမ္ပဏီက သိမ်းယူ ထားတဲ့ လယ်မြေ တွေမှာ ဝင်ရောက် ထွန်ယက် ခဲ့ကြတဲ့ ဒေသခံ တောင်သူ နှစ်ဦးနဲ့ သူတို့ အတွက် ကူညီ ဆောင်ရွက် ပေးနေတဲ့ ကိုအောင်စိုး တို့ကို အာဏာပိုင် တွေက ပြစ်ဒဏ် အသီးသီး ချမှတ် လိုက်ပါတယ်။ကိုအောင်စိုးကို ရွှေဘို အကျဉ်းထောင်မှာ ၁ နှစ်ခွဲ ထောင်ချ လိုက်ပြီ ဆိုတာကို ဆားလင်းကြီး မြို့နယ်မှာ တာဝန်ကျ နေတဲ့၊ အထူး သတင်း တပ်ဖွဲ့ ကနေ အကြောင်း ကြားလာတာ ဖြစ်တယ်လို့ လက်ပံတောင်း အရေး လှုပ်ရှား နေသူ ကိုဟန်ဝင်းအောင်က ပြောပါတယ်။ကိုအောင်စိုးနဲ့ အတူ ၄ လပိုင်း၊ ၂၅ ရက် နေ့က အဖမ်းခံ ထားရတဲ့ ဆည်တည်း ရွာက လယ်သမား နှစ်ဦး ကိုလည်း ထောင် ၆ လ ချ လိုက်တယ်လို့ ဆိုပါတယ်။ဘာပုဒ် မတွေနေ့ ဘယ်အချိန်က ဘယ်လို စွဲချက် တင်ပြီး ဘယ်လို ပြစ်ဒဏ် ချမှတ်တယ် ဆိုတာ ကိုတော့ အသေးစိတ် မသိရ သေးကြောင်း ကိုဟန်ဝင်းအောင်က ပြောပါတယ်။အဲဒီ သူတွေဟာ အခုလို ထောင်ချ ခံရတဲ့ အချိန် အထိ ဘယ်သူ တဦး တယောက်နဲ့မှ တွေ့ခွင့် မရခဲ့သလို သူ့တို့ အတွက် လိုက်ပါ ဆောင်ရွက် ပေးမယ့် ရှေ့နေလည်း မရှိ ခဲ့ဘူးလို့ ပြောပါတယ်။
bbc.co.uk

ဒေသန္တရ အမိန့် ကို မည်သူမှ ပယ်ဖျက်၍မရ




ဒေသန္တရအမိန့် ဆိုတာ သူ နယ်မြေနဲ့  သူ့ အခြေအနေကို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ထားတာဖြစ်တယ် ။ သူ့ မှာ အဲဒီဂုဏ်သိက္ခာ ရှိနေတယ် ။ ရပ်စည်းကမ်း ရွာစည်းကမ်း ဂါမစည်းကမ်းဆိုတာဟာ သူ့ ရပ်သူ့ ရွာ သူ့ကျောင်း သူ့ ဇရပ်နဲ့  တရွာတဂါတာဆန်း ဆိုသလို လုပ်ထားကြရတာဖြစ်တယ် ။ အဲဒီအရပ် အဲဒီနယ်မြေကို တပါတ်မျှ မနေထိုင်ဖူးဘဲ လူကြားစကားနဲ့  နားထောင်ပြီး ငါ့စကားနွားရ စကားတွေပြောလို့  ပညာရှိ လာလုပ်လို့ ကတော့ ပြသနာတွေ အကြီးအကျယ် တက်ကြရမှာဘဲ ရှိတယ် ။  ခုဆိုရင် ကမ္ဘာ့ကုလသမ္မက မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးကိုယ်စားလှယ် မစ္စတာသောမတ် ကင်တာနားက ဒေသန္တရအမိန့် ကို ချက်ချင်းလေ့လာပြီး ရုပ်သိမ်းပေးရမယ်လို့ တောင်းဆိုပါသတဲ့  ။ မြန်မာနိုင်ငံအစိုးရ ဖက်ကလဲ ပြန်လည်လေ့လာနေပါတယ်ဆိုတဲ့  ဖြေကြားသံတွေကို ကြားကြရပါတယ်။

     ပထမဦးစွာ ဒေသန္တရအမိန့် ဆိုတာကို တင်ပြပါမယ် ။ ဒေသန္တရအမိန့် ဆိုတာ မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ် မောင်တောမြို့ နယ်- ဘူးသီးတောင်မြို့ နယ်မှာ ထုတ်ပြန်တဲ့  အမိန့် ကို ပြောဆိုတာဖြစ်တယ် ။ ဘာ့ကြောင့် ထုတ်ပြန်ရသလဲ ဆိုတာ မေးခွန်း ထုတ်စရာ ရှိလာတယ် ။  ထုတ်ပြန်ရတဲ့  အကြောင်းရင်းက အဲဒီနယ်မြေမှာ လူဦးရေ ဖေါင်းပွနုံးတွေ များလွန်းနေအားကြီးလို့  ဖြစ်တယ် ။ ဒီတော့ခါ အဲဒီနယ်မြေမှာ တိုင်းရင်းသားလူမျိုးများက နယ်မြေခံဖြစ်တဲ့ အလျောက် လူဦးရေ များပြားပေါက်ဖွါးနေတာကို ဒေသန္တရအမိန့် နဲ့  တားဆီးတဲ့ အမိန့်  ထုတ်ပြန်တာလား ဆိုတာ စစ်ဆေးစရာ ရှိတယ် ။

     မြန်မာနိုင်ငံ အနောက်ဖက် မောင်တောမြို့ နယ် နဲ့  ဘူးသီးတောင်မြို့ နယ်မှာ ဒေသခံဇါတိ ( Native Arakan ) ရခိုင်လူမျိုးများနေထိုင်ကြတဲ့ အတွက် ရခိုင်လူမျိုးများဟာ ကြောက်ခမန်းလိလိ လူဦးရေ ဖေါင်းပွနေတာမို့  ဒီဒေသန္တရယ် အမိန့် ကို ထုတ်ပြန်တာ မဟုတ်ပေဘူးလားဆိုပြီး ကြည့်ကြရတော့မှာဖြစ်တယ် ။ ဒါဟာ သဘာဝပါဘဲ ။ ရခိုင်လူမျိုးတွေဟာ အဲဒီနယ်မြေမှာ ကျိန်းသေမုချ များပြားနေရမှာပေါ့ ။ ဒီတော့ စစ်ဆေးကြည့်တဲ့ အခါ နယ်မြေခံ ဇါတိ ရခိုင်လူမျိုးတွေဟာ လူဦးရေ ဖေါင်းပွနေခြင်း မဟုတ်ဘဲ မူဆလင်ဘာသာဝင် ဘင်္ဂလီကုလားလူမျိုးတွေက-၉ရ-ရာခိုင်းနုံး များပြားပြီး လူဦးရေ ဖေါင်းပွလို့  အခုလို ဒေသန္တရအမိန့် ကို ထုတ်ပြန်ရတယ်လို့  ရခိုင်ပြည်နယ်အစိုးရက တာဝန်ရှိသူတွေက ထုတ်ပြန်တာတွေ့ ရတယ် ။

    ဒီနေရာမှာ ဘင်္ဂလီလူမျိုးတွေဟာ တချို့ က မြန်မာနိုင်ငံသားအဖြစ် ရရှိနေသလို တချို့ က သက်သေခံ ကဒ်ပြား-တနည်းအားဖြင့် မှတ်ပုံတင်ဆိုတဲ့  သက်သေခံလက်မှတ်များ ဘာတခုမှ မရှိတဲ့  ခိုးဝင်ကျူးကျော် လူမျိုးအဖြစ်  ရောက်ရှိနေကြတာလို့  ပြောနေကြတာရှိတယ် ။  ခိုးဝင်လာလို့ ဘဲဖြစ်ဖြစ် ကျူးကျော်လို့ လဲဘဲဖြစ်ဖြစ် အဲဒီလူမျိုးဟာ တိုင်းရင်းသားစစ်စစ်ဖြစ်တဲ့  နယ်မြေခံ ရခိုင်လူမျိုးတွေထက် များပြားနေတာကို ဘာကြောင့်များပြားစွာ လူဦးရေ ပေါက်ဖွါးနေရသလဲ ဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုလာတယ် ။

 ပထမအချက်က နိုင်ငံတကာမှာ ရှိတဲ့  ဘင်္ဂလီလူမျိုးတွေအတွက် ၀ါဒဖြန့်  လုပ်ပေးနေကြတဲ့ သူတွေက သူတို့  မူဆလင်ဘာသာဝင်ကိုးကွယ်တဲ့  ဘင်္ဂလီလူမျိုးတွေဟာ အိမ်ထောင်ပြုဖို့  လက်ထပ်ထိမ်းမြားခွင့် ဆိုင်ရာတွေနဲ့  ပါတ်သက်လို့  လူ့ အခွင့်အရေးချိုးဖေါက်ခံနေရတဲ့  လူသားတွေ ဖြစ်နေရတယ် ဆိုပြီး ကမ္ဘာလှည့် ငိုကြွေးတိုင်ကြားတဲ့ အတွက် ဒီအချက်ဟာ လူ့ အခွင့်အရေးချိုးဖေါက်ခြင်းအဖြစ် နိုင်ငံတကာကရော ကုလသမ္မဂကပါ ပြောစရာဖြစ်လာတယ် ။

    ဒီအချက်ဟာ သူတို့  ပြောသလို အတိုင်းသာဆိုရင် လုံးဝလက်သင့် မခံနိုင်စရာဖြစ်တယ် ။ လူသားတဦးဖြစ်ပါလျှက်ကယ်နဲ့  အိမ်ထောင်သားမြေး ချဖို့ အတွက် လက်ထပ်ခွင့်တောင် မရဘူးဆိုရင် အဲဒီနိုင်ငံ အဲဒီအစိုးရဟာ လူ့ အခွင့်အရေးချိုးဖေါက်တာတောင်မကဘဲ လူသားတို့ ကျင့်ဝတ်ကိုလဲဘဲ မသိနားမလည်တဲ့ ဟာ ဖြစ်တယ်လို့  ပြောလို့ ရနေပြီပေါ့ ။  တကယ်တော့ အဲဒီလိုမျိုး မဟုတ်ဘူး ။

     ဘင်္ဂလီဘူမျိုးတွေဟာ အသက်-၁၈-နှစ်ထိတောင် စောင့်စရာမလိုဘဲ အိမ်ထောင်ပြုကြတာ လွယ်မှလွယ်ပါ့ ။ ဘယ်လို အိမ်ထောင်ပြုကြတယ် ဆိုတာ ဒီနေရာမှာ မပြောလိုဘူး ။ ပြောချင်တာက  လူသားချင်း အိမ်ထောင်မပြုရရင် ဘယ်လူသားမျိုးဆက်မှ မပေါက်ဖွားဆိုသလို ဖေါင်းပွမှုလဲ မရှိဆိုတဲ့  အချက်ကိုဘဲ ပြောချင်တယ် ။ ဒီတော့ခါ ရခိုင်ပြည်နယ် အနောက်ဖက်မှာ မူဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးတွေဟာ အိမ်ထောင်ပြုခြင်းကို ရယူကြရတယ် ။ အိမ်ထောင်ပြုကြရတာမို့  သားသမီးတွေ အမြောက်အမြား မွေးကြတယ် ။ ဒီတော့ အိမ်ထောင်မပြုရတဲ့ အတွက် လူ့ အခွင့်အရေးချိုးဖေါက်ခံနေရတယ် ဆိုတဲ့  စကားကို ချြေဖျက်ပြီးသားဖြစ်တယ် ။

     ကုလသမ္မဂက မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးကိုယ်စားလှယ်အဖြစ် ခန့် အပ်ပေးထားတဲ့  မစ္စတာသောမတ်ကင်တားနာဟာ  အဲဒီနယ်မြေမှာ ရှိတဲ့  မူဆလင်ဘင်္ဂလီကုလားလူမျိုးတွေဟာ လက်ထပ်ခွင့်ကိုတောင် ပိတ်ပင်ခံနေရတယ်လို့  သူ့ ရဲ့  အစီရင်ခံစာ ထုတ်ပြန်ပြီး  မွေးစာရင်းတွေကိုလဲ ဆောင်ရွက်ပေးရမယ်လို့  တောင်းဆိုထားတာတွေ့ ရတယ် ။ ကောင်းပါပြီ ။ မြန်မာနိုင်ငံမှာ လပ်ထပ်ခွင့် ရှိရုံတင်မက ကြောက်ခမ်းလိလိ ပေါက်ဖွါးနေလို့  ဒီလောက် လူဦးရေ ဖေါင်းပွအားကြီးနေတယ်ဆိုတာကို မစ္စတာကင်တားနားက ရှေးဦးစွာ လက်ခံရလိမ့်မယ် ။  ဒီအချက်ကို မြန်မာအစိုးရက တောင်းဆိုရပါလိမ့်မယ် ။

    လက်ထပ်ခွင့်ရှိလို့  -အိမ်ထောင်ပြုခွင့်ရှိလို့ - အိမ်ထောင်ပြုနေလို့  ဒီလောက်လင်ယူသားမွေး အခွင့်အရေးရရှိနေတဲ့  အဲဒီနယ်မြေမှာ လက်ထပ်ထိမ်းမြားခွင့် မရှိလို့  လူ့ အခွင့်အရေးချိုးဖေါက်နေတယ် ဆိုတဲ့  စကားကို သူ့ ပါးစပ်က ထပ်မပြောဖို့  လုပ်ရပါလိမ့်မယ် ။ နောက်တချက်က မွေးလာတဲ့ ခလေးတွေကို မွေးစာရင်းမှာ ထည့်ပေးရမယ်ဆိုတာ နည်းဗျူဟာတရပ်ကို သံတမန်နည်းအရ သွယ်ဝိုက်စွာ ပြောကြားတာဖြစ်တယ် ။  ဒါဟာ သန်ကောင်စာရင်း ကောက်ယူလို့  မရလောက်အောင် အကြမ်းဖက် ပြုမူဆက်ဆံနေတာကို သိရက်နဲ့  တမင်သက်သက် အစီရင်ခံစာ ထုတ်ပြန်တာဖြစ်တယ်လို့  မြင်တယ် ။ သန်ကောင်စာရင်းကောက်ယူတာကို လုံခြုံရေးတွေ လက်နက်ကိုင်တွေ သွားတုံးက ပဋိပက္ခလုပ်လို့   ရခိုင်ပြည်နယ်မှာ ခုအချိန်ထိ စာရင်းကောက်ယူလို့ မရသေးဘူးဆိုတာ ကုလသမ္မဂက ပိုတောင်သိတယ် ။

     ဒီတော့ခါ သန်ကောင်စာရင်းမှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးသာ ရှိတဲ့ အထဲက တိုင်းရင်းသားလူမျိုးများ မဟုတ်တဲ့ သူတွေကို ခိုးဝင်သူ- ကျူးကျော်သူ- နိုင်ငံခြားသားအဖြစ် အမည်စာရင်း ထည့်သွင်းယူရုံဘဲရှိတယ် ။ ဒီလို ထည့်သွင်းယူရမဲ့  ဥစ္စာကို စပြစ်သီး-သီးသလို အပြွတ်လိုက် ပေါက်ဖွါးနေတဲ့  မွေးနေတဲ့  ဘင်္ဂလီကုလားတွေကို မွေးစာရင်း လုပ်ပေးရမယ်ဆိုတော့ ဘယ်လိုနာမည်နဲ့  လုပ်ရမှလဲ ဆိုတာ မစ္စတာသောမတ်ကင်တားနားက ထုတ်မပြောရင်လဲဘဲ သံတမန်နည်းအရ လက်သည်းဝှက် အစီရင်ခံစာ ထုတ်ပြန်တာဖြစ်တယ် ။

   နိုင်ငံရေးဆိုတာ ပါးနပ်ရပါတယ် ။ ကျွမ်းကျင်ရပါတယ် ။ သံတမန်အရေးကိုလဲ ကျွမ်းကျင်ရပါတယ် ။ မစ္စတာသောမတ်ကင်တာနားက မြန်မာနိုင်ငံအနောက်ဖက်က ရခိုင်လူမျိုးတွေကိုရော မြန်မာနိုင်ငံအစိုးရကိုကော  နိုင်ငံရေးမပါးနပ်ဘူးလို့  ထင်မှတ်နေပုံရတယ် ။ မကျွမ်းကျင်ဘူးလို့  ထင်နေပုံရတယ် ။ သံတမန်နည်းအရ မကျွမ်းကျင်ဘူးလို့  ထင်နေတယ် ။ ဒါပေမဲ့  ရခိုင်လူမျိုးတွေကော မြန်မာနိုင်ငံအစိုးရကပါ အခုအချိန်မှာ ကျားကန်သလို တိတိကျကျ ကာကွယ်စောင့်ရှောက်တဲ့ နည်းနဲ့  မိမိတို့ ရဲ့  ဇါတိချက်ကြွေ ဗုဒ္ဒဘာသာထွန်းကားရာ နယ်မြေမှာ အမျိုးဘာသာ သာသနာတော်ကို ကာကွယ်နေကြတယ် ။ ဒါကို ဒေသန္တရအမိန့် တွေနဲ့  ပြဋ္ဌန်းပြီး ကိုယ့်ရပ်ရွာ ကိုယ့်မြေကို စောင့်ရှောက်နေကြတာဖြစ်တယ် ။ ဒါဟာ နိုင်ငံရေးကျွမ်းကျင်ခြင်း-သံတမန်ရေးကျွမ်းကျင်ခြင်းကို ပြနေတာဖြစ်တယ် ။

      မည်သူမဆို စဉ်းစားတတ်တဲ့  ညဉ်နဲ့  စဉ်းစားတွေးခေါ်ရင် သိသာနိုင်တယ် ။ ဒေသခံ ဇါတိ လူမျိုး- သို့ မဟုတ်- အိမ်ရှင်ဖြစ်သူများထက် ဧည့်သည်က လူဦးရေ များပြားခြင်း ရှိနိုင်ခြေ ရှိ-မရှိ ဆိုတာကို စဉ်းစားကြည့်ရင် သိနိုင်တယ် ။ အဲဒီလို လူဦးရေ ဘာကြောင့် များရသလဲ လို့  မေးရင် အိမ်ထောင်ပြုကြလို့ ပေါ့ ဆိုတဲ့  အဖြေကို ပေးကြရမှာဖြစ်တယ် ။ ဒီတော့ခါ အဲဒီရခိုင်ပြည်နယ် အနောက်ဖက် မောင်တောမြို့  နဲ့  ဘူးသီးတောင်မြို့ နယ်မှာ သုံးရာခိုင်နုံးလောက်သာ ရှိနေတဲ့  ဒေသခံ ရခိုင်လူမျိုးတွေဟာ လူနည်းစုတွေ ဖြစ်နေကြတယ် ဆိုတာ မည်သူမဆို နားလည်ကြတယ် ။ ဒီတော့ အဲဒီနယ်မြေမှာ နောက်ထပ် လူဦးရေ မဖေါင်းပွရအောင် ဒေသန္တရအမိန့် နဲ့  တားမယူရင် မဖြစ်တော့ဘူးဆိုတာ ပြည်နယ်အစိုးရက ထုတ်ပြန်တာဖြစ်တယ် ။ ဒီလို ဒေသန္တရအမိန့် ကို ထုတ်ပြန်တာဟာ လူ့ အခွင့်အရေးချိုးဖေါက်ခြင်းလို့  ပြောရင် ဇိမ်ကျကျနဲ့  ဖျာစုတ်မှာ စားစရာမရှိ သောက်စရာမရှိ အိမ်ထောင်ပြုရင်း နေထိုင်တဲ့  လူတွေ ဒီ့ထက်များနေတာကို ဒေသန္တရအမိန့် နဲ့  ထုတ်ပြန်တာဖြစ်လို့  လူ့ အခွင့်အရေးချိုးဖေါက်တာ မဟုတ်လို့ ဘဲ ယဉ်ကျေးစွာ ပြောကြားရမှာဖြစ်တယ် ။


ခိုင်အောင်ကျော် ( နယူးယောက် )