Tuesday, June 4, 2013

မနက်ဖြန်မှာ မြန်မာသံအမတ်ကြီးမလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာနကို သွားရောက်တွေ့ဆုံမယ်

Ye Htut
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်ကဒီနေ့ နေ့လည်မှာ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ် ကြီးကို တွေ့ဆုံပြီး မြန်မာနိုင်ငံသားများတိုက်ခိုက်ခံရမှုအတွက် ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူ ပေးဖို့၊ မြန်မာနိုင်ငံသားများရဲ့ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ပေးဖို့ သတိ ထောက်လွှာပေးအပ်ခဲ့ပါတယ်။

မလေးရှားမှာ ရှိတဲ့ မြန်မာသံအမတ်ကြီးကလည်း မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားများ လုံခြုံရေးနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာနကို သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။

မလေးရှား ရောက် မြန်မာ တွေ ရိုက်နှက် သတ်ဖြတ် ခံ ရမှု ပိုတိုးလာ

by FNG on June 4, 2013

မလေးရှားနိုင်ငံ ဆာလာယန်း  ခရိုင်  အန်းပန်း ရွာသစ်တွင် ဇွန်လ ၃ ရက်နေ့
နံနက် က  မြန်မာနိုင်ငံသားတစ်ဦး အသတ် ခံရသည် ဟု FNG မှ သတင်း ရရှိ
သည်။

မလေးရှား နိုင်ငံ သို့  ရောက် လာသည် မှာ ရက် ပိုင်း ခန့် သာ ရှိ သေး သည့်
စောအားဆေး မှာ လည်း ရိုက် နှက် ခံ ရ ၍ စွန်ကိုင်း ဘူ ဆေး ရုံ တွင် အတွင်း
လူ နာ အဖြစ်တက် ရောက် ကုသခံ နေရသည်။

ပုံမှန် အခွန် ကောက်ခံ မှု ပြု သော်လည်း မလေးရှား ရောက် မြန်မာ များ အား
ကာကွယ် ပေး မှု လုံး ၀ မရှိသည့် မလေးရှား ရောက် မြန်မာ တို့  ၏ သတင်း
ကို ကနဦး တွင် လှီးလွှဲ ပြော ဆို ခဲ့ သည့် သမ္မတ ရုံး ပြော ခွင့် ရ ပုဂ္ဂိုလ်
ဦး ရဲ ထွတ် ကို လည်း ဝေဖန်မှု များ ပေါ် ထွက် နေသည်။

မလေး ရှား နိုင်ငံ ရောက် မြန်မာ လူ မျိုး တွေ ကို အုပ်စုဖွဲ့  ရိုက် နှက် ပြီး
သတ် ပြစ် ခြင်း နဲ့  ချောင်း မြောင်း လုပ် ကြံ ခြင်း တွေ ရှိ နေ ပြီ လို့ စင်္ကာပူ
Asia One သတင်း မှာ ဖော် ပြထား ပါတယ်။ အသက် အန္တရာယ် ခြိမ်း ခြောက် ခံ
ရ မှု ကြောင့် ရဲစခန်း ကို သွားရောက် တိုင် ကြား တဲ့ မြန်မာ
တစ်ဦး ကို စခန်း က အထွက် မှာ အခြား လူ တစ်စု က သေနတ် နဲ့  ပစ်သတ် ရာ
မှာ သေနတ် ကျဉ် ဆန် မထွက် လို့  အသက် ဘေး က လွတ် ခဲ့
တယ် လို့  သတင်း မှာ ဖော် ပြထား ပါတယ်။

အခြား လူ နှစ် ဦးက ဆလယမ်း မှာ အုပ်စု ဖွဲ့  ပြီး တုတ် ၊ ဓါး တွေ နဲ့  ရိုက်
နှက် ခံ ရ တာ ကြောင့် ဆေး ရုံ တင် ထား ရပါတယ်။

မြန်မာ အစိုးရ ပြန်ကြားရေး ဒုဝန်ကြီး နဲ့  သမ္မတ ရုံး ပြော ခွင့် ရ ပုဂ္ဂိုလ်
ဦး ရဲ ထွတ် က တော့ မလေးရှား မှာ မြန်မာ တွေ အရိုက် ခံရ တယ် ၊ အသတ်
ခံ ရတယ် ဆို တဲ့ သတင်း တွေ အင်တာနက် ပေါ် မှာ တွေ့  တာဟာ ကောလ
ဟာလ လို့  ဆို ပါတယ်။

ကွာလမ် လာ ပူ မှာ နေ တဲ့ ရန်ကုန် မြို့  က ကိုစိုးနိုင် က တော့ “စား ထိတ်ထိတ် သွား
ထိတ်ထိတ် ပါ ဗျာ ၊ နှစ် ယောက် သေ ပြီး ကျန် တဲ့
လူ တစ်ချို့ လဲ ပျောက် နေတယ် ည နေ ဆို တာ နဲ့  အပြင် မထွက် ရဲ
တော့ ဘူး” ဟု FNG ကို ပြောသည်။

မြန်မာ နိုင်ငံ တွင် စီးပွားရေး ကျဆင်း မှု နှင့် အလုပ် အကိုင် အခွင့် အလမ်း
ဖန် တီး နိုင် မှု နည်း ခြင်း တို့  ကြောင့် မြန်မာ လူ မျိုး သိန်း နှင့် ချီ ၍ မလေး ရှား
နိုင်ငံ တွင် အလုပ် လုပ် ကိုင် ကြသည်။
reedomnewsgroup.com

ရိုဟင်ဂျာတွေကို ဘယ်နိုင်ငံကမှ လက်မခံကြဘူးလို့ ထိုင်းအစိုးရပြော

RFA Burmes
ထိုင်းတောင်ပိုင်း ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေကို ဘယ်တတိယနိုင်ငံကမှ လက်မခံလိုကြဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်စခန်းတွေမှာ လပေါင်းများစွာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်နှစ်ထောင်ခန့်ကို တတိယနိုင်ငံတစ်ခုခုကို လွှဲပြောင်းနေရာချထားဖို့ ကြိုးစားရာမှာ ဘယ်နိုင်ငံကမှလက်ခံဖို့ လိုလားတာမတွေ့ရကြောင်း၊ သူတို့အနေနဲ့ ဒုက္ခသည်တစ်စုကို လက်ခံခဲ့ရင် နောက်ထပ် ထောင်သောင်းချီပြီး ဝင်ရောက်လာမှာကို စိုးရိမ်နေကြကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မနာဆဗီ (Manasvi Srisodapol) က ပြောပါတယ်။

ထိုင်းအစိုးရဌာနတွေအနေနဲ့ စခန်းတွေမှာ ဒုက္ခသည်တွေ ကျပ်ကျပ်တည်းတည်း နေထိုင်နေရတဲ့ အခြေအနေကို သတိပြုမိကြောင်း၊ ဒုက္ခသည်စခန်းတွေရဲ့အခြေအနေ တိုးတက်လာဖို့ နည်းလမ်းတွေ ဆွေးနွေးရှာကြံနေကြောင်းလည်း ပြောပါတယ်။

ဒီစခန်းတွေက ရိုဟင်ဂျာတွေဟာ မနှစ်က ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအပြီး လှေစီးရောက်ရှိလာသူတွေလို့ သိရပါတယ်။ ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံပိုင်နက်အတွင်း ရောက်ရှိလာခဲ့ရင် ထိုင်းရေတပ်က သူတို့ခရီးဆက်မယ့် မလေးရှားဖက်ကို လိုက်လံပို့ဆောင်ပေးတာရှိသလို ဆန္ဒရှိရင် ထိုင်းဖက်မှာ တရားမဝင် နိုင်ငံခြားသားတွေအဖြစ်နဲ့ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

Photo: ရိုဟင်ဂျာတွေကို ဘယ်နိုင်ငံကမှ လက်မခံကြဘူးလို့ ထိုင်းအစိုးရပြော 