Thursday, June 6, 2013

အင်္ဂလန်မှာ ဗလီ မီးရှို.မှုဖြစ်ပွား

ဗမာပြည်ဖွား ညီနောင်များ
လန်ဒန် မြောက်ပိုင်း မုစ်ဝဲလ်ဟေးလ် ( Muswell Hill, north London) အရပ်က ဆိုမာလီအဖွဲ.အစည်းပိုင် အဆောက်အဦးတခု (ဗလီ) မီးရှို.မှု ဒီနေ့ ဖြစ်ပွားခဲ့ပါတယ် ။ အခင်း ဖြစ်ပွားရာနေရာမှာ မွတ်ဆလင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလုပ်နေတဲ့ EDL အမှတ်တံဆိပ်ကိုတွေ.ရတယ် လို့ ဆိုပါတယ် ။ EDL ခေါင်းဆောင်ကတော့ ဒိလို အကြမ်းဖက်မှုတွေ မလုပ်ဖို့ သူ့ အဖွဲ.ဝင်တွေကို မှာကြားထားကြောင်းနှင့် မီးရှို.သူကို ဖော်ထုတ်နိုင်ပါက တရားဥပဒေအရ အရေးယူရမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ် ။

မြန်မာပြည်ရှိ နိုင်ငံခြားရေးရုံးအား ၀ိုင်းဝန်းဆန္ဒပြကြရန် စီစဉ်

6/6/2013

မလေးရှားတွင် ဖြစ်ပွားခဲ့သော မြန်မာများသေဆုံးမှုနှင့်မလေးရှားရဲများ၏ မြန်မာအလုပ်သမားများအား အစုအလိုက်အပြုံလိုက်
ဖမ်းဆီးခံရခြင်းများအတွက် မလေးရှားရှိ မြန်မာသံရုံး၏ တာဝန်မဲ့ပြုလုပ်ခြင်းများအား မကျေနပ်သောကြောင့် မြန်မာပြည်ရှိ နိုင်ငံခြားရေးရုံးအား ၀ိုင်းဝန်းဆန္ဒပြကြရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးဆောင်စီစဉ်နေသူများမှာ မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားများ၏ မိသားစုများဖြစ်ပြီး တရားဝင်ဆန္ဒပြခွင့်ရရှိအောင် တင်ပြဆောင်ရွက်သွားမည်ဟု သိရသည်။

နဂိုကတော့ မလေးရှားရောက်နေတဲ့သူတွေက မြန်မာသံရုံးကို ၀ိုင်းဆန္ဒပြကြမလို့လေ။ ဒါပေမဲ့ ဟိုမှာ ဖမ်းဆီးတာတွေများနေတော့ ဒီကပဲ ဆန္ဒပြကြတော့မယ်။ ဆန္ဒပြခွင့်အတွက်လည်း တရားဝင် တောင်းခံကြမှာပါဟု ဦးဆောင်သူ တစ်ဦးက ဆိုသည်။

ယင်းက ဆက်လက်ပြောကြားရာတွင် မလေးရှားကိစ္စနှင့် ပတ်သက်၍ မြန်မာသံရုံး၏ အရေးယူဆောင်ရွက်ပုံမှာ တာဝန်မဲ့လွန်းကြောင်း ထို့ပြင် ယင်းကိစ္စဖြစ်ဖြစ်ချင်းမှာလည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မဟုတ်မမှန်သတင်းများဖြင့် ဖုံးဖိရန်ကြိုးစားခဲ့သေးကြောင်း ယင်းတာဝန်ရှိသူများ၏ မျက်နှာလွှဲခဲပစ်လုပ်ကိုင်မှုကြောင့် ယခုကဲ့သို့ အခြေအနေများ ပိုမိုဆိုးရွားသွားရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ကျွန်တော်တို့လို မလေးရှားမှာ အလုပ်လုပ်နေတဲ့ ကိုယ့်သား ကိုယ့်ညီတွေဆီက ပို့တဲ့ငွေလေးနဲ့ စားသောက်နေရတဲ့မိသားစုတွေ မြန်မာပြည်မှာအများကြီးရှိပါတယ်။ ခုလို မလေးရှားမှာ ဒုက္ခတွေရောက်တော့ ပြည်တွင်းက ကျွန်တော်တို့အားလုံး ထိခိုက်တာပေါ့။ ဒီနစ်နာမှုတွေအတွက်လည်း သမ္မတကြီးဆီ အားလုံးစုပေါင်းလက်မှတ်ထိုးတိုင်ကြားဖို့ စီစဉ်နေပါတယ် ဟု ယင်းက ဆိုသည်။

မလေးရှားရောက် မြန်မာအလုပ်သမားများ၏ ပြည်တွင်းသို့ ပြန်လည် ပေးပို့ငွေ စုစုပေါင်းမှာ တစ်လတစ်လ အမေရိကန်ဒေါ်လာ သန်း၅၀မျှရှိကြောင်း။ သဘာဝဓာတ်ငွေ့များ ပြည်ပသို့ ရောင်းချငွေထက် ပိုများကြောင်း သတင်းများတွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

U Tun Aung

ဒေါ်စုသမ္မတ ဖြစ် ရင် အဘတွေ ဒီထက်ပိုတောက်ပြောင် ပိုလူရာဝင်လာမယ်

Ko MawPyay

၂၀၁၅ သမ္မတလောင်းအား လက်ရှိ ဒုတိယသမ္မတ မှ လက်ဆွဲနှုတ်ဆက်စဉ်...

RFA Burmese's photo.
သမ္မတဖြစ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ထပ်မံပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့မနက်ခင်းကကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံ မြန်မာ့အနာဂတ်အရေး ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားလိုက်တာဖြစ်ပြီး ဒီလိုဖြစ်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လိုပါမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြားလိုက်ပါတယ်။

သူ့အနေနဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်အရွေးကောက်ခံလိုကြောင်း၊ ဒီကိစ္စအပေါ် သူ့အနေနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောထားပြီးဖြစ်ကြောင်း၊ ဒါပေမယ့် ဒီလိုသမ္မတဖြစ်ခွင့်ရှိဖို့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့လိုနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဆင်ဆာဖြတ်တောက်မှုတွေ လုံးဝမရှိသင့်တော့ကြောင်း ပြောသွားခဲ့ပါတယ်။ အနာဂတ်မှာ အစိုးရပြန်ကြားရေးဝန်ကြီးဌာန လိုအပ်ပါသေးလားဆိုတဲ့ ပရိသတ်တစ်ဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က -

"ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ကို ရင်ဆိုင်ရဲတာဟာ ကျွန်မတို့ဒီမိုကရေစီ လူ့အဖွဲ့အစည်းရဲ့ ရင့်ကျက်မှုဖြစ်ပါတယ်။ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဆင်ဆာဖြတ်တောက်တဲ့ ဝန်ကြီးဌာနမျိုးတော့ မရှိသင့်တော့ပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနဟာ သန်း ၆ဝ သော ပြည်သူတွေထံ သတင်းအချက်အလက် ပေးနိုင်တယ်ဆိုရင် ဝန်ကြီးဌာနရှိခြင်းဟာကိစ္စမရှိပါဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ Rainfall အဖွဲ့က နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ဇင်မာအောင်တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်နိုင်မယ့်အလားအလာ၊ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်အခန်းကဏ္ဍ၊ ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်နိုင်ချေရှိမရှိနဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ရိုဟင်ဂျာမွတ်စလင်ပြဿနာ၊ ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင်ရှားပါးမှု စတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာပါဝင်တဲ့ နိုင်ငံရေးသိပ္ပံကျောင်း တာဝန်ခံ ဒေါ်ဇင်မာအောင်ကတော့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အနည်းငယ်သာ ရရှိသေးကြောင်း အဓိကထား ပြောသွားပါတယ်။

ဒီပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ မြန်မာသမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးစတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ်က စီစဉ်တင်ဆက်တာဖြစ်ပါတယ်။
Photo: သမ္မတဖြစ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးရှေ့ဆန္ဒပြပွဲ

မလေးရှာနိုင်ငံရှိ မြန်မာနိုင်ငံသားအားလုံးအတွက် တရားဥပဒေကြောင်းအရ တရားဝင် ကာကွယ်ပေးရန် ဆန္ဒပြတောင်းဆို။
>>>>>>>>>><<<<<<<<<<<<<<<<

မလေးရှာနိုင်ငံရှိ မြန်မာနိုင်ငံသားအားလုံးအတွက် တရားဥပဒေကြောင်းအရ တရားဝင် ကာကွယ်ပေးရန် ဆန္ဒပြတောင်းဆိုခြင်းကို မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးရှေ့တွင် မလေးရှားရောက် မြန်မာအတိုက်ခံအဖွဲ့ အစည်းများဖြစ်ကြသော ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ၊NLD YOUTH (LA) Malaysia ၊ GSC အထွေထွေသပိတ်ကော်မတီနှင့် KEPONG နာရေးကူညီမှူ့ အသင်းတို့ မှ ခေါင်းဆောင်ငါးယောက်ဖြင့်( Malaysia ရဲချုပ်နှင့်ဆွေးနွေး ပြောဆိုခွင့်ပြုချက်အတိုင်းလူငါးယောက်သာခွင့်ပြုမိန့် ဖြင့်) နံက် ၁၀ နာရီခွဲအချိန် ခန့် တွင်ကြွေးကျော်ချက်များသံအမတ်ကြီးထံသို့ လိပ်မူစာပို့ ခြင်း အင်္ဂလိပ်၊မြန်မာ၊မလေး၊သုံးဘာသာဖြင့် တောင်းဆိုချက်များ တောင်းဆိုခြင်းဖြင့်ဆန္ဒပြပွဲကို ရုတ်သိမ်းခဲ့ ပါသည်။

ဆန္ဒပြပွဲအပြီးခေါင်းဆောင်များခေတ္တထိန်းသိမ်းခံရကာမလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများနှင့်လက်ရှိဖြစ်ပေါ်နေသောမလေးရှာရောက်မြန်မာများ
ဆုံးမှူအခြေနေအရပ်ရပ်နှင့်ပြည့်ပရောက်မည်သည့်မြန်မာနိုင်ငံသားအားလုံးနှင့်မြန်မာသံရုံး၏များ စွာသောလူမဆန်သည့်လုပ်ရပ်အခြေနေများအနာဂတ်မြန်မာမလေးရှားအခြေနေအရပ်ရပ်ကိုမေးမြန်းစုံစမ်းဆွေးနွေး၍ညနေမလေးရှာစံတော်ချိန် ၃ နာရီခွဲခန့် တွင်ဆွေးနွေးပွဲကိုအဆုံးသတ်ခဲ့ သည်။

တောင်ဆိုချက်ကြေငြာစာတန်းမှာ အောက်ပါအတိုင်းဖြစ်သည်(မြန်မာ၊အင်္ဂလိပ်)

ဆန္ဒပြတောင်းဆိုချက် - ကြေငြာစာတန်း
အကြောင်းအရာ။ ။ မလေးရှာနိုင်ငံရှိ မြန်မာနိုင်ငံသားအားလုံးအတွက် တရားဥပဒေကြောင်းအရ
တရားဝင် ကာကွယ်ပေးရန် ဆန္ဒပြတောင်းဆိုခြင်း။

သို့
မလေးရှားနိင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး

ယနေ့အချိန်ထိ နေ့စဉ်ရက်ဆက် မြန်မာနိုင်ငံသားတို့အား ကြိုတင်ကြံစည်၍ နေရာအနှံ့ အကြောင်းမဲ့ ရန်ရှာ အကြမ်း ဖက်သတ်ဖြတ်ခြင်းများအား တွေ့ရှိနေရပါသည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်လတ် ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး၊ မြန်မာနိုင်ငံ သမ္မတရုံး သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ၀န်ကြီးဦးရဲထွဋ် ၊ သမ္မတရုံးအတွင်းဝန် ဦးဇော်မင်း တို့၏ တရားဝင်သတင်း ထုတ်ပြန်ကြေငြာချက်များသည် မှားယွင်းကြောင်း နှင့် လက်ရှိအခြေအနေမှန်ကို တရားဝင်သတင်းထုတ်ပြန် ပေးနိုင်ရန်အတွက် မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားအားလုံးမှ တညီတညွတ်တည်းဆန္ဒပြတောင်းဆို လိုက် ပါသည်။

တောင်းဆိုချက်များ

(၁) မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်လတ်မှ ထုတ်ပြန်ကြေငြာထားသော သတင်း မှားယွင်းကြောင်း ၀န်ခံတောင်းပန်ပေးရန်။

(၂) မြန်မာနိုင်ငံအစိုးရမှ လက်ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအား ရာထူးမှရပ်ဆိုင်းပေးရန်။

(၃) မလေးရှားရောက် မည်သည့် မြန်မာနိုင်ငံသားကိုမဆို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တရားဥပဒေကြောင်းအရ လုံးဝအကာအကွယ်ပေးရန်။

(၄) လက်ရှိသေဆုံးသွားသူများ အားလုံးအတွက် မည်သူမည်ဝါဖြစ်ကြောင်း အသိအမှတ်ပြု သတင်းထုတ်ပြန်ပေးရန် နှင့် ကျန်ရစ်သော၎င်းတို့၏ မိသားစုများအား ကူညီထောက်ပံ့ပေးရန်။

(၅) လက်ရှိဒဏ်ရာရရှိသူများအား တရားဝင် ကျန်းမာရေးနှင့်ဆေးဝါးစောင့်ရှောက်မှု အပြည့်အဝပေးရန်။

(၆) ယခုဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက်လာသော မြန်မာနိုင်ငံသား ဒုက္ခသည် အားလုံးနှင့် ထွက်ပြေးနေဆဲသူများအားလုံးကို တရားဥပဒေကြောင်းအရ လုံခြုံမှု့အပြည့်အဝပေးရန် နှင့် ဖေးမကူညီစောင့်ရှောက်ပေးရန်။

မိတ္တူကို
(၁) ပြည်ထောင်စုသမ္မတမြန်မာနိင်ငံသမ္မတရုးံ
နေပြည်တော်

(၂) ပြည်ထောင်စုသမ္မတမြန်မာနိင်ငံ
နိင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်

(၃) မလေးရှားနိင်ငံဆိုင်ရာအမေရိကန်သံရုးံ
မလေးရှားနိင်ငံဆိုင်ရာဗြိတိသျှသံရုးံ
ကွာလာလမ်ပူ

(၄) မလေးရှားနိုင်ငံဆိုင်ရာရဲတပ်ဖွဲ့
ကွာလာလမ်ပူ

(၅) နိင်ငံတကာသတင်းဌာနများ

(၆) မလေးရှားအခြေစိုက် ICRC

DECLARATION : Demonstration to legally and lawfully protect all Myanmar people
in Malaysia

To : U Tin Latt, Ambassador of Myanmar Embassy
Embassy of the Union of Myanmar
8 Jalan Ampang Hilir, 55000 Kuala Lumpur, Wilayah Persekutuan Kuala Lumpur
03-4251 5595

From : All Myanmar People in Malaysia

Until today, the indiscriminate and brutal slaughter of many Myanmar people without any reason by plots on purpose in Malaysia esp. in Selayang, Kepong, Ampang are reported, as if sadly witnessed, in media and internet. With this regards, all Myanmar people in Malaysia go on demonstration to confess false news in Myanmar media made by U Tin Latt, Ambassador of Myanmar Embassy, Military Attaché of Myanmar Embassy, U Ye Htut, Spokesman and Vice Minister of Office to Myanmar President and U Zaw Min, Secretary to Myanmar President and to legally and lawfully to claim for current issue and news in reality.

All Myanmar People in Malaysia

Statement for Claims

(1) To confess that U Tin Latt, Ambassador of Myanmar Embassy has made false news
(2) To resign him from Ambassador of Myanmar Embassy by Myanmar Government
(3) To legally and lawfully protect all the Myanmar people in Malaysia
(4) To identify the dead bodies and to aid their families
(5) To take a great care of the health care matter of the injured patients
(6) To legally give aid to any Myanmar victims escaped from the criminal scene and any Myanmar evacuees who is running away from this incident and to fully give them sense of security

Copy To
- Head Quarter of Malaysia Police
- Office to President of the Union of Myanmar, Naypyidaw
- Foreign Affairs, Naypyidaw
- Embassy of United States of America
- Embassy of British Embassy
- International News Media
- ICRC

  ဒီမိုသား http://www.dmoethar.com/2013/06/blog-post_1920.html

၂၀၄၀ ပြည့်နှစ်အမီ ရန်ကုန်မြို့တော်တွင် မီးရထား လမ်းကြောင်းအသစ် ငါးခု တိုးချဲ့မည်

Created on Friday, 07 June 2013 02:06

ရန်ကုန်တိုင်းဒေသကြီးရှိ ဘူတာတစ်ခုတွင် မြို့ပတ်ရထား စောင့်နေသူများကို တွေ့ရစဉ်
လာမည့် ၂၀၄၀ ပြည့်နှစ်အမီ ရန်ကုန်မြို့တော်တွင် မီးရထား လမ်းကြောင်းအသစ် ငါးခု ထပ်မံတိုးချဲ့မည် ဖြစ်ကြောင်း ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း'' တွင် အဆိုပြုချက်များအရ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့တော်နေ လူဦးရေ၏ သုံးရာခိုင်နှုန်းသာ မီးရထား သယ်ယူပို့ဆောင်ရေးစနစ် အပေါ်အား မှီခိုအသုံးပြုနေရကြောင်း၊ လာမည့် ၂၀၄၀ တွင် ရန်ကုန်မြို့တော်နေ လူဦးရေ၏ ရာခိုင်နှုန်း ၃၀ မှာ မီးရထား သယ်ယူပို့ဆောင်ရေး စနစ်အား မှီခို အသုံးပြုလာမည်ဟု ခန့်မှန်းထားကြောင်း၊ ထို့အတွက်ကြောင့် လက်ရှိ ရန်ကုန်မြို့ပတ် ရထားလမ်းကြောင်းများအား အဆင့်မြှင့်တင်ခြင်းနှင့် မီးရထားလမ်းကြောင်းများအား အသစ်ထပ်မံ တည်ဆောက်ခြင်းများ ပြုလုပ်ရန် ''မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း'' တွင် အဆိုပြုထားခြင်း ဖြစ်သည်။
ရန်ကုန်မြို့ပတ်ရထား စနစ်တွင် လက်ရှိ ရထားလမ်းကြောင်း သုံးခုနှင့် လမ်းခွဲငါးခုရှိပြီး စုစုပေါင်း ၁၄၈ ဒသမ ၃ ကီလိုမီတာ ရှည်လျားပြီး ဘူတာပေါင်း ၈၀ ခန့်ရှိကြောင်း၊ ထပ်မံတိုးချဲ့မည့် ရထားလမ်းကြောင်းသစ် ငါးခု အပါအ၀င် လာမည့် ၂၀၄၀ အရောက်တွင် ရန်ကုန်မြို့တွင် မီးရထားလမ်းကြောင်း ရှစ်ခု ရှိလာမည် ဖြစ်ကြောင်းနှင့် ရထားလမ်းအရှည် စုစုပေါင်းမှာ ကီလိုမီတာ ၃၅၀ ရှိလာမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်၏ အများပြည်သူ သယ်ယူပို့ဆောင်းရေးစနစ်တွင် အိုဟောင်းနေသော ဘတ်စ်ကားများအား လူဦးရေ ကျပ်တည်းစွာဖြင့် မလုံမခြုံ စီးနင်းနေရကြောင်း ဘတ်စ်ကား အသုံးပြုသူ ခရီးသည်မှာ မြို့နေလူထု၏ ၈၅ ရာခိုင်နှုန်း ဖြစ်နေသည်။ ထို့အတွက်ကြောင့် ရထားသယ်ယူ ပို့ဆောင်ရေးစနစ်အား အဆင့်မြှင့်တင်ခြင်းဖြင့် ရထားအပေါ် မှီခိုသူ ရာခိုင်နှုန်း ၃၀ ရှိလာမည်ဆိုလျှင် ဘတ်စ်ကားအသုံးပြုမှု လျော့ကျသွားမည် ဖြစ်သောကြောင့် ရထားစနစ် တိုးမြှင့်ရန် အဆိုပြုထားခြင်းဖြစ်ပြီး ရထားလမ်းကြောင်း အသစ်များအပြင် မိုးပျံရထားလမ်းများ၊ LRT ကဲ့သို့ အဆင့်မြင့် မီးရထားလမ်း တည်ဆောက်ရန် လိုအပ်ကြောင်းလည်း ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း'' ၏ မြို့ပြသယ်ယူပို့ဆောင်ရေး အခြေအနေ ဖော်ပြချက်အရ သိရသည်။
http://www.news-eleven.com

ကိုမင်းကိုနိုင်ကို RFA တွေ့ဆုံ မေးမြန်း

 Published on Jun 6, 2013

မြန်မာနိုင်ငံကို တိုးတက်တဲ့ နိုင်ငံကြီးတခု ဖြစ်လာဖို့အတွက် စိတ်နေစိတ်ထားတွေအားလုံးကို ပြောင်းပစ်ဖို့ လိုမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ ကိုမင်းကိုနိုင်ကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ဝါရှင်တန်ဒီစီ RFA ရုံးချုပ်မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။

နေကြည့်မှ ဒီအမိန့်ဟာ လိုအပ်တယ် ဆိုတာကို သဘောပေါက်မယ်

ဘင်္ဂါလီများအနေဖြင့် ကလေးနှစ်ယောက်သာ ယူရမည်ဆိုသည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားခြင်း မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြောကြား
Created on Friday, 07 June 2013 01:51
6.6.2
ဘင်္ဂါလီများအနေဖြင့် ကလေးနှစ်ယောက်သာ ယူရမည်ဆိုသည့် ဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ်ရှိ မြို့နယ်များ အားလုံးတွင် ထုတ်ပြန်ပေးရန် တောင်းဆိုနေသည့် စစ်တွေမြို့မှ ဒေသခံ ရခိုင်တိုင်းရင်းသားများအား ဇွန် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)
ရခိုင်ပြည်နယ် အတွင်းရှိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း ဘင်္ဂါလီများ၏ လူဦးရေတိုးပွားနှုန်း လျော့ကျရေးအတွက် တစ်လင်၊ တစ်မယားစနစ်နှင့် ကလေးနှစ်ယောက်သာ မွေးဖွားရမည်ဆိုသည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားခြင်း မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရက ဇွန် ၆ ရက်တွင် ငြင်းဆိုခဲ့သည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဦးလှသိန်းက ''လက်ရှိအစိုးရ လက်ထက်မှာ ဒေသန္တရ အမိန့်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ နောက်တစ်ခုက ကလေးနှစ်ယောက်ယူလို့ တရားစွဲဆိုထားတာလည်း မရှိဘူး။ ဒါကြောင့် ဒီဥပဒေဟာ အခုထိ မရှိသေးဘူး။ ဘယ်တုန်းက ထုတ်ပြန်ခဲ့သလဲ ဆိုတာကိုလည်း မသိဘူး။ ထုတ်ပြန်ခဲ့တယ်ဆိုရင် အရေးယူမှု ရှိခဲ့ရမယ်'' ဟု ဇွန် ၆ ရက်က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
ရခိုင်ပြည်နယ် အတွင်းရှိ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်အတွင်း ဘင်္ဂါလီများ၏ လူဦးရေတိုးပွားနှုန်း လျော့ကျရေး အတွက် တစ်လင်၊ တစ်မယားစနစ်နှင့် ကလေးနှစ်ယောက်သာ မွေးဖွားရမည်ဆိုသည့် ဒေသန္တရအမိန့်ကို ဒေသခံ ရခိုင်တိုင်းရင်းသားများက မကြာသေးမီရက်များက ဆန္ဒဖော်ထုတ် ထောက်ခံမှုများ ရှိခဲ့သည်။
လက်ရှိရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်နှင့် မောင်တောသည် ဘင်္ဂါလီလူဦးရေ ထူထပ်များပြားလှသဖြင့် ထိုအမိန့်ကို မထုတ်ပြန်ပါက ရခိုင်တိုင်းရင်းသားများအတွက် လွန်စွာအန္တရာယ် ရှိကြောင်းလည်း ဒေသခံ ရခိုင်တိုင်းရင်းသားများက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်အတွင်း ဘင်္ဂါလီများ၏ လူဦးရေ တိုးပွားနှုန်း လျော့ကျရေးအတွက် တစ်လင်၊ တစ်မယားစနစ်နှင့် ကလေးနှစ်ယောက်သာ မွေးဖွားရမည်ဆိုသည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားသည် ဆိုသည့် သတင်းများအပေါ် ရခိုင်ပြည်နယ် မြို့နယ်နှစ်မြို့နယ်ရှိ ဘင်္ဂါလီများ အနေဖြင့် သားသမီးနှစ်ဦးသာ ရယူရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဒေသန္တရ အမိန့်သည် ခွဲခြားဆက်ဆံမှုဖြစ်ပြီး လူ့အခွင့်အရေးနှင့် ကိုက်ညီမှုမရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၂၇ ရက်တွင် ပြောကြားခဲ့သလို အနောက်နိုင်ငံ အချို့ကလည်း အဆိုပါ အမိန့်နှင့် ပတ်သက်၍ ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ ဒေသန္တရအမိန့်နှင့် စပ်လျဉ်း၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ''ကျွန်တော်တို့ကတော့ လက်ခံတယ်။ ကျွန်တော်တို့ ဒေသမှာ နေကြည့်မှ ဒီအမိန့်ဟာ လိုအပ်တယ် ဆိုတာကို သဘောပေါက်မယ်။ ရန်ကုန်မှာနေလို့၊ ရှမ်းပြည်နယ်မှာနေလို့ ဒါကို သဘောပေါက်မှာ မဟုတ်ဘူး။ လွတ်လပ်ရေး ရခါစနဲ့ အခု လူဦးရေနှုန်းကို ယှဉ်ကြည့်ရင် ဒါကို သိနိုင်ပါတယ်။ ဒါကို လူဦးရေ ထိန်းချုပ်ရေးနဲ့ မထိန်းရင် ဘယ်လိုထိန်းမလဲ။ စီးပွားရေး၊ လူမှုရေးတွေနဲ့ မထိန်းနိုင်ရင် နိုင်ငံရေး ပြဿနာ ဖြစ်လာမယ်။ ပြီးရင် ဒေသတွင်း ပဋိပက္ခတွေ ဖြစ်လာမှာပဲ။ ဒါကြောင့် အချုပ်အခြာအာဏာ တည်မြဲဖို့အတွက် ဒီအမိန့်ကို လက်ခံတယ်'' ဟု The Daily Eleven သတင်းစာသို့ ပြောကြားထားသည်။
 http://www.news-eleven.com/local/mandalay-news-and-local/19849

အလုပ်အကိုင် = နိုင်ငံရေး

၇၅ လမ်း၃၅နဲ့ ၃၆ကြား ပြဿနာဖြစ်သည်ဟု ကောလဟာလ

Thein Aung Myint

မန္တလေးတွင် ဘာမှမဖြစ်ပါ ကောလဟာ လသတင်းများသာဖြစ်ပါသည်။
၂၀၁၃မနက်၁၁နာရီပါဝန်းကြင် က ၇၅ လမ်း၃၅နဲ့ ၃၆ကြား ပြဿနာဖြစ်သည်ဟု ကောလဟာလတွေကြောင့် ရဲ အာဏာပိုင် အဖွဲ့ စည်းများ ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်တားဆီးရေးကော်မတီ (မန္တလေး) တို့  မဟုတ်မှန်ကြောင်းကို ကူညီပေးနိုင်ခဲ့ပါသည်။ အခြားသော မြို့ သစ် သိုးခြံ မြောက်ပြင် မြစ်ငယ်တို့ တွင်းလည်း ကောလဟာလသတင်းများ ဆက်တိုက် ထွက်ပေါ်နေ၍ လုံးဝ မဟုတ်မှန်ပါကြောင်း ပဋိပက္ခကြိုတင်ကာကွယ်တားဆီးရေး (မန္တလေး)မှ ကောလဟာလဖြစ်သောနေရာတိုင်းကို ပြဿနာမဖြစ်ပွါးစေဘို့  သွားရောက် ရှင်းပြ နိုင်ခဲ့ပါသည်

ကလေးကွက်အကျိုးဆက်က မလေးရဲတွေ မြန်မာတွေကိုဖမ်းတာပဲ

Aung Zin Latt's photo.
အရင်းအမြစ်ကောင်းတွေ စုဝေးထားတဲ့ အဖွဲ့စည်းကထွက်လာသူတွေရဲ့ လေးစားလောက်တဲ့ ကိုင်တွယ်ပုံ -

ပထမဆုံး အသတ်ခံရတာကို ဘာမှမဖြစ်ပါဘူး ကောလဟာလတွေပါလို့ ပြောတယ်၊ နောက် မလေးသတင်းစာမှာ ဓါတ်ပုံတွေနဲ့တက်လာသလို လူတွေရဲ့ဝိုင်းဆဲသံညံလာတော့ သာမန်ရန်ဖြစ်တာပါလို့ လုပ်ပြန်ရော။

နောက်ဆုံး မလေးမီဒီယာတွေကိုသက်သေပြပြီး ၀ိုင်းဆဲကြတော့ မလေးသံအမတ်ကို ခေါ်ပြီးကြိမ်းပြတယ်။ ပြည်သူတွေကို တွေ့လား ဒီကောင်တွေကို ခေါ်ဆူလိုက်ပြီ ဆိုပြီး ကလေးကွက် လုပ်ပြတာ၊ ဒီအကျိုးဆက်က မလေးရဲတွေ မြန်မာတွေကိုဖမ်းတာပဲ။ 
နာလည်းနာ နံလည်းနံဆိုတာ ဒါကိုပြောတာပေါ့။

ဖြစ်သင့်တာက အသတ်ခံရသူတွေ အရိုတ်ခံရသူတွေ အခြိမ်းချောက်ခံရသူတွေဆီသွားပြီး သူတို့ရဲ့ လုံခြုံရေးအတွက် လုပ်ပေးရမှာ၊ နွေးထွေးမှု နှစ်သိမ့်မှုတွေလုပ်ပေးရမှာ၊ ပြီးတော့ သံခင်းတမန်ခင်းနဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မထိခိုက်စေတဲ့ စကားတွေနဲ့ မလေးအစိုးရကိုဆွေးနွေးရမှာ၊ အခုတော့ ... 

တကယ်ဆို သံရုံးဆိုတာ နိုင်ငံ့ကိုယ်စားပဲ။ ဒါနဲ့ပတ်သက်ပြီး Red Corner ကားထဲမှာ ရိုက်ပြသွားတာလေး သိပ်လှတယ်။ ပီကင်းမြို့အိမ်ခေါင်မိုးတွေပေါ်မှာ အားကိုးရာမဲ့ ပြေးလွှားနေတဲ့ ရစ်ချက်ဂီရီဟာ ကောင်းကင်မှာတလူလူလွင့်နေတဲ့ အမေရိကန် သံရုံးက အလံကိုတွေ့တော့ ငါလုံခြုံပြီ ငါ့အိမ်ပြန်ရောက်ပြီလို့ ခံစားချက်နဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်သွားပုံကို အသေအချာရိုက်ပြသွားတယ်။ သံရုံးဆိုတာ အဲသလိုဖြစ်နေရမယ်၊ ရေမြေရပ်ခြား ရောက်နေတဲ့ နိုင်ငံသားတွေအတွက် နိုင်ငံ့ကိုယ်စားဖြစ်နေရမယ်။

အခုလည်း ကြည့်ဦး ကိုယ့်နိုင်ငံသားတွေ အကျည်းတန်အရုပ်ဆိုး လူမြင်မကောင်းအောင် အဖမ်းခံနေရတာကို နင်တို့ဖာသာနင်တို့လာတာ ငါနဲ့မဆိုင် အနေသာချည်း ဆိုပြီး ဒီအတိုင်းထိုင်ကြည့်နေတယ်။

နောက်ဆုံး ဒီဘူတာပဲဆိုက်တယ်လို့ပြောကြဦးမယ်၊ စစ်သားဟာ စစ်သားအလုပ်မဟုတ်တဲ့ နေရာတွေမှာ ရှိနေသမျှ ဒီလိုပဲ ဆက်ဖြစ်နေဦးမယ်။

AD Moe

“ဗမာပြည်သားမှန်ရင် အကုန်လုံးကို ဖမ်းတယ်။ ဘယ်လူမျိုး၊ ဘာသာ မခွဲခြားဘူး။ အားလုံးကို ဖမ်းပြီးတော့ ခေါ်သွားတယ်။ စာရွက်စာတမ်း အထောက်အထားရှိတဲ့သူတွေကိုတော့ နိုင်ငံတော် ဥပဒေအရ အကုန်လုံးကို ပြန်လွှတ်ပေးတယ် အကို။ သတင်းတွေနဲ့ပတ်သက်ပြီးတော့တော့ သူတို့က အကုန်လုံးကို ထိရောက်စွာ အရေးယူမယ်။ အကုန်လုံးကို လိုက်ဖမ်းတယ်။ အစိုးရက တရားဝင်ကြေညာတာ။”
**** နိုင်ငံခြားေ၇း၇ုံးကို စာပို့ပြီးမှ ဖြစ်တာဆိုတော့ မလေးကကောင်တွေ ၇ွဲ့ပြီးလုပ်တာဖြစ်မယ်။ ခံပေတော့ မစဉ်းစားနဲ့ မြန်မာတို့ေ၇****

ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်း ဆွေးနွေးပွဲ

 Published on Jun 6, 2013

ဇွန်လ ၆ ရက်နေ့က ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မြန်မာနိုင်ငံ အနာဂတ်ခေါင်းစဉ်နဲ့ ဘီဘီစီ debate အစီအစဉ်မှာ
သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ဇင်မာအောင်၊ ဒေါက်တာ သန့်မြင်ဦးတို့ ပါဝင်ဆွေးနွေး