Saturday, June 8, 2013

မြန်မာ တရုတ် စွမ်းအင်ပိုက်လိုင်း စီမံကိန်း စက်ရုံ ယူနန် ဒေသခံတွေ ထပ်မံ ဆန္ဒပြ

Khaing Linn's photo.
မြန်မာ တရုတ် စွမ်းအင်ပိုက်လိုင်း စီမံကိန်း စက်ရုံ ယူနန် ဒေသခံတွေ ထပ်မံ ဆန္ဒပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပိုက်လိုင်းတွေကတဆင့် ရောက်ရှိလာတဲ့ ရေနံ နဲ့ သဘာဝဓါတ်ငွေ့တွေကို သိုလှောင်ချက်လုပ်ဖြန့်ဖြူးမယ့် စက်ရုံနဲ့ပတ်သက်ပြီး ကူမင်းမြို့ခံ နှစ်ထောင်ကျော်က တစ်လအတွင်း ဒုတိယအကြိမ်အဖြစ် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်ဒေါ်လာ သန်းသုံးထောင် လောက်ကုန်ကျခဲ့တဲ့ အဲဒီစက်ရုံကို လွန်ခဲ့တဲ့ (၈) နှစ် လောက် ကတည်းက တရုတ်အစိုးရပိုင်ရေနံကုမ္ပဏီက တည်ဆောက်ခဲ့ပြီး၊ အခုလကုန်ပိုင်းမှာ စတင် လည်ပတ်တော့မှာ ဖြစ်ပါတယ်။

ဒေသစီးပွားရေးဖွံ့ဖြိုးရေးထက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှာကိုစိုးရိမ်တဲ့အတွက် ဆန္ဒပြကြတာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆန္ဒပြသူတွေထဲက နှစ်ဦးကို အာဏာပိုင်တွေက ခေတ္တထိန်းသိမ်းခဲ့ပေမဲ့၊ ဆန္ဒပြပွဲကိုတော့ မပိတ်ပင်ခဲ့ဘူးလို့ မျက်မြင်တွေက ပြောပါတယ်။

ကူမင်းမြို့ ဒုတိယမြို့တော်ဝန်က ဆန္ဒပြသူတွေနဲ့ တွေ့ဆုံပြီး စက်ရုံအကြောင်း ရှင်းပြဖို့ ကြိုးစား ခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။

ဒီစက်ရုံကို သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် စံချိန်စံညွှန်းတွေနဲ့ အညီဆောင်ရွက်ထားသလို၊ ဒေသတွင်းစီးပွားရေးလည်း တိုးတက်လာမှာဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ဒါပေမဲ့ ဆန္ဒပြဒေသခံတွေကတော့ သူတို့အနေနဲ့ စီးပွားရေးတဟုန်ထိုး တိုးတက်တာထက်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာပြီး ငြိမ်းချမ်းတဲ့လူ့ဘောင်ကိုသာ လိုချင်တယ်လို့ ပြောကြပါတယ်။

ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က စောင့်ကြည့်ရုံသာကြည့်ခဲ့ပေမဲ့၊ အစိုးရ ဝန်ထမ်းတွေအနေနဲ့ ဆန္ဒပြပွဲမှာမပါဝင်ဖို့နဲ့ ဒီကိစ္စကိုကျယ်ပြန့်အောင်မလုပ်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

မြန်မာ တရုတ် ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းစတင်တဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ် မဒေးကျွန်း မှာလည်း ပိုက်လိုင်းစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ခေါင်းဆောင်တွေကို အာဏာပိုင်တွေက တရားစွဲဆိုထားပါတယ်။

(RFA)

photo- Google

မလေးရှားနိုင်ငံမှာ နောက်ထပ်မြန်မာ ၃ ဦး သတ်ဖြတ်ခံရ

RFA Burmese
about an hour ago

အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတဲ့ မလေးရှားနိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေမှာ မြန်မာနိုင်ငံသား ၃ ဦး ထပ်မံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

မနေ့ကတော့ ကလန်းအူတာမ Kalng Utama ဆိုတဲ့မြို့က အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က ကရင်လူမျိုး ၄ ဦး ဈေးထွက်ဝယ်ရာမှ လူအုပ်စုတစ်စုက ဝိုင်းဝန်းတိုက်ခိုက်လို့ အရေးပေါ်တင်ခဲ့ရတဲ့ ၂ ဦးထဲက တစ်ဦးသေဆုံးသွားတာဖြစ်ပါတယ်။

မနေ့က သေဆုံးသူရဲ့အလောင်းကို ဒီကနေ့သွားကြည့်ဖို့ ခွင့်တောင်းတာမှာ ရဲတပ်ဖွဲ့နားရက်ဖြစ်တာကြောင့် ကြည့်ရှုခွင့်မရခဲ့ကြောင်းနဲ့ ဒီကနေ့နေ့လည်မှာ သေဆုံးသွားတဲ့ ကရင်လူမျိုးတစ်ဦး အကြောင်းတို့ကိုတော့ ကမ်ပုန်း နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက အခုလိုပြောပါတယ်။

“အခုက အမည်မသိသူတစ်ယောက် အသတ်ခံရတယ်၊ ကလန်းအူတာမ အမှိုက်ပုံနားမှာ လွှင့်ပစ်ထားတယ်၊ ပုဆိုးနဲ့ ကိုယ်တုံးလုံးကြီးနဲ့၊ ရဲကသွားကြည့်တဲ့အခါမှာ ညာဘက်လည်ပင်းမှာ ဓားနဲ့လှီးထားတာတွေ့တယ်၊ မနေ့ကမနက်မှ သူတို့က အလောင်းကိုတွေ့တယ်၊ ကရင်ခရစ်ယာန်လူမျိုး ၄ ယောက် ဈေးလာဝယ်ရင်းနဲ့ ဝိုင်းဝန်းအခုတ်ခံရ၊ အရိုက်ခံရတယ်၊ အထုခံရတယ်၊ အဲဒီထဲမှာ ၂ ယောက်က အရေးပေါ်ဆေးရုံတင်ထားရတယ်၊ တင်တဲ့အထဲမှာ ဒီနေ့နေ့ခင်း ၁ နာရီက ၁ ယောက် သေဆုံးသွားတယ်"

နောက်တစ်ဦးကတော့ Kuantan ကွန်တင်းမြို့မှာ ဓါးနဲ့ အခုတ်သတ်ခံရပြီး သေဆုံးနေတာကို ရဲကတွေ့ရှိခဲ့ကြောင်း ဒီကနေ့ မလေးရှားနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။ အလားတူ မနေ့ကလည်း Songui Besi ဆွန်ဂိုင်းဘတ်ဆီဒေသမှာ အိပ်ပျော်နေတဲ့ မြန်မာပြည်သားတွေအိမ်ကို spray နဲ့ဖျန်းပြီး မနေနိုင်လို့ တံခါးဖွင့်ထွက်လာတော့မှ လူအုပ်စုတွေက ဓါးနဲ့ဝိုင်းခုတ်တာဖြစ်တဲ့အတွက် ၂ ဦးပျောက်ဆုံးနေပြီး ရခိုင်အမျိုးသား အသက် ၂၃ နှစ်အရွယ် ကိုခင်မောင်ဝင်း ဆိုသူကိုတော့ အရေးပေါ်ဆေးရုံတင်ထားရတယ်လို့လည်း ကိုဆန်းဝင်းက ပြောပါတယ်။

"မနေ့ကမနက် ၃ နာရီခွဲကဖြစ်တယ်၊ သူတို့ညဘက်မှာအိပ်နေတယ်၊ ရခိုင်လူမျိုး ၆ ယောက်၊ အိမ်အဟောင်းလေးမှာ ငှားနေကြတယ်၊ သူငယ်ချင်းတွေစုနေတယ်၊ သူတို့က ဒီကြေးပိုက်စက်ရုံမှာ အလုပ်လုပ်တယ်ပေါ့လေ၊ အိမ်မှာအပေါက်ကလေးတွေရှိတယ်၊ အပေါက်ကလေးတွေကနေပြီးတော့ spray တွေ မှုတ်တယ်၊ မှုတ်တော့ သူတို့မခံနိုင်လို့ အိမ်တံခါးတွေဖွင့်တဲ့အခါ ဓားနဲ့ချည်းခုတ်တာ၊ ဓားနဲ့ခုတ်တော့ ကိုခင်မောင်ဝင်းက မမြင်မကန်းနဲ့ တွေ့တဲ့ဓားကို ဆွဲပြီးတော့ ပြန်ခုတ်တယ်၊ ကျန်တဲ့လူတွေက ထွက်ပြေးတယ်၊ ၂ ယောက်ပျောက်နေတယ်၊ သေလားရှင်လားမသိဘူး”

ကွာလာလမ်ပူ ဆေးရုံကြီးမှာတင်ထားတဲ့ ကိုခင်မောင်ဝင်းဟာ ဓါးနဲ့အခုတ်ခံထားရလို့ လက်အကြောတွေပြတ်နေတယ်လို့လည်း သူကပြောပါတယ်။ မေလ ၃ဝ ရက်နေ့ကတည်းကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အခုဆိုရင် မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦးသေဆုံးခဲ့ပြီးပြီလို့လည်း သိရပါတယ်။

Photo: မလေးရှားနိုင်ငံမှာ နောက်ထပ်မြန်မာ ၃ ဦး သတ်ဖြတ်ခံရ

ဘီလျှံနာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

(ပုံတွင် စင်္ကာပူမြို့ ရှိ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ပိုင်သည့် ကွန်ဒိုမီနီယံ ကို တွေ့ ရမည် ဖြစ်သည်။)

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစုသည် အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည်ဟု ယူဆရသည်ဟု မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြား သံတမန် များကယခုနှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှုထမ်း တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။

၂၀၁၀ ခုနှစ် အစောပိုင်းက ရန်ကုန်မြို့ရှိ ဂျာမဏီသံရုံး ဧည့်ခံပွဲ တစ်ခုတွင် အနောက်တိုင်း သံတမန် နှင့် အရှေ့ တိုင်း သံတမန်တို့ ဆုံမိချိန်တွင် မြန်မာ စစ်အာဏာရှင်၏ ချမ်းသာမှု အစုစုတို့ကို ခန့်မှန်း တွက်ချက် ကြခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှု အရှိဆုံး ဖြစ်သည့် +++++ နိုင်ငံ သံအမတ် ကြီးက မြန်မာ စစ်ခေါင်းဆောင် ၏ မိသားစု သည် ဒေါ်လာသန်း ၂၀၀၀ ထက်မနည်း ချမ်းသာမည်ဟု ခန့်မှန်း တွက်ချက် ပြထားပြီး ၂၀၀၄ ခုနှစ် ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့်အား ရာထူးမှ မဖယ်ရှားစဉ်က ဒေါ်လာသန်း ၄၀၀ လောက်သာ ချမ်းသာမည်ဟု ခန့်မှန်းထားပြီး ထို့နောက်တွင် ၀န်ကြီးချုပ်ဟောင်း နှင့် စစ်ထောက်လှမ်းရေး တို့၏ ပိုင်ဆိုင်မှုနှင့် စီးပွားရေးများကို ရရှိခဲ့ပြီး လွန်စွာချမ်းသာ ခဲ့သည်ဟု ဆွေးနွေးထားကြသည်။

မြန်မာ စစ်ခေါင်းဆောင် ၏ ၀င်ငွေသည် တစ်နှစ်လျှင် သန်း ၃၀၀ ခန့်ဝင်ငွေရှိ နေပြီး စင်္ကာပူ နိုင်ငံ ၊ တရုတ်နိုင်ငံ ၊ မလေးရှားနိုင်ငံ ၊တောင်ကိုရီးယား နိုင်ငံ ၊ ဗီယက်နမ် နိုင်ငံ၊ ရုရှား ၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ်နိုင်ငံ အချို့တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မိသားစုဝင်များ၏ ရင်းနှီးမြုပ်နှံမှုများ ရှိနေပြီး ယူကရိန်း နိုင်ငံတွင် ဗိုလ်ချုပ်မှုးကြီး၏ လက်နက် ၀ယ်ယူရေး ကိုယ်စားလှယ်ရုံး နှင့် ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ စူပါမားကတ် အချို့တွင်လည်း ရင်းနှီးမြုပ်နှံမှုများ ပြုထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်း၌ ကျောက်မျက် ရတနာ ပြပွဲများကိုလည်း ပြုလုပ်သလို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မိသားစုမှ နိုင်ငံခြား ကျောက်မျက် ရတနာ ကိုယ်စားလှယ်များကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး လက်သိပ်ထိုး ရောင်းချမှုများလည်း ရှိသည်ဟု ++++++ သံအမတ်ကြီးက ထိုဆွေးနွေးပွဲတွင် ထည့် သွင်း ပြောကြားသွားသည်။

အနှစ် နှစ်ဆယ် နီးပါးကြာ တိုင်းပြည်၏ သံယံဇာတ ကို လက်ဝါးကြီး အုပ်ထားသည့် မြန်မာ စစ်ခေါင်းဆောင်၏ ချမ်းသာမှုသည် မည်၍ မည်မျှ ရှိမည်ကို မည်သူမျှ အတိအကျ မသိနိုင်သော်လည်း ၎င်း ၏ သမီးဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင်မှာ တံစိုးလက်ဆောင် သဘောသဖွယ် ပဏ္ဍာ ဆက်ရသည် လက်ဖွဲ့မှ ဒေါ်လာ သန်း၁၀၀ ကျော်ရရှိခဲ့သည် ။

မြန်မာ စစ်ခေါင်းဆောင်မှာ စင်္ကာပူနှင့် တရုတ်နိုင်ငံ များတွင် တိုက်တာ အိမ်ခြံမြေများ ၀ယ်ထားပြီး တရုတ်ပြည် ရှန်ဟိုင်း မြို့ နှင့် ယူနန် ပြည်နယ်၊ ရှန်ဆန်း ပြည်နယ် တို့တွင် အမေရိကန် ဒေါ်လာ ခြောက် သန်း ထက်မနည်း တန်းဖိုးကြီး အိမ်ရာများကို ၀ယ်ယူထားပြီး ဖြစ်သည်။စစ်ခေါင်းဆောင်၏ အရှေ့  ဥရောပမှ လေယာဉ်နှင့် စစ်လက်နက်ပစ္စည်း ၀ယ်ယူသည့် ကုမ္ပဏီ တစ်ခုသည် ၎င်း၏ သမက် ဦးတေဇ၏ Pavo Trading လက်အောက်တွင် ရှိသည်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် တိုင်းပြည်၏ သံယံဇာတ များနှင့် ဆန် အစရှိသည့် သွင်းကုန် ထုတ်ကုန်များမှ ၀င်ငွေရရှိသလို နှစ်စဉ် တိုင်းမှုးများ ၊၀န်ကြီးများ ၊ မြို့တော်ဝန်များ နှင့် နိုင်ငံတွင်းရှိ ထိပ်တန်း စီးပွားရေး လုပ်ငန်း ရှင် များမှလည်း လာဘ်သပ်ပက္ကရရှိသည်။
  myanmarwikileaks.org

~ အင်းတော် NLD အမတ် ဦးစောလှိုင် ကွယ်လွန် ~

၁၉၉၀ ရွေးကောက်ပွဲမှာ အင်းတော်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီကိုယ်စားရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ရှေ့နေ ဦးစောလှိုင်ဟာ ယနေ့မနက်ပိုင်းက ကွယ်လွန်

ကွာလာလမ်ပူ သို့မြန်မာများ မလာကြရန် ( မလေးရှား အထူး သတိပေးချက် )

Simon Kamta

***မလေးရှားရောက်ရွှေမြန်မာများ အားလုံးသို့... မနက်ဖြန် 12.1.2013 ကွာလာလမ်ပူ သို့မြန်မာများ မလာကြရန် ( မလေးရှားအထူးသတိပေးချက် )

မင်္ဂလာပါ

ကျွန်တော်တို့မလေးရှားရောက် မြန်မာညီအကိုမောင်နှမအားလုံး မနက်ဖြန် 12.1.2013 ရက် စနေနေ့ မေ လးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ လုံးဝမလာရန် အထူးတာမြစ်သတိပေးကြောင်း ဧဒင်ဥယျာဉ်အနေဖြင့် ထု တ်ပြန်ကြော်ငြာပါသည် ။

ရဲချုပ်များ ၊ ထိန်းသိမ်းမည့်သူများအားလုံး က မနက်ဖြန်ကျင်းပမည့် Rally ဆန္ဒပြပွဲအတွက် မြို့ပြင် Bukit Jalil တွင်ပြုလုပ်ရန် အတိုက်အခံခေါင်းဆောင် Mat Sabu ဦးစီးသည့်အဖွဲ့အား မေတ္တာရပ်ခံပေမယ့် သူတို့ Dan Wangi ရဲစခန်းရဲ့ ခွင့်ပြုမိန့်ရရှိပြီးဖြစ်တာကြောင့် Bukit Jalil သို့ လုံးဝမရွေ့ပဲ ယခင်ပြုလုပ်နေ ကျ မြန်မာဆိုင်တန်းများတစ်ဝိုက်ဖြစ်သော Stadium Merdeka တွင်သာ ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်လိုက်တာကြောင့် ကွာလာလမ်ပူရှိရဲများ ယခု အသည်းအသန် လမ်းများပိတ်ဆို့နေရပြီဖြစ်ပါတယ် ။

Rally တို့ကြော်ငြာထားသော Meeting ပွိုင့်များအဖြစ် Amcorp Mall, Masjid Arrahman UM, Brickfields, KLCC, Sultan Sulaiman Club, Pasar Seni, Masjid Negara and Jalan Sultan. တို့ဖြစ်ကြောင်း ယနေ့ထုတ် the star သတင်းဌာနမှာဖော်ပြသွားခဲ့ပါတယ် .။

အကြောင်းမှာ ယခင် Bersih ဆန္ဒပြပွဲကြီးထက်မနည်းတဲ့ လူသိန်းဂဏန်းကျော် တက်ရောက်မည်ဖြ စ်တာေ ကြာင့် နိုင်ငံခြားသာများအတွက် အလွန် အန္တရယ်များမည်ဖြစ်ကြောင်း ကျွန်တော်တို့ ခန့်မှန်းပါတယ် ။
ယခင် Bersih 1.0 ၊ 2.0 နှင့် 3.0 ဆန္ဒပြပွဲများက ဆန္ဒပြပွဲကို ထိမ်းသိမ်းသော ရဲများ နှင့် Rally (ဆန္ဒပြသူ) များကြား အပြန်အလှန် အကြမ်းဖက်မှု့ များစွာမဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ လအနည်းငယ်က ဖြစ်ခဲ့တဲ့ Bersih 4.0 မှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ နေရာအနှံ့မှာ ဆူပူအကြမ်းဖက်မှု့များစွာဖြစ်ခဲ့တာ ကိုေ တွ့ခဲ့ရပြီးဖြစ်ပါတယ် ။

သို့ကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူရောက် မြန်မာများ အနေဖြင့် မနက်ဖြန် ကွာလာလမ်ပူသို့ လုံး ဝလုံးဝ မလာသင့်ကြောင်း ဧဒင်ဥယျာဉ်မှ အထူးသတိပေးချက်အနေဖြင့် မလေးရှားရောက် မြန် မာ များ အားလုံးကို အချိန်မှီ အကြောင်းကြားအသိပေးရပါတယ်ခင်ဗျာ ။

အကြောင်းအမျိုးမျိုးကြောင့် ကွာလာလမ်ပူသို့ရောက်နေပါကလည်း လူအုပ်များတွင်သာရောနှောမနေပဲ အဆောက်အဦးများပေါ်တွင် ကြိုးစားနေရန် ၊ အဝါရောင်နှင့် အနီရောင် အကျီပြောင်များ မဝတ်ဆင်ရန် ၊ မီးရထားဘူတာများသို့လုံးဝမသွားရန် နှင့် ထိခိုက်နိုင်သော နေရာများ အဖြစ်အောက် ပါ နေရာများ အားေ ရှာင်ကျဉ်ရန် အထူးအသိပေးအကြောင်းကြားရပါတယ်ခင်ဗျာ ။

1.Stadium Merdeka Area
2.Masjid Jamek Station Area
3. Brickfield Area
4. Sogo Area
5. Bukit Bintang Area
6. KLCC area
7. Pudu Raya Area

များအားရှောင်ရန်လိုပြီး အချိန်ပိုင်းပိတ်ထားမည့်ဘူတာများအဖြစ်

1. Plaza Rayak LRT
2. Masjid Jamek LRT
3. Pasa Sini LRT
4. Dan Wangi LRT
5. Bandaya LRT

တို့ဖြစ်ကြောင်းလည်း ထပ်မံအသိပေးရပါတယ်ခင်ဗျာ ။

ဆက်လက်ပြီး ယခုသတင်းဖတ်ပြီးသူများ မလေးရှားရောက် သူငယ်ချင်းများကိုလက်ဆင့်ကမ်းပေးပါရန်

ဧဒင်ဥယျာဉ်မှ ကူးယူဖော်ပြပါသည်။

လုံခြုံရေး ဟုခေါ်ပါသည်။

r Hla Tun Khine

မောင်တောဒေသမှာ ကလေးနှစ်ယောက် ကန့်သတ်မိန့် မထုတ်ပြန်ရသေး

RFA Burmese

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရိုဟင်ဂျာ မွတ်စလင်မိသားစုတစ်စုကို ကလေး ၂ ဦးထက် ပိုမယူဖို့နဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးဖို့ ဆိုတဲ့ ဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ်အစိုးရအနေနဲ့ အခုချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပဲ စဉ်းစားနေဆဲသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီဒေသန္တရအမိန့် ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရရဲ့ သဘောထားကို ဦးဝင်းမြိုင်က အခုလို ပြောကြားပါတယ်။

"အမှန်ကတော့ ဒီသတင်းထုတ်ဖို့က အခုမှစီစဉ်တုန်းပဲရှိသေးတယ်၊ အပြင်ကိုထုတ်ပြန်ထားတာတော့ မရှိသေးဘူး၊ တကယ်တမ်းထုတ်လို့ရှိရင် ဒေသန္တရဆိုတာလည်း သူ့အမိန့်သူ့ဘာသာသူ ထုတ်လို့ရတယ်၊ ပြည်နယ်အစိုးရကိုလည်း တင်ပြစရာမလိုဘူး၊ ထုတ်ပြီးရင်တော့ ပြည်နယ်အစိုးရကို တင်ပြလို့ရတယ်ပေါ့၊ ပြည်နယ်နဲ့ နိုင်ငံလုံခြုံရေးအတွက်ကတော့ ဘာပဲဖြစ်ဖြစ် လိုအပ်တယ်ဆိုရင်တော့လည်း သူ့ဥပဒေသူ ထုတ်နိုင်စရာအကြောင်းရှိတယ်ပေါ့၊ အခုချိန်မှာတော့ ဘာမှတော့မလုပ်သေးပါဘူး"

အဲဒီအမိန့်ကို အတည်ပြုထုတ်ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေဆဲအချိန်မှာပဲ ဝန်ထမ်းတစ်ချို့ကနေတဆင့် ပေါက်ကြားမှုကြောင့် အခုလိုသတင်းတွေ ပြန့်သွားရတာဖြစ်တယ်လို့ ဦးဝင်းမြိုင်က ဆိုပါတယ်။ အဲဒီဒေသန္တရအမိန့်အပေါ် ရခိုင်တိုင်းရင်းသားအားလုံးက ထောက်ခံတယ်ဆိုတဲ့ ဆန္ဒပြပွဲတွေ မကြားသေးခင်ရက်ပိုင်းက စစ်တွေ၊ မင်းပြားစတဲ့ မြို့နယ်တွေမှာ လူဦးရေထောင်နဲ့ချီပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါသေးတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ဒီဒေသန္တရအမိန့်ဟာ လက်ရှိမှာ တရားဝင်အတည်ပြုထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါသေးတယ်။

U

၂၀၁၅ သို့ မျှော်မှန်းခြင်း အပိုင်း(၂)

၂၀၁၅ သို့ မျှော်မှန်းခြင်း အပိုင်း(၁)မှာ ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းရဲ့ ၂၀၁၅ မှာ အာဏာ ရရှိရေးလုပ်ဆောင်နေမှုတွေကို ရေးသားတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ယခုဒီအပတ်မှာတော့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နဲ့ပတ်သက်ပြီး ရေးသားတင်ပြသွားပါမယ်။ အခုလို ရေးသားတင်ပြတဲ့နေရာမှာ ပုဂ္ဂိုလ်စွဲအမြင်နဲ့ ရေးသား သွားမှာမဟုတ်ဘဲ  ပြည်သူတစ်ယောက်ရဲ့ ပကတိအမြင်အတိုင်း ရေးသားသွားမှာဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ဟာ ယခင်ကတပ်မှာ ဗိုလ်ချုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့စဉ်ကတည်းက ရိုးသားသူ၊ လက်အောက်ကို ငဲ့ညှာတတ်သူ၊ မာန်မာနမထားတတ်သူအဖြစ် နာမည်ကြီးပါတယ်။ ငယ်ဘ၀ ဆင်းရဲတဲ့ သာမန် မိသားစုလေးအဖြစ် ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ရွာလေးတစ်ရွာမှာ ဘ၀စခဲ့ပြီး ဦးသိန်းစိန်ရဲ့ ရိုးသားမှု၊ ကြိုးစားမှု တွေကြောင့် ယခင်စစ်အစိုးရလက်ထက်မှာ ၀န်ကြီးချုပ်တာဝန်အထိ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ဗိုလ်လောင်း သင်တန်းဆင်းပြီး တပ်ထဲမှာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဦးသိန်းစိန်ရဲ့ ရိုးဖြောင့်စွာ ဘ၀ကိုဖြတ်သန်း လာရတဲ့သတင်းတွေလည်း ကြားခဲ့ရဘူးပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်တုန်းကလည်း ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်ကိုယ်တိုင် နာဂစ်လေမုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းပြီး ဆောင်ရွက်ခဲ့တာကိုလည်း သတင်းစာမျက်နှာတွေမှာ ကျွန်တော် ကိုယ်တိုင် တွေ့မြင်ခဲ့ရပါတယ်။ ယခင်အစိုးရလက်ထက် တပ်မှာတာဝန်ထမ်းဆောင်စဉ်က ၀န်ကြီးချုပ်အဆင့်မှာ ရှိပေမယ့်လည်း အစိုးရသစ်တာဝန်ယူတဲ့အခါမှာ အဲဒီတုန်းက တတိယနေရာမှာရှိတဲ့ ဦးရွှေမန်းကိုကျော်ပြီး နိုင်ငံတော်သမ္မတ ဖြစ်လာတာကလည်း ဦးသိန်းစိန်ရဲ့ ရိုးသားဖြောင့်မတ်တဲ့ စိတ်ကြောင့်လို့ ယူဆရပါတယ်။
    အစိုးရသစ်ကို စတင်တာဝန်ယူပြီး တစ်နှစ်အတွင်းမှာ ဦးသိန်းစိန်ဟာ အံ့သြဖွယ်ရာ နိုင်ငံရေး အပြောင်း အလဲတွေကို စတင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာတွေ၊ မင်းကိုနိုင် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာတွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့်ပေးလာတာတွေ၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာတွေ ဆောင်ရွက်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးက အံ့အားသင့် ရအောင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သူတစ်ဦး ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရသက်တမ်း အတွင်းမှာ အမေရိကန်နိုင်ငံသမ္မတ အိုဘားမားဟာ အမေရိကန် သမ္မတတစ်ဦးရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သလို သမ္မတအိုဘားမားရဲ့ အမေရိကန်ကိုလာဖို့ ဖိတ်ခေါ်ချက်ကို မဆိုင်းမတွ လက်ခံပြီး အမေရိကန်နိုင်ငံသို့လည်း အလည်အပတ်သွားရောက်ခဲ့ပါတယ်။ အခုဆိုရင် ယခင် အစိုးရလက်ထက်က ပိတ်ဆို့ခြင်းခံရတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေ တဖြည်းဖြည်း လျော့နည်း လာပြီး နိုင်ငံတကာအကူအညီတွေ ၀င်ရောက်လာတာလည်း ၀မ်းသာစရာဖြစ်ပါတယ်။
ဒီနေရာမှာ ဦးသိန်းစိန် သတိထားရမယ့် အခြေအနေလေးတစ်ခုကိုတော့ ပြောပြချင်ပါတယ်။ ဦးသိန်းစိန်ဟာ အတိုက်အခံတွေနဲ့ ပြည်သူတွေအကြိုက် တရုတ် CPI ကုမ္ပဏီနဲ့ရင်းနှီးမြှပ်နှံလုပ်ကိုင်နေတဲ့ မြစ်ဆုံစီမံကိန်းကို ရပ်တန့်ပစ်ခဲ့တဲ့အတွက် တရုတ်နိုင်ငံဟာ စီမံကိန်းအတွက်မြှပ်နှံထားတဲ့ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော် နစ်နာခဲ့ရတယ်။ နောက်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာပဲ အရင်က ၁၇ နှစ်ကျော် အပစ်အခတ်ရပ်စဲထားတဲ့ KIA ကို ဌာနချုပ်ထိရောက်အောင် တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။ ယခင် နအဖလက်ထက်က ကျင့်သုံးခဲ့တဲ့မဟာဗျူဟာကို ပြောင်းပြန်လှန်ပြီး တရုတ်ရဲ့မဟာရန်သူတော်ကြီး အမေရိကန်နဲ့တည့်အောင် ပေါင်းလာတယ်။ အဆက်အသွယ်တွေလုပ်လာတယ်။ ဒါတွေအားလုံးဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးလို့ ပြောလို့ ရသော်ငြားလည်း တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့မဟာဗျူဟာအရေးတွေလည်း ဖြစ်ပါတယ်။ ဒီအတွက် တရုတ်အစိုးရ အနေနဲ့ ရတက်မအေးစရာတွေ ဖြစ်နေမယ်ဆိုတာ အသေအချာပါပဲ။ ဒါတွေရဲ့ ရလဒ်ကတော့ KIA နဲ့ `ဝ`ကို တရုတ်က လက်နက်တွေထောက်ပံ့ပေးနေတယ်ဆိုတာ သက်သေပြစရာမလိုတဲ့ အဖြေတစ်ခုပါပဲ။ အခုဆိုရင် တရုတ်က `ဝ`ကို လက်နက်ငယ်၊ လက်နက်ကြီးတွေသာမကဘဲ သံချပ်ကာကားတွေ၊ ရဟတ်ယာဉ်တွေပါ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ အိုဘားမား ပြောပြောနေတဲ့ မြောက်ကိုရီးယား အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အတုယူသင့်တယ်ဆိုတဲ့စကားဟာ တရုတ်ကြီးကို စောင်းပြော နေသလိုပါပဲ။  ဦးသိန်းစိန်အနေနဲ့ တရုတ်နဲ့ အမေရိကန်ကြား ဗျာ.များနေရမယ့်အရေး တွေးကြည့်လိုက်ရင် ရင်လေး စရာဖြစ်နေပါတယ်။ သူ.ခြေတစ်လှမ်းမှားတာနဲ့ ပြည်သူသန်း ၆၀ ကျော် ဒုက္ခရောက်နိုင်တဲ့အတွက်သမ္မတဦးသိန်းစိန် အနေနဲ့ တရုတ်နဲ့ အမေရိကန်ကြားမှာ လိမ်မာပါးနပ်စွာနဲ့ ဆက်ဆံသွားဖို့ အလွန်အရေးကြီးပါတယ်။
    ဦးသိန်းစိန်ဟာ နိုင်ငံရေးကိစ္စတွေလုပ်ဆောင်ရာမှာ လိမ္မာပါးနပ်မှုရှိသူတစ်ဦးဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ ကိုလည်း ရှောင်ထွက်နိုင်သူတစ်ဦးဖြစ်ပါတယ်။ သမ္မတတာဝန်ကိုထမ်းဆောင်ပြီး မကြာခင်မှာပဲ အများကြိုက် မြစ်ဆုံစီမံကိန်းကိုရပ်တန့်ဖို့ ထုတ်ပြန်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်ဖိတ်ခေါ်ပြီး ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံအရှေ့မှာ အမှတ်တရဓာတ်ပုံရိုက်ကာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရရှိအောင် လုပ်ပြနိုင် ခဲ့ပါတယ်။ ဦးသိန်းစိန်ရဲ့ တူတာတွေအရင်စလုပ်ပြီး မတူတာတွေအတွက် ညှိနှိုင်းကြမယ်ဆိုတဲ့ စကားနဲ့ အစိုးရ သက်တမ်းတစ်နှစ်အတွင်းမှာပဲ ကြားဖြတ်ရွေးကောက်ပွဲကျင်းပကာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်တော်ထဲထည့်သွင်းခေါ်လာနိုင်ခဲ့ပါတယ်။ နိုင်ငံရေးသုံးသပ်သူအချို့က ဦးသိန်းစိန်အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အသုံးချခဲ့ပြီး ၎င်းရဲ့ သဘောထားကြီးမှုကို ဖော်ပြခဲ့တာလို့ ယူဆခဲ့ကြပါတယ်။
    ဒါ့အပြင် အစိုးရအတွက် အကြပ်အတည်းဖြစ်နေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေး ရေးကော်မရှင်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌအဖြစ် တာဝန်ပေးပြီး ဖြေရှင်းစေမှုကလည်း ဦးသိန်းစိန် တစ်ယောက် နိုင်ငံရေးသမားပီသစွာ ထိပ်တိုက်တွေ့မှုတွေကို ရှောင်လွှဲနိုင်တဲ့ အရည်အချင်းရှိတာက ပေါ်လွင် စေပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး အမေရိကန်ခရီးစဉ်အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေဲ့ ဦးသိန်းစိန် ကို လူသိရှင်ကြား စတင်ဝေဖန်လာတာကိုတွေ့လာရပါတယ်။ အမေရိကန်ခရီးစဉ်အတွင်း ဦးသိန်းစိန် ပြောကြားခဲ့တဲ့ စကား တပ်မတော်သား ၂၅ ရာခိုင်နှုန်းနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စဟာ ဦးသိန်းစိန်အနေနှင့် ပြောဆိုခွင့်မရှိကြောင်း လွှတ်တော်နှင့်သာသက်ဆိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဦးသိန်းစိန် အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို နှုတ်ကသာ မပြောနေတော့ဘဲ လက်တွေ့ပြဖို့အတွက်လည်း တိုက်တွန်း ခဲ့ပါသေးတယ်တဲ့။ ဦးသိန်းစိန်အနေနဲ့ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ အချို့က အလွန်လျင်မြန်လွန်းတယ်ဟု သုံးသပ်နေသော်လည်း အချို့ကတော့ ခုအချိန်ထိ ဘာမှပြောင်းလဲမှုမရှိသေးဘူးလို့ ယူဆ နေကြပါတယ်။ ဘာပဲ ပြောပြော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုးတက်ကောင်းမွန်လာဖို့အတွက် ဥပဒေအတိုင်း Rule and Regulation ကို မလွတ်ဘဲ စနစ်တကျ ပြောင်းလဲဖို့လိုအပ်တယ်လို့ အချို့ကလည်း ဆိုပါတယ်။
ဦးသိန်းစိန်ဟာ ပင်ကိုယ်စိတ်ရင်းကောင်းမွန်သော်လည်း အခြားသူပြောစကားကို အယုံလွယ်တတ်သူ တစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ဥပမာ-ပြဿနာအကြောင်းအရာတစ်ခုကိုလူ ၂ ဦးမှလာရောက်ရှင်းပြပါက ပထမလူ ပြောတဲ့စကားကို ပိုမိုယုံကြည်ကြောင်း ၎င်းနှင့်ရင်းနှီးသူအချို့ထံမှ သိရပါတယ်။ ယခုအချိန်တွင် ဦးသိန်းစိန် အဓိက အားကိုးရတဲ့ ၀န်ကြီး ၂ ဦးဖြစ်သူ ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့၏ ပြောစကားများဟာ ဦးသိန်းစိန်ထံ အလွန် နားပေါက်သဖြင့် ၎င်းတို့ ၂ ဦး အကြံပေးသည့်အတိုင်းပဲ ဦးသိန်းစိန်က လုပ်ဆောင်နေသယောင် မကြာခဏ ပြောဆိုလျက်ရှိပါတယ်။ ယခင်စစ်မှုထမ်းဟောင်းဖြစ်သူ ၀န်ကြီး ဦးစိုးသိန်းဟာ ငွေရေး ကြေးရေးနှင့်ပတ်သက်ပြီး အလွဲသုံးစားလုပ်မှုများနှင့် နာမည်ကြီးသူတစ်ဦးဖြစ်ပြီး ၎င်းဝန်ကြီးလက်ထက်ကပြုလုပ်ခဲ့တဲ့ မော်တော်ယာဉ် တည်ဆောက်ရေးလုပ်ငန်းတွေ၊ အစိုးရပိုင်စက်ရုံများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးလုပ်ငန်းတွေမှာ ဒေါ်လာသန်းချီ လာဘ်စားမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ဦးစိုးသိန်းအနေဖြင့် ယခင်က မြန်မာ့ရင်းနှီးမြှပ်နှံမှု ကော်မရှင်ဥက္ကဌ တာဝန်ကိုယူထားပြီး ဆက်သွယ်ရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းများအား လက်ဝါးကြီး အုပ်ချုပ်ကိုင်ထားသူဖြစ်ပါတယ်။ ဦးစိုးသိန်း နော်ဝေရောက်တဲ့အချိန် နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Telenol နဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံမှာ တယ်လီဖုန်း Operator ရရှိရေးအတွက် လာဘ်ငွေများစွာ ဦးစိုးသိန်းထံမှတစ်ဆင့် သမ္မတကြီးထံရောက်ခဲ့တယ်ဆိုပြီး သတင်းထွက်ခဲ့ပါသေးတယ်။ အခုလို တယ်လီဖုန်း Operator ကိစ္စတွေမှာ အနောက်နိုင်ငံကုမ္ပဏီတွေကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှပ်နှံမှု ပေးထားတာနဲ့ ပတ်သက်လို့ သတင်းအချက်အလက်လုံခြုံရေးနဲ့ ပတ်သက်လို့လည်း မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခုလိုဆက်သွယ်ရေးလုပ်ငန်းတွေမှာ ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံခြင်းအားဖြင့် မြန်မာနိုင်ငံ အတွင်း ပြောဆို နေကြတဲ့ သတင်းအချက်အလက်တွေအားလုံးကို ပြည်ပကုမ္ပဏီတွေအနေနဲ့ အလွဲသုံးစား လုပ်လာ နိုင်လို့ပါဘဲ။ ဒါကလည်း စိုးရိမ်စရာတစ်ခုပါ။ ဦးစိုးသိန်းအနေနဲ့ စစ်တပ်ပိုင် MEC က ထုတ်တဲ့ဖုန်းတွေကို မြန်မာ့ ဆက်သွယ်ရေးနဲ့ ပေါင်းပြီး ရောင်းချခွင့်ရအောင် ရပ်တည်ပေးခဲ့တာကိုလည်းတွေ့ရပါတယ်။ ဒါကလဲ တပ်ကိုချွေးသိပ်တဲ့ သဘောရှိ ပါတယ်။ ၀န်ကြီး ဦးစိုးသိန်းပြောခဲ့တဲ့စကားအချို့မှာ တပ်ကိုပြိုကွဲအောင် ရည်ရွယ်တဲ့ စကားအချို့ကိုတွေ့ရလို့ ဦးစိုးသိန်းရဲ့ စိတ်ထားမှန်မမှန်ဆိုတာ တပ်က စောင့်ကြည့်နေသင့်ပါတယ်။
ထို့အတူ ၀န်ကြီး ဦးအောင်မင်းဟာလည်း ငွေရေးကြေးရေးကိစ္စများနှင့် ပတ်သက်၍ နာမည်ထွက်ခဲ့သူ တစ်ဦးဖြစ်ပြီး မကြာခင်ကပဲ ၎င်း၏သမီးဖြစ်သူဟာ ဒုတိယအိမ်ထောင်ဆက်အဖြစ် မွတ်ဆလင်ဘာသာမှ ဗုဒ္ဓဘာသာ သို့ ခါတော်မီ ကူးပြောင်းလာသူ Hip Hop အဆိုတော်ရဲလေးနှင့် လက်ထပ်ခဲ့ပါတယ်။ ၀န်ကြီးဦးအောင်မင်းဟာ ယခင် မီးရထားဝန်ကြီးဘ၀ကတည်းက ၁၀ % အောင်မင်း ဆိုတဲ့အမည်ရခဲ့သူတစ်ဦးဖြစ်ပါတယ်။ အကြောင်းမှာ ၎င်းနှင့်ဆက်စပ်၍ မည်သည့်အလုပ်ဘဲလုပ်လုပ် ဦးအောင်မင်းအား ၁၀ % ကော်မရှင်ပေးရကြောင်း လက်တွေ့ ပေးကမ်းခဲ့ရသည့် စီးပွားရေးလုပ်ငန်းရှင်အချို့မှပြောပြပါတယ်။ ယခု ၎င်းတို့နှစ်ဦး ဦးစီးဆောင်ရွက်နေသော Myanmar Peace Center မှာ နိုင်ငံခြားက ပေးတဲ့အလှူငွေတွေ အလွဲသုံးစားပြုလုပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ခံနေရတာကိုလည်း တွေ့လာရပါတယ်။ ဒီ.၀န်ကြီး ၂ ဦးရဲ့ အကြံပေးချက်အတိုင်း ဆက်ပြီးလုပ်ဆောင် နေပါက ဦးသိန်းစိန် အနေဖြင့် တစ်ချိန်ချိန်တွင် အခက်အခဲအချို့ တွေ့လာနိုင်မှာဖြစ်ပါတယ်။
အချို့ကလည်း ဦးသိန်းစိန် အဲဒီလို အယုံအကြည်လွန်ကဲမှုတွေကြောင့် ၀န်ကြီးနှစ်ဦးရဲ့ စကားတွေကို ယုံစားပြီး အနောက်အုပ်စုနောက်ကို ယိမ်းယိုင်သွားမှာကိုလည်းစိုးရိမ်ကြပါတယ်။ အတိတ်ကာလက ဆိုဗီယက် နိုင်ငံကြီး ပြိုကွဲခဲ့တဲ့ဖြစ်စဉ်မျိုး မြန်မာနိုင်ငံမှာဖြစ်လာနိုင်တယ်လို့လဲ ပြောဆိုနေကြပါတယ်။ ဆိုဗီယက်သမ္မတ ဟောင်း ဂိုဘာချော့ဗ်ကို အမေရိကန်နဲ့ အနောက်အုပ်စုက ပြုပြင်ပြောင်းလဲရေးသမား၊ ငြိမ်းချမ်းရေးသမားဆိုပြီး ငြိမ်းချမ်းရေးနိုဗယ်ဆိုကို (၁၉၉၀)မှာ ချီးမြှင့်ခဲ့ပါတယ်။ ဂိုဘာချော့ဗ် အဲဒီဆုကိုလက်ခံရယူပြီး နောက်ပိုင်းမှာဘဲ ဆိုဗီယက်ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့တာပါဘဲ။ အခုလည်း ဦးသိန်းစိန်အနေနဲ့ အနောက်ဘက်ကိုယိမ်းယိုင်သွားပြီး နိုဗယ်ဆုနဲ့ ထိန်းချုပ်ခံရကာ မြန်မာနိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမယ့် အရေးကိုလည်း အချို့က မလိုလားကြပါဘူး။ အခုဆိုရင် နော်ဝေနိုင်ငံရဲ့ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Telenol ကုမ္ပဏီကြီးဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Telephone Operator ရွေးချယ်ရာမှာ ပထမ အဆင့်မှာပါဝင်နေပြီဖြစ်ပြီး အဲဒီလို နော်ဝေကုမ္ပဏီအနေနဲ့ Operator အဖြစ်ရွေးချယ်ခံခဲ့ရပါက ဦးသိန်းစိန် နိုဗယ်ဆုရဖို့ သေချာသွားပြီလို့ပြောကြတဲ့ သူတွေတောင် ရှိပါတယ်။ ဦးသိန်းစိန် နိုဗယ်ဆုရသွားရင် နိုဗယ်ဆုကြောင့် တစ်ချိန်က ဂိုဘာချော့ဗ်လိုဖြစ်ပြီး နိုင်ငံစည်းလုံးညီညွတ်ရေးပျက်ပြားသွားနိုင်ကြောင်း ပညာရှင်အချို့က ထောက်ပြ ပြောဆိုကြပါတယ်။
    စိတ်သဘောထားကောင်းမွန်သော သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ တပ်ရင်းမှူးဘ၀က ၁၉၉၁ ခုနှစ်၊ မန္တလေးဘူတာမှာ တာဝန်ထမ်းဆောင်နေတဲ့ ရုံပိုင်ဦးစံရွှေမောင် ကို လက်မှတ်ကိစ္စနဲ့ပတ်သက်ပြီး ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့ကြောင်းကို လွန်ခဲ့တဲ့တစ်လလောက်က Internet စာမျက်နှာမှာ သက်သေသာဓကတွေ အချို့နဲ့ တက်လာတာကို တွေ့ခဲ့ရပါတယ်။ တကယ့်ဖြစ်စဉ်မှန် မမှန်ကတော့ ကာယကံရှင်တွေပဲ သိမှာပါ။ အချို့ကလဲ ဦးသိန်းစိန်ကို ဆုံးဖြတ်ချက်မပြတ်သားဘူးလို့လဲ ဝေဖန်ကြတာရှိပါတယ်။ သာဓကအနေနဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ လက်ပံတောင်းတောင်က ဆန္ဒပြတဲ့ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ဖြိုခွဲခဲ့ပြီးတဲ့ နောက်တစ်နေ့မှာဘဲ သမ္မတရုံးမှ သံဃာတော်တွေကို လူစုခွဲရာမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြုလုပ်ခဲ့တယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်ထုတ်ပြန်ပြီး ၃ နာရီမပြည့်ခင်မှာ အဲဒီသမ္မတရုံးက ကြေငြာချက်ကို ပြန်လည်ရုပ်သိမ်းကြောင်း ကြေငြာချက် ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ နောက်တစ်ခုကတော့ အခုရက်ပိုင်းလေးက ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးရဲ့ ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ Yangon City Transport Authority ဖွဲ့စည်းတာကို မေလ (၂၉) ရက်နေ့က ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။
    ဒါ့အပြင် ဦးသိန်းစိန် ဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်အများစုဟာ ပေါ်ပင်တွေဖြစ်ပြီး ပြဿနာ အရပ်ရပ် ကို ဆေးမြီးတိုနဲ့ ကုနေတယ်ဆိုပြီး ဝေဖန်သူအချို့ကရှိနေပါတယ်။ ဦးသိန်းစိန်အနေနဲ့ ကားတွေကို အစားထိုး သွင်းခဲ့စေတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာတွေ၊ အခု နောက်ဆုံး ၁၅၀၀ တန်ဖုန်းတွေကို စီစဉ် ပေးခဲ့တာတွေကြောင့် ပြည်သူလူထုအများစုက ဦးသိန်းစိန်ကို သဘောကျလာကြပါတယ်။ ဦးသိန်းစိန် သမ္မတ တာဝန်ယူပြီး (၃)နှစ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၁၀၀၀၀ ကျော် လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုလွှတ်ပေးတာကလည်း လွှတ်တော်ကတွန်းအားပေးတာကြောင့်လို့လဲ အချို့ကဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာကြိုဆိုပေမဲ့လည်း အကျဉ်းသားတွေလွှတ်တိုင်း ရာဇဝတ်မှုအကြီးစားတွေဖြစ်တဲ့ သေဒဏ်၊ တစ်သက်တစ်ကျွန်းပေးခံထားရတဲ့သူတွေနဲ့ ၀ နဲ့ ရှမ်းပြည်နယ်ဘက်က မူးယစ်ရာဇာတွေအပြင် အခြား ရာဇဝတ်မှုအကျဉ်းသားတွေပါ ပါပါလာတဲ့အတွက် အခုဆိုရင် ရပ်ရွာတော်တော်များများမှာ လုယက်မှု၊ ခိုးမှု၊ မုဒိန်းမှုတွေ ရက်ဆက်ဆိုသလို ကြားနေရပါပြီ။ ပြည်သူလူထုကို ဖြေလျော့တာတွေ လုပ်ပေးခဲ့ပေမယ့်လည်း အကောင်းနဲ့အဆိုး ဒွန်တွဲလျက် ရှိနေပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုအခြေအနေတွေကို မစဉ်းစားဘဲ ကားတွေကိုတင်သွင်းခွင့် ပေးထားတဲ့အတွက် အခုဆိုရင် ရန်ကုန်မြို့ကြီးမှာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေပါပြီ။ လစဉ် ဒေါ်လာသန်းချီတဲ့ ကားဖိုးပိုက်ဆံတွေဟာ မြန်မာပြည်သူတွေ လက်ထဲကနေ ဂျပန်က အသုံးမပြုတော့တဲ့ ယာဉ်အို၊ယာဉ်ဟောင်း ရောင်းဝယ်တဲ့သူတွေရဲ့လက်ထဲကို ရောက်နေပါပြီ။ နောက်ဆုံး ဖင်မနိုင်ဘဲ ပဲကြီးဟင်း စားခဲ့တဲ့ ၁၅၀၀ တန်ဖုန်းကိစ္စမှာလဲ လိုအပ်ချက်နဲ့အညီ မချပေးနိုင်လို့ မှောင်ခိုဈေးမှာ ၆၀၀၀၀ ကျော်ပေါက်ပြီး ၁၅၀၀ တန်ဖုန်းကနေ ၆၀၀၀၀ ဖုန်း ဖြစ်နေပါပြီ။
    ဦးသိန်းစိန်အနေဖြင့် သမ္မတတာဝန်စတင်ထမ်းဆောင်စဉ်က  အစိုးရသက်တမ်း တစ်ကြိမ် (၅)နှစ်သာ တာဝန်ထမ်းဆောင်မည်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်ကို ပထမအကြိမ် သွားရောက်ခဲ့စဉ်က ကျန်းမာရေးအခြေအနေအရ အစိုးရသက်တမ်းတစ်ကြိမ်သာ တာဝန်ထမ်းဆောင်မယ်လို့ ရည်ရွယ်ထားသော်လည်း ပြည်သူလူထု လက်ခံပါက/ဆန္ဒရှိပါက နောက်တစ်ကြိမ် အတွက် စဉ်းစားမည်ဆိုတဲ့စကားကို ပြောခဲ့ပါတယ်။ အဲဒီလိုပြောတာဟာ ဦးသိန်းစိန်အနေဖြင့် ၂၀၁၅ နောက်ပိုင်းမှာ သမ္မတရာထူးကို ဆက်လက်ချုပ်ကိုင်ချင်သေးတယ်ဆိုတာ ပေါ်လွင်နေစေပါတယ်။ ဒါကြောင့်မို့ အဲဒီနောက်ပိုင်း ၂၀၁၅ အတွက် ပြင်ဆင်မှုလေးတွေ လုပ်လာတာကိုတွေ့လာရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုတော့ ၂၀၁၅ မှာ သမ္မတလုပ်မယ်ဆိုပြီး တရားဝင်ပြောလာပါပြီ။ ယခင် သမ္မတတာဝန် စတင်တာဝန် ထမ်းဆောင်စဉ်တုန်း ကတော့ သူတို့နှစ်ယောက်ဟာ နိုင်ငံ့အရေးတွေမှာ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ခဲ့ကြသော်လည်း အခုအချိန်မှာ တော့ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တစ်ဦးနဲ့တစ်ဦး တည့်မလိုလိုနဲ့  ပြိုင်ဘက်တွေ အဖြစ် တွေ့မြင်လာရပြီဖြစ်ပါတယ်။ ၂၀၁၅ မှာ အာဏာရရှိရေး၊ ရာထူးရရှိရေးတွေအတွက် တစ်ယောက်နဲ့ တစ် ယောက် နိုင်ငံရေးကစားပွဲတွေ ဘယ်လိုနွှဲကြအုံးမလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ရာထူးဆိုတာ ရူးတာပါလို့ နှစ်ယောက်စလုံး ကို သတိပေးလိုက်ချင်ပါတယ်။
     ဦးသိန်းစိန်ဟာ စစ်သားဘ၀ကတည်းက လာဘ်ပေးလာဘ်ယူကင်းရှင်းပြီး ၎င်းရဲ့ သားသမီးများမှာလည်း ယခင်လူကြီးသားသမီးအချို့လို စီးပွားရေးအခွင့်အထူးခံတွေမဟုတ်တဲ့အတွက် လူအများရဲ့ ဂရုစိုက်ခြင်းကိုခံရသူမျိုး ဖြစ်ပါတယ်။ ဦးသိန်းစိန်ရဲ့ဇနီး၊ သမီးတို့နဲ့ပတ်သက်ပြီး သာမန်ပြည်သူတွေလိုပဲ အေးအေးဆေးဆေး နေထိုင်ကြတာတွေ့လို့ အများရဲ့လေးစားမှုလေးတွေ ရခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ သမီးနှင့်သမက်တို့အတွက် CB ဘဏ်ဥက္ကဌ ဦးခင်မောင်အေးနှင့် (UMFCCI) ဥက္ကဌ ဦးဝင်းအောင်တို့မှ စီးပွားရေး လုပ်ငန်းရှယ်ယာများကို ခွဲဝေပေးထားတယ်လို့လဲ အချို့သောသတင်းများအရ သိရပါတယ်။
    ပြီးခဲ့တဲ့လများအတွင်း သမ္မတကြီးကတော်၊ သမ္မတကြီး မိသားစုနဲ့ ပတ်သက်ပြီး Online မှာတွေ့လာရတဲ့ အကြောင်းအရာလေးတွေက စိတ်ဝင်စားစရာပါ။ သမ္မတကတော်ကြီးအနေနဲ့ ၀န်ထမ်းဘ၀က ထွက်ခဲ့ရင် မုန့်ဟင်းခါး ရောင်းစားမယ်ဆိုတဲ့သတင်း၊ ခြိုးခြံချွေတာတဲ့ သမ္မတကြီး တစ်နှစ်တစ်ခါလာကန်တော့တဲ့ အနီးကပ်က တပည့်တွေ ကို မုန့်ဖိုး ၁၀၀၀ စီပဲ ပေးနိုင်တယ်ဆိုတဲ့သတင်း၊ သမ္မတရဲ့ သမီးနဲ့ သားမက်ဖြစ်သူဟာ သာမာန်မိသားစုတွေလို နေထိုင်ပြီး သမ္မတကြီးရဲ့မြေးဆေးရုံတက်တာတောင် သူဆေးရုံကဆင်းသွားမှ ဦးသိန်းစိန်မြေးဖြစ်ကြောင်း သိရတယ် ဆိုတဲ့သတင်းနဲ့ သမ္မတကတော်ကြီး ဒေါ်ခင်ဝင်းရဲ့ကား ရန်ကုန်မြို့တွင်းသွားလာရာမှာ ယာဉ်ထိန်းရဲရဲ့ စစ်ဆေးခြင်း ကြည်ကြည်ဖြူဖြူနဲ့ခံခဲ့ရတယ်ဆိုတဲ့သတင်းတွေဟာ ကြားရတဲ့ပြည်သူတွေအတွက်တော့ သမ္မတကြီးအပေါ် ပိုမို ယုံကြည်စိတ်တိုးလာပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ ဒီသတင်းတွေဟာ ၂၀၁၅ သမ္မတရာထူးအတွက် ဦးသိန်းစိန်ကို လော်ဘီလုပ်ပေးနေတဲ့ သတင်းတွေလို့လဲ ယူဆနေကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကျော် CNN သတင်းဌာနကြီးက Icon of Reform ပြုပြင်ပြောင်းလဲရေးရဲ့ သင်္ကေတအဖြစ် တင်စားခံရသူ ဦးသိန်းစိန်အနေနဲ့ ၂၀၁၅ မှာ သမ္မတတာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့် ရဦး မှာလား ဆိုတာကတော့.. ကဲ.. ပရိသတ်ကြီးရော ဘယ်လိုထင်မြင်လဲ……?

ထိန်လင်း

Daw Aung San Suu Kyi met with Mr. Dave Cote' Chairman & C.E.O.(HONEYWELL)

လမ်းမပေါ်ထွက် ကစားမယ်

မြန်မာနိုင်ငံသားများအား တရားဥပဒေကြောင်းအရ အကာအကွယ်ပေးရန် မလေးရှားရောက် မြန်မာများ တောင်းဆို

    Created on Saturday, 08 June 2013 09:41

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား တရားဥပဒေကြောင်းအရ အကာအကွယ်ပေးရန် မလေးရှားရောက် မြန်မာများက ဇွန် ၆ ရက်က တောင်းဆိုခဲ့သည်။

မြန်မာလူမျိုးများအား အကာအကွယ် အပြည့်အ၀ပေးရန်အတွက် မလေးရှားဆိုင်ရာ မြန်မာသံရုံးရှေ့တွင် မလေးရှားရောက် မြန်မာများက ဇွန် ၆ ရက်တွင် ဆန္ဒပြရန် ပြုလုပ်ခဲ့သည်။ သို့သော် အဓိကရုဏ်များ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ မလေးရှားရဲများက ဆန္ဒပြခွင့် မပြုခဲ့ကြောင်း၊ လူငါး ဦးကိုသာ ၎င်းတို့ ပြောကြားလိုသည်များကို ပြောကြားခွင့် ပြုခဲ့ကြောင်း၊ ထို့နောက် မလေးရှားရဲချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မလေးရှားဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြလိုသူများက အချက်ခြောက်ချက်ပါ တောင်းဆိုစာကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးထံ ပေးပို့ခဲ့ကြောင်း၊ စာကို မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတရုံးသို့ လည်းကောင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လည်းကောင်း၊ နိုင်ငံတကာ သတင်းဌာနများသို့ လည်းကောင်း၊ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့သို့ လည်းကောင်း၊ မလေးရှားရဲတပ်ဖွဲ့သို့ လည်းကောင်း အသီးသီး ပေးပို့ခဲ့ကြောင်း သိရသည်။

ထိုတောင်းဆိုစာတွင် ယနေ့အထိ မြန်မာနိုင်ငံသားများအား ကြိုတင်ကြံစည်ပြီး နေရာအနှံ့တွင် အကြောင်းမဲ့ ရန်ရှာသတ်ဖြတ်ခြင်းများနှင့် ပတ်သက်၍ မြန်မာသံအမတ်ကြီး ဦးတင်လတ်၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန် ကြီး ဦးရဲထွဋ်တို့၏ တရားဝင်ထုတ်ပြန်ချက်များသည် မှားယွင်းကြောင်းနှင့် လက်ရှိအခြေအနေမှန်ကို ထုတ်ပြန်ပေးရန် တညီတညွတ်တည်း တောင်းဆိုလိုက်သည်ဟု ဖော်ပြထားသည်။

ထို့နောက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က မှားယွင်းကြောင်း ၀န်ခံတောင်းပန်ပေးရန်၊ မလေးရှားရောက် မြန်မာနိုင်ငံသားတို့အား ဥပဒေကြောင်းအရ ကာကွယ်ပေးရန်၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်အား ရာထူးမှ ရပ်ဆိုင်းပေးရန်၊ သေဆုံးသူများ မည်သူမည်ဝါ ဖြစ်ကြောင်းကို တရားဝင် ထုတ်ပြန်ပေးရန်၊ ကျန်ရစ်သူ မိသားစုများအား ကူညီထောက်ပံ့ပေးရန်၊ ဒဏ်ရာရရှိသောကြောင့် ဆေးရုံတွင် တက်ရောက်ကုသနေရသူများအား တရားဝင် ကျန်းမာရေးနှင့် ဆေးဝါးစောင့်ရှောက်မှု အပြည့်အ၀ပေးရန်၊ ယခုဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက် လာသူများအား တရားဥပဒေကြောင်းအရ လုံခြုံမှု အပြည့်အ၀ ပေးရန်တို့လည်း ပါဝင်သည်။

တခါတလေမှာသူတို့ကိုယ်စားကျွန်တော်တို့ကပြောပြပေးနေတာသင့်လျော်တဲ့အခါမျိုးရှိတယ်...

မြန်မာအစိုးရရောပြည်သူကပါရိုဟင်ဂျာလို့သုံးတာလက်မခံဖူး၊ဒါပေမယ့်အသံလွှင့်ဌာနနဲ့
နိုင်ငံတချို့ကဘင်္ဂါလီလို့မခေါ်ကြဖူး၊ထိပ်တိုက်ရင်ဆိုင်ရမယ့်အနီးဆုံးထဲကတခုပဲ....။
ရခိုင်မှာဘင်္ဂါလီကတသန်းကျော်လောက်ရှိမယ်...။အရင်ကအဲ့လောက်မရှိဖူး....။
မြန်မာနိုင်ငံအနေအထားအရနေထိုင်မှုရော၊လူဦးရေပါကန့်သတ်ပေးရတော့မယ်။
လွှတ်ထားရင်နောက်အနှစ်၃၀လောက်မှာဆယ်သန်းလောက်တောင်ဖြစ်သွားနိုင်တယ်။
အနီးကပ်သွားလေ့လာနေသူတွေလည်းသိတယ်...တာဝန်အရလူ့အခွင့်အရေးဘာညာ
အော်ပေးနေရပေမယ့်များပြားလှတဲ့ဘင်္ဂါလီကလေးတွေကိုကြည့်ပြီးသူတို့နိုင်ငံခေါ်ဖို့လဲ
ကြောက်ရွံ့နေတာအမှန်၊

ရန်ကုန်လိုနေရာမျိုးကမွတ်စလင်တွေကလေးယူတဲ့နုန်းထားထက်အဆမတန်များပြားနေ
လို့စိုးရိမ်စရာအခြေအနေမှာနည်းမျိုးစုံနဲ့မြန်မာပြည်အနှံ့နေရာယူဖို့ကြိုးစားလာတာဟာ
ထပ်ဆင့်စိုးရိမ်စရာပါ။နိုင်ငံတော်အနေနဲ့တားဆီးသင့်တာတားဆီးရပါတော့မယ်။
ဒီကန့်သတ်မှုကိုနိုင်ငံတကာကလည်းကန့်ကွက်ရမလိုလို၊ထောက်ခံရမလိုလိုပါပဲ၊
ဒါလူမျိုးရေးအစွန်းရောက်ခေါင်းစဉ်အောက်ထဲ့လို့မရဖူး၊နိုင်ငံတော်ကာကွယ်ရေးခေါင်းစဉ်
အောက်မှာရှိပါတယ်။နိုင်ငံတကာကဖိအားပေးလဲကန့်သတ်ရမှာပဲ..မကျေနပ်ရင်မျှခေါ်ကြ၊

ဥပဒေနဲ့မညီဖူးလို့ပြောတာကဒီလိုဥပဒေကိုပြည်နယ်အစိုးရကထုတ်ခွင့်ရှိမရှိ
၊ပြည်နယ်လွှတ်တော်ကရောမဲခွဲဆုံးဖြတ်မှုရှိခဲ့မရှိခဲ့..စသဖြင့်ဒါကိုပြောတာ..
ဥပဒေလမ်းကြောင်းအတိုင်းပြောတာ...
Rule of the law ပိသုကာရဲ့နုတ်ကခပ်နိမ့်နိမ့်တွေထွက်လာဖို့တော့မရှိပါ။
(ရိုဟင်ဂျာဆိုတာဘာလဲ...ကျမမသိဘူး)
ပြောထားပြီးပြီလေ...ပေါက်တယ်ဟုတ်....

ရဲရင့်ငယ်

မန္တလေးတိုင်းဒေသကြီး တရုတ် ငါးသောင်းကုလား နှစ်သိန်းခန့်ရှိဟုဆို

 မန္တလေးတိုင်းဒေသကြီး အတွင်း၌ တရားဝင် စာရင်းများအရ ယ်ဖွား ငါးသောင်းဝန်းကျင်၊ ဟိန္ဒူနှင့် မွတ်စလင် နှစ်သိန်းခန့်ရှိဟုဆို

    Created on Saturday, 08 June 2013 03:36
first-11.com
မန္တလေးတိုင်းဒေသကြီး အတွင်း၌ အိမ်ထောင်စုဇယားရှိ တရုတ်နွယ်ဖွား ငါးသောင်း ၀န်းကျင်နှင့် ဟိန္ဒူနှင့်မွတ်စလင် နှစ်သိန်းခန့် ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

''မှတ်ပုံတင်ကတ် ထုတ်ပေးထားတဲ့ (ဧည့်) နိုင်ငံသားနဲ့ (ပြု) နိုင်ငံသား အရေအတွက်က အတိအကျ ကောက်ယူနေဆဲပါ'' ဟု တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း၌ ခန့်မှန်းလူဦးရေ ၇၄ သိန်းခန့်ရှိကြောင်း သိရသည်။

လက်ရှိတွင် အိမ်ထောင်စုစာရင်း ပြုလုပ်ရန် လျှောက်ထားသော ဧည့်/ပြု နိုင်ငံသားများလည်း ရှိကြောင်းနှင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ အိမ်ထောင်စုစာရင်းကို ပြုလုပ်ရသည်ဟု သိရသည်။

တရုတ်နွယ်ဖွားများ အနေဖြင့် မန္တလေးမြို့လယ် ဧရိယာများနှင့် ၇၈ လမ်း၊ ၇၃ လမ်း၊ ၂၆ လမ်းအပါအ၀င် အဓိကမိန်းလမ်းမကြီး အနီးတွင် အများစု နေထိုင်ကြပြီး၊ ဟိန္ဒူနှင့် မွတ်စလင်လူမျိုးများမှာ ဈေးချိုတော် အနီးတစ်ဝိုက်နှင့် ၃၅ လမ်းတစ်လျှောက်အပြင် မြို့တွင်းဧရိယာနေရာ အများအပြား၌ တစ်စုတစ်စည်းတည်း ပေါင်းစုနေထိုင်ကြကြောင်း သိရသည်။

''ယူနန်ဘုံကျောင်းစာရင်းမှာ တရုတ်နွယ်ဖွား ခြောက်သောင်းကျော် ရှိတယ်လို့ ဆိုပေမယ့် မြို့ထဲမှာတင် သိန်းဂဏန်းကျော် ရှိနိုင်တယ်'' ဟု မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

အလားတူ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ''တရုတ်က မြို့ပေါ်ရပ်ကွက်တွေမှာပဲ နေကြတာ။ အိန္ဒိယနွယ်ဖွားတွေက မြို့ထဲမှာတင်ဆိုရင် တရုတ်က ပိုများနိုင်တယ်။ တစ်တိုင်းလုံး ဆိုရင်တော့ အိန္ဒိယနွယ်ဖွားက ပိုများနိုင်တယ်'' ဟု သုံးသပ်သည်။

မလေးရှားမှာ နောက်ထပ်မြန်မာတဦး သတ်ဖြတ်ခံရပြန်

Tun Wai
Saturday, June 8, 2013

မလေးရှားမှာ မြန်မာနောက်တဦး ထပ်မံ အသတ်ဖြတ်ခံလိုက်ရပါတယ်။ ယနေ့ နံနက်ပိုင်း ဒေသစံတော်ချိန် ၇ နာရီလောက်က
 ဂျာလန်မတ်လပ်စတာ မှာ ထိုးသွင်းဒဏ်ရာ ၁၀ ခုနဲ့ မြန်မာအမျိုးသား တဦးရဲ့ ရုပ် အလောင်းကို တွေ့ရတာဖြစ်တာပါ။

မလေးရှားနိုင်ငံ ဆာလာရန်း ဈေးတွင်း တနေရာ၊ ဓာတ်ပုံ-မလေးရှားရှိ မြန်မာတဦး

အဆိုပါ ရုပ်အလောင်းကို အလုပ်သမား တဦးက တွေ့ခဲ့တာဖြစ်တယ်လို့ ကွာလာလမ်ပူပို့စ် သတင်းတပုဒ် က ဆိုပါတယ်။

ကွမ်တန်ခရိုင်ရဲအကြီးအကဲက သတင်းထောက်တွေကို ပြောတာမှာတော့ အိပ်ခန်း ကြမ်းပြင်တွေထိ
သွေးတွေ စီးလာတာတွေ့ရသလို သေဆုံးသူရဲ့ အိပ်ခန်းကို ၀င်ရောက်သွားတဲ့ အချိန်မှာ အံ့သြစွာ နဲ့ သေဆုံးသူရဲ့ အလောင်းကို
 တွေ့ကြရတာလို့ ဆိုပါတယ်။

ရဲမှူးက ဆက်ပြောရာမှာ အခင်းဖြစ်ချိန်ဟာ သေဆုံးသူ အိပ်ပျော်နေစဉ် မနေ့ည ၁၂ နာရီလောက်က ဖြစ်
နိုင်တယ်လို့ ထင်မြင် ယူဆ ကြောင်း၊ လူသတ်မှု သံသယရှိသူ အသက် ၁၉၊ အသက် ၂၆ နဲ့ အသက် ၂၈ နှစ်အရွယ် သူ့ လုပ်ဖော်
ကိုင်ဖက်တွေကို ခြေရာခံ စုံစမ်းကာ လိုက်လံ ဖမ်းဆီးနေကြောင်း၊ ပြောပါ တယ်။ ဒါပေမယ့် သေဆုံးသူ မည်သူဖြစ်တယ်ဆိုတာတော့
 အဆိုပါ သတင်းမှာ ဖော်ပြမထားပါဘူး။

သေဆုံးသူရဲ့ ရုပ်အလောင်းမှာ ရုန်းကန် လှုပ်ရှားထားတဲ့ လက္ခဏာ မရှိတဲ့အတွက် သေဆုံးသူ အိပ်ပျော်နေ ချိန်မှာ အုပ်စုနဲ့ သတ်ဖြတ်မှုလို့
ရဲက ယုံကြည်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်ပြောထားပါတယ်။

လွန်ခဲ့တဲ့ တပတ်အတွင်း မလေးရှားနိုင်ငံရောက် မြန်မာ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ
ရခဲ့ကြတာပါ။ ဒီနောက်မှာတော့ မြန်မာအစိုးရက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို ဇွန်လ ၄ ရက်နေ့က
သတိထောက်လွှာပေးပြီး မြန်မာနိုင်ငံသားတွေ အသက်၊ ပစ္စည်း ဆုံရှုံးခဲ့ရမှုတွေ စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနေ့ ညက စပြီး မလေးရှားမှာ မြန်မာမှန်သမျှ ဖမ်းဆီးခဲ့ရာ ၁ ထောင်ဝန်းကျင် ဖမ်းဆီးခံခဲ့ရတာလည်း ရဲအရာရှိတဦး ပြောခဲ့ပါသေးတယ်။
ဒါပေမယ့် အထောက်အထားရှိတဲ့ မြန်မာတွေကိုတော့ ပြန်လွှတ်ပေး တယ်လို့လည်း မလေးရှားက မြန်မာတချို့က ပြောပါတယ်။

ဒါကြောင့် မလေးရောက် မြန်မာတွေအနေနဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရ၊ အော်ပရာဇီ လို့ ခေါ်တဲ့ ရဲ၊ လ၀က၊ ပြည်သူ့စစ်တွေ
ဖမ်းခံရမှာလည်း စိုးရိမ်ရနဲ့ အခြေစိုက်နေတာမို့ မြန်မာသံရုံးရဲ့ အကူအညီကို မျှော်လင့်ခဲ့ပေမယ့် မရခဲ့ကြဘူးလို့ မလေးရှားရောက်
 မြန်မာတွေက ဆိုကြပါတယ်။

ဒါကြောင့်လည်း လွန်ခဲ့တဲ့ အပတ်က မလေးရှားရှိ မြန်မာသံရုံးရှေ့မှာ မြန်မာ ၅ ဦးက ဆန္ဒဖော်ထုတ်ခဲ့ကြ ပါသေးတယ်။

စိုးရိမ်နေရတဲ့ မြန်မာတွေ အတွက် သံရုံးကို ကူညီဖို့၊ သံအမတ်ကြီး နုတ်ထွက်ပေး ဖို့နဲ့ သတင်းမှန် ထုတ်ပြန်ပြီး သေဆုံး၊ ထိခိုက်
 နာကျင်ခဲ့ရသူများကို ကူညီပေးဖို့၊နဲ့ မြန်မာနိုင်ငံသားတွေကို အကာ အကွယ်ပေးဖို့တွေ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

Posted in: Lin Thant , tunwai

KUANTAN - A Myanmar man was found dead with 10 stab wounds at a funeral premises in Jalan Mat Luster, near here, today.

Pin bodies hling Mg, 41, was found by another employee when she arrived for work at 7 o'clock this morning, Kuantan district
police chief ACP Mohd Yusoff Physical told reporters here.

"My colleagues of the victim went to the bedroom victim with intent to surprise the victim before seeing blood stains on the floor near the room.

"After opening the door, saw the victim's colleagues in tilted and covered in blood," he said.

Physical Mohd said the incident was believed to have occurred at 12 pm last night when she was sleeping.

He said police are now hunting for three suspects Myanmar colleagues also victims aged 19, 26 and 28 years.

"Police believe grudge case because the victim was killed while sleeping, there is no effect of the struggle," he said. - MS
http://www.kualalumpurpost.net/mayat-warga-myanmar-ditemui-dengan-kesan-tikaman/

KNU ဥက္ကဋ္ဌသမီး မြဝတီတွင် ကိုယ်ပိုင်ကျောင်းဖွင့်

The Voice Weekly
.......................................................
မြဝတီ၊ ဇွန် ၆

တပ်မတော်အစိုးရ လက်ထက် ရန်ကုန်မြို့၌ လျှို့ဝှက်စွာ ကျောင်းတက်ခဲ့သည့် ကရင်အမျိုးအသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ သမီးဖြစ်သူ နော်ဆာလော်အဲထူးမူတူး ဆေးဖိုးသည် ကရင်ပြည်နယ် မြဝတီခရိုင် အတွင်း ကျပ်သိန်းပေါင်း ၆၀၀ ကျော် အကုန်အကျခံကာ ပုဂ္ဂလိကအလယ်တန်းကျောင်း ဖွင့်လှစ်ခဲ့ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးက The Voice သို့ ပြောကြားသည်။

အဆိုပါကျောင်းသည် ကပေါ်ထာဟု အမည်ရပြီး မြန်မာဘာသာဖြင့် လင်းအရုဏ်ဟု အမည်ရကြောင်းနှင့် ထိုကျောင်းသည် ကျောင်းသားများကို အခမဲ့သင်ကြားပေးမည့် ကျောင်း ဖြစ်ကြောင်း၊ ကျောင်းကို ဇွန်လ ၄ ရက်နေ့ က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ကရင်အမျိုးသား စာပေ သင်ကြားပေးနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၄င်းထံမှသိရသည်။

ယင်းအလယ်တန်းကျောင်းတွင် ကျောင်းသားပေါင်း ၁၀၀၀ ကျော်ကို စာသင်ကြားပေး နိုင်ကြောင်း၊ လက်ရှိတွင် ကျောင်းသားပေါင်း ၈၀ ကျော်ကို ဆရာ ငါးဦးဖြင့် သင်ကြားပေးလျက်ရှိကြောင်း KNU ဥက္ကဋ္ဌက ဆိုသည်။
ယင်းသို့ ကိုယ်ထူကိုယ်ထ အခမဲ့ ကျောင်းများကို ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကကတိပေး ပြောကြားသည်။

"အစိုးရဖွင့်တဲ့ ကျောင်းတွေကို ပြိုင်ချင်လို့ဖွင့်တာ မဟုတ်ပါဘူး၊ ကရင် ကလေးတွေကို ပညာတတ်ဖြစ်စေချင် တာရယ်၊ ကရင်ဘာသာစကားနဲ့ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းချင် တာရယ် ကြောင့်ပါ" ဟု ၄င်းက ကျောင်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။

ကပေါ်ထာ (လင်းအာရုဏ်) အလယ်တန်းကျောင်းတွင် အစိုးရသင်ရိုးများနှင့် ကရင်စာပေကို ပေါင်းစပ်သင်ကြား ပေးမည်ဖြစ်ကြောင်း မြဝတီခရိုင် ပညာရေးမှူး ဦးတင့်ဝေသုန်က ပြောကြားသည်။

အဆိုပါအလယ်တန်းကျောင်းတွင် မြဝတီခရိုင်အတွင်းရှိ ကလေးကျေးရွာ၊ မဲကနယ်ကျေးရွာ၊ ထီးမှူးထကျေးရွာ၊ နို့ဖိုး ကျေးရွာတို့မှ ကျောင်းသားများကို ပညာသင်ကြားပေးမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါပုဂ္ဂလိကကျောင်း ဖွင့်လှစ်သူ နော်ဆာလော်အဲထူးမူတူးဆေးဖိုး သည် တပ်မတော်အစိုးရ လက်ထက်တွင် ရန်ကုန် တက္ကသိုလ်၌ မဟာသိပ္ပံ ဘွဲ့ရသည် အထိ လျှို့ဝှက်စွာ ကျောင်းတက်ခဲ့ကြောင်း အဆိုပါ KNU ဥက္ကဋ္ဌက ဆိုသည်။

စစ်တပ်ဆက်နွယ် ရင်းနှီးမြှုပ်နှံမှုအပေါ် ဒေါ်စုအမြင်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အဓိက အကန့်အသတ်နှစ်ခုဟာ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံ အဆောက်အအုံပိုင်းဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ ဒါ့အပြင် စစ်ဘက်နဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ လုပ်ဆောင်သင့်တာကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ကဏ္ဍစုံ အပြောင်းအလဲတွေ လုပ်လာခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့် ပေးထားပေမဲ့လည်း စီးပွားရေး လုပ်ငန်းတွေ ပေါပေါများများ မတွေ့ရသေးတာဟာ လက်တွေ့ ရင်းနှီးမြှုပ်နှံတာထက် လေ့လာစုံစမ်းတာက ပိုများနေသေးတာကြောင့်ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ လာလည်ကြ ပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုက လိုက်မလာတာကိုတွေ့ရမယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ သူတို့တွေ ဘာ့ကြောင့် တွန့်ဆုတ်ကြတာလဲ ဆိုတာအပေါ် သူတွေ့ရတဲ့ကိစ္စရပ်နှစ်ခုကို အခုလိုပြောခဲ့ပါတယ်။

"သူတို့ရဲ့စိုးရိမ်ချက်ကို အခု ကျမတွေ့ရတာက အခြေခံအားဖြင့် တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံအဆောက်အအုံပိုင်းပါ ပဲ။ ဒီနှစ်ခုဟာ တကယ့်ရင်းနှီးမြှု့ပ်နှံမှုတွေအတွက် အတားအဆီးတွေပါပဲ။ ဟုတ်ပါတယ်၊ သူတို့က ဒီကိုလာပြီး အခုအချိန်ဟာ ရင်းနှီးမြှုပ်နှံဖို့အတွက် အကောင်းဆုံးအချိန် ဟုတ်ရဲ့လားဆိုတာ ကြည့်ပါတယ်။ ဒီနိုင်ငံမှာ ကြီးမားတဲ့ဖြစ်နိုင်ခြေတွေ ရှိနေတယ်၊ ကြီးမားတဲ့အလားအလာတွေ ရှိနေတယ်ဆိုတာ သူတို့ သေချာပေါက်တွေ့ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အလုံးအရင်းနဲ့ ၀င်မလာသေးပါဘူး။ သူတို့ဟာ တရားဥပဒေစိုးမိုးရေး အခြေအနေပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ပြီးတော့ အခြေခံ အဆောက်အအုံ အားနည်းတာကလည်း အရမ်းကို ကြီးမားနေပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို စစ်ဘက်နဲ့ စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်တဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက နှစ်ပေါင်းများစွာ ချုပ်ကိုင်လာခဲ့တာပါ။ ရင်းနှီးမြှုပ်နှံဖို့လိုအပ်တဲ့ ငွေအရင်းအနှီး အလုံးအရင်းဟာ သူတို့တွေ့လက်ထဲမှာပဲ ရှိနေတာကြောင့်လည်း ဒီကနေ့အချိန်လို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေးလိုက်ချိန်မှာ စစ်ဘက်နဲ့ ခရိုနီတွေပဲ လက်ဝါးကြီးအုပ်သွားမလားလို့ စိုးရိမ်တာတွေကရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကုန်ထုတ်လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ သတင်းမီဒီယာမှာပဲဖြစ်ဖြစ် ဘယ်လိုရင်းနှီးမြှုပ်နှံတယ်ဆိုတာကို ကြည့်ရမှာဖြစ်တယ်လို့ပြောပြီး စစ်ဘက်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို အခုလိုရှင်းပြပါတယ်။

"စစ်ဘက်နဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံတဲ့တချိန်တည်းမှာ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းကောင်းဖြစ်လာစေမယ့် အကျိုးအတွက် စစ်တပ်ကို မျက်စိဖွင့်ပေးရပါမယ်။ ဒါဟာ သင်ယူခြင်း-သင်ပြခြင်း လုပ်ငန်းစဉ်ဖြစ်သင့်ပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန်လ ၇ ရက် သောကြာနေ့က မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် ရရှိရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်တိုင်ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ပြီး ရင်းနှီးမြှုပ်နှံ မှုကိစ္စ၊ အလုပ်အကိုင် အခွင့်အလန်း ဖန်တီးရေးကိစ္စ၊ အသက်မွေးဝမ်းကျောင်း ပညာရေးကိစ္စ၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးကိစ္စတွေကို ဆွေးနွေး ပြောဆိုခဲ့တာပါ။ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံတ၀န်းက လူထုအားလုံးအတွက် အကျိုးဖြစ်ထွန်းဖို့ အဓိကကျပြီး ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ သူတို့အကျိုးအမြတ်ကိုရော သူတို့လာပြီးရင်းနှီးမြှုပ်နှံတဲ့ တိုင်းပြည်ရဲ့အကျိုးအမြတ်ကိုရော နှစ်ခုစလုံး ကို အမြင့်ဆုံးဖြစ်အောင် လုပ်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးသူအားလုံးက ကျွမ်းကျင်လုပ်သား အများအပြား မွေးထုတ်ရေးကိစ္စမှာ ပညာရေးကဏ္ဍကို ပြုပြင် ပြောင်းလဲဖို့၊ ကလေးငယ်တွေ အာဟာရပြည့်ဝအောင်လုပ်ဖို့၊ လက်မှတ်ရရုံ သက်သက် ကျောင်းသင်ပညာရေးကိုသာ လိုက်မနေဘဲ အဆင့်မြင့် ၀င်ငွေကောင်း အလုပ်အကိုင်တွေရစေမယ့် အသက်မွေးဝမ်းကျောင်း ဘာသာရပ်သင် ပညာရေးကိုလည်း ထွန်းကားအောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) Photo: စစ်တပ်ဆက်နွယ် ရင်းနှီးမြှုပ်နှံမှုအပေါ် ဒေါ်စုအမြင် 

ဗွီအိုအေ (မြန်မာပိုင်း)

ဖိလစ်ပင်း သမ္မတ အကွီနို က နှုတ်ဆက်