Sunday, June 9, 2013
ရာဇာမင်း ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်
နေပြည်တော်၊ ဇွန် ၉
ရဲဇာနည်
၈-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ၈ဇ/xxxx ရာဇာမင်းခရီးသည်တင်မှန်လုံယာဉ်သည် သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး၊ ဘုရားကုန်းကွေ့အရောက်၌ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့်ခရီးသည်များအနက် သေနတ်အတိုကိုင်ဆောင်ထားသူ၅ဦးကယာဉ်အားအနီးရှိ မြေသားလမ်းအတိုင်း တောတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ခေါ်ဆောင်သွားကြောင်း သတင်းရလျှင်ရခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများ ပူးပေါင်း၍ လိုက်လံ စုံစမ်းရှာဖွေခဲ့ရာ ၂၁၄၅ အချိန်တွင် ယာဉ်အားတောင်စွန်းဘုရားကုန်း ဘုန်းကြီးကျောင်း အ၀င်လမ်း၊ မော်လမြိုင်-ရန်ကုန်ကားလမ်းနှင့် ၁ ဖာလုံခန့်အကွာ၌ တွေ့ရှိရသည်။ ယာဉ်အား စစ်ဆေးရာ ယာဉ်၏ယာဘက်ဘေး ပစ္စည်းထည့်သည့်နေရာအနီးတွင် ယာဉ်နောက်လိုက် နိုင်လင်းထွန်း (၂၆)နှစ်အား ဦးခေါင်း၌ သေနတ်ဒဏ်ရာ(၁)ချက်နှင့် သေဆုံးနေကြောင်း တွေ့ရှိရပြီး ယာဉ်၏မြောက်ဘက် ကိုက်(၄၀)ခန့်အကွာ၊ ခြုံနှင့်လယ်ကွင်းအကြားတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ ယာဉ်မောင်း ဇော်လင်းထူး(၃၈)နှစ်အား ပါးစပ်၌သေနတ်ဒဏ်ရာ(၁)ချက်ဖြင့် သွေးများထွက်လျက် တွေ့ရှိရသည်။
ထို့ပြင် ယာဉ်ပေါ်သို့စစ်ဆေးခဲ့ရာ ယာဉ်မောင်းထိုင်ခုံဘေးတွင် ၉ မမ ကျည်ခွံ(၁)တောင့်၊ ယာဉ်မောင်းထိုင်ခုံနောက် ၂ ခုံကျော်တွင် ၉ မမ ကျည်ခွံ (၂)တောင့်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ပြီး ခရီးသည်များအခြေအနေအား စုံစမ်းရာ ခရီးသည်အချို့မှာ သထုံမြို့““မိဘမေတ္တာ””ထမင်းဆိုင်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။ ထမင်းဆိုင်သို့ သွားရောက်စုံစမ်းခဲ့ရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နေ ဦးထိန်(၄၇)နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်နေ ယာဉ်မောင်းအကူ ဦးညီညီအောင်(၅၈)နှစ်ပါ (၆)ဦးတို့အား တွေ့ရှိခဲ့ရပြီး ခရီးသည်အချို့မှာ မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့် မော်တော်ယာဉ်များဖြင့် လိုက်ပါသွားကြောင်း သိရှိရသည်။
စုံစမ်းစစ်ဆေးချက်များအရ သေနတ်သမား(၅)ဦးမှာ ယာဉ်ပေါ်၌လိုက်ပါလာခဲ့ပြီး တောင်စွန်းရွာအလွန် ဘုရားကုန်းကွေ့အနီးအရောက်တွင် သေနတ်ပစ်ဖေါက်၍ ယာဉ်အား ဘုရားကုန်း ဘုန်းကြီးကျောင်းလမ်းထဲသို့ ၁ ဖာလုံခန့်မောင်းခိုင်းပြီး ယာဉ်အားရပ်တန့်ခိုင်းကြောင်း၊ ထို့နောက် ခရီးသည်များအား ယာဉ်ပေါ်မှဆင်းခိုင်းပြီး ရွှေ၊ ငွေ ပစ္စည်းများ ယူဆောင်ကြကြောင်း၊ သေနတ်သမားအားလုံး အရပ်ဝတ်ဖြင့် ကက်ဦးထုပ်ဆောင်းထားကြောင်း၊ ၂ ဦးမှာ မျက်နှာဖုံးအမဲရောင် စွပ်ထားကြောင်း၊ စကားပြောရာတွင် ပါးစပ်ကိုလက်ဖြင့်အုပ်၍ အသံဖျက်ပြောကြောင်း၊ အခင်းဖြစ်ချိန် တွင် ကားမီးမှိန်ထားသဖြင့် ကောင်းစွာမမှတ်မိကြောင်းနှင့် ရာဇာမင်းယာဉ်ပိုင်ရှင်အား မကျေနပ်၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်၍ ၂၃၅၀ အချိန် ဒဏ်ရာရရှိသည့် ယာဉ်မောင်း ဇော်လင်းထူးအား သထုံဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ၉-၆-၂၀၁၃ ရက်နေ့ ၀၁၁၅ အချိန် မော်လမြိုင်ဆေးရုံသို့ ဆက်လက်တင်ပို့ကုသခဲ့သည်။ ပြစ်မှုကျူးလွန်သူ သေနတ်သမား ၅ ဦးအား သထုံမြို့မရဲစခန်း (ပ)၉၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး ရဲတပ်ဖွဲ့က လိုအပ်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
လူ့အသက်တချောင်းလက်တွေ့ကယ်ရန်ဤစာကိုပို့ခြင်းဖြင့်ကယ်တင်ပေးကြပါ။
Ohn Mar Oo
လူ့အသက်တချောင်းလက်တွေ့ကယ်ရန်ဤစာကိုပို့ခြင်းဖြင့်ကယ်တင်ပေးကြပါ။
ပြည်သူတွေအားလုံးတယောက်ချင်းစီစာပို့ကြပါ။ကျွန်မတို့မြန်မာနိုင်ငံသားတွေအတွက်
စာပို့ဖို့အီးမေးလ်လိပ်စာ တွေကိုအဆင်သင့်မိမိနာမည်အောက်ကထည့်ပြီးပို့ယုံပါပဲရှင်။ စာသားရောကူးပြီးတန်းပို့ပေးပါ။ဒီစာတစောင်ပို့တအသက်တချောင်းကိုကယ်တာနဲ့
ညီမျပါတယ်။သူငယ်ချင်းတွေအဆင့်ဆင့်လက်ကမ်းပြီးဖြန့်စေချင်ပါတယ်ရှင်။
(အီးမေးနေရာမှာဤလိပ်စာများကိုကော်ပီကူးပြီးဖြည့်ပါ)
malalgier@kln.gov.my, malbnaires@kln.gov.my, mwbaires@fibertel.com.ar, mwperth@cgmperth.net, malperth@kln.gov.my, malcanberra@malaysia.org.au, malcnbera@kln.gov.my, contact@msda.org.au, malvienna@kln.gov.my, embassy@embassymalaysia.at, malmnama@kln.gov.my, mwdhaka@citech-bd.com, malbrusel@kln.gov.my, malsrjevo@kln.gov.my, mwsrjevo@malbih.com.ba, malbrasilia@kln.gov.my, mwbrasilia@terra.com.br, malbrnei@kln.gov.my, malppenh@kln.gov.my, malvncver@kln.gov.my, malottawa@kln.gov.my, mwstg@embdemalasia.cl, mwbjing@kln.gov.my, mwshang@public1.sta.net.cn, malgzhou@kln.gov.my, malzgreb@kln.gov.my, malhavana@kln.gov.my, mwprague@mwprague.cz, mwcairo@soficom.com.eg, malcairo@kln.gov.my, malsuva@kln.gov.my, malhsinki@kln.gov.my, malparis@kln.gov.my, mwberlin@malemb.de, malfrankfurt@kln.gov.my, mwfrankfurt@malcg.de, mwcky@sotelgui.net.gn, malbdpest@kln.gov.my, mwbdpest@axelero.hu, mwmadras@dataone.in, maljakarta@kln.gov.my, mw.rome@embassymalaysia.it, maltokyo@kln.gov.my, malvntian@kln.gov.my, mwvntian@laopdr.com, mwmexico@prodigy.net.mx, malyangon@kln.gov.my, malhague@kln.gov.my, malaysia@euronet.nl, mwwelton@xtra.co.nz, malmanila@kln.gov.my, mwwarsaw@poczta.neostrada.pl, malwarsaw@kln.gov.my, malmoscow@kln.gov.my, mwspore@singnet.com.sg, malprtoria@kln.gov.my, malseoul@kln.gov.my, mwmadrid@adv.es, malmadrid@kln.gov.my, malcolmbo@eureka.lk, malhoc@eureka.lk, malcon@eureka.lkmwstholm, malberne@kln.gov.my, malgeneva@kln.gov.my, mwgeneva@ties.itu.int, malbangkok@kln.gov.my, mwlon@btconnect.com, malwashdc@kln.gov.my, malnycg@kln.gov.my, mwla@pacbell.net, malhcminh@kln.gov.my
(Subject - အကြောင်းအရာနေရာမှာဤစာကြောင်းကိုကော်ပီကူးပြီးထည့်ပါ)
Re: Reporting the Slaughtering of Burmese people in Malaysia
(စာထည့်ရမည့်နေရာတွင်ဤစာကိုဖြည့်ပါ)
Dear Your excellency,
I am wring this letter to inform you injustice facing of our Burmese people in Malaysia. Burmese migrant workers in Malaysia are violently slaughtered almost every day in recent weeks by state-sponsored crimes as the retaliation of recent conflicts in Burma. According to the reports, we have learnt that these atrocious and barbaric attacks were pre-arranged and pre-plotted. We are very concerned that Burmese especially Buddhists and non-Muslims are brutally murdered and slayed to death in Malaysia. Burmese and Buddhist migrant workers are the minority in Malaysia and Malaysia government is so far failed to protect the people of Burma. It seems that Malaysian government got no will to stop killing of non-Muslim Burmese migrant workers. We believe in non-violent committed and we denounce any form of violent or terrorist action taken by any group or any person.
Therefore, we call for your government to kindly address this issues urgently and to help protecting Burmese citizens residing and working in Malaysia who are facing imminent and immediate loss of their lives.
Yours sincerely,
(မိမိနာမည်ဤနေရာတွင်ထည့်ပါ)
သမ္မတ အဖြစ် မြင်လိုတယ်
(Ko MawPyay's video)
ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်မဟာအံ့ထူးကံသာ မီးပုံးပျံကွင်းမှာ ဟောပြောပွဲလုပ်
အကြမ်းဖက်နေတဲ့အဖွဲ့ section 15 ဖက်ကိုရောက်ရှိနေပြီ
Shwe Myaing Thu
အခုလက်ရှိအကြမ်းဖက်နေတဲ့အဖွဲ့ အသုံးပြုနေတဲ့ကားဟာ အညိုရောင်ဖြစ်ပြီး
ညနေပိုင်းလောက်က shah alam , putra height ဖက်ကို ဝင်ရောက်ခဲ့ပြီးတော့
အခုညပိုင်းအချိန်မှာ section 15 ဖက်ကိုရောက်ရှိနေပြီလို့ သိရပါတယ်။
သူတို့စီးနင်းအသုံးပြုနေတဲ့ ကားအတွင်းမှာ အိမ်ခန်းအမျိုးမျိုး သော့အမျိုးမျိုးကို
အလွယ်တကူဖျက်နိုင်တဲ့ ပစ္စည်းများအစုံအလင်ပါဝင်ပြီး
ဓါးလက်နက်မျိုးစုံသယ်ဆောင်ထားကြောင်းသိရပါတယ် ။
အဆိုပါအဖွဲ့ဟာ အစ္စလာမ်ခေါင်းဆောင်းများ အားလုံးလိုလိုဆောင်းထားကြပြီး
အဖွဲ့ဝင် ၃၅ ယောက်ပတ်ဝန်းကျင်ခန့်ရှိကြောင်း သိရှိရပါတယ် ..
Min Lulin
Shah Alam Section 15 မှာ မြန်မာမိန်းကလေးနှစ်ယောက်အသတ်ခံရမှု အတည်ပြု ။
ဒေါ်အောင်ဆန်းစုကြည် မဟာအံ့ထူးကံသာ မီးပုံးပျံကွင်းမှာ ဟောပြောပွဲလုပ်
**ဒု ဗိုလ်ချုပ်ကြီးယွတ်စစ် ပြည်တွင်းခရီးစဉ်**
သျှမ်းနီလူငယ် ကွန်ယက်'s photo.<
**ဒု ဗိုလ်ချုပ်ကြီးယွတ်စစ်   ပြည်တွင်းခရီးစဉ်**
RCSS/ SSA ဒု ဗိုလ်ချုပ်ကြီးယွတ်စစ်နှင့်အဖွဲ့ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရန် လေယဉ်ဖြင့်ထွက်ခွာ သမ္မတ ဦးသိန်စိအပြင် ရန်ကုန်ရှိ နိုင်ငံရေးသမားများ၊ ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူမှုအဖွဲ့စည်း ခေါင်းဆောင်းများနှင့်လည်း တွေ့ဆုံရန် ရည်ရွယ်ထားကြောင်း နှင့် မန္တလေးနှင့် တောင်ကြီးသို့ သွားရန်လည်းစီစဉ်ထားကြောင်းသိရသည်။
RCSS/ SSA ဒု ဗိုလ်ချုပ်ကြီးယွတ်စစ်နှင့်အဖွဲ့ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရန် လေယဉ်ဖြင့်ထွက်ခွာ သမ္မတ ဦးသိန်စိအပြင် ရန်ကုန်ရှိ နိုင်ငံရေးသမားများ၊ ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူမှုအဖွဲ့စည်း ခေါင်းဆောင်းများနှင့်လည်း တွေ့ဆုံရန် ရည်ရွယ်ထားကြောင်း နှင့် မန္တလေးနှင့် တောင်ကြီးသို့ သွားရန်လည်းစီစဉ်ထားကြောင်းသိရသည်။
အကြမ်းဖက်မှုများ ဆက်ဖြစ်နေပါက မလေးရှားသို့ လုပ်သားစေလွှတ်မှုရပ်ဆိုင်းမည်
    08 June 2013  |
    By 7Day News
အကြမ်းဖက်မှုများ ဆက်ဖြစ်နေပါက မလေးရှားသို့ လုပ်သားစေလွှတ်မှုရပ်ဆိုင်းမည်မလေးရှား နိုင်ငံတွင် မြန်မာနိုင်ငံ သားများ အပေါ် အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားနေပါက မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှုများ ရပ်ဆိုင်း သွားမည် ဖြစ်ကြောင်း အလုပ်သမား ရေးရာဝန်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခ များကြောင့် မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံ သားများ အကြမ်းဖက်မှုများ နရပြီး ဇွန် ၅ ရက်ထိ မြန်မာနိုင်ငံသား လေးဦး သေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိကာ ၁၀၀၀ ကျော် ဖမ်းဆီး ခံထားရ ကြောင်း သတင်း ရရှိသည်။
“မလေးရှားမှာ ဆက်ပြီးတော့ ပြဿနာတွေ ထပ်ဖြစ်နေရင်တော့ အလုပ်သမား စေလွှတ်မှုတွေကို ရပ်ဆိုင်း ထားမှာပါ”ဟု အလုပ်သမားရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။ မလေးရှား နိုင်ငံတွင် ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ သားများ သတ်ဖြတ်ခံရမှုနှင့် ဖမ်းဆီးခံရမှု များကို မလေးရှားရှိ မြန်မာ သံရုံးက စီစဉ်ဆောင်ရွက် နေကြောင်း ဒုဝန်ကြီးဦးမြင့်သိန်းက ဆက်လက် ပြောသည်။
မေ ၃၀ ရက်မှ ဇွန် ၄ ရက်အ ထိ ဆလန်းဂါးပြည်နယ် အချို့နေရာနှင့် ကွာလာလမ်ပူမြို့တို့တွင် မြန်မာ နိုင်ငံသားများနှင့် မလေးရှားဒေသခံ များသည် အနည်းဆုံး ခုနစ်ကြိမ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ တိုက်ခိုက် မှုများကြောင့် မြန်မာနိုင်ငံ သားလေးဦး သေဆုံးပြီး ခုနစ်ဦးဒဏ် ရာရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ခိုက်ရန်ဖြစ်ပွားသည့် ဆာလာရမ်းမြို့နယ်တွင် မလေးရှားရဲတပ်ဖွဲ့က တရားမ၀င် ၀င်ရောက်နေထိုင် သူများကို ရှာဖွေစစ်ဆေးနေသော်လည်း တရားခံနှင့် သံသယဖြစ်ဖွယ်ရှိသူများထက် မြန်မာများကိုသာ သဲသဲမဲမဲ ဖမ်းဆီးနေသည်ဟု ယူဆရသောကြောင့် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသားအများစုမှာ ကြောက်လန့်စိုးရိမ်နေကြကြောင်း၊ အလုပ်ခွင်ဝင်ရန်ပင် ထိတ်လန့်နေ ပြီဖြစ်ကြောင်း ပိနန်နာရေးကူညီမှုအသင်းမှ ဦးခင်မောင်ဝင်းက ပြောသည်။
မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားဦးရေ ၅၀၀၀၀၀ ၀န်းကျင်ခန့်ရှိပြီး တရားဝင်နေထိုင် သူ ၂၀၀၀၀၀ ၀န်းကျင်၊ တရားမ၀င် နေထိုင်သူ ၂၀၀၀၀၀ ၀န်းကျင်နှင့် နိုင်ငံရေးခိုလှုံသူလူဦးရေ ၁၀၀၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း သတင်းရရှိသည်။ ဇွန်လ ၅ ရက်ကလည်း မလေး ရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်က မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှားနိုင်ငံ ရဲချုပ်တို့ထံ သွားရောက်တွေ့ဆုံကာ မြန်မာနိုင်ငံသားများ အကြမ်းဖက် ခံရမှုတွင် ပါဝင်ကူညီဖော်ထုတ်ပေးရန် ပြောကြားထားသည်။
အဆိုပါ မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများ ကြောင့် ဇွန် ၆ ရက်တွင် မလေးရှားရောက် မြန်မာအဖွဲ့အစည်းများဖြစ်ကြသော ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ NLD YOUTH (LA) Malaysia GSC အထွေထွေ သပိတ်ကော်မတီနှင့် KEPONG နာရေးကူညီမှုအသင်းတို့မှ ခေါင်းဆောင် ငါးဦးက လက်ရှိဖြစ်ပေါ် နေသော ကိစ္စများကြောင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
ဇွန် ၇ ရက်တွင်လည်း မလေးရှား နိုင်ငံရောက် မြန်မာများကို ဆက်လက်ဖမ်းဆီးမှုများပြုလုပ်နေ ကြောင်း ခပ်ပွန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားသည်။ မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအနက်အထောက်အထားစာရွက်မရှိသည့်သူများကို ဖမ်းဆီးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်ကပြောသည်။
“အထောက်အထားမရှိတဲ့ သူတွေကို ဖမ်းတယ်။ ပတ်စပို့မိတ္တူရှိ ရင်တောင် မြန်မာနိုင်ငံကို ပြန်ခွင့်ပေးမှာပါ။ အဲလို မြန်မာနိုင်ငံကို ပြန် ပို့ပေးတာ ၁၂၀၀၀ လောက်ရှိပါပြီ”ဟု ဦးတင်လတ်က ပြောသည်။
လူထုဆန္ဒခံယူပွဲလုပ်လုပ် လွှတ်တော်မှာ ဆုံးဖြတ်ချက်ဘဲယူယူ
လူထုဆန္ဒခံယူပွဲလုပ်လုပ် လွှတ်တော်မှာဘဲ ဆုံးဖြတ်ချက် ယူယူ မဲဆုံးဖြတ်ပြီး တစ်ခုခုတော့ ဆောင်ရွက်ရတော့မည်
=========================================================
ယခုတလော မြန်မာနိုင်ငံ၏ ရေပန်းအစားဆုံး နိုင်ငံရေးပြသနာ တခုမှာ -၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအကြောင်းဖြစ်သည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမှီက ပြုလုပ်သောဘီဘီစီ၏ အနာဂါတ်မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်သည့် ၀န်ကြီးဦးစိုးသိန်းနှင့် စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ ရာတွင်လည်း ယင်းအကြောင်းကို ထည့်သွင်းပြောဆိုခဲ့ သည် ။ ဒေါ်အောင်ဆန်းစုကြည်မှာ ဤစကားစစ်ထိုးပွဲ တခုထဲတွင်သာ -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြောဆိုနေခြင်းမဟုတ် ။ အချိန်ရသရွေ့ ပြောဆိုနေခြင်းဖြစ်သည် ။
     မြန်မာနိုင်ငံအစိုးရ ၀န်ကြီးများကလည်း ဤဥပဒေကို မည်သို့ မှ မပြင်ဆင်တော့ကြောင်းကိုလည်း တင်ပြပြောဆိုနေကြပြီးဖြစ်သည် ။ မနေ့ က ကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ဦးဋ္ဌေးဦးကလည်း ပြင်ဆင်စရာ မရှိကြောင်း ရုပ်သံလွှင့်ပြောဆိုနေသည်ကို တွေ့ ရသည် ။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် အခြားနိုင်ငံရေးပါတီများမှလည်း ပြင်ဆင်စရာ မလိုကြောင်း ကြေညာချက်တွေ ထုတ်ပြန်နေသည် ။ မြန်မာနိုင်ငံပြည်တွင်းထုတ် သတင်းစာ ဂျာနယ်စာစောင်တို့ မှာလည်း -၁၉၈၂-ခုနှစ် ဥပဒေကို ပြင်ဆင်စရာမလိုကြောင်း ရေးသားနေကြသည်ကို တွေ့ ရသည် ။ ရခိုင်ပြည်နယ်တွင် လူထုဆန္ဒပြပွဲ ပြုလုပ်နေကြပြီ ။ အခြားပြည်နယ်များမှလည်း လူထုဆန္ဒပြပွဲ ပြလုပ်လာကြအုံးမည်ဟု ခန့် မှန်းနိုင်သေးသည် ။
     ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးသိန်းညွန့် ၏ လွှတ်တော်မှာ အဆိုတင်ပြနိုင်သည် ဆိုသော စကားကို လက်သင့်ခံရန် လိုအပ်သည်ဟု ထင်မြင်သည် ။ ဤပြသနာသည် တစ်ယောက်တမျိုး ပြောနေရုံနှင့် ရေးနေရုံနှင့်  ပြီးမြောက်မည့် ပြသနာမဟုတ်ချေ ။ တချိန်တည်းမှာပင် ဤပြသနာကို အကြောင်းပြုလုပ်ပြီး ပြည်တွင်းနေ မြန်မာနိုင်ငံသူ နိုင်ငံသားတို့ ကလည်း တစ်ဦးကို တစ်ဦးပုပ်ခတ်ပြီး ပြောနေစရာ မလို ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝေဖန်အပြစ်တင်စရာလည်း မလိုတော့ ။ အခြားတဖက်မှာ ပြည်ပမှ ၀င်ရောက်စွက်ဖက်တတ်သည့် နိုင်ငံတကာမှ အန္တရယ်များကိုလည်း တွက်ချက်ထားရန်လိုနေသည် ။
   ထို့ ကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မိမိ၏ပြောရေးဆိုခွင့်ရှိသော ဘူမိနက်သန်နယ်မြေဖြစ်နေသည့် ပြည်သူ့ လွှတ်တော်တွင် -၁၉၈၂-ခု နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေ၌ ဤအချက်သည် အားနည်းနေသည်- ဤအချက်သည် ပြင်ရမည်ဆိုသောအချက်အလက်များကို တိတိကျကျ တင်ပြဆွေးနွေးရန်လိုသည် ။ သို့ အတူ ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက်များအား အကျိုးအကြောင်းများဖြင့် ဤ-၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေပို ပြင်ဆင်ရန် မလိုကြောင်းကို တင်ပြကန့် ကွက်သူများက ရှိလာလျှင် တင်ပြနိုင်ခွင့် ရှိလာမည်ဖြစ်သည် ။ သို့ ဖြစ်၍ ဤဥပဒေအား ပြင်ဆင်ရန် လိုအပ်ခြင်း သို့ မဟုတ် မလိုအပ်ခြင်းကို ဗြောင်မဲစနစ်အရ ဆုံးဖြတ်ချက်များကို ချမှတ်ပြီး ဆောင်ရွက်ကြရန် လိုနေပြီဖြစ်သည် ။ ထူးခြားချက်တစ်ခုမှာ ဤနိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန်တောင်းဆိုခြင်းသည် အတိုက်အခံပါတီတစ်ခု၏ တောင်းဆိုချက် မဟုတ်ဆိုခြင်းကို လူတိုင်းနားလည်ကြပြီးဖြစ်သည် ။
    အကယ်၍ ဤသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်၏ -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို နိုင်ငံတကာစံနုံးနှင့်အညီ ပြောင်းလဲ ပြင်ဆင်လိုလျှင် ဒီမိုကရေစီနည်းအရ ပြည်သူ့ ဆန္ဒပါစေလိုသည်ဟုဆိုမှ ဖြစ်မည်ဆိုပါက လူထုဆန္ဒခံယူပွဲကို တနိုင်ငံလုံး ကျင်းပပေးသင့်သည် ။ လူထုဆန္ဒခံယူပွဲသည် ဒီမိုကရေစီနိုင်ငံတွင် အမှန်တကယ် ဆောင်ရွက်ကြသော နည်းပညာမျိုး မြောက်မြားစွာရှိသည် ။ ရေဒီယို မှ တွေ့ ဆုံမေးမြန်းခြင်း ။ ရုပ်မြင်သံကြားအစီအစဉ်ဖြင့် စကားစစ်ထိုးခြင်း ၊ လူထုလူတန်းစား အသီးသီးတို့ အား တွေ့ ဆုံမေးမြန်းခြင်းမျိုးဖြင့် သတင်းစာ-ဂျာနယ်-စာစောင်များတွင် လူထုစစ်တမ်းကောက်ယူကြသည် ။ ယခုလည်း မြန်မာနိုင်ငံတွင် နည်းလမ်းမျိုးစုံဖြင့် လူထုဆန္ဒခံယူခြင်းကို အမြန်ဆုံးဆောင်ရွက်ရန်လိုသည် ။ ယင်းသို့ ပြည်သူလူထု၏ သဘောထားများကို -Survey- လုပ်ပြီးနောက် မဲဆန္ဒခံယူပွဲကို ဆောင်ရွက်ပေးသင့်တော့သည် ။
     ဤသို့  ပြည်သူ့ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခြင်း ၊ လူထုဆန္ဒ မဲယှဉ်ပြိုင်ခံယူခြင်း စသည့်  နည်းလမ်းမျိုးကို အမြန်ဆုံး မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်ပေးသင့်ကြောင်း ထင်မြင်ယူဆသည် ။ သို့ မှသာ နိုင်ငံရေးပါတီကို တိုက်ခိုက်ဝေဖန်ခြင်း၊ နိုင်ငံရေးသမားများကို ပြစ်တင်ဝေဖန်တိုက်ခိုက်ခြင်းများ ၊ အစိုးရကို ဝေဖန်ပြောဆိုခြင်းများသည် ချက်ချင်းရပ်တန့် သွားစေနိုင်သလို ဤဥပဒေနှင့် ပါတ်သက်၍ ပြောဆိုနေကြသော သူများတို့ လည်း ပါးစပ်ပေါက်ပိတ်သွားနိုင်မည်ဖြစ်၍ နားအေးပါးအေး နေချင်သော မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံအစိုးရမှ အမြန်ဆုံး ဆောင်ရွက်ပေးစေရန် စေတနာကောင်းဖြင့် တင်ပြလိုက်ရပါကြောင်း ။
ခိုင်အောင်ကျော် ( နယူးယောက် )
$4.2 million for Burma
The Minister Uppal announced that Canada is providing $4.2 million in humanitarian assistance in response to humanitarian needs in the conflict-affected areas such as Kachin, Northern Shan and Rakhine States.
Canada provides humanitarian assistance to the most vulnerable people facing natural disasters and conflict.
"Canada’s support will help to ensure that life-saving humanitarian assistance including food, water, shelter, and protection, is provided to the most vulnerable people affected by the conflict."
Backgrounder
----------------
Each year, Canada, through the Canadian International Development Agency, responds to the annual appeals issued by international and Canadian humanitarian partners. These annual appeals outline the planned response to a variety of humanitarian crises due to conflict or food insecurity around the world. Such crises result from prolonged hunger, conflict, insecurity and the breakdown of civil order. They affect huge numbers of people, cause extensive human suffering, and are extremely difficult to resolve.
In response to the 2013 appeals for Burma, Canada is providing $4.2 million in humanitarian assistance in response to humanitarian needs in the conflict-affected areas of the country, as follows:
Hope International Development Agency — $300,000 $
-------------------------------------------------------------------
Hope International Development Agency will provide humanitarian assistance to up to 18,700 conflict-affected, internally displaced people in the areas of Kachin state, northern Burma, through the provision of;
water supply systems and sanitary latrines in displacement camps;
hygiene kits and education; and
non-food items, such as warm clothing and blankets for displaced families.
Oxfam Canada — $1 million
----------------------------------
With Canada’s support, Oxfam will provide humanitarian assistance for up to 15,500 people living in conflict-affected areas of Kachin state, northern Burma, through the provision of;
safe drinking water, hygiene supplies and training; and
skills training and cash grants for displaced people to support resumption of livelihoods.
United Nations High Commissioner for Refugees — $1 million
---------------------------------------------------------------------------
Canada's support will help to provide basic services and protection for up to 150,000 displaced people in Rakhine state, Kachin state and southeastern Burma through:
the provision of drinking water, shelter and other non-food relief items; and
protection monitoring and training.
UNICEF — $300,000 $
---------------------------
Canada's support will help to improve the health and well-being of children and women suffering from acute malnutrition through the provision of:
therapeutic and supplementary feeding for children under five years of age; and
micronutrient supplementation for up to 16,000 children under five years of age and up to 7,400 pregnant or lactating women.
World Food Programme — $1 million
---------------------------------------------
Canada’s support will help to provide food and nutrition assistance to more than 200,000 crisis-affected people through the provision of:
monthly food distributions to especially vulnerable households;
supplementary foods to children and pregnant or lactating women, and people with HIV/AIDS or tuberculosis;
school meals or take-home rations for children attending school; and
food-for-work opportunities.
Other humanitarian partners — $600,000 $
----------------------------------------------------
Canada’s support will help to improve the health, living conditions, and protection of up to 62,000 people in conflict-affected areas of Burma through the provision of:
water and sanitation facilities;
basic health services and support to rehabilitate health facilities, to increase access to basic health care services;
non-food relief items; and
For more information, media should contact:
Daniel Bezalel Richardsen
Press Secretary to the Minister of International Cooperation
Telephone:  819-953-6238<
Email: danielbezalel.richardsen@acdi-cida.gc.ca
Media Relations Office
Canadian International Development Agency (CIDA)
Telephone:  819-953-6534 
Email: media@acdi-cida.gc.ca
Follow us on Twitter: @CIDA_CA
/span>
ချင်းတွင်းမြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းနှစ်ခု ရပ်ဆိုင်း
The Voice Weekly
................................................................
ရန်ကုန်၊ ဇွန် ၈
ချင်းတွင်း မြစ်ကြောင်းပေါ်ရှိ အိန္ဒိယ- မြန်မာနှစ်နိုင်ငံ အကျိုးတူ ဆောင်ရွက်နေသော ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းတို့ကို နှစ်နိုင်ငံ အစိုးရ၏ သဘောတူညီချက်ဖြင့် ခေတ္တ ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း အိန္ဒိယ သတင်းဌာနများတွင် ဖော်ပြထားသည်။
အမေရိကန်ဒေါ်လာ လေးဘီလီယံကျော် တန်ဖိုးရှိသော အဆိုပါ စီမံကိန်းနှစ်ခု ရပ်ဆိုင်းရခြင်း၏ အဓိကအကြောင်းအရင် မှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် မြန်မာအစိုးရဘက်က တောင်းဆိုသော စီမံကိန်းဆိုင်ရာ အသုံးစရိတ် မြင့်လာမှု များကြောင့် ဖြစ်ကြောင်း ယင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ စီမံကိန်းသည် ယင်းဒေသရှိ ရွာကြီးနှစ်ရွာကို ဖျက်သိမ်း၍ တည်ဆောက်ထားခြင်း ဖြစ်ပြီး စီမံကိန်း အကောင်အထည် ဖော်ပါက အနီးအနားရှိ ရွာပေါင်း ၆၀ ကို ထိခိုက် စေနိုင်ကြောင်း၊ ယင်းဒေသများကို သုတေသန ပြုလုပ်ရန်ပင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ရှင်းပြသည်။
“အခုတော့ ဒီစီမံကိန်းကလည်း မြစ်ဆုံ လိုပဲပေါ့၊ ခဏ ရပ်ဆိုင်းထားတာ ဘယ်လောက်ကာလထိ ကြာမြင့်တယ် ဆိုတာတော့ ကျွန်မတို့ မသိရသေးပါဘူး” ဟု ၎င်းက ဆိုသည်။
Energy Business Review အင်တာနက် စာမျက်နှာတွင် သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေး ကာကွယ်ရေးသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အကြောင်းအရာတစ်ခု ဖြစ်ကြောင်း၊ အကယ်၍ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင် ထိခိုက်မှု မရှိလျှင်ပင်
ဒေသခံ ပြည်သူများက သဘော မတူပါက မည်သည့် စီမံကိန်းကို မဆို
ရှေ့ဆက် ဆောင်ရွက်မည် မဟုတ်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းထွန်းက
ပြောကြားကြောင်း ဖော်ပြ ထားသည်။
ယခင် မြန်မာတပ်မတော် အစိုးရလက်ထက်က ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း အဆိုပါ စီမံကိန်းနှစ်ခု စတင်ရန် နှစ်နိုင်ငံအစိုးရ သဘောတူညီ ခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် ၂၀၀၄ ခုနှစ်တွင် အိန္ဒိယ အမျိုးသား ရေအားလျှပ်စစ်
ကော်ပိုရေးရှင်းနှင့် ယခင်အမှတ်(၁) လျှပ်စစ်နှင့် စွမ်းအား ဝန်ကြီးဌာနတို့က ထမံသီ စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၂၀၀ မဂ္ဂါဝပ်နှင့် ရွှေစာရေး စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၆၄၂ မဂ္ဂါဝပ် ထုတ်လုပ်ရန် သဘောတူ စာချုပ်၌ လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
အလားတူပင် တရုတ် - မြန်မာ နှစ်နိုင်ငံ အကျိုးတူ ဆောင်ရွက်နေသည့် ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆၀၀ ခန့် ရင်းနှီး မြှုပ်နှံထားသော ရေအားလျှပ်စစ် စီမံကိန်းကို
မြန်မာ ပြည်သူများ၏ ကန့်ကွက် ဆန္ဒ ထုတ်ဖော်မှုကြောင် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်းခဲ့သည်။
မြန်မာလေးသိန်းကျော်အလုပ်မဆင်းဘဲနေကြရန်တိုက်တွန်း
r လူသတ်နေသူများမှာ ပတ်စ်ပို့များ နိုင်ငံသားကဒ်များကိုင်ဆောင်ထား၍ ရဲများမှအော်ပရာစီဖမ်းသော်လည်း မမိနိုင်ဖြစ်နေကြောင်းသိရသည်။ ဘာအန္တရာယ်မှမဖြစ်စေရပါဘူးဟုအာမခံပေးနိုင်သူ မရှိ။ထို့ကြောင့်( 10. 6. 2013 ) တနလာင်္နေ့မှစတင်၍ မလေးရှားတွင်ရှိကြသော မြန်မာလေးသိန်းကျော်တို့ တစ်ညီတစ်ညွတ်တည်းအလုပ်မဆင်းဘဲနေကြရန်အင်တာနက်ပေါ်တွင်တိုက်တွန်းလျက်ရှိသည်။
သင်ဇာနွယ်ဝင်းရဲ့အကယ်ဒမီရှော့(၁၈နှစ်အောက်မကြည့်သင့်ပါ)
မာယာများတဲ့အလင်္ကာ
Starring :Nay Min, Thinzar Nwe Win
အစအဆုံးကြည့်လိုသူများအတွက်...(Click)
ဒေါ်အောင်ဆန်းစုကြည်အား ပြင်ဦးလွင်မြို့ မှကြိုဆို
Popular Myanmar News Journal's photo.
ပြင်ဦးလွင်-ဇွန်လ၉
ဒေါ်အောင်ဆန်းစုကြည်သည်လူထုတွေ့ဆုံပွဲ အတွက်ပြင်ဦးလွင်မြို့အင်းပုတ်ရွာ ရှိ တော်ဝင်နှင်းဆီခြံသို့ယခုရောက်ရှိပြီဖြစ်ကြောင်း၊
 ပြင်ဦးလွင်တွင် မိုးရွာသွန်းနေသော်လည်း
ဟောပြောမည့်မဟာအံ့ထူးကံသာမီးပုံးပျံကွင်းသို့
 ပြည်သူများဝင်ရောက်လျက်ရှိကြောင်း ထိုနေရာသို့ရောက်ရှိနေသောသတင်းထောက်ကသတင်းပေးပို့သည်။
ဓါတ်ပုံ၊နေကွန်းထင်၊စိုင်းလမင်း
ပြင်ဦးလွင်-ဇွန်လ၉
ဒေါ်အောင်ဆန်းစုကြည်သည်လူထုတွေ့ဆုံပွဲ အတွက်ပြင်ဦးလွင်မြို့အင်းပုတ်ရွာ ရှိ တော်ဝင်နှင်းဆီခြံသို့ယခုရောက်ရှိပြီဖြစ်ကြောင်း၊
ပြင်ဦးလွင်တွင် မိုးရွာသွန်းနေသော်လည်း
ဟောပြောမည့်မဟာအံ့ထူးကံသာမီးပုံးပျံကွင်းသို့
ပြည်သူများဝင်ရောက်လျက်ရှိကြောင်း ထိုနေရာသို့ရောက်ရှိနေသောသတင်းထောက်ကသတင်းပေးပို့သည်။
ဓါတ်ပုံ၊နေကွန်းထင်၊စိုင်းလမင်း
သီလရှင်ဝတ်ပြီးပထမငယ်တန်းဖြေဆိုထားသူသရုပ်ဆောင်တင့်တင့်ထွန်း
မြတ်ဗုဒ္ဓ၏ သမီးတော်(သို့) သီလရှင်ဝတ်ပြီး ပရိယတ္တိသင်ကြားနေသော ပထမငယ်တန်းဖြေဆိုထားသူသရုပ်ဆောင်တင့်တင့်ထွန်း
*************************************
တစ်ခေတ်တစ်ခါက သရုပ်ဆောင်အနုပညာလောကတွင် အချစ်၊ အကြမ်း၊ အလွမ်းနှင့် စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ပြီး ဂီတနယ်ပယ်တွင်လည်း အောင်မြင်သောနေရာတစ်ခု ရယူနိုင်ခဲ့သလို ရုပ်မြင်သံကြား ကြော်ငြာများတွင်လည်း မကြာခဏတွေ့ရလေ့ရှိသည့် အမျိုးသမီးအနုပညာရှင်တစ်ဦး ရှိခဲ့ဖူးပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ရုပ်ရှင်လောကတွင် သရုပ်ဆောင်လုပ်နေစဉ်ကလည်း မင်းသားကျော်သူနှင့်အတူ အတွဲညီစွာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်လမ်းများကို တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။ ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ဦးကျော်သူ အနုပညာလုပ်ငန်းများ ရပ်ဆိုင်းခံရပြီး အနုပညာလောကနှင့် ဝေးကွာ သွားပြီးနောက်ပိုင်း မတွေ့ဆုံဖြစ်တော့ပေ။
ယခုတော့ဖြင့် ထိုအနုပညာသည် မောင်နှမနှစ်ဦး တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့လေပြီ။ သို့သော် ထိုမောင်နှမနှစ်ဦးသည် အနုပညာသည်များ မဟုတ်ကြတော့ပေ။ တစ်ဦးကား ရှင်တော်မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ကျင့်သုံးကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပေးဆပ်နေသော ပရဟိတ သမားတစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည်ကား မြတ်ဗုဒ္ဓ၏ ပဋိယတ္တိစာပေများကို လေ့လာသင်ယူနေသလို တစ်ဖက်မှလည်း တရားဓမ္မများကို ကြိုးစားအားထုတ်နေသော ဗုဒ္ဓ၏သမီးတော် (သီလရှင်တစ်ပါး) အဖြစ် ရောက်ရှိနေပြီ ဖြစ်တော့သည်။ သူမသည်ကား အခြားသူမဟုတ် တစ်ချိန်က ရုပ်ရှင်နှင့် ဗွီဒီယို သရုပ် ဆောင်/အဆိုတော် တင့်တင့်ထွန်း (ခ) ဒေါ်နန္ဒမာလာ ပင်ဖြစ်ပါသည်။
၆.၆.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ အမှတ် (၁၃/က) ဗိုလ်မှူးဗ ထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သီလရှင် ဒေါ်နန္ဒမာလာ နှင့်အတူ မိသားစုဝင်များ ရောက်ရှိ လာခဲ့ပါသည်။ ဒေါ်နန္ဒမာလာသည် ပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေး နှင့် လူမှုရေးလုပ်ငန်းများကို ကူညီပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှု အကျိုးပြုလုပ်ငန်း များကို ပိုမိုပေးဆပ်နိုင်ရန်အတွက် မိဘနှစ်ပါးအားရည်စူး၍ အလှူငွေ ၃ဝဝဝဝဝဝိ/- (သိန်းသုံးဆယ်) ကျပ် တိတိအား လာရောက်လှူဒါန်းခဲ့သည်။
လှူဒါန်းမှုအပြီးတွင် ဥက္ကဌ ဦးကျော်သူမှ အသင်း၏ လုပ်ဆောင် ချက်များအား ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းပြပြီး သီလရှင် ဒေါ်နန္ဒမာလာမှ လှူဒါန်းမှုအစုစုတို့အား ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) Facebook နှင့် Website စာမျက်နှာတို့တွင် အများပြည်သူ မုဒိတာပွားနိုင်ရန် သတင်းတင်လိုပါသည် ဟုခွင့်တောင်းခဲ့ရာ ဒေါ်နန္ဒမာလာမှ “ဆရာလေးအနေနဲ့ အခုလို သတင်းတင်တာ ကြွားဝါသလိုဖြစ်မှာစိုးလို့ မတင်စေချင်ဘူး၊ မသင့်တော်ပါဘူး၊ ဒါပေမယ့် အများသူငါ မုဒိ တာပွားနိုင်အောင် တင်ချင်တယ်ဆိုတော့ မတားတော့ပါဘူး၊ သီလရှင်အနေနဲ့ လှူချင်နေတာကြာပြီ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်တော့ မလှူဖြစ်ခဲ့ဘူး၊ ဒီကနေ့တော့ အကြောင်းတိုက်ဆိုင်လို့ လှူဖြစ်ခဲ့ တယ်၊ သီလရှင်က တစ်ပါးတည်း မိဘတွေကလည်း မရှိတော့ဘူးဆိုတော့ ဟိုးတုန်းက တွေးမိဖူးတယ်၊ ငါသေရင် ဘယ်သူကများ အသုဘချပေးမလဲလို့ တွေးပူခဲ့မိတယ်။ ဒါပေမယ့် နောက်တော့ ကိုမောင် (ကိုကျော်သူ)တို့ နာရေးအသင်းရှိနေတာပဲ ဘာပူစရာရှိလဲလို့တွေးမိပြီး ဒီအသင်းကြီးက အများပြည်သူကို ကူညီပေးနေတာဆိုတော့ ဒီအသင်းကြီး ရေရှည်တည်တံ့ဖို့အတွက် သီလရှင်အနေနဲ့ လှူဖို့လို မယ်ဆိုတာ ကို တွေးမိတဲ့အတွက် အခုလိုအကြောင်းတိုက်ဆိုင်စွာနဲ့ လာလှူဖြစ်ခဲ့တာပါ” ဟု မိန့်ကြားခဲ့သည်။ ပညာရေးနှင့် ပတ်သက်၍လည်း သီလရှင် ပဋိယတ္တိစာပေများ သင်ဆည်းပူးနေခြင်းအား မေးမြန်းကြည့်ရာ “ပညာရေးအနေနဲ့ ပထမငယ်ဖြေထားပါတယ်၊ သီလရှင်ဝတ်တာ တစ်ဝါရပြီးပါပြီ” ဟု ပကတိ တည်ငြိမ် အေးချမ်းစွာဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။
ကျွန်တော်တို့သည် ရုပ်ရှင်သရုပ်ဆောင်များ ဇာတ်လမ်း၊ ဇာတ်ကားများထဲတွင် ထိုကဲ့သို့သော သီလရှင်ဝတ်သည့် ဇာတ်ဝင်ခန်းများကို ကြည့်ခဲ့ကြဖူးသော်လည်း ဒေါ်တင့်တင့်ထွန်းအား မြတ်ဗုဒ္ဒ၏ သမီးတော် ဒေါ်နန္ဒမာလာအဖြစ် မြင်တွေ့ရသည်ကား များစွာကွာခြားလှပါသည်။ စကားပြောခြင်း၊ လမ်း လျှောက်ခြင်းမှစ၍ အရာရာအား သတိကပ်ကာ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြံနေထိုင်သွားနိုင်ပြီကို သတိထား မိပါတော့သည်။ ထို့ကြောင့်ယခင်အချိန်ကအနုပညာလောကတွင် ပြည်သူတို့အား ပျော်ရွှင်စေရန် အနု ပညာဖြင့် ဖျော်ဖြေပေးခဲ့သော ဒေါ်တင့်တင့်ထွန်းသည် ယခုအခါ ဒေါ်နန္ဒမာလာအဖြစ် မြတ်ဗုဒ္ဓ၏ သမီး တော်ဘဝနှင့် ပဋိပတ္တိစာပေများ လေ့လာလိုက်စားကာ တရားဘာဝနာများ စီးဖြန်းအားထုတ်နေသလို တစ်ဖက်မှလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အများပြည်သူအတွက် ကူညီပေးဆပ်နိုင်ရန် ဝတ္ထု ငွေကြေးများဖြင့် လှူဒါန်းခဲ့သော အလှူဒါနအား မိဘနှစ်ပါးနှင့်တကွ သံသရာတွင် ကျင်လည်ကြကုန်သာ (၃၁) ဘုံသား ဝေနေယျ သုခိတာ၊ ဒုက္ခိတာအပေါင်းတို့အား အမျှ .. အမျှ .. အမျှ ပေးဝေငှပါ၏။ အားလုံးသော (၃၁) ဘုံသားအပေါင်းတို့ သာဓု .. သာဓု .. သာဓု ခေါ်ဆိုနိုင်ကြပါစေသား။
(၃၁) ဘုံသား ဝေနေယျသတ္တဝါများ အားလုံးအေးချမ်းသာယာ ရှိနိုင်ကြပါစေ။
နာရေးကူညီမှုအသင်း(ရန်ကုန်)