Monday, June 10, 2013

၆လပိုင်း၁၁ရက်၂၀၁၃ နေ့ကိုအနက်ရောင်ဖေ့ဘွတ်နေ့သတ်မှတ်

Sad symbol for my people who were killed in Malaysia.
မလေးရှားမှာ မြန်မာနိုင်ငံတွေအသတ်ခံနေရတာကြောင်း သူတို့အတွက် ကျန်ရစ်ခဲ့သော မိသားစုများအတွက် FBမှာ မိမိဓါတ်ပုံလေးကို ခဏဖြူတ်ပီး အကြောင်းမဲ့ အသတ်ခံရသူတို့အားဂုဏ်ပြုပေးသောအားဖြင့် ဒီအနက်ရောင်ပုံလေးတွေကိုတင်ပေးကြဖို့တိုက်တွန်းထားပြီး ၀မ်းနည်းကြောင်း ပြသတဲ့အနေနဲ့ Profile Picture ကို အနက်ရောင်အဖြစ် ပြောင်းလဲလိုက်ပါတယ်။

ဦးအောင်ကိုဝင်းက မလေးရှားရောက် မြန်မာတွေအတွက် လေယာဉ်ခပေးစရာမလို

Myit Kyoe Inn

ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်းက အစိုးရနဲ့ ညှိနှိုင်းပြီး မလေးရှားရောက် မြန်မာတွေအတွက် လေယာဉ်ခပေးစရာမလိုဘဲ အခမဲ့အနေနဲ့ လေယာဉ်ခေါက်ရေ အကန့်အသတ်မရှိ ပြေးဆွဲပေးဖို့ ဆန္ဒရှိနေပါတယ်လို့ အင်တာဗျူးမှာ ဖြေထားပါတယ်။

Pyimyanmar

မြန်မာနိုင်ငံသားတွေအတွက် ခံပြင်းလို့လိုပါဗျာ ဆိုပြီး ဦးအောင်ကိုဝင်းက ပြည်မြန်မာကို ယခုလို ရင်ဖွင့်ပါတယ်

သမ္မတနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်တွေ့ဆုံ


10 ဇွန်လ 2013 - 16:53 GMT

ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် (ဓါတ်ပုံ သျှမ်းသံတော်ဆင့်)

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ရဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်နဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ကိစ္စနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

RCSS/SSA နဲ့ မြန်မာအစိုးရတို့ဟာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားပါတယ်။ ဒါပေမဲ့ အပစ်ခတ် ရပ်စဲပြီးနောက်မှာလည်း အကြိမ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲထားပေမဲ့ အခုလို တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာဟာ နှစ်ဘက် အကြားမှာ ယုံကြည်မှု မတည်ဆောက် နိုင်သေးလို့ပဲလို့ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ တပ်မတော် ပါဝင်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ တွေ့ဆုံပွဲမှာ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် မပါဝင်တာနဲ့ ပတ်သက်ပြီး သတင်းထောက် တစ်ယောက်က မေးမြန်း ရာမှာ သူက အဲသလို ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ကေအိုင်အေ နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာကိုလည်း ပြန်လည် သုံးသပ်ဖို့ လိုအပ်တယ်လို့ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဆိုပါတယ်။

ကေအိုင်အေနဲ့ ဖြစ်ပွားခဲ့တဲ့ ကိစ္စမှာ ဘယ်သူ့ဘက်က အရင်စပြီး သဘောတူညီချက် ချိုးဖောက်ခဲ့တယ် ဆိုတာကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။
bbc.co.uk

မလေးရှား မှာ ရခိုင်တချို့တိုက်ခိုက်ခံရ



 9 ဇွန်လ 2013 - 16:53 GMTFacebook
မလေးရှားမှာ ရခိုင် တချို့ တိုက်ခိုက်ခံရမလေးရှား နိုင်ငံမှာ အလုပ် လုပ်ဖို့ရောက်လာတဲ့ ရခိုင် တချို့ ဒီရက် အတွင်း တိုက်ခိုက်ခံ ရမှု တွေ ရှိနေ ပါတယ်။ မနေ့ က ဆိုရင် ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ် မှ ရောက် လာသူ ကိုခင်မောင်ဝင်း ဟာ မလေးရှား ထီးစက်ရုံ မှ အလုပ်သမား တယောက် ဖြစ် ပါတယ်။ မလေးရှား ရောက်တာ ၉ လ မျှ ရှိပါသေးတယ်။ဇွန်လ ၈ ရက် မနက်စောစော ၃ နာရီ ခန့် မှာ ရခိုင် အလုပ်သမား ၆ ယောက် အိပ်နေစဉ် သစ်သားအိမ် ရဲ့ အိမ်နံရံ သွပ်ပြား လက်တဝါးခန့် အပေါက် မှ စပရေးဗူး နဲ့ ဖျန်းရာ၊ အလုပ်သမား တွေ ဟာ မျက်စိစပ်၊ အသက်ရှူ မွန်းလာတဲ့ အတွက် အိမ်တံခါး ကို ဖွင့်လိုက်ကြပါတယ်။ ဒီအခါ မှာ မျက်နှာဖုံး တပ်ထားတဲ့ လူခြောက်ယောက် ဟာ ဓါး ကိုယ်စီ ကိုင်ဆောင် ထားပြီး အလုပ်သမားတွေ ကို ခုတ်ပါတယ်။ လေးယောက် က ထွက်ပြေး လွတ်မြောက် သွားကြပါတယ်။ကိုခင်မောင်ဝင်း နဲ့ အခြား အလုပ်သမား တယောက် ကတော့ တိုက်ခိုက်ခံရပါတယ်။ ကိုခင်မောင်ဝင်း ဟာ လက်၊ နှာခေါင်း နဲ့ ခေါင်း တွေမှာ ဒဏ်ရာရပြီး မေ့မျော သွားတဲ့ အတွက် မိတ်ဆွေ တွေက ဆေးရုံတင်တဲ့ အကြောင်း ဘီဘီစီ ကိုပြောပြပါတယ်။ သူတို့ကို တိုက်ခိုက်သူတွေ ဟာ ကိုယ်လုံး ကိုယ်ထည် ထွားကျိုင်းပြီး၊ မလေး စကား ပြောကြပေမယ့်၊ ပီသခြင်း မရှိ၊ မြန်မာလိုတော့ မပြော တဲ့ အတွက် အိန္ဒိယ မှ မွတ်စလင် တွေ ဟု ထင်မြင်ကြောင်း၊ သူ တို့ အလုပ်လုပ်တဲ့ ထီးစက်ရုံ မှာ အဆိုပါ လူမျိုးတွေ များ ကြောင်း ဘီဘီစီ ကို ကိုခင်မောင်ဝင်း က ရှင်းပြပါတယ်။ဒီအခင်းဖြစ်မှု မတိုင်မီ၊ ပြီးခဲ့တဲ့ ရက်ကလည်း မြန်မာ လူမျိုး သုံးယောက် တိုက်ခိုက်ခံ ရတဲ့ အခါမှာ နှစ်ယောက်ဟာ နေရာတင် ပွဲချင်းပြီး သေဆုံးသလို၊ ကျန်တယောက် က ဆေးရုံ အရောက် မှာ သေဆုံးတဲ့ အကြောင်း မလေးရှားဒေသခံ တယောက် က ဘီဘီစီ ကို ပြောပါတယ်။
bbc.co.uk

မလေးရှားနိုင်ငံ၌ အသတ်ခံရသည့် မြန်မာလူမျိုး ခြောက်ဦးထိ ရှိနေပြီဖြစ်ပြီး မလေးရှား ဆေးရုံများတွင် အတွင်းလူနာအဖြစ် ၁၂ ဦး ကုသထားရ




    Created on Monday, 10 June 2013 04:19

အကြမ်းဖက် သတ်ဖြတ်မှုများ လက်ရှိအချိန်အထိ ဖြစ်ပွားနေသော မလေးရှားနိုင်ငံတွင် ဇွန် ၈ ရက်အထိ သေဆုံးသူ မြန်မာလူမျိုး ခြောက်ဦး ရှိသွားပြီဖြစ်ပြီး မလေးရှားရှိ ဆေးရုံများတွင် အတွင်းလူနာ ၁၂ ဦးအထိ တင်ပို့ကုသ ထားရကြောင်း မလေးရှားနိုင်ငံ၊ ကပုန်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ဆိုသည်။

သေဆုံးသူ မြန်မာလူမျိုး ခြောက်ဦး၏ ရုပ်အလောင်းများကို ဇွန် ၉ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၁ နာရီခွဲအထိ သင်္ဂြိုဟ်ခွင့် မရသေးဘဲ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာပြည်မှ ထွက်လာကတည်းက စာရွက်စာတမ်း မပြည့်စုံမှုနှင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သင်္ဂြိုဟ်ခွင့် ပြုရန်ဆိုသော အကြောင်းကြားစာ မလေးရှားရှိ မြန်မာသံရုံးသို့ မရောက်ရှိသေးခြင်းကြောင့်ဟု ၎င်းကဆိုသည်။

"မေ ၃၀ ရက်ကတည်းက မလေးရှားရောက် မြန်မာတွေ အသတ်ခံနေရတာ ဒီနေ့အထိပဲ၊ အဲဒီ အလောင်းတွေ ခုထိ မသင်္ဂြိုဟ်ရသေးဘူး၊ ဆေးရုံ အသီးသီးမှာ ထားတယ်၊ အဲဒီ သေတဲ့သူတွေက မြန်မာပြည်က ထွက်လာတည်းက အိမ်ထောင်စု စာရင်းတို့၊ မှတ်ပုံတင်တို့ မပြည့်စုံလို့ လို့ပြောတယ်၊ နောက်ပြီး မလေးရှားမှာရှိတဲ့ မြန်မာသံရုံးရဲ့ သတ်မှတ်ချက်မှာကလည်း ခုလိုရွှေ့ပြောင်း အလုပ်သမားတွေကို အထောက်အထား ခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ၊ သင်္ဂြိုဟ်ခွင့်စာအုပ် ထုတ်ပေးခွင့် မရှိဘူးလို့ ကြားတယ်" ဟု ပြောကြားသည်။

ထို့အတွက် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သင်္ဂြိုဟ်ခွင့် ပြုသည်ဆိုသည့် အကြောင်းကြားစာကို မလေးရှားနိုင်ငံ၊ မြန်မာသံရုံးသို့ ပို့ဆောင်ပေးရမည် ဖြစ်သည်။ ယင်းနောက် မြန်မာသံရုံးမှ ယခု ရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးရန်၊ ကပုန်း နာရေးကူညီမှု အသင်းသို့ ညွှန်ကြားလာပါက ၎င်းတို့မှ ချက်ချင်းသင်္ဂြိုဟ် ပေးမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ကိုဆန်းဝင်းက ဆိုသည်။

ယခု ခြောက်ဦးမြောက် အသတ်ခံရသူမှာ ခရစ်ယာန် ဘာသာဝင်၊ ကရင်လူမျိုး စောဘာဘလူဂေး (အသက်၂၀နှစ်) (မြန်မာနိုင်ငံ၊ ငပုတောမြို့တွင် နေထိုင်ခဲ့သူ) ဖြစ်ပြီး ၎င်းအပါအ၀င် ကရင်လူမျိုး၊ ခရစ်ယာန် ဘာသာဝင်လေးဦး ဈေးဝယ်ထွက်လာစဉ် မွတ်စလင် အကြမ်းဖက်များ၏ ထိုးကြိတ်ရိုက်နှက်မှုကို ခံရရင်း ဆေးရုံ၌ ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု သိရသည်။

"သူတို့ လေးဦးက ဇွန် ၇ ရက်နေ့မှာ အကြမ်းဖက် ခံလိုက်ရတာ၊ နှစ်ဦးက ဆေးရုံမှာ အရေးပေါ် လူနာဌာနမှာ တင်ထားရတယ်၊ အဲဒီနှစ်ဦးအနက် စောဘာဘလူဂေး (အသက် ၂၀)နှစ်က ဇွန် ၈ ရက် (စနေနေ့) (မလေးရှားစံတော်ချိန်) မွန်းလွဲ ၁ နာရီမှာ သေဆုံးသွားတာ ဖြစ်တယ်။ သူက မလေးရှားမှာ တရားဝင် စာရွက်စာတမ်းနဲ့ ရောက်လာတာ လေးရက်ပဲ ရှိသေးတယ်။ ခုလို အကြမ်းဖက်မှုတွေ ဖြစ်နေတုန်းကို ရောက်လာတာ" ဟု ကိုဆန်းဝင်းက ဆိုသည်။

ထို့ကြောင့် မလေးရှားရောက် မြန်မာလူမျိုးများ အသတ်ခံနေရမှုမှာ အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သည့် မေ ၃၀ ရက်တွင် တစ်ဦး၊ မေ ၃၁ ရက်တွင် တစ်ဦး၊ ဇွန် ၂ ရက်တွင် တစ်ဦး၊ ဇွန် ၇ ရက်တွင် တစ်ဦး၊ ဇွန် ၈ ရက်တွင် နှစ်ဦးနှင့် စုစုပေါင်း ခြောက်ဦးရှိသွားပြီ ဖြစ်သည်။

"ဇွန် ၇ ရက် (သောကြာနေ့)မှာ ကလန်းအူထာမ အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရတယ်။ သတ်ပြီးတော့ အမှိုက်ပုံမှာ လာပစ်ထားပုံ ရတယ်။ လည်ပင်းကို ဓားနဲ့လှီးထားတာ တွေ့ရတယ်" ဟု ဦးဆန်းဝင်းက ဆိုသည်။

ထို့ပြင် ဇွန် ၇ ရက်၊ သောကြာနေ့ကလည်း ဆွန်ဂိုင်းဘက်ဆီ ဒေသတွင် နေအိမ်အတွင်း ရခိုင်လူမျိုးများ အိပ်ပျော်နေစဉ် အကြမ်းဖက် သမားများက နေအိမ်အတွင်းသို့ spray များဖြင့် ဖြန်းခဲ့ကြောင်း၊ spray အငွေ့ဒဏ် မခံနိုင်၍ ပြေးထွက်လာသူများကို အကြမ်းဖက် သမားများက ဓားများဖြင့် ၀ိုင်းခုတ်ကြကြောင်း၊ ဓားဖြင့် အခုတ်ခံရ၍ ကိုခင်မောင်ဝင်းဆိုသူမှာ လက်ရှိတွင် ဆေးရုံအတွင်းလူနာအဖြစ် တင်ပို့ကုသ ထားရပြီး နှစ်ဦးပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားရောက် မြန်မာ အလုပ်သမားများ၏ အသက်အန္တရာယ်မှာ နိစ္စဓူဝ စိုးရိမ်စရာ အခြေအနေတွင် ရှိနေပြီး မြန်မာသံရုံး၏ အကူအညီ လုံးဝမရရှိကြောင်း ဦးဆန်းဝင်းက ပြောကြားသည်။

"ကွာလာလမ်ပူ လမ်းတွေပေါ်မှာ လုံးဝ အသွားအလာ မရှိဘဲ ခြောက်ကပ်နေတယ်။ မြန်မာအလုပ်သမား အများစု အလုပ်မဆင်း ကြတော့ဘူး။ မြန်မာပြည်ကိုလည်း ဘယ်သူမှ ငွေမလွဲနိုင် ကြတော့ဘူး၊ အကြမ်းဖက် သမားတွေ ဘယ်နေ့လာသတ် မလဲလို့ပဲ စိုးရိမ်တကြီး ဖြစ်နေကြတယ်" ဟု ၎င်းက ဆိုသည်။

သံရုံးတာဝန် ရှိသူများ အနေဖြင့် မလေးရှားရောက် မြန်မာအလုပ်သမားများ၏ လုံခြုံရေးကို တာဝန်မယူ နိုင်သော်လည်း အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အော်ပရာစီဝင်၍ မြန်မာအလုပ်သမားများ နေ့စဉ်လို အဖမ်းဆီး ခံနေရသည်ဟု သိရသည်။

"မြန်မာတွေကို ဖမ်းတယ်။ အဖမ်းခံထားရတဲ့ မြန်မာတွေကိုင်တဲ့ အိုင်ဖုန်း၊ ဂလက်ဆီ ဖုန်းတို့ကို ရဲတွေက သိမ်းတယ်။ ပြန်မပေးဘူး။ ဖုန်းသိမ်းလို့ မရတဲ့ မြန်မာတွေဆီက မလေးရင်းဂစ် ၂၀-၂၅ တောင်းတယ်။ ရင်းဂစ် ၂၀-၂၅ ဆိုတာ မလေးရှားမှာ မြန်မာအလုပ်သမား တစ်ယောက်ရဲ့ တစ်နေ့လုပ်အားခ ရှိတယ်" ဟု မလေးရှားမှ  မြန်မာအလုပ်သမား တစ်ဦးက ဆိုသည်။

၎င်းကပင် "အရင်ကဆိုရင် မြန်မာအလုပ်သမားတွေ အထောက်အထား ပြည့်စုံရင် ပြန်လွှတ်ပေးတယ်။ အခု အင်္ဂါနေ့ ဇွန် ၃ ရက် ကတည်းကစပြီး အထောက်အထား ပြည့်စုံလည်း ချက်ချင်းပြန်လွှတ် မပေးဘူး၊ သုံးပတ်ကြာမှ သက်ဆိုင်ရာ စက်ရုံအလုပ်ရုံ သူဌေးတွေက အာမခံပြီး ပြန်လာထုတ်ရတယ်" ဟု ဆိုသည်။

ထို့ပြင် လက်ရှိတွင် မလေးရှားနိုင်ငံရှိ ဆေးရုံအသီးသီးတွင် မြန်မာအလုပ်သမား ၁၂ ဦး အတွင်းလူနာအဖြစ် တက်ရောက်ကုသ နေရပြီး ၎င်းတို့ အခြေအနေမှာလည်း စိုးရိမ်စရာ ရှိနေကြောင်း၊ မလေးရှားနိုင်ငံ ဆေးရုံများ၏ လုံခြုံရေးအရ မြန်မာအလုပ်သမားများ တက်ရောက်ကုသ နေရသော ဆေးရုံအမည်များကို လျှို့ဝှက်ထားရကြောင်း၊ ယခုသေဆုံးသူ မြန်မာအလုပ်သမား ခြောက်ဦးတွင် ဗုဒ္ဓဘာသာဝင် ငါးဦး၊ ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်ကြောင်း ကပုန်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ကိုဆန်းဦးက  ပြောကြားသည်။
news-eleven.com

ရတနာပုံ တယ်လီပို့ကို ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စတင်ရောင်းချရန် စီစဉ်


 ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး နောက်သုံးလ အကြာတွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စတင်ရောင်းချရန် စီစဉ်

    Created on Monday, 10 June 2013 01:40


ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး နောက်သုံးလ အကြာတွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်ရန် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသတင်း ရရှိသည်။ အစုရှယ်ယာပေါင်း တစ်ဘီလျံထိ ရောင်းချပေးသွား မည်ဟုလည်း သိရသည်။

ရတနာပုံ တယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် နိုင်ငံတကာ အတိုင်ပင်ခံ အဖွဲ့များကို ခေါ်ယူကာ စနစ်တကျ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်မည်ဖြစ်ပြီး လူတစ်ဦး (သို့မဟုတ်) ကုမ္ပဏီတစ်ခု (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုအနေဖြင့် အများဆုံး ၀ယ်ယူနိုင်မည့် ရှယ်ယာပမာဏမှာ ကျပ်သိန်းတစ်သောင်း ဖြစ်ကြောင်း သိရသည်။

ကျပ်သိန်း ၃၀၀၀ ဖိုး ရှယ်ယာဝယ်ယူသူ အနေဖြင့် ဒါရိုက်တာ အဖွဲ့ဝင် ဖြစ်လာနိုင်ပြီး နောက်ပိုင်းတွင် BOD အဖွဲ့ဝင်များကို မဲပေးစနစ်ဖြင့် ရွေးချယ်သွားမည်ဟု သိရသည်။

ရတနာပုံ တယ်လီပို့ အနေဖြင့် အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီးနောက်တွင် မိုဘိုင်းဖုန်းလုပ်ငန်း၊ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း၊ ဂြိုဟ်တုဆက်သွယ်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု သိရသည်။

လက်ရှိတွင် ရတနာပုံ တယ်လီပို့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ကဏ္ဍက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး လက်ရှိတွင် ဒေါ်လာ ၅၀၀ ဘီလျံခန့် တန်ဖိုးရှိကြောင်း သိရသည်။

ဖုန်းအော်ပရေတာ ကုမ္ပဏီ တစ်ခုအနေဖြင့် အပြိုင်လုပ်ကိုင်နေသော အခြားအော်ပရေတာ ကုမ္ပဏီတစ်ခုတွင် ရှယ်ယာပါဝင် နေခြင်းမျိုးမှာ မဖြစ်နိုင်ကြောင်း၊ ရတနာပုံ တယ်လီပို့မှာ အများပိုင် ကုမ္ပဏီ တစ်ခုအနေဖြင့်သာ ရပ်တည်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန်လ ၁ ရက်က ပြောကြားခဲ့သေးသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ၀န်ဆောင်မှု ကိစ္စရပ်များ ဆောင်ရွက်ရန် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီလေးခု ရှိမည်ဖြစ်ပြီး လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့မှာ လုပ်ကိုင်ခွင့်ရ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအဖြစ် တည်ရှိနေကာ သီးခြားပုဂ္ဂလိက ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီနှစ်ခုကို ဇွန် ၂၇ ရက်တွင် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
news-eleven.com

ရန်ကုန်မြို့သို့ အလည်ခရီး ရောက်ရှိ လာတဲ့Manchester United ရဲ့ ကစားသမားဟောင်းကြီးများ


http://www.youtube.com/watch?feature=player_embedded&v=VrroTIx1REg#!

ရဲလေး နှင့် အေးမြအောင် တို့ရဲ့ မင်္ဂလာ ညစာစားပွဲ

 
http://www.youtube.com/watch?feature=player_embedded&v=_BrJzc7PQ7c

ရန်ကုန်မြို့ ရေနုတ်မြောင်း စနစ် မဟာဗျူဟာ စီမံကိန်း

Eleven Media Group
 Published on Jun 10, 2013
ရန်ကုန်မြို့ ရေနုတ်မြောင်းစနစ်များအား အဆင့်မြှင့်တင်ရန် အဆိုပြုထား၊ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းတွင်ပါရှိ

မလေးရှားနိုင်ငံမှပြန်လာလိုသူ လေယာဉ်လက်မှတ်ခ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေး


Eleven Media Group

    ယခုရက်ပိုင်းများအတွင်း မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှုခံနေရသူများနှင့် အခက်အခဲတွေ့နေသော
 မြန်မာနိုင်ငံသားများအတွက် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကနဦး လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ အား Eleven Media Group မှတစ်ဆင့် မလေးရှားနိုင်ငံရှိ ကပုန်း နာရေးကူညီမှုအသင်းသို့ ဇွန် ၁၁ ရက်တွင် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ လိုအပ်ပါက ထပ်မံ လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

    ထို့ပြင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသူ  မြန်မာနိုင်ငံသားများအတွက် ဇွန် ၁၂ ရက်မှ စတင်၍ တစ်လတိတိကို MAI လေကြောင်းလိုင်း ခရီးစဉ်များတွင် လေယာဉ်လက်မှတ်ခ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မက်စ်မြန်မာကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော်က မလေးရှားနိုင်ငံတွင် အခက်အခဲတွေ့နေသော မြန်မာနိုင်ငံသားများအား လိုအပ်သည်များ ကူညီနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းမှ အမှုဆောင်များအား စေလွှတ်မည်ဖြစ်ပြီး မလေးရှားရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လာလိုပါက ဦးရေ (၁၀၀၀) စာ အတွက် လေယာဉ်လက်မှတ် အခမဲ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မလေးရှားရှိ ကပုန်း နာရေးကူညီမှု အသင်းသို့ ဒေါ်လာ ၂၀၀၀၀ ကို Eleven Media Group မှတစ်ဆင့် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

မက်စ်မြန်မာကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော်က မလေးရှားနိုင်ငံတွင် အခက်အခဲတွေ့နေသော မြန်မာနိုင်ငံသားများအား လိုအပ်သည်များ ကူညီနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းမှ အမှုဆောင်များအား စေလွှတ်မည်ဖြစ်ပြီး မလေးရှားရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လာလိုပါက ဦးရေ (၁၀၀၀) စာ အတွက် လေယာဉ်လက်မှတ် အခမဲ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မလေးရှားရှိ ကပုန်း နာရေးကူညီမှု အသင်းသို့ ဒေါ်လာ ၂၀၀၀၀ ကို Eleven Media Group မှတစ်ဆင့် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

သမ္မတနှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ဆွေးနွေး



Published on June 10, 2013 by နန်းမြနဒီ 
အပစ်အခတ်ရပ် ရှမ်းပြည်တပ်မတော်တောင်ပိုင်း စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်တဲ့အဖွဲ့နဲ့ သမ္မတဦးသိန်းစိန်တို့  ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး အတူတကွ ပူးပေါင်းနေထိုင်သွားကြဖို့ ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန် ဆွေးနွေးသွားတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က အခုလို ပြောပါတယ်။

“ပြည်ထောင်စုမြန်မာနိုင်ငံကနေ မခွဲထွက်ဘဲနဲ့ သီးခြားတိုင်းပြည်တခု မထူထောင်ဘဲနဲ့ အတူတကွ ပူးပေါင်းတည်ထောင်လာတဲ့ ပြည်ထောင်စုကြီးအတွင်းမှာ အေးအတူ ပူအမျှ အတူတကွ နေထိုင်သွားကြဖို့ သမ္မတကြီးက အဲဒီကိစ္စကို အရေးထားပြီး ဆွေးနွေးပါတယ်။”

အစိုးရအနေဖြင့် သူတို့အဖွဲ့နဲ့ အပစ်အခတ်ရပ်ရေး ဆွေးနွေးတုန်းက သဘောတူညီချက် တွေအတိုင်း အကောင်အထည်ဖော်ဖို့ကိုလည်း ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က တင်ပြခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“လက်ရှိအစိုးရက မပြေလည်ခဲ့တဲ့ အနှစ် ၆၀ အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေ ချုပ်ငြိမ်းသွားဖို့ နိုင်ငံရေးဆွေးနွေးပွဲ တံခါးတွေ ဖွင့်ပေးတယ်၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လမ်းစရှိလာပြီဖြစ်တဲ့အတွက် အစိုးရက ကမ်းလှမ်းလာတဲ့ ငြိမ်းချမ်းရေးကို ကြိုဆိုပြီး ဒီဖြစ်စဉ်မှာ အတူပါလာရခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရနဲ့အတူ ပူးပေါင်းပြီး အေးချမ်းသာယာဖို့ အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်နိုင်ဖို့၊ သဘောထားရှိကြောင်း ပြန်လည်တင်ပြပါတယ်။ ”

ဒါ့အပြင် တပ်နေရာချထားရေးကိစ္စ၊ အပစ်အခတ်ရပ်စဲရေးမှာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ထားရှိရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်ရေးနဲ့ ယုံကြည်မှု ပိုမိုတည်ဆောက်ရေးတွေပါ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအနေဖြင့် သမ္မတနဲ့မတွေ့ခင် ပြည်သူတွေနဲ့ အရင်တွေ့ဆုံတုန်းက လူမှုအခြေပြု အဖွဲ့အစည်းတွေက တင်ပြထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး  ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က သမ္မတထံ ဆက်ပြီး တင်ပြပေးခဲ့ပါတယ်။

ဥပမာ တဘက်နိုင်ငံကို ဒုက္ခသည်အနေနဲ့ရော၊ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ပါ ရောက်ရှိနေထိုင်နေရတဲ့ ရှမ်းပြည်သူတွေအတွက် သန်းခေါင်စာရင်းထဲ ပါဝင်ခွင့်ရရေး၊ နိုင်ငံသားမှတ်ပုံတင်ရရှိရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတွေ တင်ပြခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

သမ္မတနဲ့ တွေ့ဆုံရာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ အတိုင်ပင်ခံအနေနဲ့ ပါဝင်ခဲ့သူ ဦးခွန်းဆိုင်ကလည်း ဒီတွေ့ဆုံပွဲပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“အဓိကကတော့ ဒီလာတာက ကိုယ့်ပြဿနာကို တင်ပြတာလည်း တမျိုးပေါ့။ သို့သော် ပြဿနာကိုဖြေရှင်းဖို့ တဦးနဲ့တဦး သိကျွမ်းရင်းနှီး၊ ယုံကြည်စိတ်ချဖို့လိုတယ်။ ဒါကို အရင်လုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လာတယ်။ ရင်းနှီးသိကျွမ်းယုံကြည်ပြီဆို ပြဿနာတွေ ၀ိုင်းဖြေရှင်းလို့ရမယ်။ ဥက္ကဋ္ဌကြီး ယွက်စစ်ကလည်း သမ္မတကြီးမှာ ဘာအခက်အခဲ၊ ပြဿနာတွေရှိနေလဲ၊ ဘာကူညီပေးရမလဲ၊ ကူညီဖို့ အဆင့်သင့်ပါပဲလို့ ပြောသွားပါတယ်။”

ငြိမ်းချမ်းရေးအကျိုးတော်တော်ဆောင် ဦးလှမောင်ရွှေကလည်း ရှမ်းပြည်တပ်မတော်က တင်ပြလာတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ ဆက်ပြီးဆွေးနွေးသွားမယ်လို့ သမ္မတက ပြောကြောင်း၊ ဒုဗိုလ်ချုပ်ကြီးယွက်စစ်က သမ္မတကို  ငြိမ်းချမ်းရေး အထိမ်းအမှတ်အနေနဲ့ ဗုဒ္ဓဆင်းတုတော် တဆူပေးအပ်ခဲ့ပြီး အသင့်ပါလာတဲ့ ရှမ်းဝတ်စုံတစ်စုံကို သူကိုယ်တိုင်ဝတ်ဆင်ပေးခဲ့တာဟာ ငြိမ်းချမ်းရေးကို ပိုမိုခိုင်မြဲစေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

သမ္မတနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့တို့ဟာ နေပြည်တော်မှာ ဒီနေ့မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲထိ ၁ နာရီခွဲကြာ တွေ့ဆုံခဲ့ကြပြီး သမ္မတဘက်က ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်မြင့်၊ ဦးအုန်းမြင့်၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒု-၀န်ကြီး ဦးရဲထွဋ်နဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေပါ ပါဝင်တွေ့ဆုံတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့က စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့အတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ အတိုင်ပင်ခံ ဦးခွန်စိုင်း၊ စ၀်ပင်ခမ်း၊ ရှမ်းပြည်တပ်မတော်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချူပ် ပေါင်ခေး၊ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးချုပ် စိုင်းလူးနဲ့ အတူ ဗဟိုကော်မတီဝင်တွေပါ စုစုပေါင်း အဖွဲ့ဝင် ၂၂ ဦး လိုက်ပါလာကြတယ်လို့လည်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

သူတို့အဖွဲ့ကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဒီညမှာ ညစာစားပွဲနဲ့ တည်ခင်းဖို့ ဖိတ်ခေါ်ထားပြီး  မနက်ဖြန်မှာ  နေပြည်တော်တ၀ိုက် လေ့လာရေးခရီးစဉ်ရှိကြောင်း၊ အဲဒီနောက် ရန်ကုန်-မန္တလေး-တောင်ကြီးဘက်ကို ခရီးဆက်ဖို့ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တခြားနိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်း၊ ရှမ်းပြည်နယ်က ရပ်မိရပ်ဖ မိဘပြည်သူတွေနဲ့ တွေ့ဆုံကာ နိုင်ငံရေးအမြင်တွေ ဆွေးနွေးဖလှယ်ကြမယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောသွားပါတယ်။
http://burmese.dvb.no/archives/40430

မလေးရှားရောက်မြန်မာများ အိမ်ပြန်ရေးစဉ်းစားပြီ



Published on June 9, 2013 by ​အေး​နိုင်

မလေးရှားမှာ မြန်မာပြည်သားတွေ တိုက်ခိုက်ခံရမှုတွေ ရက်ဆက်နီးပါးဖြစ်လာတာကြောင့် မလေးရှားရောက် မြန်မာတွေ လုံခြုံမှုမရှိတော့ဘဲ ဌာနေပြန်ဖို့ စဉ်းစားနေကြပါတယ်။

ဇွန် ၇ ရက်နေ့က ပုဆိုးဝတ်မြန်မာနိုင်ငံသား အလောင်းတလောင်းကို ကလန်းအူတာမ (Kalng Utama) မြို့ အမှိုက်ပုံမှာ တွေ့ရှိတဲ့သတင်းကို မလေးရှားက သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဇွန် ၈ ရက်နေ့ကလည်း Kuantan ကွန်တင်းမြို့မှာ ဓားနဲ့ အခုတ်သတ်ခံရပြီး မြန်မာနိုင်ငံသားတဦး သေဆုံးနေတာကို ရဲက တွေ့ရှိခဲ့ကြောင်း ဖော်ပြသလို ဇွန် ၈ ရက်နေ့ မနက်ပိုင်းကလည်း ဆွန်လိုင်းဘက်ဆီဒေသမှာ ကိုယ့်အိမ်ထဲ ကိုယ်အိပ်နေတဲ့ မြန်မာတွေ နေထိုင်ရာအိမ်ကို စပရေး ၁ မျိုးနဲ့ပက်ဖြန်းပြီး အနံ့မခံနိုင်လို့ အပြင်ထွက်လာမှ ၀ိုင်းဝန်းသတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ကွာလာလမ်ပူမြို့ ကပုန်းဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးအိန္ဒိကက မလေးရှားရောက် မြန်မာတွေရဲ့အခြေအနေဟာ ကျီးလန့်စာစား ဖြစ်နေတယ်လို့ ရှင်းပြပါတယ်။

“ပြီးခဲ့တဲ့လ ၂၉ ရက်နေ့ကတည်းက ဖြစ်တာဆိုတော့ ဒီနေ့ထိကို နေ့တိုင်းက တိုက်ခိုက်ခံနေရတယ်။ တချို့သေတယ်။ မနေ့ညက ကြားတာ လူ ၂ ယောက်ကို သတ်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်ထားတယ်ပြောတယ်။ နေ့စဉ်ရက်ဆက်ဖြစ်နေတော့ လူတွေ ဘယ်မှမသွားရဲတော့ဘူး။ မြန်မာပြည်ပြန်ဖို့ပဲ လုပ်နေကြတယ်။ ကိုယ့်ဘ၀ကို ကိုယ့်သတိနဲ့ ကာကွယ်နေရတာ။ အိမ်မှာ အိပ်တာတောင် မလုံခြုံတော့ဘူး။ အိမ်ထဲမှာနေရင်တောင် တံခါးတွေ ဖျက်ဝင်ပြီး အနိုင်ကျင့်တဲ့အဆင့် ရောက်နေတာကိုး။”

ဒီလို သတ်ဖြတ်မှုတွေဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အနည်းဆုံး ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကပုန်းနာရေးကူညီမှုအသင်းက အခင်းဖြစ်ကတည်းက ခုထိ မြန်မာ ၆ ဦးကို သဂြုင်္ိဟ်ပေးခဲ့တယ်လို့ ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။

မလေးရှားရောက်မြန်မာတွေရဲ့ အခြေအနေကို ဦးစိန်ဝင်းက “မလေးရောက်မြန်မာတွေက အသတ်ခံရမှာကြောက်ပြီး လမ်းလဲမထွက်ရဲတော့ဘူး။ မြန်မာနိုင်ငံရှိ မလေးရှားသံရုံးကို ဖိအားပေးနေတော့ စစ်ဆင်ရေးတွေလုပ်ပြီး နင်းကန်ဖမ်းနေတော့ မြန်မာတွေအများစုဖမ်းခံရတယ်။ အားလုံးကြောက်နေတယ်။ အခုဆို မြန်မာဆိုင်တွေဘာတွေလည်း အရောင်းအ၀ယ်မကောင်းဘူး။ အားလုံးငြိမ်နေတယ်။”

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိထိရောက်ရောက် ကူညီဆောင်ရွက်တာနဲ့ ပံ့ပိုးတာ အားနည်းတယ်လို့ ဦးဆန်းဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို မေးမြန်းရာမှာတော့ သံရုံးအနေနဲ့ သံတမန်လမ်းကြောင်းကနေ ဖမ်းဆီးမှုတွေ ဖြစ်ရေး တိုက်တွန်းနေပြီး ထိခိုက်ဒဏ်ရာရသူတွေကို လည်း တတ်နိုင်သလောက်ကူညီနေတယ်လို့ ဖြေပါတယ်။

၂ ပတ်နီးပါး ကြာမြင့်တဲ့ကာလ အကြမ်းဖက်သတ်ဖြတ်မှုတွေကို  မလေးရှားသတင်းစာတွေမှာ အုပ်စုချင်းဖြစ်တဲ့ ပဋိပက္ခအဖြစ် ရေးသားဖော်ပြနေပြီး တရားခံတစုံတဦးကိုမှ ဖမ်းဆီးနိုင်ခြင်းတော့ မရှိသေးပါဘူး။  ဒီအပေါ် လက်ရှိအာဏာရအစိုးရအပေါ် မလေးရှားအတိုက်အခံပါတီတွေက မေးခွန်းထုတ်နေတယ်လို့ ဦးဆန်းဝင်းက ပြောပါတယ်။

မလေးရှားမှာ မြန်မာနိုင်ငံသား ၃ သိန်းခွဲကနေ ၅ သိန်းအကြား ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။
http://burmese.dvb.no/archives/40418

သတိဆွဲခိုင်းပြီး ပါရိုက်ခံရတဲ့ ရဲတပ်သား



Published on June 10, 2013 by ဒီဗွီဘီ

ကျနော်ဟာ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အမှတ် ၁ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားတဦး ဖြစ်ပါတယ်။

ခေါင်းစဉ်ပါဖြစ်စဉ်မှာ ဇွန်လ ၄ ရက်နေ့က  အမှတ် ၁ မြို့မရဲစခန်းရှေ့မှာ တပ်ရဲတာဝန်ထမ်းဆောင်နေစဉ် ရဲတပ်ကြပ်ကြီး (အုပ်ချုပ်) က ကျနော့်ကို “မင်းနှိပ်တတ်လား” ဆိုပြီး မေးလို့ အုပ်ချုပ်နှိပ်ခိုင်းတယ်ထင်ပြီး နည်းနည်းတော့နှိပ်တတ်ပါတယ်လို့ ပြန်ပြောပါတယ်။

“အုပ်ချုပ်က မြို့နယ်ရဲတပ်ဖွဲ့မှူးကို နှိပ်ပေးဖို့ အပေါ်တက်သွား” လို့ ပြောတဲ့အတွက် ကျနော်က မကျွမ်းကျင်လို့ မနှိပ်ပေးရဲကြောင်း ပြောတဲ့အခါ အုပ်ချုပ်က “သွားလိုက်ပါ” အပေါ်မှာလို့ ပြောပါတယ်။

အုပ်ချုပ်ရဲ့ စေခိုင်းချက်အရ မြို့နယ်ရုံးပေါ်ကိုတက်ပြီး ရဲမှူးကို သွားရောက်သတင်းပို့ပါတယ်။ ရဲမှူးက “နှိပ်တတ်တဲ့ကောင် ခေါ်ခိုင်းတာ တပ်ရဲကိုခေါ်လာတယ်” လို့ ပြောပြီး ကျနော့်ကို “မင်းနှိပ်တတ်လား” လို့ မေးပါတယ်။ မနှိပ်တတ်ဘူးလို့ ပြောတဲ့အတွက် ရဲမှူးက အုပ်ချုပ်ကို သူ့ဆီလာဖို့ ခေါ်ခိုင်းပါတယ်။

ကျနော် အောက်ပြန်ဆင်းပြီး အုပ်ချုပ်ကို ရဲမှူးက အခုလာပါလို့ ခေါ်ကြောင်း သတင်းပို့ပါတယ်။ အုပ်ချုပ်က ကျနော့်ကို လိပ်ပြာကန် ရဲရိပ်သာအတွင်းနေထိုင်တဲ့ ဒုတပ်ကြပ်ကို ထပ်မံခေါ်ခိုင်းခဲ့ပါတယ်။ ကျနော် သွားခေါ်တော့ ဒုတပ်ကြပ်ဟာ ကလိပူးပေါင်းစစ်ဆင်ရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေကြောင်း သူ့ဇနီးက ပြောလို့ သတင်းပို့ဖို့ ပြန်လာခဲ့ပါတယ်။

စခန်းအ၀အရောက်မှာ အပေါ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးပေါ်ကနေပြီး ဟေ့ကောင်— အုပ်ချုပ်ကိုခေါ်ခိုင်းတာ မင်းဘာလို့မခေါ်လာတာလဲဆိုပြီး ရဲမှူးက ဆဲဆိုပါတယ်။ ကျနော်က “ အဘ ကျနော် အုပ်ချုပ်ကို သတင်းပို့ခဲ့ပါတယ်၊ အခု အုပ်ချုပ်ခိုင်းရာမှ ပြန်လာကြောင်း” သတင်းပို့ ပြောကြားပါတယ်။

မင်းအပေါ်တက်လာခဲ့လို့ ရဲမှူးက ဆဲဆိုပြီး ခေါ်လို့ မြို့နယ်ရုံးအပေါ်ထပ် ရောက်သွားတော့ ရဲမှူးက သတိဆွဲခိုင်းပြီး စစ်ဆေးမေးမြန်းတာ မပြုဘဲ ကျနော့်ရဲ့ ဘယ်ဘက် (လက်ဝဲဘက်) ပါးကို နှစ်ချက်ရိုက်ပါတယ်။ အဲဒီအချိန်က အနားမှာ စာပေးစာယူဌာနက တပ်ကြပ်တဦး၊ တပ်ကြပ်ကြီး တဦး၊ ဒုတပ်ကြပ်၊ ၊ ဒုရဲအုပ်နဲ့ တပ်သားတဦးတို့လည်း ရှိနေပါတယ်။

ရဲမှူးက “ငါဟာမြို့နယ်မှူး၊ မင်း— အုပ်ချုပ်နဲ့ ငါ့ကို ဘယ်သူ့ကို ပိုကြောက်လဲ” လို့ မေးပါတယ်။ ထိုမေးခွန်းကို ကျနော်မဖြေခဲ့ပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တက်လှမ်းရောက်ရှိလာတဲ့အချိန်မှာ ဂျပန်ခေတ်က ဖက်ဆစ်ဂျပန်တွေ ရိုက်နှက်သလို ပါးရိုက်နဲ့ နားရိုက်မှုတွေ ရှိနေပါသေးတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးတယောက်ရဲ့ အနှိပ်ခိုင်းခြင်းဟာလည်း လျော်ကန်သင့်မြတ်တဲ့ တာဝန်တရပ်လို့ ယူဆပါသလား။

ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့မှာ အကြီးအကဲတဦးအနေနဲ့ အောက်လက်ငယ်သား ရဲဘော်တပ်ဖွဲ့ဝင်တွေအပေါ် သတိဆွဲ ပါးရိုက်ပြီး ညစ်ညမ်း စုတ်ပြတ်တဲ့ စကားတွေ ပြောဆိုဆုံးမခွင့် ရှိပါသလား၊ ပြောခွင့်ရှိပါသလား၊ တာဝန်တစုံတရာ ပျက်ကွက်ခြင်းကြောင့် အပြစ်ပေးခံရခြင်း မဟုတ်ဘဲ အကြီးအကဲတဦး ဇိမ်ခံမှုအပေါ် မနှိပ်ပေးခဲ့မိတဲ့အတွက် သတိဆွဲ ပါးရိုက်ခံရခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ သိက္ခာအရမ်းကျပါတယ်။

ထို့ကြောင့် အထက်အကြောင်းအရာ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ထိရောက်စွာ အရေးယူပေးဖို့ ဒီဗွီဘီကတဆင့် တာဝန်ရှိသူတွေကို တိုင်ကြားအပ်ပါတယ်။

အရိုက်ခံရတဲ့ ရဲသား

https://www.facebook.com/DVBTVNews/posts/551004918271346?notif_t=notify_me

((( သာမီး တို့ က အသစ် လေးတွေပါ )))



Backspace Page

အန်ကယ်ကြီး ။ ။ သမီး ဒီ အလုပ် လုပ် တာ ဘယ်လောက်ကြာပြီလဲ ဟင်..

သာမီး ။ ။ သာမီး ဒီ အလုပ် စ လုပ်တာ နှစ်လ ဘဲ ရှိသေးတယ် အန်ကယ် ..
သာမီး တို့ က အသစ် လေးတွေပါ...

အန်ကယ်ကြီး ။ ။ဟိုး.. အရင် ၅ နှစ်ကျော် လောက်ကတည်း က သမီး ကို တွေ့ဘူး နေသလိုဘဲနော် ..

သာမီး ။ ။ နာမည် တူ မရှား ၊ လူတူမရှား ပါဘူး အန်ကယ် ရဲ့ ။

အန်ကယ်ကြီး ။ ။ ရှိစေတော့ .. ရှိစေတော့ ..

(KTV ဆိုင် လုပ်သက် ၁၀ နှစ်ကျော် ရှိ အမျိုးသမီးတစ်ဦး နှင့် customer တစ်ဦး တို့၏ Dialogue)

--------------------------------------------------------------
((( အခု မှ တိုင်းပြည်ကို အုပ် ချုပ် တာ ၂ နှစ်ဘဲ ရှိသေးလို့ .. စိတ်ရှည်ကြဖို့ )))

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက သူတို့ အစိုးရဟာ ၂ နှစ်သာသာ သက်တမ်း ရှိသေးတဲ့ အစိုးရဖြစ်တာကြောင့်
 ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ရာမှာ စွမ်းရည်ပိုင်း၊ အတွေ့အကြုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေတယ်လို့
 ပြောဆိုခဲ့ပြီး စိတ်ရှည်ကြဖို့ တိုက်တွန်းပြောဆိုပါတယ်။......

အောင်စာရင်းကို Online မှာ ကြည့်ချင်ရင်....



အောက်ပါ link မှာ ကြည်ရှုနိုင်ရန်......

>> http://www.moemyanmar.net/
Photo: ချစ်ပရိတ်သတ်များရဲ့ သားသား၊ မီးမီး၊ ညီလေး၊ ညီမလေး၊ တူလေး ၊ တူမလေး တို့ အတွက် အောင် စရင်းကို Online မှာ ကြည့်ချင်ရင်....

အောက်ပါ link မှာ ကြည်ရှုနိုင်ရန်......

>> http://www.moemyanmar.net/