Tuesday, June 11, 2013

မလေးရှားတွင် မြန်မာများ အကြမ်းဖက် တိုက်ခိုက်ခံရမှု ပိုမိုဆိုးရွားလာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာနာနားလည်မှုများ ပိုမိုပြသလာ



Created on Wednesday, 12 June 2013 04:14
malaypolis-june12
မလေးရှားတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် တရားခံများ ဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်တွင် မြန်မာနိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးတို့ကို လူသတ်မှု သုံးခုအတွက် သံသယ ရှိသူများအဖြစ် ဆီလန်ဂေါ ရဲတပ်ဖွဲ့မှ အလိုရှိသူများ ဖြစ်ကြောင်း ဇွန် ၁၀ ရက်က ထုတ်ပြန်နေသည်ကို တွေ့ရစဉ် (Photo: PolisSelangor facebook)
မလေးရှား နိုင်ငံတွင် မြန်မာများ အကြမ်းဖက်ခံရမှု ပိုမိုဆိုးရွားလာပြီး မြန်မာတစ်နိုင်ငံလုံးက အတိုင်းအတာဖြင့် စာနာနားလည်မှုများ ပိုမိုရှိလာကြောင်း သိရှိရပါသည်။
မလေးရှားရောက် မြန်မာနိုင်ငံ သားများအား ဒေသခံ လူတစ်စုက တိုက်ခိုက်မှုများ မေ ၂၉ ရက်မှ စတင်လာခဲ့ပြီး ယနေ့အထိ ဆက်လက်တိုက်ခိုက် နေမှုများ ဖြစ်ပွားနေသောကြောင့် မလေးရှားတွင်ရှိသော မြန်မာလူမျိုးတို့ စိုးရိမ်ကြောက်ရွံ့လျက် ရှိနေသည်ဟု မလေးရှားတွင် ရှိနေသော မြန်မာများက ပြောဆိုကြသည်။
ထို့ပြင် ဇွန် ၉ ရက်ကလည်း မြန်မာအမျိုးသမီးနှစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရကြောင်း အတည်မပြု နိုင်သေးသော သတင်းများ ထွက်ပေါ်ခဲ့သည်။ မလေးရှား နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုစံမင်းကလည်း "၉ ရက်နေ့ကလည်း ကွာလာလန်ပူနဲ့ နီးတဲ့နေရာမှာ အမျိုးသမီးနှစ်ဦး မုဒိမ်းကျင့်ပြီး အသတ်ခံရတယ်၊ အခြေအနေက ဘာမှန်းမသိဘူး။ အားလုံးက ချောက်ချားနေကြတယ်။ မလေးရဲကတော့ အလောင်းကောက်တာမျိုးပဲ လုပ်နေတယ်၊ ဒီမှာလည်း တော်တော်များက ပြန်ချင်နေကြပြီ" ဟု ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော NLD Youth (LA) မှ ကိုကျော်ကိုကိုက "မလေးမှာ ဖြစ်နေတာက မေလ ၃၀ ရက်နေ့ ကတည်းက စဖြစ်ဖြစ်ချင်းမှာ မြန်မာသံရုံး ကရော၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရော၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်ရော အားလုံးက မမှန်သတင်းတွေ ပြောကြတယ်၊ ဒီမှာက ငါဘယ်နေ့ အသတ်ခံရမလဲ ဆိုတာကို စိုးရိမ်နေကြရတယ်။ ကျွန်တော်တို့တွေကတော့ မလေးအစိုးရ အနေနဲ့ရော၊ မြန်မာအစိုးရ အနေနဲ့ရော ဥပဒေကြောင်းအရ ထိထိရောက်ရောက် ကာကွယ်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ ယူဆတာက မြန်မာပြည်အတွင်းမှာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာ ၀င်တွေဖြစ်တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ ထင်ပါတယ်။ ပြည်တွင်းမှာ ပဋိပက္ခတွေကို ဘယ်သူတွေ ဖန်တီးတယ်လို့ဆိုဆို အဲဒီလူတွေ အနေနဲ့ မွတ်စလင် နိုင်ငံတွေမှာနေတဲ့ ကိုယ့်လူမျိုးတွေကိုတော့ မေ့မထား စေချင်ဘူး" ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ထို့အတူ မလေးရှားတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သူ ကိုမင်းမင်းက "ကျွန်တော်တို့တွေက သူများနိုင်ငံမှာ ပျော်လို့နေနေတာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် မရှိဘူး။ ရှိတဲ့ အလုပ်ကလည်း လစာက မလောက်မငနဲ့။ ဒါကြောင့်လည်း မလေးလို နေရာမှာ အလုပ်လာလုပ် ကြရတာပါ။ အခုတော့ ကျွန်တော်တို့ ဘယ်ကိုမှ မထွက်ရဲဘူး။ ညလည်း ကောင်းကောင်း မအိပ်ရဘူး။ ကင်းစောင့်နေကြ ရတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်နေကြရတယ်။ ဒီမှာက လူအယောက် ၃၀ လောက်ရှိတဲ့ လူအုပ်စုက ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လိုက်နေတာ။ သူတို့တွေ ပြောတာက မြန်မာမှန်ရင် သတ်ပစ်မယ်တဲ့။ ဆလာရန်းကတော့ အရင်ကတည်းက မြန်မာပြည်ကလာတဲ့ မွတ်စလင်တွေ များပါတယ်။ အမ်ပန်းမှာ မြန်မာပြည်ကလာတဲ့ မွတ်စလင် ဆရာဝန် တစ်ယောက်က မြန်မာမွတ်စလင်တွေ အပေါ်မှာ သြဇာကြီးပါတယ်။ ဘယ်သူဘယ်ဝါ သတ်တာလဲ သေချာမသိပေမယ့် သတ်ခါနီး ဘာလူမျိုးလဲ မေးပြီးမှ သတ်တာဆိုတော့ မြန်မာပြည်ကလာတဲ့ မွတ်စလင်တွေ ဖြစ်ပုံရပါတယ်။ နောက်ကွယ်မှာတော့ မလေးလူမျိုးတွေ ပါမယ်ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။
မလေးရှားတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်းကြောင့် မလေးရှား ရဲတပ်ဖွဲ့အား ဖိအားပေးနေချိန်တွင် ဆလန်ဂေါ ရဲတပ်ဖွဲ့က ဧပြီလအတွင်း မြန်မာနိုင်ငံသားများ အသတ်ခံရမှုတွင် သံသယရှိသော မြန်မာလူမျိုး နှစ်ဦးနှင့် အင်ဒိုနီးရှား နိုင်ငံသူတစ်ဦး အသတ်ခံရမှုအတွက် အင်ဒိုနီးရှား အမျိုးသားတစ်ဦးအား သံသယရှိကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဖြစ်စဉ်များသည် ပြီးခဲ့သည့် ဧပြီလ အတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အချို့ ပါဝင်ပြီး မေလကုန်နှင့် ဇွန်လဆန်းတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် အသတ်ခံရမှု ဖြစ်စဉ်အတွက် တရားခံများအား ဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်တွင် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
nankhinzayyar-june12
နန်းခင်ဇေယျာ၏ Facebook စာမျက်နှာတွင် Profile picture ကို အနက်ရောင်အဖြစ် ပြောင်းလဲထားစဉ်
မလေးရှား နိုင်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံနေရမှုနှင့် ပတ်သက်၍ နာမည်ကြီး သတင်းဌာန ဘီဘီစီ အပါအ၀င် နိုင်ငံတကာ သတင်းအေဂျင်စီ အချို့တွင် အကျယ်တ၀ံ့ ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရပြီး ဘီဘီစီ သတင်းဌာနတွင် ဇွန် ၉ ရက်က သတင်းတိုတစ်ပုဒ် ထည့်သွင်းထားသည်ကို တွေ့ရသည်။ မလေးရှားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် ကိုစံမင်းက  "ကျွန်တော်တို့ ဖြစ်ဖြစ်ချင်းမှာ ပြည်ပက နာမည်ကြီး သတင်းဌာနတွေက ဘာသံမှ မထွက်ပါဘူး။ ဒါကြောင့်လဲ။ တချို့လူတွေက ဘာမှ သိပ်မသိလိုက်တော့ မရှောင်နိုင်လိုက်ကြဘူး။ ရခိုင်ကိစ္စ တုန်းကကျတော့ လူ့အခွင့်အရေးဆိုပြီး အော်လိုက်ကြတာ ကျွန်တော်တို့ကိုကျတော့ လူ့အခွင့်အရေးနဲ့ ကာကွယ်မပေးကြဘူး" ဟု ရင်ဖွင့်သည်။
မလေးရှားတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကိုဂျင်မီက "ကျွန်တော်တို့ မလေးမှာ ဖြစ်ပွားနေတဲ့ အခြေအနေကို သုံးသပ်ကြည့်တော့ မလေးရှားဒေသခံ မွတ်စလင်တွေနဲ့ မြန်မာလူမျိုးတွေနဲ့ ဖြစ်တာမဟုတ်ဘူး။ မလေးရှား နိုင်ငံထဲကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေနဲ့ ဖြစ်တာလို့ သိရတယ်။ ကျွန်တော်တို့ကတော့ ဒီကိစ္စကို ကူညီဆောင်ရွက်ဖို့ မြန်မာအစိုးရရဲ့ သက်ဆိုင်ရာ ဌာနတွေကို အကြံပြုတာ၊ တိုက်တွန်းတာ၊ အချက်အလက် ပေးပို့တာတွေကို လုပ်ပေးပါတယ်။ အဓိက အရေးအကြီးဆုံး နှစ်ချက်က မလေးမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေး၊ အဓိကကတော့ အသက်အန္တရာယ်ပေါ့။ နောက်တစ်ချက်က အရင်လို အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်ကိုင် နိုင်ဖို့အတွက် အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး အစိုးရ နှစ်ရပ်လုံးဆီကို အကြံပြုကြဖို့ လိုပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။ 
မလေးတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား တစ်ဦးက "အခု မလေးရှားက လူတွေအတွက် တစ်နိုင်ငံလုံးကလူတွေ တွေးပူပေးကြလို့ ဒုက္ခရောက်နေတဲ့ လူတွေ ကိုယ်စား အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ အထူးသဖြင့်တော့ ဒီကလူတွေ အိမ်အပြန်ခရီး ချောမွေ့စေဖို့နဲ့ ဒဏ်ရာရတဲ့ သူတွေအတွက်ပါ ကူညီကြတဲ့ ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်တို့ကို ကျေးဇူးတင်ပါတယ်။ တစ်နိုင်ငံလုံးက ကိုယ့်လူမျိုးတွေကို မေ့မထားဘူးဆိုတာ သိရလို့ မျက်ရည်လည်အောင် ၀မ်းသာမိပါတယ်။ တစ်လက်စတည်း ကျွန်တော်ပြောချင်တာက အခုဒီမှာနေပြီး ဒုက္ခပိုရောက်ကျတာ Over stay တွေပါ။ သူတို့ကို ဦးစားပေးအနေနဲ့ ကူညီစေချင်ပါတယ်။ သူတို့လည်း Over stay  ဖြစ်ချင်လို့ ဖြစ်တာမဟုတ်ပါဘူး။ အခက်အခဲ အမျိုးမျိုးကြောင့်ပါ။ အခု သူတို့က ပိုဒုက္ခ ရောက်ပါတယ်။ ကျွန်တော်အဓိက ပြောချင်တာ Over stay သမားတွေကို ဦးစားပေးပါလို့ ပြောချင်ပါတယ်" ဟု ပြောကြားသည်။
လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က "ဘာသာရေး၊ လူမျိုးရေးအပေါ် အခြေခံပြီး ကျွန်တော်တို့ လူမျိုးတွေ မလေးရှားမှာ အသတ်ခံနေရတာ မလေးရှား အစိုးရနဲ့ မြန်မာအစိုးရမှာ တာဝန်ရှိတယ်။ အခုလို ဖြစ်တာတွေက မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ၊ လားရှိုးမှာ ဖြစ်တာတွေရဲ့ နောက်ဆက်တွဲတွေပါပဲ။ မြန်မာနိုင်ငံ သားတွေကို အခြားနိုင်ငံသားများ နည်းတူ အကာအကွယ် ပေးဖို့အတွက် ဒီလ ၁၅ ရက်မှာ မလေးရှား သံရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့် တင်ထားပါတယ်" ဟုဆိုသည်။
မလေးရှား နိုင်ငံအတွင်း အကြမ်းဖက် ခံခဲ့ရသဖြင့် ဒုက္ခရောက်နေသော မြန်မာနိုင်ငံ သားတို့အား မြန်မာတိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်၊ ဦးတေဇတို့က ငွေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီး ပြန်လာလိုသည့် သူများအား လေယာဉ်လက်မှတ် များကိုပါ လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ အလှူရှင်များကလည်း မိမိတို့ တတ်နိုင်သ၍ လှူဒါန်းမှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ရွှေတောင်၊ ဒဂုံအင်တာနေရှင်နယ်၊ ဒိုင်းမွန်းစတား၊ ရွှေသံလွင် စသည်တို့မှ လှူဒါန်းမှုများ ယခုထိ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။
  news-eleven.com 

လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှိ့ခဲ့သည့် ကျူးလွန်သူ နေ၀င်းကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချမှတ်




    Created on Wednesday, 12 June 2013 03:43

လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် ကျူးလွန်သူ နေ၀င်း ၄၈ နှစ်ကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီက လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မြေ ၇၊ အမှတ် ၈ ရပ်ကွက်တွင် မေ ၂၈ ရက် ညနေပိုင်း၌ ဓာတ်ဆီရောင်းနေသော မအေးအေးဝင်း ၂၄ နှစ်ကို ကျိုင်းတုံမြို့နယ်တွင် နေသူ နေ၀င်းမှ ဓာတ်ဆီဖြင့်လောင်းပြီး မီးရှို့ခဲ့ကြောင်း သိရှိရသည်။

ကျူးလွန်သူ နေ၀င်းကို ဖမ်းဆီးစစ်ဆေးရာတွင် ဘောင်းဘီအိတ်ထဲ မှ WY စာတန်းပါ မူးယစ်ဆေးဝါး နှစ်ပြားကိုလည်း ရှာဖွတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက "ကျူးလွန်တဲ့ နေ၀င်းကို မီးရှို့မှု၊ မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင် မှုတွေနဲ့ ဇွန် ၁၁ ရက် နံနက်ပိုင်းမှာ လားရှိုးမြို့နယ် တရားရုံးကို စွဲဆိုတင်ပို့ လိုက်တယ်။ ပြီးတော့ မွန်းလွဲပိုင်း ၁ နာရီ မိနစ် ၅၀ မှာ သူ့ကို မြို့နယ် တရားသူကြီးက အမိန့်ချ လိုက်ပါတယ်။ ဒါကြောင့် တရားခံကို တောင်ကြီးထောင်ကို လွှဲအပ်လိုက်ပါပြီ။ ဒါ့အပြင် နေအိမ်တွေ ဖျက်ဆီးမီးရှို့ ကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်" ဟု ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ဖြစ်၊ အစ္စလာမ် ဘာသာဝင်တွေပဲ ဖြစ်ဖြစ် ဘယ်သူမဆို တရားဥပဒေကို ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့ ဆောင်ရွက်သွားပါမယ် . . . . .

ကျူးလွန်သူ နေ၀င်းကို လားရှိုးမြို့နယ် တရားရုံးမှ ပုဒ်မ ၃၀၇ အရ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၂၆ အရ ထောင်ဒဏ် ၇ နှစ်၊ မူး/စိတ်ပြစ်မှု ပုဒ်မ ၁၅ အရ ထောင်ဒဏ် ၅ နှစ်၊ မှုး/စိတ်ပြစ်မှု ပုဒ်မ ၁၆ (င)အရ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့သည်ဟု သံသယရှိသူ ၆၀ ကျော်ကို ဖမ်ဆီးစစ်ဆေးနေပြီး တရားစွဲဆိုရန် အထောက်ထား သက်သေခိုင်လုံမှု မရှိသူ ၂၉ ဦးကို ခြေချုပ်ခံဝန် ဥပဒေဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက ဇွန် ၁၁ ရက် ညနေပိုင်းတွင် "ကျူးလွန်သူကို တရားဥပဒေ အကြောင်းအရ အပြင်းထန်ဆုံး အရေးယူခဲ့တာ ဖြစ်တယ်။ ဒီအပေါ်မှာ တစ်စုံတစ်ရာ ကျေနပ်မှု မရှိရင်လည်း ဝေဖန်ထောက်ပြလို့ ရတယ်။ ရဲတပ်ဖွဲ့ အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ဖြစ်၊ အစ္စလာမ် ဘာသာဝင်တွေပဲ ဖြစ်ဖြစ် ဘယ်သူမဆို တရားဥပဒေကို ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့ ဆောင်ရွက်သွားပါမယ်။ လားရှိုးမြို့ ပဋိပက္ခ ဖြစ်စဉ်အတွင်းမှာ လူသတ်၊ ဓားခုတ်၊ မီးရှို့၊ ဖျက်ဆီးခဲ့တဲ့ ကျုးလွန်သူတွေကိုလည်း ဖမ်းဆီးစစ်ဆေး နေတယ်။ အမြန်ဆုံး တရားရုံးကို စွဲဆိုတင်ပို့ သွားပါမယ်" ဟု ပြောကြားခဲ့သည်။

ပုဒ်မ ၁၄၄ စတင် အမိန့်ထုတ်ပြန်ခဲ့သည့် မေ ၂၈ ရက်တွင် ည ၇ နာရီမှ နံနက် ၅ နာရီထိ သွားလာခွင့် ပိတ်ပင်ခဲ့သော်လည်း ယခုအခါတွင် နယ်မြေအေးချမ်း သွားသဖြင့် ယခင်ထုတ်ပြန်ထားသည့် အချိန်အား ထပ်မံလျှော့ချခဲ့ကြောင်း သိရှိရသည်။ ပထမအကြိမ် လျှော့မှုမှာ ည ၈ နာရီမှ မနက် ၄ နာရီထိ ဖြစ်ပြီး၊ ယခု ဒုတိယအကြိမ် လျှော့ချမှုမှာ ည ၁၀ နာရီမှ မနက် ၃ နာရီအထိ ဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။
ews-eleven.com

ဒီနေ့ဖက်တီးရဲ့မှတ်ချက်များ

အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး'
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများစု အနိုင်ရပါက သူရဦးရွှေမန်းကို နိုင်ငံတော်သမ္မတ အဖြစ် တင်မြှောက် ရန် ရွေးချယ်တင်သွင်း မည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး The Voice သို့ ပြောကြားသည်။

ဦးရဲထွဋ် နဲ့ မောင်ကာလု အတူတူ မည်းနေကြပါလား ....

ဦးဖြိုးတေဇက မလေးရောက် မြန်မာတွေကို ပြန်လာနိုင်ဖို့ လူသုံးသောင်းကျော် တင်ဆောင်နိုင်သော ထူးပိုင် သဘောင်္ဖြင့် ရန်ကုန် ပန်းဆိုးတန်း ဆိပ်ကမ်းကနေ ထွက်ခွာသွားပြီလို့ သတင်းရရှိပါသည်။

( သက်တန့်ချို )

ရတာပေါ့ကွ ၊ ဘာဖြစ်လို့ မရရမှာလဲ ။
ဒုက္ခရောက်နေတဲ့သူတွေ ၊ အကူအညီလိုနေတဲ့ သူတွေအတွက် ခရိုနီပိုက်ဆံ ၊ ခရိုနီအလှူအတန်း ဘာလို့ လက်ခံလို့ မရရမှာလဲ ။ ဒါမျိုးဆိုတာ လက်ခံကို လက်ခံရမယ် ။

(မှတ်ချက် - NLD ပညာရေးရန်ပုံငွေပွဲကို စပွန်ဆာ ပေးမှသာ အဆဲခံရတာ ....)


နိုင်ငံရေး အကျဉ်းသား .vs. အာဏာလု အကျဉ်းသား

“ကွာခြားပုံက နှိုင်းစရာတောင် မရှိသလောက်ဘဲ။ ကွာခြားချက်က ၂ မျိုးရှိတယ်၊ ... တမျိုးက အကျဉ်းကျ ခံရတဲ့ကာလမှာ နိုင်ငံရေး အကျဉ်းသားတွေက ဒုက္ခ၊ သောကတွေ ခံစားရတယ်။ သူ (ဦးခင်ညွန့်) နဲ့ ယှဉ်ရင် သာဝတိံသာနဲ့ ငရဲပြည်လို ကွာတယ်၊ နိုင်ငံရေး အကျဉ်းသားတွေက အကျဉ်းထောင်က လွတ်လာတဲ့ အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် ပြန် တည်ဆောက်ဖို့၊ ဂုဏ်သိက္ခာ ရှိရှိ အိနြေ္ဒမပျက် လူရာသူရာဝင် နေနိုင်ဖို့ ဆိုတာ အတော့်ကို ခဲယဉ်းတယ်။ သူ လွတ်လာတော့ တခမ်းတနားကြီး နေနိုင်တယ်”
NLD နာယက ဦးဝင်းတင်

ဦးယွတ်ဆစ် တို့များ ပါးနပ်ပုံများ .... ဘုရားရုပ်ထု အလယ်မှာထားပြီး စကားပြောတာ ။


မလေးရှားမှာမြန်မာတွေကိုသတ်ဖြတ်နေတဲ့ အဓိက အကြမ်းဖက်သမားတရားခံများ



Tun Wai's photo.

မလေးရှားမှာမြန်မာတွေကိုသတ်ဖြတ်နေတဲ့ အဓိက အကြမ်းဖက်သမားတရားခံများ

ဒီမနက် မလေးရှားသတင်းစာမှာပါလာပြီ.. မလေးရှားမှာအကြမ်းဖက်တဲ့ သူတွေ ကို ဖမ်ဝရမ်းထုတ်လိုက်ပြီ ပုံမှာပါတဲ့ သူတွေကို သတိထားကြပါ။
မြန်မာများသတိထားနိုင်ရန်ဖြစ်ပါသည်။

မူရင်း  Nyein Chan
ငြိမ်းငြိမ်း  ဂျပန်ထံမှ ကူးယူဖော်ပြလိုက်ပါတယ်။
ပြန်လည်မျှဝေပါတယ်။
11.6.2013

http://tunwai-states.blogspot.jp/2013/06/blog-post_7749.html


ဒီမနက် မလေးရှားသတင်းစာမှာပါလာပြီ.. မလေးရှားမှာအကြမ်းဖက်တဲ့ သူတွေ ကို ဖမ်ဝရမ်းထုတ်လိုက်ပြီ ပုံမှာပါတဲ့ သူတွေကို သတိထားကြပါ။
မြန်မာများသတိထားနိုင်ရန်ဖြစ်ပါသည်။

မူရင်း Nyein Chan
ငြိမ်းငြိမ်း ဂျပန်ထံမှ ကူးယူဖော်ပြလိုက်ပါတယ်။
ပြန်လည်မျှဝေပါတယ်။
11.6.2013

http://tunwai-states.blogspot.jp/2013/06/blog-post_7749.html

မလေးကဂိမ်းဆိုင်ကိုဝင်စီးကြပုံက...



ကျွန်တော် ဆိုင်မှာ တံခါးသုံးဆင့် ထားပါတယ် ဆိုင်ရှေ့ မှာပါ ပထမ တံခါးက သံတံခါးပါ လျှပ်စစ်သံလိုက်သော့ တပ်ထားပါတယ် ဒုတိယတံခါးက သစ်သားနဲ့ သော့နဲ့ပါ နောက်ဆုံးတံခါးက သံတံခါးပါ သော့ခလောက်နဲ့ပါ။ ဒီ့နေ့ ညနေ ၃နာရီခန့်မှာ ဖြစ်တာပါ ဓါးပြမဟုတ်ပါ။
... ဖြစ်ပုံက ဒီလိုပါ ...

ဆိုင်ဘဲလ်ကို နှိပ်တော့ ကျွန်တော်လည်း ဆိုင်မှာ ကစားမယ့်သူလို့ ထင်တာပါ။ အဲဒါကြောင့် ပထမ တံခါးကို ဖွင့်ပေးလိုက်ပါတယ်။ တံခါးဖွင့်ပြီးတဲ့အချိန်မှာ နောက်ထပ် သူ့ လူ တွေကို ခေါ်ပါတယ်။ သူတို့ ပြောတာကတော့ နောက်ထပ် ဒုတိယ တံခါးကို ဖွင့်ပေးဖို့ ပြောပါတယ် ကျွန်တော်လည်း လူတွေများနေတော့ မသင်္ကာတာနဲ့ ဖွင့် မပေးပါဘူး။ သူတို့က ခြေထောက်နဲ့ ကန်ဖွင့် ကြလို့ ပွင့် သွားပါတယ်။ အထဲရောက်တော့ မင်းမြန်မာလား မင်းတို့ဘာကောင်တွေလဲလို့ မေးပြီးတတိယ သံတံခါးကို ခြေထောက်နဲ့ ကန်ကြပါတယ်။ သူတို့ လက်ထဲမှာ ဓါးရှည် ၂ချောင်းနှင့် တုတ် များကိုင်ဆောင်ထားပါတယ်။ အဲအချိန်မှာ ကျွန်တော့်သူဌေးကို ဖုန်းခေါ်ပါတယ် သူဌေးက ချက်ခြင်းလာမယ်ပြောပါတယ်။ ကျွန်တော်က ဆိုင်နောက်ဖေးမှာ ထားတဲ့ လှံကို ပြေးယူပါတယ်။ နောက်ထပ် ကျွန်တော့်သူငယ်ချင်း နှစ်ယောက်ကိုခေါ်ပါတယ် ကျွန်တော့် သူငယ်ချင်းတွေက ဆိုင်နောက်ဖက်မှာ အိပ်နေတာပါ သူတို့နဲ့ အတူ ဆိုင်ရှေ့ကို ပြန်ထွက်တဲ့အချိန်မှာ သူတို့တွေ ပြန်ထွက်ပြေးပါတယ် ခဏကြာတဲ့အချိန်မှာ ကျွန်တော့် သူဌေးနှင့်အတူ တိုက်ဂေါ(လူမိုက်) ခေါင်းဆောင်ရောက်လာပါတယ်။။ ကျွန်တော့် သူဌေးနှင့်အတူ တိုက်ဂေါ(လူမိုက်) ခေါင်းဆောင်ရောက်လာချိန်မှာတော့ အဲဒီကုလား အုပ်စု ဆိုင်ရှေ့မှာ မရှိတော့ပါဘူး။ဖြစ်ပုံက အဲလိုပါ မလေးရှားမှာ ရှိနေကြတဲ့ ညီအကို မောင်နှမများ အန္တရာယ်က အချိန်မရွေး ကြရောက်နိုင်တဲ့ အတွက် သတိ ဝရိယ နဲ့ နေကြ သွားကြ လာကြ စားကြ အိပ်ကြပါရန် သတိပေးလိုက်ပါတယ်။

(နေဇာထွန်း)

ရခိုင်ကရဲမှုးအနိုင်ကျင့်ပုံက....