Wednesday, June 12, 2013

မလေးရှားသို့ တရားမ၀င် ရောက်ရှိနေသူများ အပါအ၀င် မြန်မာနိုင်ငံသို့ ပြန်လိုသူအားလုံး ပြန်နိုင်ရန် ဆောင်ရွက်ပေးမည်ဟု နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ပြောကြား

Created on Thursday, 13 June 2013 03:49

မလေးရှားနိုင်ငံသို့ တရားမ၀င် ရောက်ရှိနေသူများ အပါအ၀င် နေရပ်ပြန်လိုသူ မလေးရှားရောက် မြန်မာအားလုံးကို အမြန်ဆုံး ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မလေးရှားသို့ ရောက်ရှိနေစဉ် ကာလအတွင်း The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာရန် ဇွန် ၁၁ ရက် ညပိုင်းက မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့သော ဦးဇင်ယော်နှင့် အဖွဲ့သည် ဇွန် ၁၂ ရက်က မြန်မာအလုပ်သမားများနှင့် တွေ့ဆုံခဲ့ပါသည်။
မြန်မာနိုင်ငံသို့ ပြန်လိုသော်လည်း စာချုပ်အရ အလုပ်ရှင်မှ ပေးမပြန်သည့် တရားဝင် အလုပ်သမားများအတွက် အဆင်ပြေမှု ရစေရန်လည်း ဆောင်ရွက်သွားမည်ဟု သိရသည်။ နေရပ် မပြန်လိုဘဲ ဆက်လက်နေထိုင်လိုသူ မြန်မာ အလုပ်သမားများ၏ လုံခြုံရေး စိတ်ချမှု ရှိစေရန် . . . . .

"ဒီနေ့မနက် ဆလာယန်းဈေးကို သွားခဲ့တယ်။ အဲဒီမှာ ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေနဲ့ တွေ့ခဲ့တယ်။ သူတို့ရဲ့ တွေ့ရှိချက်တွေပေါ့။ သူတို့ မျက်စိရှေ့မှာ ဖြစ်သွားတဲ့ ကိစ္စတွေ၊ သူတို့ ကာကွယ်ပေးခဲ့တာတွေ၊ သူတို့ သတင်းပေးခဲ့တာတွေ အဲဒါတွေ ပြောခဲ့တယ်" ဟု ဦးဇင်ယော်က ပြောကြားသည်။

"မြန်မာပြည်ကို ပြန်ချင်တဲ့ သူတွေရှိတယ်။ အဲဒီတော့ အမြန်ဆုံးပြန်နိုင်အောင် ဘယ်လိုလုပ်ပေးမလဲ။ CI ပေါ့။ Certificate Identity ပေါ့။ မြန်မာပြည် ပြန်ဖို့အတွက် အထောက်အထား ထုတ်ပေးပြီးတဲ့နောက် သုံးလလောက် စောင့်ရမယ်ဆိုတဲ့ အခြေအနေ ရှိတယ်လို့ ကြားတယ်ပေါ့။ ဒီဟာကို အမြန်ဆုံး ပြန်နိုင်အောင် သက်ဆိုင်ရာ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ သက်ဆိုင်ရာ အလုပ်သမား ၀န်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးမယ်" ဟု ဦးဇင်ယော်က ပြောပါသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ ပြန်လိုသော်လည်း စာချုပ်အရ အလုပ်ရှင်မှ ပေးမပြန်သည့် တရားဝင် အလုပ်သမားများအတွက် အဆင်ပြေမှု ရစေရန်လည်း ဆောင်ရွက်သွားမည်ဟု သိရသည်။ နေရပ် မပြန်လိုဘဲ ဆက်လက်နေထိုင်လိုသူ မြန်မာ အလုပ်သမားများ၏ လုံခြုံရေး စိတ်ချမှု ရှိစေရန် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group

မန္တလေးကို မိတ္ထီလာလို အဖြစ်မခံနိုင်လို့ပါတဲ့

တန်.တော် မိုး

ကျေးဇူးပြုပြီး ရွှေမန်းမြေမှ မိဘပြည်သူများခင်ဗျာ.....။

ကျွန်တော်ဘစည်လဲ မန္တလေးသားပါ..။ မန်းလေး ဘာမှ မဖြစ်ဖို့ မန်းလေးသားတိုင်းမှာ တာဝန်ရှိပါတယ် ခင်ဗျာ..။

ကျွန်တော်တို့ မန္တလေးကို မိတ္ထီလာလို အဖြစ်မခံနိုင်ပါ...။

ကျွန်တော်တို့ မန္တလေးကို လားရှိုးကဲ့သို့  အဖြစ်မခံနိုင်ပါ..။

နိုင်ငံရေးမတည်ငြိမ်အောင် ဘာသာရေးခုတုန်းလုပ်သူများ ဒီနေ့ မန်းမြေမှာ အနံ့ ထွက်နေပါတယ်ခင်ဗျာ.။

အဲတော့ မိဘပြည်သူများအနေဖြင့် ဘာပဲဖြစ်လာ ဖြစ်လာ ဖြစ်စဉ်ကို မခံစားကြပါနဲ့  ၊ အဲဒီဖြစ်စဉ်ကို ဖော်ထုတ်အရေးယူဖို့ ပဲ ကြိုးစားကြပါ ခင်ဗျာ..။

ဘုန်းဘုန်းများအနေဖြင့်လဲ ဖြစ်စဉ်ကို ဘာသာရေးအသွင်ဖြင့် မရှုတ်ထွေးစေလိုပါသောကြောင့် ကိုယ်တိုင် ၀င်ရောက် မပါဝင်စေလို ပါဘုရား..သက်ဆိုင်ရာကို သာ သတင်းပေးပို့ ကြစေလို ပါတယ်..။

ကိုယ်ထိလက်ရောက် ဒေါသနဲ့ မတုန့် ပြန်ကြပါနဲ့ ...။ မည်သူ မည်ဝါကိုသာ အာဏာပိုင်တွေကို သတင်းပေးကာ ဖော်ထုတ်ပေးစေလို ပါတယ် ခင်ဗျာ..။

ဖြစ်စဉ်တစ်ခုကို ရှုပ်ထွေးအောင် အစဖော်မရအောင် မလုပ်ကြပါနဲ့ လို့  အကြံပေးပါရစေ...။

ဖြစ်စဉ်ရဲ့  အရင်းအမြစ်ကိုသာ ဆွဲလှန်နိုင်အောင်သာ သက်ဆိုင်ရာနဲ့  ၀ိုင်းဝန်းကြိုးစားကြစေလိုပါတယ်..။

ဒီမိုကရေစီ နိုင်ငံသားကောင်းများ ပီပီ တရားခံကို ဥပဒေအောက်ကိုပဲ သွတ်သွင်းကြစေလိုပါတယ်..။

ထောင်ချောက်ကို ထောက်ချောက်မှန်း သိစေအပ်ပါတယ် ခင်ဗျာ..။

တစ်စုံတစ်ရာ ထူးခြားဖြစ်စဉ် ဖြစ်ပေါ်လာပါက ချက်ချင်း နိုင်ငံသားကောင်း ပီပီ ဖုန်းဆက် သတင်းပေးကြပါရန် လေးစားစွာဖြင့်...။

အရေးကြီးရင် အရေးကြီးသလို ဆက်သွယ်နိုင်ရန်အတွက်.......။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ ဆက်သွယ်ရန် ဖုန်းနံပတ်များ

၁။ အမှတ်(၁)ရဲစခန်း ၀၂-၆၁၂၀၇
၂။ အမှတ်(၂)ရဲစခန်း ၀၂-၃၂၀၀၈
၃။ အမှတ်(၃)ရဲစခန်း ၀၂-၃၂၀၈၉
၎။ အမှတ်(၄)ရဲစခန်း ၀၂-၆၀၈၃၁
၅။ အမှတ်(၅)ရဲစခန်း ၀၂-၃၆၉၉၁
၆။ အမှတ်(၆)ရဲစခန်း ၀၂-၃၆၉၉၂
၇။ အမှတ်(၇)ရဲစခန်း ၀၂-၃၆၉၉၃
၈။ အမှတ်(၈)ရဲစခန်း ၀၂-၃၆၉၉၄
၉။ အမှတ်(၉)ရဲစခန်း ၀၂-၃၆၉၉၅
၁၀။ အမှတ်(၁၀)ရဲစခန်း ၀၂-၃၆၁၄၅
၁၁။ အမှတ်(၁၁)ရဲစခန်း ၀၂-၃၆၉၉၆
၁၂။ အောင်ပင်လယ်ရဲစခန်း ၀၂-၆၂၇၁၀
၁၃။ ပြည်ကြီးတံခွန်ရဲစခန်း ၀၂-၈၀၃၄၈
၁၄။ ပုသိမ်ကြီးရဲစခန်း ၀၂-၅၇၇၄၉
၁၅။ အုန်းချောရဲစခန်း ၀၈၅-၄၀၁၉၉
၁၆။ အမရပူရရဲစခန်း ၀၂-၇၀၉၉၈
၁၇။ မြစ်ငယ်ရဲစခန်း ၀၂-၅၅၀၇၅
၁၈။ ပြင်ဦးလွင်ရဲစခန်း ၀၈၅-၂၂၀၃၇
၁၉။ သရုပ်ပြရဲစခန်း ၀၂-၅၀၂၆၂
၂၀။ မတ္တရာရဲစခန်း ၀၂-၇၉၀၀၁
၂၁။ စဥ့်ကူးရဲစခန်း ၀၈၆-၃၅၁၉၉
၂၂။ သပိတ်ကျင်းရဲစခန်း ၀၈၆-၃၀၀၀၂
၂၃။ မိုးကုတ်ရဲစခန်း ၀၈၆-၂၀၀၁၃
၂၄။ ကျပ်ပြင်ရဲစခန်း ၀၈၆-၂၅၀၁၂
၂၅။ အချုပ်ထောင်ရဲစခန်း ၀၈၆-၂၀၀၁၄
၂၆။ ကျောက်ဆည်ရဲစခန်း ၀၆၆-၅၀၃၃၂
၂၇။ မြစ်သားရဲစခန်း ၀၆၆-၆၀၀၀၆
၂၈။ ကူမဲရဲစခန်း ၀၆၆-၆၂၀၁၃
၂၉။ စဥ့်ကိုင်ရဲစခန်း ၀၆၆-၄၀၀၃၁
၃၀။ ပလိပ်ရဲစခန်း ၀၆၆-၄၂၀၉၃
၃၁။ လေဆိပ်ရဲစခန်း ၀၂-၈၇၄၁၆
၃၂။ တံတားဦးရဲစခန်း ၀၆၆-၄၄၀၀၇
၃၃။ မိတ္ထီလာအမှတ်(၁)ရဲစခန်း ၀၆၄-၂၃၅၀၄
၃၄။ ရှမ်းမငယ်ရဲစခန်း ၀၉၆၅၂၀၆၇၁
၃၅။ အလယ်ရွာရဲစခန်း ၀၉၆၅၂၀၆၇၂
၃၆။ ယင်းမာပင်ရဲစခန်း ၀၉၆၅၂၀၆၇၃
၃၇။ ညောင်ရမ်းရဲစခန်း ၀၉၆၅၂၀၆၇၄
၃၈။ ဟံဇာရဲစခန်း ၀၉၆၅၂၀၆၇၅
၃၉။ ရွှေတောင်ရဲစခန်း ၀၉၆၅၂၀၇၂၄
၄၀။ ပင်းတလဲရဲစခန်း ၀၉၆၅၂၀၈၅၄
၄၁။ နှောကန်ရဲစခန်း ၀၉၆၅၂၀၇၃၆
၄၂။ ဆည်တိုရဲစခန်း ၀၉၆၅၂၀၇၃၅
၄၃။ မိတ္ထီလာအမှတ်(၂)ရဲစခန်း ၀၆၄-၂၃၅၀၅
၄၄။ မိတ္ထီလာအမှတ်(၃)ရဲစခန်း ၀၆၄-၃၅၁၉၉
၄၅။ မလှိုင်ရဲစခန်း ၀၆၄-၆၀၂၅၄
၄၆။ သာစည်ရဲစခန်း ၀၆၄-၆၉၀၀၁
၄၇။ ဝမ်းတွင်းရဲစခန်း ၀၆၄-၅၀၀၀၇
၄၈။ ရမည်းသင်းရဲစခန်း ၀၆၄-၄၀၀၀၃
၄၉။ ပျော်ဘွယ်ရဲစခန်း ၀၆၄-၄၉၀၀၆
၅၀။ မြင်းခြံအမှတ်(၁)ရဲစခန်း ၀၆၆-၂၁၅၀၄
၅၁။ မြင်းခြံအမှတ်(၂)ရဲစခန်း ၀၆၆-၂၁၀၃၉
၅၂။ ဆီမီးခုံရဲစခန်း ၀၆၆-၂၂၁၃၀
၅၃။ နွားထိုးကြီးရဲစခန်း ၀၆၆-၈၀၀၀၄
၅၄။ တောင်သာရဲစခန်း ၀၆၆-၇၀၅၀၄
၅၅။ ကျောက်ပန်းတောင်းရဲစခန်း ၀၆၁-၅၁၁၉၉
၅၆။ ငါန်းဇွန်ရဲစခန်း ၀၆၆-၄၆၂၂၉
၅၇။ ညောင်ဦးရဲစခန်း ၀၆၁-၆၀၅၀၃
၅၈။ ပုဂံရဲစခန်း ၀၆၁-၆၅၁၉၉

မလေးရှားက မြန်မာပြည်ကို ဘယ်လိုပြန်ရမလဲ ?

မလေးရှားရောက်မြန်မာများ's photo.

မလေးရှားက မြန်မာပြည်ကို ဘယ်လိုပြန်ရမလဲ ?

ကျွန်တော်တို့ ကို ဖုန်းဆက်တဲ့ သူအားလုံး မေးတဲ့မေးခွန်းအားလုံးကို ကျွန်တော်ဒီမှာ ဖြေပေးပါ့မယ်။

1. ပြန်မယ့်သူမှာ ပတ်စပို့စာအုပ်ရှိပါသလား ?
Passport စာအုပ်ရှိပြီး ပါမစ်မရှိပါက မလေးရှားနိုင်ငံ လူဝင်မှု့ကြီးကြပ်ရေး (IMMIGRASI) မှာ Special Pass (ပြည်ထွက်ခွင့်လက်မှတ်) အတွက် သွားရောက် ပြီးဒဏ်ကြေး ၄၀၀ တိတိ ပေးဆောင်ရပါတယ် ။ ထိုသို့ပေးဆောင်တဲ့နေရာမှာ မိမိပြန်ချင်တဲ့ရက် ပြန်လို့မရနိုင်ပါဘူး ၊ လဝက က သတ်မှတ်ပေးလိုက်တဲ့ရက်မှာ ပြန်ရတာပါ ။ ပထမ ပူထရာဂျာရာ အင်မီဂရေးရှင်းရုံးကို သွားပြီး ပြန်ဖို့ဆောင်ရွက်တဲ့နေရာမှာ နောက်ထပ်တစ်ရက် လာဖို့ ထပ်ချိန်းပါတယ် ၊ ထိုချိန်းတဲ့ ရက်ကိုမှ တစ်ပတ် ခန့်ခွာပြီး လေယာဉ်လက်မှတ်ဝယ်ရတာပါ ။

ထိုသို့ ချိန်းဆိုသောရက် သည် MAI မှပရိုမိုးရှင်းဖြင့် ရောင်းချသော ရက်ဖြင့်တိုက်ဆိုင်ပါက ပရိုမိုးရှင်း ဈေး ၂၄၀ ဖြင့်ဝယ်ယူနိုင်ပြီး MAI မှရောင်းချသည့် ၁၂.၇.၂၀၁၃ နောက်ဆုံးရက်နောက်ပိုင်းမှပြန်ရပါက ထိုရက်အတွက်ရှိသောဈေးဖြင့် သာဝယ်ယူနိုင်မည်ဖြစ်သည် ။

အထက်ပါအတိုင်း မလေးရှားနိုင်ငံ အင်မီဂရေးရှင်းရုံးမှ ချိန်းဆိုသောရက်တွင် လက်ဗွေနှိပ်ရပြီး ပြန်မည့်သူ၏ BIO DATA အားယူထားမည်ဖြစ်ပြီး ၅ နှစ်အတွင်းမလေးရှားသို့ပြန်လည်ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်းသိထားရန်လိုသည် ။

2. ပြန်မည့်သူမှာ Passport မရှိဘူး မှတ်ပုံတင်ပှဲရှိတယ် ရပါသလား ?
ရပါတယ် .... မိမိတွင်ရှိသော မှတ်ပုံတင် (သို့) မိတ္တူယူပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် CI ( certificate of identity ) လျှောက်ပြီး CI ရပါက အထက်ပါ Passport ရှိသူများအတိုင်း မလေးရှား အင်မီဂရေးရှင်းရုံးမှာ Special Pass သွားလျှောက်ထားပြီး ပြန်နိုင်ပါတယ် ။

3. Passport ရှိတယ် Permit ရှိတယ် သူဌေးက ပြန်မလွတ်ဘူး ပြန်လို့မရဘူး ပြန်ချင်တယ် ဘယ်လိုလုပ်ရမလဲ ?
လက်ရှိ မလေးရှားမှာ အများဆုံး ဖြစ်နေတဲ့ ပြဿနာပါ ၊ မလေးရှားက လုပ်ငန်းရှင်းတွေကတော့ စာချုပ်နဲ့ ခေါ်ယူထားတဲ့သူတို့ အလုပ်သများတွေကို လွယ်လွယ်နဲ့တော့ပြန်လွတ်မှာ မဟုတ်ပါဘူး ၊ ဒါက သူတို့ အတွက် ဆုံးရှုံးမှု့ ဖြစ်တာကြောင့် ပတ်စပို့ပြန်ပေးဖို့ လွယ်မည်မဟုတ်ပါ ။

မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်မှ အန္တရယ်များလို့ မဖြစ်မနေပြန်မယ်ဆိုရင်တော့ ပထမဆုံး မြန်မာသံရုံးမှာ အသစ်ရောက်ရှိနေတဲ့ အလုပ်သမားရေးရာ သံမှူး ထံ အကူညီတောင်းပါ ။ သူတို့ ညှိနှိုင်း ပေးရင်တော့ အဆင်ပြေလောက်ပါတယ် ။ 

အဲ့လို မဟုတ်လို့ မိမိတို့ သဘောနဲ့ ပြန်မယ်ဆိုရင်တော့ .....
ဒုတိယ ပတ်စပို့ မရှိတဲ့ သူတွေ လုပ်ရမည့် လုပ်ငန်းစဉ်အတိုင်းလုပ်ရမည်ဖြစ်ပါတယ် ။ 

ကျွန်တော်တို့ ဘာကူညီပေးသလဲ ?
ယနေ့အထိ ကျွန်တော်တို့ ထံ ရောက်ရှိလာတဲ့ အကူညီအနေဖြင့် ပထမဆုံး မနက်ဖြန် ၁၃.၆.၂၀၁၃ အတွက် အခမဲ့လောယာဉ်လက်မှတ် ဒါနပြုပါတယ် ။ ဒီ့အတွက် ဧရာဝတီ ဖောင်ဒေးရှင်းက လာရောက်ကူညီသူများက ထောက်ပံတာဖြစ်ပါတယ် ။

ဒုတိယ MAI က ပြန်လိုသော မြန်မာနိုင်ငံသားများ ပြန်နိုင်ဖို့ ၁၂.၆.၂၀၁၃ မှ ၁၂.၇.၂၀၁၃ အထိ လေယာဉ်လက်မှတ် 240RM ဖြင့်ရောင်းချ ပေးသည့်အတိုင်း ပြန်လည်ရောင်းချပေးပါတယ် ။ 

တတိယ ယခု လာရောက်သည့် မြန်မာပြည်မှ လုပ်ငန်းရှင်ကြီးမှာရဲ့ အလှူးငွေနဲ့ အကူညီကို သယ်ဆောင်လာကြတဲ့ ဧရာဝတီ ဖောင်ဒေးရှင်းရဲ့ အကူညီ များ ဘယ်လိုကူညီမယ်ဆိုတာကို ဒီညနေ အစည်းဝေးပြီးမှာ ကျွန်တော် ဒီစာမျက်နှာပဲ ဖော်ပြပါ့မယ် ။ အလှူရှင်များကညီမည့်အတိုင်း ထိထိရောက်ရောက် ကျွန်တော်တို့ ကူညီပါ့မယ် ။

ဒါဆို ပြန်မည့်သူများအတွက် ရှင်းလောက်ပြီထင်ပါတယ်။
ဆက်လက်ပြီး update ဖြစ်မယ့် အကြောင်းအရာ ၊ ပြောင်းလဲမှု့တစ်ခုခု ရှိပါက ကျွန်တော်တို့ ချက်ချင်း တင်ဆက်ပေးသွားပါ့မယ် ။

ကျွန်တော်တိုခံလာရောက် ဆောင်ရွက်သူများအတွက် ကျွန်တော်တို့ ဆက်တိုက် အီမီဂရေးရှင်းရုံးကို လွတ်ပေးနေပါတယ် ။

ကျွန်တော်တို့တွေက ...

ရွှေလူငယ် - ၀၁၂ ၄၄၆၈၈၄၂ (ကိုမျိုး ဧဒင်ဥယျာဉ်)
ပညာအိမ် - ၀၁၇ ၃၀၇၄၆၂၂ ( ဦးမျိုးညွှန့်)