Thursday, June 13, 2013

မလေးကပြန်လာသူလေဆိပ်မှာလိုင်းကြေးပေးရ

ပခုက္ကူ ကောလာဟလ

Ye Htut

ကြွေလွင့်သွားခဲ့သော မြန်မာ့ရွက်ကြွေတစ်ရွက်

မလေးရှားရောက်မြန်မာများ's photo.

အမျိုးစောင့်ဥပဒေ

မှော်ဘီမြို့ သံဃာအစည်းအဝေးတခုတွင် ဦးဝီရသူဦးစီးသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တင်သွင်း

၁၉၈၂ကိုအစ္စလာမ်ကွန်ယက်စုကလက္မခံဟုပြော

မလေးရောက် မြန်မာတွေအကြား နေရပ်ပြန်ချင်သူ များပြား

RFA Burmese

အကြမ်းဖက်မှုတွေဖြစ်အပြီး မလေးရှားရောက် မြန်မာတွေအကြား မြန်မာနိင်ငံကို ပြန်ချင်သူတွေ အလွန်များနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထောက်အထားတွေနဲ့ ပတ်သက်လို့ အခက်ခဲဖြစ်နေသူတွေလည်း ရှိတယ်လို့ Kepongနာရေးကူညီမှုအသင်း ဥက္ကဌ ဦးဆန်းဝင်းက RFAကို ပြောပါတယ်။

"မြန်မာပြည်ကို ချက်ချင်းပြန်ချင်တဲ့လူတွေက တအားများတယ်၊ ဒါပေမဲ့ အခုဖြစ်နေတဲ့ အတိုင်းအတာက မြန်မာပြည်ပြန်ချင်ပေမယ့် ဒီမှာက ၃ မျိုး ၃ စားဖြစ်နေတယ်၊ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ ဘာ passport မှ မရှိတဲ့လူတွေရှိတယ်၊ တချို့က passport ရှိတယ် permit မရှိဘူး၊ သူတို့က passport တွေလုပ်ထားတယ် သူတို့လက်ထဲမှာ permit တင်ဖို့အခါမှာကျတော့ သံရုံးရဲ့စာအုပ်ပေးတာ နှောင့်နှေးတဲ့အခါကျတော့ permit တင်မမှီခဲ့လို့ သူတို့မှာစာအုပ်ပဲရှိတဲ့ လူတွေ၊ passport ရပြီး permit ကျထားတဲ့လူတွေ ဒါပေမယ့် အဲလူတွေကျတော့ ဘယ်လိုဖြစ်သလဲဆိုတော့ သူဌေးတွေဆီမှာ စာအုပ်တွေရှိနေတယ်၊ အဲဒီအခက်အခဲတွေ တွေ့ကြုံနေရတယ်"

မြန်မာတွေ ထပ်မံအတိုက်ခိုက်ခံရတဲ့ သတင်းတွေကို ကြားရပေမယ့် လောလောဆယ်တော့ အတည်ပြုနိုင်တာ မရှိသေးဘူးလို့ ဦးဆန်းဝင်းကပြောပါတယ်။

အကြမ်းဖက်မှုတွေမှာ သေဆုံးခဲ့တဲ့ မြန်မာတွေရဲ့ အလောင်းကို သင်္ဂြိုလ်ဖို့ ခွင့်ပြုချက်တချို့ ရထားတယ်လို့ ဆိုပါတယ်။ တရားဝင် နိုင်ငံကူးလက်မှတ်ရှိတဲ့ စောဘလူးဂေးရဲ့ ရုပ်အလောင်းကို မြန်မာသံရုံးက ခွင့်ပြုစာထုတ်ပေးခဲ့တဲ့အတွက် လာမယ့် တနင်္ဂနွေနေ့မှာ ခရစ်ယာန်ဘာသာ ထုံးစံအတိုင်း သင်္ဂြိုလ်ဘို့ နာရေးကူညီမှုအသင်းက စီစဉ်ထားတယ်လို့လည်း အသင်း ဥက္ကဌ ဦးဆန်းဝင်းက ပြောပါတယ်။

တဆက်ထဲမှာပဲ မြန်မာအလုပ်သမားတွေအကြား အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအခြေအနေကြောင့်ဖြစ်ပြီး မလေးရှားနိုင်ငံသား တစ်ဦးတယောက်မှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wan Junaidi Jaafar က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မလေးရှားကိုရောက်နေတဲ့ မြန်မာအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်နဲ့ တွေ့ဆုံ ဆွေးနွေး အပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံကလာသူတွေ အချင်းချင်းကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်တွင်းက ပြဿနာကို မလေးရှားနိုင်ငံထဲကို သယ်လာတာဖြစ်တယ်လို့လည်း မလေးရှား ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာတွေအနေနဲ့ ဒီလိုအကြမ်းဖက်မှုတွေ ဆက်မလုပ်ဖို့လည်း သူကသတိပေးလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သိန်း ၆ သောင်းနီးပါး အလုပ်လုပ်ကိုင်နေပြီး အဲဒီအထဲက ၁ သိန်း ၅ သောင်းနီးပါးဟာ တရားမ၀င် လာရောက်နေထိုင်သူတွေဖြစ်ကြောင်း၊ ဒီလူတွေဟာ မလေးရှားနိုင်ငံသားတွေ မလုပ်ကိုင်လိုတဲ့ ခြံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေမှာ လာရောက်အလုပ်လုပ်နေ တာဖြစ်တယ်လို့ သူကပြောပါတယ်။

မလေးရှား အကျဉ်းထောင်အသီးသီးမှာ မြန်မာအကျဉ်းသား လေးထာင့်လေးရာကျော်ရှိနေပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အသိမှတ်ပြုထားတဲ့ ဒုက္ခသည် ၉ သောင်း ၅ သောင်းရှိပြီး အဲဒီအထဲက ၂ သောင်း ၈ ထောင်ဟာ နိုင်ငံသား အငြင်းခံထားရတဲ့ မူဆလင်ရိုဟင်ဂျာ တွေဖြစ်ပါတယ်လို့ သူကပြောပါတယ်။

UNHCR က မလေးရှားမှာ တရားမ၀င်နေထိုင်နေတဲ့ မြန်မာတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

<

မောင်မြင့်ဇော်မှာ သက်ဆိုင်ရာမှ ပြန်ပို့ပေးရန် အဆင်သင့်ရှိ

မလေးရှားရောက်မြန်မာများ's photo.
မလေးရှား ရောက်မြန်များမှ မြန်မာပြည်မှ မိဘပြည်သူများထံပြန်လည်အကူညီတောင်းခံခြင်း

မင်္ဂလာပါ facebook သုံးစွဲနေတဲ့ မြန်မာပြည်မှ ညီအကိုမောင်နှမများခင်ဗျာ ။

အောက်ပါ ဓာတ်ပုံပိုင်ရှင် မြင့်ဇော်ဆိုသူမှာ မလေးရှားနိုင်ငံ Perak ပြည်နယ် 
Langkap ထိန်းသိမ်းရေးစခန်း (BODY NUMBER - 2639) မှာ ကျန်းမာရေး အခြေအနေ အတော်ဆိုးဝါးနေပြီး ယနေ့ တာဝန်ရှိသူများ သွားရောက် ကူညီသည့်အခါ မြန်မာပြည်မှ မိဘဆွေမျိုးများ နှင့်နေရာ ကိုပင် မပြောနိုင်တော့ပါ ။

ထို့အတွက် ကျွန်တော်တို့ မလေးရှားမှ ကူညီမှု့များဖြင့် မြန်မာနိုင်ငံသို့ အရောက်ပို့ဆောင်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူမည်သူမည်ဝါ လာရောက် တာဝန်ယူမည် ပြီးလေဆိပ်တွင် ကြိုနိုင်မည်ကို ကျွန်တော်တို့ မသိပါသောကြောင့် လေယာဉ်ဖြင့်တင်လွတ်ရန် အခက်အခဲရှိနေပါသည် ။

သို့ကြောင့် မြန်မာပြည်မှ သက်ဆိုင်သူများ ဤ ပုံပိုင်ရှင် ဆွေးမျိုးအသိုင်းအဝိုင်းညီအကိုမောင်နှမများသည် ။
အောက်ပါဖုန်းနံပတ်သို့ ချက်ခြင်းဆက်သွယ် အတည်ပြုနိုင်သည် ။

လက်ရှိမောင်မြင့်ဇော်မှာ မလေးရှားလဝက မှ ကုသမှု့ကို ကန့်ရှိ ထိမ်းသိမ်းခံရသော သူများအား ကုသမှု့လက်အောက်တွင်ရှိနေပြီ သက်ဆိုင်ရာမှ ပြန်ပို့ပေးရန် အဆင်သင့်ရှိနေသည် ။

အကယ်၍ မြန်မာပြည်ရှိ လူမှု့ရေးအဖွဲ့စည်းများ မြန်မာပြည်လေဆိပ်တွင် လာရောက်ကြိုဆိုနိုင်ပါက လည်း ကျွန်တော်တို့ထံအကြောင်းကြားဆက်သွယ်နိုင်သည် ။

ဆက်သွယ်ရန် 
မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာ
www.facebook.com/mmrinmy

www.edinooyin.com

ရွှေလူငယ် - 0124468842 (ကိုမျိုး ဧဒင်)
ယဉ်ထွေး - 0104399603 (တာဝန်ခံ)

အခက်အခဲရှိနေပါသည် ။

စင်ကာပူမှ မြန်မာအမျိုးသမီးငယ်အချို့ စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်ရောက်လာမှုများရှိနေ

    Created on Friday, 14 June 2013 01:48

ဧပြီ ၁၆ ရက်က စင်ကာပူမှ မြန်မာနိုင်ငံသို့ MAI လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ကချင်အမျိုးသမီးငယ် တစ်ဦးသည် လေဆိပ်သို့ ရောက်ရှိပြီးချိန်တွင် စိတ်မမှန်သည့် ပုံစံမျိုး ဖြစ်နေကြောင်း၊ ထပ်မံ၍ ဇွန် ၉ ရက်ကလည်း စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ Golden Myanmar လေကြောင်းလိုင်းဖြင့် ပြန်လာသည့် ချင်းတိုင်းရင်းသူ အမျိုးသမီးငယ် တစ်ဦးမှာလည်း ထိုသို့ပင် စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်လည်ရောက်ရှိ လာသဖြင့် လေဆိပ်တာဝန်ရှိသူများက အမျိုးအဆွေများအား ရှာဖွေအပ်နှံ ပေးနေရကြောင်း လေကြောင်းလိုင်း အချို့ထံမှ စုံစမ်းသိရှိရသည်။

လေကြောင်း အသိုင်းအ၀ိုင်းမှ ဖြစ်စဉ်များကို သိရှိသူ တစ်ဦးက ''စင်ကာပူကနေ ပြန်လာတဲ့ အမျိုးသမီးငယ်တွေချည်းပဲ ဖြစ်နေတာ တွေ့ရတယ်။ ပထမတစ်ယောက် ဆိုရင် အသက် ၂၄ နှစ်အရွယ် ကချင်မလေး။ လေဆိပ်ရောက်တော့ ကိုယ့်ပစ္စည်းတွေလည်း ကိုယ်သယ်ဖို့ သတိမရဘူး။ အငှားကားပေါ် တက်ထိုင်နေပြီး ငိုလိုက်ရပ်လိုက်၊ ငိုလိုက်ရပ်လိုက် ဖြစ်နေတယ်။ ဘာမှ မေးလို့မရဘူး။ ဘာကိုမှလည်း သတိမရဘူး။ ဒုတိယ တစ်ယောက်လည်း အဲဒီလိုပဲ ငိုလိုက်ရပ်လိုက်၊ ငိုလိုက်ရပ်လိုက် ဘာမှ သတိမရဘူး။ တာဝန်ရှိသူတွေက အိတ်တွေဖွင့်ပြီး ဆက်သွယ်လို့ရမယ့် ဖုန်းတွေလိုက်ရှာပြီး လုပ်ပေးလိုက်တယ်။ ပထမ တစ်ယောက်ဆိုရင် မြစ်ကြီးနားက ကောင်မလေးပါ။ ဆွေမျိုးရင်းချာအထိ ဆက်သွယ်လို့ မရတဲ့အတွက် ကမ္ဘာအေး အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့က လာခေါ်ပေးသွားတယ်လို့ ကြားရတယ်။ ဒုတိယတစ်ယောက် ကတော့ ဦးလေးတော်တဲ့သူနဲ့ အဆက်အသွယ်ရတော့ လာခေါ်သွားတယ်လို့ ကြားရတယ်။ အဲဒီမှာ တူတဲ့အချက်တွေက ငိုလိုက်ရပ်လိုက်ဖြစ်တာ၊ မှတ်ဥာဏ်ပျောက်နေတာ၊ အမျိုးသမီးငယ်တွေ ဖြစ်နေသလို လေယာဉ်ပေါ်မှာလည်း တစ်ယောက်တည်းစီပဲ ပါလာတာတွေက တူနေတယ်။ အစကတည်းက စိတ်မမှန်ဘူးဆိုရင် လေယာဉ်စီးဖို့ မဖြစ်နိုင်သလို တစ်ယောက်ယောက် အစောင့်ပါလာမှာပဲ။ တစ်ယောက်လောက် ဒီလိုဖြစ်တယ်ဆိုတာ အကြောင်းကြောင်းကြောင့်လို့ ပြောလို့ရပေမယ့် ပုံစံတူ နှစ်ယောက် ဖြစ်လာတဲ့ အတွက်တော့ သေချာစိစစ် သင့်တယ်လို့ ထင်တယ်။ ဥပမာ- ဆေးဝါး တစ်ခုခုကြောင့် အသိဥာဏ် ပျောက်သလား ဆိုတာမျိုးပေါ့။ သွေးရိုးသားရိုး ဖြစ်တာက ပြဿနာ မဟုတ်ပေမယ့် တစ်ခုခုကြောင့်ဆိုရင် ရှောင်တိမ်းနိုင်အောင် စစ်သင့်တယ် ထင်တယ်။ နှစ်ယောက်စလုံး အနေအထားက အောက်ခြေ အလုပ်လုပ်တဲ့ ပုံစံမျိုးလေးတွေပါ'' ဟု ပြောပြခဲ့သည်။
http://news-eleven.com/

မလေးရှားအစိုးရက ပဋိပက္ခများ ထပ်မံ မဖြစ်ပွားရန် သတိပေး

မလေးရှားအစိုးရက လူသတ်တရားခံများကို ဖော်ထုတ်ခြင်း မရှိသေးဘဲ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပဋိပက္ခများ ထပ်မံ မဖြစ်ပွားရန် သတိပေး
Created on Friday, 14 June 2013 03:03
AddThis Social Bookmark Button
6.13.19
ဆလာရန်းဈေးဟောင်း၊ ဈေးသစ် အနီးတစ်ဝိုက်အား ဇွန် ၁၃ ရက်က တွေ့ရစဉ်
မလေးရှားနိုင်ငံတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများကို သတ်ဖြတ်သည့် တရားခံများအား လိုက်လံ ဖမ်းဆီးခြင်း မပြုဘဲ မလေးရှားအစိုးရက ပဋိပက္ခများ ထပ်မံ မပြုလုပ်ရန် မြန်မာနိုင်ငံသားများအား ကြာသပတေးနေ့က သတိပေး ပြောကြားခဲ့သည်။
ထို့အပြင် တရားဝင် ထုတ်ပြန်ချက်များအရ လူလေးဦးထက်မနည်း သေဆုံးခဲ့သည့် ပဋိပက္ခများ ဖြစ်ပွားပြီး မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရန် မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ မလေးရှား နိုင်ငံမြို့တော်၊ ကွာလာလမ်ပူ အနီးတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှု ပဋိပက္ခများကြောင့် စိုးရိမ်မှုများ ရှိနေကြသည်။ သို့သော်လည်း ကွာလာလမ်ပူရှိ လက်ကားဈေးတစ်ခုတွင် မေလနှောင်းပိုင်းက စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံစလုံးက အခိုင်အမာ ပြောကြားခဲ့ကြောင်း သိရသည်။6.13.20
ဆလာရန်းဈေးဟောင်း၊ ဈေးသစ် အနီးတစ်ဝိုက်အား ဇွန် ၁၃ ရက်က တွေ့ရစဉ်
မလေးရှား အာဏာပိုင်များက အဆိုပါ ပဋိပက္ခများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခအတွက် ကလဲ့စားချေရန် ကြိုးပမ်းခဲ့သော မွတ်စလင်များက မြန်မာဗုဒ္ဓဘာသာဝင်များအား တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
''ဒီပဋိပက္ခက မြန်မာတွေ အချင်းချင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခပါ။ သူတို့နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို ကျွန်တော်တို့ နိုင်ငံအထိ သယ်လာခဲ့တာပါ'' ဟု မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ၀င်ဂျူနိုင်ဒီဂျဖာက မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒီပဋိပက္ခက မြန်မာတွေ အချင်းချင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခပါ။ သူတို့နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို ကျွန်တော်တို့ နိုင်ငံအထိ သယ်လာခဲ့တာပါ'' ဟု မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ၀င်ဂျူနိုင်ဒီဂျဖာက မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့...

မြန်မာနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်ကလည်း မြန်မာနိုင်ငံတွင် ယခင်နှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် ဘာသာရေး လက်စားချေမှု အကြောင်းပြကာ ကွာလာလမ်ပူရှိ ဒုစရိုက်အဖွဲ့များက အခွင့်ကောင်းယူ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း၊ ဘာသာရေးနှင့် မဆက်နွှယ်ကြောင်း၊ အဆိုပါ ပဋိပက္ခများတွင် ဒေသခံ မလေးရှား နိုင်ငံသားများ မပါဝင်ကြောင်း ပြောကြားခဲ့သည်။
''ရဲနဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနတို့က ပရော်ဖက်ရှင်နယ်ကျကျ ဆောင်ရွက်ခဲ့ပါတယ်။ မလေးရှား အစိုးရကနေ အခုလို ပူးပေါင်း ဆောင်ရွက်ပေးတဲ့ အတွက်လည်း ၀မ်းသာပါတယ်'' ဟု ဦးဇင်ယော်က ပြောကြားသည်။
မလေးရှားတွင် မြန်မာနိုင်ငံသား ၁၅၇၀၀၀ အလုပ်လုပ်ကိုင်နေပြီး ၎င်းတို့အနက် ၁၄၄၀၀၀ သည် တရားမ၀င် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း မလေးရှား ဒုတိယပြည်ထဲရေး ၀န်ကြီး ၀င်ဂျူနိုင်ဒီဂျဖာက ပြောသည်။
6.13.21
ပူထရာဂျာရှိ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသို့ လာရောက်ပြီး မြန်မာနိုင်ငံပြန်ခွင့် လျောက်ထားသူ အချို့ကို ဇွန် ၁၃ ရက်က တွေ့ရစဉ်
ထို့အပြင် မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် စာရင်းပေး နေထိုင်နေသူ မြန်မာနိုင်ငံသား ၉၅၀၀၀ ရှိကြောင်း ကုလသမဂ္ဂ စာရင်းပြုစုချက်များအရ သိရသည်။ ၎င်းတို့အနက် ၂၈၀၀၀ သည် ဘင်္ဂါလီများ ဖြစ်ကြသည်။
မလေးရှားရဲဌာနက လူသတ်မှု ကျူးလွန်သူများကို ဖမ်းဆီးခြင်းမရှိဘဲ လုံခြုံရေး ထိပါးသည်ဟု အကြောင်းပြကာ တရားမ၀င် နေထိုင်သူ မြန်မာနိုင်ငံသား ၄၄၀၀ အား ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ကို နေရပ် ပြန်ပို့ရန် မြန်မာအာဏာပိုင်များ အထူးသဖြင့် သံရုံးတာဝန်ရှိသူများကို ဖိတ်ကြားထားကြောင်း ၀င်ဂျုနိုင်ဒီက ပြောကြားခဲ့သည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများသည် မိမိ၏ အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့်အပြင် မလေးရှားရဲများ၏ ဖမ်းဆီးမည့် အန္တရာယ်ကိုလည်း စိုးရိမ်နေကြရသည်။
6.13.22