Friday, June 14, 2013

ဆာလာရန်းတွင်ကွယ်လွန်ခဲ့သည့် ကိုမင်းဇော်၏ ရုပ်အလောင်းကိုသဂြိုလ်နိုင်တော့မည်။

မလေးရှားမှ ဒဏ်ရာရှိသည့် မြန်မာလူမျိုးများ ဧရာဝတီဖောင်ဒေးရှင်း၏အကူအညီဖြင့် မြန် မာပြည် ပြန်မည်
...............................................................................................................
မလေးရှားနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြသော မြန်မာနိုင်ငံသားများသည် ဧရာဝတီဖောင်ဒေးရှင်း၏အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန် လာတော့မည်ဖြစ်သည်။
ဆာလာရန်းဈေး၌ဓါးဖြင့်အထိုးခံခဲ့ရသော ကိုထွန်းမော်သိန်းကို လာမည့်(၁၇)ရက်နေ့တွင် MAI လေကြောင်းလိုင်းဖြင့် ဧရာဝတီဖောင်ဒေးရှင်းက မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေး မည်ဖြစ်ပြီး ဆာလာရန်းဈေးတွင်ပင်တိုက်ခိုက်ခံခဲ့ရသော ကိုကိုမောင်ကိုလည်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ပေးရန် စီစဉ်နေသည်။
ဧရာဝတီဖောင်ဒေးရှင်းမှ ဦးရဲမျိုးဟိန်းက " လာမယ့်(၁၇)ရက်နေ့ MAI လေကြောင်းလိုင်းနဲ့ မြန်မာပြည်ပြန်မယ့် (၂၂)ဦးကို ကျွန်တော်တို့ ပြန်ပို့ပေးပါမယ်။ ဒါ ပထမ ဆုံးအသုတ်ပါပဲ။ အဲဒီ(၂၂)ဦးမှာ ၁၇ ဦးကတော့ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ဆာလာရန်းဒေသကပါ။ သူတို့ ဆက်မနေရဲတော့ဘူး။ တစ်ချို့ဆို အခု ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းထဲကနေ အပြင်ကို အမှိုက်တောင်ထွက်မပစ်ရဲဘူး။ အဲဒီထဲက တစ်ယောက်ကတော့ ဓါးနဲ့အထိုးခံခဲ့ရတဲ့သူပါ။ သူလည်း ပထမအသုတ်နဲ့ပြန်ပါမယ်။ သူက စာရွက်စာတန်းအားလုံးပြည့်စုံတော့ ချက်ချင်းပြန်လို့ရတယ်။ နောက်တစ်ယောက်ကတော့ ကိုကိုမောင်ပါ။ သူလည်း ပြန်ဖို့စီစဉ်နေတယ်။ သူကတော့ စာရွက်စာတန်းမပြည့်စုံလို့ ဆောင်ရွက်နေပါတယ်။ သူ့ကိစ္စနဲ့ပတ်သတ်ပြီး နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ သံအမတ်ကြီးတို့နဲ့လည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။ သူတို့ကလည်း ကိုကိုမောင့်ကို စာရွက်စာတန်းတွေအားလုံးထုတ်ပေးဖို့ စီစဉ်နေပါတယ်"ဟုပြောကြားခဲ့သည်။
အဆိုပါဒဏ်ရာရှိသူနှစ်ဦးအား စာရွက်စာတန်း၊ လူဝင်မှုကြီးကြပ်ရေးကိစ္စမှစ၍ အမိမြေ သို့ပြန် ရောက်သည်အထိ ဧရာဝတီဖောင်ဒေးရှင်းမှတာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရန်ကန်ုလေဆိပ်သို့ရောက်ရှိပါက လူနာများကို ဆေးရုံကားဖြင့် ချက်ချင်း ဆေးရုံများသို့တင်ပို့ကာ လုံးဝကျန်းမာရေးပြန်ကောင်းသည်အထိ တာဝန်ယူကုသပေးသွားမည်ဖြစ်သည်။
အဆိုပါဒဏ်ရာရရှိသူနှစ်ဦးအပြင် အမိမြေသို့ပြန်ချင်သည့် အခြားသောဒဏ်ရာရရှိသူများကိုလည်း ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် တာဝန်ယူကာစီစဉ်ဆောင်ရွက်ပေးလျက်ရှိနေသည်။

Photo

Photo

ဆာလာရန်းဈေးတွင် တိုက်ခိုက်ခံရသူ ကိုအောင်မျိုးဦးအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ အစစ အရာရာတာဝန်ယူပေးသွားမည်
....................................................................................................................
ဆာလာရန်းဈေးတွင်တိုက်ခိုက်ခံရပြီး လက်ရှိအချိန်တွင် ဆာလာရန်းဆေးရုံ၌ ဆေးဝါးကုသမှုများ ခံနေသော ကိုအောင်မျိုးဦးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်၏ ဧရာဝ တီဖောင်ဒေးရှင်းမှ အစစအရာရာတာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မလေးရှားနိုင်ငံသို့ရောက်ရှိနေသော ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့ဝင်များသည် ကာပုန်းနာရေးကူညီ မှုအသင်းဥက္ကဌကိုဆန်းဝင်းနှင့်အတူ ဆာလာရန်းဆေးရုံကိုသွားရောက်ခဲ့ပြီး ကိုအောင်မျိုးဦးအား အားပေးစကားများပြောကြားခဲ့သလို ၎င်းအတွက် အစစအရာရာတာဝန်ယူဆောင်ရွက်ပေးသွားရန် မည်လည်းဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်းမှ ဦးရဲမျိုးဟိန်းက "ကျွန်တော်တို့ဆေးရုံကို ရောက်တော့ မျှော်လင့်ချက်မဲ့ တဲ့ မျက်ဝန်းတစ်စုံကို တွေရတယ်။ ကိုအောင်မျိုးဦးပေါ့။ ကုတင်ပေါ်မှာ။ သူက ခေါင်းကို ဓါးနဲ့အခုတ်ခံရ တာ။ နောက်ပြီး အံဖုံလည်း ကျွတ်သွားတယ်။ လက်လည်းထိထားတယ်။ ညီလေးကို ကူညီဖို့အစ်ကိုတို့ မြန်မာပြည်က လာခဲ့တာ၊ ညီလေးအားတင်းထား၊ လိုတာအကုန် လုံးအစ်ကိုတို့ ကူမယ်။ နေကောင်းလာတဲ့အထိလည်း ဆေးကုပေးမယ်။ တို့နိုင်ငံသားတွေမင်းကို ပစ်မထားဘူး လို့ပြောတော့ သူမျက်လုံး တွေအရောင်လဲ့လာတယ်။ အတင်းထထိုင်စကားပြောမယ်လုပ်တယ်။ သူစကားကောင်း ကောင်းမပြောနိုင်သေးဘူး။ အဲလိုမပြောနိုင်တဲ့ကြားကပဲ ကျေးဇူးပါနဲ့ သူ့လက် အကောင်းအတိုင်းပြန်ဖြစ်ချင်တယ်ဆိုတာကို ပြောတယ်၊ မျက်ရည်တွေလည်း လည်လာတယ်။ ကျွန်တော်တို့လည်း အတော်စိတ်မကောင်းဘူး"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကိုအောင်မျိုးဦး၏အခြေအနေမှာ လုံးဝပြန်မကောင်းသေးသော်လည်း အရေးပေါ်အခြေအနေ မဟုတ်တော့သဖြင့် ဆေးရုံမှ ဆင်းခိုင်းရန် စီစဉ်နေရာ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် ကိုဆန်းဝင်းတို့မှ ဆေးရုံတွင်ဆက်ထားပြီး ကုသရန် အတွက် ဆေးရုံတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်နေသည်။ ဦးရဲမျိုးဟိန်းမှပင် "ဒီက ဆေး ရုံတွေက အရေးပေါ်အခြေအနေကိုပဲ ကုပေးတဲ့အတွက် သူကအရေးပေါ်အခြေအနေမဟုတ်တော့ လို့ ဆေးရုံက ဆင်းခိုင်းပြီး အပြင်က လူနာအနေနဲ့ပဲ ဆေးရုံကိုလာပြခိုင်းနေတယ်။ ချက်ချင်းဆင်း ခိုင်းနေတာ။ အဲဒါကို ကျွန်တော်တို့က ဆက်ထားပါ။ ကျွန်တောတို့အကုန်တာဝန်ယူတယ်။ ဒီလူနာ က ဆင်းနိုင်တဲ့အနေအထားမရှိသေးဘူးဆိုပြီး တောင်းဆိုထားတယ်။ Deposit တင်ဖို့လိုလည်း တင်မယ်ဆိုတော့ လောလောဆယ် နှစ်ရက်၊ သုံးရက်ဆက်ထားပေးမယ်လို့ပြောထားတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကောင်းတဲ့အထိ ဆေးရုံမှာ ထားစေချင်တယ်။ သူက လုံးဝကို မကောင်းသေးဘူး။ နောက်ဆုံး သူတို့ဆေးရုံက လက်မခံရင် ပုဂ္ဂလိက ဆေးရုံကို ရွှေ့ပြီးဆက်ထား ဖို့ စီစဉ်ထားတယ်။ သူ့ကျန်းမာရေးအခြေအနေအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အပြင်မှာ ထားဖို့မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ကတော့ သူ့ကိုကောင်းတဲ့အထိကုပေးမယ်၊ နောက်ပြီးရင် သူ့ဆန္ဒ ကိုမေးမယ်။ တကယ်လို့ သူ့အနေနဲ့ ကောင်းလာလို့ အိမ်ပြန်ချင်တယ်ဆိုရင်လည်း အိမ်ပြန်ပို့ပေး မယ်" ဟု ပြောကြားခဲ့သည်။
ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့ဝင်များသည် ဆန်ဂိုင်းဘူလိုဦးနှောက်နှင့် အာရုံကြောဌာနတွင် တက် ရောက်ကုသမှုခံယူနေသော စောအယ်လ်ရှီးကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

Photo: ဆာလာရန်းဈေးတွင် တိုက်ခိုက်ခံရသူ ကိုအောင်မျိုးဦးအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ အစစ အရာရာတာဝန်ယူပေးသွားမည်
............................................................... ဆာလာရန်းဆေးရုံ၌ ဆေးဝါးကုသမှုများ ခံနေသော ကိုအောင်မျိုးဦးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်၏ ဧရာဝ တီဖောင်ဒေးရှင်းမှ အစစအရာရာတာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မလေးရှားနိုင်ငံသို့ရောက်ရှိနေသော ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့ဝင်များသည် ကာပုန်းနာရေးကူညီ မှုအသင်းဥက္ကဌကိုဆန်းဝင်းနှင့်အတူ ဆာလာရန်းဆေးရုံကိုသွားရောက်ခဲ့ပြီး ကိုအောင်မျိုးဦးအား အားပေးစကားများပြောကြားခဲ့သလို ၎င်းအတွက် အစစအရာရာတာဝန်ယူဆောင်ရွက်ပေးသွားရန် မည်လည်းဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်းမှ ဦးရဲမျိုးဟိန်းက "ကျွန်တော်တို့ဆေးရုံကို ရောက်တော့ မျှော်လင့်ချက်မဲ့ တဲ့ မျက်ဝန်းတစ်စုံကို တွေရတယ်။ ကိုအောင်မျိုးဦးပေါ့။ ကုတင်ပေါ်မှာ။ သူက ခေါင်းကို ဓါးနဲ့အခုတ်ခံရ တာ။ နောက်ပြီး အံဖုံလည်း ကျွတ်သွားတယ်။ လက်လည်းထိထားတယ်။ ညီလေးကို ကူညီဖို့အစ်ကိုတို့ မြန်မာပြည်က လာခဲ့တာ၊ ညီလေးအားတင်းထား၊ လိုတာအကုန် လုံးအစ်ကိုတို့ ကူမယ်။ နေကောင်းလာတဲ့အထိလည်း ဆေးကုပေးမယ်။ တို့နိုင်ငံသားတွေမင်းကို ပစ်မထားဘူး လို့ပြောတော့ သူမျက်လုံး တွေအရောင်လဲ့လာတယ်။ အတင်းထထိုင်စကားပြောမယ်လုပ်တယ်။ သူစကားကောင်း ကောင်းမပြောနိုင်သေးဘူး။ အဲလိုမပြောနိုင်တဲ့ကြားကပဲ ကျေးဇူးပါနဲ့ သူ့လက် အကောင်းအတိုင်းပြန်ဖြစ်ချင်တယ်ဆိုတာကို ပြောတယ်၊ မျက်ရည်တွေလည်း လည်လာတယ်။ ကျွန်တော်တို့လည်း အတော်စိတ်မကောင်းဘူး"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကိုအောင်မျိုးဦး၏အခြေအနေမှာ လုံးဝပြန်မကောင်းသေးသော်လည်း အရေးပေါ်အခြေအနေ မဟုတ်တော့သဖြင့် ဆေးရုံမှ ဆင်းခိုင်းရန် စီစဉ်နေရာ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် ကိုဆန်းဝင်းတို့မှ ဆေးရုံတွင်ဆက်ထားပြီး ကုသရန် အတွက် ဆေးရုံတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်နေသည်။ ဦးရဲမျိုးဟိန်းမှပင် "ဒီက ဆေး ရုံတွေက အရေးပေါ်အခြေအနေကိုပဲ ကုပေးတဲ့အတွက် သူကအရေးပေါ်အခြေအနေမဟုတ်တော့ လို့ ဆေးရုံက ဆင်းခိုင်းပြီး အပြင်က လူနာအနေနဲ့ပဲ ဆေးရုံကိုလာပြခိုင်းနေတယ်။ ချက်ချင်းဆင်း ခိုင်းနေတာ။ အဲဒါကို ကျွန်တော်တို့က ဆက်ထားပါ။ ကျွန်တောတို့အကုန်တာဝန်ယူတယ်။ ဒီလူနာ က ဆင်းနိုင်တဲ့အနေအထားမရှိသေးဘူးဆိုပြီး တောင်းဆိုထားတယ်။ Deposit တင်ဖို့လိုလည်း တင်မယ်ဆိုတော့ လောလောဆယ် နှစ်ရက်၊ သုံးရက်ဆက်ထားပေးမယ်လို့ပြောထားတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကောင်းတဲ့အထိ ဆေးရုံမှာ ထားစေချင်တယ်။ သူက လုံးဝကို မကောင်းသေးဘူး။ နောက်ဆုံး သူတို့ဆေးရုံက လက်မခံရင် ပုဂ္ဂလိက ဆေးရုံကို ရွှေ့ပြီးဆက်ထား ဖို့ စီစဉ်ထားတယ်။ သူ့ကျန်းမာရေးအခြေအနေအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အပြင်မှာ ထားဖို့မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ကတော့ သူ့ကိုကောင်းတဲ့အထိကုပေးမယ်၊ နောက်ပြီးရင် သူ့ဆန္ဒ ကိုမေးမယ်။ တကယ်လို့ သူ့အနေနဲ့ ကောင်းလာလို့ အိမ်ပြန်ချင်တယ်ဆိုရင်လည်း အိမ်ပြန်ပို့ပေး မယ်" ဟု ပြောကြားခဲ့သည်။
ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့ဝင်များသည် ဆန်ဂိုင်းဘူလိုဦးနှောက်နှင့် အာရုံကြောဌာနတွင် တက် ရောက်ကုသမှုခံယူနေသော စောအယ်လ်ရှီးကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

..........................................................................................................
ဧရာဝတီဖောင်ဒေးရှင်းအမှုဆောင်များသည် ပြီးခဲ့သည့် ၁၄-၆-၂၀၁၃ ရက်နေ့က ဆာလာရန်းတွင် ကွယ်လွန်သွားခဲ့သောကိုမင်းဇော်၏မိသားစုဝင်များနှင့်တွေ့ဆုံခဲ့ပြီး အလှုငွေများပေးအပ်ခဲ့သလို ကိုမင်းဇော်၏အလောင်းကို မီးသဂြိုလ်နိုင်ရန်အတွက်လည်း ကူညီဆောင်ရွက်ပေးခဲ့သောကြောင့် ကိုမင်းဇော်၏ရုပ်အလောင်းကို မီးသဂြိုလ်နိုင်တော့မည်ဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်းအမှုဆောင်များနှင့် ကိုမင်းဇော်၏မိသားစုဝင်များ၊ ကာပုန်းနာရေးကူညီမှု အသင်းမှ ကိုဆန်းဝင်း၊ မြန်မာများကို ကူညီပေးနေသော ကိုသီဟမောင်မောင်တို့နှင့် ကာပုန်းဘုန်း တော်ကြီးကျောင်းတွင်တွေ့ဆုံခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင်မှ ကိုမင်းဇော်၏မိသားစုကို အလှုငွေ ရင်းဂစ် ၂၀၀၀ လှုဒါန်းခဲ့သည်။ ထို့ပြင် ကိုမင်းဇော်၏ရုပ်အလောင်းမှာ အခက်အခဲအမျိုး မျိုးကြောင့် ရေခဲတိုက်မှ ထုတ်ယူရန်ခက်ခဲနေပြီး မီးသဂြိုလ်ရန်လည်း ခက်ခဲနေသဖြင့် ဧရာဝတီဖောင်ဒေးရှင်း နှင့် မလေးရှားနိုင်ငံရှိမြန်မာနိုင်ငံသံရုံးမှ သံအမတ်ကြီး၊သံရုံးတာဝန်ရှိသူများ ကူညီပေးမှုကြောင့် ယခုအခါတွင် ရေခဲတိုက်မှ ထုတ်ယူကာ သဂြိုလ်နိုင်တော့မည်ဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်း၊ ကာပုန်းနာရေးကူညီမှုအသင်းနှင့် ကွာလာလမ်ပူမှ မြန်မာလူမှုရေးအဖွဲ့ဝင် များသည် ကိုမင်းဇော်၏အလောင်းကို ထုတ်ယူခွင့်ရရှိသွားပြီဖြစ်သောကြောင့် အမြန်ဆုံးသဂြိုလ် သွားမည်ဖြစ်ပြီး ကိုမင်းဇော်၏ဇနီးသည်နှင့် အတူနေယောက်ဖတို့မှာလည်း ကိုမင်းဇော်၏ အလောင်းကိုသဂြိုလ်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာတော့မည်ဖြစ်သည်။
ကိုမင်းဇော်၏မိသားစုဝင်များ မြန်မာနိုင်ငံသို့အမြန်ဆုံးပြန်လာရေးအတွက်လည်း ဧရာဝတီဖောင်ဒေးရှင်းမှ အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါကိစ္စ အတွက်လည်း သံရုံးနှင့်တိုင်ပင်ခဲ့ရာ အဆင်ပြေသဖြင့် မြန်မာနိုင်ငံသို့အမြန်ဆုံးပြန်လာခွင့်ရရှိတော့ မည်ဖြစ်သည်။
(ကိုမင်းဇော်၏ညီအရင်းကိုဝင်းဇော်ကို ဧရာဝတီဖောင်ဒေးရှင်းမှ အလှုငွေပေးအပ်နေစဉ်)

Photo: ဆာလာရန်းတွင်ကွယ်လွန်ခဲ့သည့် ကိုမင်းဇော်၏ ရုပ်အလောင်းကိုသဂြိုလ်နိုင်တော့မည်။

အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါပြီ …

မလေးရှားရောက် မြန်မာနိုင်ငံသားများရဲ့ လက်ရှိခံစားနေရတဲ့ စိတ်သောကတွေ ၊ တိုက်ခိုက်ခံဒဏ်ရာရ မြန်မာနိုင်ငံသားများအတွက် လိုအပ်ချက်တွေ ၊ သေဆုံးသွားသူများအတွက် ဆောင်ရွက်ရမည့် လိုအပ်ချက်တွေ အတွက် အမိမြေမှ သားကောင်းများရဲ့ ကူညီမှု့များဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၀၀၀၀ (ခုနှစ်သောင်း) သည် ယခု အမှန်တကယ် လိုအပ်နေသော နေရာသို့ ရောက်ရှိခဲ့ပြီဖြစ်သည် ။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ ဥက္ကဌ (MAX MYANMAR) ဦးဇော်ဇော်၏ ဧရာဝတီဖောင်ဒေးရှင်း လို့အမည်ရတဲ့ အဖွဲ့ရဲ့ ကိုယ်စားလှယ်များဟာ မနေ့က ( ၁၂.၆.၂၀၁၃ ) မှာ မလေးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ချက်ချင်း ပင် ကပုန်းနာရေးကူညီမှု့အသင်း သို့ရောက်ရှိကာ KBZ ဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်းရဲ့ အလှူငွေ အမေရိကန်ဒေါ်လာ 50000 US$ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၏ အလှူငွေ အမေရိကန်ဒေါ်လာ 20000 US$ ၊ တေးဆို စံလင်း အလှူငွေ ကျပ် တစ်သိန်းခွဲ တို့အား ပေးအပ်လှူဒါန်းသွားခဲ့ပါတယ် ။
အလှူရှင်များရဲ့ ကိုယ့်နိုင်ငံသားများကို ပြန်လည်စောင့်ရှောက်မှု့အတွက် ကျွန်တော်တို့ မလေးရှားရောက် မြန်မာနိုင်ငံသား အားလုံး အားလုံးက ကျေးဇူး အထူးတင်ရှိသလို လိုအပ်ချိန်မှာ အားပေးခဲ့တဲ့အတွက် ကျွန်တော်တို့ စိတ်ထဲ နှလုံးသားထဲက လှိုက်လှုက်လဲလဲ ပီတိဖြစ်ကြရပါတယ် ။
ထို့မျှမက စိတ်စိုးရိမ်သောကရောက်နေကြရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အမိမြေပြန်ဖို့ ဦးဇော်ဇော်၏ ဧရာဝတီ ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ သိန်းကျော်တန်ဖိုးရှိ လေယဉ်လက်မှတ် အစောင် ၁၀၀၀ တိတိကို အဆင်သင့် စီစဉ်ပေးထားပြန်တော့ ကျွန်တော်တို့ တစ်ကယ် လိုအပ်နေတဲ့ သူများအတွက် မျှော်လင့်ချက် တစ်ခု ဖြစ်ခဲ့ရပြန်ပါတယ် ။
နိုင်ငံတော်ရဲ့ တာဝန်ရှိသူများရဲ့ မလေးရှားအစိုးရ ညှိနိုင်း နေတယ်လို့ကြားရပြီး ကျွန်တော်တို့ အပေါ်ထိရောက်တဲ့ ကာကွယ်မှုနဲ့ ဖမ်းဆီးခံမြန်မာနိုင်ငံသားများကို အမိမြေပြန်ပို့ပေးဖို့ ၊ လက်ရှိ ပြန်လိုသူများအတွက် မလေးရှား အင်မီဂရေးရှင်းမှာ ၃ လတိတိ စောင့်ဆိုင်းရမယ့် Special Pass အတွက် ပိုမို မြန်ဆန်စွာ မလေးရှားမှ ထွက်ခွာဖို့ကို မြန်မာနိုင်ငံသားများစွာက မျှော်လင့်နေတဲ့အကြောင်း ကျွန်တော်တို့ ထပ်ဖြည့်စွက် အကူညီတောင်းခံပါတယ် ။
ယနေ့ မလေးရှားမှတရားဝင် ထွက်ခွာခွင့်ရအောင် Immigratoin (Putra Jaya) မှာ သွားရောက် လျှောက်ထားတဲ့ အခါ လာမည့် Spetember လ လယ်ကို ပြန်လည်ချိန်းဆိုထားတာကို တွေ့ကြမှာပါ ၊ အကူညီပေးမယ့် အချိန်မှာ အမှန်တကယ်ပြန်ဖို့ ကျွန်တောတို့ မဖြစ်နိုင်ကြပါဘူး ။ ကူညီသူတွေရှိတဲ့ အချိန် စုဝေပြန်နိုင်ကြဖို့ ကျွန်တောတို့ မျှော်လင့်နေကြပါတယ် ။
ဒီနေ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ သမိုင်းတစ်လျှောက် မမျှော်လင့်ခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်လာခဲ့ပြီး နိုင်ငံတကာရောက်နေတဲ့ မြန်မာလုပ်သားများ ရဲ့ ဖမ်းဆီးခံ ၊ ခြိမ်းခြောက်ခံ အခြေအနေတွေနဲ့ သောကများစွာ ဖြင့် နေထိုင်နေနေကြတဲ့ အချိန် မှာ ယခုလို ဆောင်ရွက်ကူညီပေးမှုကကျွန်တော်တို့ အတွက် အားဆေးတစ်ခွက်ပါ ။
အခက်ခဲကြားထဲက လိုအပ်တဲ့ အချိန်မှာ ကူညီပေးသွားတဲ့ အင်မတန်ရိုးရှင်းပြီး ပကာသနမပါတဲ့ အလှူတစ်ခုအတွက် ကျွန်တော်တို့ မလေးရှားရောက် မြန်မာအားလုံးက စုပေါင်း သာဓုခေါ်နေကြပါတယ်။ ကျေးဇူးတင်နေကြပါတယ် ။ ကျွန်တော်တို့ အိမ်ပြန်လာခဲ့ကြပါမယ် ………

မလေးရှားရောက်မြန်မာများ …….

Photo: အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါပြီ …

မလေးရှားကို အလုပ်သမားစေလွှတ်မှု ခေတ္တဆိုင်းငံ့မည်

Published on June 14, 2013 by ယုဇနကိုကို

မြန်မာအလုပ်သမားတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကြောင့် မလေးရှားနိုင်ငံကို အလုပ်သမားတင်ပို့မှု ခေတ္တရပ်ဆိုင်းငံ့ထားမယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ဇွန် ၁၃ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကနေစတင်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတိုက်ခိုက်မှုတွေကြောင့် မြန်မာအလုပ်သမားအချို့ သေဆုံး ဒဏ်ရာရရှိခဲ့ပြီး နှစ်ပတ်နီးပါးအကြာမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေအားလုံးကို ညွှန်ကြားထားတာပါ။

ဒါနဲ့ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာန ရုံးအဖွဲ့မှူးက “လတ်တလောအခြေအနေအရ ခေတ္တခဏ ဆိုင်းငံ့ထားတဲ့သဘောပါ။ အခြေအနေတွေ အေးချမ်းသွားရင် ပြန်လွှတ်မှာပါ။ ကျနော်တို့က အေဂျင်စီတွေကို ဒီကာလကတော့ မလွှတ်သင့်တဲ့အခြေအနေ နားလည်ပေးပါလို့ တောင်းခံထားတာပါ။ ယာယီခဏ ထိန်းထားတဲ့သဘောပါ။ အေဂျင်စီတွေကိုလည်း နားလည်အောင် ရှင်းပြပေးဖို့ အေဂျင်စီအသင်းချုပ်ကို ပြောထားပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်ဝင်းစတား ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဝင်းကတော့ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းဖို့ ညွှန်ကြားထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အလုပ်သမားဝန်ကြီးဌာနက မလေးရှားကို အလုပ်သမား စေလွှတ်မှု ခေတ္တရပ်ဆိုင်းတာမဟုတ်ဘူး။ အလုပ်သမားဝန်ကြီးဌာနက တရားဝင်ပြောတက အလုပ်သမား လေဘာကတ်လုပ်ဖို့ ခဏရပ်ဆိုင်းထားတာပေါ့။ လေဘာကတ်လုပ်ပြီးသားတွေကတော့ စေလွှတ်လို့ရတာပေါ့။ လေဘာကတ်လုပ်တာကို ခဏရပ်ဆိုင်းတာပါ။ သူ့ရဲ့ လုပ်ရိုးလုပ်စဉ်အရ လေဘာကတ်ရပ်ဆိုင်းလိုက်ပြီဆိုရင် ဗီဇာမရဘူး။ မရရင် ထွက်ခွင့်မရဘူး။ လေဘာကတ်လုပ်ထားပြီး လေယာဉ်လက်မှတ် ၀ယ်ထားပြီးသားသူတွေတော့ သွားခွင့်ရှိတာပေါ့။”

မလေးရှားမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုံစမ်းဖို့သွားရောက်ခဲ့တဲ့ မြန်မာအစိုးရအဖွဲ့ဘက်ကတော့ ကပုန်းဘုန်းကြီးကျောင်းနဲ့ တိုက်ခိုက်ခံရလို့ ဒဏ်ရာရရှိခဲ့တဲ့ မြန်မာအလုပ်သမားမိသားစုတွေကို ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ရုံးအဖွဲ့မှူးက ပြောပါတယ်။

အခုလက်ရှိအချိန်မှာတော့ မလေးရှားနိုင်ငံကို မြန်မာအလုပ်သမား သွားရောက်မှုဟာ မရှိသလောက်ကို နည်းနေပြီလို့ ရန်ကုန်အခြေစိုက် အလုပ်သမားစေလွှတ်မှု အေဂျင်စီတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားဝန်ကြီးဌာနကနေ တရားဝင်ခွင့်ပြုပေးထားတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအရေအတွက် စုစုပေါင်း ၁၆၆ ခုရှိပါတယ်။

မလေးရှားမှာ မြန်မာနိုင်ငံသား ၃ သိန်းခွဲကနေ ၅ သိန်းအကြား ရှိနေတယ်လို့ သိရပါတယ်။

မလေးပြန်များကို အနိမ့်ဆုံး လစာ ၁ သိန်းပေးပြီး အလုပ်ခေါ်မည်
Published on June 14, 2013 by ဒီဗွီဘီ
မလေးရှားမှာ အဆင်မပြေလို့ ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို အနိမ့်ဆုံးလစာ ကျပ် ၁ သိန်းပေးပြီး အလုပ်ခေါ်မယ်လို့ ဦးအောင်ကိုကိုချို ပိုင်ဆိုင်တဲ့ “ထင်သီဟ” ကုမ္ပဏီက ကြေညာပါတယ်။
အလုပ်လာလျှောက်သူတွေဟာ မလေးရှားမှာ ဘာအလုပ်လုပ်ခဲ့တယ်၊ ပညာအရည်အချင်း ဘယ်လောက်ရှိတယ် စတဲ့ ကိုယ်ရေးအချက်အလက် ပြည့်ပြည့်စုံစုံပါတဲ့ CV ဖောင်နဲ့ ကုမ္ပဏီရုံးမှာ လာရောက်လျှောက်ထားနိုင်တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ထင်သီဟကုမ္ပဏီဟာ ပြည်ပပို့ကုန်၊ သွင်းကုန်နဲ့ ကားလုပ်ငန်းကို အဓိက လုပ်ကိုင်တာ ဖြစ်ပြီး ခန့်မယ့်ဝန်ထမ်းတွေကို ဆိပ်ကမ်းရှင်းလင်းရေး၊ အရောင်းဝန်ထမ်းနဲ့ ကုမ္ပဏီဝန်ထမ်းတွေ အဖြစ် အလုပ်ခန့်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Burmese.dvb.no

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးတည်ဆဲဥပဒေ ပြင်ဆင်ပယ်ဖျက်၊ အစားထိုးသွားမယ်လို့သူရဦးရွှေမန်းက ပြော

RFA Burmese
7 hours ago
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် မြန်မာပြည်သူတွေအတွက် အကျိုးမရှိတဲ့ တည်ဆဲဥပဒေမှန်သမျှကို လွှတ်တော်က လိုအပ်သလို ပြင်ဆင်ပယ်ဖျက်၊ အစားထိုးသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က Woodrow Wilson Center မှာ မနေ့က ကျင်းပတဲ့ "မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေအပေါ် ပြည်ထောင်စုလွှတ်တော်ရဲ့အမြင်" ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်၊

ပြင်ဦးလွင်မြို့ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ အဖွင့်မိန့်ခွန်း

Published on Jun 10, 2013

DVB TV 9th June 2013 -
ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ မီးပုံးပျံကွင်း ဇွန်လ(၉ )ရက် ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ အဖွင့်မိန့်ခွန်း

(ရိုက်ကူး - စူပါ၊ အောင်အောင်)

မလေးရှားရဲသတ်တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခြင်း မရှိသေး

 မြန်မာများ အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဆလာရန်းဈေးဧရိယာမှ ဂိုဏ်းခေါင်းဆောင်များကို မလေးရှားရဲက ခေါ်ယူသတိပေး လက်မှတ်ထိုးခိုင်းသော်လည်း လူသတ်တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခြင်း မရှိသေး

    Created on Saturday, 15 June 2013 00:08

မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ အနီးရှိ ဆလာရန်းဈေး ဧရိယာအတွင်း၌ ကျင်လည်နေသော လူဆိုးဂိုဏ်း ခေါင်းဆောင်များကို မလေးရှားရဲမှ ခေါ်ယူသတိပေးပြီး လက်မှတ်ထိုးခိုင်းကြောင်း သိရှိရသည်။ သို့သော် မြန်မာများအား အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခဲ့သူ တရားခံများအား ဖမ်းဆီးရမိရန် စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရှိရသည်။

''ဒီဧရိယာထဲမှာရှိတဲ့ နာမည်ကြီး ဂိုဏ်းခေါင်းဆောင် ငါးဦးကို မလေးရဲကခေါ်ပြီး သတိပေးတယ်။ ဒီနယ်မြေထဲ ဒီလိုလူသတ်မှုတွေ ထပ်မဖြစ်ဖို့ လက်မှတ်ထိုးခိုင်းတယ်'' ဟု မြန်မာမွတ်စလင်အသင်း (မလေးရှား)၏ တွဲဖက်အတွင်းရေးမှူး ဦးသန့်စင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထိုသို့ သတိပေးခံခဲ့ရပြီးနောက် ဆလာရန်းဈေးတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အလုပ်သမားများကို ဆလာရန်းဈေး ဧရိယာထဲတွင် မနေထိုင်ကြရန် သတိပေးခဲ့သဖြင့် လက်ရှိအချိန်တွင် ဆလာရန်းဈေး ဧရိယာ၌ မြန်မာနိုင်ငံသားများ မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။

မေ ၃၀ ရက်မှ ဇွန်ပထမပတ်အထိ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများတွင် ဆလာရန်းဈေးဟောင်း၊ ဈေးသစ်အနီးတွင် အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အများစုမှာလည်း ဆလာရန်းဈေးတွင် လုပ်ကိုင်နေသူများနှင့် ဆလာရန်းဈေးသို့ လာရောက်ဈေးဝယ်သူများ ဖြစ်ကြသည်။

''နောက်ကွယ်က ကြိုးကိုင်ပြီး လှုပ်ရှားတယ် ဆိုတာမျိုးတော့ မဟုတ်ဘူး။ ဒီမှာ ရခိုင်ဘက်က ရောက်လာတဲ့ လူငယ်တွေရှိတယ်။ ဒီနေရာက မူးယစ်ဆေးဝါးလည်း ပေါတော့ သူတို့တွေက သူတို့နာကြည်းချက်တွေကို စိတ်ကြွဆေးတွေနဲ့ ပေါင်းပြီး လုပ်တယ်လို့ ထင်တယ်။ ကျွန်တော် ယူဆတာကတော့ အပြင်လူတွေ မပါဘူး။ ဒီဈေးထဲမှာ ရှိနေတဲ့လူတွေပဲ လုပ်ကြတယ်လို့ ထင်တယ်'' ဟု ဆလာရန်းဈေးအတွင်း ဆိုင်ခန်းဖွင့်ထားသော မြန်မာမွတ်စလင်တစ်ဦးက ပြောကြားသည်။

''ကျွန်တော်တို့က တောင်ကုတ်ဖြစ်ရပ် ပြီးကတည်းက ထိန်းတယ်။ မိတ္ထီလာကိစ္စ၊ ပဲခူးကိစ္စ၊ လားရှိုးကိစ္စတွေ ဖြစ်လာတော့လည်း ဒီကဘာသာရေး အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးထိန်းတာပဲ။ အဲဒီလိုထိန်းတော့ ဒီကလူတချို့က မင်းတို့ဘာမှ ၀င်မပြောနဲ့။ မင်းတို့ပါ ဗိုက်ပွင့်သွားမယ်ဆိုပြီး ပြောတာကို ခံရတာမျိုး ရှိပါတယ်။ ကျွန်တော်တို့က အာဏာရှိတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ မလေးရဲကပဲ လုပ်နိုင်မယ်'' ဟု ကိုသန့်စင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ဆလာရန်းဈေး၏ အခြေအနေမှာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ မရှိသလောက် နည်းပါးသွားသဖြင့် တည်ငြိမ်နေပြီ ဖြစ်ကြောင်း သိရသည်။ သို့သော် ဆလာရန်းဈေးကဲ့သို့ ဂိုဏ်းအုပ်စုများ ရှိနေသည့် ပီနန်းဒေသတွင် ယခုကဲ့သို့ ထပ်ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ကိုသန့်စင်က ဆက်လက်ပြောကြားသည်။

ဆလာရန်း အကြမ်းဖက်မှု၌ ပါဝင်ကျူးလွန်ခဲ့သူများကို CCTV မှတ်တမ်းများဖြင့် စစ်ဆေးနေသော်လည်း ထိုမှတ်တမ်းများတွင် မျက်နှာများကို သဲကွဲစွာ မမြင်ရကြောင်း သိရသည်။
news-eleven.com

မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးရှေ့တွင် ပြည်သူ ၁၀၀ ခန့် ဆန္ဒပြရန် လျှောက်ထားမှု သက်ဆိုင်ရာက ခွင့်မပြု

    Created on Saturday, 15 June 2013 02:16

မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးရှေ့တွင် ပြည်သူ ၁၀၀ ခန့် ဆန္ဒပြရန် လျှောက်ထားမှုကို ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဇွန် ၁၄ ရက် နေ့စွဲပါ ရုံးတံဆိပ်ဖြင့် ခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။

မလေးရှားနိုင်ငံရှိ မြန်မာလုပ်သား အရေးနှင့် ပတ်သက်ပြီး မလေးရှားသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခွင့် ရရှိရေး မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဦးဆောင်ကာ လူ ၁၀၀ ခန့် ပါဝင်မည့် ဆန္ဒပြမှုအား ဇွန် ၁၇ ရက်တွင် ပြုလုပ်ရန် လျှောက်ထားမှုကို ဇွန် ၁၂ ရက်က သက်ဆိုင်ရာသို့ တင်ပြခဲ့သည်။

ထိုသို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ရခြင်းမှာ မလေးရှားနိုင်ငံမှာရှိသော အခြားနိုင်ငံခြားသားများ တန်းတူ မြန်မာနိုင်ငံသားများကို ဥပဒေအရ ကာကွယ်စောင့်ရှောက် ပေးရေးအတွက် ဖြစ်ကြောင်း မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဦးသက်နိုင်က ဆိုသည်။

ဆန္ဒပြရန် လျှောက်ထားမှုအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၅ တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ ခွင့်ပြုမိန့် ထုတ်ပေးရန် သက်ဆိုင်ရာက ငြင်းဆိုခဲ့သည်။

သို့သော် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အနေဖြင့် မလေးရှားတွင် မြန်မာနိုင်ငံသားများ အနေဖြင့် ယခုထက်ပိုမိုသည့် အခြေအနေ ဆိုးဝါးစွာ ခံစားလာရပါက ဆန္ဒပြမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ကွန်ရက်အဖွဲ့ဝင် ကိုနေမျိုးဇင်က ပြောကြားသည်။

ငြင်းပယ်ခံရမှုမှာ မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော ကိစ္စနှင့် ပတ်သက်၍ မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ၏ ယခုလတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစုံစမ်းရန်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း ခေါင်းဆောင်သည့် အထူးကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ သံရုံးရှေ့တွင် ဆောင်ရွက်ခြင်းဖြစ်၍ လုံခြုံရေးအရ ပြဿနာများ မဖြစ်ပွားစေရန် အတွက်ဟု အဆိုပါ ငြင်းပယ်စာတွင် ပါရှိသည်။

ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၉ အရ အယူခံ ၀င်နိုင်ကြောင်းလည်း ပါရှိသည်။
http://www.news-eleven.com

၉၆၉ ကို ငြိမ်းချမ်းရေး သင်္ကေတအဖြစ် သတ်မှတ်ဖို့ သံဃာတွေ ဆွေးနွေးသဘောတူ

RFA Burmese

၉၆၉ အက္ခရာအမှတ်အသားကို ငြိမ်းချမ်းရေး သင်္ကေတအဖြစ် သတ်မှတ်ပြီး ဗုဒ္ဓသာသနာကို ညှိးနွမ်းစေနိုင်တဲ့နေရာတွေမှာ အသုံးမပြုဖို့ မြန်မာနိုင်ငံနေရာ အနှံအပြားက ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၂ဝဝ ကျော် တက်ရောက်ခဲ့တဲ့ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ သဘောတူ ထုတ်ပြန်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို အကြမ်းမဖက်ဘဲ တရားဥပဒေအတိုင်း ငြိမ်းချမ်းစွာဖြေရှင်းဖို့အတွက် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်မှာ ဇွန်လ ၁၃ ရက် ကနေ ၁၄ ရက်နေ့ ဒီကနေ့ အထိ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ သံဃာဆွေးနွေးပွဲအပြီး သဘောတူခဲ့ကြတာလို့ သီတဂူ ကမ္ဘာဗုဒ္ဓတက္ကသိုလ်က အရှင်ဒေ၀ိန္ဒာဘိဝံသ က မိန့်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးကိုရှေ့ရှုပြီး သက်ဆိုင်ရာဘာသာအလိုက် ခိုင်မာတဲ့ဥပဒေတွေ ရေးဆွဲပြဌာန်းဖို့၊ ၁၉၈၂ နိုင်ငံသားဥပဒေကို တိတိကျကျလိုက်နာဆောင်ရွက်ဖို့၊ နိုင်ငံသားအချင်းချင်း အပြန်အလှန်လေးစားဖို့၊ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် အပြောအဆို၊ အပြုအမှုတွေကို ရှောင်ကျဉ်ဖို့၊ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲတွေကနေ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ဖို့စတဲ့ အချက်တွေပါတဲ့ ကြေညာချက်တစ်စောင်ကိုလည်း ဆွေးနွေးပွဲအပြီးမှာ သဘောတူထုတ်ပြန်ခဲ့ပါတယ်။

၂ ရက်ကြာကျင်းပခဲ့တဲ့ သံဃာဆွေးနွေးပွဲမှာ ပဋိပက္ခတွေကို ဗုဒ္ဓနည်းကျဖြေရှင်းရေး၊ ငြိမ်းချမ်းစွာနေထိုင်ရေးအတွက် ဥပဒေဆိုင်ရာကဏ္ဍ၊ နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးကဏ္ဍ၊ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ပညာရပ်လေ့လာရေးကဏ္ဍစတဲ့ကဏ္ဍ ၇ ခုခွဲပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကနေ သဘောတူထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေကို အစိုးရနဲ့ နိုင်ငံတော်သံဃာနာယကအဖွဲ့ကို ပေးပို့ဖို့မရှိဘူးလို့လည်း သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို ဆရာတော် အရှင်ဆေကိန္ဒ၊ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့က သံဃာအပါး ၂ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

မလေးရှားရှိ မြန်မာနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် ပြည်နယ်အားလုံးမှ ရဲချုပ်များထံသို့ မလေးရှား တော်ဝင်ရဲတပ်ဖွဲ့မှ အကြောင်းကြားစာပေးပို့

    Created on Saturday, 15 June 2013 02:10

မလေးရှားရှိ မြန်မာနိုင်ငံသား အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ရန် ပြည်နယ်အားလုံးမှ ရဲချုပ်များထံသို့ မလေးရှား တော်ဝင်ရဲတပ်ဖွဲ့မှ အကြောင်းကြားစာ ပေးပို့ထားကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ဆလာရန်းရှိ မြန်မာနိုင်ငံသားများကို ကာကွယ်ပေးရန် မလေးရှားနိုင်ငံ မြန်မာသံရုံးမှ ဇွန် ၁ ရက်တွင် မလေးရှား တော်ဝင်ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့ပြီးနောက် ထိုကဲ့သို့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မလေးရှားတော်ဝင် ရဲတပ်ဖွဲ့မှ မြန်မာသံရုံးသို့ အကြောင်းပြန်ခဲ့သည့်စာတွင် အချက်သုံးချက် ဖော်ပြခဲ့ပြီး မလေးရှားတော်ဝင် ရဲတပ်ဖွဲ့၏ အတွင်းရေးမှူး Dota Wan Ahmad Najmuddin Bin Mohd က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အကြောင်းကြားစာတွင် မလေးရှားနိုင်ငံ၌ နေထိုင်သည့် (သို့မဟုတ်) အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများအား စောင့်ကြည့်လေ့လာရန် ပြည်နယ်အားလုံးရှိ ရဲချုပ်များထံသို့ အကြောင်းကြားပြီး ဖြစ်ပါကြောင်း၊ မလေးရှား တော်ဝင်ရဲတပ်ဖွဲ့မှလည်း အခြားအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တရားမ၀င် ရွှေ့ပြောင်းလုပ်သားများနှင့် မသင်္ကာသူများကို ဖော်ထုတ်နိုင်ရန် စစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း ရေးသားခဲ့သည်။ ထို့အပြင် အကြမ်းဖက်ခံခဲ့ရသော မြန်မာနိုင်ငံသားများနှင့် သေဆုံးခဲ့ရသည့် မြန်မာနိုင်ငံသားများ၏ အမှုကိစ္စများအား စုံစမ်းစစ်ဆေး ဖော်ထုတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ပိုမိုဝီရိယထား၍ နေထိုင်သွားရန်နှင့် မြန်မာနိုင်ငံသားများအပေါ် မည်သည့်အချိန်၌မဆို ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ရှိပါက အနီးဆုံး ရဲစခန်းသို့ သတင်းပို့ အကြောင်းကြားရန် ဖြစ်ပါသည်ဟု ဖော်ပြခဲ့သည်။

ဇွန် ၁၃ ရက်က မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာန၏ ရဲချုပ်နှင့် နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဇင်ယော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ် ဆလာရန်း အကြမ်းဖက်မှု တရားခံများ ဖော်ထုတ်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

''ဒီကိစ္စကို သူတို့နဲ့ ဆွေးနွေးခဲ့တယ်။ သူတို့က အမြန်ဆုံး ဖော်ထုတ်ပေးပါ့မယ်လို့ ပြောခဲ့ပါတယ်'' ဟု သံအမတ်ကြီး ဦးတင်လတ်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

http://www.news-eleven.com/local/20083

88-Generation Conference(Toronto, Canada)

25th Anniversary of Burmese Democratic Movement
Toronto, Canada — June 28-30, 2013

Conference venues, Times and Dates:
·     Welcoming Reception @ 6:00pm – 9:30 pm, June 28, Cecil Community Centre (58 Cecil St., Toronto) – guests and invited only with RSVP
·     Opening Session @ 9:30am – 11:30 am, June 29 – at Council Chamber, Toronto City Hall - open to public with RSVP
·     Lunch @ 12:00 – 1:00 pm – Rotunda Hall, Toronto City Hall
·     Panel discussion (day-one) @ 1:00pm – 5:30pm, June 29 at Council Committee Room #2, Toronto City Hall - invited only
·     Panel discussion (day-two) @ 9:30am – 5:30pm, June 30 at Council Committee Room #2, Toronto City Hall - invited only

More info:
Website: http://88generationconference2013.wordpress.com/
Facebook: https://www.facebook.com/groups/88.Generation.Conference/
Email: 88.gccc@gmail.com

Background:
Students and youths who played important role in the 1988 democracy uprising in Burma are scattered around the world due to brutal crackdowns in which more than 3,000 people were killed by the Burmese military junta; thousands ended up in prison, while more than 20,000 fleeing to Burma's liberated areas and neighboring countries with Burma.  Many of them are now abroad - in exile such as in Canada, U.S, Australia and Europe.

Conference Goals:
It is the longstanding desire of 88-Generation abroad to come together to review their long struggle that they have steadfastly committed, contributed and paved the way for since 25 years ago. The conference is also meant to be an avenue to brainstorm different ideas, means and way to continuously supporting the genuine democratic reform process that they envisaged 25 years ago.

Conference Convening Committee:
Conference Convening Committee was set up on May 19, 2013 with four dozens of 88-generation members, in coordination with Canadian Friends of Burma (CFOB) and Burmese Students Democratic Organization (BSDO).

It is a great opportunity for Canada to host this conference on the occasion of the 25th anniversary of Burmese democracy movement, especially having a chance to highlight the endeavor of 88-Generation in the past 25 years.
-------------
The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Address: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.297-6835; Website: http://www.cfob.org