Sunday, June 16, 2013

NLD ရခိုင် (၈) မြို့နယ် သဘောထားထုတ်ပြန်ချက် အပေါ် ခေါင်းဆောင် တချို့ တုန့်ပြန်


 (နိရဉ္စရာ- ၁ ဇွန်လ ၂၀၁၃)

၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့ နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရခိုင်ပြည်နယ် မြို့နယ် (၈) မြို့နယ်မှ ဘင်္ဂလီမိသားစု တစ်စုလျှင် သားသမီး (၂) ဦးယူရန် ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်း ကို ထောက်ခံကြောင်း သဘောထား ကျေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌလည်းဖြစ်၊ ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ်လည်း ဖြစ်သော ဦးမောင်ကြွင်းအောင်အား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။“ ကျွန်တော်က ရသေ့တောင်မြို့နယ် အဖွဲ့ချုပ် ဥက္ကဌပါ။ ဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိသေးဘူး။ ရသေ့တောင်မြို့နယ်လည်း နာမည်ထဲမှာ ပါနေတယ်လို့ သိရတယ်။ ကျွန်တော် မသိဘဲနဲ့ ခုလို နာမည် ပါနေတယ်ဆိုတော့ ဒါဟာ စဉ်းစားစရာ ဖြစ်နေပြီ” ဟု ဆိုသည်။ ဦးမောင်ကြွင်းအောင်မှ မိမိမှာ ယခုအခါ ရန်ကုန်မြို့သို့ ရောက်နေကြောင်း၊ ယခုလို အရေးကြီးသော သဘောထား ထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကော်မီတီဝင် လူကြီးများ မသိဘဲ ထုတ်ပြန်ခွင့် မရှိကြောင်း ပြောသည်။

“ ကျွန်တော်တို့ လုံးဝ မသိဘဲ ဒီထုတ်ပြန်ချက် ထွက်လာတဲ့ အပေါ်မှာ ပြောဆိုတာ ဖြစ်ပါတယ်။ ဒါက ပေါ်လစီပိုင်းနဲ့ ပတ်သက်တဲ့ အတွက် ဗဟိုကသာ ထုတ်ပိုင်ခွင့်ရှိတယ်။ အစည်းအဝေးခေါ်ပြီး လုပ်သလား ဆိုတာလည်း မသိရဘူး။ စစ်တွေက လုပ်သလားလည်း မသိရဘူး။ ကျွန်တော်က အခု ရန်ကုန်ကို ရောက်နေတဲ့ အတွက် မသိရတဲ့ ကိစ္စပေါ်မှာ ပြောဖို့ ခက်ခဲပါတယ်” ဟု ဦးမောင်ကြွင်းအောင်က ဆိုသည်။မြေပုံမြို့တွင် နေထိုင်သူ မြို့နယ် အဖွဲ့ချုပ် အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေအား ဆက်သွယ် မေးကြည့်ရာ ယခု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိခြင်း မရှိကြောင်း သူမက ပြောကြားသည်။တောင်ကုတ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မီတီဝင် တစ်ဦး ဖြစ်သူ ဦးမင်းအောင်အား မေးကြည့်ရာ ယခု ကျေညာချက်အား စစ်တွေမြို့နယ်မှ လူတစ်စုက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။“ ကျွန်တော် လက်လှမ်းမီသလောက် စုံစမ်းတဲ့ အခါ စစ်တွေက အဖွဲ့ချုပ် အဖွဲ့ဝင် တစ်စုက တစ်ခြားမြို့နယ်တွေရဲ့ နာမည်တွေနဲ့ အခုလို ထုတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခု ထုတ်ပြန်ချက်က ပြည်နယ် အလုပ်အမူဆောင် အဖွဲ့က ထုတ်တာ မဟုတ်တဲ့ အတွက် တရားမ၀င် ပါ” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးညီပုအား ဆက်သွယ်ရာ ဖုံးပိတ်ထားသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

လုပ်ကြံမီဒီယာများကြောင့်အထင်အမြင်လွဲမှား နေကြသည်ဟုဗန်းမော် ဆရာတော်ကြီး မြွက်ကြား



Tun Wai
ဗန်းမော် ဆရာတော်ကြီး၏ သြဝါဒကထာ..

မဟုတ်မမှန်တလွဲ ဖော်ပြနေသောအမှားသတင်း လုပ်ကြံမီဒီယာများကြောင့် နိုင်ငံတကာက ဗုဒ္ဓဘာသာအပေါ် အထင်အမြင်လွဲမှား နေကြသည်ဟု မြွက်ကြားခဲ့သည့် ဗန်းမော် ဆရာတော်ကြီး၏ သြဝါဒကထာ..

နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီး၏ ဇွန်လ(၁၃)ရက်နေ့ မှော်ဘီ သံဃာအစည်းအဝေးမှ ထုတ်ပြန်သော သြဝါဒကထာ.ဖြစ်ပါတယ်။

ပြန်လည်မျှဝေပါတယ်။
ကိုထွန်းဝေ
17.6.2013

မလေးရှားနဲ့မင်းသမီးန၀ရတ်ထုတ်လုပ်ရေးတွဲဖက်ရိုက်မယ့် ရုပ်ရှင်မှာပြေတီဦး မပါလို

အခန်းပြာနှင့်စံရတီမိုးမြင့်

G Tone Bhg

သာသနာကိုစော်ကားလိုက်တဲ့ ဦးရွှေမန်း



    ယနေ့ မြန်မာနိုင်ငံရေးဇာတ်ခုံမှာ ဖြစ်ပေါ်နေသော အပြောင်းအလဲများ၊ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်ပြီး အဖွဲ့အစည်းများအကြားမှာ အမျိုးမျိုးဝိ၀ါဒကွဲပြားနေချိန်တွင် လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ (ပြည်သူ့လွှတ်တော်ဥက္ကဌ) ဦးရွှေမန်းက အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်(Woodrow Wilson Center) မှာကျင်းပခဲ့တဲ့ မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေအပေါ် ပြည်ထောင်စုလွှတ်တော်ရဲ့အမြင်ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင် ၉၆၉ စာတမ်းကပ်သွေးခွဲလှုပ်ရှားမှုတွေကို သက်ဆိုင်ရာက ဖော်ထုတ်အရေးယူ နေပြီဖြစ်ကြောင်း၊ ဘူးသီးတောင် မောင်တောဒေသမှာ ကလေးနှစ်ယောက်ထက်ပိုမယူရဘူးဆိုတဲ့ကိစ္စကို တစ်စုံ တစ်ရာတင်ပြထားတာမရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။
    အဆိုပါ ၉၆၉နဲ့ပတ်သက်တဲ့ ပြောကြားချက်ဟာ ဗုဒ္ဓဘာသာရဲ့ ၀ိနည်းတော်နဲ့အညီနေထိုင်တဲ့ ဘုရား သားတော်များရဲ့ ဂုဏ်သိက္ခာထိခိုက်စေတဲ့အတွက် ဗုဒ္ဓဘာသာဝင် လူမျိုးတစ်ယောက်အနေနဲ့ အပြင်းအထန် ကန့်ကွက်ပါတယ်။ ဗုဒ္ဓဘာသာဆိုတာ တစ်ခြားသူတစ်ဦးကိုသတ်မှ မြင့်မြတ်တယ်ဆိုတဲ့ကျင့်စဉ် (သို့မဟုတ်)၀ါဒ မဟုတ်ပါဘူး။ ထာဝရငြိမ်းချမ်းရေးအသွင်ကိုဆောင်ပါတယ်။ ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာဂုဏ်တော်(၉)ပါးစတဲ့ ရတနာသုံးပါးကို ကိုယ်စားပြုတဲ့ ငြိမ်းချမ်းရေးသင်္ကေတလဲဖြစ်ပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာကိုစောင့်ရှောက်ဖို့ ကျွန်တော်တို့လို မြန်မာနိုင်ငံသားစစ်တွေမှာ တာဝန်ရှိပါတယ်။ ကျွန်တော် တို့မှ အမျိုးဘာသာသာသနာကို မစောင့်ရှောက်နိုင်ရင် ကုလားတွေရဲ့ ၂၁ ရာစု လွှမ်းမိုးမှုဆိုတဲ့ သင်္ကေတ အတိုင်း မြန်မာနိုင်ငံဟာတဖြေးဖြေးနဲ့ အစ္စလာမ်ဘာသာဖြစ်သွားနိုင်ပြီး မြန်မာမတွေလဲ ကုလားမယားတွေ ဖြစ်သွားပါလိမ့်မယ်။ ဒီအတွက်ကြောင့် ဦးရွှေမန်းရဲ့ ၉၆၉ လှုပ်ရှားမှုကိစ္စနဲ့ပတ်သက်တဲ့ ပြောကြားချက်ဟာ သာမာန်ပြည်သူများအတွက်သာမက သံဃာတော်များကိုပါ စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။

    မစိုးရိမ်တိုက်သစ်ကဆရာတော် ဦးဝိစိတ္တာဘိဝံသ(၀ီရသူ)ရဲ့တရားတော်များဟာလည်း အမုန်းတရား ပွားဖို့မဟုတ်ဘဲ တစ်နိုင်ငံလုံး ဂျီဟတ်အလုပ်ခံရမဲ့ အန္တရာယ်က ကင်းဝေးအောင် အကြမ်းမဖက်တဲ့နည်းနဲ့ ကာကွယ်ဖို့ ဟောပြောညွှန်ပြနေခြင်းပဲဖြစ်ပါတယ်။ ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်နိုင်အောင် ကိုယ့်ဗုဒ္ဓဘာသာဆိုင်က ရောင်းတဲ့ပစ္စည်းကို ဈေးဝယ်ကာ လူ့အခွင့်အရေးကိုဆုံးရှုံးအောင် လုပ်တာမဟုတ်    ပါဘူး။ ဦးရွှေမန်းကိုယ်တိုင် ဗုဒ္ဓဘာသာဝင်တစ်ယောက် မဟုတ်ဘူးလားလို့ မေးလိုက်ချင်ပါတယ်။
    တကယ်တမ်းကတော့ ဦးရွှေမန်းကိုယ်တိုင် သံဃာတွေအပေါ် အကြိမ်ကြိမ်စော်ကားခဲ့ပြီးလည်း ဖြစ်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးရွှေမန်းဟာ စစ်တပ်ရဲ့ နံပါတ်(၃) အရေးအကြီးဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သလို သံဃာတော်တွေကို ဖြိုခွင်းဖို့၊ ရက်ရက်စက်စက်သတ်ဖို့ အမိန့်ပေးခဲ့သူလည်း ဖြစ်တဲ့အတွက်ကြောင့် ဒီတစ်ကြိမ်နဲ့ဆိုရင် သံဃာတော်တွေကို စော်ကားတာ (၂)ကြိမ် ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံရေးအပိုင်းမှာလည်း ၂၀၁၅ ခုနှစ်မှာပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် တာဝန်ယူဖို့ဆန္ဒရှိကြောင်း ဦးရွှေမန်းက အမေရိကန် ပြည်ထောင်စုခရီးစဉ်မှာ ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြိုင်ဖြစ်အောင် (တနည်းအားဖြင့် ပြည်သူ တွေမျက်စိလည်သွားအောင်) လုပ်လာတဲ့ကိစ္စများလည်း တွေ့မြင်ရပါတယ်။
    တကယ်တမ်းကျတော့ ဦးရွှေမန်းလည်း အာဏာတည်ထောင်ချင်လွန်းလို့ ပြည်သူကိုချနင်းနေခြင်း ဖြစ်ပါတယ်။ အခုတော့ ပြည်သူသာမက ဗုဒ္ဓရဟန်းတော်များရဲ့ ရတနာသုံးပါးသင်္ကေတဖြစ်တဲ့ ၉၆၉ လှုပ်ရှားသူ သံဃာတော်တွေကိုပါ ချနင်းနေပြီဖြစ်ပါတယ်။ ဦးရွှေမန်းရဲ့ သားတွေကလည်း အဖေ့ရဲ့အာဏာတည်မြဲဖို့နဲ့ သမ္မတဖြစ်ဖို့အတွက် ကုလားဦးစီးတဲ့ကုမ္မဏီတွေ၊ ခရိုနီတွေနဲ့ပေါင်းပြီး ကိုယ့်လူမျိုးကိုနှိပ်စက်နေတဲ့ ကုလားတွေ နဲ့ ပနံသင့်နေတာတွေကို ပြည်သူတွေအသိဆုံး၊ အမြင်ဆုံးဖြစ်ပါတယ်။
    အထက်ကပြောပြခဲ့တဲ့ အကြောင်းအရာတွေကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ဦးရွှေမန်းဟာ ၂၀၁၅ မှာ သမ္မတဖြစ်ချင်တယ်လို့ပြောပြီး တစ်ဘက်မှာ ၉၆၉ ကို ပုတ်ခတ်နှိမ့်ချပြီး မွတ်ဆလင်တွေ (တစ်နည်းပြောရရင်) အစ္စလာမ်ဘာသာဝင်တွေရဲ့ ထောက်ခံမှုကို စတင်ရယူလိုက်ပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဦးရွှေမန်းက ဗုဒ္ဓဘာသာရဲ့ ၉၆၉ လှုပ်ရှားမှုကို နှိပ်ကွပ်ပြလိုက်ပုံက ၂၀၁၅ မှာ သမ္မတဖြစ်ဖို့ ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတစ်ယောက်အနေနဲ့ သံသရာစက်ဝန်းကိုမကြောက်၊ ခဏတာ ဘ၀ကောင်းစားဖို့ ကြံစည်လိုက်ပုံက အံ့သြထိတ်လန့်ဖွယ်ပါလားဟုသာ ပြောလိုက်ချင်ပါတော့တယ်။

ဦးပညာဝံသ

အီရန် သမ္မတ သစ်


 15 ဇွန်လ 2013 -

အလယ်အလတ်တို့ရဲ့အောင်ပွဲလို့ေ ကြွကြော် နေကြအီရန်သမ္မတ

 ရွေးကောက်ပွဲမှာ မဲရာခိုင်နှုန်း ၅၁ ရာခိုင်နှုန်း နီးပါး ရပြီး ပြိုင်ဘက်တွေ အပေါ် အပြတ်အသတ် အနိုင်ရ သွားတဲ့ သမတ သစ် ဟာဆန် ရိုဟန်နီ ဟာ အလယ် အလတ် လမ်းစဉ် လိုက်တဲ့ ဘာသာရေး ခေါင်းဆောင် တဦးလို့ သတ်မှတ် ခံရတဲ့ သူပါ။အသက် ၆၄ နှစ် အရွယ်ရှိတဲ့ ဒီ ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ဆင်း တဲ့ တလျှောက်လုံး ပြုပြင် ပြောင်းလဲရေး လုပ်ဖို့၊ နိုင်ငံ ရေး အကျဉ်းသားတွေ ကို လွှတ်ပေးဖို့၊ နိုင်ငံသား တွေ ရဲ့ အခွင့်အရေး ကို အာမခံ ဖို့ နဲ့ အီရန် ကို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံ ပြန်ဖြစ်ဖို့ တို့ ကို ရည်ရွယ် ကြွေးကြော် လာခဲ့တာပါ။အီရန် နဲ့ မဟာ ရန်သူတော်ဖြစ်နေတဲ့ အမေရိကန် နဲ့ လည်း သံတမန် ဆက်ဆံရေး ပြန်ဖြစ်ချင်တဲ့ သူတဦး လို့လည်း ဆိုပါတယ်။အခု သူ့ ကို သမ္မတ အဖြစ် ပြည်သူ အများအပြား က ထောက်ခံ ကြတာ ကို ပြပြီး အစွန်းရောက်တွေ ကို အလတ်အလတ် ကျတဲ့ သူတွေ က အောင်ပွဲခံ လိုက်ပြီ လို့ မှတ်ချက် စကား ပြောပါတယ်။အရင် အီရန် သမတ ဟောင်း မိုဟာမက် ခါတာမီ က ထောက်ခံ တဲ့သူတ ဦးဖြစ်ခဲ့ သလို အီရန်ရဲ့ နိုင်ငံ ဦးသျှောင် အယာတိုလာ ခါမေနီ ရဲ့ ကိုယ်စား လည် အဖြစ် နိုင်ငံ ထိပ်တန်း လုံခြုံရေး ကောင်စီ မှာ သွားရောက် အမှုထမ်းဖူး သူလည်း ဖြစ်ပါတယ်။အင်္ဂ္လိပ်၊ ပြင်သစ်၊ ဂျာမန် ၊ ရုရှား နဲ့ အာရေဗီ ဘာသာ ၅ မျိုး တတ်ကျွမ်းသူ ဖြစ်တဲ့ သူ ဟာ သမ္မတ မိုဟာမက် အာမက် ဒီနာဂျက် ကို ပွင့်ပွင့် လင်းလင်း ဝေဘန် ထောက်ပြခဲ့သူ တဦးလည်း ဖြစ်ပါတယ်။သူဟာ ၂၀ဝ၉ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အပြီး မဲမသမာမှု ရှိတယ် လို့ ဆန္ဒပြကြတဲ့ သူတွေကို ထောက်ခံခဲ့ပြီး အဲဒီတုန်း က အာမက် ဒီနာဂျက်အစိုးရ က နှိပ်ကွပ်တာ ကို ကန့်ကွက်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
  bbc.co.uk


ဘင်္ဂလားမှဝင်လာသောရခိုင်ဒုက္ခသည်များ အား ပလက်ဝမှ မောင်တောသို့ပိုဆောင်



ဇွန်လ ၁၆ ရက် ၂၀၁၃ ၊ Coral Arakan News

လွန်ခဲသောမေလ ၁၅ ရက်နေ့က ဘင်္ဂလာမှတဆင့်ပလက်ဝ သို့ခိုဝင်လာရသော ရခိုင်ဒုက္ခသည် မိသားစု ၂၃စု လူဦးရေစုစုပေါင်း ၈၆ဦး ကိုအစိုးရ၏ စီစဉ်ပေးမှုနှင့် ကျောက်တော်မှ တဆင့် ဘူးသီးတောင်သို့ယနေ့ညနေ ၈နာရီခွဲခန့်တွင်စက်လှေ နှစ်စီးဖြင့် ရောက်ရှိလာကြောင်းသိရသည်။၎င်းရခိုင်ဒုက္ခသည်များအား မနက်ဖန်မောင်တောမြို့သို့ပို့ဆောင်ပြီး နေရာချထားပေးရန် စီစဉ်နေကြောင်းသိရသည်။ဘူးသီးတောင်မြို့မှ လူမှုအဖွဲအစည်းဖြစ်သော နွေးထွေးသူများအဖွဲမှ တစ်မိသားစုကို အိုးခွက်၊ စောင်၊ ခြင်ထောင်များ ပံ့ပိုးကူညီခဲ့ကြောင်းသိရသည်။
ဘင်္ဂလာဒေ့ရှ့်နိုင်ငံတွင် ဗုဒ္ဓဘာသာရခိုင်မျိုးနွယ်စုများကို ဘင်္ဂလီများအကြမ်းဖက်မှုသည် ယခုနှစ်များအတွင်းပိုများလာရာ မြန်မာနိုင်ငံဘက်သိုဝင်လာသူများများပြားလာသည်။ယခင်လများက မောင်တောမြို့သို့ဝင်လာရသူ စုစုပေါင်းတစ်ထောင်ကျော်ရှိပြီဟုသိရပြီး၊ နတလ ကျေးရွာများတွင် အခြေချပေးထားကြောင်းသိရသည်။

ဦးအောင်သောင်းဆိုအခြားဗိုလ်ချူပ်တွေလဲရှောင်ကြတယ်။

ရာဇာမင်း ခရီးသည်တင်ယာဉ်ကို လူသတ်ဓားပြတိုက်မှုနှင့် ပတ်သက်၍ လက်ရှိဖမ်းဆီးထားသူ လေးဦးမှာ မသင်္ကာသူအဖြစ် စစ်ဆေးဆဲ အဆင့်သာဖြစ်



EMG
Sunday, 16 June 2013 04:03

သထုံမြို့နယ်တွင် ရာဇာမင်း ခရီးသည်တင်ယာဉ်အား လူသတ်ဓားပြတိုက်မှုနှင့် ပတ်သက်၍ လက်ရှိဖမ်းဆီးထားသူ လေးဦးမှာ မသင်္ကာသူများအဖြစ် စစ်ဆေးနေဆဲ အဆင့်သာ ရှိသေးကြောင်း ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက The Daily Eleven News သို့ ပြောကြားခဲ့သည်။

မသင်္ကာသူ လေးဦးကို ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းတွင် သထုံခရိုင် အလံတစ်ရာ ကျေးရွာရှိ နေအိမ်တစ်အိမ်အား ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မသင်္ကာသဖြင့် ၀င်ရောက်ဖမ်းဆီးရာတွင် လမ်းလျှောက်စကားပြောစက် (I-Con) နှင့် လက်နက်အချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မွန်ပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက "ကျူးလွန်သွားတဲ့ သူတွေကို ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ အထူးစုံစမ်း စစ်ဆေးဖမ်းဆီးရေး အဖွဲ့တွေကို ဖွဲ့ပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ စုံစမ်းနေတဲ့ အချိန်မှာ သထုံခရိုင်အတွင်းက နေအိမ်တစ်အိမ်ကို မသင်္ကာလို့ ၀င်ရောက်ဖမ်းဆီးခဲ့တယ်။ သူတို့တွေက အိမ်ကနေ ကားနဲ့အထွက်မှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်။ အခု ဖမ်းဆီးခဲ့တဲ့ သူတွေက ရာဇာမင်းကားတွေကို ဓားပြတိုက်ခဲ့တဲ့သူတွေ ဟုတ်၊ မဟုတ်ကိုတော့ စစ်ဆေးနေဆဲ ဖြစ်တယ်။ အကယ်၍ မဟုတ်ခဲ့ဘူးဆိုလည်း တရားမ၀င် လက်နက်ကိုင်ဆောင်တဲ့ ဥပဒေနဲ့ အရေးယူသွားပါမယ်" ဟု ပြောကြားခဲ့သည်။ မသင်္ကာ၍ ဖမ်းဆီးခဲ့တဲ့သူများမှာ အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပုံမှာ ဇွန် ၈ ရက် ည ၉ နာရီခန့်တွင် ကျိုက္ခမီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင် မှန်လုံယာဉ်သည် သထုံမြို့နယ်၊ တောင်စွန်းကျေးရွာအနီး ဘုရားကုန်းကွေ့ အရောက်၌ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်များအနက် ခရီးသည်ငါးဦးမှ မျက်နှာဖုံးစွပ်ပြီး သေနတ်များဖြင့် ပစ်ဖောက်ခြောက်လှန့်ကာ ဒရိုင်ဘာအား သေနတ်ဖြင့်ထောက်ပြီး မိုင်တိုင် ၁၅၄/၄၊ ၁၅၄/၅ အောင်းဆိုင်းရွာ အ၀င်လမ်း နှစ်ဖာလုံခန့်သို့ မောင်းနှင်သွားခိုင်းပြီးနောက် ဓားပြတိုက်ခဲ့ကြောင်း သိရသည်။ ယင်းဓားပြတိုက်မှုတွင် ဒရိုင်ဘာနှင့် ယာဉ်နောက်လိုက်တို့နှစ်ဦး အသတ်ခံခဲ့ရပြီး ခရီးသည်များထံမှ ရွှေ၊ ငွေနှင့် ပစ္စည်းများ ယူသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အဝေးပြေးခရီးစဉ် ပြေးဆွဲနေသော ယာဉ်လိုင်းအများစုတွင် ခရီးသည် လျော့ကျခဲ့ပြီး ယာဉ်လိုင်းတာဝန် ရှိသူများမှာလည်း အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်-မော်လမြိုင် ခရီးသို့ ပြေးဆွဲနေသော စိုးမိုးအောင်ယာဉ်လိုင်းမှ တာဝန်ရှိသူ ကိုအာကာက "ဒီဓားပြတိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်လိုင်းတွေအကုန်လုံး စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။ အခုလို ဖြစ်သွားပေမယ့်လည်း လုံခြုံရေးကို ကိုယ့်ဘာသာကိုယ် လုပ်နေရပါတယ်" ဟု ပြောကြားခဲ့သည်။

ရာဇာမင်း ခရီးသည်တင် ယာဉ်ပေါ်တွင် ပါရှိလာသူ ခရီးသည် တစ်ဦးက "ကားက မော်လမြိုင်ကို ည ၇ နာရီ မထိုးခင် ရောက်တယ်။ သံလွင်တံတားအကျော် မုတ္တမရောက်တော့ ခရီးသည် ယောက်ျားငါးဦး၊ ခြောက်ဦးလောက် တက်လာတယ်။ ကားကတီဗွီလည်း မဖွင့်ဘူး။ မှောင်နေတော့ အားလုံးအိပ်တဲ့သူက အိပ်တယ်။ မှေးပြီးလိုက်တဲ့ သူကလည်း ရှိတယ်။ တစ်နာရီလောက်ကြာတော့ မျက်နှာဖုံးစွပ်ပြီး ဂျာကင်ဝတ်ထားတဲ့ သူငါးယောက်လောက်က သေနတ်တွေထုတ်ပြီး ပစ်တယ်။ ပြီးတော့ ခရီးသည်တွေကို မှောက်ခိုင်းပြီးတော့ ရွှေ၊ ငွေတွေကို တောင်းပါတယ်" ဟု ၎င်း၏ မြင်တွေ့မှုကို ပြောကြားခဲ့သည်။

ဓားပြတိုက်ခံရသည့် ဖြစ်စဉ်ကို သထုံမြို့ မရဲစခန်း (ပ) ၉၀/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၉၆ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့ စွမ်းအားရှင် တပ်ဖွဲ့ဆိုတာ အခုထိ ရှိနေသေး


Tun Wai's photo

ပြည်သူ့ စွမ်းအားရှင် တပ်ဖွဲ့ဆိုတာ အခုထိ ရှိနေသေး
Sunday, June 16, 2013

ဦးစိုးညွှန့် ( တော်ဝင်နှင်းဆီ) က ဇွန်လ ၁၄ ရက်နေ့က သံဃာများ၊ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲမှာ အကြမ်းဖက်မှုတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာပြောရင်း ပြည်သူ့စွမ်းအားရှင် တပ်ဖွဲ့ ရှိနေတယ် ဆိုတာကိုလည်း ဓာတ်ပုံနဲ့တကွ ပွင့်ပွင့် လင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ 

သူ ဘာကြောင့် ဘာကို ပြောတယ်ဆိုတာ သိရှိနိုင်ဖို့ ပြန်လည်မျှဝေ လိုက်ပါတယ်။ 

ပြည်သူ့စွမ်းအားရှင် တပ်ဖွဲရုံးဆိုတဲ့ ဆိုင်းဘုတ်ကို ဦးစိုးညွှန့်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေမြို့ခရီးစဉ်မှာ အစအဆုံး လိုက်ပါကူညီတာဝန်ယူခဲ့ရင်း မန္တလေးတိုင်း ပလိပ်မြို့အနီးတွေ့ ခဲ့ရတာကို မှတ်တမ်းတင်ထား 
တာပါတယ်။

အိမ့်သံစဉ် ~ 
16.6.2013


Sunday, June 16, 2013

ဦးစိုးညွှန့် ( တော်ဝင်နှင်းဆီ) က ဇွန်လ ၁၄ ရက်နေ့က သံဃာများ၊ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲမှာ အကြမ်းဖက်မှုတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာပြောရင်း ပြည်သူ့စွမ်းအားရှင် တပ်ဖွဲ့ ရှိနေတယ် ဆိုတာကိုလည်း ဓာတ်ပုံနဲ့တကွ ပွင့်ပွင့် လင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

သူ ဘာကြောင့် ဘာကို ပြောတယ်ဆိုတာ သိရှိနိုင်ဖို့ ပြန်လည်မျှဝေ လိုက်ပါတယ်။

ပြည်သူ့စွမ်းအားရှင် တပ်ဖွဲရုံးဆိုတဲ့ ဆိုင်းဘုတ်ကို ဦးစိုးညွှန့်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေမြို့ခရီးစဉ်မှာ အစအဆုံး လိုက်ပါကူညီတာဝန်ယူခဲ့ရင်း မန္တလေးတိုင်း ပလိပ်မြို့အနီးတွေ့ ခဲ့ရတာကို မှတ်တမ်းတင်ထား
တာပါတယ်။

အိမ့်သံစဉ် ~
16.6.2013

ရွှေတိဂုံဘုရားပေါ်အမျိုးသမီးတဦးပန်းကြဲမှုဖြစ်ပွား




ရွှေတိဂုံစေတီတွင် အမျိုးသမီးတစ်ဦး ဆာရီခြုံ၍ပန်းကြဲ

ရန်ကုန်၊ ဇွန် ၁၄
မြန်မာနိုင်ငံ၏ အထင်ရှားဆုံး စေတီဖြစ်သော ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်း ရင်ပြင်တော်တွင် ဇွန်လ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က အသက် ၃၈ နှစ်အရွယ် စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးသည် ဆာရီခြုံ၍ နှင်းဆီပန်းများကို ကြဲချခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက လုံခြုံရေးရုံးမှ သိရသည်။
ဆာရီခြုံထားသော အမျိုးသမီးနှင့် အတူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဖော်ပါပြီး အရှေ့ဘက်မုခ်မှ နှင်းဆီပန်းငါးစည်းကို ငွေကျပ်တစ်သောင်းဖြင့် ဝယ်ယူ၍ ဘုရားရင်ပြင်ထောင့် တွင် ပန်းကြဲကာ ဓာတ်ပုံအရိုက်ခံပြီး ထွက်ပြေးခြင်းကြောင့် ဘုရားဂေါပက လုံခြုံရေးအဖွဲ့က ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဘုရားပေါ်ရှိ မျက်မြင်သက်သေများ၏ ပြောဆိုချက်များအရ သိရသည်။
ယင်းအမျိုးသမီးသည် ရှမ်းတိုင်းရင်းသူ ဒေါ်ခင်မျိုးဖြစ်ကာ ၄င်း၏ခင်ပွန်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့မှ ဖြစ်ပြီး ရန်ကုန်မြို့သို့ အလည်လာချိန် ရွှေတိဂုံ စေတီတော်သို့ ရောက်ရှိကာ အထက်ပါအတိုင်း လုပ်ဆောင်သောကြောင့် ဂေါပက လုံခြုံရေးရုံးက ခေါ်ယူစစ်ဆေးခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။
၎င်းတို့နှစ်ဦးသည် အရှေ့ဘက် စောင်းတန်းသို့ ပြေးဆင်းသွားသဖြင့် ရွှေတိဂုံစေတီ ဂေါပကအဖွဲ့နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့က ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် သုံးနာရီခန့် အကြာတွင် ပြန်လွှတ်ပေးလိုက် ကြောင်း ယင်းရုံးရှေ့တွင် စောင့်ကြည့်နေ သူများက ပြောဆိုသည်။
ရွှေတိဂုံစေတီတော် ဂေါပကလုံခြုံ ရေးရုံးခန်းတွင် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးက "စိတ်မနှံ့တဲ့ အမျိုးသမီးပါ။ ဒါကြောင့် လွှတ်လိုက်တာပါ" ဟု The Voice သို့ ပြောကြားသည်။
အဆိုပါ အမျိုးသမီးနှစ်ဦးမှာ လက်ရှိ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၁၉) ရပ်ကွက်တွင် ခေတ္တတည်းခိုပြီး ရွှေတိဂုံစေတီသို့ လာရောက်ခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက လုံခြုံရေးရုံးထံမှ သိရသည်။

The Voice Weekly


အနိမ့်ဆုံးအခကြေးငွေ နည်းဥပဒေတွင် လုပ်ခနှုန်းထား သတ်မှတ်ချက်မပါဟုဆို



-------------------------------------------------

ရန်ကုန်-အလုပ်သမားများမျှော်လင့်နေသည့် အနိမ့်ဆုံးအခကြေးငွေ နည်းဥပဒေကို ဇွန်လအတွင်း ထုတ်ပြန်မည်ဖြစ်သော်လည်း အနိမ့် ဆုံးလစာနှုန်းထား သတ်မှတ်ချက်ပါဝင်မည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင်က ပြောကြားသည်။

“၀န်ကြီးဌာနအနေနဲ့တော့ အနည်းဆုံးလုပ်ခကို ဘယ်ရွေ့ဘယ်မျှ သတ်မှတ်ပေးမှာ မဟုတ်ဘူး”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ပြည်နယ်တစ်ခုနှင့်တစ်ခု၊ လုပ်ငန်းကဏ္ဍတစ်ခုနှင့်တစ်ခုတွင် အလုပ်သမားများအတွက် လုပ်အားပေးဆပ်ရမှုပမာဏချင်း မတူညီသဖြင့် ၀န်ကြီးဌာနက တစ်ပြေးညီသတ်မှတ်ပေးရန် မဖြစ်နိုင်ကြောင်း ဦးယုလွင်အောင်က ရှင်းပြသည်။

အနည်းဆုံးလုပ်ခလစာငွေကို သတ်မှတ်နိုင်ရန် သက်ဆိုင်ရာလုပ်ငန်းရှင်၊ အလုပ်သမားသမဂ္ဂများနှင့် အစိုးရအဖွဲ့အစည်းများက ညှိနှိုင်းပြီး ဗဟိုကော်မတီက ဆုံးဖြတ်သတ်မှတ်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“၀န်ကြီးဌာနအနေနဲ့ကတော့ ဆွေးနွေးလို့ရတာကို အမိန့်ထုတ်ပေးရုံပဲလုပ်မှာ”ဟု ဦးယုလွင်အောင်က ဆက်လက်ပြောကြားသည်။

အနိမ့်ဆုံးလုပ်ခလစာကို အရှင်ထားထားခြင်းမှာ လုပ်ခလစာများလွန်းပါက လုပ်ငန်းရှင်များ စက်ရုံပိတ်သွားရမည်မျိုး ဖြစ်လာမည်ကို စိုးရိမ်၍ဖြစ်နိုင်ကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

“စက်မှုဇုန်လုပ်သားများက ယင်းနည်းဥပဒေလုပ်ခလစာနှုန်းထား သတ်မှတ်ချက်ပါဝင်မည်ဆိုသည့်အတွက် စောင့်မျှော်နေကြခြင်းဖြစ်သည်။

ယခုမိုးရာသီဝင်ရောက်လာသဖြင့် စက်မှုဇုန်များတွင် လျှပ်စစ်မီးပိုရလာ၍ လုပ်ခလစာ တိုးမြှင့်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးမြတ်သင်းအောင်က ရှင်းပြသည်။

“ဒါတွေက ဥပဒေထဲကအတိုင်း အကောင်အထည်ဖော်တာပဲ။ အလုပ်သမားစားဝတ်နေရေး အခက်အခဲဖြစ်လို့ လုပ်ခလစာကိစ္စကို ကြားဖြတ်ယာယီ ညှိနှိုင်းဆောင်ရွက်ပေးဖို့ တောင်းဆိုနေရတာ”ဟု အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ရှေ့နေဦးဌေးကဆိုသည်။

အနိမ့်ဆုံးအခကြေးငွေ ဥပဒေကို လွှတ်တော်က မတ်လ ၂၂ ရက်က ပြဋ္ဌာန်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရက်ပေါင်း ၉၀ အတွင်း
နည်းဥပဒေကို ပြဋ္ဌာန်းရမည်ဖြစ်သည်။

7Day News Journal

ဗြိတိသျှသံအမတ်ကြီး နေအိမ်အနီးတွင် အမေရိကန်အမျိုးသမီးတစ်ဦး လည်ပင်း အချွန်ဖြင့်အထိုးခံရ



................................................................................
ရန်ကုန်၊ ဇွန် ၁၃

ရန်ကုန်၏ မြို့လယ်ကောင် နေရာတစ်ခုဖြစ်သည့် ဒဂုံမြို့နယ် အလံပြဘုရားလမ်း ဗြိတိသျှသံအမတ်ကြီး၏ နေအိမ်အနီးတွင် ဇွန်လ ၁၃ ရက် ည ၉နာရီ ၄၅ မိနစ် က အမေရိကန်နိုင်ငံသား ခံယူထားသော အသက် ၃၄ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦး၏ လည်ပင်းကို အမျိုးသားတစ်ဦးက အချွန်ဖြင့် ထိုးခဲ့ကြောင်း ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်း အရာရှိတစ်ဦးက ပြောကြားသည်။

အချွန်ဖြင့်အထိုးခံရသူ အမေရိကန်အမျိုးသမီး Mrs. Teresa Wai Ye Ha သည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme) ၏ Reporting Officer အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ရန်ကုန်သို့ ရောက်ရှိသည်မှာ နှစ်လခန့်သာ ကြာမြင့်သေးကြောင်း၊ ပလက်ဖောင်းပေါ် လမ်းလျှောက်လာစဉ် အမျိုးသားတစ်ဦးက နောက်ကျောဘက်မှ ချုပ်ကိုင်ပြီး ဘယ်ဘက်လည်ပင်းကို အချွန်ဖြင့် ထိုးခဲ့သဖြင့် လည်ပင်းတွင်ရှပ်ထိသော ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့စခန်း တွင် တိုင်ကြားချက်အရ သိရှိရသည်။

"အချွန်နဲ့ အထိုးခံရတုန်းက သူက သတိကောင်းကောင်း ရနေပါတယ်။ သူရဲ့မိတ်ဆွေတွေဆီကို ဖုန်းနဲ့ဆက်သွယ်ပြီး အကူအညီ တောင်းတယ်။ ချက်ချင်းပဲ Taxi ငှားပြီး ရန်ကုန်ဆေးရုံကြီးကို တစ်ယောက်တည်း သွားတယ်လို့ သူကပြောတယ်။ ပစ္စည်းနဲ့ ငွေသား အလုခံရတာမျိုးလည်း မရှိဘူး" ဟု အဆိုပါအမှုကို စုံစမ်းစစ်ဆေးနေသော ရဲအရာရှိတစ်ဦးက ထပ်လောင်းပြောကြားသည်။

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသူ Mrs. Teresa Wai Ye Ha ကို သွားရောက်မေးမြန်း ခဲ့သော်လည်း မောပန်းနေသောကြောင့် ဖြေဆိုနိုင်ခြင်းမရှိပေ။

အဆိုပါ အချွန်နှင့်ထိုးသူ၏ ပုံပန်းသဏ္ဌာန်ကို အမေရိကန်အမျိုးသမီး ကို မေးမြန်းကာ ပုံတူခဲပန်းချီ ရေးဆွဲနေလျက်ရှိပြီး မည်သို့သော ချွန်ထက်သည့် လက်နက်ဖြင့် ထိုးသည်နှင့် မည်သူမည်ဝါ ဖြစ်ကြောင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ယင်းအမှုကို စစ်ဆေးနေသည့် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

ယင်းအမှုကို (ပ) ၁၃၂/၂၀၁၃၊ ပုဒ်မ (၃၂၆) ဖြင့် အမှုဖွင့်ပြီး ဆက်လက်စုံစမ်းနေကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ဂျပန်နိုင်ငံမလေးရှားသံရုံးရှေ့ ပန်းခွေချဆုတောင်းပွဲ

“ဦးဝီရသူ NDF-ပါတီညီလာခံ ကြွရောက်လေ့လာ”



15-6-2013-နံနက် (9း00)နာရီအချိန် ဗိုလ်တစ်ထောင်မြို့နယ်၊ YWCA-ခန်းမမှာ ကျင်းပသော ပြည်လုံးကျွှတ် ပါတီညီလာခံမှာ Dr-သန်းငြိမ်း၊ ဦးခင်မောင်ဆွေနှင့် ညီလာခံ ကိုယ်စားလှယ်များ 1982-ဥပဒေကို ထောက်ခံဖို့၊ အမျိုးစောင့်ဥပဒေ ပြဌာန်းနိုင်အောင် ကြိုးစားဖို့ တိုက်တွန်းခဲ့ကြောင်းသိရသည်။
2015-ခုရွေးကောက်ပွဲမှာ အမျိုးဘာသာ သာသနာအတွက် အားကိုးရမည့် ပါတီ/ကိုယ်စားလှယ် များကိုသာ မဲပေးကြဖို့တိုက်တွန်းသော အင်းစိန်ရွာမှ ဆရာတော်ကြီး၏ သြဝါဒကို ကျယ်ကျယ် ပြန့်ပြန့် ဖြစ်အောင် ဟောပြောပေးဖို့ NDF-ပါတီက ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။

အရိုက်ခံလိုက်ရတဲ့လူတွေက ကျမတို့ပါ ၊


Tun Wai


ဆောင်းပါးရှင်ဘာသာပြန် Spring Flowers ရဲ့ လက်ရာကို လေးစားလို့  ဖတ်ကြည့်ပါ

ဒီမှာ ကျမပြောချင်တာက အရိုက်ခံလိုက်ရတဲ့လူတွေက ကျမတို့ပါ ၊ ဒါပေမယ့် အဖျက်သမားတွေဆိုပြီး ထောင်ချခံရတာလည်း ကျမတို့ပါဘဲ ။ အဲဒီတော့ ကျမတို့ စဉ်းစားမရတာက ထောင်ကျတာနဲ့ ထိုက်တန်အောင် ( ထောင်ချခံရလောက်အောင် ) ကျမတို့ ဘာများလုပ်ခဲ့မိလို့လဲ ။ လက်ညိုးလေးနဲ့ ရွယ်တာမျိုးတောင် မလုပ်မိပါဘူး ။ ဒါပေမယ့် အဲဒါအတွက်ကြောင့်ဘဲ ကျမကို နောက်ထပ် ( ၆ ) နှစ် အကျယ်ချုပ်ချလိုက်ပြန်တယ် ။ အဲဒါကို နောက်ထပ် တစ်နှစ်ထပ်တိုးတော့ ( ၇ ) နှစ်ဖြစ်သွားခဲ့တယ် ။ ဘာကြောင့်လဲဆိုတော့ ကြားထဲမှာ ကျမအိမ်ကို ရေကူးပြီး ၀င်လာတဲ့ အမေရိကန်တစ်ယောက်ရဲ့ အမှုကလည်း ရှိသေးတယ်လေ ။ ရှင်တို့ဆီက နှုတ်ခွန်းဆက်သမှုတွေကိုလည်း သူက အသေအချာ ယူလာပေးပါရဲ့ ( ရယ်သံများ ) ။ ဒီလိုနဲ့ ကျမလည်း ( ၇ ) နှစ် နေလိုက်ရတယ်ဆိုပါတော့ ။

အဲဒီထပ်တိုးတဲ့ နောက်ဆုံးတစ်နှစ်ခွဲကတော့ ဧည့်သည် ( အမေရိကန် ) ရောက်လာတာကို ရဲကို အကြောင်းမကြားလို့ဆိုပြီး တိုးလိုက်တာပါ ။ ကျမကလည်း တကယ်ဘဲ ရဲကို မအပ်လိုက်ပါဘူး ၊ ဘာကြောင့်လည်းဆိုတော့ အပ်လိုက်ရင် တရားမျှမျှတတလုပ်ကြမယ် မထင်လို့ပါ ။ ကျမတို့ကိုယ်တိုင်လည်း အာဏာပိုင်တွေဆီက တခါမှ တရားမျှတမှု မရခဲ့ဖူးတာကိုး ။ အဲဒီတော့ တရားမျှတမှု ရမှာမဟုတ်ဘူးလို့ သိနေရက်နဲ့ လူတစ်ယောက်ကို သက်ဆိုင်ရာလက်ကို အပ်လိုက်တာ ကျမအနေနဲ့ မမျှတဘူးလို့ ထင်လို့ပါ ။


တကယ်တော့ ကျမအဲဒီလူအတွက် စိုးရိမ်ပေးနေစရာတောင် မလိုခဲ့ပါဘူး ။ သူက နိုင်ငံခြားသားဆိုတော့ မကြာမတင် လွှတ်ပေးလိုက်ကြမှာပါဘဲ ။ ကျမမှာသာ လွတ်မယ့်အချိန်မလွတ်ဘဲ နောက်ထပ် ( ၁၈ ) လ အကျယ်ချုပ်နဲ့ ထပ်နေလိုက်ရသေးတယ် ။ ဒါကလည်း ( ၂၀၁၀ ) ရွေးကောက်ပွဲတွေ လုပ်နေတုန်း ကျမကို အကျယ်ချုပ်ဆက်ထားချင်လို့ လုပ်တာနဲ့ တူပါတယ် ။ ဒီတော့ အာဏာပိုင်တွေဟာ သူတို့နိုင်ငံရေးအမြတ်အတွက် ဥပဒေကို မှောက်လိုက် လှန်လိုက် လုပ်လို့ ရနေခဲ့တယ် ။ ဒီတော့ ဒါဟာ တရားဥပဒေစိုးမိုးမှု မဟုတ်ပါဘူး ။ ဒါကြောင့်ဘဲ အခု ကျမတို့ဟာ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ရရှိဖို့ လွှတ်တော်ထဲမှာ အပြင်းအထန်ကြိုးစားနေပါတယ် ။ ပြီတော့ ဥပဒေစိုးမိုးမှုဟာ တခြားသော ဒီမိုကရေစီပြုပြင်ရေးတွေနဲ့ အတူတကွ ဒွန်တွဲပြီး သွားနိုင်အောင် ကြိုးစားနေကြပါတယ် ။

https://www.facebook.com/notes/spring-flowers/ဒေါ်စု-မိန့်ခွန်း-အမေရိကန်နိုင်ငံ-yale-တက္ကသိုလ်မှ-/390757910996119

ကိုထွန်းဝေ
ပြန်လည်မျှဝေပါတယ်။
16.6.2013

ဆောင်းပါးရှင်ဘာသာပြန် Spring Flowers ရဲ့ လက်ရာကို လေးစားလို့  ဖတ်ကြည့်ပါ

ဒီမှာ ကျမပြောချင်တာက အရိုက်ခံလိုက်ရတဲ့လူတွေက ကျမတို့ပါ ၊ ဒါပေမယ့် အဖျက်သမားတွေဆိုပြီး ထောင်ချခံရတာလည်း ကျမတို့ပါဘဲ ။ အဲဒီတော့ ကျမတို့ စဉ်းစားမရတာက ထောင်ကျတာနဲ့ ထိုက်တန်အောင် ( ထောင်ချခံရလောက်အောင် ) ကျမတို့ ဘာများလုပ်ခဲ့မိလို့လဲ ။ လက်ညိုးလေးနဲ့ ရွယ်တာမျိုးတောင် မလုပ်မိပါဘူး ။ ဒါပေမယ့် အဲဒါအတွက်ကြောင့်ဘဲ ကျမကို နောက်ထပ် ( ၆ ) နှစ် အကျယ်ချုပ်ချလိုက်ပြန်တယ် ။ အဲဒါကို နောက်ထပ် တစ်နှစ်ထပ်တိုးတော့ ( ၇ ) နှစ်ဖြစ်သွားခဲ့တယ် ။ ဘာကြောင့်လဲဆိုတော့ ကြားထဲမှာ ကျမအိမ်ကို ရေကူးပြီး ၀င်လာတဲ့ အမေရိကန်တစ်ယောက်ရဲ့ အမှုကလည်း ရှိသေးတယ်လေ ။ ရှင်တို့ဆီက နှုတ်ခွန်းဆက်သမှုတွေကိုလည်း သူက အသေအချာ ယူလာပေးပါရဲ့ ( ရယ်သံများ ) ။ ဒီလိုနဲ့ ကျမလည်း ( ၇ ) နှစ် နေလိုက်ရတယ်ဆိုပါတော့ ။

အဲဒီထပ်တိုးတဲ့ နောက်ဆုံးတစ်နှစ်ခွဲကတော့ ဧည့်သည် ( အမေရိကန် ) ရောက်လာတာကို ရဲကို အကြောင်းမကြားလို့ဆိုပြီး တိုးလိုက်တာပါ ။ ကျမကလည်း တကယ်ဘဲ ရဲကို မအပ်လိုက်ပါဘူး ၊ ဘာကြောင့်လည်းဆိုတော့ အပ်လိုက်ရင် တရားမျှမျှတတလုပ်ကြမယ် မထင်လို့ပါ ။ ကျမတို့ကိုယ်တိုင်လည်း အာဏာပိုင်တွေဆီက တခါမှ တရားမျှတမှု မရခဲ့ဖူးတာကိုး ။ အဲဒီတော့ တရားမျှတမှု ရမှာမဟုတ်ဘူးလို့ သိနေရက်နဲ့ လူတစ်ယောက်ကို သက်ဆိုင်ရာလက်ကို အပ်လိုက်တာ ကျမအနေနဲ့ မမျှတဘူးလို့ ထင်လို့ပါ ။


တကယ်တော့ ကျမအဲဒီလူအတွက် စိုးရိမ်ပေးနေစရာတောင် မလိုခဲ့ပါဘူး ။ သူက နိုင်ငံခြားသားဆိုတော့ မကြာမတင် လွှတ်ပေးလိုက်ကြမှာပါဘဲ ။ ကျမမှာသာ လွတ်မယ့်အချိန်မလွတ်ဘဲ နောက်ထပ် ( ၁၈ ) လ အကျယ်ချုပ်နဲ့ ထပ်နေလိုက်ရသေးတယ် ။ ဒါကလည်း ( ၂၀၁၀ ) ရွေးကောက်ပွဲတွေ လုပ်နေတုန်း ကျမကို အကျယ်ချုပ်ဆက်ထားချင်လို့ လုပ်တာနဲ့ တူပါတယ် ။ ဒီတော့ အာဏာပိုင်တွေဟာ သူတို့နိုင်ငံရေးအမြတ်အတွက် ဥပဒေကို မှောက်လိုက် လှန်လိုက် လုပ်လို့ ရနေခဲ့တယ် ။ ဒီတော့ ဒါဟာ တရားဥပဒေစိုးမိုးမှု မဟုတ်ပါဘူး ။ ဒါကြောင့်ဘဲ အခု ကျမတို့ဟာ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ရရှိဖို့ လွှတ်တော်ထဲမှာ အပြင်းအထန်ကြိုးစားနေပါတယ် ။ ပြီတော့ ဥပဒေစိုးမိုးမှုဟာ တခြားသော ဒီမိုကရေစီပြုပြင်ရေးတွေနဲ့ အတူတကွ ဒွန်တွဲပြီး သွားနိုင်အောင် ကြိုးစားနေကြပါတယ် ။

https://www.facebook.com/notes/spring-flowers/ဒေါ်စု-မိန့်ခွန်း-အမေရိကန်နိုင်ငံ-yale-တက္ကသိုလ်မှ-/390757910996119

ကိုထွန်းဝေ
ပြန်လည်မျှဝေပါတယ်။
16.6.2013

/span>

ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့နယ်ဆေးရုံသွားရောက်


ဓါတ်ပုံ - ဆန်နီ (၁၆-၉-၂၀၁၃)

National League for Democracy