Monday, June 17, 2013

စာရေးဆရာကြီးမြောင်းမြဦးဗဆွေကွယ်လွန်




Popular Journal
“ဆရာကြီး မြောင်းမြဦးဗဆွေ ၏ဈာပနအားဇွန်၁၉ရက်နေ့တွင်ပြုလုပ်မည်”

၁၉၉၀ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းကော့မှူးမြို့ နယ်မှရွေးကောက်တင်မြောက်ခံပြည်သူ့ ကိုယ်စားလှယ်ဝါရင့်နိုင်ငံရေးသမားကြီးစာရေးဆရာကြီးမြောင်းမြဦးဗဆွေ(၈၃နှစ်)သည်ယနေ့ ဇွန်၁၇ နေ့လည်၁၂နာရီ၌ကွမ်းခြံကုန်းမြို့ မှာကွယ်လွန် အနိစ္စရောက်သွားခဲ့ရာဇွန်၁၉ရက်နေ့တွင်ဈာပနအခန်းအနားကျင်းပသဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။
အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်လွန်ခဲ့သောလအတွင်း ကော့မှူးမြို့နယ်ခရီးစဉ်၌         ကွမ်းခြံကုန်းမြို့ သို့ ဝင်ကာဆရာကြီးမြောင်းမြဦးဗဆွေအားဂါဝရပြုခဲ့သေးသည်။                                                         ဓါတ်ပုံ-ကိုဆန်နီ


“ဆရာကြီး မြောင်းမြဦးဗဆွေ ၏ဈာပနအားဇွန်၁၉ရက်နေ့တွင်ပြုလုပ်မည်”
<br />
<span class=

အမှန်စင်စစ်ကား မျိုးစောင့်ဥပဒေကို လုံးဝထောက်ခံသည်။

မှော်ဘီသံဃာ့အစည်းအဝေး၏ နောက်ဆုံးနေ့မှာ -- မီဒီယာသမားများသည် ဒေါက်တာ ဓမ္မပိယ၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသတို့ကို လာရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ထိုဆရာတော်တို့က ထိုမီဒီယာသတင်းသမားများအား သတင်းမှန်ကို အတိအကျ တင်ပေးဖို့ရန်ကို အကြိမ်ကြိမ်မှာခဲ့ပါသည်။

သို့သော် “ဧရာဝတီ”သည် မှော်ဘီထုတ်ပြန်ချက်ထဲမှာ မပါသည့်အကြောင်းအရာ တချို့ကို ဝေ့လည်ကြောင်ပတ်ဖြင့် လွှင့်ထုတ်ခဲ့ပါသည်။ ထို့ကြောင့် အောက်ပါအတိုင်း ကြေငြာချက်ကို အတိအလင်း ထုတ်ပြန်လိုက်သည်။

၁။ “ ၉၆၉” ဂဏန်းသည် ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာအပေါ်မှာ မလိုတမာ ဖြစ်နေသည့် ဘာသာခြားများက ထိုဂဏန်းကို အမင်္ဂလာဂဏန်းအဖြစ် သတင်းလွှင့်နေကြသောကြောင့် ထိုဘာသာခြား များ အသုံးမပြုနိုင်စေရန် ရည်ရွယ်၍ “ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာဌာနမျိုးတွင် အသုံးမပြုရန်”ဟု ထည့်သွင်းကြေငြာခဲ့ခြင်း ဖြစ်ပါသည်။

၂။ ၁၉၈၂-ခု မြန်မာနိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံ၏ ခြံစည်းစောင့်ဥပဒေ ဖြစ်သည်။
နိုင်ငံသားများအတွက် အသက်တမျှ အရေးကြီးလှသောကြောင့် ထိုဥပဒေကို လုံးဝထောက်ခံသည်။

၃။ ဥပဒေရေးရာ အစုအဖွဲ့ ကဏ္ဍ၌ အင်းစိန်ရွာမဆရာတော်၊ ဓမ္မဒူတ အရှင်ပညာဝရတို့ ဦးဆောင်ပြီး “မျိုးစောင့်ဥပဒေ”ဟု ရေပန်းစားနေသည့် ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ သံဃာတော်အရှင်မြတ်များကလည်း အကြံပြုထောက်ခံကြပါသည်။ အရှင်ပညာဝရ (ဘ၀လမ်းခွဲ)မှ အားရကျေနပ်ကြောင်း အမိန့်ရှိပါသည်။

မှော်ဘီကြေငြာချက် ထဲမှာလည်း “မြန်မာနိုင်ငံသည် ဘာသာရေးလွပ်လပ်ခွင့် ရှိသည်အားလျော်စွာ ငြိမ်းချမ်းရေးကို ရှေ့ရှု၍ မိမိတို့သက်ဆိုင်ရာ ကိုးကွယ်မှုဘာသာအလိုက် ခိုင်မာသော ဥပဒေများ ရေးစွဲ ပြဋ္ဌာန်းရန်” ဟု ပါရှိပါသည်။

ထိုသို့ဖြစ်ပါလျက် အထက်ပါဆရာတော်တို့က “မျိုးစောင့်ဥပဒေ”ကို မထောက်ခံဘူးဟု ဧရာဝတီသတင်းဋ္ဌာနက လွှင့်ခဲ့ပါသည်။

အမှန်စင်စစ်ကား မျိုးစောင့်ဥပဒေကို လုံးဝထောက်ခံသည်။ မိမိကိုယ်တိုင် သဘောတူကြောင်း လက်မှတ်ထိုးပြီးသား ဖြစ်ပါသည်။

ထိုကိစ္စနှင့် ပတ်သက်၍ သံသယ တစုံတရာရှိပါက မိမိထံ ဖုန်းဆက် မေးနိုင်ကြောင်း အကြောင်းကြား သိစေအပ်ပါသည်။
အနှစ်ချုပ်ကား . . . .

အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော လုပ်ရပ်မှန်သမျှကို ထောက်ခံသည်။

အမျိုးဘာသာ သာသနာကို မျက်ကွယ်ပြုသော လုပ်ရပ်မှန်သမျှကို ကန့်ကွက်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိပါစေ”

မှ/ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ
၀၉- ၂၀ ၆၄ ၉၄၄

https://www.facebook.com/ashin.dayweinda

Muslims attack White youths in England


http://www.liveleak.com/view?i=263_1370971628

This is a video that has been taken in Ashton Under Lyne, England that shows a gang of Muslim youths attacking a group of white kids. Just before the filming had started one of the muslim youths had punched one of the white girls in the face. This is becoming a regular occurence on the streets of the UK.

ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ခဲ့သည့် မခင်မျိုးအား စိတ်ကျန်းမာရေးဆေးရုံပို့


Yangon Police ရန်ကုန်၊ ဇွန် ၁၆

၁၅.၆.၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်
စောင်းတန်းသို့ လွန်ခဲ့သော (၃)နှစ်ခန့်က ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ကူးပြောင်း ထားသူ မခင်မျိုး၊ ၃၈နှစ်၊
(ဘ)ဦးစံရင်၊ ဘူတာရပ်၊ တန့်ယမ်းမြို့နယ်၊ ရှမ်း/မြောက်
နေသူနှင့် ၎င်း၏ချွေးမ မမျိုးသန္တာစိုး၊ (၁၇)နှစ်၊ ဗုဒ္ဓဘာသာ၊ (ဘ)ဦးသန်းဌေးတို့ ရောက်ရှိလာပြီး နှင်းဆီပန်း (၁၀၀၀၀)ကျပ်ဖိုး ခန့်ဝယ်ယူကာ စေတီတော်ရင်ပြင်အရှေ့ဘက်မုခ်စောင်းတန်း
အနီးရှိ အလှူခံပုံးပေါ်တွင် နှင်းဆီပန်းများ တင်၍လည်းကောင်း၊ ပန်းအချို့အားအောက်သို့ချ၍လည်းကောင်း၊ ဓါတ်ပုံဆရာဖြင့် ဓါတ်ပုံအရိုက်ခံခဲ့ကြောင်း၊ ထိုသို့ဓါတ်ပုံ အရိုက်ခံစဉ် မခင်မျိုးမှ ဘော်လကာဝတ်ရုံခြုံလျက် မျက်မှန်တပ်ခဲ့ကြောင်း၊
ထိုကဲ့သို့ ဓါတ်ပုံအရိုက်ခံနေသဖြင့် ဂေါပကအဖွဲ့ဝင် ဦးသိန်းလင်းနှင့်အဖွဲ့မှ ခေါ်ယူမေးမြန်းခဲ့ပြီး ၁၄၄၀ အချိန် မခင်မျိုးအား နောက်နောင် အလားတူမပြုလုပ်ရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ပါသည်။
မခင်မျိုးသည် ပထမအိမ်ထောင်ဖြစ်သည့် ဦးအောင်ဘို၊
ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးချစ်ထွန်း၊ ဘူတာရပ်၊ နောင်ချိုမြို့နယ်နေသူနှင့် သား(၂)ဦးထွန်းကားခဲ့ပြီး ဗုဒ္ဓဘာသာကိုးကွယ်ခဲ့ကြောင်း၊ ဒုတိယအိမ်ထောင်ဖြစ်သည့် မောင်မောင်နိုင်(ခ)ဘုနူကဒီ ၊ အစ္စလာမ်ဘာသာဝင်နှင့် အိမ်ထောင်ကျခဲ့ပြီး လွန်ခဲ့သော
(၃)နှစ်ခန့်မှစ၍ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြောင်း၊
မခင်မျိုးသည် တစ်ခါတစ်ရံ စိတ်ဖိစီးမှုကြောင့် စိတ်ဖေါက်ပြန်
တတ်ပြီး ယခင် ပန်ဆန်းမြို့တွင်နေထိုင်စဉ်ကလည်း စိတ်ဖေါက်ပြန်ခဲ့ဖူးကြောင်း၊ ၁၄.၆.၂၀၁၃ ရက်နေ့တွင်
မခင်မျိုးသည် သားအကြီးဖြစ်သူမောင်ကောင်းထက်သော်
(ခ)ချစ်ဖွယ်၏ ဇနီးဖြစ်သူ မမျိုးသန္တာစိုးနှင့်အတူ ရွှေမန္တလာ
ယာဉ်ဖြင့် လားရှိုးမှရန်ကုန်သို့ ဆေးကုသရန်လာရောက်ခဲ့ပြီး ဒဂုံတောင်မြို့နယ်နေ အဒေါ်ဖြစ်သူ ဒေါ်မာလာ၏နေအိမ်တွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊ ၁၅.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ပန်းဘဲတန်း မြို့နယ်၊ ရွှေဘုံသာလမ်း၊ ရဲမျက်မှန်ဆေးခန်းရှိ ဦးနှောက်နှင့်အာရုံကြောအထူးကု ဆရာဝန်ဒေါ်မိမိချိုနှင့် ပြသရန်စီစဉ်ထားရှိကြောင်း သိရှိရပါသည်။
၁၅.၆.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မခင်မျိုးသည် ချွေးမဖြစ်သူ မမျိုးသန္တာစိုးနှင့် ရန်ကုန်မြို့ထဲသို့ လာရောက်ခဲ့ပြီး ရွှေတိဂုံစေတီတော်ဖူးမြော်ရန်အတွက်
စေတီတော်အရှေ့ဘက် စောင်းတန်းမှ တက်ရောက်ခဲ့ပြီး ပန်းများဝယ်ယူကာ ဘော်လာကာဝတ်စုံဝတ်၍ အမှတ်တရဓါတ်ပုံရိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။
၁၆.၆.၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန်တွင်
ရန်ကုန်အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချူပ်မှ ဦးမောင်မောင်လေး နှင့် မော်လ၀ီဟာရာရှစ် တို့ဦးဆောင်သောအဖွဲ့သည် ဒေါ်မာလာ၏ နေအိမ်သို့
သွားရောက်ပြီး ဒေါ်မာလာနှင့်အတူ မခင်မျိုးအားခေါ်ဆောင်၍ ဒဂုံအရှေ့မြို့နယ် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ တင်ပို့ကုသစေခဲ့ရာ တာဝန်ကျဆရာဝန် ဒေါက်တာနန်းယုလွင်မှ လက်ခံစစ်ဆေးထားရှိပြီး အဆောင်(၄)၊ အခန်း(၁)တွင် တက်ရောက်ကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။
Photo: ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ခဲ့သည့် မခင်မျိုးအား စိတ်ကျန်းမာရေးဆေးရုံပို့

ရန်ကုန်၊ ဇွန် ၁၆

၁၅.၆.၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်
စောင်းတန်းသို့ လွန်ခဲ့သော (၃)နှစ်ခန့်က ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ကူးပြောင်း ထားသူ မခင်မျိုး၊ ၃၈နှစ်၊
(ဘ)ဦးစံရင်၊ ဘူတာရပ်၊ တန့်ယမ်းမြို့နယ်၊ ရှမ်း/မြောက်
နေသူနှင့် ၎င်း၏ချွေးမ မမျိုးသန္တာစိုး၊ (၁၇)နှစ်၊ ဗုဒ္ဓဘာသာ၊ (ဘ)ဦးသန်းဌေးတို့ ရောက်ရှိလာပြီး နှင်းဆီပန်း (၁၀၀၀၀)ကျပ်ဖိုး ခန့်ဝယ်ယူကာ စေတီတော်ရင်ပြင်အရှေ့ဘက်မုခ်စောင်းတန်း
အနီးရှိ အလှူခံပုံးပေါ်တွင် နှင်းဆီပန်းများ တင်၍လည်းကောင်း၊ ပန်းအချို့အားအောက်သို့ချ၍လည်းကောင်း၊ ဓါတ်ပုံဆရာဖြင့် ဓါတ်ပုံအရိုက်ခံခဲ့ကြောင်း၊ ထိုသို့ဓါတ်ပုံ အရိုက်ခံစဉ် မခင်မျိုးမှ ဘော်လကာဝတ်ရုံခြုံလျက် မျက်မှန်တပ်ခဲ့ကြောင်း၊
ထိုကဲ့သို့ ဓါတ်ပုံအရိုက်ခံနေသဖြင့် ဂေါပကအဖွဲ့ဝင် ဦးသိန်းလင်းနှင့်အဖွဲ့မှ ခေါ်ယူမေးမြန်းခဲ့ပြီး ၁၄၄၀ အချိန် မခင်မျိုးအား နောက်နောင် အလားတူမပြုလုပ်ရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ပါသည်။
မခင်မျိုးသည် ပထမအိမ်ထောင်ဖြစ်သည့် ဦးအောင်ဘို၊
ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးချစ်ထွန်း၊ ဘူတာရပ်၊ နောင်ချိုမြို့နယ်နေသူနှင့် သား(၂)ဦးထွန်းကားခဲ့ပြီး ဗုဒ္ဓဘာသာကိုးကွယ်ခဲ့ကြောင်း၊ ဒုတိယအိမ်ထောင်ဖြစ်သည့် မောင်မောင်နိုင်(ခ)ဘုနူကဒီ ၊ အစ္စလာမ်ဘာသာဝင်နှင့် အိမ်ထောင်ကျခဲ့ပြီး လွန်ခဲ့သော
(၃)နှစ်ခန့်မှစ၍ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြောင်း၊
မခင်မျိုးသည် တစ်ခါတစ်ရံ စိတ်ဖိစီးမှုကြောင့် စိတ်ဖေါက်ပြန်
တတ်ပြီး ယခင် ပန်ဆန်းမြို့တွင်နေထိုင်စဉ်ကလည်း စိတ်ဖေါက်ပြန်ခဲ့ဖူးကြောင်း၊ ၁၄.၆.၂၀၁၃ ရက်နေ့တွင်
မခင်မျိုးသည် သားအကြီးဖြစ်သူမောင်ကောင်းထက်သော်
(ခ)ချစ်ဖွယ်၏ ဇနီးဖြစ်သူ မမျိုးသန္တာစိုးနှင့်အတူ ရွှေမန္တလာ
ယာဉ်ဖြင့် လားရှိုးမှရန်ကုန်သို့ ဆေးကုသရန်လာရောက်ခဲ့ပြီး ဒဂုံတောင်မြို့နယ်နေ အဒေါ်ဖြစ်သူ ဒေါ်မာလာ၏နေအိမ်တွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊ ၁၅.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ပန်းဘဲတန်း မြို့နယ်၊ ရွှေဘုံသာလမ်း၊ ရဲမျက်မှန်ဆေးခန်းရှိ ဦးနှောက်နှင့်အာရုံကြောအထူးကု ဆရာဝန်ဒေါ်မိမိချိုနှင့် ပြသရန်စီစဉ်ထားရှိကြောင်း သိရှိရပါသည်။
၁၅.၆.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မခင်မျိုးသည် ချွေးမဖြစ်သူ မမျိုးသန္တာစိုးနှင့် ရန်ကုန်မြို့ထဲသို့ လာရောက်ခဲ့ပြီး ရွှေတိဂုံစေတီတော်ဖူးမြော်ရန်အတွက်
စေတီတော်အရှေ့ဘက် စောင်းတန်းမှ တက်ရောက်ခဲ့ပြီး ပန်းများဝယ်ယူကာ ဘော်လာကာဝတ်စုံဝတ်၍ အမှတ်တရဓါတ်ပုံရိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။
၁၆.၆.၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန်တွင်
ရန်ကုန်အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချူပ်မှ ဦးမောင်မောင်လေး နှင့် မော်လ၀ီဟာရာရှစ် တို့ဦးဆောင်သောအဖွဲ့သည် ဒေါ်မာလာ၏ နေအိမ်သို့
သွားရောက်ပြီး ဒေါ်မာလာနှင့်အတူ မခင်မျိုးအားခေါ်ဆောင်၍ ဒဂုံအရှေ့မြို့နယ် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ တင်ပို့ကုသစေခဲ့ရာ တာဝန်ကျဆရာဝန် ဒေါက်တာနန်းယုလွင်မှ လက်ခံစစ်ဆေးထားရှိပြီး အဆောင်(၄)၊ အခန်း(၁)တွင် တက်ရောက်ကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။

အင်္ဂလန်သွားတဲ့၈၈ မောင်နှမတွေ (၂၀၁၃ ဇွန် ၁၇၊ ည ၇း၀၀)

Ant Bwe Kyaw
တိုင်တိုင်ပင်ပင်လေးတော့ကြေငြာတာထုတ်ပြန်တာလေးတွေ
လုပ်ကြပါ...ဟိုမှာတွေ့မယ့်အဖွဲ့အချို့ကိုလဲသတိထားပါ။
သတင်းတွေကကြိုရနေလို့ပါ။ထွန်းခင်တို့ပိုက်ဆံပို့ပေးနေတာကိုလက်ခံနေတဲ့တယောက်ကို
အထောက်အထားနဲ့ဖေါ်ထုတ်မယ်ပြောနေတာတွေရှိတယ်။သတိရှိကြပါ။

The Voice Weekly
၈၈ ကျောင်းသားများ ဗြိတိန်ခရီးစဉ် ယနေ့စမည်
...........................................................
ရန်ကုန်၊ ဇွန် ၁၆

အမေရိကန်ပြည်ထောင်စုမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြန်လည်ရောက်ရှိ လာသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (၈၈မျိုးဆက်ကျောင်းသားများ) အဖွဲ့ဝင် ရှစ်ဦးသည် ဗြိတိန်နိုင်ငံသို့ ယနေ့ ဇွန်လ ၁၇ရက် သွားရောက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးထံမှ သိရသည်။
၈၈ မျိုးဆက် ခေါင်းဆောင်များသည် ဗြိတိန်နိုင်ငံတွင် ဇွန်လ ၁၇ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့ အထိ ရှစ်ရက်ကြာ သွားရောက်မည်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ ခရီးစဉ်တွင် ဗြိတိန်ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်များ ၊ ဗြိတိန် အစိုးရ ဝန်ထမ်း အဖွဲ့အစည်း၏ အကြီးအကဲ Edward Llewellyn တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးအံ့ဘွယ်ကျော်က ပြောကြားသည်။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် များဖြစ်သော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးဌေးကြွယ်၊ ဦးမြအေး၊ ဦးမာကီး၊ ဒေါ်မီးမီးနှင့် ဒေါ်နီလာသိန်းတို့ ပါဝင်မည့် ယင်းခရီးစဉ် အတွင်း ဗြိတိန်အစိုးရ တာဝန်ရှိသူများ၊ ဗြိတိန် လွှတ်တော်နှင့် ဓနသဟာယရုံး မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈ ခေါင်းဆောင်များက ရှင်းပြသည်။
၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ရှစ်ဦးသည် ဗြိတိန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ ဗြိတိန် တက္ကသိုလ် ကျောင်းသားများ၊ ဗြိတိန်ရောက် မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဦးအံ့ဘွယ်ကျော်က ဆိုသည်။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့သည် မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ ကိုရီးယားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ သွားရောက် ခဲ့ပြီး ဦးမြအေး ဦးဆောင်သည့် အဖွဲ့ဝင် လေးဦးသည် ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အသီးသီး သွားရောက်ခဲ့သည်။


မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ ကေတီဗွီနှင့်မာဆက်ဆိုင်ရှေ့တွင် လမ်းသွားလမ်းလာများအား ရန်ရှာရာမှ အုပ်စုဖွဲ့ရိုက်ပွဲဖြစ်



ThanLarWaddy Times

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ ကေတီဗွီနှင့်မာဆက်ဆိုင်သို့ လာရောက်သောက်စားသော လူအုပ်စုတစ်စုမှ (၁၆.၆.၂၀၁၃)နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က အရက်အလွန်အကျွံမူးအောင် သောက်ကြပြီးနောက် ဆိုင်ရှေ့သို့ထွက်ကာ လမ်းပေါ်တွင်သွားလာနေသော ဆိုင်ကယ်စီးသူများအား တားဆီးနှောင့်ယှက်ရာမှတစ်ဆင့် လူငယ်အုပ်စု တစ်စုနှင့်တွေ့ကာ အပြန်အလှန် ရိုက်နှက်ကြရာမှ တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

"ဒါများ အဆန်းလုပ်ပြီး ဖုန်းဆက်ပြီးမေးနေရသေးတယ်၊ အဲဒီ ကေတီဗွီမာဆက်နားမှာ အဲဒီလိုရိုက်မှုတွေ၊ ဆိုင်ကယ်အက်စီးဒင့်တွေက ခဏခဏ ဖြစ်နေတာပဲ။ ဆိုင်မှာ လာသောက်စားကြ၊ ပြီးရင် လမ်းသွားလမ်းတွေပါ မချန် ပြဿနာလိုက်ရှာတာ ရန်တွေဖြစ်တာက ရိုးနေပါပြီ။ ဒါ ရပ်ကွက်ထဲမှာ ကေတီဗွီ၊မာဆက်တွေ ဖွင့်ခွင့်ပေးလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေပဲ" ဟု မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

"အဆောင်က ကျောင်းသားတွေဆိုရင် အဲဒီကို ခဏခဏသွားကြတယ်၊ အိမ်ကပို့သမျှ ပိုက်ဆံလည်း အဲဒီ ကေတီဗွီသွားတာနဲ့ ကုန်ကြတာပဲ၊ အဲဒီတက္ကသိုလ်နားလေးကဆိုင်က မာဆက်လည်း ရတယ်။အဆောင်လခတောင် ပုံမှန်မပေးနိုင်ဘူး" ဟု ကွန်ပျူတာတက္ကသိုလ်အနီးတွင် ယောကျာ်းလေးဆောင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။

"အရင်တုန်းက ဒီကွန်ပျူတာတက္ကသိုလ်နားမှာ အရက်ဆိုင်လေးတွေရှိတယ်၊ အဲဒါ ကျောင်းဧရိယာနဲ့မလွတ်လို့ဆိုပြီး သက်ဆိုင်ရာက ဖယ်ခိုင်းတယ်၊ ဒါမျိုးကြီး ကျောင်းနားမှာ ဟိန်းထနေအောင် ဖွင့်ထားပြီး အရက်ဘီယာတောင်မကဘူး အထဲမှာမိန်းမပေါင်းများစွာ ရှိနေတဲ့ဆိုင်မျိုးကိုကျ မသိသလိုလုပ်နေတယ်၊ ဒါတောင် ဒီရပ်ကွက်က ၀န်ကြီးချုပ်နေတဲ့ရပ်ကွက်၊ လွှတ်တော်ရှိတဲ့ရပ်ကွက်ဆိုပဲ" ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

အဆိုပါ မြို့သစ်ရပ်ကွက်အပြင် မုံရွာမြို့အနှံ့ ကေတီဗွီ၊ မာဆက်အတော်များများကို ဖွင့်လှစ်ထားကာ သူ၏ နောက်ကွယ်တွင် အနောက်မြောက်တိုင်း စစ်ဌာချုပ်မှ အငြိမ်းစားဗိုလ်မှူးတစ်ဦးက ကျောထောက်နောက်ခံ ပြုထားကြောင်း၊ အခြား ရှယ်ယာဝင်များလည်း ပါဝင်ကြောင်း သူနှင့်နီးစပ်ရာ အသိုင်းအ၀ိုင်းမှ သိရသည်။

မြို့သစ်ရပ်ကွက်နှင့် အခြား မုံရွာမြို့အနှံ့တွင်ရှိသော အခြား ကေတီဗွီ၊မာဆက်များမှာလည်း ဗိုလ်မှူး၊ ဗိုလ်ကြီးစသည်ဖြင့် ဗိုလ်များနှင့် မကင်းရာမကင်းကြောင်းများ ဖြစ်ကြောင်း၊ အချို့မှာလည်း အာဏာပိုင်များနှင့် နီးစပ်သူများဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဒီမိုကရေစီပြယုဂ်ဖြစ်သော လွှတ်တော်ကြီး တည်ရှိရာ မြို့သစ်ရပ်ကွက်သည် ဖာရပ်ကွက်ကဲ့သို့ ဖြစ်နေကြောင်း၊ ရပ်ကွက်သူရပ်ကွက်သားများမှာလည်း ညည်းတွားအပြစ်တင်လျက်ရှိကြကြောင်းကိုလည်း သိရသည်။

ကေတီဗွီ၊ မာဆက်ဖွင့်ပြီး စီးပွားရေးသမားများ၏ အကွက်ရှာ ငွေကြေးရှာဖွေမှုများကို ခွင့်ပြုထားသောကြောင့် တက္ကသိုလ်ကျောင်းသားများ၏ ပညာရေး စိတ်မ၀င်စားနိုင်တော့သော အခြေအနေ၊ ၊ ရပ်ကွက်နေ မိကောင်းဖခင်သမီးများ ညပိုင်းအပြင်မထွက်ရဲသောအဖြစ်၊ လမ်းတွင် ဆိုင်ကယ်မောင်းရင်းဖြင့် ကိုယ့်အား အမူးသမားများက တားဆီးပြီး ပြဿနာရှာ ရန်လုပ်မည်ကို စိုးရိမ်နေရသောအဖြစ် စသည်ဖြင့် စိုးရိမ်စိတ်၊ကြောက်ရွံ့စိတ်များစွာသည် ရပ်ကွက်အတွင်းတွင် ရိုးသားအေးဆေးနေထိုင်ကြသော ပြည်သူလူထုများထံသို့ စိမ့်ဝင်ရောက်ရှိနေသည်မှာလည်း ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကေတီဗွီ၊မာဆက်သွားရမှတစ်ဆင့် ထိတွေ့သာယာမှုများကြောင့် စွဲလမ်းသွားသည့် ယောကျာ်းဖြစ်သူကြောင့် ဒူးနှင့်မျက်ရည်သုတ်နေရသော အိမ်မှာကျန်ခဲ့သည့် မယားကြီးများ၊ ဖခင်၏ အငွေ့အသက်ကို မရရှိသည်မှာ ကြာပြီဖြစ်ကြသော ကလေးငယ်လေးများ၊ ပျောက်ဆုံးသွားသော မိသားစု ညစာများ၊ မှိုင်းမိရာမှတစ်ဆင့် ညတင်မက နေ့ခင်းပိုင်းတွေထိပါ လာရောက်စားသောက် ပျော်ပါးရာမှတစ်ဆင့် လူမှုရေး၊စီးပွားရေး ချွတ်ခြုံကျသွားကြသူများ၊ ငါ့မှာလည်း ပိုက်ဆံရှိတဲ့တစ်နေ့ ဒါမျိုးသွားပြီး ကဲလိုက်ဦးမယ်ဟု တေးမှတ်ထားသော အခြေခံလူတန်းစားများ၊ ထိုနေရာမှာ ပျော်ပါးနေသူများမှာ ငွေရေးကြေးရေး များစွာအဆင်ပြေနေသောကြောင့် လာရောက်သည်ကို သတိမထားမိဘဲ မိမိ၏လစာငွေလေးကို တစ်ညတည်းဖြင့် ကုန်အောင် ဖြုန်းမိရှာသော အတုခိုးမှား အပျော်ရှာမိသည့် လခစားလေးများ၊
စူးစမ်းချင်စိတ်အရှိဆုံး အတုမြင်အတတ်သင်လွယ်သည့် ဆယ်ကျော်သက်ကလေးမလေးများ၏ မြင်ကွင်းတွင် မြင်တွေ့နေရသည်မှာ ဆံပင်နီများဆိုးထားသော၊ မိတ်ကပ်ဖွေးနေအောင် လိမ်းထားသော၊ အ၀တ်အစား အကောင်းစားများအား ဖက်ရှင်ကျကျ ၀တ်စားထားကာ ငါးထောင်တန်အုပ်လိုက် ကိုင်သုံးနေသော မော်ဒယ်မြင့်ဖုန်းများ ကိုင်ဆောင်ထားသည့် အမျိုးသမီးငယ်လေးများ အုပ်စုလိုက် ရယ်ကာမောကာ ရှော့ပင်းထွက်နေကြသည့် မြင်ကွင်းသည် အဆိုပါကလေးများ၏ အတုယူစရာ ဖြစ်သွားမည်ဆိုပါက မုံရွာမြို့၏ အနာဂတ်ဆိုသည်မှာ ရင်လေးဖွယ်ရာပင် ဖြစ်တော့သည်။

တက္ကသိုလ်များစွာရှိသော မုံရွာမြို့သို့ လွှတ်ကာ မိမိ၏ သားသမီးကို တက္ကသိုလ်တက်ခိုင်းရမည့် မိဘများအတွက်ဆိုလည်း မုံရွာမြို့သည် ကေတီဗွီ၊ မာဆက် ပေါများရာမြို့၊ ရိုက်ပွဲနှက်ပွဲများ ခဏခဏဖြစ်ရာမြို့၊ ဆိုင်ကယ်အက်စီးဒင့် ခဏခဏဖြစ်ရာမြို့ ဖြစ်နေသည် ဖြစ်တော့ရာ မိမိ၏ သားသမီးအား မုံရွာသို့ ပညာသင်စေလွှတ်ရမည့် အခြားမြို့ရွာမှ မိဘများအတွက်မူ အတော်ပင် ရင်လေးဖွယ်ရာ ဖြစ်ပေတော့သည်။

မလေးရှားနိုင်ငံ၊ ဆလာရန်းဒေသတွင် နေထိုင်သူအချို့ ရန်ကုန်သို့ရောက်ရှိလာ



ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူအန်အေ တိုင်းရင်းသားအဖွဲ့တွေ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) တို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိကဆွေးနွေးကြမယ်လို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ မနက်ဖြန်မနက်ပိုင်းမှာ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ တွေ့ဆုံမှာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ကြိုတင်ညှိနှိုင်းထားတာမရှိပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်လို့ ယူဆကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဥက္ကဌ ဦးအေးသာအောင်က RFA ကို ပြောပါတယ်။

"ကျနော့်အထင်ပြောရင်တော့ လက်ရှိနိုင်ငံရေးဖြစ်ပေါ်နေတဲ့ အနေအထားတွေ ပြီးတော့ပြည်တွင်းစစ်ရပ်စဲဖို့ ပြည်တွင်းငြိမ်ချမ်းရေးကိုဖော်ဆောင်ဖို့၊ ဒီကိစ္စတွေက မလွဲမသေ ဆွေးနွေးချက်ထဲမှာ ပါလာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်၊ အထူးသဖြင့်ကတော့ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မှီ ၂ဝဝ၈ အခြေခံဥပဒေပြင်ရေးဆိုတာကတော့ ပါလာလိမ့်မယ်လို့ထင်ပါတယ်၊ ကြိုတင်ပြီးတော့ ဆွေးနွေးမယ်၊ ကျနော်တို့ကို အကြောင်းကြားထားတာလည်း မရှိပါဘူး၊ ကျနော်တို့ကလည်း ဘာတွေကိုဆွေးနွေးမယ်ဆိုတာတော့ ကြိုတင်ပြီးသတ်မှတ်ထားတာမရှိပါဘူး၊

UNA အဖွဲ့ဝင်တွေ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးကွန်ဂရက်ပါတီ ၊ ကရင်အမျိုးသားပါတီစတဲ့ အဖွဲ့တွေဖြစ်ပါတယ်။
___________________________________________
RFA News- 17-6-2013

ရှစ်ဆယ့်ရှစ် မျိုးဆက်များ ညီလာခံ(ကနေဒါ)





This is the 88's Tshirt on sale with 20$.
It's our 88 Generation's homemake with professional high quality.
We made only 100 Tshirts. Your supports is our strength.
88-Generation Conference(Toronto, Canada)



25th Anniversary of Burmese Democratic Movement
Toronto, Canada — June 28-30, 2013

Conference venues, Times and Dates:
·     Welcoming Reception @ 6:00pm – 9:30 pm, June 28, Cecil Community Centre (58 Cecil St., Toronto) – guests and invited only with RSVP
·     Opening Session @ 9:30am – 11:30 am, June 29 – at Council Chamber, Toronto City Hall - open to public with RSVP
·     Lunch @ 12:00 – 1:00 pm – Rotunda Hall, Toronto City Hall
·     Panel discussion (day-one) @ 1:00pm – 5:30pm, June 29 at Council Committee Room #2, Toronto City Hall - invited only
·     Panel discussion (day-two) @ 9:30am – 5:30pm, June 30 at Council Committee Room #2, Toronto City Hall - invited only

More info:
Website: http://88generationconference2013.wordpress.com/
Facebook: https://www.facebook.com/groups/88.Generation.Conference/
Email: 88.gccc@gmail.com

Background:
Students and youths who played important role in the 1988 democracy uprising in Burma are scattered around the world due to brutal crackdowns in which more than 3,000 people were killed by the Burmese military junta; thousands ended up in prison, while more than 20,000 fleeing to Burma's liberated areas and neighboring countries with Burma.  Many of them are now abroad - in exile such as in Canada, U.S, Australia and Europe.

Conference Goals:
It is the longstanding desire of 88-Generation abroad to come together to review their long struggle that they have steadfastly committed, contributed and paved the way for since 25 years ago. The conference is also meant to be an avenue to brainstorm different ideas, means and way to continuously supporting the genuine democratic reform process that they envisaged 25 years ago.

Conference Convening Committee:
Conference Convening Committee was set up on May 19, 2013 with four dozens of 88-generation members, in coordination with Canadian Friends of Burma (CFOB) and Burmese Students Democratic Organization (BSDO).

It is a great opportunity for Canada to host this conference on the occasion of the 25th anniversary of Burmese democracy movement, especially having a chance to highlight the endeavor of 88-Generation in the past 25 years.
-------------
The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Address: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.297-6835; Website: http://www.cfob.org

တီဗွီမင်းသား ဦးခင်ညွန့်


၂၀၁၅သို့ မျှော်မှန်းခြင်း အပိုင်း(၃)

၂၀၁၅ ဆိုတာ ဒီကနေကြည့်ရင် ၂ နှစ် လိုသေးတယ်ဆိုပေမယ့် ၁ နှစ်ဆိုတဲ့အတိုင်းအတာဟာဘာမှ မကြာလိုက်တာမို့မျှော်မှန်းချက်ထားသူတွေအတွက်တော့ အခုလောက်ကထဲက ကြိုတင်ပြင်ဆင်မှု လုပ်ထား မှတော်ကာကျမှာဖြစ်ပါတယ်။အခုဆိုရင်၂၀၁၅အတွက်ကြိုတင်ပြင်ဆင်မှုတွေ၊ ရွေးကောက်ပွဲဝင်ဖို့တရားဝင် ပါတီမှတ်ပုံတင်နေတာတွေ၊ပါတီဖွဲ့ဖို့ပြင်ဆင်နေတာတွေ၊တချို့က ပါတီစကားလုံးဝမပြောဘဲ လူမှုရေးတွေ လုပ်ဆောင်ပြီးအနီးကပ်မှ ပြေးဝင်ဖို့ပြင်ဆင်နေတာတွေတွေ့မြင်နေရပါတယ်။ ဒီလိုမျိုးတွေထဲမှာမှ အသက်  ကလည်းကြီးနေပြီ၊နိုင်ငံရေးမလုပ်တော့ပါဘူးလို့ပြောပြီးပြည်သူတွေနဲ့နီးနီးကပ်ကပ်ထိတွေ့ဖို့အတွက် ပန်းချီ ပြခန်းတွေ၊ ကော်ဖီဆိုင်ခန်းတွေဖွင့်နေသူလည်း ရှိနေပါတယ်။
ပြောရမယ်ဆိုရင် ၂၀၁၅အတွက် မျှော်မှန်းပြီးလှုပ်ရှားမှုတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုရင် မငြင်းနိုင်တဲ့အချက်ပါပဲ။သူကတော့ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ဖြစ်ပါတယ်။တစ်ချိန်တုန်းက ပြည်သူလူထု ရဲ့ရှေ့မှာ တီဗွီမင်းသားလို့ကင်ပွန်းတပ်ခံရလောက်အောင် နိုင်ငံအတွက်စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သူ ဖြစ်ပါ တယ်။ ထိပ်ပိုင်းလောက်ရောက်ပြီးကာမှ ဂျွမ်းထိုးမှောက်ခုံပြုတ်ကျခဲ့ရတာမို့ အကျနာလွန်းသူတစ်ဦးလို့ပြော လို့ရပါတယ်။မြန်မာ့နိုင်ငံရေးသမိုင်းတကွေ့မှာ ဦးခင်ညွန့်ဟာ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။ ၈၈ ခုနှစ်အရေးအခင်းဖြစ်ပြီး နောက်ပိုင်းမှာ ထင်ရှားကျော်ကြားပြီး လူသိများခဲ့သူ ဖြစ်ပါတယ်။
ဦးခင်ညွန့်ကို နိုင်ငံရေးစင်မြင့်ပေါ်ရောက်အောင် တင်ပို့ပေးခဲ့သူကတော့ ဗိုလ်ချုပ်ကြီးနေ၀င်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာရှိစဉ်တစ်လျှောက်လုံးမှာ ဦးနေ၀င်းအားထားရတဲ့ စက်မှုဝန်ကြီး ဗိုလ်မှူးချုပ်တင့်ဆွေရဲ့ အနီးကပ် PSO အဖြစ် ဦးခင်ညွန့်နေခဲ့ရတာမို့  ဦးနေ၀င်းနဲ့ ဗိုလ်မှူးချုပ်တင့်ဆွေ တို့ရဲ့အမွေအနှစ်ပညာရပ်တွေရခဲ့သူဖြစ်ပါတယ်။ အရေးအခင်းကာလတစ်လျှောက်လုံးနဲ့ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်းတွေမှာ ဗိုလ်ချုပ်ခင်ညွန့်ဆိုတာနဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့သားမက်လို့ပဲ ထင်မြင်ပြောဆို နေကြပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ ဘယ်အဖွဲ့အစည်းကမှ ထိန်းသိမ်းလို့မရဘဲ အကြမ်းဖက် ဖျက်ဆီးမှုတွေများလာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။အဲဒီမှာအဓိကနေရာ ဖြစ်တဲ့ အတွင်းရေးမှူး(၁)ဆိုတဲ့ ရာထူးကို ဗိုလ်ချုပ်ခင်ညွန့်ကို ပေးခဲ့တာပါ။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ်ဗိုလ်ချုပ်ကြီးစောမောင်အမည်တပ် ထားပေမယ့်အရာရာမှာ ကြိုးကိုင်လှုပ်ရှားနေရသူကတော့ ဗိုလ်ချုပ်ခင်ညွန့်ပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုဖြုတ်ချပြီး ဗိုလ်ချုပ်ကြီးသန်းရွှေကိုတင်ပေးလိုက်သူကလဲ ဗိုလ်ချုပ်ခင်ညွန့်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လဲနောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးသန်းရွှေကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်လာခဲ့သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလဲကျေးဇူးရှိသူ ဗိုလ်ချုပ်ခင်ညွန့်ကိုဗိုလ်ချုပ်ကြီးအဆင့်အထိ တပ်မတော်မှာမရှိဖူး သေးတဲ့ရာထူးကို ရှာကြံပေးခဲ့တာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလိုပါပဲ။
ပြောရမယ်ဆိုရင် ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူသားအားလုံးကို တရားသံဝေဂ ရစေခဲ့ပါတယ်။ငါမှငါပဲ၊ငါအတော်ဆုံးပဲ၊ငါလုပ်သမျှအအောင်မြင်ဆုံးပဲဆိုတဲ့မာနတွေထိပ်ရောက်နေတုန်းမှာပဲ ကျရှုံးသွားခဲ့တာဖြစ်ပါတယ်။တကယ်တော့ဦးခင်ညွန့်ဟာလူတော်တစ်ယောက်ဖြစ်ပါတယ်။ တော်လွန်းသူ တစ်ယောက်ဖြစ်လို့လဲ ကိုယ့်ကိုကိုယ်အထင်တကြီးဖြစ်၊ ထောက်လှမ်းရေးအဖွဲ့အစည်းနဲ့တစင်ထောင်ပြီး အာဏာယူဖို့ပြင်ဆင်ထားခဲ့သူဖြစ်တာကြောင့်လဲခုလိုမျိုးအရှိန်နဲ့ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ဦးသူအနိုင်ယူဆိုတဲ့အတိုင်းလက်ဦးမှုမယူနိုင်လိုက်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ထောက်လှမ်းရေးတစ်ဖွဲ့လုံး အရေခွံအစုပ်ခံလိုက် ရတာပါပဲ။
သက်ကြီးဝါကြီးတွေလူကြီးပိုင်းတွေကတော့ဦးခင်ညွန့်ဟာဝဋ်လိုက်တာလို့ပြောဆိုကြပါတယ်။ သူ့ရဲ့မိဘအရင်းလိုဖြစ်နေတဲ့ဗိုလ်ချုပ်ကြီးနေ၀င်းမိသားစုအပေါ်သူ့ရဲ့ရက်စက်မှုဟာ အခုသူပြန်ခံလိုက်ရတာ လို့ပြောကြပါတယ်။ အမှန်တကယ်တော့ ဦးခင်ညွန့်ဟာ အစကတည်းက ရည်ရွယ်ချက် ကြီးကြီးမားမား ထားသူဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့အတွက် သူ့ရဲ့အာဏာပါဝါနဲ့ ဖြုတ်သင့်သူဖြုတ်၊ ထုတ်သင့်သူထုတ်၊ လုပ်သင့်တာလုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာအစိုးရတစ်ဖွဲ့လုံးက ဦးခင်ညွန့်ကို ရွံကြောက်ကြီးဖြစ်ပြီး အခွင့်သာတာနဲ့ ကိုင်လိုက်မယ်ဆိုပြီး ၀ိုင်းကိုင်လိုက်တာပဲ ဖြစ်ပါတယ်။ ဦးခင်ညွန့်ကိုဆက်ထားရင်စစ်တပ်ပြိုကွဲတော့မယ်ဆိုပြီး ထောက်လှမ်းရေးတွေရဲ့ အခွင့်ထူးခံဖြစ်ရပ်တွေနဲ့ ဆက်စပ်ပြီးကိုင်ထုတ်လိုက်တာဖြစ်ပါတယ်။ ဘယ်သူမှထင်မှတ်မထားတဲ့လုပ်ရပ်တစ်ခုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလုပ်ပြလိုက်တာပါ။ လည်လွန်းတဲ့ဘီး မစင်သင့် ဆိုသလိုပါပဲ… အတ္တလွန်ကဲနေတဲ့ဦးခင်ညွန့်ကို မင်းမရှိလဲဖြစ်ပါတယ်ဆိုပြီးပြလိုက်တာပါပဲ။ တကယ်တော့ ဦးခင်ညွန့်ရဲ့ လုပ်ရည်ကိုင်ရည်ဟာတော်တဲ့ အတန်းအစားထဲမှာပါပါတယ်။ လူညံ့တစ်ယောက်တော့မဟုတ်ပါဘူး။
ဦးခင်ညွန့်ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာပြီးတဲ့နောက်မှာ နိုင်ငံရေးလုပ်မယ်ဆိုတဲ့စကား လုံးဝမပြောခဲ့ပါဘူး။နိုင်ငံရေးလုပ်မယ်လို့အသံထွက်လိုက်ရင်အာဏာပိုင်တွေအနေနဲ့သူ့ကိုစောင့်ကြည့် တော့မယ်ဆိုတာသူသိပြီးသားမို့စိတ်ထဲမှာရှိတာကိုရှိတဲ့အတိုင်းမပြောခဲ့ပါဘူး။ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်း စုကြည် တို့ကိုချီးမွမ်းတဲ့စကားတွေသာတွင်တွင်ပြောခဲ့ပါတယ်။ဒါဟာသူ့ရဲ့လိမ္မာပါးနပ်မှုတွေထဲကတစ်ခုပါပဲ။ နိုင်ငံရေးမလုပ်ဘူးလို့ပါးစပ်ကပြောပေမယ့်ထောင်ကထွက်ထွက်ချင်းမှာပဲမီဒီယာတွေနဲ့တွေ့တယ်။ နောက်သိပ်မကြာခင်မှာသူ့ရဲ့ဇာတိမြေဖြစ်တဲ့သံလျင်ကျောက်တန်းမှာရွှေမှော်ဝန်းလူမှုရေးဖောင်ဒေးရှင်း တစ်ခုဖွဲ့စည်းပြီးအောက်ခြေလူထုနဲ့ စတင် ထိတွေ့ခဲ့တာပါပဲ။ အခုတလောမှာပန်းချီပြခန်း၊ ကော်ဖီကော်နာနဲ့ အမှတ်တရပစ္စည်းဆိုင်ခန်းတွေဖွင့်တာဟာလဲရန်ကုန်လူထုနဲ့ ချိတ်ဆက်မှုရယူပြီး ၂၀၁၅ အတွက်ကြိုတင် ပြင်ဆင်လိုက်တာဖြစ်ပါတယ်။
တလောကဘဲ အမျိုးသားနိုင်ငံရေးဘဲလုပ်တော့မယ်ဆိုပြီး ဂျာနယ်တစ်စောင်ကိုပြောလိုက်လို့ နိုင်ငံရေးလောကမှာ အုံးအုံးကျွက်ကျွက်ဖြစ်ခဲ့ပါသေးတယ်။ ရှင်းရှင်းပြောရရင်သူ့လို နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ခဲ့တဲ့သူလိုလူတစ်ယောက် နိုင်ငံရေးလောကထဲကို ၀င်လာတာ ဘယ်သူမှ မလိုလားပါဘူး။ နောက်တစ်ခုက နိုင်ငံခြားသတင်းထောက်တစ်ယောက်နဲ့ အင်တာဗျူးတစ်ခုမှာ ဒီပဲယင်း အရေးအခင်းမှာ ယခင်အစိုးရကဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ကြိုးစားချိန်မှာ သူကကယ်တင်ရှင်အနေနဲ့ လုပ်ဆောင် ခဲ့တဲ့ပုံစံမျိုးပြောကြားခဲ့လို့သတင်းလောကမှာအုတ်အော်သောင်းနင်းဖြစ်ခဲ့ပါသေးတယ်။ ယခင်နအဖအစိုးရ ကိုအပစ်ပုံချပြီးနာမယ်ကောင်းလိုချင်တဲ့သဘောလားတော့မသိပါ။နောက်မှအဲဒီစကားကိုသူပြောတာ မဟုတ် ပါဘူးဆိုပြီး အတင်းပြန်ဖြေရှင်းရပါသေးတယ်။
သူ့အနေနဲ့ အစိုးရအဖွဲ့မှာလုပ်ကိုင်တုန်းက လာဘ်မစားဘူး၊ စီးပွားရေးသမားတွေနဲ့ပူးပေါင်း ပြီးကြီးပွားအောင်မလုပ်ခဲ့ဘူးလို့ ပါးစပ်ကပြောနေပေမယ့် လက်ရှိနေထိုင်တဲ့ တိုက်အိမ်ခြံကြီးနဲ့ပိုင်ဆိုင်မှုဟာ ဦးခင်ညွန့်တာဝန်ထမ်းဆောင်စဉ်တုန်းကရတဲ့ပုံမှန်လစာနဲ့မဆောက်နိုင်တာတော့အမှန်ပါပဲ။ဦးခင်ညွန့်အနေနဲ့ ထောက်လှမ်းရေးမှူးချုပ်တာဝန်ထမ်းဆောင်တုန်းက နိုင်ငံရေးလှုပ်ရှားသူတွေ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခံခဲ့ ရတယ်။သူတို့ရဲ့မိသားစုတွေဘ၀ပျက်ခဲ့ကြတယ်။ အစိုးရအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ရှိနေတုန်းကလဲ မလိုရင် မလိုသလို ဖြုတ်ထုတ်ခဲ့တာတွေကြောင့် ခံလိုက်ရတဲ့ ၀န်ထမ်းမိသားစုတွေကတော့ ဦးခင်ညွန့်ကိုမြင်တာနဲ့ နာကျည်းစိတ်၊ ဒေါသစိတ်ဖြစ်နေကြမှာပါ။
အရှင်းဆုံးပြောရရင် ဦးခင်ညွန့်ကိုထောက်ခံသူတွေထက် နာကျည်းမုန်းတီးသူတွေက ပိုများ ပါတယ်။ ဒါကိုလဲဦးခင်ညွန့်သိပါတယ်။ သိလို့လဲ ပါးစပ်ကနိုင်ငံရေးမလုပ်ဖူးလို့ပြောပြီး ၂၀၁၅မှာ နိုင်ငံရေး လောကထဲဝင်ရောက်ဖို့ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတာပဲဖြစ်ပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုဟာတစ်သက်တာစားလို့ မကုန်နိုင်ပေမယ့် သူရဲ့အပြောလေးကချိုသာလှပါတယ်။ ဘဘ..အနေနဲ့ ချမ်းသာတဲ့သူမဟုတ်ပါဘူး။ ပန်းရောင်းပြီးဘ၀ကိုရုန်းကန် နေရပါတယ်။ လူမှုရေးလုပ်ငန်းတွေပဲလုပ်မှာပါလို့ ချိုချိုသာသာပြောပြီး လူကြားထဲဝင်လာနေတာဖြစ်ပါတယ်။ လက်ရှိဖွင့်ထားတဲ့ဆိုင်ခန်းနဲ့ပြခန်းတွေဟာ  အနည်းဆုံးသိန်းထောင်နဲ့ ချီပြီး တန်ပါတယ်။
လောကဓမ္မတာအရပြောရရင် ဦးခင်ညွန့်ကြောင့် ခံလိုက်ရတဲ့သူတွေ၊ သူတို့နဲ့ဆက်စပ်နေတဲ့ မိသားစုတွေရဲ့ ရင်ထဲမှာတော့ ဦးခင်ညွန့်ဟာ နာကျည်းစရာ၊ မုန်းတီးစရာ၊ စက်ဆုပ်စရာဖြစ်နေမှာပါ။ အခုလဲ ထောင်ကထွက်ကြတာချင်းအတူတူ ဦးခင်ညွန့်ကတော့ ဇိမ်ကျကျနေနိုင်စားနိုင်ပြီး ကျန်တဲ့မိသားစုတွေက နေစရာမရှိ၊ စားစရာမရှိဘ၀ဖြစ်နေပါတယ်။ ဘ၀ချင်းကွာခြားလွန်းတာကြောင့် ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ဦးခင်ညွန့်ရုပ်ပုံမြင်တာနဲ့ကိုဒေါသတွေအလိပ်လိုက်ထွက်ရတယ်လို့ပြောနေကြပါတယ်။ ထောက်လှမ်းရေး ညွှန်မှူး၊ အတွင်းရေးမှူး (၁)နဲ့ ဝန်ကြီးချုပ်တာဝန်တွေကိုယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ သြဇာ အရှိန်အဝါကြီးထွားခဲ့သူတစ်ဦးဖြစ်ခဲ့ပြီးသူ့လက်ထက်မှာရာထောင်ချီတဲ့နိုင်ငံရေးသမားတွေ၊တက်ကြွလှုပ်ရှားသူတွေနဲ့ ရဟန်းသံဃာတွေကို အာဏာအလွဲသုံးစားလုပ်ပြီး လက်လွတ်စပယ် အကျဉ်းထောင်တွေထဲ ပို့ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့လည်း နာမည်ကျော်ကြားသူဖြစ်ပါတယ်။ အဲဒီလို ယုံကြည်ချက်နဲ့ လှုပ်ရှားနေတဲ့ သူတွေကိုဖမ်းဆီးနှိပ်စက်ပြီးနှစ်ရှည် ထောင်ဒဏ်တွေချ၊ နှိပ်ကွပ်တာတွေကြောင့် အကျဉ်းကျနေသူတွေဟာ မိသားစုတွေနဲ့ သေကွဲကွဲသူတွေ၊ ရှင်ကွဲကွဲသူတွေ၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးစတဲ့ ကဏ္ဍအသီးသီးမှာနည်းအမျိုးမျိုးထိခိုက်ပျက်စီးမှုတွေကိုခါးစည်းခံခဲ့ကြရပါတယ်။ဒါကြောင့်လဲ ဦးခင်ညွန့်ရဲ့ လက်ရှိနေထိုင်ရတဲ့ဘ၀နဲ့သူတို့ရဲ့ဘ၀တွေကွာခြားနေတာကို ဦးခင်ညွန့်ကတော့……နတ်ဘုံနတ်နန်းမှာ သူတို့ကတော့အ၀ီစိမှာလို့ နှိုင်းယှဉ်ပြောဆိုနေကြပါတယ်။
    ဒီဆိုင်ကို ဖွင့်လိုက်တဲ့ ရည်ရွယ်ချက်ဟာ လူထုနဲ့ပြန်ပြီး ထိတွေ့ပြီး နိုင်ငံရေး လောကထဲကို ဝင်ဖို့မဟုတ်ဘူးလို့တော့ ဦးခင်ညွန့်က ပြောပေမယ့် ဝေဖန်သူ တချို့ကတော့ ဒီဆိုင်ကို ဘန်းပြပြီး ပြည်တွင်း ပြည်ပထောက်လှမ်းရေးကွန်ရက်တွေနဲ့ ဆက်သွယ်ဖို့ အတွက် လွယ်ကူအောင် ပြုလုပ်တာလို့ ပြောဆိုနေကြ တာတွေလည်းရှိပါတယ်။ဒါကြောင့်မို့လာမဲ့ ၂၀၁၅ခုနှစ်မှာတော့ နေရာတစ်ခုခုကို မရ ရအောင်ယူမှသေချာ ပါတယ်။ ပါးစပ်ကနိုင်ငံရေး မလုပ်ဖူးဆိုပေမယ့် ရင်ထဲမှာတော့ နာကျည်းချက်တွေပြည့်နေတာမို့ သူလဲ၂၀၁၅ ကိုမျှော်မှန်းထားမယ်ထင်ပါတယ်။ နောက်တစ်ချက်ကလဲလူမှုရေးလုပ်ငန်းတွေမှာ ကျော်ကြားထင်ရှားလူသိ များတဲ့ကျော်သူနဲ့ဦးခင်ညွန့်ရဲ့သားရဲနိုင်ဝင်းတို့ဟာငယ်သူငယ်ချင်းတွေဖြစ်တာမို့ ကျော်သူရဲ့ အသိုင်းအ၀န်း ဟာ ဦးခင်ညွန့်အသိုင်းအ၀ိုင်းဖြစ်လာနိုင်ပါတယ်။
ဒီကနေ့ ခရိုနီတွေလို့ သိထားတဲ့စီးပွားရေးသမားအများစုဟာလဲ တစ်ချိန်တုန်းက ဦးခင်ညွန့်ရဲ့ မြေတောင်မြှောက်ပေးမှုတွေကြောင့်ကြီးပွားချမ်းသာနေသူဖြစ်လို့ ၂၀၁၅ မှာ ဦးခင်ညွန့်ဘက်တော်သားတွေ ဖြစ်မလာနိုင်ဘူးလို့မပြောနိုင်ပါဘူး။ ဒါကလက်တွေ့ကျတဲ့အဖြစ်မှန်တွေပါပဲ။ သမ္မတကြီးဦးသိန်းစိန်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်မှာအကောင်းမြင်စိတ်နဲ့ပြောဆိုနေတာတွေဟာလဲ တကယ်ရင်ထဲကပါတာ ဟုတ်ရဲ့လား၊ ဒါမှမဟုတ်ဒါဟာလဲ ၂၀၁၅ခုနှစ်အတွက် ပြင်ဆင်နေတဲ့ အစိတ်အပိုင်းတစ်ခုလားဆိုတာတော့ ဦးခင်ညွန့်ကလွှဲလို့ ဘယ်သူမှမသိနိုင်ပါဘူး။ တိတိကျကျပြောနိုင်တာ တစ်ခုကတော့ ၂၀၁၅ခုနှစ်မှာ မြန်မာ့ဒီမိုကရေစီပွဲကြီးပွဲကောင်းနှစ် ဖြစ်လာမယ်ဆိုတာတော့ သေချာပါကြောင်း…တင်ပြလိုက်ပါတယ်။

ထိန်လင်း