Tuesday, June 18, 2013

အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်

2013-06-18

dassk-parliment-305.JPG
ပြည်ထောင်စုလွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
photo: RFA/ Myo Thant
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံး ပြုပြင်မယ်ဆိုရင် ရှေ့နောက်မညီတဲ့ ပုဒ်မတစ်ခုချင်းစီကို စပြီးပြုပြင်ရမယ်လို့ ညီညွှတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ် အဖွဲ့(UNA)တို့နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက် ပါတယ်။

UNA အဖွဲ့က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ အလွတ်သဘောတွေ့ဆုံခဲ့တာဖြစ်ပြီး လက်ရှိကျင့်သုံးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးနိုင်ငွေသိမ်းက RFA ကို ပြောပါတယ်။

“အဓိကကတော့ သူလွှတ်တော်ထဲကနေပြီးတော့ လွှတ်တော်စနစ်နဲ့ ၂ဝဝ၈ ဥပဒေပြောင်းလဲရေးကို ကြိုးစားလုပ်မယ်လို့ပြောတယ်၊ ၂ဝဝ၈ ဥပဒေက ရှေ့နောက်မညီဘူးပေါ့၊ တချို့ပုဒ်မတွေက တချို့ကိုပြန်ပြီး ဆန့်ကျင်နေတယ်ပေါ့၊ အဲဒါကိုပြင်ရမယ်ပေါ့၊ နောက်တစ်ချက်က ၂ဝဝဂ ကိုပြန်ပြင်ဖို့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းမယ်လို့ပြောတယ်”

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမကျင်းပမီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစားဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြုမဲစနစ်ကို ကျင့်သုံးဖို့ မဖြစ်နိုင်ကြောင်း အပြန်အလှန်ပြောဆို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ UNA အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီကနေ့တွေ့ဆုံတာဟာ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ သူနေအိမ်အကျယ်ချုပ်က ပြန်လွတ်မြောက်လာပြီး ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ UNA အဖွဲ့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးကွန်ဂရက်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီတွေက အဖွဲ့ဝင်ပါတီတွေ ပါဝင်ပါတယ်။

rfa.org

The Rules and Law Workshop ၌တွေ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်

ခွန် ဒီးယမ်

UMFCCI တွင်ကျင်းပသော The Rules and Law Workshop ၌တွေ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၁၇-၆-၂၀၁၃) Burmese democracy leader aung san suu kyi at The Rules and Law Workshop in Yangon (17-6-2013)

လက်ပံတောင်းတောင် အရေး ပါဝင်သူသုံးဦးကို တရားရုံးက ဖမ်းဝရမ်းထုတ် ။

ကိုဝိုင် ဝိုင်ကေ's photo. လက်ပံတောင်းတောင် အရေး ပါဝင်သူသုံးဦးကို တရားရုံးက ဖမ်းဝရမ်းထုတ် ။
..............................................................................................
မုံရွာ၊ ဇွန် ၁၇

လက်ပံတောင်းတောင်အရေးကို တွေ့ဆုံ ဆွေးနွေးနိုင်ရန် မေလ ဒုတိယပတ် အတွင်းက မုံရွာမြို့သို့ ရောက်ရှိခဲ့သည့် စာရေးဆရာ ဝေမှူးသွင်၊ ဝေဠုနှင့် မိုးသွေးတို့ သုံးဦးကို နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမည့် အသုံးအနှုံးများ ပြောဆိုခဲ့ခြင်းကြောင့် မုံရွာမြို့နယ် တရားရုံးက ဖမ်းဝရန်း ထုတ် ထုတ်ပြန်ခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့် မရခင် မုံရွာ ဒေသခံ မီဒီယာများကို အင်တာဗျူး ဖြေကြားခဲ့ရာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများအရ ပုဒ်မ ၁၄၄ မထုတ်ပြန် သင့်ကြောင်း မိတ္ထီလာ ဖြစ်စဉ်၊ ရခိုင်ပြည်နယ် ဖြစ်စဉ်များကဲ့သို့ ဖြစ်ပွားမှသာ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်သင့်ကြောင်း ပြောဆိုခဲ့ခြင်းကြောင့် ဥပဒေအရ အရေးယူပေးရန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

လက်ပံတောင်းတောင် အရေးကို ဒေသခံများနင့် တာဝန်ရှိသူများအကြား အပြန်အလှန် ယုံကြည်မှု ရရှိပြီး အားနည်းချက်များကို ပြုပြင်ကာ ငြိမ်းချမ်းစွာဖြင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် အတွက် ၎င်းတို့သုံးဦးသည် မေလ ၁၀ ရက်နေ့က မုံရွာသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့်မူ တွေ့ဆုံခွင့် မရရှိသဖြင့် ရန်ကုန်သို့ ပြန်သွားခဲ့ရသည်။

အဆိုပါ ဝရန်းထုတ်ထားမှုနှင့် ပတ်သတ်၍ The Voice က ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုအား ဆက်သွယ် မေးမြန်းရာ“ကျွန်တော် ထွက်မပြေးဘူး၊ အိမ်မှာပဲ ရှိတယ်။ လာဖမ်းရင် အဖမ်းခံလိုက်မယ်”ဟု ၎င်းကပြန်လည် ဖြေကြားခဲ့သည်။

လက်ပံတောင်းတောင် အရေးကြောင့် ရန်ုကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုအောင်စိုးနှင့် ဆည်တည်း ကျေးရွာသားနှစ်ဦးမှာ
ထောင်ဒဏ်များ အသီးသီး ကျခံနေရပြီး ဇွန်လ ၆ ရက်နေ့တွင်လည်း လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီမှ အဖွဲ့ဝင် ဦးမြင့်အောင်ကိုလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် အမိန့်ချခဲ့သည်။

လက်ပံတောင်း ဒေသတွင်လည်း လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် ကိုဟန်ဝင်းအောင် အပါအဝင် လူရှစ်ဦးကို ကြော်ငြာများ ကပ်၍ လက်ရှိ အချိန်ထိ ဝရမ်း ထုတ်ပြန်ထားဆဲ ဖြစ်သည်။

(သတင်းစာသား)The Voice Weekly 
(ဓါတ်ပုံ) ကိုဝိုင်ဝိုင်ကေ

ဦးရွှေမန်းအတွက်ဦးဝိသူရရင်လေးပြီ

by ko ko mg

ကိုမြအေးသမီးလေးနဲ့တွေ့ပြီ

BBC Burmese's photo.

Waihnin Pwint Thon

The last time when I had a day like this was in 1996; I couldn't sleep and waited my dad to get home from Taungoo prison... Same feelings of excitement and nervousness is taking control of me now. I will see my dad after 7 long years and I feel like such a little girl again...

အလဲဗင်းက နိုင်ငံပိုင်သတင်းစာ ၂ စောင်ကို တရားစွဲမည်

Published on June 18, 2013 by မျိုးဇော်လင်း    အလဲဗင်းနေ့စဉ်ထုတ်သတင်းစာနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာ ၂ စောင်ရဲ့ ရေးသားဖော်ပြချက်တွေအပေါ် ပြန်လည်ဖြေရှင်းလင်းပေးဖို့ အလဲဗင်းနေ့စဉ်ထုတ် သတင်းစာရဲ့အယ်ဒီတာချုပ်က တောင်းဆိုလိုက်ပြီး မဖြေရှင်းပေးပါက တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့အပတ် အလဲဗင်း နေ့စဉ်ထုတ်သတင်းစာမှာပါရှိတဲ့ “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အစိုးရမှ ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့တင်ရန် စီစဉ်နေပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အများစု ကန့်ကွက်မည်” ဆိုတဲ့ သတင်းဖော်ပြချက်ကို နိုင်ငံပိုင်ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာမှာ မှားယွင်းသော သတင်းထုတ်ပြန်ချက်ဖြစ်ကြောင်း ဒီကနေ့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒီဖော်ပြချက်တွေမှာ သတင်းစာတွေရဲ့ ပုဂ္ဂလိကထင်မြင်ယူဆချက်တွေ ပါဝင်ရေးသားထားတဲ့အတွက် ပြန်လည်ရှင်းလင်းပေးဖို့နဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် အကြောင်းတွေကို အလဲဗင်း နေ့စဉ်ထုတ်သတင်းစာရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးဝေဖြိုးက အခုလို ပြောပါတယ်
“ကျနော်တို့ သတင်းစာမှာရေးသားတဲ့ သတင်းတွေက မှန်ကန်ခိုင်မာတိကျတဲ့ သတင်းရင်းမြစ်တွေ အတိအကျ ရေးသားထားပြီး ဖြစ်ပါတယ်။ ဒီနေ့ထုတ် သတင်းစာမှာပါတဲ့ သတင်းတွေက ကျနော်တို့ကို စွပ်စွဲထားတဲ့ အချက်တွေပါတယ်။ အာဘော်တွေနဲ့ ထည့်ထားတာတွေ ပါတဲ့အတွက် သူတို့ဘက်ကနေ ရှင်းလင်းပေးဖို့ တောင်းဆိုသွားမယ်။ ရှင်းလင်းခြင်းမရှိရင် နိုင်ငံတော်ပိုင်သတင်းစာတွေကို တရားစွဲဆိုသွားမယ်။ မနက်ဖြန်ထွက်မယ့် သတင်းစာမှာလည်း ဘာတွေလုပ်ဆောင်သွားမယ်ဆိုတာ ရှင်းလင်းထုတ်ပြန်သွားဖို့ ရှိပါတယ်။ သက်ဆိုင်တဲ့အတိုင်း တုံ့ပြန်သွားမှာပါ။”